ခ။ ဘုရားသခင်၏ သိုးသည် သူ၏အသံတော်ကို ကြားသည်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းဖြင့်သာလျှင် ပြန်ကြွလာသည့် သခင်ကို တွေ့ဆုံနိုင်သည်

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် အရှုံးပေးစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် မွေးကင်းစကလေးငယ် တစ်ဦးကဲ့သို့ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒလူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမြော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” သန့်ရှင်းသောဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို ယခု သင်တို့ ကြားပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်တို့ အပေါ်သို့ ရောက်လာပေပြီ။ သင်တို့ကြားရသလော။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏အမှုကို လုပ်ဆောင်ပြီး၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြစ်လာနိုင်သည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့်၊ အတိတ်ကာလက ပြောဆိုခဲ့သည့်အတိုင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များသည် ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်၏။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော် ပြောဆိုခြင်းဖြစ်သည့်အတွက် လူတို့ ကြားဖို့အတွက် သူ၏ အသံကို ကောင်းကင်မှ ပြောဆိုသင့်သည်ဟု ယုံကြည်သည့် အဓိပ္ပာယ်မရှိသော လူများစွာရှိပေသည်။ ဤသို့ တွေးထင်သောသူ မည်သူမဆိုသည် ဘုရားသခင်၏အမှုကို မသိပေ။ အမှန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ပြောဆိုသော မိန့်မြွက်ချက်များသည် လူ့ဇာတိခံယူသော ဘုရားသခင် ပြောဆိုသည့် မိန့်မြွက်ချက်များ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားထံ တိုက်ရိုက် စကားမပြောပေ။ ပညတ်တော်ခေတ်တွင်ပင်၊ ယေဟောဝါသည် လူတို့ထံ တိုက်ရိုက် စကားမပြောခဲ့ပေ။ ယနေ့ ဤခေတ်တွင် သူသည် ထိုသို့လုပ်နိုင်ချေ သာ၍ပင် နည်းပါးမည် မဟုတ်လော။ အမှုကို ဆောင်ရွက်ဖို့ ဘုရားသခင် မိန့်မြွက်ချက်များ ပြောဆိုရန်မှာ၊ သူသည် လူ့ဇာတိ ခံယူရမည် ဖြစ်သည်။ သို့မဟုတ်ပါက၊ သူ၏အမှုသည် ယင်း၏ရည်မှန်းချက်ကို ပြီးမြောက်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်ကို ငြင်းပယ်သူများသည် ဝိညာဉ်တော်ကို သို့မဟုတ် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများကို မသိသောသူများ ဖြစ်သည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ်ဖြစ်သည်ဟု ယုံကြည်သော်လည်း၊ သူ၏အမှုသစ်ကို လက်မခံသူများသည် မရေရာသကဲ့သို့ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်း အလယ်တွင် အသက်ရှင်သူများ ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်အနေဖြင့် တိုက်ရိုက် စကားပြောဆိုပြီး သူ၏ အမှုကို တိုက်ရိုက် ဆောင်ရွက်ဖို့သာ တောင်းဆိုပြီး လူ့ဇာတိခံဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် အမှုကို လက်မခံသောသူတို့သည် ခေတ်သစ်ထဲသို့ ဘယ်သောအခါမျှ ခြေလှမ်းနိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံတို့ဖြင့် မကန့်သတ်ထားသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့် အတိုင်း သူ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါက ကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ရာတွင် ကားတိုင်တင်ခံရခြင်း အမှုကို စုံလင်စေဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်၊ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း၊ တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့ကြုံသွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် တောင့်တသည့် သဘောထားတစ်ခု ပိုင်ဆိုင်ဖို့ မဆိုထားနှင့်၊ ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ သင်တို့သည် အရမ်းမဲ့ လေ့လာကြပြီး အပူအပင် အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်ထံမှ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိမည်ဟု သင်ထင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မျက်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို စွန့်လွှတ်လော့။ မိမိကိုယ်ကို ငြိမ်သက်စေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏ နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ “မဖြစ်နိုင်” ဟူသည့် သင်တို့၏ အမြင်များကို စွန့်လွှတ်လော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးတို့ကို ကျော်လွန်ကာ တည်ရှိလေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုတော် သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင် ပေါ်ထွန်းသည့် နည်းဟန် သို့မဟုတ် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ၊ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်၊ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတို့ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက၊ ထို့ထက်ပို၍ပင် သူသည် စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်၊ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်နိုင်ကာ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ ခြေလှမ်းများ နောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြ လိမ့်မည်ဟု ငါမျှော်လင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

ဘုရားသခင်၏ အသံတော်ကို မည်သို့ သတိပြုရမည်နည်း

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ဤသည်မှာ ဘုရားသခင်၏ အသံတော်ဖြစ်သည်

ဆက်စပ်မှုရှိသော တရားဒေသနာများ

အဘယ်ကြောင့်ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်းအားဖြင့်သာ သခင့်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်သနည်း

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း

သမ္မာတရားလက်ခံသူသာ ဘုရားအသံတော်ကြားနိုင်

ဘုရားသခင်၏သိုးတို့သည် သူ၏အသံကို ကြားကြ၏

အရှေ့သို့- က။ ပညာသတိရှိသော သတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း

နောက်တစ်ခုသို့- ဂ။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုသာ မြင်ရန် ဆန္ဒရှိသည့်သူများ ဖယ်ရှားရှင်းလင်းခြင်းခံရမည့် အကြောင်းအရင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။