၄။ အယောင်ဆောင်ခေါင်းဆောင်များကို ချဉ်းကပ်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့်မညီပါက၊ ၎င်းတို့ကို သင်မနာခံသင့်ဘဲ ၎င်းတို့ကို သင်ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သော မကောင်းမှုများကို လုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက သင်သည် သူ့ကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်ပြီး တိုင်ကြားနိုင်သည်။ သို့သော် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဖိနှိပ်ခြင်းနှင့်ညှဉ်းပန်းခြင်းတို့ကို ခံရမည်စိုးသောကြောင့် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ ၎င်းတို့က “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်မှ ကျွန်ုပ် ထုတ်ပယ်ပါက ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အလဟဿ ဖြစ်ပြီးဖြစ်လိမ့်မည် မဟုတ်လော” ဟု ပြောကြသည်။ ထိုသို့သောအတွေးအခေါ်သည် ရယ်ဖွယ်မကောင်းပေသလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်သည် သင့်ကို နှင်ထုတ်သောအခါ ဘုရားသခင်ကို ကိုယ်စားပြုမည်လော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်က သင့်အား ညှဉ်းပန်းပြီး နှင်ထုတ်သောအခါ ဤသည်မှာ စာတန်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရသောအခါ ဤသည်မှာ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူများအားလုံးကြား ပူးတွဲဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ရှင်းလင်းပစ်မှုနှင့် နှင်ထုတ်မှုသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံကိုက်ညီသည့်အခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်။ အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက နှင်ထုတ်ခြင်းကို ခံရခြင်းသည် သင်က ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်ဟု အဘယ်သို့ အဓိပ္ပာယ် ရနိုင်မည်နည်း။ ဤသည်မှာ စာတန်နှင့် အန္တိခရစ်၏ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ခံရမည်မဟုတ်ဟု မဆိုလိုပေ။ သင်ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ခြင်းရှိမရှိကို မည်သည့်လူသားကမျှ ဆုံးဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအရာကို သင် ရှင်းလင်းစွာသိထားရမည်။ အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်က သင့်အား နှင်ထုတ်ခြင်းကို ဘုရားသခင်က နှင်ထုတ်ခြင်းအဖြစ် မှတ်ယူခြင်းသည် ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲခြင်း မဟုတ်လော။ ဟုတ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရုံသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းမျိုးလည်း ဖြစ်သည်။ ဘုရားသခင်အား ဤသို့ အနက်အဓိပ္ပာယ်ကောက်လွဲခြင်းသည် မသိနားမလည်ခြင်း၊ မိုက်မဲခြင်း မဟုတ်သလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက သို့မဟုတ် အန္တိခရစ်တစ်ဦးက သင့်အား ထုတ်ပယ်သည့်အခါ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေသနည်း။ သင်သည် ပိုင်းခြားသိမြင်မှုတစ်ခုခု ရရှိရန်အတွက် သမ္မာတရားအား နားလည်သူတစ်ယောက်ယောက်ကို အဘယ်ကြောင့် မရှာဖွေသနည်း။ သင်သည် ဤအရာကို အထက်သို့ အဘယ်ကြောင့် မတိုင်ကြားသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားက အထွတ်အထိပ်အုပ်စိုးသည်ကို မယုံကြည်ကြောင်း သက်သေပြနေသည်၊ ယင်းက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ယုံကြည်ပါက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏လက်တုံ့ပြန်ခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ၎င်းတို့သည် သင်၏ကံကြမ္မာကို သတ်မှတ်နိုင်သလော။ သင်သည် ချင့်ချိန်နိုင်စွမ်းရှိပြီး ၎င်းတို့၏လုပ်ရပ်များကသမ္မာတရားနှင့် မကိုက်ညီသည်ကို သတိပြုမိနိုင်စွမ်းရှိပါက သမ္မာတရားကို နားလည်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း။ သင့်၌ နှုတ်ရှိသည်၊ သို့ဆိုလျှင် အဘယ့်ကြောင့် ထုတ်မပြောရဲရသနည်း။ အယောင်ဆောင်ခေါင်းဆောင်ကို၊ သို့မဟုတ် အန္တိခရစ်ကို အဘယ်ကြောင့် သင်အလွန် ကြောက်ရွံ့ရသနည်း။ ဤအရာက သင်သည် သူရဲဘောနည်းကာ အသုံးမကျသူတစ်ဦး၊ စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။ အကယ်၍ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ခြိမ်းခြောက်ခံရသောအခါ သင်သည် သူ့ကို ပိုကြီးသော အထက်လူကြီးများထံ မတိုင်ရဲလျှင် ဤအရာက သင်သည် စာတန်၏ ချည်နှောင်ခြင်းကို ခံရပြီးသားဖြစ်ကြောင်း၊ သင်သည် ထိုသူနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြောင်း ပြသည်။ ဤသည်မှာ စာတန်နောက်သို့ လိုက်နေခြင်း မဟုတ်လော။ ဤကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှတစ်ဦး အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် လူဖျင်းမှလွဲ၍ အခြားမဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ရှိသောသူအားလုံးမှာ မည်သည့်အခါမျှ အကောင်းတစ်စုံတစ်ရာ မဖြစ်နိုင်ပေ။ သူသည် မကောင်းမှုပြုသူ ဖြစ်၏။ ထိုသို့သောလူတို့သည် နတ်ဆိုး၏ နောက်လိုက်ပါမွှားလေးများအဖြစ် မွေးဖွားလာကြခြင်း ဖြစ်သည်။ ထိုသူတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ပြီး ရွေးနုတ်၍ မရနိုင်လောက်အောင် ဖြစ်၏။...လွန်ခဲ့သော နှစ်နှစ်အကြာတွင် တရုတ်ပြည်မကြီးရှိ သင်းအုပ်နယ်ပယ်အချို့တွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ရာထူးမှ ဖယ်ရှားရန် စည်းလုံးခဲ့ကြကြောင်း ငါကြားသိခဲ့ဖူးသည်။ အယောင်ဆောင် အချို့သော ခေါင်းဆောင်များနှင့် အန္တိခရစ်များမှာ ဆုံးဖြတ်ချက်ချသော အဖွဲ့များ၌ ဦးဆောင်သူပင် ဖြစ်ကြသော်လည်း ၎င်းတို့သည်လည်း ထို့အတူ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖယ်ရှားခြင်းခံခဲ့ကြရသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အထက်မှနေ၍ ခွင့်ပြုချက် စောင့်ဆိုင်းစရာ မလိုပေ။ တကယ့်အလုပ်ကို မလုပ်ဆောင်ခဲ့သည့်အပြင် ညီအစ်ကို မောင်နှမများကို အမြဲတမ်း ညှဉ်းဆဲနေခဲ့သည့်၊ သွေးရူးသွေးတန်း ပြုမူလုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့် လုပ်နေခဲ့သည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဘုရားသခင် ရွေးချယ်ထားသော လူတို့က သမ္မာတရားစည်းမျဉ်းများအရ ခွဲခြားဖော်ထုတ်နိုင်ခဲ့ကြကာ ၎င်းတို့ကို မဆိုင်းမတွ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ အချို့ကို ဆုံးဖြတ်ချက်ချသော အဖွဲ့များထဲမှ ထုတ်ပစ်ခဲ့ကြပြီး အချို့ကို အသင်းတော်ထဲမှ ရှင်းလင်းပစ်ခဲ့ကြသည်။ ယင်းမှာ ကောင်းမွန်လှပေ၏။ ဤအရာက ဘုရားသခင်ရွေးချယ်ထားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သော လမ်းကြောင်းအပေါ် ရပ်တည်ပြီးသား ဖြစ်ကြောင်းပြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားလည်ပြီးသား ဖြစ်ပြီး ယခုတွင် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းနှင့် အရူးလုပ်ခြင်းကို နောက်ထပ်မခံရတော့။ ၎င်းတို့သည် ထ၍ စာတန်၏ ဆိုးယုတ်သော အင်အားစုများနှင့် စစ်ခင်းဝံ့ကြသည်။ ဤအရာက အသင်းတော်အတွင်းရှိ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အင်အားစုများသည် နောက်ထပ် အသာစီး မရတော့ကြောင်းကိုလည်း ပြလေသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ စကားများနှင့် လုပ်ဆောင်မှုများ၌ နောက်ထပ် ပြောင်ပြောင်တင်းတင်း မလုပ်ဝံ့ကြတော့ပေ။ ၎င်းတို့သည် မိမိတို့၏ လျှို့ဝှက်ချက်ကို အမှတ်တမဲ့ ဖော်မိလျှင်မိချင်း ၎င်းတို့ကို ကြီးကြပ်ဖို့၊ ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့နှင့် ၎င်းတို့ကို ပစ်ပယ်ဖို့အတွက် တစ်စုံတစ်ဦး ရှိနေမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သမ္မာတရားကို အမှန်တကယ် နားလည်သောသူများ၏ စိတ်နှလုံးထဲ၌ လူသား၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် တန်ခိုးအာဏာကို ကြီးစိုးသော အဆင့်အတန်း မရှိပေ။ ထိုကဲ့သို့သော လူတို့သည် ထိုအရာများကို အလေးမထားပေ။ လူတစ်ဦးသည် သမ္မာတရားကို လိုလားတက်ကြွစွာ ရှာဖွေပြီး ယင်းအပေါ် မိတ်သဟာယ ပြုနိုင်သောအခါတွင်လည်းကောင်း၊ သူသည် ဘုရားသခင်အား ယုံကြည်သောသူတို့ လျှောက်သင့်သည့် လမ်းကြောင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ဆက်ဆံသင့်ပုံတို့ကို စတင်၍ ပြန်လည်ချင့်ချိန်ပြီး ပြန်၍သုံးသပ်သောအခါတွင်လည်းကောင်း၊ လူတို့ လိုက်လျှောက်သင့်သောသူမှာ မည်သူဖြစ်ကြောင်း၊ မည်သည့်အပြုအမူများသည် လူသားနောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ပြီး မည်သည်တို့သည် ဘုရားသခင်နောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ကြောင်း စတင်၍ တွေးဆသောအခါတွင်လည်းကောင်း၊ ထို့ပြင် ဤသမ္မာတရားများကို စမ်းတဝါးဝါးရှာပြီး ယင်းတို့ကို နှစ်ကာလအတန်ကြာ တွေ့ကြုံထားပြီးနောက် မသိလိုက်မီတွင်ပင် သမ္မာတရားအချို့ကို နားလည်လာပြီး ပိုင်းခြားသိမြင်တတ်လာသောအခါတွင်လည်းကောင်း ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ရရှိထားပြီးဖြစ်လိမ့်မည်။ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေနိုင်ခြင်းဟူသည် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သောလမ်းကြောင်းကို ဝင်ရောက်ထားပြီးဖြစ်ခြင်းပင်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်

အယောင်ဆောင်ခေါင်းဆောင်အချို့သည် အစားကြီးပြီး ပျင်းရိကြကာ ပင်ပန်းစွာ အလုပ်လုပ်ခြင်းထက် သက်သောင့်သက်သာနေခြင်းကို ပိုနှစ်သက်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ရန်လည်း မလိုလား၊ စိုးရိမ်ရန်လည်း မလိုလားဘဲ ကြိုးစားအားထုတ်မှုနှင့် တာဝန်ကို ခေါင်းရှောင်ကာ သက်သောင့်သက်သာနေခြင်း၌သာ မွေ့လျော်ခံစားလိုကြသည်။ ၎င်းတို့သည် စားသောက်ခြင်းနှင့် ကစားခြင်းကို နှစ်သက်ပြီး အထူးတလည် ပျင်းရိကြသည်။ လူတိုင်း စားသောက်ပြီးမှ နံနက်တွင် အိပ်ရာထတတ်ပြီး ညဘက် လူတိုင်း အနားယူနေချိန်တွင် တီဗီဇာတ်လမ်းတွဲများ ကြည့်နေဦးမည်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ ထမင်းချက်ရန် တာဝန်ယူထားသော ညီအစ်ကိုတစ်ဦးသည် သည်းမခံနိုင်တော့ဘဲ ၎င်းကို ဝေဖန်ခဲ့သည်။ သင်တို့ ပြောကြည့်လော့၊ ၎င်းသည် ထမင်းချက်တစ်ဦး၏ စကားကို နားထောင်မည်လော။ (မထောင်ပါ။) ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းကို “သင်သည် ပို၍ လုံ့လဝီရိယရှိရန် လိုအပ်သည်။ လုပ်ဆောင်ရန် လိုအပ်သော အလုပ်ကို လုပ်ဆောင်ရမည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်အလုပ်ဖြစ်စေ သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ အလုပ်၌ ပြဿနာများ မရှိစေရန် သင် အာမခံရမည်။ ယခု ပြဿနာတစ်ခု တွေ့ရှိနေပြီဖြစ်ပြီး ၎င်းကို ဖြေရှင်းရန် သင် ရှိမနေခြင်းက အလုပ်ကို ထိခိုက်စေသည်။ သင်သည် ဤနည်းလမ်းဖြင့် အစဉ်တစိုက် အလုပ်လုပ်ပါက ဤသည်မှာ အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေခြင်း မဟုတ်လော။ သင်သည် ဤတာဝန်ကို ယူနိုင်သလော” ဟု ပြောဆိုကာ ပြစ်တင်ဆုံးမခဲ့သည် ဆိုပါစို့။ ၎င်းသည် ဤစကားကို နားထောင်မည်လော။ နားထောင်ချင်မှ နားထောင်ပေမည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက် ဆုံးဖြတ်ချက်ချသည့်အဖွဲ့သည် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချပြီး ၎င်းတို့အတွက် အခြားအလုပ်အစီအစဉ်များ ပြုလုပ်ပေးသင့်ကာ ၎င်းတို့ လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်စေသင့်သည်။ ၎င်းတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မှီခိုကပ်ရပ်ရန် လိုလားပြီး မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သော အသုံးမကျသူများဖြစ်ပါက ၎င်းတို့ကို မည်သည့်တာဝန်မျှ မထမ်းဆောင်စေဘဲ စေလွှတ်လိုက်လော့။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် မထိုက်တန်ပေ။ ၎င်းတို့သည် လူမဟုတ်ကြပေ၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် အရှက်မရှိကြပေ။ လူပျင်းများဖြစ်သော ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက်မူ ထိုးထွင်းသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ၎င်းတို့ကို တိုက်တွန်းအားပေးရန် ကြိုးစားဖို့ မလိုအပ်သည့်အပြင် ၎င်းတို့အား စောင့်ကြည့်လေ့လာမှု ကြုံတွေ့ရန် မည်သည့်အခွင့်အရေးမျှ မပေးသင့်သကဲ့သို့ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်လည်း မလိုအပ်ပေ။ ၎င်းတို့ သမ္မာတရားများကို ကြားဖူးသည်မှာ မလုံလောက်သေးသလော။ ၎င်းတို့ကို ပြုပြင်ပါက ၎င်းတို့ ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ပေ။ တစ်စုံတစ်ဦးသည် အစွမ်းအစ ညံ့ဖျင်းပြီး တစ်ခါတစ်ရံ အဓိပ္ပာယ်မဲ့သော အမြင်များကို စွဲကိုင်ထားသော်လည်း၊ သို့မဟုတ် မသိနားမလည်မှုကြောင့် အလုံးစုံကို မမြင်နိုင်သော်လည်း ၎င်းတို့သည် လုံ့လဝီရိယရှိပြီး၊ ဝန်တာစိတ်ထားရှိကာ မပျင်းရိပါက ထိုသို့သောသူသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် လွဲချော်မှုများ ရှိသော်လည်း ပြုပြင်ခြင်းကို ခံရသည့်အခါ နောင်တရနိုင်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို သိရှိပြီး မိမိတို့ မည်သည့်အရာလုပ်သင့်သည်ကို သိကြသည်၊ ၎င်းတို့၌ အသိစိတ်နှင့် တာဝန်သိစိတ် ရှိကြပြီး အသိတရားရှိလာကြသည်။ သို့သော် ပျင်းရိပြီး ပင်ပန်းစွာ အလုပ်လုပ်ခြင်းထက် သက်သောင့်သက်သာနေခြင်းကို ပိုနှစ်သက်ကာ ဝန်တာထားစိတ် မရှိသူတို့သည် မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝန်တာထားစိတ်မရှိပေ။ မည်သူက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ အသုံးမဝင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)

အန္တိခရစ်များကို အသင်းတော်တွင် တစ်ဇွတ်ထိုးလုပ်ခွင်ပေးပြီး ထင်ရာမြင်ရာလုပ်ခွင့်ပေးလျှင်၊ ၎င်းတို့ ထိန်းချုပ်လိုပြီး ခြိမ်းခြောက်လိုသည့် သို့မဟုတ် အထင်မြင်မှားစေလိုပြီး လှည့်ဖြားလိုသည့် ညီအစ်ကို မောင်နှမများကို ဆောင်ပုဒ်တစ်ခုတလေနှင့် အကြောင်းပြချက်များ ဟစ်ကြွေးခွင့်ပေးပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို လျစ်လျူရှုကာ အရေးယူဆောင်ရွက်ခြင်း မရှိသကဲ့သို့ အန္တိခရစ်များအား စိတ်အနှောင့်အယှက်ပေးမိမည်ကို ကြောက်သည့်အတွက် ၎င်းတို့ကို ဖော်ထုတ်ဖို့ သို့မဟုတ် ကန့်သတ်ချုပ်ချယ်ဖို့ မဝံ့မရဲဖြစ်သည့်အပြင် ဤအရာက ထိုအသင်းတော်၏ ညီအစ်ကို မောင်နှမများအား အန္တိခရစ်များ၏ ပေါ့ပြက်ပြက်ဆက်ဆံခြင်းခံရစေပြီး အဖျက်အမှောင့်လုပ်ခြင်းခံရစေလျှင် ထိုအသင်းတော်၏ ခေါင်းဆောင်များသည် လူ့အကြိုက်လိုက်သူများ ဖြစ်သည်။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသင့်သည့် အမှိုက်များဖြစ်ကြသည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ဖို့အတွက် ဘုရားသခင် ရွေးချယ်ထားသည့် လူတို့အား ရပ်တည်နိုင်စေကာ ထိုသူတို့ကို ဖော်ထုတ်နိုင်စေပြီး နတ်ဆိုးများကို ရှင်းလင်းပစ်စေနိုင်လျှင် ဤအရာက နတ်ဆိုးများနှင့် စာတန်ကို အရှက်ရစေလိမ့်မည်ဖြစ်သကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကိုလည်း အထမြောက်စေလိမ့်မည် ဖြစ်သည်။ ဤအသင်းတော်၏ ခေါင်းဆောင်များသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့် အရည်အချင်းပြည့်မီသော ခေါင်းဆောင်များ ဖြစ်ကြသည်။ အသင်းတော်တစ်ပါးသည် အန္တိခရစ်တစ်ဦး၏ အဖျက်အမှောင့်လုပ်ခြင်းကို ခံစားရပြီး ညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ခြင်းနှင့် ငြင်းပယ်ခြင်းခံရပြီးနောက်တွင် အန္တိခရစ်က ထိုညီအစ်ကို မောင်နှမများအပေါ် အသည်းအသန် လက်တုံ့ပြန်လျှင်၊ ဖိနှိပ်ပြီး ရှုတ်ချလျှင်၊ အသင်းတော် ခေါင်းဆောင်များက ဘာမျှ လုပ်ဆောင်ခြင်းမရှိလျှင်၊ မသိကျိုးကျွန်ပြုပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးစားလျှင် ထိုခေါင်းဆောင်များသည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြ၏။ ၎င်းတို့သည် အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသင့်ပေသည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးမပြုနိုင်လျှင်၊ အန္တိခရစ်များကို ဖော်ထုတ်နိုင်ခြင်းမရှိ၊ ကန့်သတ်နိုင်ခြင်း မရှိသကဲ့သို့ ရွေးထုတ်နိုင်ခြင်းမရှိလျှင်၊ အသင်းတော်၌ အန္တိခရစ်များကို ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း အထိန်းအကွပ်မဲ့ လုပ်ဆောင်ခွင့်ပေးလျှင်၊ သောင်းကျန်းခွင့်ပေးလျှင်၊ ဘုရားသခင် ရွေးချယ်ထားသောသူတို့အား အထင်အမြင်မှားစေခြင်းမှ ကာကွယ်ပေးနိုင်ခြင်း မရှိလျှင်၊ ဘုရားသခင် ရွေးချယ်ထားသောသူတို့က မိမိတို့တာဝန်ကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အလို့ငှာ ၎င်းတို့ကို မကာကွယ်ပေးနိုင်လျှင်၊ ထို့အပြင် အသင်းတော် အလုပ်၏ ပုံမှန် တိုးတက်မှုကို ထိန်းသိမ်းနိုင်ခြင်း မရှိလျှင် ထိုခေါင်းဆောင်သည် အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသင့်ပေသည်။ ထိုအန္တိခရစ်က ကြမ်းကြုတ်ရက်စက်ပြီး အကြင်နာမဲ့ကြသောကြောင့် အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များ အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ဖို့၊ ပြုပြင်ဖို့၊ ကန့်သတ်ပြီး အရေးယူဆောင်ရွက်ဖို့ စိုးရွံ့ကာ ထိုသို့ဖြင့် ၎င်းတို့အား နိုင်လိုမင်းထက်ပြုသူတစ်ဦး ဖြစ်လာစေလျက်၊ မိမိတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်စေကာ အသင်းတော်၏ အလုပ်များစွာကို တုံ့ဆိုင်းရပ်တန့်စေလျက်၊ ယင်းတို့ကို လုံးဝဥဿုံ ရပ်သွားစေလျက်၊ အသင်းတော်တွင် အထိန်းအကွပ်မဲ့ လုပ်ဆောင်ခွင့်ပေးလျှင် ဤအသင်းတော်၏ ခေါင်းဆောင်များသည်လည်း အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခံရသင့်ကြပေသည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် အသင်းတော် အသက်တာနှင့် ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို အကြီးစား တားဆီးပိတ်ဆို့မှု၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ထိခိုက်နစ်နာမှုဖြစ်စေရင်း အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ဖို့ သတ္တိ လုံးဝ မရှိကြသည့်အပြင် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ထိန်းချုပ်ဟန့်တားဖို့ လုံးဝ မကြိုးစားလျှင် ဤအသင်းတော်၏ ခေါင်းဆောင်များသည်လည်း အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခံရသင့်ပေသည်။ ထိုသို့သော လူတို့၏ ဆက်လက်ခေါင်းဆောင်မှုကို သင်တို့ ထောက်ခံချက်ပေးမည်လော။ (ပေးမည် မဟုတ်ပါ။) သို့ဆိုလျှင် ဤကဲ့သို့သော ခေါင်းဆောင်များကို သင်တို့ ကြုံရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်က ၎င်းတို့အား မေးမြန်းသင့်သည်မှာ “အန္တိခရစ်များက ထိုသို့ကြီးမားသော မကောင်းမှုကို ကျူးလွန်သည်၊ သူတို့သည် အသင်းတော်တွင် အထိမ်းအကွပ်မဲ့ လုပ်ဆောင်နေကြသည်၊ လွှဲပြောင်းယူဖို့ ကြိုးစားနေကြသည်၊ သင်သည် သူတို့ကို ထိန်းချုပ်နိုင်သလော။ သူတို့ကို ဖော်ထုတ်ဖို့ သင့်တွင် သတ္တိ ရှိသလော။ သူတို့အပေါ် သင်သည် အရေးယူဆောင်ရွက်ဝံ့ခြင်း မရှိလျှင် နုတ်ထွက်သင့်သည်။ ရာထူးမှဆင်းရာတွင် သင်အချိန်မဆွဲသင့်။ သင်သည် သင်၏ ကိုယ်ပိုင် ဇာတိပကတိ အကျိုးစီးပွားများကို ကာကွယ်ပြီး အန္တိခရစ်များကို ကြောက်စိတ်ဖြင့် ညီအစ်ကို မောင်နှမများကို အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများထံ လွှဲပြောင်းပေးလျှင် သင်သည် ကျိန်ခြင်းခံရသင့်ပေသည်။ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သင် မသင့်တော်ပေ။ သင်သည် အမှိုက်ဖြစ်သည်၊ လူသေတစ်ဦးဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ဖော်ထုတ်ခံရသင့်ပြီး ထုတ်ပယ်ခံရသင့်ပေသည်။ ၎င်းတို့က စစ်မှန်သည့် အလုပ်ကို မလုပ်ကြပေ။ ဆိုးယုတ်သော လူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ညီအစ်ကို မောင်နှမများကို မကာကွယ်ကြဘဲ ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုကို အချိန်ဆွဲရင်း ဆိုးယုတ်သောလူများကို ဒူးထောက်ပြီး ထိုသူတို့ထံ လိုက်လျောချက်များ ပြုလုပ်ကာ အသနားခံကြသည်။ ထိုသို့သော ခေါင်းဆောင်များသည် အမှိုက်ဖြစ်၏။ ၎င်းတို့သည် သစ္စာဖောက်များဖြစ်ပြီး ငြင်းပယ်ခံရသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ ပြဿနာများကို တိုင်ကြားရန် စာတစ်စောင်ရေးသည်၊ အယောင်ဆောင်ခေါင်းဆောင်က သင့်အား အနိုင်ကျင့်လိုပြီး “သင်သည် ကောင်းကောင်းမနေလျှင်၊ ငါ၏ ပြဿနာများအား အထက်သို့ ဆက်လက်၍ တိုင်ကြားနေလျှင်၊ ငါ့အကြောင်း သတင်းပေးလျှင်၊ သို့မဟုတ် ငါ့ကို အကဲဖြတ်မှုများတွင် အပျက်သဘောဆောင်သောအရာ တစ်ခုခုရေးလျှင် သင့်အား ငါ သတ်မည်။ ငါသည် သင့်အား နှင်ထုတ်နိုင်စွမ်းရှိသည်။ သင်မကြောက်သလော” ဟု ပြောသည် ဆိုပါစို့။ ဤအခြေအနေကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သူသည် သင့်အား ခြိမ်းခြောက်နေသည်။ အတိအကျဆိုရလျှင် သူသည် သင့်အား အနိုင်ကျင့်နေသည်။ သူ့၌ ဩဇာအာဏာရှိသည်။ သင်က သာမန်ယုံကြည်သူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူသည် စည်းမျဉ်း၊ သို့မဟုတ် အခြေပြုချက်မရှိဘဲ သင့်အား ထင်ရာမြင်ရာ ညှဉ်းပန်းနှိပ်စက်သည်။ သူသည် သင့်အား စာတန်က လူတို့ကို ဆက်ဆံသည့်ပုံစံအတိုင်း ဆက်ဆံသည်။ ခိုင်လုံစွာပြောရလျှင် သူသည် သင့်အား အနိုင်ကျင့်နေခြင်း မဟုတ်လော။ သင့်အား ညှဉ်းပန်းရန် ကြိုးစားနေခြင်း မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤအရာကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သင်သည် အလျှော့ပေးမည်လော၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း ရပ်တည်မည်လော။ (စည်းမျဉ်းများအတိုင်း ရပ်တည်ပါမည်။) သဘောတရားအရ လူတို့သည် စည်းမျဉ်းများအတိုင်း ရပ်တည်ပြီး ဤအယောင်ဆောင်ခေါင်းဆောင်ကို မကြောက်သင့်ပေ။ ဤအတွက် အခြေပြုချက်မှာ အဘယ်နည်း။ သင်သည် သူ့အား အဘယ်ကြောင့် မကြောက်သင့်သနည်း။ သူသည် သင့်အား အမှန်ပင် နှင်ထုတ်လျှင် သင်ကြောက်လန့်မည်လော။ သူသည် သင့်အား အမှန်ပင် နှင်ထုတ်နိုင်သောကြောင့် သင်သည် စည်းမျဉ်းများအတိုင်း မရပ်တည်ရဲခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကြောက်ကောင်း ကြောက်နိုင်သည်။ ဤအမှုကိစ္စသည် မည်သည့်နေရာတွင် ပိတ်မိနေသနည်း။ သင်သည် မည်သို့ဖြစ်၍များ ကြောက်ရွံ့နိုင်သနည်း။ (ဘုရားအိမ်တော်သည် သမ္မာတရား၏ အုပ်စိုးမှုအောက်တွင်ရှိသည်ကို ကျွန်ုပ် မယုံကြည်သောကြောင့် ဖြစ်သည်။) ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ သင်သည် ဤယုံကြည်ခြင်းရှိပြီး “သင်သည် ဆိုးယုတ်သူတစ်ဦးဖြစ်သည်။ သင်သည် ယခုတွင် ခေါင်းဆောင် ဖြစ်ရုံသက်သက်ဖြင့် ငါ့အား နှင်ထုတ်နိုင်စွမ်းရှိသည်ဟု မထင်နှင့်။ ငါ့အား နှင်ထုတ်ခြင်းသည် မှားယွင်းလိမ့်မည်။ ဤအမှုကိစ္စသည် အနှေးနှင့် အမြန် ပေါ်လာလိမ့်မည်။ ဘုရားအိမ်တော်သည် သင်တစ်ဦးတည်း၏ အာဏာအောက်တွင် ရှိသည် မဟုတ်။ သင်သည် ယနေ့ငါ့ကို နှင်ထုတ်လျှင် နောက်ဆုံး၌ သင် အပြစ်ဒဏ်ခံရမည်။ သင်မယုံလျှင် စောင့်၍သာ ကြည့်ပါ။ ဘုရားအိမ်တော်ကို သမ္မာတရားက၊ ဘုရားသခင်က အုပ်စိုးသည်။ လူတို့သည် သင့်အား အပြစ်ဒဏ်မပေးနိုင်သော်လည်း ဘုရားသခင်က သင့်အား ထုတ်ဖော်နိုင်ပြီး ဖယ်ရှားရှင်းလင်းနိုင်သည်။ သင်၏ အမှားများ ပေါ်လွင်လာသောအခါ ဤသည်မှာ သင်၏ အပြစ်ဒဏ်ကို ရင်ဆိုင်ရသောအချိန် ဖြစ်လိမ့်မည်” ဟု ပြောဖို့ လိုအပ်သည်။ သင့်တွင် ဤယုံကြည်ခြင်းရှိသလော။ (ရှိပါသည်။) ရှိသလော။ ဤသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ဤသို့ မပြောနိုင်သနည်း။ သင်သည် ဤသို့သောအခြေအနေများကို ကြုံရလျှင် အန္တရာယ် ကျရောက်မည့် ပုံစံရှိသည်။ သင့်တွင် သတ္တိနှင့် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သည်။ ဤအမှုကိစ္စများကို သင်အမှန်တကယ် ရင်ဆိုင်သောအခါ၊ ဤမျှ ရက်စက်ကြမ်းကြုတ်သော၊ လူတို့ကို ညှဉ်းပန်းရာတွင် နည်းလမ်းများက အဆင်းနီသောနဂါးကြီး၏ နည်းလမ်းများဖြင့် နှိုင်းယှဉ်၍ ရနိုင်သော ဆိုးယုတ်သူများနှင့် အန္တိခရစ်များကို သင်ကြုံရသောအခါ မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ သင်သည် စတင်ငိုယိုပြီး “အို ငါသည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးနုပ်သည်။ ငါသည် တွန့်ဆုတ်သည်။ ပြဿနာကို အစဉ် ကြောက်ရွံ့သည်။ ကျလာသော သစ်ရွက်က ငါ၏ခေါင်းအား ထိမည်ကိုပင် ကြောက်သည်။ ဤသို့သောလူများကို ငါရင်မဆိုင်ရရန် အမှန်ပင် မျှော်လင့်သည်။ ၎င်းတို့သည် ငါ့အား အနိုင်ကျင့်လျှင် မည်သို့ပြုလုပ်ရမည်နည်း” ဟု ပြောလိမ့်မည်။ ၎င်းတို့သည် သင့်အား အနိုင်ကျင့်နေသလော။ ၎င်းတို့က သင့်အား အနိုင်ကျင့်နေခြင်း မဟုတ်။ ယင်းမှာ သင့်အား စာတန်က ညှဉ်းပန်းနေခြင်း ဖြစ်သည်။ လူသားရှုထောင့်မှကြည့်လျှင် သင်သည် “ဤသူသည် အထင်ကြီးရလောက်သည်။ အဆင့်အတန်းရှိသည်။ အဆင့်အတန်းမရှိသည့် ရိုးသားသောလူများအား အနိုင်ကျင့်သည်” ဟု ဆိုလိမ့်မည်။ ဤသို့ ဖြစ်ပျက်နေခြင်း ဖြစ်သလော။ သမ္မာတရား၏ ရပ်တည်ချက်မှကြည့်လျှင် ယင်းသည် အနိုင်ကျင့်ခြင်းမဟုတ်။ စာတန်က လူတို့အား ဒုက္ခခံရအောင်လုပ်ဆောင်နေခြင်း၊ လူတို့အား ညှဉ်းပန်းနေခြင်း၊ အရူးလုပ်နေခြင်း၊ ဖျက်ဆီးနေခြင်း၊ နင်းချေနေခြင်း ဖြစ်သည်။ စာတန်ထံမှ ဤလုပ်ရပ်များကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ကြောက်ရွံ့သင့်သလော။ (မကြောက်ရွံ့သင့်ပါ။ ကျွန်ုပ်သည် ၎င်းတို့အား တိုင်ကြားပြီး ဖော်ထုတ်သင့်သည်။) သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို မကြောက်သင့်ပေ။ ၎င်းတို့ပြဿနာများကို တိုင်ကြားခြင်းနှင့် ၎င်းတို့နှင့် ယှဉ်ပြိုင်ခြင်းသည် လက်ရှိအချိန်အခိုက်အတန့်တွင် မသင့်လျော်လျှင် သင်သည် ၎င်းတို့အား ခဏတာသည်းညည်းခံသင့်ပြီး နောက်ပိုင်း၌ ၎င်းတို့အား တိုင်ကြားရန် သင့်တော်သောအချိန်ကို ရှာသင့်သည်။ ညီအစ်ကိုမောင်နှမများကြားတွင် သင့်ကဲ့သို့သော ပိုင်းခြားသိမြင်တတ်သောသူများရှိလျှင် သင်တို့သည် ၎င်းတို့၏ မကောင်းမှုများကို တိုင်ကြားပြီး ဖော်ထုတ်ရန် ပေါင်းစည်းသင့်သည်။ အခြားမည်သူကမျှ ပိုင်းခြားသိမြင်မှုမရှိဘဲ သင်က ၎င်းတို့အား တိုင်ကြားရန် ရှေ့ထွက်သောအခါ လူတိုင်းက သင့်အား ငြင်းဆန်လျှင် လက်ရှိအချိန်၌ စိတ်ရှည်ခြင်းကို ကျင့်သုံးလော့။ အထက်ပိုင်းအဆင့်ခေါင်းဆောင်များက အလုပ်ကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ဆောင်ရန် သင်တို့အသင်းတော်သို့ လာသောအခါ၌ ထိုခေါင်းဆောင်များထံသို့ ၎င်းတို့ပြဿနာများကို တိုင်ကြားရန် သင့်တော်သောအချိန်ကိုရှာပြီး ၎င်းတို့၏ မကောင်းမှုများကို အသေးစိတ်ရှင်းလင်းစွာ ဖော်ပြကာ ခေါင်းဆောင်များအား ၎င်းတို့ကို ဖယ်ရှားစေလော့။ ဤသည်မှာ ဉာဏ်ပညာရှိခြင်း ဟုတ်သလော။ (ဟုတ်သည်။) တစ်ဖက်တွင် သင်သည် ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ဆိုးယုတ်သောသူများ၊ အန္တိခရစ်များ၊ သို့မဟုတ် စာတန်ကို မကြောက်ရွံ့ရပေ။ အခြားတစ်ဖက်တွင် သင်သည် သင့်အပေါ် ၎င်းတို့၏ လုပ်ဆောင်မှုများအား လူတစ်ယောက်က အခြားတစ်ယောက်ကို အနိုင်ကျင့်ခြင်းအဖြစ် မမြင်သင့်ပေ။ ဤအရာ၏ အနှစ်သာရကို စာတန်က လူတို့အား အရူးလုပ်နေခြင်း၊ ညှဉ်းပန်းနေခြင်း၊ နင်းချေနေခြင်းအဖြစ် မြင်သင့်သည်။ ထို့နောက် အခြေအနေအပေါ် မူတည်ပြီး သင်သည် ၎င်းတို့၏ ညှဉ်းပန်းမှုကို ကိုင်တွယ်ရန် ဉာဏ်ပညာကို အသုံးချသင့်သည်။ ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားရန် သင့်တော်သောအချိန်ကို ရှာသင့်သည်။ ဘုရားအိမ်တော်နှင့် အသင်းတော်အလုပ်၏ အကျိုးစီးပွားများကို ကာကွယ်ပေးသင့်သည်။ ဤသည်မှာ သင်ခိုင်မာစွာ ရပ်တည်သင့်သည့် သက်သေခံချက်ဖြစ်ပြီး လူတစ်ယောက်အနေဖြင့် သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)

ဖြုတ်ချခြင်းခံထားရသောသူများဖြစ်သည့် အခြားလူစားမျိုးတစ်မျိုး ရှိသည်။ ၎င်းတို့ကို ငါတို့ မည်သို့ ဆက်ဆံသင့်သနည်း။ ဤလူများသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိဘဲ အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ခံရသောကြောင့် ဖြုတ်ချခြင်းခံရသည်ဖြစ်စေ၊ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ပြီး အန္တိခရစ်များဖြစ်ကြသည့် လူစားမျိုးအဖြစ် သတ်မှတ်ခံရသောကြောင့် ဖြုတ်ချခြင်းခံရသည်ဖြစ်စေ ဤလူများကို အခြားအလုပ်သို့ ကျိုးကြောင်းဆီလျော်စွာ ခွဲဝေချထားပေးရန်နှင့် ၎င်းတို့အတွက် ကျိုးကြောင်းဆီလျော်သော အစီအစဉ်များ ပြုလုပ်ရေးဆွဲပေးရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် မကောင်းမှုများစွာကို လုပ်ဆောင်ထားသည့် အန္တိခရစ်များဖြစ်ပါက ၎င်းတို့ကို နှင်ထုတ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မကောင်းမှုများစွာကို လုပ်ဆောင်ထားခြင်း မရှိသော်လည်း အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိပြီး အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခံရပါက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းတို့ကို မဖြစ်ပွားစေဘဲ နည်းလမ်းလေးတစ်ခုခုဖြင့် အစေခံနိုင်သေးသရွေ့ ၎င်းတို့ကို နှင်ထုတ်ရန် မလိုအပ်ပေ။ ၎င်းတို့ကို ဆက်လက်၍ အစေခံခွင့်ပြုပြီး နောင်တရရန် အခွင့်အရေးတစ်ခု ပေးလော့။ ဖြုတ်ချခြင်းခံရပြီးဖြစ်သော အယောင်ဆောင်ခေါင်းဆောင်များ၏ ကိစ္စတွင်မူ ၎င်းတို့၏ အားသာချက်များနှင့် ၎င်းတို့ လုပ်ဆောင်ရန် သင့်တော်သည့် တာဝန်များကို အခြေခံ၍ မတူညီသော အလုပ်ကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးလော့။ သို့သော် ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များအဖြစ် အစေခံခွင့် မရှိတော့ပေ။ ၎င်းတို့၏ အစွမ်းအစ အလွန်အမင်း ညံ့ဖျင်းပြီး မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့် ဖြုတ်ချခြင်းခံရသော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခြေအနေတွင်မူ ၎င်းတို့၏ အားသာချက်များနှင့် ၎င်းတို့ လုပ်ဆောင်ရန် သင့်တော်သည့် တာဝန်များကို အခြေခံ၍ မတူညီသော အလုပ်ကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးလော့။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခြင်း မခံရနိုင်တော့ပေ။ အဘယ်ကြောင့် ရာထူးတိုးမြှင့်ခြင်း မခံရနိုင်သနည်း။ ၎င်းတို့ကို စမ်းသုံးပြီးဖြစ်သည်။ ၎င်းတို့သည် ထုတ်ဖော်ခြင်းခံခဲ့ရပြီးဖြစ်ကာ ထိုသို့သောလူများ၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းက ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် မသင့်တော်စေကြောင်း ရှင်းရှင်းလင်းလင်း မြင်ရပြီးဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လာဖို့ မသင့်တော်ပါက အခြားတာဝန်များကို လုပ်ဆောင်နိုင်စွမ်း မရှိကြသလော။ ဤသို့ ဖြစ်ချင်မှ ဖြစ်ပေမည်။ ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လာဖို့ မသင့်တော်သော်လည်း အခြားတာဝန်များကို လုပ်ဆောင်နိုင်သည်။ ထိုသို့သောလူများ ဖြုတ်ချခြင်းခံရပြီးနောက် ၎င်းတို့သည် မိမိတို့လုပ်ဆောင်ရန် သင့်တော်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း မပြုသင့်ပေ။ အနာဂတ်တွင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသောအခါ ၎င်းတို့ကို ထပ်မံ၍ အသုံးပြုနိုင်သေးသည်။ အချို့မှာ ငယ်ရွယ်ပြီး မည်သည့်ဘဝအတွေ့အကြုံမျှ မရှိသည့်အပြင် ၊အလုပ်အတွေ့အကြုံလည်း ကင်းမဲ့သောကြောင့် ဖြုတ်ချခြင်းခံရသည်ဖြစ်၍ ၎င်းတို့သည် အလုပ်ကို ထမ်းဆောင်နိုင်စွမ်းမရှိဘဲ နောက်ဆုံးတွင် ဖြုတ်ချခံရခြင်းဖြစ်သည်။ ဤလူစားမျိုးကို ဖြုတ်ချရာတွင် ပြောင်းသာပြင်သာတစ်ခုခု ရှိသည်။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပြီး ၎င်းတို့၏ အစွမ်းအစသည် လုံလောက်ပါက ၎င်းတို့ကို ရာထူးအဆင့် လျှော့ချပြီးနောက် အသုံးပြုနိုင်သည်။ သို့မဟုတ် ၎င်းတို့အတွက် သင့်တော်သော အခြားအလုပ်တွင် ထားရှိနိုင်သည်။ ၎င်းတို့၏ သမ္မာတရားနားလည်မှု သိသာထင်ရှားလာပြီး အသင်းတော်၏အလုပ်နှင့်ပတ်သက်၍ ၎င်းတို့တွင် အနည်းငယ် ထိတွေ့မှုနှင့် အတွေ့အကြုံ ရှိလာသောအခါ ထိုသို့သောလူများကို ၎င်းတို့၏ အစွမ်းအစအ‌‌ပေါ် အခြေခံ၍ နောက်တစ်ဖန် ရာထူးတိုးမြှင့်ပေးပြီး ပြုစုပျိုးထောင်ပေးနိုင်သေးသည်။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝမှာ စံနှုန်းပြည့်မီသော်လည်း ၎င်းတို့၏ အစွမ်းအစသည် အလွန်အမင်း ညံ့ဖျင်းနေပါက ၎င်းတို့ကို ပြုစုပျိုးထောင်ရာ၌ မည်သည့်တန်ဖိုးမျှ မရှိသဖြင့် ၎င်းတို့ကို ပြုစုပျိုးထောင်၍ သို့မဟုတ် ဆက်လက်ထားရှိ၍ လုံးဝမရပေ။

ဖြုတ်ချခြင်းခံရပြီးဖြစ်သော သူများထဲတွင် နောက်တစ်ဖန် လုံးဝ ရာထူးတိုးပေးပြီး ပျိုးထောင်၍မရသော လူစားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ အန္တိခရစ်ဖြစ်ပြီး နောက်တစ်မျိုးမှာ အစွမ်းအစ အလွန်အမင်းနိမ့်ကျသောသူများ ဖြစ်သည်။ ထို့နောက် အန္တိခရစ်ဟု မသတ်မှတ်သော်လည်း ညံ့ဖျင်းသော လူ့သဘာဝသာရှိပြီး တစ်ကိုယ်ကောင်းဆန်ကာ လှည့်ဖြားတတ်သော လူအချို့ရှိသည်၊ ပြီးလျှင် ဤလူများထဲမှ အချို့သည် ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်ကာ ဆင်းရဲဒုက္ခကို မခံနိုင်ကြပေ။ ထိုသို့သောလူများသည် အလွန်ကောင်းသော အစွမ်းအစရှိလျှင်ပင် ၎င်းတို့ကို နောက်တစ်ဖန် ရာထူးတိုးပေး၍မရနိုင်ပေ။ ၎င်းတို့တွင် အစွမ်းအစအနည်းငယ် ပိုင်ဆိုင်ပါက သင့်တော်သော စီစဉ်မှုများ ပြုလုပ်ပေးသရွေ့ ၎င်းတို့ လုပ်နိုင်စွမ်းရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခွင့်ပြုလော့၊ အတိုချုပ်ပြောရလျှင် ၎င်းတို့ကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အဖြစ် ရာထူးမတိုးပေးနှင့်။ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းရှိသည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားလည်ရန်၊ အသင်းတော်အတွက် ဝန်တာရှိရန်၊ ကြိုးစားလုပ်ဆောင်ပြီး ဆင်းရဲဒုက္ခကို ခံနိုင်ရန် လိုအပ်သည့်အပြင် ၎င်းတို့သည် လုံ့လဝီရိယရှိပြီး မပျင်းရိရပေ။ ဤအရာများအပြင် ၎င်းတို့သည် အတော်အတန် ရိုးသားပြီး ဖြောင့်မတ်ရမည်ဖြစ်သည်။ သင်သည် လှည့်ဖြားတတ်သောလူများကို လုံးဝ ရွေးချယ်၍မဖြစ်ပေ။ အလွန်ကလိမ်ကကျစ်ကျပြီး လှည့်ဖြားသောသူများသည် ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ၎င်းတို့၏ အထက်လူကြီးများကိုလည်းကောင်း၊ ဘုရားအိမ်တော်ကိုလည်းကောင်း အစဉ်သဖြင့် အကောက်ကြံကြသည်။ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသော အတွေးများကိုသာ တွေးလျက် မိမိတို့၏ နေ့ရက်များကို ကုန်ဆုံးကြသည်။ ဤသို့သောသူတစ်ဦးနှင့် ဆက်ဆံသည့်အခါ သင်သည် ထိုသူ အမှန်တကယ် တွေးတောနေသည့်အရာကို အစဉ်သဖြင့် ခန့်မှန်းရမည်ဖြစ်ပြီး မကြာသေးမီက အတိအကျ မည်သည့်အရာကို သူလုပ်ဆောင်နေခဲ့သည်ကို ဆက်လက်စုံစမ်းနေရမည်ဖြစ်ကာ ထိုသူကို အစဉ်သဖြင့် မျက်စိဒေါက်ထောက် ကြည့်နေရမည်ဖြစ်သည်။ ၎င်းတို့ကို အသုံးပြုခြင်းသည် အလွန်ပင်ပန်းပြီး အလွန်စိုးရိမ်ပူပန်စရာကောင်းသည်။ ဤသို့သောလူစားမျိုးကို တာဝန်များထမ်းဆောင်ရန် ရာထူးတိုးပေးလိုက်ပါက ၎င်းတို့သည် အယူဝါဒအနည်းငယ်ကို နားလည်လျှင်ပင် လက်တွေ့လုပ်ဆောင်မည် မဟုတ်ဘဲ ၎င်းတို့လုပ်ဆောင်သည့် အလုပ်တိုင်းအတွက် အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို မျှော်လင့်ကြလိမ့်မည်။ ထိုသို့သောလူများကို အသုံးပြုခြင်းသည် အလွန်စိုးရိမ်ပူပန်စရာကောင်းပြီး အလွန်ဒုက္ခများသောကြောင့် ထိုသို့သောလူများကို ရာထူးတိုးပေး၍မရနိုင်ပေ။ ထို့ကြောင့် အန္တိခရစ်များ၊ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူများ၊ မကောင်းသော လူ့သဘာဝရှိသူများ၊ ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်ကာ ဆင်းရဲဒုက္ခကို မခံနိုင်သောသူများနှင့် အလွန်ကလိမ်ကကျစ်ကျပြီး လှည့်ဖြားသောသူများဖြစ်သည့် ဤလူစားမျိုးတို့သည် အသုံးပြုခြင်းခံရပြီးနောက် ထုတ်ဖော်ခြင်းနှင့် ဖြုတ်ချခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ဒုတိယအကြိမ် ရာထူးမတိုးပေးနှင့်။ ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီးနောက်တွင် မှားယွင်းစွာ ထပ်မံအသုံးမပြုနှင့်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း- ပုဂ္ဂိုလ်ရေး ရုန်းကန်ခြင်း

အရှေ့သို့- ၃။ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နည်း

နောက်တစ်ခုသို့- ၅။ အန္တိခရစ်များကို ပိုင်းခြားသိမြင်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။