၁၀။ ပေါလု၏ သဘာဝအနှစ်သာရကို ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ပေါလုအကြောင်း ပြောရာတွင်၊ သင်တို့သည် သူ၏ သမိုင်းကြောင်းကို တွေးတောမည်ဖြစ်ပြီး သူ၏ အချို့သော အဖြစ်အပျက်များသည် တိကျမှန်ကန်မှု မရှိဘဲ၊ အရှိတရားနှင့် ကင်းကွာနေသည်။ ပေါလုသည် ငယ်စဉ်ကတည်းကပင် သူ့မိဘများ၏ သွန်သင်ခြင်းကို ခံခဲ့ရပြီး ငါ၏အသက်ကို လက်ခံရရှိခဲ့ကာ ငါကြိုတင်ခွဲခန့်မှတ်သားထားခြင်း၏ အကျိုးဆက်အနေဖြင့် သူသည် ငါတောင်းဆိုသော အစွမ်းအစနှင့် ပြည့်စုံခဲ့သည်။ အသက် ၁၉ နှစ်တွင် သူသည် အသက်နှင့် ပတ်သက်သည့် စာအုပ်အမျိုးမျိုးကို ဖတ်ရှုခဲ့သည်၊ ထို့ကြောင့် ပေါလုသည် သူ၏ အရည်အသွေးကြောင့်၊ ငါ၏ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်း တို့ကြောင့် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အချို့သော ထိုးထွင်းအမြင်များကို ပြောဆိုနိုင်ပုံ သာမကဘဲ၊ ငါ၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်နိုင်ပုံတို့ကို ငါအသေးစိတ်ရှင်းပြရန် မလိုတော့။ မှန်ပေ၏၊ ဤအရာတွင် ပြင်ပအကြောင်းရင်းများနှင့် အတွင်း အကြောင်းရင်းများတို့ ပေါင်းစပ်ထားခြင်းကို မချန်လှပ်ထားပေ။ မည်သို့ပင်ဆိုစေ ပေါလု၏ တစ်ခုသော အပြစ်အနာအဆာမှာ သူ၏ စွမ်းရည်များကြောင့် သူသည် မကြာခဏပင် ရွှန်းရွှန်းဝေအောင် ပြောဆိုပြီး လေလုံးထွားတတ်ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေနှင့် တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်တမန်မင်းကို တိုက်ရိုက် ကိုယ်စားပြုသော သူ၏ ပုန်ကန်မှုကြောင့် ငါသည် ပထမအကြိမ် လူ့ဇာတိကို ခံယူခဲ့သောအခါ၊ သူသည် ငါ့ကို အာခံရန် အစွမ်းကုန် လုပ်ဆောင်ခဲ့လေသည်။ သူသည် ငါ၏ နှုတ်ကပတ်တော်များကို မသိကျွမ်းသော သူများထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ နှလုံးသားထဲမှ ငါ၏ နေရာသည် ပျောက်ကွယ်သွားခဲ့နှင့်ပြီး ဖြစ်သည်။ ထိုကဲ့သို့သော လူများသည် ငါ၏ ဘုရားသဘောသဘာဝကို တိုက်ရိုက်ပင် ဆန့်ကျင်ကြပြီး ငါ၏ ထိုးနှက်ခြင်းကို ခံကြရကာ နောက်ဆုံးပိတ်တွင်မှ ၎င်းတို့၏ အပြစ်များကို ဝန်ချကြပြီး ဦးညွှတ်ကြသည်။ ထို့ကြောင့် ငါသည် သူ၏ အားသာချက်များကို အသုံးချပြီးသည့် နောက်တွင်— တစ်နည်းဆိုရလျှင် သူသည် ငါ့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်ပြီးသွားသည့် နောက်တွင်— သူသည် နောက်ထပ်တစ်ဖန် သူ၏ လမ်းဟောင်းများ အတွင်းသို့ ကျရောက်သွားပြီး သူသည် ငါ၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် ပုန်ကန်ခဲ့ခြင်း မရှိသော်ငြားလည်း၊ သူသည် ငါ၏ အတွင်းလမ်းပြခြင်းနှင့် ဉာဏ်ပွင့်စေခြင်းကို ပုန်ကန်ခဲ့ပေသည်။ ထို့ကြောင့်အတိတ်တွင် သူလုပ်ဆောင်ခဲ့သော အရာအားလုံးသည် အချည်းနှီး ဖြစ်သွားခဲ့သည်၊ တစ်နည်းဆိုရလျှင် သူပြောဆိုသော ဘုန်းကြီးသော ပန်းဦးရစ်သရဖူသည် အချည်းနှီး စကားများ၊ သူ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်း၏ ရလဒ်တစ်ခု ဖြစ်လာခဲ့သည်၊ အကြောင်းမှာ ယနေ့တိုင်ပင် သူသည် ငါ၏ချုပ်နှောင်ခြင်းများတွင် ငါ၏ တရားစီရင်ခြင်းကို ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄)

အသက်ကို ဖွေရှာသော သူများအလယ်တွင်၊ ပေါလုသည် မိမိ၏ ကိုယ်ပိုင် အနှစ်သာရကို မသိသောသူတစ်ဦး ဖြစ်သည်။ သူသည် လုံးဝ နှိမ့်ချခြင်းဖြစ်စေ၊ ကျိုးနွံနာခံခြင်းဖြစ်စေ မရှိခဲ့သကဲ့သို့ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အနှစ်သာရကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မကြုံခဲ့ရသောသူဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော သူတစ်ဦးလည်း ဖြစ်ခဲ့သည်။...ပေါလုသည် မိမိကိုယ်တိုင်၏ ပုန်ကန်ခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို အပြည့်အဝ အလျှော့ပေးခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကို သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် အသိစိတ်အတွက် ဖြည့်ဆည်းသည့်အနေဖြင့် အခြားသူများအား ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မလိုက်စားခဲ့သကဲ့သို့ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မလိုက်စားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ သိမြင်ခြင်းသည် အတုအယောင် ဖြစ်သည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း အလေ့အထများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ဘဲ သိမြင်ခြင်း ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ အသုံးဝင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။ သူသည် ယေရှုခရစ်တော်အား ချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်သည့် လူတစ်ဦး မဟုတ်ခဲ့သကဲ့သို့၊ သူသည် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို ရှာဖွေခဲ့သူတစ်ဦး ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားအား ဖွေရှာရာ၌ ကျွမ်းကျင်သော သူတစ်ဦးလည်း မဟုတ်ခဲ့ပေ။ သူသည် တစ်ပတ်ရိုက်ခြင်းတွင် ကျွမ်းကျင်သော သူတစ်ယောက်မျှ ဖြစ်ခဲ့ပြီး မိမိထက် မြင့်သောသူများ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သော သူများကို အလျှော့မပေးမည့်သူ သူတစ်ယောက်မျှ ဖြစ်ခဲ့ပေသည်။ ဆုကျေးဇူးခံစားရသော ထိုသူများနှင့် ကြီးမြတ်သော ပုံရိပ်ကို ကိုယ်စားပြုပြီး သိမ်မွေ့နက်နဲသည့် အသိပညာကို ပိုင်ဆိုင်ထားကြသည့် သူများကို သာ၍ နှစ်သက်ရင်း၊ သူနှင့် ဆန့်ကျင်သော လူများ သို့မဟုတ် သမ္မာတရားများ သို့မဟုတ် သူ့ကို ရန်လိုသော သူများကို သူသည် မနာလိုဝန်တိုခဲ့သည်။ သူသည် မှန်သော လမ်းခရီးကို ရှာဖွေပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့် အရာကိုမျှ အရေးမစိုက်သည့် ညံ့ဖျင်းသော လူများနှင့် ထိတွေ့ဆက်ဆံခြင်းကို သူ မနှစ်သက်သကဲ့သို့၊ ထိုအစား အယူဝါဒများကိုသာ ပြောဆိုကြပြီး၊ ကြွယ်ဝသော အသိပညာကို ပိုင်ဆိုင်ထားကြသည့် ဘာသာရေး အဖွဲ့အစည်းများမှ အဆင့်မြင့်သည့် ပုဂ္ဂိုလ်များကိုသာ စိတ်ဝင်စားခဲ့လေသည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သောအလုပ်ကို ချစ်ခြင်း မရှိသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော အလုပ်၏ လှုပ်ရှားမှုကိုလည်း အရေးမစိုက်ခဲ့ပေ။ ထိုအစား သူသည် ယေဘုယျ အမှန်တရားများထက် သာ၍ မြင့်သော ထိုစည်းမျဉ်းများနှင့် အယူဝါဒများကိုသာ ထောက်ခံခဲ့သည်။ သူ၏ သူတော်ကောင်း ယောင်ဆောင်ခြင်းသည် အလွန်များလှပြီး၊ သူ၏ ပုန်ကန်ခြင်းသည် အလွန် ကြီးမားလှသည့်အတွက်၊ သူ၏ မွေးရာပါ အနှစ်သာရနှင့် သူ ရှာဖွေခဲ့သည့် အရာ၏အလုံးစုံတွင်၊ သူသည် ဘုရားသခင်၏ အိမ်တော်ရှိ သစ္စာရှိသော အစေခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရရန် မဆိုထားနှင့်၊ သမ္မာတရားအား အားထုတ်သော ခရစ်ယာန် တစ်ယောက်ဟု ခေါ်ဆိုခံရခြင်းငှာ မထိုက်တန်ပေ။ သူ့ကို သခင်ယေရှု၏ အစေခံသူတစ်ဦးအဖြစ် သိထားကြသော်ငြားလည်း၊ အစမှ အဆုံးတိုင် သူ၏ လုပ်ရပ်များသည် ဖြောင့်မတ်သည်ဟု ခေါ်ဆို၍ မရသည့်အတွက်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ တံခါးဝကို ဝင်ရောက်ရန် လုံးဝ မသင့်တော်ခဲ့ပေ။ သူ့ကို သူတော်ကောင်း ယောင်ဆောင်ခဲ့ပြီး မဖြောင့်မတ်မှု ပြုခဲ့ပြီး ခရစ်တော်အတွက် အလုပ်လုပ်ခဲ့သူ တစ်ဦးအဖြစ်မျှသာ မြင်၍ ရနိုင်ပေသည်။ သူ့ကို ဆိုးယုတ်သည်ဟု ခေါ်ဆို၍ မရသော်ငြားလည်း၊ မဖြောင့်မတ်မှုကို ပြုခဲ့သော လူတစ်ဦးဟု အလိုက်အထိုက်အားဖြင့် ခေါ်၍ ရသည်။ သူသည် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သော်လည်း၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်ပမာဏ အပေါ်တွင် သူ့ကို အကဲဖြတ်ရမည် မဟုတ်ဘဲ၊ ယင်း၏ အရည်အသွေးနှင့် အနှစ်သာရအပေါ်တွင်သာ အကဲဖြတ်ရမည် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဤကိစ္စရပ်၏ အကြောင်းရင်းမှန်ကို စူးစမ်းဖော်ထုတ်ရန် ဖြစ်နိုင်မည် ဖြစ်သည်။ သူ အမြဲ ယုံကြည်ခဲ့သည်မှာ- “ငါသည် အလုပ်လုပ်နိုင်စွမ်း ရှိသည်၊ ငါသည် လူအများစုထက် သာလွန်သည်။ ကြီးစွာသော အလင်းသည် ငါ့အပေါ် ထွန်းလင်းခဲ့ပြီး၊ ငါသည် ကြီးစွာသော အလင်းကို မြင်ခဲ့ရသည့်အတွက်၊ ငါသည် မည်သူနှင့်မျှမတူပဲ သခင်၏ ဝန်ထုပ်ကို ထောက်ထားညှာတာပြီး၊ မည်သူမျှ ငါ့လောက် နက်ရှိုင်းစွာ နောင်တရခြင်းမရှိပေ၊ ထို့ကြောင့် ငါ၏ နောင်တသည် အခြားမည်သူမဆိုထက် သာ၍ နက်ရှိုင်းသည်။” ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင် ဤသည်မှာ သူ၏ စိတ်နှလုံးအတွင်း တွေးခဲ့သောအရာ ဖြစ်သည်။ သူ့အလုပ်၏ အဆုံးတွင် ပေါလုက “တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ၊ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏။” ဟု ပြောခဲ့သည်။ သူ၏ တိုက်လှန်ခြင်း၊ အလုပ်နှင့် လမ်းကြောင်းသည် ဓမ္မသရဖူအတွက် လုံးဝ ဖြစ်ခဲ့ပြီး၊ သူသည် တက်ကြွစွာ တစ်ဟုန်ထိုးမလုပ်ဆောင်ခဲ့ချေ။ သူသည် သူ၏အလုပ်တွင် ဝတ်ကျေတမ်းကျေ မဟုတ်ခဲ့သော်ငြားလည်း၊ သူ၏ အလုပ်သည် သူ၏ အမှားများကို ထေမိစေရန်အလို့ငှာ၊ သူ၏ သြတ္တပ္ပစိတ်၏ စွပ်စွဲချက်များကို ထေမိစေရန်အလို့ငှာမျှသာ ဖြစ်ခဲ့သည်။ သူတောင့်တသည့် ဓမ္မသရဖူအား သာ၍ မြန်ဆန်စွာ ရရှိနိုင်ရန်အလို့ငှာ၊ သူသည် သူ၏ အလုပ်ကို ပြည့်စုံစေရန်၊ သူ၏ပြေးရသောလမ်းကို အဆုံးတိုင် ပြေးရန်နှင့် သူ၏ တိုက်လှန်ခြင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြုရန်သာ သူ မျှော်လင့်ခဲ့သည်။ သူတောင့်တခဲ့သည့်အရာမှာ သူ၏ အတွေ့အကြုံများနှင့် စစ်မှန်သော အသိပညာဖြင့် သခင်ယေရှုအား တွေ့ဆုံရန် မဟုတ်ခဲ့ဘဲ၊ သူသည် သခင်ယေရှုနှင့် ဆုံတွေ့သောအခါ သူ၏အလုပ်က ကြိုးပမ်းရရှိခဲ့သော ဆုလာဘ်များကို လက်ခံ ရယူရန်အလို့ငှာ၊ သူ၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးစီးရန်သာ ဖြစ်ခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်၊ အနာဂတ်သရဖူနှင့် အလဲအလှယ်လုပ်ရာတွင် ညှိနှိုင်းရန် သူ၏ အလုပ်ကို အသုံးချခဲ့သည်။ သူဖွေရှာခဲ့သောအရာမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင် မဟုတ်ခဲ့ဘဲ၊ သရဖူကိုသာ ဖြစ်ခဲ့သည်။ ထိုသို့သော လိုက်စားခြင်းသည် အဘယ်သို့ စံချိန်မီနိုင်မည်နည်း။ သူ၏ ကြံရွယ်ချက်၊ သူ၏ အလုပ်၊ သူပေးဆပ်ခဲ့သော အဖိုးအခနှင့် သူ၏ ကြိုးထုတ်မှု အားလုံး သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှုများသည် အားလုံးကို ပျံ့နှံ့သွားခဲ့ပြီး၊ သူသည် သူကိုယ်တိုင်၏ စိတ်ဆန္ဒများအတိုင်း လုံးလုံးလျားလျား အလုပ်လုပ်ခဲ့လေသည်။ သူ၏ အလုပ်တစ်ခုလုံးတွင်၊ သူပေးဆပ်ခဲ့သော အဖိုးအခ၌ လိုလိုလားလားရှိခြင်း စိုးစဉ်းမျှ မရှိခဲ့ပေ။ သူသည် အပေးအယူလုပ်ခြင်းတွင် ပါဝင်ပတ်သက်ရုံမျှ ပတ်သက်ခဲ့သည်။ အားထုတ်မှုများကို သူ၏ တာဝန်အား ဆောင်ရွက်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့သည် မဟုတ်ဘဲ၊ အပေးအယူ၏ ရည်မှန်းချက်ကို အောင်မြင်ရရှိနိုင်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သော ကြိုးထုတ်မှုများသည် ထိုက်တန်ခြင်းတစ်ခုတလေ ရှိပါသလော။ သူ၏ မဖြူစင်သော အားထုတ်မှုများကို မည်သူက ချီးကျူးမည်နည်း။ ထိုသို့သော အားထုတ်မှုများတွင် စိတ်ဝင်စားမှုတစ်ခုတလေ မည်သူ ရှိပါသနည်း။ သူ၏ အလုပ်သည် အနာဂတ်အတွက် အိပ်မက်များနှင့် ပြည့်သည်၊ အံ့ဖွယ်အစီအစဉ်များနှင့် ပြည့်နေပြီး၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးရန် လမ်းကြောင်း မပါရှိခဲ့ချေ။ ထို့ကြောင့် သူ၏ စေတနာအများစုမှာ ဟန်ဆောင်ခြင်းတစ်ခု ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် အသက်ကို ထောက်ပံ့မပေးခဲ့ဘဲ၊ ရည်မွန်မှု အတုအယောင် တစ်ခုသာ ဖြစ်ခဲ့သည်။ ယင်းသည် အပေးအယူ ပြုလုပ်ခြင်း ဖြစ်ခဲ့သည်။ ဤကဲ့သို့သော အလုပ်သည် အဘယ်သို့ လူကို သူ၏ နဂိုမူလ တာဝန်အား ပြန်လည်ရရှိခြင်း လမ်းကြောင်းဆီသို့ ဦးဆောင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ပေါလုက သူ့ကိုယ်သူ အသွင်ဆောင်သည့်ပုံစံအားလုံးကို သင်ကြည့်သည့်အခါတွင် သူ၏သဘာဝအနှစ်သာရကို သင်မြင်နိုင်သင့်သည်။ ပြီးလျှင် သူ၏ လိုက်စားမှုအတွက် ဦးတည်ချက်၊ ပန်းတိုင်များ၊ အရင်းအမြစ်နှင့် အရင်းခံအကြောင်းရင်းတို့သည် မှားယွင်းသည်ကိုလည်းကောင်း၊ ဤအရာများသည် ဘုရားသခင်အပေါ် ပုန်ကန်ပြီး အာခံသည်၊ ဘုရားသခင်ကို သဘောမကျဖြစ်စေသည်၊ ဘုရားသခင်က စက်ဆုပ်ရွံရှာသည်ဆိုသည်ကိုလည်းကောင်း အပြည့်အဝ ကောက်ချက်ချနိုင်စွမ်းရှိသင့်သည်။ ပေါလုက သူ့ကိုယ်သူ တင်ပြသည့် ပထမဆုံးအဓိကပုံစံမှာ အဘယ်နည်း။ (သူသည် အပြန်အလှန်အနေဖြင့် သရဖူရဖို့ရန်အတွက် အပင်ပန်းခံပြီး အလုပ်လုပ်သည်။) သူသည် ဤပုံစံဖြင့် သူ့ကိုယ်သူ တင်ပြသည်ကို၊ သို့မဟုတ် သူသည် ဤအခြေအနေတွင် ရှိသည်ကို မည်သည့်နေရာတွင် သင်တို့ မြင်ခဲ့သနည်း။ (သူ့စကားများမှတစ်ဆင့် ဖြစ်သည်။) သူ၏ ထင်ရှားသော အဆိုအမိန့်များမှတစ်ဆင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ထင်ရှားသော အဆိုအမိန့်များသည် အပြုသဘောဆောင်ပြီး စိတ်ပိုင်းဖြတ်ချက်၊ မျှော်လင့်ချက်၊ ပြင်းပြသောဆန္ဒရှိသည့်သူတို့အတွက် အထောက်အကူဖြစ်ကာ အကျိုးရှိသည်။ ဤသို့သောသူများကို အားပေးပြီး တွန်းအားပေးနိုင်သည်။ သို့သော် ပေါလု၏ ထင်ရှားသောအဆိုအမိန့်များ၏ အသုံးဝင်မှုမှာ အဘယ်နည်း။ သူ့တွင် အဆိုအမိန့်များစွာရှိသည်။ သူ၏ ပို၍ ထင်ရှားသောအဆိုအမိန့်များထဲမှ တစ်ခုကို သင် ရွတ်ဆိုနိုင်သလော။ (“ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈)) ဤစကားများသည် သူ၏ သဘာဝအနှစ်သာရ၏ မည်သည့်သွင်ပြင်လက္ခဏာကို ကိုယ်စားပြုသနည်း။ ယင်းကို သမ္မာတရားနှင့်အညီ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ (မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းနှင့် ဘုရားသခင်နှင့် အပေးအယူပြုလုပ်ခြင်း ဖြစ်သည်။) ဤစကားများကို ပြောဆိုရန် သူ့ကို လှုံ့ဆော်ခဲ့သည်မှာ သူ၏ မာနထောင်လွှားသောသဘာဝဖြစ်သည်။ သူသည် အဆုံး၌ သရဖူမရှိလျှင် ပြေးရသောလမ်းကို ပြေးမည်မဟုတ်။ အလုပ်လုပ်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကိုပင် ယုံကြည်မည်မဟုတ်။ တရားဒေသနာများစွာကို နားထောင်ပြီးနောက်တွင် လူတို့သည် ယခုအခါ၌ ပေါလု ထုတ်ဖော်ခဲ့သည့် ဤသရုပ်သကန်နှင့် ဤအခြေအနေကို သိမြင်နိုင်သင့်သည်။ သို့သော် ယင်းကို သင်တို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ “အနှစ်ချုပ်” ဟု ငါတို့ဆိုသောအခါ တစ်စုံတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုရန် သင်အသုံးပြုသည့် စကားလုံးများသည် စစ်မှန်သောနားလည်မှုဖြစ်သည်။ သင်သည် တစ်စုံတစ်ခုကို မှန်ကန်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်လျှင် သင်သည် ထိုအမှုကိစ္စကို ရှင်းလင်းစွာမြင်သည်ကို သက်သေပြသည်။ တစ်စုံတစ်ခုကို သင်အဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘဲ အခြားလူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ ကူးယူလျှင် သင်သည် အမှန်တကယ် နားမလည်သည်ကို သက်သေပြသည်။ ထိုအချိန်အခိုက်အတန့်တွင် ထိုစကားများကို ပြောရန် ပေါလုကို မည်သည့်စိတ်နေစိတ်ထား၊ သို့မဟုတ် အခြေအနေက လှုံ့ဆော်ခဲ့သနည်း။ မည်သည့်ရည်ရွယ်ချက်က သူ့ကို ထိုသို့ပြုလုပ်စေခဲ့သနည်း။ ဤစကားများက သင့်ကိုပြသည့် သူ့လိုက်စားမှု၏ အနှစ်သာရမှာ အဘယ်နည်း။ (ကောင်းချီးများရရှိရန် ဖြစ်သည်။) သူ၏ ရည်ရွယ်ချက်မှာ ကောင်းချီးများရဖို့ ဖြစ်သောကြောင့် ကြိုးစားပြေးခြင်း၊ သူ့ကိုယ်သူ အသုံးခံပြီး သူ့ကိုယ်သူများစွာ ပေးဆပ်ခြင်း ဖြစ်သည်။ ယင်းသည် သူ၏ သဘာဝအနှစ်သာရဖြစ်ပြီး သူ့စိတ်နှလုံး၏ အတွင်းကျဆုံးနေရာ၌ တည်ရှိခဲ့သည့်အရာ ဖြစ်သည်။...ပေါလုသည် ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုခြင်း၊ ပြေးရသောလမ်းကို ပြေးခြင်း၊ အလုပ်လုပ်ခြင်း၊ သူ့ကိုယ်သူ အသုံးခံခြင်းနှင့် အသင်းတော်အား ရေလောင်းခြင်းကိုပင် ဖြောင့်မတ်ခြင်းသရဖူနှင့် လဲလှယ်ရန် သူ အသုံးပြုနိုင်သည့် တိုကင်ပြားများအဖြစ်၊ ယင်းဆီသို့ ဦးတည်သည့် လမ်းကြောင်းများအနေဖြင့် မြင်ခဲ့သည်။ ထို့ကြောင့် သူ ဒုက္ခခံရသည်ဖြစ်စေ၊ သူ့ကိုယ်သူ အသုံးခံသည်ဖြစ်စေ၊ ပြေးရသောလမ်းကို ပြေးသည်ဖြစ်စေ၊ သူမည်မျှ ဒုက္ခခံသည်ဖြစ်စေ သူ့စိတ်တွင်ရှိသော တစ်ခုတည်းသောပန်းတိုင်မှာ ဖြောင့်မတ်ခြင်းသရဖူကို ရရှိရန် ဖြစ်သည်။ သူသည် ဖြောင့်မတ်ခြင်းသရဖူကို လိုက်စားခြင်းနှင့် ကောင်းချီးများအား လိုက်စားခြင်းကို ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ သင့်လျော်သော ရည်ရွယ်ချက်အဖြစ် သဘောထားခဲ့ပြီး ဒုက္ခခံခြင်း၊ သူ့ကိုယ်သူ အသုံးခံခြင်း၊ အလုပ်လုပ်ခြင်း၊ ပြေးရသောလမ်းကို ပြေးခြင်းတို့ကို ယင်းဆီသို့ ဦးတည်သော လမ်းကြောင်းများအဖြစ် သဘောထားခဲ့သည်။ သူ၏ အပြင်ပန်းဖြစ်သော အပြုအမူကောင်းအားလုံးသည် ဟန်ပြအဖြစ် လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် တကယ့်အဆုံးတွင် အလဲအလှယ်အနေဖြင့် ကောင်းချီးများရရှိရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ပေါလု၏ ပထမဆုံး အကြီးစားအပြစ်များ ဖြစ်သည်။

ပေါလုပြောခဲ့ပြီး လုပ်ဆောင်ခဲ့သော အရာရာတိုင်း၊ သူ ထုတ်ဖော်ပြခဲ့သည့်အရာ၊ သူ၏ လုပ်ဆောင်မှုနှင့် သူပြေးခဲ့သော ပြေးရသည့်လမ်းတို့နှစ်ခုလုံးအပြင် ထိုနှစ်ခုလုံးအပေါ် သူ၏သဘောထားတို့ဖြစ်သည့် ဤအရာများနှင့်ပတ်သက်၍ သမ္မာတရားနှင့် ကိုက်ညီသောအရာ တစ်စုံတစ်ခုရှိသလော။ (မရှိပါ။) သူ့တွင် သမ္မာတရားနှင့် ကိုက်ညီသောအရာလုံးဝမရှိသကဲ့သို့ သူလုပ်ဆောင်ခဲ့သည့် မည်သည့်အရာကမျှ သခင်ယေရှုက လူတို့ကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည့်အရာများနှင့် မကိုက်ညီပေ။ သို့သော် သူသည် ဤအရာအပေါ် ဆင်ခြင်သုံးသပ်ခဲ့သလော။ (မဆင်ခြင်မသုံးသပ်ခဲ့ပါ။) သူသည် ဤအရာအပေါ် လုံးဝ မဆင်ခြင်မသုံးသပ်ခဲ့သကဲ့သို့ ရှာဖွေခြင်းလည်း မပြုခဲ့ပေ။ ဤသို့ဆိုလျှင် သူ၏ စဉ်းစားပုံသည် မှန်ကန်သည်ဟု ယူဆခြင်းအတွက် သူ့တွင် မည်သည့်အခြေပြုချက်ရှိခဲ့သနည်း။ (သူ၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များ ဖြစ်သည်။) ဤတွင် ပြဿနာတစ်ခုရှိသည်။ သူစိတ်ကူးထင်မြင်သည့်အရာတစ်ခုကို သူ၏တစ်ဘဝလုံး လိုက်စားမည့်ပန်းတိုင်အဖြစ် သူမည်သို့ပြုလုပ်နိုင်ခဲ့သနည်း။ သူသည် တစ်ခုခုစဉ်းစားဆင်ခြင်ကြည့်ခဲ့သလော၊ သို့မဟုတ် “ငါထင်သည်မှာ မှန်ကန်သလော။ အခြားလူများက ဤသို့မစဉ်းစားပေ။ ငါသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုလော” ဟူ၍ သူ့ကိုယ်သူ မေးမြန်းခဲ့သလော။ သူ့တွင် ဤသံသယများမရှိရုံမကဘဲ လူတိုင်းဖတ်နိုင်ရန်အတွက် သူ၏အတွေးများကို စာဖြင့်ချရေးကာ အသင်းတော်အားလုံးဆီသို့ ပို့ခဲ့သည်။ ဤအပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤတွင် ပြဿနာတစ်ခုရှိသည်။ သူသည် သူ၏စဉ်းစားပုံက သမ္မာတရားနှင့်ညီသလောဟူသည်ကို အဘယ်ကြောင့် လုံးဝ မေးခွန်းမထုတ်ခဲ့သနည်း။ အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေခဲ့သနည်း၊ သို့မဟုတ် သခင်ယေရှုပြောခဲ့သည့်အရာနှင့် နှိုင်းယှဉ်မကြည့်ခဲ့သနည်း။ ဤအစား သူစိတ်ကူးထင်မြင်ခဲ့သည့်အရာနှင့် သူ့အယူအဆတွင် မှန်ကန်သည်ဟု သူထင်မြင်ခဲ့သည့်အရာတို့ကို သူလိုက်စားသင့်သည့်ပန်းတိုင်များအဖြစ် သဘောထားခဲ့သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ သူ စိတ်ကူးထင်မြင်ခဲ့သည့်အရာနှင့် သူတွေးသည့်အရာသည် သမ္မာတရားကဲ့သို့ မှန်ကန်သည်ဟု သဘောထားပြီး လိုက်စားရန် ပန်းတိုင်တစ်ခုအဖြစ် သဘောထားခဲ့သည်။ ဤသည်မှာ အလွန်အကျွံမာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း မဟုတ်လော။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် နေရာတစ်ခုရှိသေးသလော။ သူသည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မှတ်ယူနိုင်သေးသလော။ သူသည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားနိုင်လျှင် ဘုရားသခင်အပေါ် သူ၏သဘောထားမှာ မည်သို့ဖြစ်မည်နည်း။ သူသည်လည်း ဘုရားသခင် ဖြစ်လိုသလော။ ဤသို့မဟုတ်လျှင် သူသည် သူ၏ကိုယ်ပိုင်အတွေးများတွင် သူစိတ်ကူးခဲ့သည့်အရာနှင့် သူ၏အယူအဆများကို သူ လိုက်စားသင့်သည့် ပန်းတိုင်များအဖြစ် သဘောထားမည်မဟုတ်သကဲ့သို့ သူ၏အယူအဆများ၊ သို့မဟုတ် သူစိတ်ကူးထင်မြင်ခဲ့သည့်အရာများကို သမ္မာတရားကဲ့သို့ လိုက်စားမည်လည်း မဟုတ်ပေ။ သူတွေးသည့်အရာသည် သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟုလည်းကောင်း သူယုံကြည်ခဲ့သည်။ သူက မှန်ကန်သည်ဟု ထင်မြင်ခဲ့သည့်အရာကို အသင်းတော်များရှိ ညီအစ်ကိုမောင်နှမများနှင့်လည်း မျှဝေခဲ့ပြီး ၎င်းတို့အတွင်းသို့ သွတ်သွင်းကာ လူတိုင်းအား သူပြောသည့် အဓိပ္ပာယ်မရှိသောအရာများကို လိုက်နာစေခဲ့သည်။ သခင်ယေရှု၏ စကားများကို သူ့ကိုယ်ပိုင်စကားများဖြင့် အစားထိုးခဲ့ပြီး သူ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်သည်ဆိုသည်ကို သက်သေခံရန် သူ၏ ဤအဓိပ္ပာယ်မရှိသောစကားများအား အသုံးပြုခဲ့သည်။ ဤသည်မှာ ပေါလုတွင်ရှိခဲ့သော ဒုတိယအကြီးစားအပြစ်မဟုတ်လော။ ဤပြဿနာသည် အလွန့်အလွန်ဆိုးဝါးလှပေတကား။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း

ပေါလုတွင် နောက်ထပ် ဆိုးရွားသော အပြစ်တစ်ခုရှိပြီး ယင်းမှာ သူ၏ အလုပ်ကို သူ၏စိတ်ပိုင်းဆိုင်ရာ အစွမ်းအစ၊ ပညာရေးအသိ၊ သဘောတရားဆိုင်ရာအသိအမြင်နှင့် သဘောတရားတို့အပေါ် လုံးလုံး အခြေခံ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ သဘာဝအနှစ်သာရနှင့် သက်ဆိုင်သောအရာတစ်ခုဖြစ်သည်။ ဤအရာကို သင်တို့ အနှစ်ချုပ်သင့်သည်။ ထို့နောက်တွင် ဤအရာများအပေါ် သူ၏သဘောထားကို ဆန်းစစ်သင့်သည်။ ဤသည်မှာ အလွန်အရေးပါပြီး အရေးကြီးသော အပြစ်တစ်ခု ဖြစ်သည်။ ပြီးလျှင် လူတို့နားလည်ရမည့်အရာတစ်ခု ဖြစ်သည်။...ပေါလုသည် မွေးကင်းစမှ မည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ (သူ၏ မွေးရာပါအရည်အချင်းများ ဖြစ်သည်။) ပေါလုသည် သဘာဝအလျောက် ပါးနပ်သည်။ စကားပြောဆိုရာတွင် ကျွမ်းကျင်သည်။ သူ့ကိုယ်သူ ကောင်းစွာ ဖော်ပြပြီး စင်ပေါ်တွင် ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်ပေ။ သူ၏ မွေးရာပါ အရည်အချင်းများ၊ ဆုကျေးဇူးများ၊ အသိဉာဏ်၊ စွမ်းဆောင်နိုင်စွမ်းများအပြင် သူ၏အသက်တာတစ်လျှောက်တွင် သူသင်ယူခဲ့သော အသိအမြင်တို့အကြောင်းအား ပြောခြင်းကို ယခု အာရုံစိုက်ကြစို့။ သူသည် စကားပြောဆိုရာ၌ ကျွမ်းကျင်သည်ဆိုသည့်အချက်က မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် မည်သည့်ပုံစံဖြင့် သူ့ကိုယ်သူ ထုတ်ဖော်ပြီး အသွင်ဆောင်သနည်း။ သူသည် အဆင့်မြင့်သော သဘောတရားများကို တောင်စဉ်ရေမရ ပြောဆိုရခြင်းအား နှစ်သက်သည်။ အလွန်လေးနက်သော ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒ၊ သဘောတရားများနှင့် အသိပညာ၊ လူတို့ မကြာခဏပြောဆိုသည့် သူ၏ ထင်ရှားသောစာသားများနှင့် အဆိုအမိန့်များအကြောင်းတို့ကို စဉ်ဆက်မပြတ် ပြောဆိုခဲ့သည်။ ပေါလု၏ စကားများကို အနှစ်ချုပ်သည့် စကားတစ်ခွန်းမှာ အဘယ်နည်း။ (အနှစ်မဲ့ခြင်းဖြစ်သည်။) အနှစ်မဲ့သော စကားများသည် လူတို့အတွက် အပြုသဘောဆောင်သလော။ ထိုစကားများကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် ရဲတင်းလာကြသော်လည်း အချိန်တစ်ခဏကြာပြီးနောက်တွင် ၎င်းတို့၏ အားမာန်တက်ကြွမှုက လျော့ပါးသွားသည်။ ပေါလုပြောဆိုသည့်အရာများသည် မရေမရာဖြစ်ပြီး အရိပ်ပမာဖြစ်သည်။ ခိုင်လုံသော အသုံးအနှုန်းများဖြင့် အမှန်တကယ် ချမပြနိုင်သောအရာများ ဖြစ်သည်။ သူပြောဆိုသည့် သဘောတရားများတွင် လက်တွေ့လုပ်ဆောင်ရန် မည်သည့်လမ်းကြောင်းကိုမျှ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် ဦးတည်ချက်ကို သင်ရှာမတွေ့နိုင်ပေ။ လက်တွေ့ဘဝတွင် သင်တိကျမှန်ကန်စွာ အသုံးချနိုင်သည့်အရာတစ်ခုကိုမျှ သင်ရှာမတွေ့နိုင်ပေ။ သဘောတရားများဖြစ်စေ၊ အခြေခံအုတ်မြစ်များဖြစ်စေ မည်သည့်အရာကမျှ လက်တွေ့ဘဝတွင် အသုံးချ၍မရနိုင်ပေ။ ဤအတွက်ကြောင့် သူပြောဆိုသည့် ဘာသာရေးသဘောတရားများနှင့် ဝိညာဉ်ရေးဆိုင်ရာအယူဝါဒသည် အနှစ်မရှိသော၊ လက်တွေ့မကျသော စကားများဖြစ်သည်ဟု ငါဆိုခြင်း ဖြစ်သည်။ ဤအရာများအား ပြောဆိုရာတွင် ပေါလု၏ ရည်မှန်းချက်မှာ အဘယ်နည်း။ လူအချို့က “သူသည် ပို၍များသောလူတို့အား စည်းရုံးသိမ်းသွင်းလိုသောကြောင့်၊ ၎င်းတို့အား သူ့ကို အထင်ကြီးပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်စေဖို့ လုပ်ဆောင်လိုသောကြောင့် ဤအရာများကို အစဉ်ပြောခြင်း ဖြစ်သည်။ သူသည် သခင်ယေရှု၏ နေရာကို ယူပြီး ပို၍များသောလူတို့အား ရရှိလိုသည်။ လူများစွာကို သူရရှိလျှင် သူသည် ကောင်းချီးမင်္ဂလာခံစားရမည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ ယနေ့ ငါတို့ပြောလိုသည့် အကြောင်းအရာဟုတ်သလော။ (မဟုတ်ပါ။) ပြုပြင်ခြင်းမခံရသေးသော၊ တရားစီရင်ခြင်း၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်း မခံရသေးသော၊ စမ်းသပ်မှုများ၊ သို့မဟုတ် စစ်ဆေးမှုကို မဖြတ်သန်းရသေးသော၊ သူကဲ့သို့ ဆုကျေးဇူးများရှိပြီး ဤသို့ ကြွားဝါပြီး သူပြသခဲ့သော အပြုအမူကို ပြသသည့် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရရှိသည်မှာ အလွန့်အလွန်ပင် ပုံမှန်သာဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းအရာကို ငါတို့ နှိုက်ချွတ်၍ စူးစမ်းမည်မဟုတ်။ မည်သည့်အရာကို ငါတို့ နှိုက်ချွတ်၍ စူးစမ်းမည်နည်း။ သူ၏ ဤပြဿနာ၏ အနှစ်သာရ၊ ဤအရာများကို သူလုပ်ဆောင်ခြင်းနောက်ကွယ်ရှိ အရင်းအမြစ်နှင့် အရင်းခံအကြောင်းအရင်း၊ ဤပုံစံဖြင့် လုပ်ဆောင်ရန် သူ့ကို လှုံ့ဆော်ခဲ့သည့်အရာတို့ ဖြစ်သည်။ ယနေ့ခေတ် လူတို့သည် သူပြောခဲ့သည့်အရာများအားလုံးကို အယူဝါဒ၊ သဘောတရားများ၊ ဓမ္မပညာဆိုင်ရာ အသိပညာ၊ မွေးရာပါဆုကျေးဇူးများ၊ သို့မဟုတ် အမှုအရာများအပေါ် သူကိုယ်တိုင်၏ အနက်ဖွင့်ဆိုမှုတို့အဖြစ် မြင်မည်ဖြစ်စေ၊ မမြင်မည်ဖြစ်စေ ယေဘုယျအားဖြင့်ဆိုလျှင် ပေါလု၏ အကြီးဆုံးပြဿနာသည် လူသား၏စိတ်မှ လာသည့်အရာများကို သမ္မာတရားအဖြစ် သဘောထားခဲ့ခြင်း ဖြစ်သည်။ ဤအတွက်ကြောင့် သူသည် လူတို့ကို စည်းရုံးသိမ်းသွင်းပြီး သွန်သင်ပေးရန်အတွက် ဤဓမ္မပညာဆိုင်ရာ သဘောတရားများကို ပြတ်သားစွာ၊ ရဲတင်းစွာ၊ ပွင့်လင်းစွာ အသုံးပြုဖို့ သတ္တိရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) သူသည် မည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်သနည်း။ သူ၏မွေးရာပါ ဆုကျေးဇူးများအပြင် အသက်တာတစ်လျှောက်တွင် သူသင်ယူခဲ့သော အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများတို့ကို ဖြစ်သည်။ သူ၏ ဓမ္မပညာဆိုင်ရာ သဘောတရားများကို ဆရာများထံမှ၊ ကျမ်းစာများကို ဖတ်ခြင်းမှ သင်ယူခဲ့ခြင်း ဖြစ်ပြီး သူနားလည်ကာ စိတ်ကူးထင်မြင်ခဲ့သည့်အရာမှလည်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် သူ၏လူသားနားလည်မှု၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို သမ္မာတရားအဖြစ် သဘောထားခဲ့သည်။ သို့သော် ဤသည်မှာ အဆိုးရွားဆုံး ပြဿနာမဟုတ်။ ပို၍ပင် ကြီးသော ပြဿနာတစ်ခုရှိသည်။ သူသည် ထိုအရာများကို သမ္မာတရားအဖြစ် သဘောထားခဲ့သည်။ သို့သော် ထိုအချိန်က ထိုအရာများသည် သမ္မာတရားဖြစ်သည်ဟု သူ ထင်မြင်ခဲ့သလော။ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ဟူသည့် အယူအဆ သူ့တွင်ရှိသလော။ (မရှိခဲ့ပါ။) ဤသို့ဆိုလျှင် သူသည် ထိုအရာများကို မည်သည့်အရာအဖြစ် သဘောထားခဲ့သနည်း။ (အသက်အဖြစ် သဘောထားခဲ့သည်။) သူသည် ထိုအရာများအားလုံးကို အသက်အဖြစ် သဘောထားခဲ့သည်။ တရားဒေသနာများကို သူဟောနိုင်လေလေ၊ သို့မဟုတ် အဆင့်မြင့်လေလေ သူ၏အသက်က ပို၍ ကြီးမြတ်လေလေဖြစ်မည်ဟု သူထင်ခဲ့သည်။ ထိုအရာများကို အသက်အဖြစ် သူ သဘောထားခဲ့သည်။ ဤသည်မှာ အရေးကြီးသောအမှုကိစ္စဟုတ်သလော။ (ဟုတ်သည်။ အရေးကြီးသည်။) ဤအရာသည် မည်သည့်သက်ရောက်မှုရှိသနည်း။ (သူလိုက်လျှောက်သည့် လမ်းကြောင်းပေါ်တွင် သက်ရောက်မှုရှိသည်။) ဤသည်မှာ တစ်ပိုင်းဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဤအရာများကို ရရှိခြင်းသည် သူ့ကို ကယ်တင်ခြင်းယူဆောင်ပေးမည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရသောအခွင့်ကိုရမည်ဟု သူထင်ခဲ့သည်။) ယင်းသည် ကောင်းချီးများရရှိခြင်းနှင့် သက်ဆိုင်သေးသည်။ သူ၏အသက်က ကြီးမြတ်လေလေ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံသို့ တက်ရန် သူ၏ အခွင့်အရေးက ကြီးမားလေလေဖြစ်သည်ဟု သူထင်ခဲ့သည်။ “ကောင်းကင်ဘုံသို့ တက်ခြင်း” ဟု ပြောသည့် အခြားနည်းလမ်းတစ်ခုမှာ အဘယ်နည်း။ (ဘုရားသခင်နှင့် ယှဉ်တွဲလျက် အုပ်စိုးပြီး အာဏာစွဲကိုင်ခြင်း ဖြစ်သည်။) ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတွင် သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် ယှဉ်တွဲလျက် အုပ်စိုးပြီး အာဏာစွဲကိုင်ရန် ဖြစ်သည်။ သို့သော် ဤသည်မှာ သူ၏ အဆုံးစွန်ပန်းတိုင်မဟုတ်။ နောက်တစ်ခုရှိသည်။ ထိုအကြောင်းကို သူပြောခဲ့သည်။ မည်သို့ ပြောခဲ့သနည်း။ (“အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁)) သူ့အနေဖြင့် အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏၊ သေလျှင်မူကား သာ၍အကျိုးရှိ၏ဟု သူဆိုခဲ့သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူသေဆုံးပြီးနောက်တွင် ဘုရားအဖြစ် ပြောင်းသွားမည်ဟု ဆိုလိုသလော။ သူ၏ ရည်မှန်းချက်သည် အကန့်အသတ်မရှိ။ သူ၏ ပြဿနာသည် အလွန်ဆိုးရွားသည်။ ဤသို့ဆိုလျှင် ပေါလု၏ အမှုကို ငါတို့ စိစစ်ခြင်းသည် မှားယွင်းသလော။ လုံးဝ မမှားယွင်းပေ။ သူ၏ ဆုကျေးဇူးများနှင့် သူသင်ယူခဲ့သော အသိပညာကို အသက်အဖြစ် သူ လုံးဝ သဘောမထားခဲ့သင့်ပေ။ ဤသည်မှာ သူ၏ တတိယအကြီးစား အပြစ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း

“ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလု။” ပေါလုသည် ဤစကားကို မကြာခဏ အသုံးပြုသည်။ ဤစကားသည် အချက်အလက်များစွာပါဝင်သော စကားဖြစ်သည်။ ပထမအနေဖြင့် ပေါလုသည် သခင်ယေရှုခရစ်တော်၏ တမန်တော်တစ်ပါးဖြစ်သည်ကို ငါတို့သိသည်။ ထို့ကြောင့် ပေါလု၏ ရှုထောင့်တွင် သခင်ယေရှုခရစ်တော်သည် မည်သူဖြစ်သနည်း။ သူသည် လူသားဖြစ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဒုတိယဖြစ်သည်။ ပေါလုသည် သခင်ယေရှုခရစ်တော်အား အရှင်သခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟု ခေါ်သည်ဖြစ်စေ သူ၏ ရှုထောင့်တွင် ကမ္ဘာပေါ်ရှိ ခရစ်တော်သည် ဘုရားမဟုတ်ဘဲ လူတို့ကို သွန်သင်ပေးကာ သူ့နောက်သို့လိုက်အောင်လုပ်နိုင်သောလူတစ်ယောက်ဖြစ်သည်။ ဤသို့သောသူတစ်ဦး၏ တမန်တော်အဖြစ် ပေါလု၏ အလုပ်သည် အဘယ်နည်း။ ဧဝံဂေလိဝေမျှရန်၊ အသင်းတော်များဆီသို့ သွားရောက်လည်ပတ်ရန်၊ တရားဒေသနာများ ဟောကြားရန်နှင့် စာများရေးရန် ဖြစ်သည်။ သူသည် ဤအရာများကို သခင်ယေရှုခရစ်တော်ကိုယ်စား လုပ်ဆောင်နေသည်ဟု ယုံကြည်ခဲ့သည်။ သူ၏ စိတ်နှလုံးတွင် “ကျွန်ုပ်သည် ကိုယ်တော် မသွားနိုင်သည့်နေရာသို့ သွားခြင်းအားဖြင့် ကိုယ်တော့်ကို ကူညီမည်။ ကိုယ်တော်မသွားလိုသည့်နေရာများတွင် ကိုယ်တော့်ကိုယ်စား ကျွန်ုပ်ကြည့်ပေးမည်” ဟု တွေးသည်။ ဤသည်မှာ ပေါလု၏ တမန်တော်တစ်ပါးနှင့်သက်ဆိုင်သည့် အယူအဆဖြစ်သည်။ သူ့စိတ်ရှိ အဆင့်အတန်းတွင် သူနှင့် သခင်ယေရှုနှစ်ဦးလုံးသည် သာမန်လူများဖြစ်သည်။ သူကိုယ်တိုင်နှင့် သခင်ယေရှုခရစ်တော်ကို တန်းတူညီသည်၊ လူသားများဖြစ်သည်ဟု မြင်ခဲ့သည်။ သူ့စိတ်တွင် ၎င်းတို့၏ နေရာကြားတွင် အခြေခံအားဖြင့် ကွာခြားမှုမရှိသကဲ့သို့ ၎င်းတို့၏ အမှုတော်ဆောင်ခြင်းများကို မဆိုထားနှင့် ၎င်းတို့၏ ပင်ကိုလက္ခဏာများ၌ပင် ကွာခြားမှုမရှိ။ ၎င်းတို့၏ အမည်၊ အသက်၊ မိသားစုအခြေအနေများနှင့် နောက်ခံများသာ ကွာခြားသည်။ ပြီးလျှင် ၎င်းတို့၌ မတူညီသော အပြင်ပန်းဆိုင်ရာ ဆုကျေးဇူးများနှင့် အသိပညာတို့ရှိသည်။ ပေါလု၏ စိတ်တွင် သူသည် အခြားပုံစံတိုင်းတွင် သခင်ယေရှုခရစ်တော်နှင့် တူညီပြီး လူသားဟုလည်း သူ့ကို ခေါ်ဆိုနိုင်သည်ဟူ၍ ဖြစ်သည်။ သူသည် သခင်ယေရှုခရစ်တော်၏ ဒုတိယဖြစ်ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူသည် သခင်ယေရှု၏ တမန်တော်ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် သခင်ယေရှုခရစ်တော်၏ တန်ခိုးအာဏာကို အသုံးချခဲ့ပြီး သခင်ယေရှုခရစ်တော်က သူ့အား အသင်းတော်များဆီသို့ လည်ပတ်ကာ အသင်းတော်အလုပ်လုပ်စေရန် စေလွှတ်ခြင်းကို ခံရသည်။ ဤသည်မှာ တမန်တော်အနေဖြင့် သူ၏ နေရာနှင့် ပင်ကိုလက္ခဏာဖြစ်သည်ဟု ပေါလုယုံကြည်ခဲ့သည့်အရာ ဖြစ်သည်။ ဤသည်မှာ သူအနက်အဓိပ္ပာယ်ဖွင့်ဆိုသည့် ပုံစံ ဖြစ်သည်။ ထို့အပြင် “ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလု” ဟူသည့် စကား၏ အဆုံးမတိုင်မီ စကားမှာ “ခန့်ထားသော” ဖြစ်သည်။ ဤစကားမှနေ၍ ပေါလု၏ စိတ်နေစိတ်ထားကို ငါတို့ မြင်နိုင်သည်။ သူသည် အဘယ်ကြောင့် “ဘုရားသခင်၏အလိုတော်အားဖြင့်…ခန့်ထားသော” ဟူသည့် စကားလုံးများကို အသုံးပြုခဲ့သနည်း။ သခင်ယေရှုခရစ်တော်က သူ၏တမန်တော်ဖြစ်ရန် သူ့အား ခန့်ထားသည်ဟု သူမထင်ခဲ့ပေ။ သူက “သခင်ယေရှုသည် ငါ့အား မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အမိန့်ပေးရန် အာဏာမရှိ။ ငါသည် သူအမိန့်ပေးသည့်အတိုင်း လုပ်ဆောင်မည်မဟုတ်။ သူ့အတွက် မည်သည့်အရာကိုမျှ ငါလုပ်ဆောင်မည်မဟုတ်။ ဤထက် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အလိုတော်မှတစ်ဆင့် ဤအရာများကို ငါလုပ်ဆောင်နေခြင်း ဖြစ်သည်။ ငါသည် သခင်ယေရှုခရစ်တော်နှင့် တူညီသည်” ဟူ၍ တွေးခဲ့သည်။ ဤသည်မှာ အခြားသောအရာတစ်ခုကို ညွှန်ပြသည်။ ပေါလုက သခင်ယေရှုခရစ်တော်သည် သူ့ကဲ့သို့ပင် လူသားဖြစ်သည်ဟု ထင်ခဲ့သည်။ “ဘုရားသခင်၏အလိုတော်အားဖြင့်…ခန့်ထားသော” ဟူသည့် စကားလုံးများသည် ပေါလုက သူ၏စိတ်နှလုံးအတွင်းထဲရှိ သခင်ယေရှုခရစ်တော်၏ ပင်ကိုလက္ခဏာကို ငြင်းဆန်ပြီး သံသယဖြစ်ပုံကို ထုတ်ဖော်ပြသည်။ ပေါလုက သူသည် ဘုရားသခင်၏ အလိုတော်အားဖြင့် သခင်ယေရှုခရစ်တော်၏ တမန်တော်တစ်ယောက် ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်က သူ့အား စေခိုင်းခဲ့သည်၊ သူ့အား ဘုရားသခင်က စီမံပြီး ချမှတ်ပေးခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်က သူ့ကို ခန့်ထားပြီး အလိုတော်ရှိသောကြောင့် သူက သခင်ယေရှုခရစ်တော်၏ တမန်တော်ဖြစ်လာခဲ့သည်ဟုလည်းကောင်း ဆိုခဲ့သည်။ ပေါလု၏ စိတ်တွင် ယင်းမှာ သူကိုယ်တိုင်နှင့် သခင်ယေရှုခရစ်တော်ကြားရှိ ဆက်ဆံရေး ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ အဆိုးဆုံးအပိုင်းပင် မဟုတ်သေးပေ။ အဆိုးဆုံးအပိုင်းမှာ အဘယ်နည်း။ ပေါလုက သူသည် ဘုရားသခင်၏ အလိုတော်အားဖြင့် သခင်ယေရှုခရစ်တော်၏ တမန်တော်ဖြစ်ခဲ့သည်၊ သခင်ယေရှုခရစ်တော်၏ အလိုတော်အားဖြင့် မဟုတ်ဟုလည်းကောင်း၊ သူ့ကို ခန့်ထားသည်မှာ သခင်ယေရှုမဟုတ်ဘဲ သူ့အား လုပ်ဆောင်ရန်ခိုင်းစေခဲ့သော ကောင်းကင်ဘုံမှ ဘုရားသခင်ဖြစ်သည်ဟုလည်းကောင်း ထင်ခြင်း ဖြစ်သည်။ သူက သူ့အား သခင်ယေရှုခရစ်တော်၏ တမန်တော်တစ်ပါး ဖြစ်အောင်ပြုလုပ်ပေးရန် မည်သူကမျှ တန်ခိုး၊ သို့မဟုတ် အရည်အချင်းများ မရှိဟုလည်းကောင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည်သာ ထိုတန်ခိုး ရှိသည်ဟုလည်းကောင်း၊ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်က တိုက်ရိုက်လမ်းပြခြင်းကို ခံရခြင်းဖြစ်သည်ဟုလည်းကောင်း ထင်မြင်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ မည်သည့်အရာကို ညွှန်ပြသနည်း။ ပေါလု၏ စိတ်နှလုံးအတွင်းထဲတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် နံပါတ်တစ်ဖြစ်ပြီး သူကိုယ်တိုင်က နံပါတ်နှစ်ဖြစ်သည်ဟု သူယုံကြည်သည်ကို ညွှန်ပြသည်။ ဤသို့ဆိုလျှင် သခင်ယေရှုကို မည်သည့်နေရာတွင် သူထားသနည်း။ (သူကိုယ်တိုင်နှင့် တူညီသည့်နေရာတွင် ထားသည်။) ဤသည်မှာ ပြဿနာ ဖြစ်သည်။ သူ၏ နှုတ်ဖြင့် သူသည် သခင်ယေရှုက ခရစ်တော်ဖြစ်သည်ဟု ထုတ်ဖော်ပြောသော်လည်း ခရစ်တော်၏ အနှစ်သာရက ဘုရားသခင်၏ အနှစ်သာရဖြစ်သည်ကို မသိမြင်ပေ။ ခရစ်တော်နှင့် ဘုရားသခင်ကြားရှိ ဆက်နွှယ်မှုကို သူ နားမလည်ခဲ့ပေ။ အလွန်ဆိုးရွားသောပြဿနာတစ်ခုကို ဖြစ်စေခဲ့သည်မှာ ဤနားလည်မှု ကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။ ယင်းမှာ မည်သည့်ပုံစံဖြင့် ဆိုးရွားသနည်း။ (သခင်ယေရှုက လူ့ဇာတိခံဘုရားသခင်ဖြစ်သည်ကို သူ ဝန်မခံခဲ့ပါ။ သခင်ယေရှုကို သူငြင်းဆန်ခဲ့သည်။) ဟုတ်သည်။ ယင်းသည် အလွန်ပင် ဆိုးရွားသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်သည်ကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ကောင်းကင်ဘုံမှ ကမ္ဘာမြေသို့ ကြွဆင်းလာသောအခါတွင် ဘုရားသခင်၏ လူ့ဇာတိဖြစ်သည်ကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်ကိုလည်းကောင်း သူ ငြင်းဆန်ခဲ့သည်။ ဤသည်မှာ ပေါလုက ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ ဖြစ်တည်မှုကို ငြင်းဆန်ခဲ့သည်ဟု သွယ်ဝိုက်မညွှန်းဆိုသလော။ (ညွှန်းဆိုပါသည်။) ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ ဖြစ်တည်မှုကို သူငြင်းဆန်လျှင် သူသည် သခင်ယေရှု၏စကားများကို အသိအမှတ်ပြုနိုင်သလော။ (အသိအမှတ်မပြုနိုင်ပါ။) သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အသိအမှတ်မပြုခဲ့လျှင် ယင်းကို လက်ခံနိုင်ခဲ့သလော။ (လက်မခံနိုင်ခဲ့ပါ။) သူသည် သခင်ယေရှုခရစ်တော်၏ စကားများ၊ သွန်သင်မှုများ၊ သို့မဟုတ် ပင်ကိုလက္ခဏာကို လက်မခံခဲ့ပေ။ ထို့ကြောင့် သခင်ယေရှုခရစ်တော်၏ အလုပ်ကို သူ လက်ခံနိုင်ခဲ့သလော။ (လက်မခံနိုင်ခဲ့ပါ။) သခင်ယေရှုခရစ်တော် လုပ်ဆောင်ခဲ့သောအမှုကို သူလက်မခံခဲ့ပေ၊ သို့မဟုတ် သခင်ယေရှုခရစ်တော်က ဘုရားဖြစ်သည်ဆိုသည့်အချက်ကို လက်မခံခဲ့ပေ။ သို့တိုင်အောင် ဤသည်မှာ အဆိုးဆုံးအပိုင်းမဟုတ်။ အဆိုးဆုံးအပိုင်းမှာ အဘယ်နည်း။ လွန်ခဲ့သော နှစ်နှစ်ထောင်က သခင်ယေရှုသည် အားလုံးထဲတွင် အကြီးဆုံးသောအမှုကို လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာခဲ့သည်။ ကျေးဇူးတော်ခေတ်ရှိ ရွေးနုတ်ခြင်းအမှုဖြစ်သည်။ သူသည်လူ့ဇာတိခံပြီး အပြစ်ရှိသောဇာတိပကတိ၏ ပုံသဏ္ဌာန်ဖြစ်လာကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် သံမှိုစွဲခံခဲ့သည်။ ဤသည်မှာ ကြီးမားသောအမှု ဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်တိုင်အောင် ပေါလုက ခေါင်းမာစွာဖြင့် ငြင်းဆန်ခဲ့သည်။ သခင်ယေရှုလုပ်ဆောင်ခဲ့သည့် ရွေးနုတ်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ခဲ့သည်ကို သူငြင်းဆန်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် ရွေးနုတ်ခြင်းအမှုကို ဖြစ်မြောက်နှင့်ပြီးဖြစ်သည်ဆိုသည့်အချက်ကို ငြင်းဆန်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သလော။ အလွန့်အလွန် ဆိုးရွားသည်။ သခင်ယေရှုခရစ်တော်၏ ကားစင်တင်ခြင်း၏ အမှန်တရားကို ပေါလုက နားလည်ရန် အားမထုတ်ခဲ့ရုံမကဘဲ ဝန်ခံခြင်းလည်းမရှိခဲ့ပေ။ ပြီးလျှင် ဝန်မခံခြင်းသည် ငြင်းဆန်ခြင်း ဖြစ်သည်။ ကားစင်တင်ခံပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခဲ့သည်မှာ ဘုရားသခင်ဖြစ်သည်ကို သူဝန်မခံသကဲ့သို့ ဘုရားသခင်က လူသားမျိုးနွယ်အားလုံးအတွက် အပြစ်ဖြေရာယဇ်အဖြစ် အသုံးတော်ခံခဲ့သည်ကိုလည်း ဝန်မခံခဲ့ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုကိုပြုပြီးနောက်တွင် လူသားမျိုးနွယ်တစ်ရပ်လုံး ရွေးနုတ်ခြင်းခံရသည်ကို ဝန်မခံသည်ကိုဖြစ်စေ၊ ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်ကိုဖြစ်စေ ပေါလု ဝန်မခံသည်ကို သွယ်ဝိုက်ညွှန်းဆိုသည်။ တစ်ချိန်တည်းတွင် သူ၏ အပြစ်များ ခွင့်လွှတ်ခြင်းမခံရသေးဟု ထင်ခဲ့သည်။ သခင်ယေရှုက လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သည့်အချက်ကို သူဝန်မခံခဲ့ပေ။ သူ၏ ရပ်တည်ချက်မှကြည့်လျှင် ယင်းတို့အားလုံးသည် ဖျောက်ဖျက်ခြင်းခံရပြီးဖြစ်သည်။ ဤသည်မှာ အဆိုးရွားဆုံးပြဿနာဖြစ်သည်။ ပေါလုသည် လွန်ခဲ့သည့် နှစ်နှစ်ထောင်တွင် အကြီးဆုံးသော အန္တိခရစ်ဖြစ်သည်ဟု ယခုပင် ငါပြောခဲ့သည်။ ဤအချက်ကို ထုတ်ဖော်ပြီး ဖြစ်သည်။ ဤအချက်များသည် ကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်းမရှိဘဲ ဘုရားသခင်က ပေါလုသည် ဘုရားကို အာခံပြီး အန္တိခရစ်တစ်ဦးဖြစ်သည်ဟု ဆိုလျှင် လူတို့က ယုံမည်လော။ ၎င်းတို့ လုံးဝ ယုံမည်မဟုတ်။ ကံကောင်းစွာဖြင့် ကျမ်းစာတွင် ပေါလု၏စာများကို မှတ်တမ်းတင်ထားသည်။ ထိုစာများတွင် အဖြစ်မှန်သက်သေရှိသည်။ ဤသို့မဟုတ်လျှင် ငါပြောသည့်အရာကို ပံ့ပိုးပေးရန် မည်သည့်အရာမျှ ရှိမည်မဟုတ်ဘဲ သင်တို့က လက်မခံခြင်း ဖြစ်နိုင်သည်။ ယခုတွင် ပေါလု၏စကားများကို ငါတို့ထုတ်ယူပြီး ဖတ်သောအခါ ပေါလုက သခင်ယေရှုပြောခဲ့သည့်အရာများအားလုံးကို မည်သို့ရှုမြင်ခဲ့သနည်း။ ပေါလုသည် သခင်ယေရှုပြောခဲ့သည့်အရာများက သူ၏ ကိုယ်ပိုင်ဘာသာရေးအယူဝါဒများထဲမှ တစ်ခုဖြင့်ပင် ညီမျှခြင်းမရှိဟု ထင်မြင်သည်။ ထို့ကြောင့် သခင်ယေရှုက ဤကမ္ဘာမှ ထွက်ခွာသွားပြီးနောက်တွင် ပေါလုက ဧဝံဂေလိဖြန့်ခြင်း၊ အမှုပြုခြင်း၊ တရားဟောခြင်းနှင့် အသင်းတော်များကို ထိန်းကျောင်းခြင်းတို့ လုပ်ဆောင်သော်လည်း သခင်ယေရှု၏ စကားများကို လက်တွေ့လုပ်ဆောင်ဖို့၊ သို့မဟုတ် တွေ့ကြုံခံစားဖို့မဆိုထားနှင့်၊ လုံးဝပင် မဟောပြောခဲ့ပေ။ ထိုအစား ဓမ္မဟောင်းကျမ်းအပေါ် သူကိုယ်တိုင်၏ နားလည်မှုကို ဟောကြားသည်။ ယင်းမှာ ခေတ်နောက်ကျပြီး အနှစ်မရှိသော စကားများ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ထောင်တွင် သခင့်ကိုယုံကြည်သူတို့သည် ကျမ်းစာနှင့်အညီ လုပ်ဆောင်ကြသည်။ ပြီးလျှင် ၎င်းတို့လက်ခံသမျှတိုင်းသည် ပေါလု၏ အနှစ်မရှိသော သဘောတရားများ ဖြစ်သည်။ ရလဒ်အနေဖြင့် လူတို့သည် နှစ်နှစ်ထောင်ကြာ သူ၏ ကြောင်းကျိုးမမြင်ဖြစ်စေခြင်းကို ခံနေခဲ့ကြရလေ၏။ သင်က ပေါလုမှားသည်ဟု ယနေ့ခေတ်ဘာသာရေးသမား အုပ်စုတစ်စုကို ပြောလျှင် ၎င်းတို့က ကန့်ကွက်ပြီး လက်ခံမည်မဟုတ်။ ၎င်းတို့အားလုံးက ပေါလုကို အထင်ကြီးလေးစားသောကြောင့် ဖြစ်သည်။ ပေါလုက ၎င်းတို့ အလွန်လေးစားအားကျရသောသူဖြစ်ပြီး ၎င်းတို့ကို တည်ထောင်ပေးခဲ့သော ဖခင်ကြီးဖြစ်သည်။ ၎င်းတို့က ပေါလု၏ သားသမီးဝတ်ကျေပွန်သောသားများနှင့် သားစဉ်မြေးဆက်များဖြစ်ကြသည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ အထင်အမြင်မှားအောင် လုပ်ခြင်း ခံရသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ဆန့်ကျင်လျက် ပေါလုနှင့် တူညီသောဘက်တွင် ရပ်တည်နေကြပြီဖြစ်သည်။ ၎င်းတို့တွင် ပေါလုကဲ့သို့ တူညီသောအမြင်များ၊ တူညီသောသဘာဝအနှစ်သာရ၊ တူညီသောလိုက်စားမှု နည်းလမ်းတို့ရှိကြသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ လုံးလုံးလျားလျား ဖြစ်သွားကြသည်။ ဤသည်မှာ ပေါလု၏ စတုတ္ထမြောက် အကြီးစားအပြစ်ဖြစ်သည်။ ပေါလုသည် သခင်ယေရှုခရစ်တော်၏ ပင်ကိုလက္ခဏာကို ငြင်းဆန်ခဲ့ပြီး ပညတ်တော်ခေတ်ပြီးနောက် ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုကို ငြင်းဆန်ခဲ့သည်။ ဤသည်မှာ အဆိုးဆုံးသောအရာ ဖြစ်သည်။ အခြားဆိုးရွားသောအရာမှာ သူသည် သခင်ယေရှုခရစ်တော်နှင့် တူညီသော အဆင့်တွင် သူ့ကိုယ်သူထားရှိခြင်း ဖြစ်သည်။ ပေါလုအသက်ရှင်ခဲ့သော ခေတ်တွင် သခင်ယေရှုခရစ်တော်ကို တွေ့ခဲ့သော်လည်း သူ့ကို ဘုရားသခင်အဖြစ် ပေါလု မမြင်ခဲ့ပေ။ ထိုအစား သူသည် သခင်ယေရှုခရစ်တော်ကို သာမန်လူတစ်ယောက်ကဲ့သို့၊ သူသည် နောက်ထပ် လူသားမျိုးနွယ်ဝင်တစ်ဦးသက်သက်ကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော လူသားများကဲ့သို့ တူညီသော သဘာဝအနှစ်သာရရှိသည့်လူတစ်ဦးကဲ့သို့ သဘောထားခဲ့သည်။ ပေါလုသည် သခင်ယေရှုအား ဘုရားသခင်ကဲ့သို့ သဘောထားဖို့မဆိုထားနှင့် ခရစ်တော်အဖြစ်ဖြင့်ပင် မည်သည့်ပုံစံနှင့်မျှ သဘောမထားခဲ့ပေ။ ဤသည်မှာ အလွန်ဆိုးရွားသောကိစ္စဖြစ်သည်။ ဤသို့ဆိုလျှင် ပေါလုသည် အဘယ်ကြောင့် ဤသို့လုပ်ဆောင်သနည်း။ (လူ့ဇာတိခံဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရအား ပိုင်ဆိုင်သည်ကို သူမသိမြင်ခဲ့ပါ။ ထို့ကြောင့် သခင်ယေရှုခရစ်တော်ကို ဘုရားအဖြစ် သဘောမထားခဲ့ပါ။) (သူသည် သခင်ယေရှု၏စကားများကို သမ္မာတရားအဖြစ် မမြင်သကဲ့သို့ သခင်ယေရှုခရစ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ကိုလည်း မမြင်ခဲ့ပါ။) (အပေါ်ယံတွင် ပေါလုသည် သခင်ယေရှုကို ယုံကြည်ဟု ဖွင့်ဟခဲ့သော်လည်း သူအမှန်တကယ်ယုံကြည်သည်မှာ ကောင်းကင်ဘုံရှိ မရေရာသော ဘုရားဖြစ်သည်။) (သမ္မာတရားကို သူမရှာဖွေခဲ့ပါ။ ထို့ကြောင့် သူသည် ခရစ်တော်က သမ္မာတရားနှင့် အသက်ဖြစ်သည်ကို သဘောပေါက်နိုင်စွမ်းမရှိပါ။) ဆက်၍ ပြောလော့။ (ပေါလုက သူ့အနေဖြင့် အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်သည်ဟု ပြောခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်လိုပြီး သခင်ယေရှုကို အစားထိုးလိုသည်။) သင်တို့ပြောသမျှတိုင်းက အချက်အလက်များနှင့် ကိုက်ညီသည်။ ပေါလုက သူကိုယ်တိုင် ပြခဲ့သည့် ပုံစံတစ်ခုစီသည်၊ သူ၏ အပြစ်တစ်ခုစီသည် ယခင်ထက်ပို၍ ဆိုးရွားသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း

ပေါလုပြောခဲ့သည့် “ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” ဟူသည့် ဤစကားကို စိစစ်ကြစို့။ ဤစကားများသည် အထင်ကြီးဖွယ်ဖြစ်သော စကားများဖြစ်သည်။ သူရွေးချယ်ခဲ့သည့် စကားများကို ကြည့်လော့။ “ဓမ္မသရဖူ” ပုံမှန်အားဖြင့် “သရဖူ”ဟူသည့် စကားကိုယ်၌ကို သုံးရန်မှာ အလွန်ရဲတင်းသည်။ သို့သော် သရဖူတစ်ခုကို အဓိပ္ပာယ်သတ်မှတ်ရန် အထူးပြုသော ဖော်ပြချက်တစ်ခုအနေဖြင့် “ဓမ္မ”ဆိုသည်ကို မည်သူသုံးရဲသနည်း။ ပေါလုသာ ဤစကားကို သုံးရဲသည်။ သူ အဘယ်ကြောင့် သုံးခဲ့သနည်း။ ဤစကားသည် ဇာစ်မြစ်တစ်ခုရှိပြီး ဂရုတစိုက်ရွေးချယ်ထားခြင်း ဖြစ်သည်။ သူ၏စကားများနောက်ကွယ်တွင် လေးနက်သော သွယ်ဝိုက်ညွှန်းဆိုမှုများရှိသည်။ မည်သည့် သွယ်ဝိုက်ညွှန်းဆိုမှုများနည်း။ (သူသည် ဤစကားဖြင့် ဘုရားသခင်ကို အကျပ်ကိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။) ဘုရားသခင်ကို အကျပ်ကိုင်လိုခြင်းသည် ဤအရာ၏ အချက်တစ်ခု ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ အသေအချာပင် အပေးအယူတစ်ခု ပြုလုပ်ရန်ဖြစ်ပြီး ထိုအပေးအယူအပေါ် ဘုရားသခင်နှင့် သတ်မှတ်ချက်များပြုလုပ်ဖို့ ကြိုးစားသည့် အရိပ်အယောင်တစ်ခုလည်း ရှိသည်။ ဤအရာအပြင် သူ့အနေဖြင့် ဤဓမ္မသရဖူအကြောင်းကို အစဉ်ဟောကြားရခြင်း အကြောင်းရင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိသလော။ (သူသည် လူတို့ကို လမ်းလွဲအောင်လုပ်ဆောင်လိုသည်။ သူသည် သရဖူမရလျှင် ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟု လူတို့က ထင်မြင်အောင်လုပ်ဆောင်လိုသည်။) သူသည် ဤအရာကို တရားဟောခြင်းတွင် လှုံ့ဆော်ပြီး အထင်အမြင်မှားစေသော အရည်အသွေးတစ်ခုရှိသည်။ ပြီးလျှင် ဤအရာသည် ပေါလု၏ ဆန္ဒများနှင့် ရည်မှန်းချက်များဖြင့် ဆက်စပ်နေသည်။ ဓမ္မသရဖူကို ရယူလိုသည့် သူ၏လိုအင်ဆန္ဒကို နောက်ဆုံးတွင် ဖြစ်မြောက်စေပြီး ပြည့်စုံရန်အတွက် ထိုအကြောင်းကို နေရာတကာတွင်ဟောသည့် နည်းဗျူဟာကို အသုံးပြုခဲ့သည်။ တစ်ဖက်တွင် ဤစကားများကို ဟောကြားခြင်း၌ သူ၏ ပန်းတိုင်မှာ လူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေရန် ဖြစ်သည်။ နားထောင်နေသောသူတို့အထဲသို့ သီးသန့်အတွေးတစ်ခု သွတ်သွင်းရန် ဖြစ်သည်။ အတိအကျဆိုရသော် “မိမိကိုယ်ကို အလွန်အသုံးခံသော၊ အလွန်လှည့်လည်ခရီးသွားသော၊ ငါလုပ်ဆောင်သည့်ပုံစံအတိုင်း လိုက်စားသော ငါကဲ့သို့သောသူတစ်ယောက်သည် ဓမ္မသရဖူကို ရနိုင်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤအရာကို နားထောင်ပြီးနောက်တွင် ပေါလုကဲ့သို့သောသူတစ်ဦးက သရဖူရရှိလျှင်သာ ဘုရားသခင်က ဖြောင့်မတ်သည်ဟု လူတို့က အလိုအလျောက် ခံစားမိသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ လိုက်စားရမည်၊ လှည့်လည်ခရီးသွားရမည်၊ မိမိတို့ကိုယ်ကို အသုံးခံရမည်ဟုလည်းကောင်း၊ သခင်ယေရှုကို နားထောင်၍မရဟုလည်းကောင်း၊ ပေါလုသည် စံဖြစ်သည်၊ သူသည် သခင်ဖြစ်သည်၊ သူသည် လူတို့လျှောက်သင့်သည့် ဦးတည်ချက်နှင့် ပန်းတိုင်ဖြစ်သည်ဟုလည်းကောင်း ခံစားမိကြသည်။ လူတို့သည် ပေါလုလုပ်ဆောင်သည့်ပုံစံအတိုင်း အမှုအရာများကို လုပ်ဆောင်လျှင် ၎င်းတို့သည် သူကဲ့သို့ သရဖူမျိုး၊ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို ရရှိမည်ဟုလည်း ထင်ကြသည်။ တစ်ဖက်တွင် ပေါလုသည် လူတို့အား လှုံ့ဆော်ပြီး အထင်အမြင်မှားစေသည်။ အခြားတစ်ဖက်တွင် သူ့၌ အန္တရာယ်အပေးနိုင်ဆုံး ပန်းတိုင်တစ်ခုရှိသည်။ သူ၏ စိတ်နှလုံးအတွင်းထဲ၌ သူသည် “သရဖူကို ငါမရသည့် ဖြစ်နိုင်ခြေနည်းသော အခြေအနေများတွင်၊ ငါ၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုနှင့် ငါ၏ ကိုယ်ပိုင်လိုရာဆွဲတွေးခြင်းသက်သက်သာ ဖြစ်နေသည့် အခြေအနေတွင် ဤသည်မှာ ခရစ်တော်ကို ယုံကြည်သော ငါအပါအဝင် လူတိုင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် လမ်းလွဲခဲ့သည်ဟူသည့် သဘောဖြစ်လိမ့်မည်။ ဤသည်မှာ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်မရှိဟူသည့် သဘောဖြစ်လိမ့်မည်။ ဘုရားသခင်၊ ကျွန်ုပ်သည်လည်း ကောင်းကင်ဘုံရှိ ကိုယ်တော်၏ ဖြစ်တည်မှုကို ငြင်းဆန်မည်။ ပြီးလျှင် ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ကိုယ်တော်လုပ်ဆောင်နိုင်မည်မဟုတ်” ဟု တွေးသည်။ သူက သွယ်ဝိုက်၍ ဆိုလိုသည်မှာ “ဤသရဖူကို ကျွန်ုပ်မရလျှင် ညီအစ်ကိုမောင်နှမများက ကိုယ်တော်ကို ငြင်းဆန်လိမ့်မည်သာမက ကျွန်ုပ် လှုံ့ဆော်ခဲ့သော၊ ဤစကားများကို သိသောသူအားလုံးကို ကိုယ်တော်မရရှိစေရန် ကျွန်ုပ်တားဆီးမည်။ ၎င်းတို့ကိုလည်း ကိုယ်တော်ကို မရရှိစေရန် ကျွန်ုပ် တားဆီးမည်။ ပြီးလျှင် တစ်ချိန်တည်းတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်အဖြစ် ကိုယ်တော်၏ ဖြစ်တည်မှုကို ကျွန်ုပ် ငြင်းဆန်မည်။ ကိုယ်တော်သည် မဖြောင့်မတ်။ ကျွန်ုပ် ပေါလုသည် သရဖူတစ်ခု မရနိုင်လျှင် မည်သူကမျှ မရသင့်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပေါလု၏ အန္တရာယ်ပေးသော အပိုင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူမဟုတ်သလော။ ဤသည်မှာ အန္တိခရစ် မကောင်းဆိုးဝါးတစ်ကောင်၏ အပြုအမူဖြစ်သည်။ လှုံ့ဆော်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ လူတို့ကို သွေးဆောင်ဖြားယောင်းခြင်းအပြင် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်းဖြင့် ဆူညံစွာ တောင်းဆိုခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ဖြစ်သည်။ သူ၏ စိတ်နှလုံးအတွင်းထဲတွင် ပေါလုက “ငါသည် သရဖူကို မရလျှင် ဘုရားသခင်သည် မဖြောင့်မတ်။ သရဖူကို ရလျှင် ထိုအခါမှသာ ယင်းသည် ဓမ္မသရဖူဖြစ်ပြီး ထိုအခါမှသာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက အမှန်ပင် ဖြောင့်မတ်သည်” ဟု တွေးသည်။ ဤသည်မှာ သူ၏ “ဓမ္မသရဖူ” ၏ ဇာစ်မြစ် ဖြစ်သည်။ ဤအရာအားဖြင့် သူသည် မည်သည့်အရာကို လုပ်ဆောင်နေခဲ့သနည်း။ သူသည် ဘုရားသခင်နောက်သို့လိုက်သော သူတို့ကို ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ပြီး အထင်အမြင်မှားအောင်ပြုလုပ်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်းဖြင့် ဆူညံစွာ တောင်းဆိုပြီး ဆန့်ကျင်ရန် ဤနည်းလမ်းများကို အသုံးပြုနေသည်။ တစ်နည်းအားဖြင့် သူ၏ အပြုအမူသည် ပုန်ကန်မှုတစ်ခုဖြစ်သည်။ ယင်း၏ သဘာဝမှာ အဘယ်နည်း။ အပေါ်ယံတွင် ပေါလုအသုံးပြုသည့် စကားများသည် ရည်မွန်ပြီး သင့်လျော်သည့် ပုံစံရှိသည်။ ယင်းတို့တွင် မှားယွင်းသည့် မည်သည့်အရာမျှ မရှိသည့်ပုံစံရှိသည်။ ဓမ္မသရဖူကို ရယူပြီး ကောင်းချီးခံစားရရန်အတွက် ဘုရားသခင်ကို မည်သူက မယုံကြည်မည်နည်း။ အနည်းဆုံးအနေဖြင့် အစွမ်းအစမရှိသည့် လူတို့သည်ပင် ကောင်းကင်ဘုံသို့ရောက်ရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ထိုနေရာတွင် လမ်းများကို တံမြက်စည်းလှဲရန်၊ သို့မဟုတ် တံခါးဝတွင် စောင့်ရန် ခိုင်းစေခြင်းခံရလျှင်ပင် ပျော်ရွှင်လိမ့်မည်။ ဘုရားသခင်အပေါ် ယုံကြည်မှုတွင် ဤရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိခြင်းသည် သင့်လျော်ပြီး နားလည်နိုင်ဖွယ်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ပေါလု၏ တစ်ခုတည်းသော ရည်မှန်းချက်မဟုတ်။ သူသည် သူ၏ဓမ္မသရဖူအကြောင်း ဟောခြင်းနှင့်ပတ်သက်လျှင် များစွာ အားထုတ်သည်။ အားအင်များစွာကို အသုံးချသည်။ အလွန်ပင် ရေးကြီးခွင့်ကျယ်လုပ်သည်။ ပေါလုပြောသည့်အရာများသည် သူ၏ မလိုမုန်းထားသော သဘာဝကို ဖော်ထုတ်ပြသည့်အပြင် သူကိုယ်တိုင်၏ အတွင်းထဲတွင် ပုန်းကွယ်နေသော၊ မှောင်မိုက်သောအရာများကိုပါ ဖော်ထုတ်ပြသည်။ ထိုအချိန်က ပေါလုသည် သူ့ကိုယ်သူ နာမည်ကြီးအောင်လုပ်ခဲ့ပြီး သူ့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သောသူများစွာရှိသည်။ သူသည် နေရာတကာသို့သွား၍ ဤသဘောတရားများ၊ အဆင့်မြင့်ပုံရသည့် စိတ်ကူးများ၊ သူ၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအပြင် သူ၏လေ့လာမှုတွင် သင်ယူရရှိခဲ့သောအရာများ၊ သူ၏စိတ်ကို အသုံးပြုလျက် သူကောက်ချက်ချခဲ့သောအရာများကို ဟောသည်။ ပေါလုသည် နေရာတကာတွင် ဤအရာများကို ဟောသောအခါ ထိုအချိန်က လူတို့အပေါ် သက်ရောက်မှုသည် မည်မျှကြီးမည်နည်း။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မည်မျှပြင်းထန်စွာ ထိခိုက်ပြီး အဆိပ်သင့်မည်နည်း။ နောက်ပြီး သူ၏စာများမှနေ၍ ဤအရာများကို သင်ယူရသော နောက်ပိုင်းမျိုးဆက်များရှိလူများတွင် သက်ရောက်မှု မည်မျှကြီးမည်နည်း။ သူ၏စကားများကို ဖတ်ပြီးသောသူတို့သည် ၎င်းတို့မည်မျှကြိုးစားသည်ဖြစ်စေ ဤအရာများကို မိမိတို့ထံမှ မဖယ်ရှားနိုင်ပေ။ ၎င်းတို့သည် အလွန်နက်နဲစွာ အဆိပ်သင့်ပြီး ဖြစ်သည်။ မည်မျှနက်နဲသနည်း။ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့သည်။ “ပေါလု သက်ရောက်မှု” ဟု ခေါ်သည်။ ပေါလုသက်ရောက်မှုဆိုသည်မှာ အဘယ်နည်း။ လူတို့သည် ပေါလုထုတ်ဖော်ခဲ့သည့် သူ၏ အတွေးများ၊ အမြင်များ၊ ငြင်းခုံမှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးခြင်းကိုခံရသည့် ဖြစ်ရပ်တစ်ခုသည် ဘာသာတရားတွင် ရှိသည်။ ဘုရားသခင်ကို မျိုးဆက်အတန်ကြာ ယုံကြည်ခဲ့သော မိသားစုရှိသည့်သူများဖြစ်သည့် ခရစ်တော်နောက်သို့ ဆယ်စုနှစ်များစွာလိုက်ခဲ့သော မိသားစုများတွင် အထူးသဖြင့် သက်ရောက်သည်။ ၎င်းတို့က “ကျွန်ုပ်တို့ မိသားစုသည် သခင့်ကို မျိုးဆက်နှင့်ချီ၍ ယုံကြည်ခဲ့ပြီး လောကီခေတ်ရေစီးကြောင်းများနောက်သို့ မလိုက်ပါ။ ကျွန်ုပ်တို့သည် လောကီနှင့် အဝေးတွင်နေပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် ကျွန်ုပ်တို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်လွှတ်ခဲ့သည်။ ကျွန်ုပ်တို့ လုပ်ဆောင်သမျှတိုင်းသည် ပေါလုလုပ်ဆောင်ခဲ့သည်နှင့် တူညီသည်။ သရဖူများကို ကျွန်ုပ်တို့ မရလျှင်၊ သို့မဟုတ် ကောင်းကင်ဘုံကိုမရောက်လျှင် ဘုရားသခင် ကြွလာသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် စာရင်းရှင်းရလိမ့်မည်” ဟု ဆိုသည်။ ဤငြင်းခုံမှုကို လူတို့မပြုလုပ်သလော။ (ပြုလုပ်ပါသည်။) ဤရေပန်းစားမှုသည် အလွန်ပင် သိသာထင်ရှားသည်။ ဤရေပန်းစားမှုသည် မည်သည့်နေရာကလာသနည်း။ (ပေါလု ဟောကြားခဲ့သည့်အရာမှ လာသည်။) ယင်းသည် ပေါလုထည့်သွင်းခဲ့သည့် အကျိတ်၏ အန္တရာယ်ပေးနိုင်သော ရလဒ်ဖြစ်သည်။ ပေါလုက လူတို့ကို ဤသို့ မလှုံ့ဆော်ခဲ့လျှင်၊ “ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” နှင့် “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏” ဆိုသည်တို့ကို အစဉ်မပြောခဲ့လျှင် ထိုခေတ်ကာလ၏ သမိုင်းနောက်ခံမရှိဘဲ ယခုခေတ် လူတို့၌ ထိုအရာများအား သိမြင်မှုလုံးဝ ရှိမည်မဟုတ်။ ၎င်းတို့တွင် ဤစဉ်းစားပုံရှိလျှင်ပင် ပေါလု၏ ရိုင်းစိုင်းအတင့်ရဲမှုရှိမည်မဟုတ်။ အားလုံးက ပေါလု၏ အားပေးမှုနှင့် လှုံ့ဆော်မှုတို့ကြောင့် ဖြစ်သည်။ ဤလူတို့သည် ကောင်းချီး မခံစားရသည့်နေ့ရောက်လာလျှင် သခင်ယေရှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ရန် ရဲတင်းမှုရှိလိမ့်မည်။ ပြီးလျှင် တတိယကောင်းကင်ဘုံသို့ပင် ချီတက်ပြီး ဤအမှုကိစ္စကို သခင်နှင့် အငြင်းပွားလိုလိမ့်မည်။ ဤသည်မှာ ဘာသာရေးလောကက သခင်ယေရှုကို ပုန်ကန်နေခြင်း မဟုတ်လော။ ဘာသာရေးလောကသည် ပေါလု၏ သက်ရောက်ခြင်းကို ပြင်းထန်စွာခံထားရသည်မှာ ရှင်းသည်။ ယခုတွင် ဤအဆင့်အထိ ငါပြောဆိုပြီးဖြစ်သောကြောင့် ပေါလု၏ ပဉ္စမအပြစ်က မည်သည့်အရာဖြစ်သည်ကို သင် ကောက်ချက်ချနိုင်သည် မဟုတ်လော။ ပေါလုပြောဆိုသည့် “ဓမ္မသရဖူ” ၏ ဇာစ်မြစ်ကို အနှစ်ချုပ်ခြင်းနှင့် ပတ်သက်လျှင် အာရုံစိုက်ရမည်မှာ “ဓမ္မ”ဟူသည့် စကားဖြစ်သည်။ သူသည် “ဓမ္မ”ဆိုသည်ကို အဘယ်ကြောင့် ပြောခဲ့သနည်း။ ကမ္ဘာမြေပေါ်တွင် သူသည် ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေလိုသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် သူတွေးသည့်ပုံစံအတိုင်း တွေးမည်ဖြစ်သည်။ ကောင်းကင်ဘုံတွင် သူသည် ဤစကားဖြင့် ဘုရားသခင်ကို အကျပ်ကိုင်လိုပြီး ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုလိုသည်။ ဤသည်မှာ ပေါလု၏ ပန်းတိုင်ဖြစ်သည်။ သူသည် ဤအရာကို မည်သည့်အခါမျှ ဖွင့်ဟမပြောသော်လည်း “ဓမ္မ”ဟူသည့်စကားသည် ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုရန် သူ၏ ပန်းတိုင်နှင့် အလားအလာကို အပြည့်အဝ ပေါ်လွင်စေနှင့်ပြီး ဖြစ်သည်။ ယင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဖြစ်သည်။ ဤသည်တို့အားလုံးမှာ အမှန်တရားများ ဖြစ်သည်။ ဤအမှန်တရားများကို အခြေခံပြီး ပေါလု၏ သဘာဝအနှစ်သာရကို မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို မချစ်ခြင်းတို့အဖြစ်ဖြင့်သာ အနှစ်ချုပ်နိုင်သလော။ (မချုပ်နိုင်ပါ။) ဤဝေါဟာရများက အနှစ်မချုပ်နိုင်ပေ။ ငါက ဤအမှန်တရားများကို ထုတ်ပြောပြီး ယင်းတို့ကို စိစစ်ခြင်း၊ ပိုင်းခြားခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်းအားဖြင့် သင်တို့သည် ပေါလု၏ သဘာဝအနှစ်သာရကို ပို၍ရှင်းလင်းစွာ၊ နှံ့စပ်စွာ မြင်နိုင်သင့်သည်။ ဤသည်မှာ အမှန်တရားများကို အခြေခံ၍ အနှစ်သာရတစ်ခုကို စိစစ်ခြင်းအားဖြင့် ရရှိသည့် သက်ရောက်မှုဖြစ်သည်။ ပေါလုသည် ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုသောအခါ သူသည် လူမသိသူမသိ အသေးစား စိတ်ခံစားမှုဆိုင်ရာ အခိုက်အတန့်၊ ပုန်ကန်သော စိတ်သဘောထားအနည်းငယ်၊ သို့မဟုတ် ကျိုးနွံနာခံရန် မတတ်နိုင်ခြင်း ရှိနေခြင်း မဟုတ်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့်သက်ဆိုင်သည့် သာမန်ပြဿနာတစ်ခုမဟုတ်။ ဤထက် ယင်းသည် လူတိုင်းက ဘုရားသခင်ကို ဆန့်ကျင်ပြီး ဆူညံစွာတောင်းဆိုရန် ဒေါသဖြင့် အတူတကွ ထကြွစေရန်အတွက် စာများနှင့် လူအများရှိသည့် ဝန်းကျင်များမှတစ်ဆင့် လူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေရန် နည်းလမ်းမျိုးစုံကို ပြောင်ပြောင်တင်းတင်း အသုံးပြုခြင်းဆီသို့ မြင့်တက်သွားခဲ့ပြီး ဖြစ်သည်။ ပေါလုသည် ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုရုံတင်မကဘဲ အခြားလူတိုင်းကိုလည်း ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုရန် လှုံ့ဆော်ခဲ့သည်။ သူသည် မာနထောင်လွှားခြင်းသာ မဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း

ပေါလုတွင် နောက်ထပ်ထင်ရှားသော စကားတစ်ခုရှိသည်။ အဘယ်နည်း။ (“အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ဖြစ်ပါသည်။) သူသည် သခင်ယေရှုခရစ်တော်၏ ပင်ကိုလက္ခဏာကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ကမ္ဘာမြေပေါ်တွင် နေထိုင်နေသည့် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ သို့မဟုတ် သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ ပြယုဂ်ဖြစ်သည်ဟူသည့် အမှန်တရားကိုလည်းကောင်း အသိအမှတ်မပြုပေ။ ယှဉ်ကြည့်လျှင် ပေါလုသည် သူ့ကိုယ်သူ ခရစ်တော်အဖြစ် မြင်ခဲ့သည်။ ဤသည်မှာ ရွံစရာကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ရွံစရာကောင်းပြီး ဤပြဿနာ၏ အနှစ်သာရသည် အလွန်ဆိုးရွားသည်။ ပေါလု၏ စိတ်တွင် အတိအကျ မည်သူက ခရစ်တော် ဖြစ်သနည်း။ သူ၏ ပင်ကိုလက္ခဏာမှာ အဘယ်နည်း။ ပေါလုသည် ခရစ်တော်ဖြစ်ခြင်းကို အဘယ်သို့ အလွန်စွဲလမ်းနေသနည်း။ ပေါလု၏ စိတ်တွင် ခရစ်တော်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူတစ်ယောက်၊ သို့မဟုတ် ထူးခြားမှုမရှိသော အခန်းကဏ္ဍတွင် ပါဝင်သော ထင်ရှားမှုမရှိသော၊ တန်ခိုးမရှိသော၊ မြင့်မြတ်သည့် ပင်ကိုလက္ခဏာမရှိသော၊ သာမန်လူများကို ကျော်လွန်သည့် အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုများ မရှိသောသူတစ်ယောက်ဖြစ်လျှင် ပေါလုသည် ခရစ်တော်ဖြစ်လိုဦးမည်လော။ (ဖြစ်လိုမည်မဟုတ်ပါ။) အသေအချာပင် ဖြစ်လိုမည်မဟုတ်။ သူသည် သူ့ကိုယ်သူ ပညာတတ်အဖြစ် ထင်မြင်ပြီး သာမန်လူတစ်ဦး မဖြစ်လိုပေ။ သူသည် မဟာလူသား၊ ကြီးမြတ်သောလူဖြစ်လိုသည်။ ပြီးလျှင် အခြားလူတို့ထက် သာလွန်လိုသည်။ အခြားလူများက နှိမ့်ချပြီး ထင်ရှားမှုမရှိဟု သတ်မှတ်သည့် ခရစ်တော်ဖြစ်ရန် သူသည် အဘယ်သို့ ဆန္ဒရှိသနည်း။ ဤအရာကို ထောက်ဆလျှင် ပေါလု၏ စိတ်နှလုံး၌ ခရစ်တော်သည် မည်သည့်အဆင့်အတန်းနှင့် အခန်းကဏ္ဍတွင် ရှိသနည်း။ လူတစ်ယောက်သည် ခရစ်တော်ဖြစ်ရန် မည်သည့်ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း ရှိရမည်နည်း။ မည်သည့် ဩဇာအာဏာ၊ တန်ခိုးနှင့် ဟန်ပန်အမူအရာကို ပြသရမည်နည်း။ ဤသည်မှာ ခရစ်တော်၏ဖြစ်ခြင်းကို ပေါလုက စိတ်ကူးသည့်အရာကိုလည်းကောင်း၊ ခရစ်တော်နှင့်ပတ်သက်ပြီး သူသိသည့်အရာကိုလည်းကောင်း၊ ဆိုလိုသည်မှာ ခရစ်တော်ကို သူ အဓိပ္ပာယ် သတ်မှတ်သည့်ပုံစံကိုလည်းကောင်း ဖော်ထုတ်ပြသည်။ ဤအတွက်ကြောင့် ပေါလုက ခရစ်တော်ဖြစ်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒရှိခြင်း ဖြစ်သည်။ ပေါလုက အဘယ်ကြောင့်ခရစ်တော်ဖြစ်လိုသည်ဆိုသည့် အကြောင်းရင်းတစ်ခု ရှိပြီး ယင်းကို သူ၏စာများတွင် တစ်ဝက်တစ်ပျက် ထုတ်ဖော်ပြထားသည်။ အကြောင်းအရာအချို့ကို ငါတို့ စိစစ်ကြစို့။ သခင်ယေရှုက အမှုပြုနေသောအခါတွင် ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည့် အရာအချို့ကို သူလုပ်ဆောင်ခဲ့သည်။ ဤအရာများသည် ခရစ်တော်၏ ပင်ကိုလက္ခဏာက ပိုင်ဆိုင်သည်ဟု ပေါလုမြင်သည့် သင်္ကေတများနှင့် အယူအဆများဖြစ်သည်။ ဤသည်တို့မှာ မည်သည့်အရာများ ဖြစ်သနည်း။ (နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသခြင်းဖြစ်သည်။) အမှန်ပင်ဖြစ်သည်။ ထိုအရာများမှာ ခရစ်တော်က လူတို့၏ ရောဂါများကို ကုသပေးခြင်း၊ မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်း၊ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများ၊ ထူးဆန်းသောတန်ခိုးများ ပြသခြင်းတို့ ဖြစ်ကြသည်။ သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ပေါလုက ဝန်ခံခဲ့သော်လည်း ယင်းမှာ သခင်ယေရှုပြသခဲ့သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ပေါလုက သခင်ယေရှု၏ ဧဝံဂေလိကို ဖြန့်သောအခါ သခင်ယေရှုပြောဆိုသည့် စကားများအကြောင်း၊ သို့မဟုတ် သူဟောကြားခဲ့သည့်အရာများကို လုံးဝ မပြောခဲ့ပေ။ မယုံကြည်သူတစ်ဦးဖြစ်သည့် ပေါလု၏ အမြင်တွင် ခရစ်တော်က အမှုအရာများစွာကို ပြောဆိုနိုင်သည့်၊ များစွာ တရားဟောနိုင်သည့်၊ အမှုများစွာကို ပြုနိုင်သည့်၊ လူများစွာကို သူ့နောက်သို့လိုက်စေသည့် အချက်က သခင်ယေရှု၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းအပေါ် ဂုဏ်တစ်ခုခု ဖြစ်စေသည်။ သူ့တွင် အကန့်အသတ်မရှိသော ဘုန်းကျက်သရေနှင့် မြင့်မြတ်ခြင်းရှိပြီး ဤသို့ဖြင့် လူများကြားတွင် သခင်ယေရှု၏ အဆင့်အတန်းက အထူးပင်ကြီးမားကာ ထင်ရှားကျော်ကြားမှုရရှိစေသည်။ ဤသည်မှာ ပေါလုမြင်ခဲ့သည့်အရာ ဖြစ်သည်။ အမှုပြုနေစဉ်တွင် သခင်ယေရှု ပြသပြီး ထုတ်ဖော်ခဲ့သည့်အရာမှ၊ ထို့အပြင် သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရမှ ပေါလုမြင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ အနှစ်သာရ၊ သမ္မာတရား၊ လမ်းခရီး၊ သို့မဟုတ် အသက် မဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း၊ သို့မဟုတ် ဉာဏ်ပညာလည်း မဟုတ်ပေ။ ပေါလုက မည်သည့်အရာကို မြင်ခဲ့သနည်း။ ခေတ်သစ်စကားအသုံးအနှုန်းကို အသုံးပြုရလျှင် သူမြင်ခဲ့သည့်အရာမှာ လျှမ်းလျှမ်းတောက်အောင်မြင်သော ကျော်ကြားမှုဖြစ်ပြီး သူသည် သခင်ယေရှု၏ အမာခံပရိတ်သတ်ဖြစ်လိုသည်။ သခင်ယေရှုစကားပြောသောအခါ၊ သို့မဟုတ် အမှုပြုသောအခါ လူများစွာ နားထောင်ကြသည်။ ထိုအရာမှာ ဘုန်းကျက်သရေရှိလိုက်လေခြင်းပါတကား။ ဤသည်မှာ ပေါလုက ကြာရှည်စွာ စောင့်ဆိုင်းခဲ့သော အရာတစ်ခု ဖြစ်သည်။ ဤအခိုက်အတန့်ရောက်ရှိလာခြင်းကို သူတပ်မက်ခဲ့သည်။ လူများစွာတို့သည် မမှိတ်မသုန်အာရုံစိုက်လျက်၊ ၎င်းတို့၏မျက်လုံးများတွင် လေးစားမှု၊ တောင့်တမှုများဖြင့် သခင်ယေရှု၏ နောက်သို့လိုက်လိုခြင်းဖြင့် ကြည့်ခြင်းခံရသော သခင်ယေရှုကဲ့သို့ အဆုံးမဲ့ တရားဟောနိုင်သည့်နေ့ရက်ကို သူတောင့်တခဲ့သည်။ ပေါလုသည် သခင်ယေရှု၏ အထင်ကြီးလောက်ဖွယ်ဖြစ်သော ဟန်ပန်အမူအရာကို အလွန့်အလွန် အံ့အားသင့်ခဲ့သည်။ အမှန်တကယ်တွင် သူသည် အမှန်ပင် အလွန့်အလွန် အံ့အားသင့်ခြင်းမဟုတ်ဘဲ လူတို့က အထင်ကြီးလေးစားသည့်၊ အာရုံစိုက်သည့်၊ ပုဂ္ဂိုလ်ရေးကိုးကွယ်သည့်၊ အထင်အမြင်ကြီးသည့် ပင်ကိုလက္ခဏာနှင့် ဟန်ပန်အမူအရာရှိခြင်းကို အားကျခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူအားကျခဲ့သည့်အရာ ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် ယင်းကို မည်သို့ရရှိနိုင်သနည်း။ သခင်ယေရှုခရစ်တော်သည် ဤအရာများကို သူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာမှတစ်ဆင့် ရရှိခဲ့သည်ဟု သူ မယုံကြည်ဘဲ သူ၏ အမည်ကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ပေါလုသည် ခရစ်တော်၏ အမည်နာမကို သူခံယူနိုင်သည့် အကျော်အမော်ပုဂ္ဂိုလ်ဖြစ်ရန်၊ နေရာတစ်ခုရှိရန်၊ တောင့်တခဲ့သည်။ ပေါလုသည် ဤသို့သောနေရာကို သူရရှိရန် များစွာ အားစိုက်ထုတ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အားထုတ်မှုများကို လုပ်ဆောင်ခဲ့သနည်း။ သူသည် နေရာတကာတွင် တရားဟောပြီး အံ့ဖွယ်ရာများကိုပင် ပြသသည်။ အဆုံးတွင် သူသည် သူ့ကိုယ်သူ အဓိပ္ပာယ်ဖွင့်ဆိုရန် သူ၏ အတွင်းပိုင်း လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ကျေနပ်စေသည့် စကားတစ်ခွန်းကို အသုံးပြုခဲ့သည်။ သူ့ကိုယ်သူ အဓိပ္ပာယ်ဖွင့်ဆိုရန်အတွက် မည်သည့်စကားကို အသုံးပြုခဲ့သနည်း။ (“အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။”) အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ ဤသည်မှာ သူဖြစ်မြောက်လိုသည့် အဓိကအရာ ဖြစ်သည်။ သူ၏ အဓိက လိုအင်ဆန္ဒမှာ ခရစ်တော်ဖြစ်ရန် ဖြစ်သည်။ ဤဆန္ဒသည် သူ၏ တစ်ကိုယ်ရေလိုက်စားမှုများနှင့် သူလျှောက်သည့်လမ်းကြောင်းအပေါ်တွင် မည်သည့်ဆက်စပ်မှုရှိသနည်း။ (သူသည် တန်ခိုးအာဏာကို မြတ်နိုးတန်ဖိုးထားသည်။ ပြီးလျှင် လူတို့အား သူ့ကို အထင်ကြီးလေးစားစေရန် အားထုတ်သည်။) ဤသည်မှာ သဘောတရားတစ်ခု ဖြစ်သည်။ အမှန်တရားအချို့ကို သင်ပြောသင့်သည်။ ပေါလုသည် ခရစ်တော်ဖြစ်ရန် သူ၏လိုအင်ဆန္ဒကို လက်တွေ့ကျသောနည်းလမ်းများဖြင့် ပြခဲ့သည်။ သူ့အပေါ် ငါ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သူပြောခဲ့သည့် စကားတစ်ခွန်းကိုသာ အခြေခံခြင်းမဟုတ်။ သူ့လုပ်ရပ်များ၏ ပုံစံ၊ နည်းလမ်းနှင့် စည်းမျဉ်းများမှနေ၍ သူလုပ်ဆောင်သမျှတိုင်းသည် ခရစ်တော်ဖြစ်ရန် သူ၏ပန်းတိုင်ကို ဗဟိုပြုသည်ကို ငါတို့မြင်နိုင်သည်။ ဤသည်မှာ ပေါလုက အမှုအရာများစွာကို အဘယ်ကြောင့် ပြောဆိုပြီးလုပ်ဆောင်ခဲ့သည်ဆိုသည်၏ အရင်းအမြစ်နှင့် အနှစ်သာရဖြစ်သည်။ ပေါလုသည် ခရစ်တော်ဖြစ်လိုပြီး ဤအရာက သူ၏ လိုက်စားမှုများ၊ အသက်တာတွင်သူ၏လမ်းကြောင်းနှင့် သူ၏ယုံကြည်မှုတို့အပေါ် လွှမ်းမိုးခဲ့သည်။ ဤလွှမ်းမိုးမှုသည် မည်သည့်ပုံစံများဖြင့် ပေါ်လွင်သနည်း။ (ပေါလုသည် သူ၏အလုပ်နှင့် တရားဟောခြင်းအားလုံးတွင် ကြွားဝါပြီး သူ့ကိုယ်သူ သက်သေခံခဲ့သည်။) ဤသည်မှာ တစ်နည်းဖြစ်သည်။ ပေါလုသည် အချိန်တိုင်းတွင် ကြွားဝါသည်။ သူသည် မည်သို့ဒုက္ခခံခဲ့သည်၊ အမှုအရာများကို မည်သို့လုပ်ဆောင်ခဲ့သည်နှင့် သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို လူတို့အား ရှင်းလင်းစွာ သိစေသည်။ ဤသို့ဖြင့် လူတို့က ဤအရာကို ကြားသောအခါ သူသည် ခရစ်တော်နှင့် အတိအကျပင် ဆင်တူသည်ဟု ထင်မြင်ပြီး သူ့အား ခရစ်တော်ဟု အမှန်ပင်ခေါ်လိုရန် ဖြစ်သည်။ ယင်းသည် သူ၏ ပန်းတိုင်ဖြစ်သည်။ လူတို့က သူ့ကို ခရစ်တော်ဟု အမှန်ပင်ခေါ်လျှင် သူသည် ငြင်းဆန်ခဲ့မည်လော။ သူသည် ငြင်းပယ်ခဲ့မည်လော။ (ငြင်းပယ်မည်မဟုတ်ပါ။) အသေအချာပင် ငြင်းပယ်မည်မဟုတ်။ သူသည် အသေအချာပင် အလွန်အမင်း စိတ်လှုပ်ရှားနေလိမ့်မည်။ ဤသည်မှာ သူ၏လိုက်စားမှုအပေါ်တွင်ရှိသည့် လွှမ်းမိုးမှုက ပေါ်လွင်သည့် ပုံစံတစ်ခု ဖြစ်သည်။ အခြားမည်သည့်ပုံစံများရှိသနည်း။ (သူသည် စာများရေးခဲ့သည်။) ဟုတ်သည်။ သူသည် စာအချို့ကို ခေတ်ကာလများတစ်လျှောက် လက်ဆင့်ကမ်းစေရန်အတွက် ရေးခဲ့သည်။ သူ၏စာ၊ အလုပ်နှင့် အသင်းတော်များကို သူထိန်းကျောင်းသည့် လုပ်ငန်းစဉ်တစ်လျှောက်တွင် သခင်ယေရှုခရစ်တော်၏ အမည်နာမကို တစ်ကြိမ်မျှပင် မပြောခဲ့ပေ၊ သို့မဟုတ် သခင်ယေရှုခရစ်တော်၏ အမည်နာမ၌ အမှုအရာများကို မလုပ်ဆောင်ခဲ့ပေ၊ သို့မဟုတ် သခင်ယေရှုခရစ်တော်၏ အမည်နာမကို မချီးမြှောက်ခဲ့ပေ။ သူသည် ဤသို့အစဉ်အလုပ်လုပ်ပြီး စကားပြောခြင်းတွင် မည်သည့်အပျက်သဘောဆောင်သော သက်ရောက်မှု ရှိသနည်း။ ယင်းက သခင်ယေရှုနောက်သို့ လိုက်သောသူများအပေါ် မည်သို့လွှမ်းမိုးခဲ့သနည်း။ ယင်းသည် လူတို့အား သခင်ယေရှုခရစ်တော်ကို ငြင်းပယ်စေပြီး ပေါလုအား သူ၏နေရာကိုယူစေသည်။ သူသည် “သခင်ယေရှုခရစ်တော်သည် မည်သူနည်း။ သူ့အကြောင်းကို ငါတစ်ခါမှ မကြားဖူးပါ။ ပေါလုခရစ်တော်ကို ငါတို့ယုံကြည်သည်” ဟု လူများက မေးသည်ကို တောင့်တသည်။ ဤသို့ဆိုလျှင် သူသည် ပျော်ရွှင်လိမ့်မည်။ ဤသည်မှာ သူ၏ ပန်းတိုင်ဖြစ်ပြီး သူရှာဖွေခဲ့သည့်အရာများထဲမှ တစ်ခုဖြစ်သည်။ ထိုလွှမ်းမိုးမှုက ပေါ်လွင်သည့်ပုံစံတစ်ခုမှာ သူအမှုပြုခဲ့သည့် ပုံစံဖြစ်သည်။ သူသည် အနှစ်မရှိသော အယူအဆများကို တောင်စဉ်ရေမရ ပြောဆိုသည်။ ပြီးလျှင် သူသည် သူ၏အလုပ်တွင် မည်မျှစွမ်းဆောင်နိုင်ပြီး လေးစားအားကျဖွယ် ကောင်းသည်ကိုလည်းကောင်း၊ လူတို့ကို သူမည်မျှ ကူညီခဲ့သည်ကိုလည်းကောင်း၊ သူ့တွင် သခင်ယေရှုခရစ်တော် ပြန်လည်ပေါ်ထွန်းသည့်အလား ဟန်ပန်အမူအရာတစ်ခု ရှိသည်ကိုလည်းကောင်း လူတို့အား မြင်စေရန် အနှစ်မရှိသော သဘောတရားများကို မပြီးမဆုံးနိုင်အောင် ပြောဆိုခဲ့သည်။ လွှမ်းမိုးမှုက ပေါ်လွင်သော အခြားပုံစံတစ်ခုမှာ သူသည် သခင်ယေရှုခရစ်တော်ကို မည်သည့်အခါမျှ မချီးမြှောက်ခဲ့ခြင်း၊ သူ၏ အမည်နာမကို အသေအချာပင် မချီးမြှောက်ခဲ့ခြင်း၊ သို့မဟုတ် သခင်ယေရှုခရစ်တော်၏ စကားများနှင့် အလုပ်၊ သို့မဟုတ် လူတို့သည် ယင်းတို့ထံမှ မည်သို့အကျိုးအမြတ်ရရှိသည်ဆိုသည်တို့ကို သက်သေမခံခဲ့ခြင်းတို့ ဖြစ်ပေသည်။ ပေါလုသည် လူတို့အနေဖြင့် မည်သို့နောင်တရသင့်သည်ဆိုသည်နှင့်ပတ်သက်သော တရားဒေသနာများကို ဟောကြားခဲ့သလော။ ထိုသို့ သေချာပေါက် မလုပ်ဆောင်ခဲ့ပေ။ ပေါလုသည် သခင်ယေရှု ခရစ်တော်လုပ်ဆောင်ခဲ့သောအမှု၊ သူပြောခဲ့သော စကားများ၊ သို့မဟုတ် လူတို့ကို သူသင်ကြားပေးခဲ့သော သမ္မာတရားအားလုံးတို့အကြောင်းကို မည်သည့်အခါမျှ တရားမဟောခဲ့ပေ။ ပေါလုသည် သူ၏ စိတ်နှလုံးတွင် ဤအရာများကို ငြင်းဆန်သည်။ ပေါလုသည် သခင်ယေရှုခရစ်တော် ပြောခဲ့သော စကားများနှင့် လူတို့ကို သွန်သင်ပေးခဲ့သော သမ္မာတရားများကို ငြင်းဆန်ရုံသာမက သူ၏ ကိုယ်ပိုင်စကားများ၊ အလုပ်နှင့် သွန်သင်မှုများကို သမ္မာတရားအဖြစ် သဘောထားခဲ့သည်။ သူသည် သခင်ယေရှု၏ စကားများကို အစားထိုးရန်အတွက် ဤအရာများကို အသုံးပြုခဲ့သည်။ ပြီးလျှင် သူ၏စကားများကို သမ္မာတရားဖြစ်သည့်အလား လူတို့အား လက်တွေ့လုပ်ဆောင်စေပြီး လိုက်နာစေခဲ့သည်။ ဤသရုပ်သကန်များနှင့် ထုတ်ဖော်ပြမှုများကို မည်သည့်အရာက လှုံ့ဆော်ခဲ့သနည်း။ (ခရစ်တော်ဖြစ်ရန် သူ၏ ဆန္ဒဖြစ်သည်။) ယင်းတို့ကို သူ၏ ခရစ်တော်ဖြစ်ရန် ရည်ရွယ်ချက်၊ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့က လှုံ့ဆော်ပေးသည်။ ဤသည်မှာ သူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် လိုက်စားမှုများဖြင့် နီးကပ်စွာ ဆက်စပ်နေသည်။ ဤသည်မှာ ပေါလု၏ ဆဋ္ဌမအပြစ်ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော အပြစ်ဟုတ်သလော။ (ဟုတ်ပါသည်။) အမှန်တကယ်တွင် သူ၏ အပြစ်အားလုံးသည် ဆိုးရွားသည်။ အားလုံးက သေခြင်းအဓိပ္ပာယ် သက်ရောက်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း

ပေါလုသည် ရိုက်ချခြင်းခံရပြီးကတည်းက သခင်ယေရှုခရစ်တော် ရှိခဲ့သည်ဟုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ဘုရားသခင် ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ခဲ့သည်။ သူယုံကြည်ခဲ့သော ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဘုရားသခင်အဖြစ်မှ သခင်ယေရှုခရစ်တော်အဖြစ်သို့ ရုတ်ချည်းပြောင်းသွားခဲ့သည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထိုအချိန်အခိုက်အတန့်မှစ၍ သူသည် သခင်ယေရှု၏ တာဝန်ပေးစေခိုင်းချက်ကို မငြင်းဆန်နိုင်ခဲ့ဘဲ လူ့ဇာတိခံဘုရားသခင်ဖြစ်သည့် သခင်ယေရှုအတွက် စတင်၍ မလျှော့တမ်းအလုပ်လုပ်ပေးခဲ့သည်။ သူအလုပ်လုပ်ပေးရခြင်း၏ ပန်းတိုင်မှာ တစ်စိတ်တစ်ပိုင်းအနေဖြင့် သူ၏အပြစ်များကို လွတ်ငြိမ်းခွင့်ရရန်အတွက်ဖြစ်သည်မှာ မှန်၏။ သို့သော် တစ်စိတ်တစ်ပိုင်းတွင် ကောင်းချီးခံစားလိုသည့် သူ၏လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်၊ သူအလိုရှိခဲ့သည့် ခရီးပန်းတိုင်ကို ရရှိရန်လည်း ဖြစ်သည်။ ပေါလုက “ဘုရားသခင်၏ အလိုတော်အားဖြင့်” ဟု ဆိုသောအခါ “ဘုရားသခင်” ဟူသည်မှာ ယေဟောဝါကို ရည်ညွှန်းသလော၊ သို့မဟုတ် ယေရှုကို ရည်ညွှန်းသလော။ သူသည် အနည်းငယ်ရှုပ်ထွေးပြီး “ငါသည် ယေဟောဝါကို ယုံကြည်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ယေရှု၏ ရိုက်ချခြင်းကို ငါခံရသနည်း။ ယေရှုက ငါ့ကို ရိုက်ချသည့်အချိန်တွင် ယေဟောဝါက သူ့ကို အဘယ်ကြောင့် မတားခဲ့သနည်း။ သူတို့ထဲတွင် အတိအကျ မည်သူက ဘုရားဖြစ်သနည်း” ဟု တွေးခဲ့သည်။ သူ အဖြေမရှာနိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် သခင်ယေရှုကို သူ၏ဘုရားအဖြစ် လုံးဝ မြင်မည်မဟုတ်ပေ။ သူသည် သခင်ယေရှုကို နှုတ်ဖြင့် အသိအမှတ်ပြုခဲ့လျှင်ပင် သူ၏ စိတ်နှလုံးတွင် သံသယရှိနေဆဲ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် တဖြည်းဖြည်းချင်းဖြင့် “ယေဟောဝါသည်သာ ဘုရားသခင်ဖြစ်သည်” ဟူသောယုံကြည်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ထို့ကြောင့် ထို့နောက်တွင် ပေါလု၏ စာများအားလုံး၌ “ဘုရားသခင်၏ အလိုတော်အားဖြင့်” ဟု သူရေးသောအခါတွင် “ဘုရားသခင်” ဟူသည်မှာ အဓိကအားဖြင့် ယေဟောဝါဘုရားသခင်ကို ရည်ညွှန်းခြင်းဖြစ်ဖို့ များသည်။ ပေါလုသည် သခင်ယေရှုက ယေဟောဝါဖြစ်သည်ဟု လုံးဝ ရှင်းလင်းစွာ မဖော်ပြခဲ့သောကြောင့်လည်းကောင်း၊ သခင်ယေရှုကို ဘုရားသခင်၏ သားတော်အဖြစ် အစဉ်မြင်ခဲ့သောကြောင့်လည်းကောင်း၊ သခင်ယေရှုကို သားတော်အဖြစ် ရည်ညွှန်းခဲ့သောကြောင့်လည်းကောင်း၊ “သားတော်နှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်” ဟူသကဲ့သို့သော အရာတစ်ခုခုကို လုံးဝမပြောခဲ့သောကြောင့်လည်းကောင်း ယင်းမှာ ပေါလုသည် သခင်ယေရှုကို တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်အဖြစ် လုံးဝ အသိအမှတ်မပြုခဲ့သည်ကို သက်သေပြသည်။ သူသည် သံသယရှိပြီး မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြစ်ခဲ့သည်။ ဘုရားသခင်နှင့်ပတ်သက်၍ ပေါလုတွင်ရှိသော ဤအမြင်နှင့် သူ၏ လိုက်စားပုံနည်းလမ်းကို ကြည့်လျှင် သူသည် သမ္မာတရားကို လိုက်စားခဲ့သောသူတစ်ဦး မဟုတ်ပေ။ သူသည် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို လုံးဝ နားမလည်ခဲ့ပေ။ ပြီးလျှင် သခင်ယေရှုကို တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့ပေ။ ဤအရာမှနေ၍ ပေါလုသည် တန်ခိုးအာဏာကို ကိုးကွယ်ပြီး လှည့်စားတတ်သည့်အပြင် ကောက်ကျစ်သူတစ်ဦးဖြစ်သည်ဟု ပြောရန် မခက်ပေ။ ပေါလုက ကောက်ကျစ်ဆိုးယုတ်မှု၊ တန်ခိုးအာဏာ၊ အဆင့်အတန်းတို့ကို ကိုးကွယ်သည် ဆိုသည့်အချက်က သူ၏ ယုံကြည်ခြင်းမှာ မည်သည့်အရာဖြစ်ကြောင်း ငါတို့အား ပြသနည်း။ သူ့တွင် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သလော။ (မရှိခဲ့ပါ။) သူ့တွင် စစ်မှန်သော ယုံကြည်ခြင်း မရှိခဲ့သောကြောင့် သူ့စိတ်နှလုံးတွင် သူအဓိပ္ပာယ်ဖွင့်ဆိုခဲ့သော ဘုရားသည် အမှန်တကယ် တည်ရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် သခင်ယေရှုခရစ်တော်အတွက် ခရီးလှည့်လည်သွားလာနေသေးသနည်း၊ သူ့ကိုယ်သူ အသုံးခံပြီး အမှုပြုနေသေးသနည်း။ (သူသည် ကောင်းချီးရရန် သူ၏ ရည်ရွယ်ချက်က ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။) (သူသည် အပြစ်ဒဏ်ခံရခြင်းကို ကြောက်ရွံ့ခဲ့သည်။) ဤအချက်သို့ ငါတို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အပြစ်ဒဏ်ခံရခြင်းကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ပြီးလျှင် သူမဖယ်ရှားနိုင်သည့် ဆူးတစ်ချောင်းက သူ၏ဇာတိပကတိတွင် ရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ၏ဇာတိပကတိတွင်ရှိသော ဆူးက သူခံနိုင်သည်ထက်ပို၍ မနာကျင်စေရန် အစဉ်လှည့်လည်ခရီးသွားလာပြီး အမှုပြုခဲ့သည်။ သူ၏ ဤသရုပ်သကန်များမှ တစ်ဆင့် ဒမာသက်မြို့သို့ သွားရာလမ်းပေါ်၌ ဖြစ်ပျက်ခဲ့သည့်အရာအပေါ် သူ၏ တုံ့ပြန်မှုမှတစ်ဆင့်၊ ဒမာသက်မြို့သို့ သွားရာလမ်းပေါ်၌ ရိုက်ချခံရသည့် ထိုဖြစ်ရပ်ပြီးနောက် သူ့အပေါ်ဖြစ်စေခဲ့သည့် သက်ရောက်မှုမှတစ်ဆင့် သူ့စိတ်နှလုံး၌ ယုံကြည်ခြင်းမရှိခဲ့သည်ကို ငါတို့ မြင်နိုင်သည်။ သူသည် မယုံကြည်သူဖြစ်ပြီး ဘုရားမဲ့တစ်ဦးဖြစ်သည်ဟု အနည်းနှင့်အများ သေချာနိုင်သည်။ သူ၏ ရှုထောင့်မှာ “မည်သူက တန်ခိုးအာဏာရှိသည်ဖြစ်စေ သူ့အပေါ်တွင် ငါယုံကြည်မည်။ မည်သူက တန်ခိုးအာဏာရှိပြီး ငါ့ကို နှိပ်ကွပ်နိုင်ပါစေ ထိုသူအတွက် ငါ တောက်တိုမည်ရလုပ်ဆောင်ပြီး အစွမ်းကုန်လုပ်ဆောင်မည်။ ငါ့အား ခရီးပန်းတိုင်၊ သရဖူကို ပေးနိုင်ပြီး ကောင်းချီးခံစားရရန် ငါ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်သည့် မည်သူမဆိုဖြစ်စေ ထိုသူသည် ငါလိုက်လျှောက်မည့်သူဖြစ်သည်။ ထိုသူ့နောက်သို့ ငါ အဆုံးတိုင်အောင် လိုက်လျှောက်မည်” ဟူ၍ ဖြစ်ခဲ့သည်။ သူ့စိတ်နှလုံးတွင် မည်သူက ဘုရားဖြစ်သနည်း။ သူ့ထက်ပို၍ တန်ခိုးအာဏာရှိပြီး သူ့အား နှိပ်ကွပ်နိုင်သရွေ့ မည်သူမဆို သူ၏ ဘုရားဖြစ်နိုင်သည်။ ဤသည်မှာ ပေါလု၏ သဘာဝအနှစ်သာရ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဒမာသက်မြို့သို့သွားရာလမ်းပေါ်တွင် သူ့အား ရိုက်ချနိုင်စွမ်းရှိသော သူ နောက်ဆုံးတွင် ယုံကြည်ခဲ့သော မျက်မြင်ထင်ရှား ဖြစ်တည်နေသောအရာမှာ မည်သူဖြစ်သနည်း။ (သခင်ယေရှု ခရစ်တော်ဖြစ်သည်။) “သခင်ယေရှုခရစ်တော်” ဆိုသည်မှာ သူအသုံးပြုခဲ့သည့် အမည်ဖြစ်သည်။ သို့သော် သူအမှန်တကယ် ယုံကြည်ခဲ့သည့်မျက်မြင်ထင်ရှားဖြစ်တည်နေသောအရာမှာ သူ့စိတ်နှလုံးထဲရှိ ဘုရား ဖြစ်သည်။ သူ၏ ဘုရားက မည်သည့်နေရာတွင်ရှိသနည်း။ သင်က သူ့အား “သင်၏ ဘုရားက အဘယ်မှာရှိသနည်း။ ကောင်းကင်ဘုံတွင်ရှိသလော။ သူသည် ဖန်ဆင်းခံ အရာများအားလုံးကြားတွင် ရှိသလော။ သူသည် လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာရှိသောသူဖြစ်သလော” ဟု မေးခဲ့လျှင် သူက “မဟုတ်ပါ။ ငါ၏ ဘုရားသည် ဒမာသက်မြို့သို့သွားရာလမ်းပေါ်တွင် ဖြစ်သည်” ဟု ဆိုလိမ့်မည်။ ဤသည်မှာ အမှန်တကယ် သူ၏ ဘုရားဖြစ်သူ ဖြစ်သည်။ ပေါလုက သခင်ယေရှုခရစ်တော်ကို ဖိနှိပ်ခြင်းမှနေ၍ သခင်ယေရှုခရစ်တော်အတွက် အလုပ်လုပ်ခြင်း၊ သူ့ကိုယ်သူ အသုံးခံခြင်း၊ သူ့အသက်ကိုပင် စတေးခြင်းအဖြစ်သို့ ကူးပြောင်းနိုင်သည့် အကြောင်းရင်းမှာ၊ အလွန်ကြီးသော ပြောင်းလဲမှုကို သူပြုလုပ်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ ယုံကြည်မှုတွင် ပြောင်းလဲခြင်းတစ်ခု ရှိခဲ့သောကြောင့် ဖြစ်သလော။ သူ၏ အသိတရားက နိုးထလာခဲ့သောကြောင့် ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ ဆိုလျှင် မည်သည့်အရာက ဖြစ်စေသနည်း။ မည်သည့်အရာ ပြောင်းလဲသွားခဲ့သနည်း။ သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ပြောင်းလဲသွားခဲ့သည်။ ယခင်က သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့မှာ ကောင်းကင်ဘုံတွင် ရှိသည်။ အနှစ်မရှိသော၊ မရေရာသောအရာ ဖြစ်သည်။ ယင်းကို ယေရှုခရစ်တော်နှင့် အစားထိုးလိုက်လျှင် ပေါလုက ယေရှုခရစ်တော်သည် အလွန်ပင် အရေးမပါပေ၊ ယေရှုသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ မဖြစ်နိုင်ဟု ထင်မြင်လိမ့်မည်။ ပေါလုသည် ထင်ရှားသောဘာသာရေးပုဂ္ဂိုလ်များကို ပို၍ပင် အလေးထားမှုမရှိပေ။ ပေါလုသည် သူအမှီပြုနိုင်သည့်သူ၊ သူ့ကို နှိပ်ကွပ်ပြီး ကောင်းချီးရစေနိုင်သောသူကိုသာ ရှာဖွေလိုသည်။ ဒမာသက်မြို့သို့ သွားရာလမ်းပေါ်တွင် သူကြုံခဲ့ရသော မျက်မြင်ထင်ရှားဖြစ်တည်နေသောအရာသည် အားအကြီးဆုံးဖြစ်သည်ဟုလည်းကောင်း၊ ယင်းသည် သူယုံကြည်သင့်သူဖြစ်သည်ဟု လည်းကောင်း ထင်မြင်ခဲ့သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့သည် သူ၏ ယုံကြည်မှုပြောင်းလဲသည့် တစ်ချိန်တည်းမှာပင် ပြောင်းလဲခဲ့သည်။ ဤအရာကို အခြေခံလျှင် ပေါလုသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခဲ့သလော၊ မယုံကြည်ခဲ့သလော။ (မယုံကြည်ခဲ့ပါ။) ပေါလု၏ လိုက်စားမှုများနှင့် သူရောက်ရှိနေသည့် လမ်းကြောင်းကို မည်သည့်အရာက လွှမ်းမိုးခဲ့သည်ကို ယခု စာကြောင်းတစ်ကြောင်းဖြင့် အနှစ်ချုပ်ကြစို့။ (သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်သည်။) ဤသို့ဆိုလျှင် ပေါလု၏ သတ္တမမြောက်အပြစ်ကို ငါတို့ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ အချက်အားလုံးတွင် ပေါလု၏ ယုံကြည်မှုသည် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်သည်။ ယင်းမှာ အနှစ်မဲ့ပြီး မရေရာပေ။ သူသည် လုံးလုံးလျားလျားပင် မယုံကြည်သူတစ်ဦးနှင့် ဘုရားမဲ့တစ်ဦး ဖြစ်သည်။ သူကဲ့သို့ ဘုရားမဲ့သူတစ်ဦးနှင့် မယုံကြည်သူတစ်ဦးသည် အဘယ်ကြောင့် ဘာသာရေးလောကကို နောက်တွင် ချန်မထားခဲ့သနည်း။ တစ်ချက်အနေဖြင့် သူ၏ မရေရာသော စိတ်ကူးထင်မြင်မှုတွင် ခရီးပန်းတိုင်နှင့်သက်ဆိုင်သော ပြဿနာရှိသည်။ အခြားတစ်ချက်တွင် ဘဝတွင် ထမင်းစားလက်မှတ် သူရရှိခြင်းနှင့်ဆိုင်သော ပြဿနာရှိသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ထမင်းစားလက်မှတ်သည် ဤဘဝတွင် သူ၏ လိုက်စားမှုများဖြစ်သည်။ ပြီးလျှင် နောင်ဘဝတွင် ခရီးပန်းတိုင်တစ်ခုရှိခြင်း အယူအဆသည် သူ့ကို စိတ်သက်သာစေခဲ့သည်။ ဤသို့သောလူများလိုက်စားပြီး ထုတ်ဖော်ပြသည့်၊ ၎င်းတို့လျှောက်သည့်လမ်းကြောင်း၏ နောက်ကွယ်တွင် ဤအရာများ၌ အရင်းအမြစ်နှင့် မဏ္ဍိုင်တိုင်း ပါဝင်သည်။ ဤရှုထောင့်မှကြည့်လျှင် ပေါလုက မည်သည့်အရာ ဖြစ်သနည်း။ (မယုံကြည်သူဖြစ်သည်။ မရေရာသော ဘုရားကို သူယုံကြည်ခဲ့သည်။) (ဘုရားမဲ့တစ်ဦးဖြစ်သည်။) သူသည် ဘုရားမဲ့ဖြစ်သည်ဟုလည်းကောင်း၊ ခရစ်ယာန်ဘာသာထဲတွင် ပုန်းလျှိုးကွယ်လျှိုးနေနေသော မယုံကြည်သူတစ်ဦး၊ အခွင့်အရေးသမားတစ်ဦးဖြစ်သည်ဟုလည်းကောင်း ဆိုလျှင် တိကျမှန်ကန်သည်။ သင်က သူ့ကို ဖာရိရှဲဟုသာ ခေါ်ဆိုလျှင် ယင်းသည် လျှော့ပေါ့ပြောခြင်း မဟုတ်လော။ ပေါလုရေးခဲ့သည့်စာများကို သင်ကြည့်ပြီး အပေါ်ယံ၌ “ဘုရားသခင်၏ အလိုတော်အားဖြင့်” ဟု ဆိုထားသည်ကို မြင်လျှင် ပေါလုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အမြင့်ဆုံးဟု မြင်သည်ဟုလည်းကောင်း၊ လူတို့၏ အယူအဆများကြောင့်သာ၊ သို့မဟုတ် လူတို့က မသိနားမလည်ဘဲ ဘုရားသခင်ကို နားမလည်ခဲ့သောကြောင့်သာ ၎င်းတို့က ဘုရားသခင်ကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ အဆင့်သုံးဆင့်အဖြစ် ခွဲခြားခဲ့သည်ဟုလည်းကောင်း၊ ယင်းမှာ လူ၏ မိုက်မဲမှုသာဖြစ်ပြီး အလွန်ဆိုးသောပြဿနာတစ်ခု မဟုတ်ဟုလည်းကောင်း၊ အကြောင်းမှာ ဘာသာရေးလောကတစ်ခုလုံးကလည်း ဤသို့ထင်မြင်သောကြောင့်ဖြစ်သည်ဟုလည်းကောင်း သင် ယူဆကောင်း ယူဆနိုင်သည်။ သို့ရာတွင် ယခုအခါ၌ ယင်းကို ပိုင်းခြားစိစစ်ပြီးနောက်တွင် ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ပေါလုသည် ဘုရားသခင် ဖြစ်တည်မှုကိုပင် အသိအမှတ်မပြုခဲ့ပေ။ ဤသည်မှာ ဘုရားမဲ့တစ်ဦးနှင့် မယုံကြည်သူတစ်ဦး ဖြစ်သည်။ ပြီးလျှင် သူ့ကို ဘုရားမဲ့များ၊ ဘာသာတရားမရှိသူများနှင့် အမျိုးအစားတူအဖြစ် ထားရှိသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း

ပေါလု၏ သဘာဝအနှစ်သာရမှာ အဘယ်နည်း။ အနည်းဆုံးအားဖြင့် ကောက်ကျစ်ဆိုးယုတ်မှုဟူသော အချက်တစ်ချက် ရှိသည်။ သူသည် အသိပညာနှင့် အဆင့်အတန်းကို အရူးအမူး လိုက်စားခဲ့သည်၊ ဆုလာဘ်များနှင့် သရဖူတစ်ခုကို လိုက်စားခဲ့ပြီး သမ္မာတရားကို လုံးဝမလိုက်စားဘဲ ထိုသရဖူအတွက် ဟိုသည်ပြေးလွှားခဲ့သည်၊ အလုပ်လုပ်ပြီး အဖိုးအခကို ပေးဆပ်ခဲ့သည်။ ထို့အပြင် သူ၏ အမှုတော်ကာလတစ်လျှောက်လုံးတွင် သူသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ သက်သေမခံခဲ့သကဲ့သို့ သခင်ယေရှုက ခရစ်တော်ဖြစ်ကြောင်း၊ ဘုရားသခင်ဖြစ်ကြောင်း သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ကို ကိုယ်စားပြုကြောင်းနှင့် သူပြောဆိုသော နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များဖြစ်ကြောင်းကိုလည်း သူ သက်သေမခံခဲ့ပေ။ ပေါလုက ဤအရာများကို နားမလည်နိုင်ခဲ့ပေ။ သို့ဆိုလျှင် ပေါလု လျှောက်လှမ်းခဲ့သော လမ်းကြောင်းမှာ အဘယ်နည်း။ သူသည် အသိပညာနှင့် ဓမ္မပညာကို ခေါင်းမာစွာ လိုက်စားခဲ့သည်၊ သမ္မာတရားကို အတိုက်အခံလုပ်ခဲ့သည်၊ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ခဲ့ပြီး သူ၏ အဆင့်အတန်းကို စီမံခန့်ခွဲရန်၊ ထိန်းသိမ်းရန်နှင့် တည်ငြိမ်စေရန် အလုပ်လုပ်ဖို့အတွက် သူ၏ ဆုကျေးဇူးများနှင့် အသိပညာကို အသုံးပြုခဲ့သည်။ သူ၏ နောက်ဆုံးအဆုံးသတ်မှာ အဘယ်နည်း။ သူ မသေဆုံးမီတွင် မည်သည့် အပြစ်ဒဏ် သူ ရရှိခဲ့သည် သို့မဟုတ် သူ၌ မူမမှန်သော သရုပ်သကန်တစ်ခု ရှိမရှိဟူသည်ကို သင်တို့ အပြင်ပန်းမှ မြင်ကောင်းမမြင်နိုင်သော်လည်း သူ၏ နောက်ဆုံးအဆုံးသတ်သည် ပေတရုနှင့် ကွဲပြားခဲ့ပေသည်။ ဤ “ကွဲပြားမှု” သည် အဘယ်အရာအပေါ် မူတည်ခဲ့သနည်း။ အချက်တစ်ခုမှာ လူတစ်ဦး၏ သဘာဝအနှစ်သာရဖြစ်ပြီး အခြားတစ်ခုမှာ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်း ဖြစ်သည်။ သခင်ယေရှုအပေါ် ပေါလု၏ သဘောထား၊ ရှုထောင့်နှင့်ပတ်သက်၍ သူ၏ အတိုက်အခံလုပ်ခြင်းသည် ပုံမှန်လူတို့၏ အတိုက်အခံလုပ်ခြင်းနှင့် မည်သို့ ကွဲပြားခဲ့သနည်း။ ထို့အပြင် ပေါလုက သခင်ဘုရားကို ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်းနှင့် ပေတရုက အားနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကြောင့် ဘုရားသခင်၏ နာမတော်ကို ငြင်းပယ်ခြင်း၊ သခင်ဘုရားကို သုံးကြိမ်တိုင် အသိအမှတ်မပြုခြင်းတို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ ပေါလုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် အသိပညာ၊ ပညာဗဟုသုတနှင့် သူ၏ ဆုကျေးဇူးများကို အသုံးပြုခဲ့သည်။ သူသည် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့သကဲ့သို့ ဘုရားသခင်၏ လမ်းခရီးကိုလည်း မလိုက်လျှောက်ခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် ဟိုသည်ပြေးလွှားပြီး အလုပ်လုပ်ခဲ့သော ကာလတွင် သို့မဟုတ် သူ၏ ဩဝါဒစာများတွင် သူ၏ အားနည်းချက်ကို သင်တို့ မြင်တွေ့နိုင်ခဲ့ကြသလော။ သင်တို့ မမြင်တွေ့နိုင်ခဲ့ပေ၊ ဟုတ်သည်မဟုတ်လော။ သူသည် လူတို့အား မည်သို့ပြုလုပ်ရမည်ကို အကြိမ်ကြိမ် သင်ကြားပေးခဲ့ပြီး လူတို့အား ဆုလာဘ်များ၊ သရဖူများနှင့် ကောင်းသော ပန်းတိုင်တစ်ခုကို ရရှိရန် လိုက်စားဖို့ အားပေးခဲ့သည်။ သူ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတွေ့အကြုံဆိုင်ရာ အသိပညာ သို့မဟုတ် အတွေ့အကြုံ မရှိခဲ့ပေ။ သို့ရာတွင် ပေတရုသည် သူ၏ လုပ်ဆောင်ချက်များ၌ အလွန် သိုသိပ်ခဲ့သည်။ သူ၌ ထိုနက်နဲသော သဘောတရားများ သို့မဟုတ် အလွန်ကျော်ကြားသော ဩဝါဒစာများ မရှိခဲ့ပေ။ သူသည် သမ္မာတရားအပေါ် စစ်မှန်သော သဘောပေါက်နားလည်မှုနှင့် လက်တွေ့လုပ်ဆောင်မှုအချို့ကို ပိုင်ဆိုင်ခဲ့သည်။ သူ၏ အသက်တာ၌ အားနည်းခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို တွေ့ကြုံခဲ့ရသော်လည်း စမ်းသပ်မှုများစွာပြီးနောက် ဘုရားသခင်နှင့် သူတည်ဆောက်ခဲ့သော ဆက်ဆံရေးမှာ လူနှင့် ဘုရားသခင်အကြား ဆက်ဆံရေးဖြစ်ပြီး ယင်းမှာ ပေါလုနှင့် လုံးဝ ကွဲပြားခဲ့သည်။ ပေါလုသည် အလုပ်လုပ်ခဲ့သော်လည်း သူ ပြုလုပ်ခဲ့သည့်မည်သည့်အရာကမျှ ဘုရားသခင်နှင့် မသက်ဆိုင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်၊ သူ၏ ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်းတို့နှင့်ပတ်သက်၍ သက်သေမခံခဲ့သကဲ့သို့ လူတို့အပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် သူ၏ တောင်းဆိုချက်များနှင့်ပတ်သက်၍ သာ၍ပင် သက်သေမခံခဲ့ပေ။ သခင်ယေရှုက ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကိုပင် လူတို့ကို သူ မကြာခဏ ပြောကြားခဲ့ပြီး နောက်ဆုံးတွင် ဘုရားသခင်ကို သုံးပါးတစ်ဆူအဖြစ် လူတို့အား ရှုမြင်စေခဲ့သည်။ “သုံးပါးတစ်ဆူ” ဟူသော ဝေါဟာရသည် ပေါလုထံမှ အစပြုခဲ့သည်။ အကယ်၍ “အဘနှင့် သား” ကဲ့သို့သော အရာမျိုး မရှိပါက “သုံးပါးတစ်ဆူ” ရှိနိုင်မည်လော။ မရှိနိုင်ပေ။ လူ၏စိတ်ကူးစိတ်သန်းများက အလွန် “များပြားဆန်းစုံ” လှသည်။ သင်တို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို နားမလည်နိုင်ပါက ကြောင်းကျိုးမမြင်ဘဲ ဘောင်ခတ်ခြင်းများ မပြုနှင့် သို့မဟုတ် ကြောင်းကျိုးမမြင်သော အကဲဖြတ်ချက်များ မပြုလုပ်နှင့်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များကိုသာ နားထောင်ပြီး သူ့ကို ဘုရားသခင်အဖြစ်၊ လူ့ဇာတိဖြင့် ပေါ်ထွန်းပြီး လူသားတစ်ဦး ဖြစ်လာသော ဘုရားသခင်အဖြစ် ဆက်ဆံလော့။ ဤသို့ ဆက်ဆံခြင်းသည် ပို၍ ဓမ္မဓိဋ္ဌာန်ကျသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)

သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးသည့်နောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် တကယ်မရှိသလောက် ဖြစ်သည်။ သူသည် သူ၏ သဘာဝ အခြေအနေတွင် ကျန်ရစ်ဆဲ ဖြစ်ပြီး၊ ယခင်က ပေါလု ဖြစ်နေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းနှင့်ဆိုင်သော အခက်အခဲကို ကြံ့ကြံ့ခံပြီးနောက်တွင်သာ၊ သူသည် မည်သို့ အလုပ်လုပ်ရမည်ကို သင်ယူခဲ့ပြီးဖြစ်သကဲ့သို့၊ ခံနိုင်ရည်ကိုလည်း သင်ယူခဲ့ပြီးဖြစ်သော်လည်း၊ သူ၏ သဘာဝဟောင်းသည် သူ၏ အလွန် နိုင်လိုစိတ်ပြင်းကာ ကြေးစား သဘာဝသည် ကျန်ရှိနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်၊ သူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ သူ၏ ဟောင်းသော စိတ်သဘောထားမှလည်း မိမိကိုယ်ကိုယ် မဖယ်ရှားခဲ့ပေ၊ ပြီးလျှင် ယင်းကို သူ၏ အလုပ်တွင် သိသာထင်ရှားစွာ မြင်၍ရနိုင်ဆဲဖြစ်ခဲ့သည်။ သူ၏အထဲတွင် သာ၍များသော အလုပ်အတွေ့အကြုံမျှသာ ရှိခဲ့သော်လည်း၊ ထိုသို့သော သေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့ကို ပြောင်းလဲပေးနိုင်စွမ်း မရှိသကဲ့သို့၊ ဖြစ်တည်မှုနှင့်ပတ်သက်သည့် သူ၏ အမြင်များ သို့မဟုတ် သူ၏ လိုက်စားခြင်းနှင့်ဆိုင်သော အရေးပါမှုတို့ကို မပြောင်းလဲနိုင်ခဲ့ပေ။ ခရစ်တော်အတွက် သူသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး၊ သခင်ယေရှုကို မည်သည့်အခါတွင်မျှ တစ်ဖန် နှိပ်စက်ညှဉ်းပန်းခြင်း မပြုခဲ့သော်လည်း၊ သူ၏ နှလုံးသားရှိ ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏ အသိပညာတွင် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ဤသည်မှာ သူသည် ဘုရားသခင်အဖို့ မိမိကိုယ်ကိုယ် ဆက်ကပ်ရန်အလို့ငှာ အလုပ်လုပ်ခဲ့သည် မဟုတ်ဘဲ၊ ယင်းထက် သူ၏ အနာဂတ် ခရီးပန်းတိုင်အတွက် အတင်းအကျပ် မဖြစ်မနေ လုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။ အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်ကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး၊ ခရစ်တော်ကို ကျိုးနွံနာခံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုအားဖြင့် ခရစ်တော်အား တမင်တကာ ညှဉ်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိခဲ့သူ တစ်ဦးဖြစ်သည်။ သူ့အလုပ် အဆုံးသတ်ခါနီးတွင်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိခဲ့သေးသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို စိုးစဉ်းမျှ အရေးမထားဘဲ၊ သူ၏ ပင်ကိုစရိုက်နှင့်အညီ မိမိ ဆန္ဒအလျောက် ပြုမူရုံမျှ ပြုမူခဲ့သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်ကို မလိုမုန်းထားစိတ်ရှိခဲ့ပြီး၊ သမ္မာတရားကို ကျိုးနွံနာခံခြင်း မရှိခဲ့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က စွန့်ပယ်ခြင်း ခံခဲ့ရပြီးသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူနှင့် ခရစ်တော်ကို ဆန့်ကျင်သူဖြစ်သည့် ထိုသို့သော လူတစ်ဦးသည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ လူသည် ကယ်တင်ခံရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူ အလုပ်မည်မျှ လုပ်ဆောင်သည်၊ သို့မဟုတ် သူ မည်မျှ ဆက်ကပ်သည် ဆိုသည်တို့အပေါ် မမူတည်ဘဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိခြင်း ရှိ မရှိ သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့်၊ လိုက်စားခြင်းအပေါ် သူ၏ အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိ စသည်တို့အားဖြင့် သတ်မှတ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

သင်သည် ရှင်ပေါလုကို အမှန်တကယ် နားလည်ပါသလား

အရှေ့သို့- ၉။ သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော အန္တိခရစ်များ၏ သဘာဝကို ပိုင်းခြားသိမြင်နည်း

နောက်တစ်ခုသို့- ၁၁။ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အန္တိခရစ်များ၏ အနှစ်သာရကြား ကွာခြားချက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။