၂။ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးယုတ်သူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးယုတ်သူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် နေထိုင်ရန် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏ရည်ရွယ်ချက်များကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးယုတ်သူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးယုတ်သူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

ယခုတွင် ငါသည် ငါ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သူလူတစ်စု၊ ငါ၏ဝန်ထုပ်တို့ကို နားလည်စာနာပေးနိုင်သူလူတစ်စုကို တတ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်လိုသည်။ သို့သော် ငါသည် အသင်းတော်ကို သန့်ရှင်းစေခြင်းနှင့် စင်ကြယ်စေခြင်းကို မချုပ်တည်းနိုင်ပေ၊ အသင်းတော်သည် ငါ၏နှလုံးသားဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်ကို သင်တို့ စားသောက်ခြင်းမရှိရန် တားဆီးသော ဆိုးယုတ်သူတို့ကို ငါစက်ဆုပ်ရွံရှာ၏။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ငါ့ကိုအမှန်တကယ် အလိုမရှိသည့် အခြားလူအချို့ ရှိခြင်းကြောင့် ဖြစ်သည်။ ဤလူတို့သည် လိမ်ညာမှုနှင့်ပြည့်ဝလျက်၊ ၎င်းတို့သည် စစ်မှန်သောစိတ်နှလုံးဖြင့် ငါ့ထံသို့မတိုးဝင်ကြပေ၊ ၎င်းတို့သည် ဆိုးယုတ်ကြပြီး ငါ၏အလိုတော်ကို ဆောင်ရွက်ရာတွင် တားဆီးနှောင့်ယှက်သူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများ မဟုတ်ကြပေ။ ဤသူတို့သည် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းနှင့် မာနကြီးခြင်းတို့ဖြင့် ပြည့်ဝလျက်၊ ၎င်းတို့သည် လွန်လွန်ကဲကဲ ရည်မှန်းချက် ကြီးလွန်းကြသည်၊ ၎င်းတို့သည် အထက်စီးမှ ဆက်ဆံခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့၏စကားမှာ နားဝင်ချိုလှသော်လည်း ၎င်းတို့သည် သမ္မာတရားကို တိတ်တဆိတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ဤဆိုးယုတ်သူတို့သည် အဆက်ဖြတ်ခြင်းနှင့် ဖယ်ရှားခြင်းကို ခံရမည်၊ ၎င်းတို့သည် ဘေးဒုက္ခအလယ်တွင် ဆင်းရဲခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၄)

သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်ခြင်း၊ ရိုးသားစွာ မပြုမူနိုင်ခြင်း၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ပွင့်အံချသောသူများသည် စာတန်၏ အစေခံများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရှင်းလင်းရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပါက၊ ဘုရားသခင်ကို နာခံသော စိတ်နှလုံး မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ ဘာသာတရားမရှိသူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် ဘာသာတရားမရှိသူများထက်ပင် ပို၍ ကောက်ကျစ်ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ပွင့်အံချတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ ရန်တိုက်ပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းခံရမည့်သူများ ဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ စာတန်၏ စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ဖယ်ရှားခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေခံများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဆိုးယုတ်သော လူများသည် ကောက်ကျစ်ဆိုးယုတ်သော၊ ရက်စက်ယုတ်မာပြီး အဆိပ်ရှိသော အရာများကို ချစ်ကြ၏။ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများနှင့် ဆက်နွှယ်သည့် အရာများ အားလုံးကို နှစ်သက်ကြသည်။ သင်က ၎င်းတို့အား အပြုသဘောဆောင်သောအရာများအကြောင်းကို ဖြစ်စေ၊ တစ်စုံတစ်ရာသည် လူများအား အကျိုးရရှိစေပြီး ဘုရားသခင်ထံမှ လာပုံအကြောင်းကို ဖြစ်စေ ပြောပြသည့်အခါ၊ ၎င်းတို့သည် ဝမ်းသာခြင်း မရှိ၊ ယင်းတို့ကို နားထောင်ရန် စိတ်မဝင်စားကြပေ။ ၎င်းတို့တွင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိကြချေ။ လူတစ်ယောက်သည် ၎င်းတို့အား သမ္မာတရားကို မည်သို့ ကောင်းမွန်စွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့အား မည်သို့ လက်တွေ့ကျစွာ ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့က စိတ်မဝင်စားခြင်းသာ ဖြစ်သည်။ ရန်လိုမှုနှင့် မုန်းတီးမှုကိုပင် ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သို့သော် တစ်စုံတစ်ယောက်က ဇာတိသွေးသား အပျော်အပါးများအကြောင်း ပြောဆိုနေသည်ကို ၎င်းတို့ ကြားရသည့်အခါ၊ ၎င်းတို့၏ မျက်လုံးများသည် ဝင်းလက်ကြကုန်၏။ ၎င်းတို့သည် ခွန်အားအပြည့် ဖြစ်လာကြ၏။ ဤသည်မှာ ကြောက်စရာကောင်းပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ကြင်နာသနားတတ်ခြင်း မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အမှန်တကယ် မနှစ်သက်နိုင်ကြပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ သဘောထားကြသနည်း။ ၎င်းတို့သည် ယင်းတို့ကို စက်ဆုပ်ရွံရှာပြီး၊ အထင်အမြင်သေးကြ၏။ ၎င်းတို့သည် ဤအရာများကို ပြက်ရယ်ပြုကြ၏။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းနှင် ပတ်သက်လာသည့်အခါ ၎င်းတို့က “ရိုးသားခြင်းသည် သင့်အား ဆိုးကျိုးသာ ဖြစ်စေသည်။ ကျွန်ုပ်သည် ယင်းကို ငြင်းဆိုရလိမ့်မည်။ သင်က ရိုးသားသည်ဆိုလျှင်၊ သင်သည် လူနုံလူအတစ်ယောက်သာ ဖြစ်သည်။ သင့်ကိုယ် ကြည့်လော့၊ မိမိကိုယ်တိုင်၏ အနာဂတ်၊ မိမိ၏ ကျန်းမာရေးကို တစ်ကြိမ်မျှ ထည့်မစဉ်းစားဘဲ၊ မိမိတာဝန်ကို ထမ်းဆောင်ရန် ပင်ပန်းဆင်းရဲခံကာ ကြိုးစားအားထုတ်နေသည်။ သင်သည် ခြေကုန်လက်ပန်းကျသောကြောင့် ပြိုလဲလျှင်၊ မည်သူက ဂရုစိုက်ပေးမည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကို ခြေကုန်လက်ပန်းကျစေ၍ မဖြစ်ပါ” ဟု စဉ်းစားကြသည်။ အခြားသူ တစ်ဦးတစ်ယောက်ကလည်း၊ “ကျွန်ုပ်တို့ ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ချန်ကြပါစို့။ ကျွန်ုပ်တို့သည် ငတုံးငအများကဲ့သို့ ခါးကျိုးအောင် လုပ်ဆောင်နေ၍ မဖြစ်ပေ။ ကျွန်ုပ်တို့၏ အရန် အစီအစဉ်ကို ကြိုတင်ပြင်ဆင်ရမည်၊ ထို့နောက်အနည်းငယ်မျှသာ အားထုတ်ကြရမည်” ဟု ပြောကောင်း ပြောပေမည်။ ထိုဆိုးယုတ်သော လူများသည် ဤစကားကို ကြားကြသည့်အခါ ဝမ်းသာကြလိမ့်မည်။ ယင်းမှာ ၎င်းတို့ လိုချင်သောအရာအတိအကျ ဖြစ်သည်။ သို့သော် ဘုရားသခင်ကို အကြွင်းမဲ့ နာခံခြင်းနှင့် မိမိ၏ တာဝန်အတွက် သစ္စာစောင့်သိစွာ မိမိကိုယ်ကို အသုံးခံခြင်းတို့နှင့် ပတ်သက်လာလျှင်၊ ၎င်းတို့သည် ပစ်ပစ်ခါခါ ငြင်းဆိုကာ အလွန်မုန်းတီးကြပြီး ထိုအရာများကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ ဤသို့သော လူတစ်ယောက်သည် ဆိုးသည် မဟုတ်လော။ ဤကဲ့သို့သော လူများအားလုံးတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိကြသည်။ သင် ပြုလုပ်ရမည်မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို ၎င်းတို့နှင့် ဆွေးနွေးခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ခါးခါးသီးသီး ငြင်းပယ်ကာ၊ နားထောင်ရန် ဆန္ဒမရှိ ဖြစ်လာကြတော့သည်။ ဤအရာသည် ၎င်းတို့၏ မာနကို ထိခိုက်စေသည်၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ၎င်းတို့အနေဖြင့် ယင်းမှတစ်ဆင့် အကျိုး မရရှိနိုင်ကြဟု ၎င်းတို့က တွေးထင်ကြလိမ့်မည်။ စိတ်အတွင်း၌ ၎င်းတို့က “သမ္မာတရားအကြောင်း၊ လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို မနားတမ်း ပြောဆိုနေသည်။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းအကြောင်းကို အမြဲ ဆွေးနွေးနေသည်။ ရိုးသားခြင်းသည် သင့်ကို ကျွေးမွေးနိုင်သလော။ ရိုးသားစွာ ပြောဆိုခြင်းသည် သင့်ကို ငွေကြေး ရစေနိုင်သလော။ လိမ်ညာခြင်းသည်သာ ကျွန်ုပ် အကျိုးအမြတ်ရရှိမည့် နည်းလမ်းဖြစ်သည်” ဟူ၍ ပြောကြလိမ့်မည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှု ဖြစ်သနည်း။ သူခိုးဓားပြတစ်ယောက်၏ ဆင်ခြင်တွေးခေါ်မှု ဖြစ်ပေသည်။ ဤသည်မှာ ဆိုးသောစိတ်သဘောထားတစ်ခု မဟုတ်လော။ ဤလူပုဂ္ဂိုလ်သည် ကြင်နာသနားတတ်သလော။ (မကြင်နာမသနားတတ်ပါ။) ဤလူပုဂ္ဂိုလ်မျိုးသည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့ အမှန်တကယ် ဆက်ကပ်သော၊ အသုံးခံသော၊ စွန့်လွှတ်သော အရာအနည်းငယ်သည် ရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်ခြင်းသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြိုတင်၍ ကောင်းစွာ အပိုင်ကြံထားသော အရာတစ်ခု ဖြစ်၏။ အပြန်အလှန်အားဖြင့် ပို၍ ရရှိမှသာ တစ်စုံတစ်ခုအား အပေးအယူ လုပ်ရန် ကောင်းသည်ဟု ၎င်းတို့က ထင်ကြသည်သာ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သော၊ ဆိုးသော စိတ်သဘောထား တစ်ခု ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်

အသင်းတော်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မကြာခဏ နှောင့်ယှက်သောသူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦးနှင့် ဆိုးယုတ်သောလူတစ်ဦးဖြစ်ပြီး၊ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ရမည်။ ထိုလူ မည်သူဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့သည် အတိတ်တွင် မည်သို့ ပြုမူခဲ့သည်ကိုဖြစ်စေ ထည့်မစဉ်းစားဘဲ၊ အကယ်၍ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ပြီး၊ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်ကာ၊ မိမိတို့ကိုယ်ကို အားနည်းချက်ရှိသော အကြောင်းပြချက်ဖြင့် အမြဲတစေ ခုခံကာကွယ်ပါက၊ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ရမည်။ ဤချဉ်းကပ်နည်းသည် လုံးဝ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဖြစ်ပြီး၊ သမ္မာတရား စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း အပြည့်အဝ ကိုက်ညီသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်၏အလုပ်သည် ဆိုးယုတ်သော ပုဂ္ဂိုလ်အနည်းငယ်၏ အငြင်းပွားမှုများနှင့် ကျိုးကြောင်းမညီညွတ်သော ပြဿနာရှာခြင်းတို့ကြောင့် ထိခိုက်ခြင်းမခံရသင့်ပေ၊ ယင်းသည် မထိုက်တန်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသော လူများအတွက်လည်း မမျှတပေ။

...အချို့လူများတွင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို ထိခိုက်စေသော သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော တစ်စုံတစ်ရာကို ပြောဆိုမိပါက၊ ၎င်းတို့က ထိုလူကို မုန်းတီးမည်ဖြစ်ပြီး၊ ၎င်းတို့ကို တိုက်ခိုက်ရန်နှင့် လက်စားချေရန် နည်းလမ်းများကို စဉ်းစားလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ သို့မဟုတ် ၎င်းတို့ကို မည်သို့ပင် ပြုပြင်စေကာမူ၊ ၎င်းတို့သည် လက်မခံကြပေ။ ၎င်းတို့သည် သေသည့်တိုင် နောင်တမရဘဲ၊ အသင်းတော်အသက်တာကို ဆက်လက်နှောင့်ယှက်ကြမည်ဖြစ်သည်။ ဤအရာက ၎င်းတို့အနေဖြင့် ဆိုးယုတ်သောလူများဖြစ်ကြောင်း သက်သေပြသည်။ ငါတို့သည် ဤဆိုးယုတ်သောလူစားမျိုးများကို ဆက်လက်သည်းခံမနေသင့်တော့ပေ။ ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း အသင်းတော်မှ ဖယ်ထုတ်ပစ်သင့်သည်။ ဤသည်မှာ ဤပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကြမ်းတမ်းသော စိတ်သဘောထားရှိသော ထိုလူများသည် မည်သည့်အမှားများကို ပြုလုပ်ပြီးဖြစ်စေ၊ မည်သည့်မကောင်းသောအရာများကို လုပ်ဆောင်ပြီးဖြစ်စေ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့အား ဖော်ထုတ်ခွင့် သို့မဟုတ် ပြုပြင်ခွင့် ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဖော်ထုတ်ပြီး စိတ်ဆိုးစေလျှင် ၎င်းတို့သည် ဒေါသထွက်လိမ့်မည်။ လက်တုံ့ပြန်လိမ့်မည်။ ပြီးလျှင် ဤပြဿနာကို မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြားလူများအပေါ် စိတ်ရှည်ခြင်း၊ သည်းခံခြင်းမရှိပေ။ ပြီးလျှင် ထိုလူများအပေါ် သည်းခံမှုကို ကျင့်သုံးခြင်း မရှိပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းသည် မည်သည့်စည်းမျဉ်းကို အခြေခံသနည်း။ “သစ္စာဖောက်ခံရမည့်အစား ကျွန်ုပ်ကိုယ်တိုင်က သစ္စာဖောက်မည်” ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် မည်သူ၏ စိတ်ဆိုးအောင်လုပ်ခြင်းကိုမျှ ၎င်းတို့က သည်းမခံပေ။ ဤသည်မှာ ဆိုးယုတ်သောလူတို့၏ တွေးခေါ်ပုံမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဆိုးယုတ်သောလူများ၏ တွေးခေါ်ပုံဖြစ်သည်။ မည်သူ့ကိုမျှ ၎င်းတို့ကို စော်ကားခွင့် မပေးပေ။ ၎င်းတို့အတွက် တစ်ဦးတလေက ၎င်းတို့ကို အနည်းငယ်မျှပင် စေ့ဆော်ခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ပြီးလျှင် ဤသို့ပြုလုပ်သောသူ မည်သူကိုမဆို ၎င်းတို့က မုန်းတီးသည်။ ၎င်းတို့သည် လက်တုံ့ပြန်ရန် ထိုသူနောက်သို့ လိုက်နေမည်ဖြစ်ပြီး ဤကိစ္စကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိသည်ကို သင် တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ကြီးမားသော မကောင်းမှုကို ၎င်းတို့ မလုပ်နိုင်မီတွင် ဆိုးယုတ်သောလူများကို ခွဲထုတ်သင့်သည် သို့မဟုတ် ရှင်းလင်းပစ်သင့်သည်။ ဤအရာက ၎င်းတို့ပြုလုပ်သည့် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေလိမ့်မည်။ ဤသည်မှာ ဉာဏ်ရှိသော ရွေးချယ်မှုဖြစ်သည်။ ဆိုးယုတ်သောလူတစ်ယောက်ကို ကိုင်တွယ်ရန်အတွက် ထိုသူက ဘေးဒုက္ခတစ်မျိုးမျိုး ဖြစ်စေပြီးသည်အထိ ခေါင်းဆောင်များနှင့် အမှုဆောင်များက စောင့်နေလျှင် ၎င်းတို့သည် ဘာသိဘာသာ နေခြင်းဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလွန်မိုက်မဲကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင် စည်းမျဉ်းမရှိကြောင်း သက်သေပြလိမ့်မည်။ ဤမျှ မိုက်မဲပြီး မသိနားမလည်သော ခေါင်းဆောင်များနှင့် အမှုဆောင်အချို့ ရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မကိုင်တွယ်မီ ခိုင်လုံသော သက်သေအထောက်အထား ရရှိသည်အထိ မရမက စောင့်ဆိုင်းကြသည်။ အကြောင်းမှာ ယင်းသည် ၎င်းတို့၏ စိတ်ကို သက်သာရာရစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ၎င်းတို့ ထင်သောကြောင့် ဖြစ်သည်။ သို့သော် အမှန်တွင်၊ တစ်စုံတစ်ဦးက ဆိုးယုတ်ကြောင်းကို သေချာစေရန် သင်သည် ခိုင်လုံသော သက်သေအထောက်အထား မလိုအပ်ပေ။ ၎င်းတို့၏ နေ့စဉ်စကားများနှင့် အပြုအမူများအားဖြင့် သင် ခွဲခြားနိုင်သည်။ ၎င်းတို့ ဆိုးယုတ်ကြောင်း သင် သေချာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို ကန့်သတ်ခြင်း သို့မဟုတ် သီးခြားခွဲထားခြင်းဖြင့် စတင်နိုင်သည်။ ဤအရာက အသင်းတော်၏အလုပ်ကိုဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကိုဖြစ်စေ မထိခိုက်ကြောင်း သေချာစေလိမ့်မည်။...ငါ့ကို ပြောလော့၊ အကယ်၍ တစ်စုံတစ်ဦးသည် ဆိုးယုတ်သောလူတစ်ဦးအဖြစ် သတ်မှတ်ခံရပါက၊ ၎င်းတို့ကို ကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုအပ်သေးသလော။ (မလိုအပ်ပါ)။ ၎င်းတို့ကို အခွင့်အရေးပေးရန် မလိုအပ်ပေ။ အချို့လူများသည် ဆိုးယုတ်သောသူများကို နောင်တရရန် အခွင့်အရေးကို အမြဲပေးလျက် အလွန်“ချစ်ခြင်းမေတ္တာ” များလှသော်လည်း ဤသည်က အကျိုးတစ်ခုတလေ ရရှိနိုင်သလော။ ဤသည်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အမှန်တကယ် နောင်တရနိုင်သော ဆိုးယုတ်သည့် လူတစ်ဦးတလေကို သင်တို့ မြင်ဖူးသလော။ မည်သူမျှ မမြင်ဖူးပေ။ ဆိုးယုတ်သောလူများ နောင်တရရန် မျှော်လင့်ခြင်းသည် အဆိပ်ပြင်းသောမြွေများကို သနားခြင်းနှင့်တူသည်။ ယင်းသည် သားရဲတိရစ္ဆာန်များကို သနားခြင်း ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ အနှစ်သာရကို အခြေခံ၍၊ ဆိုးယုတ်သောလူများသည် အပြုသဘောဆောင်သည့်အရာများကို မည်သည့်အခါမျှ ချစ်မည်မဟုတ်ကြောင်း၊ သမ္မာတရားကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ကြောင်းနှင့် မည်သည့်အခါမျှ နောင်တရမည်မဟုတ်ကြောင်း သတ်မှတ်၍ရနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့၏ အဘိဓာန်တွင် “နောင်တတရား” ဟူသော စကားလုံးကို တွေ့ရလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့အား သင် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အကျိုးစီးပွားများကို ဘေးဖယ်ထားမည်မဟုတ်ဘဲ၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေမည်ဖြစ်ကာ မည်သူမျှ ၎င်းတို့ကို မဖျောင်းဖျနိုင်ပေ။ အကယ်၍ ၎င်းတို့သည် ဆုံးရှုံးမှုတစ်ခုကို ခံစားရပါက၊ ယင်းသည် ၎င်းတို့အတွက် သည်းမခံနိုင်စရာဖြစ်ပြီး၊ ၎င်းတို့သည် အခြားသူများကို ထိုအကြောင်းနှင့်ပတ်သက်၍ အဆုံးမရှိ အပူကပ်ကြလိမ့်မည်။ မည်သည့်ဆုံးရှုံးမှုကိုမျှ ခံစားရန် မလိုလားသော ထိုသို့သောလူများသည် မည်သို့ အမှန်တကယ် နောင်တရနိုင်မည်နည်း။ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သော လူများသည် မိမိတို့၏ အကျိုးစီးပွားများကို အရာအားလုံးထက် ဦးစားပေးသောသူများဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများဖြစ်ပြီး၊ မည်သည့်အခါမျှ နောင်တရလိမ့်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)

ညီအစ်ကိုမောင်နှမများအတွက် လုံးဝ ချစ်ခြင်းမေတ္တာမရှိသောသူတစ်ဦးသည် မည်သည့် လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် လူအချင်းချင်း ဆက်ဆံရေး အနည်းငယ်မျှပင် အဘယ်ကြောင့် မရှိကြသနည်း။ ဤလူစားမျိုးသည် မည်သူနှင့်ပင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ ဤပေါင်းသင်းဆက်ဆံမှုများကို အကျိုးစီးပွားများ၊ အပေးအယူများနှင့်သာ ဆက်စပ်ကြသည်။ အကယ်၍ အကျိုးစီးပွားများ သို့မဟုတ် အပေးအယူများ မပါဝင်ပါက၊ ၎င်းတို့သည် လူတို့ကို အရေးလုပ်ကြလိမ့်မည် မဟုတ်ပေ။ ဤလူစားမျိုးသည် ဆိုးယုတ်သည် မဟုတ်လော။ အချို့လူများသည် သမ္မာတရားကို မလိုက်စားဘဲ ခံစားချက်များကိုသာ အခြေခံ၍ အသက်ရှင်ကြသည်။ ၎င်းတို့ကို ကောင်းစွာဆက်ဆံသည့်သူ မည်သူကိုမဆို၊ ၎င်းတို့က ထိုသူနှင့် ရင်းရင်းနှီးနှီးနေကြပြီး၊ ၎င်းတို့ကို ကူညီသူ မည်သူကိုမဆို ၎င်းတို့က အကောင်းမြင်ကြသည်။ ထိုသို့သောလူများတွင်လည်း ပုံမှန် လူအချင်းချင်း ဆက်ဆံရေးများ မရှိကြပေ။ ၎င်းတို့သည် ခံစားချက်များကိုသာ အခြေခံ၍ အသက်ရှင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မျှတစွာနှင့် တရားသဖြင့် ဆက်ဆံနိုင်သလော။ ဤသည်မှာ လုံးဝ မရရှိနိုင်ပေ။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူများနှင့်ဖြစ်စေ ပုံမှန် လူအချင်းချင်း ဆက်ဆံရေး မရှိသောသူ မည်သူမဆိုသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသောသူတစ်ဦးဖြစ်သည်၊ ပုံမှန်လူ့သဘာဝမရှိသောသူတစ်ဦးဖြစ်ပြီး၊ သမ္မာတရားကို ချစ်သောသူတစ်ဦး သေချာပေါက် မဟုတ်ပေ။ ဤပုဂ္ဂိုလ်များသည် ဘာသာတရား မရှိသူများထဲတွင် သိမ်ဖျင်းသော တေလေကြမ်းပိုးများနှင့် ဘာမျှမခြားနားပေ။ ၎င်းတို့သည် မိမိတို့အတွက် အကျိုးရှိသောသူ မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံပြီး အကျိုးမရှိသောသူများကိုမူ လျစ်လျူရှုကြသည်။ ထို့အပြင်၊ ၎င်းတို့သည် တစ်စုံတစ်ဦးက သမ္မာတရား လိုက်စားသည်ကို မြင်သည့်အခါ သို့မဟုတ် လူတိုင်းက လေးစားပြီး နှစ်သက်သောသူတစ်ဦးဖြစ်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအား မျှဝေနိုင်သော တစ်စုံတစ်ဦးကို မြင်သည့်အခါ၊ ၎င်းတို့သည် မနာလိုဖြစ်ပြီး မုန်းတီးလာကာ၊ သမ္မာတရားကို လိုက်စားသော ဤလူများကို ဝေဖန်ရန်နှင့် ရှုတ်ချရန်အတွက် အချက်အလက်များ စုဆောင်းရန် အရာရာကို ကြိုးစားကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ လုပ်ဆောင်သည့်အရာ မဟုတ်လော။ ထိုသို့သောလူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များထက် ပိုဆိုးသည်။ ၎င်းတို့သည် လူတို့ကို မှန်ကန်စွာ မဆက်ဆံနိုင်ကြ၊ အခြားသူများနှင့် ပုံမှန် ပေါင်းသင်းဆက်ဆံ၍မရကြ၊ ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ပုံမှန် လူအချင်းချင်း ဆက်ဆံရေးများကို မတည်ဆောက်နိုင်ကြသည့်အပြင်၊ သမ္မာတရားကို လိုက်စားသောသူများကိုပင် မုန်းတီးနိုင်သည်။ ထိုသို့သောလူများသည် ကောင်းကင်ဘုံနှင့် အခြားလူများအကြောင်းကို အမြဲတစေ စောဒကတက်လျက် မိမိတို့၏ စိတ်နှလုံးထဲတွင် အလွန် အထီးကျန်ပြီး တစ်ကိုယ်တည်းဖြစ်သည်ဟု ခံစားရမည်ဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်နေထိုင်ရာတွင် မည်သည့်ပျော်ရွှင်မှု သို့မဟုတ် အဓိပ္ပာယ် ရှိသနည်း။ ဤလူများသည် စိတ်သဘောထားအားဖြင့် ရက်စက်ကြမ်းကြုတ်ပြီး၊ မည်သူနှင့်ပင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ အသေးအဖွဲကိစ္စများနှင့်ပတ်သက်၍ လူတို့အပေါ် ၎င်းတို့ကို ရှုတ်ချကာ လက်စားချေလျက်၊ ၎င်းတို့အပေါ် ဘေးဒုက္ခများကို သက်ရောက်စေလျက် မုန်းတီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့သော ဆိုးယုတ်သည့် လူပုဂ္ဂိုလ်များသည် အစစ်အမှန် နတ်ဆိုးများဖြစ်ပြီး၊ ၎င်းတို့ နေထိုင်သည့် နေ့ရက်တိုင်း အသင်းတော်ကို ဘေးဒုက္ခဖြစ်စေသည်။ ကို အကယ်၍ ၎င်းတို့သည် အချိန်ကြာမြင့်စွာ နေထိုင်ပါက၊ ဘေးဒုက္ခများက အဆုံးမရှိ ဖြစ်လိမ့်မည်။ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်းအားဖြင့်သာ ဘေးဒုက္ခများကို ရှောင်လွှဲနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)

ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောလူတို့သည် ပြုမူဆောင်ရွက်သည့်အခါ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ တွေးတောကြပြီး မိမိတို့ နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စကားများသည် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများနှင့် မိစ္ဆာဒိဋ္ဌိအယူများမှလွဲ၍ မည်သည့်အရာမျှမဟုတ်ဘဲ ၎င်းတို့သည် အသိခေါက်ခက်အဝင်နက်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် လျှံထွက်နေသည်။ မိမိတို့အတွက် ဒုက္ခကို လက်ယပ်ခေါ်သလို ဖြစ်မည်စိုးသောကြောင့် မည်သူကမျှ ၎င်းတို့နှင့် မပတ်သက်ဝံ့သလို မည်သူကမျှ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ချင်စိတ်မရှိပေ။ အခြားလူတို့သည် ၎င်းတို့ကို စိတ်ထဲရှိသည့်အတိုင်းပြောရန် ရင်တမမဖြစ်ကြကာ ၎င်းတို့ မနှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် မကိုက်သည့် စကားတစ်ခွန်းပြောမိလျှင် ယင်းကို မလွတ်တမ်းအသုံးချပြီး တရားလွန်ဖြစ်သော စွပ်စွဲမှုများကို ပြုလုပ်မည်ကို စိုးရွံ့ကြသည်။ ဤသို့သောသူများက မဆိုးယုတ်သလော။ အသက်ရှင်နေသော မကောင်းဆိုးဝါးများမဟုတ်လော။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် စိတ်မချရသော တွေးခေါ်စဉ်းစားမှုရှိသည့်သူများအားလုံးသည် အသက်ရှင်နေသော မကောင်းဆိုးဝါးများဖြစ်သည်။ တစ်စုံတစ်ယောက်က အသက်ရှင်နေသော မကောင်းဆိုးဝါးတစ်ကောင်နှင့် အဆက်အဆံပြုသောအခါ ခဏတာ ပေါ့ဆမှုလေးဖြင့် သူ့ကိုယ်သူ ဘေးဒုက္ခဖြစ်စေနိုင်သည်။ ဤသို့သော သက်ရှိမကောင်းဆိုးဝါးများသည် အသင်းတော်တွင်ရှိနေလျှင် ပြဿနာကြီးဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်သည်။) ဤသက်ရှိမကောင်းဆိုးဝါးများသည် ဝုန်းဒိုင်းကြဲကာ ဒေါသူပုန်ထပြီးသည့်နောက်တွင် လူသားတစ်ယောက်ကဲ့သို့ ခဏတာ စကားပြောနိုင်ပြီး တောင်းပန်ကောင်း တောင်းပန်နိုင်သည်။ သို့သော် နောက်ပိုင်းတွင် ပြောင်းလဲမည်မဟုတ်ပေ။ သူတို့၏ စိတ်အခြေအနေသည် မည်သည့်အချိန်တွင် ဆိုးရွားသွားမည်ကိုလည်းကောင်း၊ သူတို့၏ ယုတ္တိမတန်သော အကြောင်းပြချက်များကို ကရားရေလွှတ် တတွတ်တွတ်ရွတ်ရင်း နောက်တစ်ကြိမ် ဒေါသတကြီး ပြုမူကြမည်ကိုလည်းကောင်း မည်သူမျှ မသိနိုင်ပေ။ သူတို့၏ ဒေါသတကြီးပြုမူခြင်းနှင့် စိတ်ခံစားချက် ပွင့်အံချမှု၏ ပစ်မှတ်သည် အကြိမ်တိုင်းတွင် မတူညီသကဲ့သို့ ထိုသို့ ပွင့်အံချမှု၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းအရာသည်လည်း ကွဲပြားခြားနား၏။ ဆိုလိုသည်မှာ မည်သည့်အရာမဆို သူတို့၏ ဒေါသကို ဆွပေးနိုင်သည်၊ မည်သည့်အရာမဆို သူတို့ကို စိတ်တိုင်းမကျ ဖြစ်စေနိုင်သည်၊ မည်သည့်အရာမဆို သူတို့ကို ဒေါသတကြီး ထိန်းမနိုင်သိမ်းမရ ပြုမူခြင်းတို့ဖြင့် တုံ့ပြန်စေနိုင်၏။ အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ အလွန် ဒုက္ခများလှ၏။ ဤစိတ်ဖောက်ပြန်သော ဆိုးယုတ်သည့်လူများသည် အချိန်မရွေး စိတ်ဖောက်ပြန်သွားနိုင်၏။ ၎င်းတို့သည် မည်သည့်အရာကို လုပ်နိုင်စွမ်းရှိသည်ကို မည်သူမျှ မသိပေ။ ထိုသို့သောလူများကို ငါ အလွန်အမင်း မုန်းတီးသည်။ ထိုလူတစ်ယောက်ချင်းစီတိုင်း ဖယ်ရှားခြင်း ခံရသင့်သည်။ ၎င်းတို့အားလုံးကို ရှင်းလင်းပစ်ရမည်။ ၎င်းတို့နှင့် ငါထိတွေ့ဆောင်ရွက်လိုခြင်းမရှိပေ။ ၎င်းတို့သည် အတွေးတွင် နားဝေတိမ်ဆောင်ဖြစ်ပြီး စိတ်သဘောထားက ကြမ်းကြုတ်သည်။ ၎င်းတို့သည် ယုတ္တိမရှိသော အကြောင်းပြချက်များ၊ နတ်ဆိုးဆန်သော စကားများနှင့် ပြည့်နေသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် ထိုအရာများအကြောင်းကို စိတ်မြန်လက်မြန် ရင်ဖွင့်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် စိတ်ထဲရှိသည်များကို ပေါက်ကွဲထွက်သည့်အခါ ငိုကြွေးကြသည်၊ အချို့က အော်ဟစ်ကြသည်၊ အချို့က ခြေဆောင့်ကြပြီး ခေါင်းခါကာ ခြေလက်များကို ဝှေ့ယမ်းကြသူအချို့ပင် ရှိသေးသည်။ ၎င်းတို့သည် တိရစ္ဆာန်များသာဖြစ်ပြီး လူသားများမဟုတ်ကြပေ။ အချို့သော ထမင်းချက်များသည် ဒေါသထွက်သည်နှင့် အိုးခွက်ပန်းကန်များကို ပစ်ပေါက်ကြသည်၊ ဝက် သို့မဟုတ် ခွေးမွေးမြူသော အခြားသူများမှာမူ ဒေါသထွက်သည်နှင့် ဤတိရစ္ဆာန်များကို ကန်ကျောက်ရိုက်နှက်ကြပြီး ၎င်းတို့၏ ဒေါသအားလုံးကို ထိုတိရစ္ဆာန်များအပေါ် ပုံချကြသည်။ ဤပုဂ္ဂိုလ်များသည် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ အစဉ် ဒေါသဖြင့် တုံ့ပြန်ကြသည်၊ ၎င်းတို့သည် ဆင်ခြင်သုံးသပ်ရန် မိမိတို့ကိုယ်ကို စိတ်တည်ငြိမ်အောင် မလုပ်သကဲ့သို့ ဘုရားသခင်ထံမှလည်း ယင်းကို မခံယူကြပေ၊ ၎င်းတို့သည် ဆုမတောင်းကြသကဲ့သို့ သမ္မာတရားကို မရှာဖွေကြ၊ အခြားသူများနှင့် မိတ်သဟာယဖွဲ့ရန်လည်း မရှာဖွေကြပေ။ ၎င်းတို့၌ ရွေးချယ်စရာမရှိသည့်အခါ သည်းခံကြသည်၊ သည်းခံလိုစိတ် မရှိသည့်အခါတွင်မူ ပေါက်ကွဲကြပြီး အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုကာ အခြားသူများကို စွပ်စွဲပြီး ပြစ်တင်ရှုတ်ချကြသည်။ ၎င်းတို့သည် ဤသို့သောစကားများကို မကြာခဏ ပြောဆိုကြသည်။ “သင်တို့အားလုံး ပညာတတ်ဖြစ်ပြီး ကျွန်ုပ်ကို အထင်သေးကြသည်ကို ကျွန်ုပ် သိပါသည်”၊ “သင်တို့၏မိသားစုများ ချမ်းသာကြွယ်ဝပြီး ကျွန်ုပ် ဆင်းရဲသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်”၊ သို့မဟုတ် “ကျွန်ုပ်၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်မရှိသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်၊ ကျွန်ုပ် သမ္မာတရားကို မလိုက်စားသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်” ဟူ၍ ဖြစ်သည်။ မိမိတို့၏ များပြားလှသော ပြဿနာများကို သိသာထင်ရှားစွာ သိရှိနေသော်လည်း ၎င်းတို့သည် ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသကဲ့သို့ အခြားသူများနှင့် မိတ်သဟာယဖွဲ့ရာတွင် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်းကိုလည်း မဆွေးနွေးကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ပြောဆိုသည့်အခါ ၎င်းတို့သည် မိမိအမှားကို ဖုံးကွယ်ရန် သူတစ်ပါးအပေါ် ပြန်လည်အပြစ်တင် စွပ်စွဲကာ ပြဿနာများနှင့် တာဝန်အားလုံးကို အခြားသူများအပေါ်သို့ တွန်းပို့ကြပြီး ၎င်းတို့၏ အပြုအမူအတွက် အကြောင်းရင်းမှာ အခြားသူများက ၎င်းတို့ကို မတရားဆက်ဆံသောကြောင့် ဖြစ်သည်ဟုပင် ညည်းညူကြသည်။ ၎င်းတို့၏ ဒေါသတကြီး အော်ဟစ်ဆူပူမှုများနှင့် အသိဉာဏ်မဲ့သော ပြဿနာရှာမှုများသည် အခြားသူများကြောင့် ဖြစ်ပေါ်လာရသည့်အလား၊ အခြားလူတိုင်းက အမှားကျူးလွန်သူများဖြစ်ပြီး ၎င်းတို့မှာမူ ဤနည်းလမ်းအတိုင်း ပြုမူရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိသဖြင့် တရားနည်းလမ်းကျစွာ မိမိတို့ကိုယ်ကို ကာကွယ်နေခြင်းဖြစ်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့ မကျေနပ်သည့်အခါတိုင်း အခြားလူတိုင်းက မှားယွင်းသည့်အလား၊ ၎င်းတို့သာလျှင် ကောင်းသောလူများဖြစ်ပြီး အခြားလူတိုင်းက လူယုတ်မာများဖြစ်သကဲ့သို့ မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို စတင်ထုတ်ဖော်ပြီး အဓိပ္ပာယ်မဲ့သောစကားများကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုကာ မိမိတို့၏ အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို မလျှော့တမ် ပြောဆိုကြသည်။ ၎င်းတို့ မည်မျှပင် ဒေါသတကြီး အော်ဟစ်ဆူပူသည်ဖြစ်စေ၊ မည်မျှပင် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့အကြောင်း အကောင်းပြောဆိုရန် တောင်းဆိုကြသည်။ ၎င်းတို့ အမှားလုပ်သည့်အခါတွင်ပင် အခြားသူများက ၎င်းတို့ကို ဖော်ထုတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းပြုရန် တားမြစ်ကြသည်။ သင်သည် ၎င်းတို့၏ အသေးအဖွဲ ပြဿနာတစ်ခုကိုပင် ထောက်ပြပါက ၎င်းတို့သည် သင့်ကို အဆုံးမရှိသော အငြင်းပွားမှုများထဲသို့ ဆွဲသွင်းလိမ့်မည်။ ထိုအခါ သင်သည် ငြိမ်းချမ်းစွာ နေထိုင်ရန် မေ့လိုက်၍ရပြီဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးနည်း။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတစ်ဦးဖြစ်ပြီး ထိုသို့ပြုလုပ်သောသူတို့သည် ဆိုးယုတ်သောလူတို့ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆)

လူတစ်ဦးကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်း ဖြစ်စဉ်သည် အသင်းတော်တိုင်းတွင် မကြာခဏ ဖြစ်ပေါ်တတ်သည်။ ဥပမာအားဖြင့် အချို့လူများသည် ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် အမှုဆောင်တစ်ဦးဦးအပေါ် အာဃာတထားကြပြီး လက်စားချေရန်အလို့ငှာ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းတည်းဟူသော အကြောင်းပြချက်ဖြင့် ​ ၎င်းတို့ကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးလျက် ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့အကြောင်းကို မှတ်ချက်များ ပေးကြလေသည်။ ထိုသို့သော လုပ်ရပ်များ၏ နောက်ကွယ်တွင်ရှိသည့် ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်များက မှားယွင်းပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်အတွက် သက်သေခံရန်နှင့် အခြားသူများကို အကျိုးပြုရန် သမ္မာတရားကို အမှန်တကယ် မိတ်သဟာယဖွဲ့နေခြင်းဖြစ်ပါက ထိုသူသည် မိမိ၏ ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သင့်ပြီး မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းဖြင့် အခြားသူများအတွက် အကျိုးကျေးဇူးဖြစ်စေသင့်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် ပိုကောင်းသောရလဒ်များကို ဖြစ်ထွန်းစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက ယင်းကို အသိအမှတ်ပြုကြလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းသည် အခြားသူတစ်ဦးကို ထိုးနှက်တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန် ကြိုးပမ်းခြင်းဖြင့် ထိုသူကို ဖော်ထုတ်၊ တိုက်ခိုက်ကာ သေးသိမ်စေလျှင် ထိုမိတ်သဟာယဖွဲ့ခြင်း၏ ကြံရွယ်ချက်က မှားယွင်းပေသည်၊ ယင်းသည် တရားနည်းလမ်းမကျ ဖြစ်သည်၊ ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး ညီအစ်ကိုမောင်နှမများအတွက် တည်ဆောက်စရာလည်း မဖြစ်ပေ။ အကယ်၍ တစ်စုံတစ်ဦး၏ ကြံရွယ်ချက်သည် အခြားသူများကို ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ညှဉ်းပန်းရန် ဖြစ်ပါက ၎င်းသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး မကောင်းမှုကို ပြုနေခြင်းဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးက လူတို့ကို တမင်တကာ ထိုးနှက်တိုက်ခိုက်ခြင်း၊ ဖော်ထုတ်ခြင်း သို့မဟုတ် သေးသိမ်စေခြင်း ပြုပါက ၎င်းတို့ကို မေတ္တာဖြင့် ကူညီသင့်သည်၊ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် သို့မဟုတ် ပြုပြင်သင့်ပေသည်။ အကယ်၍ ၎င်းသည် သမ္မာတရားကို လက်မခံနိုင်သည့်အပြင် မိမိ၏ နည်းလမ်းများကို ပြုပြင်ရန် ခေါင်းမာစွာ ငြင်းဆန်ပါက ဤသည်မှာ လုံးဝ ကွဲပြားသော ကိစ္စရပ်တစ်ခုဖြစ်သည်။ အခြားသူများကို မကြာခဏ ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်းတို့ကို ပြုသည့် ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူနိုင်ကြရန်အလို့ငှာ ၎င်းတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်သင့်ပြီး ထို့နောက်တွင် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ခြင်း သို့မဟုတ် အသင်းတော်မှ နှင်ထုတ်ခြင်း ပြုသင့်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်အလုပ်ကို နှောင့်ယှက်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး အသင်းတော်အပေါ် ကမောက်ကမ အခြေအနေများ ဖြစ်စေနိုင်ချေ ရှိသောကြောင့်လည်းကောင်း ဤသည်မှာ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်။ အထူးသဖြင့် အချို့သော ဆိုးယုတ်သောလူများသည် မိမိတို့ကိုယ်ကို ကြွားဝါပြီး အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် သက်သက်ဖြင့် အခြားသူများကို မကြာခဏ တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချကြလေသည်။ ဤဆိုးယုတ်သောလူများသည် အခြားသူများကို သွယ်ဝိုက် ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဖိနှိပ်ရန်အတွက် စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း အခွင့်အရေးအား မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် ဤအရာကို လူတို့အား ကူညီရန်နှင့် အသင်းတော်တွင် ရှိနေသော ပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် မှန်ကန်ကြောင်း ဆင်ခြေပေးကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် ဤမူမမှန်သော အကြောင်းပြချက်များကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် အခြားသူများကို တိုက်ခိုက်ပြီး ညှဉ်းပန်းသည့် လူစားမျိုးဖြစ်ပြီး ဆိုးယုတ်သောလူများချည်းသာ ဖြစ်ကြသည်မှာ သိသာထင်ရှား၏။ သမ္မာတရားကို လိုက်စားသောလူများကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသူအားလုံးသည် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြပြီး ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်ရန် ဆိုးယုတ်သောလူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသူများသာလျှင် တရားမျှတစိတ်ရှိကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသူများဖြစ်သည်။ ဆိုးယုတ်သောလူများသည် မိမိတို့၏ မကောင်းမှုပြုခြင်းတွင် အလွန် စဉ်းလဲကြလေ့ရှိသည်။ ၎င်းတို့အားလုံးသည် မိမိတို့အတွက် ကျိုးကြောင်းပြချက်များ အကြံထုတ်ကာ အခြားသူများကို အထင်အမြင်မှားစေခြင်းဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် အယူဝါဒကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသည့်အပြင် ဤဆိုးယုတ်သောလူများကို ချုပ်ချယ်ကန့်သတ်နိုင်ခြင်း မရှိပါက အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်သည် လုံးဝ ဖရိုဖရဲပင်ဖြစ်သွားလိမ့်မည် သို့မဟုတ် ဝရုန်းသုန်းကားပင် ဖြစ်သွားလိမ့်မည်။ ဆိုးယုတ်သောလူများသည် ပြဿနာများ အကြောင်းကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည့်အခါ ၎င်းတို့တွင် ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်တစ်ခု အစဉ်ရှိပြီး ယင်းက တစ်စုံတစ်ဦးကို အစဉ် ပစ်မှတ်ထားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာနေခြင်း သို့မဟုတ် သိရှိနေခြင်း မဟုတ်သကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် မိမိတို့ကိုယ်ကို ဖွင့်ဟပြီး ချပြခြင်းလည်း မရှိပေ။ ထို့ထက် ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် တိုက်ခိုက်ရန် အခွင့်အရေးကို အမိအရ အသုံးချနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပြစ်တင်ရှုတ်ချရန် ၎င်းတို့၏ မိမိကိုယ်ကိုသိသည့် အသိအား မိတ်သဟာယဖွဲ့ခြင်းကို မကြာခဏ ကောင်းစွာ အသုံးချကြသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လူတို့ကို ဖော်ထုတ်ခြင်း၊ သေးသိမ်စေခြင်းနှင့် သွားပုပ်လေလွင့် ပြောဆိုခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ၊ အသင်းတော်အလုပ်အတွက် ဝန်တာထားသောသူများနှင့် မိမိတို့၏ တာဝန်များကို မကြာခဏ ထမ်းဆောင်သောသူများအပေါ် အထူးသဖြင့် စက်ဆုပ်ရွံရှာခြင်းနှင့် အမုန်းတရားတို့ကို ခံစားကြရသည်။ ဆိုးယုတ်သောလူများသည် ဤလူတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုကို ထိုးနှက်တိုက်ခိုက်ရန်နှင့် ၎င်းတို့အား အသင်းတော်အလုပ်ကို ဆောင်ရွက်ခြင်းမှ တားဆီးရန် အမျိုးမျိုးသော ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့က ထိုသူများအပေါ် ခံစားရသည့်အရာ၏ တစ်စိတ်တစ်ပိုင်းမှာ မနာလိုခြင်းနှင့် အမုန်းတရားတို့ဖြစ်ပြီး အခြားတစ်စိတ်တစ်ပိုင်းမှာမူ ဤလူတို့က အလုပ်လုပ်ရန် ထကြွခြင်းဖြင့် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုသူတို့ကို သတိပေးရန်၊ ဖိနှိပ်ရန်နှင့် ချုပ်ချယ်ကန့်သတ်ရန် ဖြစ်နိုင်သမျှနည်းလမ်းတိုင်းဖြင့် ကြိုးစားဖို့ ဆန္ဒစောလျက်ရှိကြပြီး ထိုသူတို့ကို ပြစ်တင်ရှုတ်ချရန်အလို့ငှာ ထိုသူတို့ကို အမှုဆင်ပြီး အဖြစ်မှန်များကို လွဲချော်စေဖို့အတွက် ပြောကွက်များကို စုဆောင်းသည်အထိပင် ပြုလုပ်ကြသည်။ ဤဆိုးယုတ်သောလူများ၏ စိတ်သဘောထားသည် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို မုန်းတီးသည့် စိတ်သဘောထားတစ်ခုဖြစ်ကြောင်းကို ဤအရာက လုံးဝ ဖော်ထုတ်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး အပြုသဘောဆောင်သည့်အရာများကို နှစ်သက်သောသူများနှင့် အတော်အတန် ဟန်ဆောင်မှုကင်းပြီး ရည်မွန်ကာ ဖြောင့်မှန်သောသူတို့အတွက် အထူးအမုန်းတရားကို ထားရှိကြသည်။ ၎င်းတို့သည် ထိုသို့ ပြောကောင်းမပြောနိုင်သော်လည်း ဤသည်မှာ ၎င်းတို့တွင်ရှိသည့် စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများနှင့် ရည်မွန်ကာ ဖြောင့်မှန်သောသူတို့ကို ဖော်ထုတ်ရန်၊ သေးသိမ်စေရန်၊ ဖိနှိပ်ရန်နှင့် ဖယ်ကြဉ်ရန် အဘယ်ကြောင့် အထူးသဖြင့် ပစ်မှတ်ထားကြသနည်း။ ဤသည်မှာ သိသာထင်ရှားစွာပင် ၎င်းတို့က အသင်းတော်ကို ထိန်းချုပ်နိုင်ရန်အလို့ငှာ လူကောင်းများနှင့် သမ္မာတရားကို လိုက်စားသောသူများအား ဖြုတ်ချပြီး ထိုးနှက်တိုက်ခိုက်ရန်၊ ထိုသူတို့ကို ခြေဖြင့် နင်းခြေရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ အချို့လူများသည် ဤသို့ဖြစ်သည်ကို မယုံကြည်ကြပေ။ ၎င်းတို့ကို ငါမေးခွန်းတစ်ခု မေးမည်။ ဤဆိုးယုတ်သောလူများသည် သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့သည့်အခါ မိမိတို့ကိုယ်ကို ဖော်ထုတ်ခြင်းမပြုဘဲ သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမပြုဘဲ ထိုအစား အခြားသူများကို အဘယ်ကြောင့် အစဉ် ပစ်မှတ်ထားပြီး ဖော်ထုတ်ကြသနည်း။ ၎င်းတို့က ဖောက်ပြန်ပျက်စီးမှုကို အမှန်တကယ် မထုတ်ဖော်ခြင်းလော သို့မဟုတ် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိခြင်း ဖြစ်နိုင်သလော။ သေချာပေါက် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အဘယ်ကြောင့် မလျှော့တမ်း ပစ်မှတ်ထားနေကြသနည်း။ အတိအကျအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ၎င်းတို့ ကြိုးစားနေကြသနည်း။ ဤမေးခွန်းသည် နက်နက်နဲနဲ တွေးတောရန် လိုအပ်လာသည်။ အကယ်၍ တစ်စုံတစ်ဦးက အသင်းတော်ကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ပါက သူသည် လုပ်ဆောင်သင့်သည့်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် ထိုအစား ဤလူတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသော မူမမှန်သည့် အကြောင်းပြချက်အောက်တွင် လူကောင်းများကို ဖော်ထုတ်ပြီး ညှဉ်းပန်းနေကြသည်။ ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က လူကောင်းများအား ကယ်တင်သည်ကို မြင်သောကြောင့် ၎င်းတို့ ဒေါသထွက်နေကြခြင်းလော။ ယင်းမှာ အမှန်တကယ်ပင် ပကတိအခြေအနေ ဖြစ်သည်။ ဘုရားသခင်သည် ဆိုးယုတ်သောလူများကို မကယ်တင်သောကြောင့် ဆိုးယုတ်သောလူများက ဘုရားသခင်နှင့် လူကောင်းများကို မုန်းတီးကြသည်။ ဤအရာအားလုံးက အတော်ပင် သဘာဝကျသည်။ ဆိုးယုတ်သောလူများသည် သမ္မာတရားကို လက်မခံ သို့မဟုတ် မလိုက်စားကြပေ။ ၎င်းတို့ကိုယ်တိုင် ကယ်တင်မခံရနိုင်သည့်တိုင် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရနိုင်သော လူကောင်းများကို ညှဉ်းဆဲကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ အကယ်၍ ဤလူတို့တွင် မိမိတို့ကိုယ်ကို သိသောအသိနှင့် သမ္မာတရားအကြောင်း သိမြင်မှုရှိလျှင် ၎င်းတို့အနေဖြင့် ဖွင့်ဟပြီး မိတ်သဟာယဖွဲ့နိုင်မည်ဖြစ်သော်လည်း ၎င်းတို့သည် အခြားသူများကို အစဉ် ပစ်မှတ်ထားပြီး ရန်စနေကြသည်။ ၎င်းတို့သည် အခြားသူများကို အမြဲ တိုက်ခိုက်တတ်သည့် သဘောရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများကို ၎င်းတို့၏ စိတ်ကူးထားသည့် ရန်သူများအဖြစ် အစဉ် သတ်မှတ်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူများ၏ ထူးခြားသော အမှတ်လက္ခဏာများ ဖြစ်ကြသည်။ ထိုသို့သော မကောင်းမှုကို လုပ်ဆောင်နိုင်စွမ်း ရှိသူများသည် ကန့်သတ်ခြင်းခံရသင့်သည့် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ၊ စံပြုလောက်သော အန္တိခရစ်များဖြစ်ကြပြီး အကယ်၍ ၎င်းတို့သည် မကောင်းမှုများစွာကို ပြုလုပ်ပါက ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ရမည်ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်လော့။ လူကောင်းများကို ထိုးနှက်တိုက်ခိုက်ပြီး ဖယ်ကြဉ်သူအားလုံးသည် အကျင့်ပျက်သူများ ဖြစ်ကြသည်။ အကျင့်ပျက်သူများဟု ၎င်းတို့ကို ငါအဘယ်ကြောင့် ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသင်းတော်တွင် မလိုအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခကို ဖြစ်ပွားစေနိုင်ချေရှိပြီး ထိုနေရာရှိ အခြေအနေများကို ပိုဆိုးရွားသည်ထက် ဆိုးရွားလာစေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် လူတစ်ဦးကို ပစ်မှတ်ထားပြီး နောက်တစ်နေ့တွင် နောက်တစ်ဦးကို ပစ်မှတ်ထားကာ အခြားသူများ၊ သမ္မာတရားကို ချစ်ပြီး လိုက်စားသောသူများကို အစဉ် ပစ်မှတ်ထားကြသည်။ ဤသည်မှာ အသင်းတော်အသက်တာကို နှောင့်ယှက်နိုင်ချေရှိပြီး ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန် စားသောက်ခြင်းအပေါ်တွင်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့၏ ပုံမှန် မိတ်သဟာယဖွဲ့ခြင်းအပေါ်တွင်လည်းကောင်း သက်ရောက်မှုများ ရှိလေသည်။ ဤဆိုးယုတ်သောလူများသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသော အမည်ဖြင့် အခြားသူများကို တိုက်ခိုက်ရန်အတွက် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းအား မကြာခဏ ကောင်းစွာ အသုံးချကြသည်။ ၎င်းတို့ပြောဆိုသမျှတိုင်းတွင် ရန်လိုမှု ပါရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများနှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသောသူများကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချရန် ရန်စသော မှတ်ချက်များကို ပြောဆိုကြသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ယင်းသည် အသင်းတော်၏အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည် ဖြစ်ကာ လူတို့အား ၎င်းတို့၏ စိတ်နှလုံးထဲတွင် မသက်မသာဖြစ်စေပြီး ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာ မနေနိုင်အောင် ဖြစ်စေလိမ့်မည်။ အထူးသဖြင့် ဤဆိုးယုတ်သောလူများက အခြားသူများကို ပြစ်တင်ရှုတ်ချရန်၊ ထိုးနှက်တိုက်ခိုက်ရန်နှင့် နာကျင်စေရန် ပြောဆိုသည့် မသမာသော အရာများသည် အတိုက်အခံလုပ်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူမပြုပေ။ ဆန့်ကျင်ဘက်အားဖြင့် အသင်းတော်တွင် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကို လှုံ့ဆော်ပေးပြီး လူတို့အကြား ပေါင်းသင်းဆက်ဆံမှုကို ထိခိုက်စေကာ ၎င်းတို့ကို ခိုက်ရန်ဒေါသဖြစ်စေလျက် ၎င်းတို့ကြား၌ တင်းမာမှု ဖြစ်စေသည်။ ဤလူတို့၏ အပြုအမူသည် အသင်းတော်အသက်တာကို ထိခိုက်မှု ရှိစေရုံသာမက အသင်းတော်တွင် ပဋိပက္ခကိုလည်း ဖြစ်ပေါ်စေသည်။ ယင်းသည် အသင်းတော်၏ အလုပ်တစ်ခုလုံးနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းကိုပင် သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူစားမျိုးကို သတိပေးရန် လိုအပ်ပြီး ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ကာ ကိုင်တွယ်ရန်လည်း လိုအပ်သည်။ တစ်နည်းအားဖြင့် အခြားသူများကို မကြာခဏ တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသည့် ဤဆိုးယုတ်သောလူများအပေါ် ညီအစ်ကို မောင်နှမများက ပြင်းထန်သော ချုပ်ချယ်ကန့်သတ်မှုများ ထားရှိရမည်။ နောက်တစ်နည်းအားဖြင့် အခြားသူများကို ထင်ရာမြင်ရာ ထိုးနှက်တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသောသူများကို အသင်းတော် ခေါင်းဆောင်များက ချက်ချင်း ဖော်ထုတ်ပြီး တားဆီးသင့်ကာ အကယ်၍ ၎င်းတို့သည် ပြုပြင်၍မရဘဲ ရှိနေပါက ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ စုဝေးပွဲများတွင် ဆိုးယုတ်သောလူများကို အသင်းတော်အသက်တာအား မနှောင့်ယှက်အောင် တားဆီးရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် နားဝေတိမ်တောင် ဖြစ်သောလူများကို အသင်းတော်အသက်တာအား ထိခိုက်မှုရှိစေမည့် နည်းလမ်းဖြင့် စကားမပြောအောင် ချုပ်ချယ်ကန့်သတ်သင့်သည်။ အကယ်၍ မကောင်းမှုကို ပြုနေသည့် ဆိုးယုတ်သောသူတစ်ဦးကို တွေ့ရှိပါက ထိုသူကို ဖော်ထုတ်ရမည်။ ထိုသူကို ဆန္ဒရှိသည့်အတိုင်း မကောင်းမှုကို ပြုလျက် တစ်ဇွတ်ထိုးပြုမူခွင့် လုံးဝ မပေးရပေ။ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအား ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ဖြည့်ဆည်းခွင့်ပေးလျက် ပုံမှန် စုဝေးနိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်းတို့ ရှိသည်ကို သေချာစေရန်အတွက် လိုအပ်ပေသည်။ ထိုအခါမှသာ ဘုရားသခင်၏ အလိုတော်ကို အသင်းတော်တွင် ဆောင်ရွက်နိုင်ပြီး ဤနည်းလမ်းဖြင့်သာ သူ ရွေးချယ်ထားသောလူများက သမ္မာတရားကို နားလည်ကာ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည့်အပြင် ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅)

ကောင်းမွန်သောလူတို့သည် အမှုအရာများကို အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် ပြောဆိုလုပ်ဆောင်ကြသော်လည်း ဆိုးယုတ်သော လူများ၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိကြပေ။ ဆိုးယုတ်သောလူများက မကောင်းသောအရာတစ်ခုကို လုပ်ဆောင်ပြီး ဖော်ထုတ်ခြင်း ခံရသောအခါ “ဟွန်း၊ လူတိုင်းသိလျှင်ပင် ယင်းနှင့်ပတ်သက်၍ ၎င်းတို့တတ်နိုင်သည့် တစ်စုံတစ်ရာရှိသလော။ ကျွန်ုပ် လုပ်ချင်သည့်အရာ မှန်သမျှ ပြုလုပ်မည်။ ကျွန်ုပ်ကို မည်သူ ဖော်ထုတ်သည် သို့မဟုတ် ဝေဖန်သည်ဖြစ်စေ ဂရုမစိုက်ပါ။ တစ်ယောက်တလေက ကျွန်ုပ်ကို အမှန်တကယ် မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း” ဟူ၍ သူ၏ စိတ်ထဲတွင် အာခံပြီး မကျေမနပ်ဖြစ်သွားသည်။ ဆိုးယုတ်သော သူတစ်ဦးက မကောင်းသော အရာမည်မျှ ပြုလုပ်သည်ဖြစ်စေ အရှက်မရှိပေ။ သာမန်လူတစ်ဦးက မကောင်းသောအရာတစ်ခု ပြုလုပ်မိသောအခါ ယင်းကို ဖုံးကွယ်ပြီး ကွယ်ဝှက်ထားလိုသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ဖော်ထုတ်လိုက်ပါက သူသည် မည်သူ့ကိုမျှ မျက်နှာချင်း မဆိုင်ဝံ့လောက်အောင် အရှက်ရပြီး “အလို ဤကဲ့သို့သော အရာတစ်ခုကို ကျွန်ုပ် အဘယ်သို့ ပြုလုပ်ခဲ့မိသနည်း။ ကျွန်ုပ်သည် အမှန်ပင် အရှက်မဲ့ပါတကား” ဟူ၍ ဆက်၍ပင် အသက်မရှင်ချင်တော့ပေ။ သူသည် အလွန်အမင်း နောင်တရပြီး မိမိကိုယ်ကိုပင် ကျိန်ဆဲကာ ဤကဲ့သို့သောအရာကို မည်သည့်အခါမျှ နောက်ထပ်မလုပ်ဟု ကျိန်ပြောသည်။ ဤသို့သော အပြုအမူမျိုးက သူ၌ ရှက်တတ်သောစိတ်ရှိကြောင်း၊ သူ၌ လူ့သဘာဝအနည်းငယ် ရှိနေဆဲဖြစ်ကြောင်း သက်သေဖြစ်သည်။ အရှက်မဲ့သော လူတစ်ဦး၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသည့်အပြင် ဆိုးယုတ်သော လူများအားလုံးသည် အရှက်မဲ့ကြ၏။ ဆိုးယုတ်သောသူတို့သည် မည်သည့်မကောင်းမှုကို ပြုလုပ်သည်ဖြစ်စေ၊ မျက်နှာမပူ၊ စိတ်မလှုပ်ရှားဘဲ၊ မိမိတို့ကိုယ်ကို အရှက်ကင်းမဲ့စွာ ကာကွယ်ပြောဆိုနိုင်ကြသေးသည့်အပြင် အပျက်သဘောဆောင်သည့်အရာကို အပြုသဘောဆောင်သည့်အရာအဖြစ်၊ မကောင်းမှုကို ကောင်းမှုအဖြစ် ပြောဆိုကြသည်။ ဤသို့သောလူစားမျိုး၌ ရှက်တတ်သောစိတ် ရှိသလော။ (မရှိပါ။) အကယ်၍ သူ၌ ဤသဘောထားမျိုး ရှိပါက အနာဂတ်တွင် အမှန်တကယ် နောင်တရမည်ဖြစ်သလော။ မဖြစ်ပေ။ သူသည် ယခင်အတိုင်း ပြုမူနေမြဲသာ ပြုမူနေမည်ဖြစ်သည်။ ဤအရာမှာ သူသည် အရှက်မဲ့သည်ဟု ဆိုလိုပြီး အရှက်မဲ့ခြင်းဟူသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိခြင်းကို ဆိုလို၏။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့သည် မကောင်းသော အရာတစ်ခု ပြုလုပ်ခြင်းအတွက် ဖော်ထုတ်ခံရပြီးနောက်တွင် မည်သူ့ကိုမျှ ရင်မဆိုင်ဝံ့လောက်အောင် အရှက်ရလွန်းကာ ဤအရာကို မည်သည့်အခါမျှ နောက်ထပ် မပြုလုပ်တော့ချေ။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ယင်းမှာ သူသည် ဤအရာပြုလုပ်သည်မှာ ရှက်စရာကောင်းသော အရာတစ်ခုဖြစ်ကာ မည်သူ့ကိုမျှ ရင်မဆိုင်ဝံ့လောက်အောင် အရှက်ရစရာ ပြည့်နှက်လွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ သူ၏ လူ့သဘာဝထဲ၌ ရှက်တတ်သောစိတ် ရှိသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝအတွက် အနိမ့်ဆုံးစံနှုန်း မဟုတ်လော။ (ဟုတ်ပါသည်။) အရှက်ပင်မသိသော လူတစ်ဦးကို လူဟု ခေါ်၍ရနိုင်သေးသလော။ ခေါ်၍မရပေ။ အရှက်မသိသော လူတစ်ဦး၌ ပုံမှန်စိတ်ရှိသလော။ (မရှိပါ။) ထိုသူ၌ အပြုသဘောဆောင်သော အရာများအား ချစ်ခြင်းကိုမဆိုနှင့်၊ ပုံမှန်စိတ်ပင်မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏

လူတိုင်းအပေါ် ချစ်ခင်ပြီး သည်းခံတတ်ကာ မည်သူကိုမဆို ကူညီလိုသည့် လူစားတစ်မျိုး ရှိသည်။ ၎င်းတို့ စိတ်မဝင်စားသည့် တစ်ခုတည်းသောအရာမှာ သမ္မာတရားဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမြဲ ဆန့်ကျင်ပြီး၊ သူနှင့် စေ့စပ်၍မရနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းမာသောရန်သူများ ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မယုံကြည်သူများနှင့် နတ်ဆိုးများ ဖြစ်သည်။ နတ်ဆိုးများသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ဆုံးသောသူများနှင့် သမ္မာတရားကို အမုန်းဆုံးသောသူများ ဖြစ်သည်။ တစ်စုံတစ်ရာက သမ္မာတရား ပါဝင်ပတ်သက်သရွေ့ သို့မဟုတ် ဘုရားသခင် ပြောသည့်အရာ သို့မဟုတ် တောင်းဆိုသည့်အရာ ပါဝင်ပတ်သက်သရွေ့၊ ထိုအရာကို ၎င်းတို့ လက်မခံရုံမက သံသယလည်း ရှိကြသည်။ ထိုအရာကို အတိုက်အခံဖြစ်ကြပြီး ထိုအရာနှင့်ပတ်သက်၍ မိမိတို့၏ အယူအဆများကို ဖြန့်ကြသည်။ ၎င်းတို့သည် အသင်းတော် အလုပ်ကို ထိခိုက်နစ်နာစေသော အရာများစွာကိုလည်း လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ ထိခိုက်ခံရသည့်အခါ ဘုရားသခင်ကို လူသိရှင်ကြားပင် ကန့်ကွက်ကြသည်။ ဤကဲ့သို့သော လူများသည် နတ်ဆိုးများ ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို မုန်းပြီး ဘုရားသခင်ကို မုန်းသည့် လူများ ဖြစ်သည်။ လူတိုင်း၏ သဘောသဘာဝအတွင်းတွင်ရှိသည်မှာ သမ္မာတရားကို မုန်းသည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတိုင်းတွင် ဘုရားသခင်ကို မုန်းသည့် အနှစ်သာရတစ်ခု ရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ညင်သာသည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ ဤအမုန်း၏ အတိုင်းအတာ ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် မကောင်းမှုကို လုပ်နိုင်စွမ်းရှိစဉ်တွင်၊ အခြားသူတို့မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား သို့မဟုတ် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကိုသာ ထုတ်ဖော်ပြကြသည်။ သို့ဆိုလျှင် လူအချို့သည် အဘယ်ကြောင့် ဘုရားသခင်ကို မုန်းနိုင်စွမ်းရှိကြသနည်း။ မည်သည့် အခန်းကဏ္ဍတွင် ၎င်းတို့ ပါဝင်ကြသနည်း။ ၎င်းတို့တွင် သမ္မာတရားကို မုန်းသည့် စိတ်သဘောထားရှိသောကြောင့် ဘုရားသခင်ကို မုန်းနိုင်ကြခြင်း ဖြစ်သည်။ ဤစိတ်သဘောထား ရှိခြင်းသည် ၎င်းတို့က နတ်ဆိုးနှင့် ဘုရားသခင်၏ ရန်သူဖြစ်သည်ဟုဆိုလိုသည်။ နတ်ဆိုးဟူသည်မှာ အဘယ်နည်း။ နတ်ဆိုးများမှာ သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းသောသူများသာ ဖြစ်သည်။ နတ်ဆိုးများက ကယ်တင်ခံရနိုင်သလော။ လုံးဝ ကယ်တင်မခံရနိုင်ပေ။ လူသားမျိုးနွယ်ကို ဘုရားသခင် ကယ်တင်သော်လည်း၊ လူများစွာ ပေါ်ထွက်ကာ သူ့ကို ဆန့်ကျင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကြလိမ့်မည်။ ဤကဲ့သို့သော လူများသည် နတ်ဆိုးများဖြစ်၏။ ၎င်းတို့ကို အသက်ရှင်သည့် မကောင်းဆိုးဝါးများဟုလည်း ခေါ်နိုင်သည်။ နေရာတိုင်းရှိ အသင်းတော်များတွင်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သူ မည်သူမဆိုသည် နတ်ဆိုးနှင့် အသက်ရှင်သော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ အသင်းတော်ကို နိုင်လိုမင်းထက်ပြုမူပြီး မည်သည့်အတိုင်းအတာထိမျှ သမ္မာတရားကို လက်မခံသည့်သူ မည်သူမဆိုသည် အသက်ရှင်သည့် မကောင်းဆိုးဝါး ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် မည်သည့်လူများက အသက်ရှင်သည့် မကောင်းဆိုးဝါးများဖြစ်သည်ကို မှန်ကန်စွာ ပိုင်းခြားသိမြင်လျှင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ရန် အလျင်အမြန် ပြုမူဆောင်ရွက်ရမည်။ ၎င်းတို့၏ အပြုအမူက ထုံးစံအတိုင်း အလွန်ကောင်းမွန်သော်လည်း၊ ရံဖန်ရံခါ ၎င်းတို့၏ အခြေအနေက မကောင်းသည့် လူအချို့ရှိလျှင်၊ သို့မဟုတ် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးငယ်ပြီး၊ သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များဖြစ်စေသည့် တစ်စုံတစ်ရာကို လုပ်ဆောင်သော်လည်း၊ ထိုအရာက ၎င်းတို့၏ အမူအကျင့်မဟုတ်သကဲ့သို့ ၎င်းတို့သည် ပင်ကိုအားဖြင့် ဤလူစားမျိုး မဟုတ်လျှင်၊ ၎င်းတို့ ဆက်နေ၍ရသည်။ လူအချို့၏ လူ့သဘာဝသည် သိပ်မကောင်းပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင်၊ ထိုအရာကို ၎င်းတို့ လုံးဝ လက်လွှတ်လိမ့်မည် မဟုတ်။ ၎င်းတို့ တရားသည်ဟု ခံစားရသည့်အခါ သနားညှာတာမှု မပြဘဲ ထိုလူနှင့် မပြီးနိုင်မဆုံးနိုင် ငြင်းခုံကြလိမ့်မည်။ သို့တိုင် ဤလူများတွင် ကောင်းမြတ်ခြင်းတစ်ခု ရှိသည်။ ယင်းမှာ ၎င်းတို့သည် အလုပ်လုပ်ပြီး အခက်အခဲကို သည်းညည်းခံရန် လိုလားကြခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူများသည် လက်ရှိအချိန်တွင် ဆက်နေ၍ရသည်။ ဤလူများသည် မကြာခဏ မကောင်းမှုပြုကာ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်လျှင်၊ ၎င်းတို့သည် နတ်ဆိုးများနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်ကြပြီး လုံးဝ ကယ်တင်မခံရနိုင်ပေ။ ယင်းမှာ တစ်ရာရာခိုင်နှုန်း သေချာပေသည်။ ဤလူစားမျိုးကို အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ ၎င်းတို့ကို လုံးဝ နေခွင့်ပေး၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား

အသင်းတော်တိုင်း၌ အသင်းတော်ကို အနှောင့်အယှက်ဖြစ်စေသောသူများ၊ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ နှောင့်ယှက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ အတူတကွ ဆိုးယုတ်လှစွာ ပြုမူကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် ငြင်းပယ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ အုပ်စိုးမှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ ထိုအသင်းတော်များက လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကို ငြင်းပယ်ခြင်းကို ဆိုလိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ ကလိမ်ကကျစ်ကျခြင်းနှင့် မတရားသော အလေ့အထများကို ဆောင်ရွက်သည့် လူများအားလုံးသည် သမ္မာတရား ကင်းမဲ့ပြီး သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေခံများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော လူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် ဖယ်ရှားရှင်းလင်းခြင်းခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ထုတ်ဖော်ခံရမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်များဖြစ်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝသည် အတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော အဆုံးသတ်များပင် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် အစီအစဉ် မရှိသောသူများသည် အပြစ်များ နောက်ထပ်ကျုးလွန်ခြင်းကို ရှောင်ဖို့ရန် အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့ ငါအကြံပေးသည်။ အချိန်တန်သောအခါ နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။ အထူးသဖြင့် အုပ်စုဖွဲ့သောသူများ၊ ကွဲပြားမှုများဖြစ်အောင် ဖန်တီးသူများနှင့် အသင်းတော်အတွင်းရှိ ယုတ်မာသော ထိုနယ်ခံဗိုလ်ကျသူများသည် သာ၍ပင်စောစီးစွာ ထွက်သွားရမည်။ ဆိုးယုတ်သော ဝံပုလွေ၏ သဘာဝဗီဇရှိသည့် ဤလူများသည် ပြောင်းလဲရန် မတတ်စွမ်းနိုင်ကြ။ ညီအစ်ကိုမောင်နှမများ၏ လျော်ကန်သော အသက်တာကို နောက်ထပ် အနှောင့်အယှက် လုံးဝ မပေးတော့ရန် သူတို့သည် အသင်းတော်က တတ်နိုင်သမျှ အစောဆုံး ထွက်သွားသည်မှာ ပိုကောင်းသည်၊ ဤသို့ဖြင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုကို ရှောင်ရန်ဖြစ်သည်။ သူတို့နှင့် စိတ်တူသဘောတူရှိခဲ့သော သင်တို့ထဲမှ သူများသည်လည်း မိမိတို့ကိုယ်မိမိတို့ ပြန်သုံးသပ်ဖို့ရန် ယခုအခွင့်အရေးကို အသုံးချလျှင် ကောင်းမည်ဖြစ်သည်။ သင်တို့သည် ဆိုးယုတ်သောသူများနှင့်အတူ အသင်းတော်မှ ထွက်ခွာမည်လော၊ အသင်းတော်၌ ဆက်ရှိနေပြီး နာခံလျက်နောက်လိုက်မည်လော။ သင်တို့သည် ဤကိစ္စကို သေချာစွာ စဉ်းစားတွေးတောရမည်။ ငါသည် သင်တို့ကို ရွေးချယ်စရာ ဤနောက်ထပ် အခွင့်အရေးတစ်ခု ပေးပြီး၊ သင်တို့၏အဖြေကို ငါစောင့်နေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

အရှေ့သို့- ၁။ မယုံကြည်သူများအား ပိုင်းခြားသိမြင်နည်း

နောက်တစ်ခုသို့- ၃။ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။