၅။ အန္တိခရစ်များကို ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်သည် အန္တိခရစ်များကို အဘယ်သို့ စရိုက်လက္ခဏာကို သရုပ်ဖော်သနည်း။ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်အား ဆန့်ကျင်သူတို့ကမူ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ သမ္မာတရားကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သော အရာများအားလုံးကို မုန်းတီးခြင်းတို့သည် သာမန်လူတို့တွင်တွေ့ရှိသည့် ယာယီအားနည်းမှု သို့မဟုတ် မိုက်မဲမှု မဟုတ်သကဲ့သို့ လွဲချော်နေသော သဘောပေါက်နားလည်မှု ဖြစ်သည့် အချိန်တစ်ခဏမှ ဖြစ်ပေါ်သော မမှန်ကန်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ ထုတ်ဖော်ခြင်း မဟုတ်ပေ။ ဤသည်မှာ ပြဿနာမဟုတ်။ ပြဿနာမှာ ၎င်းတို့သည် အန္တိခရစ်များဖြစ်သည်။ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ အပြုသဘောဆောင်သောအရာများအားလုံးနှင့် သမ္မာတရားအားလုံးကို မုန်းတီးသည်။ ယင်းတို့သည် ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်သော လူတစ်မျိုးဖြစ်သည်။ ဘုရားသခင်က ဤသို့သော လူတစ်မျိုးကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ ဤလူတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးသည်။ ၎င်းတို့တွင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရရှိသည်။ ဤအရာကို သင်တို့နားလည်သလော။ ဤနေရာတွင် ဖော်ထုတ်ခြင်း ခံရသည့်အရာသည် ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် သမ္မာတရားအပေါ် မုန်းတီးမှုဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြားတွင် အပြင်းထန်ဆုံး စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်ပြီး စာတန်၏ ထုံးစံအတိုင်း အဖြစ်ဆုံးသော၊ အဓိကအကျဆုံးသော စရိုက်လက္ခဏာများကို ကိုယ်စားပြုသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကိုယ်စားမပြု။ အန္တိခရစ်များသည် ဘုရားသခင်ကို ရန်လိုသော အင်အားစုတစ်ခုဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို အဖျက်အမှောင့်လုပ်ပြီး ထိန်းချုပ်နိုင်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို ဖြိုဖျက်ပြီး နှောင့်ယှက်နိုင်စွမ်း ရှိသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော သာမန်လူတို့ လုပ်ဆောင်နိုင်သော အရာတစ်ခုမဟုတ်။ အန္တိခရစ်များသာ ဤသို့သောလုပ်ရပ်များကို လုပ်နိုင်စွမ်းရှိသည်။ ဤအမှုကိစ္စကို လျှော့မတွက်နှင့်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆

ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင် ဘုရားသခင်ကို လူသားက အတိုက်အခံလုပ်ခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ခြင်းမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည်ကိုပင်ဖြစ်စေ၊ သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကိုပင်ဖြစ်စေ မသိခဲ့ကြသောကြောင့် ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ ထိုမျှ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆတစ်ခုမျှ လုံးဝ မရှိခဲ့သကဲ့သို့ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် အလွန်အကျွံ မြင့်မားသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ လူ့ဇာတိရှိသည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အားလုံးက မြင်ကြရ၏။ ထိုအခိုက်အတန့်တွင် လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ သူ့ကို ရည်စူး၍ ကျိုးနွံနာခံကြပါက ၎င်းတို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ အတိုက်အခံလုပ်သောသူတို့မှာမူ ဘုရားသခင်အပေါ် အတိုက်အခံလုပ်သူများအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော ရန်သူများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်

သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း မရှိခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့ကျိုးနွံနာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကို နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိ် အထွတ်အထိပ်အဖြစ်ဆုံးဟု တွေးထင်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားနဲ့၊ ကျိုးနွံနာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက်နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသည့်တိုင် ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သာ၍ပင်ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒခြွေရန် အမြင့်တွင် ရပ်တည်ကြရင်း အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် ဆိုးယုတ်သော နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ လူတို့ တက်ရောက်ခြင်းကို တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်ဖြစ်ပြီး ဘုရားသခင်ကို လူတို့၏ ရှာဖွေခြင်းအား ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် ရည်စူးမြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်

ဘာသာတရားနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ကာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၏ လမ်းညွှန်ခံရသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ တရားမဟောနိုင်ပါက လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကိုလည်းကောင်း၊ လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ ထိုလူများသည် ဘုရားသခင်ကို အမည်ခံသဘောအရ ယုံကြည်ကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် ဤခေါင်းဆောင်များ နောက်သို့ လိုက်ကြသည်။ သူတို့သည် မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ သူတို့ထဲမှ အချို့တို့က “ယုံကြည်မှုနှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါ လူတို့သည် အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များသည် အဘယ်အရာများ ဖြစ်လာကြပြီနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ အတားအဆီးများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

အန္တိခရစ်တို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို ပွင့်လင်းစွာ ဆန့်ကျင်လိုကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၊ ဘုရားသခင်၏ နေရာနှင့် လူတို့၏ စိတ်နှလုံးများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြပြီး၊ သူတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်အပြင် သူတို့ကို အထင်အမြင်မှားစေရန်နှင့် တုံ့ဆိုင်းရပ်တန့်စေရန်အလို့ငှာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများအကြား အမျိုးမျိုးသောအမှုများကိုပင် ပြုလုပ်ကြသည်။ အတိုချုပ်အားဖြင့်၊ အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့၏ သဘာဝသည် ပွင့်လင်းသည်ဖြစ်စေ လျှို့ဝှက်သည်ဖြစ်စေ ဘုရားသခင်ကို အစဉ် ဆန့်ကျင်ဘက်ပြုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်လိုသည်ဟု ငါ ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ကိုယ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း အပြည့်အဝ ကောင်းစွာ သိကြပါလျက်နှင့်ကိုယ်တော်ကို ဆက်လက် ဆန့်ကျင်ကြဆဲဖြစ်ပြီး မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ သမ္မာတရားကို လက်မခံကြသောကြောင့် ဖြစ်သည်။ ဥပမာအနေနှင့်၊ အန္တိခရစ်အချို့သည် လူအချို့ကို စည်းရုံးသိမ်းသွင်းပြီး ထိုသူတို့ကို အထင်အမြင်မှားစေကာ ထိန်းချုပ်ကြသည်။ ၎င်းတို့သည် ဤလူတို့ကို ၎င်းတို့အား နာခံစေပြီး ၎င်းတို့နောက်လိုက်စေကာ၊ ထို့နောက် အသင်းတော်မှ စာအုပ်အမျိုးမျိုးနှင့် အချက်အလက်များကို လိမ်လည်လှည့်ဖြား၍ ရယူကြပြီး၊ မိမိတို့၏ ကိုယ်ပိုင် အသင်းတော်များကို တည်ထောင်ကာ မိမိတို့၏ ကိုယ်ပိုင် နယ်ပယ်များကို တည်ထောင်ကြသည်၊ သို့မှသာ ၎င်းတို့အနေဖြင့် မိမိတို့နောက်လိုက်များ၏ နောက်လိုက်ခြင်းနှင့် ကိုးကွယ်ခြင်းကို ခံစားနိုင်ကြမည်ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်နေကြတော့သည်။ ဤသို့သော အပြုအမူသည် ကိုယ်တော် ရွေးချယ်ထားသောလူများကို ဘုရားသခင်နှင့် အပြိုင်အဆိုင် လုယူခြင်းဖြစ်သည်မှာ ထင်ရှား၏။ ဤသည်မှာ အန္တိခရစ်တို့၏ ထူးခြားသောလက္ခဏာရပ်တစ်ခု မဟုတ်လော။ ဤသိသာထင်ရှားသော လက္ခဏာရပ်အပေါ် အခြေခံ၍ ဤလူတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းသည် မတရားခြင်း ဖြစ်သလော။ လုံးဝ မတရားခြင်း မဟုတ်ပေ။ ဤသို့ သတ်မှတ်ခြင်းသည် အလွန် တိကျလှပေသည်။ အသင်းတော်အတွင်း၌ အုပ်စုဖွဲ့ပြီး အသင်းတော်ကို ဖြိုဖျက်သည့် အန္တိခရစ်အချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အသင်းတော်အတွင်း၌ မိမိတို့၏ အင်အားစုများကို အစဉ်မပြတ် ပျိုးထောင်ကြပြီး၊ ၎င်းတို့နှင့် သဘောမတူသူများကို ဖယ်ကြဉ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အင်အားစုများကို ဖွဲ့စည်းပြီး လူတိုင်းအား ၎င်းတို့ပြောသည့်အရာကို လုပ်ဆောင်စေရန်အတွက် မိမိတို့ကို နားထောင်ပြီး နောက်လိုက်သည့်သူများကို မိမိတို့အနားတွင် ထားရှိ သည်။ ဤသည်မှာ ၎င်းတို့က ကိုယ်ပိုင် နယ်ပယ်များ ထူထောင်နေခြင်း မဟုတ်လော။ အထက်၌ မည်သည့် အလုပ်အစီအစဉ်များ သို့မဟုတ် သတ်မှတ်ချက်များ ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုအရာများကိုလိုက်နာဆောင်ရွက်ရန် ငြင်းပယ်ကြပြီး ယင်းအစား မိမိတို့၏ သဘောအတိုင်း ပြုမူကာ မိမိတို့၏ နောက်လိုက်များကို အထက်အား ပွင့်လင်းစွာ ဆန့်ကျင်ရန် ဦးဆောင်ကြသည်။ ဥပမာအနေနှင့်၊ ဘုရားအိမ်တော်က အမှန်တကယ်ဖြစ်သောအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ချက်ချင်း ထုတ်ပယ်ရန် တောင်းဆိုသည်။ သို့ရာတွင် အန္တိခရစ်တစ်ဦးကမူ၊ “ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အမှန်တကယ်ဖြစ်သောအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသော်လည်း၊ သူတို့က ငါ့ကို ထောက်ခံကြသည်၊ အသိအမှတ်ပြုသည်၊ ပြီးလျှင် ငါက သူတို့ကို ပျိုးထောင်ပေးနေခဲ့ခြင်းဖြစ်သည်။ အထက်က ငါ့ကို ဦးစွာ မဖယ်ရှားမချင်း ဤလူများကို ထုတ်ပယ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ” ဟု တွေးကြလိမ့်မည်။ ငါ့အား ပြောလော့၊ ထိုအသင်းတော်သည် ထိုအန္တိခရစ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည် မဟုတ်လော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အန္တိခရစ်ကို မကျော်ဖြတ်နိုင်သကဲ့သို့ ဆောင်ရွက်၍ မရနိုင်ပေ။ အလုပ်အစီအစဉ်များကို ထုတ်ပြန်ထားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး၊ အသင်းတော်တိုင်းက ၎င်းတို့ကို မည်သို့ ဆောင်ရွက်ခဲ့ကြောင်း၊ ဥပမာ၊ မည်သူက မည်သည့် အခြေအနေများကြောင့် မိမိတို့၏တာဝန်အား တာဝန်ခန့်အပ်မှု ပြုပြင်ခြင်းခံရသည် သို့မဟုတ် ထုတ်ပယ်ခြင်း ခံခဲ့ရသည်ဟူသည်တို့ကို ပြန်လည်သတင်းပို့ပြီးဖြစ်ချိန်တွင် အန္တိခရစ်မှာမူ မည်သည့်အရာကိုမျှ လုံးဝ ပြန်လည်သတင်းပို့ခြင်းမရှိဘဲ မည်သူတစ်ဦးတစ်ယောက်၏ တာဝန်ခန့်အပ်ခံရမှုကိုမျှ လုံးဝ ပြင်ပေးခြင်းမရှိပေ။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် အစဉ် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြရာ၊ ယင်းက အသင်းတော်၏ အလုပ်ကို ပြင်းထန်စွာ ထိခိုက်စေသော်လည်း၊ အန္တိခရစ်သည် ထိုသူတို့၏ တာဝန်ခန့်အပ်ခံရမှုကို ပြင်ပေးခြင်းမရှိပေ။ အထက်က ထိုအန္တိခရစ်အား ဤလူတို့ကို ထုတ်ပယ်ရန် တိုက်ရိုက်ပြောသည့်အခါ၌ပင်၊ ၎င်းတို့ထံမှ မည်သည့်တုံ့ပြန်ချက်မျှမရှိဘဲ အချိန်ကြာမြင့်စွာ ကုန်လွန်သွားသည်။ ဤနေရာတွင် ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ အထက်က ၎င်းတို့ကို အလုပ်အစီအစဉ်များ အကောင်အထည်ဖော်ရန် တောင်းဆိုသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို စုံစမ်းမေးမြန်းရန် ကြိုးစားသည့်အခါ၊ အန္တိခရစ်ကြောင့် ရှေ့ဆက်မရ ဖြစ်သွားသည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများသည် ထိုအကြောင်းကို ဘာမျှ မသိကြပေ။ ၎င်းတို့သည် မည်သည့် သတင်းစကားကိုမျှ မရရှိကြသကဲ့သို့ အထက်နှင့် အဆက်အသွယ်ပြတ်နေသည်။ အသင်းတော်သည် ထိုလူတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်။ ဤနည်းအတိုင်း ပြုမူသော အန္တိခရစ်တစ်ဦး၏ သဘာဝသည် အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်က အသင်းတော်တစ်ခုကို အာဏာသိမ်းခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် အသင်းတော်ထဲတွင် အုပ်စုဖွဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် နယ်ပယ်များကို တည်ထောင်ကြသည်၊ ဘုရားအိမ်တော်ကို ဆန့်ကျင်ကြပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေကြသည်။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးကြသည်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားရကြ၊ ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိ၊ ဘုရားသခင်၌ ယုံကြည်ခြင်း ပျောက်ဆုံးကြပြီး၊ မိမိတို့၏ တာဝန်များကို တက်ကြွစွာ ၎င်းတို့ မထမ်းဆောင်နိုင်ကြတော့ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အကျင့်ပျက်ခြင်းပင်ဖြစ်လာကြကာ၊ ၎င်းတို့၏ အသက်တာများ ရပ်တန့်သွားကြသည်။ ဤအရာအားလုံးသည် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း၏ အကျိုးဆက်များ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)

လူ့ဇာတိခံ ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံရာတွင် အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသည်၊ ၎င်းတို့က “ခရစ်တော်သည် သာမန်လူတစ်ဦးဖြစ်သည်ကို မြင်လိုက်ရသည့်အခါမှာပင် ကျွန်ုပ်စိတ်ထဲ၌ အယူအဆများ ဖြစ်ပေါ်လာသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည်မှာ ဘုရား၏ ဖော်ပြချက်တစ်ခုဖြစ်သည်၊ ယင်းသည် သမ္မာတရားဖြစ်ပြီး ကျွန်ုပ် ဝန်ခံသည်။ ကျွန်ုပ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်တစ်အုပ် ရှိပြီး ယင်းနှင့်ပင် လုံလောက်ပြီဖြစ်သည်။ ကျွန်ုပ် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံရန် မလိုအပ်ပေ။ အကယ်၍ ကျွန်ုပ်၌ အယူအဆများ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း ရှိပါက ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်သည်။ လူ့ဇာတိခံ ဘုရားနှင့် ထိတွေ့ဆက်ဆံပါက အယူအဆများ ဖြစ်ပေါ်ရန် လွယ်ကူပြီး ဤသည်မှာ ကျွန်ုပ် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြောင်း ပြသလိမ့်မည်။ အကယ်၍ ကျွန်ုပ်သည် ဘုရား၏ ပြစ်တင်ရှုတ်ချခြင်းကို မတော်တဆ ခံရမည်ဆိုလျှင် ကျွန်ုပ်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်ဘာသာ ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်နေခြင်းက ပိုကောင်းသည်။ လူတို့ကို ကယ်တင်နိုင်သူမှာ ကောင်းကင်ဘုံ၌ရှိသော ဘုရားသာလျှင်ဖြစ်သည်” ဟု ဆိုကြသည်။ ဘုရားသခင်၏ မျက်မှောက်ခေတ် နှုတ်ကပတ်တော်များ၊ မိတ်သဟာယဖွဲ့ခြင်း၊ အထူးသဖြင့် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖော်ထုတ်သည့် ထိုနှုတ်ကပတ်တော်များမှာ အန္တိခရစ်များ၏ စိတ်နှလုံးကို အများဆုံး နာကျင်စေကာ ၎င်းတို့အတွက် စိတ်ဆင်းရဲဖွယ် အကောင်းဆုံး ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်များ ဖတ်ရှုရန် မလိုလားဆုံးသော နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကမ္ဘာမြေကြီးမှ မကြာမီ ထွက်ခွာသွားရန်ကို အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲ၌ ဆန္ဒရှိကြသည်၊ ဤသို့ဖြင့် ၎င်းတို့သည် ကမ္ဘာမြေပေါ်၌ မိမိတို့၏ ကိုယ်ပိုင်အာဏာစက်ဖြင့် အုပ်စိုးနိုင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ၊ ဤသာမန်လူသည် ၎င်းတို့အတွက် မလိုလားအပ်သောသူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဤသို့ ဆင်ခြင်သုံးသပ်ကြသည်၊ “ခရစ်တော်၏ တရားဒေသနာများကို မနာခံမီက ကျွန်ုပ် အရာရာကို နားလည်ပြီး ကဏ္ဍအားလုံး၌ အဆင်ပြေသည်ဟု ခံစားခဲ့ရသည်၊ သို့သော် ခရစ်တော်၏ တရားဒေသနာများကို နားထောင်ပြီးသည့်နောက်၌မူ မတူတော့ပေ။ ယခု ကျွန်ုပ်၌ မည်သည့်အရာမျှ မရှိသကဲ့သို့ ခံစားရသည်၊ ကျွန်ုပ် အလွန် အရေးမပါသည့်အပြင် သနားစရာကောင်းသည်ဟု ခံစားရသည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ဖော်ထုတ်နေခြင်း မဟုတ်ဘဲ အခြားသူများကို ဖော်ထုတ်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆုံးဖြတ်ကြပြီး ခရစ်တော်၏ တရားဒေသနာများကို နားထောင်ရန် မလိုအပ်ဟုလည်းကောင်း၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ဖတ်ရှုခြင်းသည် လုံလောက်သည်ဟုလည်းကောင်း ထင်ကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ဘုရားသခင် လူ့ဇာတိခံယူခြင်းဟူသော အချက်ကို ငြင်းပယ်ရန်၊ ခရစ်တော်က သမ္မာတရားကို ဖော်ပြသည်ဟူသော အချက်ကို ငြင်းပယ်ရန်ဖြစ်ပြီး ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိလာမည်ဖြစ်ကာ ၎င်းတို့သည် အသင်းတော်၌ ဘုရင်များအဖြစ် စိုးစံနိုင်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို ယုံကြည်ရာ၌ ၎င်းတို့၏ ကနဦးရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု တွေးထင်ကြသည်။ အန္တိခရစ်များ၌ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဟူသော မွေးရာပါ သဘာဝတစ်ခု ရှိသည်၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဖီလာဖြစ်ကာ ထာဝရ သဟဇာတမဖြစ်နိုင်ကြပေ။ ၎င်းတို့သည် ခရစ်တော် တည်ရှိနေသည့် နေ့ရက်တိုင်းသည် ၎င်းတို့ ပေါလွင်ရန် ခက်ခဲမည့်နေ့ရက်ဖြစ်ပြီး ၎င်းတို့သည် ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်း၊ ဖျက်ဆီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရမည့်အန္တရာယ်၌ ရှိနေသည်ဟု ၎င်းတို့ ထင်ကြသည်။ ခရစ်တော်က စကားမပြောဘဲ အလုပ်မလုပ်သရွေ့၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ခရစ်တော်ကို ကိုးစားခြင်း မရှိသရွေ့ အန္တိခရစ်များက အခွင့်သာကြလေသည်။ ၎င်းတို့၌ မိမိတို့၏ စွမ်းဆောင်နိုင်မှုများကို ပြသရန် အခွင့်အရေးတစ်ခု ရှိသည်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူအုပ်ကြီးသည် ၎င်းတို့ဘက်သို့ ဘက်ပြောင်းသွားကြမည်ဖြစ်ပြီး အန္တိခရစ်များသည် ဘုရင်များအဖြစ် စိုးစံနိုင်ကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ခရစ်တော်ကို မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူက ပို၍ ပါရမီရှိသည် သို့မဟုတ် မည်သူက ပို၍ စွမ်းဆောင်နိုင်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်၊ ၎င်းတို့သည် မည်သူ၏ စကားများက ပို၍ တန်ခိုးရှိပြီး မည်သူ၏ စွမ်းဆောင်နိုင်မှုများက ပို၍ ကြီးမြတ်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ခရစ်တော်ပြုသည့်အရာနှင့် ထပ်တူကျသောအရာကို လုပ်ဆောင်နေကြသဖြင့် ၎င်းတို့နှင့် ကိုယ်တော်သည် လူသားများပင် ဖြစ်လင့်ကစား ခရစ်တော်၏ စွမ်းဆောင်နိုင်မှုများနှင့် ပညာဗဟုသုတသည် သာမန်လူတစ်ဦးထက် မပိုကြောင်း အခြားသူများကို မြင်တွေ့စေရန် ကြိုးစားကြသည်။ အန္တိခရစ်များသည် အရာရာ၌ ခရစ်တော်နှင့် ယှဉ်ပြိုင်ကြပြီး မည်သူက ပိုသာသည်ကို ပြိုင်ဆိုင်ကာ ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကြောင်းနှင့် ကိုယ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ကြောင်းဟူသော အချက်ကို ရှုထောင့်တိုင်းမှ ငြင်းပယ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ခရစ်တော်ကို ဘုရားသခင် ရွေးချယ်ထားသောလူများအကြား၌ အာဏာကိုင်စွဲခြင်းမှ တားဆီးရန်၊ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ ရွေးချယ်ထားသောလူများအကြား၌ ဖြန့်ချိခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းမှ တားဆီးရန်နှင့် ခရစ်တော် ပြုလုပ်သောအမှုအရာများ၊ လူတို့အပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့် မျှော်လင့်ချက်များကိုပင် ဘုရားသခင် ရွေးချယ်ထားသောသူများအကြား၌ အကောင်အထည် ပေါ်ခြင်းမှ တားဆီးရန်အတွက် ကဏ္ဍတိုင်း၌ နည်းလမ်းအမျိုးမျိုးကိုလည်း စဉ်းစားကြသည်။ ခရစ်တော် ရှိနေသောအခါ ၎င်းတို့သည် နှာခေါင်းရှုံ့ခြင်းခံရပြီး အသင်းတော်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ မှောင်မိုက်သော ချောင်တစ်ချောင်တွင် ထားရှိခံရသော လူတစ်စုအလားပင် ဖြစ်လေသည်။ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များတွင် ငါတို့ မြင်တွေ့နိုင်သည်မှာ အနှစ်သာရနှင့် စိတ်သဘောထားအရ ၎င်းတို့ကို ခရစ်တော်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ပေ၊ ၎င်းတို့သည် ကိုယ်တော်နှင့် ကောင်းကင်တစ်ခုတည်းအောက်၌ အတူယှဉ်တွဲ မနေနိုင်ချေ။ အန္တိခရစ်များသည် မွေးကတည်းက ဘုရားသခင်ကို ရန်လိုခဲ့ကြသည်၊ ၎င်းတို့သည် ခရစ်တော်ကို အတိုက်အခံလုပ်ရန်အတွက် သီးသန့် ပေါ်ထွက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် ခရစ်တော်ကို အနိုင်ယူပြီး ချေမှုန်းလိုကြသည်။ ၎င်းတို့သည် ခရစ်တော် ပြုလုပ်သောအလုပ်အားလုံး အချည်းနှီးဖြစ်ပြီး မည်သည့်အရာမျှ မဖြစ်မြောက်စေလိုကြ၊ သို့မှသာ အဆုံးတွင် ခရစ်တော်သည် လူများစွာကို မရရှိဘဲ ကိုယ်တော် မည်သည့်နေရာ၌ အလုပ်လုပ်သည်ဖြစ်စေ ရလဒ်မရရှိဘဲ ဖြစ်ပေလိမ့်မည်။ သို့မှသာ အန္တိခရစ်များ ပျော်ရွှင်ကြလိမ့်မည်။ အကယ်၍ ခရစ်တော်က သမ္မာတရားများကို ဖော်ပြပြီး လူတို့သည် ယင်းတို့အတွက် ဆာငတ်ကြလျှင်၊ ယင်းတို့ကို ရှာဖွေကြလျှင်၊ ဝမ်းမြောက်စွာ လက်ခံကြလျှင်၊ ခရစ်တော်အတွက် မိမိတို့ကိုယ်ကို အသုံးခံလိုစိတ် ရှိကြလျှင်၊ အရာရာတိုင်းကို စွန့်လွှတ်လိုပြီး ခရစ်တော်၏ ဧဝံဂေလိတရားကို ဖြန့်ချိလိုလျှင် အန္တိခရစ်များသည် စိတ်ဓာတ်ကျလာပြီး နက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့ဟုလည်းကောင်း၊ ငရဲသို့ ပစ်ချခံရဘိသကဲ့သို့ ၎င်းတို့ ပေါ်လွင်ရန် အခွင့်အရေး မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ဟုလည်းကောင်း ခံစားကြရသည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ကြည့်လျှင် ဘုရားသခင်ကို တိုက်ခိုက်ပြီး ကိုယ်တော့်ကို ရန်လိုစိတ်ဖြင့် သဘောထားသည့် ၎င်းတို့၏ ဤအနှစ်သာရကို အခြားတစ်စုံတစ်ဦးက ၎င်းတို့အထဲသို့ သွတ်သွင်းပေးခဲ့ခြင်းလော။ လုံးဝ မဟုတ်ပေ၊ ၎င်းတို့သည် ယင်းနှင့်အတူ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် မွေးကတည်းက နတ်ဆိုး၏ ပြန်လည်ဝင်စားခြင်း၊ ကမ္ဘာမြေသို့ ရောက်လာသော နတ်ဆိုးဖြစ်သည့် လူအမျိုးအစားတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံနိုင်မည်မဟုတ်ဘဲ ခရစ်တော်ကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်၊ ခရစ်တော်ကို မည်သည့်အခါမျှ ချီးမြှောက်မည်မဟုတ်၊ သို့မဟုတ် ခရစ်တော်ကို မည်သည့်အခါမျှ သက်သေခံမည် မဟုတ်ပေ။ အပေါ်ယံအားဖြင့် ၎င်းတို့ ခရစ်တော်ကို လူသိရှင်ကြား တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ပြုသည်ကို သင် မြင်တွေ့ရမည်မဟုတ်သော်လည်း ၎င်းတို့သည် လိုက်လျောညီထွေစွာ အားထုတ်မှုအချို့ကို ပြုလုပ်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ၎င်းတို့၌ အခွင့်အရေးတစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် အချိန်ကျသောအခါ အန္တိခရစ်များ၏ ဘုရားသခင်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ခြင်းသည် ပေါ်လာလိမ့်မည်။ အန္တိခရစ်များ ဘုရားသခင်ကို တိုက်ခိုက်ပြီး လွတ်လပ်သော နိုင်ငံတော်တစ်ခုကို တည်ထောင်သည်ဟူသော အချက်သည် လူသိရှင်ကြား ဖြစ်လာလိမ့်မည်။ ဤအရာအားလုံးသည် အန္တိခရစ်များ ရှိသောနေရာများ၌ ယခင်က ဖြစ်ပျက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအလုပ်ကို ပြုလုပ်သည့် ဤနှစ်များတွင် အထူးသဖြင့် မကြာခဏ ဖြစ်ပွားခဲ့သည်၊ လူများစွာသည် ယင်းတို့ကို တွေ့ကြုံပြီး စောင့်ကြည့်လေ့လာခဲ့ကြပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)

လူတချို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး လုံးဝ မရှိကြ။ အလုပ်အစီအစဉ်များကို လူက ရေးဆွဲထားခြင်း ဖြစ်သည်၊ အလုပ်အစီအစဉ်များသည် လူထံမှ လာခြင်းဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြ၏။ ထို့ပြင် ဤလူများ၏ အယူအဆများနှင့် မကိုက်ညီသည့် နေရာတိုင်းတွင် သူတို့ဆန္ဒအတိုင်း ၎င်းတို့ကို ပြောင်းလဲပစ်ကြသည်။ ဤသည်က ဘုရားသခင်၏ မည်သည့်စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအား ချိုးဖောက်သည်ကို သင်တို့ သိကြသလော။ (၇။ “အသင်းတော်၏အလုပ်နှင့် ကိစ္စရပ်များတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှလွဲ၍ အရာရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူ၏ ညွှန်ကြားချက်များကို လိုက်နာလော့။ အနည်းငယ်မျှသော ချိုးဖောက်မှုကိုပင် လက်ခံ၍မရပေ။ အကြွင်းမဲ့ လေးစားလိုက်နာလော့၊ ပြီးလျှင် အမှန်၊ အမှား မစိစစ်နှင့်။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပေ။ အကြွင်းမဲ့ကျိုးနွံနာခံခြင်းကိုသာ စိတ်ဝင်စားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်)) စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည့် အရာများသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာများ ဖြစ်ကြသည်။ ယင်းကို သင်ရှင်းရှင်းလင်းလင်း မမြင်နိုင်လေသလော။ အထက်၏ အလုပ်အစီအစဉ်များအပေါ် လူတချို့၏ သဘောထားများသည် အလွန်အမင်း ပေါ့ပေါ့တန်တန် ရှိကြ၏။ သူတို့ ယုံကြည်သည်မှာ “အထက်က အလုပ်အစီအစဉ်များကို ဆွဲပြီး ကျွန်ုပ်တို့ကမူ အသင်းတော်တွင် ထိုအလုပ်ကို လုပ်ရသည်။ အချို့စကားများနှင့် ပြုဖွယ်ကိစ္စများကို လိုက်လျောညီထွေစွာ အကောင်အထည်ဖော်၍ ရသည်။ ၎င်းတို့ကို ပြီးစီးအောင် အတိအကျ မည်သို့လုပ်ရမည်မှာ ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ အထက်က ပြောရုံပြောပြီး အလုပ်အစီအစဉ်များကို ရေးဆွဲပေးရုံသာ ရှိသည်။ တကယ်တမ်း လက်တွေ့လုပ်ရသူများက ကျွန်ုပ်တို့သာ ဖြစ်၏။ ထို့ကြောင့် အထက်က ကျွန်ုပ်တို့လက်ထဲ အလုပ်ကို လွှဲအပ်ပြီးနောက်တွင် ကြိုက်သလို ကျွန်ုပ်တို့ လုပ်နိုင်သည်။ အလုပ်ကို ပြီးအောင် မည်သို့ပင် လုပ်သည်ဖြစ်စေ အဆင်ပြေသည်။ မည်သူကမျှ ဝင်စွက်ဖက်ခွင့် မရှိ” ဟု ဖြစ်သည်။ သူတို့ကျင့်ကြံဆောင်ရွက်သည့် အခြေခံနိယာမများမှာ အောက်ပါအတိုင်းဖြစ်သည်။ မှန်သည်ဟု သူတို့ယုံကြည်သော အရာကို သူတို့နားထောင်ပြီး မှားသည်ဟု သူတို့ယုံကြည်သော အရာကိုကား လျစ်လျူရှုကြသည်။ သူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားနှင့် အခြေခံနိယာမများ ဖြစ်သည်ဟု မှတ်ယူကြသည်။ သူတို့၏ဆန္ဒနှင့် မကိုက်ညီသော မည်သည့်အရာကိုမဆို သူတို့ ဆန့်ကျင်ကြပြီး ထိုအရာများနှင့် ပတ်သက်လျှင် သင့်အား သူတို့ အလွန်အမင်း ရန်မူလိုကြသည်။ အထက်၏ စကားများက သူတို့၏ဆန္ဒနှင့် မကိုက်ညီသောအခါ သူတို့သည် ထိုစကားများကို စတင်၍ ပြောင်းလဲပစ်ကြပြီး သူတို့၏ သဘောတူညီချက်အတိုင်း ဖြစ်သွားမှသာ ထိုစကားတို့ကို လက်ဆင့်ကမ်းလွှဲပေးကြသည်။ သူတို့၏ သဘောတူညီချက်မရှိဘဲ ထိုစကားတို့ကို လက်ဆင့်ကမ်းလွှဲပေးရန် သူတို့ ခွင့်မပြုကြချေ။ အခြားဒေသများတွင် အထက်၏ အလုပ်အစီအစဉ်များကို အရှိအတိုင်း လက်ဆင့်ကမ်းလွှဲပေးကြသော်လည်း ဤလူများကမူ သူတို့တာဝန်ယူထားသော အသင်းတော်များထံ သူတို့၏ ပြောင်းလဲထားသော အလုပ်အစီအစဉ်မူကွဲများကို လက်ဆင့်ကမ်း လွှဲပေးကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ဘေးချိတ်ထားရန် အမြဲတမ်း ဆန္ဒရှိနေကြ၏။ လူတိုင်း သူတို့ကို ယုံကြည်လာပြီး သူတို့နောက်လိုက်ကာ သူတို့ကို ကျိုးနွံနာခံလာအောင် လုပ်ဖို့ အလွန် စိတ်ထက်သန်နေကြသည်။ သူတို့စိတ်ထဲတွင် ဘုရားသခင်က သူတို့လောက် မတော်သည့် နယ်ပယ်တချို့ရှိသည်၊ သူတို့ကိုယ်တိုင် ဘုရားသခင် ဖြစ်သင့်ပြီး အခြားလူများက သူတို့ကို ယုံကြည်သင့်သည်ဟူသတတ်။ ယင်းမှာ ၎င်း၏သဘာဝဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ပါက သူတို့ ထုတ်ပယ်ခံရချိန်တွင် သင်တို့ ငိုကြွေးကြဦးမည်လော။ သူတို့အတွက် စိတ်မကောင်း ဖြစ်နေဦးမည်လော။ “အထက်က မတော်မလျော် လုပ်ခဲ့သည်။ လူများကို သူတို့ မတရားဆက်ဆံ၏။ ဤမျှ အလုပ်ကြိုးစားသော လူတစ်ယောက်ကို သူတို့ မည်သို့များ ထုတ်ပယ်ပစ်နိုင်ရသနည်း” ဟု သင်တွေးနေဦးမည်လော။ ဤသို့ပြောသော သူများသည် ပိုင်းခြားသိမြင်ခြင်း မရှိကြပေ။ ထိုသူတို့က မည်သူ့အတွက် အလုပ်ကြိုးစားကြခြင်း ဖြစ်သနည်း။ ဘုရားသခင်အတွက်လော။ အသင်းတော်အလုပ်အတွက်လော။ မိမိတို့၏ ရာထူးအဆင့်အတန်း မြဲစေရန်အလို့ငှာ သူတို့အလုပ်ကြိုးစားကြခြင်း ဖြစ်သည်။ လွတ်လပ်သော နိုင်ငံတော်များ တည်ထောင်ရန်အလို့ငှာ သူတို့အလုပ်ကြိုးစားနေကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို သူတို့အစေခံနေကြသလော။ သူတို့၏တာဝန်များကို သူတို့ထမ်းဆောင်နေကြသလော။ ဘုရားသခင်ကို သူတို့သစ္စာရှိပြီး ကျိုးနွံနာခံကြသလော။ သူတို့သည် စာတန်၏ လက်ပါးစေများသက်သက်သာ ဖြစ်ကြပြီး သူတို့အလုပ်လုပ်သောအခါ စိုးစံနေသူမှာ နတ်ဆိုးပင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ထိခိုက်ပျက်စီးစေပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ သူတို့သည် အန္တိခရစ် အစစ်အမှန်များသာ ဖြစ်ကြလေတော့၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က “ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော” ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ “ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော” ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့၏စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)

အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် အာဏာကို လက်ဝါးကြီးအုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အာဏာရှင်စနစ်ကို လည်ပတ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် မည်သူ့ကိုမျှ မလေးစားဘဲ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့က မည်သည့် မှန်ကန်သော အမြင်များ၊ သို့မဟုတ် အမြော်အမြင်ရှိသော ထင်မြင်ချက်များကို ဖော်ပြနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် သင့်တော်သောနည်းလမ်းများကို လူတို့ တင်ပြနိုင်ပါစေ ၎င်းတို့က ထိုအရာများကို အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင်ရှိသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ မကောင်းသော လူ့သဘာဝရှိခြင်း ဖြစ်သည်ဟု လူအချို့က ပြောကြသည်။ သို့သော် ဤသည်မှာ ထူးမခြားနားသော မကောင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ပြီးလျှင် ဤသို့သော စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် ဘုရားအိမ်တော်မှ အရာရာတိုင်းနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူပြီး ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူသည်။ ယင်းတို့အားလုံးကို ၎င်းတို့က စီမံမည်ဖြစ်သည်။ ဤတွင် မည်သူ့ကိုမျှ ကြားဝင်ရန် ၎င်းတို့ ခွင့်မပြုပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အဆင့်အတန်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသောသူ တစ်ယောက်ယောက် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတလေကို ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းတို့အား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်၊ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။ ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောနိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ပံ့ပိုးပေးနိုင်သောသူတို့ကို ပြိုင်ဖက်များအဖြစ် ဖိနှိပ်ပြီး ဖယ်ကြဉ်ရန် ကြိုးစားကြသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို အခြားလူတိုင်းနှင့် လုံးဝသီးခြားခွဲထားရန်၊ လုံးလုံးလျားလျား နာမည်ပျက်အောင် ပြုလုပ်ရန်နှင့် ပြိုလဲစေရန် အသည်းအသန်ကြိုးစားကြသည်။ ထိုအခါမှသာ အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်ကြလိမ့်မည်။ ဤလူတို့သည် မည်သည့်အခါမျှ အပျက်သဘောမဆောင်လျှင်၊ မိမိတို့၏ သက်သေခံချက် ပြောဆိုကာ အခြားလူများကို ပံ့ပိုးလျက် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ကြလျှင် အန္တိခရစ်များက ၎င်းတို့၏ နောက်ဆုံးနည်းကို ကျင့်သုံးကြလိမ့်မည်။ ယင်းမှာ ထိုလူတို့အား အသင်းတော်မှ ရှင်းလင်းပစ်ခံရသည်အထိ အမှားရှာပြီး ရှုတ်ချခြင်း၊ သို့မဟုတ် ထိုလူတို့အား ညှဉ်းပန်းပြီး အပြစ်ပေးရန်အတွက် အမှုဆင်ပြီး လုပ်ကြံပြောဆိုခြင်းဖြစ်သည်။ ထိုအခါမှသာ အန္တိခရစ်များက အပြည့်အဝ စိတ်သက်သာရာရကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များနှင့်ပတ်သက်၍ မသိမသာနှင့် အန္တရာယ်အရှိဆုံး၊ မလိုမုန်းထားဆုံးသောအရာဖြစ်သည်။ ၎င်းတို့ကို အကြောက်ဆုံးနှင့် စိတ်အပူပင်ဆုံးဖြစ်စေသောအရာမှာ သမ္မာတရားကို လိုက်စားပြီး စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပိုင်ဆိုင်သောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စကားများနှင့် အယူဝါဒများကို အနှစ်မရှိစွာ ပေါက်တတ်ကရ ပြောသောသူများထက် ဤသို့သောသက်သေခံချက်ရှိသော လူတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများက လက်ခံပြီး အပံ့ပိုးဆုံးသူများဖြစ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်များသည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပိုင်ဆိုင်ကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းလည်း မရှိပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ သို့သော် ကောင်းမှုမည်မျှကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် နားဝင်ချိုသောအရာများကို မည်မျှ ပြောဆိုသည်ဖြစ်စေ ဤအရာများမှာ ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မှ လူတို့ထံ ဆောင်ကြဉ်းပေးနိုင်သော အကျိုးအမြတ်များ၊ အကျိုးကျေးဇူးများနှင့် မယှဉ်သာသေးပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်း ပြောဆိုနိုင်သောသူများက ထောက်ပံ့ပေးသော ပံ့ပိုးမှုနှင့် ရေလောင်းမှု၏ အကျိုးတရားများအတွက် မည်သည့်အရာကိုမျှ အစားထိုး၍မရနိုင်ပေ။ ထို့ကြောင့် မိမိ၏အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောဆိုသောသူတစ်ဦးကို အန္တိခရစ်များက မြင်သည့်အခါ မျက်မုန်းကျိုးကြသည်။ ဒေါသက ၎င်းတို့၏စိတ်နှလုံးတွင် ထကြွလာကြသည်။ မုန်းတီးမှု ဖြစ်ပေါ်လာပြီး ပြောဆိုသူကို ပါးစပ်ပိတ်ရန်၊ နောက်ထပ်ပြောဆိုခြင်းမှ တားဆီးရန် စိတ်လောနေကြသည်။ ထိုလူတို့က ဆက်လက်၍ စကားပြောနေလျှင် အန္တိခရစ်များ၏ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မည်။ ၎င်းတို့၏ အကျည်းတန်သော သဘောသဘာဝများကို အားလုံးမြင်ရဖို့ အပြည့်အဝ ဖော်ထုတ်ပြခြင်း ခံရသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် သက်သေခံချက်ကို ပြောဆိုနေသောသူကို နှောင့်ယှက်ရန်၊ ဖိနှိပ်ရန် မူမမှန်သော အကြောင်းပြချက်တစ်ခုကို ရှာကြသည်။ အန္တိခရစ်များသည် လူတို့ကို စကားလုံးများ၊ အယူဝါဒများဖြင့် အထင်အမြင်မှားစေရန် မိမိတို့ကိုယ်ကိုသာ ခွင့်ပြုကြပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောခြင်းအားဖြင့် ဘုရားသခင်ကို ဘုန်းထင်ရှားအောင် ပြုလုပ်ခွင့် မပေးပေ။ ဤသည်မှာ အန္တိခရစ်များသည် မည်သို့သော လူအမျိုးအစားတို့ကို အမုန်းတီးဆုံး၊ အကြောက်ရွံ့ဆုံးဖြစ်သည်ကို ညွှန်ပြသည်။ လူတစ်ယောက်က အလုပ်အနည်းငယ်ဖြင့် ပေါ်လွင်လာသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ယောက်က စစ်မှန်‌သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့က ယင်းထံမှ အကျိုးအမြတ်များ၊ တည်ဆောက်မှု၊ ပံ့ပိုးမှုတို့ ရရှိကာ လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ပြီးလျှင် ထိုသူကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ကြိုးစားကြသည်။ အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူ လုပ်ဆောင်ခွင့်မပြုပေ။ သမ္မာတရားစစ်မှန်မှု ရှိသောသူတို့သည် အန္တိခရစ်များ၏ မျက်မှောက်တွင်ရှိသောအခါ အန္တိခရစ်များ၏ ညံ့ဖျင်းနုံချာမှု၊ စိတ်ပျက်စရာကောင်းမှု၊ အကျည်းတန်မှု၊ ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ပေါ်လွင်စေပြီး မီးမောင်းထိုးပြရန် လုပ်ဆောင်သည်။ ထို့ကြောင့် အန္တိခရစ်များက လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် တွဲဖက်အမှုဆောင် တစ်ယောက်ကို ရွေးချယ်သောအခါ သမ္မာတရားစစ်မှန်မှုများ ရှိသူတို့ကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ပြောဆိုနိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ပြီးလျှင် ရိုးသားသောသူများ၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ဤလူများမှာ အန္တိခရစ်များ မနာလိုဖြစ်ပြီး အမုန်းတီးဆုံးသောလူများ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အန္တိရစ်များအတွက် ခလုတ်ဆူးငြောင့်တစ်ခုဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော ဤလူတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် ကောင်းမွန်သည့်၊ သို့မဟုတ် အကျိုးဖြစ်စေသည့်အရာ မည်မျှလုပ်ဆောင်ပါစေ ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အန္တိခရစ်များက အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြှင့်တင်ပြီး အခြားလူတို့ကို သေးသိမ်စေရန်နည်းလမ်းအနေဖြင့် ကောင်းသောအရာများအတွက် နာမည်ကောင်းရယူရန် အချက်အလက်များကို မလိမ့်တပတ်လုပ်ပြီး မကောင်းသောအရာများအတွက်မူ သူတစ်ပါးတို့အပေါ် အပြစ်ပုံချလိမ့်မည်။ သမ္မာတရားကို လိုက်စားပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူများအပေါ်တွင် အန္တိခရစ်များက အလွန်ပင် မနာလိုဖြစ်ပြီး မုန်းတီးခြင်းရှိကြသည်။ ဤလူများက ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား ခြိမ်းခြောက်မည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြသည်။ ဤလူတို့ကို မဆက်သွယ်ရန်၊ သို့မဟုတ် ဤလူတို့နှင့် မရင်းနှီးစေရန်၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သော ဤလူတို့ကို ပံ့ပိုးခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းမပြုလုပ်ရန် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို ပိတ်ပင်တားမြစ်ကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ ဘုရားကို မုန်းတီးသည့် အန္တိခရစ်များ၏ ဆိုးယုတ်သောသဘာဝကို အထုတ်ဖော်ဆုံးသောအရာ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အန္တိခရစ်များသည် အသင်းတော်တွင် ဆိုးယုတ်သော ဆန့်ကျင်ရေးသမားဖြစ်သည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို နှောင့်ယှက်မှုနှင့် ဘုရားအလိုတော်ကို ဟန့်တားခြင်းအတွက် ၎င်းတို့သည် အပြစ်တင်ရမည့်သူများ ဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ထို့အပြငအန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကြားတွင် မုသားများကို မကြာခဏ လုပ်ကြံပြီး အမှန်တရားများကို မလိမ့်တပတ်လုပ်ကာ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောလူတို့ကို သိပ်ငယ်စေပြီး ရှုတ်ချသည်။ ထိုလူများက မည်သည့်အလုပ်ကို လုပ်ဆောင်ပါစေ အန္တိခရစ်များက ထိုသူတို့ကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ဆင်ခြေများရှာကြပြီး ၎င်းတို့နှင့်ပတ်သက်၍ ဝေဖန်အပြစ်တင်တတ်သည်။ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်၊ ကြွားဝါလိုသည်၊ စိတ်ထဲတွင် ရည်မှန်းချက်များ ထားရှိသည်ဟု ပြောသည်။ အမှန်တကယ်တွင် ဤလူတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုခုရှိကြပြီး သမ္မာတရားစစ်မှန်မှုအချို့ ပိုင်ဆိုင်ကြသည်။ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ထိုသူတို့သည် အားနည်းချက်၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရံဖန်ရံခါ ထုတ်ဖော်ခြင်းများ ရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး နောင်တရနိုင်စွမ်းရှိကြသည်။ ထိုသူတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ၊ ဘုရားသခင်က စုံလင်အောင်ပြုခြင်းခံရဖို့ မျှော်လင့်ချက်ရှိသောသူများ ဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်အနေဖြင့် ဤလူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင့်တော်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဖြည့်ဆည်းကြသည်။ သို့သော် အန္တိခရစ်များက “ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ပညာတတ်သည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် လူကြိုက်များသည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ထက်ပို၍ ကြီးသော လုံ့လဝီရိယဖြင့် သမ္မာတရားကို လိုက်စားသည်။ ကျွန်ုပ်သည် သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး သင်က ကျွန်ုပ်၏ ထင်ပေါ်မှုကို ခိုးယူလျှင် ကျွန်ုပ်သည် မည်သို့ပြုလုပ်ရမည်နည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားသလော။ မထောက်ထားပေ။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား မည်သို့ ထိန်းသိမ်းထားရမည်ကိုသာ စဉ်းစားကြသည်။ အန္တိခရစ်များသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိတို့ကိုယ်ကို သိကြသော်လည်း သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသည့်လူများကို ပျိုးထောင်ခြင်း၊ သို့မဟုတ် ရာထူးတိုးပေးခြင်း မပြုကြပေ။ ၎င်းတို့ ရာထူးတိုးပေးသည့်သူများမှာ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုသူများ၊ သူတစ်ပါးတို့ကို ကိုးကွယ်တတ်သူများ၊ စိတ်နှလုံးထဲတွင် ၎င်းတို့ကိုသဘောကျပြီး လေးစားသောသူများ၊ လူလည်ဖြစ်သူများ၊ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော သူများသာ ဖြစ်သည်။ အန္တိခရစ်များသည် ဤလူများကို ၎င်းတို့အတွက် အစေခံရန်၊ ၎င်းတို့အတွက် အပြေးအလွှားလုပ်ဆောင်ရန်၊ ၎င်းတို့အနီးတွင် နေထိုင်လျက် နေ့စဉ်ကုန်ဆုံးစေရန် ၎င်းတို့ဘက်သို့ ခေါ်ယူသည်။ ယင်းက အသင်းတော်တွင် အန္တိခရစ်များကို အာဏာရရှိစေပြီး လူများစွာက ၎င်းတို့နှင့် နီးကပ်စွာနေသည်၊ ၎င်းတို့နောက်သို့ လိုက်သည်၊ မည်သူကမျှ ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်အောင် မလုပ်ရဲကြဟူသည့် သဘောဖြစ်သည်။ အန္တိခရစ်များက စည်းရုံးသော ဤလူအားလုံးသည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ကြသည်။ ၎င်းတို့အများစုသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသလို စည်းကမ်းအတိုင်း လုပ်ဆောင်ခြင်းမျှလွဲ၍ မည်သည့်အရာကိုမျှ မသိပေ။ ၎င်းတို့သည် ခေတ်ရေစီးကြောင်းများနှင့် အာဏာရှိသူများနောက်သို့ လိုက်လိုကြသည်။ ၎င်းတို့သည် အစွမ်းထက်သော အရှင်သခင်တစ်ယောက်ရှိခြင်းအားဖြင့် ရဲဆေးတင်ကြသော အမျိုးအစားများဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သောလူများ ဖြစ်သည်။ ဘာသာတရားမရှိသူများ၏ ထိုဆိုရိုးစကားက အဘယ်သို့ရှိသနည်း။ လူဆိုးတစ်ယောက်၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်ဖြစ်ခြင်းထက် လူကောင်းတစ်ယောက်၏ လက်ထောက်ဖြစ်ခြင်းက ပို၍ကောင်း၏ ဟူ၍ဖြစ်သည်။ အန္တိခရစ်များက အတိအကျပင် ဆန့်ကျင်ဘက်ကို ပြုလုပ်သည်။ ၎င်းတို့သည် ဤသို့သောလူများ၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်များအဖြစ် ပြုမူလုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့၏ အလံလွှင့်ထူသူ၊ အားပေးအားမြှောက် ပြုသူများအဖြစ် ထိုလူများကို ပျိုးထောင်ပေးရန် စီစဉ်လုပ်ဆောင်သည်။ အန္တိခရစ်တစ်ဦးက အသင်းတော်တစ်ခုတွင် အာဏာရှိသည့် အချိန်တိုင်းတွင် သူသည် နားဝေတိမ်တောင်ဖြစ်သောလူများနှင့် ၎င်း၏ အကူများအဖြစ် မဆင်မခြင်ဖြင့် အပျော်အပျက် လုပ်ဆောင်သောသူများကို အစဉ်စုဆောင်းသည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော၊ အလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်သော ထိုအစွမ်းအစရှိသူများကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ အထူးသဖြင့် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းရှိသော ထိုခေါင်းဆောင်များ၊ အမှုဆောင်များကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ ဤသို့ဖြင့် အသင်းတော်တွင် အုပ်စုနှစ်စု ဖြစ်ပေါ်လေသည်။ အုပ်စုတစ်စုတွင် လူ့သဘာဝက အတော်အတန် ရိုးသားသူများ၊ မိမိတို့တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်သောသူများ၊ သမ္မာတရားကို လိုက်စားသောသူများရှိသည်။ အခြားအုပ်စုမှာ အန္တိခရစ်များ ဦးဆောင်သည့် နားဝေတိမ်တောင်ဖြစ်သော၊ မဆင်မခြင်ဖြင့် အပျော်အပျက် လုပ်ဆောင်သောသူတစ်သိုက်ရှိသည်။ အန္တိခရစ်များ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ မရှိမချင်း ထိုအုပ်စုနှစ်စုသည် တစ်ခုနှင့်တစ်ခု ဆက်လက်၍ တိုက်ပွဲဝင်လိမ့်မည်။ မိမိတို့၏တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်ပြီး သမ္မာတရားအား လိုက်စားသောသူတို့ကို အန္တိခရစ်များက အစဉ်တိုက်ခိုက်ပြီး ဆန့်ကျင်လုပ်ဆောင်သည်။ ဤသည်မှာ အသင်းတော်အလုပ်ကို အလွန်အမင်း မနှောင့်ယှက်သလော။ ဘုရားအမှုတော်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်မလုပ်သလော။ ဤအန္တိခရစ်များ၏ အင်အားစုသည် အသင်းတော်တွင် ဘုရားအလိုတော်ကို မဆောင်ရွက်ရန် တားဆီးသည့် အပိတ်အဆို့နှင့် အတားအဆီးတစ်ခု မဟုတ်သလော။ ဘုရားသခင်ကို ဆန့်ကျင်နေသည့် ကောက်ကျစ်ဆိုးယုတ်သည့် အင်အားစုမဟုတ်သလော။ အန္တိခရစ်များသည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏စိတ်ထဲတွင် ဤအပြုသဘောဆောင်သော အကျင့်စရိုက်ရှိသူများသည် ရပ်တည်၍ ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ကြလျှင် ထိုသူတို့သည် အန္တိခရစ်များ၏ ပြိုင်ဘက်များ ဖြစ်ကြမည်ဆိုသည်ကို ရှင်းနေသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် အန္တိခရစ်များ၏ ဆန့်ကျင်ဘက် အင်အားစုဖြစ်မည်။ အန္တိခရစ်၏ စကားများကို လုံးဝ နားထောင်မည်မဟုတ်၊ သို့မဟုတ် နာခံမည်မဟုတ်။ အန္တိခရစ်များ၏ အမိန့်တိုင်းကို လုံးဝ လိုက်လျှောက်မည်မဟုတ်။ ဤလူတို့သည် အန္တိခရစ်များ၏ အဆင့်အတန်းကို ခြိမ်းခြောက်မှု ဖြစ်စေဖို့ လုံလောက်မည်။ ဤလူများကို အန္တိခရစ်များက တွေ့သောအခါ ၎င်းတို့ စိတ်နှလုံးထဲတွင် မုန်းတီးမှု ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ဤလူများကို ဖယ်ကြဉ်ကာ အနိုင်ယူပြီး ဤလူတို့၏ နာမည်ကို မဖျက်ဆီးလျှင် ၎င်းတို့၏ စိတ်နှလုံး၌ ငြိမ်သက်ခြင်းနှင့် စိတ်ချခြင်းရှိမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အာဏာကို ပျိုးထောင်ပြီး ၎င်းတို့အဆင့်များကို ခိုင်မာစေရန် မြန်ဆန်စွာ အလုပ်လုပ်ရမည်။ ဤသို့အားဖြင့် ပို၍များသော ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့ ထိန်းချုပ်နိုင်သည်။ ပြီးလျှင် သမ္မာတရားလိုက်စားသူလက်တစ်ဆုပ်စာက ၎င်းတို့အဆင့်အတန်းအား ခြိမ်းခြောက်ခြင်းကို မည်သည့်အခါမျှ နောက်တစ်ဖန် စိုးရိမ်ရမည်မဟုတ်။ အန္တိခရစ်များသည် အသင်းတော်တွင် ၎င်းတို့ကိုယ်ပိုင်အင်အားစုကို ဖွဲ့စည်းသည်။ ၎င်းတို့အား နားထောင်သူ၊ နာခံသူ၊ ၎င်းတို့အပေါ် ဖော်လံဖားသူ၊ အားပေးသူများကို အလုပ်၏ ကဏ္ဍတိုင်းကို ကြီးကြပ်စေသည်။ ဤအရာအားလုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အပေါ် အကျိုးရှိသလော။ မရှိပေ။ အကျိုးမရှိရုံသာမက အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်နှင့် အဖျက်အမှောင့်များလည်း ဖန်တီးသည်။ ဤကောက်ကျစ်ဆိုးယုတ်သော အင်အားစုက ယင်းဘက်တွင် လူတစ်ဝက်ကျော်ရှိလျှင် အသင်းတော်ပြိုလဲနိုင်ချေရှိသည်။ ဤသည်မှာ အသင်းတော်ရှိ သမ္မာတရားလိုက်စားသူများ၏ အရေအတွက်က လူနည်းစုဖြစ်ပြီး မုန့်ကို အဝစားရန်အတွက်သာ ရှိနေသော အလုပ်လုပ်ပေးသူများ၊ မယုံကြည်သူများကမူ အနည်းဆုံး တစ်ဝက်ရှိသောကြောင့် ဖြစ်သည်။ ဤအခြေအနေတွင် အန္တိခရစ်များက ထိုလူများကို အထင်အမြင်မှားစေပြီး သူတို့ဘက်သို့ ဆွဲယူခြင်းအပေါ် မိမိတို့၏ ခွန်အားကို ဇောက်ချထားလျှင် အသင်းတော်က ခေါင်းဆောင်များကို ရွေးကောက်သောအခါ အလိုအလျောက်ပင် အသာစီးရလိမ့်မည်။ ထို့ကြောင့် ရွေးကောက်ပွဲများအတွင်းတွင် သမ္မာတရားကို ရှင်းလင်းသည်အထိ မိတ်သဟာယဖွဲ့သင့်ကြောင်း ဘုရားအိမ်တော်က အစဉ်သဖြင့် အလေးပေးပြောဆိုသည်။ သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အန္တိခရစ်များကို ဖော်ထုတ်ပြီး အနိုင်ယူခြင်း မရှိနိုင်လျှင် အန္တိခရစ်များသည် လူတို့ကို အထင်အမြင်မှားစေနိုင်ပြီး ခေါင်းဆောင်အဖြစ် အရွေးခံရကာ အသင်းတော်ကို သိမ်းယူပြီး ထိန်းချုပ်နိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိသောအရာ ဖြစ်မည်မဟုတ်လော။ အသင်းတော်တွင် အန္တိခရစ်တစ်ဦး၊ နှစ်ဦးပေါ်လာလျှင် ကြောက်ရွံ့မှု ဖြစ်ပေါ်ရန် လုံလောက်မည်မဟုတ်။ သို့သော် အန္တိခရစ်များက အင်အားစုတစ်ခုဖြစ်လာပြီး လွှမ်းမိုးမှုအဆင့်တစ်ခုခုကို ရရှိလျှင် ကြောက်ရွံ့မှု ဖြစ်ပေါ်ရန် လုံလောက်မည်။ ထို့ကြောင့် အန္တိခရစ်များအနေဖြင့် ထိုလွှမ်းမိုးမှုအဆင့်ကို စွမ်းဆောင်ရရှိခြင်း မရှိမီ ၎င်းတို့အား အသင်းတော်မှ အမြစ်ဖြတ်ပြီး နှင်ထုတ်ရမည်။ ဤတာဝန်သည် အမြင့်ဆုံးသော ဦးစားပေးဖြစ်ပြီး လုပ်ဆောင်ရန် လွယ်ကူသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)

အန္တိခရစ်များ၏ အပြုအမူ၏ အနှစ်သာရမှာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အထမြောက်စေရန်၊ လူတို့ကို အထင်အမြင် မှားစေပြီး ထောင်ချောက်ဆင်ရန်၊ လူတို့အနေဖြင့် ၎င်းတို့နောက်လိုက်ပြီး ၎င်းတို့ကို ကိုးကွယ်ဖို့အတွက် မြင့်မားသော အဆင့်အတန်းကို ရရှိရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အမြဲတစေ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲ၌ လူသားမျိုးနွယ်ကို ရရှိဖို့အတွက် ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သော်လည်း သေချာသော အရာတစ်ခုရှိနိုင်၏။ ၎င်းတို့သည် လူသားများကိုရဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်း မရှိလျှင်ပင် လူသားများကြားတွင် အဆင့်အတန်းနှင့် အာဏာကို ရရှိလိုစိတ် ရှိကြသေး၏။ ၎င်းတို့သည် အဆင့်အတန်းရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်လာပြီး မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းထားသည့် နေ့တစ်နေ့ ရောက်လာလျှင်ပင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားဖို့ မတူညီသော နည်းစနစ်များကို အသုံးချနေဦးမည် ဖြစ်သည်။ ၎င်းတို့သည် လူအချို့၏ အသိအမှတ်ပြုခြင်းနှင့် လေးစားသ‌ဘောကျခြင်းကို ရရှိခြင်းအားဖြင့် တရားဝင်သော အဆင့်အတန်းကို ရယူနိုင်မည်ဖြစ်သည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့ ရှင်းရှင်းလင်းလင်း သိလေသည်။ အချုပ်ဆိုသော် အန္တိခရစ်များ ပြုလုပ်သမျှသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းအဖြစ် အကျုံးဝင်ဟန်တူသော်လည်း ယင်း၏ အကျိုးဆက်မှာ လူတို့ကို အထင်အမြင် မှားစေရန်၊ ထိုသူတို့အား မိမိတို့ကို ကိုးကွယ်ရန်နှင့် မိမိတို့နောက်လိုက်စေရန် ဖြစ်ကာ ဤသို့ဖြစ်နေလျှင် ဤပုံစံအတိုင်း မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးခြင်းနှင့် သက်သေခံခြင်းပင် ဖြစ်၏။ လူတို့ကို ထိန်းချုပ်ရန်နှင့် အသင်းတော်ထဲတွင် အဆင့်အတန်းနှင့် အာဏာရရှိရန် ၎င်းတို့၏ ရည်မှန်းချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် အန္တိခရစ်များ လုံးလုံးလျားလျား ဖြစ်ကြ၏။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ ထို့ပြင် လူတို့ကို ဘုရားသခင်က မည်သည့်အရာ လုပ်ခိုင်းသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့ ပြုလုပ်သင့်သည့်အရာကို ပြုလုပ်ခြင်းမရှိ သို့မဟုတ် မိမိတို့၏ တာဝန်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့် လိုက်လျောညီထွေသည့် ပုံစံဖြင့် ထမ်းဆောင်ခြင်းမရှိသကဲ့သို့ သမ္မာတရားတစ်ခုတစ်လေအား နားလည်သဘောပေါက်သည့် ရလဒ်တစ်ခုအဖြစ် မိမိတို့၏ အာဏာနှင့် အဆင့်အတန်း လိုက်စားမှုကိုလည်း အလျှော့မပေးကြပေ။ အစဉ်အမြဲပင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ဆက်လက်၍ တည်ရှိနေဆဲဖြစ်ပြီး ယင်းတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် နေရာယူကာ ၎င်းတို့၏ ဖြစ်ခြင်းတစ်ခုလုံးကို ထိန်းချုပ်နေသေးသည့်အပြင် ၎င်းတို့၏ အပြုအမူနှင့် စိတ်ကူးများကို လမ်းညွှန်ပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးလေသည်။ ၎င်းတို့သည် အန္တိခရစ် အစစ်များဖြစ်ကြ၏။ အန္တိခရစ်များထံတွင် မည်သည့်အရာကို အများဆုံး တွေ့ရသနည်း။ လူအချို့က “အန္တိခရစ်များသည် လူတို့ကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြု” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုခြင်း မဟုတ်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အမှန်ပင် အသိအမှတ်ပြုပြီး ယုံကြည်လက်ခံကြသည်။ ၎င်းတို့က သူ့နောက်လိုက်ပြီး သမ္မာတရား လိုက်စားလိုစိတ် ရှိသော်လည်း ဘာမျှမတတ်နိုင်သဖြင့် မကောင်းမှုကို ပြုလုပ်နိုင်ကြသည်။ နားထောင်၍ ကောင်းသောအရာ အမြောက်အမြားကို ပြောကောင်းပြောမည် ဖြစ်သော်လည်း အရာတစ်ခုမှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အာဏာနှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်။ ၎င်းတို့သည် ရှုံးနိမ့်မှုကြောင့်ဖြစ်စေ၊ အဆင်မပြေဖြစ်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို ဘေးဖယ်ထားသောကြောင့်ဖြစ်စေ၊ ၎င်းတို့ကို ဘုရားသခင်က စွန့်ပစ်ထားသောကြောင့်ဖြစ်စေ အာဏာနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ လိုက်စားမှုကို မည်သည့်အခါမျှ အလျှော့ပေးကြမည် မဟုတ်ပေ။ အန္တိခရစ်များ၏ သဘာဝမှာ ထိုသို့ပင်ဖြစ်၏။ သို့ဆိုလျှင် အခက်အခဲကို ခံစားရသောကြောင့် သို့မဟုတ် သမ္မာတရားအနည်းငယ်ကို နားလည်လာပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သိမြင်မှုအနည်းငယ်ကို ဆည်းပူးမိသောကြောင့် မိမိ၏ နည်းလမ်းများကို ပြောင်းလဲပြီး သမ္မာတရားကို စတင်လိုက်စားသော အန္တိခရစ်တစ်ဦး ရှိဖူးသလော။ သင် မည်သို့ထင်သနည်း။ ထိုသို့သောလူများ ရှိသလော။ ထိုအရာကို ငါတို့ မည်သည့်အခါမျှ မမြင်ဖူးချေ။ အဆင့်အတန်း၊ အာဏာနှင့်ပတ်သက်၍ အန္တိခရစ်များ၏ ရည်မှန်းချက်နှင့် လိုက်စားမှုသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည့်အပြင် အာဏာကို စွဲကိုင်မိသည်နှင့် မည်သည့်အခါမျှ လက်လွှတ်တော့မည် မဟုတ်ချေ။ ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ ဖန်တီးလေသည်။ ထိုသို့သောလူတို့ကို အန္တိခရစ်များအဖြစ် ဘုရားသခင်၏ စရိုက်လက္ခဏာ သရုပ်ဖော်ရာ၌ အမှားစိုးစဉ်းမျှ မရှိချေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် ချမှတ်ထားခြင်းဖြစ်သည်။ လူအချို့က အန္တိခရစ်များသည် လူသားမျိုးနွယ်ကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် ကြိုးစားသည်ဟု ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် သူနှင့် ယှဉ်ပြိုင်စရာ မလွဲမသွေ လိုအပ်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ ၎င်းတို့၏ သိမြင်မှု၊ နားပေါက်သဘောပေါက်မှု၊ အဆင့်အတန်းနှင့် အာဏာ လိုအပ်မှုတို့မှာ ပုံမှန်လူတို့နှင့် မတူချေ။ ပုံမှန်လူတို့သည် တစ်ခါတစ်ရံ လွန်စွာ မာနထောင်နိုင်သည်။ အခြားသူများအပေါ် နာမည်ကောင်းရယူဖို့ ကြိုးစားနိုင်သည်။ ထိုသူတို့၏ အကောင်းမြင်ခြင်းခံရအောင် ကြိုးစားနိုင်သည်။ ပြီးလျှင် အဆင့်ကောင်းရရှိရန် ယှဉ်ပြိုင်ဖို့ ကြိုးစားနိုင်သည်။ ဤသည်မှာ ပုံမှန်လူတို့၏ ရည်မှန်းချက်ဖြစ်၏။ ၎င်းတို့သည် ခေါင်းဆောင်ပိုင်းမှ ဖြုတ်ချခြင်းခံရာ မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးရလျှင် သူတို့အတွက် ခက်ခဲမည် ဖြစ်သော်လည်း သူတို့၏ ပတ်ဝန်းကျင်၌ ပြောင်းလဲမှု၊ သူတို့၏ ဝိညာဉ်ရင့်သန်မှု၌ တိုးတက်မှုအနည်းငယ်၊ သမ္မာတရားထဲသို့ ဝင်ရောက်မှုကို အနည်းငယ် ရရှိခြင်း၊ သို့မဟုတ် သမ္မာတရားအပေါ် ပို၍နက်နဲသော နားလည်သဘောပေါက်မှုအား ရရှိခြင်းရှိပါက သူတို့၏ ရည်မှန်းချက်မှာ တဖြည်းဖြည်းချင်း လျော့ကျသွားမည်ဖြစ်သည်။ သူတို့လျှောက်သည့် လမ်းကြောင်းနှင့် သူတို့ ‌ရှေ့ဆက်လာသည့် ဦးတည်ချက်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပါက အဆင့်အတန်းနှင့် အာဏာနှင့်ပတ်သက်သော သူတို့၏ လိုက်စားမှုက ‌ပျောက်ကွယ်သွားမည်။ သူတို့၏ လိုအင်ဆန္ဒများလည်း တဖြည်းဖြည်း လျော့ပါးသွားမည်။ သို့သော်လည်း အန္တိခရစ်များမှာ ကွဲပြား၏။ ၎င်းတို့သည် အဆင့်အတန်းနှင့် အာဏာအပေါ် မိမိတို့၏လိုက်စားမှုကို မည်သည့်အခါမျှ လက်မလျှော့နိုင်ကြပေ။ မည်သည့်အချိန်တွင်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်၌မဆို၊ မိမိတို့၏နံဘေးတွင် မည်သည့်လူများ ရှိနေသည်ဖြစ်စေ၊ ၎င်းတို့သည် မည်မျှအသက်ကြီးသည်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက် မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်သည်ကို မည်သည့်အရာက ညွှန်ပြသနည်း။ ဥပမာ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဆိုပါစို့။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ အသင်းတော်ထဲရှိ လူတိုင်းအား မည်သို့ထိန်းချုပ်နိုင်မည်ကို အမြဲတမ်း စဉ်းစားကြသည်။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်မလုပ်ရသည့် အခြားအသင်းတော်သို့ ပြောင်းရွှေ့ခံရလျှင် ပုံမှန်နောက်လိုက်တစ်ဦးအဖြစ် ဝမ်းမြောက်ဝမ်းသာစွာ ရှိနေမည်လော။ လုံးဝ မရှိနိုင်ပေ။ ၎င်တို့သည် အဆင့်အတန်း မည်သို့ရယူရမည်နှင့် လူတိုင်းကို မည်သို့ ထိန်းချုပ်ရမည်ကို စဉ်းစားနေဦးမည် ဖြစ်သည်။ ၎င်းတို့ မည်သည့်နေရာ သွားသည်ဖြစ်စေ ရှင်ဘုရင်တစ်ဦးကဲ့သို့ အုပ်ချုပ်လိုသည်။ ၎င်းတို့ကို မည်သူမျှမရှိသော သိုးအုပ်တစ်အုပ်ရှိသည့် နေရာတစ်ခုတွင် ထားရှိလျှင်ပင် ထိုသိုးအုပ်ကို ဦးဆောင်ချင်ဦးမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို ကြောင်များ၊ ခွေးများနှင့်အတူထားလျှင် ကြောင်များ၊ ခွေးများ၏ဘုရင် ဖြစ်ပြီး ထိုတိရစ္ဆာန်များကို အုပ်ချုပ်ချင်မည်ဖြစ်သည်။ ၎င်းတို့သည် ရည်မှန်းချက်ဖြင့် ပြည့်ဝနေသည်မဟုတ်လော။ ထိုသို့သော လူတို့၏ စိတ်သဘောထားသည် နတ်ဆိုးဆန်သည် မဟုတ်လော။ ဤသည်တို့မှာ စာတန်၏ စိတ်သဘောထားများပင် မဟုတ်လော။ စာတန်သည် ထိုကဲ့သို့သော အရာတစ်ခုပင် ဖြစ်၏။ ကောင်းကင်တွင် စာတန်သည် ဘုရားသခင်နှင့်တန်းတူ ရပ်တည်လိုခဲ့ပြီး မြေကြီးသို့ပစ်ချခံရပြီးနောက် သူသည် လူကို ထိန်းချုပ်ရန်၊ လူတို့ မိမိအား ကိုးကွယ်အောင်၊ ဘုရားသခင်ကဲ့သို့ ဆက်ဆံအောင် အမြဲတမ်း ကြိုးစားခဲ့သည်။ အန္တိခရစ်များ၌ စာတန်ဆန်သော သဘာဝရှိသောကြောင့် ၎င်းတို့သည် လူတို့ကို အမြဲတမ်း ထိန်းချုပ်ချင်သည်။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်ကြကာ ယင်းသည် ပုံမှန်လူတို့၏ ဆင်ခြင်တုံတရား၏ ဘောင်ကိုကျော်လွန်နှင့်ပြီး ဖြစ်၏။ ဤသည်မှာ အနည်းငယ် မူမမှန်သည်မဟုတ်လော။ ဤမူမမှန်ခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဤအပြုအမူကို ပုံမှန်လူ့သဘာဝ၌ မတွေ့ရလောက်ဟု ဆိုလိုသည်။ သို့ဆိုလျှင် ဤအပြုအမူမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းကို မည်သည့်အရာက ထိန်းချုပ်သနည်း။ ယင်းကို ၎င်းတို့၏သဘာဝက ထိန်းချုပ်သည်။ ၎င်းတို့၌ ဆိုးယုတ်သော ဝိညာဉ်၏ အနှစ်သာရရှိကြပြီး ဖောက်ပြန်ပျက်စီးသော ပုံမှန်လူသားမျိုးနွယ်နှင့် မတူချေ။ ဤသည်မှာ ကွာခြားချက်ဖြစ်၏။ အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို လိုက်စားရာ၌ မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဟူသည့် အချက်က ၎င်းတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်သည်သာမက ၎င်းတို့၏ အကျည်းတန်သော မျက်နှာထားသည် စာတန်နှင့် နတ်ဆိုးများ၏ မျက်နှာပင် အတိအကျဖြစ်ကြောင်း လူတို့ကိုလည်း ပြသသည်။ ၎င်းတို့သည် အဆင့်အတန်းရဖို့ လူတို့နှင့် ယှဉ်ပြိုင်သည်သာမက အဆင့်အတန်းရဖို့ ဘုရားသခင်ကိုလည်း ယှဉ်ပြိုင်ဝံ့ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို မိမိတို့အတွက် အပိုင်ရယူပြီး ထိုသူတို့အား မိမိတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ထားရှိသောအခါမှသာ ကျေနပ်မည်ဖြစ်သည်။ အန္တိခရစ်များသည် မည်သည့်အသင်းတော် သို့မဟုတ် မည်သည့်လူအုပ်စုထဲတွင် ရှိသည်ဖြစ်စေ အဆင့်အတန်းကို ရရှိလိုသည်၊ အာဏာစွဲကိုင်လိုသည်၊ ပြီးလျှင် လူတို့အား မိမိတို့ကို နာခံစေလိုသည်။ လူတို့က အလိုရှိရှိ၊ မရှိရှိ သို့မဟုတ် သဘောတူတူ၊ မတူတူ အန္တိခရစ်များသည် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိလိုပြီး လူတို့အား မိမိတို့ကို နာခံပြီး လက်ခံစေလိုကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘာဝ ဖြစ်သည်မဟုတ်လော။ လူတို့က ၎င်းတို့ကို နာခံလိုစိတ် ရှိကြသလော။ ၎င်းတို့ကို ရွေးကောက်ပြီး ထောက်ခံကြသ‌လော။ မဟုတ်ပေ။ သို့သော် အန္တိခရစ်များက အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့် ရရှိလိုဆဲဖြစ်သည်။ လူတို့က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အန္တိခရစ်များက ၎င်းတို့ကိုယ်စား စကားပြောပြီး လုပ်ဆောင်ချင်ကြသည်။ အာရုံစိုက်ခံချင်ကြသည်။ ၎င်းတို့သည် အခြားလူများအပေါ် မိမိတို့၏ ထင်မြင်ချက်များကို အတင်းထိုးထည့်ဖို့ပင် ကြိုးစားကြကာ ယင်းကို လူတို့ လက်မခံလျှင်လည်း အန္တိခရစ်များသည် သူတို့ကို လက်ခံအောင်လုပ်ဖို့ ကြိုးစားရင်း ဦးနှောက်ခြောက်မည် ဖြစ်သည်။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ ဤသည်မှာ အရှက်ကင်းမဲ့ခြင်းနှင့် မျက်နှာပြောင်တိုက်ခြင်း ဖြစ်၏။ ဤကဲ့သို့သော လူတို့သည် အန္တိခရစ်အစစ်များ ဖြစ်ကြပြီး ၎င်းတို့သည် ခေါင်းဆောင်များ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အန္တိခရစ်များနှင့် အတူတူပင် ဖြစ်၏။ ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ရှိကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅- ၎င်းတို့သည် လူတို့ကို လှည့်စားကာ၊ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏

အန္တိခရစ်များသည် ခေါင်းဆောင်များ ဖြစ်လျှင်ဖြစ်ချင်း ၎င်းတို့ ပထမဆုံး ပြုလုပ်သောအရာမှာ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့၊ လူတို့အား ၎င်းတို့ကို ယုံကြည်အောင်၊ ၎င်းတို့ကို စိတ်ချအောင်နှင့် ၎င်းတို့ကို ထောက်ခံအောင်လုပ်ဖို့ ကြိုးစားခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက စိတ်ချရသောအခါ စတင်၍ မူမမှန်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ကာကွယ်ဖို့အတွက် အမြင်မတူသူများကို စတင်၍ တိုက်ခိုက်ပြီး ကြဉ်ထားကြသည်။ ၎င်းတို့သည် အမြင်မတူသူများအပေါ်၊ အထူးသဖြင့် သမ္မာတရားလိုက်စားသော လူတို့အပေါ် ဖိနှိပ်ရန်နှင့် တိုက်ခိုက်ရန်၊ ၎င်းတို့ကို ညှင်းပန်းရန်အတွက် မြဲမြံ၊ တိကျပြီး၊ မဆုတ်မနစ်သော နည်းလမ်းများကို အသုံးပြုလျက် မည်သည့်အရာကိုမဆို ကြိုးစားမည် ဖြစ်သည်။ မိမိတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်သော မည်သူ့ကိုမဆို ဖြုတ်ချပြီး အပုပ်ချပြီးမှသာလျှင် ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ အန္တိခရစ်တိုင်းမှာ ဤသို့ဖြစ်သည်။ လူတို့အား စည်းရုံးသိမ်းသွင်းပြီး ဖိနှိပ်ရန်အတွက် ဤနည်းဗျူဟာ အမြောက်အမြားကို အသုံးပြုရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ တန်ခိုးအာဏာရဖို့၊ မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့၊ လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ဖို့ ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို တည်ထောင်လိုသည်၊ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု၍ ရပ်တည်လိုကြသည်။ ထိုကဲ့သို့သော အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက်ပင် ပို၍ ဆိုးရွားလေသည်။ စာတန်၏ ပြင်းထန်သော ရည်မှန်းချက်များနှင့် ကောက်ကျစ်သော အကြံအစည်များက လုံးလုံးလျားလျား ပေါ်လွင်ပေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခုတည်း မဟုတ်ပေ။ ဥပမာအနေဖြင့် လူတို့သည် အနည်းငယ် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောအခါ၊ သို့မဟုတ် တစ်ခါတစ်ရံ အနည်းငယ် လှည့်ဖြားတတ်ပြီး လိမ်လည်သောအခါ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းသက်သက် ဖြစ်သည်။ ထိုစဉ်အတွင်းတွင် အန္တိခရစ်များ ပြုလုပ်သမျှမှာ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်၊ အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားရန်၊ မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်၊ တန်ခိုးအာဏာကို အမိအရယူရန်နှင့် လူတို့ကို ထိန်းချုပ်ရန်အတွက် ဖြစ်သည်။ ဤလုပ်ဆောင်ချက်များ၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားရှေ့မှောက်သို့ လာရောက်ခြင်းတွင် ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို ဦးဆောင်နေကြသလော။ (မဦးဆောင်ကြပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာ လုပ်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို သူရွေးကောက်ထားသော လူတို့အတွက် တုပြိုင်ကာ လူတို့၏ စိတ်နှလုံးများအတွက် ပြိုင်ဆိုင်ပြီး မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံတော်ကို ထူထောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ လူတို့၏ စိတ်နှလုံးထဲ၌ အဘယ်သူ နေရာရသင့်သနည်း။ ဘုရားသခင် နေရာရသင့်သည်။ သို့သော် အန္တိခရစ်များ ပြုလုပ်သမျှမှာ ဤအရာ၏ ဆန့်ကျင်ဘက် အတိအကျ ဖြစ်၏။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် သို့မဟုတ် သမ္မာတရားကို နေရာရခွင့်မပေးကြပေ။ ထိုအစား ၎င်းတို့က လူတို့၏ စိတ်နှလုံးထဲ၌ လူ၊ ၎င်းတို့ကဲ့သို့ ခေါင်းဆောင်နှင့် စာတန်ကို နေရာရှိစေလိုကြသည်။ တစ်စုံတစ်ယောက်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ နေရာမရှိကြောင်း၊ ထိုသူသည် ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးကဲ့သို့ မဆက်ဆံကြောင်း ၎င်းတို့ တွေ့ရှိသည်နှင့်တစ်ပြိုင်နက် အလွန်တရာ မကျေမချမ်း ဖြစ်ပြီး ထိုသူတို့ကို ဖိနှိပ်ရန်နှင့် ညှဉ်းပန်းရန် ကြိုးစားကောင်း ကြိုးစားမည်ဖြစ်သည်။ အန္တိခရစ်များ ပြုလုပ်သမျှနှင့် ပြောသမျှသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ဗဟိုပြုပြီး လူတို့အား ၎င်းတို့ကို အထင်ကြီးစေရန်၊ လူတို့အား ၎င်းတို့ကို အားကျပြီး ကိုးကွယ်စေရန်၊ လူတို့အား ၎င်းတို့ကို ကြောက်စေရန်ပင် ရည်ရွယ်လေသည်။ ၎င်းတို့သည် “မည်သည့်အသင်းတော်၌ ကျွန်ုပ်ရှိသည်ဖြစ်စေ ကျွန်ုပ်ကို လူတို့ နားထောင်ရမည်၊ ၎င်းတို့သည် ကျွန်ုပ်ထံမှ အရိပ်နိမိတ်ယူရမည်။ မည်သည့်ပြဿနာကို အထက်သို့ မည်သူတိုင်ကြားသည်ဖြစ်စေ ယင်းက ကျွန်ုပ်မှတစ်ဆင့် ဖြစ်ရမည်၊ ထိုသူတို့သည် ကျွန်ုပ်ထံ၌သာ တိုင်ကြားမှုများ ပြုလုပ်ခွင့်ရှိပြီး အထက်သို့ တိုက်ရိုက်မတိုင်ကြားရပေ။ တစ်စုံတစ်ယောက်သည် ကျွန်ုပ်ကိုငြင်းလျှင် ထိုသူကို အပြစ်ပေးမည်။ ဤသို့ဖြင့် ကျွန်ုပ်ကို မြင်တွေ့သူတိုင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပင်မှုနှင့် ကြောက်ဒူးတုန်မှုများကို ခံစားရပေမည်။ ထိုမျှမက ကျွန်ုပ် အမိန့်ပေးလျှင် သို့မဟုတ် တစ်စုံတစ်ခုကို အခိုင်အမာဆိုလျှင် မည်သူမျှ သဘောမကွဲလွဲဝံ့ရပေ။ ကျွန်ုပ် မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့သည် ထိုအရာနှင့်အညီ ဖြစ်ရမည်။ ၎င်းတို့သည် ကျွန်ုပ်ကို လုံးလုံးလျားလျား နားထောင်ရမည်။ အရာခပ်သိမ်း၌ ကျွန်ုပ်ကို နာခံရမည်။ ပြီးလျှင် ကျွန်ုပ်သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသောသူ ဖြစ်ရမည်” ဟု စဉ်းစားလျက်၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ၎င်းတို့ကို ဘုရားကဲ့သို့ သဘောထားပြုမူစေလိုသည်။ ဤသည်မှာ အန္တိခရစ်များ စကားပြောသည့် လေသံအတိအကျ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အသံဖြစ်သည်။ ဤသည်မှာ အသင်းတော်များအပေါ် အန္တိခရစ်များ မင်းမူရန် ကြိုးစားသည့်ပုံ ဖြစ်သည်။ အကယ်၍ ဘုရားသခင်ရွေးကောက်ထားသော လူတို့က ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ပြီး ၎င်းတို့ကို နာခံပါက ထိုသို့သော အသင်းတော်များသည် အန္တိခရစ်များ၏ နိုင်ငံများ ဖြစ်လာသည် မဟုတ်လော။ ၎င်းတို့က “အထက်မှ ထုတ်ပြန်သည့် အလုပ်အစီအစဉ်များကို ကျွန်ုပ် စိစစ်ဖို့ လိုသည်။ သင်တို့အတွက် ကျွန်ုပ် တာဝန်ခံရမည်။ ကျွန်ုပ်သည် အမှားအမှန်ကို စိစစ်သောသူ ဖြစ်ရမည်။ ရလဒ်ကို ကျွန်ုပ် ဆုံးဖြတ်ရမည်။ သင်တို့၌ ဝိညာဉ်ရင့်ကျက်မှု အလုံအလောက် မရှိသည့်အပြင် လုံလုံလောက်လောက် အရည်အချင်းမပြည့်မီပေ။ ကျွန်ုပ်သည် အသင်းတော်၏ ခေါင်းဆောင်ဖြစ်ပြီး အရာရာသည် ကျွန်ုပ်အ‌ပေါ် မူတည်နေသည်” ဟု ဆိုကြသည်။ ဤအရာများကို ပြောသောလူတို့သည် အလွန်အမင်း ဟိတ်ဟန်များနေကြသည် မဟုတ်လော။ ၎င်းတို့သည် အလွန် မာနထောင်လွှားသဖြင့် မည်သည့် ဆင်ခြင်တုံတရားမျှ မရှိကြ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားနေကြသည် မဟုတ်လော။ မည်ကဲ့သို့သော လူတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံကို ဖန်တီးဖို့ ကြိုးစားတတ်သနည်း။ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည် မဟုတ်လော။ အန္တိခရစ်များ ပြောဆိုလုပ်ဆောင်သည့် အရာတိုင်းသည် မိမိတို့ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့အတွက် မဟုတ်လော။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ကြိုးစားနေကြသည် မဟုတ်လော။ ၎င်းတို့ကို အန္တိခရစ်များဟု အဘယ့်ကြောင့် ခေါ်သနည်း။ “အန္တိ” ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ ရန်လိုခြင်းနှင့် အမုန်းတရားတို့ကို ဆိုလို၏။ ယင်းမှာ ခရစ်တော်အပေါ် ရန်လိုမှု၊ သမ္မာတရားအပေါ် ရန်လိုမှုနှင့် ဘုရားသခင်အပေါ် ရန်လိုမှုကို ဆိုလိုသည်။ “ရန်လိုမှု” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်း၊ ကြီးမားပြီး လေးနက်သော အမုန်းတရားနှင့် ပြည့်နှက်နေသူတစ်ဦးကဲ့သို့ သင့်ကို ရန်သူတစ်ဦးပမာ ဆက်ဆံခြင်းကို ဆိုလိုသည်။ ယင်းမှာ သင်နှင့် လုံးဝဆန့်ကျင်ဘက်၌ ရှိနေခြင်းကို ဆိုလိုသည်။ ထိုအရာသည် အန္တိခရစ်များက ဘုရားသခင်ကို ဆက်ဆံသည့် စိတ်နေစိတ်ထားမျိုး ဖြစ်၏။ ဤကဲ့သို့ ဘုရားသခင်ကို မုန်းသောလူတို့သည် သမ္မာတရားအပေါ် မည်သည့်စိတ်သဘော ထားရှိကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်ကြသလော။ သမ္မာတရားကို လက်ခံနိုင်ကြသလော။ လုံးဝ လက်မခံနိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်၌ ရပ်တည်သောလူတို့သည် သမ္မာတရားကို မုန်းသောလူများ ဖြစ်ကြ၏။ ၎င်းတို့အပေါ် ထုတ်ဖော်ပြထားသည့် ပထမဆုံးလက္ခဏာမှာ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားအား မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားလျှင်ကြားချင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရား ရှိပြီး တစ်စုံတစ်ယောက်က ၎င်းတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသောအခါ ဧဝံဂေလိ တရားဟောသောအချိန်၌ နတ်ဆိုးတစ်ကောင်အား ဘုရားနှုတ်ကပတ်တော်များအား ဖတ်ပြသကဲ့သို့ပင် ၎င်းတို့၏မျက်နှာပေါ်တွင် ဒေါသအမျက်ထွက်သည့် အမူအရာတစ်ခု ပေါ်လာလေသည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မုန်းတီးသော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အဆုံးစွန် မနှစ်မြို့ခြင်းကို ခံစားကြသည်။ ၎င်းတို့၏ စိတ်သဘောထားမှာ အတိုက်အခံလုပ်သော စိတ်သဘောထားမျိုးဖြစ်ပြီး သူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသော သို့မဟုတ် သူတို့အား သမ္မာတရားကို မိတ်သဟာယပြုသော မည်သူ့ကိုမဆို မုန်းတီးသည်အထိပင် ဖြစ်ကြသည်။ ထိုသူကို ရန်သူတစ်ဦးကဲ့သို့ပင် ဆက်ဆံကြသည်။ ၎င်းတို့သည် သမ္မာတရားအမျိုးမျိုးနှင့် အပြုသဘောဆောင်သော အရာများအပေါ် အလွန်တရာ မနှစ်မြို့ခြင်းကို ခံစားကြသည်။ ဘုရားသခင်အား ကျိုးနွံနာခံခြင်း၊ မိမိ၏တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသူတစ်ဦး ဖြစ်ခြင်း၊ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်း အစရှိသည့် သမ္မာတရားအားလုံးအပေါ် ၎င်းတို့သည် မိမိတို့၏ စိတ်ဆန္ဒအရ တမ်းတခြင်း သို့မဟုတ် ချစ်ခြင်း အနည်းငယ်မျှ ရှိသလော။ စိုးစဉ်းမျှပင် မရှိချေ။ ထို့အတွက်ကြောင့် ၎င်းတို့၌ရှိသည့် ဤသဘာဝအနှစ်သာရမျိုးကို ထောက်ဆလျှင် ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရား၏ တိုက်ရိုက်ဆန့်ကျင်ဘက်၌ ရပ်တည်နေကြပြီး ဖြစ်လေသည်။ ထိုသို့သောလူတို့သည် စိတ်ထဲ၌ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော မည်သည့်အရာကိုမျှ မချစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းပင် ခံစားကြသည်။ ဥပမာအနေဖြင့်၊ ခေါင်းဆောင်ရာထူးများ၌ရှိသော လူတို့သည် ၎င်းတို့ ညီအစ်ကို မောင်နှမများ၏ ကွဲပြားသော ထင်မြင်ချက်များကို လက်ခံနိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရင်ဖွင့်ပြီး ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချပြကာ ထိုသူတို့၏ အပြစ်ဆိုခြင်းကို လက်ခံနိုင်ရမည် ဖြစ်သည့်အပြင် ၎င်းတို့သည် ဂိုက်မပေးရပေ။ အန္တိခရစ်တစ်ဦးသည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆိုင်သည့် မှန်ကန်သော ဤနည်းလမ်းများအားလုံးကို မည်သို့ပြောမည်နည်း။ ၎င်းတို့က “အကယ်၍ ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ချက်များကို နားထောင်ခဲ့လျှင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ဦးမည်လော။ ကျွန်ုပ်တွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ ရှိဦးမည်လော။ အကယ်၍ ကျွန်ုပ်၌ ဂုဏ်သိက္ခာမရှိလျှင် မည်သည့်အလုပ်ကို ကျွန်ုပ် လုပ်ဆောင်နိုင်မည်နည်း” ဟု ဆိုကြပေမည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပိုင်ဆိုင်သည့် စိတ်သဘောထားမျိုး အတိအကျပင် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသေးမွှားဆုံးမျှပင် လက်မခံဘဲ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း ပို၍မှန်ကန်လေ၊ ယင်းကို ၎င်းတို့ အတိုက်အခံလုပ်လေဖြစ်၏။ စည်းမျဉ်းအတိုင်း ပြုမူလုပ်ဆောင်ခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့ လက်မခံကြပေ။ သမ္မာတရားအား လက်တွေ့လုပ်‌ဆောင်ခြင်းကို မည်သည့်အရာဖြစ်သည်ဟု ၎င်းတို့ ထင်မှတ်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာအပေါ် အမှီပြုခြင်းထက် လူတိုင်းအပေါ် လုပ်ကြံခြင်း၊ လှည့်စားမှုများနှင့် အကြမ်းဖက်မှုကို အသုံးပြုရမည်ဟု ၎င်းတို့ ယူဆကြသည်။ ၎င်းတို့ နည်းလမ်းတိုင်းနှင့် လမ်းကြောင်းမှာ ကောက်ကျစ်ဆိုးယုတ်၏။ ဤအရာအားလုံးသည် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို လုံးလုံးလျားလျား ကိုယ်စားပြုသည်။ ၎င်းတို့ မကြာခဏ ထုတ်ဖော်သည့် စေ့ဆော်မှုများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် ရည်ရွယ်ချက်များအားလုံးမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် စိတ်သဘောထားများ ဖြစ်ကာ၊ ယင်းမှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားနှင့် ဘုရားသခင်အား ဆန့်ကျင်လျက် ရပ်တည်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအား မုန်းတီးခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က “ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူတစ်ဦးသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောပါစေ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများ ဖြစ်ကြသောကြောင့် ကျိုးနွံနာခံသင့်သည်” ဟု ဆိုသောအခါ အန္တိခရစ်တစ်ဦးက မည်သို့ တွေးထင်သနည်း။ “ကျိုးနွံနာခံဖို့လော။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်မှာ မမှားသော်လည်း ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာသည့်အခါ အခြေအနေအပေါ် မူတည်၏။ ဦးစွာပထမ၊ ကျိုးနွံနာခံရာ၌ ကျွန်ုပ်အတွက် အကျိုးအမြတ်တစ်ခုခု ရှိရမည်။ ကျွန်ုပ် အနစ်နာမခံနိုင်သည့်အပြင် ကျွန်ုပ်၏ကိုယ်ကျိုးစီးပွားက ဦးစားပေးဖြစ်ရမည်။ အကယ်၍ ဆုလာဘ်များ သို့မဟုတ် ကြီးမားသော ကောင်းချီးများ ရစရာရှိပါက ကျွန်ုပ် ကျိုးနွံနာခံနိုင်သည်။ သို့သော် ဆုလာဘ်များမရှိသကဲ့သို့ ခရီးပန်းတိုင်မရှိပါက ကျွန်ုပ် အဘယ့်ကြောင့် ကျိုးနွံနာခံရမည်နည်း။ မနာခံနိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လက်မခံခြင်းနှင့်ဆိုင်သည့် သဘောထားဖြစ်၏။ ၎င်းတို့၏ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် အခြေအနေပေါ်မူတည်ပြီး၊ ၎င်းတို့၏ သတ်မှတ်ချက်များ မပြည့်ဝပါက ကျိုးနွံနာခံခြင်း မရှိသည်သာမက ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ခုခံခြင်းလည်း ရှိတတ်သည်။ ဥပမာ ဘုရားသခင်က လူတို့ကို ရိုးသားရန် တောင်းဆိုသော်လည်း ဤအန္တိခရစ်များက လူနုံလူအများသာ ရိုးသားဖို့ ကြိုးစားသည်၊ ထို့ပြင် လူတော်များက ရိုးသားဖို့ မကြိုးစားကြဟု ယုံကြည်ကြသည်။ ထိုကဲ့သို့သော သဘောထား၏ အနှစ်သာရမှာ အဘယ်နည်း။ သမ္မာတရားအား မုန်းတီးခြင်းဖြစ်၏။ ယင်းမှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်ကာ ၎င်းတို့၏ အနှစ်သာရက ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းက ၎င်းတို့ ပြုလုပ်သမျှတိုင်းကို အဆုံးအဖြတ်ပေးသည်။ အန္တိခရစ်များ၌ သမ္မာတရားနှင့် ဘုရားသခင်အား မုန်းတီးခြင်းဟူသည့် သဘာဝအနှစ်သာရ ရှိသောအခါ ၎င်းတို့သည် မည်သို့သောအရာမျိုးများကို လုပ်ဆောင်တတ်သနည်း။ ၎င်းတို့သည် ကြိုးစား၍ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း၊ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းနှင့် လူတို့အား ညှင်းပန်းခြင်းတို့ကို ပြုတတ်၏။ ဤအရာများ ပြုလုပ်ရာ၌ ၎င်းတို့ ရရှိဖို့ကြိုးစားနေသည့် ရည်မှန်းချက်မှာ အာဏာစွဲကိုင်ဖို့၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို ထိန်းချုပ်ဖို့နှင့် မိမိတို့၏ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို ထူထောင်ဖို့ ဖြစ်လေသည်။ ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိပေ။ အဆင့်အတန်းရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အကြွင်းမဲ့ ကျိုးနွံနာခံနိုင်စွမ်း မရှိတော့သည့်အပြင် ဘုရားသခင်နောက် လိုက်နိုင်စွမ်း သို့မဟုတ် သမ္မာတရားအား လိုက်စားနိုင်စွမ်းမရှိသည့် မည်သူမဆိုသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်

ပြုပြင်ခြင်းအပေါ် အန္တိခရစ်များ၏ သဘောထားစစ်စစ်မှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေသည်။ ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ ဆက်တိုက်ဖြစ်သော ဒုစရိုက်အမှုများကို မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်းကို ညွှန်ပြနေခြင်း မဟုတ်သလော။ အန္တိခရစ်တို့သည် ဤအတိုင်းအတာအထိ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ၊ မကောင်းသည့်အရာမည်မျှကို ၎င်းတို့ လုပ်ဆောင်ပါစေ ၎င်းတို့သည် ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လာကြခြင်းမဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် “သေသည်အထိ ငြင်းပါ” ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံသည်။ လူတို့က ၎င်းတို့ကို မည်သို့ ဖော်ထုတ်ပါစေ၊ ပိုင်းခြားစိစစ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤအပြုအမူများသည် အန္တိခရစ်များ၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်မဲ့ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသည် မဟုတ်လော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် သဘာဝအနှစ်သာရကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ နှောင့်ယှက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်မကောင်းမဖြစ်နိုင်ကြချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား အနည်းငယ်ကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် နတ်ဆိုးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်မျှထိခိုက်သည်ဖြစ်စေ ယင်းကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ယင်းအားဖြင့် ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ ဝမ်းနည်းခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ဤသည်မှာ သာမန်လူများ၌ မြင်ရသင့်သည့်အရာ လုံးဝ မဟုတ်ချေ။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြပြီး နတ်ဆိုးများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့ကြပေသည်။ ၎င်းတို့က မကောင်းသည့်အရာ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ အသင်းတော်၏ အလုပ်ကို ကြီးမားသည့် ဆုံးရှုံးမှုများ ၎င်းတို့က မည်မျှဖြစ်စေသည်ဖြစ်စေ ဤအရာကို ဝန်ခံရန် ၎င်းတို့က ပြင်းပြင်းထန်ထန် ငြင်းပယ်ကြသည်။ ထိုအရာကို ဝန်ခံခြင်းဟူသည်မှာ ၎င်းတို့က မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ခဲ့မိပြီဖြစ်သည်ဟု ဆိုလိုမည်ဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က “ငါသည် တစ်စုံတစ်ရာကို အမှားများလုပ်မိနိုင်သလော။ ငါသည် လုံးဝ အမှားတစ်ခုမျှ လုပ်မည်မဟုတ်ပါ။ ငါ၏ အမှားကို ငါ့အား ဝန်ခံခိုင်းလျှင် ယင်းမှာ ငါ၏ အကျင့်စရိုက်ကို စော်ကားခြင်း ဖြစ်မည် မဟုတ်လော။ ထိုအဖြစ်အပျက်တွင် ငါ ပါဝင်ပတ်သက်ခဲ့သော်လည်း ငါက ယင်းကို ဖြစ်အောင်လုပ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ငါသည် အဓိက တာဝန်ရှိသည့်လူ မဟုတ်ခဲ့ပါ။ သင် အလိုရှိသည့် မည်သူကိုမဆို သွားရှာပါ၊ သို့သော် ငါ့ကို သင် လာမရှာသင့်ပါ။ မည်သို့ဆိုစေ ဤအမှားကို ငါ ဝန်မခံနိုင်ပါ။ ဤတာဝန်ကို ငါ ခေါင်းမခံနိုင်ပါ”ဟု တွေးကြသည်။ ၎င်းတို့၏ အမှားကို ဝန်ခံလျှင် ရှုတ်ချခံရမည်၊ သေဒဏ်စီရင်ခံရမည် ဖြစ်ပြီး ငရဲသို့လည်းကောင်း၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့လည်းကောင်း အပို့ခံရမည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ငါ့ကို ပြော​လော့၊ ဤကဲ့သို့သော လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ၎င်းတို့၏ စစ်မှန်သော နောင်တကို မျှော်လင့်၍ရနိုင်သလော။ အခြားသူများက သမ္မာတရားနှင့်ပတ်သက်၍ မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ အန္တိခရစ်များက အတိုက်အခံ လုပ်ကြဆဲဖြစ်သည်၊ ဆန့်ကျင်ကြဆဲဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ထိုအရာကို အာခံကြဆဲဖြစ်သည်။ ၎င်းတို့ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ၎င်းတို့၏ အမှားများကို ဝန်မခံကြသေးသကဲ့သို့ နောင်တနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခုတလေမျှ လုံးဝ မပြကြချေ။ ထိုကိစ္စကို နောင် ၁၀ နှစ်တွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသည့်အပြင် အမှားတစ်ခု ပြုမိခဲ့ကြသည်ကို ဝန်မခံကြချေ။ ထိုကိစ္စကို နောင် အနှစ် ၂၀ တွင် ထုတ်ပြောသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ရန် ကြိုးစားကြဆဲ ဖြစ်သည်။ သာ၍ စက်ဆုပ်ဖွယ် ကောင်းသေးသည်မှာ ထိုကိစ္စကို နောင် အနှစ် ၃၀အကြာတွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ “ကျွန်ုပ်သည် အမှား မလုပ်ခဲ့ပါ။ ထို့ကြောင့် အမှားတစ်ခုကို ကျွန်ုပ် ဝန်မခံနိုင်ပါ။ ထိုအရာသည် ကျွန်ုပ်၏ တာဝန်မဟုတ်ပါ။ ယင်းကို ကျွန်ုပ် ခေါင်းမခံသင့်ပါ” ဟု ပြောလျက် ငြင်းခုံပြီး မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ကြိုးစားကြဆဲ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ အထုတ်ခံရပြီးနောက် အနှစ် ၃၀ အကြာတွင် အန္တိခရစ်များသည် အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ခဲ့သည့် နည်းလမ်းအပေါ် အတိုက်အခံလုပ်သော သဘောထားတစ်ခုကို ထားရှိကြဆဲဖြစ်သည်ကို လူတိုင်းက အံ့အားသင့်ရပေသည်။ အနှစ် ၃၀ ကြာပြီးနောက်တွင်ပင် ၎င်းတို့ လုံးဝ မပြောင်းလဲကြသေးပေ။ ထို့ကြောင့် ထိုအနှစ် ၃၀ ကို ၎င်းတို့ မည်သို့ ကုန်ဆုံးခဲ့ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ရှုခဲ့ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ပြန်၍မသုံးသပ်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့က ဆုမတောင်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ထံ ရင်ဖွင့်မတိုင်ပင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ တရားဒေသနာများနှင့် မိတ်သဟာယကို ၎င်းတို့ နားမထောင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့သည် ဉာဏ်ရည်မရှိခြင်းနှင့် ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အတွေးအခေါ် မပိုင်ဆိုင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ထိုအနှစ် ၃၀ ကို ၎င်းတို့ ကုန်ဆုံးခဲ့ပုံသည် အမှန်တကယ်ပင် ပဟေဠိတစ်ခုဖြစ်သည်။ အဖြစ်အပျက် ဖြစ်ပြီးနောက် အနှစ်သုံးဆယ်အကြာတွင် ၎င်းတို့သည် ညီအစ်ကို​မောင်နှမများက ၎င်းတို့ကို မတရားဆက်ဆံကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို နားမလည်ပေးကြောင်း၊ ဘုရားအိမ်တော်က ၎င်းတို့ကို မမျှမတ ဆက်ဆံကြောင်း၊ ၎င်းတို့အတွက် ပြဿနာများ ဖန်တီးခဲ့ကြောင်း၊ ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင်လုပ်ပြီး ၎င်းတို့ကို မတော်မတရား အပြစ်တင်ခဲ့ကြောင်း တွေးထင်လျက် မကျေမချမ်းမှုနှင့် ပြည့်နေကြဆဲ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူများသည် ပြောင်းလဲနိုင်ကြသလော။ လုံးဝ မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးများက အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုမှုဖြင့်လည်းကောင်း၊ အတိုက်အခံဖြစ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ဖြင့်လည်းကောင်း ပြည့်နေသည်။ ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခြင်းနှင့် ၎င်းတို့ကို ပြုပြင်ခြင်းအားဖြင့် အခြားလူတို့က ၎င်းတို့၏ တည်ကြည်မှုများကို ဖျက်ဆီးခဲ့သည်၊ ၎င်းတို့၏ ဂုဏ်သတင်းကို ပျက်အောင်လုပ်ခဲ့ကြပြီး ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန့်အလွန် ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေခဲ့ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်တွင် ဆုတောင်းရန်၊ ရှာဖွေရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အမှားများကို ဝန်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ လာကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အမှားများနှင့်ပတ်သက်၍ နောင်တရသည့် သို့မဟုတ် ဝန်ခံသည့် သဘောထား လုံးဝ ရှိကြလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သာ၍ပင် လက်ခံကြလိမ့်မည် မဟုတ်ပေ။ ယနေ့အချိန်တွင် ၎င်းတို့သည် ဤကိစ္စရပ်ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သံသယပင်ရှိကာ ငြင်းပယ်ပြီး ဘုရားအိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်စိုးသည်ကို သံသယထားကာ ငြင်းပယ်သည့်အတိုင်းအတာထိ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုကာ ဤအမှားများကို တရားသဖြင့်ဖြစ်‌အောင် လုပ်ပေးရန်၊ ဤကိစ္စရပ်ကို ထုတ်ဖော်ရန်နှင့် မည်သူမှန်သည်၊ မည်သူမှားသည်ကို အတိအကျ စီရင်ရန် တောင်းဆိုကြသည်နှင့်အမျှ မနာခံမှု၊ မကျေနပ်ခြင်းနှင့် နာကြည်းချက်တို့ကို အငြိုးသိုထားလေသည်။ ဤသည်မှာ အန္တိခရစ်တို့ ပြုပြင်ခံရခြင်း၏ နောက်ဆုံး ရလဒ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြသလော။ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ထိုသမ္မာတရားကို လက်ခံခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်။ ဤအရာမှနေ၍ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်ကို ငါတို့ မြင်နိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)

အန္တိခရစ်များသည် ရုပ်ဝတ္ထုပစ္စည်းများ၊ ပိုက်ဆံနှင့် အဆင့်အတန်းတို့ကို စိတ်အဝင်စားဆုံး ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် “ဘုရားကို ကျွန်ုပ် ယုံကြည်သည်။ လောကီရေးရာကို ကျွန်ုပ်မလိုက်စားသကဲ့သို့ ပိုက်ဆံကို မတပ်မက်ပါ” ဟူ၍ ၎င်းတို့စကားပြောသည့် ပုံစံကဲ့သို့ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ပြောသည့်အတိုင်း လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အဘယ်ကြောင့် အဆင့်အတန်းကို အစွမ်းကုန် လိုက်စားပြီး ထိန်းသိမ်းသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့စီရင်ပိုင်ခွင့်ရှိသည့် အရာရာတိုင်းကို ပိုင်ဆိုင်လိုသည်၊ သို့မဟုတ် ထိန်းချုပ်လိုပြီး သိမ်းယူလိုသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ပိုက်ဆံနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ဖြစ်သည်။ ၎င်းတို့သည် ဤပိုက်ဆံနှင့် ဤရုပ်ဝတ္ထုပစ္စည်းများကို ၎င်းတို့အဆင့်အတန်း၏ အကျိုးအမြတ်များကဲ့သို့ နှစ်သက်ခံစားသည်။ ၎င်းတို့သည် အမည်ခံအရ၊ အဖြစ်မှန်အရ စာတန်၏ သဘာဝအနှစ်သာရရှိပြီး အမှန်ပင် ကောင်းကင်တမန်မင်းထံမှ ဆင်းသက်သူများ ဖြစ်သည်။ အဆင့်အတန်းကို လိုက်စားပြီး ပိုက်ဆံကို တန်ဖိုးထားသူ အားလုံးသည် အသေအချာပင် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရ၌ ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့တွင် အန္တိခရစ် စိတ်သဘောထားသာ ရှိခြင်းကဲ့သို့ မရိုးရှင်းပေ။ ၎င်းတို့သည် အလွန်ရည်မှန်းချက်ကြီးသည်။ ဘုရားအိမ်တော်၏ ငွေကို ထိန်းချုပ်လိုသည်။ ၎င်းတို့ကို အလုပ်ကိစ္စတစ်ခုအတွက် တာဝန်ယူခိုင်းလျှင် ဦးစွာ အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသကဲ့သို့ အထက်မှ စုံစမ်းမေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကိုလည်း လက်ခံမည်မဟုတ်။ ထို့အပြင် ၎င်းတို့သည် မည်သည့်အလုပ်ကိစ္စမဆို၏ ကြီးကြပ်သူများဖြစ်သောအခါ မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန် နည်းလမ်းများရှာလိမ့်မည်။ ၎င်းတို့သည် အစဉ်သဖြင့် ထိပ်ဆုံးရောက်လိုသည်။ အခြားလူများကို အုပ်ချုပ်ပြီး ချုပ်ကိုင်သောသူများ ဖြစ်လိုသည်။ ၎င်းတို့သည် ပိုမိုမြင့်သော အဆင့်အတန်းကိုလည်း ကိုင်စွဲကာ ယင်းအတွက် ယှဉ်ပြိုင်လိုသည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အစိတ်အပိုင်းတိုင်းကိုပင် ထိန်းချုပ်လိုသည်။ အထူးသဖြင့် ဘုရားအိမ်တော်၏ ပိုက်ဆံကိုဖြစ်သည်။ အန္တိခရစ်များသည် ပိုက်ဆံကို အထူးပင်ချစ်သည်။ ပိုက်ဆံကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ မျက်လုံးက ဝင်းလက်လာသည်။ ၎င်းတို့၏ စိတ်တွင် ပိုက်ဆံအကြောင်းကို အစဉ် စဉ်းစားနေပြီး ယင်းအပေါ် အားထုတ်သည်။ ဤသည်တို့အားလုံးမှာ အန္တိခရစ်တို့၏ လက္ခဏာများနှင့် အချက်ပြမှုများဖြစ်သည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အခြေအနေတို့ကို သိဖို့ ကြိုးစားပြီး ၎င်းတို့မည်မျှက အားနည်းပြီး အပျက်သဘောဆောင်သည်၊ ၎င်းတို့တစ်ဦးချင်းစီက တာဝန်တွင် မည်သည့်ရလဒ်များကို ရရှိသည်၊ ၎င်းတို့ထဲမှ မည်သူတို့က ၎င်းတို့တာဝန်နှင့် မသင့်တော်သည်တို့ကဲ့သို့သော မေးခွန်းများကို မေးလျှင် အန္တိခရစ်များက စိတ်ဝင်စားမည်မဟုတ်။ သို့သော် ငွေပမာဏ၊ မည်သူက ကာကွယ်ပေးနေသည်၊ မည်သည့်နေရာတွင် သိမ်းထားသည်၊ ယင်း၏ ကုဒ်နံပါတ်များ စသည်တို့ဖြစ်သည့် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများနှင့် ပတ်သက်သောအခါတွင် ဤသည်မှာ ၎င်းတို့ ဂရုအစိုက်ဆုံးဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ဤအရာများကို ထူးခြားစွာပင် ပိုင်နိုင်သည်။ ယင်းတို့ကို အလွန်အကျွမ်းတဝင်ရှိသည်။ ဤသည်မှာလည်း အန္တိခရစ်တစ်ဦး၏ လက္ခဏာဖြစ်သည်။ အန္တိခရစ်များသည် ကြားကောင်းသောစကားများကို ပြောရာ၌ အတော်ဆုံး ဖြစ်သော်လည်း တကယ့်အလုပ်ကို မလုပ်ပေ။ ဤအစား ၎င်းတို့၌ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများအား မွေ့လျော်ရန် အတွေးများက အစဉ်နေရာယူနေသည်။ ငါ့ကို ပြောလော့။ အန္တိခရစ်များက ကိုယ်ကျင့်တရား ကင်းမဲ့သည်မဟုတ်လော။ ၎င်းတို့တွင် လူ့သဘာဝလုံးဝမရှိ။ ၎င်းတို့သည် လုံးလုံးလျားလျားပင် နတ်ဆိုးများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

အန္တိခရစ်တစ်ဦးအား ခွဲခြားဖော်ထုတ်ခြင်း

သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

လူတို့ကို စီရင်ခြင်းအတွက် ဘုရား၏ အခြေခံအကြောင်းရင်း

အရှေ့သို့- ၄။ အယောင်ဆောင်ခေါင်းဆောင်များကို ချဉ်းကပ်နည်း

နောက်တစ်ခုသို့- ၆။ အန္တိခရစ်များ စရိုက်ကို ပိုင်းခြားသိမြင်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။