၃။ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် အလွယ်တကူ အထင်အမြင်မှားစေခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်
အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သူ၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်သူတစ်ဦး အမှန်ပင် ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော သို့မဟုတ် အရေးပါသော အလုပ်တစ်ခုတလေကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှမဆိုင်သော အရာများဖြစ်သည့် အထွေထွေကိစ္စအချို့နှင့် အပေါ်ယံအဆင့် တာဝန်အချို့ကိုသာ လုပ်ဆောင်ကြသည်။ ဤအလုပ်ကို ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ ယင်းကို ထမ်းဆောင်ခြင်း၌ အရေးပါမှု မရှိပေ။ ထိုအကြောင်းကြောင့် ထိုသို့သော ခေါင်းဆောင်များကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ ယခု ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးမှုကို စတင်ကြပါစို့။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ပထမဆုံးသော တာဝန်ဝတ္တရားမှာ အခြားသူများအနေဖြင့် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည့် နည်းလမ်းဖြင့် အခြားသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်ခြင်းနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းတို့ ဖြစ်ကြောင်းကို ဦးစွာ ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးသည် စစ်မှန်သည်ဖြစ်စေ၊ အယောင်ဆောင်ဖြစ်သည်ဖြစ်စေ စစ်ဆေးရန် အရေးကြီးဆုံးသော စံသတ်မှတ်ချက် ဖြစ်သည်။ ၎င်းတို့သည် အခြားသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် သမ္မာတရားကို နားလည်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်လော့။ ယင်းမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးတွင် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် မည်သို့သော အစွမ်းအစနှင့် လုပ်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း စစ်ဆေးရန် တစ်ခုတည်းသော စံသတ်မှတ်ချက် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရားကို နားလည်နိုင်စွမ်းရှိပါက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူများ၌ရှိသော အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းသင့်ပြီး လူတို့ကို ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော လက်တွေ့ကျမှုကို နားလည်စေရန် ကူညီသင့်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ ကြုံတွေ့ရသည့် အမှန်တကယ်ဖြစ်သော အခက်အခဲများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီလည်း ဖြေရှင်းသင့်သည်၊ အထူးသဖြင့် ၎င်းတို့၏ ယုံကြည်ခြင်း၌ရှိသော မှားယွင်းသည့် အမြင်များနှင့်ပတ်သက်လာလျှင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ခြင်းအပေါ် နားလည်မှု လွဲမှားခြင်းများနှင့် ပတ်သက်လာလျှင်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြေရှင်းသင့်သည်။ ၎င်းတို့သည် လူတို့က မတူညီသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသည့်အခါ ပေါ်လွင်ထင်ရှားလာသော ပြဿနာများကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကိုလည်း အသုံးပြုရမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်နှင့် သူ၏နှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ထားသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို အခြေခံ၍ လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်သည်၊ သို့ဖြစ်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဤအရာများထဲမှ မည်သည့်အရာက ၎င်းတို့နှင့် သက်ဆိုင်သည်ကို မြင်နိုင်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကို ရရှိကာ စာတန်ကို မုန်းတီးပြီး ပုန်ကန်ကြမည်ဖြစ်သည်။ ထိုသို့ဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို အမျိုးမျိုးသော စမ်းသပ်မှုများအလယ်တွင် မိမိတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ရန်၊ စာတန်ကို အနိုင်ယူရန်နှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေရန် ထောက်ကူပေးလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ယင်းသည် အသင်းတော်၏ အခြေခံအကျဆုံး၊ အရေးအပါဆုံးနှင့် အနှစ်သာရအရှိဆုံး အလုပ်ဖြစ်သည်။ ခေါင်းဆောင်များအဖြစ် အစေခံနေသည့် လူများသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းနှင့် သမ္မာတရားကို နားလည်နိုင်သည့် အစွမ်းအစ ရှိပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ရုံသာမက ၎င်းတို့ ဦးဆောင်သည့်သူတို့ကိုလည်း ဘုရားနှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန် လမ်းညွှန်နိုင်၊ ဦးဆောင်နိုင်ပြီး ကူညီနိုင်မည်လည်း ဖြစ်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်သည့် အစွမ်းအစနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းသည် အယောင်ဆောင် ခေါင်းဆောင်များ၌ ကင်းမဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြပေ၊ သူ၏နှုတ်ကပတ်တော်များထဲတွင် ဖော်ထုတ်ထားသည့် မတူညီသော အခြေအနေများ၌ လူတို့ ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုဖြစ်စေ၊ မည်သည့်အခြေအနေများက ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ စောဒကတက်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကိုလည်း မိမိတို့နှင့် နှိုင်းယှဉ်ချိတ်ဆက်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်မှ အယူဝါဒအနည်းငယ်နှင့် စည်းမျဉ်းစည်းကမ်း အနည်းငယ်ကိုသာ နားလည်ကြသည်။ ၎င်းတို့သည် အခြားသူများနှင့် မိတ်သဟာယဖွဲ့သည့်အခါ သူ၏နှုတ်ကပတ်တော်အချို့ကို ရွတ်ဆိုပြီး ၎င်းတို့၏ စာသားအတိုင်း အဓိပ္ပာယ်ကို ရှင်းပြခြင်းမျှသာ ပြုကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နေပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေသည်ဟု ၎င်းတို့ ထင်မှတ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ရွတ်ဆိုနိုင်ပါက ၎င်းတို့သည် ထိုသူကို သမ္မာတရားကို ချစ်ပြီး နားလည်သူတစ်ဦးဖြစ်သည်ဟု ထင်မှတ်ကြလိမ့်မည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကိုသာ နားလည်သည်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို အခြေခံကျကျ နားမလည်ကြပေ၊ သို့ဖြစ်၍ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်းကို ပြောဆိုနိုင်စွမ်းမရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ အပေါ်ယံ အဓိပ္ပာယ်ကိုသာ နားလည်နိုင်ကြသည်၊ သို့သော် ယင်းမှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ နေ့စဉ်အသက်တာတွင် ၎င်းတို့သည် အခြားသူများကို အကြံပေးရန်နှင့် ကူညီရန် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကို အမြဲတမ်း အနက်ဖွင့်ကြပြီး ထိုသို့ပြုလုပ်ခြင်းသည် အလုပ်လုပ်ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် ထိုနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နေခြင်း ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ အမှန်တကယ်တွင်မူ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များ အကြောင်းကို အခြားသူများနှင့် ဤနည်းလမ်းဖြင့် မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသော်လည်း ၎င်းတို့သည် အနည်းငယ်မျှသော စစ်မှန်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြဘဲ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တွေ့ကြုံခံစားရန် မတတ်နိုင်ဘဲ ဖြစ်သွားကြသည်။ ၎င်းတို့သည် မည်မျှပင် စုဝေးပွဲများ တက်ရောက်ပါစေ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသေးသကဲ့သို့ အသက်ဝင်ရောက်မှုလည်း မရှိကြဘဲ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်းကို ပြောဆိုနိုင်ခြင်း မရှိကြပေ။ အသင်းတော်၌ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ၏ အနှောင့်အယှက်များ ရှိလျှင်ပင် မည်သူမျှ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် မယုံကြည်သူတစ်ဦး သို့မဟုတ် ဆိုးယုတ်သော လူတစ်ဦးက အနှောင့်အယှက်ပေးနေသည်ကို မြင်သည့်အခါ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို မကျင့်သုံးဘဲ ထိုလူတို့အပေါ် မိမိတို့၏ မေတ္တာနှင့် အားပေးတိုက်တွန်းမှုများကို ပေးကြပြီး အခြားသူများကို ထိုလူတို့အား သည်းခံရန်နှင့် စိတ်ရှည်ရန် တောင်းဆိုကာ အသင်းတော်၌ ဆက်လက်၍ အနှောင့်အယှက်များ ပေးနေသည့် ဤလူတို့ကို လိုက်လျောကြသည်။ ဤသည်က အသင်းတော်အလုပ်၏ အချက်တစ်ခုချင်းစီကို လုံးဝ အကျိုးမရှိ ဖြစ်သွားစေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ကြပေ၊ ယင်းက ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိကြောင်းကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့ စကားပြောသည့်အခါ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြပြီး အခြားသူများကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ ပြောသမျှမှာ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများသာ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ဘုရားသခင်အပေါ် အထင်လွဲခြင်း ဖြစ်ပေါ်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအရာအားလုံးကို ဖော်ပြပြီးသား ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ ယင်းမှာ လူ၏ ကယ်တင်ခြင်းဖြစ်သည်၊ မေတ္တာဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ မည်မျှ ရှင်းလင်းပြတ်သားသည်ကို ကြည့်လော့။ သင်သည် ကိုယ်တော့်ကို မည်သို့ နားလည်မှု လွဲမှားနိုင်သေးသနည်း” ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို သွန်သင်သည့်ပုံစံ ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို တိုက်တွန်းနှိုးဆော်ရန်၊ ဘောင်ခတ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းစေရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုကြသည်။ ဤသည်မှာ အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိဘဲ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို လမ်းညွှန်ရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ကြရာ ယင်းက ထိုလူတို့ကို အယူဝါဒများ ပြောဆိုနိုင်ခြင်းသည် သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ထင်မှတ်သွားစေသည်။ သို့သော် အခက်အခဲတစ်ခု ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြတော့ပေ၊ ၎င်းတို့တွင် လမ်းကြောင်းမရှိတော့ဘဲ ၎င်းတို့ နားလည်ထားသည့် စကားလုံးများနှင့် အယူဝါဒများအားလုံးသည် ဘေးသို့ ရောက်သွားကြသည်။ ဤသည်က အဘယ်အရာကို ပြသသနည်း။ ယင်းက အယူဝါဒများကို နားလည်ခြင်းသည် လုံးဝ အသုံးမဝင်ကြောင်း သို့မဟုတ် တန်ဖိုးမရှိကြောင်းကို ပြသသည်။ အယောင်ဆောင်ခေါင်းဆောင်များ နားလည်သည့် တစ်ခုတည်းသောအရာမှာ အယူဝါဒဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများ မရှိဘဲ ၎င်းတို့၏ အသက်တာများတွင် ၎င်းတို့က ကောင်းသည်ဟု မှတ်ယူသည့် အချို့သော စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြသည်။ ထိုသို့သောလူများသည် သမ္မာတရား လက်တွေ့ကျမှုများကို မပိုင်ဆိုင်ကြပေ။ ထိုအကြောင်းကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သည့်အခါ စစ်မှန်သော အကျိုးသက်ရောက်မှု မရှိပေ။ ၎င်းတို့သည် လူတို့ကို ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကို နားလည်စေရန်သာ တတ်နိုင်ကြပြီး ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များမှ ဉာဏ်အလင်းရခြင်းကို ရရှိစေရန် သို့မဟုတ် ၎င်းတို့တွင် မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကို နားလည်စေရန် မကူညီနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ လူတို့၏ အခြေအနေများသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ လူတို့ ထုတ်ဖော်သည့် စိတ်သဘောထား အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ ဤမှားယွင်းသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် မည်သည့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုသင့်သည်ကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များတွင် ၎င်းတို့အကြောင်း မည်သည့်အရာပြောဆိုထားသည်ကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ အတွင်း၌ရှိသော သမ္မာတရားများသည် မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ နားမလည်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသမ္မာတရား လက်တွေ့ကျမှုများအနက်မှ တစ်ခုကိုမျှ နားမလည်ကြပေ။ ၎င်းတို့သည် လူတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ စားသောက်ပါ။ ယင်းတို့ထဲတွင် သမ္မာတရား ရှိသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သင် ပို၍ ဖတ်ရှုပြီးသည့်အခါ နားလည်လာလိမ့်မည်။ အကယ်၍ သင်သည် ယင်းတို့ထဲမှ အချို့ကို နားမလည်ပါက သင်သည် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် ၎င်းတို့အပေါ် တွေးတောဆင်ခြင်ခြင်းတို့ကို ပို၍ ပြုသင့်သည်” ဟု ပြောဆိုလျက် အကြံပေးရုံသာ ပေးကြသည်။ ဤသည်မှာ ၎င်းတို့ လူတို့ကို အကြံပေးပုံဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ မည်သူမဆို ပြဿနာတစ်ခု ကြုံတွေ့ပြီး ၎င်းတို့ထံမှ လာရောက်ရှာဖွေပါစေ ၎င်းတို့သည် ထိုစကားမျိုးကိုသာ ပြောဆိုကြသည်။ ထို့နောက်တွင် ထိုလူသည် မိမိကိုယ်ကို မသိသေးသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်သေးပေ။ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော ပြဿနာကို မဖြေရှင်းနိုင်ကြဘဲ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ကို နားလည်နိုင်ကြမည် မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်နှင့် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်လာလျှင် သို့မဟုတ် ၎င်းတို့ ဝင်ရောက်သင့်သည့် မည်သည့်လက်တွေ့ကျမှုများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် နားမလည်ကြသေးပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ အကျိုးဆက်ဖြစ်၍ စစ်မှန်သော ရလဒ် တစ်ခုမျှ မရှိခြင်းပင်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ခေါင်းဆောင်တစ်ဦးက ဖြည့်ဆည်းနေခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ မည်သို့ အကဲဖြတ်သင့်သနည်း။ အခြေခံအကျဆုံး အဆင့်အနေဖြင့် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့တွင် ဤအစွမ်းအစ ရှိမရှိဟူသည်တို့ကို ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့အနေဖြင့် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝန်တာထားခြင်း ရှိမရှိဟူသည်ကို ကြည့်သင့်သည်။ ၎င်းတို့ ပြောသည့်အရာများက မည်မျှနားကြားကောင်းပြီး ၎င်းတို့က အယူဝါဒများကို နားလည်သည့်ပုံ မည်မျှပေါက်သည်ကို လျစ်လျူရှုပြီး အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ချိန်တွင် ၎င်းတို့ မည်သို့ ပါရမီရှိပြီး ဆုကျေးဇူးရှိသည်ကို လျစ်လျူရှုလော့။ ဤအရာများက အရေးမကြီးပေ။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် အသင်းတော်အလုပ်၏ အခြေခံအကျဆုံးသော အချက်များကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် လူများကို သမ္မာတရား စစ်မှန်မှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးသောအလုပ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤစစ်မှန်သည့်အလုပ်၏ ဤအချက်များကို လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပါရမီရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။ လူအချို့က “၎င်းတို့ ယခုတွင် တကယ့်အလုပ်တစ်ခုမျှ မလုပ်ကြသည်ကို မေ့ထားလော့။ ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး တတ်စွမ်းနိုင်သည်။ ၎င်းတို့သည် ခဏတာမျှ လေ့ကျင့်ပြီး တကယ့်အလုပ်ကို လုပ်နိုင်ဖို့ သေချာသည်။ ထို့အပြင် သူသည် မကောင်းသောအရာတစ်ခုမျှ မပြုလုပ်ခဲ့သကဲ့သို့ မကောင်းမှုကို မပြုလုပ်ခဲ့ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းဖြစ်စေ မဖြစ်ပေါ်စေခဲ့ပေ။ သူသည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်ဟု ကိုယ်တော်မည်သို့ ဆိုနိုင်သနည်း” ဟူ၍ ပြောကြသည်။ ဤအရာကို ငါတို့ အဘယ်သို့ ရှင်းပြနိုင်သနည်း။ သင် မည်မျှပါရမီရှိသည်၊ သင့်အနေဖြင့် မည်သည့်အစွမ်းအစနှင့် ပညာရေး အဆင့်ကိုပိုင်ဆိုင်သည်၊ ဆောင်ပုဒ်မည်မျှကို သင် ကြွေးကြော်နိုင်သည် သို့မဟုတ် စကားလုံးများနှင့် အယူဝါဒမည်မျှ သင် နားလည်သဘောပေါက်သည်ဟူသည်တို့မှာ အရေးမကြီးပေ။ သင် မည်မျှအလုပ်များသည်ဖြစ်စေ၊ တစ်နေ့တာတွင် သင် မည်မျှပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ သင် ခရီးမည်မျှဝေးဝေး သွားပြီးသည်ဖြစ်စေ၊ အသင်းတော် မည်မျှ သင် လည်ပတ်သည်ဖြစ်စေ၊ အန္တရာယ်မည်မျှကို သင် စွန့်စားပြီး ဆင်းရဲဒုက္ခ မည်မျှ ခါးစည်းခံသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ အလုပ်အစီအစဉ်များကို အခြေခံ၍ သင်၏ တာဝန်ကို သင် ထမ်းဆောင်နေခြင်း ရှိမရှိ၊ ထိုအစီအစဉ်များကို သင် မှန်ကန်တိကျစွာ အကောင်အထည်ဖော်နေခြင်းရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုအတောအတွင်းတွင်၊ သင်သည် သင်တာဝန်ရှိသည့် သတ်သတ်မှတ်မှတ် ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်နေခြင်း ရှိမရှိ၊ ပြီးလျှင် စစ်မှန်သော ပြဿနာမည်မျှကို သင် အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုတို့ကြောင့် လူမည်မျှက သမ္မာတရား စည်းမျဉ်းများကို နားလည်လာပြီးဖြစ်သည်ဟူသည်နှင့် အသင်းတော်၏ အလုပ်က မည်မျှ ခရီးရောက်ပြီး တိုးတက်သည်ဟူသည်တို့ ဖြစ်သည်။ အရေးကြီးသည်မှာ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဖြစ်သည်။ သင် ပါဝင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ် မည်သည့်အရာဖြစ်စေ အရေးကြီးသည့်အရာမှာ သင်သည် ကြီးကြီးကျယ်ကျယ် ပြုမူပြီး အမိန့်များ ထုတ်ပြန်နေခြင်းထက် အလုပ်ကို တစိုက်မတ်မတ် နောက်ဆက်တွဲလိုက်လုပ်ကာ ညွှန်ကြားနေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ဤအရာအပြင် နောက်ထပ် အရေးကြီးသည့်အရာမှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၌ အသက်ဝင်ရောက်မှု ရှိမရှိ၊ ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် လက်တွေ့ကျသော ပြဿနာများကို သင် ကိုင်တွယ်ကာ ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများနှင့် အခြားအလားတူ အရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)
အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် စကားလုံးများနှင့် အယူအဝါဒများကို ဟောပြောနိုင်ကြသည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ အတုအယောင်ချည်းသာဖြစ်ကြသည်၊ ၎င်းတို့သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြသည့်အပြင် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိဟု ဆိုနိုင်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းဆိုသည်မှာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရန်၊ ကြွေးကြော်သံအချို့ကို ဟစ်ကြွေးရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် ရှင်းပြရန်သာ လိုအပ်ပြီး ထိုအခါ လူတို့သည် သမ္မာတရားကို နားလည်လာကြလိမ့်မည်ဖြစ်သည်ကို ဆိုလိုသည်ဟု ၎င်းတို့က ထင်ကြသည်။ အလုပ်လုပ်ခြင်းက အဘယ်အရာကို ဆိုလိုသည်ကို ၎င်းတို့မသိကြပေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ကို ၎င်းတို့မသိကြသည့်အပြင်၊ ဘုရားအိမ်တော်က လူတစ်ဦးကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အဘယ်ကြောင့် အတိအကျ ရွေးချယ်ရသည်ကိုလည်းကောင်း၊ ဤသည်မှာ အဘယ်ပြဿနာများအား အတိအကျ ဖြေရှင်းရန် ရည်ရွယ်သည်ကိုလည်းကောင်း ၎င်းတို့ မသိကြပေ။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အလုပ်ကို နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ရမည်၊ အလုပ်ကို စစ်ဆေးရမည်၊ အလုပ်ကို ကြီးကြပ်ရမည်၊ အလုပ်တွင်ရှိသည့် ပြဿနာများကို ချက်ချင်း ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရမည်ဟူသည်တို့ကို ဘုရားအိမ်တော်က မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ဤအရာတစ်ခုကိုမျှ ၎င်းတို့က မခံယူသည့်အပြင်၊ နားလည်ခြင်းလည်းမရှိပေ။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဘုရားအိမ်တော်ထားရှိသော သတ်မှတ်ချက်များကို လက်လှမ်းမမီနိုင်ကြ သို့မဟုတ် မစွမ်းဆောင်မရရှိနိုင်ကြသည့်အပြင်၊ တာဝန်ထမ်းဆောင်ခြင်းတွင် ပါဝင်သော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် ပြဿနာများကိုလည်းကောင်း၊ ကြီးကြပ်ရေးမှူးများကို ရွေးချယ်ခြင်းအတွက် စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်ကိုလည်းကောင်း ၎င်းတို့ နားမလည်နိုင်ကြသည့်အပြင်၊ ဤပြဿနာများအကြောင်းကို ၎င်းတို့သိလျှင်ပင် ကိုင်တွယ်နိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ဤသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် အသင်းတော်အလုပ်၌ ပေါ်ပေါက်လာသော ပြဿနာအမျိုးမျိုးက ပြေလည်မသွားနိုင်ပေ။ ဘုရားသခင် ရွေးချယ်ထားသောသူတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ ကြုံတွေ့ရသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် ပြဿနာများသာမက၊ ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများကိုလည်း ရှည်ကြာသော အချိန်ကာလတစ်ခုကြာ ဖြေရှင်းမပေးဘဲ ထားရှိပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့ သို့မဟုတ် အလုပ်ကဏ္ဍအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်ကြသည့်အခါ ၎င်းတို့ကို အချိန်မီ ဖြုတ်ချခြင်းမရှိ သို့မဟုတ် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကိုလည်း အချိန်မီ ပြုပြင်ပေးခြင်းမရှိပေ။ ဤပြဿနာများထဲမှ တစ်ခုကိုမျှ ချက်ချင်း ဖြေရှင်းခြင်းမရှိသည့်အပြင်၊ အကျိုးဆက်အနေဖြင့် အသင်းတော်ရှိ အလုပ်ကဏ္ဍအမျိုးမျိုး၏ စွမ်းဆောင်ရည်သည် ဆက်တိုက်ကျဆင်းလာပြီး အလုပ်၏ ထိရောက်မှုမှာလည်း ပိုးဆိုသည်ထက် ဆိုးရွားလာသည်။ ဝန်ထမ်းရေးရာအရ၊ အနည်းငယ် ပါရမီရှိပြီး စကားပြောကောင်းသူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာကြသည်၊ သို့ရာတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး အလုပ်ကြိုးစားကာ ညည်းညူခြင်းမရှိဘဲ မမောနိုင်မပန်းနိုင်အောင် အလုပ်လုပ်နိုင်သူတို့မှာမူ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ပေးခြင်း မခံကြရသည့်အပြင်၊ အစေခံသူများကဲ့သို့ သဘောထားခြင်းခံကြရပြီး၊ အားသာချက်တစ်ခုခုရှိသော နည်းပညာရှိသည့် ဝန်ထမ်းအမျိုးမျိုးသည်လည်း ကျိုးကြောင်းညီညွတ်စွာ အသုံးချခြင်း မခံကြရပေ။ ထို့ပြင် မိမိတို့၏တာဝန်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်သူအချို့သည် အသက်ထောက်ပံ့မှုကို မရရှိကြသောကြောင့် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းထဲသို့ ကျဆင်းသွားကြသည်။ ထို့အပြင် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက မည်မျှပင် မကောင်းမှုပြုလုပ်စေကာမူ အယောင်ဆောင် ခေါင်းဆောင်များက မမြင်ကြသကဲ့သို့ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်လျှင် အယောင်ဆောင် ခေါင်းဆောင်များက ထိုသူကို မေတ္တာဖြင့်ဆက်ဆံသင့်ပြီး နောင်တရရန် အခွင့်အရေးပေးသင့်သည်ဟုပင် ၎င်းတို့ကို ပြောဆိုကြလိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်ထဲ၌ မကောင်းမှုပြုရန်နှင့် အနှောင့်အယှက်များဖြစ်စေရန် ခွင့်ပြုကြပြီး၊ ဤအရာက ဤဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့၌ အချိန်ကြာမြင့်စွာ နှောင့်နှေးကြန့်ကြာစေသည့်အပြင်၊ ထိုသူတို့သည် အသင်းတော်ထဲ၌ မကောင်းမှုကို ဆက်လက်ပြုလုပ်ကာ အသင်းတော်အလုပ်ကို ဆက်လက် နှောင့်ယှက်နိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများထဲမှ တစ်ခုကိုမျှ ကိုင်တွယ်ပြီး ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် လူတို့ကို မျှတစွာဆက်ဆံနိုင်စွမ်း သို့မဟုတ် အလုပ်ကို ကျိုးကြောင်းညီညွတ်သည့်ပုံစံဖြင့် စီစဉ်နိုင်စွမ်းမရှိဘဲ၊ ထိုအစား မဆင်မခြင်ပြုမူကြပြီး အချည်းနှီးသောအလုပ်အချို့ကိုသာ လုပ်ဆောင်ကြရာ၊ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေပြီး ဖရိုဖရဲဖြစ်စေသည်။ မည်သို့ပင် သမ္မာတရားနှင့်ပတ်သက်၍ ဘုရားအိမ်တော်က မိတ်သဟာယဖွဲ့စေကာမူ သို့မဟုတ် အသင်းတော်အလုပ်ကို ဆောင်ရွက်ရာတွင် လိုက်နာသင့်သော စည်းမျဉ်းများကို ဘုရားအိမ်တော်က မည်သို့ပင် အလေးပေးပြောဆိုစေကာမူ၊ မကောင်းမှုပြုသူအမျိုးမျိုးနှင့် မယုံကြည်သူများထဲမှ ကန့်သတ်သင့်သူများကို ကန့်သတ်ပြီး ရှင်းလင်းပစ်သင့်သူများကို ရှင်းလင်းပစ်ကာ၊ အစွမ်းအစကောင်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိသူများ၊ သမ္မာတရားကို လိုက်စားနိုင်သူများ၊ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးသင့်သူများကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးခြင်း၊ ဤအရာများကို မရေမတွက်နိုင်အောင် မိတ်သဟာယဖွဲ့ထားသော်လည်း အယောင်ဆောင် ခေါင်းဆောင်များက ယင်းတို့ကို နားလည်ခြင်းမရှိ သို့မဟုတ် သဘောပေါက်ခြင်းမရှိကြသည့်အပြင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အမြင်များနှင့် “မေတ္တာထားခြင်း” ဆိုင်ရာ လုပ်နည်းကိုင်နည်းများကိုသာ ဆက်တိုက် စွဲကိုင်ထားကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့၏ လေးနက်ပြီး စိတ်ရှည်သော ညွှန်ကြားမှုအောက်တွင် လူအမျိုးမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင် အခန်းကဏ္ဍများကို ဖရိုဖရဲမဖြစ်ဘဲ စနစ်တကျပုံစံဖြင့် ထမ်းဆောင်ကြသည်၊ လူတိုင်းတွင် ယုံကြည်ခြင်း အတော်လေး ရှိသည်၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ်ရှိကြသည်၊ ထောင်ထဲသွားရမည်ကိုလည်းကောင်း၊ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကိုလည်းကောင်း မကြောက်ကြသည့်အပြင်၊လူတိုင်းက ဆင်းရဲဒုက္ခကို ခါးစည်းခံမည့် စိတ်ပိုင်းဖြတ်မှုရှိပြီး ယုဒတစ်ဦးဖြစ်ရန် လိုလားခြင်းမရှိကြဟု ယုံကြည်ကြသည်။ အသင်းတော်အသက်တာတွင် ကောင်းမွန်သော ဝန်းကျင်တစ်ခုရှိခြင်းသည် ၎င်းတို့အနေဖြင့် အလုပ်ကောင်းကောင်းလုပ်ဆောင်ပြီးဖြစ်သည်ကို ဆိုလိုကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ အသင်းတော်ထဲ၌ ဆိုးယုတ်သောလူများက အနှောင့်အယှက်များဖြစ်စေသည့် ဖြစ်ရပ်များ သို့မဟုတ် မယုံကြည်သူများက မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသော အဆိုများကို ဖြန့်ဝေသည့် ဖြစ်ရပ်များ ဖြစ်ပွားသည်ဖြစ်စေ၊ ၎င်းတို့က ဤအရာများကို ပြဿနာများအဖြစ် မယူဆကြသည့်အပြင်၊ ယင်းတို့ကို ဖြေရှင်းရန် လိုအပ်သည်ဟုလည်း မခံစားရကြပေ။ ၎င်းတို့ တာဝန်အပ်ထားသောသူတစ်ဦးက မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒကိုအခြေခံ၍ မဆင်မခြင်ပြုမူပြီး ဧဝံဂေလိအလုပ်ကို နှောင့်ယှက်ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ အယာင်ဆောင် ခေါင်းဆောင်များသည် သာ၍ပင် ကြောင်းကျိုးမမြင်ကြပေ။ ၎င်းတို့က “ကျွန်ုပ် ရှင်းပြသင့်သည့် အလုပ်စည်းမျဉ်းများကို ကျွန်ုပ် ရှင်းပြပြီးဖြစ်ပါသည်၊ ဘာလုပ်ရမည်ဆိုသည်ကိုလည်း ၎င်းတို့ကို အကြိမ်ကြိမ်အခါခါ ပြောပြီးဖြစ်ပါသည်။ ပြဿနာတစ်ခုခုပေါ်လာလျှင် ကျွန်ုပ်နှင့် ဘာမျှမဆိုင်ပါ”ဟု ဆိုကြသည်။ သို့ရာတွင် ထိုသူသည် သင့်တော်သောသူ ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့မသိကြပေ၊ ထိုအကြောင်းကိုလည်း ၎င်းတို့ စိတ်မဝင်စားကြသည့်အပြင်၊ ထိုသူကို ရှင်းပြပြီး ဘာလုပ်ရမည်ကို ပြောနေစဉ် ၎င်းတို့ပြောခဲ့သည့်အရာက အပြုသဘောဆောင်သော အကျိုးရလဒ်များ စွမ်းဆောင်ရရှိနိုင်သလော သို့မဟုတ် အဘယ်အကျိုးဆက်များအား ဖြစ်ပေါ်စေမည်ကိုလည်း ၎င်းတို့မသိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် စုဝေးပွဲတစ်ခု ကျင်းပသည့်အခါတိုင်း စကားလုံးများနှင့် အယူဝါဒများကို အဆုံးမရှိ ပြောဆိုကြသော်လည်း၊ အမှန်မှာ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိကြောင်း သိသာထင်ရှားသည်။ သို့တိုင် ၎င်းတို့သည် ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်နေသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ မိမိတို့ကိုယ်ကို အားရကျေနပ်နေကြဆဲဖြစ်ပြီး မိမိတို့သည် အံ့ဩဖွယ်ကောင်းသည်ဟု ထင်နေကြဆဲဖြစ်သည်။ အမှန်မှာ ၎င်းတို့ပြောဆိုသော စကားလုံးများနှင့် အယူဝါဒများသည် မသိနားမလည်ဖြစ်ပြီး အစွမ်းအစညံ့ဖျင်းသော နားဝေတိမ်တောင်ဖြစ်သူများ၊ မိုက်မဲသူများနှင့် လူထုံလူအများကိုသာ လှည့်စားနိုင်သည်။ ဤလူတို့သည် ဤစကားများကို ကြားပြီးနောက် စိတ်ရှုပ်ထွေးသွားကြပြီး အယောင်ဆောင် ခေါင်းဆောင်များ ပြောခဲ့သည့်အရာက အလွန်မှန်ကန်သည်၊ ၎င်းတို့ပြောခဲ့သည့်အရာ တစ်ခုမျှမမှားဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤစိတ်ရှုပ်ထွေးနေသော လူများကိုသာ ကျေနပ်စေနိုင်ပြီး လက်တွေ့ကျသော ပြဿနာများကို အခြေခံအားဖြင့် ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အသိပညာနှင့်သက်ဆိုင်သော ပြဿနာများကို သာ၍ပင် ကိုင်တွယ်နိုင်စွမ်းမရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးဝ အစွမ်းမဲ့ကြသည်။ ဥပမာအနေဖြင့် ဘုရားအိမ်တော်၏ စာနှင့်ပတ်သက်သောအလုပ်ကို ကြည့်လော့။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များကို ခေါင်းအခဲစေဆုံးသော အလုပ်ဖြစ်သည်။ မည်သည့်လူများက ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်၊ အစွမ်းအစကောင်းရှိပြီး စာနှင့်ပတ်သက်သောအလုပ်ကို လုပ်ဆောင်ရန် သင့်တော်သည်ဟူသည်ကို ၎င်းတို့ အတိအကျ မခွဲခြားနိုင်ကြသည့်အပြင်၊ မျက်မှန်တပ်ထားသူနှင့် ပညာအရည်အချင်းမြင့်မားသူ မည်သူ့ကိုမဆို အစွမ်းအစကောင်းပြီး ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်ဟု မှတ်ယူကြသဖြင့်၊ ထိုသူတို့အား၊ “သင်တို့အားလုံးသည် စာနှင့်ပတ်သက်သောအလုပ်တွင် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ ကျွန်ုပ်သည် ဤအလုပ်ကို နားမလည်ပါ။ ထို့ကြောင့် အားလုံးသည် သင်တို့တာဝန်ယူရမည်။ ဘုရားအိမ်တော်သည် သင်တို့ထံမှ အခြားမည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိပါ၊ သင်တို့၏ အစွမ်းအစများကို အသုံးချရန်၊ မည်သည့်အရာမျှ ချန်မထားရန်နှင့် သင်တို့သင်ယူခဲ့သမျှ အားလုံးကို ပေးဆပ်ရန်သာ တောင်းဆိုပါသည်။ သင်တို့သည် ကျေးဇူးတင်တတ်ရမည်ဖြစ်ပြီး၊ သင်တို့ကို ပြုစုပျိုးထောင်ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမည်”ဟု ပြောလျက်၊ ထိုအရာကို လုပ်ဆောင်ဖို့ ထိုလူတို့အတွက် စီစဉ်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မထိရောက်သည့်အပြင် အပေါ်ယံဆန်သော စကားတစ်သီတစ်တန်းကို ပြောပြီးနောက် အလုပ်ကို စီစဉ်ပြီးဖြစ်ကြောင်းနှင့် ထို့နောက်တွင် လုပ်ဆောင်ရန်လိုအပ်သမျှကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း ခံစားရသည်။ ဤအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့ စီစဉ်ခန့်အပ်လိုက်သောလူများမှာ သင့်တော်ခြင်းရှိမရှိဟူသည်ကို ၎င်းတို့မသိကြသည့်အပြင်၊ အတတ်ပညာဆိုင်ရာ အသိပညာအရ ဤလူများ၏ အားနည်းချက်များက အဘယ်အရာများဖြစ်သည်ကိုဖြစ်စေ၊ ယင်းတို့ကို မည်သို့ထေမိအောင်လုပ်ရမည်ကိုဖြစ်စေ ၎င်းတို့မသိကြပေ။ ၎င်းတို့သည် လူတို့အား မည်သို့ရှုမြင်ပြီး ပိုင်းခြားသိမြင်မည်ကို မသိကြ၊ အတတ်ပညာဆိုင်ရာ ပြဿနာများကို နားမလည်ကြသည့်အပြင်၊ စာရေးခြင်းနှင့်ဆက်စပ်သော အသိပညာကိုလည်း နားမလည်ကြပေ။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ဤအရာများကို ၎င်းတို့ နားမလည် သို့မဟုတ် သဘောမပေါက်ဟု ဆိုကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများတွင်မူ၊ “သင်တို့သည် ငါ့ထက် အနည်းငယ် ပညာပိုတတ်ပြီး ပိုမိုအသိနှံ့စံ့ခြင်းသာ ရှိသည် မဟုတ်လော။ ဤအလုပ်တွင် ငါသည် သင်တို့ကို လမ်းညွှန်မှုမပေးနိုင်သော်လည်း၊ ငါသည် သင်တို့ထက် ပို၍ ဝိညာဉ်ရေးရာပြည့်ဝသည်၊ သင်တို့ထက် တရားဒေသနာဟောပြောရာတွင် ပိုတော်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ထက် ပိုနားလည်သည်။ ငါသည် သင်တို့ကို ဦးဆောင်နေသူဖြစ်သည်၊ သင်တို့၏ အထက်လူကြီး ဖြစ်သည်။ သင်တို့ကို ငါ ကြီးကြပ်ရမည်ဖြစ်ပြီး၊ ငါပြောသည့်အတိုင်း သင်တို့ လုပ်ဆောင်ရမည်”ဟု စဉ်းစားကြလေသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို သာလွန်သည်ဟု မှတ်ယူကြသော်လည်း၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် အလုပ်အမျိုးအစားတစ်ခုတလေနှင့်ပတ်သက်၍မူ အကျိုးရှိသော အကြံပြုချက်တစ်ခုကိုမျှ မပေးနိုင်ကြသည့်အပြင်၊ မည်သည့်လမ်းညွှန်မှုကိုမျှလည်း မပေးနိုင်ကြပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ဝန်ထမ်းများကို ကောင်းစွာ စီစဉ်ပေးနိုင်ရုံသာဖြစ်သည်၊ နောက်ဆက်တွဲအလုပ် တစ်ခုကိုမျှ ၎င်းတို့မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် အတတ်ပညာဆိုင်ရာ အသိပညာကို ရရှိရန်မကြိုးစားကြသည့်အပြင်၊ အလုပ်ကိုလည်း နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်းမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်ကြသည်။ ၎င်းတို့လုပ်နိုင်သမျှမှာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောပြီးနောက် သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု တွေးထင်ကာ ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ရှေ့တွင် စဉ်ဆက်မပြတ် ကြွားဝါနေခြင်းသာဖြစ်သည်။ စုဝေးပွဲတိုင်းတွင် ၎င်းတို့သည် နာရီအချို့ကြာ ဟောပြောကြသော်လည်း၊ အမှန်တွင်တော့ မည်သည့်ပြဿနာကိုမျှ လုံးဝမဖြေရှင်းနိုင်ကြပေ။ လူတို့၏တာဝန်များရှိ အတတ်ပညာဆိုင်ရာ အသိပညာနှင့်ဆက်စပ်သော ပြဿနာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ၎င်းတို့သည် သိသာထင်ရှားစွာပင် သာမန်လူများဖြစ်ကြသော်လည်း ကျွမ်းကျင်သူများ၏အလုပ်ကို ညွှန်ကြားလျက် ဝိညာဉ်ရေးရာ ပြည့်ဝသယောင်ဟန်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် အလုပ်ကို မည်သို့ကောင်းစွာ လုပ်ဆောင်နိုင်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များက အတတ်ပညာဆိုင်ရာ အသိပညာကို သင်ယူရန် မကြိုးစားခြင်းနှင့် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ခြင်းတို့က လူတို့အဖို့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေပြီးဖြစ်ကာ၊ ထို့အပြင် ၎င်းတို့က ဝိညာဉ်ရေးရာပြည့်ဝသူများဖြစ်သယောင် ဟန်ဆောင်ပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာစကားလုံးများကို ကြွားလုံးထုတ်ကြလေသည်။ ယင်းမှာ အလွန် ဆင်ခြင်တုံတရားကင်းမဲ့လှပေသည်။ ဤသည်မှာ ဖာရိရှဲများနှင့် မခြားနားပေ။ ဖာရိရှဲများအနေဖြင့် အဆင်ခြင်တုံတရား အကင်းမဲ့ဆုံးဖြစ်ခဲ့သည့်အချက်မှာ ဘုရားသခင်က ၎င်းတို့ကို စက်ဆုပ်ရွံရှာသော်လည်း ၎င်းတို့က ထိုအကြောင်းကို လုံးဝမသိရှိကြသည့်အပြင် မိမိတို့ကိုယ်ကို အတော်ကောင်းပြီး၊ အလွန်ဝိညာဉ်ရေးရာပြည့်ဝသည်ဟု မှတ်ယူနေကြဆဲဖြစ်ခြင်းပင် ဖြစ်သည်။အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့ မိမိကိုယ်ကို သတိပြုမိခြင်း ကင်းမဲ့ကြသည်။ ၎င်းတို့သည် လက်တွေ့အလုပ်ကို သိသာထင်ရှားစွာ မလုပ်ဆောင်နိုင်ကြသော်လည်း ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်ကြသည်။ သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ ၎င်းတို့ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင် ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းသောသူများ အတိအကျပင် ဖြစ်ကြလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)
အယောင်ဆောင် ခေါင်းဆောင်များ၏ ထူးခြားသော ပင်ကိုလက္ခဏာတစ်ခုမှာ သမ္မာတရား စည်းမျဉ်းများပါဝင်သည့် မည်သည့် ကိစ္စကိုမဆို ၎င်းတို့၏ အကုန်အစင် ရှင်းပြနိုင်စွမ်းမရှိခြင်း သို့မဟုတ် ရှင်းလင်အောင်လုပ်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် ၎င်းတို့ထံမှ ရှာဖွေလျှင် အနှစ်မဲ့သော စကားများနှင့် အယူဝါဒအချို့ကိုသာ ၎င်းတို့က ပြောနိုင်ကြသည်။ ဆုံးဖြတ်ချက်လိုအပ်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “သင်တို့အားလုံးသည် ဤတာဝန်ကို ထမ်းဆောင်ရာတွင် ကျွမ်းကျင်သူများဖြစ်သည်။ သင်တို့တွင် ပြဿနာများရှိလျှင် သင်တို့ဘာသာ ယင်းတို့ကို အဖြေရှာသင့်သည်။ ကျွန်ုပ်ကို မမေးပါနှင့်။ ကျွန်ုပ်သည် ကျွမ်းကျင်သူ မဟုတ်သကဲ့သို့ နားလည်းမလည်ပါ။ ထိုအရာကို သင်တို့ဘာသာ ကိုင်တွယ်ပါ”ဟူသကဲ့သို့သော စကားတစ်ခွန်းဖြင့် မကြာခဏ တုံ့ပြန်ကြသည်။ အချို့လူတို့က “ကျွန်ုပ်တို့သည် ပြဿနာကို မဖြေရှင်းနိုင်သောကြောင့် သင့်ကို မေးမြန်းနေခြင်း ဖြစ်သည်၊ ကျွန်ုပ်တို့ ဖြေရှင်းနိုင်လျှင် သင့်ကို မေးမည်မဟုတ်ပါ။ သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်သည့် ဤပြဿနာကို ကျွန်ုပ်တို့ နားမလည်ပါ” ဟု ချပေပြောဆိုကောင်း ပြောဆိုနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များက “စည်းမျဉ်းများကို ကျွန်ုပ် သင်တို့ကို ပြောပြီးသား မဟုတ်လော။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြလော့၊ ပြီးလျှင် အနှောင့်အယှက်များ၊ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို မဖန်တီးကြနှင့်။ သင်တို့ မည်သည့်အရာကို မေးနေသေးသနည်း။ သင့်တော်သလို ကိုင်တွယ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြောပြီးသားဖြစ်သည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ဦးစားပေးလော့” ဟု ပြန်ပြောကြသည်။ ထိုလူတို့က “ဤသည်မှာ ပြဿနာအတွက် ဖြေရှင်းချက်တစ်ခု မဟုတ်ပါတကား” ဟု စဉ်းစားလျက် လုံးဝ ရှုပ်ထွေးသွားကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်ကို သဘောထားပြုမူပုံဖြစ်သည်၊ ၎င်းတို့သည် အလုပ်ကို စစ်ဆေးရုံသာ စစ်ဆေးပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကာ ပြဿနာများကို မည်သည့်အခါမျှ မကိုင်တွယ်ကြပေ။ လူတို့ မည်သို့သော ကိစ္စရပ်များကို တင်ပြပါစေ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို မိမိတို့ဘာသာ သမ္မာတရားကို ရှာဖွေရန် ပြောဆိုကြသည်။ ၎င်းတို့သည် လူတို့ကို “သင်တို့တွင် ပြဿနာ တစ်စုံတစ်ရာ ရှိသလား။ သင်တို့၏ အသက်ဝင်ရောက်မှု မည်သည့်အခြေအနေ ရှိသနည်း။ သင်တို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံနှင့် လုပ်ဆောင်နေသလော” ဟု မကြာခဏ မေးမြန်းကြသည်။ ထိုလူတို့က “တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ အခြေအနေ၌ မြင်ရတတ်ပြီး ဆုတောင်းခြင်းအားဖြင့် ယင်းကို ဖြေရှင်းကာ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲလိုက်ပါသည်၊ သို့သော် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ သမ္မာတရား စည်းမျဉ်းများကိုမူ ကျွန်ုပ် နားမလည်သေးပါ” ဟု ပြန်လည်ဖြေကြားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များက “တိကျသည့် စည်းမျဉ်းများကို နောက်ဆုံး စုဝေးပွဲတုန်းက သင်နှင့် ကျွန်ုပ် မိတ်သဟာယ မဖွဲ့ပေးခဲ့ဘူးလား။ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အချို့ကိုပင် ကျွန်ုပ် သင့်ကို ပေးခဲ့သေးသည်။ ယခုအချိန်လောက်ဆို သင် နားလည်သင့်ပြီ မဟုတ်ဘူးလား” ဟု ပြောဆိုကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် အယူဝါဒအားလုံးကို နားလည်ကြသော်လည်း မိမိတို့၏ ပြဿနာများကိုမူ ဖြေရှင်းနိုင်စွမ်း မရှိကြသေးပေ။ အယောင်ဆောင်ခေါင်းဆောင်များက “သင် အဘယ်ကြောင့် မဖြေရှင်းနိုင်ရသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံလောက်အောင် စေ့စေ့စပ်စပ် မဖတ်ရှုရသေးသောကြောင့်သာ ဖြစ်သည်။ သင် ပိုပြီး ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုပြီး ဖတ်ရှုလျှင် သင့်၏ ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ သင်တို့သည် အတူတကွ ဆွေးနွေးပြီး နည်းလမ်းရှာဖို့ သင်ယူရန် လိုအပ်သည်၊ ထိုအခါတွင် သင်တို့၏ ပြဿနာများသည် နောက်ဆုံး၌ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက်တော့ ကျွန်ုပ်ကို မမေးပါနှင့်၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားက အလုပ်ကို စစ်ဆေးရန်သာ ဖြစ်သည်။ ကျွန်ုပ်က ကျွန်ုပ်၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပြီ၊ ကျန်သည့်အရာများက ကျွန်ုပ် နားမလည်သော အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်များသာ ဖြစ်သည်” ဟု ဟိတ်ကြီးဟန်ကြီး စကားများကိုပင် ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက လူတို့ကို နှပ်ချပြီး မေးခွန်းများကို ရှောင်ရှားရန် “ကျွန်ုပ် နားမလည်ပါ၊ ထိုအရာကို ကျွန်ုပ် လုံးဝ မသင်ယူခဲ့ရပါ၊ ကျွန်ုပ် ကျွမ်းကျင်သူ မဟုတ်ပါ”ဟူသကဲ့သို့သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို မကြာခဏ သုံးကြသည်။ ၎င်းတို့အနေဖြင့် အတော်နှိမ့်ချကြပုံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ဤအရာက အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်သည့် ဆိုးရွားသော ပြဿနာတစ်ခုကို ဖော်ထုတ်သည်။ ၎င်းတို့သည် အချို့သော အလုပ်တာဝန်များတွင် အတတ်ပညာဆိုင်ရာ အသိပါဝင်ပတ်သက်သည့် ပြဿနာများအပေါ် မည်သည့် သိနားလည်မှုမျှ မရှိပေ။ ၎င်းတို့သည် အစွမ်းမဲ့ကာ အလွန့်အလွန် အနေခက်ပြီး ကသိကအောက်ဖြစ်ပုံ ပေါ်ကြသည်။ ထို့နောက်တွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် လူတို့ကို တိုက်တွန်းရန် အယူဝါဒအချို့အကြောင်းကို ပြောဆိုရင်း လူတိုင်းနှင့် မိတ်သဟာယပြုရန် ဘုရားနှုတ်ကပတ်တော် စာပိုဒ်အချို့ကိုသာ စုစည်းနိုင်ကြသည်။ ကြင်နာမှုအနည်းငယ်ရှိသည့် ခေါင်းဆောင်များက လူတို့အတွက် ပူပန်မှုကို ပြကောင်းပြနိုင်ကာ ၎င်းတို့ကို “သင့်ဘဝတွင် လတ်တလော၌ အခက်အခဲတစ်ခုတလေ ရင်ဆိုင်ရသလော။ သင့်ထံတွင် ဝတ်ရမည့် အဝတ်အစား လုံလုံလောက်လောက် ရှိသလော။ သင်တို့ထဲတွင် မလျော်မကန် ပြုမူနေသည့် တစ်ဦးတစ်ယောက် ရှိခဲ့သလော”ဟု မကြာခဏ မေးကောင်းမေးကြပေမည်။ လူတိုင်းက ၎င်းတို့တွင် ထိုပြဿနာများ မရှိဟု ပြောလျှင် ၎င်းတို့က “သို့ဆိုလျှင် ပြဿနာမရှိပါ။ သင်တို့၏ အလုပ်ကို ဆက်လုပ်ကြပါ။ ကျွန်ုပ်တွင် အာရုံစိုက်ရမည့် အခြားကိစ္စများ ရှိသည်”ဟု ပြန်ဖြေကြပြီး တစ်စုံတစ်ဦးက ၎င်းတို့ကို အနေခက်သည့် အခြေအနေတစ်ခုသို့ ရောက်စေရင်း မေးခွန်းများ တင်ပြကာ ယင်းတို့ကို ကိုင်တွယ်ရန် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်ကို ကြောက်လျက် အမြန်ထွက်သွားကြလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံ ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ အသင်းတော်၏ အလုပ်ကို ၎င်းတို့က အဘယ်သို့ ထိရောက်စွာ ဆောင်ရွက်နိုင်မည်နည်း။ အကျိုးဆက်အနေဖြင့် မဖြေရှင်းရသေးသည့် ပြဿနာများ စုပုံလာခြင်းက နောက်ဆုံးတွင် အသင်းတော်၏ အလုပ်ကို ဟန့်တားလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံနှင့်သက်ဆိုင်သော ပေါ်လွင်သော ပင်ကိုလက္ခဏာနှင့် သရုပ်သကန်တစ်ခု ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)
အယောင်ဆောင် ခေါင်းဆောင်များသည် အခြေခံအားဖြင့် အသင်းတော်၏ အနှစ်သာရရှိသော၊ အရေးပါသည့် အလုပ်ကို ဆောင်ရွက်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ရိုးရှင်းသော၊ ယေဘုယျကျ အရေးကိစ္စအချို့ကိုသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ၎င်းတို့၏ အလုပ်သည် အသင်းတော်၏ အလုပ်၏ အဘက်ဘက်တွင် အရေးပါသော သို့မဟုတ် အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍတစ်ခုကို ပါဝင်လုပ်ဆောင်ခြင်း မရှိသကဲ့သို့ စစ်မှန်သည့် ရလဒ်များလည်း မထွက်ပေါ်စေပေ။ ၎င်းတို့၏ မိတ်သဟာယသည် အခြေခံအားဖြင့် သုံးဖန်များ၍ ရိုးအီနေပြီဖြစ်ကာ မဆန်းတော့သည့် အကြောင်းအရာ အနည်းငယ်ကိုသာ ခြုံငုံပြီး ထပ်ကာတလဲလဲ ပြောဆိုထားသည့် စကားများနှင့် အယူဝါဒများချည်းသာ ဖြစ်သည့်အပြင် အလွန်ပင် အနှစ်မဲ့ကာ ကျယ်ပြန့်ပြီး အသေးစိတ်အချက်များ ကင်းမဲ့နေသည်။ ၎င်းတို့၏ မိတ်သဟာယသည် လူတို့က တစ်စုံတစ်ခုကို အရှိအတိုင်း ဖတ်ရှုခြင်းဖြင့် နားလည်နိုင်သော အရာများသာ ပါဝင်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတွင် ရှိသည့် စစ်မှန်သော ပြဿနာများကို လုံးဝ ဖြေရှင်းပေးနိုင်စွမ်းမရှိကြပေ။ အထူးသဖြင့် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခြင်းများကို သာ၍ပင် ဖြေရှင်းပေးနိုင်စွမ်း မရှိကြပေ။ အဓိကအရာမှာ အယောင်ဆောင် ခေါင်းဆောင်များသည် ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သော အလုပ်ကဲ့သို့သော ဘုရားအိမ်တော်က စီစဉ်ပေးသည့် မရှိမဖြစ်လိုအပ်သော အလုပ်ကို တကယ် တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် အတတ်ပညာဆိုင်ရာ အသိပညာပါဝင်သည့် အလုပ်နှင့် ပတ်သက်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့အနေဖြင့် ဤနယ်ပယ်များတွင် လူပြိန်းများသာဖြစ်သည်ကို အတော်လေး ရှင်းလင်းစွာ သိရှိကောင်းသိရှိနိုင်သော်လည်း ယင်းတို့ကို ၎င်းတို့ မလေ့လာသကဲ့သို့ သုတေသနပြုခြင်းလည်း မရှိသည့်အပြင် အခြားလူတို့အား တိကျသည့် လမ်းညွှန်ချက် သာ၍ပင် မပေးနိုင်ကြပေ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သည့် မည်သည့် ပြဿနာများကိုမျှ သာ၍ပင် မဖြေရှင်းနိုင်ကြပေ။ သို့တိုင် ၎င်းတို့သည် အနှစ်မဲ့သည့် သဘောတရားများအကြောင်းကို အတောမသတ် ဆွေးနွေးပြောဆိုကာ စကားများနှင့် အယူဝါဒများကို ပြောဆိုလျက် စုဝေးပွဲများကို အရှက်မဲ့စွာ ပြုလုပ်နေကြဆဲဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအလုပ်မျိုးအား မလုပ်ဆောင်နိုင်သည်ကို အယောင်ဆောင် ခေါင်းဆောင်များက ကောင်းစွာ သိရှိကြသည့်တိုင် ကျွမ်းကျင်သူများအဖြစ် ဟန်ဆောင်ကြသည်၊ စိတ်ကြီးဝင်လျက် ပြုမူကာ အခြားသူများကို အပြစ်ဆိုဝေဖန်ရန် ကြီးကျယ်ခမ်းနားသည့် အယူဝါဒများကို အမြဲ အသုံးပြုကြလေသည်။ ၎င်းတို့သည် မည်သူ၏ မေးခွန်းများကိုမျှ မဖြေနိုင်သည့်တိုင် ထိုသူတို့အနေဖြင့် အဘယ်ကြောင့် ထိုအတတ်ပညာကို သင်ယူခြင်း မရှိကြကြောင်း၊ သမ္မာတရားကို အဘယ်ကြောင့် မရှာကြကြောင်းနှင့် အဘယ်ကြောင့် ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ကြကြောင်းတို့ကို မေးမြန်းလျက် အခြားသူများကို အပြစ်ဆိုဝေဖန်ရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြလေသည်။ ဤနယ်ပယ်များတွင် လူပြိန်းများဖြစ်ကြပြီး မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြသည့် ဤအယောင်ဆောင် ခေါင်းဆောင်များသည် အခြားသူများကို အထက်စီးမှနေ၍ ဩဝါဒပေးနေကြဆဲ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့အနေဖြင့် အလုပ်များစွာ လုပ်နိုင်ပြီး အလွန် တတ်စွမ်းနိုင်သည့်အလား အခြားလူတို့အဖို့ ၎င်းတို့က အလွန် အလုပ်များသည့်ပုံပေါ်သော်လည်း အမှန်တွင် ၎င်းတို့က မည်သည့်အရာမျှ မဟုတ်ချေ။ အယောင်ဆောင် ခေါင်းဆောင်များသည် သိသာထင်ရှားစွာပင် စစ်မှန်သည့်အလုပ်ကို မလုပ်နိုင်ကြသည့်တိုင် ၎င်းတို့သည် မိမိတို့ဘာသာ စိတ်ထက်သန်စွာ အလုပ်များကြလျက် စစ်မှန်သည့် ပြဿနာတစ်ခုကိုမျှ ဖြေရှင်းနိုင်ခြင်းမရှိဘဲ စုဝေးပွဲများ၌ မပြောင်းလဲသည့် အသုံးများလွန်း၍ ရိုးအီနေပြီဖြစ်သော အသုံးအနှုန်းများကို အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ ရေရွတ်လျက် အမြဲတစေ ပြောဆိုကြလေသည်။ လူတို့သည် ဤအရာကို အလွန် စိတ်ကုန်သွားကြပြီး ယင်းမှ တည်ဆောက်စရာတစ်ခုတလေမျှ လုံးဝ မရရှိနိုင်ကြပေ။ ဤအလုပ်မျိုးသည် အလွန် ထိရောက်မှုနည်းပြီး ရလဒ်များ မဖြစ်ထွန်းပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်ပြီး ထိုအရာကြောင့် အသင်းတော်၏ အလုပ် နှောင့်နှေးသွားရသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့တွင် အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုကိုမျှ ကောင်းစွာ လုပ်ဆောင်ပြီးစီးခြင်း မရှိချိန်တွင် ၎င်းတို့က ကြီးမားသော အလုပ်ကို လုပ်ဆောင်နေသည်ဟူ၍လည်းကောင်း၊ ၎င်းတို့ အလွန် တတ်စွမ်းနိုင်သည်ဟူ၍လည်းကောင်း ခံစားကြရဆဲဖြစ်သည်။ ၎င်းတို့ တာဝန်နယ်ပယ်တွင် အကျုံးဝင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ မသိကြသကဲ့သို့ အဖွဲ့ အမျိုးမျိုး၏ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများက မိမိတို့၏ အလုပ်ကို တာဝန်ယူနိုင်ကြခြင်း ရှိမရှိဟူသည်ကိုလည်း မသိကြပေ။ ပြီးလျှင် ညီအစ်ကို မောင်နှမများ၏ တာဝန်များကို ထမ်းဆောင်မှုတွင် ပြဿနာများ ပေါ်ပေါက်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့က ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ တိုတိုပြောရလျှင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏အလုပ်တွင်ရှိသည့် ပြဿနာများကို တစ်ခုမျှ မဖြေရှင်းနိုင်ကြသည့်တိုင် အားသွန်ခွန်စိုက် အလုပ်များမြဲ များနေကြလေသည်။ အခြားလူတို့၏ ရှုထောင့်အမြင်မှကြည့်လျှင် အယောင်ဆောင် ခေါင်းဆောင်များသည် အဖိုးအခပေးရန် လိုလားလျက် ဆင်းရဲဒုက္ခကို ကြုံတွေ့နိုင်ကြပြီး နေ့စဉ် အလုပ်များရင်း အချိန်ကုန်ဆုံးကြလေသည်။ စားဖို့ အချိန်ရောက်သည့်အခါ ၎င်းတို့ကို ထမင်းစားပွဲသို့ ခေါ်ရန် လိုအပ်ပြီး ညအတော်မိုးချုပ်မှ အိပ်ရာဝင်ကြသည်။ သို့သော် ၎င်းတို့ အလုပ်၏ ရလဒ်များမှာ တကယ့်ကို ကောင်းမွန်ခြင်း မရှိပေ။ သင်သည် သေချာစွာမကြည့်လျှင် အပေါ်ယံတွင် အလုပ်ကိစ္စအားလုံးက ပြီးစီးနေပြီး လူတိုင်းက မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေသည်ဟု ထင်ရသော်လည်း အလုပ်ကို သေချာစွာ စောင့်ကြည့်လေ့လာပြီး ခရေစေ့တွင်းကျ လိုက်သည့်အပြင် လေးလေးနက်နက် စစ်ဆေးလျှင် စစ်မှန်သော အခြေအနေက ထုတ်ဖော်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့၏ တာဝန် နယ်ပယ်အတွင်းတွင် ကျရောက်သည့် အလုပ်ကိစ္စတိုင်းမှာ ကမောက်ကမအခြေအနေတစ်ခု ဖြစ်နေသည်။ ဖွဲ့စည်းတည်ဆောက်ပုံ သို့မဟုတ် အစီအစဉ် လုံးဝ မရှိပေ။ အလုပ်ကိစ္စတစ်ခုစီတွင် ပြဿနာများရှိနေသည် သို့မဟုတ် ဟာကွက်များပင် ရှိသည်။ ဤပြဿနာများ ဖြစ်ပေါ်ခြင်းသည် အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်းနှင့်လည်းကောင်း၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် စိတ်ထက်သန်မှုတို့ပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ခြင်းနှင့်လည်းကောင်း ဆက်စပ်နေသည်။ အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများအကြောင်းကို လုံးဝ မိတ်သဟာယမပြုကြသကဲ့သို့ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ မရှာဖွေကြပေ။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သကဲ့သို့ စကားများနှင့် အယူဝါဒများကိုသာ တတွတ်တွတ် ပြောနိုင်ကြကာ သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ နားမလည်သည့်အရာများကို နားလည်သယောင် ဟန်ဆောင်ကြပြီး ကျွမ်းကျင်သူများအဖြစ် မိမိတို့ကိုယ်ကို ပုံမှားရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှာ ဟန်ဆောင်လုပ်ပြခြင်းသာ ဖြစ်သည်။ ပြဿနာ ပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ထိုအတွက် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးကြသည်။ ၎င်းတို့သည် ဦးတည်ချက်ဖြစ်စေ၊ ရည်ရွယ်ချက်ဖြစ်စေ မရှိဘဲ အလုပ်ရှုပ်၍ ဆူညံပွက်လောရိုက်ကာ စစ်မှန်သော ရလဒ်တစ်ခုမျှ မရရှိပေ။ ဤအယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ စကားများနှင့် အယူဝါဒများကိုသာ တတွတ်တွတ်ပြောကာ အခြားသူတို့အား စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းဖို့ အကြံပြုကြသောကြောင့် အသင်းတော် အလုပ်နှင့်ဆိုင်သည့် ကိစ္စတစ်ခုစီ၏ တိုးတက်မှုက နှေးကွေးပြီး သိသာထင်ရှားသည့် ရလဒ်များကို မရရှိပေ။ အလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး အချိန်အတန်ကြာ ရှိခြင်း၏ အသိသာဆုံးသော အကျိုးဆက်မှာ လူအများစုက သမ္မာတရားကို နားမလည်နိုင်ကြခြင်း၊ တစ်ဦးတစ်ယောက်က ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည့်အခါတိုင်း သို့မဟုတ် အယူအဆများ ဖြစ်ပေါ်သည့်အခါတိုင်း မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မသိကြသည့်အပြင် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ထိန်းသိမ်းသင့်သည့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ဧကန်မုချ နားမလည်ကြခြင်း ဖြစ်သည်။ မိမိတို့ တာဝန်များကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများသည် အားလုံး နှေးကွေးလေးကန်ကြ၏၊ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး စည်းကမ်းမဲ့ကြကာ ပြန့်ကျဲနေသည့် သဲများကဲ့သို့ ဖရိုဖရဲဖြစ်ကြလေသည်။ ၎င်းတို့ထဲမှ အများစုသည် အနည်းငယ်သော စကားများနှင့် အယူဝါဒများကို ပြောကောင်းပြောနိုင်ကြသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းစည်းကမ်းများကိုသာ ၎င်းတို့ လိုက်နာကြသည်။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို ၎င်းတို့ မသိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များ ကိုယ်တိုင်က ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိကြသည့်အတွက် အခြားသူတို့အား ထိုသို့လုပ်ဆောင်ရန် မည်သို့ ဦးဆောင်နိုင်ကြမည်နည်း။ အခြားသူများထံ မည်သည့်အရာ ကျရောက်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ အလေးထားရမည်”၊ “ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ကျွန်ုပ်တို့ သစ္စာစောင့်သိရမည်”၊ “ကျွန်ုပ်တို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မည်သို့ ဆုတောင်းရမည်ကို ကျွန်ုပ်တို့ သိရမည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို ကျွန်ုပ်တို့ ရှာဖွေရမည်”ဟု ဆိုလျက် တိုက်တွန်းရုံသာ တိုက်တွန်းနိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤဆောင်ပုဒ်များနှင့် အယူဝါဒများကို မကြာခဏ ဟစ်ကြွေးကြပြီး ထိုအရာက မည်သည့် ရလဒ်မျှ လုံးဝ မဖြစ်ထွန်းပေ။ ယင်းတို့ကို လူတို့က ကြားပြီးနောက်တွင် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ နားမလည်ကြသေးသည့်အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကင်းမဲ့ကြသည်။ အပေါ်ယံအားဖြင့် လူတို့သည် အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဆုတောင်းကြပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိရန် ဆန္ဒရှိကြသည်၊ သို့သော် သစ္စာစောင့်သိရန်အလို့ငှာ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် မည်သို့ဆုတောင်းသင့်သည်နှင့် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်မှု ရရှိရန်အတွက် ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ မည်သို့ရှာဖွေသင့်သည်ဟူသည့် ကိစ္စရပ်များကို ၎င်းတို့အားလုံး နားလည်မှုကင်းမဲ့ကြသည်။ လူတို့က အယောင်ဆောင်ခေါင်းဆောင်များကို မေးသည့်အခါ ၎င်းတို့က “သင်တို့အပေါ် တစ်စုံတစ်ခု ကျရောက်လာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုဖတ်ပါ၊ ပို၍ဆုတောင်းပြီး သမ္မာတရားအကြောင်း ပို၍မိတ်သဟာယဖွဲ့ပါ” ဟု ပြောဆိုကြသည်။ လူတို့က ၎င်းတို့ကို “ဤအလုပ်တွင် မည်သည့်စည်းမျဉ်းများ ပါဝင်သနည်း” ဟု မေးကြပြီး ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စများအကြောင်း တစ်စုံတစ်ရာ မိန့်တော်မမူပါ၊ ပြီးလျှင် ထိုအလုပ်နယ်ပယ်ကို ကျွန်ုပ်လည်း နားမလည်ပါ။ သင်တို့ နားလည်လိုလျှင် ကိုယ့်ဘာသာ သုတေသနလုပ်ကြပါ၊ ကျွန်ုပ်ကို မမေးကြပါနှင့်။ ကျွန်ုပ်သည် သင်တို့ကို သမ္မာတရား နားလည်အောင် ဦးဆောင်နေခြင်းဖြစ်သည်၊ အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စများတွင် ဦးဆောင်နေခြင်း မဟုတ်ပါ” ဟု ပြောဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မေးခွန်းများကို ရှောင်လွှဲရန် ဤသို့သော စကားလုံးများကို အသုံးပြုကြသည်။ ရလဒ်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အလွန် စိတ်ပြင်းပြမှု ရှိကြသော်လည်း သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မည်သို့ပြုမူရမည်ကို မသိကြသကဲ့သို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းများကို မည်သို့လိုက်နာရမည်ကိုလည်း မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိစ္စတစ်ခုစီ၏ ရလဒ်များကို ကြည့်လျှင် လူအများစုသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် မိမိတို့၏ အသိပညာ၊ ပညာနှင့် ဆုကျေးဇူးများကို အားကိုးနေကြပြီး ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များမှာ အဘယ်အရာဖြစ်သည်၊ တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်အတွက် သက်သေခံခြင်း၏ ရလဒ်ကို ရရှိရန် မည်သို့ပြုမူရမည်နှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသူအားလုံး သူ၏အသံကို ကြား၍ မှန်သော လမ်းခရီးကို စူးစမ်းစစ်ဆေးကာ ဘုရားသခင်ထံ အမြန်ဆုံး ပြန်လာနိုင်စေရန် ဧဝံဂေလိတရားကို ပို၍ ထိရောက်စွာ မည်သို့ဖြန့်ချိရမည်ဟူသည့် ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မသိနားမလည်ဖြစ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို မသိနားမလည်ဖြစ်ကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ စစ်မှန်သောအလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ဤအရာ၏ အဓိကအကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များ ကိုယ်တိုင်က သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ လူတို့ နားလည်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ မသိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများမရှိဘဲ ပြုမူဆောင်ရွက်ကြပြီး မိမိတို့၏ တာဝန်များတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာဖွေရန် လူတို့ကို မည်သည့်အခါမျှ မဦးဆောင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ပြဿနာတစ်ခုကို တွေ့ရှိသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ယင်းကို မဖြေရှင်းနိုင်သကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယဖွဲ့၍ မရှာဖွေကြပေ။ ထို့ကြောင့် အလုပ်ကိစ္စတစ်ခုစီအတွင်းရှိ အလုပ်များကို မကြာခဏ ပြန်လုပ်ရန် လိုအပ်လာသည်။ ဤသည်မှာ ဘဏ္ဍာရေးနှင့် ပစ္စည်းဆိုင်ရာ အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာမက လူတို့၏ စွမ်းအင်နှင့် အချိန်ကိုလည်း ဖြုန်းတီးခြင်း ဖြစ်သည်။ ထိုသို့သော အကျိုးဆက်များသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အလွန်ညံ့ဖျင်းသော အစွမ်းအစ၊ တာဝန်မဲ့မှုတို့နှင့် တိုက်ရိုက် သက်ဆိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တမင်တကာ မကောင်းမှုပြုပြီး အနှောင့်အယှက်များ ဖြစ်စေသည်ဟု မဆိုနိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏ အလုပ်တွင် သမ္မာတရား စည်းမျဉ်းများကို လုံးဝမရှာဖွေဘဲ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအပေါ် အခြေခံ၍ အမြဲတစေ ပြုမူဆောင်ရွက်ကြသည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ အခြားသူများကိုလည်း ၎င်းတို့အကြောင်း ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့နိုင်ကြပေ၊ ထိုအစား ၎င်းတို့သည် လူတို့အား မိမိတို့စိတ်တိုင်းကျ ပြုလုပ်ရန် လွှတ်ထားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အချို့သော အလုပ်ကို တာဝန်ယူထားသည့် အချို့သောလူတို့ကို အမှုမဲ့အမှတ်မဲ့ဆိုသလို ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူဆောင်ရွက်စေကာ ၎င်းတို့လိုချင်သလို ပြုမူပြီး ၎င်းတို့ကြိုက်နှစ်သက်သမျှကို လုပ်ဆောင်စေသည်။ ရလဒ်အနေဖြင့် စစ်မှန်သော ရလဒ် အနည်းငယ်သာ ရှိသည်သာမက အသင်းတော်၏ အလုပ်ကိုလည်း ကမောက်ကမ ဖြစ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြုတ်ချခံရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိကျွမ်းခြင်း မရှိသည်သာမက ကလိမ်ကျသော စကားကို သုံးပြီး မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်ကာ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံဘဲ နောင်တရရန် လုံးဝ ရည်ရွယ်ချက်မရှိကြပေ။ ၎င်းတို့သည် အလုပ်ကို ကောင်းစွာ သေချာပေါက် လုပ်ဆောင်နိုင်သည်ဟု ဆိုလျက် ဘုရားအိမ်တော်အား ၎င်းတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးရန်ပင် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ သင်တို့သည် ၎င်းတို့ကို ယုံကြည်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝမသိကြသကဲ့သို့ သမ္မာတရားကိုလည်း လက်မခံကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ နည်းလမ်းများကို ပြောင်းလဲနိုင်မည်လော။ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိပေ၊ သို့ဆိုလျှင် ၎င်းတို့ အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ ဖြစ်နိုင်ချေရှိသလော။ ၎င်းတို့သည် ဤတစ်ကြိမ် အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ခဲ့ပေ၊ နောက်တစ်ကြိမ် အခွင့်အရေးပေးခံရလျှင် ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ ဖြစ်နိုင်ချေမရှိပေ။ အယောင်ဆောင်ခေါင်းဆောင်များတွင် အလုပ်လုပ်နိုင်စွမ်း မရှိကြောင်း သေချာပေါက် ပြောနိုင်သည်၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် များစွာ အားသွန်ခွန်စိုက်လုပ်ပြီး အတော်လေး အလုပ်များနိုင်သော်လည်း ယင်းမှာ ကျိုးကြောင်းမဲ့ အလုပ်ရှုပ်ခြင်းဖြစ်ပြီး အသီးအပွင့် မဖြစ်ထွန်းပေ။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များတွင် အလွန်ညံ့ဖျင်းသော အစွမ်းအစ ရှိကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝနားမလည်ကြောင်းနှင့် ၎င်းတို့သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်းကို ပြသရန် လုံလောက်သည်။ ဤသည်က အလုပ်တွင် ပြဿနာများစွာကို ပေါ်ပေါက်စေသော်လည်း ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် ယင်းတို့ကို မဖြေရှင်းနိုင်ကြဘဲ လူတို့ကို စည်းမျဉ်းစည်းကမ်းများ ပုံသေစောင့်ထိန်းရန် တိုက်တွန်းနှိုးဆော်ဖို့အတွက် အနှစ်မဲ့သော အယူဝါဒအနည်းငယ်ကိုသာ အသုံးပြုကြရာ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အလုပ်ကို ကမောက်ကမဖြစ်စေပြီး ဖရိုဖရဲအခြေအနေ ဖြစ်သွားစေခဲ့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်ပုံစံနှင့် ယင်းက ဖြစ်ပေါ်စေသည့် အကျိုးဆက်များ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤအရာကို သတိပေးချက်အနေဖြင့် မှတ်ယူသင့်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)
အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့်ဆိုင်သည့် အဓိက စရိုက်လက္ခဏာမှာ အယူဝါဒအကြောင်း ပေါက်တတ်ကရပြောဆိုပြီး ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အမိန့်များကို ထုတ်ပြန်ပြီးနောက်တွင် ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့တာဝန်မယူကြတော့ပေ။ အလုပ်၏ နောက်ပိုင်း တိုးတက်ဖြစ်ပေါ်မှုအကြောင်း မေးခွန်းများ မမေးမြန်းကြပေ။ ပြဿနာတစ်စုံတစ်ရာ၊ လွဲချော်မှုတစ်စုံတစ်ရာ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းရှိမရှိ မမေးမြန်းကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ချပေးပြီးသည်နှင့် ၎င်းတို့၏ အလုပ် ပြီးဆုံးပြီဟု မှတ်ယူကြသည်။ အမှန်တကယ်တွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ ဆက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ ဆက်လုပ်နိုင်လိမ့်မည်။ အဆိုပါ အတတ်ပညာနှင့် သင် ရင်းနှီးခြင်း ရှိသည်ဖြစ်စေ၊ ယင်းကို နားလည်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ထိုအလုပ်ကို ဦးစီးဆောင်ရွက်ရမည်၊ နောက်ဆက်တွဲ လုပ်ရမည်ဖြစ်ပြီး ယင်း၏ တိုးတက်မှုနှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းခြင်းနှင့် မေးခွန်းများ မေးခြင်းတို့ကို ပြုလုပ်ရမည်။ ထိုသို့သော ကိစ္စများကို နားလည်သဘောပေါက်မှုအား သင်ထိန်းသိမ်းထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ယင်းသည် သင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အလုပ်ကို နောက်ဆက်တွဲမလုပ်ခြင်း၊ တာဝန်ချပေးပြီးသည်နှင့် မည်သည့်အရာမျှ ဆက်မလုပ်တော့ခြင်း၊ ယင်းနှင့် လုံးဝ မပတ်သက်တော့ခြင်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ အလုပ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ မလုပ်ခြင်းဖြစ်စေ၊ လမ်းညွှန်ချက်မပေးခြင်းဖြစ်စေ၊ စုံစမ်းမှု မပြုခြင်းဖြစ်စေ၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို မဖြေရှင်းခြင်းဖြစ်စေ၊ အလုပ်၏ တိုးတက်မှုကို သို့မဟုတ် ထိရောက်မှုကို သဘောမပေါက်ခြင်းဖြစ်စေ ဤသည်တို့မှာလည်း အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များဖြစ်၏။
အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်၏ တိုးတက်မှုနှင့်ပတ်သက်၍ မသိရှိသောကြောင့်၊ ၎င်းတို့သည် အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများကိုဖြေရှင်းနိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ အချိန်မီ ဖော်ထုတ်နိုင်စွမ်းမရှိကြသောကြောင့် ယင်းက ထပ်ခါထပ်ခါ နှောင့်နှေးမှုများ မကြာခဏဖြစ်စေသည်။ အချို့အလုပ်တွင် လူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်၊ တာဝန်ခံရန်၊ သို့မဟုတ် ဦးဆောင်ရန် သင့်တော်သောသူ မည်သူမျှမရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အပျက်သဘောဆောင်ခြင်း၊ မတက်မကြွဖြစ်ခြင်း၊ စောင့်ဆိုင်းခြင်းအခြေအနေတွင် မကြာခဏရှိကြသည်။ ယင်းသည် အလုပ်တိုးတက်မှုကို အလွန်အမင်းထိခိုက်သည်။ ခေါင်းဆောင်က သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်လျှင်၊ သူသည် အလုပ်ကို ဦးဆောင်ခဲ့လျှင်၊ ရှေ့ဆက်စေခဲ့လျှင်၊ ကြီးကြပ်ခဲ့လျှင်၊ အလုပ်ကို လမ်းညွှန်ပြသရန် ထိုနယ်ပယ်ကို နားလည်သောသူတစ်ယောက်အား တွေ့ခဲ့လျှင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးမှုများ ကြုံရခြင်းထက် ပို၍ မြန်ဆန်စွာ တိုးတက်လိမ့်မည်။ ဤသို့ဆိုလျှင် ခေါင်းဆောင်များအတွက် အလုပ်၏ အခြေအနေကို နားလည်သဘောပေါက်ရန် မရှိမဖြစ်လိုအပ်သည်။ တိုးတက်မှုသည် အလုပ်၏ ထိရောက်မှုနှင့်လည်းကောင်း၊ ဤအလုပ်က ရရှိသင့်သည့် ရလဒ်တို့နှင့်လည်းကောင်း ဆက်နွှယ်နေသည့်အတွက်၊ အလုပ်သည် မည်သို့တိုးတက်နေသည်ကို နားလည်သဘောပေါက်ရန် ခေါင်းဆောင်များအတွက် အလွန်ပင် လိုအပ်သည်မှာလည်း မှန်ပေသည်။ အသင်းတော်အလုပ်က မည်သို့ရှေ့ဆက်နေသည်ကို ခေါင်းဆောင်များ၊ အမှုဆောင်များက သဘောမပေါက်လျှင်၊ ၎င်းတို့သည် အမှုအရာများအား နောက်ဆက်တွဲ မလုပ်ဆောင်လျှင်၊ သို့မဟုတ် မကြီးကြပ်လျှင် အသင်းတော်အလုပ်တိုးတက်မှုသည် နှေးကွေးမည်မှာ အသေအချာပင်ဖြစ်သည်။ ဤသည်မှာ တာဝန်များကို ထမ်းနေသောလူအများစုသည် ဆိုးရွားစွာ သိမ်ဖျင်းသော သူများဖြစ်သည့်၊ ဝန်တာထားစိတ်မရှိဘဲ မကြာခဏ အပျက်သဘောဆောင်၍ မတက်မကြွဖြစ်ကာ ဝတ်ကျေတမ်းကျေလုပ်သည့်အချက်ကြောင့် ဖြစ်သည်။ အလုပ်အတွက် တာဝန်ယူလျက် လက်တွေ့ကျသောပုံစံဖြင့် ဝန်တာထားစိတ်နှင့် အလုပ်လုပ်နိုင်စွမ်းရှိသည့်၊ အလုပ်၏ တိုးတက်မှုကို အချိန်မီသိရှိအောင်ပြုလုပ်သည့်၊ တာဝန်များကို ထမ်းဆောင်သည့် အလုပ်လုပ်သူများကို လမ်းညွှန်သည့်၊ ကြီးကြပ်သည့်၊ ပဲ့ပြင်ဆုံးမပြီး ပြုပြင်သည့် သူတစ်ဦးမျှမရှိလျှင် အလုပ်ထိရောက်မှုအဆင့်သည် သဘာဝအလျောက် အလွန်နိမ့်ကျမည်ဖြစ်ပြီး အလုပ်၏ ရလဒ်များသည် အလွန်ပင် ညံ့ဖျင်းလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကိုပင် ရှင်းလင်းစွာ မမြင်နိုင်လျှင် ၎င်းတို့သည် မိုက်မဲပြီး မမြင်မကန်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တိုးတက်မှုကို ချက်ချင်း စူးစမ်းရမည်။ နောက်ဆက်တွဲလုပ်ဆောင်ပြီး သဘောပေါက်ရမည်။ တာဝန်ထမ်းဆောင်နေသော လူများတွင်ရှိသည့် မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်ကို စူးစမ်းရမည်။ ပြီးလျှင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိရန်အတွက် မည်သည့်ပြဿနာများအား ဖြေရှင်းသင့်သည်ကို နားလည်ရမည်။ ဤအရာများအားလုံးသည် အလွန်အရေးပါသည်။ ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေသောသူသည် ဤအရာများကို ရှင်းလင်းစွာ သိရမည်။ သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အတွက် သင်သည် အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ဆောင်ပြီး ထို့နောက်တွင် မိမိ၏တာဝန်ကို ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟု ထင်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကဲ့သို့ မဖြစ်ရပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့အလုပ်တွင် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်း လုပ်ဆောင်သည်။ တာဝန်သိစိတ်မရှိ။ ပြဿနာများ ဖြစ်ပေါ်သောအခါ မဖြေရှင်းပေ။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေပါစေ အပေါ်ယံသာ လုပ်ဆောင်ပြီး ယင်းကို ဝတ်ကျေတမ်းကျေဆန်စွာ ကိုင်တွယ်သည်။ ၎င်းတို့သည် စကားကြီးစကားကျယ်များသာ ပြောသည်၊ အယူဝါဒများနှင့် အနှစ်မဲ့သောစကားများကို ကရားရေလွှတ်ပြောဆိုသည်။ ပြီးလျှင် ၎င်းတို့အလုပ်၌ ဖြစ်သလိုသာလုပ်ဆောင်သည်။ အကြမ်းဖျဉ်းအားဖြင့် ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်နည်းလမ်းနှင့်ဆိုင်သော အခြေအနေ ဖြစ်သည်။ အန္တိခရစ်များနှင့် ယှဉ်ကြည့်လျှင် အယောင်ဆောင်ခေါင်းဆောင်များသည် လူသိရှင်ကြား ဆိုးယုတ်သော အရာတစ်ခုကိုမျှ မလုပ်ဆောင်သကဲ့သို့ မကောင်းမှုကို တမင်သက်သက် မလုပ်ဆောင်သော်လည်း ၎င်းတို့အလုပ်၏ ထိရောက်မှုကို ကြည့်သောအခါတွင် ၎င်းတို့အား ဝတ်ကျေတမ်းကျေဆန်သူများအဖြစ်၊ ဝန်တာစိတ်မရှိသူများအဖြစ်၊ တာဝန်မဲ့ပြီး မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိမှု မရှိသူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် တရားနည်းလမ်းကျပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)
အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အလုပ်အခြေအနေများကို မည်သည့်အခါမျှ မေးမြန်းခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့သည် မတူညီသော အဖွဲ့များမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အသက်ဝင်ရောက်မှုကိုလည်းကောင်း၊ အသင်းတော်အလုပ်နှင့် မိမိတို့၏ တာဝန်များအပေါ် ထားရှိသည့် ၎င်းတို့၏ သဘောထားများကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်ကိုယ်တော်တိုင်အပေါ် ထားရှိသည့် သဘောထားများကိုလည်းကောင်း မေးမြန်းခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် နားလည်ထားခြင်းတို့လည်း မရှိကြပေ။ ဤလူများသည် အသွင်ပြောင်းလဲခြင်း သို့မဟုတ် ကြီးထွားတိုးတက်မှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ပြီးခြင်း ရှိမရှိကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့၏ အလုပ်တွင် တည်ရှိနိုင်သည့် အမျိုးမျိုးသော ပြဿနာများအကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ အထူးသဖြင့် အလုပ်၏ အဆင့်အမျိုးမျိုးတွင် ဖြစ်ပေါ်သည့် အမှားများနှင့် လွဲချော်မှုများက အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ရှိသော သက်ရောက်မှုများအပြင် ဤအမှားများနှင့် လွဲချော်မှုများ ပြင်ဆင်ပြီးခြင်း ရှိမရှိကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ။ အကယ်၍ ၎င်းတို့သည် ဤအသေးစိတ်အခြေအနေများအကြောင်းကို ဘာမျှမသိပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါတိုင်း ၎င်းတို့သည် ဘာသိဘာသာ ဖြစ်သွားကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်နေစဉ်တွင် ဤအသေးစိတ်ပြဿနာများကို လုံးဝ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အဖွဲ့ခေါင်းဆောင်များကို စီစဉ်ပေးပြီး အလုပ်တာဝန်များ ချမှတ်ပြီးနောက်တွင် မိမိတို့၏ အလုပ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ယင်းမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်းနှင့် အခြားပြဿနာများ ပေါ်ပေါက်လာပါက ၎င်းတို့နှင့် မသက်ဆိုင်တော့ကြောင်း ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများကို ကြီးကြပ်ရန်၊ လမ်းညွှန်ရန်နှင့် နောက်ဆက်တွဲလုပ်ဆောင်ရန် ပျက်ကွက်သောကြောင့်လည်းကောင်း၊ ဤနယ်ပယ်များတွင် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသောကြောင့်လည်းကောင်း ဤသည်က အသင်းတော်၏ အလုပ်ကို ရှုပ်ထွေးသွားစေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပေါ့လျော့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ့စိတ်နှလုံး၏ နက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်၊ ဤသည်မှာ လူသားများ၌ ကင်းမဲ့သော လုပ်နိုင်စွမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်သည့်အခါ လူတို့သည် ပို၍ လုံ့လဝီရိယရှိရန်နှင့် အာရုံစိုက်ရန် လိုအပ်ပြီး အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို သေချာစေရန်အတွက် အလုပ်နေရာသို့ ပုံမှန်သွားရောက်၍ နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် လုံးဝ တာဝန်မဲ့ကြပြီး အမျိုးမျိုးသော အလုပ်များကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မရှိကြသည်မှာ သိသာထင်ရှားပေသည်။ ရလဒ်အနေဖြင့် အချို့သော ကြီးကြပ်ရေးမှူးများသည် အလုပ်တွင် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို မသိကြဘဲ အလုပ်ကို လုပ်ဆောင်ရန် လုံလောက်သော အရည်အချင်း မရှိသလောက်ဖြစ်နေသည့်တိုင် ကြီးကြပ်ရေးမှူးများအဖြစ် မိမိတို့၏ အခန်းကဏ္ဍတွင် ဆက်လက်ရှိနေကြသည်။ အဆုံးတွင် အလုပ်သည် အကြိမ်ကြိမ်အခါခါ နှောင့်နှေးကြန့်ကြာပြီး ၎င်းတို့သည် အလုပ်ကို လုံးဝ ကမောက်ကမ ဖြစ်သွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ကြီးကြပ်ရေးမှူးများ၏ အခြေအနေများကို မေးမြန်းခြင်း၊ ကြီးကြပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိခြင်း၏ အကျိုးဆက်ဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်ပေါ့လျော့ခြင်းကြောင့် လုံးလုံးဖြစ်ပေါ်လာသည့် ရလဒ်တစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို မစစ်ဆေးခြင်း၊ နောက်ဆက်တွဲ မလုပ်ဆောင်ခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိသောကြောင့်လည်းကောင်း၊ အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်သောကြောင့်လည်းကောင်း ၎င်းတို့သည် ကြီးကြပ်ရေးမှူးများ တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ အလုပ် မည်သို့တိုးတက်နေသည်နှင့် လက်တွေ့ကျသော ရလဒ်များ ထွက်ပေါ်ခြင်း ရှိမရှိကဲ့သို့သော အရာများနှင့်ပတ်သက်၍ လုံးဝမသိရှိဘဲ နေကြသည်။ ကြီးကြပ်ရေးမှူးများ မည်သည့်အရာနှင့် အလုပ်ရှုပ်နေသည် သို့မဟုတ် မည်သည့် တိကျသော အလုပ်များကို ကိုင်တွယ်နေသည်ကို မေးမြန်းသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ် မသိပါ၊ သို့သော် ၎င်းတို့သည် စုဝေးပွဲတိုင်းကို တက်ရောက်ပြီး အလုပ်နှင့်ပတ်သက်၍ ၎င်းတို့နှင့် ကျွန်ုပ် ဆက်သွယ်ပြောဆိုသည့်အခါတိုင်း မည်သည့်ပြဿနာမျှဖြစ်စေ၊ မည်သည့်အခက်အခဲကိုမျှဖြစ်စေ မည်သည့်အခါမျှ မပြောကြပါ” ဟု တုံ့ပြန်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်ရေးမှူးများက မိမိတို့၏ အလုပ်ကို မစွန့်ပစ်သရွေ့နှင့် ၎င်းတို့ ရှာဖွေသည့်အခါတိုင်း အနီးအနားတွင် အမြဲရှိနေသရွေ့ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝမရှိဟု ယုံကြည်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်သည်။ ဤသည်မှာ “အယောင်ဆောင်ခြင်း” ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဤသည်မှာ မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း မဟုတ်လော။ ဤသည်မှာ ဆိုးရွားသော တာဝန်ပေါ့လျော့ခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)
အယောင်ဆောင်ခေါင်းဆောင်များ တာဝန်ယူသည့် အလုပ်၏ နယ်ပယ်အတွင်း၌ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် စံနှုန်းများနှင့် ကိုက်ညီသည့် အချို့သောလူများသည် မကြာခဏဆိုသလို ပိတ်ဆို့တားဆီးခံရသည်။ ဤလူများထဲမှ အချို့သည် ဧဝံဂေလိတရားကို ဟောပြောကြပြီး အချို့မှာမူ ဧည့်ခံခြင်း တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးခြင်း ခံကြရသည်။ အမှန်တကယ်တွင် ၎င်းတို့အားလုံးတွင် အစွမ်းအစရှိကြပြီး သမ္မာတရားအချို့ကို နားလည်ကြကာ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ပျိုးထောင်ခြင်းခံရရန် ထိုက်တန်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် သို့မဟုတ် အာရုံစိုက်ခံရသူ ဖြစ်ရန် မနှစ်သက်ကြခြင်းသာ ဖြစ်သည်။ သို့တိုင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူများကို လုံးဝပင် အရေးမစိုက်ကြပေ။ ၎င်းတို့သည် ထိုသူများနှင့် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မပြုကြသကဲ့သို့ ဘုရားအိမ်တော်အတွက် အရည်အချင်းရှိသူများကို မည်သည့်အခါမျှ မပျိုးထောင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့ကို မျက်နှာချိုသွေးသောသူများကို သိမ်းသွင်းရန်ကိုသာ အစဉ်အမြဲ အာရုံစိုက်ကြသည်။ ရလဒ်အနေဖြင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသော ထိုလူများသည် ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းကို မခံကြရဘဲ၊ အာရုံစိုက်ခံရသူ ဖြစ်ရန် နှစ်သက်သောသူများ၊ စကားပြောကောင်းသောသူများ၊ လူများကို ဖော်လံဖားတတ်သောသူများနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို နှစ်သက်သောသူများမှာမူ အားလုံး ရာထူးတိုးပေးခြင်း ခံကြရသည်။ လောကလူ့အဖွဲ့အစည်း၌ အရာရှိများ၊ ကုမ္ပဏီ စီအီးအို ဖြစ်ခဲ့ဖူးသူများ သို့မဟုတ် စီးပွားရေးစီမံခန့်ခွဲမှုကို လေ့လာခဲ့ဖူးသူများပင်လျှင် အရေးကြီးသော ရာထူးများတွင် တာဝန်ပေးခြင်း ခံကြရသည်။ ထိုလူများသည် စစ်မှန်သော ယုံကြည်သူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များ တာဝန်ယူသည့် အလုပ်၏ နယ်ပယ်အတွင်း၌ ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်းကို ခံရသောသူများမှာ ထိုသူများသာ ဖြစ်ကြသည်။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လူတို့ကို အသုံးပြုခြင်းလော။ အယောင်ဆောင်ခေါင်းဆောင်များက ထိုသို့သောလူများကိုသာ ရာထူးတိုးပေးခြင်းသည် ဘာသာတရားမရှိသူများ၏ လူ့အဖွဲ့အစည်းနှင့် အတိအကျပင်တူနေသည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်နေသည့် ကာလအတွင်းတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ လက်တွေ့ကျကျ လုပ်ဆောင်တတ်သူများ၊ တရားမျှတစိတ်ရှိသူများနှင့် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူများသည် ရာထူးတိုးပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်းကို မခံကြရဘဲ လေ့ကျင့်ရန် အခွင့်အရေးများ ရရှိရန် ခက်ခဲလှသည်။ ထိုအစား အရေးကြီးသော ရာထူးများတွင် တာဝန်ပေးခြင်း ခံရသူများမှာ စကားပြောကောင်းသူများ၊ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် နှစ်သက်သူများနှင့် လူများကို ဖော်လံဖားတတ်သောသူများအပြင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို နှစ်သက်သောသူများသာ ဖြစ်ကြသည်။ ထိုလူများသည် အတော်အတန် ထက်မြက်ပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့၌ သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ၊ အလွန်ဆိုးရွားသော အစွမ်းအစနှင့် ညံ့ဖျင်းသော လူ့သဘာဝရှိကြသည်၊ ၎င်းတို့၏ တာဝန်များအပေါ် စစ်မှန်သော ဝန်ထုပ်ကို မထမ်းကြသကဲ့သို့ ပျိုးထောင်ခြင်းခံရရန် လုံးဝ မထိုက်တန်ကြပေ။ သို့သော်ငြားလည်း အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရာထူးနေရာများကို ရယူထားကြသူများမှာ ၎င်းတို့သာ ဖြစ်ကြသည်။ ရလဒ်မှာ အသင်းတော်၏ အလုပ်များစွာသည် ချက်ချင်းလက်ငင်း ချောမွေ့စွာ မစတင်နိုင်ခြင်း သို့မဟုတ် တိုးတက်မှု နှေးကွေးခြင်းတို့ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အကောင်အထည်ဖော်ရန် အလွန်ကြာမြင့်နေခြင်း ဖြစ်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို မသင့်လျော်စွာ အသုံးပြုခြင်းကြောင့် အသင်းတော်အလုပ်အပေါ် ဖြစ်ပေါ်စေသည့် သက်ရောက်မှုများနှင့် အကျိုးဆက်များ ဖြစ်ကြသည်။
အယောင်ဆောင်ခေါင်းဆောင်အများစုသည် အစွမ်းအစ ညံ့ဖျင်းကြသည်။ ၎င်းတို့သည် စကားပြောကောင်းပုံရသော်လည်း သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိကြသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသည့်အထိပင် ဖြစ်သည်။ ၎င်းတို့သည် မမြင်မကန်းဖြစ်ပြီး ဉာဏ်မျက်စိကန်း ကြသည်၊ မည်သည့်အရေးကိစ္စကိုမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ သမ္မာတရားကိုလည်း လုံးဝနားမလည်ကြပေ၊ ဤသည်ကိုယ်၌က ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့တွင် ပို၍ပင် ပြင်းထန်သော နောက်ထပ်ပြဿနာတစ်ခု ရှိသေးသည်၊ ယင်းမှာ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ပြီး ကျွမ်းကျင်သည့်အခါနှင့် ကြွေးကြော်သံအနည်းငယ်ကို ဟစ်ကြွေးနိုင်သည့်အခါတွင် ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟု ထင်မှတ်ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သူ့ကို အသုံးပြုရန် ရွေးချယ်သည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယမဖွဲ့ကြသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် စည်းမျဉ်းများကို လိုက်နာရန်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့သည် အလွန်ယုံကြည်မှုရှိကြပြီး မိမိတို့၏ စိတ်ကူးများသည် မှန်ကန်သည်ဟု အစဉ်အမြဲ ယုံကြည်ကာ မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ကြသည်။ ရလဒ်အနေဖြင့် အခက်အခဲအချို့ သို့မဟုတ် ထူးခြားသောအခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ ထို့အပြင် ၎င်းတို့သည် ဘုရားအိမ်တော်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ထိုနေရာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရာ၌ လုံလောက်သော အတွေ့အကြုံရှိသောကြောင့် အသင်းတော်အလုပ်ကို မည်သို့လည်ပတ်ပြီး တိုးတက်အောင် လုပ်ဆောင်ရမည်ကို သိသည်ဟု မကြာခဏ မှားယွင်းစွာ ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအရာများကို နားလည်ပြီးဖြစ်ပုံရသော်လည်း အမှန်တကယ်တွင် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို လုံးဝမသိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ အတွေ့အကြုံနှင့် လုပ်ရိုးလုပ်စဉ်များနှင့် ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျက် အသင်းတော်အလုပ်ကို မိမိတို့နှစ်သက်သလို လုပ်ဆောင်ကြသည်။ ဤသည်က အသင်းတော်အလုပ်၏ အမျိုးမျိုးသော အချက်များကို ကမောက်ကမဖြစ်ပြီး ဖရိုဖရဲဖြစ်စေကာ စစ်မှန်သော အကျိုးရလဒ်များ မဖြစ်ပေါ်စေရန် တားဆီးသည်။ အကယ်၍ အဖွဲ့တစ်ဖွဲ့တွင် သမ္မာတရားကို နားလည်ပြီး စစ်မှန်သောအလုပ် အနည်းငယ်ကို လုပ်ဆောင်နိုင်သည့် လူတစ်ယောက်နှစ်ယောက် ရှိပါက ၎င်းတို့သည် ထိုအဖွဲ့၏အလုပ်တွင် ပုံမှန်အခြေအနေကို ထိန်းသိမ်းထားနိုင်သည်။ သို့သော်ငြားလည်း ဤသည်မှာ ၎င်းတို့၏ အယောင်ဆောင်ခေါင်းဆောင်နှင့် လုံးဝပင်မသက်ဆိုင်ပေ။ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့် အကြောင်းရင်းမှာ အဖွဲ့ထဲတွင် စစ်မှန်သောအလုပ် အနည်းငယ်ကို လုပ်ဆောင်နိုင်ပြီး အလုပ်ကို လမ်းကြောင်းမှန်ပေါ်တွင် ထိန်းသိမ်းထားနိုင်သည့် လူကောင်းအနည်းငယ် ရှိသောကြောင့် ဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ အယောင်ဆောင်ခေါင်းဆောင်က စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခဲ့သည်ဟု မဆိုလိုပေ။ တာဝန်ယူထားသည့် ဤသို့သော လူကောင်းအနည်းငယ် မရှိဘဲ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိရုံသာမက မည်သည့်တာဝန်ကိုမျှလည်း လုံးဝမထမ်းဆောင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို အဘယ်ကြောင့် ကမောက်ကမဖြစ်အောင် လုပ်ဆောင်မည်နည်း။ ပထမအကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်ကြ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့နိုင်ကြသကဲ့သို့ ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကိုလည်း မရှာဖွေကြသောကြောင့် ပြဿနာများ စုပုံလာပြီး အသင်းတော်အလုပ်ကို ရပ်တန့်သွားစေသည်။ ဒုတိယအချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းကြပြီး အရည်အချင်းရှိသူများကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အဖွဲ့ကြီးကြပ်ရေးမှူး အမှုထမ်းများကို သင့်တော်အောင် နေရာမချထားနိုင်ကြသောကြောင့် အချို့သောအလုပ်များတွင် တာဝန်ယူရန် သင့်တော်သူတစ်ဦးတစ်ယောက်မျှ မရှိဘဲ ရပ်တန့်သွားစေသည်။ တတိယအချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် အရာရှိများကဲ့သို့ အလွန်အမင်း ပြုမူကြသည်။ ၎င်းတို့သည် အလုပ်ကို ကြီးကြပ်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မပြုကြသကဲ့သို့ အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာ၌ အလုပ်၏ အသေးစိတ်အချက်များတွင် တက်ကြွစွာ ပါဝင်ခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်း မပြုကြပေ။ ဥပမာအားဖြင့်၊ အလုပ်ကိစ္စတစ်ခုတွင် အလုပ်လုပ်ဆောင်နေသည့် လူအများအပြားသည် အခြေခံအုတ်မြစ်သိပ်မရှိသည့် ယုံကြည်သူအသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ အလုပ်နယ်ပယ်နှင့် များစွာ အကျွမ်းတဝင်မရှိကြသကဲ့သို့ အလုပ်၏ စည်းမျဉ်းများကိုလည်း အတော်အတန် နားမလည်ကြသေးဟု ဆိုပါစို့။ မျက်စိကန်းနေသည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဤပြဿနာများကို မမြင်နိုင်ပေ။ တစ်စုံတစ်ဦးက အလုပ်ကို လုပ်ဆောင်နေသရွေ့ အဆင်ပြေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်၊ အလုပ်ကို ကောင်းစွာလုပ်သည်ဖြစ်စေ၊ ဆိုးရွားစွာလုပ်သည်ဖြစ်စေ အရေးမကြီးပေ။ အသင်းတော်အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာတိုင်း၌ ၎င်းတို့သည် နောက်ဆက်တွဲ လိုက်လံဆောင်ရွက်သင့်ကြောင်း၊ စစ်ဆေးခြင်းများ ပြုလုပ်သင့်ကြောင်းနှင့် လမ်းညွှန်မှုပေးသင့်ကြောင်း၊ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သင့်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသူများကို ၎င်းတို့ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်သည်အထိ ထောက်ပံ့ပေးသင့်ကြောင်းကို ၎င်းတို့ မသိကြပေ။ ဤအချိန်ရောက်မှသာ ၎င်းတို့သည် များစွာ စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် အလုပ်မလုပ်ကြပေ။ အလုပ်လုပ်ရန် တစ်စုံတစ်ဦး ရှိနေသည်ကို ၎င်းတို့ မြင်သည့်အခါ ယင်းကို နောက်ထပ် အရေးမစိုက်ကြတော့ပေ။ အလုပ် မည်သို့ပင် ဖြစ်နေပါစေ ၎င်းတို့သည် မည်သို့မျှ စုံစမ်းမေးမြန်းခြင်း မပြုကြပေ။ အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာ၌ သို့မဟုတ် အစွမ်းအစနိမ့်သော ကြီးကြပ်ရေးမှူးတစ်ဦး ရှိသည့်နေရာ၌ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှု မပေးကြသကဲ့သို့ အလုပ်တွင်လည်း မိမိတို့ကိုယ်တိုင် မပါဝင်ကြပေ။ ပြီးလျှင် ကြီးကြပ်ရေးမှူးတစ်ဦးက အလုပ်ကို ထမ်းဆောင်နိုင်သည့်အခါတွင်မူ အယောင်ဆောင်ခေါင်းဆောင်များသည် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်းကို သာ၍ပင် မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် အေးအေးဆေးဆေး နေကြပြီး တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို တိုင်ကြားလျှင်ပင် ယင်းနှင့်ပတ်သက်၍ မမေးမြန်းကြပေ၊ မလိုအပ်ဟု ၎င်းတို့ ထင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤတိကျသောအလုပ် တစ်ခုတလေကိုမျှ မလုပ်ဆောင်ကြပေ။ အချုပ်အားဖြင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သောအလုပ် တစ်စက်တစ်မျှင်မျှ မလုပ်ဆောင်သည့် ယိုယွင်းပျက်စီးနေသောသူများ ဖြစ်ကြသည်။ မည်သည့်အလုပ်အတွက်မဆို တစ်စုံတစ်ဦးက တာဝန်ယူထားပြီး အလုပ်ကို တာဝန်ယူရန် လူအင်အားအပြည့်အစုံ ရှိနေသရွေ့ အမှုအရာများ ပြီးဆုံးသွားပြီဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ရံဖန်ရံခါ စုဝေးပွဲတစ်ခု ကျင်းပပြီး ပြဿနာတစ်ခု ပေါ်ပေါက်လာပါက စုံစမ်းမေးမြန်းလိုက်ရုံဖြင့် ပြီးပြီဟု ထင်ကြသည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်နေစဉ်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ယုံကြည်နေဆဲဖြစ်ပြီး မိမိတို့ကိုယ်ကို အတော်အတန် ကျေနပ်နေကြသည်။ ၎င်းတို့က “မည်သည့်အလုပ်ကိစ္စတွင်မဆို ပြဿနာများမရှိပါ။ ဝန်ထမ်းများအားလုံးကို အပြည့်အစုံ စီစဉ်ပြီးသားဖြစ်ပြီး ကြီးကြပ်ရေးမှူးများကလည်း နေရာတကျ ရှိနေသည်။ ကျွန်ုပ်သည် ဤအလုပ်တွင် အလွန်တရာတော်သည်၊ အလွန်တရာအရည်အချင်းရှိသည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ ၎င်းတို့သည် လုပ်ဆောင်ရန် မည်သည့်တာဝန်များကိုမျှ မမြင်နိုင်ဘဲ မည်သည့်ပြဿနာများကိုမျှ မတွေ့ရှိနိုင်သည့်အထိ အလွန်ပင် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းနေကြသည်။ အချို့နေရာများတွင် အလုပ်သည် ရပ်တန့်သွားသည့်တိုင် ၎င်းတို့သည် ထိုနေရာတွင် ကျေနပ်လျက် “ညီအစ်ကိုမောင်နှမများအားလုံးက ငယ်ရွယ်သည်၊ အားလုံးက မျိုးဆက်သစ်များဖြစ်သည်။ သူတို့သည် သူတို့၏ တာဝန်များကို မီးကုန်ယမ်းကုန် ကိုင်တွယ်သည်၊ သူတို့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ သေချာသည်” ဟု တွေးထင်နေကြသည်။ အမှန်တကယ်တွင် ဤလူငယ်များသည် မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုမျှ နားမလည်သည့် အတွေ့အကြုံမရှိသေးသူများ ဖြစ်ကြသည်။ ၎င်းတို့သည် လုပ်ရင်းသင်ရင်းဖြင့် သင်ယူရမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို မသိကြသေးဟု ဆိုလျှင် သင့်လျော်သည်၊ အချို့မှာ အနည်းငယ် နားလည်ကောင်း နားလည်နိုင်သော်လည်း ၎င်းတို့သည် ကျွမ်းကျင်သူများ မဟုတ်ကြသကဲ့သို့ စည်းမျဉ်းများကိုလည်း နားမလည်ကြပေ၊ ပြီးလျှင် ၎င်းတို့ တာဝန်တစ်ခုကို လုပ်ဆောင်ပြီးသည့်အခါ ထပ်ခါတလဲလဲ ပြင်ဆင်ရန် သို့မဟုတ် မကြာခဏ ပြန်လုပ်ရန်ပင် လိုအပ်သည်။ လေ့ကျင့်ခြင်းမခံရသေးသည့်အပြင် ပြုပြင်ခြင်းကို မခံစားရသေးသည့် လူငယ်အချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အလွန်အမင်း အောက်တန်းကျပြီး ပျင်းရိကြကာ သက်သောင့်သက်သာရှိမှုကို တပ်မက်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြသကဲ့သို့ အနည်းငယ် ဒုက္ခခံရသည့်အခါ မရပ်မနား ညည်းညူကြသည်။ ၎င်းတို့အများစုသည် သက်သောင့်သက်သာရှိမှုကို တပ်မက်သည့် ဝတ်ကျေတမ်းကျေ ယိုယွင်းပျက်စီးနေသောသူများ ဖြစ်ကြသည်။ ဤသို့သော လူငယ်များနှင့်ပတ်သက်၍ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်း မကြာခဏ မိတ်သဟာယဖွဲ့ရမည်မှာ မလွဲဧကန်ဖြစ်ပြီး ၎င်းတို့ကို ပြုပြင်ရန်မှာ သာ၍ပင် လိုအပ်သေးသည်။ ဤလူငယ်များတွင် တာဝန်ယူပြီး စောင့်ကြည့်ပေးမည့်သူတစ်ဦး ရှိရမည်ဖြစ်သည်။ ၎င်းတို့၏အလုပ်အတွက် ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုပေးရန် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ရှိရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့၏အလုပ်သည် အသီးအပွင့်အနည်းငယ် သီးပွင့်ပေမည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အလုပ်နေရာမှ ထွက်ခွာသွားပြီး အလုပ်ကို ဂရုမစိုက်ဘဲ မေးမြန်းခြင်းမရှိပါက ဤလူများသည် တစ်ပိုင်းတစ်စစီ ဖရိုဖရဲဖြစ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် လုံးဝ အသီးအပွင့် ဖြစ်ထွန်းမည် မဟုတ်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ထိုးထွင်းမမြင်ကြပေ။ ၎င်းတို့သည် လူတိုင်းကို ညီအစ်ကိုမောင်နှမများအဖြစ်၊ နာခံပြီး ကျိုးနွံနာခံသောလူများအဖြစ် မြင်ကြသောကြောင့် ၎င်းတို့အပေါ် အလွန်ယုံကြည်မှုရှိကြပြီး ၎င်းတို့ကို အလုပ်များ တာဝန်ပေးကာ နောက်ထပ် အရေးမစိုက်ကြတော့ပေ၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ မျက်စိကန်းခြင်းနှင့် ဉာဏ်မျက်စိကန်းခြင်း၏ အကောင်းဆုံးသော သက်သေပင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို လုံးဝနားမလည်ကြ၊ အရေးကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ကြသကဲ့သို့ မည်သည့်ပြဿနာများကိုမျှ ဖော်ထုတ်နိုင်စွမ်း မရှိကြသည့်တိုင် မိမိတို့ကိုယ်ကို ကောင်းကောင်းလုပ်ဆောင်နေသည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် တစ်နေ့လုံး မည်သည့်အရာကို တွေးတောနေကြသနည်း။ ၎င်းတို့သည် အရာရှိတစ်ဦးကဲ့သို့ မည်သို့ပြုမူရမည်နှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မည်သို့ခံစားရမည်ကို တွေးတောနေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အသိတရားကင်းမဲ့သောသူများကဲ့သို့ပင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှပင် အလေးမထားကြပေ။ ၎င်းတို့သည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ကြသည့်တိုင် ဘုရားအိမ်တော်က ၎င်းတို့ကို ချီးကျူးပြီး ရာထူးတိုးပေးရန် စောင့်ဆိုင်းနေကြသည်။ အမှန်တကယ်ပင် ၎င်းတို့သည် အရှက်တရားကို မသိကြပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)
အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များတွင် လိုအပ်သော စည်းမျဉ်းများနှင့် စံနှုန်းများကို ထိုးထွင်းသိမြင်ပြီး သဘောပေါက်နိုင်သလော။ (သဘောမပေါက်နိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ သဘောမပေါက်နိုင်သနည်း။ ၎င်းတို့သည် ဤအလုပ်၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကို ထိုးထွင်းမမြင်နိုင်သည့်အပြင် ယင်းကို စိစစ်ခြင်းလည်း မပြုနိုင်ပေ။ အလုပ်ကို တိကျစွာ အကောင်အထည်ဖော်နေသည့်အတောအတွင်းတွင် အထူးအခြေအနေများ ပေါ်ပေါက်လာသည့်အခါတွင် မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့ မသိကြပေ။ ဤအခြေအနေများထဲမှ တစ်ခုတွင် မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့အား ညီအစ်ကို မောင်နှမများက မေးမြန်းသည့်အခါ ၎င်းတို့ စိတ်ရှုပ်ထွေးသွားကြသည်။ “ဤအရာကို အလုပ်အစီအစဉ်တွင် ဖော်ပြမထားပါ၊ ကျွန်ုပ် မည်သို့ကိုင်တွယ်ရမည်ကို မည်သို့သိမည်နည်း”ဟူ၍ ဖြစ်သည်။ သင်သည် မသိလျှင် ဤအလုပ်ကို သင်မည်သို့ အကောင်အထည်ဖော်နိုင်မည်နည်း။ သင် သိပင်မသိဘဲ အခြားသူများကို အကောင်အထည်ဖော်ရန် စေခိုင်းနေသေးသည်။ ယင်းမှာ လက်တွေ့ကျသလော။ ယင်းမှာ ကျိုးကြောင်းဆီလျော်သလော။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ တစ်ချက်အနေဖြင့်၊၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အဆင့်များနှင့် အစီအစဉ်များကို လုံးဝမသိကြပေ။ နောက်တစ်ချက်အနေဖြင့်၊ ပြဿနာများ ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် အလုပ်အစီအစဉ်များက သတ်မှတ်သည့် စည်းမျဉ်းများအတိုင်း စိစစ်ခြင်းကို မလုပ်ဆောင်နိုင်ကြပေ။ ထို့ကြောင့် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အတောအတွင်းတွင် များပြားသော ပြဿနာပေါင်းစုံ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့ လုံးဝ မဖြေရှင်းနိုင်ကြပေ။ အစောပိုင်းအဆင့်များတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို ဖော်ထုတ်နိုင်ခြင်း သို့မဟုတ် ကြိုတင်မခန့်မှန်းနိုင်ခြင်း မရှိသည့်အပြင် ကြိုတင်၍ မိတ်သဟာယမဖွဲ့နိုင်သည့်အပြင်၊ နောက်ပိုင်းအဆင့်များတွင် ပြဿနာများ ပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ဘဲ အနှစ်မဲ့စွာဖြင့် အယူဝါဒများကို ဟောပြောပြီး စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးရုံသာ ကျင့်သုံးကြသောကြောင့်၊ ပြဿနာများက ပြန်ဖြစ်ပေါ်မြဲဖြစ်ပေါ်နေပြီး အချို့သောအလုပ်များက အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများ ကြုံရကာ အခြားအလုပ်များမှာ လုံလောက်သည့် အတိုင်းအတာအထိ အကောင်အထည်ဖော်ခြင်း မခံရပေ။ ဥပမာအားဖြင့် လူများကို ရှင်းလင်းပစ်ခြင်းနှင့် နှင်ထုတ်ခြင်းအတွက် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်နှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်ကို ဆောင်ရွက်သည့်အခါ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သိသာထင်ရှားသော ဆိုးယုတ်သည့်လူများ၊ အန္တိခရစ်များနှင့် နတ်ဆိုးများအပြင် ညီအစ်ကိုမောင်နှမများအားလုံးက ရွံရှာစက်ဆုပ်ပြီး မုန်းတီးကြသည့် မယုံကြည်သူများကိုသာ ရှင်းလင်းပစ်ကြသည်။ သို့ရာတွင် ရှင်းလင်းပစ်သင့်သည့် အချို့သောသူများ ရှိနေသေးသည်၊ ဆိုလိုသည်မှာ ထိုပုန်းကွယ်နေသော၊ မသိမသာ အန္တရာယ်ပေးတတ်သော၊ကောက်ကျစ်စဉ်းလဲသော ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်များ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ အယောင်ဆောင် ခေါင်းဆောင်များကလည်း ထိုးထွင်းမမြင်နိုင်ကြပေ။ အမှန်တွင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအရ၊ ဤလူများသည် ရှင်းလင်းပစ်ခြင်းခံရမည့် အဆင့်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်သောကြောင့် ဤလူတို့ကို လူကောင်းများအဖြစ် မှတ်ယူနေဆဲဖြစ်ပြီး ၎င်းတို့ကို အသင်းတော်၌ အာဏာစွဲကိုင်ခွင့်ပေးကာ အရေးကြီးသော အလုပ်နေရာများကို ရယူခွင့်ပေးလျက် အရေးကြီးသော အလုပ်အတွက် ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ပေးခြင်းနှင့် အသုံးပြုခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ သို့ဆိုလျှင် လူများကို ရှင်းလင်းပစ်ရန်နှင့် နှင်ထုတ်ရန် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်လော။ အမျိုးမျိုးသော ပြဿနာများကို စေ့စေ့စပ်စပ် ဖြေရှင်းနိုင်မည်လော။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်သည် ပုံမှန်အတိုင်း ရှေ့ဆက်နိုင်မည်လော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို စေ့စေ့စပ်စပ် အကောင်အထည်ဖော်နိုင်မည် မဟုတ်သည့်အပြင် အရေးကြီးသော အလုပ်များစွာကိုလည်း ကောင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ အယောင်ဆောင် ခေါင်းဆောင်များက အသုံးပြုသည့် လူများတွင် သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိသည့်အပြင် ဒုစရိုက်အမှုများကိုပင် ကျူးလွန်နိုင်သောကြောင့်၊ ဤအရာက အသင်းတော်အလုပ်၏ အမျိုးမျိုးသော အလုပ်ကိစ္စများကို ကောင်းစွာ မဆောင်ရွက်နိုင်အောင် တားဆီးလေသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤဆိုးယုတ်သောလူများကို အသင်းတော်၌ အရေးကြီးသော တာဝန်များကို ထမ်းဆောင်စေပြီး အရေးကြီးသော အလုပ်ကို တာဝန်ယူစေသည့်အပြင် ဤဆိုးယုတ်သောလူများကို ဘုရားသခင်၏ ပူဇော်သက္ကာများကို စီမံခန့်ခွဲရန်ပင် ခွင့်ပြုလျက် အသုံးပြုကြလေသည်။ ဤအရာက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည် မဟုတ်လော။ ယင်းကဘုရားသခင်၏ ပူဇော်သက္ကာများကို ဆုံးရှုံးမှုများ ဖြစ်စေလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ပြင်းထန်သော အကျိုးဆက်တစ်ခု ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို ထိုးထွင်းမမြင်နိုင်သောကြောင့်၊ ၎င်းတို့ကို စိစစ်နိုင်ခြင်းမရှိသည့်အပြင်၊ ဤဆိုးယုတ်သောလူများကို အရေးကြီးသော အလုပ်များ တာဝန်ယူခွင့်ပေးသောကြောင့် အလုပ်သည် လုံးဝ မအောင်မမြင်ဖြစ်သွားသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဤဆိုးယုတ်သောလူများသည် အမြဲ ဝတ်ကျေတမ်းကျေလုပ်ကြသည်။ ၎င်းတို့၏ အထက်လူကြီးများကို လှည့်စားကာ ၎င်းတို့၏ လက်အောက်ငယ်သားများ မသိအောင် အမှုအရာများကို ဖုံးကွယ်ထားကြသည့်အပြင် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် တမင်မဆင်မခြင် ပြုမူကြသည်၊ လူတို့ကို အထင်အမြင်မှားစေကာ ဒုစရိုက်အမှုမျိုးစုံကို ကျူးလွန်ကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ ပြဿနာများကို ၎င်းတို့ သတိပြုမိသည့်အချိန်တွင် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်ပွားနှင့်ပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဟီနန် သင်းအုပ်နယ်မြေတွင် ခေါင်းဆောင်များဖြစ်လာသည့် အချို့သော ဆိုးယုတ်သည့်လူများသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ခိုးယူရန် အမျိုးမျိုးသော စက်ဆုပ်ဖွယ် နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့သည် များပြားလှသော ပမာဏများကို ခိုးယူခဲ့ကြပြီး ဤပမာဏများကို မည်သည့်အခါမျှ ပြန်လည်မရရှိခဲ့ပေ။ ဤအရာသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက မှားယွင်းသောလူများကို ရွေးချယ်ပြီး အသုံးပြုခြင်းနှင့် ပတ်သက်မှု တစ်ခုတလေရှိသလော။ (ရှိပါသည်။) အလုပ်အစီအစဉ်များအရ၊ အကယ်၍ တစ်စုံတစ်ဦးသည် ရွေးချယ်ထားသော လူများကို ထိုးထွင်းမမြင်နိုင်လျှင် ၎င်းတို့ကို ဦးစွာ ရိုးရှင်းသော အလုပ်အချို့ လုပ်ဆောင်ရန် တာဝန်ပေးနိုင်ပြီး ထို့နောက်တွင်မူ လူတစ်ဦးက ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ပေးကာ အချိန်ကာလတစ်ခုကြာ ၎င်းတို့ကို စောင့်ကြည့်လေ့လာနိုင်သည်။ ထိုးထွင်းမြင်၍မရနိုင်သော လူများကို အထူးသဖြင့် အန္တရာယ်ဖြစ်ပေါ်စေလျှင် မည်သည့်အရေးကြီးသော အလုပ်ကိုမျှ လုံးဝ တာဝန်မပေးအပ်ရပေ။ ရေရှည်စောင့်ကြည့်လေ့လာပြီး ၎င်းတို့၏ အနှစ်သာရကို ထိုးထွင်းသိမြင်ပြီးမှသာ ၎င်းတို့ကို မည်သို့ သဘောထားပြီး ကိုင်တွယ်ရမည်ကို ဆုံးဖြတ်ချက်များ ချမှတ်သင့်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်ကြသည့်အပြင်၊ စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် လူတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ မှားယွင်းသောလူများကို အသုံးပြုကြသည်။ ဤအရာက အသင်းတော်အလုပ်နှင့် ဘုရားသခင်၏ ပူဇော်သက္ကာများ နှစ်ခုစလုံးတွင် ဆုံးရှုံးမှုများကို ဖြစ်စေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက ဖြစ်စေသည့် ဘေးဒုက္ခဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)
အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် လမ်းလွဲစေရန်အတွက် ဝိညာဉ်ရေးရာဆန်သည်ဟု မကြာခဏ ဟန်ဆောင်ပြီး အပေါ်ယံမှန်ကန်ပုံရသော်လည်း အမှန်တကယ်တွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာအချို့ကို ပြောဆိုကြသည်။ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အရာများသည် အပေါ်ယံအားဖြင့် ပြဿနာမရှိဟု ထင်ရသော်လည်း လူတို့၏ အသက်ဝင်ရောက်မှုအပေါ် ထိခိုက်နစ်နာစေသော သြဇာလွှမ်းမိုးမှုရှိပြီး လူတို့အား သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းမှ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် တားဆီးခြင်းတို့ကို ပြုသည်။ ဤဝိညာဉ်ရေးရာ အယောင်ဆောင်စကားများကြောင့် အချို့လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သံသယများနှင့် အတိုက်အခံလုပ်ခြင်းတို့ ဖြစ်ပေါ်လာကြပြီး ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ နားလည်မှုလွဲမှားခြင်းများပင် ဖြစ်ပေါ်ကာ ဘုရားသခင်အပေါ် သတိထားရှောင်ခြင်း ရှိလာပြီး ထို့နောက်တွင် ကိုယ်တော်နှင့် တဖြည်းဖြည်း အလှမ်းဝေးသွားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ ဝိညာဉ်ရေးရာ အယောင်ဆောင်ဆိုရိုးများ၏ လူတို့အပေါ် သက်ရောက်မှု ဖြစ်သည်။ အသင်းတော်တစ်ခု၏ အသင်းသားများသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံနေရစဉ်တွင် ထိုအသင်းတော်သည် လူတို့က လူ၏ဆိုရိုးများနှင့် သွန်သင်ချက်များကိုသာ လိုက်နာစောင့်ထိန်းကြသည့် ခရစ်ယာန်ဘာသာ သို့မဟုတ် ကက်သလစ်ဘာသာကဲ့သို့ပင် ဘာသာရေးတစ်ခု ဖြစ်လာသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်မည့်အစား၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များအစား ပေါလု၏စကားများကို အသုံးပြုသည်အထိပင် ပေါလု၏ သွန်သင်ချက်များကို ကိုးကွယ်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံးသည် ကြောင်သူတော်ဆန်သော ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်လာကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ ကျိန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရသည်။ ပေါလုကဲ့သို့ပင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြကာ လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသည်။ ၎င်းတို့သည် လူတို့ကို လမ်းမှားစေပြီး ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများထဲသို့ ပို့ဆောင်ကြကာ ဤလူတို့ ဘုရားသခင်ကို ယုံကြည်သည့်နည်းလမ်းသည် ဘာသာရေးသမားများနှင့် တစ်ထေရာတည်း ဖြစ်လာ၍ ယင်းက ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ၎င်းတို့၏ ဝင်ရောက်ခြင်းကို နှောင့်နှေးစေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို အဆက်မပြတ် အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသဖြင့် ထိုလူတို့သည် ဝိညာဉ်ရေးရာ အယောင်ဆောင် သဘောတရားများနှင့် ဆိုရိုးများစွာကို ဖန်တီးကြသည်။ ဤသဘောတရားများ၊ ဆိုရိုးများနှင့် အလေ့အထများသည် သမ္မာတရားနှင့် လုံးဝပင် ဆန့်ကျင်ဘက်ဖြစ်ပြီး ယင်းနှင့် လုံးဝပင် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို အထင်အမြင်မှားစေပြီး လမ်းလွဲစေစဉ်တွင် ၎င်းတို့သည် ဤအရာများကို အပြုသဘောဆောင်သောအရာများအဖြစ်၊ သမ္မာတရားအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ဤအရာများကို သမ္မာတရားဖြစ်သည်ဟု တလွဲယုံကြည်ကြပြီး ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်သရွေ့၊ ယင်းတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သရွေ့၊ ပြီးလျှင် ထိုအရာများကို လူတိုင်းက ထောက်ခံသရွေ့ ၎င်းတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ထင်မှတ်ကြသည်။ ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ လမ်းလွဲစေခြင်းကို ခံရသဖြင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိသည်သာမက သမ္မာတရား လက်တွေ့ကျမှုကို ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တွေ့ကြုံခံစားရန် မတတ်နိုင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပို၍ပင် အလှမ်းဝေးလာကြပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သာ၍ပင် အလှမ်းဝေးလာကြသည်။ အပေါ်ယံအားဖြင့်မူ အယောင်ဆောင်ခေါင်းဆောင်များ ပြောဆိုသည့် စကားလုံးများနှင့် ၎င်းတို့ ဟစ်ကြွေးသည့် ဆောင်ပုဒ်တို့၌ မှားယွင်းသောအရာ မရှိပေ၊ ယင်းတို့အားလုံးသည် မှန်ကန်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မည်သည့်အရာမျှ စွမ်းဆောင်ရရှိခြင်း မရှိရသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ သိမြင်ခံစားပြီး သဘောပေါက်နားလည်သည့်အရာသည် အလွန်တရာ အပေါ်ယံဆန်လွန်းသောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်များထဲရှိ သမ္မာတရား လက်တွေ့ကျမှု၊ ဘုရားသခင်၏ တောင်းဆိုချက်များ သို့မဟုတ် သူ၏ ရည်ရွယ်ချက်များနှင့် မသက်ဆိုင်သည့် အယူဝါဒနှင့်ဆိုင်သော အရာများသာ ဖြစ်သည်။ အမှန်တကယ်တွင် အယောင်ဆောင်ခေါင်းဆောင်များ တရားဟောသည့် အယူဝါဒအားလုံးသည် သမ္မာတရား လက်တွေ့ကျမှုနှင့် များစွာ ကွာခြားသည်၊ တိတိကျကျဆိုရလျှင် ယင်းတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် ဤစကားလုံးများနှင့် အယူဝါဒများကို မကြာခဏ တတွတ်တွတ် ပြောဆိုသည့်အခါ ယင်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အစဉ်သဖြင့် စွမ်းဆောင်နိုင်ခြင်း မရှိကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အစွမ်းအစ ညံ့ဖျင်းပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည်မှာ လုံးဝ သေချာပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ပါစေ သမ္မာတရားကို နားလည်မည်မဟုတ်သကဲ့သို့ အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ပါစေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ဟုလည်း ဆိုနိုင်ပေသည်။ အကယ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို မဖြုတ်ချဘဲ ၎င်း၏ရာထူး၌ ဆက်လက်ထားရှိခွင့်ပြုပါက မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းသည် သာ၍များသော လူတို့ကို ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့် စည်းမျဉ်းစည်းကမ်းများထဲသို့လည်းကောင်း၊ စကားလုံးများနှင့် အယူဝါဒများထဲသို့လည်းကောင်း၊ မရေရာသော အယူအဆများနှင့် စိတ်ကူးများထဲသို့လည်းကောင်း ပို့ဆောင်သွားလိမ့်မည်။ အန္တိခရစ်များနှင့် မတူသည့်အချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို ၎င်းတို့၏ရှေ့မှောက်သို့ဖြစ်စေ၊ စာတန်၏ရှေ့မှောက်သို့ဖြစ်စေ လာရောက်ရန် ဦးဆောင်ခြင်း မပြုသော်လည်း အကယ်၍ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဦးဆောင်နိုင်ပါက ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ကိုယ်တော်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရနိုင်မည်လော။ လုံးဝ မခံရနိုင်ပေ။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ပါက ၎င်းတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေကြဆဲ မဟုတ်လော။ ၎င်းတို့သည် စာတန်၏ အာဏာအောက်တွင် ချုပ်နှောင်ခံထားရသည့် ဖောက်ပြန်ပျက်စီးသူများ ဖြစ်နေကြဆဲ မဟုတ်လော။ ဤသည်မှာ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ လက်ထဲတွင် ပျက်စီးခြင်းသို့ ရောက်ရှိသွားမည်ဟု ဆိုလိုခြင်း မဟုတ်လော။ ထိုအကြောင်းကြောင့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ အလုပ်၏ အကျိုးဆက်များသည် အခြေခံအားဖြင့် တူညီခြင်း ဖြစ်သည်။ နှစ်ဦးစလုံးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရားကို နားလည်စေရန်၊ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန်နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိစေရန် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ထိခိုက်နစ်နာစေပြီး ပျက်စီးခြင်းသို့ ရောက်စေသည်။ အကျိုးဆက်များသည် အတိအကျ တူညီပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)