၁။ လူတို့၏ အယူအဆနှင့် စိတ်ကူးများ၏ ပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်၏အမှုတွင် အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများ အမြဲရှိသောကြောင့်၊ အမှုသစ် ထွက်ပေါ်လာသကဲ့သို့ ခေတ်ကုန်သွားပြီး ဟောင်းသွားသောအမှု ရှိပေသည်။ အဟောင်းနှင့် အသစ် ဤကွဲပြားသော အမှုအမျိုးမျိုးသည် ဆန့်ကျင်ဘက် မဟုတ်ဘဲ၊ အပြန်အလှန် ဖြည့်ဆည်းလေသည်။ အဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်နောက်မှ လိုက်လာပေသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများသည် အမှန်ပင် ဖယ်ရှားခံရပေမည်။ ဥပမာအားဖြင့် လူသား၏နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သွန်သင်ချက်တို့နှင့် တွဲဖက်လျက်၊ လူသား၏ ကာလကြာရှည် တည်မြဲသော အလေ့အထများနှင့် ပြောနေကျ စကားပုံ အချို့သည် လူသား၏စိတ်ထဲတွင် အယူအဆများ နည်းဟန်မျိုးစုံ၊ ပုံစံမျိုးစုံ ဖြစ်ပေါ်ပြီးဖြစ်သည်။ နှစ်များစွာတစ်လျှောက် ရှေးခေတ်ကာလများမှ အစဉ်အလာရှိသည့် သဘောတရားများ ပျံ့နှံ့မှုနှင့်အတူ ဘုရားသခင်သည် သူ၏ စစ်မှန်သော မျက်နှာနှင့် ပင်ကို စိတ်သဘောထားတို့ကို လူသားထံ အပြည့်အဝ ထုတ်ဖော်ပြဖို့ ရှိသေးသည်မှာ လူသား၏ ထိုသို့သော အယူအဆများ ဖြစ်ပေါ်ခြင်းအဖို့ သာ၍ အခါအခွင့်သင့်ပေသေး၏။ လူသားက ဘုရားသခင်ကို ယုံကြည်သည့် ကာလတစ်လျှောက်တွင်၊ အယူအဆ အမျိုးမျိုး၏ လွှမ်းမိုးမှုက လူများတွင် ဘုရားသခင်အပေါ် အထင်အရ သိနားလည်မှုမျိုးစုံ အဆက်မပြတ် ဖြစ်ပေါ်မှုနှင့် ဆင့်ကဲပြောင်းလဲမှု ဆီသို့ ဆိုက်ရောက်စေပြီးဖြစ်လေသည်၊ ယင်းက ဘုရားသခင်ကို အစေခံသည့် ဘာသာရေးသမားများစွာကို ဘုရားသခင်၏ ရန်သူများ ဖြစ်စေခဲ့သည်ဟု ပြောကောင်း ပြောနိုင်ပေသည်။ ထို့ကြောင့်၊ လူတို့၏ ဘာသာရေး အယူအဆများ အားကောင်းလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုသည် အမြဲအသစ်ဖြစ်ကာ မည်သည့်အခါတွင်မျှ ဟောင်းနွမ်းခြင်းမရှိပေ။ ယင်းသည် မည်သည့်အခါမျှ အယူဝါဒ မဖြစ်ပေါ်စေဘဲ၊ ယင်းအစား သာ၍ကြီးမားသော အတိုင်းအတာအထိ သို့မဟုတ် သာ၍ လျော့နည်းသော အတိုင်းအတာအထိ အစဉ်မပြတ် ပြောင်းလဲကာ အသစ်ပြုပြင်ခံရလျက် ရှိသည်။ ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်အမှု၏ ပင်ကို အခြေခံသဘောတရားလည်းဖြစ်ကာ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုကို ပြီးမြောက်စေသည့် နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤနည်းဖြင့် အမှုမပြုခဲ့ပါက၊ လူသားသည် ပြောင်းလဲမည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်သည် ရှုံးနိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သူ၏အမှုတွင် တစ်သမတ်တည်း မဟုတ်သည့်ပုံရသော်လည်း၊ အမှန်အားဖြင့် ပုံမှန်ဖြစ်သော ပြောင်းလဲမှုများ အစဉ်မပြတ် ဖြစ်ပေါ်လေသည်။ သို့သော် လူသားက ဘုရားသခင်ကို ယုံကြည်သည့် နည်းလမ်းမှာ အတော်အတန် ကွာခြားသည်။ သူသည် ဟောင်းနွမ်းကာ၊ ရင်းနှီးကျွမ်းဝင်သော အယူဝါဒများနှင့် စနစ်များကို ဖက်တွယ်ပြီး ထိုအရာများ ဟောင်းလေလေ၊ သူ့အဖို့ နှစ်လိုဖွယ်ရှိလေလေ ဖြစ်သည်။ လူသား၏မိုက်မဲသော စိတ်၊ ကျောက်တုံးကဲ့သို့ ခေါင်းမာသော စိတ်သည် အလွန်များပြားလှသော မတွေးတတ်အောင် ခက်ခဲနက်နဲသည့် ဘုရားသခင်၏ အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို မည်သို့ လက်ခံနိုင်မည်နည်း။ လူသားသည် အမြဲအသစ်ဖြစ်ကာ လုံးဝ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ရွံမုန်း၏။ သူသည် သွားရှည်လျားကာ၊ ဆံပင်ဖြူပြီး နေရာတစ်ခုတွင် ကပ်နေသည့် အိုမင်းသောဘုရားသခင်ကိုသာ နှစ်သက်သည်။ ထိုသို့ဖြင့်၊ လူသားနှင့် ဘုရားသခင်သည် မိမိတို့ကိုယ်ပိုင် အကြိုက်များ ရှိကြသောကြောင့် လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သွားသည်။ ဤဆန့်ကျင်ဘက်ဖြစ်ခြင်း များစွာတို့သည် ဘုရားသခင်က အမှုသစ်ကို လုပ်ဆောင်နေခဲ့သည်မှာ နှစ်ပေါင်းခြောက်ထောင်နီးပါး ကြာပြီဖြစ်သည့် အချိန်ကာလ တစ်ခုဖြစ်သော ယနေ့တွင်ပင် တည်ရှိဆဲဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ကုစား၍မရနိုင်ပေ။ ယင်းမှာ လူသား၏ခေါင်းမာခြင်း သို့မဟုတ် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သည့်လူသားကမျှ မချိုးဖောက်နိုင်ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်ပေမည်- သို့သော် ဘုရားသခင်က သူ့ကိုပံ့ပိုးမည့်သူ မည်သူမျှ မရှိသည့်အလား၊ သူ၏ မပြီးစီးသေးသည့် စီမံခန့်ခွဲခြင်းအမှုကို ဆက်လက် ဆောင်ရွက်နေစဉ်တွင် ထိုခရစ်ယာန်ဓမ္မဆရာများနှင့် ဓမ္မဆရာမများသည် မှိုတက်၍ အိုဟောင်းသော စာအုပ်များနှင့် စာရွက်များကို ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ ဤဆန့်ကျင်ကွဲလွဲချက်များသည် လူသားနှင့် ဘုရားသခင်ကို ရန်သူများဖြစ်စေပြီး ပြေလည်ရန် မဖြစ်နိုင်သော်လည်း၊ ဘုရားသခင်သည် ၎င်းတို့ကို တစ်ချိန်တည်းတွင် ထိုနေရာ၌ရှိပြီး ထိုနေရာ၌မရှိသည့်အလား အရေးမစိုက်ပေ။ သို့ရာတွင် လူသားသည် မိမိ၏ ယုံကြည်ချက်များနှင့် အယူအဆများကို ဆက်လက် စွဲကိုင်ထားဆဲဖြစ်ပြီး၊ ထိုအရာများကို လုံးဝ လက်မလွှတ်ပေ။ သို့တိုင် တစ်ခုသောအရာသည် ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်- လူသားသည် မိမိ၏ ရပ်တည်ချက်မှ သွေဖည်မသွားသော်လည်း၊ ဘုရားသခင်၏ခြေများသည် အမြဲ ရွေ့လျားနေပြီး ပတ်ဝန်းကျင်နှင့်အညီ သူ၏ ရပ်တည်ချက်ကို သူ အမြဲပြောင်းလဲနေပေသည်။ အဆုံးတွင်၊ မတိုက်လိုက်ရဘဲနှင့် ရှုံးနိမ့်သွားမည့်သူမှာ လူသားဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဘုရားသခင်သည် ရှုံးနိမ့်သွားသည့် သူ၏ရန်သူအားလုံး၏ အကြီးမားဆုံးသော ရန်သူဖြစ်သကဲ့သို့၊ ရှုံးနိမ့်သွားသည့် လူသားမျိုးနွယ်ရော မရှုံးနိမ့်သည့် လူသားမျိုးနွယ်တို့အတွက်ပါ ရပ်တည်ကာကွယ်သူလည်း ဖြစ်သည်။ မည်သူသည် ဘုရားသခင်နှင့် ယှဉ်ပြိုင်ပြီး အောင်နိုင်မည်နည်း။ လူသား၏ အယူအဆများစွာတို့သည် ဘုရားသခင်၏အမှု နောက်ပိုင်းတွင် ပေါက်ဖွားခဲ့ကြသောကြောင့်၊ ထိုအယူအဆများသည် ဘုရားသခင်ထံမှ လာပုံရလေသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားကို ဤအရာကြောင့် ခွင့်လွှတ်ခြင်း မရှိသကဲ့သို့၊ ထို့ပြင် ဘုရားသခင်၏ အမှုနောက်ပိုင်းတွင် သူ၏အမှုပြင်ပ၌ ရှိသည့် “ဘုရားသခင် အတွက်” အကျိုးများကို တစ်သုတ်ပြီး တစ်သုတ် ဖြစ်ပေါ်စေခြင်းအတွက် လူသားအပေါ် ဘုရားသခင် ချီးမွမ်းခြင်းလည်း မရှိပေ။ ယင်းအစား၊ သူသည် လူသား၏ အယူအဆများနှင့် ဟောင်းနွမ်းကာ၊ ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်မှုများကို အလွန့်အလွန် ရွံ့မုန်းပြီး ထိုအယူအဆများ ဦးစွာထွက်ပေါ်ခဲ့သည့် နေ့စွဲများကို အသိအမှတ်ပြုလိုစိတ်ပင် မရှိချေ။ လူသား၏ အယူအဆများကို လူသားက ပျံ့နှံ့စေသည့်အတွက်၊ ထိုအယူအဆများသည် မိမိ၏အမှုမှ ထွက်ပေါ်လာသည်ဟု ဘုရားသခင် လုံးဝလက်မခံပေ။ ထိုအရာများ၏ အရင်းအမြစ်သည် လူသား၏အတွေးများနှင့် စိတ်တို့ဖြစ်၏- ဘုရားသခင်မဟုတ်ဘဲ၊ စာတန် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏အမှုကို ဟောင်းနွမ်းကာ မသေဆုံးစေဘဲ၊ အသစ်ဖြစ်စေကာ ရှင်သန်စေဖို့အတွက် အမြဲ ဖြစ်ခဲ့ပြီး၊ လူသားကို သူ လိုက်နာစောင့်ထိန်းစေသည့်အရာမှာ ခေတ်ကာလအလိုက် ပြောင်းလဲပြီး ထာဝရမတည်သကဲ့သို့ မပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူသားကို သေဆုံးစေကာ အိုမင်းစေသော နတ်ဆိုးတစ်ပါးဖြစ်သည်ထက်၊ လူသားကို အသက်ရှင်စေကာ အသစ်ဖြစ်စေသော ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို သင်တို့ နားမလည်ကြသေးသလော။ သင်သည် အမြင်ကျဉ်းမြောင်းသောကြောင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများရှိပြီး ထိုအယူအဆများကို သင် လက်လွှတ်နိုင်စွမ်း မရှိပေ။ ယင်းမှာ ဘုရားသခင်၏ အမှုအတွင်းတွင် အဓိပ္ပာယ် အလွန်နည်းပါးလွန်းသောကြောင့် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အမှုသည် လူသား၏ ခံစားချက်များကို ထောက်ထားခြင်း မရှိသောကြောင့် မဟုတ်သည့်အပြင်၊ ယင်းသည် ဘုရားသခင်က မိမိ၏တာဝန်များကို အမြဲ ပေါ့ဆသောကြောင့်လည်း မဟုတ်ပေ။ သင်သည် ကျိုးနွံနာခံမှု ကင်းမဲ့လွန်းသောကြောင့်နှင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သဏ္ဌာန် အနည်းငယ်မျှ မရှိသောကြောင့်၊ သင်သည် သင်၏အယူအဆများကို လက်မလွှတ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်းကြောင့် မဟုတ်ပေ။ ဤအရာအလုံးစုံတို့ကို သင်က ဖြစ်စေခဲ့ခြင်း ဖြစ်ပြီး၊ ဘုရားသခင်နှင့် လုံးဝ ဆက်နွှယ်မှုမရှိပေ။ ဆင်းရဲဒုက္ခနှင့် ကံဆိုးခြင်းအားလုံးကို လူသားက ဖန်တီးခြင်း ဖြစ်၏။ ဘုရားသခင်၏ အကြံအစည်များသည် အမြဲ ကောင်းမြတ်၏- သူသည် သင့်ကို အယူအဆများ ဖြစ်ပေါ်စေဖို့ ဆန္ဒမရှိဘဲ၊ ခေတ်များ ကုန်လွန်သွားသည်နှင့်အမျှ ပြောင်းလဲကာ အသစ်ပြုပြင်ခံရစေလိုသည်။ သို့သော် သင့်အတွက် မည်သည့်အရာ ကောင်းမြတ်သည်ကို သင် မသိသကဲ့သို့၊ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် စိစစ်ခြင်း တစ်ခုမဟုတ်လျှင်တစ်ခု လုပ်ဆောင်နေလေသည်။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့သကဲ့သို့၊ သင်၏ပုန်ကန်ခြင်းသည် အလွန်ကြီးမားနေခြင်း ဖြစ်ပေသည်။ ဘုရားသခင် ယခင်ကပေးထားသည့်အရာ၏ အရေးမပါလှသော အစိတ်အပိုင်းအချို့ကို ယူဆောင်ပြီးနောက်၊ လှည့်ကာ ဘုရားသခင်ကို တိုက်ခိုက်ရန် ယင်းကို အသုံးပြုဝံ့သည့် အဖန်ဆင်းခံ သတ္တဝါငယ်လေးတစ်ဦး- ဤသည်မှာ လူသား၏ ပုန်ကန်ခြင်း မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ရှေ့၌ မိမိတို့၏အမြင်များကို ဖော်ပြရန် အရည်အချင်း လုံးဝမရှိသကဲ့သို့၊ ထိုမှိုတက်သည့် အယူအဆများကို မဆိုထားနှင့်- ၎င်းတို့၏ သုံးစားမရသည့်၊ နံဟောင်နေကာ ပုပ်သိုးနေသည့်၊ ကွန့်လွန်းသော စကားအသုံးအနှုန်းကို ၎င်းတို့သည် ဆန္ဒရှိသည်အတိုင်း ဟိုဟိုသည်သည် ပြစားဝင့်ဝါဖို့ အရည်အချင်း သာ၍ပင်မရှိဟု ဆိုထိုက်ပေသည်။ ၎င်းတို့သည် သာ၍ပင် အသုံးမကျဖြစ်ကြသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်
သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် ပုန်ကန်လွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ပစ်ပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။
သင်၏ အယူအဆအဟောင်းတို့ကို ဘေးဖယ်ထားခြင်းအားဖြင့်သာ အသိပညာသစ်ကို သင် ရရှိနိုင်သည်၊ သို့သော် အသိပညာဟောင်းသည် အယူအဆအဟောင်းများနှင့် သေချာပေါက် မညီမျှပေ။ “အယူအဆများ” ဆိုသည်မှာ လူသားက စိတ်ကူးသည့် လက်တွေ့အရှိတရားနှင့် သဘောကွဲလွဲသော အရာများကို ရည်ညွှန်းသည်။ အသိပညာဟောင်းသည် ခေတ်ဟောင်းတွင် ခေတ်နောက်ကျပြီးသားဖြစ်ပြီး လူသားကို အမှုသစ်ထဲသို့ ဝင်ရောက်ခြင်းမှ တားဆီးခဲ့ပါက၊ ထိုသို့သော အသိပညာသည်လည်း အယူအဆတစ်ခု ဖြစ်၏။ လူသားသည် ထိုသို့သော အသိပညာကို မှန်ကန်သည့် ချဉ်းကပ်မှု လုပ်ဆောင်နိုင်ပြီး၊ အဟောင်းနှင့် အသစ် ပေါင်းစပ်လျက် ဘုရားသခင်ကို မတူကွဲပြားသော ရှုထောင့်အချို့မှ သိလာနိုင်ပါက၊ အသိပညာဟောင်းသည် လူသားအဖို့ အထောက်အကူ တစ်ရပ်ဖြစ်လာပြီး ခေတ်သစ်ထဲသို့ လူသားဝင်ရောက်သည့် အခြေခံအကြောင်းရင်း ဖြစ်လာ၏။...လူသားသည် သူ၏စိတ်ထဲတွင် သူကိုယ်တိုင်စိတ်ကူးထားသော ဘုရားသခင်ကို ယုံကြည်ပြီး ယထာယူထကျသော ဘုရားသခင်ကို မရှာဖွေပေ။ လူတစ်ဦးသည် ယုံကြည်ခြင်း တစ်မျိုး ရှိပါက၊ လူတစ်ရာအလယ်တွင် ယုံကြည်ခြင်း အမျိုးတစ်ရာ ရှိ၏။ လူသားသည် ဘုရားသခင်၏ လက်တွေ့ကျသောအမှုကို မမြင်ရသေးသောကြောင့်၊ သူသည် ယင်းကို သူ၏ နားများဖြင့်သာ ကြားဖူးပြီး သူ၏ မျက်လုံးများဖြင့် မရှုမြင်ရသေးကြောင့်၊ ထိုသို့သော ယုံကြည်မှုများ ရှိခြင်း ဖြစ်သည်။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကို ကြားရပြီးဖြစ်သည်။ သို့သော် သူသည် ဘုရားသခင့်အမှု၏ အချက်အလက်များနှင့်ဆိုင်သည့် အသိပညာကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများ ဖြစ်လာသည်မှာ တစ်နှစ်သာ ရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများမှ တစ်ဆင့် ဘုရားသခင်ကို ယုံကြည်လာကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘဝတစ်ခုလုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများအတွက်လည်း အလားတူ မှန်ကန်ပေသည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လူသားသည် သူ၏ အယူအဆအဟောင်းများ၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်ကာ နယ်မြေသစ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိပညာသည် အယူအဆများနှင့် ကောလာဟလများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားက သူ၏အယူအဆများမှာ မှန်ကန်ပြီး အမှားမရှိဟု ထင်ကာ ဤအယူအဆများသည် ဘုရားသခင်ထံမှ လာသည်ဟု တွေးထင်၏။ ယနေ့ခေတ်တွင် လူသားသည် ဘုရားသခင်၏အမှုကို မျက်မြင်တွေ့သည့်အခါတွင်၊ နှစ်ပေါင်းများစွာ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပြီးဖြစ်သည့် အယူအဆများကို လွှတ်ပေးလိုက်လေသည်။ အတိတ်မှ စိတ်ကူးများနှင့် အကြံများသည် ဤအဆင့်၏အမှုအဖို့ အတားအဆီးတစ်ခု ဖြစ်လာပြီးဖြစ်ကာ လူသားအတွက် ထိုသို့သော အယူအဆများကို လက်လွှတ်ရန်နှင့် ထိုသို့သော စိတ်ကူးများကို ချေပရန် ခက်ခဲလာပြီးဖြစ်သည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့ကြသူများစွာ၏ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် အမှုအပေါ် အယူအဆများသည် ယခင်ထက် ပို၍ ဆိုးရွားလာပြီးဖြစ်ကာ ဤလူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါင်းမာသော ရန်လိုမှုတစ်ခုကို တစ်ဖြည်းဖြည်း ဖြစ်ပေါ်စေကြပြီ ဖြစ်သည်။ ဤမုန်းတီးမှု၏ အရင်းအမြစ်သည် လူသား၏ အယူအဆများနှင့် စိတ်ကူးများတွင် တည်လေသည်။ လူသား၏ အယူအဆများနှင့် စိတ်ကူးများသည် ယနေ့ခေတ်အမှု၊ လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသည့် အမှု၏ ရန်သူ ဖြစ်လာပြီး ဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို သူ၏ စိတ်ကူးများအား ဇက်ပုံပေးခွင့်မပြုသကဲ့သို့၊ ထို့အပြင် လူသားအနေနှင့် ယင်းကို အလွယ်တကူ ချေပနိုင်ခြင်း မရှိဘဲ၊ လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် အမှန်တရား၏ တည်ရှိခြင်းကို ခွင့်မပြုသည်သာမက၊ လူသားသည် အချက်အလက်များ၏ အမှားထောက်ပြခြင်းနှင့် မှန်ကန်မှုအပေါ် စဉ်းစားခြင်း မရှိဘဲ၊ သူ၏ အယူအဆများကို စွဲစွဲမြဲမြဲ လွှတ်ပေးရုံမျှ လွှတ်ပေးပြီး သူ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကို အသုံးပြုသောကြောင့် ဖြစ်ပေသည်။ ဤအရာကို လူသား အယူအဆများ၏ အပြစ်ဟုသာပြောနိုင်ပြီး ဘုရားသခင့်အမှု၏ အပြစ်ဟု ပြော၍ မရပေ။ လူသားသည် သူဆန္ဒရှိသည့် မည်သည့်အရာကိုမဆို စိတ်ကူးကောင်း စိတ်ကူးနိုင်သော်လည်း၊ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကိုမျှ၊ သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင့်အမှု၏ အမှန်တရားကို လူသားက ချိုးဖောက်၍ မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
အကယ်၍ ဘုရားသခင်သည် အပြောင်းအလဲမရှိသော ရွှံ့စေးရုပ်တုအလား၊ ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် မိမိတို့၏ အယူအဆများ အသုံးပြုသည့်အပြင်၊ သမ္မာကျမ်းစာ၏ ကန့်သတ်ချက်များအတွင်း၌ ဘုရားသခင်ကို လုံးလုံးလျားလျား ဘောင်ခတ်ပြီး အကန့်အသတ်ရှိသော အမှုအတိုင်းအတာအတွင်း၌ သူ့ကို ထိန်းချုပ်ထားပါက၊ ဤသည်မှာ သင်တို့က ဘုရားသခင်ကို ရှုတ်ချမိပြီဖြစ်ကြောင်း သက်သေပြလေသည်။ ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်
ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ လူ့ဇာတိရှိသည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များအားလုံးကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ ကျိုးနွံနာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ အတိုက်အခံလုပ်သောသူတို့မှာမူ ဘုရားသခင်၏ အတိုက်အခံလုပ်သူများအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို ကျိုးနွံနာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော သူတို့သည် ၎င်းတို့၏ အာခံခြင်းအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို ဦးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖြိုဖျက်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် လိုလိုလားလားဖြင့် ကျိုးနွံနာခံနိုင်ကြပြီး အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက၊ ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက၊ အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး၊ ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း၊ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့်၊ ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏။ ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက်၊ အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံအလုပ်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံကြရပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
လူတို့၏ အယူအဆများသည် ၎င်းတို့အား ဘုရားသခင်ကို မကြာခဏ အထင်လွဲမှားစေကာ ဘုရားသခင်နှင့်ပတ်သက်၍ အမျိုးမျိုးသော တောင်းဆိုမှုများနှင့် ဝေဖန်သုံးသပ်မှုများကို မကြာခဏ ပြုလုပ်တတ်ပြီး ဘုရားသခင်ကို တိုင်းတာရန်အတွက် အမျိုးမျိုးသော စံချိန်စံညွှန်းများ ရှိသည်။ ယင်းတို့သည် လူတို့ကို အမှုအရာများ မှန်သည်၊ မှားသည်၊ လူတစ်ဦး ကောင်းသည်၊ ဆိုးသည်ကို အကဲဖြတ်ရန်နှင့် လူတစ်ဦး ဘုရားသခင်အပေါ် သစ္စာရှိပြီး ဘုရားသခင်၌ ယုံကြည်ခြင်းရှိမရှိကို အကဲဖြတ်ရန် မမှန်ကန်သော အတွေးအချို့နှင့် ရှုထောင့်အမြင်များကို မကြာခဏ အသုံးပြုစေသည်။ ဤအမှားများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ အယူအဆများ ဖြစ်သည်။ လူတို့၏ အယူအဆများသည် ၎င်းတို့စားသည့်အရာ၊ သို့မဟုတ် ၎င်းတို့အိပ်စက်ပုံတို့အပေါ် မထိခိုက်နိုင်သကဲ့သို့ ၎င်းတို့၏ ပုံမှန်ဘဝများကို သက်ရောက်မှု မရှိနိုင်သော်လည်း ယင်းတို့သည် လူတို့၏စိတ်များနှင့် ၎င်းတို့၏အတွေးများတွင် ဧကန် တည်ရှိကြပေသည်၊ ယင်းတို့သည် တစ်ချိန်လုံး လူတို့နောက်လိုက်ရင်း အရိပ်တစ်ခုကဲ့သို့ လူတို့ထံ တွယ်ကပ်ကြလေသည်။ အကယ်၍ ယင်းတို့ကို သင့်အနေဖြင့် အချိန်မီ မဖယ်ရှားနိုင်ပါက သင်၏တွေးခေါ်ခြင်း၊ သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ သင်၏အပြုအမူ၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အသိတို့ကို ထိန်းချုပ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းချုပ်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင် ယခု ရှင်းလင်းစွာ မြင်တွေ့သလော။ အယူအဆများသည် အဓိကပြဿနာတစ်ခု ဖြစ်သည်။ လူတို့၌ ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ရှိနေခြင်းသည် ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မြင်ရခြင်းမှ ၎င်းတို့ကို တားဆီးသည့်၊ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားနှင့် စစ်မှန်သော အနှစ်သာရတို့ကို မြင်ရခြင်းမှ ၎င်းတို့ကို တားဆီးသည့် တံတိုင်းတစ်ခု တည်နေသကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ယင်းမှာ လူတို့သည် ၎င်းတို့၏ အယူအဆများအလယ်နှင့် ၎င်းတို့၏ စိတ်ကူးထင်မြင်မှုများ အလယ်တွင် အသက်ရှင်ကြပြီး ဘုရားသခင်က မှန်သလော၊ မှားသလောဆိုသည်ကို ဆုံးဖြတ်ဖို့နှင့် ဘုရားသခင်လုပ်ဆောင်သမျှ အားလုံးကို တိုင်းတာဖို့၊ အကဲဖြတ်ဖို့နှင့် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် လူတို့သည် မည်သည့်အခြေအနေမျိုးထဲသို့ မကြာခဏ ကျဆင်းကြရသနည်း။ လူတို့သည် ၎င်းတို့၏အယူအဆများအလယ်၌ အသက်ရှင်ချိန်တွင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြသလော။ ၎င်းတို့တွင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်ကြသလော။ (မရှိနိုင်ကြပေ။) လူတို့သည် ဘုရားသခင်ကို အနည်းငယ် အမှန်တကယ် ကျိုးနွံနာခံကြသည့် အချိန်တွင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် သူ၏ အယူအဆများနှင့် စိတ်ကူးများကို အားထားသောအခါ ယင်းသည် စာတန်နှင့် ကမ္ဘာလောကတို့နှင့် သက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာ အမှုအရာများဖြင့် စွန်းထင်းလာပြီး ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲလေသည်။ ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့်ဆိုင်သော ပြဿနာမှာ ဆိုးရွားသည့် အရာတစ်ခုဖြစ်သည်။ ယင်းသည် ဖြေရှင်းရန် အရေးတကြီး လိုအပ်သည့် လူသားနှင့် ဘုရားသခင်ကြားက အဓိက ပြဿနာတစ်ခုဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာကြသူတိုင်းသည် အယူအဆများ ယူဆောင်လာကြသည်၊ ဘုရားသခင်နှင့်ပတ်သက်သည့် သံသယမျိုးစုံကို ၎င်းတို့ ယူဆောင်လာကြသည်။ သို့တည်းမဟုတ် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အပေါ် အပ်နှင်းထားသည့် အရာများအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ကြိုတင်စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုတို့နှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်း အမြောက်အမြားကို ယူဆောင်လာကြသည်ဟုလည်း ဆိုနိုင်ပေသည်။ ထို့နောက်တွင် ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးမှာ မည်သည့်အရာ ဖြစ်လာမည်နည်း။ လူတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် သံသယဝင်ကြပြီး၊ ဘုရားသခင် မှားသည်၊ မှန်သည်ကို တိုင်းတာဖို့၊ သူ၏နှုတ်ကပတ်တော်တိုင်းနှင့် အမှုတိုင်းကို အကဲဖြတ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်းများကို စဉ်ဆက်မပြတ် အသုံးပြုကြလေသည်။ ဤအပြုအမူမျိုးသည် မည်သည့်အရာ ဖြစ်သနည်း။ (ယင်းမှာ ထကြွပုန်ကန်ခြင်းနှင့် အာခံခြင်းဖြစ်သည်။) မှန်ပေ၏။ ယင်းမှာ ဘုရားသခင်အား လူတို့ ထကြွပုန်ကန်ခြင်း၊ အာခံခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ဖြစ်ကာ ယင်းမှာ လူတို့ ဘုရားသခင်အား ဝေဖန်သုံးသပ်ခြင်း၊ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းနှင့် သူ့ကို ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အပြင် ဆိုးရွားသော ကိစ္စများတွင် လူတို့သည် ဘုရားသခင်ကို တရားရုံးသို့ ခေါ်လာပြီး သူ့ကို “နောက်ဆုံးဖြစ်သော ယှဉ်ပြိုင်တိုက်ခိုက်ခြင်း” တစ်ခု၌ တိုက်ခိုက်လိုသည်။ လူတို့၏ အယူအဆများ ရောက်ရှိနိုင်သည့် အပြင်းထန်ဆုံးသော အဆင့်မှာ အဘယ်နည်း။ ယင်းမှာ စစ်မှန်သော ဘုရားကိုယ်တော်တိုင်ကို ငြင်းပယ်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို ပြစ်တင်ရှုတ်ချခြင်းတို့ ဖြစ်၏။ လူတို့၏ အယူအဆများက ဤအဆင့်သို့ ရောက်သောအခါ ၎င်းတို့သည် ဘုရားသခင်ကို ပင်ကိုအားဖြင့် ငြင်းပယ်သည်၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချသည်၊ ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး သစ္စာဖောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ရုံသာမက သမ္မာတရားကို လိုက်ခံရန်နှင့် ဘုရားသခင် နောက်လိုက်ရန်လည်း ငြင်းဆိုကြသည်။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ထိတ်လန့်ဖွယ် ပြဿနာတစ်ခု ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)
ဘုရားသခင်ကို ယုံကြည်ခြင်းက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်ဟုလည်းကောင်း၊ အခြေအနေများနှင့် ကြုံတွေ့ရပါက ဘုရားသခင်ထံ ဆုတောင်းရန်သာ လိုအပ်ပြီး ဘုရားသခင်က နားညောင်းလိမ့်မည်ဖြစ်ကာ ၎င်းတို့အား ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနားလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့အတွက် အရာရာတိုင်း အေးချမ်းစွာနှင့် ချောမွေ့စွာ ဖြစ်သွားသည်ကို သေချာစေလိမ့်မည်ဟုလည်းကောင်း လူအချို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျေးဇူးတော်ကို ရှာဖွေရန်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်နှင့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ဤအမြင်များကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏ မိသားစုများကို စွန့်လွှတ် သို့မဟုတ် မိမိတို့၏ အလုပ်များကို နုတ်ထွက်ကြကာ ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထူးကဲသော အပြုအမူကို ပြသလျက် အမှုအရာများကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသရွေ့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဖြင့် အလုပ်လုပ်သရွေ့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် မျက်နှာသာပေးမှုကို ရရှိကြလိမ့်မည်ဟုလည်းကောင်း၊ မည်သည့် အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ထံ ဆုတောင်းသရွေ့ သူက ၎င်းတို့ကို ဖြေရှင်းပေးပြီး အရာရာ၌ ၎င်းတို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစုက စွဲကိုင်ထားသည့် သဘောထားအမြင်ဖြစ်သည်။ ဤသဘောထားအမြင်က တရားနည်းလမ်းကျပြီး မှန်ကန်သည်ဟု လူတို့က ခံစားကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လူများစွာ၏ တတ်စွမ်းနိုင်ခြင်းသည် ဤသဘောထားအမြင်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်အတွက် အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် အလွန်ကောင်းမွန်ခဲ့ပြီးဖြစ်သည်။ မည်သည့် ဒုစရိုက်အမှုများကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်။ အလုပ်တာဝန်တိုင်းအတွက် ကျွန်ုပ်သည် ဆင်းရဲများစွာ ခံခဲ့ရပြီး ကြီးမားသော အဖိုးအခကို ပေးခဲ့ကာ၊ မည်သည့်အမှားမျှ မလုပ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သောကြောင့် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်။ ကိုယ်တော်သည် ကျွန်ုပ်အတွက် အရာရာတိုင်း ချောမွေ့စွာ ဖြစ်သွားရန် သေချာစေသင့်ပြီး၊ ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မကြာခဏ ရှိကာ ဘုရားသခင်၏ မျက်မှောက်တော်ကို မွေ့လျော်ခံစားသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးစိတ်သန်းတစ်ခု မဟုတ်လော။ လူသား ရှုထောင့်အမြင်မှကြည့်လျှင် လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပြီး အကျိုးကျေးဇူးများကို လက်ခံရရှိကြသည်။ သို့ဖြစ်၍ ဤအတွက် ဆင်းရဲဒုက္ခ အနည်းငယ်ခံရခြင်းသည် အဓိပ္ပာယ်ရှိပြီး၊ ဤဆင်းရဲဒုက္ခကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအတွက် လဲလှယ်ခြင်းက အကျိုးနပ်ပေသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်သော စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ သို့သော်လည်း သမ္မာတရား၏ ရှုထောင့်အမြင်နှင့် ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤအရာသည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော စည်းမျဉ်းများနှင့် အခြေခံအားဖြင့် မကိုက်ညီသည့်အပြင် ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသော စံနှုန်းများလည်း မဟုတ်ပေ။ ယင်းသည် ဖြစ်လိုသော အတွေး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူ့အယူအဆနှင့် စိတ်ကူးတစ်ခုသက်သက်သာ လုံးလုံးလျားလျား ဖြစ်ပေသည်။ ယင်းတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ရာကို ဘုရားသခင်ထံမှ တောင်းဆိုခြင်းတို့ ပါဝင်သည်ဖြစ်စေ၊ သို့မဟုတ် လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်၏ လိုအပ်ချက်များနှင့် မကိုက်ညီသည့်အပြင်၊ လူတို့ကို ကောင်းချီးပေးခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများ၊ စံနှုန်းများကိုလည်း မပြည့်မီပေ။ အထူးသဖြင့်၊ ဤအပေးအယူဆန်သော အတွေးနှင့် သဘောထားအမြင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော်လည်း လူတို့က ထိုအရာကို သတိမပြုမိကြပေ။ ဘုရားသခင် လုပ်ဆောင်သည့်အရာက လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သူနှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် အထင်လွဲမှားမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့သည် မတရားခံရသည်ဟုပင် ခံစားရပြီးနောက် ဘုရားသခင်နှင့် စတင်၍ အငြင်းအခုံပြုကြကာ သူ့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်အထိပင် ပြုနိုင်ကြလေသည်။ လူတို့က မည်သည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် သူသည် လူ့အယူအဆများ သို့မဟုတ် ဆန္ဒများအတိုင်း မည်သည့်အခါမျှ ပြုမူခြင်း သို့မဟုတ် မည်သူ့ကိုမျှ ဆက်ဆံခြင်း မပြုပေ။ ဘုရားသခင်သည် မိမိအလိုဆန္ဒရှိသည့်အရာကို မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်းလည်းကောင်း၊ မိမိ၏ ကိုယ်ပိုင် စိတ်သဘောထား အနှစ်သာရကို အခြေခံ၍လည်းကောင်း အမြဲတစေ လုပ်ဆောင်သည်။ ဘုရားသခင်သည် လူတိုင်းကို ဆက်ဆံပုံတွင် စည်းမျဉ်းများ ရှိသည်။ လူတစ်ဦးစီတိုင်းကိုသူလုပ်ဆောင်သည့် မည်သည့်အရာကမျှ လူ့အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများကို အခြေမခံပေ။ ဤသည်မှာ လူ့အယူအဆများနှင့် အဆန့်ကျင်အကွဲလွဲဆုံးသော ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ကဏ္ဍဖြစ်သည်။ လူတို့အတွက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လုံးဝ ဆန့်ကျင်သော ပတ်ဝန်းကျင်တစ်ခုကို ဘုရားသခင် ပြင်ဆင်ပေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ အယူအဆများ၊ ဝေဖန်မှုများနှင့် ပြစ်တင်ရှုတ်ချခြင်းများကို ဖြစ်ပေါ်လာကြပြီး သူ့ကို ငြင်းပင်ငြင်းပယ်နိုင်သည်။ ထိုအခါ ဘုရားသခင်က ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလော။ လုံးဝ မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်သည် မိမိ၏ အမှုပြုပုံနည်းလမ်းနှင့် မိမိ၏ အလိုဆန္ဒများကို လူ့အယူအဆများအတိုင်း မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ပြောင်းလဲရန် လိုအပ်သူမှာ မည်သူနည်း။ လူများပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို စွန့်လွှတ်ရန်၊ ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို လက်ခံရန်၊ ကျိုးနွံနာခံရန်နှင့် တွေ့ကြုံခံစားရန် လိုအပ်ပြီး၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုရန် မိမိတို့၏ အယူအဆများနှင့် တိုင်းတာခြင်းအစား မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို မရမက စွဲကိုင်ထားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အတိုက်အခံဖြစ်ခြင်း ဖြစ်ပေါ်လာကြသည်။ ဤအရာက အလိုအလျောက် ဖြစ်ပေါ်သည်။ အတိုက်အခံပြုခြင်း၏ အရင်းအမြစ်သည် မည်သည့်နေရာတွင်ရှိသနည်း။ ထိုအရာသည် လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ပုံမှန် ပိုင်ဆိုင်သောအရာသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်သည်မှာ သေချာပြီး သမ္မာတရား မဟုတ်သည့်အချက်တွင် ရှိပေသည်။ ထို့ကြောင့် လူ့အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ အမှုနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားသခင်ကို အာခံနိုင်ပြီး သူအပေါ် ဝေဖန်မှုများ ပြုလုပ်နိုင်ကြသည်။ ဤအရာက လူတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ကင်းမဲ့ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခြင်းခံရခြင်းနှင့် များစွာ အလှမ်းဝေးနေပြီး ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း အသက်ရှင်နေကြကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်းနှင့် အလွန့်အလွန် အလှမ်းဝေးကြနေဆဲ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)
သင်တို့၏ တာဝန်များ ထမ်းဆောင်မှုအပေါ် သြဇာသက်ရောက်နိုင်သည့် အခြားမည်သည့် အယူအဆများ သင်တို့၏ စိတ်နှလုံးများထဲ၌ ရှိသနည်း။ သင်တို့၏ အသက်တာများထဲတွင် မည်သည့်အယူအဆများက သင်တို့အပေါ် မကြာခဏ သြဇာသက်ရောက်ပြီး အုပ်စိုးတတ်သနည်း။ သင့်အပေါ်တွင် သင့်အကြိုက်မဟုတ်သည့် အချို့သောအရာများ ဖြစ်ပျက်သောအခါ သင်၏ အယူအဆများက အလိုလို ပေါ်ထွက်လာပြီးနောက် သင်သည် ဘုရားသခင်အား ညည်းညူသည်၊ ဘုရားသခင်နှင့် ငြင်းခုံယှဉ်ပြိုင်ကာ ယင်းတို့က ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မြန်ဆန်သော ပုံစံပြောင်းလဲမှုတစ်ခုကို ဖြစ်ပွားစေသည်။ ဘုရားသခင်ကို သင် လွန်စွာ ချစ်သည်၊ သူ့အပေါ် သင် အလွန်သစ္စာစောင့်သိသည်ဟု ထင်မှတ်ခြင်းနှင့် သင်၏ တစ်ဘဝလုံးကို သူ့အား ဆက်ကပ်ခြင်းဟူသည့် အစက သင်ဖြစ်ခဲ့သည့် ပုံစံမှနေ၍ သင်သည် ရုတ်တရက် စိတ်နှလုံးပြောင်းလဲခြင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ရန် သို့မဟုတ် ဘုရားသခင်ကို သစ္စာစောင့်သိရန် နောက်ထပ်အလိုမရှိတော့ခြင်းသို့ ပြောင်းလဲသွားပြီး ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို နောင်တရသည်၊ ဤလမ်းကြောင်းအား ရွေးချယ်ခဲ့ပြီးသည်ကို နောင်တရပြီးလျှင် ဘုရားသခင်၏ ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ပင် ညည်းညူသည်။ အခြားမည်သည့် အယူအဆများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး၌ ရုတ်တရက် အပြောင်းအလဲတစ်ခုကို ဖြစ်စေနိုင်သနည်း။ (ဘုရားသခင်သည် ကျွန်ုပ်ကို စမ်းသပ်ရန်နှင့် ထုတ်ဖော်ရန်အတွက် အခြေအနေတစ်ခုကို ကြိုတင်စီစဉ်ပြီး ကျွန်ုပ်သည် ကောင်းသောအဆုံးသတ် ရှိမည်မဟုတ်ဟု ခံစားရသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ထားရှိသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်သည်၊ မိမိ၏တာဝန်ကို အမြဲလုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် မကျောခိုင်းသရွေ့ ကျွန်ုပ်ကို သူ မပစ်ပယ်သင့်ဟု ကျွန်ုပ်ယူဆပါသည်။) ထိုအရာမှာ အယူအဆတစ်မျိုးဖြစ်၏။ သင်တို့၌ ထိုသို့သော အယူအဆမျိုး မကြာခဏ ရှိသလော။ ဘုရားသခင်၏ ပစ်ပယ်ခံရခြင်းနှင့် ပတ်သက်၍ သင်တို့၏ နားလည်ခြင်းမှာ အဘယ်နည်း။ သင့်ကို ဘုရားသခင် ချန်ထားသည်ဆိုပါက ထိုအရာက ဘုရားသခင် သင့်ကို အလိုမရှိသည့်အပြင် သင့်ကို ကယ်တင်မည် မဟုတ်ဟု ဆိုလိုသည်ဟူ၍ သင်တို့ ထင်သလော။ ဤသည်မှာ အယူအဆနောက်တစ်မျိုး ဖြစ်၏။ သို့ဆိုလျှင် ထိုသို့သော အယူအဆမျိုး မည်ကဲ့သို့ ဖြစ်ပေါ်သနည်း။ ယင်းသည် သင်၏ စိတ်ကူးစိတ်သန်းမှ လာသလော၊ သို့မဟုတ် ယင်း၌ အခြေခံအကြောင်းရင်း ရှိသလော။ ဘုရားသခင် သင့်ကို ကောင်းသောအဆုံးသတ် ပေးမည်မဟုတ်ဟု သင် မည်သို့သိသနည်း။ သင့်ကို ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့သလော။ ထိုကဲ့သို့သော ထင်မြင်ချက်များကို သင် လုံးလုံးလျားလျား ဘောင်ခတ်ထားသလော။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်ကြောင်း ယခု သင်သိသည်။ အဓိကမေးခွန်းမှာ ယင်းကို မည်သို့ဖြေရှင်းရမည်ဟူသည်ပင်။ အမှန်တွင် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍ အယူအဆများစွာ ရှိကြ၏။ အကယ်၍ သင်၌ အယူအဆရှိမှန်း သင် သဘောပေါက်နိုင်ပါက ယင်းသည် မှားယွင်းကြောင်း သင် သိသင့်သည်။ သို့ဆိုလျှင် ဤအယူအဆများကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ ဦးစွာ ဤအယူအဆများက အသိပညာမှ လာသလော၊ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များမှ လာသလော၊ အမှားက မည်သည့်နေရာ၌ရှိသည်၊ အန္တရာယ်က မည်သည့်နေရာ၌ရှိသည် ဟူသည်ကို သင် ရှင်းလင်းစွာ သိမြင်ဖို့လိုပြီး ဤအရာကို သင် ရှင်းလင်းစွာ သိမြင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်သည် အယူအဆကို ပင်ကိုအားဖြင့် လက်လွှတ်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ ယင်းကို သင် လုံးလုံးလျားလျား ဖြေရှင်းသည်နှင့် မတူညီပေ။ သမ္မာတရားကို သင် ရှာဖွေရဦးမည်ဖြစ်သည်။ ဘုရားသခင်၏ တောင်းဆိုမှုများက မည်သည့်အရာဖြစ်သည်ကို မြင်တွေ့ရဦးမည် ဖြစ်ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ထိုအယူအဆကို စိစစ်ရဦးမည် ဖြစ်သည်။ ထိုအယူအဆမှာ မှားယွင်းကြောင်း၊ ယင်းသည် အဓိပ္ပာယ်မဲ့သော အရာတစ်ခုဖြစ်ကြောင်း၊ ယင်းသည် သမ္မာတရားနှင့် လုံးဝ ကွဲပြားနေကြောင်းကို သင် ရှင်းလင်းစွာ ထိုးထွင်းသိမြင်နိုင်သောအခါ ယင်းမှာ သင်သည် ထိုအယူအဆကို အခြေခံအားဖြင့် ဖြေရှင်းပြီးပြီဟု ဆိုလိုသည်။ သင်သည် သမ္မာတရားကို မရှာဖွေလျှင်၊ အယူအဆကို ဘုရားနှုတ်ကပတ်တော်များနှင့် မနှိုင်းယှဉ်လျှင် သင်သည် အယူအဆမှာ မည်သို့မှားယွင်းကြောင်း ရှင်းလင်းစွာ ထိုးထွင်းသိမြင်နိုင်မည် မဟုတ်သဖြင့် သင်သည် အယူအဆကို လုံးလုံးလျားလျား လက်လျှော့နိုင်မည် မဟုတ်ပေ။ ယင်းသည် အယူအဆတစ်ခု ဖြစ်ကြောင်း သင်သိလျှင်ပင် ယင်းကို လုံးလုံး လက်လွှတ်နိုင်ဦးမည် မဟုတ်သည်မှာ သေချာပေါက်ဖြစ်၏။ ထိုသို့သော အခြေအနေများတွင် သင်၏အယူအဆများက ဘုရားသခင်၏ တောင်းဆိုမှုများနှင့် ကွဲလွဲဆန့်ကျင်သောအခါနှင့် သင်၏အယူအဆများက မှားယွင်းနေကြောင်းကို သင်သတိပြုမိသည့်တိုင် သင်၏စိတ်နှလုံးက သင့်အယူအဆများကို ဖက်တွယ်ထားနေသေးကာ သင်၏ အယူအဆများက သမ္မာတရားနှင့် သဘောကွဲလွဲနေသည်ကို သင်သေချာပေါက်သိသည့်တိုင် သင်၏ စိတ်နှလုံးထဲတွင် သင်၏ အယူအဆများက ယုတ္တိတန်သည်ဟု ထင်နေသေးလျှင်ပင် သင်သည် သမ္မာတရားကို နားလည်သောသူတစ်ဦး ဖြစ်မည်မဟုတ်သည့်အပြင် သင်ကဲ့သို့သော လူတို့၌ အသက်ဝင်ရောက်မှု မရှိဘဲ ဝိညာဉ်ရင့်သန်မှု၌ လွန်စွာ ချို့တဲ့နေပေသည်။ သာဓကအားဖြင့် လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အဆုံးသတ်နှင့် ပန်းတိုင်အတွက်သာမက ၎င်းတို့၏တာဝန်အား ပြင်ဆင်ကိုက်ညှိခြင်းနှင့် ၎င်းတို့၏တာဝန်၌ အစားထိုးခံရခြင်းအတွက် အထူးသဖြင့် ဆတ်ဆတ်ထိ မခံကြပေ။ လူအချို့သည် ထိုကဲ့သို့သော အရာများနှင့် ပတ်သက်၍ မှားယွင်းသော ကောက်ချက်ကို မကြာခဏ ချကြကာ ၎င်တို့၏ တာဝန်၌ အစားထိုးခံရပြီး ၎င်းတို့၌ နောက်ထပ် အဆင့်အတန်း မရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်တော့ကြောင်း သို့မဟုတ် အလိုမရှိတော့ကြောင်း ပြောလျှင် ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဟု ထင်ကြ၏။ ဤသည်မှာ ၎င်းတို့ရောက်ရှိသည့် နိဂုံးပင်ဖြစ်၏။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်း၌ အကျိုးမရှိ၊ ကျွန်ုပ်ကို ဘုရားသခင် အလိုမရှိသည့်အပြင် ကျွန်ုပ်၏အဆုံးသတ်ကို ချမှတ်ထားပြီး ဖြစ်သောကြောင့် နောက်ထပ် အသက်ရှင်ရခြင်း၏ အကျိုးက မည်သည့်အရာနည်း” ဟု ထင်မှတ်ကြသည်။ ထိုကဲ့သို့သော ထင်မြင်ချက်များကို ကြားရသည်တွင် အခြားသူများက ၎င်းတို့ကို ယုတ္တိတန်ပြီး သိက္ခာရှိသည်ဟု ထင်ကြသည်။ သို့သော် ဤသည်မှာ အမှန်တွင် မည်သည့်စိတ်ကူးမျိုး ဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်အား ပုန်ကန်လိုစိတ်ရှိခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏လွှမ်းမိုးခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်း ခံရသနည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောကြောင့်၊ လူတို့ကို ဘုရားသခင် မည်ကဲ့သို့ ကယ်တင်သည်ကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့်အပြင် ၎င်းတို့၌ ဘုရားသခင်အား စစ်မှန်သော ယုံကြည်မှု မရှိသောကြောင့် ဖြစ်သည်။ လူတို့သည် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်းခံရသောအခါ ဘုရားသခင် သိသလော။ (သိပါသည်။) ဘုရားသခင် သိသည်ဆိုလျှင် ထိုကဲ့သို့သော လူတို့ကို သူ မည်သို့ သဘောထားသနည်း။ လူတို့သည် အယူအဆတစ်မျိုးကို ထားရှိကာ “ဘုရားသခင်သည် လူသားအတွက် ထိုမျှအပင်ပန်းခံသော အဖိုးအခကို ပေးခဲ့ပြီ၊ သူသည် လူတိုင်းအပေါ်၌ များစွာသော အမှုကို ပြုခဲ့ပြီဖြစ်ပြီး များစွာသော ကြိုးစားအားထုတ်မှုကို စိုက်ထုတ်ခဲ့ပြီ။ ဘုရားသခင်အနေဖြင့် လူတစ်ဦးကို ရွေးချယ်ရန်နှင့် ကယ်တင်ရန် မလွယ်ကူချေ။ လူတစ်ဦးသည် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်းခံရပါက ဘုရားသခင် လွန်စွာ နာကျင်မည် ဖြစ်ပြီး ထိုသူ ပြန်ထရန် အားထုတ်နိုင်မည်ဟု နေ့စဉ်နေ့တိုင်း မျှော်လင့်နေမည် ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ အပေါ်ယံအဆင့်၌ ရှိသည့် အဓိပ္ပာယ်သက်ရောက်မှု ဖြစ်သော်လည်း အမှန်တွင် ယင်းသည် လူသား၏ အယူအဆတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူတို့အပေါ် သဘောထားအတန်ငယ် ရှိ၏။ သင်သည် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်းခံရပြီး ရှေ့ဆက်တိုးရန် မကြိုးစားပါက သူသည် သင့်အား သင့်ဘာသာ ရွေးချယ်ခွင့်ပြုမည် ဖြစ်သည်။ သူသည် သင့်စိတ်ဆန္ဒကိုဆန့်ကျင်လျက် တစ်စုံတစ်ခုကို ပြုလုပ်ရန် သင့်အား အတင်းအကျပ်ခိုင်းမည် မဟုတ်ပေ။ အကယ်၍ သင်က “ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင် ခိုင်းသည့်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ကျွန်ုပ်တတ်နိုင်သမျှကို ပြုလုပ်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ရန် အလိုရှိနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် မိမိ၏ ဆုကျေးဇူးနှင့် ပါရမီအားလုံးကို အသုံးပြုမည် ဖြစ်ပြီး ကျွန်ုပ် မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ပါက ကျိုးနွံနာခံဖို့နှင့် နာခံလိုက်လျှောက်ဖို့ သင်ယူမည်ဖြစ်သည်။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွန့်ပစ်မည်မဟုတ်” ဟု ဆိုလျှင် ဘုရားသခင်က “သင်သည် ဤပုံစံအတိုင်း အသက်ရှင်လိုစိတ်ရှိလျှင် ဆက်လက်၍ လိုက်လျှောက်လော့။ သို့သော် သင်သည် ဘုရားသခင် ခိုင်းသည့်အတိုင်း လုပ်ရမည်။ ဘုရားသခင် သတ်မှတ်သော စံနှုန်းများနှင့် သူ၏စည်းမျဉ်းများမှာမူ မပြောင်းလဲ” ဟု ဆိုမည်ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့က လူတို့သည်သာ မိမိတို့ကိုယ်ကို စွန့်ပစ်နိုင်သည်၊ ဘုရားသခင်က တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ စွန့်ပစ်လိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်။ နောက်ဆုံးတွင် ကယ်တင်ခြင်းကို ကြိုးပမ်းရရှိနိုင်ပြီး ဘုရားသခင်ကို ရှုမြင်နိုင်သူ၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်သောသူနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်သောသူ မည်သူမဆိုအတွက်၊ ဤသည်မှာ ကျရှုံးပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် ပြုပြင်ခံရပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် တရားစီရင်ခံရပြီး ပြစ်ဆင်ဆုံးမခံရပြီးနောက် စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရမီတွင် သူသည် အကြိမ်ရာပေါင်းများစွာ စစ်ဆေးခံခဲ့ရသည်။ အဆုံးတိုင်အောင် အလုပ်လုပ်ပေးပြီးနောက် ကျန်ရှိသောသူတို့ထဲတွင် အဆုံးထိ မရောက်မီ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ရှစ်ကြိမ်၊ သို့မဟုတ် ဆယ်ကြိမ်သာ တွေ့ကြုံပြီးသူတစ်ဦး ရှိလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးသည် အကြိမ်ရေမည်မျှ စမ်းသပ်ခံရပြီး စစ်ဆေးခံရသည်ဖြစ်စေ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရှုမြင်နိုင်သောအခါ လူသားအပေါ် ဘုရားသခင်၏ သဘောထားကို နားလည်နိုင်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)
ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ပတ်သက်၍ များစွာသော လူတို့သည် အယူအဆများနှင့် ထင်မြင်ချက်များ ရှိကြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြချေ။ သို့သော် ဤသည်မှာ ဖြေရှင်းရန် အလွန်လွယ်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ရိုးရှင်းသော နည်းလမ်းတစ်ခုကို သင်တို့အား ငါ ပြောမည်။ ထိုအရာက သင်၏ ဤအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်ကို နားထောင်ကာ ကြည့်လော့။ ပထမဦးစွာ အရိုးရှင်းဆုံး နည်းလမ်းမှာ လူတို့သည် အဖန်ဆင်းခံများဖြစ်ကြောင်းနှင့် ဖန်ဆင်းခံများက မိမိတို့၏ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကြောင်းကို လူတို့ သိရန်အတွက် ဖြစ်သည်။ အဖန်ဆင်းခံများသည် မိမိတို့၏ ဖန်ဆင်းရှင်နှင့်ပတ်သက်၍ အယူအဆများ စဉ်ဆက်မပြတ် ရှိပြီး သူ့ကို ကျိုးနွံနာခံနိုင်ခြင်း မရှိပါက ယင်းသည် ကြီးမားသော ပုန်ကန်ခြင်း ဖြစ်ပေမည်။ ဖန်ဆင်းခံများကို ဖန်ဆင်းရှင်၏ ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်ကို လူတို့ နားလည်ရမည်။ ဖန်ဆင်းခံ သတ္တဝါများကို ဖန်ဆင်းရှင် ပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ့အလုပ်၏ သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် သမ္မာတရားစည်းမျဉ်းများ၊ ဖန်ဆင်းရှင် အမှုပြုသည့် စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လုပ်ဆောင်ရန် တစ်ခုတည်းသော အရာမှာ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံဖို့ဖြစ်သည်။ အကြင်သူသည် မိမိ၏ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုမျှ မလုပ်သင့်ချေ။ ဤသည်မှာ ဖန်ဆင်းခံများ ရှိသင့်သည့် ဆင်ခြင်တုံတရားဖြစ်ပြီး လူတစ်ဦး၌ ဤအရာ မရှိလျှင်၊ ၎င်းကို လူတစ်ဦးဟု ခေါ်ဆိုဖို့ မထိုက်တန်ပေ။ ဖန်ဆင်းရှင်သည် အစဉ်အမြဲ ဖန်ဆင်းရှင်ဖြစ်မည်ကို လူများ နားလည်ရမည်ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံ တစ်ဦးတလေအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အချုပ်အခြာအာဏာကိုင်စွဲဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ဖန်ဆင်းခံများထဲတွင် ဖန်ဆင်းရှင်က လုပ်ဆောင်သည့်အရာသည် မှန်သလော၊ မှားသလော၊ သို့မဟုတ် သူသည် မည်သို့လုပ်ဆောင်သင့်သည်ဆိုသည်ကို ဝေဖန်အကဲဖြတ်ရန် အခွင့်ရှိသည့်၊ သို့မဟုတ် အရည်အသွေးပြည့်မီသည့်သူ တစ်ဦးမျှမရှိပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန်၊ လက်မခံရန်ကို ရွေးချယ်ရန် မည်သည့်ဖန်ဆင်းခံကမျှ အခွင့်မရှိပေ။ ဖန်ဆင်းခံက ၎င်းတို့၏ ကံကြမ္မာကို အချုပ်အခြာအာဏာကိုင်စွဲပြီး စီစဉ်သည်ပုံစံနှင့်ပတ်သက်ပြီး တောင်းဆိုချက်များပြုလုပ်ရန် မည်သည့်ဖန်ဆင်းခံမျှ အခွင့်မရှိပေ။ ဤသည်မှာ အမြင့်ဆုံး သမ္မာတရားပင် ဖြစ်သည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏။ ဖန်ဆင်းရှင်က နေရာတကျ တည်ထားသည့် အရာရာတိုင်းကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်သည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းရှင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံများက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဖန်ဆင်းရှင်၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏။ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် ဆုကျေးဇူးရှိပါစေ၊ ဖန်ဆင်းခံများ ဖြစ်မြဲဖြစ်ကြလေသည်။ ဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကို မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ ဖန်ဆင်းခံများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် ဖန်ဆင်းခံတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် ငါ့ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး တွန်းအားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားဖန်ဆင်းခံအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် မည်သည့်အခန်းကဏ္ဍတွင်မဆို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် အမျှတဆုံးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိမ့်မည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက ၎င်းတို့သည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ကောင်းကောင်းမွန်မွန် ရှာဖွေဖော်ထုတ်လိမ့်မည်၊ မိမိတို့၏ နေရာကို လက်ခံလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထိန်းသိမ်းလိမ့်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်
လူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်းများနှင့် အယူအဆများ ဖြစ်ပေါ်စေသည့်အခါ ၎င်းတို့သည် ဘုရားသခင်မှာ သမ္မာတရားဖြစ်ပြီး လူတို့၌ သမ္မာတရားမရှိကြသကဲ့သို့ တလွဲထင်ကြသည်မှာ ၎င်းတို့သာလျှင် ဖြစ်သည်မှာ သေချာသည်ဟု ပထမဆုံး အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်မျိုးလော။ (မဟုတ်ပါ။) သင်သည် အပေါ်ယံအားဖြင့် ဤလက်တွေ့လုပ်ဆောင်မှုကို လုပ်ရိုးလုပ်စဉ်တစ်ခု အဖြစ်သာ ခံယူပါက သင်ကိုယ်တိုင်၏ အမှားများကို သင် သိလာနိုင်သလော။ မည်သည့်အခါတွင်မျှ မသိနိုင်ပေ။ မိမိကိုယ်ကို သိလာခြင်းတွင် အဆင့်အချို့ လိုအပ်သည်။ ပထမဦးဆုံး သင်၏ လုပ်ရပ်များသည် သမ္မာတရားနှင့် အခြေခံသဘောတရားများတို့နှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို သင် ကြည့်ရမည်။ ပထမဦးစွာ သင်၏ ရည်ရွယ်ချက်များကို မကြည့်နှင့်။ သင်၏ ရည်ရွယ်ချက်များ မှန်ကန်သည့် အချိန်များရှိသော်လည်း သင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မှားယွင်းပေသည်။ ဤသို့သော အခြေအနေမျိုး မကြာခဏ ဖြစ်ပျက်သလော။ (ဖြစ်ပျက်ပါသည်။) သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မှားယွင်းသည်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ သင့်အနေဖြင့် ရှာဖွေပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မည်သည့် အခြေခံသဘောတရားများမှာ အဘယ်အရာ ဖြစ်သည်ကို သင် လုံးဝ သိနားလည်မှု ရှိကောင်းရှိမည်မဟုတ်။ သင်သည် လုံးဝ မရှာဖွေသေးသကဲ့သို့ သင်၏ လုပ်ရပ်များကို သင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် စိတ်အားထက်သန်မှုတို့အပေါ်နှင့် သင်၏ စိတ်ကူးများနှင့် အတွေ့အကြုံတို့အပေါ် လုံးဝဥဿုံ အခြေခံပြီး ရလဒ်အနေဖြင့် သင်သည် အမှားတစ်ခု ပြုလုပ်မိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းကို သင် စိတ်ကူးကြည့်နိုင်ပါသလော။ သင်သည် ယင်းကို ကြိုတင်မမျှော်လင့်နိုင်သည့်အပြင် အမှားတစ်ခုကို ပြုမိပြီးဖြစ်၏၊ ထိုအခါ သင်သည် ဖော်ထုတ်ခံခဲ့ရပြီ မဟုတ်လော။ ဖော်ထုတ်ခံရပြီးနောက် သင်သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်မြဲယှဉ်ပြိုင်နေပါက ဤအရာတွင် အမှားသည် မည်သည့်နေရာ၌ ရှိသနည်း။ (ဘုရားသခင်သည် မှန်ကန်သည်ဟု အသိအမှတ်မပြုခြင်းနှင့် ကျွန်ုပ်မှန်ကန်သည်ဟု မလျှော့တမ်း ပြောနေခြင်း၌ ရှိပါသည်။) ယင်းမှာ သင်မှားသည့်ပုံဖြစ်၏။ သင်၏ အကြီးမားဆုံးသော အမှားမှာ တစ်စုံတစ်ရာကို သင် အမှားလုပ်ခဲ့ပြီး အခြေခံသဘောတရားများကို ချိုးဖောက်မိခဲ့ကာ ထိုသို့ဖြင့် ဆုံးရှုံးမှုတစ်ခု သို့မဟုတ် အခြား အကျိုးဆက်များကို ဖြစ်စေခြင်း မဟုတ်ဘဲ တစ်စုံတစ်ရာကို အမှားပြုမိပြီးသည့်နောက် သင်သည် သင်၏ကိုယ်ပိုင် အကြောင်းပြချက်၌ နေမြဲနေကာ သင်၏ အမှားကို မဝန်ခံနိုင်ပေ။ သင်သည် ဘုရားသခင်၏အလုပ်နှင့် သူဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် ဘုရားသခင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ ဆန့်ကျင်ဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ အကြီးမားဆုံးနှင့် အကြီးလေးဆုံး အမှား ဖြစ်ခဲ့သည်။ လူတစ်ဦး၌ရှိသည့် ထိုသို့သော အခြေအနေတစ်ခုသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခု ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရနည်း။ (အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့ပြုလုပ်နေသည်မှာ မှားယွင်းကြောင်း အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။) လူတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူ၏ အချုပ်အခြာအာဏာတို့ မှန်ကန်ပြီး ယင်းတို့၏ အရေးပါမှုက မည်သည့်အရာဖြစ်သည်ကို သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် မှားယွင်းသည်ကို အရင်ဦးဆုံး သတိမပြုမိနိုင်ပါက ၎င်းတို့၏ အခြေအနေသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ပြုပြင်ဖို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပထမဦးစွာ လူတစ်ဦးသည် မိမိကိုယ်ကို ငြင်းပယ်ရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်လိုအပ်ခြင်းနှင့် ပတ်သက်၍ ယခုတင် ငါတို့ပြောဆိုသည့် အရာသည် လူတို့အတွက် လက်တွေ့ကျလှသည် မဟုတ်ပေ။ အချို့က “အကယ်၍ ထိုအရာသည် လက်တွေ့ကျလှသည် မဟုတ်ပါက ယင်းမှာ ရှာဖွေခြင်းသည် မလိုအပ်ဟု ဆိုလိုသလော။ ရှာဖွေကာ နားလည်၍ရနိုင်သည့် အချို့သောအရာများကို ရှာဖွေဖို့ မလိုအပ်ပါပေ။ ထိုအဆင့်ကို ကျွန်ုပ် ကျော်သွားလိုက်၍ရသည်” ဟု ပြောကြ၏။ ဤသည်မှာ သင့်တော်မည်လော။ (မသင့်တော်ပါ။) ဤပုံစံဖြင့် ပြုမူသူတစ်ဦးသည် မကယ်တင်နိုင်လောက်အောင် ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများ၌ ၎င်းတို့၏ သဘောပေါက်နားလည်မှုတွင် လွဲချော်ခြင်းများ ရှိကြ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းသည် အနည်းငယ် ဝေးကွာပြီး ချက်ချင်း စွမ်းဆောင်ရရှိ၍ မရပေ။ ဖြတ်လမ်းနည်းအနေဖြင့် မိမိ၏ လုပ်ရပ်များ မှားယွင်းပြီး သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသည်ကို သိရှိလျက် အရင်ဦးဆုံး မိမိကိုယ်ကို လက်လွှတ်ပြီးနောက် သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေခြင်းသည် သာ၍လက်တွေ့ကျ၏။ ဤသည်တို့မှာ စတင်ရမည့် အဆင့်များဖြစ်၏။ ယင်းတို့သည် ရိုးရှင်းပုံရကောင်းရနိုင်သော်လည်း လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည့်အပြင် စိတ်ကူးစိတ်သန်းမျိုးစုံ၊ တောင်းဆိုမှုမျိုးစုံ ရှိကြပြီး ၎င်းတို့သည် လိုအင်ဆန္ဒများအပြင် လူတို့အား မိမိတို့ကိုယ်ကို ငြင်းပယ်ခြင်းနှင့် မိမိတို့ကိုယ်ကို လက်လွှတ်ခြင်းတို့ကို နှောင့်ယှက်သည့် အရာအားလုံး ရှိကြသည့်အတွက် ထိုအဆင့်တို့ကို လက်တွေ့လုပ်ဆောင်ခြင်းသည် အခက်အခဲများစွာ ပါရှိနေသည်။ ဤသည်တို့မှာ လုပ်ဆောင်ဖို့ လွယ်ကူသော အရာများ မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)
ဘုရားသခင်က မည်သည့်အရာကို လုပ်ပါစေ၊ ယင်းက သင့်အတွက် လက်ခံဖို့ လွယ်ကူသည်ဖြစ်စေ၊ သင့်အတွက် လက်ခံဖို့ ခက်ခဲပြီး သင်၌ အယူအဆများ ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည်ဖြစ်စေ တိုတိုပြောရလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာသည် အကျိုးဆက်အနေဖြင့် ပြောင်းလဲခြင်း မရှိပေ။ သူသည် အစဉ် ဖန်ဆင်းရှင်ဖြစ်နေမည် ဖြစ်ပြီး သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ အစဉ် ဖြစ်နေလိမ့်မည်။ သင်သည် မည်သည့်အယူအဆမဆို၏ ကန့်သတ်ချက်များကို ငြင်းပယ်နိုင်ပြီး ဖန်ဆင်းခံသတ္တဝါနှင့် ဖန်ဆင်းရှင် ဆက်ဆံရေးကို ဘုရားသခင်နှင့် ထိန်းသိမ်းထားနိုင်ပါက သင်သည် ဘုရားသခင်၏ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါ တစ်ဦးဖြစ်သည်။ သင်သည် မည်သည့်အယူအဆမဆို၏ လွှမ်းမိုးခြင်းကိုဖြစ်စေ၊ နှောင့်ယှက်ခြင်းကိုဖြစ်စေ မခံရအောင် နေနိုင်ပြီး သင်၏စိတ်နှလုံး နက်ရှိုင်းရာမှ စစ်မှန်စွာ နာခံနိုင်စွမ်း ရှိပါက၊ ပြီးလျှင် သမ္မာတရားကို သင်၏နားလည်မှုသည် နက်နဲသည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် အစဉ် ဘုရားသခင်ဖြစ်နေမည်ဖြစ်ပြီး အမှားမလုပ်ကြောင်းတို့ကိုသာ သင်ယုံကြည်လျက် အယူအဆများကို ဘေးဖယ်နိုင်ပြီး ယင်းတို့အားဖြင့် ဘောင်ခတ် မခံရအောင် နေနိုင်ပါက သင်သည် ကယ်တင်ခြင်းခံရနိုင်သည်။ အမှန်တွင် လူတိုင်း၏ ဝိညာဉ်ရင့်ကျက်မှုမှာ အကန့်အသတ် ရှိသည်။ လူတို့၏ စိတ်တွင်း၌ အမှုကိစ္စမည်မျှကို ပြုံထည့်ထားနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို သိကျွမ်းနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်နိုင်သလော။ ယင်းမှာ စိတ်ကူးယဉ်အတွေးသက်သက် ဖြစ်သည်။ မမေ့လျော့နှင့်။ လူများသည် ဘုရားသခင် ရှေ့မှောက်တွင် အစဉ် မွေးကင်းစများသာ ဖြစ်နေမည်။ သင်သည် သင့်ကိုယ်သင် တော်သည်ဟု အစဉ်တွေးပါက၊ သင်သည် အစဉ် ကြွားဝါပြီး “ဤအရာကို ကျွန်ုပ် နားမလည်နိုင်ပါက ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင် ဖြစ်သည်ဟု ကျွန်ုပ်အသိအမှတ်မပြုနိုင်ပါ၊ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်လက်မခံနိုင်ပါ၊ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်သည်ဟု ကျွန်ုပ် အသိအမှတ် မပြုနိုင်ပါ။ ကျွန်ုပ်၏ အယူအဆများကို ကိုယ်တော် မဖြေရှင်းပေးပါက ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်ကို ကျွန်ုပ်အသိအမှတ်ပြုမည်ဟုလည်းကောင်း၊ ကိုယ်တော်၏ အချုပ်အခြာအာဏာကို ကျွန်ုပ်လက်ခံမည်ဟုလည်းကောင်း၊ ကိုယ်တော့်ကို ကျွန်ုပ်နာခံမည်ဟုလည်းကောင်း ကိုယ်တော် တွေးလျှင် ကိုယ်တော်သည် စိတ်ကူးယဉ်နေခြင်းဖြစ်၏” ဟု ပြောလျက် အရာအားလုံးကို ကြိုးစားပြီး နားလည်ရမှ ဖြစ်မည်ဆိုပါက အမှုကိစ္စများသည် အလွဲလွဲအချော်ချော် ဖြစ်သွားပြီ ဖြစ်သည်။ ယင်းတို့သည် မည်သို့အလွဲလွဲအချော်ချော် ဖြစ်သွားသနည်း။ ဘုရားသခင်က ဤအရာများကို သင်နှင့် မဆွေးနွေးပေ။ လူသားအတွက်မူ သူသည် အောက်ပါအတိုင်း အစဉ်ဖြစ်လိမ့်မည်’ ဘုရားသခင်ကို သင်၏ဘုရားသခင်အဖြစ် သင်လက်မခံပါက သင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများထဲမှ တစ်ဦးဖြစ်သည်ဟု သူက လက်ခံမည်မဟုတ်ချေ။ ဘုရားသခင်က သင့်ကို သူ၏ဖန်ဆင်းခံသတ္တဝါများထဲမှ တစ်ဦးဖြစ်သည်ဟု လက်မခံပါက သူ့အပေါ် သင့်သဘောထား၏ အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင် အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာသည်။ သင်သည် မနာခံနိုင်ပါက၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဖြစ်အနေတို့အပြင် ဘုရားသခင်ပြုသမျှ အရာအားလုံးကို လက်မခံနိုင်ပါက သင်၏ပင်ကိုလက္ခဏာတွင် ပြောင်းလဲမှုတစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါဖြစ်သေးသလော။ ဘုရားသခင်က သင့်ကို အသိအမှတ် မပြုလျှင် ထိုသို့မဟုတ်ကြောင်း မလျှော့တမ်း ပြောဆိုခြင်းက ဘာမျှထူးမည်မဟုတ်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ မဟုတ်သည့်အပြင် ဘုရားသခင်ကလည်း သင့်ကို မလိုချင်ပါက သင်၌ ကယ်တင်ခံရမည့် မျှော်လင့်ချက် ရှိသေးသလော။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ထမ်းဆောင်သင့်သည့် ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိပါက၊ သင်သည် ဖန်ဆင်းရှင်ကို ဘုရားသခင်၏ဖန်ဆင်းခံသတ္တဝါတစ်ဦး အနေအထားမှ မဆက်ဆံပါက ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံမည်နည်း။ သင့်ကို သူမည်သို့ရှုမြင်မည်နည်း။ ဘုရားသခင်သည်လည်း သင့်ကို သူ၏ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအဖြစ် သဘောထားလိမ့်မည် မဟုတ်ဘဲ စာတန်မာရ်နတ်အဖြစ် သဘောထားလိမ့်မည်။ သင့်ကိုယ်သင် တော်သည်ဟု သင်ထင်ခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် သင့်ကိုယ်သင် စာတန်မာရ်နတ်ဖြစ်သွားအောင် အဘယ်သို့လျှင် လုပ်ခဲ့သနည်း။ ဤသည်မှာ တော်ခြင်းမဟုတ်၊ မိုက်မဲခြင်းဖြစ်၏။ ဤနှုတ်ကပတ်တော်များက လူများကို အဘယ်အရာ သွန်သင်ပေးသနည်း။ ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ကျိုးနွံနာခံရမည်။ သင်၏အယူအဆများအတွက် သင်၌ အကြောင်းပြချက် ရှိလျှင်ပင်၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ကန့်ကွက်ဖို့နှင့် သူနှင့်ပတ်သက်၍ သင်ထင်ရာကို အခိုင်အမာဆိုဖို့ အရည်အချင်းပြည့်မီသည်ဟုလည်းကောင်း မတွေးထင်လေနှင့်။ သင်အဘယ်အရာကို လုပ်ပါစေ ထိုကဲ့သို့ မဖြစ်နှင့်။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးဟူသည့် ပင်ကိုလက္ခဏာကို သင်ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်— ဤသည်မှာ ဟာသမဟုတ်ချေ။ လူတို့၌ အယူအဆများ ရှိသည့်အခါ ၎င်းတို့သည် ကွဲပြားခြားနားသော ချဉ်းကပ်နည်းတစ်ခုကို အသုံးပြုပြီး ကွဲပြားခြားနားသော ဖြေရှင်းချက်တစ်ခုကို ခံယူကျင့်သုံးကြသည့် အကြောင်းအရင်းအတိအကျကြောင့် အဆုံးသတ်သည် လုံးလုံး ကွဲပြားခြားနားခြင်း ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)
လူတို့၏ အယူအဆများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သမ္မာတရားကို အသုံးပြုခြင်းအားဖြင့်သာလျှင် ဖြေရှင်းနိုင်သည်။ ယင်းတို့ကို အယူဝါဒအကြောင်း ဟောပြောခြင်းအားဖြင့်၊ အကြံဉာဏ်နှင့် အားပေးတိုက်တွန်းမှု ပေးခြင်းအားဖြင့် ဖယ်ရှား၍မရပေ။ ယင်းမှာ သိပ်မလွယ်ကူချေ။ လူတို့သည် ဖြောင့်မတ်သော ကိစ္စများအတွက် ဆက်ကပ်မှု မရှိသော်လည်း ဖယ်ရှားဖို့ခက်ခဲသည်ဟု ၎င်းတို့တွေ့ရှိသည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ကောက်ကျစ်စဉ်းလဲသော၊ စံသွေသော၊ အဓိပ္ပာယ်မဲ့သော အရာများကိုမူ တွယ်ဖက်ထားတတ်သည်။ ဤအရာ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ လူတို့၏ အယူအဆများက ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ အကယ်၍ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိပါက ဤအယူအဆများမှာ ဖြေရှင်းဖို့ လွယ်ကူသည်။ အားလုံးကိုခြုံငုံကြည့်လျှင် အယူအဆများမှာ တွေးခေါ်ပုံတစ်မျိုးသာ ဖြစ်သည်။ သို့သော် မာနထောင်လွှားခြင်း၊ ခေါင်းမာခြင်းနှင့် ကောက်ကျစ်စဉ်းလဲမှုဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် အယူအဆများသည် လူတို့အား ဘုရားသခင်နှင့် ကွဲလွဲဆန့်ကျင်ပြီး ဘုရားသခင်အပေါ် အဓိပ္ပာယ်ကောက်လွဲကာ ဝေဖန်သုံးသပ်စေသည့် စနက်တံတစ်ခု ဖြစ်လာသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများကို ထားရှိသောအခါ မည်သူသည် သူ့ကို နာခံပြီး ချီးမွမ်းနိုင်ဦးမည်နည်း။ မည်သူမျှ မရှိချေ။ အယူအဆများ ထားရှိလျှင် လူတို့သည် ဘုရားသခင်အပေါ် ကွဲလွဲဆန့်ကျင်ကြသည်။ သူနှင့်ပတ်သက်၍ မကျေမနပ်ပြောကြသည်။ သူ့ကို ဝေဖန်သုံးသပ်ကြသည်။ ပြီးလျှင် သူ့ကို ရှုတ်ချပြစ်တင်ခြင်းပင် ပြုကြသည်။ ဤသည်မှာ အယူအဆများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ ပေါ်ထွက်လာကြောင်း ပြသရန်လုံလောက်ကာ အယူအဆများ ပေါ်ထွက်လာခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဖော်ပြချက်ဖြစ်၍ ဖော်ပြလိုက်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးသည် ဘုရားသခင်အား ပုန်ကန်ဖီဆန်ပြီး အတိုက်အခံလုပ်ကြသည်။ လူအချို့က “ကျွန်ုပ်တွင် အယူအဆများ ရှိသော်လည်း ဘုရားသခင်ကို အတိုက်အခံမလုပ်” ဟု ပြောကြသည်။ ဤသည်မှာ လှည့်စားတတ်သော စကားဖြစ်၏။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြောလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ကွဲလွဲဆန့်ကျင်နေသေးကာ ၎င်းတို့၏ အပြုအမူက ကွဲလွဲဆန့်ကျင်တတ်သည်။ ထိုကဲ့သို့သော လူတို့သည် ဤသို့ဖြစ်သောအခါ၌ သမ္မာတရားကို ကျိုးနွံနာခံနိုင်သေးသလော။ ယင်းမှာ မဖြစ်နိုင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံရလျက် ၎င်းတို့သည် ၎င်းတို့၏ အယူအဆများကို ဖက်တွယ်ကြ၏။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဤအရာကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ ထို့ကြောင့် အယူအဆများကို ဖြေရှင်းသည်နှင့်အမျှ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သေဘာထားများလည်း ဖြေရှင်းခံရလေသည်။ အကယ်၍ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခံရပါက ၎င်းတို့၏ မရင့်ကျက်သည့်၊ ကလေးဆန်သည့် အတွေးများစွာအပြင် အယူအဆများ ဖြစ်လာပြီးသားဖြစ်သည့် အရာများပင်လျှင် ၎င်းတို့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ ယင်းတို့သည် အတွေးများသာဖြစ်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအား၊ သို့မဟုတ် ဘုရားသခင်ကို သင်၏နာခံခြင်းအား မထိခိုက်ပေ။ အယူအဆများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဆက်စပ်နေကြ၏။ တစ်ခါတစ်ရံတွင် အယူအဆတစ်ခုသည် သင်၏စိတ်နှလုံးထဲတွင် ရှိသော်လည်း သင်၏ လုပ်ရပ်များကို ယင်းက မညွှန်ကြားပေ။ ယင်းက သင်၏ လက်ငင်းအကျိုးစီးပွားများကို မထိပါးသည့်အချိန်တွင် သင်သည် ယင်းကို မသိကျိုးကျွန်ပြု၏။ သို့သော် ယင်းကို မသိကျိုးကျွန်ပြုခြင်းသည် သင်၏ အယူအဆအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု မဆိုလိုသကဲ့သို့ သင်၏အယူအဆနှင့် ကွဲလွဲသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်သည် သဘောထားတစ်ခုခု၊ သင်၏ စိတ်သဘောထားက စိုးမိုးထားသည့် သဘောထားတစ်ခုဖြင့် ယင်းကို ဖက်တွယ်ထားလေသည်။ ဤစိတ်သဘောထားမှာ ခေါင်းမာမှု ဖြစ်နိုင်သည်၊ မာနထောင်လွှားမှု ဖြစ်နိုင်သကဲ့သို့ ဆိုးယုတ်မှု ဖြစ်နိုင်သည်။ သင်က “ကျွန်ုပ်၏ ရှုထောင့်အမြင်သည် ကြိမ်ဖန်များစွာ သဘောတရားအားဖြင့် အတည်ပြုခံရပြီးဖြစ်သည်။ လူတို့သည် ထို အမြင်ကို နှစ်ထောင်ပေါင်းများစွာကြာအောင် စွဲကိုင်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် အဘယ်ကြောင့် ကျွန်ုပ်မစွဲကိုင်နိုင်ရသနည်း။ လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသည့် ကိုယ်တော်မိန့်မြွက်သော အရာများသည် မမှန်ကန်သောကြောင့် ယင်းတို့သည် သမ္မာတရားဖြစ်ပြီး ယင်းတို့သည် အခြားအရာအားလုံး၏အထက်တွင် ရှိသည်ဟု အဘယ်ကြောင့် ကိုယ်တော်ပြောနိုင်သေးသနည်း။ ကျွန်ုပ်၏ ရှုထောင့်အမြင်သည် လူသားမျိုးနွယ် အားလုံးထဲတွင် အမြင့်မားဆုံး ဖြစ်သည်” ဟု ဆိုရလောက်အောင် သင့်ကို ဘုရားသခင်ထံ လေလုံးထွားစေလေသည်။ အယူအဆတစ်ခုက သင့်ကို ဤကဲ့သို့ပြုမူခြင်းသို့၊ ထိုသို့သော သင်္ကြန်အမြောက်ဖောက်ခြင်းသို့ ဆိုက်ရောက်စေနိုင်သည်။ မည်သည့်အရာက ဤအရာကို ဖြစ်ပေါ်စေသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။) ယင်းသည် မှန်၏။ ယင်းကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေခြင်းဖြစ်သည်။ အယူအဆများနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား တိုက်ရိုက်ဆက်နွှယ်မှု တစ်ခုရှိပြီး ၎င်းတို့၏ အယူအဆများကို ဖြေရှင်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် လူတို့၏ အယူအဆများကို ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင့်အိမ်တော်၏ အမှုအစီအစဉ်များကို ကျိုးနွံနာခံဖို့ ၎င်းတို့အတွက် လွယ်ကူလာ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို သာ၍ချောမွေ့စွာ ကောင်းကောင်း ထမ်းဆောင်ကြသည်၊ ၎င်းတို့သည် ကွေ့ပတ်သွားသော လမ်းကြောင်းများအတိုင်း မလိုက်ကြ၊ မဖျက်ဆီးကြ၊ သို့မဟုတ် မနှောင့်ယှက်ကြသကဲ့သို့ ဘုရားသခင်အပေါ် အရှက်ရစေသည့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြချေ။ အကယ်၍ လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို မဖြေရှင်းပါက ပွဲဖျက်မှုများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည့် အရာများ လုပ်ဆောင်ဖို့ ၎င်းတို့အတွက် လွယ်ကူလာ၏။ သာ၍ဆိုးရွားသော ကိစ္စများတွင် လူတို့၏ အယူအဆများသည် ၎င်းတို့အထဲတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ကွဲလွဲဆန့်ကျင်မှုမျိုးစုံ ဖြစ်စေနိုင်၏၊ အယူအဆများနှင့်ပတ်သက်၍ ဆိုရလျှင် ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီသည့် မှားယွင်းသော အမြင်များဖြစ်သည်မှာ သေချာ၏၊ ယင်းတို့သည် သမ္မာတရားနှင့် လုံးလုံးလျားလျား ဆန့်ကျင်ပြီး လူတို့အထဲ၌ ဘုရားသခင်အား ကွဲလွဲဆန့်ကျင်သည့် စိတ်ခံစားမှုမျိုးစုံကို ပေါ်ထွက်လာစေနိုင်သည်။ ဤကွဲလွဲဆန့်ကျင်မှုက သင့်အား ခရစ်တော်ကို မေးခွန်းထုတ်စေနိုင်ပြီး သူ့ကို လက်မခံနိုင် သို့မဟုတ် မနာခံနိုင် ဖြစ်လာစေကာ တစ်ချိန်တည်းတွင်ပင် သင်၏သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ထိခိုက်စေပေသည်။ သာ၍ပင် ဆိုးရွားသည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် လူတို့၏ အယူအဆအမျိုးမျိုးသည် ၎င်းတို့အား ဘုရားသခင်၏အမှု၊ ဘုရားသခင်အမှုပြုသည့် နည်းလမ်းများနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ငြင်းပယ်စေ၏။ ထိုသို့ဖြစ်လျှင် ၎င်းတို့၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ဘာဆိုဘာမျှ မရှိပေ။ လူတို့၌ ဘုရားသခင်၏ မည်သည့်သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ အယူအဆများ ရှိသည်ဖြစ်စေ ဤအယူအဆများနောက်ကွယ်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ခိုအောင်းနေ၏၊ ယင်းအယူအဆများက လူတို့အား ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးပြုလျက် ဘုရားသခင်၏အမှု၊ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို ချဉ်းကပ်ရန် မူမမှန်သော အကြောင်းပြချက်တစ်ခုကို သာ၍ပင် ပေးရင်း၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သာ၍ ဆိုးလာစေ၏၊ ဤအရာက ၎င်းတို့အား ဘုရားသခင်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ခုခံဖို့ အားပေးတိုက်တွန်းသည် မဟုတ်လော။ ဤသည်မှာ လူသားအတွက် အယူအဆများ၏ အကျိုးဆက် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)
အယူအဆများ ပေါ်ပေါက်လာသည့်အခါ မည်သည့်အယူအဆဖြစ်စေ ဤတွေးခေါ်မှုက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင်၏စိတ်နှလုံးထဲတွင် ဦးစွာ စဉ်းစားဆင်ခြင်ပြီး စိစစ်လော့။ အကယ်၍ ဤတွေးခေါ်မှုသည် မမှန်ကန်ဘဲ လွဲချော်နေကြောင်းနှင့် ယင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားကြောင်း သင် ရှင်းလင်းစွာ ခံစားရပါက ချက်ချင်းဆုတောင်းပြီး ဤပြဿနာ၏ အနှစ်သာရကို အသိအမှတ်ပြုရန် သင့်အား ဉာဏ်အလင်းပေးပြီး လမ်းပြပေးဖို့အတွက် ဘုရားသခင်ထံ တောင်းလျှောက်လော့။ ထို့နောက်တွင် စုဝေးပွဲတစ်ခုအတောအတွင်းတွင် သင်၏သိနားလည်မှုကို ဆွေးနွေးလော့။ သိနားလည်မှုရရှိပြီး အမှုအရာများကို တွေ့ကြုံခံစားနေသော်လည်း၊ သင်၏ အယူအဆများ ဖြေရှင်းခြင်းအပေါ် အာရုံစိုက်လော့။ အကယ်၍ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက သိသာထင်ရှားသော ရလဒ်များကို မရရှိပါက အခြားသူများထံမှ အကူအညီနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဖြေရှင်းချက်များကို ရရှိရန် ကြိုးပမ်းလျက် သင်သည် သမ္မာတရား၏ ဤကဏ္ဍနှင့်ပတ်သက်၍ သမ္မာတရားကို နားလည်သောသူတစ်ဦးနှင့် မိတ်သဟာယဖွဲ့သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်လည်းကောင်း၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့်လည်းကောင်း သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ကြောင်းကို တဖြည်းဖြည်း အတည်ပြုလိမ့်မည်ဖြစ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို ဖြေရှင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ကြီးမားသော ရလဒ်များကို သင်သိရှိနားလည်လိမ့်မည်။ ဘုရားသခင်ထံမှ ထိုသို့သော နှုတ်ကပတ်တော်များနှင့် အမှုတော်ကို လက်ခံပြီး တွေ့ကြုံခံစားခြင်းအားဖြင့် သင်၏ အယူအဆများကို လက်လွှတ်ပြီး ဖြေရှင်းနိုင်စေလျက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် အသိပညာတစ်ခုခု ရှိလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နောက်ထပ် အထင်လွဲမှားခြင်း သို့မဟုတ် သတိထားခြင်း ပြုတော့မည်မဟုတ်သည့်အပြင်၊ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများကိုလည်း ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လွယ်ကူစွာ ဖြေရှင်းနိုင်သော အယူအဆများအတွက် ဖြစ်သည်။ သို့သော် လူတို့ နားလည်ရန်နှင့် ဖြေရှင်းရန် ခက်ခဲသော အခြားအယူအဆတစ်မျိုး ရှိသေးသည်။ ဖြေရှင်းရန် ခက်ခဲသော အယူအဆများအတွက် သင်စွဲကိုင်ရန် လိုအပ်သည့် စည်းမျဉ်းတစ်ခု ရှိသည်။ ယင်းတို့ကို မဖော်ပြနှင့်၊ မဖြန့်ဝေနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အယူအဆများကို ဖော်ပြခြင်းသည် အခြားသူများအတွက် ကောင်းကျိုးမရှိသောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို အာခံခြင်းဟူသည့် အမှန်တရားတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် အယူအဆများ ဖြန့်ဝေခြင်း၏ သဘောသဘာဝနှင့် အကျိုးဆက်များကို နားလည်ပါက မိမိဘာသာ ရှင်းလင်းစွာ ချင့်ချိန်ပြီး မဆင်မခြင် စကားပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံး ဖြစ်ပေမည်။ အကယ်၍ သင်က “အသင်းတော်ထဲတွင် ကျွန်ုပ်၏စကားများကို ထိန်းသိမ်းရခြင်းက ဆိုးရွားသည်။ ကျွန်ုပ်ပွင့်ထက်တော့မလို ခံစားရသည်”ဟု ပြောဆိုပါက ဤအယူအဆများကို ဖြန့်ဝေခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အမှန်တကယ် အကျိုးရှိမရှိဟူသည်ကို သင်စဉ်းစားသင့်နေဆဲဖြစ်သည်။ အကယ်၍ ယင်းသည် အကျိုးမရှိသည့်အပြင်၊ အခြားသူများကို ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိစေနိုင်လျှင် သို့မဟုတ် ဘုရားသခင်ကို အာခံပြီး ဝေဖန်စေနိုင်လျှင်ပင် သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ သင်သည် လူတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်၊ ယင်းသည် ကပ်ရောဂါတစ်ခု ဖြန့်ဝေခြင်းနှင့် ခြားနားခြင်းမရှိပေ။ အကယ်၍ သင်သည် အမှန်တကယ် ဆင်ခြင်တုံတရားရှိပါက သင်သည် အယူအဆများကို ဖြန့်ဝေပြီး အခြားသူများကို ထိခိုက်နစ်နာစေခြင်းထက် နာကျင်မှုကို သင့်ဘာသာ သည်းညည်းခံချင်မည် ဖြစ်သည်။ သို့သော် သင်၏စကားများကို ထိန်းထားခြင်းက အလွန်ပင်ပန်းဆင်းရဲသည်ဟု သင် မြင်ပါက၊ ဘုရားသခင်ထံ သင် ဆုတောင်းသင့်သည်။ အကယ်၍ ပြဿနာ ပြေလည်သွားပါက ယင်းသည် ကောင်းသောအရာတစ်ခု မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ထံဆုတောင်းသည့်အခါတွင်ပင် သင်၏ အယူအဆများဖြင့် ဘုရားသခင်ကို ဝေဖန်ပြီး အထင်အမြင်လွဲမှားပါက သင်သည် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာ ဖြစ်သည်။ သင်သည် ဘုရားသခင်ထံ ဤသို့ ဆုတောင်းသင့်သည်- “ဘုရားသခင်၊ ကျွန်ုပ်တွင် ဤအတွေးများ ရှိပြီး လက်လွှတ်လိုသော်လည်း လက်မလွှတ်နိုင်ပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များမှတစ်ဆင့် ကျွန်ုပ်ကို ထုတ်ဖော်ပြပြီး ကျွန်ုပ်၏ အယူအဆများ မှားယွင်းကြောင်းကို အသိအမှတ်ပြုခွင့်ပေးပါ။ ကျွန်ုပ်ကို ကိုယ်တော် မည်သို့ပင် ဆုံးမပဲ့ပြင်ပါစေ ကျွန်ုပ် လက်ခံလိုစိတ်ရှိပါသည်”ဟူ၍။ ဤစိတ်နေစိတ်ထားသည် မှန်ကန်သည်။ ဤစိတ်နေစိတ်ထားဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီးနောက် သင်သည် ချုပ်တည်းခံထားရသည်ဟု သိပ်မခံစားရတော့သည် မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို လက်ခံရရှိလျက် ဆက်လက်ဆုတောင်းပြီး ရှာဖွေလျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်ပြီး သင်၏စိတ်နှလုံးက အားတက်လာပါက၊ သင်သည် မွန်းကျပ်တော့မည် မဟုတ်ပေ။ ထိုအခါ ပြဿနာ ပြေလည်သွားမည် မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ အယူအဆများ၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့သည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် ယင်းတို့ကို ဖော်ပြရန် လိုအပ်သည်ဟု ခံစားရတော့မည်မဟုတ်ပေ။ အကယ်၍ ထိုအရာက အလုပ်မဖြစ်သေးဘဲ ပြဿနာက လုံးဝ ပြေလည်သွားခြင်းမရှိသေးပါက၊ သင်၏ အယူအဆများကို ကူဖြေရှင်းပေးရန် အတွေ့အကြုံရှိသူတစ်ဦးကို ရှာလော့။ သင့်တွင်ရှိသော အယူအဆများကို ဖြေရှင်းခြင်းနှင့်ဆက်စပ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အနည်းငယ်ကို ၎င်းတို့အား ရှာဖွေစေပြီး အကြိမ် ဒါဇင်ချီ ပေါင်းများစွာ သို့မဟုတ် အကြိမ်ရာချီ ဖတ်ရှုစေလော့။ သင်၏ အယူအဆများက လုံးလုံးလျားလျား ပြေလည်ကောင်းပြေလည်သွားနိုင်သည်။ အချို့က “အကယ်၍ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့် စုဝေးပွဲတစ်ခုအတွင်း အယူအဆများကို ဖော်ပြပါက ယင်းသည် အယူအဆများကို ဖြန့်ဝေခြင်းဖြစ်မည်၊ သို့ဖြစ်၍ ကျွန်ုပ် ထိုသို့မလုပ်နိုင်ပါ။ သို့သော် ယင်းတို့ကို ချုပ်တည်းထားရသည်မှာ အလွန်ဆိုးသည်။ ကျွန်ုပ်၏ မိသားစုနှင့် ထိုအကြောင်းများကို ပြောဆို၍ရနိုင်သလော”ဟု ပြောကောင်းပြောနိုင်သည်။ အကယ်၍ သင်၏ မိသားစုဝင်များသည်လည်း ယုံကြည်ခြင်းရှိသော ညီအစ်ကိုမောင်နှမများဖြစ်ပါက ၎င်းတို့အနီးတွင် ဤအယူအဆများကို ဖော်ပြခြင်းသည် ၎င်းတို့ကိုလည်း နှောင့်ယှက်မည်ဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ခြင်းမရှိပါ)။ အကယ်၍ သင်ပြောဆိုသည့်အရာသည် ထိခိုက်နစ်နာစေကာ အထင်အမြင်မှားစေလျက် အခြားသူများအပေါ် အကျိုးပျက်ပြားစေသော သက်ရောက်မှု ရှိမည်ဆိုလျှင် သင်သည် ယင်းကို လုံးဝ မပြောဆိုရပေ။ ထိုအစား ပြဿနာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းလော့။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော စိတ်နှလုံး၊ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ပြီး မွတ်သိပ်သော စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေသရွေ့ သင်၏ အယူအဆများကို ဖြေရှင်း၍ရနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြည့်စုံသော သမ္မာတရား ပါရှိသည်။ ယင်းတို့က မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်။ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုခြင်း ရှိမရှိ၊ သင်၏ကိုယ်ပိုင် အယူအဆများကို လက်လွှတ်နိုင်ခြင်း ရှိမရှိတို့ဟူသည်တို့အပေါ်တွင်သာ မူတည်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြည့်စုံသော သမ္မာတရား ပါရှိသည်ဟု သင် ယုံကြည်ပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကာ ဖြေရှင်းသင့်သည်။ အကယ်၍ အချိန်အတန်ကြာ ဆုတောင်းပြီးနောက် သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံစားရခြင်း မရှိသေးဘဲ မည်သည့်အရာလုပ်ဆောင်ရမည့်အပေါ် ဘုရားသခင်ထံမှ ရှင်းလင်းသော နှုတ်ကပတ်တော်များကို လက်ခံရရှိခြင်း မရှိသေးသော်လည်း မသိလိုက်ဘဲ သင်၏ အယူအဆများက သင့်ကို စိတ်ထဲတွင် နောက်ထပ် ထိခိုက်စေခြင်းမရှိရှိတော့သည့်အပြင်၊ သင်၏အသက်တာကို မနှောင့်ယှက်တော့ပါက၊ ယင်းသည် တဖြည်းဖြည်း မှေးမှိန်သွားပါက၊ ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေးကို သက်ရောက်မှုမရှိတော့သည့်အပြင် သင်၏ တာဝန်ထမ်းဆောင်မှုကိုလည်း သက်ရောက်မှုမရှိတော့သည်မှာ အမှန်ပင်ဖြစ်ပါက၊ ဤအယူအဆသည် အခြေခံအားဖြင့် ပြေလည်သွားပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်)။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)
အယူအဆများနှင့်စပ်လျဉ်း၍ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဟူသည်အတွက် သင်တို့တွင် စည်းမျဉ်းများ ရှိသလော။...သမ္မာတရားကို သင် နားလည်ပြီး စည်းမျဉ်းများကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ သင်၏အယူအဆများသည် အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ သင်သည် အယူအဆများကို သင့်အား ဟန့်တားခွင့်မပြုရ သို့မဟုတ် ခလုတ်တိုက်ခွင့်မပြုရပေ။ ဖြေရှင်းနိုင်သော အယူအဆများကို သင်တတ်နိုင်သမျှ အကောင်းဆုံး ဖြေရှင်းလော့။ ပြီးလျှင် ယာယီအားဖြင့် ဖြေရှင်း၍မရနိုင်သော အယူအဆများအတွက်မူ၊ အနည်းဆုံး ယင်းတို့ကို သင့်အား ထိခိုက်ခွင့်မပေးနှင့်။ ယင်းတို့သည် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို မတားဆီးသင့်သည့်အပြင်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကိုလည်း မထိခိုက်သင့်ပေ။ သင်၏ အဓိကအချက်မှာ အနည်းဆုံးအနေဖြင့် အယူအဆများကို မဖြန့်ဝေရန်၊ မကောင်းမှုကိုမကျူးလွန်ရန်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေရန်နှင့် စာတန်၏ အစေခံတစ်ဦး သို့မဟုတ် စာတန်အတွက် တန်ဆာပလာတစ်ခုအဖြစ် မပြုမူရန် ဖြစ်သည်။ သင် မည်မျှပင် အားထုတ်မှုကို သုံးသည်ဖြစ်စေ၊ အချို့အယူအဆများကို အပေါ်ယံမျှသာ ဖြေရှင်း၍ရနိုင်ပြီး စေ့စေ့စပ်စပ် ဖြေရှင်း၍မရနိုင်ပါက၊ ယင်းတို့ကို ယတိပြတ် လျစ်လျူရှုလိုက်လော့။ အယူအဆများကို သင်၏ သမ္မာတရားလိုက်စားခြင်း သို့မဟုတ် သင်၏ အသက်ဝင်ရောက်မှုအား ထိခိုက်ခွင့်မပေးနှင့်။ ဤစည်းမျဉ်းများကို ကျွမ်းကျင်အောင်လုပ်လော့။ ပြီးလျှင်ပုံမှန်အခြေအနေများအောက်တွင် သင်သည် ကာကွယ်ခြင်းခံရလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်ခံသောသူ၊ အပြုသဘောဆောင်သည့်အရာများကို ချစ်သောသူ၊ ဆိုးယုတ်သောသူတစ်ဦး မဟုတ်သူ၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို ဖြစ်စေရန် မလိုလားသည့်အပြင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ မဖြစ်စေသူဖြစ်ပါက၊ သင်သည် ထုံးစံအတိုင်း အယူအဆများ ပေါ်ပေါက်လာသည့် ပြဿနာကို ကြုံတွေ့ရသည့်အခါ၊ ယေဘုယျအားဖြင့် ကာကွယ်ခြင်းခံရလိမ့်မည်။ အခြေခံမျှသာ အဖြစ်ဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ အကယ်၍ ဖြေရှင်းရန်ခက်ခဲသော အယူအဆတစ်ခု ပေါ်ပေါက်လာပါက၊ ထိုအယူအဆအပေါ် အလျင်စလို မတုံ့ပြန်နှင့်။ ပထမဆုံးအနေဖြင့်၊ ဘုရားသခင်လုပ်ဆောင်သည့်အရာ မမှားယွင်းနိုင်သည်ကို ယုံကြည်လျက်၊ ထိုအယူအဆကို ဖြေရှင်းရန် စောင့်ဆိုင်းပြီး သမ္မာတရားကို ရှာဖွေလော့။ ဤစည်းမျဉ်းကို သတိရလော့။ ထို့အပြင်၊ သင်၏တာဝန်ကို ဘေးဖယ်မထားနှင့် သို့မဟုတ် အယူအဆကို သင်၏ တာဝန်ထမ်းဆောင်ခြင်းအား မထိခိုက်စေနှင့်။ သင့်တွင် အယူအဆများရှိပြီး၊ “ဤတာဝန်ကို ငါ ဖြစ်သလိုသာ လုပ်လိုက်မည်။ ငါ စိတ်မကြည်ပါ။ ထို့ကြောင့် သင့်အတွက် ကောင်းစွာ လုပ်ပေးမည် မဟုတ်ပါ” ဟု စဉ်းစားပါက၊ ဤသည်မှာ မကောင်းပေ။ သင်၏သဘောထားက အပျက်သဘောဆောင်ပြီး ဝတ်ကျေတမ်းကျေဖြစ်သွားသည်နှင့်တစ်ပြိုင်နက်၊ ပြဿနာဖြစ်စေသောအရာဖြစ်လာသည်။ ဤသည်မှာ သင့်အတွင်း၌ အယူအဆများ ထကြွနေခြင်း ဖြစ်သည်။ အယူအဆများက သင့်အတွင်း၌ ထကြွပြီး သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်သည့်အခါ၊ ယင်းမှာ ဤအချိန်တွင် သင်နှင့် ဘုရားသခင်ကြားရှိ သင်၏ဆက်ဆံရေးက အမှန်တကယ် ပြောင်းလဲမှုတစ်ခုကို ကြုံရနှင့်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ အချို့အယူအဆများသည် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်နိုင်သည်။ ယင်းမှာ ပြင်းထန်သော ပြဿနာတစ်ခုဖြစ်ကာ၊ ချက်ချင်း ဖြေရှင်းရမည်ဖြစ်သည်။ အခြားအယူအဆများသည် သင်၏ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ထိခိုက်မှုမရှိပေ။ ထို့ကြောင့် ယင်းတို့သည် ကြီးမားသော ပြဿနာများ မဟုတ်ပေ။ အကယ်၍ သင်ဖြစ်ပေါ်လာသော အယူအဆများသည် သင့်အား ဘုရားသခင်ကို သံသယဝင်စေလျက်၊ သင်၏ တာဝန်ကို လုံ့လဝီရိယရှိစွာ မလုပ်ဆောင်စေဘဲ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်နိုင်ပြီး သင်၏တာဝန်ကို မထမ်းဆောင်ခြင်းအတွက် အကျိုးဆက်များ ရှိမည်မဟုတ်ဟုပင် ခံစားရစေကာ၊ မည်သည့် ကြောက်ရွံ့ခြင်းမျှမရှိစေပါက သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိစေပါက၊ ဤသည်မှာ အန္တရာယ်ရှိပေသည်။ ဤသည်မှာ သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်လိမ့်မည်ဖြစ်ပြီး၊ စာတန်၏ လှည့်စားခြင်းနှင့် ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟု ဆိုလိုသည်။ သင်၏အယူအဆများအပေါ် သင်၏သဘောထားနှင့် သင်ပြုလုပ်သော ရွေးချယ်မှုများက အလွန်အရေးကြီးသည်။ အယူအဆများကို ဖြေရှင်း၍ရသည်ဖြစ်စေ၊ ဖြေရှင်း၍မရသည်ဖြစ်စေ၊ ယင်းတို့ကို မည်သည့်အတိုင်းအတာအထိ ဖြေရှင်း၍ရသည်ဖြစ်စေ၊ သင်နှင့် ဘုရားသခင်ကြားရှိ ပုံမှန်ဆက်ဆံရေးသည် မပြောင်းလဲရပေ။ အချက်တစ်ခုအနေဖြင့်၊ သင်သည် ဘုရားသခင်စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်အားလုံးကို ကျိုးနွံနာခံနိုင်သင့်ပြီး၊ ဘုရားသခင်လုပ်ဆောင်သမျှသည် မှန်ကန်ပြီး အဓိပ္ပာယ်ရှိကြောင်း အတည်ပြုသင့်ကာ၊ သမ္မာတရားနှင့်ဆိုင်သည့် ဤအသိပညာနှင့် ဤသွင်ပြင်လက္ခဏာသည် သင့်အတွက် မည်သည့်အခါမျှ မပြောင်းလဲသင့်ပေ။ နောက်တစ်ချက်အနေဖြင့်၊ သင့်ကိုဘုရားသခင် ပေးအပ်ထားသည့် တာဝန်ကို သင် ဘေးဖယ်မထားရ။ သင်သည် ဤဝန်ကို သင့်ဘာသာ ဖယ်ရှားပစ်ခြင်း မပြုရပေ။ အကယ်၍ အတွင်းအားဖြင့်ဖြစ်စေ၊ အပြင်ပန်းအားဖြင့်ဖြစ်စေ၊ သင်သည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိပါက၊ ဘုရားသခင်သည် သင်၏ကျိုးနွံနာခံမှုနှင့် သင် စောင့်ဆိုင်းနေသည်ကိုသာ မြင်လိမ့်မည်ဖြစ်သည်။ သင့်၌ အယူအဆများ ရှိနေနိုင်သေးသော်လည်း၊ ဘုရားသခင်သည် သင်၏ပုန်ကန်မှုကို မမြင်ပေ။ သင့်တွင် ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း မရှိသည်နှင့်အမျှ၊ ဘုရားသခင်သည် သင့်ကို သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် မှတ်ယူနေဆဲဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်၏စိတ်နှလုံးသည် စောဒကတက်ခြင်းများနှင့် မကျေနပ်မှုများဖြင့် ပြည့်နေပါက၊ သင်သည် လက်တုံ့ပြန်ရန် အခွင့်အရေးကို ရှာဖွေနေပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဘဲ၊ ထိုအစား ယင်းဝန်ကို သင့်ဘာသာ ပစ်ပယ်လိုပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် အမျိုးမျိုးသော မကျေနပ်ချက်များ ရှိနေသည်အထိပင်ဖြစ်ပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်စဉ်အတွင်း မကျေနပ်မှုနှင့် နာကြည်းမှု၏ အချို့သော သရုပ်သကန်များ ထုတ်ဖော်ပြသပါက၊ ဤအချိန်တွင်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံနှင့်ပြီးဖြစ်သည်။ သင်သည် သင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သော နေရာမှ ပြောင်းနှင့်ပြီးဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး မဟုတ်တော့ဘဲ၊ နတ်ဆိုးများနှင့် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို မည်သည့်သနားကြင်နာမှုကိုမျှ ပြလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် ဤအဆင့်သို့ ရောက်သည့်အခါ၊ ၎င်းတို့သည် အန္တရာယ်ရှိသော နယ်မြေသို့ ချဉ်းကပ်နေခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာမျှ မလုပ်ဆောင်လျှင်ပင်၊ ၎င်းတို့သည် အသင်းတော်၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့်၊ ၎င်းတို့ လုပ်ဆောင်သည့် အရာရာတွင်၊ အထူးသဖြင့် အယူအဆများကို ဖြေရှင်းခြင်းကဲ့သို့သော ပြဿနာများ ပါဝင်သည့်အခါ၊ လူတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာများ၊ သို့မဟုတ် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည့်အရာများ၊ သို့မဟုတ် အခြားသူတို့ကို နာကျင်စေသည့် သို့မဟုတ် ထိခိုက်နစ်နာစေသည့် အရာများကို ရှောင်ရှားရန် ဂရုစိုက်ရမည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။
ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် အယူအဆများရှိခြင်းနှင့်ဆိုင်သော ပြဿနာသည် သေးငယ်သောကိစ္စတစ်ခု မဟုတ်ပေ။ လူတို့အတွက် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန် အလွန်အရေးကြီးသော်လည်း၊ ဤဆက်ဆံရေးကို အထိခိုက်ဆုံးသောအရာမှာ လူတို့၏ အယူအဆများ ဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏အယူအဆများ ဖြေရှင်းပြီးမှသာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်း၍ရနိုင်သည်။ လက်ရှိတွင်၊ လူများစွာ၌ ပြင်းထန်သော ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း၊ ၎င်းတို့၏ အယူအဆများကို တောက်လျှောက် လုံးဝ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဤအရာက ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးကို ပြင်းထန်စွာ ထိခိုက်စေပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ချစ်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ကျိုးနွံနာခံမှုကို တိုက်ရိုက် သက်ရောက်မှုရှိသည်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အယူအဆများ ဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းသည် လျစ်လျူမရှုရမည့် ပြင်းထန်သောကိစ္စရပ်တစ်ခု ဖြစ်သည်။ အယူအဆများသည် နံရံတစ်ခုကဲ့သို့ ဖြစ်သည်။ ယင်းတို့က လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းအမှုနှင့် သက်ဆိုင်မှုမရှိစေရန်အတွက် လူတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးများကို ဖြတ်တောက်လေသည်။ သို့ဖြစ်၍၊ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိခြင်းသည် လျစ်လျူရှု၍မရသည့် အလွန်ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။ အကယ်၍ လူတို့၌ အယူအဆများရှိပြီး ယင်းတို့ကို သမ္မာတရားကို ရှာဖွေ၍ ချက်ချင်း မဖြေရှင်းနိုင်ပါက၊ ဤသည်မှာ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ သူ့အပေါ် ရန်လိုမုန်းတီးမှုတို့ကိုပင် အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သေးသလော။ ၎င်းတို့၏ အသက်ဝင်ရောက်မှုသည် ရပ်တန့်သွားလိမ့်မည်။ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းလမ်းကြောင်းသည် မညီညာသည့်အပြင် ကြမ်းတမ်းသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်၊ ၎င်းတို့သည် လမ်းလွှဲများစွာကို လျှောက်လှမ်းနိုင်ပြီး၊ မည်သည့်အခြေအနေတွင်မဆို အယူအဆများ အလွယ်တကူ ဖြစ်ပေါ်လာတတ်ကြလေသည်။ ဤအယူအဆများကို သမ္မာတရား ရှာဖွေခြင်းဖြင့် မဖြေရှင်းလျှင်၊ လူတို့သည် ဘုရားသခင်ကို ပုန်ကန်နိုင်ပြီး သူ့အပေါ် ရန်လိုသည့်လမ်းကြောင်းကို လျှောက်လျက် သူ့ကို အာခံနိုင်သည်။ လူတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် ကယ်တင်ခြင်းအခွင့်အရေး ကျန်ရှိသေးသည်ဟု သင်တို့ ထင်သလော။ ထိုအခြေအနေတွင် ကိုင်တွယ်ရန် မလွယ်ကူသည့်အပြင်၊ မည်သည့်အခွင့်အရေးမျှ ကျန်ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်က သင့်ကို သူ၏ဖန်ဆင်းခံတစ်ဦးအဖြစ် မငြင်းပယ်မီ၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်ယူသင့်သည်။ ဖန်ဆင်းရှင်ကို စေ့စေ့စပ်စပ်စစ်ဆေးရန် မကြိုးစားနှင့် သို့မဟုတ် သင်ယုံကြည်သော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း မည်သို့သက်သေပြပြီး အတည်ပြုရမည်ကို သိရှိရန် မကြိုးစားနှင့်။ ဤသည်မှာ သင်၏တာဝန် သို့မဟုတ် ဝတ္တရား မဟုတ်ပေ။ နေ့စဉ် သင်၏စိတ်နှလုံးထဲ၌ တွေးတောပြီး ဆင်ခြင်သုံးသပ်သင့်သည့်အရာမှာ၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဟုတ်မဟုတ်၊ သူသည် အမှန်တကယ် ဘုရားဟုတ်မဟုတ်ဟူသည်ကို သက်သေပြရမည်ဟူသည့်မစား၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာနှင့် သူ၏လုပ်ရပ်များက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို စေ့စေ့စပ်စပ်စစ်ဆေးခြင်းအစား၊သင်၏တာဝန်များကို မည်သို့ဖြည့်ဆည်းပြီး စံနှုန်းမီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရမည်ဟူ၍သာဖြစ်သည်။ ဤသည်တို့မှာ သင် စေ့စေ့စပ်စပ်စစ်ဆေးသင့်သည့်အရာများ မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
အယူအဆများနှင့် စိတ်ကူးထင်မြင်ခြင်းက ဘုရားကို သိရန် ဘယ်တော့မှ အထောက်အကူပြုမှာ မဟုတ်ပါ