သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

လူ၏ရှုထောင့်အမြင်မှ၊ မောဘ၏သားစဉ်မြေးဆက်များအတွက် စုံလင်စေခြင်းခံရရန် မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့သည် ထိုသို့ ပြုလုပ်ခြင်းခံရရန် အရည်အချင်း မပြည့်မီကြပေ။ အခြားတစ်ဖက်တွင်၊ ဒါဝိဒ်၏သားသမီးများသည် သေချာပေါက် မျှော်လင့်ချက် ရှိကြပြီး ဧကန်အမှန် စုံလင်စေခြင်းခံရနိုင်ကြပေသည်။ တစ်စုံတစ်ဦးသည် မောဘ၏သားစဉ်မြေးဆက် ဖြစ်ပါက၊ ၎င်းတို့ စုံလင်စေခြင်း မခံရနိုင်ပေ။ ယခုတွင်ပင် သင်တို့အလယ် ပြုလျက်ရှိသည့် အမှု၏ အရေးပါမှုကို သင်တို့ မသိကြသေး။ ဤအဆင့်တွင် သင်တို့သည် သင်တို့၏စိတ်နှလုံးများထဲတွင် သင်တို့၏ အနာဂတ် မျှော်လင့်ချက်များကို စွဲကိုင်ထားကြဆဲဖြစ်ပြီး၊ ယင်းတို့ကို စွန့်လွှတ်ရန် စက်ဆုပ်ကြသည်။ ယနေ့ ဘုရားသခင်သည် သင်တို့ကိုယ်တိုင်ကဲ့သို့သော မထိုက်တန်ဆုံး လူတစ်စုအပေါ် အမှုပြုရန် အဘယ်ကြောင့် ရွေးချယ်ပြီးဖြစ်သည်ကို မည်သူမျှ အရေးမစိုက်ကြချေ။ သူသည် ဤအမှုတွင် အမှားတစ်ခု ပြုမိပြီးဖြစ်နိုင်မည်လော။ ဤအမှုသည် ယာယီ သတိမမူမိခြင်း တစ်ခုလော။ သင်တို့က မောဘ၏သားသမီးများ ဖြစ်သည်ကို အမြဲ သိထားပြီးဖြစ်သည့် ဘုရားသခင်သည် သင်တို့ အလယ်တွင် အမှုပြုရန် အဘယ်ကြောင့် အတိအကျ ကြွဆင်းလာပြီနည်း။ ဤအရာကို မည်သည့်အခါမျှ သင်တို့ မတွေးကြသလော။ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်နေချိန်တွင် ဤအရာကို လုံးဝ မစဉ်းစားလေသလော။ သူသည် မထီတရီ ပုံစံဖြင့် ပြုမူသလော။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ကို အစကတည်းက သူမသိခဲ့သလော။ ဤအရာများကို စဉ်းစားရန် သင်တို့ မသိကြသလော။ သင်တို့၏ အယူအဆများ ဘယ်ရောက် သွားကုန်ကြသနည်း။ သင်တို့၏ ကောင်းမွန်သော ထိုအတွေးအခေါ်သည် ပတ်ဝန်းကျင်နှင့် အံချော်လာပြီလော။ သင်တို့၏ လိမ္မာပါးနပ်မှုနှင့် ဉာဏ်ပညာတို့ ဘယ်ရောက် သွားကုန်ကြပြီနည်း။ သင်တို့အနေဖြင့် ထိုသို့သော သေးငယ်သည့် ကိစ္စရပ်များကို အလေးဂရု မပြုကြသည်မှာ သင်တို့၌ သဘောထားကြီးသည့် အမူအရာ တစ်ခု ရှိကြသောကြောင့်လော။ သင်တို့၏ အနာဂတ် မျှော်လင့်ချက်များနှင့် သင်တို့၏ ကိုယ်ပိုင် ကံကြမ္မာကဲ့သို့သော အရာများအဖို့ သင်တို့၏စိတ်သည် အထိခိုက်လွယ်ဆုံး ဖြစ်၏၊ သို့သော်လည်း အခြားမည်သည့်အရာမဆိုနှင့် ပတ်သက် လာသည့်အခါ၊ သင်တို့၏ စိတ်များသည် ထုံထိုင်းကြသည်၊ နုံအကာ လုံးဝ မသိနားမလည် ဖြစ်ကြ၏။ သင်တို့ မည်သည့်အရာကိုများ ယုံကြည်ကြသနည်း။ သင်တို့၏အနာဂတ် မျှော်လင့်ချက်များကိုလော။ သို့မဟုတ် ဘုရားသခင်ကိုလော။ သင် ယုံကြည်သမျှတိုင်းသည် သင်၏နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင် ဖြစ်သည် မဟုတ်လော။ ယင်းမှာ သင်၏အနာဂတ် မျှော်လင့်ချက်များ ဖြစ်သည် မဟုတ်လော။ အသက်၏ လမ်းခရီးကို သင် ယခု မည်မျှ နားလည်သနည်း။ သင် မည်မျှ ရရှိပြီးပြီနည်း။ မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခုပြုလျက်ရှိသော အမှုသည် သင်တို့ကို အရှက်ရစေရန် ပြုခြင်းဖြစ်သည်ဟု သင်ထင်သလော။ သင်တို့၏ အကျည်းတန်ခြင်းကို ဖော်ထုတ်ရန် ယင်းကို တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်တို့အား ပြစ်တင်ဆုံးမခြင်းကို လက်ခံစေရန် နှင့် ထို့နောက်တွင် မီးအိုင်ထဲသို့ သင်တို့ကို ပစ်ချရန် ယင်းကို တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်တို့သည် ဖျက်ဆီးခံရကြမည် သို့မဟုတ် ထာဝရ ပြစ်ဒဏ် ခံစားရကြမည်ကို မဆိုထားနှင့်၊ အနာဂတ် အလားအလာများ သင်တို့ မရှိဟု ငါ လုံးဝ မပြောခဲ့ပေ။ ထိုသို့သော အရာများကို လူသိရှင်ကြား ငါကြေညာပြီး ဖြစ်သလော။ သင်တို့သည် မျှော်လင့်ချက် မရှိဟု ပြောကြသော်လည်း၊ ဤသည်မှာ သင်တို့ မိမိတို့ကိုယ်ကိုယ် ချမှတ်ကြသည့် သုံးသပ်ချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင်၏ ကိုယ်ပိုင် ပုံသေအတွေးအခေါ်၏ သက်ရောက်မှု မဟုတ်လော။ သင်၏ ကိုယ်ပိုင် သုံးသပ်ချက်သည် အရေးပါသလော။ အကယ်၍ သင်သည် ကောင်းချီးမခံစားရဟု ငါဆိုပါက၊ သင်သည် သေချာပေါက် ဖျက်ဆီးခြင်း ခံရသူ ဖြစ်လိမ့်မည်။ ပြီးလျှင် သင်သည် ကောင်းချီးခံစားရ၏ဟု ငါဆိုပါက၊ သင်သည် တကယ်ကို ဖျက်ဆီးခံရလိမ့်မည် မဟုတ်။ သင်သည် မောဘ၏သားစဉ်မြေးဆက် ဖြစ်သည်ဟုသာ ငါပြောနေခြင်း ဖြစ်သည်။ သင်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ငါမပြောခဲ့။ မောဘ၏ သားစဉ်မြေးဆက်များသည် ကျိန်ဆဲခံထားရပြီး ဖြစ်သည်သာဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားများထဲမှ အမျိုးအစားတစ်ခု ဖြစ်သည်။ အပြစ်ကို ယခင်က ပြောဆိုထားခဲ့သည်။ သင်တို့အားလုံး အပြစ်နှင့်ပြည့်ကြသည် မဟုတ်လော။ အပြစ်သားများ အားလုံးသည် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည် မဟုတ်လော။ အပြစ်သားများ အားလုံးသည် ဘုရားသခင်ကို အာခံပြီး ပုန်ကန်ကြသည် မဟုတ်လော။ ဘုရားသခင်ကို အာခံကြသူများသည် ကျိန်ဆဲခြင်း ခံရကြမည် မဟုတ်လော။ အပြစ်သားများ အားလုံး ဖျက်ဆီးခြင်း ခံရကြမည် မဟုတ်လော။ ထိုသို့ဖြစ်ပါက အသွေးအသား ရှိသော လူတို့ထဲမှ မည်သူသည် ကယ်တင်ခြင်း ခံရနိုင်သနည်း။ သင်တို့သည် ယနေ့ထိ မည်သို့ ရှင်သန်နိုင်ကြပြီနည်း။ သင်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသောကြောင့်၊ တိုး၍ အပျက်သဘောဆောင် လာကြလေပြီ။ သင်တို့သည်လည်း အပြစ်သားများဖြစ်ကြသည့် လူသားများအဖြစ် မှတ်ယူ၍ရသည် မဟုတ်သလော။ သင်တို့သည် ယနေ့အထိ မည်သို့ ကြာရှည်ခံကြလေပြီနည်း။ စုံလင်ခြင်းကို ဖော်ပြသည့်အချိန်တွင်၊ သင်တို့ ပျော်ရွှင်လာကြ၏။ ကြီးမားသော အတိဒုက္ခအား သင်တို့ ကြုံတွေ့ရမည်ကို ကြားပြီးနောက်တွင်၊ ဤအရာက သင်တို့ကို သာ၍ ကောင်းချီးခံစားရစေသည်ဟု သင်တို့ ခံစားမိကြသည်။ အတိဒုက္ခမှ လွတ်လာပြီးသည့်နောက်တွင် သင်သည် အောင်မြင်သော သူတစ်ဦး ဖြစ်လာနိုင်သည့်အပြင်၊ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ကောင်းချီးမင်္ဂလာနှင့် သင်တို့နှင့်သက်ဆိုင်သည့် သူ၏ ကြီးစွာသော ချီးမြှောက်ခြင်း ဖြစ်သည်ဟု သင်တို့ထင်ကြ၏။ မောဘနှင့်သက်ဆိုင်၍ ဖော်ပြသောအခါ၊ သင်တို့အလယ် အုတ်အော်သောင်းတင်း ဖြစ်ပေါ်၏။ လူကြီးများရော ကလေးများကပါ ပြောမပြနိုင်လောက်သည့် ဝမ်းနည်းမှုကို ခံစားကြရပြီး သင်တို့၏ စိတ်နှလုံးများတွင် ဝမ်းမြောက်မှု လုံးဝမရှိသကဲ့သို့၊ သင်တို့ မွေးဖွားခဲ့ခြင်းကို နောင်တရကြသည်။ မောဘ၏ သားစဉ်မြေးဆက်များ အပေါ် ပြုလျက်ရှိသော အမှု၏ ဤအဆင့်နှင့်ဆိုင်သည့် အရေးပါမှုကို သင်တို့ နားမလည်ကြချေ။ သင်တို့ မြင့်မားသော ရာထူးများကို ရှာဖွေရန်သာ သိကြပြီး၊ မျှော်လင့်ချက်မရှိဟု သင်တို့ တွေးဆမိသည့် အချိန်တိုင်းတွင် သင်တို့ ဒုံရင်းအခြေအနေ ပြန်ရောက်ကြသည်။ စုံလင်ခြင်းနှင့် အနာဂတ် ခရီးပန်းတိုင်တို့ကို ဖော်ပြသောအခါ၊ သင်တို့ ပျော်ရွှင်ကြ၏။ သင်တို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အလို့ငှာနှင့် ကောင်းမွန်သော ခရီးပန်းတိုင် တစ်ခုကို သင်တို့ ရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်ကို သင်တို့ ယုံကြည်မှု ထားရှိကြပြီးဖြစ်သည်။ ယခုတွင် လူအချို့သည် ၎င်းတို့၏ အဆင့်အတန်းကြောင့် စိုးရိမ်ကြောင့်ကြမှု ခံစားကြရလေသည်။ ၎င်းတို့သည် နိမ့်ကျသော တန်ဖိုးနှင့် နိမ့်ကျသော အဆင့်အတန်းများ ရှိကြသောကြောင့်၊ ၎င်းတို့သည် စုံလင်စေခြင်းခံရဖို့ ကြိုးစားရန် ဆန္ဒမရှိကြချေ။ ပထမဦးစွာ၊ စုံလင်ခြင်းအကြောင်းကို ပြောဆိုထားခဲ့ပြီးနောက်၊ မောဘ၏သားစဉ်မျိုးဆက်များနှင့် သက်ဆိုင်၍ ဖော်ပြထား၏၊ ထို့ကြောင့် လူတို့သည် ယခင်က ဖော်ပြခဲ့သော စုံလင်ခြင်း လမ်းကြောင်းကို ငြင်းဆိုခဲ့ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အစမှ အပြီးသတ်သည်အထိ သင်တို့သည် ဤအမှု၏ အရေးပါမှုကို လုံးဝ မသိရှိဖူးကြသကဲ့သို့၊ ယင်း၏အရေးကြီးမှုနှင့်ပတ်သက်၍ သင်တို့ အရေးမစိုက်ကြသောကြောင့် ဖြစ်သည်။ သင်တို့သည် အလွန် သေးနုပ်သည့် ဝိညာဉ်ရင့်ကျက်မှု ရှိပြီး၊ အနည်းငယ်မျှသော အနှောင့်အယှက်ကိုပင် သည်းမခံနိုင်ကြပေ။ သင်တို့၏ ကိုယ်ပိုင် အဆင့်အတန်း အလွန် နိမ့်ကျသည်ကို သင်တို့ မြင်သည့်အခါတွင်၊ သင်တို့သည် အပျက်သဘောဆောင်လာကြပြီး ဆက်လက် ရှာဖွေဖို့ရန် ယုံကြည်စိတ်ချမှု ပျောက်ဆုံးကြလေသည်။ လူတို့သည် ကျေးဇူးတော်ကို ရရှိခြင်းနှင့် ငြိမ်သက်ခြင်းနှင့်ဆိုင်သော မွေ့လျော်ခံစားခြင်းကို ယုံကြည်ခြင်း၏ သင်္ကေတများအဖြစ်မျှသာ မှတ်ယူကြပြီး၊ ကောင်းချီးမင်္ဂလာများ ရှာဖွေခြင်းအား ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုအတွက် အခြေခံအကြောင်းရင်းအဖြစ် မြင်ကြသည်။ အလွန်နည်းပါးသော လူတို့သည် ဘုရားသခင်ကို သိရှိရန် ကြိုးစားကြသည် သို့မဟုတ် ၎င်းတို့၏စိတ်သဘောထားထဲက ပြောင်းလဲမှုကို ရှာဖွေကြလေသည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ လူတို့သည် ဘုရားသခင်ကို ၎င်းတို့အား သင့်တော်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ လိုအပ်သည့် ကျေးဇူးတော်အားလုံးကို ပေးစေရန်၊ သူ့အား ၎င်းတို့၏ အစေခံအဖြစ် ပြုရန်၊ မည်သည့်အချိန်တွင်မဆို ၎င်းတို့အကြားတွင် မည်သည့် ပဋိပက္ခမျှ လုံးဝ မရှိရန်အလို့ငှာ ၎င်းတို့နှင့် ငြိမ်းချမ်းသည့် ရင်းနှီးသော ဆက်ဆံရေးကို ဘုရားသခင်အား ထိန်းသိမ်းစေရန် ကြိုးစားကြလေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် “သင်တို့ဆုတောင်းချက်အားလုံးကို ငါနားညောင်းမည်။” ဟူ၍ သမ္မာကျမ်းစာ၌ ၎င်းတို့ ဖတ်ရှုပြီးဖြစ်သည့် နှုတ်ကပတ်တော်များ နှင့်အညီ၊ ၎င်းတို့၏ လိုအပ်ချက်များ အားလုံးကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့ ဆုတောင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့အပေါ် အပ်နှင်းပေးရန် ဘုရားသခင်က ကတိပေးဖို့ကို တောင်းဆိုလေသည်။ ဘုရားသခင်သည် အချိန်တိုင်းနှင့် နေရာတိုင်း၌ လူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းသည့် အမြဲတမ်း သနားကရုဏာနှင့်ပြည့်စုံသော ကယ်တင်ရှင်ယေရှု ဖြစ်သည့်အတွက်၊ ဘုရားသခင်အနေဖြင့် မည်သူကိုမျှ တရားမစီရင်ဖို့ရန် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း မပြုရန် ၎င်းတို့ မျှော်လင့်ကြလေသည်။ လူတို့ ဘုရားသခင်ကို ယုံကြည်ပုံမှာ ဤသို့ဖြစ်၏- ၎င်းတို့ ပုန်ကန်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ၊ သူသည် ကျိုးကြောင်းမမြင်ဘဲ အရာရာကို ၎င်းတို့အား ပေးသနားမည်ဟု ယုံကြည်လျက် ၎င်းတို့သည် ဘုရားသခင်ထံ အရှက်မရှိ တောင်းဆိုမှုများသာ ပြုကြလေသည်။ ၎င်းတို့က ဘုရားသခင်သည် မည်သည့်အတိုက်အခံမျှ မရှိဘဲ၊ ၎င်းတို့ကို “ပြန်ဆပ်” ရမည်ဖြစ်သည့်အပြင် နှစ်ဆပေးရမည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ အဆက်မပြတ် “အကြွေးကောက်” ကြလေသည်။ ဘုရားသခင်က ၎င်းတို့ထံမှ တစ်ခုတစ်လေ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သူသည် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုသာ ခံရနိုင်ပြီး၊ သူသည် နှစ်ပေါင်းများစွာ ကွယ်ဝှက်ထားပြီးဖြစ်သည့် သူ၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို သူ လိုချင်သည့်အခါတိုင်းနှင့် ၎င်းတို့၏ ခွင့်ပြုချက် မရှိဘဲ၊ လူတို့ထံ ထုတ်ဖော်ပြဖို့ မဆိုထားနှင့်၊ သူသည် လူတို့ကို စိတ်ကူးပေါက် ပေါက်သလို ကြိုးကိုင်ခြယ်လှယ်၍ မရနိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ဘုရားသခင်က ယင်းတို့ကို ဖြေလွှတ်ပေးရုံမျှ ဖြေလွှတ်ပေးမည်၊ ထိုသို့ လုပ်ဆောင်ခြင်းကို သူ စိတ်ကုန်သွားမည် မဟုတ်သကဲ့သို့ ဤအရာ အစဉ်အမြဲ ဆက်ဖြစ်လိမ့်မည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ခံရုံသက်သက် ဝန်ခံကြလေသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သူတစ်ပါးကို စေစားခြင်းငှာ လာခြင်းမဟုတ်ဘဲ သူတစ်ပါး၏အစေခံခြင်းငှာ ကြွလာခဲ့သည်ဟု ရေးမှတ်ထားသောကြောင့်၊ သူသည် ၎င်းတို့ကို နာခံရုံသာ နာခံမည်ဖြစ်ပြီး၊ ၎င်းတို့၏ အစေခံဖြစ်ဖို့ ဤနေရာတွင် သူ ရှိခြင်းဖြစ်သည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ကို ဩဇာပေးကြလေသည်။ သင်တို့သည် ဤနည်းဖြင့် အမြဲ ယုံကြည်ကြပြီး ဖြစ်သည်မဟုတ်လော။ သင်တို့သည် ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို မရနိုင်သည့်အခါတိုင်းတွင်၊ ထွက်ပြေးလိုကြသည်။ တစ်စုံတစ်ရာကို သင်တို့ နားမလည်သည့်အခါ၊ တိုး၍ အလွန် မကျေမချမ်း ဖြစ်ကြပြီး သူ့ကို ဆဲရေးခြင်းမျိုးစုံ သံကုန်ဟစ်သည်အထိပင် လုပ်ကြသည်။ သင်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်အား သူ၏ ဉာဏ်ပညာနှင့် အံသြဖွယ်ရာကို အပြည့်အဝ ထုတ်ဖော်ပြရန် တကယ်ကို အခွင့်ပေးကြလိမ့်မည် မဟုတ်ပေ။ ထိုအစား သင်တို့သည် ယာယီသာယာမှုနှင့် သက်သောင့်သက်သာရှိခြင်းကိုသာ မွေ့လျော် ခံစားလိုကြသည်။ ယခုထိတိုင် ဘုရားသခင်၌ သင်တို့၏ယုံကြည်မှုထဲက သဘောထားသည် တူညီသည့် အိုဟောင်းသော အမြင်များသာ ပါရှိသည်။ အကယ်၍ ဘုရားသခင်သည် ဘုန်းအာနုဘော် စိုးစဉ်းမျှကိုသာ သင်တို့ကို ပြသပါက၊ သင်တို့ မပျော်မရွှင် ဖြစ်လာကြသည်။ ယခု သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှ ကြီးမားသည်ကို အတိအကျ သိမြင်ကြပြီလော။ အမှန်တွင် သင်တို့၏အမြင်ဟောင်းများ မပြောင်းလဲသေးသည့်အချိန်၌၊ သင်တို့အားလုံးသည် ဘုရားသခင်ကို သစ္စာစောင့်သိကြသည်ဟု မယူဆကြနှင့်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်ချိန်တွင်၊ အရာရာသည် ချောချောမောမော ဖြစ်နေသည်ဟု သင်တို့ ယုံကြည်ကြပြီး ဘုရားသခင်ကို သင်တို့၏ ချစ်ခြင်းက မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိသည်။ သေးငယ်သော တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါတွင်၊ သင်သည် မရဏာနိုင်ငံထဲသို့ ကျဆင်း လေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း ဖြစ်သလော။

အကယ်၍ သိမ်းပိုက်ခြင်းအမှု၏ နောက်ဆုံးအဆင့်သည် ဣသရေလ ပြည်တွင် စတင်ခဲ့မည်ဆိုပါက၊ ထိုသို့သော သိမ်းပိုက်ခြင်းအမှုသည် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ အမှုသည် တရုတ်ပြည်၌ လုပ်ဆောင်သည့် အချိန်နှင့် အသင်လူတို့အပေါ် လုပ်ဆောင်သည့်အချိန်တွင် အရေးအပါဆုံး ဖြစ်သည်။ သင်တို့သည် အနိမ့်ကျဆုံးသောလူများ၊ အသေးငယ်ဆုံးသော အဆင့်အတန်း ရှိကြသည့် လူများ ဖြစ်သည်။ သင်တို့သည် ဤလူမှုအဖွဲ့အစည်းထဲတွင် အနိမ့်ဆုံးသော အဆင့်၌ ရှိကြသူများ ဖြစ်ပြီး၊ အစတွင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်း အနည်းဆုံးသော သူများ ဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်ထံမှ အဝေးဆုံးသို့ လမ်းလွဲ‌ကြပြီးဖြစ်သူများနှင့် အပြင်းထန်ဆုံး အန္တရာယ် ပေးခံရပြီးဖြစ်သည့် လူများ ဖြစ်ကြသည်။ အမှု၏ဤအဆင့်သည် သိမ်းယူခြင်းအတွက်သာ ဖြစ်သောကြောင့်၊ အနာဂတ် သက်သေကို ခံဖို့ ရွေးချယ်ခံရရန်မှာ သင်တို့အတွက် အသင့်လျော်ဆုံး ဖြစ်သည် မဟုတ်လော။ အကယ်၍ သိမ်းပိုက်ခြင်း အမှု၏ ပထမအဆင့်ကို အသင်လူတို့အပေါ် လုပ်ဆောင်ရန် မဟုတ်ခဲ့ပါက နောက်လာမည့် သိမ်းပိုက်ခြင်း အမှုသည် ယနေ့ ဤအမှုကို လုပ်ဆောင်လျက်ရှိခြင်းနှင့်ဆိုင်သည့် အချက်ပေါ် အခြေခံ၍ ရလဒ်များ စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည့်အတွက်၊ လာမည့် သိမ်းပိုက်ခြင်းအမှုကို တိုးတက်စေရန်မှာ ခက်ခဲလာပေလိမ့်မည်။ လတ်တလော သိမ်းပိုက်ခြင်း အမှုသည် သိမ်းပိုက်ခြင်းအမှု အလုံးစုံ၏ အစသာဖြစ်သည်။ သင်တို့သည် သိမ်းပိုက်ခြင်းခံရမည့် ပထမအသုတ် ဖြစ်သည်၊ သင်တို့သည် သိမ်းပိုက်ခြင်းခံရမည့် လူသားမျိုးနွယ်အားလုံး၏ ကိုယ်စားပြုသူများ ဖြစ်ကြသည်။ အသိပညာကို စစ်မှန်စွာ ပိုင်ဆိုင်သည့်လူများသည် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးတို့သည် ကြီးမြတ်ပြီး၊ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ ကိုယ်ပိုင် ပုန်ကန်လိုစိတ်ကို သိရှိစေသည်သာမက၊ ၎င်းတို့၏ အဆင့်အတန်းကိုပါ ထုတ်ဖော်ပြသည်ကို မြင်ကြလိမ့်မည်။ သူ၏ နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့မှာ လူတို့ကို စိတ်ပျက်စေရန်မဟုတ်သကဲ့သို့ ၎င်းတို့ကို လဲကျစေရန်လည်း မဟုတ်ပေ။ ယင်းမှာ ၎င်းတို့အတွက် သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် ကယ်တင်ခြင်းကို ရရှိကြဖို့ ဖြစ်သည်။ ယင်းမှာ သူ၏ နှုတ်ကပတ်တော်အားဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ်ကို နိုးထစေရန် ဖြစ်သည်။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်း အချိန်ကတည်းက၊ လူသည် ဘုရားသခင်တစ်ပါး ရှိသည်ကို သိခြင်းမရှိသကဲ့သို့၊ ယုံကြည်ခြင်းလည်း မရှိဘဲ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ပြီးဖြစ်သည်။ ဤလူတို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကယ်တင်ခြင်း၌ ပါဝင်နိုင်ပြီး ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်းခံရနိုင်သည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဧကန်အမှန် ပြသပေသည်။ အမှန်တကယ် နားလည်သူများ အားလုံးသည် ဤအရာကို ယုံကြည်ကြလိမ့်မည်။ ထိုသို့သော အသိပညာ မရှိသူများမှာ အဘယ်သို့ဖြစ်သနည်း။ ၎င်းတို့က၊ “ဟော၊ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်ဟု ဘုရားသခင်ပြော၏။ သူသည် ဤအရာကို သူ၏ ကိုယ်ပိုင် စကားများဖြင့် ပြောဆိုခဲ့၏။ ကျွန်ုပ်တို့အနေဖြင့် ရလဒ်ကောင်းကို ရရှိနိုင်သေးသလော။ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များဖြစ်ကြပြီး အတိတ်တွင် ဘုရားသခင်ကို ကျွန်ုပ်တို့ ဆန့်ကျင်ခဲ့ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို စီရင်ရန် ကြွလာခဲ့ပေပြီ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အစကတည်းက အမြဲ မည်သို့ တရားစီရင်ပြီးဖြစ်သည်ကို သင်မမြင်သလော။ ဘုရားသခင်ကို ကျွန်ုပ်တို့အာခံကြပြီးဖြစ်သည့်အတွက် ဤသည်မှာ ကျွန်ုပ်တို့ ပြစ်တင်ဆုံးမခြင်း ခံရသင့်သည့်ပုံ ဖြစ်သည်။” ဟု ပြောကြလိမ့်မည်။ ဤစကားများသည် မှန်သလော။ ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ပြစ်တင်၊တရားစီရင်၊ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်သည် အတိတ်၏ နည်းစနစ်နှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှတစ်ဆင့် သင်တို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ကြဉ်းခြင်း ဖြစ်ပြီး၊ ဤသည်မှာ သင်တို့ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်းအတွက် ကောင်းမွန်သော တန်ဆာပလာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ ရက်စက်သော ပြစ်တင်ဆုံးမခြင်းသည် သင်တို့၏ အဆုံးစွန် ကယ်တင်ခြင်းအဖြစ် အသုံးတော်ခံပြီး- ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရာတွင် သင်တို့သည် အဘယ်ပြောစရာ ရှိသနည်း။ သင်တို့သည် ကယ်တင်ခြင်းကို အစမှ အဆုံးတိုင် အမြဲ မွေ့လျော်ခံစားကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို မြင်ကြပြီး ဖြစ်သကဲ့သို့ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထို့အပြင်၊ ထပ်တလဲလဲ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့ တွေ့ကြုံကြရပြီး ဖြစ်သည်။ သို့သော် သင်တို့သည် အမြင့်ဆုံးသော ကျေးဇူးတော်ကိုလည်း ရရှိကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့၏ ကောင်းချီးမင်္ဂလာများသည် အခြားမည်သူမဆို၏ ကောင်းချီးမင်္ဂလာများထက် ပို၍ ကြီးမားသည် မဟုတ်သလော။ သင်တို့၏ ကျေးဇူးတော်များသည် ရှောလမုန်မင်းကြီး စံစားခဲ့ရသည့် ဘုန်းအသရေနှင့် ကြွယ်ဝမှုများထက် ပို၍ အလျှံပယ်ဖြစ်သည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့- ကြွလာရာတွင် ငါ၏ ရည်ရွယ်ချက်သည် သင်တို့ကို ကယ်တင်ဖို့ထက် ရှုတ်ချရန်နှင့် အပြစ်ပေးရန်ဖြစ်ပါက၊ သင်တို့၏နေ့ရက်များသည် အလွန် ကြာရှည်နိုင်ခဲ့မည်လော။ အသွေးအသား ရှိသည့် အပြစ်နှင့်ပြည့်သော သင်တို့သည် ယနေ့ထိတိုင် ရှင်သန်နိုင်ခဲ့မည်လော။ အကယ်၍ ငါ၏ ရည်မှန်းချက်သည် သင်တို့ကို အပြစ်ပေးရုံမျှ ပေးရန်သာဖြစ်ခဲ့ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ထိုသို့သော ကြီးမားသည့် လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ စတင်ခဲ့မည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့အား အပြစ်ပေးခြင်းသည် စကားတစ်ခွန်းကို မြွက်ဆိုခြင်းမျှအားဖြင့် လုပ်ဆောင်နိုင်သည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် ရှုတ်ချပြီးနောက် သင်တို့ကို ဖျက်ဆီးရန် လိုလိမ့်ဦးမည်လော။ ငါ၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မယုံကြည်ကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာမှတစ်ဆင့်သာ လူကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူကို ကယ်တင်ရန် ကားစင်တင်ခံရခြင်းကို ငါ အသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားသည် လူကို လုံးဝ နာခံလာစေရန် ပို၍ ထောက်ကူသည် မဟုတ်လော။ ယင်းသည် လူကို သာ၍ ကယ်တင်နိုင်စွမ်း ရှိသည် မဟုတ်လော။

ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း မဟုတ်သည်နှင့်အမျှ၊ ထိုအရာအားလုံးကို လူ၏ ကယ်တင်ခြင်းအတွက်သာ မြွက်ဆိုထားခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် လူသားကား အလင်းထဲတွင် အသက်ရှင်စေသည်၊ အလင်းတည်ရှိသည်ကို သိစေသည်၊ အလင်း တန်ဖိုးရှိသည်ကို သိစေပြီး၊ ထို့ထက်ပင်မက ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ မည်သို့ အကျိုးပြုသည်ကို သိရှိစေသည့်အပြင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း ဖြစ်သည်ကို သိစေသည်။ ငါသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များစွာကို မြွက်ဆိုပြီးဖြစ်သော်လည်း၊ ထိုအရာများက ကိုယ်စားပြုသည့်အရာကို သင်တို့ထံ ဧကန်အမှန် မလုပ်ဆောင်ရသေးပေ။ ငါသည် ငါ၏အမှုကို လုပ်ဆောင်ရန်နှင့် ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုရန် ကြွလာပြီဖြစ်သည်၊ ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ယင်းတို့ကို သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် သင်တို့၏ ပုန်ကန်မှုတို့ကို တရားစီရင်ရာတွင် ပြောဆိုထားခြင်းဖြစ်၏။ ဤအရာကို ငါ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် စာတန်၏ အုပ်စိုးမှုမှ လူကို ကယ်တင်ရန်ဖြစ်နေဆဲ ဖြစ်သည်။ ငါသည် လူကို ကယ်တင်ရန် ငါ၏နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ငါ၏ရည်ရွယ်ချက်မှာ လူကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက် နစ်နာစေရန် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များသည် ငါ၏အမှု၌ ရလဒ်များ ရရှိဖို့အလို့ငှာ ခက်ထန်ပေသည်။ ထိုသို့သော အမှုမှတစ်ဆင့်သာ လူသည် မိမိတို့ကိုယ်ကိုယ် သိရှိလာနိုင်ပြီး ၎င်းတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ လွတ်မြောက်နိုင်ပေသည်။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အကြီးမားဆုံးသော အရေးပါမှုမှာ လူတို့ကို သမ္မာတရားအား နားလည်ပြီးနောက် လက်တွေ့လုပ်ဆောင်ခွင့်ပေးခြင်း၊ ၎င်းတို့၏ စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရရှိခွင့်ပေးခြင်းနှင့် မိမိတို့ကိုယ်တိုင်နှင့် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အသိပညာကို ရရှိခွင့်ပေးခြင်းတို့ ဖြစ်သည်။ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းအားဖြင့် အမှုကို လုပ်ဆောင်ခြင်းသည်သာ ဘုရားသခင်နှင့် လူသားအကြား ဆက်သွယ်မှုကို ဖြစ်စေနိုင်ပြီး၊ နှုတ်ကပတ်တော်များသည်သာ သမ္မာတရားကို ရှင်းပြနိုင်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် လူကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ နှုတ်ကပတ်တော်များ၏ မိန့်မြွက်ချက်မှလွဲ၍ အခြားမည်သည့်နည်းစနစ်ကမျှ သမ္မာတရား၊ ဘုရားသခင်၏အမှုနှင့်ပတ်သက်သော သာ၍ ရှင်းလင်းသည့် သိနားလည်မှုကို လူတို့ကို ပေးနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူ့အမှု၏ နောက်ဆုံးအဆင့်တွင် လူတို့ကို ဘုရားသခင်ထံမှ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ရရှိခွင့်ပေးလျက်၊ ထိုသို့ဖြင့် သူ၏ အလိုကို ဖြည့်ဆည်းရင်း၊ ဘုရားသခင်သည် ၎င်းတို့ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ဖွင့်ပြရန်အလို့ငှာ လူကို စကားပြောဆိုလေသည်။ လူသားအပေါ် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုကို ၎င်းတို့အား ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး ယင်းကို ၎င်းတို့ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားနှင့်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အချိန်ကာလအတွင်းတွင်၊ သူသည် ၎င်းတို့အား အပြစ်ပေးခြင်းအမှုကို မလုပ်ဆောင်ပေ။ လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းနေစဉ်တွင်၊ ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်မပေးသကဲ့သို့ ကောင်းသောသူများကို ဆုမချီးမြှင့်ဘဲ လူအမျိုးမျိုးတို့၏ ခရီးပန်းတိုင်များကိုလည်း ထုတ်ဖော်မပြပေ။ ထို့ထက်၊ သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးသည့်နောက်တွင်သာ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အမှုကို သူလုပ်ဆောင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ မတူကွဲပြားသော လူအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ပေးခံရသူများသည် အမှန်တကယ် ကယ်တင်၍မရနိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကယ်တင်ခြင်းခံရသူများသည် လူသားနှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အလိုနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်- နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည်- လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို ကျိုးနွံနာခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် လုံလောက်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းသည် သူ၏အစွမ်းကုန် သက်ညှာမှုကို ပြသလိမ့်မည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သည်းခံပေးမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။

အရှေ့သို့- အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

နောက်တစ်ခုသို့- မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။