၈။ အန္တိခရစ်များ၏ ရက်စက်ကြမ်းတမ်းသောသဘာဝကို ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် နောက်ထပ် အစိတ်အပိုင်းတစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့ကို စကားစုတစ်ခုဖြင့် အကျဉ်းချုပ်နိုင်သည်။ အန္တိခရစ်တို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ၎င်းတို့တွင် အဆင့်အတန်းရှိသည့်အခါ၊ အန္တိခရစ်များဖြစ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့တွင် အဆင့်အတန်းမရှိသည့်အခါ၊ ၎င်းတို့ အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို သင်မည်သို့ အကဲဖြတ်နိုင်မည်နည်း။ ၎င်းတို့၏ လူ့သဘာဝကို သင် ကြည့်ရမည်။ ၎င်းတို့၏ လူ့သဘာဝသည် မလိုမုန်းထားတတ်လျှင်၊ မသိမသာ အန္တရာယ်ပေးတတ်ပြီး အငြိုးသိုထားလျှင်၊ ၎င်းတို့သည် ရာနှုန်းပြည့် အန္တိခရစ်များ ဖြစ်ကြသည်။...အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်ခြင်းသည် စိတ်သဘောထားတစ်ခု၊ အနှစ်သာရတစ်ခုဖြစ်သည်။ ယင်းမှာ စစ်မှန်သော စာတန်ဆန်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ ယင်းမှာ ဗီဇတစ်ခုမဟုတ်သည့်အပြင်၊ ဇာတိပကတိ၏ လိုအပ်ချက်တစ်ခုလည်း မဟုတ်ဘဲ၊ ထို့ထက် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခုနှင့် ထူးခြားသော လက္ခဏာတစ်ရပ်သာ ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များ၊ ထုတ်ဖော်ခြင်းများနှင့် လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များထဲမှ မည်သည့်အရာက ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်ကြောင်း၊ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိကြောင်းကို ကိုယ်စားပြုသနည်း။ သင်တို့၏ အတွေးများကို မျှဝေကြလော့။ (၎င်းတို့သည် အခြားသူများကို ညှဉ်းဆဲကြသည်။) (၎င်းတို့သည် မိမိတို့နှင့်မတူသူများကို နှိပ်ကွပ်ပြီး ဖယ်ကြဉ်ကြသည်။) (၎င်းတို့သည် အခြားသူများကို အမှုဆင်ပြီး ထောင်ချောက်ဆင်ကြသည်။) (၎င်းတို့သည် လူတို့ကို ထိန်းချုပ်ပြီး ကြိုးကိုင်ခြယ်လှယ်ကြသည်။) (၎င်းတို့သည် ဂိုဏ်းများဖွဲ့ပြီး သွေးခွဲကြသည်။) ဂိုဏ်းများဖွဲ့ပြီး သွေးခွဲခြင်းသည် အနည်းငယ် မသိမသာ အန္တရာယ်ပေးတတ်သည်။ ဤအရာများသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန်များဖြစ်သော်လည်း၊ ရက်စက်ကြမ်းကြုတ်ခြင်းကို စံမမီပေ။ အယူအဆများကို ဖြန့်ဝေခြင်း၊ သီးခြား နယ်ပယ်များကို တည်ထောင်ခြင်းဟူသည့် ဤအရာများသည် ရက်စက်ကြမ်းကြုတ်သလော။ (ရက်စက်ကြမ်းကြုတ်ပါသည်။) အလုပ်အစီအစဉ်များကို ဆန့်ကျင်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းနှင့် ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်ခြင်းဟူသည့် ဤအရာများသည် ရက်စက်ကြမ်းကြုတ်သလော။ (ရက်စက်ကြမ်းကြုတ်ပါသည်။) ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းသည် လောဘကြီးခြင်းမျှသာမဟုတ်၊ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ အန္တိခရစ်တို့က ပူဇော်သက္ကာများကို သိမ်းပိုက်နိုင်ခြင်းသည် ဓားပြများနှင့် တန်းတူဖြစ်သော အလွန်ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ညွှန်ပြသည်။ ငါတို့ ယခုတင်အကျဉ်းချုပ်ခဲ့သော အချက်များကို ပြန်ပြောကြလော့။ (၎င်းတို့သည် အခြားသူများကို ညှဉ်းဆဲကြသည်၊ မိမိတို့နှင့်မတူသူများကို နှိပ်ကွပ်ပြီး ဖယ်ကြဉ်သည်။ ၎င်းတို့ကို အမှုဆင်ပြီး ထောင်ချောက်ဆင်သည်၊ လူတို့ကို ထိန်းချုပ်ပြီး ကြိုးကိုင်ခြယ်လှယ်သည်။ အယူအဆများကို ဖြန့်ဝေသည်၊ သီးခြားနယ်ပယ်များကို တည်ထောင်သည်၊ အလုပ်အစီအစဉ်များကို ဆန့်ကျင်သည်၊ ဘုရားသခင်ကို တိုက်ခိုက်ပြီး၊ ပူဇော်သက္ကာများကို သိမ်းပိုက်သည်။) စုစုပေါင်း ကိုးချက်ရှိပေသည်။ ဤအရာများသည် အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များ အနည်းနှင့်အများ ဖြစ်ကြသည်။ အမှန်တွင်၊ တိကျသော သရုပ်သကန်အချို့ ရှိနေသေးသော်လည်း၊ ၎င်းတို့သည် ဤအရာများနှင့် တစ်ထပ်တည်းဖြစ်လုနီးပါးဖြစ်သောကြောင့်၊ ယင်းတို့ကို ငါ အသေးစိတ် စာရင်းပြုစုလိမ့်မည်မဟုတ်။ တိုတိုပြောရလျှင်၊ ဤလုပ်နည်းကိုင်နည်းများနှင့် နည်းဗျူဟာများကို အသုံးပြုသူတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ တစ်ဖက်တွင်၊ ၎င်းတို့၏ လုပ်နည်းကိုင်နည်းများသည် မသိမသာအန္တရာယ်ပေးတတ်သည်။ ဥပမာအားဖြင့်၊ အမှုဆင်ခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် အယူအဆများကို ဖြန့်ဝေခြင်းတို့သည် အတော်ပင် မသိမသာ အန္တရာယ်ပေးတတ်သည်ချည်းသာ ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ၎င်းတို့၏ နည်းဗျူဟာများသည် အတော်ပင် အငြိုးသိုထားတတ်ပြီး ကြမ်းတမ်းသည်။ ယင်းက ၎င်းတို့အား ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသူများအဖြစ် အရည်အချင်းပြည့်မီစေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)

အန္တိခရစ်တို့၏ သဘာဝရှိ အဓိကစရိုက်များမှ တစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ “ရက်စက်ကြမ်းကြုတ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့၌ သမ္မာတရားနှင့်စပ်လျဉ်း၍ အထူးသဖြင့် ဆိုးယုတ်သော သဘောထားရှိခြင်း ဖြစ်သည်၊ သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိရုံသာမက၊ လက်ခံဖို့ ငြင်းဆန်ရုံသာမက ၎င်းတို့ကို ပြုပြင်သူတို့ကိုပင် ပြစ်တင်ရှုတ်ချလေသည်။ ယင်းမှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထား ဖြစ်သည်။ ပြုပြင်ခံရခြင်းကို လက်ခံသူ မည်သူမဆိုသည် အနိုင်ကျင့်ခြင်းကို ခုခံနိုင်စွမ်း မရှိကြောင်းနှင့် အခြားသူများကို အစဉ်သဖြင့် ပြုပြင်သည့်လူများသည် အစဉ်သဖြင့် ရန်စပြီး အနိုင်ကျင့်လိုသည့် လူများဖြစ်သည်ဟု အန္တိခရစ်တို့က ထင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့ကို ပြုပြင်သည့်သူ မည်သူကိုမဆိုအား ခုခံလိမ့်မည် ဖြစ်ပြီး ထိုလူကို ခက်ခဲစေလိမ့်မည်။ ပြီးလျှင် အန္တိခရစ်တစ်ဦး၏ ချို့ယွင်းချက်များ၊ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဆွေးနွေးပြောဆိုလာသည့် မည်သူ့ကိုမဆိုဖြစ်စေ၊ ၎င်းတို့ကို သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်း မိတ်သဟာယပြုသည့်သူ မည်သူ့ကိုမဆိုဖြစ်စေ၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိစေသည့် မည်သူ့ကိုမဆိုဖြစ်စေ ထိုလူသည် ၎င်းတို့အား ခက်ခဲအောင် လုပ်နေသည်ဟု တွေးထင်ကြပြီး ထိုလူကို သဘောမကျပေ။ ၎င်းတို့သည် ထိုလူကို အလွန်အမင်း မုန်းတီးကြပြီး ထိုသူကို လက်စားချေမည်ဖြစ်ကာ ထိုလူအတွက် ကိစ္စများကို ခက်ခဲအောင် လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ ငါတို့ မိတ်သဟာယပြုကြမည့် အန္တိခရစ်တို့က ပြုပြင်ခံရခြင်းအား သဘောထားပုံနှင့်ဆိုင်သော နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့ကို ပြုပြင်ပြီး ဖော်ထုတ်သည့် မည်သူ့ကိုမဆို ၎င်းတို့က မုန်းတီးကြသည်။ ဤသည်မှာ အန္တိခရစ်များတွင် အလွန် သိသာထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သည်။ မည်သို့သော လူစားမျိုးများသည် ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်ကြသနည်း။ ဆိုးယုတ်သည့် လူများဖြစ်သည်။ အမှန်မှာမူ အန္တိခရစ်တို့သည် ဆိုးယုတ်သော လူများဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့သာလျှင် ထိုသို့သော ကြမ်းကြုတ်ရက်စက်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည့်သူများ ဖြစ်သည်။ ကြမ်းကြုတ်ရက်စက်သော လူတစ်ဦးသည် စေတနာထားသည့် တိုက်တွန်းအားပေးခြင်းမျိုး၊ စွပ်စွဲခြင်းမျိုး၊ သွန်သင်ခြင်းမျိုး၊ သို့မဟုတ် အကူအညီမျိုး တစ်ခုတလေကို ကြုံရသည့်အခါ ၎င်းတို့၏ သဘောထားသည် ကျေးဇူးတင်ရှိခြင်း၊ သို့မဟုတ် နှိမ်ချစွာ လက်ခံခြင်း ဖြစ်ရမည့်အစား အရှက်ကြောင့် အမျက်ဒေါသထွက်ပြီး အလွန်အမင်း ရန်လိုခြင်း၊ မုန်းတီးခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့ပင် ဖြစ်လေသည်။ “လတ်တလောတွင် သင်သည် စည်းမျဉ်းနှင့်အညီ မပြုမူဘဲ အထိန်းအကွပ်မဲ့နေခဲ့ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင့်ကိုယ်သင် တစ်စိုက်မတ်မတ် ကြွားလုံးထုတ်နေခဲ့သည်။ သင်သည် အဆင့်အတန်းအတွက် အလုပ်လုပ်နေခဲ့ပြီး သင်၏ တာဝန်ကို လုံးဝ ကမောက်ကမ ဖြစ်စေခဲ့သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ဖြောင့်မတ်လေပြီလော။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါ အဘယ်ကြောင့် သမ္မာတရားကို သင် မရှာသေးသနည်း။ စည်းမျဉ်းအတိုင်း အဘယ်ကြောင့် သင် ပြုမူဆောင်ရွက်ခြင်း မရှိသေးသနည်း။ ညီအစ်ကို မောင်နှမများက သမ္မာတရားနှင့်ပတ်သက်၍ သင်နှင့်အတူ မိတ်သဟာယပြုသည့်အခါ သင် အဘယ်ကြောင့် လက်မခံခဲ့သနည်း။ ယင်းတို့ကို သင် အဘယ်ကြောင့် လျစ်လျူရှုလေပြီနည်း။ သင် နှစ်သက်သည့်အတိုင်း အဘယ်ကြောင့် သင် ဆက်လုပ်ဆောင်လေပြီနည်း”ဟု ပြောဆိုခြင်းဖြင့် အန္တိခရစ်တစ်ဦးကို ပြုပြင်ကာ ဖော်ထုတ်သည့်သူအချို့ ရှိသည်။ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုင်သည့် ၎င်း၏ ထုတ်ဖော်ခြင်းကို ဖော်ထုတ်သည့် ဤအဘယ်ကြောင့်ဟူသည်အရာအချို့၊ ဤစကားများသည် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ “အဘယ်ကြောင့်နည်း။ “အဘယ်ကြောင့်”ဟူသည့်အရာ မရှိပါ။ ငါ အလိုရှိသည့် မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်သည်။ ငါ့ကို ပြုပြင်ရန် မည်သည့်အရာက သင့်အား အခွင့်ပေးသနည်း။ ထိုသို့လုပ်ဆောင်ရအောင် သင်သည် အဘယ်သူများနည်း။ ငါသည် တစ်ဇွတ်ထိုးလုပ်တတ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ယခုတွင် ငါ ဤအသက်အရွယ်ကို ရောက်ပြီဖြစ်သဖြင့် ငါ့ကို အဘယ်သူမျှ ဤသို့ မပြောဝံ့ပေ။ ငါတစ်ဦးတည်းသာ အခြားသူများကို ဤပုံစံဖြင့် စကားပြောနိုင်သည်။ အခြားမည်သူကမျှ ငါ့ကို ဤကဲ့သို့ စကားမပြောနိုင်ပါ။ မည်သူက ငါ့ကို ဩဝါဒပေးဝံ့သနည်း။ ငါ့ကို ဩဝါဒပေးနိုင်သည့်လူ မမွေးသေးပါ။ သင် ငါ့ကို ဩဝါဒပေးနိုင်သည်ဟု အမှန်တကယ် ထင်သလော”ဟူ၍ ဖြစ်သည်။ ၎င်း၏ စိတ်နှလုံးအတွင်းတွင် အမုန်းတရားဖြစ်ပေါ်ပြီး လက်စားချေဖို့အတွက် အခွင့်အရေးကို ရှာဖွေလေသည်။ ၎င်း၏ စိတ်ထဲတွင် ၎င်းက “ငါ့ကို ပြုပြင်နေသည့် ဤလူသည် အသင်းတော်တွင် တန်ခိုးအာဏာရှိသူလော။ ငါ သူ့ကို လက်တုံ့ပြန်မည်ဆိုလျှင် သူ့အတွက် မည်သူက ရပ်တည်ပေးမည်နည်း။ ငါ သူ့ကို ဒုက္ခပေးမည်ဆိုလျှင် အသင်းတော်က ငါ့ကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်လော။ ငါ့တွင် ဖြေရှင်းချက်တစ်ခုရှိသည်။ သူ့ကို ငါ ကိုယ်တိုင်ကိုယ်ကျ လက်တုံ့ပြန်မည် မဟုတ်ပါ။ တစ်စုံတစ်ခုကို လုံးဝ လျှို့ဝှက်စွာဖြင့် ငါ လုပ်ဆောင်မည်။ သူ့ကို ဝေဒနာခံစားစေကာ အရှက်ရစေရန်အတွက် သူ၏ မိသားစုကို ငါ တစ်စုံတစ်ခု လုပ်ဆောင်မည်၊ ထိုသို့ဖြင့် ငါသည် ဤမကျေမချမ်းဖြစ်ခြင်းမှ လွတ်မြောက်မည်ဖြစ်သည်။ ငါ လက်စားချေကိုချေရမည်။ ဤကိစ္စကို ယခု ငါ ဘေးချိတ်ထား၍မရပါ။ အခြားသူများက ငါ့ကို ဩဇာပေးနိုင်ရန်အလို့ငှာ ဘုရားကို ငါ ယုံကြည်လာခဲ့ခြင်း မဟုတ်သကဲ့သို့ အခြားသူများအား ငါ့ကို စိတ်တိုင်းကျ အနိုင်ကျင့်ခွင့်ပေးရန်အတွက် ဤနေရာသို့ ငါ လာခဲ့ခြင်း မဟုတ်ပါ။ ငါသည် ကောင်းချီးမင်္ဂလာများရရှိရန်နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လာခဲ့ခြင်းဖြစ်သည်။ သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်။ လူတို့သည် မိမိတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရန် ရဲရင့်ခြင်းရှိရမည်။ ငါ့ကို ဖော်ထုတ်ရလောက်အောင် သင်သည် ရဲတင်းလိုက်လေခြင်း။ ဤသည်မှာ အနိုင်ကျင့်ခြင်းပင်ဖြစ်သည်။ ယခုအခါ သင်သည် ငါ့ကို အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် မဆက်ဆံသဖြင့် ငါသည် သင့်ကို ဒုက္ခပေးမည်ဖြစ်ပြီး ငါသည် သင့်ကို အကျိုးဆက်များ ခံစားစေမည်။ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကြစို့၊ ပြီးလျှင် မည်သူက ပို၍ရက်စက်သည်ကို ကြည့်ကြစို့”ဟူ၍ အပိုင်ကြံနေကြလေသည်။ ဖော်ထုတ်သည့် စကားအနည်းငယ်မျှက အန္တိခရစ်များကို အမျက်ထွက်စေပြီး ၎င်းတို့ထဲတွင် ကြီးမားလှသည့် အမုန်းတရားကို ဖြစ်ပေါ်စေခဲ့ကာ လက်စားချေဖို့အတွက် များစွာ အားထုတ်လုပ်ဆောင်စေလေတော့သည်။ ၎င်းတို့၏ ကြမ်းတမ်းရက်စက်သော စိတ်သဘောထားသည် လုံးဝ ပေါ်လွင်ထင်ရှားလျက် ရှိသည်။ ၎င်းတို့အနေဖြင့် အခြားတစ်ဦးကို မုန်းတီးမှုကြောင့် လက်တုံ့ပြန်သည့်အခါ ထိုသူအပေါ် မုန်းတီးမှု သို့မဟုတ် ယခင်ကရှိခဲ့သည့် အာဃာတကြောင့် မဟုတ်ဘဲ ထိုသူက ၎င်းတို့၏ အမှားများကို ဖော်ထုတ်ခဲ့သောကြောင့်သာ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤအရာက မည်သူလုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်နှင့် ထိုသူ၏ ဆက်ဆံရေးက မည်သို့ဖြစ်စေ အန္တိခရစ်တစ်ဦးကို ဖော်ထုတ်သည့် လုပ်ရပ်သက်သက်က ထိုအန္တိခရစ်၏ မုန်းတီးမှုကို အစပျိုးစေနိုင်ပြီး ၎င်း၏ လက်စားချေမှုအား ဖြစ်ပေါ်စေနိုင်သည်ကို ပြသနေသည်။ မည်သူဖြစ်စေ၊ ၎င်းသည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အမှုဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်က အန္တိခရစ်ကို ဖော်ထုတ်ပြီး ပြုပြင်သရွေ့ ထိုသူကို ရန်သူတစ်ဦးအဖြစ် ၎င်းက သဘောထားလိမ့်မည် ဖြစ်သည်။ ၎င်းက “ကျွန်ုပ်ကို ပြုပြင်သူ မည်သူကိုမဆို ကျွန်ုပ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမည်ဖြစ်သည်။ ကျွန်ုပ်ကို ပြုပြင်သူ၊ ကျွန်ုပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သူ၊ ကျွန်ုပ်အား ဘုရားအိမ်တော်၏ နှင်ထုတ်ခြင်းခံရအောင် လုပ်ဆောင်သူ၊ သို့မဟုတ် ကျွန်ုပ်၏ ကောင်းချီးဝေစုကို လုယက်သူ မည်သူကိုမဆို ကျွန်ုပ် လုံးဝ လွှတ်ထားမည် မဟုတ်ပါ။ ယင်းမှာ ဤလောကီ ကမ္ဘာတွင် ငါ၏ ပကတိအခြေအနေ ဖြစ်သည်။ မည်သူကမျှ ငါ့ကို ဒုက္ခမပေးဝံ့ပါ။ ငါ့ကို ဒုက္ခပေးဝံ့သည့်လူ မမွေးသေးပါ”ဟုပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလိမ့်မည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ ထုတ်ဖော်ပြောဆိုလေ့ရှိကြသည့် ကြမ်းတမ်းသော စကားများဖြစ်သည်။ ဤကြမ်းတမ်းသော စကားများကို ၎င်းတို့ ထုတ်ဖော်ပြောဆိုသည့်အခါ အခြားသူတို့ကို ခြိမ်းခြောက်ရန်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို ကာကွယ်ရန် ၎င်းတို့က ဖွင့်ထုတ်ပြောဆိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် အမှန်တကယ် မကောင်းမှုကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ၎င်းတို့အတွက် ရရှိနိုင်သော မည်သည့်နည်းလမ်းကိုမဆို အောက်တန်းအကျခံ၍ ကျင့်သုံးကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ ရက်စက်သော စိတ်သဘောထား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

အန္တိခရစ်များ ပြုပြင်ခံရသည့်အခါ ၎င်းတို့၏ သဘောထားက လက်ခံပြီး နာခံသည့် သဘောထားတစ်ခု မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ထိုအရာကို အတိုက်အခံလုပ်ကာ အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြပေသည်။ ယင်းက အမုန်းတရား ဖြစ်စေသည်။ ၎င်းတို့သည် မိမိတို့ကို ပြုပြင်သူတိုင်း၊ ၎င်းတို့၏ အိမ်တွင်း အရှုပ်တော်ပုံကို ထုတ်ဖော်ပြီး ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများကို ဖော်ထုတ်သည့် လူတိုင်းအား ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မုန်းတီးကြသည်။ ၎င်းတို့က မည်သည့်အတိုင်းအတာထိ သင့်ကို မုန်းကြသနည်း။ ၎င်းတို့က မုန်းတီးစိတ်ဖြင့် အံကြိတ်လျက် ၎င်းတို့၏ မြင်ကွင်းမှ သင် ပျောက်ကွယ်သွားမည်ကို အလိုရှိကြပြီး သင်တို့နှစ်ဦး အတူနေ၍မရဟု ခံစားနေကြသည်။ အန္တိခရစ်များသည် လူတို့နှင့်ပတ်သက်၍ ဤကဲ့သို့ဖြစ်ကြလျှင် ၎င်းတို့ကို ဖော်ထုတ်ကာ ရှုတ်ချသည့် ဘုရားနှုတ်ကပတ်တော်များအား ၎င်းတို့ လက်ခံနိုင်ကြသလော။ လက်မခံနိုင်ကြပေ။ ၎င်းတို့ကို ဖော်ထုတ်သည့် မည်သူမဆိုကို ၎င်းတို့သည် မိမိတို့အား ဖော်ထုတ်ခြင်းနှင့် မိမိတို့ကို မထောက်ခံရုံဖြင့် မုန်းကြလိမ့်မည်ဖြစ်ပြီး ထိုသူတို့အား လက်တုံ့ပြန်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကို ပြုပြင်ခဲ့သူအား မိမိတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားစေလိုကြသည်။ ထိုသူ အဆင်ပြေနေသည်ကို မြင်ရခြင်းအား ၎င်းတို့ မခံနိုင်ကြပေ။ ဤလူက သေဆုံးသွားလျှင် သို့မဟုတ် ကပ်ဘေး ကြုံတွေ့ရလျှင် ၎င်းတို့ ပျော်ရွှင်ကြပေမည်။ ဤလူ အသက်ရှိကာ ဘုရားအိမ်တော်၌ မိမိတာဝန်ကို ထမ်းဆောင်နေသေးပြီး အရာရာက ပုံမှန်အတိုင်း ဖြစ်နေသရွေ့ ၎င်းတို့၏ စိတ်နှလုံးတွင် ဆင်းရဲဒုက္ခခံစားရသည်၊ မသက်မသာဖြစ်ကာ မခံမရပ်နိုင်ဖြစ်ခြင်းတို့ကို ခံစားရလေသည်။ ၎င်းတို့တွင် တစ်စုံတစ်ဦးအပေါ် လက်တုံ့ပြန်ဖို့ နည်းလမ်းမရှိသည့်အခါ ထိုသူကို တိတ်တဆိတ် ကျိန်ဆဲလေသည်၊ သို့မဟုတ် ထိုလူအပေါ် ဘုရားသခင်က အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းတို့ ဆောင်ကြဉ်းပေးရန်နှင့် ဘုရားသခင်က ၎င်းတို့၏ နစ်နာချက်များကို တရားသဖြင့်ဖြစ်အောင် လုပ်ပေးရန်အတွက်ပင် ဆုတောင်းကြလေသည်။ အန္တိခရစ်များက ဤအမုန်းတရား ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ဤအရာက လုပ်ရပ်တသီတတန်းကို ဖြစ်စေသည်။ ဤလုပ်ရပ်များတွင် လက်တုံ့ပြန်ခြင်းနှင့် ကျိန်ဆဲခြင်းများအပြင်၊ အမုန်းတရားမှ အစပြုသည့် အခြားသူများကို အမှုဆင်ခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကဲ့သို့သော အခြားလုပ်ရပ်အချို့ ပါဝင်သည်မှာ အမှန်ဖြစ်၏။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်သည့်အခါ သူ၏ နောက်ကွယ်တွင် ၎င်းတို့က ထိုလူကို အကြည်ညိုပျက်အောင် လုပ်ကြလိမ့်မည်။ တစ်စုံတစ်ရာကို မှန်ကန်သည်ဟု ထိုလူက ပြောသည့်အခါ ၎င်းတို့က ထိုအရာ မှားယွင်းသည်ဟု ပြောကြလိမ့်မည်။ ထိုလူ၏ နောက်ကွယ်တွင် အလိမ်အညာများ ဖြန့်ပြီး အဖျက်အမှောင့်များ ဖြစ်စေလျက် ၎င်းလုပ်ဆောင်သည့် အပြုသဘောဆောင်သော အရာအားလုံးကို လွဲချော်စေပြီး အပျက်သဘောဖြစ်စေမည် ဖြစ်သည်။ မသိနားမလည်သကဲ့သို့ အမှုအရာများကို မရိပ်စားမိနိုင်သည့် သို့မဟုတ် မိမိတို့ကိုယ်တိုင်အတွက် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည့် အခြားသူများကို ၎င်းတို့ဘက်တွင် ပူးပေါင်းဖို့နှင့် ၎င်းတို့ကို ထောက်ကူစေဖို့ရန်အလို့ငှာ ၎င်းတို့က လှုံ့ဆော်ပြီး ဆွဲဆောင်ကြလိမ့်မည်။ ၎င်းတို့ကို ပြုပြင်သည့် လူက မကောင်းသည့်အရာတစ်ခုမျှ မလုပ်ဆောင်ခဲ့သည်မှာ သိသာသော်လည်း ထိုသူအပေါ် မကောင်းမှုအချို့ကို ပုံထားချင်ကြဆဲဖြစ်သည်။ ထိုသို့ဖြင့် ထိုသူသည် ဤအမှုအရာမျိုးများ ပြုလုပ်သည်ဟု လူတိုင်းအား မှားယွင်းစွာ ယုံကြည်စေပြီးနောက် ထိုသူကို လူတိုင်း အတူတကွ ငြင်းပယ်ကြစေဖို့အလို့ငှာ ဖြစ်သည်။ အန္တိခရစ်များသည် ဤနည်းဖြင့် အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်ကာ လူတို့အား ထိုသူတို့၏ တာဝန်ထမ်းဆောင်မှုတွင် အဖျက်အမှောင့်လုပ်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့ကို ပြုပြင်သည့်လူအား အခက်အခဲဖြစ်စေရန်နှင့် လူတိုင်းအား ထိုသူ့ကို စွန့်ပစ်စေရန် ဖြစ်သည်။ “သင်သည် ကျွန်ုပ်ကို ပြုပြင်ကာ အခက်အခဲ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ထိုအရာနှင့်ပတ်သက်၍ သင့်ကို ကျွန်ုပ် အေးအေးဆေးဆေးနေခွင့်ပေးလိမ့်မည် မဟုတ်ပါ။ ပြုပြင်ခံရခြင်းနှင့် စွန့်ပစ်ခံရခြင်းက မည်သည့်အရာနှင့် တူသည်ကို သင့်အား ကျွန်ုပ် မြည်းစမ်းစေမည်။ သင် ကျွန်ုပ်ကို မည်သို့ပင် ဆက်ဆံပါစေ ယင်းအတိုင်း သင့်ကို ကျွန်ုပ် ဆက်ဆံမည်။ ကျွန်ုပ်ကို သင် အေးအေးဆေးဆေး နေခွင့်မပေးလျှင် သင်သည်လည်း အေးအေးဆေးဆေး နေခွင့်ရလိမ့်မည် မထင်နှင့်”ဟု ပြောသော အန္တိခရစ်အချို့လည်း ရှိပေသည်။ အန္တိခရစ်များ မကောင်းမှုကို လုပ်ဆောင်သည့်အခါ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက စကားစမြည်ပြောဆိုဖို့အတွက် ၎င်းတို့ကို ဖုန်းခေါ်ကြသည်။ ၎င်းတို့ နောင်တရရမည်ဖြစ်ကြောင်း ပြောကြပြီး ၎င်းတို့ကို ကူညီကာ ထောက်ပံ့ပေးဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြကြသည်။ ထိုအရာကို ၎င်းတို့က လက်မခံရုံမက ခေါင်းဆောင်က စစ်မှန်သည့် မည်သည့်အလုပ်မျှ မလုပ်သကဲ့သို့ ပြဿနာများကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို လုံးဝ အသုံးပြုခြင်းမရှိဟူသည့် ကောလာဟလများကိုလည်း အစပြုကြသည်။ အမှန်တွင် ခေါင်းဆောင်က ထိုသို့သော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ ၎င်းတို့က ပြန်လှည့်ပြီး အမှန်တရားများကို လွဲချော်စေကာ မိမိတို့ကို ကူညီနေသည့်လူအား အသရေဖျက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ရက်စက်သည် မဟုတ်လော။ အပြည့်အဝ သိလျက်ဖြင့် ဤဆိုးယုတ်သော လူများနှင့် အန္တိခရစ်များသည် အပြုသဘောဆောင်သည့်အရာများက အပျက်သဘောဆောင်ခြင်းဖြစ်ကြောင်း၊ မိမိတို့၏ အပြစ်များ၊ အမှားများ၊ ကောက်ကျစ်ဆိုးယုတ်သော လုပ်ဆောင်ချက်များနှင့် မလိုမုန်းထားသော လုပ်ရပ်များကို သမ္မာတရားနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော အရာများဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ် မည်မျှ ကြီးမားသည့် အမှားတစ်ခု ၎င်းတို့ ပြုလုပ်မိသည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ ထိုအရာကို အသိအမှတ်မပြုကြ သို့မဟုတ် အလေးအနက် လုံးဝ သဘောမထားကြပေ။ ထိုအကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ ပေါ့ပျက်ပျက်နှင့် အဖြစ်သဘောသာ ပြောဆိုကြလေသည်။ ဤကိစ္စရပ်ကြောင့် ၎င်းတို့ကို ပြုပြင်သည့်လူက ၎င်းတို့၏ အမြင်တွင် အပြစ်သားတစ်ဦးဖြစ်လာပြီး ထိုအစား ဝေဖန်မှု၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ဤသည်မှာ အဖြူကို အမည်းဟု ခေါ်ဆိုခြင်းဖြစ်သည် မဟုတ်လော။ အချို့သော အန္တိခရစ်များသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ပြုပြင်ခြင်းခံရသည့်အခါ “ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများ ပြုမိသည့် အမှားများအားလုံးသည် မသိနားမလည်ခြင်းနှင့် ခေါင်းဆောင်များ၊ တာဝန်ရှိသူများက ကောင်းစွာ အလုပ်လုပ်ဖို့ ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့အလုပ်အား မည်သို့ ဆောင်ရွက်ရမည်ကို သိခဲ့ကြလျှင် ကျွန်ုပ်တို့ကို ချက်ချင်း သတိပေးချက်များ ပေးခဲ့ပြီး အမှုအရာများကို ကောင်းစွာ စီမံခဲ့ကြမည်ဆိုလျှင် ဘုရားအိမ်တော်အတွက် ဆုံးရှုံးမှုများက လျော့နည်းသွားမည် မဟုတ်လော။ ထို့ကြောင့် မည်သည့် အမှားများကို ကျွန်ုပ်တို့ ပြုလုပ်မိသည်ဖြစ်စေ ခေါင်းဆောင်နှင့် အမှုဆောင်များကို လုံးဝ အပြစ်တင်ရမည်ဖြစ်ပြီး ၎င်းတို့က အကြီးမားဆုံး တာဝန်ယူသင့်ကြပေသည်”ဟု ဆိုလျက် မှားယွင်းသည့် တန်ပြန်စွပ်စွဲချက်များပင် ပြုလုပ်ကြလေသည်။ ဤသည်မှာ မှားယွင်းသည့် တန်ပြန်ပြောဆိုချက်များကို ပြုလုပ်ခြင်း မဟုတ်လော။ ဤမှားယွင်းသော တန်ပြန်ပြောဆိုချက်များသည် အဖြူကို အမည်းဟု ခေါ်ဆိုခြင်းဖြစ်ပြီး လက်တုံ့ပြန်ခြင်းပုံစံတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

အန္တိခရစ်များက လူစားထိုးခံရသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ဖယ်ရှားရှင်းလင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်ကြပြီး ချုပ်တည်းခြင်းမရှိဘဲ ညည်းညူကြကာ ၎င်းတို့၏ ဘီလူးသရဲစီးသော ဘက်ခြမ်းက ပေါ်လာသည်။ ဘီလူးသရဲစီးသော မည်သည့်ဘက်ခြမ်းက ပေါ်လာသနည်း။ အတိတ်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရဖို့အလို့ငှာ မိမိတို့တာဝန်များကို လုံးဝ မထမ်းဆောင်ခဲ့ကြဘဲ ကောင်းချီးများရရှိဖို့ ထမ်းဆောင်ခဲ့ကြကာ ယခုတွင် ဤအမှန်တရားအကြောင်းကို ၎င်းတို့က ပြောပြီး စစ်မှန်သည့် အခြေအနေကို ထုတ်ဖော်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ သို့မဟုတ် နောက်ပိုင်းတွင် ကောင်းချီးများနှင့် ကြီးမားသော ဂုဏ်အသရေ ရရှိဖို့အတွက် မကြိုးစားခဲ့လျှင် နောက်ချေးထက် နိမ့်ကျသည့်လူများဖြစ်သော သင်တို့နှင့် ကျွန်ုပ် ရောနှောနေခဲ့မည်လော။ ကျွန်ုပ်၏ ပါဝင်ပတ်သက်ခြင်းနှင့် သင်တို့ ထိုက်တန်ကြသလော။ သင်တို့သည် ကျွန်ုပ်ကို မလေ့ကျင့်ပေးကြ သို့မဟုတ် ကျွန်ုပ်ကို ရာထူး မတိုးပေးကြသကဲ့သို့ ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းချင်နေကြသည်။ တစ်နေ့တွင် ကျွန်ုပ်ကို သင်တို့ ဖယ်ရှားရှင်းလင်းခြင်းအတွက် ပေးရမည့် အဖိုးအခတစ်ခုနှင့် ထိုအရာကြောင့် သင် ခံစားရမည့် အကျိုးဆက်များ ရှိလိမ့်မည်ကို သင့်အား ကျွန်ုပ် ပြမည်” ပြောကြသည်။ အန္တိခရစ်များက ဤအယူအဆများကို ဖြန့်ကြပြီး ဤနတ်ဆိုးဆန်သော စကားများက ၎င်းတို့ထံမှ လွှတ်ခနဲ ထွက်လာသည်။ ၎င်းတို့ ရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မလိုမုန်းထားသော သဘာဝနှင့် ရက်စက်သော စိတ်သဘောထားတို့က ပေါ်လာပြီး အယူအဆများကို ၎င်းတို့ စတင်၍ ဖြန့်ကြလေသည်။ ယုံကြည်သူသစ်များဖြစ်ကြသူများ၊ အတော်အတန် ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သူများ၊ သမ္မာတရား မလိုက်စားကြသူများနှင့် မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းကြသူများကိုလည်း ၎င်းတို့က စတင်ချောဆွဲကြပြီး မိမိတို့တာဝန်များကို တစ်စိုက်မတ်မတ် ဝတ်ကျေတမ်းကျေဖြစ်ကြကာ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသူများကိုလည်း ချောဆွဲကြသည်။ ၎င်းတို့က “ငါ့ကို သင် ဖယ်ရှားရှင်းလင်းလျှင် ငါနှင့် အတူ အခြားသူအချို့ကို ငါ ဆွဲချသွားမည်”ဟု မိမိတို့ကိုယ်ကို ပြောကြသည့်အတိုင်းပင်ဖြစ်သည်။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝက ဖော်ထုတ်ခံရပြီးဖြစ်သည် မဟုတ်လော။ ပုံမှန်လူတို့က ဤအရာကို လုပ်ဆောင်ကြမည်လော။ ယေဘုယျအနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူတို့သည် အထုတ်ခံရသည့်အခါ မိမိတို့ကိုယ်ကို မျှော်လင့်ချက်မဲ့သည်ဟု ယုံကြည်လျက် ဝမ်းနည်းကာ စိတ်ထိခိုက်ခံစားရုံသာဖြစ်ကြသော်လည်း ၎င်းတို့၏ အသိစိတ်က ၎င်းတို့အား “ဤသည်မှာ ငါတို့၏ အပြစ်ဖြစ်သည်။ ငါတို့တာဝန်များကို ငါတို့ မဖြည့်ဆည်းကြလေပြီ။ အနာဂတ်တွင် ပိုကောင်းအောင် လုပ်ဆောင်ဖို့ ငါ ကြိုးပမ်းမည်ဖြစ်ပြီး ဘုရားက ငါ့ကို မည်သို့ ဆက်ဆံမည်ဆိုသည်နှင့် ငါနှင့်ပတ်သက်၍ မည်သည့် ဆုံးဖြတ်ချက်များ သူပြုလုပ်မည်ဆိုသည်တို့အတွက်မူ ယင်းမှာ ဘုရားသခင်၏ ကိစ္စဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလုပ်ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ လုပ်ရပ်များသည် လူတို့၏ သရုပ်သကန်များပေါ် အခြေခံသည် မဟုတ်လော။ အကြင်သူသည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်လျှင် ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းခံရသင့်သည်။ ဤသည်မှာ သိသာထင်ရှားပေသည်။ ယခုအခါတွင် ဝမ်းနည်းစရာ ကောင်းသည့်အရာမှာ ငါ့ထံတွင် ညံ့ဖျင်းသည့် အစွမ်းအစရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သမ္မာတရား စည်းမျဉ်းများကို ငါ နားမလည်သကဲ့သို့ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူခြင်းဖြစ်သည်။ ငါသည် ဖယ်ရှားရှင်းလင်းခံထိုက်သော်လည်း အနာဂတ်တွင် ထိုအတွက် ပြုပြင်ဖို့ အခွင့်အရေး ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်”ဟု စဉ်းစားစေသည်။ အသိစိတ် အနည်းငယ်ရှိသည့် လူတို့သည် လမ်းကြောင်းတစ်ခုကို ဤကဲ့သို့ လျှောက်လှမ်းကြလိမ့်မည်။ ၎င်းတို့က ထိုပြဿနာကို ဤနည်းဖြင့် စဉ်းစားရန် ရွေးချယ်ကြပြီး အဆုံးတွင် ထိုပြဿနာကို ဤနည်းဖြင့် ဖြေရှင်းရန်လည်း ရွေးချယ်ကြသည်။ ဤအရာအတွင်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အရိပ်လက္ခဏာများစွာ မရှိသော်လည်း ဤလူများတွင် အသိစိတ်များ ရှိကြသောကြောင့်၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အထိ၊ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသည့်အထိ၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်သည့်အထိ လုပ်ဆောင်ကြမည် မဟုတ်ပေ။ သို့သော် အန္တိခရစ်များကမူ ထိုသို့မဟုတ်ကြပေ။ ၎င်းတို့တွင် ရက်စက်သော သဘာဝ ရှိကြသောကြောင့် ဘုရားသခင်အပေါ် ပင်ကိုအားဖြင့် ရန်မူလိုကြသည်။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ ခြိမ်းခြောက်ခံရသည့်အခါ သို့မဟုတ် နုတ်ယူခြင်းခံရသည့်အခါ၊ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုမျှ ၎င်းတို့ မမြင်နိုင်သည့်အခါ လုပ်ဆောင်ရန် ၎င်းတို့ ဆုံးဖြတ်သည့်အရာမှာ အယူအဆများကို ဖြန့်ဝေဖို့၊ ဘုရားသခင်၏ အမှုတော်ကို ဝေဖန်ဖို့နှင့် ၎င်းတို့နှင့် အပေါက်အလမ်းတည့်သည့် မယုံကြည်သူများအား ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့နှင့်အတူ အဖျက်အမှောင့်လုပ်စေဖို့ ဖြစ်သည်။ ၎င်းတို့၏အတိတ်က ကောင်းမှုများနှင့် ပြစ်မှားမှု တစ်ခုတလေအပြင် ဘုရားအိမ်တော်၏ အလုပ်ကိုဖြစ်စေ၊ ပိုင်ဆိုင်မှုပစ္စည်းကိုဖြစ်စေ ၎င်းတို့ ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများ တစ်ခုတလေကို တာဝန်ယူရန်ပင် ၎င်းတို့ ငြင်းဆန်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ပြီး ဖယ်ရှားရှင်းလင်းသည့်အခါ အန္တိခရစ်များ မကြာခဏ အပြောဆုံးဖြစ်သည့် စကားတစ်ခွန်းကို ၎င်းတို့က ပြောကြသည်။ ထိုစကားမှာ အဘယ်နည်း။ (ဤနေရာက ငါ့ကို မခေါ်ထားလျှင် အပြင်၌ ငါ့အတွက် နေရာတစ်ခုရှိသည်။) ဤသည်မှာ နောက်ထပ် နတ်ဆိုးဆန်သော စကားဖြစ်သည် မဟုတ်လော။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၊ ရှက်စိတ်တစ်ခုနှင့် အသိစိတ်တစ်ခုရှိသည့် လူတစ်ဦး ပြောနိုင်မည် မဟုတ်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းတို့ကို ငါတို့က နတ်ဆိုးဆန်သော စကားများဟု ခေါ်သည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခံရပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းက အန္တရာယ်ရှိသည်၊ ၎င်းတို့၏ အဆင့်အတန်းနှင့် သိက္ခာတို့ ခြိမ်းခြောက်ခံနေရသည်ဟူ၍လည်းကောင်း၊ အထူးသဖြင့် ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို နုတ်ယူသွားတော့မည် ဟူ၍လည်းကောင်း ၎င်းတို့ ခံစားရချိန်တွင် ထုတ်ဖော်ကြသည့် ရက်စက်သော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များဖြစ်သည်။ ဤကဲ့သို့ တစ်ချိန်တည်းတွင် ၎င်းတို့၏ မယုံကြည်သူ အနှစ်သာရက ထွက်ပေါ်လာသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် လှည့်ဖြားတတ်ရုံ၊ ဉာဏ်များရုံနှင့် ကောက်ကျစ်ဆိုးယုတ်ရုံသာမကဘဲ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ချေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်တွယ်တာမှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်း မရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ရန်လိုကုန်ကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက်မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်သည်။ ၎င်းတို့၏ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက် မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် လက်စားချေခြင်းတို့ ထွက်ပေါ်လာသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိရုံမက ကျိုးနွံနာခံခြင်း တစ်စက်မျှလည်း မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် အသင်းတော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ မိမိတို့၏ တာဝန်တွင် သစ္စာစောင့်သိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။ ဤလူများသည် သိသာထင်ရှားစွာပင် ဆိုးယုတ်သောလူများဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏အနှစ်သာရ၌ ဆိုးယုတ်သော လူများဖြစ်လေသည်။ စုဝေးပွဲများကို အွန်လိုင်းတွင် ပြုလုပ်သည့်အခါတွင်ပင် အင်တာနက်လိုင်းအားကောင်းသည်ကို ၎င်းတို့ မြင်လျှင် ၎င်းတို့သည် တိတ်တဆိတ်ကျိန်ဆဲပြီး “လိုင်းကျပါစေ။ လိုင်းကျပါစေ။ တရားဒေသနာတွေကို ဘယ်သူမှ မကြားနိုင်ရင် ပိုကောင်းတယ်” ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤလူများသည် မည်သည့်အရာများဖြစ်သနည်း။ (နတ်ဆိုးများဖြစ်သည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်။ အသေအချာပင် ဘုရားအိမ်တော်၏ လူများမဟုတ်ပေ။ ဤနတ်ဆိုးများနှင့် ဆိုးယုတ်သော လူစားမျိုးများသည် မည်သည့်အသင်းတော်တွင် ၎င်းတို့ ရှိကြသည်ဖြစ်စေ ပြဿနာကို ဤနည်းဖြင့် မွှေနှောက်ကြသည်။ ပိုင်းခြားသိမြင်နိုင်သော လူတို့က ၎င်းတို့ကို ဖော်ထုတ်ကာ ကန့်သတ်လျှင်ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် မိမိတို့ အမှားများကို ဝန်ခံခြင်း ရှိကြမည် မဟုတ်။ ထိုအရာသည် ၎င်းတို့ အပိုင်းတွင် ခဏတာဖြစ်သော သတိလစ်ဟင်းမှုတစ်ခုသာ ဖြစ်ပြီး ထိုအရာမှ ၎င်းတို့ သင်ယူသင့်သည်ဟုသာ တွေးကြလိမ့်မည်။ နောင်တရရန် လုံးဝ ငြင်းဆန်သည့် ဤကဲ့သို့သော လူတစ်ဦးသည် မည်သူက ၎င်းကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်သည်ဖြစ်စေ ကျိုးနွံနာခံမည် မဟုတ်ပေ။ ၎င်းက ထိုလူအပေါ် လက်တုံ့ပြန်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ၎င်းက အနေရခက်သောအခါ ညီအစ်ကို မောင်နှမများကိုလည်း လွယ်ကူသက်သာစေဖို့ အလိုမရှိပေ။ ၎င်း၏ စိတ်နှလုံးထဲတွင် ညီအစ်ကို မောင်နှမများကို မကောင်းသည့်အရာများ ဖြစ်ဖို့ ဆန္ဒရှိလျက် ကျိန်ပင်ကျိန်ဆဲပြီး ဘုရားအိမ်တော်၏ အလုပ်ထဲသို့ ဒုက္ခပြဿနာ ရောက်လာဖို့ ဆန္ဒရှိလျက် ကျိန်ဆဲလေသည်။ ဘုရားအိမ်တော်တွင် တစ်ခုတလေ ပြဿနာတက်သည့်အခါ “ဟွန်း၊ နောက်ဆုံးတော့ ပြဿနာတက်ပေပြီ။ ဤအရာအားလုံးသည် သင်က ငါ့ကို ဖြုတ်ချခဲ့သောကြောင့် ဖြစ်ပျက်ခြင်းဖြစ်သည်။ အရာရာ ပြဿနာတက်သွားခြင်းက ကောင်းသည်”ဟု တွေးလျက် တိတ်တဆိတ် ဝမ်းမြောက်ကာ အောင်ပွဲခံသည်။ အခြားသူများ အားနည်းပြီး တိုး၍ အပျက်သဘောဆောင်ကြသည်ကို မြင်ရာတွင် ၎င်းက ဝမ်းသာပြီး နှစ်သက်အားရသည်။ လူတို့ကို သိက္ခာချရန် လှောင်ပြောင်၊ ကဲ့ရဲ့သော စကားများကို ပြောဆိုပြီး “ကျွန်ုပ်တို့ ယုံကြည်သူများသည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် ကျွန်ုပ်တို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်ကာ ဆင်းရဲဒုက္ခကို ခါးစည်းခံကြသည်။ ဘုရားအိမ်တော်က ကျွန်ုပ်တို့၏ အနာဂတ်များအတွက် အမှန်တကယ် တာဝန်ယူနိုင်သည်ဟု သင် ထင်သလော။ ထိုအကြောင်းကို သင် တွေးဖူးသလော။ ကျွန်ုပ်တို့ ပေးနေသည့် အဖိုးအခသည် ထိုက်တန်ပါသလော။ ယခု ကျွန်ုပ်၏ ကျန်းမာရေး သိပ်မကောင်းပါ၊ ပြီးလျှင် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဖတ်ဖတ်မောစေမိလျှင် ကျွန်ုပ်၏ အိုမင်းသည့်အရွယ်တွင် ကျွန်ုပ်ကို မည်သူက စောင့်ရှောက်လိမ့်မည်နည်း” ဟုပင် ပြောဆိုလျက် အပျက်သဘောဆောင်ပြီး ပျက်စီးခြင်းနှင့်ဆိုင်သော စကားများကိုပင် ဖြန့်လေသည်။ လူတိုင်းက အပျက်သဘောဆောင်ခြင်း ခံစားရစေမည့် အရေးအတွက် ထိုသို့သော အရာများကို ၎င်းက ပြောဆိုလေသည်။ ထိုအခါမှသာ ၎င်းသည် ဝမ်းသာပျော်ရွှင်သည်။ ၎င်းတို့သည် မကောင်းကြံတတ်သောသူများ ဖြစ်သည် မဟုတ်လော၊ အန္တရာယ်ပေးနိုင်ပြီး ရက်စက်ကြသည် မဟုတ်လော။ ထိုသို့သော လူများသည် အပြစ်ဒဏ် ခံရသင့်ကြသည် မဟုတ်လော။ (ခံရသင့်ပါသည်။) ထိုသို့သောလူများ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် အမှန်တကယ် ရှိသည်ဟု သင်တို့ ထင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများ ဖြစ်ပုံမရကြ၊ ဘုရားသခင်က လူတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများအား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို အခြေခံအားဖြင့် ၎င်းတို့က မယုံကြည်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လျှင် ထိုသို့သော အရာများကို အဘယ်သို့ဖြစ်ပြီး ပြောနိုင်ကြမည်နည်း။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့သောကြောင့်ဖြစ်သည်ဟု အချို့က ပြောကောင်းပြောနိုင်သည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ (ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် တကယ် မရှိပါ။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိကြသည်။) အမှန်တွင် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်သောကြောင့် ထိုသို့သောအရာများကို ပြောဝံ့ကြခြင်း ဖြစ်သည်။ ဘုရားသခင်က လူတိုင်းအား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို ၎င်းတို့ သာ၍ပင် ယုံကြည်မှု လျော့နည်းကြသကဲ့သို့ ဘုရားသခင်က စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ အတွေးအခေါ်နှင့် စိတ်ကူးတိုင်းအား စောင့်ကြည့်လေ့လာနေသည်ဟူသည်ကို မယုံကြည်ကြပေ။ ဤအရာများကို ၎င်းတို့ မယုံကြည်ကြသောကြောင့်၊ ကြောက်ရွံ့ခြင်း မရှိကြဘဲ ထိုသို့သော နတ်ဆိုးဆန်သော စကားများကို လွတ်လပ်စွာနှင့် မရိုးမဖြောင့် ပြောနိုင်ကြလေသည်။ ဘာသာတရားမရှိသောသူများပင်လျှင် “ကောင်းကင်ဘုံက မျက်လုံးများရှိသည်”ဟူသည်နှင့် “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်”ဟူ၍ မကြာခဏ ပြောဆိုကြသည်။ စစ်မှန်သည့် ယုံကြည်ခြင်း အနည်းငယ်မျှပင်ရှိသော မည်သူမဆိုသည် မယုံကြည်သူများ၏ ဤနတ်ဆိုးဆန်သော စကားများကို သာမန်ကာလျှံကာ ပြောဆိုမည် မဟုတ်ပေ။ ဤသို့ စဉ်းစားပြီး ပြောဆိုသော ယုံကြည်သူများအတွက် ပြင်းထန်သည့် အကျိုးဆက်များ ရှိမည် မဟုတ်လော။ ဤအရာ၏ သဘောသဘာဝသည် ပြင်းထန်သည် မဟုတ်လော။ အလွန် ပြင်းထန်၏။ ဘုရားသခင်ကို ၎င်းတို့က ထိုသို့ ငြင်းပယ်နိုင်ခြင်းသည် ၎င်းတို့က ဘုရားအိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်သည့် နတ်ဆိုးစစ်စစ်များနှင့် ဆိုးယုတ်သောသူများဖြစ်သည်ဟု ဆိုလိုပေသည်။ နတ်ဆိုးများနှင့် အန္တိခရစ်များသာ ဘုရားသခင်ကို ပေါ်တင် စိန်ခေါ်ကြွေးကြော်ဝံ့ကြသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများက ဘုရားသခင်၏ အကျိုးစီးပွားများကို ကိုယ်စားပြုပြီး ဘုရားအိမ်တော် လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်၏ ခေါင်းဆောင်မှု၊ သူ၏ ခွင့်ပြုခြင်းနှင့် သူ၏ လမ်းပြမှုအောက်တွင် ရှိသည်။ ထိုအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး ထိုအရာနှင့် ခွဲ၍မရနိုင်ပေ။ ဘုရားအိမ်တော်၏ အလုပ်ကို ဤသို့ ပွင့်လင်းစွာ ကျိန်ဆဲသောလူများ၊ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားအိမ်တော်ကို အသရေဖျက်ပြီး လှောင်ရယ်ချင်သော လူများ၊ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး အဖမ်းခံရခြင်း၊ အသင်းတော်၏ အလုပ် လုံးဝ တုံ့ဆိုင်းသွားခြင်းနှင့် ယုံကြည်သူများက ၎င်းတို့၏ ယုံကြည်ခြင်းမှ လှည့်ထွက်သွားခြင်းတို့ကို မြင်လိုသူများ၊ ဤအရာ ဖြစ်ပျက်သည့်အခါ ဝမ်းသာမည့်သူများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ (နတ်ဆိုးများဖြစ်ပါသည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်၏၊ ဆိုးယုတ်သော မကောင်းဆိုးဝါး ဝင်စားသူများဖြစ်သည်။ သာမန်လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့သည် ရံဖန်ရံခါ ပုန်ကန်တတ်ကြပြီး ၎င်းတို့ အပျက်သဘောဆောင်ကာ အားနည်းသည့်အခါ အနည်းငယ်သော စိတ်ကူးလေးများကို လက်သင့်ခံကြပြီး ထိုမျှသာဖြစ်ကြသော်လည်း အလွန်ဆိုးကြမည်မဟုတ်၊ သို့မဟုတ် ထိုသို့သော ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်သည့် အတွေးအခေါ်များ ဖြစ်ပေါ်မည် မဟုတ်ပေ။ ဤအနှစ်သာရမျိုးသည် အန္တိခရစ်များနှင့် နတ်ဆိုးများတွင်သာ ပါရှိသည်။ အန္တိခရစ်များတွင် ဤစိတ်ကူးများရှိသည့်အခါ ၎င်းတို့ လွဲမှားကောင်းလွဲမှားမည်ဟု ၎င်းတို့က သံသယရှိကြသလော။ (သံသယမရှိကြပါ။) အဘယ်ကြောင့် သံသယမရှိကြသနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့ စဉ်းစားပြီး ပြောဆိုသည့်အရာက သမ္မာတရားဖြစ်သည်ဟု သူတို့က ယူဆကြသောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မယုံကြည်ကြ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ကြပြီး သူတို့၏ သဘာဝက ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။) ယင်းမှာ ၎င်းတို့၏ သဘာဝ အတိအကျဖြစ်သည်။ စာတန်သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ဘုရားသခင်အဖြစ် သဘောထားဆက်ဆံဖူးသနည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ဟု မည်သည့်အချိန်တွင် ၎င်းက ယုံကြည်ဖူးသနည်း။ မည်သည့်အခါတွင်မျှ မယုံကြည်ဖူးသကဲ့သို့ မည်သည့်အခါတွင်မျှ ယုံကြည်လိမ့်မည်လည်း မဟုတ်ပေ။ အန္တိခရစ်များ၊ ဤနတ်ဆိုးများသည် အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားကြ သို့မဟုတ် သူ့ကို သမ္မာတရားအဖြစ် မယုံကြည်ကြပေ။ အရာခပ်သိမ်းကို ဖန်ဆင်းပြီး အချုပ်အခြာအာဏာ စွဲကိုင်ထားသူမှာ ဘုရားသခင် ဖြစ်ကြောင်းကို ၎င်းတို့က မယုံကြည်ကြပေ။ ထို့ကြောင့် ၎င်းတို့ ပြောဆိုသည့် မည်သည့်အရာမဆို မှန်သည်ဟု ၎င်းတို့က ယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤသို့ မရိုးမဖြောင့် တွေးတောကာ ပြုမူဆောင်ရွက်ကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများက အလားတူ လုပ်ဆောင်ကြသည့်အခါ အတွင်းပိုင်း သဘောကွဲလွဲမှုကို တွေ့ကြုံခံစားကြရသည်။ ၎င်းတို့တွင် အသိစိတ်နှင့် လူ့သိနားလည်မှု ရှိသည်။ ၎င်းတို့၏ အသိစိတ်၊ သိနားလည်မှုနှင့် ၎င်းတို့ နားလည်သည့် သမ္မာတရားတို့က ၎င်းတို့အပေါ် အတွင်းကျကျ သက်ရောက်မှုရှိပြီး ဤအရာက သဘောကွဲလွဲမှု ဖြစ်ပေါ်စေသည်။ ဤသဘောကွဲလွဲမှု ဖြစ်ပေါ်သည့်အခါ မှန်ကန်သောအရာနှင့် မမှန်ကန်သောအရာကြား၊ အမှန်နှင့် အမှား၊ တရားမျှတမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုတို့ကြား တိုက်ပွဲတစ်ခု ဖြစ်ပွားပြီး အဆုံးသတ်တစ်ခုကို ရရှိသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်ကြစဉ်တွင် သမ္မာတရားကို မလိုက်စားသောသူတို့မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများဘက်တွင် ရပ်တည်ကြသည်။ အန္တိခရစ်များ လုပ်ဆောင်သည့် အရာတိုင်းသည် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ပျံ့နှံ့စေကြပြီး ဘုရားအိမ်တော်ကို လှောင်ရယ်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့က ကျိန်ဆဲပြီး အသရေဖျက်ကာ ညီအစ်ကို မောင်နှမများကို ကျိန်ဆဲကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် လိပ်ပြာမသန့်ခြင်း တစ်စက်မျှ မရှိဘဲ၊ နောင်တ စိုးစဉ်းမျှ မရှိဘဲ စိတ်အေးလက်အေးပင် ခံစားရပြီး ၎င်းတို့၏ လုပ်ရပ်များက လုံးဝ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ ဤအရာက အန္တိခရစ်များ၏ စာတန်ဆန်သော သဘာဝကို အပြည့်အဝ ထုတ်ဖော်ပြပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ထုတ်ဖော်ပြသည်။ ထို့ကြောင့် အန္တိခရစ်များသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်ဖြစ်သည်ဟု ပြောခြင်းက ချဲ့ကားခြင်း မဟုတ်ပေ။ အန္တိခရစ်များသည် မွေးရာပါ နတ်ဆိုးများဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိသည့်သူများ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် လုံးဝ မသက်ဆိုင်ပေ။ အန္တိခရစ်များသည် နတ်ဆိုးဝင်စားသူများဖြစ်ကြသည်၊ မွေးရာပါ ဆိုးယုတ်သော မကောင်းဆိုးဝါးများ ဖြစ်သည်။ ယင်းမှာ ပကတိအတိုင်းပင် ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)

အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် အာဏာကို လက်ဝါးကြီးအုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အာဏာရှင်စနစ်ကို လည်ပတ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် မည်သူ့ကိုမျှ မလေးစားဘဲ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့က မည်သည့် မှန်ကန်သော အမြင်များ၊ သို့မဟုတ် အမြော်အမြင်ရှိသော ထင်မြင်ချက်များကို ဖော်ပြနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် သင့်တော်သောနည်းလမ်းများကို လူတို့ တင်ပြနိုင်ပါစေ ၎င်းတို့က ထိုအရာများကို အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင်ရှိသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ မကောင်းသော လူ့သဘာဝရှိခြင်း ဖြစ်သည်ဟု လူအချို့က ပြောကြသည်။ သို့သော် ဤသည်မှာ ထူးမခြားနားသော မကောင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ပြီးလျှင် ဤသို့သော စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် ဘုရားအိမ်တော်မှ အရာရာတိုင်းနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူပြီး ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူသည်။ ယင်းတို့အားလုံးကို ၎င်းတို့က စီမံမည်ဖြစ်သည်။ ဤတွင် မည်သူ့ကိုမျှ ကြားဝင်ရန် ၎င်းတို့ ခွင့်မပြုပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အဆင့်အတန်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသောသူ တစ်ယောက်ယောက် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတလေကို ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းတို့အား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်၊ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။ ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောနိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ပံ့ပိုးပေးနိုင်သောသူတို့ကို ပြိုင်ဖက်များအဖြစ် ဖိနှိပ်ပြီး ဖယ်ကြဉ်ရန် ကြိုးစားကြသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို အခြားလူတိုင်းနှင့် လုံးဝသီးခြားခွဲထားရန်၊ လုံးလုံးလျားလျား နာမည်ပျက်အောင် ပြုလုပ်ရန်နှင့် ပြိုလဲစေရန် အသည်းအသန်ကြိုးစားကြသည်။ ထိုအခါမှသာ အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်ကြလိမ့်မည်။ ဤလူတို့သည် မည်သည့်အခါမျှ အပျက်သဘောမဆောင်လျှင်၊ မိမိတို့၏ သက်သေခံချက် ပြောဆိုကာ အခြားလူများကို ပံ့ပိုးလျက် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ကြလျှင် အန္တိခရစ်များက ၎င်းတို့၏ နောက်ဆုံးနည်းကို ကျင့်သုံးကြလိမ့်မည်။ ယင်းမှာ ထိုလူတို့အား အသင်းတော်မှ ရှင်းလင်းပစ်ခံရသည်အထိ အမှားရှာပြီး ရှုတ်ချခြင်း၊ သို့မဟုတ် ထိုလူတို့အား ညှဉ်းပန်းပြီး အပြစ်ပေးရန်အတွက် အမှုဆင်ပြီး လုပ်ကြံပြောဆိုခြင်းဖြစ်သည်။ ထိုအခါမှသာ အန္တိခရစ်များက အပြည့်အဝ စိတ်သက်သာရာရကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များနှင့်ပတ်သက်၍ မသိမသာနှင့် အန္တရာယ်အရှိဆုံး၊ မလိုမုန်းထားဆုံးသောအရာဖြစ်သည်။ ၎င်းတို့ကို အကြောက်ဆုံးနှင့် စိတ်အပူပင်ဆုံးဖြစ်စေသောအရာမှာ သမ္မာတရားကို လိုက်စားပြီး စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပိုင်ဆိုင်သောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စကားများနှင့် အယူဝါဒများကို အနှစ်မရှိစွာ ပေါက်တတ်ကရ ပြောသောသူများထက် ဤသို့သောသက်သေခံချက်ရှိသော လူတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများက လက်ခံပြီး အပံ့ပိုးဆုံးသူများဖြစ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်များသည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပိုင်ဆိုင်ကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းလည်း မရှိပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ သို့သော် ကောင်းမှုမည်မျှကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် နားဝင်ချိုသောအရာများကို မည်မျှ ပြောဆိုသည်ဖြစ်စေ ဤအရာများမှာ ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မှ လူတို့ထံ ဆောင်ကြဉ်းပေးနိုင်သော အကျိုးအမြတ်များ၊ အကျိုးကျေးဇူးများနှင့် မယှဉ်သာသေးပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်း ပြောဆိုနိုင်သောသူများက ထောက်ပံ့ပေးသော ပံ့ပိုးမှုနှင့် ရေလောင်းမှု၏ အကျိုးတရားများအတွက် မည်သည့်အရာကိုမျှ အစားထိုး၍မရနိုင်ပေ။ ထို့ကြောင့် မိမိ၏အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောဆိုသောသူတစ်ဦးကို အန္တိခရစ်များက မြင်သည့်အခါ မျက်မုန်းကျိုးကြသည်။ ဒေါသက ၎င်းတို့၏စိတ်နှလုံးတွင် ထကြွလာကြသည်။ မုန်းတီးမှု ဖြစ်ပေါ်လာပြီး ပြောဆိုသူကို ပါးစပ်ပိတ်ရန်၊ နောက်ထပ်ပြောဆိုခြင်းမှ တားဆီးရန် စိတ်လောနေကြသည်။ ထိုလူတို့က ဆက်လက်၍ စကားပြောနေလျှင် အန္တိခရစ်များ၏ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မည်။ ၎င်းတို့၏ အကျည်းတန်သော သဘောသဘာဝများကို အားလုံးမြင်ရဖို့ အပြည့်အဝ ဖော်ထုတ်ပြခြင်း ခံရသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် သက်သေခံချက်ကို ပြောဆိုနေသောသူကို နှောင့်ယှက်ရန်၊ ဖိနှိပ်ရန် မူမမှန်သော အကြောင်းပြချက်တစ်ခုကို ရှာကြသည်။ အန္တိခရစ်များသည် လူတို့ကို စကားလုံးများ၊ အယူဝါဒများဖြင့် အထင်အမြင်မှားစေရန် မိမိတို့ကိုယ်ကိုသာ ခွင့်ပြုကြပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောခြင်းအားဖြင့် ဘုရားသခင်ကို ဘုန်းထင်ရှားအောင် ပြုလုပ်ခွင့် မပေးပေ။ ဤသည်မှာ အန္တိခရစ်များသည် မည်သို့သော လူအမျိုးအစားတို့ကို အမုန်းတီးဆုံး၊ အကြောက်ရွံ့ဆုံးဖြစ်သည်ကို ညွှန်ပြသည်။ လူတစ်ယောက်က အလုပ်အနည်းငယ်ဖြင့် ပေါ်လွင်လာသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ယောက်က စစ်မှန်‌သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့က ယင်းထံမှ အကျိုးအမြတ်များ၊ တည်ဆောက်မှု၊ ပံ့ပိုးမှုတို့ ရရှိကာ လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ပြီးလျှင် ထိုသူကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ကြိုးစားကြသည်။ အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူ လုပ်ဆောင်ခွင့်မပြုပေ။ သမ္မာတရားစစ်မှန်မှု ရှိသောသူတို့သည် အန္တိခရစ်များ၏ မျက်မှောက်တွင်ရှိသောအခါ အန္တိခရစ်များ၏ ညံ့ဖျင်းနုံချာမှု၊ စိတ်ပျက်စရာကောင်းမှု၊ အကျည်းတန်မှု၊ ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ပေါ်လွင်စေပြီး မီးမောင်းထိုးပြရန် လုပ်ဆောင်သည်။ ထို့ကြောင့် အန္တိခရစ်များက လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် တွဲဖက်အမှုဆောင် တစ်ယောက်ကို ရွေးချယ်သောအခါ သမ္မာတရားစစ်မှန်မှုများ ရှိသူတို့ကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ပြောဆိုနိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ပြီးလျှင် ရိုးသားသောသူများ၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ဤလူများမှာ အန္တိခရစ်များ မနာလိုဖြစ်ပြီး အမုန်းတီးဆုံးသောလူများ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အန္တိရစ်များအတွက် ခလုတ်ဆူးငြောင့်တစ်ခုဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော ဤလူတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် ကောင်းမွန်သည့်၊ သို့မဟုတ် အကျိုးဖြစ်စေသည့်အရာ မည်မျှလုပ်ဆောင်ပါစေ ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အန္တိခရစ်များက အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြှင့်တင်ပြီး အခြားလူတို့ကို သေးသိမ်စေရန်နည်းလမ်းအနေဖြင့် ကောင်းသောအရာများအတွက် နာမည်ကောင်းရယူရန် အချက်အလက်များကို မလိမ့်တပတ်လုပ်ပြီး မကောင်းသောအရာများအတွက်မူ သူတစ်ပါးတို့အပေါ် အပြစ်ပုံချလိမ့်မည်။ သမ္မာတရားကို လိုက်စားပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူများအပေါ်တွင် အန္တိခရစ်များက အလွန်ပင် မနာလိုဖြစ်ပြီး မုန်းတီးခြင်းရှိကြသည်။ ဤလူများက ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား ခြိမ်းခြောက်မည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြသည်။ ဤလူတို့ကို မဆက်သွယ်ရန်၊ သို့မဟုတ် ဤလူတို့နှင့် မရင်းနှီးစေရန်၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သော ဤလူတို့ကို ပံ့ပိုးခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းမပြုလုပ်ရန် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို ပိတ်ပင်တားမြစ်ကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ ဘုရားကို မုန်းတီးသည့် အန္တိခရစ်များ၏ ဆိုးယုတ်သောသဘာဝကို အထုတ်ဖော်ဆုံးသောအရာ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အန္တိခရစ်များသည် အသင်းတော်တွင် ဆိုးယုတ်သော ဆန့်ကျင်ရေးသမားဖြစ်သည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို နှောင့်ယှက်မှုနှင့် ဘုရားအလိုတော်ကို ဟန့်တားခြင်းအတွက် ၎င်းတို့သည် အပြစ်တင်ရမည့်သူများ ဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ထို့အပြငအန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကြားတွင် မုသားများကို မကြာခဏ လုပ်ကြံပြီး အမှန်တရားများကို မလိမ့်တပတ်လုပ်ကာ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောလူတို့ကို သိပ်ငယ်စေပြီး ရှုတ်ချသည်။ ထိုလူများက မည်သည့်အလုပ်ကို လုပ်ဆောင်ပါစေ အန္တိခရစ်များက ထိုသူတို့ကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ဆင်ခြေများရှာကြပြီး ၎င်းတို့နှင့်ပတ်သက်၍ ဝေဖန်အပြစ်တင်တတ်သည်။ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်၊ ကြွားဝါလိုသည်၊ စိတ်ထဲတွင် ရည်မှန်းချက်များ ထားရှိသည်ဟု ပြောသည်။ အမှန်တကယ်တွင် ဤလူတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုခုရှိကြပြီး သမ္မာတရားစစ်မှန်မှုအချို့ ပိုင်ဆိုင်ကြသည်။ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ထိုသူတို့သည် အားနည်းချက်၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရံဖန်ရံခါ ထုတ်ဖော်ခြင်းများ ရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး နောင်တရနိုင်စွမ်းရှိကြသည်။ ထိုသူတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ၊ ဘုရားသခင်က စုံလင်အောင်ပြုခြင်းခံရဖို့ မျှော်လင့်ချက်ရှိသောသူများ ဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်အနေဖြင့် ဤလူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင့်တော်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဖြည့်ဆည်းကြသည်။ သို့သော် အန္တိခရစ်များက “ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ပညာတတ်သည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် လူကြိုက်များသည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ထက်ပို၍ ကြီးသော လုံ့လဝီရိယဖြင့် သမ္မာတရားကို လိုက်စားသည်။ ကျွန်ုပ်သည် သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး သင်က ကျွန်ုပ်၏ ထင်ပေါ်မှုကို ခိုးယူလျှင် ကျွန်ုပ်သည် မည်သို့ပြုလုပ်ရမည်နည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားသလော။ မထောက်ထားပေ။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား မည်သို့ ထိန်းသိမ်းထားရမည်ကိုသာ စဉ်းစားကြသည်။ အန္တိခရစ်များသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိတို့ကိုယ်ကို သိကြသော်လည်း သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသည့်လူများကို ပျိုးထောင်ခြင်း၊ သို့မဟုတ် ရာထူးတိုးပေးခြင်း မပြုကြပေ။ ၎င်းတို့ ရာထူးတိုးပေးသည့်သူများမှာ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုသူများ၊ သူတစ်ပါးတို့ကို ကိုးကွယ်တတ်သူများ၊ စိတ်နှလုံးထဲတွင် ၎င်းတို့ကိုသဘောကျပြီး လေးစားသောသူများ၊ လူလည်ဖြစ်သူများ၊ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော သူများသာ ဖြစ်သည်။ အန္တိခရစ်များသည် ဤလူများကို ၎င်းတို့အတွက် အစေခံရန်၊ ၎င်းတို့အတွက် အပြေးအလွှားလုပ်ဆောင်ရန်၊ ၎င်းတို့အနီးတွင် နေထိုင်လျက် နေ့စဉ်ကုန်ဆုံးစေရန် ၎င်းတို့ဘက်သို့ ခေါ်ယူသည်။ ယင်းက အသင်းတော်တွင် အန္တိခရစ်များကို အာဏာရရှိစေပြီး လူများစွာက ၎င်းတို့နှင့် နီးကပ်စွာနေသည်၊ ၎င်းတို့နောက်သို့ လိုက်သည်၊ မည်သူကမျှ ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်အောင် မလုပ်ရဲကြဟူသည့် သဘောဖြစ်သည်။ အန္တိခရစ်များက စည်းရုံးသော ဤလူအားလုံးသည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ကြသည်။ ၎င်းတို့အများစုသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသလို စည်းကမ်းအတိုင်း လုပ်ဆောင်ခြင်းမျှလွဲ၍ မည်သည့်အရာကိုမျှ မသိပေ။ ၎င်းတို့သည် ခေတ်ရေစီးကြောင်းများနှင့် အာဏာရှိသူများနောက်သို့ လိုက်လိုကြသည်။ ၎င်းတို့သည် အစွမ်းထက်သော အရှင်သခင်တစ်ယောက်ရှိခြင်းအားဖြင့် ရဲဆေးတင်ကြသော အမျိုးအစားများဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သောလူများ ဖြစ်သည်။ ဘာသာတရားမရှိသူများ၏ ထိုဆိုရိုးစကားက အဘယ်သို့ရှိသနည်း။ လူဆိုးတစ်ယောက်၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်ဖြစ်ခြင်းထက် လူကောင်းတစ်ယောက်၏ လက်ထောက်ဖြစ်ခြင်းက ပို၍ကောင်း၏ ဟူ၍ဖြစ်သည်။ အန္တိခရစ်များက အတိအကျပင် ဆန့်ကျင်ဘက်ကို ပြုလုပ်သည်။ ၎င်းတို့သည် ဤသို့သောလူများ၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်များအဖြစ် ပြုမူလုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့၏ အလံလွှင့်ထူသူ၊ အားပေးအားမြှောက် ပြုသူများအဖြစ် ထိုလူများကို ပျိုးထောင်ပေးရန် စီစဉ်လုပ်ဆောင်သည်။ အန္တိခရစ်တစ်ဦးက အသင်းတော်တစ်ခုတွင် အာဏာရှိသည့် အချိန်တိုင်းတွင် သူသည် နားဝေတိမ်တောင်ဖြစ်သောလူများနှင့် ၎င်း၏ အကူများအဖြစ် မဆင်မခြင်ဖြင့် အပျော်အပျက် လုပ်ဆောင်သောသူများကို အစဉ်စုဆောင်းသည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော၊ အလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်သော ထိုအစွမ်းအစရှိသူများကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ အထူးသဖြင့် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းရှိသော ထိုခေါင်းဆောင်များ၊ အမှုဆောင်များကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ ဤသို့ဖြင့် အသင်းတော်တွင် အုပ်စုနှစ်စု ဖြစ်ပေါ်လေသည်။ အုပ်စုတစ်စုတွင် လူ့သဘာဝက အတော်အတန် ရိုးသားသူများ၊ မိမိတို့တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်သောသူများ၊ သမ္မာတရားကို လိုက်စားသောသူများရှိသည်။ အခြားအုပ်စုမှာ အန္တိခရစ်များ ဦးဆောင်သည့် နားဝေတိမ်တောင်ဖြစ်သော၊ မဆင်မခြင်ဖြင့် အပျော်အပျက် လုပ်ဆောင်သောသူတစ်သိုက်ရှိသည်။ အန္တိခရစ်များ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ မရှိမချင်း ထိုအုပ်စုနှစ်စုသည် တစ်ခုနှင့်တစ်ခု ဆက်လက်၍ တိုက်ပွဲဝင်လိမ့်မည်။ မိမိတို့၏တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်ပြီး သမ္မာတရားအား လိုက်စားသောသူတို့ကို အန္တိခရစ်များက အစဉ်တိုက်ခိုက်ပြီး ဆန့်ကျင်လုပ်ဆောင်သည်။ ဤသည်မှာ အသင်းတော်အလုပ်ကို အလွန်အမင်း မနှောင့်ယှက်သလော။ ဘုရားအမှုတော်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်မလုပ်သလော။ ဤအန္တိခရစ်များ၏ အင်အားစုသည် အသင်းတော်တွင် ဘုရားအလိုတော်ကို မဆောင်ရွက်ရန် တားဆီးသည့် အပိတ်အဆို့နှင့် အတားအဆီးတစ်ခု မဟုတ်သလော။ ဘုရားသခင်ကို ဆန့်ကျင်နေသည့် ကောက်ကျစ်ဆိုးယုတ်သည့် အင်အားစုမဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)

လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းဖြစ်သည့် ၎င်းတို့၏ လုပ်နည်းကိုင်နည်းမှ အကဲဖြတ်ရလျှင် အန္တိခရစ်တို့၏ လူ့သဘာဝသည် စက်ဆုပ်ဖွယ်ကောင်းပြီး တစ်ကိုယ်ကောင်းဆန်ကာ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်၊ ကောက်ကျစ်ဆိုးယုတ်သည့်၊ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထား ဖြစ်သည်။ အန္တိခရစ်တို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အရှက်ကင်းမဲ့စွာဖြင့် စက်ဆုပ်ဖွယ်ကောင်းပြီး လက်သီးပုန်းထိုးသော လှည့်ကွက် အမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ ထို့အပြင် လူတို့သည် လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ တစ်စက်မျှ ဂရုမစိုက်ဘဲ၊ ၎င်းတို့ကို အသိပေးခြင်း သို့မဟုတ် ၎င်းတို့၏ သဘောတူညီချက်ကို ရယူခြင်း မရှိဘဲ ၎င်းတို့သည် လူတို့ကို အစဉ် ထိန်းချုပ်လိုကြသည်၊ ကြိုးကိုင်ညွှန်ကြားကာ လွှမ်းမိုးလိုကြသည်။ လူတို့က မိမိတို့၏ စိတ်နှလုံးထဲ၌ တွေးတောပြီး တောင့်တသည့် အရာအားလုံးကို ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားမှုများအောက် ရောက်စေလိုကြသည်၊ လူတို့အား ၎င်းတို့ကို မိမိတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ထားရှိစေလိုကြသည်၊ ၎င်းတို့ကို ကိုးကွယ်စေလိုကြသည်၊ အမှုအရာအားလုံးတွင် ၎င်းတို့ကို အထင်ကြီးစေလိုကြသည်။ ၎င်းတို့သည် လူတို့ကို မိမိတို့၏ စကားများနှင့် အမြင်ရှုထောင့်များဖြင့် ဘောင်ခတ်ပြီး လွှမ်းမိုးလိုကြသည့်အပြင် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများအပေါ် အခြေခံ၍ ၎င်းတို့ကို ကြိုးကိုင်ညွှန်ကြားကာ ထိန်းချုပ်လိုကြသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်ခြင်း မဟုတ်လော။ ယင်းမှာ သင်၏လည်ပင်းကို ပါးစပ်ထဲတွင် ခဲထားသော ကျားတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ သင်သည် အသက်ရှူရန်နှင့် ရုန်းကန်လှုပ်ရှားရန် မည်မျှပင် ကြိုးစားရုန်းကန်စေကာမူ သင်အလိုရှိသည့်အတိုင်း မလုပ်ဆောင်နိုင်ဘဲ ထိုအစား သင်သည် ၎င်း၏ ကြောက်မက်ဖွယ် ပါးစပ်၏ ခိုင်မြဲသော၊ သေလောက်စေသော ချုပ်ကိုင်မှုအောက်တွင် ရှိနေသည်။ သင်သည် မည်မျှပင် ရုန်းကန်လွတ်မြောက်ရန် ကြိုးစားစေကာမူ မလွတ်မြောက်နိုင်ပေ ပြီးလျှင် ကျားအား ၎င်း၏ မေးရိုးကို ဖြေလျော့ပေးရန် သင်အသနားခံသော်လည်း ယင်းမှာ မဖြစ်နိုင်ပေ၊ ဆွေးနွေးညှိနှိုင်း၍ အကျိုးမရှိပေ။ အန္တိခရစ်တို့တွင် ထိုသို့သော စိတ်သဘောထားမျိုး ရှိလေသည်။ သင်သည် ၎င်းတို့နှင့် ဆွေးနွေးပြီး “လူတို့ကို ထိန်းချုပ်ရန် နည်းလမ်းများ ကြံဆခြင်းကို ကျေးဇူးပြု၍ ရပ်တန့်၍ မရနိုင်ပါသလော။ ကောင်းမွန်စွာ ပြုမူနေထိုင်ပြီး နောက်လိုက်တစ်ဦး ဖြစ်၍မရနိုင်ပါသလော။ ကောင်းမွန်စွာ ပြုမူနေထိုင်ပြီး မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ကိုယ့်နေရာနှင့်ကိုယ် နေ၍ မရနိုင်ပါသလော” ဟု ပြောဆိုသည် ဆိုပါစို့။ ၎င်းတို့သည် ဤသည်ကို သဘောတူနိုင်မည်လော။ ကောင်းသော ကျင့်ကြံပြုမူခြင်းကို သုံး၍ဖြစ်စေ၊ သင်နားလည်သည့် သမ္မာတရားကို သုံး၍ဖြစ်စေ ၎င်းတို့၏ လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို သင်တားဆီးနိုင်မည်လော။ ၎င်းတို့၏ ရှုမြင်ပုံကို ပြောင်းလဲနိုင်မည့်သူ တစ်ဦးတစ်ယောက် ရှိသလော။ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားမှ အကဲဖြတ်ရလျှင် မည်သူမျှ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်များကို ပြောင်းလဲနိုင်မည် မဟုတ်သကဲ့သို့ လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒကို မည်သူမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ မည်သူမျှ ၎င်းတို့ကို မပြောင်းလဲနိုင်ပေ၊ ပြီးလျှင် ၎င်းတို့နှင့် ညှိနှိုင်းဆွေးနွေး၍ မရနိုင်ပေ။ ဤသည်ကို “ရက်စက်ကြမ်းကြုတ်ခြင်း” ဟု ခေါ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၃- ၎င်းတို့သည် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်သည့်အပြင် အသင်းတော်ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်၏

ဤနတ်ဆိုးများနှင့် စာတန်များဖြစ်ကြသော အန္တိခရစ်တို့၏ ပင်ကိုသဘာဝအနှစ်သာရမှာ အရာခပ်သိမ်းအတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ခြင်းပင်ဖြစ်သည်။ အသင်းတော်အတွင်း၌ ဘုရားသခင် ရွေးချယ်ထားသော လူများနှင့်ပတ်သက်၍ ဘုရားသခင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းအပြင် အန္တိခရစ်တို့သည် လူတို့က ကိုယ်တော်အား ပေးလှူသည့် လှူဖွယ်ပစ္စည်းများကိုလည်း လုယူရန်ကြိုးစားကြသည်။ အပေါ်ယံအားဖြင့် အန္တိခရစ်တို့သည် ငမ်းငမ်းတက် ဖြစ်နေကြသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သူတို့၌ အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် အနှစ်သာရ ရှိသောကြောင့်ဖြစ်သည်။ လူတို့က ဘုရားသခင်အား ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့်ပစ္စည်းများကို သူတို့သိမ်းပိုက်ပြီး ဝါးမျိုလိုခြင်းဖြစ်သည့် ဤအရာသည် အနှစ်သာရအားဖြင့် ရက်စက်ကြမ်းကြုတ်ခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် စတိုင်ကျပြီး အရည်အသွေးကောင်းသော ငှက်မွေးအပေါ်အင်္ကျီ အသစ်တစ်ထည် ဝယ်လိုက်သည်ဆိုပါစို့၊ ထို့နောက် တစ်စုံတစ်ယောက်က ယင်းကိုမြင်ပြီး “သင်၏ ဤ ငှက်မွေးအပေါ်အင်္ကျီသည် ငါ့အင်္ကျီထက် ပိုကောင်းပါတကား။ ငါဝတ်ဆင်နေသည့် စုတ်ပြတ်နေသောအင်္ကျီမှာ အပေါက်များပင်ရှိနေပြီး ခေတ်လည်းမမီတော့ပြီ။ သင်၏အင်္ကျီမှာ အဘယ်ကြောင့် ဤမျှကောင်းနေရသနည်း” ဟုပြောပြီး သူစကားဆုံးသည်နှင့် သင်၏ ငှက်မွေးအပေါ်အင်္ကျီကို သင့်ထံမှ အတင်းဆွဲချွတ်ကာ သူ၏ပျက်စီးနေသော အင်္ကျီကို သင့်အားပေးသည်။ သင် သူနှင့်လဲလှယ်ရန် ငြင်းဆန်၍မရနိုင်ပေ။ သူသည် သင့်ကိုဒုက္ခပေးမည်၊ ရိုက်နှက်မည်၊ သူ သင့်ကို သတ်ပင်သတ်နိုင်သည်၊ သင်သူ့ကိုခုခံဝံ့မည်လော။ သင်သူ့ကို ခုခံဝံ့မည်မဟုတ်ဘဲ သူသည် သင်၏ပစ္စည်းများကို သင်၏ဆန္ဒမပါဘဲ ယူသွားလိမ့်မည်။ သို့ဖြစ်လျှင် ဤပုဂ္ဂိုလ်၏ စိတ်သဘောထားကား အဘယ်နည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်သည်။ ဤအရာနှင့် အသင်းတော်ပစ္စည်းဥစ္စာကို သိမ်းပိုက်ခြင်း၊ အသုံးပြုခြင်း၌ အန္တိခရစ်တို့၏ စိတ်သဘောထားတို့အကြား ခြားနားချက် တစ်စုံတစ်ရာရှိသလော။ (မရှိပါ။) အန္တိခရစ်တို့၏ ပစ္စည်းဥစ္စာအပေါ် အမြင်ရှုထောင့်အရ သူတို့ခေါင်းဆောင်များနှင့် “အရာရှိများ” ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် အသင်းတော်၏ ပစ္စည်းဥစ္စာသည် သူတို့လက်ဝယ်သို့ ရောက်ရှိသွားပြီးနောက် အသင်းတော်၏ ပစ္စည်းဥစ္စာသည် သူတို့နှင့်သက်ဆိုင်သွားသည်။ မည်သူက လှူဖွယ်ပစ္စည်း ပေးလှူသည်ဖြစ်စေ၊ ၎င်းတို့ မည်သည့်အရာကို လှူဖွယ်ပစ္စည်းအဖြစ် ပေးအပ်သည်ဖြစ်စေ အန္တိခရစ်တို့သည် ယင်းကို မိမိတို့အတွက် သိမ်းပိုက်ကြလိမ့်မည်။ တစ်စုံတစ်ခုကို သိမ်းပိုက်သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အသင်းတော် စည်းမျဉ်းများနှင့်အညီ သင့်လျော်စွာ အသုံးပြုပြီး ခွဲဝေသင့်သည့် အသင်းတော်၏ ပစ္စည်းဥစ္စာသည် အန္တိခရစ်တို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီးနောက် သူတို့တစ်ဦးတည်းသာလျှင် ယင်းကိုအသုံးပြုရန် သီးသန့်အာဏာရှိသွားသည်ကို ဆိုလိုသည်။ ဤပစ္စည်းဥစ္စာကို အသင်းတော်၏ အလုပ်အတွက် သို့မဟုတ် အသင်းတော်ရှိ အမှုဆောင်များအတွက် လိုအပ်သည့်အခါ၌ပင် အန္တိခရစ်တို့သည် ယင်းကိုအသုံးပြုခွင့်မပြုပေ။ သူတို့တစ်ဦးတည်းသာလျှင် အသုံးပြုခွင့်ရှိသည်။ အသင်းတော်၏ ပစ္စည်းဥစ္စာကို မည်သို့အသုံးပြုပြီး ခွဲဝေသည်နှင့်ပတ်သက်၍ အန္တိခရစ်တို့သာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ သူတို့က သင့်ကို အသုံးပြုခွင့်ပေးလိုပါက သင်အသုံးပြုနိုင်ပြီး မဟုတ်ပါက သင်အသုံးပြုနိုင်မည်မဟုတ်ပေ။ အသင်းတော်၏ လှူဖွယ်ပစ္စည်းရန်ပုံငွေများ မများပြားဘဲ အန္တိခရစ်တို့ သိမ်းပိုက်ပြီးနောက် သူတို့၏ကိုယ်ပိုင် အသုံးစရိတ်များအတွက် လုံးဝကုန်ဆုံးသွားပါက အသင်းတော်အလုပ်အတွက် ငွေမကျန်တော့သည်ကို သူတို့ဂရုမစိုက်ပေ။ သူတို့သည် အသင်းတော်၏ အလုပ်ကိုဖြစ်စေ၊ အသင်းတော်၏ ပုံမှန်အသုံးစရိတ်များကိုဖြစ်စေ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ သူတို့လိုချင်သမျှမှာ ဤရန်ပုံငွေများကိုယူပြီး မိမိတို့ကိုယ်တိုင်သုံးစွဲရန်၊ ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ဝင်ငွေအဖြစ် သဘောထားပြုမူရန်ဖြစ်သည်။ ဤသို့ပြုမူလုပ်ဆောင်ပုံမှာ ရှက်ဖွယ်မဟုတ်လော။ (ဟုတ်ကဲ့၊ ရှက်ဖွယ်ဖြစ်ပါသည်။) အတော်အတန် ကုံလုံကြွယ်ဝသော ဒေသများရှိ အချို့သောအသင်းတော်များ၌ အန္တိခရစ်တို့က “ဤနေရာသည် အတော်ပင် ကောင်းမွန်သည်။ အသုံးစရိတ်များနှင့်ပတ်သက်ပါက ကျွန်ုပ်သုံးဖြုန်းနိုင်ပြီး ကျွန်ုပ်အလိုရှိသလို ပြုလုပ်နိုင်သည်၊ အသင်းတော် စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ပေ။ ငွေကို ကျွန်ုပ် အလိုရှိသလိုသုံးစွဲနိုင်ပါသည်။ ကျွန်ုပ် အသင်းတော် ခေါင်းဆောင် ဖြစ်လာပြီးကတည်းက တွက်ချက်နေရန် မလိုအပ်ဘဲ ပိုက်ဆံသုံးရသော ဘဝတစ်ခုကို နောက်ဆုံးတွင် ပျော်မွေ့ခံစားနိုင်ပြီဖြစ်သည်။ ကျွန်ုပ်က တစ်စုံတစ်ခုအတွက် ငွေကြေးသုံးစွဲလိုလျှင် အမိန့်ပေးလိုက်ရုံသာ ဖြစ်သည်၊ ယင်းအတွက် ကျွန်ုပ် စိုးရိမ်ရန် မလိုအပ်သကဲ့သို့ မည်သူနှင့်မျှ ယင်းအကြောင်းဆွေးနွေးရန် ဧကန်မုချ မလိုအပ်ပါ” ဟု စဉ်းစားကြသည်။ အသင်းတော်၏ ပစ္စည်းဥစ္စာများကို သုံးခြင်းနှင့်ပတ်သက်လာပါက အန္တိခရစ်တို့သည် မိမိတို့ဘာသာ အာဏာစွဲကိုင်ထားကာ မဆင်မခြင် ပြုမူဆောင်ရွက်ပြီး ငွေကို ရေလို သုံးကြသည်။ အသင်းတော်၏ စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ အလုပ်အစီအစဉ်များနှင့်အညီဖြစ်စေ အလုပ်တစ်စုံတစ်ရာကို မလုပ်ဆောင်ခြင်းအပြင် အန္တိခရစ်တို့သည် အသင်းတော် ပစ္စည်းဥစ္စာကို စည်းမျဉ်းတစ်ခုမျှမရှိဘဲ ထိုနည်းအတိုင်းပင် သဘောထားပြုမူသည်။ ၎င်းတို့သည် စည်းမျဉ်းများကို နားမလည်၍များ ဖြစ်နိုင်သလော။ မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်၏ ပစ္စည်းဥစ္စာကို ခွဲဝေခြင်းနှင့် သုံးစွဲခြင်းကို အုပ်စိုးထားသော စည်းမျဉ်းများကို လုံးလုံး ကောင်းမွန်စွာ သိကြသော်လည်း သူတို့ကိုယ်တိုင်၏ လောဘနှင့် လိုအင်ဆန္ဒများကို ၎င်းတို့ မထိန်းချုပ်နိုင်ကြချေ။ သူတို့သာမန်လူများဖြစ်ပြီး မည်သည့်အဆင့်အတန်းမျှ မရှိသည့်အခါ သူတို့သည် နှိမ့်ချပြီး ရိုးရှင်းသော နေ့စဉ်ဘဝများဖြင့် နေထိုင်ကြသော်လည်း ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် မိမိတို့ကိုယ်ကို အရေးပါသူများဟု ထင်မြင်ကြသည်။ သူတို့သည် ဝတ်စားပုံနှင့် စားသောက်ပုံကို ဇီဇာကြောင်လာကြသည်။ သူတို့သည် သာမန်အစားအစာများကို မစားသုံးတော့ဘဲ မိမိတို့ကိုယ်ကို အဝတ်အစား ဆင်မြန်းရာတွင် အရည်အသွေးကောင်းပြီး နာမည်ကြီးသောတံဆိပ်များကို ရှာဖွေတတ်လာကြသည်။ အရာအားလုံးသည် ဈေးအကြီးဆုံးဖြစ်ရမည်၊ ထိုအခါမှသာ သူတို့၏ဂုဏ်ပုဒ်၊ အဆင့်အတန်းတို့နှင့် လိုက်ဖက်သည်ဟု သူတို့ခံစားရသည်။ အန္တိခရစ်တို့ ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများအားလုံးက သူတို့ကို အကြွေးတင်နေသကဲ့သို့ဖြစ်ပြီး သူတို့အား လက်ဆောင်များ ဆက်သရမည်ဖြစ်သည်။ ကောင်းသောအရာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သူတို့ကို ဦးစားပေးရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့၏ငွေကို သူတို့အတွက် သုံးစွဲရန် မျှော်လင့်ခြင်းခံရသည်။ ခေါင်းဆောင်ဖြစ်လာခြင်းဆိုသည်မှာ သူတို့သည် အသင်းတော်၏ ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ရန်နှင့် အသုံးပြုရန် ဦးစားပေးဖို့ အာဏာရှိသင့်သည်ဟု အန္တိခရစ်တို့ ယုံကြည်ကြသည်။ သူတို့သည် ဤသို့စဉ်းစားရုံသာမက ဤသို့ပြုမူလုပ်ဆောင်ကြသည်။ ထို့အပြင် သူတို့သည် အခြားလူများက ရွံရှာမုန်းတီးသည်အထိ အလွန်အကျွံပြုလုပ်ကြသည်။ ဤရှုထောင့်မှကြည့်လျှင် အန္တိခရစ်တို့၏ အကျင့်စရိုက် မည်သို့ရှိသနည်း။ ခေါင်းဆောင်များဖြစ်လာပြီးနောက် အလုပ်တစ်စက်မျှ မလုပ်ဘဲ သူတို့သည် လှူဖွယ်ပစ္စည်းများကို သိမ်းပိုက်လိုပြီး ယင်းတို့ကို အသုံးပြုခြင်းအား ဦးစားပေးလိုကြသည်။ ဤသို့သောအရာများကို မည်သည့်လူစားမျိုးက လုပ်ဆောင်နိုင်စွမ်းရှိသနည်း။ ဓားပြ၊ အာဏာရှင်၊ သို့မဟုတ် ဒေသခံအနိုင်ကျင့်သူတစ်ဦးသာလျှင် ဤအရာများကို ပြုလုပ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၃- ၎င်းတို့သည် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်သည့်အပြင် အသင်းတော်ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်၏

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ရိုးသားသော တိုင်ကြားမှုကြောင့် ဖိနှိပ်ခြင်းကို ရင်ဆိုင်ရခြင်း (၁)

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားရဲ့စိတ်နှလုံးကို ဘယ်သူ ညှာတာထောက်ထားသလဲ

အရှေ့သို့- ၇။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သောသဘာဝကို ပိုင်းခြားသိမြင်နည်း

နောက်တစ်ခုသို့- ၉။ သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော အန္တိခရစ်များ၏ သဘာဝကို ပိုင်းခြားသိမြင်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။