စာအုပ်များ

  • နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

    နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

    သူ၏အမှုတော်ကိုလုပ်ဆောင်ရန် ပေါ်ထွန်းပြီဖြစ်သည့် နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်သည့် သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ ထိုသမ္မာတရားအားလုံးသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲတွင် ပါရှိလေသည်။ ဤရာက “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁) ဟူသည့် သမ္မာကျမ်းစာတွင် ရေးသားထားသောအရာကို ပြည့်စုံစေပြီဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အတွက်မူ၊ ဤသည်မှာ လောကကို ဖန်ဆင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပထမဆုံးအကြိမ် မိန့်ကြားခဲ့ခြင်း ဖြစ်၏။ ဤမိန့်မြွက်ချက်များသည် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်ဖော်ပြသည့် ပထမဆုံးသော စာသားဖြစ်သည်၊ ထိုစာသားထဲတွင် သူသည် လူတို့ကို ဖော်ထုတ်သည်၊ လမ်းပြသည်၊ တရားစီရင်ပြီး၊ ရင်းနှီးပွင့်လင်းစွာ ပြောဆို၏၊ ထို့ကြောင့် ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်က လူတို့ကို သူ၏ ခြေလှမ်းများ၊ သူလျောင်းသည့် နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှုတို့ကို သိခွင့်ပေးသည့် ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်မှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များဖြစ်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များအလယ်တွင် လူသားမျိုးနွယ်ထံသို့ ပေါ်လာစေရန်နှင့် သူ့နှလုံးသား၏အသံကို ဖော်ပြရန် သူ၏ ပင်ကိုယ်လက္ခဏာကို အသုံးပြုသော ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
  • နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

    နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ)

    အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် လူတို့ကို ခေတ်သစ် - နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ရင်း၊ ၎င်းတို့ကို တရားစီရင်ရန်နှင့် သန့်စင်ရန် နှုတ်ကပတ်တော်များကို ဖော်ပြသည်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံမှုတို့ကို မွေ့လျော်ခံစားသောသူတို့သာ အလင်းတွင် ဧကန်အမှန် နေထိုင်နိုင်ပြီး၊ ထိုသို့ဖြင့် သမ္မာတရား၊ လမ်းခရီးနှင့် အသက် တို့ကို ရရှိနိုင်ပေသည်။
  • နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

    နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

    ဤစာအုပ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက၊ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့် ဂန္ထဝင် နှုတ်ကပတ်တော်များမှ ကောက်နုတ်ချက်များ ပါရှိသည်။ ဤဂန္ထဝင်နှုတ်ကပတ်တော်များက သမ္မာတရားကို တိုက်ရိုက်ရှင်းပြပြီး၊ လူတို့ကို ဘုရားသခင်၏ အလိုတော်အား တိုက်ရိုက်နားလည်နိုင်စေသည်၊ သူ၏ အမှုတော်ကို သိရှိလာနိုင်စေကာ သူ၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ဆိုင်သော အသိပညာကို ရရှိနိုင်စေသည်။ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တကြသူအားလုံးအတွက် သူ၏ခြေရာတော်များကို ရှာဖွေဖို့ လမ်းညွှန်တစ်ခု ဖြစ်ပါသည်။ ယင်းတို့က ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ရာလမ်းကို ရှာတွေ့ဖို့ သင့်ကို ဦးဆောင်နိုင်ပါသည်။
  • ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

    ဤစာအုပ်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ ရွေးချယ်ထားသော စာပိုဒ်များကို အသားပေးဖော်ပြပါသည်။ ဘုရားသခင် ရွေးကောက်သော သူတို့အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားနှင့် အသက်တာအတွက် နေ့စဉ်ထောက်ပံ့မှုတို့ကို ရရှိနိုင်ဖို့အလို့ငှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပဓာနကျပြီး လူတို့၏ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ဆောက်စရာ အဖြစ်ဆုံးသော ဤနှုတ်ကပတ်တော်များကို လူတို့၏ မွေ့လျော်မှုအတွက် ဤနေရာတွင် အထူးရွေးချယ်ထားပါသည်။ ဤသို့ဖြင့် သမ္မာတရားကို ချစ်သောသူတို့ကို သိနားလည်ခွင့်ပေးပြီး၊ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်ခွင့်ပေးကာ ဘုရားသခင်အားဖြင့် ကယ်တင်ခံရပြီး စုံလင်စေခြင်း ခံရခွင့်ပေးထားပါသည်။ ဤပဓာနကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်များဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ဘဝ၏ဆိုရိုးများထဲမှ ပဓာနအကျဆုံးဖြစ်ပြီး၊ လူတို့အဖို့ မည်သည့် စကားမျှ သာ၍ တည်ဆောက်စရာ မဖြစ်သလို သာ၍ အကျိုးမပြုပေ။ ဤနှုတ်ကပတ်တော်များ၏ စာတစ်ပိုဒ်ကို သင် နေ့စဉ် အမှန်တကယ် မွေ့လျော်နိုင်ပါက၊ ဤသည်မှာ သင်၏ အကြီးမားဆုံးသော အခွင့်အလမ်းဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရပေသည်။
  • အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ

    အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ

    အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လက်ရွေးစင်များသည် ဤစာအုပ်ထဲတွင် ပါဝင်ပြီး၊ နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို သက်သေခံသည်။ ၎င်းတို့က သခင်ယေရှုသည် ဖြူသောမိုးတိမ်များပေါ် ပြန်ကြွလာသည်မှာ ကြာမြင့်ပြီဖြစ်ပြီး၊ သူသည် ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြုထားသော စာစောင်နှင့် တံဆိပ် ခုနှစ်ချက်ကို ဖွင့်သည့် သိုးသငယ် - နောက်ဆုံးသော ကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတသူတို့အားလုံးကို သတိပြုမိစေသည်။
  • သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

    သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

    ဤဓမ္မသီချင်းစာအုပ်တွင် အပိုင်းနှစ်ပိုင်းပါရှိသည်- ပထမပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဂန္ထဝင် မိန့်မြွက်ချက်များဖြင့် ဖန်တီးထားသော ဓမ္မသီချင်းများဖြစ်ပြီး ဒုတိယပိုင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို ကြုံရပြီးနောက် ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ စစ်မှန်သော သက်သေခံချက်များဖြစ်သည်။ ဤဓမ္မသီချင်းများသည် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများကို လက်တွေ့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် ဘုရားသခင်၏ အမှုကို သိရှိခြင်း၌ လူတို့အဖို့ ကြီးမားသောအကူအညီ ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ သမ္မာတရားကို နားလည်ခြင်းနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မိမိတို့ကိုယ်ကိုယ် ဖယ်ရှားခြင်းတွင် လူတို့ကို ထောက်ကူပေးလေသည်။
  • နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ

    နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ

    နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အမျိုးမျိုးသော သမ္မာတရားများကို ဖော်ပြနေခဲ့သည်၊ သမ္မာကျမ်းစာထဲမှ သမ္မာတရား အားလုံးနှင့် နက်နဲမှုကို ဖွင့်ပြခဲ့ပြီး၊ ဘုရားသခင် အလုပ်အဆင့် သုံးဆင့်ထဲမှ အတွင်းပိုင်း ဇာတ်ကြောင်း၊ ဘုရားသခင် လူ့ဇာတိခံယူသည့် နက်နဲမှုနှင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု၊ စသည်တို့ကို လူသားမျိုးနွယ်ထံသို့ ထုတ်ဖော်ပေးခဲ့သည်။ ဤအရာက အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ တဖန်ပြန်ကြွလာခြင်းနှင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်ကြောင်းကို သက်သေခံပါသည်။
  • ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ

    ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ

    ဤစာအုပ်ထဲတွင် စုစည်းထားသည်များမှာ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အလုပ်ကို မကြာသေးခင်တွင်ပင် လက်ခံခဲ့သော သူများမှ ဖတ်ရှုပြီး ယူတင်ဝတ်ဆင်ရမည့် ဘုရားသခင် အလုပ်၏ အဆင့်သုံးဆင့်၏ ရူပါရုံဆိုင်ရာ သမ္မာတရားများ၊ သူ၏ အမည်နာမများ၊ သူလူ့ဇာတိခံယူခြင်း၏ နက်နဲဆန်းကြယ်မှု၊ မှန်ကန်သောလမ်းခရီးနှင့် မှားယွင်းသော လမ်းခရီးများ အကြားတွင် မည်ကဲ့သို့ ခွဲခြားသိမြင်ရမည် စသည်တို့ဖြစ်ပြီး၊ ထိုသို့အားဖြင့် သူတို့သည် ဘုရားသခင် အလုပ်၏ ရူပါရုံဆိုင်ရာ သမ္မာတရားများ အပေါ်တွင် မြန်နိုင်သမျှ မြန်မြန် အုတ်မြစ်များ ချနိုင်ကြစေရန် ဖြစ်သည်။
  • ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့

    ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့

    ပညာရှိသတို့သမီးများသည် ဘုရားသခင်၏ အသံတော်ကို သတိပြုမိကာ သူ၏ မိန့်မြွက်ချက်များမှ သူ၏ပေါ်ထွန်းခြင်းကို မြင်ကြလိမ့်မည်ဖြစ်ပြီး၊ သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုကြပါလိမ့်မည်။ ဤစာအုပ်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုတော် အဆင့်သုံးဆင့်တို့နှင့်ဆက်နွှယ်သော သမ္မာတရားများ စုစည်းမှုတစ်ခုဖြစ်သည်။ ဤသမ္မာတရားများက နောက်ဆုံးသော ကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို သက်သေခံကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ပြီး၊ သူသည် သမ္မာတရားကို ဖော်ပြပြီးဖြစ်ကာ နောက်ဆုံးသော ကာလတွင် “ဘုရားသခင်၏ အိမ်တော်မှအစပြုသော တရားစီရင်ခြင်း” အမှုတော်ကို လုပ်ဆောင်နေသည်၊ ထိုသို့ဖြင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ပလ္လင်တော်ဆီသို့ လှည့်ပြန်ရန် လမ်းပြလေသည်။
  • Classic Questions and Answers on the Gospel of the Kingdom (Selections)

    နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ

    ဤစာအုပ်သည် သမ္မာတရားကို ထည့်သွင်းစဉ်းစားသည့် အဓိက အမေး၊ အဖြေများနှင့်ဆိုင်သော ရုပ်ရှင်ဇာတ်ညွှန်းများမှ ကောက်နုတ်ချက်များကို ယူထားပါသည်။ ဤစံပြုလောက်သော အဖြေများသည် ဘုရားသခင် ရွေးချယ်ထားသူများ၏ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်ဆိုင်သော အတွေ့အကြုံများနှင့် သိနားလည်မှုတို့ ဖွဲ့စည်းပါဝင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့မှ လာပါသည်။ ဤစာအုပ်သည် သမ္မာတရားကို ရှာဖွေကာ မှန်သောလမ်းခရီးကို လေ့လာဆန်းစစ်သော သူတို့၌ ရှိနိုင်သည့် မည်သည့် ပြဿနာများနှင့် အယူအဆများကိုမဆို ဖြေရှင်းနိုင်ရုံသာမက၊ ဘုရားသခင်ရွေးချယ်သည့် လူများက သမ္မာတရားဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကာ ဘုရားသခင်၏အမှုတော်ကို သက်သေခံနိုင်သည့် အံ့ဖွယ်ရာ ကိုးကားချက်စာပေတစ်ခုလည်း ဖြစ်ပါသည်။
  • ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

    ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

    နောက်ဆုံးသော ကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့မှောက် တရားစီရင်ခြင်း စတင်လေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ ခရစ်တော်သည် လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းနှင့်ဆိုင်သော သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ သမ္မာတရားကို ဖော်ပြပေပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းများနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်၊ သူရွေးချယ်ထားသော လူတို့သည် မိမိတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် အမှန်တရားကို တဖြည်းဖြည်း နားလည်နေကြပြီး စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ကယ်တင်ခြင်း ရရှိဖို့ လမ်းကြောင်းကို ရှာတွေ့လျက်ရှိကာ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများတွင် ပြောင်းလဲမှုကို တဖြည်းဖြည်း မြင်နေကြလေသည်။ ဤအတွေ့အကြုံ အစစ်အမှန်များက အနန္တတန်ခိုးရှင် ဘုရားသခင် ဆောင်ရွက်သော တရားစီရင်ခြင်း အမှုသည် လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းနှင့်ဆိုင်သော အမှုတော်ဖြစ်ကြောင်းကို သက်သေခံကြပါသည်။
  • အောင်မြင်သောသူများ၏ သက်သေခံချက်များ

    အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ၏တရားစီရင်ခြင်း အမှုတော်ကို တရုတ်ပြည်မတွင် ဖြစ်ပေါ်စေခဲ့ကတည်းက၊ ဘုရားသခင် ရွေးချယ်သောသူတို့သည် တရုတ်အစိုးရ၏ ရက်စက်ကာ၊ လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုကို ခံကြရပြီးဖြစ်သော်လည်း၊ ၎င်းတို့သည် စာတန်အပေါ် အောင်မြင်ခြင်းနှင့်ဆိုင်သော ထူးကဲသည့် သက်သေတစ်ခုကို ရှေ့ဆက်လုပ်ဆောင်ရင်းဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အနိုင်မခံ အရှုံးမပေးကြသကဲ့သို့ မယိမ်းမယိုင် သစ္စာရှိကြလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နိုင်ငံတော်ခေတ်တွင် အောင်မြင်သောသူများ အုပ်စုတစ်စုကို အမှန်တကယ် ပြုလုပ်ပြီးဖြစ်ကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အကျိုးဖြစ်ထွန်းစေသည်ကို ဤအချက်အလက်များက လုံးဝ ထင်ရှားစေပေသည်။
  • အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

    အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

    ဘုရားသခင်၌ ယုံကြည်သူအသီးသီး၌ ကိုယ်တော့်ထံသို့ ပြန်လှည့်ကြသည့် ကိုယ်ရေးကိုယ်တာ ခရီးအကြောင်း အထူး ဇာတ်လမ်းတစ်ပုဒ် ရှိကြပါသည်။ ဤစာအုပ်သည် ဘုရားသခင်၏ ရွေးချယ်ခံလူများက မှန်သော လမ်းခရီးနှင့် ပတ်သက်၍ သေချာလာရင်းနှင့် သူ၏ ပလ္လင်တော်ရှေ့သို့ ပြန်လာကြရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ လမ်းပြမှုကို ရရှိခြင်း၌ စစ်မှန်သော အတွေ့အကြုံများကို ဝေငှထားသည်။ အချို့သည် မိမိတို့ ဘာသာရေးအယူအဆများ၏ အချုပ်အနှောင်များနှင့် ချုပ်ချယ်မှုများမှ ထွက်ပြေးလွတ်မြောက်ကြသည်၊ အချို့မှာ ဘာသာရေး အသိုင်းအဝိုင်းများထဲက အန္တိခရစ် အင်အားစုများနှင့် တရုတ် ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သောအင်အားစုများ၏ နှောင့်ယှက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ရှောင်ရှားကြပြီး၊ အခြားသူတို့သည် လောက၏ ဆိုးယုတ်သော ရေပန်းစားမှုများနှင့် စပ်လျဉ်း၍ ခွဲခြားသိမြင်နိုင်စွမ်းကို ရရှိခဲ့ကြသည်။ နောက်ဆုံးတွင်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာကြလေသည်။