ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ
နောက်ဆုံးသောကာလခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည့် သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ကယ်တင်ခြင်းအား လူတို့ ရယူခြင်းနှင့်ပတ်သက်လျှင် ဤသမ္မာတရားများသည် အရေးပါသည်။ သို့ရာတွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အလွန်များပြားလွန်းစွာ ပြောဆိုခဲ့သည်ဟု လူများစွာက ခံစားရသည်။ ၎င်းတို့သည် နှုတ်ကပတ်တော်များအား မည်သည့်နေရာ၌ စ၍ ဖတ်ရမည်ကိုဖြစ်စေ၊ မည်သည့်သမ္မာတရားက ဝင်ရောက်ရန် အလွန်အရေးကြီးသည်ကိုဖြစ်စေ မသိကြပေ။ ဘုရားသခင်ရွေးချယ်ထားသောသူများအနေဖြင့် အခြေခံအုတ်မြစ်များကို ဖြစ်နိုင်သမျှ အမြန်ဆုံးချနိုင်ရန်၊ ဘုရားသခင်အား ယုံကြည်မှုနှင့် ကယ်တင်ခြင်းအတွက် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဝင်ရောက်နိုင်ရန် ထောက်ကူပေးရန်အလို့ငှာ အသင်းတော်အသက်တာတွင် အသုံးပြုရန်အတွက်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းအတွက်လည်းကောင်း ဘုရားအိမ်တော်က ဤစာအုပ်ကို ပြုစုခဲ့သည်။ ဤစာအုပ်ကို အဓိကအပိုင်း ငါးပိုင်းအဖြစ် ခွဲခြားထားသည်။ ပထမအပိုင်းသည် ရူပါရုံများနှင့် ပတ်သက်သည့် သမ္မာတရားများ ဖြစ်သည်။ ယင်းအတွင်းတွင် အချက် ၁၀ ချက်ပါဝင်ပြီး လူ့ဇာတိခံယူခြင်း၏ နက်နဲမှု၊ ဘုရားအမှုတော်၏ အဆင့်သုံးဆင့်၏ အတွင်းကျသော အကြောင်းအရာ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှု၏ နက်နဲမှု စသည်တို့ ပါဝင်သည်။ ဒုတိယအပိုင်းသည် ဘာသာရေးအယူအဆအမျိုးမျိုးကို ဖြေရှင်းခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ပြီးလျှင် ထိုအထဲတွင် အချက် ၂၂ ချက် ပါဝင်သည်။ တတိယအပိုင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးအား ဖြေရှင်းခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ထိုအထဲတွင် အချက် ၃၂ ချက် ပါရှိသည်။ စတုတ္ထအပိုင်းသည် မယုံကြည်သူများ၊ ဆိုးယုတ်သူများ၊ အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ထိုအထဲတွင် အချက် ၁၂ ချက် ပါရှိသည်။ ပဉ္စမအပိုင်းသည် ကယ်တင်ခြင်းအား လိုက်စားခြင်းနှင့် စုံလင်အောင် ပြုခြင်းခံရခြင်းတို့နှင့် သက်ဆိုင်သည့် သမ္မာတရားများအကြောင်း ဖြစ်သည်။ ထိုအထဲတွင် အချက် ၄၆ ချက် ပါရှိသည်။ ဤအပိုင်းငါးပိုင်း အကျုံးဝင်သော သမ္မာတရားများသည် ဘုရားသခင်ကို ယုံကြည်သူများ နားလည်ရမည့် အခြေခံသမ္မာတရားများ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက ဤသမ္မာတရားများကို ကြိမ်ဖန်များစွာ စားသောက်လျှင်၊ မိတ်သဟာယဖွဲ့လျှင်၊ ချင့်ချိန်တွေးတောလျှင် ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် သမ္မာတရားကို နားလည်လာနိုင်မည်။ စစ်မှန်မှုသို့ ဝင်ရောက်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်မည်။ ထို့နောက်တွင် ၎င်းတို့သည် ဤအရာကို အခြေခံပြီး ဘုရားသခင် တောင်းဆိုခဲ့သော သမ္မာတရားအားလုံးကို ဝင်ရောက်ရန် ကြိုးစားအားထုတ်လျှင် ၎င်းတို့သည် သမ္မာတရားနှင့် ထာဝရအသက်ကို ရနိုင်လိမ့်မည်။
ဧဝံဂေလိတရားတော် စာအုပ်များ
-
က။ ဘုရားသခင်အပေါ် ယုံကြည်မှုတွင် အခြေခံအုတ်မြစ်ချခြင်းရူပါရုံနှင့် သက်ဆိုင်သည့် သမ္မာတရားဆယ်ခု
-
၁။ လူ့ဇာတိခံခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများ
-
၂။ အမှုတော်အဆင့် သုံးဆင့်နှင့် သက်ဆိုင်သည့် သမ္မာတရားများ
-
၃။ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်နှင့် သက်ဆိုင်သည့် သမ္မာတရားများ
-
၄။ ဘုရားသခင်၏ အမှုတော်သုံးဆင့်နှင့် သူ၏နာမတော်များကြား ဆက်နွှယ်မှုနှင့် သက်ဆိုင်သည့် နှုတ်ကပတ်တော်များ
-
၅။ ပညာသတိရှိသော သတို့သမီးတို့ ဘုရားသခင်၏ အသံတော်ကို ကြားခြင်း၊ သခင့်အား ကြိုဆိုခြင်းတို့နှင့် သက်ဆိုင်သည့် နှုတ်ကပတ်တော်များ
-
၆။ ဘုရားသခင်နှင့် သမ္မာကျမ်းစာတို့ကြား ဆက်နွှယ်မှုနှင့် သက်ဆိုင်သည့် သမ္မာတရားများ
-
၇။ ပိုင်းခြားသိမြင်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရားမျာ
က။ စစ်မှန်သော ခရစ်တော်နှင့် အယောင်ဆောင်ခရစ်တော်အား ခွဲခြားရန်နည်းလမ်း
ခ။ မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းခရီးများကို ခွဲခြားရန် နည်းလမ်း
ဃ။ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူ၏ လုပ်ဆောင်မှုကို ခွဲခြားရန် နည်းလမ်း
စ။ ဆိုးယုတ်သော ဝိညာဉ်များ၏ လုပ်ဆောင်မှုရှိခြင်းနှင့် နတ်ဆိုးစွဲခြင်းအား ခွဲခြားသိမြင်နည်း
-
၈။ ဘာသာရေးလောက၏ ဘုရားသခင်ကို အာခံသည့် အနှစ်သာရအား ပိုင်းခြားသိမြင်ခြင်းနှင့်သက်ဆိုင်သော သမ္မာတရားများ
-
၁၀။ လူအမျိုးအစား အသီးသီး၏ အဆုံးသတ်ကို ဆုံးဖြတ်သတ်မှတ်ခြင်း၊ လူသားမျိုးနွယ်အပေါ် သူ၏ ကတိတော်များနှင့် သက်ဆိုင်သည့် သမ္မာတရားများ
-
-
ခ။ ဘာသာရေးအယူအဆအမျိုးမျိုးအား ဖြေရှင်းခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများ