ဂ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် ပလ္လင်ဖြူကြီးထံမှ တရားစီရင်ခြင်း အမှု ဖြစ်သည်

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ယခင်အချိန်များကပြောခဲ့သည့် ဘုရားသခင်၏အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းတွင်၊ ဤနှုတ်ကပတ်တော်များထဲမှ “တရားစီရင်ခြင်း” သည် နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများအပေါ် ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ခြင်းကို ရည်ညွှန်းပေသည်။ နောက်ဆုံးသောကာလ ရောက်လာပြီးချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် လူအားလုံး မြေပေါ် ဒူးထောက်လျက်နှင့် ကြီးမြတ်သော ပလ္လင်ပေါ်တွင် ထိုင်ရင်း၊ သူသည် လူအသီးသီး၏ အပြစ်များကို ထုတ်ဖော်ပြကာ၊ ထိုသို့ဖြင့် ၎င်းတို့သည် ကောင်းကင်ဘုံသို့ တက်ရမည်၊ သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ဆိုသည်ကို ဆုံးဖြတ်မည် ဟူသကဲ့သို့သော သဘာဝလွန် စိတ်ကူးများကို ယုံကြည်သော သူများ ရှိကောင်းရှိပေမည်။ လူသားက မည်သည့်အရာကို စိတ်ကူးသည်ဖြစ်စေ၊ ဘုရားသခင် အမှု၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ လူသား၏ စိတ်ကူးစိတ်သန်းများသည် လူသား၏ အတွေးများမှ ဖန်တီးမှုများသာ ဖြစ်သည်။ ယင်းတို့သည် လူသား၏ဦးနှောက်မှ လာသည်၊ လူသား မြင်ပြီးကြားပြီးသော အရာများမှ ပေါင်းရုံးကာ ဆက်စပ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ငါပြောမည်၊ စိတ်ကူးပေါက်သည့် ပုံရိပ်များက မည်မျှတောက်ပသည်ဖြစ်စေ၊ ယင်းတို့သည် ကာတွန်းရုပ်ပုံများသာ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှု၏ အစီအစဉ်ကို အစားထိုးနိုင်စွမ်း မရှိချေ။ အဆုံးတွင်၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အတွေးများကို အဘယ်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ဆန်းပြားသော အရာတစ်ခုအဖြစ် ယူဆ၏။ သူက တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည်မှာ ဘုရားသခင်ကိုယ်တိုင်ဖြစ်သည့်အတွက် ဤအမှုသည် အကြီးမားဆုံးသော အတိုင်းအတာ ဖြစ်ရမည်ဖြစ်ပြီး၊ သေမျိုးများအဖို့ နားမလည်နိုင်သောအရာ ဖြစ်ရမည်ဖြစ်ကာ၊ ကောင်းကင် တစ်လျှောက်လုံး ပဲ့တင်ထပ်ပြီး မြေကြီးကို လှုပ်ခါစေရမည်၊ သို့မဟုတ်ပါက၊ ယင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု အဘယ်သို့ ဖြစ်နိုင်မည်နည်းဟု ယုံကြည်လေသည်။ သူသည် ဤသည်မှာ တရားစီရင်ခြင်းအမှု ဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ခံ့ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားရမည်ဖြစ်ကာ၊ တရားစီရင်ခံရလျက်ရှိသော သူတို့သည် မျက်ရည်များဖြင့် ငိုကြွေးမြည်တမ်းနေပြီး၊ သနားညှာတာမှုအတွက် ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်လေသည်။ ထိုသို့သော မြင်ကွင်းများသည် ဧကန်မုချ ကြီးကျယ်ခမ်းနားမည်ဖြစ်ကာ၊ နက်နက်ရှိုင်းရှိုင်း နိုးကြားတက်ကြွစေပေမည်။...ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို အံ့သြဖွယ်ဖြစ်ဖို့ အယောက်တိုင်း စိတ်ကူးကြ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားအလယ် အချိန်ကြာမြင့်စွာကတည်းက စတင်ပြီးသည့်အချိန်တွင်၊ သင်သည် ထိုင်းမှိုင်းလေးကန်သော အိပ်စက်ခြင်းဖြင့် ဝင်ကွေးနေသည်ကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်ပြီးဖြစ်သည်ဟု သင်ထင်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို အသစ်တဖန် ပြုလုပ်နှင့်ပြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ သင်သည် ဘဝ၏အဓိပ္ပာယ်ကို နားလည်လာပြီးဖြစ်ရုံမျှသာ ဖြစ်ကောင်း ဖြစ်ပေမည်၊ သို့သော် ဘုရားသခင်၏ မငဲ့ညှာသော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲတွင် ငရဲထဲသို့ ခေါ်ဆောင်သွား လိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်နှင့်ပြီးဖြစ်သည်ကို သင် ရုတ်တရက် နားလည်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာဒေသအားလုံးရှိလူများကို လမ်းပြဖို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်မောင်းမဲဖို့ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၏ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ဘုရားသခင်သည် မသိလိုက်သည့်အချိန်အချို့တွင် ကမ္ဘာမြေပေါ်သို့ ကြွကောင်းကြွလာနိုင်ပြီး လူသားထံ ပေါ်ထွန်းကာ၊ ပြီးနောက် မည်သူ့ကိုမျှ အလွတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တရားစီရင်မည်ဟု အချို့က ယုံကြည်ကြသည်။ ဤနည်းဖြင့် တွေးထင်သူတို့သည် လူ့ဇာတိခံယူခြင်း အမှု၏ ဤအဆင့်ကို မသိကြပေ။ ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း- ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် ကြောက်ရွံ့မှု ကင်းမဲ့ခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားက မျက်မြင်တွေ့ကြုံရသည့် လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ အတိတ်ကာလများအတောအတွင်း စိတ်ကူးပေါက်ခဲ့သော နောက်ဆုံးသောကာလ အတောအတွင်း ပလ္လင်ဖြူကြီးရှေ့က တရားစီရင်ခြင်း အမှုဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လတ်တလော လုပ်ဆောင်လျက်ရှိသော အမှုသည် ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း အတိအကျဖြစ်သည်။ မျက်မှောက်ခေတ် လူ့ဇာတိခံ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင် ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ စိတ်သဘောထား တစ်ခုလုံးတို့သည် ဘုရားသခင်၏ အလုံးစုံ ဖြစ်သည်။ သူ့အမှု၏ နယ်ပယ်သည် ကန့်သတ်ချက် ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက် ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်း ဖြစ်သည်- တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော လူတို့အတွက်သာ မဟုတ်သကဲ့သို့၊ လူအရေအတွက် အနည်းငယ်အတွက်လည်း မဟုတ်ပေ။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုအတောတွင်းတွင်၊ ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခွင်လုံး မပါဝင်သော်လည်း၊ စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပြီး၊ သူ၏ ဇာတိခန္ဓာနှင့်ဆိုင်သည့် အမှု နယ်ပယ်အတွင်းရှိ အမှုကို သူ အဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ဧဝံဂေလိတရားသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းနောက်တွင် စကြဝဠာအနှံ့ ပျံ့နှံ့သွားသည့်နည်းတူ သူသည် ဤအမှုကို စကြဝဠာတစ်ခွင်လုံးသို့ ချက်ချင်း တိုးချဲ့လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ လူ့ဇာတိ၏အမှု ဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်း ဆောင်ရွက်သော အမှု ဖြစ်သည်၊ သို့သော် ယင်းအမှုသည် စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပေသည်။ နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းခြင်းအားဖြင့် သူ၏အမှုကို ဆောင်ရွက်ပြီး၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ သူသည် ဝိညာဉ်တော်ဖြစ်စေ၊ လူ့ဇာတိ ဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလအတွင်း လူသားမျိုးနွယ်ကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ ဤအရာကို သူ၏အမှုအပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အကြောင်းခံအချို့နှင့်အညီ သတ်မှတ်ထားခြင်း မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လက်ရှိသိမ်းပိုက်ခြင်းအလုပ်သည် လူသား၏ဘဝနိဂုံး အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း ဖြစ်သည်ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ သရုပ်မှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရစေဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်၊ လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ ဤသည်မှာ လူတို့၏အပြစ်များကို တရားစီရင်ခြင်းနှင့် ၎င်းနောက် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝ ကျိုးနွံနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ဘုရားသခင်၏အလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ဤနည်းအားဖြင့် လူသည် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခံရမည်၊ ဆိုးယုတ်သောသူများသည် နောက်တစ်ဖန် မည်သည့်အခါတွင်မျှ နေ၏အလင်း မရှိဘဲ၊ ဆိုးယုတ်သူများနှင့် စုဖွဲ့ခံကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်မှုနှင့် စုဖွဲ့ခံကြရမည်။ အရာအားလုံးအတွက် အဆုံးသည် နီးလာပြီဖြစ်သည်၊ လူသား၏နိဂုံးကို သူ၏မျက်လုံးများအား ရှင်းရှင်းလင်းလင်း ပြသပြီးဖြစ်ပြီး၊ အရာအားလုံးသည် အမျိုးအစားအတိုင်း ခွဲခြားသတ်မှတ်ခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် အသီးသီး အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း၏ မချိတင်ကဲဝေဒနာမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ အရာအားလုံးအတွက် အဆုံးသတ် နီးကပ်လာချိန်တွင် လူပုဂ္ဂိုလ်အမျိုးအစားတိုင်း၏ နိဂုံးအား ဖွင့်ပြပြီး၊ ယင်းကို စကြဝဠာတစ်ခွင်လုံးအား သိမ်းပိုက်ခြင်းအလုပ်အတွင်း၌ (လက်ရှိအလုပ်မှစ၍ သိမ်းပိုက်ခြင်းအလုပ်အားလုံး အပါအဝင်) လုပ်ဆောင်သည်။ လူသားမျိုးနွယ်တစ်ခုလုံး၏ နိဂုံးကို ဖွင့်ပြခြင်းသည် တရားစီရင်ရာပလ္လင်ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခြင်း လုပ်ငန်းစဉ်အတွင်းနှင့် နောက်ဆုံးသောကာလ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၌ လုပ်ဆောင်သည်။...သိမ်းပိုက်ခြင်း၏ နောက်ဆုံးအဆင့်မှာ လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ နိဂုံးများကိုလည်း ထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယင်းသည် တရားစီရင်ခြင်းအားဖြင့် လူတို့၏ ဆုတ်ယုတ်လာမှုကို ထုတ်ဖော်ပြီး ထိုသို့ဖြင့် သူတို့ကို နောင်တရစေကာ ထစေပြီး အသက်နှင့်လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို လိုက်စေရန်ဖြစ်သည်။ ထိုအရာမှာ ထုံပြီး တုံးသော လူတို့၏ စိတ်နှလုံးများကို နှိုးရန်နှင့် တရားစီရင်ခြင်းအားဖြင့် သူတို့၏ အတွင်းပုန်ကန်မှုကို ပြသရန်ဖြစ်သည်။ သို့သော် လူတို့သည် နောင်တမရနိုင်သေးဘဲ၊ လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို မလိုက်နိုင်သေးဘဲလျက် ဤဖောက်ပြန်ပျက်စီးမှုများကို မစွန့်ပစ်နိုင်သေးလျှင် သူတို့သည် ကယ်ဆယ်မရနိုင်ဘဲ စာတန်က မျိုချလိမ့်မည်။ ဤသည်မှာ လူတို့ကို ကယ်တင်ရန်နှင့် သူတို့၏ နိဂုံးများကိုလည်း ပြသရန် ဘုရားသခင်၏ သိမ်းပိုက်ခြင်း၏ အရေးပါမှုဖြစ်သည်။ ကောင်းသော နိဂုံးများ၊ မကောင်းသော နိဂုံးများ— ယင်းတို့အားလုံးကို သိမ်းပိုက်ခြင်းအလုပ်အားဖြင့် ထုတ်ဖော်ပြသသည်။ လူတို့ ကယ်တင်ခံရမည် သို့မဟုတ် ကျိန်ဆဲခံရမည် ဟူသည့်အရာသည် သိမ်းပိုက်ခြင်းအလုပ် အတောအတွင်း၌ အားလုံး ထုတ်ဖော်ခံရမည်ဖြစ်သည်။

နောက်ဆုံးသောကာလသည် ခပ်သိမ်းသောအရာကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် သတ်မှတ်ခံရမည့်အချိန် ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုလျှင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစား သတ်မှတ်နိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော အမျိုးအစားသတ်မှတ်ခြင်း အမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား တိုင်းပြည်များအားလုံးနှင့် လူမျိုးအားလုံးသည်လည်း သိမ်းပိုက်ခြင်းအလုပ်ကို ခံစားရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့၌ အရှုံးပေးအပ်နှံကြပြီး အမျိုးအစားအလိုက် သတ်မှတ်ခံရမည်ကို ဆိုလိုသည်။ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ မလွတ်မြောက်နိုင်သကဲ့သို့ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် သတ်မှတ်ခြင်းကို မလွတ်မြောက်နိုင်ပေ၊ အယောက်တိုင်း အမျိုးအစားသတ်မှတ်ခံရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး၊ ကောင်းကင်နှင့်မြေကြီးအားလုံးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် လူ၏တည်ရှိမှု၏နောက်ဆုံးသောကာလများမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

ဖြူသောပလ္လင်ကြီးရဲ့တရားစီရင်မှု စတင်လိုက်ပြီ

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

လူ့ဇာတိခံဘုရားသည် စကြဝဠာတစ်ခုလုံး၏အမှုကို လုပ်ဆောင်၏ကျူး

သိမ်းပိုက်ခြင်းအမှုအားဖြင့် လူတို့သည် အမျိုးအစား သတ်မှတ်ခြင်းခံရကျူး

အရှေ့သို့- ခ။ တရားစီရင်ခြင်းအမှုကို ဘုရားသခင် လုပ်ဆောင်ပုံနှင့် ဤအမှုအားဖြင့် မည်သည့်ရလဒ်ကို စွမ်းဆောင်ရရှိနိုင်သည်

နောက်တစ်ခုသို့- ဃ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်မခံခြင်း၏ အကျိုးဆက်များနှင့် ရလဒ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။