တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ဤစာအုပ်ထဲက ရွေးချယ်မှုများသည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်” မှ အဓိက ယူထားသည့်၊ နောက်ဆုံးသောကာလ၌ သူ၏ တရားစီရင်ခြင်းအမှုအတွက် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ယင်းတို့သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုကို ရှာဖွေပြီး လေ့လာစုံစမ်းသည့် လူတိုင်း ရရှိခြင်းငှာ အရေးတကြီး လိုအပ်သည့် သမ္မာတရားများ ဖြစ်သည်။ ဤစာအုပ်ထဲမှ ဘုရားသခင်၏ ဖော်ပြချက်များသည် ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့်အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်တို့အား မြွက်ဆိုသောအရာများ ဖြစ်သည်။ ဘုရားသခင်၏ ဤလတ်တလော နှုတ်ကပတ်တော်များသည် သူ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်အဖို့ အကောင်းဆုံး သက်သေခံချက် ဖြစ်သည့်အပြင် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဤစာအုပ်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို တောင့်တသောသူအားလုံးကို ဘုရားသခင်၏ အသံတော်အား အမြန်ဆုံးကြားရစေရန်အတွက် ရည်ရွယ်သည်။ သခင်၏ ကြွလာခြင်းကို စောင့်ဆိုင်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို မျှော်လင့်စောင့်စားကြသူ အားလုံးက ဤစာအုပ်အား ဖတ်နိုင်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။