၂၉။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သတိပြုမိရန် အခက်ခဲဆုံးမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လူသား၏သဘာဝ ဖြစ်လာခဲ့သည့်အပြင်၊ လူများက ယင်းကို စတင် အမွှမ်းတင်လာကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည်ဟု မြင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခုသည် စိတ်နှလုံးခိုင်မာသော စိတ်သဘောထား တစ်ခုထက် သတိပြုမိရန် ပို၍ပင် ခက်ခဲလေသည်။ “အဘယ်ကြောင့် သတိပြုမိရန် မလွယ်ကူနိုင်ရသနည်း။ လူများတွင် ဆိုးယုတ်သော အလိုဆန္ဒများ ရှိကြသည်သာ ဖြစ်သည်။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော” ဟု လူအချို့က ဆိုကြသည်။ ယင်းမှာ အပေါ်ယံသာ ဖြစ်၏။ အမှန်တကယ် ဆိုးယုတ်ခြင်းသည် အဘယ်နည်း။ မည်သည့်အခြေအနေများသည် ထင်ရှားသည့်အခါ ဆိုးယုတ်ခြင်းဖြစ်သနည်း။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်ရှိသော ဆိုးယုတ်မှုနှင့် ရှက်ဖွယ် ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြီးကျယ်သော စကားများကို အသုံးပြုပြီး ထို့နောက်တွင် ဤစကားများသည် အလွန်ကောင်းသည်၊ ရိုးသားသည်၊ သဘာဝကျသည်ဟု အခြားလူများအား ယုံကြည်အောင်ပြုလုပ်ပြီး အဆုံးတွင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ရရှိခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သလော။ ဤအရာကို အဘယ်ကြောင့် ဆိုးယုတ်ခြင်းဟု ခေါ်ဆိုပြီး လှည့်စားခြင်းဟု မခေါ်ဆိုသနည်း။ စိတ်သဘောထား၊ အနှစ်သာရနှင့် ပတ်သက်လျှင် လှည့်စားမှုသည် သိပ်မဆိုးပေ။ ဆိုးယုတ်ခြင်းသည် လှည့်စားခြင်းထက်ပို၍ ဆိုးရွားသည်။ ယင်းသည် လှည့်စားမှုထက် ပို၍ မသိမသာ ထိခိုက်စေတတ်ပြီး ဆိုးရွားသည်။ သာမန်လူအတွက် ယင်းကို ရိပ်စားမိရန် ခက်ခဲသည်။ ဥပမာ ဧဝကို သွေးဆောင်ရန်အတွက် မြွေက မည်သို့သောစကားမျိုးကို အသုံးပြုသနည်း။ မှန်ကန်ပြီး သင့်ကောင်းကျိုးအတွက် ပြောသည့်ပုံစံရှိသော၊ ဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော စကားများဖြစ်သည်။ ဤစကားများတွင် တစ်ခုခုမှားနေသည်ကို၊ သို့မဟုတ် ဤစကားများနောက်ကွယ်ရှိ ထိခိုက်စေလိုသော ရည်ရွယ်ချက်တစ်ခုခုကို သင် သတိမထားမိပေ။ တစ်ချိန်တည်းတွင် သင်သည် စာတန်က ပေးသည့် ဤအကြံများကို လက်မလွှတ်နိုင်ပေ။ ဤသည်မှာ စုံစမ်းသွေးဆောင်ခြင်းဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်ခံရပြီး ဤစကားမျိုးတို့ကို နားထောင်သောအခါ သင်သည် မထိန်းနိုင်ဘဲ ဖြားယောင်းခံရပြီး ထောင်ချောက်ထဲသို့ ကျကာ ဤသို့အားဖြင့် စာတန်၏ ပန်းတိုင် အောင်မြင်ဖို့ ဖြစ်နိုင်ခြေများသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဟု ခေါ်သည်။ မြွေသည် ဧဝကို ဖြားယောင်းရန်အတွက် ဤနည်းကို အသုံးပြုသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သလော။ (ဖြစ်သည်။) ဤ စိတ်သဘောထားအမျိုးအစားက မည်သည့်နေရာမှ လာသနည်း။ မြွေထံမှ၊ စာတန်ထံမှ လာသည်။ ဤဆိုးယုတ်သော စိတ်သဘောထားအမျိုးအစားသည် လူသား၏ သဘာဝအတွင်းတွင် တည်ရှိသည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် လူများ၏ ဆိုးယုတ်သော တပ်မက်မှုများနှင့် ကွဲပြားသည် မဟုတ်လော။ ဆိုးယုတ်သော တပ်မက်မှုများသည် မည်သို့ ဖြစ်ပေါ်သနည်း။ ယင်းမှာ ဇာတိပကတိနှင့် သက်ဆိုင်လေသည်။ အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်မှုသည် နက်ရှိုင်းစွာ ပုန်းကွယ်နေသော စိတ်သဘောထား ပုံစံတစ်ခု ဖြစ်၏၊ သမ္မာတရားကို တွေ့ကြုံခြင်း သို့မဟုတ် နားလည်ခြင်း မရှိသည့် လူများအနေဖြင့် ယင်းကို လုံးလုံး ခွဲခြား မသိမြင်နိုင်ကြပေ။ ထို့ကြောင့် လူသား၏ စိတ်သဘောထားများထဲတွင် ယင်းသည် သတိပြုမိရန် အခက်ခဲဆုံး ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုသည် မည်သည့် လူစားမျိုးတွင် အပြင်းထန်ဆုံး ဖြစ်သနည်း။ အခြားသူများအပေါ် အမြတ်ထုတ်ရသည်ကို နှစ်သက်သော သူများတွင် ဖြစ်သည်။ ၎င်းတို့သည် ကြိုးကိုင် ညွှန်ကြားခြင်းတွင် အလွန် တော်သည်ဖြစ်ရာ၊ ၎င်းတို့ ကြိုးကိုင် ညွှန်ကြားသော လူများသည် နောက်ပိုင်း၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိပင်မသိကြချေ။ ဤလူစားမျိုးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိလေသည်။ လှည့်ဖြားတတ်ခြင်းကို အခြေပြုထားသည့် ကောက်ကျစ်ဆိုးယုတ်သူများသည် ၎င်းတို့၏ လှည့်ဖြားခြင်းကို ဖုံးဖိရန်၊ ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ လျှို့ဝှက်သော ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုလည်း ကွယ်ဝှက်ရန် အခြားနည်းလမ်းများကို အသုံးပြုကြ၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့သည် စုံစမ်းသွေးဆောင်ရန်၊ ဆွဲဆောင် ဖြားယောင်းရန်အတွက် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့၏ ရည်မှန်းချက်များ စွမ်းဆောင်ရရှိရန် သင့်အား ၎င်းတို့၏ ဆန္ဒများနောက် လိုက်စေကာ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းများသာ ဖြစ်၏။ ဤသည်မှာ အမှန်တကယ် စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်၏။ သင်တို့ထံတွင် ဤအပြုအမူများ တစ်ခုတလေ ဖြစ်ပေါ်ခဲ့ကြသလော။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု၏ မည်သည့် လက္ခဏာ သွင်ပြင်များမှာ သင်တို့တွင် ပို၍ ဖြစ်ပေါ်ခဲ့သနည်း။ စုံစမ်းသွေးဆောင်ခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်းလော၊ သို့မဟုတ် အခြားမုသားများကို ဖုံးဖိရန် မုသားများ သုံးခြင်းလော။ (ကျွန်ုပ်သည် ယင်းတို့အားလုံးကို အနည်းငယ် လုပ်ချင်မိပါသည်။) သင်သည် ယင်းတို့ အားလုံးကို အနည်းငယ် လုပ်ချင်မိ၏။ တစ်နည်းဆိုရသော် စိတ်ခံစားမှုဆိုင်ရာ အဆင့်တစ်ခုတွင် သင်သည် ဤ အပြုအမူများကို ပြသမိခြင်း ရှိခဲ့သလို၊ မပြသခြင်းလည်း ရှိခဲ့သည်ဟု စိတ်အထင်ရောက်၏။ သင်သည် မည်သည့် သက်သေ အထောက်အထားကိုမျှ စဉ်းစားမရနိုင်ချေ။ သို့ဖြစ်လျှင် သင်၏ နေ့စဉ်ဘဝ၌ သင်သည် တစ်စုံတစ်ခုကို ရင်ဆိုင်ရသည့်အခါ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုအား ထုတ်ဖော်ခြင်း ရှိမရှိကို သတိပြုမိသလော။ အမှန်တွင် ဤအရာများသည် လူတိုင်း၏ စိတ်သဘောထားအတွင်းတွင် တည်ရှိကြသည်။ ဥပမာအားဖြင့် သင် နားမလည်သော အရာတစ်ခု ရှိသော်လည်း၊ သင်က မိမိ နားမလည်သည်ကို အခြားသူများအား မသိစေချင်ပေ။ ထို့ကြောင့် သင် နားလည်သည်ဟု ၎င်းတို့ အထင်အမြင်မှားစေရန် သင်သည် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၏။ ဤသည်မှာ လိမ်လည်မှု ဖြစ်သည်။ ဤလိမ်လည်မှုမျိုးသည် ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆွဲဆောင်ဖြားယောင်းခြင်းတို့လည်း ရှိသေးသည်၊ ဤသည်တို့မှာ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ သင်တို့သည် အခြားသူများကို မကြာခဏ စုံစမ်းသွေးဆောင်ကြသလော။ သင်သည် မိတ်သဟာယဖွဲ့ချင်လျက် တစ်စုံတစ်ယောက်အား နားလည်ရန် တရားဝင် ကြိုးစားနေပြီး ယင်းမှာ သင်၏အလုပ်အတွက် လိုအပ်ပြီး မှန်ကန်သော အပြန်အလှန် ပြောဆိုမှုတစ်ခုလည်း ဖြစ်သည်ဆိုလျှင်၊ ဤသည်ကို စုံစမ်းသွေးဆောင်ခြင်းအဖြစ် ယူဆ၍မရပေ။ သို့သော် သင့်ထံတွင် ပုဂ္ဂိုလ်ရေး ကြံရွယ်ချက်ရှိပြီး သင်သည် ဤလူပုဂ္ဂိုလ်၏ စိတ်သဘောထား၊ လိုက်စားမှုများနှင့် အသိပညာကို အမှန်တကယ် နားလည်ချင်သည် မဟုတ်ဘဲ၊ ထိုသူ၏ အတွင်းကျကျ အတွေးများနှင့် အစစ်အမှန် ခံစားချက်များကိုသာ နှိုက်ယူချင်သည်ဆိုလျှင်၊ ဤသည်ကို ကောက်ကျစ် ဆိုးယုတ်မှု၊ စုံစမ်းသွေးဆောင်မှုနှင့်ဆွဲဆောင် ဖြားယောင်းမှုဟု ခေါ်ပေသည်။ သင်သည် ဤအတိုင်း လုပ်ဆောင်သည်ဆိုလျှင်၊ သင့်ထံ၌ ကောက်ကျစ် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိ၏။ ဤသည်မှာ ပုန်းကွယ်နေသော အရာတစ်ခု မဟုတ်လော။ ဤစိတ်သဘောထားမျိုးသည် ပြောင်းလဲရန် လွယ်ကူသလော။ သင့်စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခုစီတွင် မည်သည့် သရုပ်သကန်များ ရှိသည်၊ သွင်ပြင်လက္ခဏာ တစ်ခုချင်းစီက မည်သည့် အခြေအနေများအား မကြာခဏ ဖြစ်ပေါ်စေသည်ဆိုသည်တို့ကို သင်က ခွဲခြားသိမြင်နိုင်ပြီး၊ သင့်ကိုယ်သင် ဤအရာများနှင့် စပ်ဟပ်ကြည့်နိုင်သည်ဆိုလျှင်၊ ဤစိတ်သဘောထားမျိုးမှာ မည်မျှ ဆိုးဝါး၍ ကြောက်စရာကောင်းလှကြောင်း ခံစားမိနေသည်ဆိုလျှင်၊ သင်သည် ဤကိစ္စနှင့်ပတ်သက်၍ ပြောင်းလဲရန် တာဝန်ရှိသည်ဟု ခံစားမိလာလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငတ်မွတ်ခြင်းဖြစ်လာနိုင်ပြီး၊ သမ္မာတရားကိုလည်း လက်ခံနိုင်လာလိမ့်မည်။ ယင်းမှာ သင့်အနေဖြင့် ပြောင်းလဲနိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည့်အချိန်ပင် ဖြစ်သည်။ သို့သော် ထိုအရာများကို စပ်ဟပ်ကြည့်ပြီးသည့်နောက် သင်သည် နောင်တရဖို့ရန် ဝေးစွ၊ သမ္မာတရားကိုပင် ငတ်မွတ်ခြင်း မရှိသေးဘဲ၊ အကြွေးတင်ရှိခြင်း သို့မဟုတ် စွပ်စွဲခံရခြင်း မရှိ၊ သမ္မာတရားကို ချစ်ခင်ခြင်းလည်း မရှိလျှင်၊ သင့်အနေဖြင့် ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် နားလည် သဘောပေါက်ခြင်းမှာ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သင်တို့ နားလည်ထားခဲ့သမျှ အားလုံးသည် အယူဝါဒမျှသာ ဖြစ်၏။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာပင် ဖြစ်စေ၊ သင်၏ နားလည်သဘောပေါက်မှုမှာ အယူဝါဒအဆင့်တွင် ရပ်တန့်၍ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း၊ ဝင်ရောက်ခြင်းတို့နှင့် ချိတ်ဆက်ခြင်းမရှိလျှင်၊ သင် နားလည်သော အယူဝါဒသည် မည်သို့မျှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုမည် မဟုတ်ဘဲ၊ ဘုရားသခင်ထံ နောင်တရကာ အပြစ်ဝန်ခံလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု ခံစားမိမည် မဟုတ်ဘဲ၊ သင့်ကိုယ်သင်လည်း မုန်းတီးလိမ့်မည် မဟုတ်။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်းခံရရန် အခွင့်အလမ်း သုညသာ ရှိလိမ့်မည်။ အကယ်၍ သင်သည် မိမိ၏ ပြဿနာများ မည်မျှ ဆိုးဝါးလွန်းသည်ကို အသိအမှတ်ပြုသော်လည်း၊ စိတ်အတွင်း၌ မထုံတက်သေး၊ မတုန်မလှုပ် ဖြစ်နေသေးခြင်း၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင် ဆုံးမခြင်းကို လက်မခံခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ကိုယ်တော့်အား ဆုမတောင်းခြင်း သို့မဟုတ် အားမကိုးခြင်းတို့ဖြင့် သင်သည် အရေးမစိုက်၊ မိမိကိုယ်မိမိလည်း မမုန်းတီးလျှင်၊ သင်သည် ကြီးစွာ အန္တရာယ်ရှိလေပြီ။ ကယ်တင်ခြင်းကိုလည်း ရရှိလိမ့်မည် မဟုတ်ချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်

အဘယ်ကြောင့်ဆိုသော် ဆိုးယုတ်ခြင်းသည် လှည့်ဖြားခြင်းထက် ပို၍ အန္တရာယ်ပြုမည့်လက္ခဏာ ရှိသည်၊ ပို၍ ဖုံးကွယ်ထားသည်၊ ပို၍ လှည့်ဖြားတတ်ပြီး သတိပြုမိရန် ပို၍ ခဲယဉ်းတတ်လေသည်။ ဆိုးယုတ်ခြင်း၌ မက်လုံးပေးခြင်း၊ ဖြားယောင်းမှု၊ ချော့၍အရယူခြင်း၊ လာဘ်ပေးလာဘ်ယူမှုနှင့် စုံစမ်းသွေးဆောင်ခြင်း ကဲ့သို့သော အရိပ်လက္ခဏာများလည်း ပါဝင်သည်။ ဤနည်းလမ်းများနှင့် သရုပ်သကန်များက လှည့်ဖြားခြင်းကို ကျော်လွန်လေသည်။ ယင်းတို့သည် ဆိုးယုတ်ပေသည်။ ထိုသူတို့၏ ဖြစ်ခြင်းမှာ ထိုအရာ အတိအကျပင်ဖြစ်၏။ ထိုလူက၊ “ငါ့ကို သင်မပြောပြလျှင်၊ သင့်ကိုငါ ရိုက်နှက်ကန်ကျောက်မည်၊ သင့်ကို သတ်ပစ်မည်”ဟု မပြောခဲ့ပေ။ သူက ထိုနည်းလမ်းမျိုးကို မသုံးခဲ့ပေ။ အပြင်ပန်းအားဖြင့်၊ မည်သည့်အရာမျှ ရက်စက်ပုံမပေါက်ချေ၊ သို့သော် သူ၏နည်းလမ်းမှာ ရက်စက်ခြင်းထက် ပို၍ပင် ပြင်းထန်ခဲ့သည်။ ယင်းမှာ ဆိုးယုတ်လေ၏။ ယင်းကို ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ငါတို့ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် လှည့်ဖြားခြင်းမှာ သာမန်လူတစ်ယောက်က ရိပ်စားမိနိုင်သည့် အရာတစ်ခု ဖြစ်သောကြောင့်ပင်။ ထိုလူအသုံးပြုခဲ့သော နည်းလမ်းက ပို၍ တိတ်တဆိတ် အန္တရာယ်ပြုတတ်သည်။ အပေါ်ယံတွင်၊ သူသည် လူသားခံစားချက်များနှင့် ကိုက်ညီသည့်နည်းလမ်းများဖြင့်၊ ယဉ်ကျေးသိမ်မွေ့ခြင်းဖြင့် စကားပြောခဲ့သည်၊ သို့သော် အမှန်မှာမူ သူ၏စိတ်နှလုံးထဲ၌ ပို၍နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့် အရာတစ်ခု ရှိခဲ့လေသည်။ သူ၏ နည်းလမ်းများနှင့် နည်းစနစ်များမှာ လူတို့ သာမန်အားဖြင့် တွေ့မြင်သည့် သို့မဟုတ် တွေ့ကြုံရသည့် လှည့်ဖြားခြင်းထက် ပို၍နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်၊ ပို၍ အန္တရာယ်ပြုမည့်လက္ခဏာ ရှိသည်၊ ပို၍ နောကျေသည်၊ ပို၍ လှည့်ဖြားတတ်ပြီး ဝေခွဲမရဖြစ်စေသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းပင် ဖြစ်လေသည်။

သင်တို့၏ နေ့စဉ်အသက်တာ၌ အခြားလူတို့ ထုတ်ဖော်ပြသည့် ဆိုးယုတ်သော စိတ်သဘောထားများနှင့် သရုပ်သကန်များကို ရိပ်စားမိနိုင်သလော။ လူအများစုက လှည့်ဖြားခြင်းကို ရိပ်စားမိနိုင်သော်လည်း ဆိုးယုတ်ခြင်းကိုမူ သတိပြုမိရန် မလွယ်ကူပေ။ ဥပမာအနေဖြင့်၊ အကယ်၍ ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတစ်ဦးက သင့်ကို မေးခွန်းတစ်ခုမေးလျှင် သူဆိုလိုသည့်အရာကို အစတွင် သိကောင်းသိမည် မဟုတ်ချေ။ သင်သည် ဆက်၍နားထောင်ဖို့ လိုအပ်ပြီး ထိုသူတို့က သင့်ကို ရှည်လျားသော ကွေ့ပတ်သွားလမ်းဆီသို့ ခေါ်သွားပြီး များစွာရှည်လျားသော ဆွေးနွေးခြင်းနောက်မှသာလျှင် သင့်ကို ထိုသူတို့ နဂိုက မေးမြန်းပြီးခဲ့သော မေးခွန်း၏ အဓိပ္ပာယ်အစစ်အမှန်ကို သင်နားလည်မည် ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဖြစ်၏။ ယင်းက လှည့်ဖြားခြင်းထက် ပို၍ အန္တရာယ်ပြုမည့် လက္ခဏာရှိသည်။ သင်သည် ထိုသူတို့ပြောသည့် ဝါကျအနည်းငယ်မျှမှနေ၍ ယင်းကို ရိပ်စားမိနိုင်မည် မဟုတ်ပေ။ ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့သည် သင့်ကို လှည့်စားကောင်း လှည့်စားနိုင်မည် သို့မဟုတ် တစ်စုံတစ်ရာအား အဘယ်ကြောင့် သူတို့လုပ်ခဲ့သည်၊ အမှုအရာများကို ထိုထိုသော ပုံစံ‌ဖြင့် အဘယ်ကြောင့် ပြောကြသည်၊ အဘယ်ကြောင့် ထိုထိုသော ပုံစံဖြင့် ပြုလုပ်ကြသည်ကို သတိမပြုမိအောင် တိုတောင်းသောအချိန်ကာလ တစ်ခုအထိ သင့်ကို တားဆီးကောင်း တားဆီးနိုင်မည်ဖြစ်သည်။ ထိုသူတို့သည် လုံးလုံးလျားလျား ပေါ်လာပြီး ထိုလုပ်ရပ်ကို မကွယ်ဝှက်နိုင်တော့သည့်အပြင် ထိုသူတို့၏ မည်သည့်မုသားကမျှ သူတို့ကို နောက်ထပ်ဖုံးဖိထားရန် လုံလောက်မည် မဟုတ်တော့သည့် တစ်နေ့မှသာ သူတို့ ပြုလုပ်ခဲ့ပြီးသောအရာကို သင် ရှာဖွေတွေ့ရှိမည် ဖြစ်သည်။ ဤသည်မှာ လှည့်ဖြားခြင်းသက်သက်ထက် ပိုလေသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဖြစ်၏။ ဥပမာ၊ အဆင်းနီသော နဂါးကြီးသည် လူတို့ကို လှည့်ဖြားရန်အတွက် မှန်ကန်သယောင်ထင်ရသည့် အကြောင်းပြချက်များနှင့် ပြောပုံဆိုပုံတို့ကို ထုံးစံအတိုင်း အသုံးပြုသည်။ ၎င်းသည် သူလုပ်သမျှက တရားသည်၊ ယုတ္တိတန်သည်၊ တရားဝင်ပြီး အကြင်နာတရားရှိသည်ဟု လူတို့ကို ထင်မြင်စေရန်အတွက် တရားမျှတမှု အောင်လံအောက်၌ သဘောထားကွဲလွဲဆန့်ကျင်သူများကို ဖယ်ထုတ်သည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဖြစ်၏။ သင်တို့သည် ဤကဲ့သို့သော အရာများအား ကိုယ်တိုင်ပြုလုပ်သည်ကို တွေ့မြင်ဖူးသလော။ ဥပမာ၊ လူတစ်ဦးသည် သင့်အပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ နာကြည်းချက်တစ်ခု ရှိသည်ဆိုပါစို့။ အကယ်၍ သင်သည် ထိုသူတို့ကို ပွင့်ပွင့်လင်းလင်း ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း၊ သို့တည်းမဟုတ် ထိုသူတို့ သဘောမကျသော အရာတစ်ခုခုကို ပြုလုပ်လိုပါက အခြားသူများသည် ဤအရာကို မသင့်လျော်ဟု သဘောထားမည်ဖြစ်ပြီး ယင်းကို အနည်းငယ် မလျော်ကန်ဟုပင် သင်မြင်ကောင်း မြင်နိုင်သည့်အပြင် ထိုအရာနှင့်ပတ်သက်၍ လူတို့ မကျေနပ်မည်ကို စိုးရိမ်သည်၊ သို့ဖြစ်၍ သင်သည် ထိုသူတို့ကို အပြစ်ဒဏ်ပေးရန်နှင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နာကြည်းချက်အတွက် ကလဲ့စားချေဖို့ အကြောင်းပြချက်တစ်ခုအဖြစ် သင်အသုံးပြုနိုင်သည့် အရာတစ်ခုကို ရှာဖွေလေသည်။ ဤသည်မှာ ဆိုးယုတ်ခြင်း မဟုတ်သလော။ ဆိုးယုတ်သော လူတို့မှာမူ အမှုအရာများကို သူတို့ပြုလုပ်သည့် အခြေခံသဘောတရားများနှင့် နည်းလမ်းများအပြင် သူတို့၏ ရည်ရွယ်ချက်များ၊ အကြောင်းရင်းများနှင့် အစပြုချက်များအားလုံးကို ကွယ်ဝှက်ထားလေသည်။ ထိုအရာများကို အခြားသူများထံ ထုတ်ဖော်ပြ၍မရပေ။ သင်တို့အထဲတွင် ဤကဲ့သို့သောအရာ ပေါ်လာသည့်အခါ သို့မဟုတ် ဖော်ထုတ်ခံရသောအခါ သင်တို့၌ ထိုးထွင်းသိမြင်မှု ရှိခဲ့ဖူးသလော။ ဤအရာကို ဆိုးယုတ်သော စိတ်သဘောထားတစ်ခုအဖြစ် သတိပြုမိနိုင်သလော။ လှည့်စားတတ်ခြင်းသည် အပြင်ပန်း၌ မကြာခဏ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးသည် ဝေ့လည်ကြောင်ပတ်ပြောဆိုသည့်အခါ၊ သို့မဟုတ် ချိုသာသော မုသားများကို ပြောဆိုပြီး သူ၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသည်ကို မည်သူကမျှ နားလည်သဘောပေါက်ခြင်းမရှိနိုင်လျှင် ယင်းမှာ လှည့်စားတတ်ခြင်း ဖြစ်သည်။ ဆိုးယုတ်ခြင်း၏ အဓိက ဝိသေသလက္ခဏာမှာ အဘယ်နည်း။ ဆိုးယုတ်ခြင်းဟူသည်မှာ လူများ ပြောသည့်အရာသည် အထူးသဖြင့် နားဝင်ချိုသည့်အရာ ဖြစ်သည့်အခါ၊ ယင်းတို့အားလုံးက မှန်ကန်ပြီး အပြစ်ကင်းသည်ဟု ထင်ရပြီး၊ သင်မည်သည့်ဘက်က ကြည့်ပါစေ၊ ကောင်းသည်ဟု ထင်ရသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် သိသာထင်ရှားသည့် နည်းစနစ်များကို မသုံးဘဲ၊ အမှုကိစ္စများကို ၎င်းတို့ လုပ်ဆောင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိသည့် အချိန်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို လုပ်ဆောင်သည့်အခါတွင် အလွန်အမင်း လျှို့ဝှက်ကြသည်၊ သိသာသော အရိပ်လက္ခဏာ၊ သို့မဟုတ် လျှို့ဝှက်ချက်ကို မြင်သာစေသည့် အသွင်အပြင်မျိုး၊ စကားမျိုး မရှိဘဲ ယင်းတို့ကို ဖြစ်မြောက်အောင်မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့က လူများကို ထင်ယောင်ထင်မှား ဖြစ်စေသည့်နည်းလမ်းဖြစ်ပြီး ထိုသို့သော အရာများနှင့် ထိုသို့သော လူများကို ခွဲခြားဖော်ထုတ်ဖို့ အလွန်ခက်ခဲပေသည်။ လူအချို့က မှန်ကန်သင့်တော်သော စကားများကို မကြာခဏ ပြောကြကာ၊ သာယာနာပျော်ဖွယ် စကားစုတို့ကို မကြာခဏ အသုံးပြုကြပြီး လူများကို လှည့်စားဖို့ သူတို့၏ခံစားချက်များနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ အာဘော်များနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ ၎င်းတို့သည် လမ်းတစ်ခုကို သွားဟန်ဆောင်ကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏လျှို့ဝှက်သော ရည်မှန်းချက်များ ရရှိဖို့ အခြားလမ်းတစ်ခုကို သွားကြသည်။ ဤသည်မှာ ဆိုးယုတ်ခြင်း ဖြစ်သည်။ လူများက ဤအပြုအမူများကို လှည့်စားတတ်ခြင်းဟု ပုံမှန်အားဖြင့် ယုံကြည်ကြသည်။ ၎င်းတို့၌ ဆိုးယုတ်ခြင်းနှင့်သက်ဆိုင်သည့် အသိပညာလည်း နည်းပါးကြပြီး ယင်းကို အသေးစိတ် စိစစ်လေ့လာမှုလည်း နည်းကြသည်။ ကောက်ကျစ် စဉ်းလဲခြင်းသည် ဖုံးကွယ်နေပြီး ပါဝင်သည့် နည်းစနစ်များနှင့် နည်းနိဿယများသည် သာ၍ ဆန်းပြားရှုပ်ထွေးသောကြောင့်၊ လှည့်စားတတ်ခြင်းထက် သာ၍ ဖော်ထုတ်ဖို့ ခက်ခဲသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အတွင်း၌ လှည့်စားတတ်သော စိတ်သဘောထားတစ်ခု ရှိသည့်အခါ၊ ၎င်းတို့သည် လှည့်စားတတ်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် စကားများသည် လှည့်စားသည့် စိတ်သဘောထား တစ်ခုကို ထုတ်ဖော်ပြနေသည်ကို အခြားသူများမြင်နိုင်ဖို့ ပုံမှန်အားဖြင့် နှစ်ရက် သုံးရက်ခန့်သာကြာတတ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးက ဆိုးယုတ်သည်ဟု ဆိုသည့်အခါ၊ ဤသည်မှာ ရက်အနည်းငယ်ဖြင့် ထိုးထွင်းသိမြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အချိန်တိုအတွင်း၌ အရေးပါသည့်အရာ သို့မဟုတ် ထူးခြားသည့်အရာ တစ်ခုမျှ မဖြစ်လျှင်၊ ၎င်းတို့၏စကားများကို နားထောင်ရုံဖြင့်ပင် ၎င်းတို့၏ အရှိကို အရှိအတိုင်း သိမြင်ဖို့ အခက်ကြုံလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မှန်သည့်အရာကို ပြောသည်၊ မှန်သည့်အရာကို လုပ်ဆောင်ပြီး၊ အယူဝါဒတစ်ခုပြီးတစ်ခု ခရားရေလွှတ် တတွတ်တွတ် ပြောနိုင်ကြသည်။ ထိုသို့သောသူများနှင့် ရက်အနည်းငယ် ရှိပြီးသည့်နောက်တွင် သင်သည် ၎င်းတို့ကို လူကောင်းတစ်ဦးအဖြစ် တွေးထင်ကာ၊ အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သည့်သူများ၊ ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်သည့်သူများ၊ ဘုရားသခင်ကို ချစ်သည့်စိတ်နှလုံး ရှိသည့်သူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ပြုမူသည့်သူများဟု တွေးထင်သည်။ သို့ရာတွင် ၎င်းတို့က အမှုကိစ္စများကို စတင် လုပ်ဆောင်သည်နှင့်၊ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များ၌ မသန့်စင်ခြင်း များစွာ ရှိကြောင်း၊ သို့မဟုတ် ၎င်းတို့၌ မရိုးဖြောင့်သော အတွေးများစွာ ရှိကြောင်းကို သင် တွေ့ရှိလိမ့်မည်၊ ၎င်းတို့သည် မရိုးသားကြောင်း၊ ၎င်းတို့သည် လှည့်စားတတ်သော လူများဖြစ်ကြောင်းနှင့် ၎င်းတို့သည် အတော်အတန် ဆိုးယုတ်သူများဖြစ်ကြောင်း သင် နားလည်သဘောပေါက်လိမ့်မည်။ ၎င်းတို့က သင့်တော်သည့် စကားများ၊ သမ္မာတရားနှင့် အံကိုက်ဖြစ်သည့် စကားများ၊ လူများ၏ခံစားချက်နှင့်ကိုက်ညီသော၊ ပြီးလျှင် လူများနှင့် စကားစမြည်ပြောဖို့ ကြားကောင်းသည့် စကားများကို မကြာခဏ ရွေးချယ်တတ်ကြသည်။ တစ်ဖက်တွင် ၎င်းတို့က ၎င်းတို့အကြောင်းကို သက်သေပြဖို့ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ၎င်းတို့က လူများအလယ်တွင် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ ရှိနိုင်ဖို့အလို့ငှာ၊ အခြားသူများကို လှည့်စားဖို့ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အလွန်အမင်း လှည့်စားတတ်ကြပြီး ၎င်းတို့၌ အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် လူများစွာတို့ကို လှည့်စားပြီး ဘေးဖြစ်စေလိမ့်မည် ဖြစ်သည်။ ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် လူများသည် အလွန့်အလွန် အန္တရာယ်ရှိကြသည်။ ဤကဲ့သို့သောသူတစ်ဦးဦး သင်တို့အနီးအပါးတွင် ရှိသလော။ သို့မဟုတ် သင်တို့ကိုယ်တိုင်က ထိုသို့သောလူစားမျိုး ဖြစ်နေသလော။ (ဖြစ်နေပါသည်။) သို့ဖြစ်လျှင် သင်တို့အထဲ၌ရှိသော ပြဿနာက အဘယ်မျှဆိုးရွားသနည်း။ အကယ်၍ သင်တို့ပြောဆိုလုပ်ဆောင်သည့် အရာများ၌ သမ္မာတရား၏ အခြေခံသဘောတရား စိုးစဉ်းမျှမရှိပါက၊ သင်သည် သင်၏ဆိုးယုတ်သော သဘာဝအပေါ် လုံးလုံးလျားလျား အမှီပြုခြင်းဖြင့် ပြုမူပါက၊ သင်သည် အခြားသူများကို အမြဲတမ်း လှည့်ဖြားလိုပါက၊ သင်သည် အခြားသူများက သင့်ကို အရှိအရှိအတိုင်း ရှင်းလင်းစွာ မမြင်နိုင်ရန် သို့မဟုတ် မရိပ်စားမိရန်နှင့် ထိုသူတို့၏ သဘောထား၌ သင်၏လူ့သဘာဝနှင့် အဆင့်အတန်းကို သူတို့အားလုံးက ကိုးကွယ်ရန်နှင့် ကြည်ညိုရန်အလို့ငှာ ဟန်ဆောင်မှုနောက်ကွယ်၌ အမြဲတမ်း အသက်ရှင်လိုပါက ဤသည်မှာ ဆိုးယုတ်ခြင်းဖြစ်သည်။ ဤသို့သော ဆိုးယုတ်ခြင်းမျိုးက သင်တို့အထဲတွင် ရံဖန်ရံခါသာ ပေါ်လွင်သလော၊ သို့မဟုတ် သင်သည် အများအားဖြင့် ဤသို့ ပြုမူသလော၊ ပြီးလျှင် သင်သည် ဤပင်ကိုလက္ခဏာမှ လွတ်မြောက်ရန် ခက်ခဲသည်ဟုတွေ့ရသည့် ဤသို့သောလူစားမျိုး ဖြစ်သလော။ အကယ်၍ သင်သည် ဤကဲ့သို့သော နည်းလမ်းများကို ရံဖန်ရံခါမှသာ အသုံးပြုပါက ယင်းကို ပြောင်းလဲ၍ရသည်။ သို့သော်လည်း အကယ်၍ သင်သည် ဤသို့သောလူစားမျိုး အမြဲတမ်းဖြစ်နေပါက၊ သင်သည် ဤနည်းလမ်းများကို အသုံးပြုလျက် အမှုအရာများကို အမြဲတမ်း ပြုလုပ်ပြီးဖြစ်ပါက သင်တို့ကို ငါ ရိုးရိုးသားသား ပြောပြမည်၊ ဤကဲ့သို့သောလူမျိုးက မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅- ၎င်းတို့သည် လူတို့ကို လှည့်စားကာ၊ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏

ငါ့ကို ပြောလော့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စရပ်များကို သမ္မာတရားစည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်းသည် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များ လိုအပ်သလော။ (မလိုအပ်ပါ။) လူတစ်ဦး၌ ရိုးသားသော စိတ်နှလုံးရှိသရွေ့ သမ္မာတရားကို သူလက်တွေ့လုပ်ဆောင်နိုင်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောလူတို့သည် အမျိုးမျိုးသော ဆင်ခြေများကို စိတ်ကူးရကြသလော။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ရာကို မှားယွင်းစွာ လုပ်ဆောင်မိသောအခါ၊ စည်းမျဉ်းများကို ဆန့်ကျင်ပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို ပြုပြင်ပေးသောအခါ ၎င်းတို့ နားထောင်နိုင်ကြသလော။ နားမထောင်ကြပေ။ ၎င်းတို့ နားမထောင်သည့်အချက်သည် ရှိသမျှအရာအားလုံး ဖြစ်သလော။ ၎င်းတို့သည် မည်သို့ ကောက်ကျစ်ဆိုးယုတ်ကြသနည်း။ (၎င်းတို့က သင်တို့အား မိမိတို့ မှန်ကန်သည်ဟု ထင်မြင်စေလျက် သင်တို့ကို အယုံသွင်းရန် ဆင်ခြေတစ်ခုကို ရှာဖွေကြပါသည်။) ၎င်းတို့သည် သင်၏ အယူအဆများနှင့်လည်းကောင်း၊ စိတ်ကူးစိတ်သန်းများနှင့်လည်းကောင်း ကိုက်ညီသော ရှင်းလင်းချက်တစ်ခုကို ရှာဖွေကြလိမ့်မည်။ ထို့နောက်၊ သင့်ကို ယုံကြည်လက်ခံစေဖို့၊ ၎င်းတို့နှင့်အတူ လိုက်ပါစေရန်နှင့် ၎င်းတို့ မှန်ကန်ကြောင်း သင့်ကို စစ်မှန်စွာ ယုံကြည်စေဖို့အတွက် သင် အသိအမှတ်ပြုပြီး လက်ခံနိုင်သော၊ သမ္မာတရားနှင့် ကိုက်ညီသော ဝိညာဉ်ရေးရာ သီအိုရီတစ်စုံကို အသုံးပြုကြလိမ့်မည်။ အားလုံးမှာ လူတို့အား အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ၎င်းတို့၏ ပန်းတိုင်ကို အောင်မြင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်ပင် ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်၏။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် တစ်စုံတစ်ခုကို မှားယွင်းစွာ လုပ်ဆောင်ပြီးဖြစ်သည်၊ ၎င်းတို့၏ လုပ်ရပ်များ၌ စည်းမျဉ်းများနှင့် သမ္မာတရားကို ဆန့်ကျင်ပြီးဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြပြီးဖြစ်သော်လည်း ၎င်းတို့သည် သီအိုရီဆိုင်ရာ အကြောင်းပြချက်တစ်စုံကို စိတ်ကူးရကြသည်။ ဤသည်မှာ အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်ပေသည်။ ယင်းမှာ ဝံပုလွေတစ်ကောင်က သိုးတစ်ကောင်ကို စားခြင်းနှင့်တူသည်။ သိုးများကို စားခြင်းသည် မူလက ဝံပုလွေ၏ သဘာဝ၌ ရှိခဲ့ပြီး ဘုရားသခင်သည် သိုးများကို စားရန် ဤတိရစ္ဆာန်အမျိုးအစားကို ဖန်ဆင်းခဲ့သည်။ သိုးများသည် သူ၏ အစာ ဖြစ်သည်။ သို့သော် စားပြီးနောက် ဝံပုလွေသည် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေနေဆဲ ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင်တို့တွင် အတွေးတစ်ခုတလေ ရှိသလော။ သင်က၊ “ငါ့သိုးကို သင် စားခဲ့ပြီး ယခုတွင် ထိုသိုးကို သင် စားသင့်ကြောင်း၊ ထိုသို့စားခြင်းက ကျိုးကြောင်းဆီလျော်ပြီး သင့်တော်ကြောင်းနှင့် သင့်ကို ကျေးဇူးတောင် တင်သင့်သေးကြောင်း ငါ့ကို သင်က တွေးထင်စေချင်နေသည်” ဟု စဉ်းစားသည်။ သင် ဒေါသထွက်သည် မဟုတ်လော။ (ဒေါသထွက်ပါသည်။) သင် ဒေါသထွက်နေစဉ် မည်သည့် အတွေးများရှိသနည်း။ သင်က၊ “ဤသူသည် အလွန် ကောက်ကျစ်ဆိုးယုတ်ပါတကား။ ထိုအရာကို သင် စားချင်လျှင် စားပါလေ။ ယင်းမှာ သင်ဖြစ်သည့်အရာသာ ဖြစ်သည်။ ငါ့သိုးကို စားခြင်းက တစ်ကြောင်းဖြစ်သော်လည်း၊ အကြောင်းပြချက်များ၊ ဆင်ခြေများ တစ်ပုံတစ်ပင်ကိုပင် စိတ်ကူးရပြီးအပြန်အလှန်အနေဖြင့် သင့်အား ကျေးဇူးတင်ရှိရန် ငါ့ကို တောင်းဆိုနေသည်။ ဤသည်မှာ အမှန်အမှားကို ရှုပ်ထွေးစေခြင်းမဟုတ်လော”ဟု စဉ်းစားလေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဝံပုလွေတစ်ကောင်က သိုးတစ်ကောင်ကို စားလိုသောအခါ အဘယ်ဆင်ခြေများကို သူရှာတွေ့သနည်း။ ဝံပုလွေက “သိုးငယ်၊ ယနေ့ ကျွန်ုပ် သင့်ကို စားရမည်။ အကြောင်းမှာ မနှစ်က သင် ကျွန်ုပ်ကို စော်ကားခဲ့သည့်အတွက် သင့်ကို ကျွန်ုပ် လက်စားချေရန် လိုအပ်သောကြောင့် ဖြစ်သည်”ဟု ဆိုသည်။ သိုးငယ်က မတရားခံရသည်ဟု ခံစားလျက် “ကျွန်ုပ် မနှစ်က မွေးပင်မမွေးသေးပါ”ဟု ဆိုသည်။ ဝံပုလွေသည် သူစကားမှားပြောမိပြီး သိုးငယ်၏ အသက်ကို မှားတွက်မိကြောင်း သဘောပေါက်သောအခါ သူက “ကောင်းပြီ၊ ယင်းကို ကျွန်ုပ်တို့ ထည့်တွက်မည် မဟုတ်ပါ။ သို့သော် သင့်ကို ကျွန်ုပ် စားမြဲစားရဦးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့်တစ်ကြိမ်က ဤမြစ်ရေကို ကျွန်ုပ်သောက်ခဲ့ချိန်တွင် သင်က ရေကို ညစ်ပတ်စေခဲ့သောကြောင့် သင့်ကို ကျွန်ုပ် လက်စားချေရန် လိုအပ်သည်”ဟု ဆိုသည်။ သိုးငယ်က “ကျွန်ုပ်သည် မြစ်၏အောက်ပိုင်း၌ ရှိပြီး သင်က အပေါ်ပိုင်း၌ ရှိသည်။ ကျွန်ုပ်သည် အပေါ်ပိုင်းရှိ ရေကို မည်သို့ ညစ်ပတ်စေနိုင်မည်နည်း။ အကယ်၍ သင်က ကျွန်ုပ်ကို စားလိုလျှင် စားသာစားလိုက်ပါလော့။ အမျိုးမျိုးသော ဆင်ခြေများကို မရှာဖွေပါနှင့်” ဟု ဆိုသည်။ ယင်းမှာ ဝံပုလွေ၏ သဘာဝ ဖြစ်သည်။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဝံပုလွေ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် အဆင်းနီသော နဂါးကြီး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် တူညီသလော။ (တူညီပါသည်။) ဤသရုပ်ဖော်ချက်သည် အဆင်းနီသော နဂါးကြီးနှင့် အသင့်တော်ဆုံးဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်သောလူတို့အား ဖမ်းဆီးလိုသည်။ ဤလူတို့ကို ရာဇဝတ်မှုများဖြင့် ၎င်းက စွဲချက်တင်လိုသည်။ သို့ဖြစ်၍ ၎င်းသည် ဦးစွာ အချို့သော ဟန်ဆောင်မှုများကို ဖန်တီးသည်။ အချို့သော ကောလာဟလများကို လုပ်ကြံဖန်တီးပြီးနောက် ကမ္ဘာလောကတစ်ခုလုံးက ထကြွပြီး သင်တို့ကို ပြစ်တင်ရှုတ်ချစေရန်အလို့ငှာ ထိုအရာများကို ကမ္ဘာလောကသို့ ထုတ်လွှင့်သည်။ ၎င်းသည် ဘုရားသခင်ကို ယုံကြည်သောသူတို့အား “ပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ခြင်း”၊ “နိုင်ငံတော်လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း”နှင့် “နိုင်ငံတော်အာဏာကို ဖြိုဖျက်ခြင်း” ကဲ့သို့သော စွဲချက်များစွာ ချမှတ်သည်။ ဤရာဇဝတ်ပြစ်မှုအမျိုးမျိုးကို သင်တို့ကျူးလွန်ခဲ့သည်ဟု ၎င်းက ကောလာဟလများကိုလည်း ဖြန့်ဝေပြီး သင်တို့ကို ဤစွဲချက်များ ချမှတ်လေသည်။ ယင်းစွဲချက်များကို ဝန်ခံရန် သင်တို့ ငြင်းပယ်ပါက အဆင်ပြေသလော။ ယင်းမှာ သင်က ထိုစွဲချက်များကို ဝန်ခံခြင်း၊ မခံခြင်းနှင့်ဆိုင်သည့် ကိစ္စလော။ မဟုတ်ပေ။ သင်တို့ကို ဖမ်းဆီးရန် ၎င်းက စိတ်ပိုင်းဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် သိုးတစ်ကောင်ကို စားရန် စိတ်ပိုင်းဖြတ်ထားသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေသည်။ အဆင်းနီသော နဂါးကြီးသည် အမှန်တွင် မကောင်းမှုတစ်ခုခုကို အခြားလူများက ပြုလုပ်ခဲ့ချိန်တွင် ထိုအရာများကို ငါတို့ လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာဆိုလျက် အချို့သော ဟန်ဆောင်မှုများကို ဖန်တီးသည်။ ၎င်းက အသင်းတော်ကို အပြစ် လွှဲချပြီး အမှုဆင်သည်။ ၎င်းကို သင်က အကျိုးသင့်အကြောင်းသင့် ပြော၍ရနိုင်သလော။ (မရနိုင်ပါ။) အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့် ပြော၍မရနိုင်သနည်း။ သင်သည် ၎င်းကို ရှင်းလင်းစွာ အကျိုးသင့်အကြောင်းသင့် ပြော၍ရနိုင်သလော။ သင်သည် ၎င်းကို အကျိုးသင့်အကြောင်းသင့်ပြောပြီး အခြေအနေကို ရှင်းပြခြင်းဖြင့် ၎င်းသည် သင့်ကိုဖမ်းဆီးမည်မဟုတ်ဟု တွေးထင်သလော။ သင်သည် ၎င်းကို အကောင်းမြင်လွန်းပေသည်။ သင် စကားပြော၍ မပြီးမီ ၎င်းသည် သင့်ကို ဆံပင်ဖြင့် ဆွဲကိုင်ပြီး သင်၏ ဦးခေါင်းကို နံရံနှင့် ဆောင့်ကာ ထို့နောက်၊ “ငါ အဘယ်သူဖြစ်သည်ကို သင်သိသလော။ ငါက နတ်ဆိုးတစ်ကောင်ဖြစ်သည်”ဟု သင့်ကို ပြောလိမ့်မည်။ ထို့နောက်တွင် နေ့ချီ၊ ညချီ တလှည့်စီ စစ်ဆေးမေးမြန်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့နှင့်အတူ ပြင်းထန်စွာ ရိုက်နှက်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်သည် လိမ္မာလာလိမ့်မည်။ ဤအချိန်၌ သင်သည်၊ “ဤတွင် ကျိုးကြောင်းဆင်ခြင်စရာနေရာ မရှိပါ။ ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်သည်”ဟု သဘောပေါက်လိမ့်မည်။ အဆင်းနီသော နဂါးကြီးသည် သင်နှင့် အကျိုးသင့်အကြောင်းသင့် မပြောပေ။ ၎င်းသည် ထိုဟန်ဆောင်မှုများကို မရည်ရွယ်ဘဲ၊ မတော်တဆ ဖန်တီးသည်ဟု သင် တွေးထင်သလော။ ၎င်း၏ နောက်ကွယ်၌ ပူးပေါင်းကြံစည်မှုတစ်ခု ရှိပြီး ၎င်းက နောက်ထပ်လှုပ်ရှားမှုကို စီစဉ်ထားပြီးဖြစ်သည်။ ဤသည်မှာ ၎င်း၏ လုပ်ရပ်များအတွက် နိဒါန်းတစ်ခုမျှသာ ဖြစ်သည်။ လူအချို့က “သူသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆက်စပ်သည့် ကိစ္စရပ်များကို နားမလည်ပါ။ ထိုအရာကို သူ့အား ငါရှင်းပြလိုက်လျှင် အားလုံး အဆင်ပြေသွားလိမ့်မည်”ဟု တွေးထင်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာကို ရှင်းလင်းစွာ သင်ရှင်းပြနိုင်သလော။ ၎င်းက သင် မလုပ်ဆောင်ခဲ့သော တစ်စုံတစ်ရာအတွက် သင့်ကိုအမှုဆင်ခဲ့သည်။ အမှုအရာများကို ရှင်းလင်းစွာ သင် ရှင်းပြနိုင်သေးသလော။ ၎င်းက သင့်ကို အမှုဆင်သောအခါ ယင်းကို သင် မလုပ်ဆောင်ခဲ့ကြောင်း ၎င်းက မသိခဲ့သလော။ ထိုအရာကို မည်သူလုပ်ဆောင်ခဲ့ကြောင်း ၎င်းက မသိဘဲနေသလော။ ၎င်းက အလွန်ကောင်းစွာ သိပေသည်။ သို့ဆိုလျှင် ၎င်းသည် အပြစ်ကို သင့်အပေါ် အဘယ်ကြောင့် ပုံချသနည်း။ ၎င်းက ဖမ်းဆီးနေသောသူမှာ သင် ဖြစ်သည်။ ၎င်းက အပြစ်ကို သင့်အပေါ် ပုံချချိန်တွင် သင် မတရားဆက်ဆံခံရသည်ကို ၎င်းက မသိဟု သင် ထင်သလော။ ၎င်းသည် သင့်ကို မတရားဆက်ဆံလိုပြီး ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်လိုခြင်း ဖြစ်သည်။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)

ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများသည် အခြားနည်းလမ်းဖြင့်လည်း ထင်ရှားသည်။ ဘုရားအိမ်တော်၌ စုဝေးခြင်းတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းနှင့် မိမိကိုယ်ကို သိမြင်မှု၊ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်မှု၊ စည်းမျဉ်းများနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်အား မည်သို့ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမည်၊ သမ္မာတရားအား မည်သို့နားလည်ပြီး လက်တွေ့လုပ်ဆောင်ရမည်ဆိုသည့်အရာများနှင့် သမ္မာတရား၏ အခြားရှုထောင့်အမျိုးမျိုးတို့ကို ဆွေးနွေးခြင်းများပါဝင်သည်ကို လူအချို့က သိသည်။ ၎င်းတို့သည် ဤနှစ်ကာလများတစ်လျှောက်တွင် နားထောင်ပြီးသည့်အခါ နားထောင်လေလေ၊ စိတ်ကုန်လေလေဖြစ်လာပြီး စတင်၍ စောဒကတက်ကာ “ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် ကောင်းချီးများရဖို့ မဟုတ်လော။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် အစဉ်သဖြင့် သမ္မာတရားအကြောင်းပြောပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေသနည်း။ ပြီးပါဦးမည်လော။ ကျွန်ုပ် ထိုအရာကို စိတ်ကုန်သည်” ဟု ပြောကြလေသည်။ သို့သော် ၎င်းတို့သည် လောကီကမ္ဘာသို့ မပြန်လိုကြပေ။ ၎င်းတို့က “ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် အလွန်ပျင်းရိဖွယ်ဖြစ်သည်။ ငြီးငွေ့စရာကောင်းသည်။ အနည်းငယ်ပို၍ စိတ်ဝင်စားဖွယ်ကောင်းစေရန် ငါ မည်သို့လုပ်နိုင်မည်နည်း။ စိတ်ဝင်စားဖွယ်တစ်ခုခုကို ငါရှာရမည်” ဟု မိမိတို့ဘာသာ စဉ်းစားကြသည်။ ဤသို့ဖြင့် ၎င်းတို့က “အသင်းတော်တွင် ဘုရားသခင်ကို ယုံကြည်သူမည်မျှရှိသနည်း။ ခေါင်းဆောင်နှင့် အမှုဆောင်မည်မျှရှိသနည်း။ လူမည်မျှကို အစားထိုးပြီးပြီနည်း။ လူငယ် တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရကျောင်းသား မည်မျှရှိသနည်း။ အရေအတွက်ကို တစ်ယောက်ယောက် သိသလော” ဟူ၍ လှည့်လည်မေးမြန်းကြသည်။ ၎င်းတို့သည် ဤအရာများနှင့် ဤအချက်လက်ကို အမှန်တရားအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ “ကောက်ကျစ်ဆိုးညစ်မှု” အဖြစ် ညွှန်းဆိုလေ့ရှိသည်။ ၎င်းတို့သည် သမ္မာတရားများစွာကို ကြားပြီးဖြစ်သော်လည်း ထိုအရာများထဲမှ မည်သည့်အရာကမျှ ၎င်းတို့ကို လုံလောက်သော အရေးစိုက်မှု၊ သို့မဟုတ် အာရုံစိုက်မှုကို လှုံ့ဆော်မပေးခဲ့ပေ။ တစ်စုံတစ်ယောက်က အတင်းအဖျင်းစကား၊ သို့မဟုတ် အတွင်းရေးသတင်းများရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ နားရွက်များက ရုတ်ချည်းထောင်သွားပြီး ထိုသတင်းနှင့် လွဲသွားမည်ကို ၎င်းတို့ ကြောက်ကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်းဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဆိုးညစ်သောလူများကို မည်သည့်အရာက သရုပ်ဖော်သနည်း။ ၎င်းတို့သည် သမ္မာတရားအား အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိပေ။ ၎င်းတို့သည် ပြင်ပအမှုကိစ္စများကိုသာ စိတ်ဝင်စားကြသည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှု၊ သို့မဟုတ် သမ္မာတရားဖြင့် ဆက်စပ်မှုလုံးဝမရှိသည့် အတင်းအဖျင်းစကားများ၊ အကြောင်းအရာများကို မမောနိုင်မပန်းနိုင်၊ လောဘကြီးစွာဖြင့် ရှာဖွေကြသည်။ ဤကိစ္စကိုလည်းကောင်း၊ ဤသတင်းအချက်အလက်အားလုံးကိုလည်းကောင်း အဖြေရှာခြင်းနှင့် ၎င်းတို့၏ ခေါင်းထဲတွင် ထားရှိခြင်းတို့သည် သမ္မာတရား လက်တွေ့ကျမှုကို ၎င်းတို့ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အပြည့်အဝပင် ဘုရားအိမ်တော်သားများဖြစ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ဘုရားသခင်၏ သေချာပေါက် အသိအမှတ်ပြုခြင်းခံရကာ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်နိုင်ခြင်းဖြစ်ကြောင်း တွေးထင်ကြလေသည်။ အမှန်တကယ်ပင် ဤသို့ဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ (မထင်ပါ။) ဤအရာကို သင်တို့ ရိပ်စားမိနိုင်သော်လည်း ဘုရားသခင်အား ယုံကြည်သူအသစ်များစွာက မရိပ်စားမိနိုင်ပေ။ ၎င်းတို့သည် ဤသတင်းအချက်အလက်ကို စွဲလန်းနေကြသည်။ ဤအရာများကို သိခြင်းက ၎င်းတို့အား ဘုရားအိမ်တော်သားများ ဖြစ်စေသည်ဟု တွေးထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ဘုရားသခင်က ဤသို့သောသူများကို အစက်ဆုပ်ဆုံးဖြစ်သည်။ ၎င်းတို့သည် လူအားလုံးထဲတွင် အချည်းနှီးအဖြစ်ဆုံး၊ အပေါ်ယံအဆန်ဆုံး၊ မသိနားမလည်ဆုံးသောသူများဖြစ်သည်။ ဘုရားသခင်သည် လူတို့အား တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုကို ပြုရန်အတွက် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူလာပြီးဖြစ်သည်။ ယင်း၏ အကျိုးသက်ရောက်မှုမှာ လူတို့အား အသက်အဖြစ် သမ္မာတရားကို ပေးအပ်ရန်ဖြစ်သည်။ သို့သော် လူတို့သည် ဘုရားနှုတ်ကပတ်တော်အား စားသောက်ခြင်းကို အာရုံမစိုက်ဘဲ အတင်းအဖျင်းစကားများကို သိရှိဖို့ အစဉ်ကြိုးစားပြီး အသင်းတော်၏ အတွင်းရေးကိစ္စများကို ပို၍ သိရှိရန် ကြိုးစားနေလျှင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားနေခြင်းဖြစ်သလော။ ၎င်းတို့သည် မှန်ကန်သောအလုပ်ကို လုပ်ဆောင်သောသူများဖြစ်သလော။ ငါ့အတွက်မူ ဤလူများသည် ကောက်ကျစ်ဆိုးယုတ်သူများဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ဤသို့သောလူများကိုလည်း ဆိုးညစ်သည်ဟု ခေါ်ဆိုနိုင်သည်။ ၎င်းတို့သည် ကောလာဟလ အပေါ်တွင်သာ အာရုံစိုက်သည်။ ဤအရာက ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ဖြည့်ဆည်းပေးသော်လည်း ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ ဤလူတို့သည် သမ္မာတရားကို လိုက်စားသောသူများဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်အား အမှန်တကယ် ယုံကြည်သောသူများပင်မဟုတ်ပေ။ ၎င်းတို့သည် အတော့်ကို ရိုးရှင်းစွာပင် စာတန်၏ အစေခံများဖြစ်သည်။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ရန် လာသောသူများဖြစ်သည်။ ထို့အပြင် ဘုရားသခင်အား အစဉ် ဆန်းစစ်ပြီး စုံစမ်းလေ့လာသောသူများသည် အဆင်းနီသောနဂါးကြီး၏ အစေခံများနှင့် လက်ပါးစေများဖြစ်သည်။ ဘုရားသခင်သည် အားလုံးထဲတွင် ဤလူများကို အမုန်းတီးဆုံး၊ အရွံရှာဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် အဘယ်ကြောင့် ဘုရားသခင်ကို မကိုးစားသနည်း။ သင်သည် ဘုရားသခင်ကို ဆန်းစစ်ပြီး စုံစမ်းလေ့လာသောအခါ သမ္မာတရားကို ရှာဖွေနေခြင်းဖြစ်သလော။ သမ္မာတရားအား ရှာဖွေခြင်းသည် ခရစ်တော် မွေးဖွားသည့် မိသားစု၊ သို့မဟုတ် သူကြီးပြင်းသည့် ပတ်ဝန်းကျင်နှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ ဘုရားသခင်အား အနုကြည့်မှန်ပြောင်းအောက်တွင် အစဉ်ထားရှိနေသောသူများသည် စက်ဆုပ်ရွံရှာဖွယ်မဖြစ်သလော။ သင်သည် ခရစ်တော်၏ လူ့သဘာဝနှင့်သက်ဆိုင်သော အရာများနှင့်ပတ်သက်ပြီး အစဉ်သဖြင့် အယူအဆများရှိလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်ကို သိကျွမ်းခြင်းအား လိုက်စားခြင်းဖြင့် ပို၍ အချိန်ကုန်ဆုံးသင့်သည်။ သမ္မာတရားအား သင်နားလည်သောအခါမှသာ သင့်အယူအဆများ၏ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ခရစ်တော်၏ မိသားစုနောက်ခံ၊ သို့မဟုတ် သူ၏ မွေးဖွားမှု အခြေအနေများကို ဆန်းစစ်ခြင်းသည် သင့်အား ဘုရားသခင်ကို သိခွင့်ပေးသလော။ ဤအရာက သင့်အား ခရစ်တော်၏ ဘုရားဖြစ်သော အနှစ်သာရကို ရှာဖွေတွေ့ရှိခွင့်ပေးသလော။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြသည်။ ဤအရာသည်သာ ခရစ်တော်၏ ဘုရားဖြစ်သော အနှစ်သာရကို သိမြင်ဖို့အတွက် အထောက်အကူဖြစ်သည်။ သို့သော် ဘုရားသခင်အား စဉ်ဆက်မပြတ် စိစစ်သောသူတို့သည် အဘယ်ကြောင့် ဆိုးညစ်ခြင်းကို စဉ်ဆက်မပြတ် ပါဝင်လုပ်ဆောင်နေကြသနည်း။ ဝိညာဉ်ရေးရာ သိနားလည်မှုကင်းမဲ့သော ဤအမှိုက်သရိုက်ဆန်သော သူများသည် ဘုရားအိမ်တော်မှ အမြန်ထွက်သွားသင့်သည်။ သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်။ စုဝေးပွဲများနှင့် တရားဒေသနာများတွင် များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို စိစစ်ရဦးမည်နည်း။ သင်သည် ဘုရားသခင်အား အစဉ် စိစစ်နေခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် အလွန်အမင်း ဆိုးယုတ်သည်ဟု ဆိုလိုပေသည်။ ထို့အပြင် ဤအသေးအဖွဲ အချက်အလက်များကို သိရခြင်းသည် ၎င်းတို့ကို အရင်းအနှီးပေးသည်ဟု ထင်သောသူများပင်ရှိသည်။ ပြီးလျှင် ၎င်းတို့သည် လှည့်လည်၍ လူတို့အား ထုတ်ကြွားကြသည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် ဘုရားသခင်အတွက် လွန်စွာမနှစ်မြို့စရာဖြစ်ပြီး ရွံရှာဖွယ်ဖြစ်သည်။ ၎င်းတို့သည် လူသားပင် ဖြစ်ကြသလော။ အသက်ရှင်နေသော မကောင်းဆိုးဝါးများမဟုတ်လော။ ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသနည်း။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး မရိုးဖြောင့်သောလမ်းအပေါ် ၎င်းတို့၏ အတွေးများအားလုံးကို နစ်မြုပ်ထားကြသည်။ ယင်းမှာ ကောလာဟလများကို ၎င်းတို့ သိလေလေ၊ ဘုရားအိမ်တော်သားတစ်ဦးဖြစ်လေလေ၊ သမ္မာတရားကို ၎င်းတို့နားလည်လေလေဟု ၎င်းတို့က ထင်နေသကဲ့သို့ပင်ဖြစ်သည်။ ဤသို့သောလူတို့သည် လုံးလုံးပင် အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့ထက်ပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

လူတို့သည် ဘုရားသခင်ရှေ့မှောက်၌ ထုတ်ဖော်သည့် အကောက်ကျစ်အဆိုးယုတ်ဆုံးသော စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို စမ်းသပ်ခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် လမ်းလွဲခဲ့ခြင်း၊ မကောင်းမှုအချို့ ပြုလုပ်ခဲ့ခြင်းနှင့် ပြစ်မှားမှုများစွာ ကျူးလွန်ခဲ့ခြင်းတို့ကြောင့် မိမိတို့၌ ကောင်းသောပန်းတိုင်တစ်ခု ရှိကောင်းရှိမည်မဟုတ်သည်ကိုလည်းကောင်း၊ မိမိတို့၏အဆုံးသတ်က အာမခံချက်ရှိကောင်းမရှိနိုင်သည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ၎င်းတို့ ငရဲသွားရလိမ့်မည်ကို စိုးရိမ်ကြပြီး မိမိတို့၏အဆုံးသတ်၊ ပန်းတိုင်နှင့်ပတ်သက်၍ အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် စိုးရိမ်ပူပန်နေကြပြီး “ငါ၏အနာဂတ်အဆုံးသတ်နှင့် ပန်းတိုင်သည် ကောင်းလိမ့်မည်လော သို့မဟုတ် ဆိုးလိမ့်မည်လော။ ငါသည် ငရဲသို့ ဆင်းသွားရလိမ့်မည်လော သို့မဟုတ် ကောင်းကင်ဘုံသို့ တက်သွားရလိမ့်မည်လော။ ငါသည် ဘုရား၏လူတို့ထဲမှ တစ်ဦးလော သို့မဟုတ် အစေခံသူတစ်ဦးလော။ ငါသည် ပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည်လော သို့မဟုတ် ကယ်တင်ခြင်းခံရလိမ့်မည်လော။ ဘုရားနှုတ်ကပတ်တော်များထဲမှ မည်သည့်အရာများက ဤအကြောင်းကို ပြောဆိုသည်ဟူသည်တို့ကို ငါ ရှာဖွေရန် လိုအပ်သည်”ဟု အစဉ်မပြတ် စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖော်ထုတ်သည်ကို မြင်တွေ့ရသော်လည်း၊ မိမိတို့ရှာဖွေနေသော အဖြေများကိုမူ မတွေ့ရှိကြပေ။ သို့ဖြစ်၍ အခြားမည်သည့်နေရာ၌ စုံစမ်းမေးမြန်းရမည်ကို ၎င်းတို့ အဆက်မပြတ် စဉ်းစားကြသည်။ နောက်ပိုင်းတွင် ၎င်းတို့ ရာထူးတိုးပြီး အရေးပါသောအခန်းကဏ္ဍတစ်ခု၌ ထားရှိခံရမည့် အခွင့်အရေးတစ်ခုကို တွေ့ရှိသောအခါ “ငါနှင့်စပ်လျဉ်း၍ အထက်၏သဘောထားမှာ အဘယ်နည်း။ အကယ်၍ ၎င်းတို့၏သဘောထားသည် နှစ်လိုဖွယ်ဖြစ်ပါက၊ ယင်းမှာ အတိတ်က ငါပြုခဲ့သောမကောင်းမှုနှင့် ငါကျူးလွန်ခဲ့သော ပြစ်မှားခြင်းများကို ဘုရားက အောက်မေ့တော်မမူကြောင်း သက်သေပြသည်။ ယင်းမှာ ငါ့ကို ဘုရားက ကယ်တင်ဦးမည်ဖြစ်ကြောင်း၊ ငါ၌ မျှော်လင့်ချက် ရှိနေသေးကြောင်း သက်သေပြသည်”ဟု တွေးထင်လျက် အထက်၏သဘောထားကို အကဲခတ်လိုကြသည်။ ထို့နောက် မိမိတို့၏စိတ်ကူးများအတိုင်း ဆက်လက်ဆောင်ရွက်လျက် ၎င်းတို့က “ကျွန်ုပ်တို့ရှိသောနေရာ၌ ညီအစ်ကိုမောင်နှမအများစုသည် မိမိတို့၏ အလုပ်အကိုင်များတွင် အလွန်ကျွမ်းကျင်ခြင်းမရှိကြဘဲ တိုတောင်းသော အချိန်တစ်ခုမျှသာ ဘုရားကို ယုံကြည်ခဲ့ကြသည်။ ကျွန်ုပ်သည် ဘုရားကို အချိန်အကြာဆုံး ယုံကြည်ခဲ့သည်။ ကျွန်ုပ် လဲကျပြီး ရှုံးနိမ့်ခဲ့ဖူးသည်၊ ကျွန်ုပ်၌ အတွေ့အကြုံအချို့ရှိခဲ့ပြီး သင်ခန်းစာအချို့ကို သင်ယူခဲ့ပြီးဖြစ်သည်။ အခွင့်အရေးရလျှင်၊ ကျွန်ုပ်သည် ဝန်ထုပ်ကြီးတစ်ခုကို ထမ်းလိုပြီး ဘုရား၏ရည်ရွယ်ချက်များကို အလေးထားလိုပါသည်”ဟု တိုက်ရိုက်ပြောဆိုကြသည်။ အထက်က ၎င်းတို့အား ရာထူးတိုးပေးရန် ရည်ရွယ်ချက်တစ်ခုခု ရှိမရှိ သို့မဟုတ် အထက်က ၎င်းတို့ကို စွန့်ပစ်ပြီးခြင်း ရှိမရှိဟူသည်တို့ကို သိရှိရန် စမ်းသပ်မှုတစ်ခုအဖြစ် ဤစကားများကို ၎င်းတို့က အသုံးပြုကြသည်။ လက်တွေ့တွင် ၎င်းတို့သည် ဤတာဝန် သို့မဟုတ် ဝန်ထုပ်ကို အမှန်တကယ် ထမ်းဆောင်လိုခြင်း မရှိကြပေ။ ဤစကားများကို ပြောဆိုရာ၌ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းခံရရန် ၎င်းတို့ မျှော်လင့်ချက် ရှိနေသေးခြင်း ရှိမရှိဟူသည်ကို သွေးတိုးစမ်းပြီး ကြည့်ရှုရန် ဖြစ်သည်။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်သည်။ ဤစမ်းသပ်ခြင်းနည်းလမ်း၏ နောက်ကွယ်ရှိ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤပြုမူလုပ်ဆောင်ပုံကို အချိန်မည်မျှကြာအောင် ထုတ်ဖော်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ပြုလုပ်သည်ဖြစ်စေ သို့မဟုတ် ထိုအရာကို မည်မျှ အကောင်အထည်ဖော်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ထုတ်ဖော်သော စိတ်သဘောထားသည် မုချ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အကြောင်းမှာ ၎င်းတို့သည် ထိုအရာကို ပြုလုပ်နေစဉ်အတွင်း အတွေးများ၊ စိုးရိမ်ကြောင့်ကြမှုများနှင့် စိုးရိမ်ပူပန်မှုများစွာရှိသောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)

ဘုရားသခင်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ လူတစ်ဦးသည် ဒေါသထွက်ပြီး ဒေါသူပုန်ထပါက၊ သူသည် ဘုရားသခင်ကို မြင်ဖူးပြီလော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကို ၎င်းက သိပါသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို စကားပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မနှောင့်ယှက်ဖူးချေ။ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်ရမည်နည်း။ ဤလူသည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါတို့ ဆိုနိုင်သလော။ လောကီ ရေပန်းစားမှုများ၊ အစားအသောက်နှင့် ကာမဂုဏ်လိုက်စားခြင်း၊ ကျော်ကြားသောသူများနောက်လိုက်ခြင်း- ဤအရာများထဲမှ မည်သည့်အရာကမျှ ထိုသို့သော လူတစ်ယောက်ကို အနှောင့်အယှက် မပေးပေ။ သို့သော် “ဘုရားသခင်” သို့မဟုတ် “ဘုရားနှုတ်ကပတ်တော် သမ္မာတရား” ဆိုသည့် စကား တစ်ခွန်းကို ပြောဆိုသည်နှင့် သူသည် ဒေါသူပုန်ထ လေတော့သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော သဘာဝတစ်ခု ရှိခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ လူသား၏ ကောက်ကျစ်ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ ကိုင်း၊ မိမိအတွက် ပြောဆိုသည့်အခါ၊ သမ္မာတရားကို ပြောဆိုသောအခါ သို့မဟုတ် လူသားမျိုးနွယ် နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်ခြင်းများ သို့မဟုတ် လူသားကို တရားစီရင်ခြင်း နှင့်ဆိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ သင်တို့သည် မနှစ်သက်မှုခံစားရ၏။ အော့နှလုံးနာမှုကို ခံစားရပြီး ထိုသို့သောအရာများကို သင်တို့ မကြားချင်ကြသည့် အချိန်များ ရှိသည် မဟုတ်လော။ သင်၏ စိတ်နှလုံးက၊ “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု လူအားလုံးက ပြောကြသည် မဟုတ်လော။ ဤစကား အချို့တို့သည် သမ္မာတရားမဟုတ်ပါ၊ ၎င်းတို့သည် လူသားအပေါ် ဆုံးမခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်မှာ သိသာ ထင်ရှားသည်။” ဟု စဉ်းစားကောင်း စဉ်းစားနိုင်သည်။ အချို့သော လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲတွင် အားကောင်းသော မနှစ်သက်မှုတစ်ခုကို ခံစားရနိုင်ပြီး၊ “ဤအရာကို နေ့စဉ် ပြောဆိုသည်။ သူ၏ စမ်းသပ်မှု၊ သူ၏ တရားစီရင်ခြင်း၊ မည်သည့်အချိန်တွင် အဆုံးသတ် မည်နည်း။ ကောင်းမွန်သော ခရီးပန်းတိုင်ကို မည်သည့် အချိန်တွင် ငါတို့ ရရှိမည်နည်း” ဟု တွေးကြသည်။ မလျော်ကန်သော ဤဒေါသသည် အဘယ်နေရာမှ လာသည်ကို မသိရပေ။ ဤသည်မှာ မည်သည့် သဘာဝ ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သည့် သဘာဝဖြစ်ပါသည်။) စာတန်၏ ကောက်ကျစ်ဆိုးယုတ်သည့် သဘာဝက ယင်းကို ညွှန်ကြားပေးပြီး လမ်းပြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဆိုးယုတ်သောလူများအားလုံးတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများရှိသည်။ အချို့သော ကောက်ကျစ်ဆိုးယုတ်မှုသည် မာယာကင်းသောလူများကို မကြာခဏ အနိုင်ကျင့်ခြင်း၊ ၎င်းတို့ကို လှောင်ပြောင်သော၊ သို့မဟုတ် ထေ့ငေါ့သောပုံစံဖြင့် ဆက်ဆံခြင်း၊ ၎င်းတို့အား အစဉ်သဖြင့် လှောင်ပြောင်စရာအဖြစ် ထားရှိခြင်း၊ ၎င်းတို့ကို အခွင့်အရေး ယူခြင်းတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားများမှတစ်ဆင့် ဖော်ပြသည်။ ဆိုးယုတ်သောလူတို့သည် အခြားသောဆိုးယုတ်သူတစ်ဦးကို မြင်သည့်အခါ လိုက်လျောလျက် မျက်နှာလိုမျက်နှာရပြုလုပ်သည်။ သို့သော် အားနည်းသူတစ်ဦးကို ၎င်းတို့ မြင်သောအခါ ထိုသူကို ချနင်းပြီး အာဏာပြသည်။ ဤသူတို့မှာ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော လူများဖြစ်သည်။ ခရစ်ယာန်များကို အနိုင်ကျင့်သောသူ သို့မဟုတ် ဖိနှိပ်သောသူ မည်သူမဆိုသည် လူအဖြစ် အယောင်ဆောင်ထားသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ကင်းမဲ့သော သားရဲတိရစ္ဆာန်ဖြစ်သကဲ့သို့ နတ်ဆိုးတစ်ကောင်၏ ပြန်လည်ဝင်စားခြင်းဖြစ်သည်။ ဆိုးယုတ်သော လူအုပ်ထဲတွင် မာယာကင်းသောလူများအား အနိုင်မကျင့်သော၊ ခရစ်ယာန်များကို လူမဆန်စွာ မဆက်ဆံသော၊ မိမိတို့၏ ကိုယ်ကျိုးကို ထိခိုက်သောသူတို့အပေါ်ကိုသာ အမျက်ဒေါသထွက်သောသူများရှိလျှင် ဤလူတို့သည် ဘာသာတရားမရှိသူများထဲတွင် လူကောင်းများအဖြစ် သတ်မှတ်ခြင်းခံရသည်။ သို့သော် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုက မည်သို့ကွဲပြားသနည်း။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် ယှဉ်ပြိုင်ခြင်းအပေါ် ၎င်းတို့၏ အထူးခုံမင်ခြင်းတွင် အဓိကထင်ရှားသည်။ ၎င်းတို့သည် ကောင်းကင်နှင့် ယှဉ်ပြိုင်ရဲသည်။ ကမ္ဘာမြေကြီးနှင့် ယှဉ်ပြိုင်ရဲသည်။ အခြားလူများနှင့် ယှဉ်ပြိုင်ရဲသည်။ ၎င်းတို့သည် အခြားလူများအား ၎င်းတို့အပေါ် အနိုင်ကျင့်ခွင့်မပြုရုံမကဘဲ အခြားလူများကိုလည်း အနိုင်ကျင့်ပြီး အပြစ်ဒဏ်ပေးသည်။ နေ့စဉ် လူတို့အား မည်သို့ပြစ်ပေးရမည်ကို ၎င်းတို့ ချင့်ချိန်စဉ်းစားသည်။ ၎င်းတို့သည် လူတစ်ယောက်ကို မနာလိုဖြစ်လျှင် သို့မဟုတ် မုန်းတီးလျှင် မည်သည့်အခါမျှ လက်မလွှတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များက ကောက်ကျစ်ဆိုးယုတ်ပုံများဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် အခြားမည်သည့်နေရာတွင် ပေါ်လွင်သနည်း။ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ စဉ်းလဲသောနည်းတွင် မြင်နိုင်သည်။ ဤအရာကို ဉာဏ်အချို့ရှိသော၊ အသိပညာအချို့နှင့် လူမှုဆိုင်ရာအတွေ့အကြုံအချို့ ရှိသောလူတို့က ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။ ၎င်းတို့သည် အမှုအရာများကို ထူးခြားစွာ စဉ်းလဲသောနည်းဖြင့် လုပ်ဆောင်သည်။ ပြီးလျှင် ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုကို ဖြစ်ပေါ်စေသည်။ ယင်းသည် သာမန်လှည့်ဖြားမှု မဟုတ်။ ၎င်းတို့သည် ကြိုးကိုင်ခြယ်လှယ်မှုများနှင့် လှည့်ကွက်များ လုပ်နိုင်သည်။ ပြီးလျှင် လူအများစုထက် ပို၍မြင့်သောအဆင့်တွင် ဤသို့လုပ်ဆောင်သည်။ လူအများစုက ၎င်းတို့နှင့် မယှဉ်ပြိုင်နိုင်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိ။ ဤသည်မှာ အန္တိခရစ်တစ်ဦးဖြစ်သည်။ သာမန်လူတို့သည် ၎င်းတို့ကို ကိုင်တွယ်မဖြေရှင်းနိုင်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် အလွန်အကျွံဖြစ်သည်မှာ လူတို့ကို အထင်အမြင်မှားစေရန် ကြီးမားသောအစွမ်းကို ၎င်းတို့ ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အား ၎င်းတို့ကို ကိုးကွယ်စေပြီး ၎င်းတို့နောက်လိုက်စေရန် နည်းလမ်းမျိုးစုံကို တွေးနိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ထိခိုက်စေရန် လူမျိုးစုံကိုလည်း အသုံးချနိုင်သည်။ ဤသို့သော အခြေအနေများတွင် ဘုရားအိမ်တော်သည် အန္တိခရစ်များ၏ သရုပ်သကန်မျိုးစုံ၊ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် ထပ်ခါထပ်ခါ မိတ်သဟာယဖွဲ့သည်။ ဤသို့ဖြင့် ယင်းတို့ကို လူတို့ ပိုင်းခြားသိမြင်နိုင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ လုံလောက်သည်။ လူအချို့က နားမလည်ဘဲ “အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို အစဉ် မိတ်သဟာယဖွဲ့သနည်း” ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များအားလုံးသည် လူတို့ကို အလွန်ပင် အထင်အမြင်မှားစေနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကူးစက်ခြင်းမှတစ်ဆင့် ရောဂါဖြစ်ပွားမှုတစ်ခုမျှတွင် လူများစွာကို ဒုက္ခပေးပြီး သတ်နိုင်သော သေစေသည့် ပုလိပ်ရောဂါကဲ့သို့ လူများစွာကို အထင်အမြင်မှားစေနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း ကူးစက်တတ်ပြီး ကျယ်ပြန့်စွာရောက်ရှိသည်။ ပြီးလျှင် ယင်း၏ ကူးစက်မှုနှင့် သေသည့်နှုန်းမှာ အလွန်ပင်မြင့်သည်။ ဤသည်တို့မှာ ဆိုးရွားသော အကျိုးဆက်များ မဟုတ်လော။ ငါသည် ဤသို့ သင်တို့နှင့် မိတ်သဟာယမဖွဲ့လျှင် အန္တိခရစ်များက အထင်အမြင်မှားစေခြင်းနှင့် ဘောင်ခတ်ခြင်းတို့မှ သင်တို့ လွတ်မြောက်နိုင်သလော။ သင်တို့သည် ဘုရားသခင်ဘက်သို့ အမှန်တကယ် လှည့်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်သလော။ ဤသည်မှာ အလွန်ခက်ခဲသည်။ သာမန်လူတို့က မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်သောအခါတွင် အများဆုံးအနေဖြင့် အခြားလူများက ၎င်းတို့၏ မာနထောင်လွှားမှု၏ အကျည်းတန်သော အခြေအနေကို မြင်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကြွားလုံးထုတ်သည်။ တစ်ခါတစ်ရံတွင် ကြွားလုံးထုတ်ပြီး မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးသည်။ တစ်ခါတစ်ရံတွင် အခြားလူတို့အား မိမိတို့၏ အဆင့်အတန်းဖြင့် တင်စီးပြီး ဩဝါဒခြွေရသည်ကို နှစ်သက်သည်။ သို့သော် အန္တိခရစ်များတွင် ဤသို့ဖြစ်သလော။ အပေါ်ယံတွင် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းဖြင့် တင်စီးတတ်သည့်ပုံစံဖြစ်စေ၊ အဆင့်အတန်းကို နှစ်သက်သည့်ပုံစံဖြစ်စေ မရှိကောင်းမရှိနိုင်ပေ။ ၎င်းတို့သည် အဆင့်အတန်းကို စိတ်ဝင်စားသည့်ပုံစံ မည်သည့်အခါမျှ မရှိကောင်းမရှိနိုင်ပေ။ သို့သော် စိတ်အတွင်းထဲတွင် ၎င်းတို့သည် ယင်းတွက် ပြင်းပြသော လိုအင်ဆန္ဒရှိသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ ဧကရာဇ် သို့မဟုတ် တောပုန်းဓါးပြခေါင်းဆောင်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ နယ်မြေအတွက် တိုက်ခိုက်သောအခါတွင် ၎င်းတို့၏ အဖော်များနှင့် ဆင်းရဲဒုက္ခများကို အတူတကွခံစားကြကာ နှိမ့်ချပြီး ရည်မှန်းချက် မကြီးမားသည့်ပုံစံပေါ်သည်။ သို့သော် ၎င်းတို့စိတ်နှလုံးအတွင်းတွင် ပုန်းကွယ်နေသော လိုအင်ဆန္ဒများကို သင်တို့တွေ့ပြီးသလော။ ဤသို့သော ဆင်းရဲဒုက္ခများကို ၎င်းတို့ အဘယ်ကြောင့်ခံစားနိုင်သနည်း။ ၎င်းတို့အား ပံ့ပိုးပေးသည်မှာ ၎င်းတို့၏ လိုအင်ဆန္ဒများဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် ပလ္လင်ပေါ်သို့ တက်ကောင်းတက်နိုင်ရန်အတွက် စိတ်အတွင်းတွင် ကြီးကျယ်သော ရည်မှန်းချက်တစ်ခုကို ထားရှိပြီး မည်သည့်ဒုက္ခကိုမဆို တောင့်ခံရန်၊ သို့မဟုတ် မည်သည့် အသရေဖျက်မှု၊ နာမည်ဖျက်မှု၊ တိုက်ခိုက်မှုနှင့်စော်ကားမှုမျိုးကိုမဆို တောင့်ခံရန် အသင့်ဖြစ်နေသည်။ ဤသည်မှာ မစဉ်းလဲသလော။ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ဤရည်မှန်းချက်အကြောင်း သိခွင့်ပေးနိုင်သလော။ (မပေးနိုင်ပါ။) ၎င်းတို့သည် ယင်းကို ဖုံးဖိထားပြီး ကွယ်ဝှက်ထားသည်။ အပေါ်ယံတွင် မြင်နိုင်သောအရာမှာ အခြားလူများက မခံနိုင်သည့်အရာကို ခံနိုင်သူ၊ ခံနိုင်ဖွယ်မရှိသော ဆင်းရဲဒုက္ခများကို ခံနိုင်သူ၊ ဇွဲနပဲကြီးပြီး ရိုးစင်းသည့်၊ လက်တွေ့ကျသည့်ပုံပေါ်ပြီး အနီးရှိသူများအပေါ် ကောင်းသောသူတစ်ဦး ဖြစ်သည်။ သို့သော် ပလ္လင်ပေါ်သို့ ၎င်းတို့တက်ပြီး တကယ့်အာဏာကို ရသောနေ့တွင် ၎င်းတို့၏ အာဏာကို ခိုင်မာစေပြီး မတရားသိမ်းယူမှုကို ရှောင်နိုင်ရန်အတွက် ဒုက္ခခံပြီး ၎င်းတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ထိုသူအားလုံးကို သတ်သည်။ သမ္မာတရားကို ထုတ်ဖော်ခြင်းခံရသည့်အခါမှသာ ၎င်းတို့သည် မည်မျှနက်နဲစွာ ဉာဏ်များသည်ကို လူတို့ သဘောပေါက်ကြသည်။ သင်သည် ပြန်တွေးကြည့်ပြီး ၎င်းတို့လုပ်ဆောင်သမျှတိုင်းမှာ ရည်မှန်းချက်က တွန်းအားပေးခြင်း ဖြစ်သည်ကို သင်မြင်သောအခါ ၎င်းတို့၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထား ဖြစ်သည်ကို သင်ရှာဖွေတွေ့ရှိသည်။ ဤသည်မှာ မည်သည့်နည်းဗျူဟာ ဖြစ်သနည်း။ စဉ်းလဲခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ အလုပ်လုပ်ပုံ၏ စိတ်သဘောထားဖြစ်သည်။ တရားဝင်အာဏာကို ကိုင်စွဲသော အန္တိခရစ်များနှင့် နတ်ဆိုးဘုရင်များသည် တူညီသောအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကို မရလျှင် အကြောင်းပြချက်မရှိဘဲ အသင်းတော်တွင် လုံးဝ ဒုက္ခခံပြီး တောင့်ခံမည်မဟုတ်။ တစ်နည်းအားဖြင့်ဆိုသော် ဤလူတို့သည် သာမန်နောက်လိုက်များဖြစ်ခြင်း၊ ဘုရားသခင်အပေါ် သာမန်ကိုးကွယ်သူများအဖြစ် ဘုရားအိမ်တော်တွင် အလျှော့ပေးခြင်း၊ သို့မဟုတ် တိတ်ဆိတ်စွာ၊ လူမသိစွာဖြင့် တာဝန်တစ်ခုခုကို ထမ်းဆောင်ခြင်းတို့ဖြင့် လုံးဝ မရောင့်ရဲပေ။ ၎င်းတို့သည် အသေအချာပင် ဤသို့လုပ်ဆောင်လိုစိတ်မရှိ။ အဆင့်အတန်းရှိသူတစ်ဦးသည် အန္တိခရစ်လမ်းကြောင်းကို လျှောက်သောကြောင့် လူစားလဲခံရလျှင် ထိုသူက “ယခုတွင် ငါသည် အဆင့်အတန်းမရှိဘဲ သာမန်လူတစ်ယောက်အဖြစ်သာ ရိုးရိုးစင်းစင်း လုပ်ဆောင်မည်ဖြစ်ပြီး ငါတတ်နိုင်သည့် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်မည်။ အဆင့်အတန်းမရှိဘဲ ဘုရားသခင်ကို ကောင်းစွာ ယုံကြည်နိုင်သေးသည်” ဟု တွေးသည်။ သူသည် အန္တိခရစ်ဖြစ်သလော။ မဟုတ်ပေ။ ဤလူသည် တစ်ခါက အန္တိခရစ်လမ်းကြောင်းကို လျှောက်ခဲ့ပြီး ခဏတာ မိုက်မဲမှုကြောင့် မှားယွင်းသောလမ်းကြောင်းကို လျှောက်ခဲ့သည်။ သို့သော် သူသည် အန္တိခရစ်မဟုတ်။ အမှန်တကယ် အန္တိခရစ်တစ်ဦးက မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရလျှင် ယုံကြည်တော့မည်မဟုတ်ပေ။ ထိုမျှသာမကဘဲ ၎င်းတို့သည် အာဏာရရှိရန် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်တို့အတွက် အခြားလူများကို အထင်အမြင်မှားအောင် ပြုလုပ်ဖို့ နည်းအမျိုးမျိုးကိုလည်း တွေးပြီး အခြားလူများအား ၎င်းတို့ကို ကိုးကွယ်စေကာ ၎င်းတို့နောက် လိုက်စေမည်။ ဤသည်မှာ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်သောသူများနှင့် အန္တိခရစ်စစ်စစ်များကြား ကွာခြားမှုဖြစ်သည်။ ဤအရေးကိစ္စ၏ သဘာဝက အလွန်ကြီးလေးသောကြောင့် အန္တိခရစ်များ၏ ဤစိတ်သဘောထား အနှစ်သာရများနှင့် သရုပ်သကန်များကို ငါတို့ ပိုင်းခြားပြီး စိစစ်သည်။ လူအများစုက အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ။ သာမန်ညီအစ်ကိုမောင်နှမများကို မဆိုထားနှင့်။ သမ္မာတရားတစ်ခုခုကို နားလည်သည်ဟု ထင်သော ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည်ပင် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပေ။ ၎င်းတို့ မည်မျှကျွမ်းကျင်ပိုင်နိုင်ပြီးဖြစ်သည်ကို ပြောဖို့ခက်သည်။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသည်ကို ညွှန်ပြသည်။ အန္တိခရစ်များအား တိကျမှန်ကန်စွာ ပိုင်းခြားသိမြင်နိုင်သူတို့သာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိသူတို့ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆

အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် အတွေ့ရအများဆုံး သရုပ်သကန်မှာ ၎င်းတို့သည် ဟန်ဆောင်ခြင်းနှင့် သူတော်ကောင်းယောင်ဆောင်ခြင်းတို့၌ အထူးကျွမ်းကျင်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော၊ မသိမသာ အန္တရာယ်ပေးတတ်သော၊ ရက်စက်ပြီး မာနထောင်လွှားသော စိတ်သဘောထားရှိသော်လည်း မိမိတို့ကိုယ်ကို အပြင်ပန်းအားဖြင့် အထူးနှိမ့်ချပြီး ကြင်နာသကဲ့သို့ ပြသကြသည်။ ဤသည်မှာ ဟန်ဆောင်ခြင်း မဟုတ်လော။ ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌၊ “ငါသည် ပို၍ခရစ်ယာန်ဖြစ်ပုံပေါ်ရန်၊ ပို၍တည်ကြည်ပုံပေါ်ရန်၊ ပို၍ဝိညာဉ်ရေးရာဆန်ရန်၊ ပို၍ဝန်ထုပ်ထမ်းပုံပေါ်ရန်၊ ပို၍ခေါင်းဆောင်တစ်ဦးနှင့်တူရန် မည်သည့် အဝတ်အစားမျိုးကို ဝတ်ဆင်သင့်သနည်း။ ငါသိမ်မွေ့သည်၊ ကျက်သရေရှိသည်၊ ဂုဏ်သိက္ခာရှိသည်၊ လုံလောက်စွာ မြင့်မြတ်သည်ဟု လူတို့ကို ခံစားစေရန်အလို့ငှာ ငါ မည်သို့ စားသောက်သင့်သနည်း။ ခေါင်းဆောင်မှုနှင့် စွဲဆောင်မှုရှိသော ဟန်ပန်ကို ပေးဖို့ သာမန်လူတစ်ဦးမဟုတ်ဘဲ ထူးခြားသော လူတစ်ဦးဖြစ်သည့်ပုံပေါ်ရန် မည်သို့သော လမ်းလျှောက်သည့်ဟန်ပန်ကို ငါ ခံယူသုံးစွဲသင့်သနည်း။ အခြားသူများနှင့် ငါ၏ စကားစမြည်ပြောဆိုမှုများတွင် မည်သည့်အသံနေအသံထား၊ ဝေါဟာရ၊ အကြည့်များနှင့် မျက်နှာအမူအရာတို့က ငါသည် လူမှုအထက်တန်းလွှာ သို့မဟုတ် အဆင့်မြင့်ပညာတတ်တစ်ဦးကဲ့သို့ အဆင့်အတန်းမြင့်သည်ဟု လူတို့အား ခံစားစေနိုင်မည်နည်း။ ငါ၏ ဝတ်စားဆင်ယင်မှု၊ ဟန်ပန်အမူအရာ၊ စကားနှင့် အပြုအမူတို့က လူတို့အားငါ့ကို အထင်ကြီးစေရန်၊ ၎င်းတို့အပေါ် မေ့မရနိုင်သော စွဲမှတ်မှုတစ်ခုကို ချန်ထားရန်၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ထာဝစဉ် ကျန်ရှိနေဖို့ သေချာစေရန် မည်သို့ ပြုလုပ်နိုင်မည်နည်း။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းပြီး နွေးထွေးစေရန်၊ တည်မြဲသော ထင်မြင်ချက်တစ်ခုကို ဖြစ်စေရန် အဘယ်အရာကို ငါ ပြောဆိုသင့်သနည်း။ ငါ့အနေဖြင့် အခြားသူများကို ပိုမိုကူညီပြီး ၎င်းတို့အကြောင်း အကောင်းပြောရမည်။ လူတို့ရှေ့တွင် ဘုရား၏နှုတ်ကပတ်တော်များအကြောင်း မကြာခဏ ပြောဆိုပြီး ဝိညာဉ်ရေးရာ ဝေါဟာရအချို့ကို အသုံးပြုရမည်။ အခြားသူများထံ ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပေးရမည်၊ ၎င်းတို့အတွက် ပိုမိုဆုတောင်းပေးရမည်၊ လူတို့ကို ၎င်းတို့၏ နားများကို စွင့်စေပြီး ငါ့စကားနားထောင်စေရန် အသံကို နှိမ့်ပြောရမည်။ ငါ နူးညံ့သည်၊ ဂရုစိုက်တတ်သည်၊ ချစ်ခင်တတ်သည်၊ စိတ်သဘောထားကြီးသည်၊ ခွင့်လွှတ်တတ်သည်ဟု ၎င်းတို့အား ခံစားစေရမည်”ဟု တွေးလျက် နေ့စဉ် စဉ်းစားဆင်ခြင်ကြလေသည်။ ဤသည်မှာ ဟန်ဆောင်ခြင်း မဟုတ်လော။ ဤအရာများသည် အန္တိခရစ်များ၏ စိတ်နှလုံးကို နေရာယူထားသော အတွေးများ ဖြစ်သည်။ ၎င်းတို့၏ အတွေးများတွင် ပြည့်နေသည့်အရာမှာ ဘာသာတရားမရှိသောလောက၏ ခေတ်ရေစီးကြောင်းများမှလွဲ၍ အခြားမဟုတ်ပေ။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များက လောကနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်ကြောင်းကို လုံးလုံးလျားလျား ညွှန်ပြနေသည်။ အချို့လူတို့သည် ပြည့်တန်ဆာတစ်ဦး သို့မဟုတ် အကျင့်ပျက်သော အမျိုးသမီးတစ်ဦးကဲ့သို့ပင် တိတ်တဆိတ် ဝတ်စားဆင်ယင်ကောင်း ဝတ်စားဆင်ယင်နိုင်သည်။ ၎င်းတို့၏ အဝတ်အစားသည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အထူးသဖြင့် လိုက်လျောညီထွေဖြစ်စေပြီး အထူးဖက်ရှင်ကျသည်။ သို့ရာတွင် ၎င်းတို့သည် အသင်းတော်၊ ညီအစ်ကိုမောင်နှမများထဲသို့ ရောက်လာသောအခါ လုံးဝကွဲပြားသော ဝတ်စုံနှင့် အမူအကျင့်ကို ဆင်ယင်ထားကြသည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်း၌ အလွန့်အလွန် ကျွမ်းကျင်ကြသည် မဟုတ်လော။ (ကျွမ်းကျင်ကြပါသည်။) အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲ၌ စဉ်းစားဆင်ခြင်သည့်အရာ၊ ၎င်းတို့ လုပ်ဆောင်သည့်အရာ၊ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများအားလုံးသည် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရက ကောက်ကျစ်ဆိုးယုတ်ကြောင်းကို သရုပ်ဖော်သည်။ အန္တိခရစ်များသည် သမ္မာတရား၊ အပြုသဘောဆောင်သောအရာများ၊ မှန်ကန်သောလမ်းခရီး သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များကို မစဉ်းစားမဆင်ခြင်ကြပေ။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ၎င်းတို့ ရွေးချယ်သည့် လုပ်နည်းကိုင်နည်းများ၊ နည်းလမ်းများနှင့် ပန်းတိုင်များအားလုံး ကောက်ကျစ်ဆိုးယုတ်သည်။ ထိုအရာအားလုံးသည် မှန်ကန်သောလမ်းကြောင်းမှ သွေဖည်ပြီး သမ္မာတရားနှင့် သဟဇာတမဖြစ်ပေ။ သမ္မာတရားကိုပင် ဆန့်ကျင်ပြီး၊ ယေဘုယျအားဖြင့် ယင်းတို့ကို မကောင်းမှုအဖြစ် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ဤမကောင်းမှု၏ သဘောသဘာဝသည် ကောက်ကျစ်ဆိုးယုတ်ခြင်းမျှသာဖြစ်သည်။ ထို့ကြောင့် ယင်းကို စုပေါင်း၍ ကောက်ကျစ်ဆိုးယုတ်ခြင်းဟု ရည်ညွှန်းသည်။ ၎င်းတို့သည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၊ ဖြူစင်ပြီး ပွင့်လင်းခြင်း သို့မဟုတ် ရိုးသားစစ်မှန်ပြီး သစ္စာစောင့်သိခြင်းတို့ကို မစဉ်းစားဆင်ခြင်ကြပေ။ ယင်းအစား ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော နည်းလမ်းများကို တွေးတောကြသည်။ ဥပမာအနေဖြင့် ဖြူစင်သောပုံစံဖြင့် မိမိတို့ကိုယ်ကို ပွင့်လင်းစွာ ထုတ်ဖော်နိုင်သောလူတစ်ဦးကို ကြည့်လော့။ ယင်းမှာ အပြုသဘောဆောင်သောအရာဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ အန္တိခရစ်များက ဤအရာကို လုပ်ဆောင်ကြသလော။ (မလုပ်ဆောင်ကြပါ။) အဘယ်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် စဉ်ဆက်မပြတ် ဟန်ဆောင်နေကြပြီး မကောင်းသည့်အရာတစ်ခုကို လုပ်ဆောင်ကာ အမှတ်တမဲ့ဖြင့် မိမိကိုယ်ကို အစဖော်မိသည်နှင့်တစ်ပြိုင်နက် ယင်းကို ဒေါသတကြီး ဖုံးကွယ်သည်၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုကာ ကာကွယ်ပြီး အချက်အလက်များကို ဖုံးကွယ်လေသည်။ ထို့နောက်တွင် ၎င်းတို့သည် နောက်ဆုံး၌ မိမိတို့၏ အကြောင်းပြချက်များကို ပေးကြလေသည်။ ဤလက်တွေ့လုပ်ဆောင်မှုများထဲမှ တစ်ခုတလေသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ထိုအရာများထဲမှ တစ်ခုတလေသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသလော။ သာ၍ပင် မကိုက်ညီပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)

အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက သမ္မာတရားနှင့် ကိုက်ညီသည်ကို ရှင်းလင်းစွာ သိကြသော်လည်း၊ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ပြီး သမ္မာတရားကို ဆန့်ကျင်သည့်အရာကိုသာလည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် အဆင့်အတန်းကို ဖြည့်ဆည်းသည့်အရာကိုသာလည်းကောင်း အစဉ်ရွေးချယ်ကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် အဓိက သရုပ်သကန် ဖြစ်သည်။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများ မည်မျှပင် နားလည်သည်ဖြစ်စေ၊ တရားဒေသနာများတွင် ၎င်းတို့အသုံးပြုသော ဘာသာစကားက မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းသည်ဖြစ်စေ၊ သို့မဟုတ် အခြားသူများအတွက် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မည်မျှပင် ရှိပုံရသည်ဖြစ်စေ၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ၊ စည်းမျဉ်းတစ်ခုနှင့် နည်းလမ်းတစ်ခုတည်းကိုသာ ရွေးချယ်ကြသည်။ ထိုအရာမှာ ရာနှုန်းပြည့် သမ္မာတရားကို ဆန့်ကျင်ရန်၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် အဆုံးတိုင်အောင် သမ္မာတရားကို အတိုက်အခံလုပ်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ပြုမူဆောင်ရွက်ရန် ရွေးချယ်သည့် စည်းမျဉ်းနှင့် နည်းလမ်း ဖြစ်သည်။ ဤအရာအပြင်၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့စိတ်ကူးသည့် ဘုရားနှင့် သမ္မာတရားသည် အတိအကျအားဖြင့် အဘယ်အရာဖြစ်သနည်း။ သမ္မာတရားအပေါ် ၎င်းတို့၏သဘောထားမှာ သမ္မာတရားနှင့်ပတ်သက်၍ ပြောဆိုကာ ဟောပြောနိုင်လိုခြင်းမျှသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်လိုခြင်း မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အထင်ကြီးလေးစားခြင်းကို ခံလိုပြီး၊ ထို့နောက် အသင်းတော်ခေါင်းဆောင်နေရာကို သိမ်းပိုက်ကာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများအပေါ် သြဇာအာဏာသက်ရောက်စေရန် ရည်ရွယ်ချက်ကို အထမြောက်စေရန်အတွက် ယင်းကို အသုံးချလိုလျက် ထိုသမ္မာတရားအကြောင်းကို ပြောဆိုရုံမျှသာ ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အယူဝါဒများကို ဟောပြောခြင်းအား အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၊ သမ္မာတရားနှင့်ကစားခြင်း၊ သမ္မာတရားကို နင်းချေခြင်းတို့ဖြစ်သည် မဟုတ်လော။ သမ္မာတရားကို ဤသို့ ဆက်ဆံခြင်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြသည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို အသုံးချရုံမျှသာ အသုံးချကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ သမ္မာတရားသည် ကြွေးကြော်သံတစ်ခု၊ အဆင့်မြင့်သောစကားအချို့၊ လူတို့ကို အထင်အမြင်မှားစေရန်နှင့် စည်းရုံးသိမ်းသွင်းရန် အသုံးပြုနိုင်သည့် အဆင့်မြင့်သောစကားများ၊ အံ့သြဖွယ်သော အမှုအရာများကို လူတို့၏ တောင့်တမှုအား ပြေပျောက်စေနိုင်သည့်အရာ ဖြစ်သည်။ ဤလောက၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူ သို့မဟုတ် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်နိုင်သူ တစ်ဦးတစ်ယောက်မျှမရှိ၊ ဤသည်မှာ အလုပ်မဖြစ်၊ မဖြစ်နိုင်သည့်အရာဖြစ်ပြီး လူတိုင်းအသိအမှတ်ပြုပြီး အလုပ်ဖြစ်နိုင်သည့်အရာသာလျှင် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် သမ္မာတရားအကြောင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲ၌မူ သမ္မာတရားဖြစ်ကြောင်းကို အသိအမှတ်မပြုကြပေ။ ဤကိစ္စကို ငါတို့ မည်သို့စစ်ဆေးနိုင်သနည်း။ (သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပါ။) ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ နောက်ထပ် အရေးကြီးသော သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့သည် လက်တွေ့ဘဝတွင် အမှုအရာများကို ကြုံရသည့်အခါ၊ ၎င်းတို့နားလည်ထားသော အယူဝါဒသည် မည်သည့်အခါမျှ အလုပ်မဖြစ်နိုင်ပေ။ ၎င်းတို့အနေဖြင့်အမှန်တကယ် ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည့်အလား ထင်ရသည်၊ အယူဝါဒတစ်ခုပြီးတစ်ခု ဟောပြောကြသော်လည်း၊ ပြဿနာများနှင့် ကြုံရသည့်အခါ ၎င်းတို့၏နည်းလမ်းများသည် လွဲချော်နေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သော်လည်း၊ ၎င်းတို့လုပ်ဆောင်သည့်အရာသည် အနည်းဆုံးအနေဖြင့် လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီရမည်၊ လူ့စံနှုန်းများ၊ ကြိုက်နှစ်သက်မှုများနှင့် ကိုက်ညီရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် အခြားသူများ၏ စိစစ်ခြင်းကို ခံနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့် ၎င်းတို့၏ရာထူးနေရာက တည်ငြိမ်မြဲတည်ငြိမ်နေလိမ့်မည်ဖြစ်သည်။ သို့သော် လက်တွေ့ဘဝတွင်မူ၊ ၎င်းတို့လုပ်ဆောင်သည့် အမှုအရာများသည် မယုံနိုင်လောက်အောင် လွဲချော်နေပြီး၊ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို နားမလည်ကြသနည်း။ ၎င်းတို့၏စိတ်နှလုံးထဲ၌၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ သမ္မာတရားကို အသိအမှတ်မပြုကြ၊ စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း၌ ပျော်မွေ့ကြသည်၊ ၎င်းတို့သည် လူ့နည်းလမ်းများ အသုံးပြုလျက် ကိစ္စရပ်များကို အမြဲကိုင်တွယ်လိုကြပြီး၊ ဤကိစ္စရပ်များကို ကိုင်တွယ်ခြင်းဖြင့် အခြားသူများကို လက်ခံယုံကြည်စေနိုင်ကာ ဂုဏ်သိက္ခာရရှိနိုင်မည်ဆိုလျှင်၊ ယင်းမှာ ၎င်းတို့အတွက် လုံလောက်ပေသည်။ အကယ်၍ အန္တိခရစ်တစ်ဦးသည် နေရာတစ်ခုကို သွားချိန်တွင် တစ်စုံတစ်ဦးက အနှစ်မဲ့ သဘောတရားအား ဟောပြောနေသည်ကို ကြားလျှင်၊ ၎င်းတို့အလွန်စိတ်လှုပ်ရှားသွားကြသော်လည်း၊ တစ်စုံတစ်ဦးက သမ္မာတရား လက်တွေ့ကျမှုကို ဟောပြောပြီး လူတို့၏ အမျိုးမျိုးသော အခြေအနေများကဲ့သို့ အသေးစိတ်အချက်အလက်များအထိ ပြောဆိုနေလျှင်မူ၊ ထိုဟောပြောသူသည် မိမိတို့အား ဝေဖန်နေသည်၊ မိမိတို့၏စိတ်နှလုံးကို ထိုးနှက်နေသည်ဟု အစဉ်ခံစားရသဖြင့်၊ ၎င်းတို့သည် ထိုအရာကို စက်ဆုပ်ရွံရှာပြီး နားမထောင်လိုကြတော့ပေ။ အကယ်၍ ၎င်းတို့အနေဖြင့် မကြာသေးမီက ၎င်းတို့၏အခြေအနေ မည်သို့ရှိသည်၊ တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိဆိုသည်နှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရခြင်း ရှိမရှိ ဟူသည်တို့ကို မိတ်သဟာယဖွဲ့ရန် တောင်းဆိုခြင်းခံရလျှင်၊ ၎င်းတို့၌ ပြောစရာ မည်သည့်အရာမျှမရှိပေ။ သင်သည် ဤသမ္မာတရား၏ အသွင်အပြင်နှင့်ပတ်သက်၍ ဆက်လက်မိတ်သဟာယဖွဲ့ပါက၊ ၎င်းတို့သည် အိပ်ပျော်သွားကြသည်။ ၎င်းတို့သည် ထိုအကြောင်းကို နားထောင်ခြင်း၌ မပျော်မွေ့ကြပေ။ သင်သည် ၎င်းတို့နှင့် စကားစမြည်ပြောဆိုမှုများ ပြုလုပ်သည့်အခါ ၎င်းတို့သည် ရှေ့သို့တိုးလာကြသော်လည်း၊ တစ်စုံတစ်ဦးက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေသည်ကို ကြားသည့်အခိုက်တွင်မူ၊ ထောင့်တစ်နေရာသို့ သွားပုန်းပြီး ငိုက်မျဉ်းကြသည်။ ၎င်းတို့၌ သမ္မာတရားကို ချစ်မြတ်နိုးမှု လုံးဝမရှိပေ။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ သမ္မာတရားကို ချစ်မြတ်နိုးမှု မရှိကြသနည်း။ လျှော့ပြောရလျှင်၊ ၎င်းတို့သည် ထိုသမ္မာတရားကို စိတ်မဝင်စားကြဘဲ၊ အလုပ်လုပ်ပေးသူများ ဖြစ်နေရုံနှင့် ၎င်းတို့အတွက် လုံလောက်ပေသည်။ ပြင်းပြင်းထန်ထန် ပြောရလျှင်၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ သမ္မာတရားကို အထူးသဖြင့် ပစ်ပစ်ခါခါငြင်းကြပြီး၊ လက်မခံနိုင်ကြပေ။ ဤလူစားမျိုးသည် ခေါင်းဆောင်ဖြစ်ပါက၊ အန္တိခရစ်တစ်ဦး ဖြစ်သည်။ သာမန်နောက်လိုက်ဖြစ်ပါက၊ ၎င်းတို့သည် အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းနေဆဲဖြစ်ပြီး၊ အန္တိခရစ်များ၏ အရိုက်အရာကို ဆက်ခံသူများ ဖြစ်ကြသည်။ အပြင်ပန်းအားဖြင့်၊ ၎င်းတို့သည် ကောင်းမွန်သောအလားအလာအချို့နှင့်အတူ ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး ဆုကျေးဇူးရှိပုံရသော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရ ဖြစ်သည်။ ဤပုံစံပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)

အန္တိခရစ်များကဲ့သို့သော လူများသည် အပြုသဘောဆောင်သော အရာအားလုံးနှင့် သမ္မာတရားအပေါ် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသည်။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ ရန်လိုမှုနှင့် စက်ဆုပ်ရွံရှာခြင်းသည် အကြောင်းပြချက် မလိုအပ်သကဲ့သို့၊ တစ်ဦးတလေ၏ လှုံ့ဆော်မှု၏ ရလဒ်အဖြစ် ဖြစ်ပျက်ခြင်းလည်း မဟုတ်သကဲ့သို့ ၎င်းတို့ နတ်ဆိုးစွဲကပ်ခြင်း၏ ရလဒ်လည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့သည် ဤအရာများကို ပင်ကိုယ်အားဖြင့် မနှစ်သက်ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများအပေါ် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသည်၊ ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏ အရိုးများထဲတွင်၊ အပြုသဘောဆောင်သော အရာများနှင့် ကြုံတွေ့ရသည့်အခါ ရွံရှာမှုကို ခံစားကြရသည်။ သင်သည် ၎င်းတို့ထံ ဘုရားသခင်အကြောင်း သက်သေခံပါက သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ပါက၊ ၎င်းတို့သည် သင့်အပေါ် မုန်းတီးစိတ် ဖြစ်ပေါ်ကြလိမ့်မည်ဖြစ်ပြီး၊ သင့်ကို တိုက်ခိုက်ရန် စိတ်ကူးပင်ရှိကောင်း ရှိနိုင်သည်။ ပြီးခဲ့သည့် မိတ်သဟာယတွင် အပြုသဘောဆောင်သော အရာများအပေါ် အန္တိခရစ်များ ရန်လိုပြီး စက်ဆုပ်ရွံရှာခြင်းနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာကို ငါတို့ ခြုံငုံဆွေးနွေးပြီးဖြစ်သောကြောင့်၊ ဤတစ်ကြိမ်တွင် ယင်းကို ငါတို့ ထပ်မံဆွေးနွေးတော့မည် မဟုတ်ပေ။ ဤမိတ်သဟာယတွင်၊ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုကို ငါတို့ စူးစမ်းလေ့လာကြမည်။ ထိုနောက်ထပ် သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ အန္တိခရစ်များသည် အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသည်၊ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို နှစ်သက်ကြသနည်း။ ယနေ့တွင်၊ ငါတို့သည် ဤဘက်ခြမ်းနှင့် ရှုထောင့်အမြင်မှနေ၍ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်ဖြစ်သည်။ ဤသည်မှာ လိုအပ်သလော။ (လိုအပ်ပါသည်။) လိုအပ်ပေသည်။ သင်တို့ဘာသာ ထိုအရာကို သဘောပေါက်နိုင်ကြမည်လော။ (သဘောမပေါက်နိုင်ပါ။) အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို အန္တိခရစ်များ မနှစ်သက်ခြင်းသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝဖြစ်သည်။ သို့ဖြစ်၍၊ ဤအခြေခံအကြောင်းရင်းအရ၊ အန္တိခရစ်များ မည်သည့်အရာကို နှစ်သက်သည်၊ မည်သည့်အရာမျိုးများကို ၎င်းတို့ လုပ်ဆောင်ရန် နှစ်သက်သည်၊ ထို့အပြင် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းနှင့် နည်းစနစ်များနှင့် ၎င်းတို့ နှစ်သက်သည့် လူစားမျိုးတို့ကို သေချာစွာ စဉ်းစားဆင်ခြင်လော။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ရှုမြင်ရန် ပိုမိုကောင်းမွန်သော ရှုထောင့်နှင့် ဘက်ခြမ်းဖြစ်သည် မဟုတ်လော။ ဤအရာက ပိုမိုတိကျပြီး ဓမ္မဓိဋ္ဌာန်ကျသော အမြင်ကို ပေးသည်။ ပထမဦးစွာ၊ အန္တိခရစ်များသည် အပြုသဘောဆောင်သော အရာများကို မနှစ်သက်ကြပေ၊ ယင်းက ၎င်းတို့သည် ထိုအရာများကို ရန်လိုပြီး အပျက်သဘောဆောင်သော အရာများကို နှစ်သက်ကြောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ အပျက်သဘောဆောင်သော အရာများ၏ ဥပမာအချို့မှာ အဘယ်နည်း။ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများ ဖြစ်သည်။ ဤသည်တို့မှာ အပျက်သဘောဆောင်သော အရာများ မဟုတ်လော။ ဟုတ်ပေသည်၊ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများသည် အပျက်သဘောဆောင်သော အရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် လိမ်ညာမှုများနှင့် လှည့်ဖြားမှုများနှင့် ဆန့်ကျင်ဘက် အပြုသဘောဆောင်သောအရာမှာ အဘယ်နည်း။ (ရိုးသားခြင်းဖြစ်သည်။) မှန်သည်၊ ရိုးသားခြင်း ဖြစ်သည်။ စာတန်သည် ရိုးသားခြင်းကို နှစ်သက်သလော။ (မနှစ်သက်ပါ။) ၎င်းသည် လှည့်ဖြားခြင်းကို နှစ်သက်၏။ ဘုရားသခင်က လူသားများထံမှ ဦးစွာ တောင်းဆိုသည့်အရာမှာ အဘယ်နည်း။ ဘုရားသခင်က “သင်သည် ငါ့ကို ယုံကြည်ပြီး ငါ့နောက်သို့ လိုက်လိုပါက၊ ဦးစွာပထမအနေဖြင့် သင်သည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်သင့်သနည်း” ဟု မိန့်တော်မူသည်။ (ရိုးသားသောသူတစ်ဦး ဖြစ်သင့်ပါသည်။) သို့ဆိုလျှင် စာတန်က လူတို့ကို လုပ်ဆောင်ရန် ပထမဆုံးသင်ကြားပေးသည့်အရာမှာ အဘယ်နည်း။ လိမ်ညာရန် ဖြစ်သည်။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ပထမဆုံး သက်သေအထောက်အထားမှာ အဘယ်နည်း။ (လှည့်ဖြားခြင်း ဖြစ်သည်။) ဟုတ်ပေသည်၊ အန္တိခရစ်များက လှည့်ဖြားခြင်းကို နှစ်သက်သည်၊ လိမ်ညာမှုများကို နှစ်သက်ပြီး၊ ရိုးသားခြင်းကို စက်ဆုပ်ကာ မုန်းတီးကြသည်။ ရိုးသားခြင်းသည် အပြုသဘောဆောင်သော အရာဖြစ်သော်လည်း၊ ၎င်းတို့က မနှစ်သက်ဘဲ၊ ထိုအစား ယင်းအပေါ် ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံစားကြရသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်းတို့သည် လှည့်ဖြားခြင်းနှင့် လိမ်ညာမှုများကို နှစ်သက်ကြသည်။ တစ်စုံတစ်ဦးက အန္တိခရစ်များ၏ ရှေ့မှောက်၌ “သင်သည် အဆင့်အတန်းတစ်ခုမှနေ၍ အလုပ်ကို စီမံဆောင်ရွက်ရန် နှစ်သက်ပြီး၊ တစ်ခါတစ်ရံတွင် သင် ပျင်းရိသည်” ဟု မကြာခဏ ပြောလျက် အမှန်အတိုင်း စကားပြောပါက၊ အန္တိခရစ်များသည် ထိုအရာအပေါ် မည်သို့ ခံစားရသနည်း။ (၎င်းတို့ လက်မခံကြပါ။) ထိုအရာကို လက်မခံခြင်းသည် ၎င်းတို့ ပိုင်ဆိုင်သည့် သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ သို့သော် ယင်းမျှသာလော။ အမှန်အတိုင်း ပြောဆိုသည့် ဤပုဂ္ဂိုလ်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ရွံရှာပြီး ထိုသကို မနှစ်သက်ကြပေ။ အချို့အန္တိခရစ်များက ညီအစ်ကိုမောင်နှမများအား “ငါသည် သင်တို့ကို အချိန်အတန်ကြာ ဦးဆောင်ပြီးဖြစ်သည်။ ငါနှင့်ပတ်သက်၍ သင်တို့၏ ထင်မြင်ချက်များကို ကျေးဇူးပြုပြီး အားလုံးက ပြောပြကြပါလော့” ဟု ဆိုကြသည်။ လူတိုင်းက “သင်သည် အလွန်ရိုးသားသည့်အတွက်၊ သင့်ကို ကျွန်ုပ်တို့ တုံ့ပြန်ချက်အချို့ ပေးပါမည်” ဟု တွေးကြသည်။ အချို့က “သင်သည် သင်လုပ်ဆောင်သမျှ အရာအားလုံးတွင် အတော်အတန် အလေးအနက်ထားပြီး လုံ့လဝီရိယရှိသည်၊ သင်သည် ဆင်းရဲဒုက္ခများစွာကို သည်းညည်းခံခဲ့ရသည်။ ထိုအရာကို ကျွန်ုပ်တို့ မကြည့်ရက်နိုင်ခဲ့သကဲ့သို့ သင့်ကိုယ်စား ကျွန်ုပ်တို့ စိတ်သောကရောက်ခဲ့ရသည်။ ဘုရားအိမ်တော်က သင့်ကဲ့သို့သော ခေါင်းဆောင်များကို ပိုမိုအသုံးပြုသင့်ပေသည်။ အားနည်းချက်တစ်ခုကို ထောက်ပြရမည်ဆိုလျှင်၊ သင်သည် အလွန် အလေးအနက်ထားပြီး လုံ့လဝီရိယရှိခြင်းပင် ဖြစ်ပေမည်။ သင်သည် သင့်ကိုယ်သင့် အလုပ်ပိစေပြီး ပင်ပန်းနွမ်းနယ်သွားလျှင်၊ အလုပ်ဆက်လုပ်နိုင်တော့မည် မဟုတ်ပါ၊ ထိုအခါ ကျွန်ုပ်တို့ အဆုံးသတ်သွားမည် မဟုတ်လော။ မည်သူက ကျွန်ုပ်တို့ကို ဦးဆောင်မည်နည်း” ဟု ဆိုကြသည်။ အန္တိခရစ်များက ဤအရာကို ကြားသည့်အခါ၊ ၎င်းတို့ ကျေနပ်အားရကြသည်။ ထိုအရာက လိမ်ညာမှုဖြစ်ကြောင်း၊ ဤလူများသည် ၎င်းတို့ကို မျက်နှာလိုမျက်နှာရလုပ်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့ သိကြသော်လည်း၊ နားထောင်ရန် လိုလားနေကြသည်။ အမှန်မှာ၊ ဤသို့ပြောဆိုနေသည့် လူများသည် ဤအန္တိခရစ်များကို အရူးလုပ်နေခြင်းဖြစ်သော်လည်း၊ ဤအန္တိခရစ်များသည် ဤစကားလုံးများ၏ စစ်မှန်သောသဘာဝကို ထုတ်ဖော်မည့်အစား အရူးလုပ်ခံရန်ကိုပင် လိုလားကြသည်။ အန္တိခရစ်များသည် ဤကဲ့သို့ မိမိတို့အား အလွန်အမင်း ဖော်လံဖားလုပ်ကြသူများကို ချစ်မြတ်နိုးကြသည်။ ဤပုဂ္ဂိုလ်များသည် အန္တိခရစ်များ၏ အပြစ်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် အားနည်းချက်များကို ထုတ်မပြောကြပေ။ ထိုအစား၊ ၎င်းတို့သည် အန္တိခရစ်များကို တိတ်တဆိတ် ချီးမွမ်းပြီး ချီးမြှောက်ကြသည်။ ၎င်းတို့၏ စကားလုံးများက လိမ်ညာမှုများနှင့် မြှောက်ပင့်မှုများဖြစ်ကြောင်း သိသာနေသော်လည်း၊ အန္တိခရစ်များက ဤစကားလုံးများကို နှစ်သိမ့်မှုနှင့် နှစ်သက်စရာအဖြစ် မြင်လျက် ဝမ်းမြောက်ဝမ်းသာ လက်ခံကြသည်။ အန္တိခရစ်များအတွက်၊ ဤစကားလုံးများသည် အထူးခြားဆုံးသော စားကောင်းသောက်ဖွယ်များကို မြည်းစမ်းရခြင်းထက် ပိုကောင်းသည်။ ဤစကားလုံးများကို ကြားပြီးနောက်၊ ၎င်းတို့သည် မိမိကိုယ်ကို ဟုတ်လှပြီဟု ဘဝင်ခိုက်သွားကြသည်။ ဤအရာက မည်သည့်အရာကို သရုပ်ဖော်သနည်း။ အန္တိခရစ်များအတွင်း၌ လိမ်ညာမှုများကို ချစ်မြတ်နိုးသည့် စိတ်သဘောထားတစ်ခုခု ရှိကြောင်းကို ထိုအရာက ပြသပေသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင်သည် အလွန်မာနထောင်လွှားပြီး လူတို့ကို မမျှမတဆက်ဆံသည်။ သင့်ကို ထောက်ခံသူများအပေါ် သင် ကောင်းသည်၊ သို့သော် တစ်စုံတစ်ဦးက သင်နှင့် ခပ်ကင်းကင်းနေလျှင် သို့မဟုတ် သင့်ကို မမြှောက်ပင့်လျှင်၊ သင်သည် ထိုသူကို သေးသိမ်စေပြီး လျစ်လျူရှုသည်” ဟု ပြောသည်ဆိုပါစို့။ ဤသည်တို့မှာ မှန်ကန်သော စကားလုံးများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များက ဤအရာကို ကြားပြီးနောက် မည်သို့ ခံစားရသနည်း။ ၎င်းတို့ စိတ်မချမ်းမြေ့ ဖြစ်လာကြသည်။ ထိုအရာကို ၎င်းတို့ မကြားလိုကြ၊ လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ကိစ္စရပ်များကို အကြောင်းပြချက်ပေးရန်နှင့် ဖော့ပြောရန် ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာဖွေဖို့ ကြိုးစားကြသည်။ အန္တိခရစ်များကို လူကိုယ်တိုင် စဉ်ဆက်မပြတ် မြှောက်ပင့်သူများ၊ ၎င်းတို့ကို တိတ်တဆိတ် ချီးမွမ်းရန် အစဉ်သဖြင့် ကြားကောင်းသောစကားများ ပြောဆိုသူများနှင့် ၎င်းတို့၏ စကားလုံးများဖြင့် ၎င်းတို့ကို သိသိသာသာ လှည့်ဖြားသူများအတွက်မူ၊ အန္တိခရစ်များက ဤလူများကို မည်သည့်အခါမျှ မစုံစမ်းစစ်ဆေးကြပေ။ ထိုအစား၊ အန္တိခရစ်များက ထိုသူတို့ကို အရေးကြီးသော ပုဂ္ဂိုလ်များအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် အမြဲ လိမ်ညာသူများကို အရေးကြီးသော ရာထူးများတွင်ပင် ထားရှိပြီး၊ အချို့သော အရေးပါပြီး ဂုဏ်သိက္ခာရှိသော တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့အား တာဝန်ပေးအပ်ကြသည်၊ တစ်ချိန်တည်းတွင် အစဉ်ရိုးသားစွာ ပြောဆိုသူများနှင့် ပြဿနာများကို မကြာခဏ တိုင်ကြားသူများကိုမူ၊ အထက်ခေါင်းဆောင်ပိုင်းသို့ ဝင်ရောက်ခွင့် သို့မဟုတ် လူအများစုနှင့် သိရှိခြင်း သို့မဟုတ် နီးစပ်ခြင်းမရှိအောင် တားဆီးလျက်၊ သိပ်မထင်ရှားသော ရာထူးများတွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် စီစဉ်ပေးကြသည်။ ဤလူများအနေဖြင့် မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ သို့မဟုတ် ဘုရားအိမ်တော်၌ မည်သည့်တာဝန်များကို ၎င်းတို့ ထမ်းဆောင်နိုင်သည်ဖြစ်စေ အရေးမကြီးပေ။ အန္တိခရစ်များက ထိုအရာအားလုံးကို လျစ်လျူရှုကြသည်။ မည်သူက လှည့်ဖြားမှုကို လုပ်ဆောင်နိုင်သည်ဟူသည်နှင့် ၎င်းတို့အတွက် မည်သူ အကျိုးရှိသည်ဟူသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်၊ ဤသူတို့မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တစ်စက်မျှ မစဉ်းစားဘဲ အရေးကြီးသော ရာထူးများတွင် ၎င်းတို့ ခန့်ထားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)

ပင်ကိုအားဖြင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့် အန္တိခရစ်များသည် မည်သည့်အခါမျှ ရိုးရိုးတန်းတန်း စကားမပြော သို့မဟုတ် မပြုမူကြပေ။ ၎င်းတို့သည် အမှုအရာများကို ရိုးသားသော သဘောထားနှင့် စိတ်ရင်းအမှန်ဖြင့် မကိုင်တွယ်ကြ၊ သို့မဟုတ် ရိုးသားသော စကားလုံးများကို အသုံးပြု၍ မပြောဆိုသည့်အပြင် စိတ်ရင်းမှန်ဖြင့် ပြုမူခြင်းမရှိကြပေ။ ၎င်းတို့ ပြောဆိုသည့် သို့မဟုတ် လုပ်ဆောင်သည့် မည်သည့်အရာမျှ ပွင့်လင်းရိုးဖြောင့်ခြင်းမရှိဘဲ ကွေ့ပတ်ပြောဆိုပြီး ပုန်းလျှိုးကွယ်လျှိုး လုပ်ခြင်းသာဖြစ်ကာ၊ ၎င်းတို့၏ အတွေးများ သို့မဟုတ် စေ့ဆော်ချက်များကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း ဘယ်သောအခါမျှ မရှိပေ။ အကြောင်းမှာ အကယ်၍ ထိုအရာများကို ၎င်းတို့ ဖော်ပြလျှင်၊ ၎င်းတို့ကို အပြည့်အဝ နားလည်ပြီး ရိပ်စားမိကြမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက လူသိရှင်ကြား ဖော်ထုတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အခြားလူများကြားတွင် မြင့်မြတ်သော သို့မဟုတ် မွန်မြတ်သောသူအဖြစ် ရှုမြင်ခံရတော့မည် မဟုတ်ကြောင်း၊ သို့မဟုတ် အခြားသူများ၏ အထင်ကြီးလေးစားခြင်းနှင့် ကိုးကွယ်ခြင်းကို ခံရတော့မည် မဟုတ်ကြောင်းတို့ကို ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် မိမိတို့၏ မကောင်းသော စေ့ဆော်ချက်များနှင့် လိုအင်ဆန္ဒများကို အမြဲတမ်း ဖုံးကွယ်ပြီး ဝှက်ထားရန် ကြိုးစားကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် မည်သို့ စကားပြောပြီး ပြုမူကြသနည်း။ ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဘာသာတရားမရှိသူများကြားတွင် “အခြေအနေကို စမ်းစစ်ခြင်း”ဟူသည့် ဆိုစကားတစ်ခု ရှိသကဲ့သို့ပင်၊ အန္တိခရစ်တို့သည် အလားတူ ချဉ်းကပ်နည်းတစ်ခုကို ကျင့်သုံးကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်လိုပြီး တိကျသော သဘောအမြင် သို့မဟုတ် သဘောထားတစ်ခုကို ကိုင်စွဲထားသည့်အခါ၊ ၎င်းတို့သည် ယင်းကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း ဘယ်သောအခါမျှ မရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ရှာဖွေသော သတင်းအချက်အလက်ကို စုဆောင်းရန် သွယ်ဝိုက်သော သို့မဟုတ် စုံစမ်းမေးမြန်းသော နည်းလမ်းများ သို့မဟုတ် လူများထံမှ သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းစုံစမ်းခြင်းကဲ့သို့သော နည်းလမ်းအချို့ကို အသုံးပြုကြသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်၊ အန္တိခရစ်တို့သည် သမ္မာတရားကို ဘယ်သောအခါမျှ မရှာဖွေကြသည့်အပြင်၊ ယင်းကို နားလည်လိုခြင်းလည်း မရှိကြပေ။ ၎င်းတို့၏ တစ်ခုတည်းသော အလေးထားမှုမှာ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မပေးနိုင်သော လှုပ်ရှားမှုများကို ရှောင်ရှားလျက် ထိုသို့သောအရာများကို ပေးနိုင်သောလှုပ်ရှားမှုများတွင် ပါဝင်ကြသည်။ ၎င်းတို့သည် ဂုဏ်သတင်း၊ အဆင့်အတန်း၊ ထင်ပေါ်ခြင်း၊ ဘုန်းအသရေတို့နှင့် ဆက်စပ်သော လုပ်ဆောင်မှုများကို စိတ်အားထက်သန်စွာ လုပ်ဆောင်ကြပြီး၊ အသင်းတော်၏အလုပ်ကို ကာကွယ်သည့် သို့မဟုတ် အခြားသူများကို ပြစ်မှားမိနိုင်သည့် အမှုအရာများကို ရှောင်ကြဉ်ကြသည်။ ထို့ကြောင့်၊ အန္တိခရစ်တို့သည် ရှာဖွေသည့် သဘောထားဖြင့် မည်သည့်အရာကိုမျှ မချဉ်းကပ်ကြပေ။ ထို့ထက် ၎င်းတို့သည် အခြေအနေများကို စမ်းစစ်ရန် စမ်းသပ်ခြင်း နည်းလမ်းကို အသုံးပြုပြီး၊ ထို့နောက် ဆက်လက်လုပ်ဆောင်မည်လောဟူသည်ကို ဆုံးဖြတ်ကြသည်။ အန္တိခရစ်တို့သည် ဤမျှ ဉာဏ်များပြီး ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် မိမိတို့က မည်သို့သောလူစားမျိုးဖြစ်သည်ကို သိလိုသည့်အခါ၊ မိမိတို့ကိုယ်ကို သိရှိလာခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆခြင်း မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် သွယ်ဝိုက်ရည်ညွှန်းသော စကားအတွက် နေရာအနှံ့ စုံစမ်းမေးမြန်းပြီး သူတစ်ပါး၏ လေသံကို နားစွင့်ကာ၊ ခေါင်းဆောင်များနှင့် အထက်၏ လေသံနှင့် သဘောထားကို စောင့်ကြည့်လေ့လာပြီး၊ မိမိတို့ကဲ့သို့သော လူများ၏ အဆုံးသတ်များကို ဘုရားသခင်က မည်သို့ အဆုံးအဖြတ်ပေးသည်ကို သိမြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွင်း၌ မိမိတို့ မည်သည့်အမျိုးအစားတွင် ပါဝင်သည်ကို သိမြင်ရန်နှင့် မိမိတို့၏ အနာဂတ်အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို သိရှိရန်ဤလမ်းကြောင်းများနှင့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤသည်မှာ စမ်းသပ်ခြင်း၏ သဘောသဘာဝအချို့ ပါဝင်သည်မဟုတ်လော။ ဥပမာအားဖြင့်၊ အချို့သောလူတို့သည် ပြုပြင်ခြင်းခံရပြီးနောက်၊ အဘယ်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းခံရသည်ကို မိမိတို့ကိုယ်ကို ဆန်းစစ်မည့်အစား၊ မိမိတို့၏ ဆောင်ရွက်ပုံနည်းလမ်းတွင် ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အမှားများကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို သိရှိရန်နှင့် ယခင်က ကျူးလွန်ခဲ့သော အမှားများကို ပြင်ရန် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများအား ရှာဖွေသင့်သည်ကိုလည်းကောင်း ဆန်းစစ်ရမည့်အစား၊ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေပြီး၊ မိမိတို့အပေါ် အထက်၏ စစ်မှန်သော သဘောထားကို သိရှိရန်သွယ်ဝိုက်သော နည်းလမ်းများကို အသုံးပြုကြသည်။ ဥပမာအားဖြင့် ပြုပြင်ခြင်းခံရပြီးနောက်တွင် ၎င်းတို့သည် အရေးမပါသော ပြဿနာတစ်ခုခုကို အလျင်အမြန်ရှာဖွေကာ အထက်ကို ရှာဖွေပြီး အထက်က ၎င်းတို့အား ပြောဆိုသည့်လေသံသည် မည်သို့ရှိသည်၊ စိတ်ရှည်သည်းခံမှု ရှိမရှိ၊ သူ မေးမြန်းသောမေးခွန်းကို အလေးအနက်ထား၍ ဖြေကြားခြင်း ရှိမရှိ၊ ၎င်းတို့အပေါ်ထားသော သဘောထား ပျော့ပျောင်းလာခြင်း ရှိမရှိ၊ ၎င်းတို့ကို တာဝန်များ ဆက်လက်ပေးအပ်ဦးမည် ဟုတ်မဟုတ်၊ ၎င်းတို့ကို အထင်ကြီးဦးမည် ဟုတ်မဟုတ်နှင့် ၎င်းတို့ ယခင်က ကျူးလွန်ခဲ့သောအမှားနှင့်ပတ်သက်၍ အထက်က အမှန်တကယ် မည်သို့ထင်မြင်နေသည်တို့ကို စူးစမ်းလေ့ရှိသည်။ ဤချဉ်းကပ်နည်းများ အားလုံးသည် စမ်းသပ်ခြင်းတစ်မျိုး ဖြစ်သည်။ တိုတိုပြောရလျှင်၊ ၎င်းတို့သည် ထိုသို့သော အခြေအနေများကို ရင်ဆိုင်ရပြီး ဤသရုပ်သကန်များကို ပြသသည့်အခါ၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် သိကြသလော။ (သိပါသည်။) သို့ဆိုလျှင်၊ ဤအရာများကို သင်တို့ သိရှိပြီး လုပ်ဆောင်လိုသည့်အခါ၊ သင်တို့ မည်သို့ ကိုင်တွယ်သနည်း။ ပထမဦးစွာ၊ အရိုးရှင်းဆုံးအဆင့်တွင်၊ သင်သည် မိမိကိုယ်ကို ဆန့်ကျင်ပုန်ကန်နိုင်သလော။ အချို့သောလူတို့သည် အချိန်ရောက်လာသည့်အခါ မိမိတို့ကိုယ်ကို ဆန့်ကျင်ပုန်ကန်ရန် အခက်တွေ့ကြသည်။ ၎င်းတို့က “ထားလိုက်ပါ၊ ဤအကြိမ်သည် ကျွန်ုပ်၏ ကောင်းချီးမင်္ဂလာများ၊ အဆုံးသတ်နှင့် သက်ဆိုင်သည်။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် မဆန့်ကျင်မပုန်ကန်နိုင်ပါ။ နောက်တစ်ကြိမ်မှ လုပ်မည်”ဟု စဉ်းစားကြသည်။ နောက်တစ်ကြိမ် ရောက်လာပြီး ၎င်းတို့၏ ကောင်းချီးမင်္ဂလာများနှင့် အဆုံးသတ်တို့နှင့် ပတ်သက်သော ပြဿနာတစ်ခုကို ထပ်မံတွေ့ကြုံသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန့်ကျင်ပုန်ကန်နိုင်ခြင်း မရှိကြောင်း ထပ်မံတွေ့ရှိကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များတွင် အသိစိတ်၏ ခံစားသိရှိမှု ရှိပြီး ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို မပိုင်ဆိုင်သော်လည်း ၎င်းတို့အတွက် အတော်ပင် ပြဿနာများပြီး အန္တရာယ်များလှပေသည်။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်တို့သည် ဤအတွေးများကို မကြာခဏ ခံယူကြပြီး ထိုသို့သောအခြေအနေတွင် အသက်ရှင်ကြသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ ဆန့်ကျင်ပုန်ကန်ခြင်းမရှိကြပေ။ အကြောင်းမှာ ၎င်းတို့သည် အသိစိတ်၏ ခံစားသိရှိမှု ကင်းမဲ့သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ အခြေအနေကို ထောက်ပြလျက် ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်လျှင်ပင်၊ ၎င်းတို့သည် ဇွဲမလျှော့ဘဲ မိမိတို့ကိုယ်ကို လုံးဝ ဆန့်ကျင်ပုန်ကန်မည်မဟုတ်သည့်အပြင်၊ ထိုအကြောင်းကြောင့် မိမိတို့ကိုယ်ကို မုန်းတီးခြင်း သို့မဟုတ် ဤအခြေအနေကို လက်လွှတ်ပြီး ဖြေရှင်းခြင်းတို့လည်း ရှိလိမ့်မည်မဟုတ်ပေ။ အချို့သော အန္တိခရစ်တို့သည် ဖြုတ်ချခြင်းခံရပြီးနောက်၊ ၎င်းတို့က “ဖြုတ်ချခြင်းခံရခြင်းသည် ပုံမှန်အရာတစ်ခုနှင့်တူသော်လည်း အနည်းငယ် မျက်နှာပန်းမလှဖြစ်သည်ဟု ခံစားရသည်။ ယင်းသည် အရေးပါသော ကိစ္စရပ်တစ်ခု မဟုတ်သော်လည်း၊ ကျွန်ုပ် မစွန့်လွှတ်နိုင်သည့် အလွန်အရေးကြီးသော အရာတစ်ခု ရှိသည်။ အကယ်၍ ကျွန်ုပ် ဖြုတ်ချခြင်းခံရလျှင်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို နောက်ထပ် ပျိုးထောင်တော့မည် မဟုတ်ဟု ဆိုလိုသလော။ သို့ဆိုလျှင် ဘုရား၏အမြင်တွင် ကျွန်ုပ်သည် မည်သည့်လူစားမျိုး ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်၌ မျှော်လင့်ချက် ရှိလိမ့်ဦးမည်လော။ ဘုရားအိမ်တော်တွင် ကျွန်ုပ် အသုံးရောဝင်ပါဦးမည်လော” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် ဤသည်ကို ဆင်ခြင်သုံးသပ်ပြီး အစီအစဉ်တစ်ခုကို စိတ်ကူးမိကြသည်၊ “ကျွန်ုပ်လက်ထဲတွင် ယွမ်တစ်သောင်း ရှိသည်။ ယခုအချိန်သည် ယင်းကို အသုံးပြုရမည့်အချိန် ဖြစ်သည်။ ကျွန်ုပ်သည် ဤယွမ်တစ်သောင်းကို အလှူငွေအဖြစ် ပေးလှူပြီး၊ ကျွန်ုပ်အပေါ် အထက်၏သဘောထား အနည်းငယ် ပြောင်းလဲနိုင်သလောဟူသည်ကိုလည်းကောင်း၊ ၎င်းတို့က ကျွန်ုပ်အပေါ် မျက်နှာသာအချို့ ပြနိုင်သလောဟူသည်ကိုလည်းကောင်း ကြည့်ရှုမည်။ ဘုရားအိမ်တော်က ထိုငွေကို လက်ခံလျှင်၊ ကျွန်ုပ်တွင် မျှော်လင့်ချက်ရှိနေသေးသည့် သဘောဖြစ်သည်။ အကယ်၍ ဘုရားအိမ်တော်က ထိုငွေကို မယူလျှင်၊ ကျွန်ုပ်၌ မျှော်လင့်ချက် မရှိကြောင်း သက်သေပြပြီး၊ ကျွန်ုပ် အခြားအစီအစဉ်များ ပြုလုပ်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် ချဉ်းကပ်နည်းမျိုး ဖြစ်သနည်း။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်သည်။ တိုတိုပြောရလျှင်၊ စမ်းသပ်ခြင်းသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရ၏ အတော်အတန် သိသာသောသရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် မိမိတို့အလိုရှိသော သတင်းအချက်အလက်ကို ရရှိရန်၊ တိကျသောအဖြေကို ရရှိရန်၊ ထို့နောက် စိတ်အေးချမ်းမှုကို ရရှိရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။...လူတို့သည် ဘုရားသခင်ကို ဆက်ဆံရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ လိပ်ပြာမသန့်ဘဲ ထို့နောက် ဤလုပ်ဆောင်ချက်များနှင့် စိတ်သဘောထားများအကြောင်း သိရှိနားလည်ကာ ယင်းတို့ကို ချက်ချင်း ပြောင်းလဲနိုင်လျှင် ပြဿနာသည် ထိုမျှ မကြီးမားပေ။ ဤသည်မှာ ပုံမှန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သို့သော်လည်း၊ အကယ်၍ တစ်စုံတစ်ဦးသည် ဤသည်ကို တစ်သမတ်တည်းနှင့် ခေါင်းမာစွာ လုပ်ဆောင်နိုင်လျှင်၊ ထိုအရာက မှားယွင်းပြီး ဘုရားသခင်က စက်ဆုပ်ရွံရှာကြောင်းကို သိသော်လည်း ယင်းကို ဘယ်သောအခါမျှ မပုန်ကန်ဘဲ သို့မဟုတ် မစွန့်လွှတ်ဘဲ ဆက်လက်လုပ်ဆောင်နေလျှင်၊ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရသည် သာမန်လူတို့နှင့် ကွဲပြားသည်မှာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း လုံးဝမရှိဘဲ၊ ဘုရားသခင်၊ လူတို့အပေါ်ထားသော သူ၏ သဘောထား၊ လူတစ်ဦးချင်းနှင့်ပတ်သက်သော သူ၏ သတ်မှတ်ချက်နှင့် လူတစ်ဦး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အကြောင်း သူ၏ အတွေးများနှင့် စိတ်ကူးများကား အဘယ်နည်းဟူသည်တို့ကို စမ်းသပ်ရန် နည်းလမ်းအမျိုးမျိုးအား တစ်သမတ်တည်းနှင့် ခေါင်းမာစွာ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း မည်သည့်အခါမျှ မရှာဖွေဘဲ ၎င်းတို့၏စိတ်သဘောထားများ ပြောင်းလဲလာစေရန် သမ္မာတရားကို မည်သို့ ကျိုးနွံနာခံရမည်ကိုမူကား သာ၍ပင် မရှာဖွေချေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများကို စူးစမ်းရန် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်တို့၏ ဤစိတ်သဘောထားသည် သိသာထင်ရှားစွာပင် ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့သည် ဤလုပ်ဆောင်ချက်များတွင် ပါဝင်ပြီး ဤသရုပ်သကန်များကို ပြသသည့်အခါ၊ လိပ်ပြာမလုံခြင်း သို့မဟုတ် အပြစ်ရှိသည်ဟုခံစားရခြင်း အရိပ်အယောင်တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအရာများနှင့် ဆက်စပ်ကြည့်လျှင်ပင်၊ နောင်တရခြင်း သို့မဟုတ် ရပ်တန့်ရန် ရည်ရွယ်ချက် မပြဘဲ၊ မိမိတို့၏ နည်းလမ်းများကို မရမကလုပ်ဆောင်နေဆဲ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ဆက်ဆံမှုတွင်၊ ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်နည်းတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ရန်ဘက်အဖြစ် မှတ်ယူကြောင်း သိသာထင်ရှားသည်။ ၎င်းတို့၏ အတွေးများနှင့် သဘောထားအမြင်များတွင်၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်ကို ချစ်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့နှင့်ဆိုင်သည့် စိတ်ကူး သို့မဟုတ် သဘောထား မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ မိမိတို့အလိုရှိသော သတင်းအချက်အလက်ကိုသာ ရယူလိုပြီး မိမိတို့အပေါ်ထားသော ဘုရားသခင်၏ တိကျသည့် သဘောထားနှင့် မိမိတို့နှင့်ဆိုင်သည့် သတ်မှတ်ချက်တို့ကို တိတိကျကျ သိရှိရန် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ သာ၍ပင် ဆိုးရွားသည်မှာ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ချဉ်းကပ်နည်းများကို ဘုရားသခင်၏ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များနှင့် ချိန်ညှိကြည့်လျှင်ပင် ဤအပြုအမူကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး လူတစ်ဦး မလုပ်ဆောင်သင့်သောအရာဖြစ်ကြောင်း အနည်းငယ်မျှသော အသိစိတ် ရှိလျှင်ပင်၊ ၎င်းတို့သည် ယင်းကို ဘယ်သောအခါမျှ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)

အန္တိခရစ်တို့သည် အကျိုးအမြတ်နှင့် ကောင်းချီးများ ရရှိရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဆင်းရဲဒုက္ခတစ်ခုခုကို ၎င်းတို့ ခါးစည်းခံရလျှင်၊ သို့မဟုတ် အဖိုးအခအချို့ကို ပေးရလျှင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန်အလို့ငှာသာ ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အလွန်ကြီးမားပြီး ထိုအရာကို ၎င်းတို့က တင်းကျပ်စွာ ဖက်တွယ်ကြသည်။ ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် သမ္မာတရားများစွာထဲမှ တစ်ခုကိုမျှ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုကို အရယူခြင်းအကြောင်းသာ ဖြစ်ကြောင်း၊ ယင်းမှာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်ပြီး ထိုအရာကို မည်သည့်အရာကမျှ မကျော်လွန်နိုင်ကြောင်း ၎င်းတို့၏ စိတ်နှလုံးများတွင် အမြဲ တွေးထင်ကြသည်။ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် လူတို့အနေဖြင့် ဘုရားသခင်ကို မယုံကြည်သင့်ကြောင်းနှင့် ကောင်းချီးများအတွက် မဟုတ်လျှင် ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမျှ ရှိမည်မဟုတ်ကြောင်း၊ ထိုအရာက အဓိပ္ပာယ်နှင့် တန်ဖိုး ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြလေသည်။ ဤအရာများကို အန္တိခရစ်များထဲသို့ အခြားတစ်စုံတစ်ဦးက သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သလော။ ယင်းတို့သည် အခြားတစ်စုံတစ်ဦး၏ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် လွှမ်းမိုးမှုမှ ဆင်းသက်သလော။ မဟုတ်ပေ၊ ယင်းတို့ကို မည်သူမျှ ပြောင်းလဲ၍ မရနိုင်သည့်အရာတစ်ခု ဖြစ်သော အန္တိခရစ်များ၏ ပင်ကိုသဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က ယနေ့ခေတ်တွင် နှုတ်ကပတ်တော်များစွာ ပြောဆိုနေလင့်ကစား အန္တိခရစ်များက ထိုအရာများထဲမှ တစ်ခုကိုမျှ လက်မခံကြဘဲ ထိုအစား ယင်းတို့ကို အတိုက်အခံလုပ်ကာ ပြစ်တင်ရှုတ်ချကြလေသည်။ သမ္မာတရားကို ၎င်းတို့၏ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်း သဘာဝသည် လုံးဝ မပြောင်းလဲနိုင်ပေ။ ယင်းတို့ မပြောင်းလဲနိုင်လျှင် ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၏ သဘာဝက ကောက်ကျစ်ဆိုးယုတ်ကြောင်း ညွှန်ပြပေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၊ မလိုက်စားခြင်း ကိစ္စတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ကန့်ကွက်ပြောဆိုခြင်းနှင့် ဘုရားသခင်ကို ရန်လုပ်ခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော စရိုက်အမှန်သာဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်ကို ဗြောင်ကျကျ ကန့်ကွက်ပြောဆိုပြီး ဆန့်ကျင်နိုင်ကြသည့်အတွက်၊ ၎င်းတို့၏ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်သည်။ အဘယ်ကြောင့် ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါ ဆိုရသနည်း။ အန္တိခရစ်တို့သည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို ကန့်ကွက်ပြောဆိုဝံ့ကြသည်။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ပြုလုပ်ဝံ့ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ၎င်းတို့ကို စိုးမိုးအုပ်ချုပ်သော အင်အားစုတစ်ခု၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိနေသောကြောင့် ၎င်းတို့သည် မဆင်မခြင် ပြုမူနိုင်ကြပြီး ဘုရားသခင်နှင့် အငြင်းအခုံပြုကာ သူ့ကိုကန့်ကွက်ပြောဆိုနိုင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့အား သရဖူပေးမည်မဟုတ်ဟု မပြောမီတွင်ပင်၊ ၎င်းတို့၏ ခရီးပန်းတိုင်ကို ဘုရားသခင် မဖယ်ရှားမီတွင်ပင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ပေါက်ကွဲထွက်လာပြီး ၎င်းတို့က “အကယ်၍ သင်သည် ကျွန်ုပ်ကို သရဖူနှင့် ခရီးပန်းတိုင်တစ်ခု မပေးပါက၊ တတိယကောင်းကင်ဘုံသို့ ကျွန်ုပ်သွားပြီး သင်နှင့် အငြင်းအခုံပြုမည်”ဟု ပြောဆိုကြသည်။ အကယ်၍ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်သာ မဟုတ်ခဲ့ပါက၊ ၎င်းတို့သည် ထိုသို့သော အားအင်ကို အဘယ်မှာ ရှာတွေ့မည်နည်း။ လူအများစုသည် ထိုသို့သော အားအင်ကို မွေးနိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အန္တိခရစ်များက အဘယ်ကြောင့် မယုံကြည်ကြသနည်း။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ခေါင်းမာစွာ အဘယ်ကြောင့် စွဲကိုင်ထားကြသနည်း။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု တစ်ဖန် ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က လူတို့အား ပေးအပ်ရန် ကတိပြုထားသော တကယ့်ကောင်းချီးမင်္ဂလာများက အန္တိခရစ်တို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ဖြစ်လာခဲ့သည်။ ၎င်းတို့သည် ထိုကောင်းချီးများကိုရရှိရန် စိတ်ပိုင်းဖြတ်ထားကြသော်လည်း ဘုရားသခင်၏ လမ်းခရီးကို မလိုက်လျှောက်လိုကြသကဲ့သို့ သမ္မာတရားကို မချစ်မြတ်နိုးကြပေ။ ထိုအစား ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ၊ ဆုလာဘ်များနှင့် သရဖူများကို လိုက်စားကြသည်။ ဘုရားသခင်က ဤအရာများကို ၎င်းတို့အား ပေးမည်မဟုတ်ဟု မပြောမီတွင်ပင်၎င်းတို့သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုကြသည်။ ၎င်းတို့၏ ဆင်ခြင်တွေးခေါ်မှုစနစ်မှာ အဘယ်နည်း။ “အကယ်၍ ကျွန်ုပ်သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကို မရရှိနိုင်ပါက သင်နှင့် အငြင်းအခုံပြုမည်၊ သင့်ကို ဆန့်ကျင်မည်၊ သင်သည် ဘုရားမဟုတ်ဟု ကျွန်ုပ် ပြောဆိုမည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော စကားများ ပြောဆိုခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ခြိမ်းခြောက်နေကြသည် မဟုတ်လော။ ၎င်းတို့သည် သူ့ကို ဖြုတ်ချရန် ကြိုးစားနေကြသည် မဟုတ်လော။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုပင် ၎င်းတို့ ငြင်းပယ်ဝံ့ကြသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များက ၎င်းတို့၏ အလိုဆန္ဒနှင့် မကိုက်ညီသရွေ့ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားဖြစ်ကြောင်းကို ၎င်းတို့ ငြင်းပယ်ဝံ့ကြသည်။ ဤသည်မှာ စာတန်၏ စိတ်သဘောထား မဟုတ်လော။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော။ အန္တိခရစ်တို့ ပြုမူပုံနှင့် ဘုရားသခင်အပေါ် စာတန်၏ သဘောထားအကြား ကွာခြားမှုတစ်ခုတလေ ရှိသလော။ ဤချဉ်းကပ်မှုနှစ်ခုကို လုံးဝ ညီမျှသည်ဟု သတ်မှတ်၍ရနိုင်သည်။ အန္တိခရစ်တို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုရန် ငြင်းပယ်ကြပြီး ၎င်းတို့သည် ဘုရားသခင်၏ လက်တော်မှ ကောင်းချီးမင်္ဂလာများ၊ ဆုလာဘ်များနှင့် သရဖူများကို လုယူလိုကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အကြောင်းရင်းပေါ်တွင် ဤသို့ ပြုမူရန်နှင့် အမှုအရာများကို သိမ်းပိုက်ရယူရန် ဆန္ဒရှိကြသနည်း။ ၎င်းတို့အနေဖြင့် ထိုသို့သော အားအင်ကို မည်သို့ မွေးနိုင်ကြသနည်း။ ဤအရာအတွက် အကြောင်းရင်းကို ယခု အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိကြသည့်တိုင် ကောင်းချီးမင်္ဂလာများနှင့် သရဖူများကို ရရှိလိုနေဆဲဖြစ်ပြီး ဤဆုလာဘ်များကို ဘုရားသခင်၏ လက်တော်မှ သိမ်းပိုက်ရယူချင်နေဆဲ ဖြစ်သည်။ ဤသည်မှာ သေခြင်းကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ သေခြင်းကို ၎င်းတို့ ဖိတ်ခေါ်နေခြင်းဖြစ်သည်ကို ၎င်းတို့ သိရှိကြသလော။ (မသိရှိကြပါ။) ဆုလာဘ်များ ရရှိခြင်းက မဖြစ်နိုင်ကြောင်း ရေးရေးမျှဖြစ်သော ခံစားချက်တစ်ခုလည်း ရှိကောင်းရှိနိုင်သဖြင့် ရှေးဦးစွာ ၎င်းတို့က “အကယ်၍ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် မရရှိနိုင်ပါက၊ တတိယကောင်းကင်ဘုံသို့ ကျွန်ုပ်သွားပြီး ဘုရားနှင့် အငြင်းအခုံပြုမည်” ဟူသကဲ့သို့သော ထုတ်ပြန်ချက်တစ်ခုကို ပြောဆိုကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်မှာ ၎င်းတို့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းတို့ ကြိုတင်မြင်တွေ့ပြီး ဖြစ်နေသည်။ အမှန်တွင်တော့၊ စာတန်သည် နှစ်ပေါင်းများစွာ အာကာသကောင်းကင်အလယ်၌ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုပြီးဖြစ်ကာ ဘုရားသခင်က သူ့ကို အဘယ်အရာ ပေးပြီးဖြစ်သနည်း။ သူ့အတွက် ဘုရားသခင်၏ တစ်ခုတည်းသော ထုတ်ပြန်ချက်မှာ “အလုပ် ပြီးဆုံးပြီးနောက် သင့်ကို အနက်ဆုံးသောတွင်းထဲသို့ ငါ ချပစ်မည်။ သင်သည် အနက်ဆုံးသောတွင်းနှင့် သက်ဆိုင်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ စာတန်အတွက် ဘုရားသခင်၏ တစ်ခုတည်းသော “ကတိ” ဖြစ်သည်။ သူက ဆုလာဘ်များကို လိုချင်တပ်မက်နေဆဲဖြစ်သည်မှာ မူမမှန်ဖြစ်နေသည် မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ အန္တိခရစ်တို့၏ ပင်ကိုအနှစ်သာရသည် ဘုရားသခင်ကို ဆန့်ကျင်လိုပြီး အန္တိခရစ်တို့ ကိုယ်တိုင်ပင် ဤသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို မသိကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် ကောင်းချီးမင်္ဂလာများနှင့် သရဖူများ ရရှိခြင်း တစ်ခုတည်းအပေါ်၌သာ အာရုံစိုက်ထားကြသည်။ တစ်ခုတလေက သမ္မာတရား သို့မဟုတ် ဘုရားသခင်နှင့် ပါဝင်ပတ်သက်သည့်အခါတိုင်း ၎င်းတို့အတွင်း၌ ဆန့်ကျင်မှုနှင့် အမျက်ဒေါသတို့ ထွက်ပေါ်လာသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ပုံမှန်လူတို့သည် အန္တိခရစ်တို့၏ အတွင်းစိတ်ခံစားချက်များကို နားလည်နိုင်ဖွယ်မရှိ။ အန္တိခရစ်တို့အတွက် အတော်ပင် ခက်ခဲလှသည်။ အန္တိခရစ်တို့သည် ထိုသို့သော ကြီးမားလှသည့် ရည်မှန်းချက်များကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် မိမိတို့အတွင်း၌ ထိုသို့သော ကြီးမားလှသည့် ကောက်ကျစ်ဆိုးယုတ်သော အားအင်နှင့် ကောင်းချီးမင်္ဂလာများအတွက် ထိုသို့သော ကြီးမားလှသည့် လိုအင်ဆန္ဒ ထားရှိကြသည်။ သူတို့ကို လိုအင်ဆန္ဒဖြင့် လောင်ကျွမ်းနေသည်ဟု ဖော်ပြနိုင်သည်။ သို့သော် ဘုရားအိမ်တော်က သမ္မာတရားကို အဆက်မပြတ် မိတ်သဟာယဖွဲ့သည်၊ ယင်းကို ကြားရသည်မှာ ၎င်းတို့အတွက် အလွန် နာကျင်ပြီး ခက်ခဲရပေမည်။ ၎င်းတို့သည် ယင်းကို ကြံ့ကြံ့ခံနိုင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို နစ်နာစေပြီး အလွန်တရာ ဟန်ဆောင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော အားအင်တစ်မျိုးဖြစ်သည် မဟုတ်လော။ အကယ်၍ သာမန်လူတို့က သမ္မာတရားကို မချစ်မြတ်နိုးပါက အသင်းတော်အသက်တာကို စိတ်ဝင်စားဖွယ်ရာအဖြစ် ၎င်းတို့ မြင်မည်မဟုတ်သကဲ့သို့ ယင်းအပေါ် စက်ဆုပ်ရွံရှာစိတ်တစ်ခုပင် ခံစားရပေမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ၎င်းတို့အတွက် ပျော်ရွှင်မှုထက် ဆင်းရဲဒုက္ခကဲ့သို့ ပို၍ ခံစားရပေမည်။ သို့ဆိုလျှင် အန္တိခရစ်တို့သည် ထိုအရာကို ကြံ့ကြံ့ခံနိုင်ကြသနည်း။ အကြောင်းမှာ ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒက အလွန် ကြီးမားလှသဖြင့် ယင်းက ၎င်းတို့ကို မိမိတို့ကိုယ်ကို နစ်နာစေပြီး အင်တင်တင်ဖြင့် ကြံ့ကြံ့ခံရန် လှုံ့ဆော်သောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် စာတန်၏ အစေခံများအဖြစ် ပြုမူရန် ဘုရားအိမ်တော်သို့ ခိုးဝင်ကြပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်များဖြစ်စေရန် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြသည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ဘုရားသခင်ကို အတိုက်အခံပြုသည့် ၎င်းတို့၏ တာဝန် မပြီးမြောက်မချင်း ၎င်းတို့ စိတ်မသက်မသာ ခံစားရကာ စာတန်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားရကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)

အန္တိခရစ်များက သမ္မာတရားကို လက်မခံကြခြင်းမှာ မြေကြီးလက်ခတ်မလွဲ သေချာပေသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြပါမူ အန္တိခရစ်များ ဖြစ်ကြမည် မဟုတ်ပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် အဘယ်ကြောင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသေးသနည်း။ ၎င်းတို၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ဤဘဝတွင် အဆတစ်ရာ ရရှိပြီး နောက်ဘဝတွင် ထာဝရအသက်ရရှိရန် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များတွင် ဤဆိုရိုးကို လုံးဝ လိုက်လျှောက်နေကြသည်။ ဤသည်မှာ အပေးအယူတစ်ခု မဟုတ်လော။ ဤသည်မှာ လုံးဝ အပေးအယူတစ်ခု ဖြစ်၏။ ဤအပေးအယူ၏ သဘာဝဖြင့် အကဲဖြတ်သော် ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သည့်နည်းဖြင့် ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ကြသနည်း။ တစ်ဦးတလေက ငါ့ကို ပြောပြနိုင်သလော။ (အန္တိခရစ်များက ဘုရားသခင် ဖော်ပြသည့် ဤအလွန်များသော သမ္မာတရားများကို ကြားသော်လည်း ယင်းတို့ကို လုံးဝ မလိုက်စားကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်၊ ပြီးလျှင် အခြားသူများအပေါ် အာဏာကိုင်စွဲရန်အတွက်သာ မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစွာ စွဲကိုင်ကြပြီး လက်မလွှတ်ကြပေ။) အဖြေက မှန်သလိုမျိုးရှိသည်၊ ထိုအရာကို သင် နားလည်သလိုမျိုးရှိသော်လည်း ထိုမျှ တိကျခြင်း မရှိပေ။ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းက မှားသည်ဟု ၎င်းတို့က အပြည့်အဝ ကောင်းစွာ သိရှိသော်လည်း အဆုံးထိတိုင် မလျှော့တမ်းလုပ်ကာ နောင်တရဖို့ ငြင်းဆန်ကြလျှင် ဤပြဿနာက ဆိုးရွားပေသည်။ ယခုခေတ်တွင် လူအများစုသည် ကောင်းချီးများ ရရှိဖို့ ရည်ရွယ်ချက်ဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့အားလုံးက ဆုလာဘ်ချီးမြှင့်ခံရပြီး သရဖူတစ်ခုရရှိရန် မိမိတို့၏ တာဝန်များ ထမ်းဆောင်မှုကို အသုံးပြုချင်ကြပြီး မိမိတာဝန် ထမ်းဆောင်ခြင်း၏ အရေးပါမှုကို ၎င်းတို့ နားမလည်ကြပေ။ ဤပြဿနာကို ရှင်းလင်းစွာ ဆက်လက်၍ မိတ်သဟာယပြုရန် လိုအပ်သည်။ ထို့ကြောင့် လူတို့၏ တာဝန် ဖြစ်လာပုံကိုသာ ပထမဆုံး ပြောဆိုဆွေးနွေးကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲကာ ကယ်တင်ဖို့ အမှုပြုသည်။ ဘုရားသခင်အနေဖြင့် လူတို့အပေါ် သတ်မှတ်ချက်များ ရှိသည်မှာ အမှန်ဖြစ်ပြီး ဤသတ်မှတ်ချက်များက ၎င်းတို့၏ တာဝန် ဖြစ်သည်။ လူတို့၏ တာဝန်က ဘုရားသခင်၏ အမှုတော်မှလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များမှလည်းကောင်း ဖြစ်ပေါ်သည်မှာ သိသာပေသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ထိုတာဝန်သည် မိမိတို့လုပ်ဆောင်နိုင်သည့် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဘုရားသခင်က စီမံခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကမ္ဘာမြေပေါ်တွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူသားမျိုးနွယ်ကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံဖြစ်သူတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် လူအားလုံးက ချီးမွမ်းဖို့ရာ ပြောစမှတ်တွင်မည့် အဖြစ်အပျက်အဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက် ပျော်ရွှင်ခြင်းနှင့် အထူးအခွင့်အရေး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်က ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သော သူတို့ကို ဆက်ဆံပုံနှင့် သူတို့ကို ကတိပေးသောအရာနှင့် ပတ်သက်၍မူ ယင်းသည် ဖန်ဆင်းရှင်နှင့်ဆိုင်သည့် ကိစ္စရပ်သာသည်။ ယင်းသည် လူသားမျိုးနွယ်၏ ကိစ္စမဟုတ်ပေ။ အနည်းငယ် ပို၍ ပေါ်လွင်စွာနှင့် ရိုးရှင်းစွာ ဆိုရသော် ယင်းသည် ဘုရားသခင်နှင့်သာ ဆိုင်သည်၊ လူတို့တွင် ကြားဝင်ရန် အခွင့်မရှိပေ။ သင်သည် သင့်အား ဘုရားသခင်ပေးသော မည်သည့်အရာကိုမဆို ရလိမ့်မည်ဖြစ်ပြီး သူသည် သင့်အား မည်သည့်အရာကိုမျှ မပေးပါက သင်သည် ဤအရာနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ ပြော၍မရပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့် လက်တွဲပူပေါင်းပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ လူတို့သည် ဘုရားသခင်ထံမှ ကတိတစ်ခုတလေ သို့မဟုတ် ကောင်းချီးများကို ရရှိရန် သဘောထားများကိုဖြစ်စေ၊ လုပ်ရပ်များနှင့် အပြုအမူများကိုဖြစ်စေ ဖော်ထုတ်ပြခြင်းများဖြင့် အလဲအထပ်လုပ်ရန် မကြိုးစားသင့်ပေ။ ဖန်ဆင်းရှင်က ဤအလုပ်ကို သင်တို့ထံ အပ်နှံသောအခါတွင် ဖန်ဆင်းခံများအနေဖြင့် ဤတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တို့ကို သင်လက်ခံသည်မှာ မှန်ကန်ပြီး သင့်တော်ပေသည်။ ဤအရာနှင့်ပတ်သက်၍ အပေးအယူလုပ်ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဖန်ဆင်းရှင်၏ဘက်တွင် သူသည် လူတို့ ထမ်းဆောင်သင့်သည် တာဝန်များဖြင့် သင်တို့ အယောက်စီတိုင်းကို ပေးအပ်ဖို့ လိုလားလျက်ရှိသည်။ ပြီးလျှင် ဖန်ဆင်းခံ လူသားမျိုးနွယ်၏ဘက်တွင် လူများသည် ဤတာဝန်ကို ဝမ်းမြောက်စွာ လက်ခံသင်ကာ ယင်းကို မိမိတို့၏ အသက်တာနှင့်ဆိုင်သော တာဝန်တစ်ခုအဖြစ်၊ ဤအသက်တာ၌ ၎င်းတို့ အသက်ရှင်နေထိုင်သင့်သည့် စံနှုန်းအဖြစ် ဆက်ဆံသင့်သည်။ ဤနေရာတွင် အပေးအယူလုပ်ခြင်း မရှိ၊ ဤသည်မှာ ညီမျှသော အလဲအထပ်လုပ်ခြင်းတစ်ခု မဟုတ်၊ ယင်းက လူတို့ စိတ်ကူးထားသည့် ဆုလာဘ်တစ်ခုတလေဖြစ်စေ၊ အခြားစကားများဖြစ်စေ ပါဝင်ပတ်သက်ခြင်း ပို၍ပင် မရှိချေ။ ဤသည်မှာ သေချာပေါက် ကုန်သွယ်မှုမဟုတ်။ ယင်းသည် လူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ပေးသောအဖိုးအခဖြစ်စေ၊ ၎င်းတို့ လုပ်ဆောင်ပေးသည့် အလုပ်ကြိုးစားမှုကိုဖြစ်စေ အခြားသောအရာတစ်ခုဖြင့် အလဲအလှယ် လုပ်ခြင်းအကြောင်း မဟုတ်ပေ။ ဘုရားသခင်သည် ထိုအရာကို မည်သည့်အခါကမျှ မပြောခဲ့သကဲ့သို့ လူများကလည်း ယင်းကို ဤနည်းလမ်းဖြင့် နားမလည်သင့်ပေ။ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို တာဝန်ပေးစေခိုင်းချက်တစ်ခု ပေးပြီး ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက်ကို ဖန်ဆင်းရှင်ထံမှ ရရှိထားသည့် ဖန်ဆင်းခံတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ယူဆောင်ရွက်လေသည်။ ဤကိစ္စရပ်၊ ဤလုပ်ငန်းစဉ်တွင် အပေးအယူသဘော တစ်ခုမျှမရှိပေ။ ထိုအရာသည် အတော်ပင် ရိုးရှင်းပြီး လျော်ကန်သောအရာတစ်ခု ဖြစ်သည်။ မိမိတို့ ကလေးကို မွေးဖွားပြီးနောက် သတ်မှတ်ချက်များ သို့မဟုတ် ညည်းညူခြင်းများ မရှိဘဲ ပြုစုပျိုးထောင်ပေးသည့် မိဘများကဲ့သို့ပင် ဖြစ်သည်။ ကလေးက ကြီးပြင်းလာရာတွင် သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဟူသည်မှာမူ ၎င်းတို့၏ မိဘများအနေဖြင့် ၎င်းတို့ မွေးဖွားကတည်းက ထိုသို့သော တောင်းဆိုချက်များ မရှိခဲ့ကြပေ။ ကလေးတစ်ဦးကို မွေးဖွားပေးပြီးနောက်တွင် “သူ့အနေဖြင့် အနာဂတ်တွင် ကျွန်ုပ်ကို အလုပ်အကျွေးပြုပြီး ဂုဏ်ဆောင်ပေးရန်အလို့ငှာသာ သူ့ကို ကျွန်ုပ် ပြုစုပျိုးထောင်နေခြင်း ဖြစ်သည်။ သူ ကျွန်ုပ် ဂုဏ်မဆောင်ပေးဘဲ နေမည်ဆိုလျှင် ယခုပင် သူ့ကို ကျွန်ုပ် လည်ပင်းညှစ်သတ်လိုက်မည်”ဟု ပြောသည့် မိဘတစ်ဦးမျှ မရှိပေ။ ဤကဲ့သို့သော မိဘတစ်ဦးမျှ မရှိပေ။ ထို့ကြောင့် မိဘများက မိမိတို့၏သားသမီးများကို ပြုစုပျိုးထောင်သည့် နည်းလမ်းမှ အကဲဖြတ်သော် ထိုအရာသည် ဝတ္တရားတစ်ခု၊ တာဝန်တစ်ခု ဖြစ်သည်မှာ မှန်သလော။ (မှန်ပါသည်။) မိမိတို့ကလေးက သားသမီးဝတ် ကျေပွန်သည်ဖြစ်စေ မကျေပွန်သည်ဖြစ်စေ မိဘများက မိမိတို့ကလေးကို ဆက်လက်ပြုစုပျိုးထောင်လိမ့်မည်ဖြစ်ပြီး မည်သည့် ဆင်းရဲဒုက္ခများ ရှိသည်ဖြစ်စေ မိမိတို့ကလေးများ အရွယ်ရောက်သည့် လူကြီးဖြစ်လာကြသည့်ထိတိုင် ပြုစုပျိုးထောင်ပေးကြလိမ့်မည်ဖြစ်ကာ ၎င်းတို့အတွက် အကောင်းဆုံး မျှော်လင့်ပေးကြလိမ့်မည် ဖြစ်သည်။ မိဘများက မိမိတို့ ကလေးအတွက် ရှိကြသည့် ဤတာဝန်နှင့် ဝတ္တရားတွင် အခြေအနေအရဖြစ်သောအရာ သို့မဟုတ် အပေးအယူသဘော ဘာမျှမရှိပေ။ ဆက်စပ်သော အတွေ့အကြုံ ရှိသည့်သူများက ဤအရာကို နားလည်နိုင်ကြပေသည်။ မိဘအများစုတွင် ၎င်းတို့၏သားသမီးက သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဆိုသည်အတွက် သတ်မှတ်ထားသော စံနှုန်း မရှိပေ။ ၎င်းတို့၏ သားသမီးက သားသမီးဝတ်ကျေပွန်လျှင် သားသမီးက သားသမီးဝတ် မကျေပွန်ပါက ရွှင်ပျသည်ထက် ၎င်းတို့ ပိုမိုရွှင်ပြကြမည်ဖြစ်ပြီး ၎င်းတို့၏ အိုမင်းသော အရွယ်တွင် အနည်းငယ် ပို၍ ပျော်ရွှင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ ကလေးက သားသမီးဝတ်မကျေပွန်လျှင် ထိုအတိုင်းသာ ဖြစ်ခွင့်ပေးကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အတော်အတန် သဘောထားကြီးသည့် မိဘအများစုက တွေးကြမည့်ပုံစံဖြစ်သည်။ အားလုံးကို ခြုံကြည့်သော် မိဘများက မိမိတို့ သားသမီးများကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်စေ၊ သားသမီးများက မိမိတို့ မိဘများကို ထောက်ပံ့ပေးခြင်းဖြစ်စေ ကိစ္စရပ်မှာ တာဝန်၊ ဝတ္တရားနှင့်ဆိုင်ပြီး ယင်းသည် လူတစ်ဦး၏ မျှော်လင့်ထားသည့် အခန်းကဏ္ဍတစ်ခုအတွင်း အကျုံးဝင်ပေသည်။ ဤသည်တို့မှာ ဖန်ဆင်းခံတစ်ဦး၏ မိမိတာဝန်ထမ်းဆောင်ခြင်းနှင့် ယှဉ်ကြည့်လျှင် သေးနုပ်သော ကိစ္စရပ်များချည်းသာဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း လူ့လောက၏ ကိစ္စရပ်များနှင့် ယှဉ်လိုက်ပါက ယင်းတို့သည် သာ၍ နှစ်သက်ဖွယ်ကောင်းပြီး တရားသောကိစ္စရပ်များထဲတွင် ပါဝင်ပေသည်။ ဤအချက်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပါက ပို၍ပင် မှန်ကန်သည်မှာ ပြောရန်ပင် မလိုပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည်ဟူသည့် အခြေအနေအရ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ပင် ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်သည်၊ လူတို့အပေါ် အမှု၏နောက်ထပ်တစ်ဆင့်ကို သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ သူသည် လူသားမျိုးနွယ်ကို သမ္မာတရားဖြင့် ထောက်ပံ့ကာ လူသားများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ထိုသို့ဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သန့်စင်စေခြင်းခံရသည်နှင့်အညီ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိသဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်လာပြီး အသက်တာတွင် လမ်းကြောင်းမှန်ပေါ် တက်ရောက်ကာ အဆုံး၌ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်၍ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိသည့်အပြင် စာတန်၏ ဒုက္ခပေးခြင်းများကို မခံရတော့စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို တာဝန်များ ထမ်းဆောင်ခိုင်းခြင်းအားဖြင့် အဆုံး၌ ရရှိရန် ရည်ရွယ်ထားသည့် အကျိုးဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်များကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်အောင်သာ လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားခွင့်ပြုရန်မျှ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။ ဤ ဖန်ဆင်းရှင်၏ “မျက်နှာ အလင်း” သည် ရှည်လျားသော အဓိပ္ပာယ်နှင့် အကြောင်းအရာပမာဏများစွာ ပါဝင်သည်။ ယနေ့ ဤအရာကို ကျွန်ုပ်တို့ ပြောဆိုမည်မဟုတ်ပေ။ ဤကဲ့သို့သော လူတို့ထံသို့ ဘုရားသခင်က သေချာပေါက် ကတိများ၊ ကောင်းချီးများ ထုတ်ပေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မတူညီသော ဖော်ပြချက်များပြုလုပ်မည်မှာ မှန်ပေသည်။ ဤသည်မှာ နောက်ထပ်ကိစ္စတစ်ခုဖြစ်သည်။ ယခုခေတ်တွင် ဘုရားသခင် ရှေ့မှောက်သို့ လာရောက်ပြီး မိမိတို့၏တာဝန်ကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် ထမ်းဆောင်ကြသူတိုင်းသည် ဘုရားသခင်ထံမှ မည်သည့်အရာကို လက်ခံရရှိသနည်း။ လူသားမျိုးနွယ်အကြားတွင် တန်ဖိုး အရှိဆုံးနှင့် အလှဆုံးအရာများဖြစ်သည့် သမ္မာတရားနှင့် အသက်တို့ကို လက်ခံရရှိကြသည်။ လူသားမျိုးနွယ်ထဲမှ မည်သည့် ဖန်ဆင်းခံတစ်ဦးမျှ ဖန်ဆင်းရှင်၏ လက်တော်ထဲမှ ထိုသို့သော ကောင်းချီးမင်္ဂလာများကို အလွယ်တကူ လက်ခံရရှိနိုင်ခြင်း မရှိချေ။ ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဘုရားသခင်၏ လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး တရားမျှတသည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် ကောက်ကျစ်ဆိုးယုတ်မှု အရှိဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်။ ဤသည်မှာ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကိစ္စကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကို သိခြင်းဖြင့် စတင်ရမည်။ ယင်းမှာ ဂရုတစိုက် အာရုံစူးစိုက်ခြင်း လိုအပ်လေသည်။ မိမိ၏ ရည်ရွယ်ချက်များနှင့် အခြေအနေများအား တဖြည်းဖြည်း ဆန်းစစ်ခြင်းကို အာရုံစိုက်ခြင်း၊ စကားပြောဆိုပုံ အလေ့အထများနှင့် ရည်ရွယ်ချက်များကို အမြဲတစေ ဆန်းစစ်ခြင်းတို့ ဖြစ်သည်။ ထို့နောက် တစ်နေ့တွင်၊ “အခြားသူများ၏ စိတ်နှလုံးများအတွင်း၌ ကျွန်ုပ်အား အဆင့်အတန်းရှိစေမည်ဟု မျှော်လင့်လျက်၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဟန်ဆောင်ဖုံးကွယ်ရန် ကောင်းသော အရာများကို အမြဲ ပြောဆိုနေမိသည်။ ဤသည်မှာ ဆိုးညစ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သာမန် လူ့သဘာဝတစ်ခုကို ထုတ်ဖော်ပြခြင်း မဟုတ်သကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီပေ။ ဤဆိုးညစ်သော စကားပြောဆိုပုံနှင့် ရည်ရွယ်ချက်တို့မှာ မှားယွင်းပြီး ယင်းကို ပြောင်းလဲကာ ဖယ်ရှားပစ်ရမည်” ဟူ၍ ရုတ်တရက် သဘောပေါက်ခြင်း ဖြစ်လာလိမ့်မည်။ ဤသဘောပေါက်ခြင်း ရှိလာပြီးသည့်နောက်တွင် သင်သည် မိမိ၏ ဆိုးညစ်သော စိတ်သဘောထား၏ ဆိုးရွားပြင်းထန်မှုကို ပို၍ပို၍ ရှင်းလင်းပြတ်သားစွာ ခံစားမိလိမ့်မည်။ ဆိုးညစ်မှုဟူသည် အမျိုးသားနှင့် အမျိုးသမီးကြား အနည်းငယ် ဆိုးညစ်သော တပ်မက်ခြင်းတစ်ခုရှိခြင်း သဘောမျှသာ ဖြစ်သည်ဟု သင်သည် ထင်ထားမိခဲ့၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ သင်သည် ဆိုးညစ်မှုကို ပြသခဲ့သော်လည်း၊ မိမိသည် ဆိုးညစ်သော စိတ်သဘောထားတစ်ခု ရှိသူတစ်ယောက် မဟုတ်ဟု ယူဆထားခဲ့သည်။ ဤသည်မှာ သင်သည် ဆိုးညစ်သော စိတ်သဘောထား တစ်ခုအပေါ် နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း ညွှန်ပြခြင်း ဖြစ်၏။ သင်သည် “ဆိုးညစ်သည်” ဟူသော စကား၏ အပေါ်ယံ အဓိပ္ပာယ်ကို သိသည်ဟု ထင်ရ၏၊ သို့သော် ဆိုးညစ်သော စိတ်သဘောထားတစ်ခုအား အမှန်တကယ် အသိအမှတ်မပြုနိုင်ပေ၊ သို့မဟုတ် မခွဲခြားနိုင်ပေ။ အမှန်အားဖြင့် “ဆိုးညစ်သည်” ဟူသော စကားမှာ မည်သည့် အရာကိုဆိုလိုကြောင်းသင်သည် နားမလည်သေးပေ။ သင့်ထံတွင် ဤ စိတ်သဘောထားမျိုး ပေါ်ထွက်ခဲ့ပြီဟု သဘောပေါက်မိသည့် အချိန်၌ သင်သည် စတင်၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ၊ ယင်းကို အသိအမှတ်ပြုမိ၏။ ယင်း၏ အကြောင်းရင်းများကိုလည်း စူးစူးစိုက်စိုက် ရှာဖွေဖော်ထုတ်၏။ ထို့နောက် မိမိတွင် ထိုသို့သော စိတ်သဘောထားတစ်ခု အမှန်ပင် ရှိကြောင်း သင်သည် မြင်လာလိမ့်မည်။ ထိုအခါ သင်သည် မည်သည့်အရာကို ဆက်လုပ်သင့်သနည်း။ ထို စိတ်သဘောထားမျိုးနှင့် အလားတူသော သင်၏ကိုယ်ပိုင် ပြောပုံဆိုပုံများအတွင်းမှ သင်၏ ရည်ရွယ်ချက်များကို ထပ်တလဲလဲ ဆန်းစစ်ရမည်။ ဤထပ်ကာထပ်ကာ ရှာဖွေဖော်ထုတ်ခြင်းမှတစ်ဆင့် သင့်ထံ၌ ဤ စိတ်သဘောထားမျိုးနှင့် အနှစ်သာရမျိုး အမှန်တကယ် ရှိကြောင်းကို ပို၍ပို၍ စစ်မှန်စွာ တိကျစွာ သင် ဖော်ထုတ်မိလိမ့်မည်။ သင်သည် သင့်ထံတွင် ဆိုးညစ်သော စိတ်သဘောထားတစ်ခု တကယ်ပင် ရှိကြောင်းကို အမှန်အတိုင်း ဝန်ခံသည့်နေ့မှသာ၊ သင့်ထံ၌ ယင်းစိတ်သဘောထားအပေါ် အမုန်းတရားနှင့် အလွန်စက်ဆုပ်ခြင်းတို့ စတင် ဖြစ်ပေါ်လိမ့်မည်။ လူတစ်ယောက်က မိမိမှာ လူကောင်းတစ်ယောက် ဖြစ်သည်၊ အပြုအမူအနေအထိုင် တည်ကြည်သည်၊ တရားမျှတစိတ် ရှိသည်၊ ကိုယ်ကျင့်သိက္ခာ တည်ကြည်မှုရှိသူ ဖြစ်သည်၊ ဟန်ဆောင်မှုကင်းသော လူတစ်ဦး ဖြစ်သည်ဟု ထင်မြင်နေရာမှ၊ မိမိထံတွင် မာနထောင်လွှားမှု၊ နှလုံးခိုင်မာခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ဆိုးညစ်မှုနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းကဲ့သို့သော သဘာဝ အနှစ်သာရများအား ပိုင်ဆိုင်ကြောင်းကို အသိအမှတ်ပြုခြင်း ဖြစ်ပေမည်။ ထိုအချိန်၌ ထိုသူသည် မိမိကိုယ်မိမိ မှန်မှန်ကန်ကန် အကဲဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။ မိမိသည် အမှန်တကယ်တွင် မည်သို့သောလူသာ ဖြစ်သည် ဆိုသည်ကိုလည်း သိလာလိမ့်မည်။ သင့်ထံတွင် ဤ သရုပ်သကန်များနှင့် အခြေအနေများ ရှိကြောင်း နှုတ်အားဖြင့် ဝန်ခံခြင်း သို့မဟုတ် သာမန်ကာလျှံကာ အသိအမှတ်ပြုခြင်းမျှဖြင့် အမုန်းတရား အစစ်အမှန်ကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရမှာ စာတန်၏ ရွံရှာဖွယ်အပြုအမူ ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းအားဖြင့်သာ လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် မုန်းတီးနိုင်လေသည်။ မိမိကိုယ်ကို မုန်းတီးခြင်း ဖြစ်သည်အထိ မိမိကိုယ်မိမိ အမှန်တကယ် သိရန်အတွက် မည်သည့် လူ့သဘာဝမျိုးကို လိုအပ်သနည်း။ လူတစ်ယောက်သည် အပြုသဘောဆောင်သော အရာများကို ချစ်ရမည်၊ သမ္မာတရားကို ချစ်ရမည်၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်ရမည်၊ အသိစိတ်နှင့် အသိတရား ရှိရမည်၊ သနားကြင်နာစိတ် ရှိရမည်၊ သမ္မာတရားကို လက်ခံနိုင်ပြီး၊ လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤသို့သော လူများအားလုံးသည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်ကြပြီး၊ မုန်းတီးနိုင်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

နောက်ဆုံးတွင် ကျွန်ုပ်၏ ဉာဏ်နီဉာဏ်နက်ကို မြင်ရခြင်း

ကယ်တင်ခံရဖို့ သင်ရိုးသားလာရမည်

အရှေ့သို့- ၂၈။ ရက်စက်ကြမ်းတမ်းသော စိတ်သဘောထားကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၃၀။ ဘုရားသခင်အား ပုန်ကန်ပြီး အာခံသည့် လူတို့၏ ပြဿနာကို ဖြေရှင်းနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။