၉။ သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော အန္တိခရစ်များ၏ သဘာဝကို ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

အန္တိခရစ်တို့က သမ္မာတရားကို ချဉ်းကပ်ပုံ၏ အဓိက စိတ်သဘောထားဆိုင်ရာ လက္ခဏာမှာ စိတ်မဝင်စားခြင်းထက် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ စိတ်မဝင်စားခြင်းသည် ရန်လိုမှု၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းအဆင့်သို့ မမြင့်တက်သေးသည့် သမ္မာတရားအပေါ် အတော်အတန် နူးညံ့သော သဘောထားတစ်ခုမျှသာ ဖြစ်သည်။ ထိုအရာသည် သမ္မာတရားကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်း၊ ယင်းကို အာရုံမစိုက်လိုခြင်းမျှသာဖြစ်ပြီး “အပြုသဘောဆောင်သော အရာများက မည်သည့်အရာနည်း၊ သမ္မာတရားက မည်သည့်အရာနည်း။ ဤအရာများကို ကျွန်ုပ်ရရှိလျှင်ပင် ဘာဖြစ်နိုင်မည်နည်း။ ယင်းတို့က ကျွန်ုပ်၏ဘဝကို တိုးတက်စေမည်လော သို့မဟုတ် ကျွန်ုပ်၏ စွမ်းရည်များကို မြှင့်တင်ပေးမည်လော”ဟု ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားကြသဖြင့် ယင်းတို့နှင့်ပတ်သက်၍ ဒုက္ခမခံကြပေ။ သို့သော် ဤသည်မှာ အလွန်အမင်း မနှစ်မြို့ခြင်းအဆင့်သို့ မရောက်သေးပေ။ အလွန်အမင်း မနှစ်မြို့ခြင်းသည် သဘောထားတစ်ခုခုကို ညွှန်ပြသည်။ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ အပြုသဘောဆောင်သော အရာတစ်ခုတလေနှင့် သမ္မာတရားနှင့်ဆက်စပ်သည့်အရာ တစ်ခုတလေကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ထဲ၌ မုန်းတီးခြင်း၊ မနှစ်မြို့ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် နားမထောင်လိုခြင်းတို့ကို ခံစားရသည်။ ၎င်းတို့သည် သမ္မာတရားကို ပြစ်တင်ရှုတ်ချရန်နှင့် အသရေဖျက်ရန် သက်သေအထောက်အထားကိုပင် ရှာဖွေကောင်း ရှာဖွေနိုင်သည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရ ဖြစ်ပေသည်။

အခြားလူများကဲ့သို့ပင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သည်၊ ဘုရားသခင် ပြောဆိုသည့်အရာကို ကြားနိုင်သည်၊ ဘုရားသခင်၏ အမှုတော်ကိုလည်း တွေ့ကြုံခံစားနိုင်သည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်နိုင်သည်။ ဘုရားသခင် ပြောဆိုခဲ့သည့်အရာကို သိရှိနိုင်ပြီး ဤနှုတ်ကပတ်တော်များက လူတို့အား လမ်းမှန်ကို လျှောက်လှမ်းစေနိုင်ပြီး လူကောင်းများ ဖြစ်စေနိုင်သည်ကိုလည်း သိရှိပုံရကြသည်။ သို့သော် ဤအရာများသည် ၎င်းတို့အတွက် သဘောတရားမျှသာ ဖြစ်နေသည်။ ယင်းတို့က သဘောတရားမျှသာ ဖြစ်နေသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ အချို့သောလူတို့က စာအုပ်တစ်အုပ်ထဲရှိ သဘောတရားတစ်ခုက ကောင်းသည်ဟု ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားမျိုးနွယ်အားလုံး၏ အမျိုးမျိုးသော လိုအပ်ချက်များအကြောင်း စဉ်းစားသောအခါ၊ ထိုသဘောတရားသည် လက်တွေ့မကျဘဲ လက်တွေ့ဘဝနှင့် အဆက်အပြတ်နေသည်ဟု ၎င်းတို့က မြင်ပြီးဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းနှင့် အသားကျအောင် သို့မဟုတ် နောက်သို့လိုက်ရန် လူတို့ကို မကူညီနိုင်သည်ကို ၎င်းတို့ သဘောပေါက်သည့်ပုံစံနှင့် ဆင်တူပေသည်။ ထို့ကြောင့် ဤသဘောတရားသည် ကောင်းသည်ဟု ၎င်းတို့ ခံစားရသော်လည်း၊ ယင်းမှာ နှစ်သက်ဖွယ်သောအရာများအတွက် လူသားမျိုးနွယ်၏ ဆန္ဒများနှင့် စိတ်ကူးယဉ်မှုများကို ဖြည့်ဆည်းပေးရန်၊ ပြောဆိုရန်အတွက်သာဖြစ်သော အရာတစ်ခုဖြစ်သည်ဟု ခံစားကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးသည် အဆင့်အတန်းကို နှစ်သက်ပြီး အရာရှိတစ်ဦးဖြစ်လိုကာ၊ လူတို့အလယ်တွင် ချီးမြှောက်ခြင်းနှင့် ကိုးကွယ်ခြင်းကို ခံရရန် ဆန္ဒရှိပါက၊ ဤပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့အတွက်လိမ်လည်ခြင်း၊ မိမိကိုယ်ကို ထုတ်ဖော်ပြသခြင်း၊ အခြားသူများကို နင်းခြေခြင်း စသည်တို့ကဲ့သို့သော ပုံမှန်မဟုတ်သည့် နည်းလမ်းများကို အားကိုးရမည်ဖြစ်သည်။ သို့သော်လည်း ဤအရာများသည် သမ္မာတရားက ပြစ်တင်ရှုတ်ချသည့်အရာများ အတိအကျပင် ဖြစ်သည်။ ထိုသမ္မာတရားက လူသားတို့၏ ဤလိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်သည်။ လက်တွေ့ဘဝတွင် လူတို့သည် မိမိတို့ကိုယ်ကို ထူးချွန်အောင်လုပ်ခြင်းသည် သဘာဝကျသောအရာတစ်ခုဖြစ်သည်ဟု ထင်ကြသော်လည်း၊ ထိုသို့သော တောင်းဆိုချက်များသည် ဘုရားသခင်နှင့် သမ္မာတရား၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ ထို့ကြောင့် ဤတောင်းဆိုချက်များသည် ဘုရားအိမ်တော်တွင် လက်ခံခြင်းမခံရပေ။ ယင်းတို့ကို အသုံးချရန် နေရာမရှိသကဲ့သို့ အကောင်အထည်ဖော်ရန်လည်း နေရာမရှိချေ။ သို့သော် အန္တိခရစ်တို့သည် ယင်းတို့ကို လက်လွှတ်မည်လော။ (လက်လွှတ်မည်မဟုတ်ပါ။) မှန်ပေသည်၊ ၎င်းတို့သည် ယင်းတို့ကို လက်လွှတ်မည်မဟုတ်ချေ။ အန္တိခရစ်တို့သည် ဤအရာကို မြင်သည်နှင့်တစ်ပြိုင်နက်၊ “ယခု ငါနားလည်ပြီ။ သို့ဆိုလျှင် သမ္မာတရားက လူတို့အား တစ်ကိုယ်ကောင်းမဆန်ရန်၊ မိမိကိုယ်ကို စွန့်လွှတ်ရန်၊ သည်းခံပြီး ရက်ရောရန်၊ မိမိတို့၏ အတ္တကို ဖယ်ရှားပြီး အခြားသူများအတွက် အသက်ရှင်ရန် တောင်းဆိုသည်။ ဤသည်မှာ သမ္မာတရားပင်တည်း”ဟု တွေးထင်ကြသည်။ ဤနည်းလမ်းဖြင့် သမ္မာတရားကို ၎င်းတို့ အဓိပ္ပာယ်ဖွင့်ဆိုပြီးသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို ၎င်းတို့ စိတ်ဝင်စားလာသလော သို့မဟုတ် သမ္မာတရားအပေါ် စက်ဆုပ်သွားသလော။ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်သွားပြီး ဘုရားသခင်ကိုလည်း စက်ဆုပ်သွားကာ၊ “ဘုရားသခင်က သမ္မာတရားကို အမြဲပြောသည်၊ သူက လူ့လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကဲ့သို့သော မစင်ကြယ်သည့်အရာများကို အမြဲဖော်ထုတ်သည်၊ လူ့စိတ်ဝိညာဉ်များ၏ အနက်ရှိုင်းဆုံးတွင် တည်ရှိသည့်အရာကိုလည်း သူအမြဲဖော်ထုတ်သည်။ ဘုရားသခင်သည် လူတို့၏ အဆင့်အတန်း၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များအား လိုက်စားခြင်းကို ပိတ်ပင်ဖို့ ရည်ရွယ်ချက်ဖြင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပုံရသည်။ အစပိုင်းတွင် ဘုရားသခင်သည် လူတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည်၊ ၎င်းတို့၏ ဆန္ဒများနှင့် အိပ်မက်များကို ဖြည့်ဆည်းပေးနိုင်သည်။ လူတို့ကို ၎င်းတို့အလိုရှိသည့်အရာကို ပေးနိုင်သည်ဟု ကျွန်ုပ်ထင်ခဲ့သည်။ ဘုရားသခင်သည် ဤသို့သော ဘုရားမျိုးဖြစ်သည်ဟု ကျွန်ုပ်မမျှော်လင့်ခဲ့ပါ။ သူက ထိုမျှကြီးမြတ်သည်ဟု မထင်ရပါ။ ကျွန်ုပ်သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ပြည့်နေသည်။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူတစ်ယောက်ကို နှစ်သက်နိုင်မည်လော။ ဘုရားသခင် အမြဲပြောဆိုခဲ့သည့်အရာကို အကဲဖြတ်ကြည့်ပြီး သူ၏နှုတ်ကပတ်တော်များ၏ အတိအလင်း မဖော်ပြထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ရလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူများကို မနှစ်သက်ပုံရသည့်အပြင်၊ ကျွန်ုပ်ကဲ့သို့သော လူတစ်ယောက်နှင့်လည်း သူ အဆင်မပြေနိုင်ပေ။ ကျွန်ုပ်သည် ဤသို့သော လက်တွေ့ကျသည့် ဘုရားသခင်နှင့် အဆင်မပြေနိုင်ဟု ထင်ရသည်။ သူပြောဆိုသော နှုတ်ကပတ်တော်များ၊ သူလုပ်ဆောင်သော အလုပ်၊ သူ၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများနှင့် သူ၏ စိတ်သဘောထားတို့ကိုအဘယ်ကြောင့် ကျွန်ုပ် အလွန်မနှစ်သက်ဖွယ်အဖြစ် မြင်ရသနည်း။ ဘုရားသခင်က လူတို့ကို ရိုးသားရန်၊ အသိစိတ်ရှိရန်၊ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဘုရားသခင်ကို ရှာဖွေရန်၊ နာခံရန်နှင့် ကြောက်ရွံ့ရန်၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ရန် တောင်းဆိုသည်။ ဤအရာများသည် ကျွန်ုပ်မလုပ်ဆောင်နိုင်သည့်အရာများ ဖြစ်သည်။ ဘုရားသခင် တောင်းဆိုသည့်အရာသည် လူ့အယူအဆများနှင့် သဟဇာတမဖြစ်သည်သာမက၊ လူ့ခံစားချက်များကိုလည်း ထောက်ထားခြင်းမရှိပေ။ သူ့ကို ကျွန်ုပ် မည်သို့ယုံကြည်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ဤသို့ ၎င်းတို့၏စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် ကောင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသလော သို့မဟုတ် သူနှင့် တဖြည်းဖြည်း အလှမ်းဝေးသွားကြသလော။ (တဖြည်းဖြည်း အလှမ်းဝေးသွားကြပါသည်။) အတွေ့အကြုံကာလတစ်ခုပြီးနောက်၊ အန္တိခရစ်တို့သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိပြီး၊ ဆန္ဒပြင်းပြမှုများဖြင့် ပြည့်နေသည့် ၎င်းတို့ကဲ့သို့သော လူများသည် ဘုရားအိမ်တော်တွင် ကြိုဆိုလက်ခံခြင်းခံရမည်မဟုတ်ကြောင်း၊ ဤနေရာတွင် ၎င်းတို့၏ ကျွမ်းကျင်မှုများကို အသုံးပြုရန် နေရာမရှိကြောင်း၊ ဤနေရာတွင် ၎င်းတို့၏ ပြင်းပြသောဆန္ဒများကို ဖော်ထုတ်ခွင့်မရနိုင်ကြောင်းကို တိုး၍ပင် ခံစားလာကြသည်။ ၎င်းတို့က၊ “ဘုရားအိမ်တော်တွင် ကျွန်ုပ်၏ ထူးခြားသော အရည်အချင်းကို ကျွန်ုပ် ဖော်ထုတ်၍မရပါ။ ထူးချွန်ရန် အခွင့်အရေးကို ကျွန်ုပ် ဘယ်တော့မှ ရမည်မဟုတ်ပါ။ ၎င်းတို့က ကျွန်ုပ်သည် ဝိညာဉ်ရေးရာ နားလည်မှုမရှိ၊ သမ္မာတရားကို နားမလည်၊ အန္တိခရစ်၏ စိတ်သဘောထားရှိသည်ဟု ပြောကြသည်။ ကျွန်ုပ်သည် ရာထူးတိုးခြင်း သို့မဟုတ် အရေးပါသောနေရာတွင် ထားရှိခြင်း မခံရသည်သာမက၊ ပြစ်တင်ရှုတ်ချခြင်းကိုပင် ခံခဲ့ရသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် သီးခြားနယ်ပယ်ကိုတည်ထောင်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ အခြားသူများကို ကျွန်ုပ် ညှဉ်းဆဲခြင်းသည် အဘယ်မှာ မှားယွင်းသနည်း။ ကျွန်ုပ်တွင် အာဏာရှိသောကြောင့် ဤသို့ပြုမူသင့်သည်။ အာဏာရှိလျှင် မည်သူက ဤသို့မပြုမူဘဲ နေမည်နည်း။ သို့ဆိုလျှင် ရွေးကောက်ပွဲများအတွင်း မသမာသောနည်းလမ်းတစ်ခုခုကို လုပ်ဆောင်ပြီး လိမ်လည်ခြင်းသည် အဘယ်အရာ မှားယွင်းသနည်း။ ဘာသာတရားမရှိသူအားလုံးလည်း ထိုသို့ပင် ပြုလုပ်ကြသည် မဟုတ်လော။ ဘုရားအိမ်တော်တွင် အဘယ်ကြောင့် ခွင့်မပြုရသနည်း။ ဤသည်မှာ အရှက်မရှိခြင်းဖြစ်သည်ဟုပင် ၎င်းတို့က ပြောကြသည်။ ယင်းကို အရှက်မရှိခြင်းဟု မည်သို့ မှတ်ယူ၍ရနိုင်သနည်း။ လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။ ဤသည်မှာ သင့်လျော်သည်တကား။ ဘုရားအိမ်တော်သည် ပျော်စရာမကောင်းပါ။ သို့သော် ဤလောကရှိ လူတို့သည် အတော်ပင် ရက်စက်ကြမ်းကြုတ်ပြီး၊ ပေါင်းသင်းရန် မလွယ်ကူချေ။ နှိုင်းယှဉ်ကြည့်လျှင် ဘုရားအိမ်တော်ရှိလူတို့သည် အနည်းငယ် ပို၍ အကျင့်ကောင်းကြသည်။ ဤနေရာတွင် ဘုရားသခင်သာမရှိလျှင်၊ ဆက်နေထိုင်ခြင်းက အလွန်နှစ်သက်ဖွယ်ဖြစ်ပေမည်။ ဘုရားသခင်မရှိလျှင်၊ လူတို့ကို အုပ်ချုပ်သည့် ဘုရားသခင်နှင့် သမ္မာတရားမရှိလျှင်၊ ကျွန်ုပ်သည် ဘုရားအိမ်တော်တွင် အကြီးအကဲ၊ သခင်နှင့် ဘုရင်ဖြစ်ပေမည်”ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ၊ အမျိုးမျိုးသော အမှုအရာများကို စဉ်ဆက်မပြတ် တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် အဆက်မပြတ် ပြုပြင်ခြင်းခံရသည်၊ အမျိုးမျိုးသော တာဝန်အမျိုးမျိုးသို့ ပြောင်းရွှေ့ခြင်းခံရပြီး၊ နောက်ဆုံးတွင် တစ်စုံတစ်ခုကို ၎င်းတို့ သဘောပေါက်ကာ၊ “ဘုရားအိမ်တော်တွင် ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို သမ္မာတရားကို အသုံးပြု၍ တိုင်းတာပြီး ဖြေရှင်းသည်။ သမ္မာတရားကို အမြဲအလေးပေးပြီး၊ ဘုရားကလည်း ယင်းအကြောင်းကို အမြဲပြောဆိုနေသည်။ ကျွန်ုပ်၏ ပြင်းပြသောဆန္ဒများကို ဤနေရာတွင် ဖော်ထုတ်ခွင့်မရနိုင်ပါတကား”ဟု ပြောဆိုကြလေသည်။ ၎င်းတို့၏ အတွေ့အကြုံများတွင် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားအပေါ်၊ သမ္မာတရား စိုးမိုးခြင်းအပေါ်၊ ဘုရားသခင် လုပ်ဆောင်သမျှက သမ္မာတရားဖြစ်ခြင်းအပေါ်နှင့် သမ္မာတရားကို ရှာဖွေခြင်းအပေါ် တိုး၍ပင် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်လာကြသည်။ ဤအရာများအပေါ် ၎င်းတို့ မည်သည့်အတိုင်းအတာအထိ အလွန်အမင်း မနှစ်မြို့သနည်း။ တကယ့်အစတွင် ၎င်းတို့ကိုယ်တိုင် အသိအမှတ်ပြုခဲ့သော သမ္မာတရားများ၏ အယူဝါဒများကိုပင် အသိအမှတ်ပြုရန် သို့မဟုတ် လက်ခံရန် မလိုလားကြတော့သည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ရွံရှာခြင်းကို ခံစားရသည်။ ထို့ကြောင့် စုဝေးပွဲအချိန်ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ငိုက်မျဉ်းလာပြီး စိုးရိမ်ပူပန်လာကြသည်။ အဘယ်ကြောင့် ၎င်းတို့ စိုးရိမ်ပူပန်ကြသနည်း။ ၎င်းတို့က၊ “ဤစုဝေးပွဲများသည် တစ်ကြိမ်လျှင် သုံးလေးနာရီကြာသည်၊ ဤအရာက မည်သည့်အချိန်တွင် ပြီးလိမ့်မည်နည်း။ ကျွန်ုပ် ဆက်နားမထောင်ချင်တော့ပါ”ဟု စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်အခြေအနေကို ဖော်ပြနိုင်သည့် စကားစုတစ်ခုရှိသည်။ ယင်းမှာ “ဆူးပုံပေါ်ထိုင်ရခြင်း”သကဲ့သို့ ဖြစ်သည်။ ဘုရားအိမ်တော်တွင် သမ္မာတရား စိုးမိုးနေသရွေ့ ၎င်းတို့သည် ထူးချွန်ရန် အခွင့်အရေး မည်သည့်အခါတွင်မျှ ရမည်မဟုတ်ဘဲ၊ လူတိုင်း၏ ကန့်သတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို အမြဲခံရမည်ဖြစ်ပြီး၊ ၎င်းတို့ မည်မျှပင် တတ်စွမ်းနိုင်သည်ဖြစ်စေ အရေးပါသော အခန်းကဏ္ဍများတွင် တာဝန်ပေးခြင်းခံရမည် မဟုတ်သည်ကို ၎င်းတို့ သဘောပေါက်ကြသည်။ ထို့ကြောင့်သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စက်ဆုပ်ရွံရှာခြင်းသည် ပို၍ ပြင်းထန်လာသည်။ တစ်စုံတစ်ဦးက၊ “အဘယ်ကြောင့် ၎င်းတို့သည် အစကတည်းက စက်ဆုပ်ရွံရှာခြင်းကို မခံစားခဲ့ရသနည်း”ဟု မေးကောင်းမေးနိုင်သည်။ အမှန်စင်စစ် ၎င်းတို့သည် အစကတည်းက စက်ဆုပ်ရွံရှာခြင်းကို ခံစားခဲ့ရသော်လည်း၊ ထိုအချိန်က ဘုရားအိမ်တော်ရှိ အရာရာတိုင်းသည် ၎င်းတို့အတွက် မရင်းနှီးသေးပေ။ ၎င်းတို့တွင် ထိုအရာနှင့်သက်ဆိုင်၍ အယူအဆမရှိခဲ့သော်လည်း၊ ယင်းမှာ ၎င်းတို့သည် စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် အလွန်အမင်း မနှစ်မြို့ခြင်းကို မခံစားခဲ့ရဟု မဆိုလိုပေ။ လက်တွေ့တွင် ၎င်းတို့သည် မိမိတို့၏ သဘာဝ အနှစ်သာရထဲ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခဲ့ကြသည်၊ ၎င်းတို့ကိုယ်တိုင်ကသာ ယင်းကို သဘောမပေါက်ခဲ့ခြင်း ဖြစ်သည်။ ဤလူတို့၏ သဘာဝ အနှစ်သာရသည် ဧကန်ပင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပေ။ အဘယ်ကြောင့် ငါဤသို့ ပြောဆိုရသနည်း။ ၎င်းတို့သည် မတရားမှု၊ ဆိုးယုတ်မှု၊ အာဏာ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ အကြီးအကဲလုပ်ခြင်း၊ လူတို့ကို ထိန်းချုပ်ခြင်းနှင့် ဤကဲ့သို့သော မကောင်းသည့်အရာအားလုံးကို ပင်ကိုအားဖြင့် နှစ်သက်ကြသည်။ ၎င်းတို့နှစ်သက်သည့် ဤအရာများကို အကဲဖြတ်ကြည့်လျှင်၊ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်မှာ သေချာလှပေသည်။ ထို့အပြင် ၎င်းတို့ ကြိုးပမ်းသည့်အရာအရ၊ ၎င်းတို့သည် အဆင့်အတန်းအတွက် ကြိုးပမ်းသည်၊ အသိအမှတ်ပြုခြင်းခံရဖို့ ကြိုးပမ်းသည်၊ ဂုဏ်ရောင်ဂုဏ်ဝါတစ်ခု ရှိရန် ကြိုးပမ်းသည်၊ လူတို့ကို ထိန်းချုပ်နိုင်စွမ်းနှင့်အတူ လူတို့အလယ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ ဩဇာတိက္ကမရှိပြီး တန်ခိုးကြီးရန်၊ ၎င်းတို့ ပြောဆိုလုပ်ဆောင်သည့် နေရာတိုင်းတွင် ဂုဏ်သိက္ခာနှင့် သြဇာအာဏာရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဤအရာများအတွက် ကြိုးပမ်းကြသည်။ ဤသည်မှာလည်း သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)

သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက သရုပ်သကန်ကို ယင်းအပေါ် ၎င်းတို့၏ သဘောထားတွင် တွေ့မြင်ရပြီး၊ ၎င်းတို့၏ သာမန်နေ့စဉ်ဘဝများနှင့် လုပ်ဆောင်မှုများတွင်၊ အထူးသဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပုံတွင်လည်း ပေါ်လွင်ထင်ရှားသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် သရုပ်သကန်အချို့ကို ပြသကြသည်။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့ ရှာဖွေသင့်သည်ကို ရှင်းရှင်းလင်းလင်း သိသည့်အခါတွင်ပင် ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသည့်အတွက်၊ မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ရှာဖွေခြင်းမှတစ်ဆင့်သာ နားလည်မှုရှိနိုင်ပြီး၊ နားလည်မှုကသာ လက်တွေ့လုပ်ဆောင်ခြင်းသို့ ဦးတည်စေနိုင်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသည့်အပြင် လုံးဝ နှလုံးမသွင်းကြပေ။ ၎င်းတို့သည် ထိုစည်းမျဉ်းများကို အထင်ပင်သေးကြသည်၊ အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ရန်လိုမှုဖြင့် ရှုမြင်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိကြသည့်အပြင် တစ်ခါတစ်ရံ သမ္မာတရားကို နားလည်လျှင်ပင်၊ လက်တွေ့မလုပ်ဆောင်ကြပေ။ ဥပမာအားဖြင့်၊ ၎င်းတို့အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ၊ အခြားသူများက ကောင်းသော ဆောင်ရွက်ပုံနည်းလမ်းတစ်ခုကို အကြံပြုလျှင်၊ ၎င်းတို့က၊ “ထိုအရာက ဘာကောင်းသနည်း။ ထိုသို့ ကျွန်ုပ်လုပ်ဆောင်လျှင်၊ ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများ အလဟဿဖြစ်သွားမည် မဟုတ်လော”ဟု ပြန်ပြောကောင်းပြောပေမည်။ အချို့က၊ “သင်၏နည်းလမ်းအတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်ပါက ဘုရားအိမ်တော်သည် ဆုံးရှုံးမှုများကို ခံစားရလိမ့်မည်။ ကျွန်ုပ်တို့သည် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရမည်”ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့က၊ “မည်သည့် စည်းမျဉ်းများနည်း။ ကျွန်ုပ်၏နည်းလမ်းသည် စည်းမျဉ်းပင်၊ ကျွန်ုပ် မည်သို့ပင် တွေးသည်ဖြစ်စေ ထိုအရာသည် စည်းမျဉ်းပင်ဖြစ်သည်”ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ အခြားအဓိက သရုပ်သကန်တစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ မဖတ်ရှုသကဲ့သို့ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများတွင်လည်း မပါဝင်ခြင်း ဖြစ်သည်။ အချို့လူတို့သည် အလုပ်များသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် အချိန်ရှာမတွေ့နိုင်သည့်အခါ၊ ၎င်းတို့သည် တိတ်တဆိတ် ဆင်ခြင်သုံးသပ်ခြင်းပြုကြပြီး သို့မဟုတ် ဓမ္မသီချင်းအနည်းငယ်ကို သီဆိုကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ဘဲနေပါက၊ လစ်ဟာနေသည့် ခံစားချက်ကို ခံစားရသည်။ ၎င်းတို့၏ အလုပ်များမှုအလယ်တွင်၊ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီး မိမိတို့ကိုယ်ကို အားဖြည့်ရန်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရသည်အထိ ဆင်ခြင်သုံးသပ်ရန် အချိန်အခိုက်အတန့်တစ်ခုကို ခိုးယူကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက တည်ငြိမ်လာသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်နှင့် အလွန်အမင်း အလှမ်းမဝေးကြပေ။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်တို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်ရက်မဖတ်ဘဲနေလျှင် စိတ်မကောင်းမဖြစ်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ၁၀ ရက် မဖတ်လျှင်ပင်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်နှစ်မဖတ်ဘဲ အတော်ပင် ကောင်းမွန်စွာ နေထိုင်နိုင်သေးသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို သုံးနှစ်မဖတ်ဘဲပင် နေနိုင်ပြီး မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့ခြင်း သို့မဟုတ် လစ်ဟာနေခြင်းကို မခံစားရသည့်အပြင်၊ သက်သောင့်သက်သာ ဆက်လက်နေထိုင်ကြသည်။ ၎င်းတို့သည် ဘုရား နှုတ်ကပတ်တော်များအပေါ် အလွန်ပြင်းထန်သော အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရပေမည်။ လူတစ်ဦးသည် အလုပ်များသောကြောင့် ဘုရား နှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်ရက်နေနိုင်သည်၊ သို့မဟုတ် ထိုအကြောင်းပြချက်ဖြင့်ပင် ၁၀ ရက်ကြာ နေကောင်းနေနိုင်သည်။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို တစ်လလုံးမဖတ်ဘဲ မည်သည့်အရာကိုမျှ မခံစားရသေးပါက၊ ပြဿနာတစ်ခုရှိနေပြီဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်နှစ်ကုန်လွန်သွားပါက၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တမ်းတခြင်းကင်းမဲ့သည်သာမက၊ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြလေသည်။

သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အခြားသရုပ်သကန်တစ်ခုမှာ ခရစ်တော်ကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ ခရစ်တော်ကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်းအကြောင်းကို ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင် သူ့ကို ၎င်းတို့ မထီမဲ့မြင်ပြုရန်အလို့ငှာ ခရစ်တော်သည် အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို နာကျင်စေခဲ့သလော သို့မဟုတ် ထိခိုက်စေခဲ့သလော၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် ဆန့်ကျင်သည့်အရာ တစ်ခုတလေကို လုပ်ဆောင်ခဲ့သလော။ သူသည် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတလေကို ထိခိုက်စေခဲ့သလော။ မထိခိုက်စေခဲ့ပေ။ ခရစ်တော်သည် ၎င်းတို့အပေါ် မည်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်မှုမျှ မထားရှိသည့်အပြင်၊ ၎င်းတို့သည် သူနှင့် ဆုံပင်မဆုံဖူးကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သူ့ကို မည်သို့ မထီမဲ့မြင်ပြုနိုင်မည်နည်း။ အကြောင်းရင်းခံမှာ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အနှစ်သာရ၌ တည်ရှိသည်။ သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အခြားသရုပ်သကန်တစ်ခုမှာ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုသည် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံးနှင့် ၎င်းတို့၏ နိယာမများ၊ အမျိုးမျိုးသော သက်ရှိအရာများနှင့် ၎င်းတို့၏ဘဝများကို အုပ်စိုးသော နိယာမများ၊ ပြီးလျှင် အဓိကအားဖြင့်၊ လူသားများဟုခေါ်သော ဤသက်ရှိသတ္တဝါများ၏ ဘဝများကို အုပ်စိုးသည့် အမျိုးမျိုးသော နိယာမများကဲ့သို့သော အမှုအရာမျိုးစုံကို ခြုံငုံသည်။ ဥပမာအားဖြင့်၊ လူ့ဘဝနှင့် အနီးစပ်ဆုံးဖြစ်သော မွေးဖွားခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပုံမှန်လူတို့၏ ခြေထောက်များသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အားနည်းလာသည်၊ ၎င်းတို့၏ ကျန်းမာရေး ကျဆင်းလာသည်၊ ၎င်းတို့၏ မျက်စိများ မှုန်လာသည်၊ ၎င်းတို့ နားထိုင်းလာသည်၊ ၎င်းတို့၏ သွားများ ယိုင်နဲ့လာပြီး၊ ၎င်းတို့သည် အသက်အရွယ်ကြီးရင့်လာမှုကို လက်ခံရမည်ဟု စဉ်းစားမိကြသည်။ ဘုရားသခင်သည် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး၊ မည်သူမျှ ဤသဘာဝနိယာမကို ဆန့်ကျင်၍မရနိုင်ပေ။ ပုံမှန်လူတို့သည် ဤအရာအားလုံးကို အသိအမှတ်ပြုပြီး လက်ခံနိုင်သည်။ သို့သော်လည်း လူတစ်ဦးသည် အချိန်မည်မျှကြာ အသက်ရှင်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ကိုယ်ခန္ဓာကျန်းမာရေး အခြေအနေ မည်မျှတာရှည်ခံသည်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည့် နည်းလမ်း၊ ၎င်းတို့ ယူသင့်သည့်နေရာနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည့် သဘောထားကဲ့သို့သော အချို့အရာများမှာ မပြောင်းလဲပေ။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့က အလျှော့ရန် ငြင်းဆန်ကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်က မည်သူနည်း။ ကျွန်ုပ် အသက်မကြီးနိုင်ပါ။ ကျွန်ုပ်သည် အချိန်တိုင်းတွင် သာမန်လူများနှင့် ကွဲပြားရမည်။ သင့်အတွက် ကျွန်ုပ် အသက်ကြီးသည့်ပုံပေါက်သလော။ သင်တို့ ဤအသက်အရွယ်တွင် အချို့အရာများကို မလုပ်နိုင်ကြတော့ပါ။ သို့သော် ကျွန်ုပ်လုပ်နိုင်သည်။ အသက်ငါးဆယ်ကျော်တွင် သင်တို့၏ ခြေထောက်များက အားနည်းကောင်း အားနည်းသွားနိုင်သော်လည်း၊ ကျွန်ုပ်၏ ခြေထောက်များမှာတော့ သွက်လက်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် အိမ်ခေါင်မိုးတစ်ခုမှတစ်ခုသို့ ခုန်ကူးခြင်းကိုပင် အလေ့အကျင့်ရှိသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင် စီမံထားသော ဤပုံမှန်နိယာမများကို အမြဲစိန်ခေါ်လိုကြသည်။ ထိုနိယာမများကို စဉ်ဆက်မပြတ် ချိုးဖောက်ရန် ကြိုးစားပြီး သာမန်လူများအဖို့ ၎င်းတို့က ကွဲပြားကြောင်း၊ ထူးခြားကြောင်းနှင့် သာလွန်မြင့်မြတ်ကြောင်း အခြားသူများကို ပြသကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤသို့ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိန်ခေါ်လိုပြီး သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ငြင်းပယ်လိုကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားရှုထောင့်တစ်ခုရှိသေးသည်။ ယင်းမှာ အန္တိခရစ်တို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အမှောင် စွမ်းအားများကို ကြည်ညိုကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ ရန်သူများဖြစ်ကြောင်းကို ဤအရာက ပို၍ပင် အတည်ပြုသည်။ အန္တိခရစ်တို့သည် စာတန်၏ အစိုးရစနစ်နှင့် ဒဏ္ဍာရီများတွင် ပြောဆိုကြသည့် နတ်ဆိုးများ၏ အမျိုးမျိုးသော စွမ်းရည်များ၊ ကျွမ်းကျင်မှုများနှင့် လုပ်ဆောင်ချက်များအပြင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အမှောင် စွမ်းအားများကို အလွန်အမင်း အထင်ကြီးလေးစားပြီး ကြည်ညိုကြသည်။ ဤအရာများအပေါ် ၎င်းတို့၏ ယုံကြည်မှုသည် ယိမ်းယိုင်နိုင်ခြင်းမရှိသည့်အပြင်၊ ၎င်းတို့သည် ထိုအရာများကို မည်သည့်အခါတွင်မျှ သံသယမဝင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်အမင်း မနှစ်မြို့ခြင်း ကင်းမဲ့သည်သာမက၊ ထိုအရာများအတွက် လေးစားမှု၊ ကြည်ညိုမှုနှင့် အားကျမှုတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်ထဲတွင်၊ ၎င်းတို့သည် ဤအရာများနောက် နီးကပ်စွာ လိုက်ကြသည်။ အန္တိခရစ်တို့သည် ဤကောက်ကျစ်ဆိုးယုတ်ပြီး အမှောင်မိုက်သော အရာများနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် ဤသို့သော သဘောထားမျိုးရှိသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို အလွန်အမင်း နှစ်မြို့ခြင်းမရှိဟု ဆိုလိုသည်မဟုတ်လော။ လုံးဝ ဟုတ်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်ပြီး အမှောင်မိုက်သော အရာများကို ချစ်သော မည်သူတစ်ဦးတလေက သမ္မာတရားကို မည်သို့ ချစ်နိုင်မည်နည်း။ ဤသူများသည် ဆိုးယုတ်သော အင်အားစုများနှင့် စာတန်၏ဂိုဏ်းဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်နှင့်ဆိုင်သောအရာများကို မယိမ်းမယိုင် ယုံကြည်ကြစဉ်တွင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအတွက် စက်ဆုပ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ဖြင့် ပြည့်နေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)

၎င်းတို့ကို အန္တိခရစ်များဟု အဘယ့်ကြောင့် ခေါ်သနည်း။ “အန္တိ” ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ ရန်လိုခြင်းနှင့် အမုန်းတရားတို့ကို ဆိုလို၏။ ယင်းမှာ ခရစ်တော်အပေါ် ရန်လိုမှု၊ သမ္မာတရားအပေါ် ရန်လိုမှုနှင့် ဘုရားသခင်အပေါ် ရန်လိုမှုကို ဆိုလိုသည်။ “ရန်လိုမှု” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်း၊ ကြီးမားပြီး လေးနက်သော အမုန်းတရားနှင့် ပြည့်နှက်နေသူတစ်ဦးကဲ့သို့ သင့်ကို ရန်သူတစ်ဦးပမာ ဆက်ဆံခြင်းကို ဆိုလိုသည်။ ယင်းမှာ သင်နှင့် လုံးဝဆန့်ကျင်ဘက်၌ ရှိနေခြင်းကို ဆိုလိုသည်။ ထိုအရာသည် အန္တိခရစ်များက ဘုရားသခင်ကို ဆက်ဆံသည့် စိတ်နေစိတ်ထားမျိုး ဖြစ်၏။ ဤကဲ့သို့ ဘုရားသခင်ကို မုန်းသောလူတို့သည် သမ္မာတရားအပေါ် မည်သည့်စိတ်သဘော ထားရှိကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်ကြသလော။ သမ္မာတရားကို လက်ခံနိုင်ကြသလော။ လုံးဝ လက်မခံနိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်၌ ရပ်တည်သောလူတို့သည် သမ္မာတရားကို မုန်းသောလူများ ဖြစ်ကြ၏။ ၎င်းတို့အပေါ် ထုတ်ဖော်ပြထားသည့် ပထမဆုံးလက္ခဏာမှာ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားအား မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားလျှင်ကြားချင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရား ရှိပြီး တစ်စုံတစ်ယောက်က ၎င်းတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသောအခါ ဧဝံဂေလိ တရားဟောသောအချိန်၌ နတ်ဆိုးတစ်ကောင်အား ဘုရားနှုတ်ကပတ်တော်များအား ဖတ်ပြသကဲ့သို့ပင် ၎င်းတို့၏မျက်နှာပေါ်တွင် ဒေါသအမျက်ထွက်သည့် အမူအရာတစ်ခု ပေါ်လာလေသည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မုန်းတီးသော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အဆုံးစွန် မနှစ်မြို့ခြင်းကို ခံစားကြသည်။ ၎င်းတို့၏ စိတ်သဘောထားမှာ အတိုက်အခံလုပ်သော စိတ်သဘောထားမျိုးဖြစ်ပြီး သူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသော သို့မဟုတ် သူတို့အား သမ္မာတရားကို မိတ်သဟာယပြုသော မည်သူ့ကိုမဆို မုန်းတီးသည်အထိပင် ဖြစ်ကြသည်။ ထိုသူကို ရန်သူတစ်ဦးကဲ့သို့ပင် ဆက်ဆံကြသည်။ ၎င်းတို့သည် သမ္မာတရားအမျိုးမျိုးနှင့် အပြုသဘောဆောင်သော အရာများအပေါ် အလွန်တရာ မနှစ်မြို့ခြင်းကို ခံစားကြသည်။ ဘုရားသခင်အား ကျိုးနွံနာခံခြင်း၊ မိမိ၏တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသူတစ်ဦး ဖြစ်ခြင်း၊ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်း အစရှိသည့် သမ္မာတရားအားလုံးအပေါ် ၎င်းတို့သည် မိမိတို့၏ စိတ်ဆန္ဒအရ တမ်းတခြင်း သို့မဟုတ် ချစ်ခြင်း အနည်းငယ်မျှ ရှိသလော။ စိုးစဉ်းမျှပင် မရှိချေ။ ထို့အတွက်ကြောင့် ၎င်းတို့၌ရှိသည့် ဤသဘာဝအနှစ်သာရမျိုးကို ထောက်ဆလျှင် ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရား၏ တိုက်ရိုက်ဆန့်ကျင်ဘက်၌ ရပ်တည်နေကြပြီး ဖြစ်လေသည်။ ထိုသို့သောလူတို့သည် စိတ်ထဲ၌ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော မည်သည့်အရာကိုမျှ မချစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းပင် ခံစားကြသည်။ ဥပမာအနေဖြင့်၊ ခေါင်းဆောင်ရာထူးများ၌ရှိသော လူတို့သည် ၎င်းတို့ ညီအစ်ကို မောင်နှမများ၏ ကွဲပြားသော ထင်မြင်ချက်များကို လက်ခံနိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရင်ဖွင့်ပြီး ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချပြကာ ထိုသူတို့၏ အပြစ်ဆိုခြင်းကို လက်ခံနိုင်ရမည် ဖြစ်သည့်အပြင် ၎င်းတို့သည် ဂိုက်မပေးရပေ။ အန္တိခရစ်တစ်ဦးသည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆိုင်သည့် မှန်ကန်သော ဤနည်းလမ်းများအားလုံးကို မည်သို့ပြောမည်နည်း။ ၎င်းတို့က “အကယ်၍ ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ချက်များကို နားထောင်ခဲ့လျှင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ဦးမည်လော။ ကျွန်ုပ်တွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ ရှိဦးမည်လော။ အကယ်၍ ကျွန်ုပ်၌ ဂုဏ်သိက္ခာမရှိလျှင် မည်သည့်အလုပ်ကို ကျွန်ုပ် လုပ်ဆောင်နိုင်မည်နည်း” ဟု ဆိုကြပေမည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပိုင်ဆိုင်သည့် စိတ်သဘောထားမျိုး အတိအကျပင် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသေးမွှားဆုံးမျှပင် လက်မခံဘဲ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း ပို၍မှန်ကန်လေ၊ ယင်းကို ၎င်းတို့ အတိုက်အခံလုပ်လေဖြစ်၏။ စည်းမျဉ်းအတိုင်း ပြုမူလုပ်ဆောင်ခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့ လက်မခံကြပေ။ သမ္မာတရားအား လက်တွေ့လုပ်‌ဆောင်ခြင်းကို မည်သည့်အရာဖြစ်သည်ဟု ၎င်းတို့ ထင်မှတ်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာအပေါ် အမှီပြုခြင်းထက် လူတိုင်းအပေါ် လုပ်ကြံခြင်း၊ လှည့်စားမှုများနှင့် အကြမ်းဖက်မှုကို အသုံးပြုရမည်ဟု ၎င်းတို့ ယူဆကြသည်။ ၎င်းတို့ နည်းလမ်းတိုင်းနှင့် လမ်းကြောင်းမှာ ကောက်ကျစ်ဆိုးယုတ်၏။ ဤအရာအားလုံးသည် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို လုံးလုံးလျားလျား ကိုယ်စားပြုသည်။ ၎င်းတို့ မကြာခဏ ထုတ်ဖော်သည့် စေ့ဆော်မှုများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် ရည်ရွယ်ချက်များအားလုံးမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် စိတ်သဘောထားများ ဖြစ်ကာ၊ ယင်းမှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားနှင့် ဘုရားသခင်အား ဆန့်ကျင်လျက် ရပ်တည်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအား မုန်းတီးခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က “ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူတစ်ဦးသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောပါစေ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများ ဖြစ်ကြသောကြောင့် ကျိုးနွံနာခံသင့်သည်” ဟု ဆိုသောအခါ အန္တိခရစ်တစ်ဦးက မည်သို့ တွေးထင်သနည်း။ “ကျိုးနွံနာခံဖို့လော။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်မှာ မမှားသော်လည်း ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာသည့်အခါ အခြေအနေအပေါ် မူတည်၏။ ဦးစွာပထမ၊ ကျိုးနွံနာခံရာ၌ ကျွန်ုပ်အတွက် အကျိုးအမြတ်တစ်ခုခု ရှိရမည်။ ကျွန်ုပ် အနစ်နာမခံနိုင်သည့်အပြင် ကျွန်ုပ်၏ကိုယ်ကျိုးစီးပွားက ဦးစားပေးဖြစ်ရမည်။ အကယ်၍ ဆုလာဘ်များ သို့မဟုတ် ကြီးမားသော ကောင်းချီးများ ရစရာရှိပါက ကျွန်ုပ် ကျိုးနွံနာခံနိုင်သည်။ သို့သော် ဆုလာဘ်များမရှိသကဲ့သို့ ခရီးပန်းတိုင်မရှိပါက ကျွန်ုပ် အဘယ့်ကြောင့် ကျိုးနွံနာခံရမည်နည်း။ မနာခံနိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လက်မခံခြင်းနှင့်ဆိုင်သည့် သဘောထားဖြစ်၏။ ၎င်းတို့၏ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် အခြေအနေပေါ်မူတည်ပြီး၊ ၎င်းတို့၏ သတ်မှတ်ချက်များ မပြည့်ဝပါက ကျိုးနွံနာခံခြင်း မရှိသည်သာမက ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ခုခံခြင်းလည်း ရှိတတ်သည်။ ဥပမာ ဘုရားသခင်က လူတို့ကို ရိုးသားရန် တောင်းဆိုသော်လည်း ဤအန္တိခရစ်များက လူနုံလူအများသာ ရိုးသားဖို့ ကြိုးစားသည်၊ ထို့ပြင် လူတော်များက ရိုးသားဖို့ မကြိုးစားကြဟု ယုံကြည်ကြသည်။ ထိုကဲ့သို့သော သဘောထား၏ အနှစ်သာရမှာ အဘယ်နည်း။ သမ္မာတရားအား မုန်းတီးခြင်းဖြစ်၏။ ယင်းမှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်ကာ ၎င်းတို့၏ အနှစ်သာရက ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းက ၎င်းတို့ ပြုလုပ်သမျှတိုင်းကို အဆုံးအဖြတ်ပေးသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်

အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို ရန်လိုကြသည်။ သမ္မာတရားကို ရန်လိုခြင်း၏ ဤသဘာဝအနှစ်သာရသည် ယင်းဘာသာ မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရသည့်အခါ ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းသည်ဟု ခံစားရပြီး ငိုက်မျဉ်းလာကာ မထီမဲ့မြင်ပြုခြင်း၊ စိတ်မရှည်ခြင်းနှင့် နားမထောင်လိုခြင်းတို့၏ အမူအရာအမျိုးမျိုးကို ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ မကောင်းဆိုးဝါး၏ ပြုမူပြောဆိုပုံသည် ဤသို့ ထုတ်ဖော်ခြင်းခံရသည်။ အပြင်ပန်းတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ဘုရားသခင်၏ နောက်လိုက်များအဖြစ် မိမိတို့ကိုယ်ကို အသိအမှတ်ပြုကြပုံရသည်။ သို့ဆိုလျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါ အဘယ်ကြောင့် ၎င်းတို့သည် ဂနာမငြိမ်ဖြစ်လာကြသနည်း။ အဘယ်ကြောင့် ၎င်းတို့ ငြိမ်ငြိမ်မထိုင်နိုင်ကြသနည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဓားတစ်လက် ဆောင်ထားသကဲ့သို့ပင်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို စူးနစ်စေခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပြစ်တင်ရှုတ်ချခဲ့သလော။ မဟုတ်ပေ။ ဤနှုတ်ကပတ်တော်များ၏ အများစုသည် လူတို့ကို အာဟာရဖြည့်တင်းပေးရန်ဖြစ်ပြီး ယင်းတို့ကို ကြားရသည့်အခါ လူတို့သည် နိုးထနိုင်ကြသည်၊ အသက်ရှင်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ကြသည်၊ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ရန် ပြန်လည်နိုးကြားလာနိုင်သည်။ သို့ဖြစ်၍ အချို့လူများသည် ဤနှုတ်ကပတ်တော်များကို ကြားရသည့်အခါ အဘယ်ကြောင့် ပုံမှန်မဟုတ်စွာ တုံ့ပြန်ကြသနည်း။ ဤသည်မှာ နတ်ဆိုးက ၎င်း၏ စစ်မှန်သော အမူအရာကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ သင်သည် ဓမ္မပညာ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ သို့မဟုတ် ဗျာဒိတ်ကျမ်းအကြောင်း ပြောသည့်အခါ ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြပေ။ သင်သည် ဟန်ဆောင်မှုကင်းသော လူတစ်ဦးဖြစ်ခြင်းအကြောင်း၊ လူ့အကြိုက်လိုက်သူဖြစ်ခြင်းအကြောင်း ပြောလျှင်ပင် သို့မဟုတ် သူရဲကောင်းပုံပြင်များကို ပြောလျှင်ပင် ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းသည်ဟု ခံစားရကာ ထပြီး ထွက်သွားလိုကြသည်။ သင်က ၎င်းတို့ကို ကောင်းစွာနားထောင်ရန် တိုက်တွန်းနှိုးဆော်ပါက ၎င်းတို့သည် ရန်လိုလာပြီး ဒေါသတကြီး ကြည့်လေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် မခံယူနိုင်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ ၎င်းတို့ ငြိမ်ငြိမ်မထိုင်နိုင်ကြပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်က ၎င်းတို့အတွင်းရှိ ဝိညာဉ်သည် ပုံမှန်မဟုတ်ကြောင်း၊ ယင်းသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး ဘုရားသခင်ကို ရန်ပြုသော ဝိညာဉ်ဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည်နှင့်တစ်ပြိုင်နက် အတွင်း၌ ဒေါသထွက်လာကြပြီး ၎င်းတို့အတွင်းရှိ နတ်ဆိုးက လှုံ့ဆော်ကာ ၎င်းတို့ကို ငြိမ်ငြိမ်မထိုင်နိုင်အောင် ပြုလုပ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ သို့ဖြစ်၍ အပြင်ပန်းမှကြည့်လျှင် အန္တိခရစ်တို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုကြသည်။ သို့သော် ဤ “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” က အမှန်တကယ် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက ဤနှုတ်ကပတ်တော်များကို ၎င်းတို့ ပြစ်တင်ရှုတ်ချကြောင်း၊ ယင်းတို့ကို ဘုရားသခင်ထံမှ လာသည်ဟု အသိအမှတ်မပြုကြောင်းနှင့် ယင်းတို့အား လူတို့ကို ကယ်တင်သော သမ္မာတရား သို့မဟုတ် အသက်လမ်းခရီးအဖြစ် အသိအမှတ်မပြုကြောင်း ရှင်းလင်းစွာ ညွှန်ပြသည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်းသည် ဆင်ခြေတစ်ခု၊ အပေါ်ယံဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်းသည် ဘုရားသခင်ပြောဆိုခဲ့သော ဤနှုတ်ကပတ်တော်များအားလုံးအပေါ် အယူအဆများ မရှိကြသလော။ လူတိုင်းက ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ်၊ သမ္မာတရားအဖြစ် လက်ခံနိုင်သလော။ လက်မခံနိုင်ပေ၊ လူတိုင်းတွင် အနည်းနှင့်အများ၊ အတိုင်းအတာတစ်ခုအထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပဋိပက္ခဖြစ်သော သို့မဟုတ် ဆန့်ကျင်သော အတွေးအခေါ်အချို့၊ အယူအဆအချို့ သို့မဟုတ် ရှုထောင့်အမြင်အချို့ ရှိကြသည်။ သို့သော် လူအများစုတွင် ပုံမှန်ဆင်ခြင်တုံတရားရှိပြီး ဤဆင်ခြင်တုံတရားက ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ပေါ်ပေါက်လာသော သဘောထားကို အောင်မြင်ကျော်လွှားရန် ၎င်းတို့ကို ကူညီနိုင်သည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို “ယင်းက ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင် ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်နေဆဲဖြစ်သည်။ ယင်းတို့က ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ကျွန်ုပ်သည် နားထောင်ရန် အင်တင်တင်ဖြစ်နေကာ ယင်းသည် မမှန်ကန်ဟု ကျွန်ုပ် ခံစားရပြီး ယင်းက ကျွန်ုပ်၏ အတွေးအခေါ်များနှင့် ပဋိပက္ခဖြစ်သည်ဟု ကျွန်ုပ် ခံစားရလျှင်ပင် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် ယင်းတို့ကို ဖြည်းဖြည်းချင်း လက်ခံမည်ဖြစ်ပြီး တစ်နေ့တွင် ဤအရာအားလုံးကို ကျွန်ုပ် သတိပြုမိသည့်အခါတွင် ကျွန်ုပ်၏ အယူအဆများကို ကျွန်ုပ် လက်လွှတ်မည် ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဦးစွာ ဘေးဖယ်ထားရန် ပြောသည်၊ ၎င်းတို့၏ အယူအဆများသည် သမ္မာတရားမဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစားမထိုးနိုင်ပေ။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ရှုထောင့်အမြင်များဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိုက်အခံလုပ်မည့်အစား ကျိုးနွံနာခံခြင်းနှင့် ရိုးသားခြင်း သဘောထားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် ပြောသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ မိမိတို့၏ အယူအဆများနှင့် ကိုက်ညီသောစကားများကို လက်ခံနိုင်ပြီး ငြိမ်သက်စွာထိုင်၍ နားထောင်နိုင်သည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော နှုတ်ကပတ်တော်များအတွက်မူ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဘေးဖယ်ထားပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းလျက် ဖြေရှင်းနည်းများကိုလည်း ရှာဖွေနေကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသော လူအများစု၏ ပုံမှန်အပြုအမူ ဖြစ်သည်။ သို့သော် အန္တိခရစ်များ ပြောဆိုသော “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” သည် သာမန်လူများနှင့် မတူပေ။ အန္တိခရစ်များအတွက်မူ ဆိုးရွားသော ပြဿနာများရှိသည်၊ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ နှုတ်ကပတ်တော်များ၊ အနှစ်သာရနှင့် စိတ်သဘောထားတို့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော၊ စာတန်ဆန်သော စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော အရာတစ်ခုဖြစ်သည်။ ၎င်းတို့အတွက်မူ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်တင်ရှုတ်ချခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် လှောင်ပြောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ပြောဆိုသော ဤသာမန်ဖြစ်ပြီး နားလည်ရလွယ်ကူသော လူ့ဘာသာစကားသည် သမ္မာတရားမဟုတ်ဘဲ လူတို့ကို ကယ်တင်ခြင်း၏ အကျိုးသက်ရောက်မှုကို မရရှိနိုင်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” ဖြင့် ဆိုလိုသည့် တိကျသော အဓိပ္ပာယ်ဖြစ်သည်။ သို့ဆိုလျှင် ယင်း၏ အနှစ်သာရကား အဘယ်နည်း။ လက်တွေ့တွင် ယင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၅)

အန္တိခရစ်တို့သည် ပင်ကိုအားဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ ဘုရားသခင် ဖော်ပြသော စကားအားလုံးသည် သမ္မာတရားဖြစ်ကာ ယင်းကို သူတို့၏ စိတ်နှလုံးထဲ၌ လုံးလုံးလျားလျား ရွံရှာသည်ဟု မြင်ပြီး နားထောင်ရန်ဖြစ်စေ၊ လက်ခံရန်ဖြစ်စေ ဆန္ဒမရှိကြပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များသည် ဤအန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ၏ ပြစ်တင်ရှုတ်ချခြင်းများဖြစ်ပြီး သူတို့အတွက်မူ ဤစကားများသည် ပြစ်တင်ရှုတ်ချခြင်းများ၊ တရားစီရင်ခြင်းများနှင့် ကျိန်ခြင်းအမင်္ဂလာများဖြစ်ကာ သူတို့ကြားရသောအခါ သက်သောင့်သက်သာမရှိခြင်းနှင့် စိတ်မအီမသာဖြစ်ခြင်းတို့ကို ခံစားရစေသည်။ သူတို့၏ စိတ်နှလုံးထဲ၌ သူတို့ အဘယ်အရာ တွေးကြသနည်း။ “ဘုရားပြောသည့် ဤစကားများအားလုံးသည် ငါ့ကို တရားစီရင်ပြီး ပြစ်တင်ရှုတ်ချနေခြင်းဖြစ်သည်။ ငါ့ကဲ့သို့ လူစားမျိုးက ကယ်တင်ခြင်း မခံရနိုင်ဘူးဟု ထင်ရသည်။ ငါက ဖယ်ရှားရှင်းလင်းခံရပြီး ငြင်းပယ်ခံရသည့် အမျိုးအစားသာ ဖြစ်သည်။ ငါသည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့သည့်အတွက် ဘုရားကို ယုံကြည်နေခြင်းသည် အဘယ်အကျိုးရှိမည်နည်း။ သို့သော် တကယ်တမ်းတွင် သူသည် ဘုရားဖြစ်နေဆဲဖြစ်၏။ သူက ဘုရား လူ့ဇာတိခံယူထားသည့် ဇာတိခန္ဓာဖြစ်၏၊ စကားများစွာပြောခဲ့ပြီး နောက်လိုက်များလည်း များစွာရှိသည်။ ဤကိစ္စကို ငါမည်သည့်အရာ လုပ်သင့်သနည်း” ဟူ၍ ဖြစ်သည်။ ဤကိစ္စက သူတို့ကို စိတ်ဆိုးမာန်ဆိုးဖြစ်စေသည်၊ အကယ်၍ သူတို့ တစ်စုံတစ်ခု မရနိုင်လျှင် သူတို့သည် အခြားသူများကိုလည်း မရစေချင်ပေ။ အကယ်၍ အခြားသူများက ရနိုင်ပြီး သူတို့ မရနိုင်လျှင် သူတို့သည် ခါးသီးစွာ မုန်းတီးပြီး မပျော်မရွှင် ဖြစ်လာကြသည်။ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်က ဘုရားသခင် မဖြစ်ရန်၊ သူပြုသော အလုပ်သည် မှားယွင်းပြီး ဘုရားသခင် ပြုလုပ်ခဲ့ခြင်း မဟုတ်ရန် မျှော်လင့်ကြသည်။ အကယ်၍ ဤသို့သာဖြစ်ပါက သူတို့သည် အတွင်းစိတ်၌ မျှတသည်ဟု ခံစားရမည်ဖြစ်ပြီး ပြဿနာသည် အရင်းအမြစ်မှ ပြေလည်သွားပြီး ဖြစ်သွားမည်။ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးကြသည်၊ “အကယ်၍ ဤသူသည် လူ့ဇာတိခံ ဘုရား မဟုတ်ခဲ့လျှင် သူ့နောက်သို့လိုက်သော ထိုသူတို့သည် အရူးလုပ်ခံနေရသည်ဟု ဆိုလိုမည် မဟုတ်လော။ အကယ်၍ ယင်းမှာ မှန်ကန်ပါက အနှေးနှင့်အမြန်ဆိုသလို ဤလူတို့သည် လူစုကွဲသွားကြလိမ့်မည်။ အကယ်၍ သူတို့ လူစုကွဲသွားပြီး သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မည်သည့်အရာမျှ မရရှိခဲ့လျှင် ငါ မည်သည့်အရာမျှ မရရှိခဲ့ကြောင်း သိရခြင်းဖြင့် စိတ်အေးလက်အေး နေနိုင်ပြီး မျှတသည်ဟု ခံစားရမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သူတို့၏ စိတ်နေသဘောထား ဖြစ်သည်၊ သူတို့ တစ်စုံတစ်ခု မရနိုင်သောကြောင့် အခြားသူများကိုလည်း မရစေချင်ပေ။ အခြားသူများကို မည်သည့်အရာမျှ မရရှိစေရန် တားဆီးသည့် အကောင်းဆုံးနည်းလမ်းမှာ ခရစ်တော်ကို ငြင်းပယ်ရန်၊ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ရန်၊ ခရစ်တော် ပြုလုပ်ခဲ့သော အလုပ်ကို ငြင်းပယ်ရန်နှင့် ခရစ်တော် ပြောခဲ့သော စကားအားလုံးကို ငြင်းပယ်ရန် ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် ပြစ်တင်ရှုတ်ချခြင်း ခံရမည်မဟုတ်ဘဲ သူတို့သည် မည်သည့်အရာမျှ မရရှိခြင်းကို လက်ခံကျေနပ်ပြီး စိတ်ငြိမ်သက်ကာ ဤကိစ္စနှင့်ပတ်သက်၍ နောက်ထပ် စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။ ဤသည်မှာ အန္တိခရစ်ကဲ့သို့သော လူများ၏ သဘာဝအနှစ်သာရ ဖြစ်သည်။ သို့ဆိုလျှင် သူတို့၌ ခရစ်တော်နှင့်ပတ်သက်၍ အယူအဆများ ရှိသလော။ သူတို့၌ အယူအဆများ ရှိသောအခါ သူတို့သည် ယင်းတို့ကို ဖြေရှင်းကြသလော။ သူတို့သည် ယင်းတို့ကို လက်လွှတ်နိုင်ကြသလော။ သူတို့ မလုပ်နိုင်ကြပေ။ သူတို့၏ အယူအဆများ မည်သို့ ပေါက်ဖွားလာကြသနည်း။ သူတို့အတွက် အယူအဆများ ပေါက်ဖွားရန် လွယ်ကူသည်၊ “သင် စကားပြောသောအခါ ငါသည် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး သင်၏ စကားများနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် ယင်းတို့ အဘယ်မှ လာသည်ကို နားလည်ရန် ကြိုးစားသည်။ ယင်းတို့သည် သင့်အနေဖြင့် ကြားဖူးသည့် သို့မဟုတ် သင်ယူခဲ့သည့် အရာတစ်ခုခုလော၊ သို့မဟုတ် တစ်စုံတစ်ယောက်က သင့်ကို ပြောရန် ညွှန်ကြားခဲ့သလော။ တစ်စုံတစ်ယောက်က သင့်ထံ တိုင်ကြားချက်တစ်ခု ပြုလုပ်ခဲ့သလော သို့မဟုတ် တိုင်တန်းခဲ့သလော။ သင် မည်သူ့ကို ဖော်ထုတ်နေသနည်း” ဟူ၍ ဖြစ်သည်။ သူတို့သည် ဤနည်းလမ်းဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ သူတို့သည် သမ္မာတရားကို နားလည်နိုင်ကြသလော။ သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပေ၊ သူတို့သည် ယင်းကို သူတို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံပြုကြသည်။ သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ အတိုက်အခံပြုကြပြီး မုန်းတီးကြကာ ဤသို့သော သဘာဝအနှစ်သာရမျိုးဖြင့် တရားဒေသနာများကို နားထောင်ကြသည်။ သဘောတရားများနှင့် အယူဝါဒများမှလွဲ၍ သူတို့ နားလည်သဘောပေါက်သမျှမှာ အယူအဆများသာ ဖြစ်သည်။ မည်သို့သော အယူအဆများနည်း။ “ခရစ်တော်သည် ဤသို့စကားပြောသည်၊ တစ်ခါတစ်ရံတွင် ဟာသများပင် ပြောလိုက်သေးသည်၊ ဤသည်မှာ ရိုသေကိုင်းရှိုင်းခြင်း မဟုတ်။ သူက တစ်ခါတလေတွင် ပုံဆောင်သည့် ဆိုရိုးစကားများသုံးသည်၊ ဤသည်မှာ လေးနက်ခြင်းမဟုတ်။ သူ၏အပြောအဆိုမှာလည်း စကားပြောကောင်းခြင်း မဟုတ်ပါ၊ သူသည် ပညာသိပ်အတတ်ကြီး မဟုတ်ပါ၊ တစ်ခါတစ်ရံတွင် သူသည် စကားလုံးရွေးချယ်ရန် စဉ်းစားရသည်၊ သူတက္ကသိုလ် မတက်ခဲ့ဘူး မဟုတ်လော။ တစ်ခါတစ်ရံတွင် သူ၏ စကားသည် လူတစ်ယောက်ကို တိတိကျကျ ပစ်မှတ်ထားသည်၊ မည်သူ့ကိုနည်း။ တစ်ယောက်ယောက်က တိုင်ကြားခဲ့သလား။ မည်သူနည်း။ ခရစ်တော်က စကားပြောသည့်အခါတွင် အဘယ်ကြောင့် ငါ့ကို အမြဲ ဝေဖန်နေရသနည်း။ သူက ငါ့ကို တစ်နေကုန် ရှုစားပြီး စောင့်ကြည့်လေ့လာနေခြင်းဖြစ်သလော။ သူက တစ်နေကုန် လူများအကြောင်း စဉ်းစားနေခြင်းဖြစ်သလော။ ခရစ်တော်၏ စိတ်ထဲတွင် မည်သည့်အရာများ စဉ်းစားနေသနည်း။ လူ့ဇာတိခံ ဘုရား၏ စကားသည် ကောင်းကင်ဘုံမှ ဘုရား၏ မိုးခြိမ်းသံကဲ့သို့ မေးခွန်းထုတ်စရာမရှိသော ဩဇာအာဏာနှင့် ပြည့်စုံသည့် အသံမျိုးနှင့် မတူပါ။ သူဖော်ပြသည့်အရာများက အဘယ်ကြောင့် လူနှင့်တူနေရသနည်း။ သူက ငါ မည်သို့ပင်ကြည့်ပါစေ လူတစ်ယောက်သာ ဖြစ်သည်၊ လူ့ဇာတိခံ ဘုရားတွင် အားနည်းချက်များ ရှိသလား။ သူက လူများကို စိတ်ထဲမှာ မုန်းသလား။ သူက လူများနှင့် ဆက်ဆံသည့်အခါ လောကီဆိုင်ရာ ဆက်ဆံမှုအတွက် အတွေးအခေါ်တစ်ခုခု ရှိသလား” ဟူ၍ ဖြစ်သည်။ ဤအယူအဆများ ပေါများလှသည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တို့၏ အတွေးများသည် သမ္မာတရားနှင့် မသက်ဆိုင်သော အရာများ၊ စာတန်၏ တွေးခေါ်ပုံနှင့် ယုတ္တိဗေဒမှလည်းကောင်း၊ စာတန်၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်မှလည်းကောင်း လာသော အရာများဖြင့် ပြည့်နှက်နေသည်။ အတွင်းအနက်ရှိုင်းဆုံး၌ သူတို့သည် ကောက်ကျစ်ဆိုးယုတ်ခြင်းဖြင့် ပြည့်နှက်နေပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော အခြေအနေနှင့် စိတ်သဘောထားတို့ဖြင့် ပြည့်နှက်နေသည်။ သူတို့သည် သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် ရရှိရန် လာကြခြင်းမဟုတ်ဘဲ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် လာကြခြင်း ဖြစ်သည်။ သူတို့၏ အယူအဆများသည် အချိန်မရွေး၊ နေရာမရွေး ပေါ်ပေါက်နိုင်ပြီး သူတို့သည် စောင့်ကြည့်လေ့လာနေစဉ်၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေစဉ် အယူအဆများကို ပေါက်ဖွားစေသည်။ သူတို့၏ အယူအဆများသည် သူတို့၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းအတွင်း၌ ပုံပေါ်လာပြီး သူတို့သည် ဤအယူအဆများကို သူတို့၏ စိတ်နှလုံးထဲ၌ တင်းတင်းကျပ်ကျပ် စွဲကိုင်ထားကြသည်။ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝဘက်ကို စောင့်ကြည့်လေ့လာသောအခါ အယူအဆများကို ပေါက်ဖွားစေသည်။ သူတို့သည် ဘုရား၏ သဘောသဘာဝဘက်ကို မြင်သောအခါ သူတို့သည် သိလိုစိတ်ပြင်းပြပြီး အံ့အားသင့်သွားကာ ယင်းကလည်း အယူအဆများကို ပေါက်ဖွားစေရန် ဦးတည်သည်။ ခရစ်တော်အပေါ်တွင်လည်းကောင်း၊ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဇာတိပကတိအပေါ်တွင်လည်းကောင်း သူတို့၏ သဘောထားသည် သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံးမှ ကျိုးနွံနာခံခြင်း သို့မဟုတ် စစ်မှန်သော လက်ခံခြင်း သဘောထားတစ်ခု မဟုတ်ပေ။ ထိုအစား သူတို့သည် ခရစ်တော်၏ မျက်နှာချင်းဆိုင်၌ ရပ်တည်ပြီး သူ၏ အကြည့်၊ အတွေးအခေါ်များနှင့် အမူအရာကို စောင့်ကြည့်လေ့လာ၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ခရစ်တော်၏ ဖော်ပြချက်တိုင်းကိုပင် စောင့်ကြည့်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ လေသံ၊ စကားပြော အသံနေအသံထားနှင့် စကားလုံးရွေးချယ်မှု အမျိုးအစားတိုင်းကို နားထောင်ပြီး ခရစ်တော်၏ စကားတွင် ရည်ညွှန်းသည့်အရာ စသည်တို့ကို နားထောင်ကြသည်။ အန္တိခရစ်တို့သည် ခရစ်တော်ကို ဤနည်းလမ်းဖြင့် စောင့်ကြည့်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောအခါ သူတို့၏ သဘောထားသည် ခရစ်တော်ကို သူတို့၏ ဘုရားသခင်အဖြစ် လက်ခံနိုင်ရန်နှင့် ခရစ်တော်ကို သူတို့၏ သမ္မာတရားအဖြစ် လက်ခံပြီး သူတို့၏ အသက်ဖြစ်လာစေရန်အလို့ငှာ သမ္မာတရားကို ရှာဖွေပြီး နားလည်ရန် ရည်ရွယ်သည့် သဘောထားတစ်ခု မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ဤသူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်၊ သူ့ကို စေ့စေ့စပ်စပ် စိစစ်ပြီး သဘောပေါက်နားလည်ရန် လိုလားကြသည်။ သူတို့သည် အဘယ်အရာကို သဘောပေါက်နားလည်ရန် ကြိုးစားနေကြသနည်း။ သူတို့က ဤသူသည် ဘုရားသခင်နှင့် မည်သို့ တူညီသည်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြပြီး အကယ်၍ သူသည် ဘုရားသခင်နှင့် အမှန်တကယ် တူညီပါက သူတို့သည် သူ့ကို လက်ခံကြသည်။ အကယ်၍ သူတို့ သူ့ကို မည်သို့ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ သူသည် ဘုရားသခင်နှင့် မတူဟု ထင်ရပါက သူတို့သည် ထိုစိတ်ကူးကို လုံးဝ လက်လျှော့လိုက်ပြီး လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများကို ဆက်လက် စွဲကိုင်ထားသည်၊ သို့မဟုတ်၊ ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် မျှော်လင့်ချက်မရှိဟု ယုံကြည်ကာ အမြန်ဆုံး ထွက်ခွာရန် အခွင့်အရေးတစ်ခုကို ရှာဖွေကြသည်။

အန္တိခရစ်တို့သည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့်ပတ်သက်၍ အယူအဆများ ပေါက်ဖွားစေခြင်းမှာ အတော်ပင် ပုံမှန်ဖြစ်သည်။ အန္တိခရစ်များအဖြစ် သူတို့၏ အနှစ်သာရကြောင့်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော သူတို့၏ အနှစ်သာရကြောင့် သူတို့အနေဖြင့် မိမိတို့၏ အယူအဆများကို လက်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။ မည်သည့်အရာမျှ မဖြစ်ပျက်သောအခါ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်မှ ဖတ်ရှုပြီး ဤစကားများကို ဘုရားသခင်အဖြစ် ရှုမြင်ကြသော်လည်း လူ့ဇာတိခံ ဘုရားသခင်နှင့် ထိတွေ့ပြီး သူသည် ဘုရားသခင်နှင့် မတူကြောင်း တွေ့ရှိသည့်အခါ သူတို့သည် ချက်ချင်း အယူအဆများကို ပေါက်ဖွားစေပြီး သူတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် မထိတွေ့သောအခါ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်ကိုသာ ကိုင်စွဲပြီး သူ၏ နှုတ်ကပတ်တော်များကို ဘုရားသခင်အဖြစ် မှတ်ယူကြကာ၊ သူတို့သည် မရေရာသော စိတ်ကူးယဉ်မှုတစ်ခုနှင့် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် ရည်ရွယ်ချက်တစ်ခုကို ထားရှိနိုင်သေးပြီး အားထုတ်မှုအချို့ကို အင်တင်တင်ဖြင့် ပြုလုပ်ကာ တာဝန်အချို့ကို ထမ်းဆောင်ပြီး ဘုရားအိမ်တော်၌ အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သည်။ သို့သော် သူတို့သည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့် ထိတွေ့သည်နှင့်တစ်ပြိုင်နက် သူတို့၏ စိတ်ထဲတွင် အယူအဆများဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် ပြုပြင်ခြင်း မခံရလျှင်ပင် သူတို့၏ တာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်မှုသည် သိသိသာသာ လျော့ကျသွားနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို ဆက်ဆံပုံ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့် မကြာခဏ ခွဲခြားဆက်ဆံကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်အဖြစ် သဘောထားပြီး ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို လူသားတစ်ဦးအဖြစ် သဘောထားကြသည်။ ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိသည် သူတို့၏ အယူအဆများနှင့် မကိုက်ညီသောအခါတွင်ဖြစ်စေ၊ ချိုးဖောက်သောအခါတွင်ဖြစ်စေ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထံသို့ အလျင်အမြန် လှည့်ပြီး ယင်းတို့ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုကာ သူတို့၏ အယူအဆများကို အတင်းအကျပ် ဖိနှိပ်ပြီး ချောင်ထိုးထားရန် ကြိုးစားကြသည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုးကွယ်နေသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကွယ်ကြပြီး သူတို့၏ အယူအဆများ ဖြေရှင်းပြီးဖြစ်သကဲ့သို့ ထင်ရသည်။ သို့ရာတွင် စင်စစ်အားဖြင့် ခရစ်တော်အပေါ် သူတို့၏ အတွင်းစိတ်မှ မလိုက်နာခြင်း၊ နာကျည်းခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့သည် လုံးဝ မဖြေရှင်းရသေးပေ။ ခရစ်တော်ကို သူတို့၏ ဆက်ဆံမှုတွင် အန္တိခရစ်တို့သည် အယူအဆများကို အဆက်မပြတ် ပေါက်ဖွားစေပြီး သေသည်အထိ ယင်းတို့ကို ခေါင်းမာစွာ ဆုပ်ကိုင်ထားကြသည်။ သူတို့၌ အယူအဆများ မရှိသောအခါ သူတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည်၊ သူတို့၌ အယူအဆများ ရှိသောအခါ သူတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ရုံသာမက ယင်းတို့ကို ခေါင်းမာစွာလည်း ဆုပ်ကိုင်ထားကြသည်။ သူတို့သည် သူတို့၏ အယူအဆများကိုလည်း မဖြေရှင်း၊ သမ္မာတရားကိုလည်း မရှာဖွေကြပေ။ သူတို့သည် မိမိတို့ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ သူတို့သည် စာတန်နှင့်ဆိုင်သောသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသောအခါ ယင်းတို့၏ သရုပ်သကန်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၃)

ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောပြီး အမှုများစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည့်တိုင် သူ၏ နှုတ်ကပတ်တော်များက မည်မျှ လက်တွေ့ကျပါစေ၊ သူပြောသည့် သမ္မာတရားများသည် လူတို့အတွက် မည်မျှတည်ဆောက်စရာ ဖြစ်ပါစေ၊ ယင်းတို့ကို ၎င်းတို့အနေဖြင့် မည်မျှ အဆောတလျင် နားလည်ဖို့ လိုအပ်ပါစေ အန္တိခရစ်တို့က စိတ်မဝင်စားကြဘဲ အလေးအနက် မထားကြချေ။ ထိုအစား ဘုရားသခင် စကားပြောလေ၊ ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို သူလုပ်ဆောင်လေ၊ ၎င်းတို့က ပို၍ ပစ်ပစ်ခါခါငြင်းကာ ကသိကအောက်ဖြစ်ပြီး အတိုက်အခံဖြစ်သည်ဟု ခံစားရလေဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်းနှင့် သူ့အပေါ် ပြစ်မှားစော်ကားခြင်းတို့ပင် ၎င်းတို့ထဲတွင် ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည် သူ့ကို ပွက်ပွက်ညံအောင် ကန့်ကွက်လိမ့်မည်။ “ဤနှုတ်ကပတ်တော်များတွင် ကိုယ်တော်၏ အနန္တတန်ခိုး ပါရှိသလား။ နှုတ်ကပတ်တော်များ ဖော်ပြသည်မှာ ကိုယ်တော်လုပ်ဆောင်သမျှ ဖြစ်သလော။ ကိုယ်တော် စကားမပြောခဲ့လျှင် အနန္တတန်ခိုးရှင် မဖြစ်တော့မည်လော။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် စကားမပြောနှင့်။ ကျွန်ုပ်တို့အား အသက်ရရှိရန်နှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် ထောက်ကူပေးဖို့ စကားပြောခြင်းကိုဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် လူကို သမ္မာတရားဖြင့် ထောက်ပံ့ခြင်းတို့ကိုဖြစ်စေ အသုံးမပြုနှင့်။ ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို ညတွင်းချင်း ကောင်းကင်တမန်များ ဖြစ်လာစေပါက၊ ကိုယ်တော်၏ တမန်များ ဖြစ်လာစေပါက ယင်းမှာ အနန္တတန်ခိုး ဖြစ်ပေမည်” ဟူ၍ ဖြစ်လေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ၏အမှုကို ‌ဆောင်ရွက်သည်နှင့်အညီ အန္တိခရစ်တို့၏ သဘာဝသည် ဖုံးကွယ်ထားခြင်း တစ်စက်မျှ မရှိဘဲ နည်းနည်းချင်း ထုတ်ဖော်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရသည်။ ပြီးလျှင် သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အတိုက်အခံလုပ်ခြင်းဖြစ်သည့် ၎င်းတို့၏ အနှစ်သာရသည်လည်း လုံးလုံး ချပြခြင်း ခံရလေသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အနှစ်သာရတို့ကို စက်ဆုပ်မုန်းတီးသည့် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည်လည်း ဘုရားသခင်က သူ၏ အလုပ်တွင် ရှေ့လျှောက် တိုးတက်မှုများ ပြုလုပ်သည်နှင့်အညီ အချိန်နှင့်အမျှ မရပ်မနား နည်းနည်းချင်း ဖော်ထုတ်ပြီး ထုတ်ဖော်ခြင်း ခံရလေသည်။ အန္တိခရစ်တို့သည် မရေရာသော အရာများကို လိုက်စားကြသည်။ ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်ရခြင်းအား လိုက်စားသည်။ ပြီးလျှင် လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် ဤရည်မှန်းချက်၊ လိုအင်ဆန္ဒတို့ဖြင့် စိုးမိုးခြင်းခံရကာ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းတို့ဖြစ်သည့် ၎င်းတို့၏ သဘာဝသည် ပေါ်လွင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် စစ်မှန်မှုနှင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသည့်သူများ၊ အပြုသဘောဆောင်သည့်အရာများကို ယုံကြည်ပြီး ချစ်သောသူများသည် ဘုရားသခင်၏ အနန္တတန်ခိုးကို သူ၏ အလုပ်ဖြစ်စဉ်နှင့် နှုတ်ကပတ်တော်များတွင် မြင်နိုင်ကြသည်။ ပြီးလျှင် ဤလူများ မြင်နိုင်သည့်အရာများ၊ ၎င်းတို့ ရရှိနိုင်သည့်အရာများနှင့် ၎င်းတို့ သိမြင်နိုင်သည့် အရာများသည် အန္တိခရစ်များက ထာဝရ မသိနိုင်သော၊ မရရှိနိုင်သော အရာများ အတိအကျပင် ဖြစ်လေသည်။ လူများသည် ဘုရားသခင်ထံမှ အသက်ကို ရမည်ဖြစ်ပါက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများရှိဖို့ လိုအပ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြလေသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ မရှိပါက ဘုရားနှုတ်ကပတ်တော်များထံမှ အသက်နှင့် သမ္မာတရားကို ရရှိခြင်းတစ်ခုတည်းနှင့် ထိုသို့ဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခြင်းကို ရရှိခြင်းသည် မဖြစ်နိုင်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်တစ်ဦးအတွက်မှာမူ ယင်းမှာ ထာဝရ မဖြစ်နိုင်ခြင်း ဖြစ်သည်။ ယင်းသည် မခိုင်လုံချေ။ ထိုအကြောင်းကြောင့် ဘုရားသခင်က ၎င်းတို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ထုတ်ဖော်ကာ ထူးဆန်းသောတန်ခိုးများကို ပြုမည်ဟု မျှော်လင့်လျက် ၎င်းတို့သည် မမောနိုင်မပန်းနိုင် စောင့်ဆိုင်းကာ ဆုတောင်းကြခြင်း ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က မလုပ်ဆောင်လျှင် သူ၏ အနန္တတန်ခိုးသည် မတည်ရှိဟူ၍ ဖြစ်သည်။ ဤအရာ၏ နောက်မှ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဘုရားသခင်၏ အနန္တတန်ခိုး မတည်ရှိလျှင် ဘုရားသခင်သည်လည်း သေချာပေါက် မတည်ရှိဟူ၍ ဖြစ်သတည်း။ ဤသည်မှာ အန္တိခရစ်တို့၏ တွေးခေါ်မှုစနစ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြစ်တင်ရှုတ်ချကြပြီး သူ၏အနန္တတန်ခိုးကို ပြစ်တင်ရှုတ်ချကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၁)

အန္တိခရစ်တို့သည် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတွင် ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးတို့ ရှိသည်ကို သိမြင်မှုတစ်စုံတစ်ရာ ရှိရန် မဆိုထားနှင့်၊ စိုးစဉ်းမျှ အသိအမှတ်ပြုခြင်းဖြစ်စေ၊ ယုံကြည်ခြင်းဖြစ်စေ မရှိကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အတုမရှိခြင်းတို့ကို ယုံကြည်ရန်၊ အသိအမှတ်ပြုရန်နှင့် သိကျွမ်းရန်တို့သည် ၎င်းတို့အတွက် ပို၍ပင် ခက်ခဲလေသည်မှာ ပြောစရာမလိုချေ။ သို့ဖြစ်၍ ဘုရားသခင်က လူများအား ရိုးသားအောင် နေခိုင်းကြောင်း၊ မိမိ၏နေရာအဆင့်အတန်းကို စောင့်ထိန်းနိုင်သည့် လက်တွေ့ကျသော ဖန်ဆင်းခံများဖြစ်အောင် နေခိုင်းကြောင်း ဘုရားသခင်က ထုတ်ဖော်ပြောသည့်အခါတွင် အန္တိခရစ်တို့တွင် စိတ်ကူးများ ပေါ်ထွက်လာကြပြီး ၎င်းတို့၌ သဘောထားနှင့် ခံစားချက်များလည်း ထွက်ပေါ်လာလေသည်။ ၎င်းတို့က “ဘုရားသည် ချီးမြှောက်ခြင်း မခံရသလော။ သူသည် အထွတ်အထိပ် မဟုတ်သလော။ သို့ဆိုလျှင် လူအပေါ် သူပြုသည့် တောင်းဆိုချက်များသည် ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သင့်သည်။ ဘုရားသည် အလွန်နက်နဲသည်ဟု ကျွန်ုပ် ထင်မှတ်ခဲ့သည်။ သူသည် လူအပေါ် ထိုသို့မဖြစ်စလောက်သော တောင်းဆိုချက်များကို ပြုလိမ့်မည်ဟု ကျွန်ုပ် တွေးထင်ခဲ့မိမည် မဟုတ်။ ယင်းတို့ကို သမ္မာတရားအဖြစ် ထင်မြင်၍ ရနိုင်သလော။ ယင်းတို့သည် အလွန်ရိုးရှင်းသည်။ ဘုရား၏ တောင်းဆိုချက်များ မြင့်သွားခြင်းမှာ သင့်တော်ပေလိမ့်မည်။ လူတစ်ဦးသည် မဟာလူသားတစ်ဦး၊ ကြီးမြတ်သောလူတစ်ဦး၊ စွမ်းပကား ရှိသောလူတစ်ဦး ဖြစ်သင့်သည်။ ယင်းမှာ လူတို့ လုပ်ဆောင်ရန် ဘုရားအနေဖြင့် တောင်းဆိုသင့်သည့်အရာ ဖြစ်သည်။ သူက လူတစ်ဦးကို ရိုးသားသောသူတစ်ဦး ဖြစ်အောင် နေခိုင်းသည်။ ယင်းမှာ အမှန်တကယ်ပင် ဘုရားအလုပ်ဖြစ်သလော။ ယင်းမှာ အတုအယောင်ဖြစ်ခြင်း မဟုတ်လော” ဟု ပြောကြသည်။ အန္တိခရစ်တို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် သမ္မာတရားကို အတိုက်အခံပြုခြင်းသာ မဟုတ်ဘဲ ထိုသို့လုပ်ဆောင်သည့်အခါတွင် ပြစ်မှားစော်ကားခြင်းကလည်း ၎င်းတို့တွင် ထွက်ပေါ်လာလေသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များအတွက် မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်းတို့ဖြင့် ပြည့်နေကြသည်။ ယင်းတို့ကို အရေးမစိုက်ခြင်း၊ ဥပေက္ခာပြုခြင်း၊ ထေ့ငေါ့ခြင်းနှင့် လှောင်ပြောင်ခြင်း သဘောထားတစ်ခုဖြင့် အနက်အဓိပ္ပာယ်ဖွင့်ကာ ဆက်ဆံကြလေသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတွင် မသတီစရာ ဖြစ်လေသည်။ ၎င်းတို့သည် စစ်မှန်ကာ လှပပြီး လက်တွေ့ကျသော အရာများ သို့မဟုတ် စကားများကို လက်ခံနိုင်စွမ်း မရှိကြ။ ဘုရားသခင်၏ အနှစ်သာရသည် စစ်မှန်ပြီး လက်တွေ့ကျသည်၊ ပြီးလျှင် လူများအပေါ် သူ၏ တောင်းဆိုချက်များသည် လူများလိုအပ်သည့်အရာနှင့် ကိုက်ညီလေသည်။ “ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သည်” ဟူ၍ အန္တိခရစ်တို့က တင်ပြ၏။ ယင်းမှာ အဘယ်နည်း။ ယင်းသည် မှားယွင်းကာ အနှစ်မဲ့ပြီး ပေါ့တန်လေသည်။ လူများကို ဖောက်ပြန်ပျက်စီးစေပြီး အထင်အမြင်မှားစေသည်။ ၎င်းတို့ကို ပြိုလဲစေပြီး ဘုရားသခင်ထံမှ ဝေးရာကို ၎င်းတို့အား ခေါ်ဆောင်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားနှင့် သူ၏ အသက်တို့မှာမူ သစ္စာရှိသည်၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး လက်တွေ့ကျလေသည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို အတန်ကြာ တွေ့ကြုံပြီးဖြစ်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ အသက်တစ်ခုတည်းသည်ပင် ချစ်ခင်နှစ်လိုဖွယ် အကောင်းဆုံး ဖြစ်သည့်အရာဖြစ်ကြောင်း၊ သူ့နှုတ်ကပတ်တော်များတစ်ခုတည်းသည်ပင် လူများနှင့် ၎င်းတို့၏ အသက်တာများကို ပြောင်းလဲနိုင်ကြောင်း၊ ယင်းတို့မှာ လူတို့ လိုအပ်သည့်အရာဖြစ်ကြောင်း၊ သို့သော်လည်း စာတန်နှင့် အန္တိခရစ်များ တင်ပြသည့် ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သည့် ထင်မြင်ချက်များနှင့် ဆိုရိုးများကမူ လူတို့အပေါ် ဘုရားသခင် တောင်းဆိုချက်များ၏ စစ်မှန်ခြင်း၊ လက်တွေ့ကျခြင်းတို့ဖြင့် လုံးလုံးကြီး ဆန့်ကျင်နေကြောင်းတို့ကို ၎င်းတို့ ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ ဤအနှစ်သာရမျိုးအရ ၎င်းတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အတုမရှိခြင်းတို့ကို လက်ခံနိုင်စွမ်း လုံးလုံး မရှိကြချေ။ ထိုအရာများကို ၎င်းတို့ အသိအမှတ်ပြုမည့်အရေးမှာ လုံးဝကို မဖြစ်နိုင်ပေ။ ဘုရားသခင်၏ ဖော်ထုတ်ခြင်းခံရသော လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့၏ မျိုးစုံသော ရှုထောင့်များဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးမာကျောခြင်းနှင့် မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများအတွက်မှာမူ အန္တိခရစ်တို့သည် ယင်းတို့ကို လုံးဝ လက်မခံကြပေ။ လူတို့အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ၎င်းတို့အပေါ် သူ၏ ပြင်းထန်သော ပြစ်တင်မောင်းမဲခြင်းတို့အတွက်မှာမူ အန္တိခရစ်တို့သည် ယင်းတို့ထဲမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းတို့ကို သိနိုင်စွမ်း မရှိခြင်းမျှသာ မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ပြောသည့် ထိုနှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ယင်းတို့ကို အတိုက်အခံလည်း လုပ်လေသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြစ်တင်ဆုံးမသော၊ တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတိုင်းတွင် ယင်းတို့ကို မုန်းတီးပြီး ကျိန်ဆဲလိုကြ၏။ ၎င်းတို့သည် မာနထောင်လွှားသည်၊ စိတ်နှလုံးမာကျောသော လူတစ်ဦးဖြစ်သည်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ကောက်ကျစ်ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်ဟု တစ်စုံတစ်ဦးက ပြောလျှင် ထိုပုဂ္ဂိုလ်နှင့် ငြင်းခုံကြမည်ဖြစ်ကာ ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို တိုင်တည်ကာ ကျိန်ကြလေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချလျှင် ယင်းမှာ ထိုလူသည် ၎င်းတို့ကို သတ်ရန် ရည်ရွယ်သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လုံးဝကို လက်မခံကြပေ။ အန္တိခရစ်တို့သည် ထိုသို့သော အနှစ်သာရရှိပြီး ထိုသို့သောအရာများကို ထုတ်ဖော်ပြသဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ထဲတွင် သိပင်မသိလိုက်ဘဲ ရွေးထုတ်ခြင်းခံရကာ အမှတ်တမဲ့ ခွဲထုတ်ပြီး ထုတ်ဖော်ခံရခြင်းဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မကြာခဏဆိုသကဲ့သို့ မပြည့်ဝသောကြောင့် ဘုရားသခင်ပြောသည့် စကားများအတွက်၊ သူ၏တည်ရှိခြင်းအတွက်၊ ပြီးလျှင် “ဘုရားအိမ်တော်၌ သမ္မာတရား စိုးမိုးသည်” ဟူသည့် စကားရပ်အတွက် ၎င်းတို့၏ အမုန်းတရားသည် တိုးပွားလာခြင်းဖြစ်၏။ ထိုစကားရပ်ကို ၎င်းတို့အား သင်ပြောလျှင် ၎င်းတို့သည် သင့်အား သေသည်အထိ ယှဉ်ပြိုင်တိုက်ခိုက်လိုလိမ့်မည်။ သင့်အား သေအောင် နှိပ်စက်လိုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားသခင်ကို မလိုလားကြောင်းကို ယင်းဘာသာပြခြင်း မဟုတ်လော။ အမှန်ပင် ပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၁)

ပြုပြင်ခြင်းအပေါ် အန္တိခရစ်များ၏ သဘောထားစစ်စစ်မှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေသည်။ ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ ဆက်တိုက်ဖြစ်သော ဒုစရိုက်အမှုများကို မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်းကို ညွှန်ပြနေခြင်း မဟုတ်သလော။ အန္တိခရစ်တို့သည် ဤအတိုင်းအတာအထိ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ၊ မကောင်းသည့်အရာမည်မျှကို ၎င်းတို့ လုပ်ဆောင်ပါစေ ၎င်းတို့သည် ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လာကြခြင်းမဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် “သေသည်အထိ ငြင်းပါ” ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံသည်။ လူတို့က ၎င်းတို့ကို မည်သို့ ဖော်ထုတ်ပါစေ၊ ပိုင်းခြားစိစစ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤအပြုအမူများသည် အန္တိခရစ်များ၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်မဲ့ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသည် မဟုတ်လော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် သဘာဝအနှစ်သာရကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ နှောင့်ယှက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်မကောင်းမဖြစ်နိုင်ကြချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား အနည်းငယ်ကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် နတ်ဆိုးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်မျှထိခိုက်သည်ဖြစ်စေ ယင်းကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ယင်းအားဖြင့် ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ ဝမ်းနည်းခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ဤသည်မှာ သာမန်လူများ၌ မြင်ရသင့်သည့်အရာ လုံးဝ မဟုတ်ချေ။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြပြီး နတ်ဆိုးများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့ကြပေသည်။ ၎င်းတို့က မကောင်းသည့်အရာ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ အသင်းတော်၏ အလုပ်ကို ကြီးမားသည့် ဆုံးရှုံးမှုများ ၎င်းတို့က မည်မျှဖြစ်စေသည်ဖြစ်စေ ဤအရာကို ဝန်ခံရန် ၎င်းတို့က ပြင်းပြင်းထန်ထန် ငြင်းပယ်ကြသည်။ ထိုအရာကို ဝန်ခံခြင်းဟူသည်မှာ ၎င်းတို့က မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ခဲ့မိပြီဖြစ်သည်ဟု ဆိုလိုမည်ဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က “ငါသည် တစ်စုံတစ်ရာကို အမှားများလုပ်မိနိုင်သလော။ ငါသည် လုံးဝ အမှားတစ်ခုမျှ လုပ်မည်မဟုတ်ပါ။ ငါ၏ အမှားကို ငါ့အား ဝန်ခံခိုင်းလျှင် ယင်းမှာ ငါ၏ အကျင့်စရိုက်ကို စော်ကားခြင်း ဖြစ်မည် မဟုတ်လော။ ထိုအဖြစ်အပျက်တွင် ငါ ပါဝင်ပတ်သက်ခဲ့သော်လည်း ငါက ယင်းကို ဖြစ်အောင်လုပ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ငါသည် အဓိက တာဝန်ရှိသည့်လူ မဟုတ်ခဲ့ပါ။ သင် အလိုရှိသည့် မည်သူကိုမဆို သွားရှာပါ၊ သို့သော် ငါ့ကို သင် လာမရှာသင့်ပါ။ မည်သို့ဆိုစေ ဤအမှားကို ငါ ဝန်မခံနိုင်ပါ။ ဤတာဝန်ကို ငါ ခေါင်းမခံနိုင်ပါ”ဟု တွေးကြသည်။ ၎င်းတို့၏ အမှားကို ဝန်ခံလျှင် ရှုတ်ချခံရမည်၊ သေဒဏ်စီရင်ခံရမည် ဖြစ်ပြီး ငရဲသို့လည်းကောင်း၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့လည်းကောင်း အပို့ခံရမည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ငါ့ကို ပြော​လော့၊ ဤကဲ့သို့သော လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ၎င်းတို့၏ စစ်မှန်သော နောင်တကို မျှော်လင့်၍ရနိုင်သလော။ အခြားသူများက သမ္မာတရားနှင့်ပတ်သက်၍ မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ အန္တိခရစ်များက အတိုက်အခံ လုပ်ကြဆဲဖြစ်သည်၊ ဆန့်ကျင်ကြဆဲဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ထိုအရာကို အာခံကြဆဲဖြစ်သည်။ ၎င်းတို့ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ၎င်းတို့၏ အမှားများကို ဝန်မခံကြသေးသကဲ့သို့ နောင်တနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခုတလေမျှ လုံးဝ မပြကြချေ။ ထိုကိစ္စကို နောင် ၁၀ နှစ်တွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသည့်အပြင် အမှားတစ်ခု ပြုမိခဲ့ကြသည်ကို ဝန်မခံကြချေ။ ထိုကိစ္စကို နောင် အနှစ် ၂၀ တွင် ထုတ်ပြောသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ရန် ကြိုးစားကြဆဲ ဖြစ်သည်။ သာ၍ စက်ဆုပ်ဖွယ် ကောင်းသေးသည်မှာ ထိုကိစ္စကို နောင် အနှစ် ၃၀အကြာတွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ “ကျွန်ုပ်သည် အမှား မလုပ်ခဲ့ပါ။ ထို့ကြောင့် အမှားတစ်ခုကို ကျွန်ုပ် ဝန်မခံနိုင်ပါ။ ထိုအရာသည် ကျွန်ုပ်၏ တာဝန်မဟုတ်ပါ။ ယင်းကို ကျွန်ုပ် ခေါင်းမခံသင့်ပါ” ဟု ပြောလျက် ငြင်းခုံပြီး မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ကြိုးစားကြဆဲ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ အထုတ်ခံရပြီးနောက် အနှစ် ၃၀ အကြာတွင် အန္တိခရစ်များသည် အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ခဲ့သည့် နည်းလမ်းအပေါ် အတိုက်အခံလုပ်သော သဘောထားတစ်ခုကို ထားရှိကြဆဲဖြစ်သည်ကို လူတိုင်းက အံ့အားသင့်ရပေသည်။ အနှစ် ၃၀ ကြာပြီးနောက်တွင်ပင် ၎င်းတို့ လုံးဝ မပြောင်းလဲကြသေးပေ။ ထို့ကြောင့် ထိုအနှစ် ၃၀ ကို ၎င်းတို့ မည်သို့ ကုန်ဆုံးခဲ့ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ရှုခဲ့ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ပြန်၍မသုံးသပ်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့က ဆုမတောင်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ထံ ရင်ဖွင့်မတိုင်ပင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ တရားဒေသနာများနှင့် မိတ်သဟာယကို ၎င်းတို့ နားမထောင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့သည် ဉာဏ်ရည်မရှိခြင်းနှင့် ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အတွေးအခေါ် မပိုင်ဆိုင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ထိုအနှစ် ၃၀ ကို ၎င်းတို့ ကုန်ဆုံးခဲ့ပုံသည် အမှန်တကယ်ပင် ပဟေဠိတစ်ခုဖြစ်သည်။ အဖြစ်အပျက် ဖြစ်ပြီးနောက် အနှစ်သုံးဆယ်အကြာတွင် ၎င်းတို့သည် ညီအစ်ကို​မောင်နှမများက ၎င်းတို့ကို မတရားဆက်ဆံကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို နားမလည်ပေးကြောင်း၊ ဘုရားအိမ်တော်က ၎င်းတို့ကို မမျှမတ ဆက်ဆံကြောင်း၊ ၎င်းတို့အတွက် ပြဿနာများ ဖန်တီးခဲ့ကြောင်း၊ ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင်လုပ်ပြီး ၎င်းတို့ကို မတော်မတရား အပြစ်တင်ခဲ့ကြောင်း တွေးထင်လျက် မကျေမချမ်းမှုနှင့် ပြည့်နေကြဆဲ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူများသည် ပြောင်းလဲနိုင်ကြသလော။ လုံးဝ မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးများက အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုမှုဖြင့်လည်းကောင်း၊ အတိုက်အခံဖြစ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ဖြင့်လည်းကောင်း ပြည့်နေသည်။ ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခြင်းနှင့် ၎င်းတို့ကို ပြုပြင်ခြင်းအားဖြင့် အခြားလူတို့က ၎င်းတို့၏ တည်ကြည်မှုများကို ဖျက်ဆီးခဲ့သည်၊ ၎င်းတို့၏ ဂုဏ်သတင်းကို ပျက်အောင်လုပ်ခဲ့ကြပြီး ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန့်အလွန် ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေခဲ့ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်တွင် ဆုတောင်းရန်၊ ရှာဖွေရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အမှားများကို ဝန်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ လာကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အမှားများနှင့်ပတ်သက်၍ နောင်တရသည့် သို့မဟုတ် ဝန်ခံသည့် သဘောထား လုံးဝ ရှိကြလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သာ၍ပင် လက်ခံကြလိမ့်မည် မဟုတ်ပေ။ ယနေ့အချိန်တွင် ၎င်းတို့သည် ဤကိစ္စရပ်ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သံသယပင်ရှိကာ ငြင်းပယ်ပြီး ဘုရားအိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်စိုးသည်ကို သံသယထားကာ ငြင်းပယ်သည့်အတိုင်းအတာထိ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုကာ ဤအမှားများကို တရားသဖြင့်ဖြစ်‌အောင် လုပ်ပေးရန်၊ ဤကိစ္စရပ်ကို ထုတ်ဖော်ရန်နှင့် မည်သူမှန်သည်၊ မည်သူမှားသည်ကို အတိအကျ စီရင်ရန် တောင်းဆိုကြသည်နှင့်အမျှ မနာခံမှု၊ မကျေနပ်ခြင်းနှင့် နာကြည်းချက်တို့ကို အငြိုးသိုထားလေသည်။ ဤသည်မှာ အန္တိခရစ်တို့ ပြုပြင်ခံရခြင်း၏ နောက်ဆုံး ရလဒ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြသလော။ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ထိုသမ္မာတရားကို လက်ခံခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်။ ဤအရာမှနေ၍ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်ကို ငါတို့ မြင်နိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)

အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်။ သင့်အနေဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူကို သမ္မာတရားအား လက်ခံပြီး လက်တွေ့လုပ်ဆောင်စေရန် ပြုလုပ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ဤသို့ လုပ်ဆောင်ခြင်းသည် နွားကို သစ်ပင်တက်ခိုင်းခြင်း၊ သို့မဟုတ် ဝံပုလွေကို ကောက်ရိုးစားခိုင်းခြင်းနှင့် ညီမျှသည်။ ယင်းသည် ၎င်းတို့အား မဖြစ်နိုင်သည့်အရာကို တောင်းဆိုနေခြင်း ဖြစ်မည်လော။ သင်သည် တစ်ခါတစ်ရံတွင် ဝံပုလွေတစ်ကောင်က သိုးများနှင့်အတူရောနှောရန် သိုးအုပ်အတွင်းသို့ ထိုးဖောက်ဝင်သည်ကို တွေ့လိမ့်မည်။ ၎င်းသည် လှည့်ကွက်ပြုလုပ်ပြီး သိုးကိုစားရန်အတွက် အခွင့်အရေးကို စောင့်ဆိုင်းလျက်ရှိသည်။ ၎င်း၏ သဘာဝသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ အလားတူပင် အန္တိခရစ်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေခြင်းသည် ဝံပုလွေအား ကောက်ရိုးစားခိုင်းပြီး ၎င်း၏ သိုးကိုစားသည့် ဗီဇကို စွန့်ပစ်ခိုင်းခြင်းနှင့် ညီမျှသည်။ မဖြစ်နိုင်ပေ။ ဝံပုလွေသည် အသားစားသတ္တဝါများဖြစ်သည်။ ၎င်းတို့သည် သိုးကိုစားသည်။ တိရစ္ဆာန်မျိုးစုံကို စားသည်။ ယင်းသည် ၎င်းတို့သဘာဝဖြစ်သည်။ ပြောင်းလဲ၍မရပေ။ တစ်စုံတစ်ယောက်က “ကျွန်ုပ်သည် အန္တိခရစ် ဟုတ်မဟုတ်ဆိုသည်ကို မသိ။ သို့သော် သမ္မာတရားအား မိတ်သဟာယပြုသည်ကို ကျွန်ုပ်ကြားသည့်အချိန်တိုင်းတွင် ကျွန်ုပ်၏ စိတ်နှလုံးသည် အမျက်ခြောင်းခြောင်းထွက်ပြီး မုန်းတီးသည်။ ကျွန်ုပ်ကို ပြုပြင်မည့် မည်သူကိုမဆို ပို၍ပင် မုန်းတီးသည်” ဟု ဆိုလျှင် ယင်းသည် အန္တိခရစ်ဖြစ်သလော။ (ဟုတ်ပါသည်။) တစ်စုံတစ်ယောက်က “သင့်အပေါ်၌ အမှုအရာများ ကျရောက်သောအခါ သင်သည် သမ္မာတရားကို ကျိုးနွံနာခံပြီး ရှာဖွေရမည်” ဟု ဆိုပြီး ထိုပထမလူက “ကျိုးနွံနာခံတဲ့လား၊ သွားသေလိုက်ပါလား။ ဆက်၍ စကားမပြောနှင့်” ဟု ဆိုသည်။ ယင်းသည် မည်သို့သောအရာမျိုးနည်း။ ဒေါသစိတ်ရှိခြင်းလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်စိတ်သဘောထားနည်း။ (သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။) ၎င်းတို့သည် ယင်းအကြောင်းပြောဆိုမှုကိုပင် သည်းခံမည်မဟုတ်သကဲ့သို့ သမ္မာတရားကို သင် မိတ်သဟာယပြုသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သဘာဝက ပွင့်ထွက်ပြီး ၎င်းတို့၏ သရုပ်မှန်ကို ပြသသည်။ ၎င်းတို့သည် သမ္မာတရားအား ရှာဖွေခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း ပြောဆိုမှုတစ်ခုတလေအား ကြားရခြင်းကို မနှစ်သက်ပေ။ ၎င်းတို့၏ မနှစ်သက်ခြင်းမှာ မည်မျှကြီးသနည်း။ ဤသို့သောပြောဆိုမှုကို ၎င်းတို့ကြားသောအခါ ၎င်းတို့သည် ပွင့်ထွက်ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှုက ပျောက်ကွယ်သွားသည် ၎င်းတို့သည် လျှို့ဝှက်ချက်ကို ထုတ်ပြရန် မကြောက်ပေ။ ယင်းမှာ ၎င်းတို့၏ မုန်းတီးမှုက မည်မျှကြီးပုံ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) သမ္မာတရားသည် ဆိုးယုတ်သူအတွက် မရည်ရွယ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သော ထိုလူတို့အတွက် ရည်ရွယ်သည်။ သမ္မာတရားသည် ထိုလူတို့အား သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုသည်။ အန္တိခရစ်အနှစ်သာရရှိသော၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအပေါ် အလွန်အမင်း ရန်လိုသော ထိုကောက်ကျစ်ဆိုးယုတ်သူတို့အတွက်မူ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်ခံမည်မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့ နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ လက်ခံမည်မဟုတ်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားအကြောင်းကို ပို၍ ကြားရသောအခါ၌ ၎င်းတို့ နားလည်လိမ့်မည်ဟုလည်းကောင်း မထင်နှင့်။ ယင်းသည် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးသူတို့သည် စာတန်၏ အမျိုးအစားနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ မည်သူကမျှ ၎င်းတို့ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်ကို သစ္စာဖောက်ပြီးနောက် ကောင်းကင်တမန်မင်းကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်တမန်မင်းကို ကယ်တင်မည်ဟု ဆိုသည်ကို သင်တို့ ကြားဖူးသလော။ ဘုရားသခင်သည် ဤသို့ လုံးဝ မပြောခဲ့။ ဤသို့ဆိုလျှင် ဘုရားသခင်က စာတန်ကို မည်သည့်အရာ လုပ်ဆောင်ခဲ့သနည်း။ သူသည် စာတန်ကို လေထဲသို့ ပစ်ချခဲ့ပြီး ကမ္ဘာပေါ်တွင် သူ့ကို အစေခံစေကာ စာတန်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်စေသည်။ စာတန်က အစေခံမှုပေးခြင်း ပြီးဆုံးသောအခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသောအခါ၌ သူသည် စာတန်ကို ဖျက်ဆီးလိမ့်မည်။ ထိုမျှသာ ဖြစ်လိမ့်မည်။ ဘုရားသခင်က ယင်းနှင့်ပတ်သက်ပြီး ဖြည့်စွက်ချက်တစ်ခု ပြောသလော။ (မပြောပါ။) အဘယ်ကြောင့် မပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် တစ်နည်းအားဖြင့် အသုံးဝင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး တစ်ခုသောအရာကို ပြောခြင်းသည် မလိုလားအပ်သောအရာဖြစ်မည်။ အန္တိခရစ်၏ သဘာဝအနှစ်သာရက မည်သည့်အခါမျှ မပြောင်းလဲနိုင်သည်ကို ဘုရားသခင်က ရိပ်စားမိပြီးဖြစ်သည်။ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)

အရှေ့သို့- ၈။ အန္တိခရစ်များ၏ ရက်စက်ကြမ်းတမ်းသောသဘာဝကို ပိုင်းခြားသိမြင်နည်း

နောက်တစ်ခုသို့- ၁၀။ ပေါလု၏ သဘာဝအနှစ်သာရကို ပိုင်းခြားသိမြင်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။