၈။ စာတန်၏ အတွေးအခေါ်များနှင့် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ပိုင်းခြားသိမြင်နည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရားဖြစ်ပြီး သူသည် သမ္မာတရား အားလုံးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ အရင်းအမြစ် ဖြစ်သည်။ အပြုသဘောဆောင်သော အရာတိုင်းနှင့် သမ္မာတရားတိုင်းသည် ဘုရားသခင်ထံမှ လာသည်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့၏ မှန်ခြင်း မှားခြင်းအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဖြစ်ပျက်ပြီးသည့် အရာများ၊ ယခုဖြစ်ပျက်နေသည့် အရာများနှင့် လူသား မသိသေးသည့် အနာဂတ်အရာများအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၏ မှန်ခြင်းမှားခြင်းအပေါ် စီရင်ချက်ချနိုင်သည့် တစ်ပါးတည်းသော တရားသူကြီး ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၏ မှန်ခြင်း မှားခြင်းကို ဘုရားသခင်သာလျှင် စီရင်နိုင်သည်။ ခပ်သိမ်းသောအရာတို့အတွက် စံသတ်မှတ်ချက်များကို သူသိသည်။ သူသည် သမ္မာတရားများကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ လူသားသည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရလျှင်ပင် ၎င်းတို့သည် သမ္မာတရား၏ပြယုဂ်နှင့် သက်ဆိုင်သေးသလော။ မသက်ဆိုင်ပေ။ ဤသည်မှာ သေချာသည်။ လူသားသည် စုံလင်စေခြင်းခံရသောအခါ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားအပေါ် ဘုရားသခင် သတ်မှတ်သည့် အမျိုးမျိုးသော စံနှုန်းများနှင့်ပတ်သက်ပြီး ၎င်းတို့သည် တိကျသော အကဲဖြတ်မှုနှင့် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများရလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အပြည့်အဝ နားလည်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည့်အရာနှင့် လူသားဆီမှ လာသည့်အရာကြား၊ မှန်ကန်သည့်အရာနှင့် မှားယွင်းသည့်အရာကြား ခွဲခြားနိုင်သည်။ သို့တိုင်အောင် လူသားအတွက် မရယူနိုင်သော၊ မရှင်းလင်းသောအရာအချို့ ကျန်ရှိနေသည်။ ဘုရားသခင်က ၎င်းတို့ကို ပြောပြပြီးသည့်နောက်တွင်မှ သိနိုင်သောအရာများ ဖြစ်သည်။ မသိရှိရသေးသောအရာများ၊ ဘုရားသခင်က ၎င်းတို့ကို မပြောပြရသေးသောအရာများကို လူသားက သိနိုင်သလော၊ သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်သလော။ လုံးဝ မသိနိုင်၊ မခန့်မှန်းနိုင်ပေ။ ထို့အပြင် လူသားသည် ဘုရားသခင်ထံမှ သမ္မာတရားကိုရကာ သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်ပြီး သမ္မာတရားများစွာ၏ အနှစ်သာရကို သိရှိကာ၊ အမှန်နှင့်အမှားကိုလည်း ပိုင်းခြားသိမြင်နိုင်စွမ်းရှိပါက၊ ၎င်းတို့သည် အရာခပ်သိမ်းကို ထိန်းချုပ်ကာ အုပ်စိုးနိုင်သော အစွမ်းရှိမည်လော။ ၎င်းတို့တွင် ဤသို့လုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ယင်းသည် ဘုရားသခင်နှင့် လူသားကြား ခြားနားချက် ဖြစ်သည်။ ဖန်ဆင်းခံများသည် သမ္မာတရားကို သမ္မာတရား၏ ရင်းမြစ်မှသာလျှင် အမြဲရရှိနိုင်သည်။ သမ္မာတရားကို လူသားထံမှ ၎င်းတို့ ရနိုင်သလော။ လူသည် သမ္မာတရားဖြစ်သလော။ လူသည် သမ္မာတရားကို ပေးနိုင်သလော။ မပေးနိုင်ပေ၊ ကွာခြားချက်က ဤနေရာတွင် တည်ရှိသည်။ သင်သည် သမ္မာတရားကို ရရှိရုံရရှိနိုင်သည်၊ မပံ့ပိုးပေးနိုင်ပေ။ သင်သည် သမ္မာတရားကို ပိုင်ဆိုင်သောသူဟု ခေါ်ဆိုနိုင်သလော။ သင့်ကို သမ္မာတရား၏ပြယုဂ်ဟု ခေါ်ဆိုနိုင် သလော။ လုံးဝ မခေါ်ဆိုနိုင်ပေ။ သမ္မာတရား ပြယုဂ်၏ အနှစ်သာရဆိုသည်မှာ ဘယ်အရာ အတိအကျဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကိုပံ့ပိုးသော ရင်းမြစ်၊ ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာ၏ ရင်းမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးကို အကဲဖြတ်သော တစ်ခုတည်းသော သတ်မှတ်ချက်နှင့် စံနှုန်းလည်းဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ပြယုဂ်ပေတည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)
ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင် ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်က ပေါင်းရုံးဖော်ပြထားသော လူတို့ယုံကြည်သည့် အမျိုးမျိုးသော အပြုသဘောဆောင်သည့် အရာများနှင့် စကားများအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်က အမှီပြုဖြစ်တည်သည့် တစ်ခုတည်းသော အခြေခံအုတ်မြစ်နှင့် ဥပဒေသများဖြစ်သည်။ လူသားထံမှ ဖြစ်ပေါ်သော ယုံကြည်မှုဟုဆိုသောအရာများသည် မှားယွင်းကာ အဓိပ္ပာယ်မရှိဘဲ ဘုရားသခင်က ရှုတ်ချသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရ ရှိသည့်အတွက် ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ စစ်မှန်မှု ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အနက်ဖွင့်ဆိုပါစေ၊ အဓိပ္ပာယ်သတ်မှတ်ပါစေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် နားလည်ပါစေ ဘုရားနှုတ်ကပတ်တော်များသည် အစဉ်ထာဝရ သမ္မာတရား ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ မည်သည့်အခါမျှ မပြောင်းလဲသည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ ဤဖောက်ပြန်ပျက်စီးကာ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်မျှပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ပါစေ ထာဝရမပြောင်းလဲသည့် အချက်တစ်ခုက ကျန်ရှိနေသည်။ ဘုရားနှုတ်ကပတ်တော်များသည် အစဉ် သမ္မာတရားဖြစ်လိမ့်မည်ဖြစ်ပြီး လူသားက ဤအရာကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ အထင်ကြီးခံရသော ရိုးရာယဉ်ကျေးမှုနှင့် သိပ္ပံအသိပညာတို့သည် မည်သည့်အခါမျှ အပြုသဘောဆောင်သော အရာများ ဖြစ်မလာနိုင်သည်ကိုလည်းကောင်း၊ ထိုအရာများသည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်မလာနိုင်သည်ကိုလည်းကောင်း လူသားက ဝန်ခံရမည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ရှင်သန်ခြင်းနည်းဗျူဟာတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရားဖြစ်သည်။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤနေရာ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် ပေါင်းရုံးဖော်ပြပြီးဖြစ်သည့် ဤကြားနေကျဆိုရိုးများက စာတန်ထံမှလည်းကောင်း၊ လူတို့၏ စိတ်ကူးများနှင့် အယူအဆများမှလည်းကောင်း အရင်းခံဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့မဟုတ် ယင်းတို့သည် လူသား၏ တဇောက်ကန်းဖြစ်ခြင်းနှင့် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ပေါ်ပေါက်လာပြီး အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ စည်းမျဉ်းများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့အပေါ် အချုပ်အခြာအာဏာရှိသည်။ ၎င်းတို့ကို သူ၏လက်တွင် ဆုပ်ကိုင်ထားသည်။ ထို့ကြောင့် ဘုရားသခင်သည်သာ အရာအားလုံး၏ စည်းကမ်းများ၊ အဖြစ်မှန်များ၊ အချက်အလက်များနှင့် နက်နဲမှုများကို သိသည်။ ဘုရားသခင်သည် အရာအားလုံး၏ မူလအရင်းအမြစ်ကို သိသည်။ ပြီးလျှင် အရာအားလုံး၏ အရင်းအမြစ်က အတိအကျ မည်သည့်အရာဖြစ်သည်ကို ဘုရားသခင်သိသည်။ အရာခပ်သိမ်းအတွက် ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် အဓိပ္ပာယ်သတ်မှတ်ချက်များသည်သာ အတိကျဆုံးဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များသည်သာ လူသားများ၏ အသက်တာအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်ကာ လူသားများက အသက်ရှင်နိုင်သည့် သမ္မာတရားများနှင့် စံသတ်မှတ်ချက်ဖြစ်သည်။ လူက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကတည်းက အသက်ရှင်ရန် မှီခိုအားထားပြီးဖြစ်သည့် စာတန်ဆန်သော ဥပဒေသများနှင့် သဘောတရားများမှာမူ အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်နှင့်လည်းကောင်း၊ သူသည် အရာခပ်သိမ်း၏ ဥပဒေသများ၊ စည်းမျဉ်းများအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသည့် အချက်နှင့်လည်းကောင်း တစ်ချိန်တည်းတွင်ပင် ဆန့်ကျင်ပေသည်။ လူ၏ စာတန်ဆန်သည့် သဘောတရားများအားလုံးသည် လူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စာတန်ထံမှ ဖြစ်ကြသည်။ စာတန်သည် မည်သည့် အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်သနည်း။ ပထမဆုံးအနေဖြင့် ၎င်းက မိမိကိုယ်ကို သမ္မာတရားအဖြစ် တင်ပြသည်။ ဆက်လက်၍ ၎င်းက ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်း၏ ဥပဒေသများနှင့် စည်းမျဉ်းများအားလုံးကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးပြီး နင်းချေလေသည်။ ထို့ကြောင့် စာတန်ထံမှ လာသည့်အရာသည် စာတန်၏ အနှစ်သာရနှင့် အလွန်ကောင်းစွာ ကိုက်ညီပြီး စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော ရည်ရွယ်ချက်၊ အတုအယောင်နှင့် ဟန်ဆောင်မှုတို့ဖြင့်လည်းကောင်း၊ စာတန်၏ အစဉ်မပြောင်းလဲသော ရည်မှန်းချက်နှင့်လည်းကောင်း ပြည့်နှက်နေသည်။ စာတန်ထံမှလာသည့် ဤအတွေးအခေါ်များနှင့် သဘောတရားများကို ဖောက်ပြန်ပျက်စီးသော လူသားများက ပိုင်းခြားသိမြင်နိုင်သည်ဖြစ်စေ၊ မသိမြင်နိုင်သည်ဖြစ်စေ၊ လူမည်မျှက ဤအရာများကို အမွှမ်းတင်၊ အားပေးပြီး လိုက်လျှောက်သည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းတိုနှင့်ပတ်သက်၍ နှစ်ပေါင်း၊ ခေတ်ကာလပေါင်းမည်မျှ လေးစားကြည်ညို၊ ကိုးကွယ်ကာ ဟောပြောခဲ့ကြသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းတို့၏ အနှစ်သာရ၊ ဇာစ်မြစ်နှင့် ရင်းမြစ်သည် ဘုရားသခင်ကို ရန်လိုကာ သမ္မာတရားကို ရန်လိုသည့် စာတန်ဖြစ်သောကြောင့် ဤအရာများသည် မည်သည့်အခါတွင်မျှ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်။ ယင်းတို့သည် အမြဲပင် အပျက်သဘောဆောင်သောအရာများ ဖြစ်လိမ့်မည်။ နှိုင်းယှဉ်စရာ သမ္မာတရား မရှိသည့်အခါ ယင်းတို့သည် ကောင်းမွန်ပြီး အပြုသဘောဆောင်သောအရာများအဖြစ် အထင်မှားခံရနိုင်သော်လည်း ယင်းတို့ကို ဖော်ထုတ်ကာ စိစစ်ရန် သမ္မာတရားကို အသုံးပြုသည့်အခါ ယင်းတို့သည် အမှားမကင်းပေ။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို မခံနိုင်သကဲ့သို့ အလျင်အမြန် ပြစ်တင်ရှုတ်ချကာ ငြင်းပယ်ခြင်းခံရသည့် အရာများ ဖြစ်ကြသည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော လိုအပ်ချက်များနှင့် တိတိကျကျ တစ်ထပ်တည်းကျပြီး လူတို့ထဲသို့ စာတန်သွတ်သွင်းသည့် အရာများမှာမူ လူသားမျိုးနွယ်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော လိုအပ်ချက်များနှင့် တိကျစွာ ဆန့်ကျင်ပေသည်။ ယင်းတို့က ပုံမှန်လူတစ်ဦးကို မူမမှန်ဖြစ်လာစေပြီး အစွန်းရောက်လာစေသည်၊ သဘောထားကျဉ်းမြောင်းလာစေသည်၊ မာနထောင်လွှားလာစေသည်၊ မိုက်မဲလာစေသည်၊ ကောက်ကျစ်ဆိုးယုတ်လာစေသည်၊ စိတ်နှလုံးခိုင်မာလာစေသည်၊ ရက်စက်လာစေပြီး သည်းမခံနိုင်အောင်ပင် မာန်တက်လာစေသည်။ ထိုအရာက အလွန် ဆိုးရွားသွားသဖြင့် လူတို့က စိတ်ဖောက်ပြန်လာကာ ၎င်းတို့ မည်သူဖြစ်သည်ကိုပင် မသိကြသည့် အခြေအနေတစ်ခု ရှိသည်။ ၎င်းတို့သည် ပုံမှန် သို့မဟုတ် သာမန်လူများ မဖြစ်ချင်ကြဘဲ ထိုအစား မဟာလူသားများ၊ အထူးတန်ခိုးများရှိသည့် လူများ၊ သို့မဟုတ် အဆင့်မြင့် လူသားများဖြစ်ဖို့ မလျှော့တမ်း လုပ်ဆောင်ကြလေသည်။ ဤအရာများက လူတို့၏ လူ့သဘာဝကို ပုံပျက်စေပြီးဖြစ်ကာ ၎င်းတို့၏ ဗီဇကို ပုံပျက်စေပြီးဖြစ်သည်။ သမ္မာတရားက လူတို့အား ပုံမှန်လူ့သဘာဝ၏ စည်းမျဉ်းများနှင့် ဥပဒေသများအပြင် ဘုရားသခင် ထူထောင်ခဲ့သည့် ဤစည်းမျဉ်းများအတိုင်း ပိုမို၍ အလိုအလျောက် တည်ရှိနိုင်စေပြီး ဤကြားနေကျဆိုရိုးစကားများနှင့် အထင်အမြင်မှားစေသော ဆိုထုံးများဟု ခေါ်သည့်အရာများကမူ လူတို့အား ပုံမှန်လူ့သဘာဝလမ်းကြောင်းမှ သွေဖည်စေကာ ပုံမှန်လူတို့ မလုပ်ဆောင်သင့်၊ သို့မဟုတ် မတွေးသင့်သည့် အချို့သော အစွန်းရောက်သည့် အရာများကို လုပ်ဆောင်စေသည့် အဆင့်ထိတိုင်အောင်ပင် လူတို့ကို လူသားဗီဇအား အတိအကျ ဆန့်ကျင်စေကာ ဘုရားသခင် စီမံထားပြီး ဖန်တီးသည့် နည်းဥပဒေသများကို အတိအကျ ရှောင်လွှဲစေလေသည်။ ဤစာတန်ဆန်သော ဥပဒေသများက လူတို့၏ လူ့သဘာဝကို ပုံပျက်စေရုံမက လူတို့အား ၎င်းတို့၏ ပုံမှန် လူ့သဘာဝနှင့် ပုံမှန် လူ့သဘာဝ ဗီဇတို့ကိုလည်း ဆုံးရှုံးစေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)
လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင် လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏ နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင်၏ တည်ရှိမှုနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံ၊ လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက် ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့် အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို မည်သည့် လူမှုသဘောတရားကမျှ အနှစ်မဲ့ခြင်း ပြဿနာများမှ လွတ်မြောက်အောင် မလုပ်ပေးနိုင်သည့်အတွက် လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပျော်ရွှင်မှု၊ ကိုယ်စိတ်ချမ်းသာမှုတို့သည် လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင် လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းက လူသား၏ စူးစမ်းလေ့လာရန် တောင့်တမှုနှင့် လိုအင်ဆန္ဒတို့ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ကာ လူကို စဉ်ဆက်မပြတ် ကြောင့်ကြနေရသည့် အခြေအနေတစ်ခုတွင် ရောက်စေလိမ့်မည်ဖြစ်သောကြောင့်တည်း။ လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ မသိသည်မှာ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်အထိပင် ဖြစ်လေတော့သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် လိုအင်ဆန္ဒမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး ဘုရားသခင်၏ အဆင့်အတန်းနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ် လိုအပ်သည့်အရာမှာ အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် လိုအင်ဆန္ဒနှင့် ၎င်းတို့စိတ်နှလုံး၏ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် ကျရှုံးခြင်းဆီသို့၊ အမှောင်ထုဆီသို့ ရွှေ့သွားမည် ဖြစ်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ အမြစ်ဖြတ်ချေမှုန်းခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်
ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ မပြောမဆို တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကို ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။...
ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို၁ ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)
အောက်ခြေမှတ်စု(များ)-
၁။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။
က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။
သင်၏ လက်ရှိ အသိပညာအဆင့်မည်မျှ ရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ဘွဲ့များနှင့် ပညာ အရည်အချင်းတို့က မည်မျှ အဆင့်မြင့်သည်ဖြစ်စေ၊ အသိပညာအပေါ် လူသားမျိုးနွယ်၏ အမြင်များနှင့် အသိပညာအပေါ် ငါ၏ အမြင်တို့နှင့်ပတ်သက်၍ ယခု ငါ ပြောနေခြင်း ဖြစ်သည်။ အသိပညာနှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့်အရာ စဉ်းစားသည်ကို သင်တို့ သိကြသလော။ ဘုရားသခင်သည် လူကို အလွန် ခေတ်နောက်ကျ၊ မသိနားမလည်ဖြစ်ပြီး သဘောမပေါက်နိုင်သောသူ မဖြစ်စေချင်သည်နှင့်အမျှ၊ တိုးတက်သည့် သိပ္ပံပညာကို လူသားမျိုးနွယ်အတွက် ဆန္ဒရှိပြီး၊ သိပ္ပံဆိုင်ရာ အသိပညာကို ၎င်းတို့အား ပိုမိုနားလည်စေချင်သည်ဟု တစ်စုံတစ်ဦးက ပြောကောင်းပြောပေမည်။ ဤသည်မှာ မှန်ကန်သော်လည်း ဘုရားသခင်သည် အစေခံမှုကို လုပ်ဆောင်ရန် ဤအရာများကို အသုံးပြုပြီး ယင်းတို့ကို အသိအမှတ်ပြုခြင်းမရှိပေ။ ဤအရာများက လူ၏ အမြင်တွင် မည်မျှ နှစ်သက်ဖွယ်ဖြစ်သော်လည်း၊ သမ္မာတရား မဟုတ်သကဲ့သို့ သမ္မာတရားအတွက် အစားထိုးတစ်ခုလည်း မဟုတ်ပေ။ ထို့ကြောင့် လူများနှင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြလေသည်။ ဘုရားနှုတ်ကပတ်တော်များက ကွန်ဖြူးရှပ်အယူဝါဒ သို့မဟုတ် လူမှုသိပ္ပံများကဲ့သို့သော အသိပညာကို မြင်သည့်အမြင်များ သို့မဟုတ် ကြည့်သည့်နည်းလမ်းများကို ရံဖန်ရံခါ ထည့်သွင်းစဉ်းစားနိုင်သော်လည်း၊ ထိုအရာများသည် ထိုသို့သော အမြင်များကို ကိုယ်စားပြုခြင်းသာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ သွယ်ဝိုက်အဓိပ္ပာယ်ကို ကြည့်သည့်အခါ၊ သူသည် လူသား အသိပညာကို အလွန်မုန်းတီးကြောင်း ငါတို့ မြင်သင့်သည်။ လူသား အသိပညာတွင် အခြေခံ စာကြောင်းများနှင့် ရိုးရှင်းသည့် အယူဝါဒများ ပါရှိသည်သာမက၊ အချို့သော အတွေးများနှင့် အမြင်များအပြင်၊ လူသား၏ အဓိပ္ပာယ်မရှိမှု၊ အစွဲအလမ်းများနှင့် စာတန်ဆန်သော အဆိပ်များလည်း ပါရှိသည်။ အချို့သော အသိပညာသည် လူကိုပင် အထင်အမြင်မှားစေကာ ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ထိုအရာသည် စာတန်၏ အဆိပ်နှင့် အကျိတ်ဖြစ်ပြီး၊ တစ်စုံတစ်ဦးက ဤအသိပညာကို လက်ခံကာ နားလည်သည်နှင့်တစ်ပြိုင်နက်၊ စာတန်၏ အဆိပ်သည် သူ၏ စိတ်နှလုံးတွင် အကျိတ်တစ်ခုအဖြစ်သို့ ကြီးထွားလိမ့်မည်။ ဤအကျိတ်သည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်ကာ သူသည် ဘုရားနှုတ်ကပတ်တော်များဖြင့် အနာငြိမ်းခြင်းမခံစားရဘဲ သမ္မာတရားဖြင့် ကုသခြင်းမခံရလျှင် အကျိုးဆက်အနေဖြင့် သေခြင်းကို မလွဲမသွေ ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ လူတို့က အသိပညာကို ပိုမိုရရှိလေ၊ ပိုမို သဘောပေါက်လေ၊ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ ယုံကြည်ဖို့ အလားအလာ သာ၍ နည်းပါးလေဖြစ်သည်။ ထိုအစား၊ အသိပညာသည် ၎င်းတို့ မြင်နိုင်၊ တို့ထိနိုင်သည့်အရာတစ်ခုဖြစ်ပြီး၊ ၎င်းတို့၏ ဘဝများရှိ အမှုအရာများဖြင့် အများအားဖြင့် ဆက်စပ်သည်နှင့်အမျှ ဘုရားသခင်ကို အမှန်တကယ် ငြင်းပယ်ကာ အတိုက်အခံလုပ်ကြလိမ့်မည်ဖြစ်သည်။ လူတို့သည် ကျောင်းတွင် အသိပညာများစွာကို လေ့လာသင်ယူကာ ရရှိနိုင်သော်လည်း၊ အသိပညာ၏ အရင်းအမြစ်နှင့် ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိုအသိပညာ၏ ဆက်စပ်မှုကို မမြင်နိုင်ကြပေ။ ဘုရားမဲ့ဝါဒ၏ အယူမှားများနှင့်လည်းကောင်း၊ အတွေးမှားများနှင့်လည်းကောင်း သက်ဆိုင်သည့် အထူးသဖြင့် အတွေးအခေါ်ဆိုင်ရာ ရုပ်ဝါဒနှင့် ဆင့်ကဲဖြစ်စဉ်တို့နှင့်အတူ လူတို့ သင်ယူကာ သဘောပေါက်ကြသည့် အသိပညာအများစုက ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ဆန့်ကျင်လေသည်။ ထိုအရာတို့သည် ဧကန်အမှန် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် များပြားလှသောအတွေးမှားများ ဖြစ်သည်။ သမိုင်းစာအုပ်များ၊ နာမည်ကြီး စာရေးဆရာများ၏ လက်ရာများ၊ သို့မဟုတ် ကြီးမြတ်သောလူတို့၏ အတ္ထုပတ္တိများကို ဖတ်ရှုလျှင် သို့မဟုတ် အချို့သော သိပ္ပံဆိုင်ရာ သို့မဟုတ် နည်းပညာဆိုင်ရာ ကဏ္ဍများကို လေ့လာကောင်းလေ့လာမည်ဆိုလျှင်၊ မည်သည့်အရာကို သင် ရရှိလိမ့်မည်နည်း။ ဥပမာအားဖြင့်၊ ရူပဗေဒကို သင် လေ့လာလျှင် ရူပဗေဒဆိုင်ရာ စည်းမျဉ်းအချို့၊ နယူတန်သဘောတရား သို့မဟုတ် အခြား အယူဝါဒများကို သင် ကျွမ်းကျင်လိမ့်မည်ဖြစ်သော်လည်း၊ သင်ယူလေ့လာကာ နှလုံးသွင်းပြီးသည့်အခါ၊ ဤအရာများက သင်၏ စိတ်ကို လွှမ်းမိုးပြီး၊ သင်၏ တွေးခေါ်မှုကို စိုးမိုးလိမ့်မည် ဖြစ်သည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်များကို သင် လာဖတ်သည့်အခါ၊ သင်က၊ “ဘုရားသခင်က ကမ္ဘာ့ဆွဲအားကို အဘယ်သို့ဖြစ်ပြီး မဖော်ပြသနည်း။ ကမ္ဘာ့အပြင်ဘက် အာကာသ ဟင်းလင်းပြင်အကြောင်းကို အဘယ်ကြောင့် မဆွေးနွေးသနည်း။ လက လေထုရှိမရှိ သို့မဟုတ် ကမ္ဘာမြေပေါ်တွင် အောက်စီဂျင်မည်မျှရှိသည်ဆိုသည့်အကြောင်းကို ဘုရားသခင်က အဘယ်ကြောင့် မပြောသနည်း။ ဤအရာများသည် လူသားမျိုးနွယ်အတွက် သိရှိကာ ပြောပြရန် လိုအပ်သည့်အရာများ ဖြစ်သောကြောင့် ဘုရားသခင်က ချပြသင့်သည်”ဟု စဉ်းစားလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဤအတွေးမျိုး ထားရှိလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သာမညအဖြစ် သင် မှတ်ယူလိမ့်မည်။ ထိုအစား သင်၏ အသိပညာနှင့် သဘောတရားများအားလုံးကို ဦးစားပေးအဖြစ် သင် မြှင့်တင်မိလိမ့်မည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို သင် သဘောထားမည့်ပုံ ဖြစ်သည်။ မည်သို့ဆိုစေကာမူ၊ ဤအသိဉာဏ်နှင့်ဆိုင်သည့် အရာများသည် လူတို့အား မှားယွင်းသည့် စိတ်ကူးကို ပေးလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ ၎င်းတို့ကို လမ်းလွဲစေလိမ့်မည်။ သင်တို့ ယုံကြည်ခြင်း ရှိမရှိ၊ သို့မဟုတ် ယနေ့တွင် ထိုအရာကို သင်တို့ လက်ခံနိုင်ခြင်း ရှိမရှိက အရေးမကြီးပေ။ ဤအမှန်တရားကို သင် ဝန်ခံမည့်နေ့ရက် ရောက်လာလိမ့်မည်။ အသိပညာက လူတို့အား ပျက်စီးခြင်းဆီသို့၊ ငရဲဆီသို့ ဆိုက်ရောက်စေနိုင်ပုံကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ သင်တို့ထဲတွင် အလွန် ပညာတတ်ပြီး အလွန်နှံ့စပ်သည့်လူများ ရှိကြသောကြောင့် ဤအရာကို လက်ခံရန် လိုလားနေခြင်းမရှိနိုင်သည့် သူအချို့ ရှိသည်။ ငါသည် သင်တို့ကို သရော်နေခြင်း မဟုတ်၊ သို့မဟုတ် ထေ့ငေါ့နေခြင်း မဟုတ်။ အမှန်တရားကို ရိုးရှင်းစွာ ဖော်ပြနေခြင်း ဖြစ်သည်။ ဤနေရာနှင့် ယခုတွင် ထိုအရာကို လက်ခံရန် သင်တို့ကို ငါ တောင်းဆိုနေခြင်းမဟုတ်ဘဲ၊ ဤသွင်ပြင်လက္ခဏာအပေါ် တဖြည်းဖြည်း သိနားလည်လာရန် တောင်းဆိုနေခြင်း ဖြစ်သည်။ အသိပညာက သင့်အား ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းကို စိစစ်ကာ ကိုင်တွယ်ဖြေရှင်းရန် သင်၏ စိတ်နှင့် အသိဉာဏ်ကို အသုံးပြုစေသည်။ ထိုအသိပညာသည် ဘုရားသခင်ကို သင် သိကျွမ်းကာ သူ၏ အမှုတော်ကို တွေ့ကြုံခြင်းအတွက် အဟန့်အတားနှင့် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ သင့်ကို ဘုရားသခင်ထံမှ လမ်းလွဲကာ အတိုက်အခံလုပ်စေလိမ့်မည်။ သို့ရာတွင် ယခု သင်၌ အသိပညာရှိသောကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သနည်း။ လက်တွေ့ကျသည့် အသိပညာနှင့် စာတန်ထံမှလာပြီး၊ အယူမှားနှင့်လည်းကောင်း အတွေးမှားနှင့်လည်းကောင်း သက်ဆိုင်သည့် အသိပညာတို့ကြား သင် ခွဲခြားသိမြင်ရမည်။ သင်သည် ဘုရားမဲ့ဝါဒနှင့်ဆိုင်သည့်၊ အဓိပ္ပာယ်မဲ့သော အသိပညာကိုသာ လက်ခံလျှင်၊ ထိုအရာက ဘုရားသခင်ကို သင်၏ ယုံကြည်မှုအား တားဆီးနိုင်သည်၊ သူနှင့် သင်၏ ပုံမှန် ဆက်ဆံရေးနှင့် သင်၏ သမ္မာတရားလက်ခံမှုတို့ကို နှောင့်ယှက်ကာ သင်၏ အသက်ဝင်ရောက်မှုကို ပိတ်ဆို့နိုင်သည်။ သင်သည် ဤအရာကို သိရှိရန် လိုအပ်ပြီး ထိုသိုသိရှိခြင်းသည်လည်း မှန်ကန်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း
အသိပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာတို့ဖြစ်သည့် ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားမဟုတ်။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ဤအရာများသည် သမ္မာတရားကိုပင် ဆန့်ကျင်ပြီး ဘုရားသခင်က ရှုတ်ချသည်။ ဥပမာ အသိပညာကို ကြည့်လော့။ သမိုင်းသည် အသိပညာပုံစံတစ်ခုအဖြစ် အကျုံးဝင်သလော။ (ဝင်ပါသည်။) လူသားသမိုင်းနှင့်ပတ်သက်သည့် အသိပညာနှင့် သမိုင်းစာအုပ်များ၊ အချို့သောနိုင်ငံများ၊ သို့မဟုတ် လူမျိုးစုများ၏ သမိုင်း၊ ခေတ်ပေါ်သမိုင်း၊ ရှေးဟောင်းသမိုင်း၊ သို့မဟုတ် အချို့သော တရားဝင်မဟုတ်သည့် သမိုင်းများပင် မည်သို့ ဖြစ်ပေါ်လာသနည်း။ (လူတို့က ရေးခဲ့ခြင်း ဖြစ်သည်။) ဤသို့ဆိုလျှင် လူတို့ရေးသော အရာများသည် စစ်မှန်သောသမိုင်းနှင့် ကိုက်ညီသလော။ လူတို့၏ အယူအဆများနှင့် အမြင်များသည် စည်းမျဉ်းများ၊ နည်းလမ်းများ၊ ဘုရားလုပ်ဆောင်မှုများ၏ နည်းစနစ်များနှင့် ကွဲလွဲနေသည်မဟုတ်လော။ လူကပြောသော ဤစကားများသည် စစ်မှန်သော သမိုင်းနှင့် ဆက်စပ်နေသလော။ (မဆက်စပ်ပါ။) ဆက်စပ်မှုမရှိ။ ထို့ကြောင့် သမိုင်းစာအုပ်များတွင် ပါဝင်သော မှတ်တမ်းများက မည်မျှတိကျမှန်ကန်သည်ဖြစ်စေ ယင်းတို့သည် အသိပညာသာ ဖြစ်သည်။ ဤသမိုင်းပညာရှင်များက မည်မျှစကားပြောကောင်းပါစေ၊ ဤသမိုင်းများကို မည်မျှယုတ္တိရှိစွာနှင့် ရှင်းလင်းစွာ ဇာတ်ကြောင်းပြောပြသည်ဖြစ်စေ ၎င်းတို့ကို နားထောင်ပြီးသည့်နောက်တွင် သင်သည် မည်သို့ကောက်ချက်ချမည်နည်း။ (ထိုဖြစ်ရပ်များကို ကျွန်ုပ်တို့ သိလိမ့်မည်။) ဟုတ်သည်။ ထိုဖြစ်ရပ်များကို သင်သိလိမ့်မည်။ သို့သော် ၎င်းတို့က ထိုဖြစ်ရပ်များအကြောင်းကို သင့်ကို အသိပေးရန် ရည်ရွယ်ချက်ဖြင့်သာ ဤသမိုင်းများကို ဇာတ်ကြောင်းပြောပြနေခြင်း ဖြစ်သလော။ ၎င်းတို့သည် သင့်ကို အယူဝါဒသွတ်သွင်းလိုသည့် စိတ်ကူးတစ်ခုရှိသည်။ ၎င်းတို့ အယူဝါဒသွတ်သွင်းမှု၏ ဗဟိုချက်မှာ အဘယ်နည်း။ ယင်းသည် ငါတို့ ခွဲခြမ်းစိတ်ဖြာပြီး စိစစ်ဖို့လိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် လူတို့အား မည်သည့်အရာကို အယူဝါဒသွတ်သွင်းလိုသည်ဆိုသည်ကို သင်တို့နားလည်ကောင်း နားလည်နိုင်ရန်အတွက် ဥပမာတစ်ခုကို ငါပေးမည်။ ရှေးကာလမှ လက်ရှိအချိန်အထိ သမိုင်းကို ပြန်လည်ဆန်းစစ်ပြီးနောက်တွင် လူတို့သည် အဆုံးတွင် ဆိုရိုးစကားတစ်ခုကို အကြံထုတ်လာခဲ့ကြသည်။ ၎င်းတို့သည် လူသားသမိုင်းမှနေ၍ အချက်အလက်တစ်ခုကို ုသတိပြုမိခဲ့သည်။ ယင်းမှာ “နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အသိပညာဖြစ်သလော။ (ဟုတ်ပါသည်။) ဤအသိပညာသည် သမိုင်းအချက်အလက်များမှ လာသည်။ ဤဆိုရိုးစကားသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲသည့် နည်းလမ်းများ၊ နည်းစနစ်များနှင့် သက်ဆိုင်ခြင်း တစ်ခုတလေရှိသလော။ (မရှိပါ။) အမှန်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။ ယင်းတို့နှင့် ကွဲလွဲပြီး ဆန့်ကျင်သည်။ ထို့ကြောင့် သင်သည် ဤဆိုရိုးစကားဖြင့် အယူဝါဒသွတ်သွင်းခြင်းခံရပြီး ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို သင်နားမလည်လျှင် သို့မဟုတ် သင်က ဘာသာတရားမရှိသူတစ်ဦး ဖြစ်လျှင် ယင်းကိုကြားပြီးနောက် မည်သည့်အရာကို သင်တွေးနိုင်သနည်း။ ဤဆိုရိုးစကားကို သင်မည်သို့ သဘောပေါက်မိမည်နည်း။ ရှေးဦးစွာ ဤသမိုင်းပညာရှင်များ၊ သို့မဟုတ် သမိုင်းစာအုပ်များသည် ဆိုရိုးစကား၏ တိကျမှန်ကန်မှုကို သက်သေပြရန်အတွက် လုံလောက်သော အထောက်အထားနှင့် သမိုင်းဖြစ်ရပ်များကို အသုံးပြုလျက် ဤအမျိုးအစားဖြစ်သော ဖြစ်ရပ်အားလုံးကို စာရင်းပြုစုသည်။ အစတွင် သင်သည် စာအုပ်တစ်အုပ်ထံမှ ဤဆိုရိုးစကားကို သင်ယူမိခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုဆိုရိုးစကားကိုယ်၌ကိုသာ သိကောင်းသိနိုင်သည်။ ဤဖြစ်ရပ်များကို သင်သတိမပြုမိမချင်း ယင်းကို အဆင့်တစ်ဆင့်သာ သို့မဟုတ် အတိုင်းအတာတစ်ခုအထိသာ နားလည်ကောင်းနားလည်နိုင်သည်။ သို့သော် ဤသမိုင်းဆိုင်ရာ အချက်အလက်များကို ကြားလိုက်သည်နှင့် ဆိုရိုးစကားအပေါ် သင်၏ နားလည်သဘောပေါက်ခြင်းနှင့် အသိအမှတ်ပြုခြင်းက ပို၍လေးနက်လိမ့်မည်။ သင်က “အချို့သောအရာများသည် ဤသို့မဟုတ်” ဟု လုံးဝ ပြောမည်မဟုတ်။ ဤအစား သင်က “ယင်းမှာ ပကတိအခြေအနေဖြစ်သည်။ ရှေးကာလမှ ယခုအချိန်အထိ သမိုင်းကို ကြည့်လျှင် လူသားမျိုးနွယ်သည် ဤနည်းအားဖြင့် ဖွံ့ဖြိုးလာသည်။ နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ” ဟု ဆိုလိမ့်မည်။ သင်သည် ဤအမှုကိစ္စကို ဤသို့ သဘောပေါက်မိသောအခါ သင်၏ ကျင့်ကြုံပြုမူမှု၊ အသက်မွေးအလုပ်၊ သင်၏ နေ့စဉ်အသက်တာအပြင် သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများတို့အပေါ်ကိုပါ မည်သည့်အမြင်များနှင့် သဘောထားများကို သင်ထားရှိမည်နည်း။ ဤသို့သော သိမြင်နားလည်မှုက သင့်သဘောထားကို ပြောင်းလဲမည်လော။ (ပြောင်းလဲပါမည်။) အခြားအရာများထက်ပင်ပို၍ ပြောင်းလဲလိမ့်မည်။ ဤသို့ဆိုလျှင် ယင်းသည် သင့်သဘောထားကို မည်သို့ပြောင်းလဲမည်နည်း။ သင်၏ အသက်တာနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် သင်၏နည်းလမ်းများကို လမ်းညွှန်ပြီး ပြောင်းလဲမည်လော။ သင်သည် ယခင်က “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဆိုသည်နှင့် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်” ဆိုသည်ကို ယုံကြည်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုတွင် သင်က “‘နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ’ ဟူသည့်အတွက် ကျွန်ုပ်သည် အရာရှိတစ်ဦးဖြစ်လိုလျှင် ဤသူကို အသေအချာ စဉ်းစားသုံးသပ်ရမည်။ သူသည် ကျွန်ုပ်ဘက်တွင် မရှိသောကြောင့် ရာထူးတိုးခြင်းခံရဖို့ ထိုက်တန်လျှင်ပင် သူ့ကို ရာထူးတိုးပေး၍မဖြစ်” ဟု တွေးလိမ့်မည်။ အမှုအရာများကို ဤသို့ စဉ်းစားသည်နှင့်အမျှ သင့်သဘောထားက ပြောင်းလဲလိမ့်မည်။ လျင်မြန်စွာ ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှုက မည်သို့ ဖြစ်ပေါ်မည်နည်း။ “နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ” ဟူသည့် အယူအဆနှင့် အမြင်ကို သင်လက်ခံခဲ့သောကြောင့် ဖြစ်လိမ့်မည်။ အချက်အလက်များစွာကို ကြားခြင်းသည် သင့်အတွက် တကယ့်လူသားဘဝရှိ ဤအမြင်၏ မှန်ကန်မှုကို ဆက်၍သာ အတည်ပြုလိမ့်မည်။ သင်၏ အနာဂတ်ဘဝနှင့် ်အလားအလာများကို လိုက်စားရန် သင်၏ ကိုယ်ပိုင်လုပ်ရပ်များနှင့် ကျင့်ကြံပြုမှုအပေါ် ဤအမြင်ကို အသုံးချသင့်သည်ဟု သင်လေးနက်စွာ ယုံကြည်လိမ့်မည်။ ဤသို့ဆိုလျှင် ဤအယူအဆနှင့် အမြင်သည် သင့်ကို ပြောင်းလဲပြီး မဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းက သင့်ကို ပြောင်းလဲနေစဉ်တွင် သင့်ကို ဖျက်ဆီးခြင်းကိုလည်း ပြုလုပ်နေလိမ့်မည်။ ဤသည်မှာ ပကတိအခြေအနေဖြစ်၏။ ဤသို့သော အသိပညာသည် သင့်ကို ပြောင်းလဲပြီး ဖျက်ဆီးသည်။ ထို့ကြောင့် ဤအမှုကိစ္စ၏ အရင်းအမြစ်ကို ကြည့်သောအခါတွင် ဤသမိုင်းများကို မည်မျှတိကျမှန်ကန်စွာ ချပြသည်ဖြစ်စေ ယင်းတို့သည် အဆုံးတွင် ဤဆိုရိုးစကားအဖြစ် အနှစ်ချုပ်သွားပြီး သင်က ဤအယူအဆဖြင့် အယူဝါဒသွတ်သွင်းခြင်းခံရသည်။ ဤအသိပညာသည် သမ္မာတရား၏ ပြယုဂ်၊ သို့မဟုတ် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သလော။ (စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။) မှန်သည်။ ငါသည် ဤအရာကို လုံလောက်အောင် အသေးစိတ်ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီး ဖြစ်ပါသည်။) ယခုတွင် ရှင်းလင်းသည်။ ဘုရားသခင်ကို သင် မယုံကြည်လျှင် ဘဝသက်တမ်းနှစ်ခုပြီးနောက်တွင်ပင် ဤအရာကို နားလည်ဦးမည်မဟုတ်။ သင် အသက်ရှင်လေလေ၊ သင်သည် မိုက်မဲသည်ဟု ခံစားရလေလေဖြစ်မည်။ ပြီးလျှင် သင်သည် ထိုမျှ ရက်စက်ခြင်းမရှိဟုလည်းကောင်း၊ ပို၍ ရက်စက်သင့်သည်၊ ပို၍ ကောက်ကျစ်သင့်သည်၊ ပို၍ ဒုက္ခပေးသင့်သည်၊ ပို၍ဆိုးသော၊ ပို၍ဆိုးယုတ်သောသူဖြစ်သင့်သည်ဟုလည်းကောင်း ထင်လိမ့်မည်။ သင်က “သူသည် သတ်နိုင်လျှင် ငါသည် မီးရှို့ရမည်။ သူက လူတစ်ဦးကို သတ်လျှင် ငါက ၁၀ ဦးကို သတ်ရမည်။ သူက သဲလွန်စမချန်ဘဲ သတ်လျှင် ငါက လူတို့ကို သူတို့ကိုယ်တိုင်သတိမထားမိအောင် ဒုက္ခပေးမည်။ သူတို့၏ သားစဉ်မြေးဆက် မျိုးဆက်သုံးဆက်အထိ ငါ့အား ကျေးဇူးတင်အောင်ပင် လုပ်ဆောင်မည်” ဟု သင့်ဘာသာ တွေးလိမ့်မည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်၊ အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာတို့က လူသားမျိုးနွယ်အပေါ် ဖြစ်ပေါ်စေသည့် လွှမ်းမိုးမှု ဖြစ်သည်။ လက်တွေ့တွင် ယင်းသည် အလွဲသုံးစားပြုခြင်းနှင့် ဖျက်ဆီးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင် မည်သည့် အသိပညာမျိုးကို ဟောကြားသည်ဖြစ်စေ၊ ဖြန့်ချိသည်ဖြစ်စေ ယင်းသည် သင့်အား အယူအဆ၊ သို့မဟုတ် အမြင်တစ်ခုဖြင့် အယူဝါဒသွတ်သွင်းလိမ့်မည်။ ဤအရာကို သင် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိလျှင် အဆိပ်ခတ်ခြင်း ခံရမည်။ အားလုံးကို ခြုံငုံကြည့်လျှင် ယခုတွင် တစ်ခုက သေချာသည်။ ဤအသိပညာသည် သာမန်လူစု၊ သို့မဟုတ် တရားဝင် အရင်းအမြစ်မှလာသည်ဖြစ်စေ၊ လူနည်းစုက ရိုသေလေးမြတ်သည်ဖြစ်စေ၊ လူများစုက ရိုသေလေးမြတ်သည်ဖြစ်စေ ဤမည်သည့်အရာကမျှ သမ္မာတရားနှင့် မသက်ဆိုင်ပေ။ သမ္မာတရားသည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်။ ယင်း၏ မှန်ကန်ခြင်းကို ယင်းကို အသိအမှတ်ပြုသောလူတို့၏ အရေအတွက်ဖြင့် ဆုံးဖြတ်ခြင်းမရှိ။ အပြုသဘောဆောင်သောအရာများ၏ လက်တွေ့ကျမှုကိုယ်၌က သမ္မာတရား ဖြစ်သည်။ ဤအရာကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မည်သူကမျှလည်း မငြင်းဆန်နိုင်ပေ။ သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရား ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)
နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” နှင့် အခြားသော ထိုအတွေးများကဲ့သို့ စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် ဤစကားများအားလုံးသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့် တရုတ်လူမျိုးများ၏ “ပညာရှိ” ဟု အမွှမ်းတင်ခြင်းကို ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်။ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာပြီး ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများကို ကြည့်ရှုခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော ဆိုးယုတ်သော ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူအချို့သည် လူမှုအဖွဲ့အစည်းတွင် အစိုးရဝန်ထမ်းများအဖြစ် ဆယ်စုနှစ်ချီ အမှုထမ်းပြီးဖြစ်သည်။ အောက်ပါမေးခွန်းကို ၎င်းတို့အား မေးသည်ဟု စိတ်ကူးကြည့်လော့။ “ဤစွမ်းဆောင်ရည်ဖြင့် အလွန်ကောင်းစွာ သင် လုပ်ဆောင်ပြီးဖြစ်သည်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများမှာ အဘယ်နည်း။” “ကျွန်ုပ် နားလည်သည့် တစ်ခုတည်းသော အရာမှာ ‘အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူ၍ ဖြစ်သည်” ဟု ၎င်းတို့ ပြောကောင်း ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အလုပ်အကိုင်က အခြေပြုထားသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်သည်။ ဤစကားများသည် ထိုသို့သောလူ၏ သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ရေးနှင့် အလုပ်အကိုင် အောင်မြင်ရေးတို့သည် ၎င်းတို့၏ ပန်းတိုင်များ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သူတို့၏ ဒဿနများ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
“ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ ဤသည်မှာ ယင်းသည် ကနဦးက ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြရသည့် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့်ဖြစ်သည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ယင်းက မည်သည့်အရာနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ စာတန်သည် လူများကို စုံစမ်းသွေးဆောင်ဖို့ ငွေကို အသုံးပြုပြီး လူတို့အား ငွေကို ကိုးကွယ်အောင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို အမွန်အမြတ်ထားအောင် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ သမ္မာတရားကို ရရှိကာ ကယ်တင်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် ဆုံးရှုံးမှုများ အားလုံးထဲတွင် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည် မဟုတ်သလော။ စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤအဆိုသည် သင့်အတွေးများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ထားနှင့်ပြီဖြစ်သည်၊ သင့်အပြုအမူကို အုပ်စိုးထားနှင့်ပြီးဖြစ်သည်။ သင်သည် ချမ်းသာမှုကို လိုက်စားခြင်းအား ဘေးဖယ်ထားမည့်အစား ယင်းအဆိုကို သင့်ကံကြမ္မာအပေါ် အုပ်စိုးခွင့်ပေးလိမ့်မည်။ လူတို့သည် ဤနည်းဖြင့် ပြုမူနိုင်ခြင်း၊ စာတန်၏ စကားများဖြင့် လူတို့ကို ထိန်းချုပ်ပြီး ခြယ်လှယ်၍ ရနိုင်ခြင်း— ဤအရာက ၎င်းတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သည်ဟု အဓိပ္ပာယ်မရသလော။ စာတန်၏ အတွေးအမြင်နှင့် စဉ်းစားပုံ၊ စာတန်၏ စိတ်သဘောထားသည် သင်၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်နေပြီမဟုတ်လော။ သင်သည် ကြွယ်ဝချမ်းသာခြင်းနောက်သို့ မမြင်မကန်းဖြင့်လိုက်ပြီး သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်သောအခါတွင် စာတန်က သင့်ကို အထင်အမြင်မှားစေရန်ဖြစ်သည့် ၎င်း၏ ရည်ရွယ်ချက်ကို ရရှိသွားပြီးဖြစ်သည် မဟုတ်လော။ ဤအတိုင်းပင် အတိအကျဖြစ်၏။ ဤသို့ဆိုလျှင် သင်သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသောအခါ ယင်းကို ခံစားသိရှိနိုင်သလော။ မသိရှိနိုင်ပေ။ သင်၏ရှေ့တည့်တည့်တွင် စာတန်ရပ်နေသည်ကို မမြင်နိုင်လျှင်၊ သို့မဟုတ် မှောင်ရိပ်ထဲတွင် ဆောင်ရွက်နေသည်မှာ စာတန်ဖြစ်သည်ကို မခံစားနိုင်လျှင် စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုကို သင်မြင်နိုင်မည်လော။ လူသားမျိုးနွယ်အား စာတန်မည်သို့ဖောက်ပြန်ပျက်စီးစေသည်ကို သင်သိနိုင်မည်လော။ စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ကောက်ကျစ်ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏တန်ခိုးအောက်တွင် လူတို့အသက်ရှင်ပြီး မသိလိုက်ပါဘဲနှင့် စာတန်ကို နာခံကြပုံနှင့် စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)
ယခုအခါ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို လက်တွေ့ကျပြီး မှန်ကန်သည်ဟု ယုံကြည်သော လူအချို့ ရှိနေသည်။ ထိုသို့သောလူများ၌ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသလော။ သူတို့သည် သမ္မာတရားကို နားလည်ပါသလော။ ထိုသို့သောလူများ၏ အတွေးအခေါ်များနှင့် ရှုမြင်ချက်များသည် ပြဿနာရှိသလော။ အကယ်၍ အသင်းတော်အတွင်းရှိ တစ်စုံတစ်ယောက်က ဤဆိုရိုးစကားကို ဖြန့်ပေးပါက သူသည် ရည်ရွယ်ချက်တစ်ခုဖြင့် ထိုသို့ ပြုလုပ်ခြင်းဖြစ်ကာ အခြားသူများကို အထင်အမြင်မှားစေရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် မိမိအပေါ် အခြားသူများ၏ ဒွိဟများ သို့မဟုတ် သံသယများကို ဖယ်ရှားရန်အတွက် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို အသုံးပြုဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ သွယ်ဝိုက်သောအားဖြင့် ဤသည်မှာ မိမိသည် အလုပ်လုပ်နိုင်ကြောင်း အခြားသူများ ယုံကြည်ရန်၊ မိမိသည် အသုံးပြု၍ရသောသူ တစ်ဦးဖြစ်ကြောင်း ယုံကြည်ရန် အလိုရှိခြင်းကို ဆိုလိုသည်။ ဤသည်မှာ သူ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် မဟုတ်လော။ ဖြစ်ကိုဖြစ်ရမည်။ သူက မိမိဘာသာ “သင်တို့သည် ကျွန်ုပ်ကို မည်သည့်အခါမျှ မယုံကြည်ဘဲ အမြဲတမ်း သံသယဝင်နေကြသည်။ တစ်ချိန်ချိန်တွင် သင်တို့သည် ကျွန်ုပ်ကို ပြဿနာအနည်းငယ် ရှာပြီး ဖြုတ်ချကြမည်မှာ သေချာသလောက်ပင်။ ကျွန်ုပ်စိတ်ထဲတွင် ဤအကြောင်းအရာ အမြဲတမ်းရှိနေလျှင် အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း” ဟု စဉ်းစားမိသည်။ သို့ဖြစ်၍ ဘုရားသခင်၏ အိမ်တော်သည် သူ့ကို သံသယမရှိဘဲ ယုံကြည်စိတ်ချပြီး လွတ်လပ်စွာ အလုပ်လုပ်ခွင့်ပေးရန်၊ ထိုအခါ၌ သူ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန်အတွက် သူသည် ဤရှုမြင်ချက်ကို ဖြန့်ခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားနေပါက သူသည် သူ၏အလုပ်အပေါ် ဘုရားအိမ်တော်၏ ကြီးကြပ်မှုကို မြင်တွေ့ရသည့်အခါ ဤသည်မှာ သူကိုယ်တိုင်၏ ကာကွယ်မှုအတွက်ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်အတွက် တာဝန်ကျေပွန်နေခြင်းလည်း ဖြစ်ကြောင်း သိရှိလျက် မှန်မှန်ကန်ကန် သဘောထားသင့်သည်။ သူသည် မိမိ၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ကောင်း ထုတ်ဖော်မည်ဖြစ်သော်လည်း ဘုရားသခင်အနေဖြင့် မိမိကို ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ပေးရန် ဘုရားသခင်ထံ ဆုတောင်းနိုင်သည်၊ သို့မဟုတ် မိမိမကောင်းမှုပြုပါက သူ၏အပြစ်ဒဏ်ပေးခြင်းကို လက်ခံပါမည်ဟု ဘုရားသခင်ထံ သစ္စာဆိုနိုင်သည်။ ဤသည်က သူ၏စိတ်ကို ငြိမ်သက်စေမည် မဟုတ်လော။ လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိ၏ကိုယ်ပိုင်ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကို အဘယ့်ကြောင့် ဖြန့်ရသနည်း။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်ရွေးချယ်ထားသော လူများ၏ ကြီးကြပ်မှု သို့မဟုတ် မိမိ၏အလုပ်အကြောင်း လေ့လာဖို့ အထက်ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အားထုတ်ကြိုးပမ်းမှုများအပေါ် အတိုက်အခံလုပ်သော သဘောထား အစဉ်ရှိကြသည်။ သူက အဘယ်သို့ ထင်သနည်း။ “‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်။’ သင်တို့ ကျွန်ုပ်ကို အဘယ့်ကြောင့် အမြဲတမ်း ကြီးကြပ်နေရသနည်း။ သင်တို့ ကျွန်ုပ်ကို မယုံကြည်လျှင် အဘယ့်ကြောင့် အသုံးပြုနေသေးသနည်း” ဟူ၍ ဖြစ်သည်။ အကယ်၍ သင်တို့သည် သူ၏ အလုပ်နှင့်ပတ်သက်၍ မေးမြန်းပါက သို့မဟုတ် ယင်း၏တိုးတက်မှုကို စုံစမ်းမေးမြန်းပြီးနောက် သူ၏ ကိုယ်ရေးကိုယ်တာ အခြေအနေကို မေးမြန်းပါက သူသည် သာ၍ပင် ခုခံကာကွယ်လာလိမ့်မည်မှာ “ဤအလုပ်ကို ကျွန်ုပ်အား အပ်နှံထားပြီးဖြစ်သည်။ ယင်းမှာ ကျွန်ုပ်၏ လုပ်ပိုင်ခွင့်အတွင်း၌ ရှိနေသည်။ ကျွန်ုပ်၏အလုပ်ထဲတွင် သင်တို့ အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်နေကြသနည်း” ဟူ၍ ဖြစ်သည်။ ယင်းကို ပြောင်ပြောင်တင်းတင်း မပြောဝံ့သော်လည်း သူသည် ဤသို့ သွယ်ဝိုက်ပြောဆိုမည်မှာ “ဆိုရိုးစကားက ပြောသကဲ့သို့ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ပင်။ သင်သည်က အဘယ့်ကြောင့် ထိုမျှ သံသယများသောသူ ဖြစ်နေသနည်း။” ဟူ၍ ဖြစ်သည်။ သူသည် သင့်ကို ပြစ်တင်ရှုတ်ချပြီး အမည်တပ်သည်အထိပင် ဖြစ်မည်။ ထို့ပြင် အကယ်၍ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိလျှင်ကော အဘယ်သို့ ဖြစ်မည်နည်း။ သူ၏ သွယ်ဝိုက်ပြောဆိုမှုကို ကြားပြီးနောက် သင်က “ကျွန်ုပ်သည် သံသယများနေသလော။ သို့ဆိုလျှင် ကျွန်ုပ်မှားသည်။ ကျွန်ုပ်သည် လှည့်ဖြားတတ်ပေသည်။ ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့် ဟူသည်မှာ သင် မှန်၏” ဟု ဆိုလိမ့်မည်။ ဤသို့ဖြင့် သင်သည် အထင်အမြင်မှားစေခြင်းကို ခံရပြီမဟုတ်လော။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် သမ္မာတရားနှင့် ကိုက်ညီသလော။ မကိုက်ညီ၊ ယင်းသည် အဓိပ္ပာယ်မဲ့သော စကားပါတကား။ ကောက်ကျစ်ဆိုးယုတ်သော ဤလူတို့သည် မသိမသာနှင့် ဒုက္ခပေးတတ်ပြီး လှည့်ဖြားတတ်ကြသည်။ သူတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများကို အထင်အမြင်မှားစေရန် ဤဆိုရိုးစကားကို သမ္မာတရားအဖြစ် အသုံးပြုကြသည်။ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသည် ဤဆိုရိုးစကားကို ကြားရသည့်အခါ အမှန်ပင် အထင်အမြင်မှားစေခြင်းကို ခံရပြီး စိတ်ရှုပ်ထွေးသွားကာ “သူသည် မှန်၏။ ဤပုဂ္ဂိုလ်ကို ကျွန်ုပ် မတရားပြောမိပြီ။ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟု သူကိုယ်တိုင် ပြောခဲ့ပေသည်။ ကျွန်ုပ် သူ့ကို အဘယ်သို့များ သံသယဝင်ခဲ့လေသနည်း။ အလုပ်ကို ဤအတိုင်း လုပ်၍မရပေ။ သူ့အလုပ်ကို စပ်စုခြင်းမရှိဘဲ သူ့ကို ကျွန်ုပ် အားပေးရမည်။ ကျွန်ုပ် သူ့ကို အသုံးပြုနေသည့်အတွက် သူ့ကို ယုံကြည်ပြီး ဘောင်မခတ်ဘဲ လွတ်လပ်စွာ အလုပ်လုပ်ခွင့်ပေးဖို့ လိုသည်။ သူ့ကို တာဝန်ထမ်းဆောင်ရန် နေရာပေးဖို့လိုသည်။ သူ၌ အလုပ်လုပ်နိုင်စွမ်း ရှိသည်။ ထို့ပြင် သူ၌ အစွမ်းအစမရှိလျှင်ပင် အလုပ်လုပ်နေသော သန့်ရှင်းသောဝိညာဉ်တော် ရှိနေပါသေးသည်” ဟု စဉ်းစားလေသည်။ ဤသည်မှာ မည်သို့သော ယုတ္တိမျိုးနည်း။ ယင်းတစ်ခုတစ်လေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤစကားများအားလုံးကို မှန်ကန်သကဲ့သို့ ထင်ရသည်။ “ကျွန်ုပ်တို့သည် အခြားသူများကို ဘောင်ခတ်၍မရပေ။” “လူတို့သည် မည်သည့်အရာကိုမျှ မလုပ်နိုင်။ အရာရာကို လုပ်ဆောင်သည်မှာ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်က အရာရာကို ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်က အလုံးစုံ တာဝန်ယူထားသောကြောင့် ကျွန်ုပ်တို့ သံသယဝင်စရာ မလိုပေ။” စသည်တို့ဖြစ်၏။ သို့သော် ဤသည်တို့မှာ မည်သို့သော စကားများ ဖြစ်သနည်း။ ယင်းတို့ကို ပြောဆိုသောလူတို့သည် နားဝေတိမ်တောင် ဖြစ်နေကြသည် မဟုတ်လော။ သူတို့သည် ဤမျှလောက်ကိုပင် မရိပ်စားမိနိုင်ဘဲ စာကြောင်းတစ်ကြောင်းတည်းဖြင့် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ လူအများစုက “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားကို အမှန်တရားအဖြစ် မှတ်ယူကြသည်ဟု ဆိုလျှင် မမှားပေ။ ၎င်းတို့သည် ဤအရာအားဖြင့် အထင်အမြင်မှားစေခြင်းကို ခံရပြီး ချည်နှောင်ခံရသည်။ လူတို့ကို ရွေးချယ်သောအခါ၊ သို့မဟုတ် အသုံးပြုသောအခါ ၎င်းတို့သည် ဤအရာအားဖြင့် နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းကိုခံရပြီး၊ ၎င်းတို့၏ လုပ်ရပ်များကိုပင် ထိန်းချုပ်ခွင့်ပြုကြလေသည်။ ရလဒ်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် အသင်းတော်အလုပ်ကို စစ်ဆေးပြီး လူတို့ကို ရာထူးတိုးအသုံးပြုသည့် အခါတိုင်းတွင် အစဉ်သဖြင့် အခက်အခဲများ၊ စိုးရိမ်ကြောင့်ကြမှုများ ရှိကြသည်။ အဆုံးတွင် သူတို့လုပ်နိုင်သမျှမှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားလုံးများနှင့် မိမိတို့ကိုယ်ကို နှစ်သိမ့်ခြင်းဖြစ်သည်။ အလုပ်အကြောင်းကို ၎င်းတို့ စစ်ဆေးသည်၊ စုံစမ်းမေးမြန်းသည့်အခါတိုင်းတွင် “‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်။’ ညီအစ်ကိုမောင်နှမများကို ငါယုံကြည်သင့်သည်။ တကယ်တမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့် အခြားလူများကို အစဉ်သံသယဝင်ပြီး မကြီးကြပ်သင့်ပေ”ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် ဤစကားရပ်၏ လွှမ်းမိုးခြင်းကို ခံထားရသည်မဟုတ်လော။ ဤစကားရပ်၏ လွှမ်းမိုးခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ အဘယ်နည်း။ ရှေးဦးစွာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်”ဟူသည့် ဤအယူအဆကို တစ်စုံတစ်ဦးက လက်ခံလျှင် အခြားသူများ၏ အလုပ်ကို သူသည် စစ်ဆေးကာ လမ်းညွှန်လိမ့်မည်လော။ လူတို့၏ အလုပ်ကို သူသည် ကြီးကြပ်ကာ လိုက်လံအရေးယူဆောင်ရွက်မည်လော။ ဤလူက မိမိအသုံးပြုသည့် လူတိုင်းကို ယုံကြည်ပြီး သူတို့အလုပ်တွင် မည်သည့်အခါမျှ စစ်ဆေးခြင်းမရှိ၊ လမ်းညွှန်ခြင်းမရှိသည့်အပြင် မည်သည့်အခါမျှ ကြီးကြပ်ခြင်း မရှိပါက သူသည် မိမိတာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်နေခြင်း ဟုတ်သလော။ သူသည် အသင်းတော်အလုပ်ကို အရည်အချင်းရှိသည့်ပုံစံဖြင့် ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်သလော။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူသည် သစ္စာစောင့်သိနေသလော။ ဒုတိယအနေဖြင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင်၏ တာဝန်များကို ထိန်းသိမ်းရန် ပျက်ကွက်ခြင်းသက်သက် မဟုတ်ပေ။ ဤသည်မှာ စာတန်၏ အကြံအစည်များနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို သမ္မာတရားအဖြစ် မှတ်ယူခြင်း၊ လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် စာတန်ကို လိုက်နာနေပြီး ဆိုးယုတ်သော အတွေးအခေါ်တစ်ခုဖြင့် အသက်ရှင်နေခြင်းဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသူပင် မဟုတ်ပေ။ သင်သည် ကလိမ်ကကျစ်တစ်ဦး သက်သက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ပြီး ထိုအစား ဆိုးယုတ်သော စကားရပ်တစ်ခုကို ယူပြီး အမှန်တရားအဖြစ် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်လုပ်နေလင့်ကစား သင့်လုပ်ရပ်များ၏ စည်းမျဉ်းများမှာ စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဆိုးယုတ်သော အတွေးအခေါ် ဖြစ်သည်။ သင်သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်သောသူ၊ ဘုရားသခင်ကို ကြီးစွာ အရှက်ရစေသောသူဖြစ်သည်။ ဤလုပ်ဆောင်မှု၏ အနှစ်သာရသည် အဘယ်နည်း။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး သမ္မာတရားကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေခြင်းဖြစ်သည်။ ဤသည်မှာ ယင်း၏ အနှစ်သာရမဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏အလိုတော်ကို မလိုက်လျှောက်သည့်အပြင် သင်သည် စာတန်၏ နတ်ဆိုးဆန်သော ဆိုရိုးစကားများနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်များကို အသင်းတော်ထဲတွင် စိတ်ကြိုက်သောင်းကျန်းခွင့်ပြုနေခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် စာတန်၏ ကြံရာပါဖြစ်လာပြီး အသင်းတော်ထဲတွင် စာတန်အား သူ၏ လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရာ၌ အကူအညီပေးလျက် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း ဖြစ်သည်။ ဤပြဿနာ၏ အနှစ်သာရမှာ အလွန်ဆိုးရွားသည်မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ
သို့ဆိုလျှင် လှေခွက်ချည်းကျန် အလံမလှဲခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦး ရှုံးနိမ့်သော်လည်း၊ အခက်အခဲများနှင့် ကြုံတွေ့သော်လည်း၊ သို့မဟုတ် လမ်းမှားပေါ်သို့ သွေဖည်သွားသော်လည်း ဝန်မခံသည့်အချိန် ဖြစ်သည်။ ၎င်းတို့သည် ခေါင်းမာစွာ ဆက်သွားနေကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် ရှုံးနိမ့်သော်လည်း စိတ်ဓာတ်မကျပေ၊ ရှုံးနိမ့်သော်လည်း မိမိတို့၏ အမှားများကို ဝန်မခံပေ။ လူမည်မျှက ၎င်းတို့ကို ပြစ်တင်ကြသည်ဖြစ်စေ၊ ပြစ်တင်ရှုတ်ချကြသည်ဖြစ်စေ ၎င်းတို့သည် နောက်ကြောင်းပြန်မလှည့်ပေ။ ၎င်းတို့သည် မိမိတို့၏ ဦးတည်ရာအတိုင်း၊ မိမိတို့၏ ပန်းတိုင်များဆီသို့ ယှဉ်ပြိုင်တိုက်ခိုက်ရန်၊ အလုပ်လုပ်ရန်နှင့် လိုက်စားရန် မလျှော့တမ်း ကြိုးစားကြပြီး အဖိုးအခကိုလည်း ထည့်မတွက်ပေ။ ဤသည်မှာ ယင်းက ရည်ညွှန်းသည့် စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ ဤစိတ်နေစိတ်ထားသည် လူတို့ကို စုစည်းရာ၌ အတော်ပင် ကောင်းသည် မဟုတ်လော။ “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသည့် စကားကို မည်သည့်အခြေအနေများတွင် အများအားဖြင့် အသုံးပြုသနည်း။ အခြေအနေအမျိုးမျိုးတွင် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများ တည်ရှိသည့် မည်သည့်နေရာတွင်မဆို ဤစကားရပ် တည်ရှိသည်၊ ဤစိတ်နေစိတ်ထား တည်ရှိသည်။ သို့ဆိုလျှင် စာတန်မျိုးဖြစ်သော လူသားတို့သည် ဤစကားရပ်ကို အဘယ်အရာအတွက် တီထွင်ခဲ့ကြသနည်း။ လူတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ နားမလည်စေရန်၊ ကိုယ့်အမှားကိုယ် အသိအမှတ် မပြုစေရန်နှင့် ကိုယ့်အမှားကိုယ် လက်မခံစေရန် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ နုနယ်သော၊ အားနည်းသော၊ အရည်အချင်းမရှိသော ဘက်ကိုသာ မမြင်စေဘဲ ထိုအစား မိမိတို့ကိုယ်တိုင်၏ စွမ်းဆောင်နိုင်သော ဘက်ကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ အစွမ်းထက်ပြီး သတ္တိကောင်းသောဘက်ကိုလည်းကောင်း မြင်စေရန်၊ မိမိတို့ကိုယ်ကို အထင်မသေးဘဲ မိမိတို့ အရည်အချင်းရှိသည်ဟု ထင်မှတ်စေရန် ဖြစ်သည်။ သင်သည် သင်စွမ်းဆောင်နိုင်သည်ဟု ထင်သရွေ့ သင်စွမ်းဆောင်နိုင်၏။ သင်သည် အောင်မြင်နိုင်သည်၊ ရှုံးနိမ့်မည်မဟုတ်၊ လူတကာထက် အသာလွန်ဆုံးသူ ဖြစ်လာနိုင်သည်ဟု ထင်သရွေ့ သင်ဖြစ်လာပေမည်။ သင်၌ ထိုစိတ်ပိုင်းဖြတ်မှုနှင့် သန္နိဋ္ဌာန်၊ ထိုလိုအင်ဆန္ဒနှင့် အားကြီးသော ရည်မှန်းချက် ရှိသရွေ့ သင်သည် ယင်းတို့အားလုံးကို ပြီးမြောက်အောင်မြင်နိုင်သည်။ လူတို့သည် မပြောပလောက်သူများ မဟုတ်ပေ၊ ၎င်းတို့သည် အစွမ်းထက်ကြသည်။ ဘာသာတရားမရှိသူများ၌ “သင်၏ စင်မြင့်သည် သင်၏ စိတ်နှလုံး ရှိသလောက် ကြီးမားသည်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ အချို့သောလူတို့သည် ဤစကားကို ကြားသည်နှင့်တစ်ပြိုင်နက် နှစ်သက်ကြသည်မှာ “ဟယ်၊ ကျွန်ုပ်က ဆယ်ကာရက်ရှိသော စိန်တစ်လုံးကို လိုချင်သည်၊ သို့ဆိုလျှင် ကျွန်ုပ် ယင်းကို ရမည်ဟု ဆိုလိုသလော။ ကျွန်ုပ်က မာစီးဒီးကားတစ်စီးကို လိုချင်သည်၊ သို့ဆိုလျှင် ကျွန်ုပ် ယင်းကို ရမည်ဟု ဆိုလိုသလော” ဟူ၍ ဖြစ်သည်။ သင်ရရှိမည့်အရာသည် သင်၏ စိတ်နှလုံး လိုအင်ဆန္ဒ၏ အတိုင်းအတာနှင့် ကိုက်ညီမည်လော။ (မကိုက်ညီပါ။) ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အဆိုတစ်ခု ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော စကားရပ်ကို ယုံကြည်ပြီး အသိအမှတ်ပြုသောသူတို့၏ မာနထောင်လွှားမှုသည် အဆုံးအစမရှိပေ။ ဤလူတို့၏ တွေးခေါ်ပုံသည် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များနှင့် တိုက်ရိုက်ဆန့်ကျင်သနည်း။ ဘုရားသခင်သည် လူတို့အား မိမိတို့ကိုယ်ကို နားလည်ရန်နှင့် လက်တွေ့ကျကျ ကျင့်ကြံပြုမူရန် တောင်းဆိုသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့၌ ချို့ယွင်းချက်များနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် စိတ်သဘောထားတစ်ခု ရှိသည်။ လူတို့တွင် စုံလင်သောသူများ မရှိပေ၊ မည်သူမျှ စုံလင်ခြင်းမရှိ၊ ၎င်းတို့သည် သာမန်လူများသာ ဖြစ်ကြသည်။ ဘုရားသခင်သည် လူတို့အား မည်သို့ ကျင့်ကြံပြုမူရန် သတိပေးနှိုးဆော်ခဲ့သနည်း။ (လိမ္မာရိုးသားစွာဖြင့် ဖြစ်ပါသည်။) လိမ္မာရိုးသားစွာဖြင့် ကျင့်ကြံပြုမူပြီး ဖန်ဆင်းခံများအဖြစ် မိမိတို့၏နေရာကို လက်တွေ့ကျကျ စွဲကိုင်ထားရန် ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား လှေခွက်ချည်းကျန် အလံမလှဲရန် တောင်းဆိုခဲ့ဖူးသလော။ (မတောင်းဆိုခဲ့ဖူးပါ။) မတောင်းဆိုခဲ့ဖူးပေ။ သို့ဆိုလျှင် လူတို့ လမ်းမှားလိုက်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ ပြောသနည်း။ (ယင်းကို အသိအမှတ်ပြုပြီး လက်ခံရန် ကိုယ်တော် ပြောပါသည်။) ယင်းကို အသိအမှတ်ပြုပြီး လက်ခံရန်၊ ထို့နောက် ယင်းကို နားလည်ရန်၊ မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်ရန်၊ ပြီးလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသို့ ရရှိရန် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် လှေခွက်ချည်းကျန် အလံမလှဲခြင်းမှာ လူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် စီစဉ်မှုများကို လက်ခံရန် မဆိုထားနှင့်၊ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို နားမလည်ခြင်း၊ မိမိတို့၏ အမှားများကို နားမလည်ခြင်း၊ မိမိတို့၏ အမှားများကို လက်မခံခြင်း၊ မည်သို့သောအခြေအနေတွင်မဆို မိမိတို့ကိုယ်ကို မပြောင်းလဲခြင်း၊ မည်သို့သောအခြေအနေတွင်မဆို နောင်တမရခြင်းဖြစ်သည်။ ၎င်းတို့သည် လူတို့၏ ကံကြမ္မာမှာ အတိအကျ မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများမှာ မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ မရှာဖွေရုံသာမက ဤအရာများကို မရှာဖွေရုံသာမကဘဲ ထိုအစား ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးကြသည်၊ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုကြသည်။ ထို့ပြင် ဘုရားသခင်သည် လူတို့အား မိမိတို့ကိုယ်ကို နားလည်ရန်၊ မိမိတို့ကိုယ်ကို တိကျစွာ အကဲဖြတ်ပြီး အဆင့်သတ်မှတ်ရန်၊ ပြီးလျှင် ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်သမျှကို လက်တွေ့ကျကျနှင့် လိမ္မာရိုးသားစွာဖြင့်ကျင့်ကြံပြုမူသည့် နည်းလမ်းဖြင့်လည်းကောင်း၊ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့်လည်းကောင်း လုပ်ဆောင်ရန် တောင်းဆိုသော်လည်း စာတန်ကမူ လူတို့အား ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အပြည့်အဝ အသုံးချစေပြီး ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အပြည့်အဝ လွှတ်ပေးစေသည်။ ယင်းက လူတို့ကို စွမ်းအားရှင်များ၊ ဖြစ်စေသည်၊ ကြီးမြတ်သောသူများ ဖြစ်စေသည်၊ ထူးကဲသော တန်ခိုးများပင် ရှိစေသည်၊ ယင်းက လူတို့ကို ၎င်းတို့ မဖြစ်နိုင်သည့်အရာများ ဖြစ်စေသည်။ ထို့ကြောင့် စာတန်၏ အတွေးအခေါ်မှာ အဘယ်နည်း။ ယင်းမှာ သင်မှားလျှင်ပင် သင်မမှားကြောင်း၊ သင်၌ ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထား ရှိသရွေ့ သင်၌ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထား ရှိသရွေ့ အနှေးနှင့်အမြန်ဆိုသလို သင်သည် လူတကာထက် အသာလွန်ဆုံးသူ ဖြစ်လာမည့်နေ့တစ်နေ့ ရောက်လာမည်ဖြစ်ကြောင်း၊ အနှေးနှင့်အမြန်ဆိုသလို သင်၏ ဆန္ဒများနှင့် ပန်းတိုင်များ အကောင်အထည် ပေါ်လာမည့်နေ့တစ်နေ့ ရောက်လာမည်ဖြစ်ကြောင်း ဖြစ်သည်။ သို့ဆိုလျှင် လှေခွက်ချည်းကျန် အလံမလှဲခြင်းသည် တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်ရန် သင်က မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည်ဟု ဆိုလိုသည့် သဘောတစ်ခု ရှိသလော။ သင်၏ ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ သင်သည် ရှုံးနိမ့်နိုင်စွမ်းရှိကြောင်းကို ဝန်မခံရပေ၊ သင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်းကို မယုံကြည်ရပေ၊ သင်သည် လမ်းမှားလိုက်နိုင်စွမ်းရှိကြောင်းကိုလည်း မယုံကြည်ရပေ။ ဤအရာအပြင် သင်သည် သင်၏ လိုအင်ဆန္ဒများနှင့် အားကြီးသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် မရိုးဖြောင့်သော နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံ သို့မဟုတ် လျှို့ဝှက်အကြံအစည်မျိုးစုံကို လိုအပ်သလို အသုံးပြုရမည်။ လှေခွက်ချည်းကျန် အလံမလှဲခြင်းနှင့်ပတ်သက်၍ လူတို့သည် မိမိတို့၏ ကံကြမ္မာကို စောင့်ဆိုင်းခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားဖြင့် ချဉ်းကပ်သည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) မရှိပေ။ လူတို့သည် ကိုယ့်ကံကြမ္မာကိုယ် မလျှော့တမ်း အပြည့်အဝ ဖန်တီးကြသည်၊ ၎င်းတို့သည် ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်လိုကြသည်။ ၎င်းတို့ မည်သည့်လမ်းကို သွားမည်ဖြစ်စေ၊ ကောင်းချီးခံစားရမည်ဖြစ်စေ၊ မည်သို့သော လူနေမှုဘဝပုံစံမျိုး ရှိမည်ဖြစ်စေ၊ အရာရာတိုင်းတွင် ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ
“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် ဆိုရိုးစကားများ နည်းတူပင် “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည်မှာလည်း ရိုးရာယဉ်ကျေးမှုက လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် တောင်းဆိုချက်များထဲမှ တစ်ခုဖြစ်သည်။ အလားတူပင် တစ်စုံတစ်ယောက်က ဤကိုယ်ကျင့်တရား အပြုအမူကို ကြိုးပမ်းရယူနိုင်သည်ဖြစ်စေ၊ ကျင့်သုံးနိုင်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝကို တိုင်းတာခြင်းအတွက် စံနှုန်း၊ သို့မဟုတ် စံသတ်မှတ်ချက် မဟုတ်သေးပေ။ သင်က အမှန်တကယ်ပင် သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိကာ အလွန်မြင့်သော စံနှုန်းကို ကိုင်စွဲနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများနောက်သို့ လိုက်ခြင်းမရှိဘဲ လုံးဝ အစွန်းအထင်းမရှိဖြစ်ပြီး သူတစ်ပါးတို့အတွက် အစဉ် စဉ်းစားပေးခြင်းနှင့် စာနာထောက်ထားမှု ပြသခြင်းတို့ ရှိကောင်း ရှိနိုင်သည်။ သင်သည် အလွန်ပင် သဘောထားကြီးပြီး ကိုယ်ကျိုးမကြည့်သည့်ပုံစံ ရှိကောင်းရှိနိုင်သည်။ လူမှုရေး ဝတ္တရားနှင့် လူမှုရေး ကိုယ်ကျင့်တရားများအပေါ် အားကောင်းသော အသိစိတ် ရှိကောင်း ရှိနိုင်သည်။ သင်၏ မြင့်မြတ်သော ပင်ကိုစရိုက်နှင့် အရည်အသွေးများကို သင်နှင့် ရင်းနှီးသောသူများက၊ သင်ကြုံတွေ့ပြီး အပြန်အလှန်ဆက်ဆံသည့် သူများက မြင်ကောင်းမြင်နိုင်သည်။ သင်၏ အပြုအမူက သူတစ်ပါးတို့အား သင့်ကို အပြစ်တင်ရန်၊ သို့မဟုတ် ဝေဖန်ရန် အကြောင်းပြချက်တစ်ခုတလေ ပေးခြင်း လုံးဝ မရှိနိုင်ဘဲ ထိုအစား အလွန်အမင်း ချီးမွမ်းပြီး လေးစားခြင်းတို့ကိုပင် ဖြစ်ပေါ်စေသည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံသော သူတစ်ယောက်အဖြစ် လူတို့က မှတ်ယူကောင်း မှတ်ယူနိုင်သည်။ သို့ရာတွင် ဤအရာများသည် အပြင်ပန်း အပြုအမူများထက် မပိုပေ။ သင်၏ စိတ်နှလုံးတွင်ရှိသော အတွေးများနှင့် ဆန္ဒများသည် ဤအပြင်ပန်း အပြုအမူများနှင့်၊ အပြင်ပန်းတွင် သင်အသက်ရှင်နေထိုင်သည့် ဤလုပ်ရပ်များနှင့် ကိုက်ညီသလော။ အဖြေမှာ မကိုက်ညီပေ။ သင်က ဤသို့ လုပ်ဆောင်ရသည့်အကြောင်းပြချက်၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိခြင်းကြောင့်ဖြစ်သည်။ ထိုရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ သင်သည် ထိုရည်ရွယ်ချက်ကို လူသိရှင်ကြား အဖြစ်ခံနိုင်သလော။ လုံးဝ အဖြစ်ခံနိုင်မည် မဟုတ်။ ဤအချက်က အဆိုပါ ရည်ရွယ်ချက်သည် လူကြားထဲ ပြောမကောင်းသည့်အရာ၊ မှောင်မိုက်ပြီး ဆိုးယုတ်သည့်အရာ ဖြစ်သည်ကို သက်သေပြနေ၏။ အဆိုပါ ရည်ရွယ်ချက်က အဘယ်ကြောင့် ထုတ်မပြောအပ်ဘဲ ဆိုးယုတ်နေသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ လူ့သဘာဝကို ဖောက်ပြန်ပျက်စီးသော သူတို့စိတ်သဘောထားများက စိုးမိုးကာ တွန်းအားပေးထားသောကြောင့် ဖြစ်သည်။ လူတို့သည် လူ့သဘာဝ၏ အတွေးများကို စကားလုပ်၍ ပြောခြင်း သို့မဟုတ် ပွင့်အံထုတ်ပြခြင်း ရှိရှိမရှိရှိ ထိုအတွေးများ အားလုံးကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သိသိသာသာပင် စိုးမိုး၍ ထိန်းချုပ်ကာ ကြိုးကိုင်ထား၏။ ရလဒ်အနေနှင့် လူတို့၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ အားလုံးသည်လည်း ယုတ်မာပြီး ဆိုးယုတ်နေသည်။ လူတို့အနေနှင့် သူတို့ကိုယ်သူတို့ စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤကိုယ်ကျင့်တရားကို အပြင်ပန်းအားဖြင့် ပြီးပြည့်စုံစွာ ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည်ဖြစ်စေ ဤကိုယ်ကျင့်တရားက ၎င်းတို့၏ လူ့သဘာဝအပေါ် ထိန်းချုပ်မှု သို့မဟုတ် လွှမ်းမိုးမှုတို့ မရှိမည်မှာကား ဧကန်မုချပင် ဖြစ်သည်။ သို့ဖြစ်လျှင် လူတို့၏ လူ့သဘာဝကို အဘယ်အရာက ထိန်းချုပ်ထားသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ကိုယ်ကျင့်တရားအောက်၌ ဖုံးဖိထားသော ၎င်းတို့ လူ့သဘာဝ အနှစ်သာရ ဖြစ်သည်။ ယင်းမှာ သူတို့၏ သဘောသဘာဝအစစ် ဖြစ်၏။ လူတစ်ဦး၏ သဘာဝအစစ်သည် ထိုသူ၏ လူ့သဘာဝ အနှစ်သာရပင် ဖြစ်သည်။ သို့ဖြစ်လျှင် သူ့လူ့သဘာဝ အနှစ်သာရ၌ မည်သည့်အရာတို့ ပါဝင်သနည်း။ အဓိကအားဖြင့် ထိုသူ၏ အကြိုက်များ၊ သူလိုက်စားသော အရာများအပြင် သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်သာမက သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထား အစရှိသည်တို့ ပါဝင်နေသည်။ ဤအရာများကသာ လူတို့၏ လူ့သဘာဝ အနှစ်သာရကို အမှန်တကယ် ကိုယ်စားပြု၏။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံ” ဟူသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုကြသော လူအများစုသည် အဆင့်အတန်းကို စွဲလမ်းနေကြသည်ဟု အခိုင်အမာ ပြော၍ ရသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တွန်းအားပေးသောကြောင့် ၎င်းတို့သည် လူတို့အကြား ဂုဏ်သိက္ခာရှိမှု၊ လူမှုရေးပိုင်း၌ ထင်ပေါ်ကျော်စောမှု၊ သူတစ်ပါးတို့၏ အမြင်တွင် ဂုဏ်အဆင့်အတန်း ရှိမှုတို့ကို မလိုက်စားဘဲ မနေနိုင်ပေ။ ဤအရာများ အားလုံးသည် ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ၎င်းတို့၏ ဆန္ဒနှင့် ဆက်နွှယ်နေပြီး မိမိတို့၏ ကိုယ်ကျင့်တရား အပြုအမူကောင်းကို အကာအကွယ်ယူ၍ ၎င်းတို့လိုက်စားသည့် အရာများလည်း ဖြစ်သည်။ ၎င်းတို့၏ ဤလိုက်စားမှုများက မည်သို့ဖြစ်ပေါ်လာသနည်း။ ထိုအရာများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ အလုံးစုံ ဖြစ်ပေါ်လာပြီး ထိုစိတ်သဘောထားများ၏ တွန်းအားပေးမှုကို ခံထားရသည်။ ထို့ကြောင့် မည်သို့ဖြစ်ဖြစ် တစ်စုံတစ်ယောက်က “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အပြစ်ဆိုဖွယ် မရှိသည်အထိ ထိုသို့ သူဖြည့်ဆည်းသည်ဖြစ်စေ၊ မဖြည့်ဆည်းသည်ဖြစ်စေ သူ့လူ့သဘာဝ အနှစ်သာရကို လုံးဝ မပြောင်းလဲပေးနိုင်ပေ။ သဘောသက်ရောက်သည်မှာ ယင်းသည် ထိုသူ၏ ဘဝအပေါ် သဘောထားပုံ သို့မဟုတ် ထိုသူ၏ စံတန်ဖိုးစနစ်ကို မည်သည့်နည်းနှင့်မျှ မပြောင်းလဲပေးနိုင်ကြောင်း၊ သို့မဟုတ် လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံအပေါ် ထိုသူ၏ သဘောထားများနှင့် အမြင်ရှုထောင့်များကို လမ်းမပြပေးနိုင်ကြောင်း အဓိပ္ပာယ်ရသည်။ ယင်းမှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိလေလေ၊ ဟန်လုပ်ရာတွင်၊ အယောင်ဆောင်ရာတွင်၊ ကောင်းသော အပြုအမူနှင့် ကျေနပ်ဖွယ်ဖြစ်သော စကားများဖြင့် သူတစ်ပါးတို့အား အထင်အမြင်မှားစေရာတွင် ကျွမ်းကျင်လေလေဖြစ်ပြီး ပင်ကိုအားဖြင့် လှည့်စားတတ်ကာ ကောက်ကျစ်ဆိုးယုတ်လေလေ ဖြစ်သည်။ သူသည် ဤလူအမျိုးအစား ဖြစ်လေလေ၊ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို သူ၏ ချစ်ခြင်းနှင့် လိုက်စားခြင်းက နက်ရှိုင်းလာလေလေ ဖြစ်သည်။ သူ၏ အပြင်ပန်း ကိုယ်ကျင့်တရား အပြုအမူက မည်မျှပင် ကြီးမား၊ မွန်မြတ်ကာ မှန်ကန်သည့်ပုံ ပေါက်နေပါစေ၊ လူတို့အတွက် ရှုမြင်ရသည်မှာ မည်မျှပင် ကျေနပ်ဖွယ်ဖြစ်နေပါစေ သူ့စိတ်နှလုံးအတွင်းထဲ၌ ခိုအောင်းနေသည့် မြုံထားသော လိုက်စားမှု၊ သူ၏ သဘာဝ အနှစ်သာရတို့သာမက သူ၏ ရည်မှန်းချက်များသည်ပင် သူ့ထံမှ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။ ထို့ကြောင့် သူ့ကိုယ်ကျင့်တရား အပြုအမူသည် မည်မျှပင် ကောင်းမွန်နေပါစေ သူ၏ ပင်ကိုဖြစ်သောလူ့သဘာဝ အနှစ်သာရကို သော်လည်းကောင်း၊ သူ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို သော်လည်းကောင်း ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ အပြုသဘောဆောင်သည့် အရာများကို မချစ်သော၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့၍ မုန်းတီးသော အကျည်းတန်သည့် သူ့သဘာဝ အနှစ်သာရကို ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ ဤအဖြစ်မှန်များက ပြသည့်အတိုင်း “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ဆိုရိုးသည် ရိုးရိုးတန်းတန်း အဓိပ္ပာယ်မရှိရုံမျှသာ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးများနှင့် အပြုအမူများကို အသုံးချပြီး မိမိတို့၏ ထုတ်ပြော၍ မရလောက်အောင် ဆိုးရွားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖုံးကွယ်ဖို့ ကြိုးစားကြသည့် ရည်မှန်းချက်ကြီးသော လူစားများကို အဆိုပါ ဆိုရိုးက ဖော်ထုတ်ပြသည်။ ဤအရာကို အသင်းတော်ထဲရှိ အန္တိခရစ်တချို့၊ ဆိုးယုတ်သော လူတချို့နှင့် သင်တို့ နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုသူတို့သည် အသင်းတော်အတွင်းတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ခိုင်မြဲအောင် လုပ်ဖို့၊ အခြားသော အသင်းသူ အသင်းသားများအကြား ပိုကောင်းမွန်သည့် နာမည်ဂုဏ်သတင်း ရရှိဖို့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ဆင်းရဲဒုက္ခ ခံနိုင်စွမ်းနှင့် အဖိုးအခ ပေးနိုင်စွမ်း ရှိကြသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အလုပ်အကိုင်နှင့် မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိတို့၌ ရှိသမျှကို ရောင်းထုတ်ခြင်းတို့ပင် ပြုကောင်း ပြုနိုင်မည်။ အချို့သော အခြေအနေများတွင်ဆိုလျှင် ဘုရားအတွက် မိမိတို့ကိုယ်ကို အသုံးခံရာ၌ သူတို့ပေးသော အဖိုးအခနှင့် သူတို့ခံစားသော ဆင်းရဲဒုက္ခတို့သည် သာမန် လူတစ်ဦး တောင့်ခံနိုင်သော ပမာဏထက် ကျော်လွန်နေ၏။ သူတို့သည် မိမိတို့ အဆင့်အတန်းကို ထိန်းထားဖို့ အလွန်အမင်း ချုပ်တည်းခြိုးခြံသည့် စိတ်ဓာတ်ကို ရုပ်လုံးဖော်နိုင်စွမ်း ရှိကြ၏။ သို့သော်လည်း သူတို့အနေဖြင့် မည်မျှပင် ဆင်းရဲဒုက္ခခံသည်ဖြစ်စေ၊ မည်သည့်အဖိုးအခကို ပေးသည်ဖြစ်စေ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ သက်သေခံချက် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ခြင်းလည်း မရှိကြချေ။ ၎င်းတို့ ရရှိဖို့ အားထုတ်နေကြသည့် ပန်းတိုင်မှာ အဆင့်အတန်း၊ အာဏာရဖို့နှင့် ဘုရား၏ ဆုလာဘ်များကို ရရှိဖို့သာ ဖြစ်၏။ ၎င်းတို့လုပ်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် စိုးစဉ်းမျှပင် ဆက်နွှယ်နေခြင်း မရှိ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှပင် စည်းကမ်းတင်းကျပ်သည်ဖြစ်စေ၊ သူတစ်ပါးတို့အား မည်မျှပင် သည်းခံပေးသည်ဖြစ်စေ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ရလဒ်က အဘယ်အရာ ဖြစ်မည်နည်း။ ဘုရားသခင်က ၎င်းတို့ကို မည်သို့သဘောထားမည်နည်း။ ဘုရားက ၎င်းတို့၏ အဆုံးသတ်ကို ၎င်းတို့ အသက်ရှင်နေထိုင်သည့် အပြင်ပန်း အပြုအမူကောင်းများအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးလိမ့်မည်လော။ လုံးဝ အဆုံးအဖြတ်ပေးလိမ့်မည် မဟုတ်။ လူတို့သည် ဤအပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံ၍ အခြားလူများကို ရှုမြင်ပြီး ချင့်ချိန်အကဲဖြတ်ကြ၏။ ၎င်းတို့သည် အခြားသော လူများ၏ အနှစ်သာရကို ထိုးဖောက်မြင်နိုင်စွမ်း မရှိသောကြောင့် အဆုံးတွင် ထိုလူတို့၏ လှည့်ဖြားခြင်းကို ခံကြရလေသည်။ သို့ရာတွင် ဘုရားသခင်ကမူ လူ၏ လှည့်ဖြားခြင်းကို ဘယ်သောအခါမျှ မခံရ။ လူတို့တွင် မိမိတို့ကိုယ်ကို စည်းကမ်းတင်းကျပ်နိုင်စွမ်းနှင့် သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်း ရှိနေရုံနှင့် ဘုရားက လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို လုံးဝ ချီးကျူးလိမ့်မည် မဟုတ်၊ လုံးဝ အောက်မေ့လိမ့်မည် မဟုတ်။ ထိုအစား ၎င်းတို့၏ ရည်မှန်းချက်များအတွက်၊ အဆင့်အတန်းရဖို့ အားထုတ်ရာ၌ ၎င်းတို့လျှောက်သော လမ်းများအတွက် ဘုရားက ၎င်းတို့ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားကြသူများသည် လူတို့ကို အကဲဖြတ်သည့် ဤစံသတ်မှတ်ချက်ကို ပိုင်းခြားသိမြင်ထားသင့်သည်။ ၎င်းတို့သည် အဓိပ္ပာယ် မရှိသည့် ဤစံနှုန်းကို လုံးလုံးလျားလျား ငြင်းပယ်ပြီး စွန့်ပစ်သင့်ကာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပိုင်းခြားရှုမြင်သင့်သည်။ အပြုသဘောဆောင်သော အရာများကို လူတစ်ဦး ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို ထိုသူ လက်ခံနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ပေးမှုများကို ထိုသူ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိတို့ကိုသာမက ထိုသူရွေးချယ်ပြီး လျှောက်လှမ်းသော လမ်းကြောင်းကိုပါ အဓိကထား၍ ၎င်းတို့ကြည့်သင့်၏။ ဤအရာများအပေါ် အခြေခံ၍ ထိုသူသည် မည်သည့် လူစားမျိုးဖြစ်သည်၊ ထိုသူတွင် မည်သည့် လူ့သဘာဝမျိုး ရှိသည်တို့ကို ၎င်းတို့ အမျိုးအစား သတ်မှတ်သင့်၏။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် စံနှုန်းကို အခြေခံ၍ အခြားသူများကို လူတို့ ချင့်ချိန်ကြသည့်အခါ သွေဖည်မှုများနှင့် အမှားများ ပေါ်ပေါက်လာဖို့ အလွန် လွယ်ကူလွန်းလှသည်။ လူတို့ထံမှ အရင်းခံလာသည့် စည်းမျဉ်းများနှင့် ဆိုရိုးများအပေါ် အခြေခံ၍ သင်သည် လူတစ်ဦးကို မှားယွင်းစွာ ပိုင်းခြားသိမြင်ကာ ရှုမြင်ပါက ထိုကိစ္စတွင် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကို ခုခံရာကျမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သနည်း။ အကြောင်းရင်းမှာ လူတို့အပေါ် သင့်ရှုမြင်ချက်များ၏ အရင်းခံအချက်သည် မှားယွင်းနေမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ ကိုက်ညီမည် မဟုတ်သောကြောင့်ဖြစ်သည်။ သင်၏ အရင်းခံအချက်က ထိုအရာများနှင့် ဆန့်ကျင်နေပြီး ပြောင်းပြန်ပင် ဖြစ်နေနိုင်သည်။ ဘုရားသခင်သည် လူတို့၏ လူ့သဘာဝကို ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် အဆိုအပေါ် အခြေခံ၍ မသုံးသပ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် လူတို့၏ ကိုယ်ကျင့်တရားကို ချင့်ချိန်အကဲဖြတ်ရာတွင်လည်းကောင်း၊ ထိုလူတို့မှာ မည်သည့်လူစားမျိုး ဖြစ်သည်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း ဤစံသတ်မှတ်ချက်အတိုင်းသာ မလျှော့တမ်း လုပ်နေဆဲဖြစ်လျှင် သမ္မာတရား စည်းမျဉ်းများကို သင်လုံးဝ ချိုးဖောက်မိပြီး ဖြစ်သည်။ ထို့ပြင် သင်သည် အမှားများ လုပ်မိဖို့၊ မှားယွင်းမှုနှင့် သွေဖည်မှုတချို့ ဖြစ်ပေါ်မိစေဖို့ သေချာသည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)
“မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏” ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ မိတ်ဆွေကောင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားကြသည်။ အချင်းချင်း ဖုံးကွယ်ကြပြီး အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ကြသည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတစ်ဦးနှင့် တစ်ဦးကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းများကို မလုပ်ဆောင်နိုင်သကဲ့သို့ လေးနက်သော ဆက်သွယ်မှုကို မရနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများက ၎င်းတို့အပေါ် ရန်လိုသောအတွေးများ မဖြစ်လာစေရန် တားဆီးဖို့အလို့ငှာ ၎င်းတို့သည် အမှန်တရားအကြောင်း မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မစောင့်ထိန်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့်ဆိုရိုးကို အားပေးမြှင့်တင်ဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော သတိထားရှောင်ခြင်း နည်းလမ်းတစ်မျိုးဖြင့် စဉ်းလဲပြီး လှည့်စားတတ်သည့် ရှင်သန်မှု နည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်ရာတွင် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ လူတို့ကြားတွင် တစ်ဦးချင်းစီက ၎င်းတို့ လိုအပ်သည့်အရာကို ထိုပေါင်းသင်းဆက်ဆံရေးမှ ယူဆောင်ခြင်းဖြင့် အပြန်အလှန် သတိထားရှောင်ခြင်း၊ အပြန်အလှန် အသုံးချခြင်းနှင့် အပြန်အလှန် ကျိတ်ကြံစည်ခြင်းများ ရှိကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပရိယာယ်နှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုထက် မပိုပေ။ ဤအဆိုအမိန့်နှင့် ကျင့်သုံးမှုကို လိုက်နာခြင်းကို ကောင်းသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုဟု ယူဆ၍ရနိုင်သလော။ လုံးဝ ယူဆ၍မရနိုင်ပေ။ ဤသည်မှာ အချို့မိဘများက ၎င်းတို့၏ သားသမီးများကို သွန်သင်သည့် ပုံစံဖြစ်သည်။ ၎င်းတို့၏ကလေးက အပြင်သွားစဉ် တစ်နေရာရာတွင် ထိုးနှက်ခြင်းခံခဲ့ရလျှင် ၎င်းတို့က “မင်းက ငကြောက်ပဲ။ ဘာလို့ ပြန်မချတာလဲ။ သူက မင်းကို ထိုးရင် သူ့ကို ကန်ပစ်လိုက်ပေါ့” ဟူ၍ ကလေးကို ပြောသည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ဤအရာကို အဘယ်သို့ ခေါ်သနည်း။ သွေးထိုးလှုံ့ဆော်မှုဟု ခေါ်သည်။ သွေးထိုးလှုံ့ဆော်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရှုံးနိမ့်ခြင်းမဖြစ်စေရန်နှင့် သူတစ်ပါးတို့ကို အခွင့်ကောင်းယူရန် ဖြစ်သည်။ လူတစ်ယောက်က သင့်ကို ထိုးလျှင် အများဆုံးအနေဖြင့် သုံးလေးရက် နာကျင်လိမ့်မည်။ ထို့နောက် သင်က ထိုသူအား ကန်ကျောက်လျှင် ပို၍ဆိုးသော အကျိုးဆက်များ ရှိမည်မဟုတ်လော။ ပြီးလျှင် ဤအရာက မည်သူ့ကြောင့်ဖြစ်မည်နည်း။ (မိဘများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်။) ဤသို့ဆိုလျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော အဆိုအမိန့်၏ စရိုက်လက္ခဏာမှာ ဤအရာနှင့် အတော်အတန် ဆင်တူရိုးမှားဖြစ်သည်မဟုတ်လော။ ဤအဆိုအမိန့်အရ အခြားသူများနှင့် ဆက်ဆံခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မမှန်ကန်ပေ။ ဤရှုထောင့်မှ ကြည့်လျှင် ယင်းသည် လူတို့အား သွေးထိုးလှုံ့ဆော်သည့် ပုံစံမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် လူတို့အား သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် အမြော်အမြင်ရှိရန်၊ လူတို့အား ခွဲခြားသိမြင်နိုင်ရန်၊ လူများ၊ အမှုအရာများကို မှန်သောနည်းလမ်းဖြင့် မြင်ရန်၊ အမြော်အမြင်ရှိသောနည်းဖြင့် လူတို့နှင့် ဆက်ဆံရန် သင်ကြားပေးသလော။ သင်သည် လူကောင်းများ၊ လူ့သဘာဝရှိသောသူများနှင့် တွေ့လျှင် ၎င်းတို့ကို ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံသင့်သည်ဟူ၍လည်းကောင်း၊ တတ်နိုင်လျှင် ၎င်းတို့ကို ကူညီပံ့ပိုးပေးသင့်သည်ဟူ၍လည်းကောင်း၊ မတတ်နိုင်လျှင် ၎င်းတို့အား သည်းခံပြီး သင့်တင့်လျောက်ပတ်စွာ ဆက်ဆံသင့်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အားနည်းချက်များကို သည်းခံတတ်ဖို့၊ သင့်အပေါ် ၎င်းတို့၏ နားလည်မှုလွဲခြင်းများနှင့် ဝေဖန်အကဲဖြတ်ခြင်းများကို သည်းခံတတ်ဖို့ သင်ယူသင့်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အားသာချက်များနှင့် အရည်အသွေးကောင်းများမှတစ်ဆင့် သင်ယူသင့်သည်ဟူ၍လည်းကောင်း သင်ကြားပေးသလော။ ဤအရာများမှာ ယင်းက လူတို့အား သင်ကြားပေးသည့်အရာများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤဆိုရိုးစကားက လူတို့အား သင်ကြားပေးသည့်အရာ၏ အဆုံးတွင် မည်သည့်ရလဒ်ရရှိသနည်း။ ဤအရာက လူတို့ကို ပို၍ ရိုးသားစေသလော၊ သို့မဟုတ် ပို၍ လှည့်စားတတ်စေသလော။ ရလဒ်အနေဖြင့် လူတို့သည် ပို၍ လှည့်စားတတ်လာသည်။ လူတို့၏ စိတ်နှလုံးများသည် ပို၍ ဝေးကွာလာသည်။ လူတို့ကြားရှိ အကွာအဝေးသည် ကျယ်ပြန့်လာသည်။ ပြီးလျှင် လူတို့၏ ဆက်ဆံရေးများသည် ရှုပ်ထွေးလာသည်။ ဤသည်မှာ လူတို့၏ လူမှုဆက်ဆံရေးများရှိ ရှုပ်ထွေးမှုနှင့် ညီမျှသည်။ လူတို့ကြားတွင် ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်း မရှိတော့ဘဲ အချင်းချင်း အပြန်အလှန် သတိထားကာကွယ်သည့် စိတ်နေစိတ်ထားဖြစ်လာစေသည်။ ဤနည်းလမ်းဖြင့် လူတို့၏ ဆက်ဆံရေးများသည် ပုံမှန်ဖြစ်နိုင်သလော။ လူမှုအခြေအနေက တိုးတက်မည်လော။ (တိုးတက်မည် မဟုတ်ပါ။) ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုရိုးသည် သိသာစွာပင် မှားယွင်းခြင်းဖြစ်သည်။ လူတို့အား ဤအရာကို သွန်သင်ပေးခြင်းအားဖြင့် လူတို့အား သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်အောင် မလုပ်ဆောင်နိုင်ပေ။ ထို့အပြင် လူတို့ကို ရိုးသားစေရန်၊ ဖြောင့်မတ်စေရန်၊ သို့မဟုတ် ပွင့်လင်းစေရန် မပြုလုပ်နိုင်ပေ။ အပြုသဘောဆောင်မှု တစ်ခုမျှ မရရှိနိုင်ပေ။
“သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုရိုးစကားသည် လုပ်ရပ်နှစ်ခုကို ညွှန်းဆိုသည်။ တစ်ခုမှာ ရိုက်နှက်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ ထုတ်ဖော်ခြင်း ဖြစ်သည်။ သူတစ်ပါးတို့နှင့် သာမန်ဆက်ဆံရေးများတွင် လူတို့သည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းက မှန်သလော၊ မှားသလော။ (မှားသည်။) သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းက သာမန်လူ့သဘာဝ၏ လက္ခဏာနှင့် အပြုအမူဖြစ်သလော။ (မဟုတ်ပါ။) လူတို့ကို ရိုက်နှက်ခြင်းသည် မျက်နှာကို ရိုက်သည်ဖြစ်စေ၊ အခြားတစ်နေရာရာကို ရိုက်သည်ဖြစ်စေ လုံးဝ မှားယွင်းသည်။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်” ဆိုသည့် အဆိုအမိန့်သည် ပင်ကိုအားဖြင့် မှားယွင်းသည်။ ဤဆိုရိုးစကားအရ သိရသရွေ့မှာ လူတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းက မမှန်ကန်သော်လည်း အခြားတစ်နေရာရာကို ရိုက်နှက်ခြင်းက မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် မျက်နှာကို ရိုက်ပြီးနောက်တွင် မျက်နှာသည် နီရဲကာ ရောင်ကိုင်းလာပြီး ဒဏ်ရာရသောကြောင့်ဖြစ်သည်။ ဤအရာသည် လူကို အမြင်ရဆိုးစေပြီး မျက်နှာမပြရဲအောင် ဖြစ်စေသည်။ လူများကို အလွန်ရိုင်းစိုင်းသည့်၊ ခေတ်မမီသည့်၊ ရှက်ဖွယ်ကောင်းသည့်နည်းဖြင့် ဆက်ဆံရန်လည်း ပြသည်။ ထို့ကြောင့် လူများအား အခြားတစ်နေရာရာသို့ ရိုက်နှက်လျှင် မြင့်မြတ်သလော။ ဤသည်မှာလည်း မမြင့်မြတ်ပါ။ အမှန်တကယ်တွင် ဤဆိုရိုးစကား၏ အဓိကအချက်မှာ လူတစ်ယောက်အား မည်သည့်နေရာတွင် ရိုက်ဖို့ရန်မဟုတ်ဘဲ “ရိုက်နှက်ခြင်း” ဆိုသည့် စကားကိုယ်၌ပင်ဖြစ်သည်။ သူတစ်ပါးတို့နှင့် ဆက်ဆံသောအခါ သင်သည် ပြဿနာများအား ရင်ဆိုင်ပြီး ကိုင်တွယ်ဖြေရှင်းသည့်အနေဖြင့် သူတစ်ပါးတို့ကို အစဉ် ရိုက်နှက်နေလျှင် သင်၏နည်းလမ်းကိုက မှားယွင်းနေသည်။ ယင်းသည် စိတ်မြန်လက်မြန်စိတ်ကြောင့် လုပ်ဆောင်ခြင်းဖြစ်ပြီး လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့အရ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကြောင့်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို လိုက်နာမှုကြောင့် ပို၍မဟုတ်သည်မှာ မှန်သည်။ လူအချို့မှာ အခြားလူများရှေ့တွင် ထိုသူတို့၏ ဂုဏ်ကို မတိုက်ခိုက်ပေ။ ၎င်းတို့ပြောဆိုသည့်အရာကို ဂရုစိုက်ပြီး အခြားလူများ၏ မျက်နှာကို ရိုက်နှက်ခြင်းအား ရှောင်သည်။ သို့သော် ထိုလူတို့၏ နောက်ကွယ်တွင် အစဉ်သဖြင့် မကောင်းသော လှည့်ကွက်များ လုပ်ဆောင်သည်။ စားပွဲပေါ်တွင် လက်ဆွဲနှုတ်ဆက်နေသော်လည်း စားပွဲအောက်တွင် ခြေထောက်ဖြင့် ကန်သည်။ အခြားလူများရှေ့တွင် ကောင်းသောအရာများကို ပြောဆိုပြီး နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်သည်။ သူတစ်ပါးတို့၏ အမှားကိုရှာပြီး ထိုသူတို့ကို တိုက်ခိုက်ဖို့ ထိုအမှားကို အသုံးချသည်။ လက်စားချေရန် အခွင့်အလမ်းကို စောင့်သည်။ အကွက်ချပြီး ကြံစည်သည်။ ကောလာဟလများ ဖြန့်သည်၊ သို့မဟုတ် ပဋိပက္ခများဖြစ်အောင် ကြံစည်ပြီး ၎င်းတို့ကို တိုက်ခိုက်ဖို့ အခြားလူများကို အသုံးပြုသည်။ ဤဒုက္ခပေးသော နည်းလမ်းများသည် တစ်စုံတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းထက် မည်မျှပို၍ သာသနည်း။ ဤအရာတို့သည် တစ်စုံတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းထက် ပို၍ပင် မပြင်းထန်သလော။ ဤအရာတို့သည် ပို၍ပင် ဒုက္ခပေးသည်၊ ကြမ်းတမ်းသည်၊ လူ့သဘာဝကင်းမဲ့သည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်” ဟူသော အဆိုအမိန့်သည် ပင်ကိုအားဖြင့် အဓိပ္ပာယ်မရှိပေ။ ဤအမြင်ကိုယ်၌က အမှားတစ်ခုဖြစ်ပြီး ပရိယာယ် အရိပ်အမြွက်ပါရှိသည်။ ကြောင်သူတော် နည်းလမ်းဖြစ်သဖြင့် ပို၍ပင် စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်၊ မနှစ်မြို့ဖွယ်ဖြစ်သည်။ ယခုတွင် လူတို့အား ရိုက်နှက်ခြင်းသည် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်ဆိုသည်ကို ငါတို့ ရှင်းပြီဖြစ်သည်။ သင်သည် မည်သည့်အချက်အကြောင့် တစ်စုံတစ်ယောက်ကို ရိုက်နှက်သနည်း။ ဥပဒေက ခွင့်ပြုထားခြင်းလော၊ သို့မဟုတ် ဘုရားသခင်က ပေးထားသော အခွင့်အရေးဖြစ်သလော။ မည်သည့်အရာမျှ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူတို့ကို ရိုက်နှက်သနည်း။ သင်သည် ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်နှင့် ဆက်ဆံရေး အဆင်ပြေနိုင်လျှင် ထိုသူနှင့် အဆင်ပြေပြီး ဆက်ဆံရန်အတွက် မှန်ကန်သောနည်းများကို အသုံးပြုနိုင်သည်။ ထိုသူနှင့် အဆင်မပြေနိုင်လျှင် သင်သည် စိတ်မြန်လက်မြန်ပြုမူရန်၊ သို့မဟုတ် ပေါက်ကွဲရန် မလိုအပ်ဘဲ လမ်းခွဲနိုင်သည်။ လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ဤသည်မှာ လူတို့လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သင်သည် စိတ်မြန်လက်မြန် ပြုမူသည်နှင့် တစ်ပြိုင်နက် ထိုသူ၏ မျက်နှာကို မရိုက်ဘဲ အခြားတစ်နေရာရာကို ရိုက်လျှင်ပင် ဤသည်မှာ ဆိုးဝါးသော ပြဿနာဖြစ်သည်။ ယင်းသည် သာမန်ဆက်ဆံသည့်နည်းလမ်းမဟုတ်ပေ။ ဤသည်မှာ ရန်သူများက ဆက်ဆံသည့်ပုံစံဖြစ်သည်။ လူတို့က ဆက်ဆံသည့် သာမန်နည်းလမ်းမဟုတ်ပေ။ လူ့သဘာဝ၏ အသိစိတ်က လက်မခံနိုင်ဖွယ် အပြုအမူဖြစ်သည်။ “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားတွင် “ဖော်” ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ “ဖော်” ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ “ဖော်” ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြင့် ဖော်ထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ် နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော ဆိုရိုးစကားတွင်ရှိသော “ဖော်” ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက အချင်းချင်းအပေါ် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် အတူတကွထိုင်ပြီး ပွင့်လင်းစွာ၊ ရိုးသားစွာဖြင့် အချင်းချင်း၏ ပြဿနာများကို ချပြခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ သင်သည် အခြားလူတစ်ယောက်၏ ပြဿနာကို မြင်တွေ့သော်လည်း ထိုသူသည် သင်၏ အကြံကို လက်မခံနိုင်သေးသည်ကို မြင်လျှင် စကားများခြင်း၊ ပဋိပက္ခဖြစ်ခြင်းကို ရှောင်ကြဉ်ရန် မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် ထိုသူကို ကူညီလိုလျှင် သူ၏ အမြင်ကို သိအောင်ပြုလုပ်ပြီး သူ့အား ရှေးဦးစွာ မေးလော့။ “မင်းမှာ ပြဿနာ နည်းနည်းရှိနေတာကို ငါသိတယ်။ မင်းကို အကြံနည်းနည်း ပေးဖို့ ငါ ဆန္ဒရှိတယ်။ မင်း လက်ခံနိုင်မလားဆိုတာ ငါမသိပါဘူး။ လက်ခံမယ်ဆိုရင် ငါပြောပြမယ်။ လက်မခံရင် လောလောဆယ် ဒီတိုင်းထားလိုက်ပြီး ဘာမှ မပြောတော့ဘူး” ဟူ၍ ဖြစ်သည်။ ထိုသူက “ငါ မင်းကို ယုံတယ်။ မင်းပြောစရာ ဘာပဲရှိရှိ အလွန်အကျွံဖြစ်မှာမဟုတ်ဘူး။ ငါ လက်ခံနိုင်ပါတယ်” ဟု ပြောလျှင် သင်က ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် သဘောဖြစ်သည်။ ထို့နောက် သူ၏ ပြဿနာများကို သူ့အား တစ်ခုချင်း ပြောပြနိုင်သည်။ သူသည် သင်ပြောသည့်အရာကို အပြည့်အဝ လက်ခံမည်သာမက ယင်းမှနေ အကျိုးဖြစ်လိမ့်မည်။ သင်တို့နှစ်ယောက်သည် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း ဆက်ဆံခြင်းမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ ယခုဆွေးနွေးနေသည့် ဆိုရိုးစကားအရ “သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်း” ဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရသနည်း။ သူတစ်ပါးတို့၏ ချို့ယွင်းချက်များကို မပြောခြင်း၊ သူတစ်ပါးတို့၏ မပြောအပ်ဆုံးသော ပြဿနာများကို မပြောခြင်း၊ သူတစ်ပါးတို့၏ ပြဿနာများ၏ အနှစ်သာရကို မဖော်ထုတ်ခြင်း၊ ဖော်ထုတ်ရာတွင် အလွန်ပင် ပြောင်ပြောင်တင်းတင်း မဖြစ်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့် မှတ်ချက်များကိုသာ ပေးခြင်း၊ လူအားလုံးက အပြောများသည့်အရာများကိုသာ ပြောခြင်း၊ ထိုသူကိုယ်၌က မြင်နိုင်ပြီးဖြစ်သည့်အရာများကို ပြောဆိုခြင်း၊ ထိုသူက ယခင်က ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ထိခိုက်လွယ်သော ပြဿနာများကို ဖွင့်မပြခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဤသို့ လုပ်ဆောင်လျှင် ထိုသူအတွက် မည်သို့ အကျိုးဖြစ်သနည်း။ သင်သည် ထိုသူကို စိတ်မကျေမနပ်မဖြစ်စေခြင်း၊ သို့မဟုတ် သူနှင့် ရန်သူမဖြစ်ခြင်းတို့ ရှိကောင်းရှိမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာသည် ထိုသူအား မည်သို့မျှ အကူအညီမပေးပေ၊ သို့မဟုတ် ထိုသူအတွက် အကျိုးမဖြစ်ပေ။ ထို့ကြောင့် “သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် စကားကိုယ်၌က တိမ်းရှောင်ခြင်းဖြစ်ပြီး လူတို့ အချင်းချင်း ဆက်ဆံရာတွင် ရိုးသားစစ်မှန်မှုကို ခွင့်မပြုသော လှည့်စားမှု ပုံစံတစ်ခုဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ဘာသာတရားမရှိသူများက “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားရှိသူတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဟုပင် မြင်ကြသည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် လှည့်စားသည့် ပုံစံတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ယင်းကို လူတို့က မိမိကိုယ်ကို ကာကွယ်ရန်အတွက် ခံယူကျင့်သုံးခြင်းဖြစ်သည်။ ဆက်ဆံရာတွင် သင့်တင့်လျောက်ပတ်သောနည်းလမ်း လုံးဝ မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)
“ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ရိုးရာ တရုတ် ယဉ်ကျေးမှုတွင် ညွှန်းဆိုသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးစကားသည် လူတို့ကို ချုပ်ထိန်းပြီး ဉာဏ်အလင်းဖွင့်ပြသည့် အယူဝါဒတစ်ခု ဖြစ်သည်။ ယင်းသည် အသေးစား အငြင်းပွားမှုများနှင့် အသေးအဖွဲဖြစ်သော ပဋိပက္ခများကိုသာ ဖြေရှင်းပေးနိုင်သည်။ သို့သော် အလွန်ပင် မုန်းတီးခြင်းရှိသော လူတို့နှင့်ပတ်သက်လျှင် သက်ရောက်မှုလုံးဝမရှိပေ။ ဤသတ်မှတ်ချက်ကို တင်ပြသူတို့သည် လူ၏ လူ့သဘာဝကို အမှန်တကယ် နားလည်သလော။ ဤသတ်မှတ်ချက်ကို အဆိုပြုသောသူတို့သည် လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သည်းခံနိုင်သော အတိုင်းအတာက မည်မျှကြီးသည်ကို မသိနားမလည်ခြင်း လုံးဝမဟုတ်ဟု ဆိုနိုင်သည်။ ဤသဘောတရားကို တင်ပြခြင်းသည် ၎င်းတို့ကို အတွေ့အကြုံများပြီး မြင့်မြတ်သည့်ပုံစံရှိစေပြီး လူတို့၏ ထောက်ခံမှုနှင့် မြှောက်ပင့်မှုကို ရရှိနိုင်ခြင်းသာဖြစ်သည်။ အမှန်မှာ တစ်စုံတစ်ယောက်သည် လူတစ်ယောက်၏ ဂုဏ်၊ သို့မဟုတ် အကျင့်သိက္ခာကို ထိခိုက်လျှင်၊ သူ၏ အကျိုးစီးပွားကို ထိခိုက်လျှင်၊ သို့မဟုတ် သူ၏ အနာဂတ် ရှေ့ရေးများနှင့် သူ၏ တစ်ဘဝလုံးကိုပင် သက်ရောက်မှုရှိလျှင် လူ့သဘာဝ၏ ရှုထောင့်အရ ထိခိုက်နစ်နာသောဘက်က လက်တုံ့ပြန်ရမည်ဆိုသည်ကို ၎င်းတို့ ကောင်းစွာသိသည်။ သူ့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မည်မျှရှိပါစေ သူသည် အသာတကြည် ခံယူမည်မဟုတ်ပေ။ အများဆုံးအနေဖြင့် သူ၏ လက်စားချေမှုအတိုင်းအတာနှင့် နည်းလမ်းတို့သာ ကွဲပြားလိမ့်မည်။...
လူတို့သည် အမုန်းတရားကို လက်လွှတ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အဓိက အကြောင်းရင်းများမှာ အဘယ်နည်း။ တစ်ဖက်တွင် ၎င်းတို့သည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကား၏ လွှမ်းမိုးခြင်းကို ခံရသည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် သေးသိမ်သော မကျေနပ်ချက်များကို ကိုင်စွဲထားလျှင်၊ လူတို့ကို စဉ်ဆက်မပြတ် မုန်းတီးနေလျှင်၊ အခြားလူများကို သည်းမခံလျှင် ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ခြေကုပ်မရယူနိုင်ဘဲ လူအများ၏ ထင်မြင်ချက်တို့ဖြင့် ရှုတ်ချခြင်းခံရပြီး လူတို့၏ လှောင်ရယ်ခြင်းခံရမည်ဟူသည့် အတွေးဖြင့် စိုးရိမ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဒေါသကို စိတ်မပါတပါဖြင့် လိုလားခြင်းမရှိဘဲ မြိုသိပ်ထားရသည်။ တစ်ဖက်တွင် လူတို့၏ ဗီဇကို ကြည့်လျှင် ဤကမ္ဘာတွင် အသက်ရှင်နေသောသူတို့သည် ဤဖိနှိပ်မှု၊ အသိတရားမရှိသော ထိခိုက်မှုနှင့် မမျှတသော ဆက်ဆံမှုတို့အားလုံးကို မခံကြနိုင်ပေ။ ဆိုလိုသည်မှာ လူတို့၏ လူ့သဘာဝတွင် ဤအရာများကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် သတ်မှတ်ချက်ကို တစ်ဦးတစ်ယောက်အပေါ် အဆိုပြုသည်မှာ မမျှတသကဲ့သို့ လူသားမဆန်ပေ။ အခြားတစ်ဖက်တွင် ဤသို့သော အယူအဆနှင့် အမြင်များသည် ဤကိစ္စများနှင့်ပတ်သက်ပြီး လူတို့၏ အမြင်များနှင့် ရှုထောင့်များအပေါ်လည်း သက်ရောက်ပြီး လိုရာဆွဲပြောစေသည်မှာလည်း သိသာသည်။ ထို့ကြောင့် ၎င်းတို့သည် ဤသို့သော အရေးကိစ္စများကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရမည့်အစား “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော ဆိုရိုးစကားများကို မှန်ကန်ပြီး အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူကြသည်။ လူတို့သည် မမျှတသော ဆက်ဆံမှုကို ခံရသောအခါတွင် လူအများ၏ ထင်မြင်ချက်တို့အားဖြင့် ရှုတ်ချခံရခြင်းကို ရှောင်ကြဉ်ရန်အတွက် ၎င်းတို့ ခံစားရသော စော်ကားမှုများနှင့် မျှတမှုမရှိသော ဆက်ဆံမှုကို ကျိတ်ခံပြီး လက်တုံ့ပြန်ရန် အခွင့်အလမ်းကို စောင့်ဖို့ကလွဲ၍ ရွေးစရာမရှိပေ။ ၎င်းတို့သည် “‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။’ ရှိစေတော့။ လက်တုံ့ပြန်၍ အကျိုးမရှိပေ။ ယင်းမှာ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ပြီး အရေးမကြီးတော့ပါ” ဆိုသကဲ့သို့သော ကြားကောင်းသောအရာများကို လူကြားအောင်ပြောသော်လည်း လူသား၏ ဗီဇကြောင့် ဤဖြစ်ရပ်အားဖြင့် ၎င်းတို့တွင် ဖြစ်သွားသော ထိခိုက်မှုကို လုံးဝ မေ့ပျောက်၍မရပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ ကိုယ်ခန္ဓာနှင့် စိတ်အပေါ်သို့ ဖြစ်ခဲ့သော ထိခိုက်နစ်နာမှုသည် မည်သည့်အခါမျှ မဖျောက်ဖျက်နိုင်ပေ၊ သို့မဟုတ် မှေးမှိန်ပျောက်ကွယ်မသွားပေ။ လူတို့က “အမုန်းတရားကို မေ့လော့။ ဤကိစ္စသည် ပြီးဆုံးသွားပြီ။ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ပြီး အရေးမကြီးတော့ပါ” ဟု ပြောသောအခါတွင် ဤသည်မှာ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များ၏ ဘောင်ခတ်မှုနှင့် လွှမ်းမိုးမှုကို ခံရခြင်းအားဖြင့်သာ ဖြစ်ပေါ်သော အယောင်ဆောင်မှုတစ်ခုဖြစ်သည်။ လူတို့သည် ဤသို့သော အယူအဆများနှင့် အမြင်များ၏ ကန့်သတ်ခြင်းကိုလည်း ခံရသည်မှာ ၎င်းတို့သည် ဤအရာတို့ကို လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာဖို့ စိတ်မရှိလျှင်၊ သို့မဟုတ် သဘောထားကြီးခြင်းမရှိလျှင် ၎င်းတို့သည် လူတိုင်းက အထင်သေးပြီး ရှုတ်ချခြင်းခံရမည်၊ လူ့အဖွဲ့အစည်းတွင်၊ သို့မဟုတ် ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်းတွင် ပို၍ပင် ခွဲခြားဆက်ဆံခံရမည်ဟု ထင်သည်အထိပင် ဖြစ်ကြောင်း ပြောစရာပင်မလိုချေ။ ခွဲခြားဆက်ဆံခံရခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ သင်သည် လူတို့နှင့် ထိတွေ့ဆက်ဆံပြီး သင်၏ ကိစ္စကို သင် လုပ်သောအခါ လူတို့က “ဤလူသည် သဘောထားသေးသိမ်ပြီး အငြိုးထားတတ်သည်။ သူနှင့် ဆက်ဆံသောအခါတွင် သတိရှိပါ။” ဟု ပြောကြလိမ့်မည်။ ဤသည်မှာ လက်တွေ့အားဖြင့် လူ့အသိုင်းအဝိုင်းအတွင်းတွင် သင်၏ ကိစ္စကို လုပ်ဆောင်သောအခါ အပို အခက်အခဲတစ်ခုဖြစ်လာသည်။ အဘယ်ကြောင့် ဤအပို ခက်ခဲမှုရှိသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းတစ်ခုလုံးသည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသောကြောင့်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ထုံးတမ်းဓလေ့များသည် ဤသို့သော စဉ်းစားပုံကို မြတ်နိုးသည်။ ပြီးလျှင် လူ့အဖွဲ့အစည်းတစ်ခုလုံးသည် ဤအရာ၏ ကန့်သတ်ခြင်း၊ လွှမ်းမိုးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ ထို့ကြောင့် သင်သည် ဤအရာကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် လူအဖွဲ့အစည်း၌ ခြေကုပ်ရယူရန်နှင့် သင်၏ အသိုင်းအဝိုင်းအတွင်းတွင် ရှင်သန်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လူအချို့သည် အခြားနည်းလမ်းမရှိဘဲ ထိုကဲ့သို့သော ဓလေ့ထုံးတမ်းများကို ကျိုးနွံနာခံပြီး “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော ဆိုရိုးစကားများနှင့် အမြင်များနောက်သို့သာ လိုက်ကာ သနားစဖွယ်ဘဝများကို အသက်ရှင်ရသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင် ဤကိုယ်ကျင့်တရားဝါဒီဆိုသော သူများသည် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများ၊ အမြင်များနှင့်သက်ဆိုင်သော ဤဆိုရိုးစကားများကို အဆိုပြုရာတွင် အချို့သော ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များ မရှိသလော။ လူသားတို့အနေဖြင့် ပို၍ လွတ်လပ်စွာ အသက်ရှင်နိုင်ရန်၊ ၎င်းတို့၏ ကိုယ်ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့ ပိုပြီး လွတ်မြောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်သလော။ သို့မဟုတ် ပျော်ရွှင်သောဘဝများကို လူတို့ ရှင်သန်နိုင်ဖို့အတွက် ဖြစ်သလော။ ဤသို့မဟုတ်သည်မှာ အတော်အတန် သိသာပေသည်။ ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များကို လုံးဝ အကျိုးမပြုပေ။ ပြီးလျှင် အထူးသဖြင့် ပုံမှန်လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်စေရန်အတွက် ထိုအရာများကို အဆိုပြုခြင်း မဟုတ်ပေ။ ထိုအစား ထိုအရာများသည် လူတို့ကို ထိန်းချုပ်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အာဏာကို တည်မြဲစေရန်ဖြစ်သော အုပ်ချုပ်သူလူတန်းစားတို့၏ ရည်မှန်းချက်ကို အလုံးစုံ အကျိုးပြုသည်။ ထိုအရာများသည် အုပ်ချုပ်သူလူတန်းစားကို အကျိုးပြုပြီး အုပ်ချုပ်သူလူတန်းစားမှ လူမှုဖွဲ့စည်းပုံစနစ်နှင့် လူမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို ထိန်းချုပ်နိုင်ရန်အတွက်၊ လူတိုင်း၊ မိသားစုတိုင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း၊ အသိုင်းအဝိုင်းတိုင်း၊ အုပ်စုတိုင်းနှင့် အုပ်စုအမျိုးမျိုးက ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတို့ကို ဘောင်ခတ်ရန်အတွက် ဤအရာများကို အသုံးပြုနိုင်ရန် တင်ပြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းဖြစ်သော ကိုယ်ကျင့်တရား အယူအဆများနှင့် အမြင်များ ထွက်ပေါ်လာပြီး ပုံပေါ်လာခြင်းသည် ဤသို့သော လူ့အဖွဲ့အစည်းများတွင်၊ ဤသို့သော ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများနှင့် အမြင်များ၏ အယူဝါဒသွတ်သွင်းခြင်း၊ လွှမ်းမိုးခြင်းနှင့် စွဲမှတ်အောင် သွန်သင်ခြင်းအောက်တွင် ဖြစ်သည်။ ဤသို့ လူမှုဆိုင်ရာ ကိုယ်ကျင့်တရားနှင့် လူမှုဓလေ့ထုံးတမ်းများ ပုံပေါ်လာခြင်းသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အထောက်အကူ မဖြစ်တော့သကဲ့သို့ လူသား၏ အတွေးအခေါ် တိုးတက်မှုနှင့် သန့်စင်မှုအတွက်လည်း ပို၍ပင် အထောက်အကူ မဖြစ်ပေ။ လူ့သဘာဝ တန်ဖိုးမြင့်တက်ခြင်းအတွက်လည်း ပို၍ အထောက်အကူ မဖြစ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဤကိုယ်ကျင့်တရား အယူအဆများနှင့် အမြင်များ ထွက်ပေါ်လာမှုကြောင့် လူသား၏ စဉ်းစားပုံသည် ထိန်းချုပ်၍ ရသော အတိုင်းအတာတစ်ခုအတွင်းတွင် ကန့်သတ်ခံရသည်။ ဤသို့ဆိုလျှင် အဆုံး၌ မည်သူက အကျိုးဖြစ်သနည်း။ လူသားမျိုးနွယ် ဖြစ်သလော။ သို့မဟုတ် အုပ်ချုပ်သူလူတန်းစား ဖြစ်သလော။ (အုပ်ချုပ်သူလူတန်းစားဖြစ်ပါသည်။) မှန်သည်။ အဆုံးတွင် အကျိုးဖြစ်သည်မှာ အုပ်ချုပ်သူလူတန်းစားဖြစ်သည်။ လူသားတို့၏ စဉ်းစားပုံနှင့် ကိုယ်ကျင့်တရား အပြုအမူ၏ အခြေပြုချက်အဖြစ် ဤကိုယ်ကျင့်တရားကျမ်းစာများကြောင့် လူသားတို့သည် အုပ်ချုပ်ရန် ပို၍ လွယ်ကူသည်။ နာခံမှုရှိသော နိုင်ငံသားများ ပို၍ ဖြစ်နိုင်ခြေရှိသည်။ ကြိုးကိုင်ခြယ်လှယ်ရန် ပို၍ လွယ်ကူသည်။ ၎င်းတို့လုပ်ဆောင်သမျှတွင် ကိုယ်ကျင့်တရားကျမ်းစာများ၏ ဆိုရိုးစကားအမျိုးမျိုး၏ အုပ်စိုးခြင်းကို ပို၍ အလွယ်တကူ ခံရသည်။ ပြီးလျှင် လူမှုစနစ်များ၊ လူမှုဆိုင်ရာ ကိုယ်ကျင့်တရား၊ လူမှုဓလေ့ထုံးထမ်းများနှင့် အများပြည်သူ၏ ထင်မြင်ချက်တို့၏ အုပ်စိုးခြင်းကို ပို၍ လွယ်ကူစွာ ခံရသည်။ ဤသို့ဖြင့် တူညီသော လူမှုစနစ်များတွင်၊ ကိုယ်ကျင့်တရား ပတ်ဝန်းကျင်တွင်၊ လူမှုဓလေ့ထုံးတမ်းများတွင် အဆင့်နိမ့်သောလူတို့သည် အခြေခံအားဖြင့် အတိုင်းအတာတစ်ခုအထိ တညီတညွတ်တည်းဖြစ်သော အယူအဆများနှင့် အမြင်များ၊ မည်သို့ ကျင့်ကြံပြုမူသင့်သည်ဆိုသည်နှင့်ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်သော အခြေခံစည်းမျဉ်းရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အယူအဆများနှင့် အမြင်များသည် ဤကိုယ်ကျင့်တရားဝါဒီများ၊ အတွေးအခေါ်သမားများနှင့် သွန်သင်ဆုံးမသူများဆိုသောသူများ၏ ပြင်ဆင်ခြင်းနှင့် စံသတ်မှတ်ခြင်းတို့ကို ခံရသောကြောင့်ဖြစ်သည်။ ဤ “တညီတညွတ်တည်း” ဆိုသောစကားမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အုပ်ချုပ်ခံရသူတို့သည်၊ ၎င်းတို့၏ အတွေးများနှင့် ပုံမှန်လူ့သဘာဝတို့သည် ကိုယ်ကျင့်တရားကျမ်းစာများမှ ဤဆိုရိုးစကားများကို စိတ်ထဲတွင် စွဲမှတ်ပြီး ယင်းတို့၏ ကန့်သတ်ခြင်းကို ခံရသည်။ လူတို့၏ အတွေးများသည် ကန့်သတ်ခြင်းခံရသည်။ ပြီးလျှင် တစ်ချိန်တည်းတွင် ၎င်းတို့၏ နှုတ်များနှင့် ဦးနှောက်များသည်လည်း ကန့်သတ်ခြင်းခံရသည်။ လူတိုင်းသည် ရိုးရာယဉ်ကျေးမှု၏ ဤကိုယ်ကျင့်တရားအယူအဆများနှင့် အမြင်များကို မဖြစ်မနေလက်ခံရသည်။ တစ်ဖက်တွင် ၎င်းတို့ကိုယ်တိုင်၏ အပြုအမူကို အကဲဖြတ်ပြီး ဘောင်ခတ်ရန် ထိုအရာများကို အသုံးပြုရပြီး အခြားတစ်ဖက်တွင် အခြားလူတို့နှင့် ဤလူ့အဖွဲ့အစည်းကို အကဲဖြတ်ရန်အတွက် ထိုအရာများကို အသုံးပြုရသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အများပြည်သူ၏ ထင်မြင်ချက်အားဖြင့် ထိန်းချုပ်ခြင်းကိုလည်း ခံရသည်မှာ မှန်သည်။ ထိုထင်မြင်ချက်သည် ကိုယ်ကျင့်တရားကျမ်းစာများမှ ဤဆိုရိုးစကားများကို ဗဟိုပြုထားသည်။ အမှုအရာများကို သင်လုပ်ဆောင်သည့်နည်းလမ်းသည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို ဆန့်ကျင်သည်ဟု သင်တွေးထင်လျှင် သင်သည် အလွန်ပင် စိတ်မချမ်းမသာဖြစ်ပြီး စိတ်မအေးနိုင်ဖြစ်သည်။ ပြီးလျှင် မကြာမီတွင် သင်သည် “ငါသည် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာခြင်းကို မလုပ်ဆောင်နိုင်လျှင်၊ ငါသည်အမြင်ကျဉ်းသော ငလက်မလေးတစ်ယောက်ကဲ့သို့ သေးနုပ်ပြီး သဘောထား သေးသိမ်လျှင်၊ မုန်းတီးခြင်း အနည်းငယ်မျှကိုပင် လက်မလွှတ်နိုင်ဘဲ အချိန်ပြည့် စိတ်ထဲထည့်ထားလျှင် ငါသည် လှောင်ရယ်ခြင်းခံရမည်လော။ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများက ခွဲခြားဆက်ဆံခြင်းကို ငါ ခံရမည်လော” ဟု တွေးမိသည်။ ထို့ကြောင့် သင်သည် အထူးပင် သဘောထားကြီးသည့် ဟန်ဆောင်ရသည်။ လူတို့တွင် ဤအပြုအမူများရှိလျှင် ၎င်းတို့သည် လူအများ၏ ထင်မြင်ချက်အားဖြင့် ထိန်းချုပ်ခြင်းခံရသည်ဟု ဆိုလိုသလော။ (ဆိုလိုပါသည်။) အရှိအတိုင်းပြောရလျှင် သင်၏ စိတ်နှလုံးအတွင်းထဲတွင် မမြင်နိုင်သော အချုပ်အနှောင်များ ရှိသည်။ ဆိုလိုသည်မှာ လူအများ၏ ထင်မြင်ချက်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ရှုတ်ချမှုသည် သင့်အတွက် မမြင်နိုင်သော အချုပ်အနှောင်များကဲ့သို့ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၉)
“သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့်စကားက သွယ်ဝိုက်ညွှန်းဆိုသည်မှာ သင်ကိုယ်တိုင်နှစ်သက်ပြီး ပျော်ရွှင်ရသည့်အရာများကိုသာ သူတစ်ပါးတို့ကို ပေးသင့်သည်၊ သို့မဟုတ် ပံ့ပိုးသင့်သည်ဟူ၍ ဖြစ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသော လူများက မည်သည့်အရာများကို နှစ်သက်ပြီး ပျော်ရွှင်ရသနည်း။ ဖောက်ပြန်ပျက်စီးသော အရာများ၊ အဓိပ္ပာယ် မရှိသောအရာများနှင့် လွန်ကျူးသော ဆန္ဒများဖြစ်သည်။ လူတို့ကို ဤအပျက်သဘောဆောင်သောအရာများပေးပြီး ပံ့ပိုးလျှင် လူသားမျိုးနွယ်အားလုံးသည် ပိုပို၍ ဖောက်ပြန်ပျက်စီးလာမည်မဟုတ်လော။ အပြုသဘောဆောင်သောအရာများ ပိုပို၍ နည်းလာလိမ့်မည်။ ဤသည်မှာ အမှန်တရားမဟုတ်သလော။ လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသည်မှာ အမှန်တရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဂုဏ်အဆင့်အတန်းနှင့် ဇာတိပကတိ၏ သာယာမှုများနောက်သို့ လိုက်လိုကြသည်။ နာမည်ကျော်ကြားသူများဖြစ်လိုကြသည်။ အင်အားကြီးမားပြီး စွမ်းအားရှင် ဖြစ်လိုကြသည်။ ၎င်းတို့သည် သက်သာသောဘဝကို ရလိုပြီး ကြိုးစားလုပ်ကိုင်ရခြင်းကို မနှစ်သက်ပေ။ အရာရာကို ၎င်းတို့အား ပေးအပ်စေချင်သည်။ ၎င်းတို့အထဲတွင် သမ္မာတရားကို၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသူ အလွန်နည်းပါးသည်။ လူတို့က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် မက်မောမှုများကို အခြားလူများအား ပေးပြီး ပံ့ပိုးလျှင် မည်သည့်အရာဖြစ်မည်နည်း။ သင် စိတ်ကူးမည့်အတိုင်းပင်ဖြစ်သည်။ လူသားမျိုးနွယ်သည် ပိုပို၍သာ ဖောက်ပြန်ပျက်စီးလာမည်။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အယူအဆကို ထောက်ခံအားပေးသူများသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှု၊ မက်မောမှုများနှင့် လွန်ကျူးသော ဆန္ဒများကိုအခြားလူများအား ပေးပြီး ပံ့ပိုးရန် တောင်းဆိုပြီး ဤသို့အားဖြင့် အခြားလူတို့အား ဆိုးယုတ်မှု၊ သက်သာမှု၊ ငွေကြေးနှင့် တိုးတက်မှုတို့ကို ရှာဖွေစေသည်။ ဤသည်မှာ ဘဝတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သလော။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည်မှာ အလွန်ပင် ပြဿနာရှိသော ဆိုရိုးစကားတစ်ခုဖြစ်သည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ယင်းတွင်ရှိသော ဟာကွက်များနှင့် ချို့ယွင်းချက်များသည် ထင်ရှားသိသာစွာ ပေါ်လွင်ပေသည်။ ယင်းကို စိစစ်ပြီး ပိုင်းခြားသိမြင်ရန်ပင် မထိုက်တန်ပေ။ အနည်းငယ်မျှ စစ်ဆေးကြည့်ခြင်းဖြင့် ယင်း၏ အမှားများနှင့် အဓိပ္ပာယ်မရှိမှုများကို ရှင်းလင်းစွာ မြင်နိုင်သည်။ သို့ရာတွင် သင်တို့အထဲ၌ ဤဆိုရိုးစကားအားဖြင့် အလွယ်တကူ အယုံသွင်းခံရပြီး လွှမ်းမိုးခြင်းခံရကာ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လက်ခံသောသူများစွာ ရှိသည်။ သူတစ်ပါးတို့နှင့် ဆက်ဆံသည့်အခါတွင် သင့်ကိုယ်သင် ဆိုဆုံးမပြီး သူတစ်ပါးတို့အား တွန်းအားပေးရန် ဤဆိုရိုးစကားကို သင် မကြာခဏအသုံးပြုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်၏ ပင်ကိုစရိုက်သည် အလွန်ပင် မြင့်မြတ်ပြီး သင်၏ ကျင့်ကြံနေထိုင်မှုသည် အလွန်ပင် ကျိုးကြောင်းသင့်လျော်သည်ဟု သင် ထင်သည်။ သို့သော် သင်ကိုယ်တိုင် သတိမထားမိဘဲ ဤစကားများသည် သင် အသက်ရှင်နေထိုင်သည့် စည်းမျဉ်းနှင့် အရေးကိစ္စများအပေါ် သင်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် သင်ကဲ့သို့သော အမြင်၊ ရပ်တည်မှုနှင့် လူများ၊ အခြေအနေများအပေါ် ချဉ်းကပ်စေရန် အခြားသူများအား အထင်အမြင်မှားစေကာ လွဲမှားစေပြီးဖြစ်သည်။ သင်သည် ခြံစည်းရိုးခွထိုင်သူသဖွယ် ပြုမူလုပ်ဆောင်ခဲ့ပြီး လုံးဝ အလယ်အလတ်လမ်းကို လိုက်ခဲ့သည်။ သင်က “ပြဿနာက ဘာပဲဖြစ်ပါစေ။ အလေးအနက်ထားဖို့ မလိုဘူး။ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူများတွေအတွက်ပဲဖြစ်ဖြစ် အခက်အခဲဖြစ်အောင် မလုပ်နဲ့။ သူများတွေအတွက် အခက်အခဲဖြစ်အောင် လုပ်ရင် ကိုယ့်အတွက် အခက်အခဲဖြစ်အောင် လုပ်တာပဲ။ သူများတွေအပေါ် ကြင်နာတာက ကိုယ့်အပေါ် ကြင်နာတာပဲ။ သူများတွေအပေါ် မညှာတာရင် ကိုယ့်အပေါး မညှာတာတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အကျပ်ရိုက်ရအောင် လုပ်မှာလဲ။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုတာက ကိုယ့်အတွက် လုပ်ပေးနိုင်တဲ့အရာထဲမှာ အကောင်းဆုံးနဲ့ အသက်ညှာဆုံးပဲ” ဟု ပြောသည်။ ဤသဘောထားသည် သိသာစွာပင် မည်သည့်အရာတွင်မျှ စေ့စပ်တိကျမှုမရှိခြင်းတစ်ခုဖြစ်သည်။ သင်သည် မည်သည့်အရေးကိစ္စတွင်မျှ မှန်ကန်သော ရပ်တည်ချက်၊ သို့မဟုတ် အမြင်ရှုထောင့်မရှိပေ။ သင်သည် အရာရာတွင် မပြတ်သားသော အမြင်ရှိသည်။ သင်သည် စေ့စပ်တိကျမှုမရှိဘဲ အမှုအရာများကို မျက်ကွယ်ပြုထားခြင်းသာဖြစ်သည်။ သင်သည် နောက်ဆုံးတွင် ဘုရားရှေ့တွင်ရပ်ပြီး သင့်အတွက်သင် ဖြေရှင်းရသောအခါတွင် အလွန်ပင် မရှင်းမလင်းဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်ဟု အစဉ်ပြောသောကြောင့်ဖြစ်သည်။ ဤသည်မှာ သင့်အား အလွန်ပင် စိတ်သက်သာရာရစေပြီး ပျော်ရွှင်စေသည်။ သို့သော် တစ်ချိန်တည်းတွင် သင့်အား ကြီးမားသောပြဿနာဖြစ်စေလိမ့်မည်။ ဤသို့ဖြင့် အကြောင်းအရာများစွာတွင် သင်သည် ရှင်းလင်းသော အမြင်၊ သို့မဟုတ် ရပ်တည်ချက်မရှိနိုင်ပေ။ ဤအခြေအနေများကို သင်ကြုံတွေ့သောအခါ သင့်အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများသည် မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် မည်သည့်အဆုံးသတ်ကို သင်ရရှိသင့်သည်ကို နားမလည်နိုင်အောင်လည်း ပြုလုပ်သည်မှာ မှန်သည်။ သင်သည်မည်သည့်အရာမဆိုတွင် စေ့စပ်တိကျမှုမရှိခြင်းကြောင့် ဤအရာများ ဖြစ်ပျက်ခြင်းဖြစ်သည်။ ယင်းတို့သည် သင်၏ မပြတ်သားသော သဘောထားနှင့် အမြင်အားဖြင့် ဖြစ်ပေါ်သည်။ သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့် ဆိုသည်က လူများနှင့် အမှုအရာများအပေါ် သင်ထားရှိသင့်သည့်၊ သည်းခံသင့်သည့် သဘောထားဖြစ်သလော။ မဟုတ်ပေ။ ယင်းသည် အပြင်ပန်းတွင် မှန်ကန်သော၊ မြင့်မြတ်သော၊ ကြင်နာသောပုံစံရသည့် သဘောတရားတစ်ခုသာဖြစ်သော်လည်း စင်စစ်အားဖြင့် လုံးလုံးလျားလျား အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်။ လူတို့လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းတစ်ခု သာ၍ပင် မဟုတ်သည်မှာ ရှင်းပေသည်။ ဘုရားသခင်က လူတို့အား ၎င်းတို့ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေရန် မတောင်းဆိုပေ။ ထိုအစား မတူညီသော အခြေအနေများကို ကိုင်တွယ်သောအခါ လူတို့ လိုက်နာသင့်သည့်စည်းမျဉ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာသိထားရန် ဘုရားသခင်က လူတို့အား တောင်းဆိုသည်။ ယင်းသည် မှန်ကန်ပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားတို့နှင့် ကိုက်ညီလျှင် ယင်းကို ဖက်တွယ်ထားရမည်။ ဖက်တွယ်ထားရုံမကဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်တို့ကို အခြားသူများက တိကျစွာ နားလည်စေဖို့အတွက် ဆိုဆုံးမရမည်။ ဖျောင်းဖျရမည်။ မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ဘုရားသခင်က သင့်အား အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ သင် မည်မျှစိတ်ထားမြင့်မြတ်ကြောင်း ကြွားဝါရန် ပို၍ပင် မတောင်းဆိုပေ။ ဘုရားသခင်က သင့်အား ဆိုဆုံးမကာ သွန်သင်ခဲ့ပြီးဖြစ်သည့်၊ ဘုရားနှုတ်ကပတ်တော်များတွင် ပြောဆိုသည့်အရာများဖြစ်သော လူတို့လေ့လာသင့်သည့် သတ်မှတ်ချက်များ၊ စံနှုန်း၊ သမ္မာတရားစည်းမျဉ်းများကို သင်ဖက်တွယ်ထားသင့်သည်။ ဖက်တွယ်ထားပြီ ထိုအရာများကို အစဉ်ထာဝရကိုင်စွဲထားရုံသာမကဘဲ စံနမူနာအနေဖြင့် ဦးဆောင်လမ်းပြခြင်းအားဖြင့်လည်း လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် စည်းရုံးခြင်း၊ ကြီးကြပ်ခြင်း၊ ကူညီခြင်းနှင့် သင်လုပ်ဆောင်သည့်ပုံစံအတိုင်း ဤသမ္မာတရားစည်းမျဉ်းများကို ဖက်တွယ်ရန်၊ လိုက်နာရန်၊ လက်တွေ့လုပ်ဆောင်ရန် သူတစ်ပါးတို့အား လမ်းပြခြင်းအားဖြင့်လည်း ဤစည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရမည်။ ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်က တောင်းဆိုသည်။ ဤသည်မှာ ဘုရားသခင်က သင့်အပေါ် အပ်နှံသည့်အရာဖြစ်သည်။ သင်သည် သူတစ်ပါးတို့ကို လျစ်လျူရှုနေစဉ်တွင် သင့်ကိုယ်သင် သတ်မှတ်ချက်များပြုလုပ်၍ မရပေ။ အရေးကိစ္စများတွင် မှန်ကန်သော ရပ်တည်ချက်ကို ယူရန်၊ မှန်ကန်သောစံသတ်မှတ်ချက်များကို ဖက်တွယ်ရန်၊ ဘုရားနှုတ်ကပတ်တော်များထဲမှ စံနှုန်းက မည်သည့်အရာဖြစ်သည်ကို အတိအကျသိရန်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို သင် အတိအကျ အဖြေရှာရန် ဘုရားသခင်က သင့်အား တောင်းဆိုသည်။ သင်က ဤအရာကို မဖြစ်မြောက်နိုင်လျှင်ပင်၊ သင်က လုပ်ချင်စိတ်မရှိလျှင်ပင်၊ သင်က ယင်းကို မနှစ်သက်လျှင်၊ အယူအဆများရှိလျှင်၊ သို့မဟုတ် ယင်းကို အတိုက်အခံဖြစ်လျှင် သင်သည် ဤအရာကို သင်၏တာဝန်အဖြစ်၊ သင်၏ ဝတ္တရားအဖြစ် မှတ်ယူရမည်။ ဘုရားသခင်ဆီမှလာသော အပြုသဘောဆောင်သောအရာများကို၊ မှန်ကန်သင့်တော်သောအရာများကို အခြားလူများနှင့် သင်မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး သူတစ်ပါးတို့အား ကူညီရန်၊ သက်ရောက်စေရန်၊ လမ်းပြရန် ထိုအရာများကို အသုံးပြုလော့။ ဤသို့အားဖြင့် လူတို့သည် ထိုအရာများအားဖြင့် အကျိုးဖြစ်စေနိုင်ပြီး တည်ဆောက်စရာ ဖြစ်စေနိုင်သည်။ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ စာတန်က သင်၏ စိတ်အတွင်းသို့ ထည့်ထားသည့် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အယူအဆကို ခေါင်းမာစွာဖြင့် ဖက်တွယ်မထားသင့်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုဆိုရိုးစကားသည် လောကီဆက်ဆံရေးများအတွက် အတွေးအခေါ်တစ်ခုသာဖြစ်သည်။ စာတန်၏ လှည့်ကွက်ပါဝင်သော တွေးခေါ်ပုံတစ်ခုဖြစ်သည်။ မှန်ကန်သော လမ်းကြောင်း လုံးဝမဟုတ်သကဲ့သို့ အပြုသဘောဆောင်သောအရာလည်း မဟုတ်ပေ။ သင့်အပေါ် ဘုရားသခင် တောင်းဆိုသမျှမှာ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို ရှင်းလင်းစွာ နားလည်သော ဖြောင့်မတ်သည့်သူတစ်ယောက်ဖြစ်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အား လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ရန်၊ သို့မဟုတ် ခြံစည်းရိုးခွထိုင်သူဖြစ်ရန် မတောင်းဆိုပေ။ အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ အကြောင်းကိစ္စတစ်ခုသည် သမ္မာတရားစည်းမျဉ်းနှင့် သက်ဆိုင်သောအခါ လိုအပ်သည့်အရာများကို သင်ပြောဆိုရမည်။ နားလည်ဖို့လိုအပ်သည့်အရာကို နားလည်ရမည်။ တစ်စုံတစ်ယောက်က တစ်ခုခုကို နားမလည်သော်လည်း သင်က နားလည်လျှင် ထိုသူကို သင်က အကြံဉာဏ်ပေးပြီး ကူညီပေးနိုင်လျှင် ဤတာဝန်နှင့် ဝတ္တရားကို သင်လုံးဝ ဖြည့်ဆည်းရမည်။ ဥပေက္ခာပြု၍ ရပ်ကြည့်မနေရပေ။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဟူသကဲ့သို့သော စာတန်က သင်၏စိတ်အတွင်းသို့ ထည့်ထားသည့် အတွေးအခေါ်များကို ဖက်တွယ်ခြင်းအား ပို၍ပင် မလုပ်သင့်ပေ။ သင်နားလည်သလော။ (နားလည်ပါသည်။) မှန်ကန်ပြီး အပြုသဘောဆောင်သောအရာသည် သင် မနှစ်သက်လျှင်ပင်၊ လုပ်ဆောင်လိုစိတ်မရှိလျှင်ပင်၊ လုပ်ဆောင်ပြီး ရယူနိုင်စွမ်းမရှိလျှင်ပင်၊ အတိုက်အခံဖြစ်လျှင်၊ သို့မဟုတ် ဆန့်ကျင်သည့် အယူအဆများဖြစ်ပေါ်လျှင်ပင် မှန်ကန်ပြီး အပြုသဘောဆောင်သောအရာသာ ဖြစ်လေသည်။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး အချို့သော စိတ်ထိခိုက်လှုပ်ရှားမှုများ၊ စိတ်ခံစားချက်များ၊ ဆန္ဒများနှင့် အယူအဆများရှိသောကြောင့်သက်သက်ဖြင့် ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရနှင့် သမ္မာတရားက ပြောင်းလဲသွားမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား၏ အနှစ်သာရက မည်သည့်အခါမျှ လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သိပြီး နားလည်၊ တွေ့ကြုံကာ ရရှိသည်နှင့်တစ်ပြိုင်နက် သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို သူတစ်ပါးတို့အား မိတ်သဟာယဖွဲ့ရန်မှာ သင်၏ ဝတ္တရားဖြစ်သည်။ ဤအရာက လူတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်ကို ပို၍ပင် နားလည်စေလိမ့်မည်။ သမ္မာတရားကို ပို၍ နားလည်သဘောပေါက်ပြီး ရရှိစေလိမ့်မည်။ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများကို ပို၍ နားလည်စေပြီး သမ္မာတရားစည်းမျဉ်းများကို သဘောပေါက်စေလိမ့်မည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဤလူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာတွင် ပြဿနာများကို ကြုံတွေ့ရသောအခါ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရရှိကြလိမ့်မည်ဖြစ်ပြီး စာတန်၏ အမျိုးမျိုးသော အယူအဆများ၊ အမြင်များကြောင့် မရေမရာဖြစ်ခြင်း၊ ချုပ်နှောင်ခံရခြင်းဖြစ်မည်မဟုတ်ပေ။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားသည် အမှန်တကယ်ပင်၊ စစ်မှန်စွာပင် လူတို့၏ စိတ်ကို ထိန်းချုပ်ရန် စာတန်၏ ဉာဏ်များသော အကြံအစည်ဖြစ်သည်။ သင်က ဤအရာကို အစဉ်စောင့်ထိန်းလျှင် သင်သည် ဆိုးယုတ်သောအတွေးအခေါ်များအတိုင်း အသက်ရှင်သူတစ်ယောက် ဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အပြည့်အဝ အသက်ရှင်သူဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)
ဤဆိုရိုးစကားကို မည်သည့်ခေတ်၊ သို့မဟုတ် လူမျိုးစုတွင် အသုံးပြုသည်ဖြစ်စေ၊ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ဤဆိုရိုးစကားသည် ကောင်းစွာ ရပ်တည်နိုင်သည်။ ဆိုလိုသည်မှာ ဤဆိုရိုးစကားသည် လူသားမျိုးနွယ်၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် အတော်အတန်ကောင်းစွာ ကိုက်ညီမှုရှိသည်။ ပို၍ အတိအကျဆိုရလျှင် ဤဆိုရိုးစကားသည် လူတို့၏ အသိတရားတွင် လိုက်နာသော “လူသားအချင်းချင်းရင်းနှီးနားလည်မှု” အယူအဆနှင့် ကိုက်ညီသည်။ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသောသူများသည် မိတ်ဆွေအတွက် အသက်စွန့်လိုစိတ်ရှိမည်ဖြစ်သည်။ ၎င်းတို့၏ မိတ်ဆွေက မည်မျှခက်ခဲပြီး အန္တရာယ်ရှိသည့် အခြေအနေတွင် ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ရှေ့သို့ထွက်ပြီး အသက်ကိုစွန့်မည်ဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ အကျိုးအတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အနစ်နာခံသည့် စိတ်ဓာတ်ဖြစ်သည်။ “မိတ်ဆွေအတွက် အသက်စွန့်မည်။” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားက လူတို့အထဲသို့ သွတ်သွင်းပေးသည့်အရာသည် အခြေခံအားဖြင့် ညီအစ်ကိုဆက်ဆံရေးကို တန်ဖိုးထားရန်ဖြစ်သည်။ ဤဆိုရိုးစကားက လူသားမျိုးနွယ်အား ထိန်းသိမ်းရန် သတ်မှတ်သည့် စံနှုန်းသည် ညီအစ်ကိုဆက်ဆံရေးကို တန်ဖိုးထားရမည်ဟူ၍ ဖြစ်သည်။ ယင်းသည် ဤဆိုရိုးစကား၏ အနှစ်သာရဖြစ်သည်။...
“မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းနေသနည်း။ ဤမေးခွန်းသည် အမှန်တွင် အလွန်ရိုးရှင်းပြီး မခက်ခဲပေ။ ကမ္ဘာလောက၌ အသက်ရှင်သူများသည် ကျောက်အက်ကွဲကြောင်းများကြားမှ ခုန်ထွက်ပြီး မွေးဖွားလာသူ တစ်ယောက်မျှမရှိပေ။ လူတိုင်းတွင် မိဘများ၊ သားသမီးများရှိကြသည်။ လူတိုင်းတွင် ဆွေမျိုးများရှိကြသည်။ ဤလူ့လောကတွင် မည်သူမျှ အမှီအခိုကင်းစွာ မရပ်တည်ပေ။ ဤအရာဖြင့် အဘယ်အရာကို ငါဆိုလိုသနည်း။ သင်သည် ဤလူ့လောကတွင် အသက်ရှင်ပြီး သင်ဖြည့်ဆည်းရမည့် ကိုယ်ပိုင်ဝတ္တရားများရှိသည်ဟု ငါဆိုလိုသည်။ ရှေးဦးစွာ သင်သည် သင်၏မိဘများကို ထောက်ပံ့ရမည်။ ဒုတိယအနေဖြင့် သင်၏ သားသမီးများကို ပျိုးထောင်ရမည်။ ဤအရာများသည် မိသားစုအတွင်းတွင်ရှိသော သင်၏ တာဝန်များဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်လည်း သင် ဖြည့်ဆည်းရမည့် လူမှုတာဝန်များ၊ ဝတ္တရားများ ရှိသည်။ သင်သည် လူ့အဖွဲ့အစည်းတွင် အလုပ်သမား၊ လယ်သမား၊ စီးပွားရေးသမား၊ ကျောင်းသား၊ သို့မဟုတ် ပညာရှင်တစ်ယောက်ကဲ့သို့သော အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်ရမည်။ မိသားစုမှစ၍ လူ့အဖွဲ့အစည်းအထိ သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများစွာရှိသည်။ ဆိုလိုသည်မှာ သင်၏ အစားအစာ၊ အဝတ်အစား၊ အိမ်ရာ၊ သယ်ယူပို့ဆောင်ရေးတို့အပြင် သင်လုပ်ဆောင်ရမည့်အရာ များစွာရှိသည်။ ပြီးလျှင် သင်လုပ်ဆောင်သင့်သည့် အရာများစွာနှင့် သင်ဖြည့်ဆည်းသင့်သည့် ဝတ္တရားများစွာလည်းရှိသည်။ လူတို့ လျှောက်လှမ်းသည့် ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းကို ဘေးဖယ်ထားလျှင် သင်သည် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဖြည့်ဆည်းရမည့် များစွာသော မိသားစုတာဝန်များ၊ လူမှုဝတ္တရားများ ရှိသည်။ သင်သည် အမှီအခိုကင်းစွာ တည်ရှိမနေပေ။ သင်၏ ပခုံးထက်က တာဝန်သည် မိတ်ဆွေများရှာပြီး ပျော်ပါးရန်၊ သို့မဟုတ် သင်စကားပြော၍ရနိုင်သည့်၊ သင့်ကိုကူညီပေးနိုင်သည့်သူတစ်ယောက်ကို ရှာရန် သက်သက်မဟုတ်ပေ။ သင်၏ တာဝန်အများစုနှင့် အရေးကြီးဆုံးသောတာဝန်များမှာ သင်၏ မိသားစုနှင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းနှင့်လည်းကောင်း သက်ဆိုင်သည်။ သင်၏ မိသားစုတာဝန်များနှင့် လူမှုဝတ္တရားများကို ဖြည့်ဆည်းမှသာ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ် သင်၏ ဘဝ ပြီးပြည့်စုံသည်ဟု ယူဆရမည်ဖြစ်သည်။ ဤသို့ဆိုလျှင် မိသားစုတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များ၌ မည်သည့်အရာပါဝင်သနည်း။ ကလေးတစ်ယောက်အနေဖြင့် သင်သည် သင်၏ မိဘများကို သားသမီးဝတ်ကျေပြီး ထောက်ပံ့ပေးသင့်သည်။ သင်၏မိဘများက နာမကျန်းဖြစ်သောအခါ၊ သို့မဟုတ် အခက်အခဲဖြစ်သောအခါတိုင်းတွင် သင်တတ်စွမ်းနိုင်သမျှကို လုပ်ဆောင်သင့်သည်။ မိဘတစ်ဦးအနေဖြင့် သင်သည် ချွေးထွက်အောင်လုပ်ပြီး သင့်ကိုယ်သင် အားထုတ်ကြိုးပမ်းရမည်။ တစ်မိသားစုလုံးကို ထောက်ပံ့ဖို့အတွက် ဆင်းရဲဒုက္ခကို သည်းညည်းခံရမည်။ မိဘတစ်ဦးဖြစ်ခြင်း၊ သားသမီးကို ပျိုးထောင်ခြင်း၊ သားသမီးများကို လမ်းမှန်သို့လိုက်ရန်အတွက် သွန်သင်ပေးခြင်း၊ ကျင့်ကြံနေထိုင်မှုစည်းမျဉ်းများကို နားလည်အောင်ပြုလုပ်ပေးခြင်းတို့ဖြစ်သော ကြီးလေးသော တာဝန်ကို ယူရမည်။ ထို့ကြောင့် သင်သည် သင့်မိသားစုတွင် များစွာသော တာဝန်များရှိသည်။ သင့်မိဘများကို ထောက်ပံ့ပြီး သင်၏ သားသမီးများကို ပျိုးထောင်ရန် သင် တာဝန်ယူရမည်။ ဤသို့ လုပ်ဆောင်သင့်သောအရာများစွာရှိသည်။ ပြီးလျှင် လူ့အဖွဲ့အစည်းတွင် သင်၏ တာဝန်များမှာ အဘယ်နည်း။ သင်သည် ဥပဒေများ၊ စည်းမျဉ်းများကို လိုက်နာရမည်။ သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် စည်းမျဉ်းရှိရမည်။ အလုပ်တွင် အကောင်းဆုံး လုပ်ဆောင်ရမည်။ သင်၏ အသက်မွေးအလုပ်ကို ကောင်းစွာ စီမံရမည်။ သင့်အချိန်နှင့် စွမ်းအင်၏ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းကို ဤအရာများအပေါ်တွင် အသုံးချရမည်။ ဆိုလိုသည်မှာ သင်၏ မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မည်သည့် အခန်းကဏ္ဍကို သင် ဆောင်ရွက်သည်ဖြစ်စေ၊ မည်သည့်လမ်းကြောင်းကို သင်လျှောက်ပါစေ၊ သင်၏ ရည်မှန်းချက်များ၊ ပြင်းပြသောဆန္ဒများက မည်သည့်အရာဖြစ်စေ လူတစ်ယောက်ချင်းစီတွင် ကိုယ်တိုင်ကိုယ်ကျ ခံယူရမည့် အလွန်အရေးကြီးသော တာဝန်များရှိသည်။ ထိုတာဝန်များက ၎င်းတို့၏ အချိန်၊ စွမ်းအင်အားလုံးနီးပါးကို ယူထားသည်။ မိသားစုနှင့် လူမှုတာဝန်များ၏ ရှုထောင့်မှကြည့်လျှင် သင်သည် ဤလူ့လောကသို့ ဝင်ရောက်လာရာတွင် လူတစ်ယောက်အနေဖြင့်၊ သင်၏ ဘဝအနေဖြင့် သင်၏ တန်ဖိုးမှာ အဘယ်နည်း။ ကောင်းကင်ဘုံက သင့်အား ချပေးသည့် တာဝန်များ၊ အထူးစေခိုင်းချက်များကို ဖြည့်ဆည်းရန်ဖြစ်သည်။ သင်၏ ဘဝသည် သင်တစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည် မဟုတ်။ ပြီးလျှင် အခြားသူများနှင့် မသက်ဆိုင်သည်မှာလည်း မှန်သည်။ သင်၏ ဘဝသည် သင်၏ အထူးစေခိုင်းချက်များနှင့် တာဝန်များအတွက် တည်ရှိခြင်းဖြစ်သည်။ ဤလူ့လောကတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များ၊ ဝတ္တရားများ၊ အထူးစေခိုင်းချက်များအတွက် တည်ရှိပေသည်။ သင်၏ ဘဝကို သင့်မိဘများက မပိုင်ဆိုင်သကဲ့သို့ သင်၏ ဇနီး (ခင်ပွန်း) ကလည်း မပိုင်ဆိုင်ပေ။ သင်၏ သားမီးများကလည်း မပိုင်ဆိုင်သည်မှာ အမှန်ဖြစ်သည်။ သင်၏ သားစဉ်မြေးဆက်က ပို၍ပင် မပိုင်ဆိုင်ပေ။ ဤသို့ဆိုလျှင် သင်၏ ဘဝကို မည်သူက ပိုင်ဆိုင်သနည်း။ ကမ္ဘာလောက၏ လူပုဂ္ဂိုလ်တစ်ယောက်၏ အမြင်ရှုထောင့်မှ ပြောလျှင် သင်၏ ဘဝကို ဘုရားသခင်က သင့်အား ပေးသော တာဝန်များ၊ အထူးစေခိုင်းချက်များက ပိုင်ဆိုင်သည်။ သို့သော် ယုံကြည်သူတစ်ယောက်၏ ရှုထောင့်မှကြည့်လျှင် သင်၏ ဘဝကို ဘုရားသခင်က ပိုင်ဆိုင်သင့်သည်။ သင်နှင့်သက်ဆိုင်သည့်အရာအားလုံးကို စီစဉ်ပြီး အချုပ်အခြာအာဏာရှိသည်မှာ သူဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလောကတွင် အသက်ရှင်နေသည့် လူတစ်ယောက်အနေဖြင့် သင်သည် သင်၏ ဘဝကို သူတစ်ပါးတို့ထံသို့ ထင်ရာမြင်ရာ ကတိမပြုသင့်ပေ။ ပြီးလျှင် သင်သည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုအတွက် သင်၏ ဘဝကို မည်သူမဆိုအတွက် ထင်ရာမြင်ရာ မစတေးသင့်ပေ။ ဆိုလိုသည်မှာ သင်၏ ကိုယ်ပိုင်ဘဝကို သေးသိမ်အောင် မလုပ်သင့်ပေ။ သင်၏ ဘဝသည် အခြားမည်သူမဆိုအတွက် တန်ဖိုးမရှိပေ။ အထူးသဖြင့် စာတန်အတွက်၊ ဤလူ့အဖွဲ့အစည်းအတွက်၊ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် တန်ဖိုးမရှိပေ။ သို့သော် သင်၏ မိဘများနှင့် ဆွေမျိုးများအတွက်မူ သင်၏ ဘဝသည် အရေးကြီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်၏ တာဝန်များနှင့် ၎င်းတို့၏ အသက်ရှင်သန်ရေးကြားတွင် ခွဲခြားမရသော ဆက်နွှယ်မှုတစ်ခုရှိသောကြောင့်ဖြစ်သည်။ ပို၍ပင် အရေးကြီးသောအရာမှာ သင်၏ ဘဝနှင့် ဘုရားသခင်က အရာအားလုံးအပေါ်၊ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည့်အချက်တို့ကြားတွင် ခွဲခြားမရသည့် ဆက်နွှယ်မှုတစ်ခုရှိသည်မှာလည်း ပြောစရာမလိုပေ။ သင်၏ ဘဝသည် ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲသော ဘဝများစွာထဲတွင် မရှိမဖြစ် ဖြစ်သည်။ သင်က သင်၏ ဘဝကို ထိုမျှမြင့်မားစွာ တန်ဖိုးမထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်၏ ဘဝကို ထိုမျှမြင့်မားစွာ တန်ဖိုးမထားသင့်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အမှန်မှာ သင်၏ ဘဝသည် သင်နှင့် နီးကပ်သော နှောင်ဖွဲ့မှုများရှိပြီး ခွဲခြားမရအောင် ဆက်နွှယ်မှုရှိသည့် သင်၏မိဘများ၊ ဆွေမျိုးများအတွက် အလွန်အရေးကြီးသည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့အပေါ် တာဝန်ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည်လည်း သင့်အပေါ် တာဝန်ရှိသောကြောင့် ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းအပေါ်တွင် သင် တာဝန်ရှိသောကြောင့် ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအပေါ် သင်၏ တာဝန်သည် ဤလူ့အဖွဲ့အစည်းတွင်ရှိသော သင်၏ အခန်းကဏ္ဍနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ လူတိုင်း၏ အခန်းကဏ္ဍနှင့် အသက်ရှင်သည့် သတ္တဝါတိုင်းသည် ဘုရားသခင်အတွက် မရှိမဖြစ် ဖြစ်သည်။ လူသားမျိုးနွယ်အပေါ်၊ ဤလောကအပေါ်၊ ဤကမ္ဘာမြေကြီးနှင့် ဤစကြဝဠာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ မရှိမဖြစ်သော အရာများ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် အသက်တိုင်းသည် သဲတစ်ပွင့်ထက်ပို၍ အရေးမပါပေ။ ပြီးလျှင် ပုရွက်ဆိတ်တစ်ကောင်ထက်ပင် ပို၍ စက်ဆုပ်ဖွယ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်ချင်းစီက ဘဝတစ်ခု၊ ရှင်သန်ပြီး အသက်ရှူနေသော ဘဝဖြစ်သောကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွင်းတွင် ထိုသူ ဆောင်ရွက်သော အခန်းကဏ္ဍက အချက်အချာမကျသော်လည်း ၎င်းတို့သည်လည်း မရှိမဖြစ် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤရှုထောင့်များမှ ကြည့်လျှင် လူတစ်ယောက်သည် မိတ်ဆွေအတွက် အဆင်သင့် အသက်စွန့်မည်ဖြစ်ပြီး ဤသို့ လုပ်ဆောင်ရန် စဉ်းစားရုံသာမက သူ၏ မိသားစုတာဝန်များ၊ သူ၏ လူမှုတာဝန်များ၊ ပြီးလျှင် သူ၏ ပခုံးပေါ်တွင်ရှိသော ဘုရားသခင်က ပေးသည့် အထူးစေခိုင်းချက်များနှင့် တာဝန်များကိုပင် အရေးမစိုက်ဘဲ သူကိုယ်တိုင်၏ အသက်ကို ပေးလျက် အချိန်မရွေး ဤသို့ လုပ်ဆောင်ရန် ပြင်ဆင်ထားလျှင်၊ ဤသည်မှာ မမှားယွင်းသလော။ (မှားယွင်းသည်။) ဤသည်မှာ သစ္စာဖောက်ခြင်းဖြစ်သည်။ လူသားအပေါ် ဘုရားသခင်က ပေးအပ်သည့် တန်ဖိုးအရှိဆုံးသောအရာမှာ အသက်ဟုခေါ်သော ဤဝင်သက်ထွက်သက်ဖြစ်သည်။ သင်သည် အပ်နှံ၍ရနိုင်သည်ဟု ထင်သည့် မိတ်ဆွေတစ်ယောက်အား သင်၏ အသက်ကို ပေါ့ပေါ့တန်တန် ကတိပြုလျှင် ဤသည်မှာ ဘုရားသခင်အား သစ္စာဖောက်ခြင်းမဟုတ်လော။ အသက်ကို မလေးစားခြင်းမဟုတ်လော။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် လုပ်ရပ်တစ်ခုမဟုတ်လော။ ဘုရားသခင်ကို သစ္စာဖောက်သည့် လုပ်ရပ်တစ်ခု မဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ ရှင်းလင်းစွာပင် သင်၏ မိသားစုတွင်၊ လူ့အဖွဲ့အစည်းတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များကို စွန့်လွှတ်ခြင်းဖြစ်သည်။ ဘုရားသခင်က သင့်ကို ပေးသည့် စေခိုင်းချက်တာဝန်များကို ရှောင်ဖယ်ခြင်းဖြစ်သည်။ ဤသည်မှာ သစ္စာဖောက်ခြင်းဖြစ်သည်။ လူတစ်ယောက်၏ ဘဝတွင် အရေးကြီးဆုံးသောအရာများမှာ ဤဘဝတွင် ခံယူသင့်သော တာဝန်များထက် ဘာမျှမပိုပေ။ မိသားစုတာဝန်များ၊ လူမှုတာဝန်များ၊ ဘုရားသခင်က သင့်ကို ပေးခဲ့သော စေခိုင်းချက်တာဝန်များဖြစ်သည်။ အရေးကြီးဆုံးသောအရာများမှာ ဤတာဝန်များနှင့် ခိုင်းချက်တာဝန်များဖြစ်သည်။ သင်သည် ခဏတာဖြစ်သော လူသားအချင်းချင်း ရင်းနှီးနားလည်မှု ခံစားချက်နှင့် ခဏတာ စိတ်မြန်လက်မြန်ဖြစ်ခြင်းကြောင့် အခြားလူတစ်ယောက်အတွက် သင်၏ အသက်ကို ပေါ့ပေါ့တန်တန်စွန့်လွှတ်ပြီး ဆုံးရှုံးရလျှင် သင်၏ တာဝန်များက တည်ရှိသေးသလော။ ဤသို့ဆိုလျှင် စေခိုင်းချက်တာဝန်များကို သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ သင်သည် ဘုရားသခင်က တန်ဖိုးအရှိဆုံးသောအရာအဖြစ် သင့်အား ပေးအပ်ခဲ့သည့် အသက်ကို မမြတ်နိုးဘဲ ထိုအစား အခြားသူများကို ပေါ့ပေါ့တန်တန်ဖြင့် ကတိပြုပြီး အခြားသူများအတွက် သင်၏ အသက်ကို စွန့်လွှတ်ကာ သင်၏ မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ် သင်၏ တာဝန်များကို လုံးဝ အရေးမစိုက် သို့မဟုတ် စွန့်ပစ်သည်မှာ သိသာပေသည်။ ဤသည်မှာ အကျင့်ပျက်ခြင်းဖြစ်ပြီး မမျှတပေ။ ဤသို့ဆိုလျှင် ငါသည် သင်တို့အား မည်သည့်အရာကို ပြောပြရန် ကြိုးစားနေခြင်းဖြစ်သနည်း။ သင်၏ အသက်ကို ပေါ့ပေါ့တန်တန်ဖြင့် မစွန့်လွှတ်နှင့်၊ သို့မဟုတ် သူတစ်ပါးတို့အပေါ် ကတိမပြုနှင့်။ လူအချို့က “ကျွန်ုပ်၏ အသက်ကို ကျွန်ုပ်၏ မိဘများထံ ကတိပြုနိုင်သလော။ ကျွန်ုပ်၏ ကြင်သူကို ကတိပေးလျှင် ရသလော” ဟု ဆိုကြသည်။ မရပေ။ အဘယ်ကြောင့် မရသနည်း။ သင်၏ မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ် သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်ဖို့အတွက်၊ ဘုရားသခင်က သင့်အား ပေးအပ်သော စေခိုင်းချက်တာဝန်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဘုရားသခင်က သင့်အား အသက်ကို ပေးအပ်ပြီး သင်၏ ဘဝကို ဆက်လက်တည်ရှိစေသည်။ သင်၏ ကိုယ်ပိုင်အသက်ကို အခြားသူများထံ ပေါ့ပေါ့တန်တန်ဖြင့် ကတိပြုခြင်း၊ အခြားသူများအား ပေးအပ်ခြင်း၊ အခြားသူများအတွက် အသုံးပြုခြင်း၊ အခြားသူများထံမြုပ်နှံထားခြင်းတို့အားဖြင့် သင်၏အသက်ကို ရယ်စရာတစ်ခုအဖြစ် သဘောထားဖို့ မဟုတ်ပေ။ လူတစ်ယောက်သည် သူ၏ အသက်ဆုံးရှုံးရလျှင် သူ၏ မိသားစုနှင့် လူမှုတာဝန်များ၊ သူ၏ စေခိုင်းချက်တာဝန်များကို ဖြည့်ဆည်းနိုင်သေးသလော။ လုပ်ဆောင်နိုင်သေးသလော။ (မလုပ်ဆောင်နိုင်ပါ။) လူတစ်ယောက်၏ မိသားစုနှင့် လူမှုတာဝန်များ မရှိတော့သောအခါ သူထမ်းဆောင်သော လူမှုအခန်းကဏ္ဍများက တည်ရှိသေးသလော။ (မတည်ရှိပါ။) လူတစ်ယောက် ထမ်းဆောင်သည့် လူမှုအခန်းကဏ္ဍများ မရှိတော့လျှင် ထိုသူ၏ စေခိုင်းချက်တာဝန်က တည်ရှိသေးသလော။ မတည်ရှိတော့ပေ။ လူတစ်ယောက်၏ စေခိုင်းချက်တာဝန်များနှင့် လူမှုအခန်းကဏ္ဍများ မရှိတော့လျှင် ဘုရားသခင်က အချုပ်အခြာအာဏာရှိသည့်အရာ ရှိသေးသလော။ ဘုရားသခင် အချုပ်အခြာအာဏာရှိသည့်အရာသည် အသက်ရှင်သောအရာများဖြစ်သည်။ အသက်ရှိသော လူသားများဖြစ်သည်။ ၎င်းတို့ လူမှုတာဝန်များနှင့် ဘဝများမရှိတော့သောအခါ ၎င်းတို့၏ လူမှုအခန်းကဏ္ဍများက လုံးဝ မရှိတော့ပြန်ချေ။ ဤသည်မှာ ဘုရားသခင်က အချုပ်အခြာအာဏာရှိသည့် လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို လုံးဝ မရှိတော့အောင် ပြုလုပ်ဖို့ ကြိုးစားနေခြင်းဖြစ်သလော။ သင်သည် ဤသို့ လုပ်ဆောင်လျှင် သစ္စာဖောက်ခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ အမှန်ပင် သစ္စာဖောက်ခြင်းဖြစ်သည်။ သင်၏ ဘဝသည် သင်၏ တာဝန်များနှင့် စေခိုင်းချက်တာဝန်များအတွက်သာ ဖြစ်တည်သည်။ သင့်ဘဝ၏ တန်ဖိုးသည် သင်၏ တာဝန်များ၊ စေခိုင်းချက်တာဝန်များတွင်သာ ထင်ဟပ်နိုင်သည်။ ထို့အပြင် မိတ်ဆွေအတွက် အသက်စွန့်ခြင်းသည် သင်၏တာဝန်နှင့် စေခိုင်းချက်တာဝန်မဟုတ်ပေ။ ဘုရားသခင်က အသက်ကိုပေးအပ်ခြင်းခံရသည့် သူတစ်ယောက်အနေဖြင့် သင့်ကို ဘုရားသခင် အပ်နှံခဲ့သော တာဝန်များနှင့် စေခိုင်းချက်များကို ဖြည့်ဆည်းခြင်းသည် သင်လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ မိတ်ဆွေအတွက် အသက်စွန့်ခြင်းသည် ဘုရားသခင်က သင့်အားပေးအပ်ခဲ့သည့် တာဝန်၊ သို့မဟုတ် စေခိုင်းချက်မဟုတ်ပေ။ ထိုထက် ယင်းသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုအသိစိတ်၊ သင်ကိုယ်တိုင် လိုရာဆွဲတွေးခြင်း၊ ဘဝနှင့်ပတ်သက်ပြီး သင်၏ တာဝန်မသိတတ်သော တွေးခေါ်ပုံတို့ကြောင့် သင် လုပ်ဆောင်ခြင်းဖြစ်သည်။ လူတို့အား ၎င်းတို့၏ ဘဝများကို အထင်သေးပြီး နင်းချေရန် လူတို့အတွင်းသို့ စာတန် သွတ်သွင်းသည့် တွေးခေါ်မှုတစ်မျိုးလည်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)
ဤလူ့အဖွဲ့အစည်းတွင် ကမ္ဘာလောကကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် လူတို့၏ စည်းမျဉ်းများ၊ ရှင်သန်ခြင်းနှင့် ဖြစ်တည်ခြင်းအတွက် ၎င်းတို့၏ နည်းလမ်းများ၊ ဘာသာတရားနှင့် ယုံကြည်မှုအပေါ် ၎င်းတို့၏ သဘောထားများနှင့် အယူအဆများပင် ပါဝင်သည့်အပြင် လူများ၊ အမှုအရာများအပေါ် ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများ၊ အမြင်များတို့အားလုံးသည် မိသားစုက ပုံစံသွင်းခြင်းကို မလွှဲမရှောင်သာဖြင့် ခံရသည်။ လူတို့သည် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့သည် မည်မျှ အသက်ကြီးပါစေ၊ လိင်က မည်သို့ရှိပါစေ၊ မည်သည့်အလုပ်အကိုင်ကို ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်ပါစေ၊ အရာရာတိုင်းအပေါ်သို့ မည်သို့သော သဘောထားမျိုရှိပါစေ၊ ယင်းက အစွန်းရောက်သည်ဖြစ်စေ၊ ယုတ္တိရှိသည်ဖြစ်စေ၊ အတိုချုပ်အားဖြင့် အမှုအရာမျိုးစုံတွင် လူတို့၏ အတွေးများ၊ အမြင်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားများသည် မိသားစု၏ လွှမ်းမိုးခြင်းကို အလွန်ပင် ခံရသည်။ ဆိုလိုသည်မှာ မိသားစုက လူတစ်ယောက်အပေါ် ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော ပုံစံသွင်းသည့် သက်ရောက်မှုများသည် အမှုအရာများအပေါ် ထိုလူ၏ သဘောထားနှင့် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သူ၏ နည်းလမ်း၊ ထို့အပြင် ဖြစ်တည်မှုအပေါ် သူ၏ ရှုမြင်သုံးသပ်ချက်ကို ကြီးမားသော အတိုင်းအတာအထိ အဆုံးအဖြတ်ပေးပြီး သူ၏ ယုံကြည်ခြင်းကိုပင် သက်ရောက်မှုရှိသည်။ မိသားစုသည် အလွန်သိသာစွာပင် လူတို့ကို ပုံစံသွင်းပြီး သက်ရောက်မှုရှိသောကြောင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် လူတို့၏ နည်းလမ်းများ၊ စည်းမျဉ်းများ၌လည်းကောင်း၊ ထို့အပြင် ဖြစ်တည်မှုအပေါ် ၎င်းတို့၏ ရှုမြင်သုံးသပ်ချက်နှင့် ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အမြင်များ၌လည်းကောင်း မလွှဲမရှောင်သာပင် မိသားစုသည် အကြောင်းခံဇာစ်မြစ် ဖြစ်နေသည်။ မိသားစုအိမ်ကိုယ်၌က သမ္မာတရား ဖြစ်ပေါ်သည့် နေရာမဟုတ်သကဲသို့ သမ္မာတရား၏ အရင်းအမြစ်မဟုတ်သောကြောင့် သင့်အား မည်သည့်အယူအဆမဆိုနှင့် အမြင်ရှုထောင့်၊ သို့မဟုတ် အသက်ရှင်ရပ်တည်မှုအတွက် နည်းလမ်းတို့ကို ပုံစံသွင်းရန် သင့်မိသားစုအား တွန်းအားပေးသည့် လှုံ့ဆော်သော အင်အားစု၊ သို့မဟုတ် ရည်ရွယ်ချက်သည် လက်တွေ့အားဖြင့် တစ်ခုတည်းသာ ရှိသည်။ သင် အလွန်အကျိုးများရန်အတွက် ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။ သင်ကိုယ်တိုင်အတွက် အလွန်ပင်အကျိုးဖြစ်စေသော ဤအရာများသည် သင့်မိဘများ၊ ဘိုးဘွားများထံမှဖြစ်စေ၊ သင်၏ ဘိုးဘေးများထံမှဖြစ်စေ၊ မည်သူ့ထံမှလာပါစေ အတိုချုပ်အားဖြင့် ယင်းတို့အားလုံးသည် လူ့အဖွဲ့အစည်းနှင့် အခြားသောလူများကြားတွင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ခုခံကာကွယ်ရန်၊ သင် အနိုင်ကျင့်ခံရခြင်းကို တားဆီးပေးရန် ထောက်ကူဖို့အတွက် ရည်ရွယ်ပြီး ပို၍ ချုပ်ချယ်မှုကင်းမဲ့ိသော၊ လိမ္မာပါးနပ်သောပုံစံဖြင့် လူတို့ကြား၌ သင် အသက်ရှင်ရန် ထောက်ကူပေးဖို့ ရည်ရွယ်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို အကြီးဆုံးသော အတိုင်းအတာအထိ ကာကွယ်ပေးဖို့ ရည်ရွယ်သည်။ သင့်မိသားစုမှ သင် လက်ခံရရှိသည့် ပုံစံသွင်းမှုသည် သင့်အား ကာကွယ်ရန်၊ သင် အနိုင်ကျင့်ခံရခြင်း၊ သို့မဟုတ် အရှက်ရမှုတစ်ခုခုကို ခံစားရခြင်းအား ရှောင်ကြဉ်ရန်၊ သူတစ်ပါးတို့အား အနိုင်ကျင့်ခြင်း၊ သို့မဟုတ် သူတစ်ပါးတို့အား ထိခိုက်ခြင်းအားဖြင့်ပင်ဖြစ်စေ သင့်ကိုယ်သင် မထိခိုက်သရွေ့ သင့်အား သူတစ်ပါးတို့ထက်သာသော သူတစ်ယောက်အဖြစ် ပြောင်းလဲပေးရန် ရည်ရွယ်သည်။ ဤအရာတို့သည် သင့်မိသားစုက သင့်အား ပုံစံသွင်းသည့် အရေးကြီးဆုံးသောအရာများထဲမှ အချို့ဖြစ်သည်။ ယင်းတို့သည် သင့်အား ပုံစံသွင်းခဲ့သည့် အယူအဆများအားလုံး အောက်တွင်ဖုံးကွယ်နေသော အနှစ်သာရနှင့် အဓိကရည်ရွယ်ချက်လည်းဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သော အရာများအားလုံး၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို စဉ်းစားကြည့်လျှင် သမ္မာတရားနှင့် ကိုက်ညီသော အရာတစ်ခုခုရှိသလော။ ဤအရာများသည် လူသားမျိုးနွယ်၏ ကျင့်ဝတ်များ၊ သို့မဟုတ် တရားဝင် လူ့အခွင့်အရေးများ၊ အကျိုးစီးပွားများနှင့် ညီလျှင်ပင် ယင်းတို့သည် သမ္မာတရားနှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ ယင်းတို့သည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းတို့သည် တကယ်ကို သမ္မာတရားမဟုတ်သည်ကို လုံးဝ သေချာပေါက် ဆိုနိုင်သည်။ သင်၏ မိသားစုက သင့်ကို ပုံစံသွင်းပေးသည့်အရာများသည် မည်မျှအပြုသဘောဆောင်သည်ဟုလည်းကောင်း၊ မည်မျှသဘာဝကျသည်ဟုလည်းကောင်း၊ မည်မျှလူသားဆန်သည်ဟုလည်းကောင်း၊ မည်မျှကျင့်ဝတ်နှင့်ညီသည်ဟုလည်းကောင်း လူတို့က ယုံကြည်ပါစေ ယင်းတို့သည် သမ္မာတရား မဟုတ်သကဲ့သို့ သမ္မာတရားကို ကိုယ်စားမပြုနိုင်သည့်အပြင် ယင်းတို့သည် သမ္မာတရားကို အစားထိုးနိုင်ခြင်း မရှိသည်မှာ ပြောစရာမလိုပေ။ ပြီးလျှင် သမ္မာတရားကို ကိုယ်စားမပြုနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မိသားစု၏ အကြောင်းအရာနှင့် ပတ်သက်လျှင် ဤအရာများသည် လူတို့ လက်လွှတ်သင့်သည့် အခြားသောကဏ္ဍဖြစ်သည်။ အတိအကျဆိုလျှင် ဤကဏ္ဍသည် အဘယ်နည်း။ ဤသည်မှာ မိသားစုက သင့်အပေါ်တွင် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများဖြစ်သည်။ ဤသည်မှာ မိသားစုအကြောင်းအရာနှင့် ပတ်သက်လျှင် သင် လက်လွှတ်သင့်သည့် ဒုတိယကဏ္ဍဖြစ်သည်။ မိသားစုက သင့်အပေါ်တွင် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို ငါတို့ ဆွေးနွေးနေသည့်အတွက် ဤပုံစံသွင်းသည့် သက်ရောက်မှုများက အတိအကျ မည်သည့်အရာများဖြစ်သည်ကို ဦးစွာ ပြောကြစို့။ ငါတို့သည် ယင်းတို့ကို အမှန်၊ အမှားနှင့် ပတ်သက်ပြီး လူတို့ထားရှိသော အယူအဆနှင့်အညီ ခွဲခြားကြည့်လျှင် အချို့မှာ အတော်အတန် မှန်ကန်သည်။ အပြုသဘောဆောင်သည်။ ကြည့်ပျော်ရှုပျော်ရှိသည်။ ချပြ၍ ရနိုင်သည်။ အချို့မှာမူ အတော်အတန် တစ်ကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ယုတ်မာခြင်း၊ အတော်အတန် အပျက်သဘောဆောင်ခြင်းတို့ထက်မပိုပေ။ သို့သော် မည်သို့ပင်ဖြစ်စေ မိသားစုထံမှ ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် လူတစ်ယောက်၏ ဇာတိပကတိ အကျိုးစီးပွားများကို စုပေါင်း၍ ကာကွယ်ပေးသော၊ သူတစ်ပါးတို့ကြားတွင် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးသော၊ အနိုင်ကျင့်မခံရစေရန် တားဆီးပေးသော အကာအကွယ်ပေးသည့် အဝတ်တစ်လွှာကဲ့သို့ ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင့်မိသားစုက သင့်အပေါ် မည်သည့်ပုံစံသွင်းသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်ဆိုသည့်အကြောင်းကို ပြောကြစို့။ ဥပမာ မိသားစုတွင်းရှိ လူကြီးသူမများက သင့်အား “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟု မကြာခဏ ပြောသောအခါတွင် ဤသည်မှာ သင့်အား ကောင်းမွန်သော ဂုဏ်သတင်းရှိခြင်း၊ ဂုဏ်ယူသောဘဝကို နေထိုင်ခြင်း၊ သင့်အပေါ်တွင် ဂုဏ်ကျက်သရေမရှိခြင်းကို တောင်ပုံရာပုံဖြစ်စေသည့်အရာများအား မလုပ်ဆောင်ခြင်းတို့ကို အလေးထားစေရန်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤဆိုရိုးစကားသည် လူတို့အား အပြုသဘောဆောင်သောနည်းဖြင့် လမ်းညွှန်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သောနည်းဖြင့် လမ်းညွှန်သလော။ ယင်းသည် သင့်အား သမ္မာတရားထံသို့ ခေါ်ဆောင်နိုင်သလော။ သမ္မာတရားကို နားလည်ရန် ခေါ်ဆောင်နိုင်သလော။ (မခေါ်ဆောင်နိုင်ပါ။) “မခေါ်ဆောင်နိုင်ပါ” ဟူ၍ လုံးဝ အသေအချာ ဆိုနိုင်သည်။ စဉ်းစားကြည့်လော့။ လူတို့သည် မိမိတို့ကိုယ်ကို ရိုးသားသူများအဖြစ် ကျင့်ကြံပြုမူသင့်သည်ဟု ဘုရားသခင်က ဆိုသည်။ သင်က ပြစ်မှားသောအခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို ပြုလုပ်သောအခါ၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားကို ဆန့်ကျင်သော အရာတစ်ခုကို လုပ်ဆောင်သောအခါ စစ်မှန်သော နောင်တကို ရရန်အတွက် သင့်အမှားကို ဝန်ခံဖို့ လိုသည်။ သင့်ကိုယ်သင် နားလည်မှုရှိဖို့လိုသည်။ သင့်ကိုယ်သင် ဆက်လက်၍ ပိုင်းခြားစိစစ်နေပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ဖို့ လိုသည်။ ထို့ကြောင့် လူတို့သည် ရိုးသားသူများအဖြစ် ကျင့်ကြံပြုမူရမည်ဆိုလျှင် ယင်းသည် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုသည့် ဆိုရိုးစကားနှင့် ကွဲလွဲနေသလော။ (ကွဲလွဲပါသည်။) မည်သို့ ကွဲလွဲသနည်း။ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသည့် ဆိုရိုးစကားသည် မကောင်းသော၊ ဂုဏ်မယူထိုက်သောအရာများကို လုပ်ဆောင်ခြင်းထက်၊ သို့မဟုတ် ၎င်းတို့၏ အကျည်းတန်သော အပိုင်းကို ဖော်ထုတ်ခြင်းထက် လူတို့အား ၎င်းတို့၏ တောက်ပပြီး အရောင်အသွေးစုံလင်သော ဘက်ခြမ်း၌ အသက်ရှင်နေထိုင်ခြင်း၊ ၎င်းတို့အား အမြင်ကောင်းစေသည့် အရာများကို ပို၍လုပ်ဆောင်ခြင်းတို့ကို အလေးထားစေဖို့ ရည်ရွယ်ပြီး မာန၊ သို့မဟုတ် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ခြင်းအား တားဆီးရန် ရည်ရွယ်သည်။ မိမိ၏ ဂုဏ်သတင်းအတွက်၊ မာနနှင့် ဂုဏ်အတွက် မိမိ၏ အမှောင်ဘက်ခြမ်းနှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများကို သူတစ်ပါးတို့အား ပြောဖို့မဆိုထားနှင့် မိမိကိုယ်တိုင်နှင့်ပတ်သက်သော အရာရာတိုင်းကိုပင် တန်ဖိုးမရှိအောင် ဝေဖန်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် မာနနှင့် ဂုဏ်သိက္ခာနှင့် အသက်ရှင်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် ဂုဏ်သိက္ခာရှိရန်အတွက် ဂုဏ်သတင်းကောင်းကို လိုအပ်သည်။ ဂုဏ်သတင်းကောင်းရှိရန်အတွက် ဟန်လုပ်ပြီး ကောင်းစွာ ဝတ်စားဆင်ယင်ရန် လိုအပ်သည်။ ဤသည်မှာ ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူခြင်းနှင့် ဆန့်ကျင်ကွဲလွဲမနေသလော။ (ကွဲလွဲနေပါသည်။) သင်သည် ရိုးသားသူတစ်ဦးအနေဖြင့် ကျင့်ကြံပြုမူသောအခါ သင်လုပ်ဆောင်သည့်အရာသည် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုသည့် ဆိုရိုးစကားနှင့် လုံးဝ ကွဲလွဲနေသည်။ သင်သည် ရိုးသားသူတစ်ယောက်အဖြစ် ကျင့်ကြံပြုမူလိုလျှင် ဂုဏ်သိက္ခာကို အလေးမထားနှင့်။ လူတစ်ယောက်၏ ဂုဏ်သိက္ခာသည် တစ်ပြားမျှ မတန်ပေ။ သမ္မာတရားကို ရင်ဆိုင်ပြီး မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ ဟန်မလုပ်သင့်ပေ၊ သို့မဟုတ် မဟုတ်မမှန်သော အသွင်ကို မဆောင်သင့်ပေ။ မိမိ၏ တကယ့်အတွေးများကို ဘုရားသခင်ထံ ဖွင့်ပြရမည်။ မိမိလုပ်ခဲ့သော အမှားများကို၊ သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်သည့် ကဏ္ဍများ စသည်တို့ကို ထုတ်ဖော်ပြရမည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများကိုလည်း ဤအရာများအား ချပြရမည်။ ဤသည်မှာ မိမိ၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရေး မဟုတ်ဘဲ ထိုအစား ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူခြင်းအတွက် အသက်ရှင်ရေး၊ သမ္မာတရားအား လိုက်စားခြင်းအတွက် အသက်ရှင်ရေး၊ စစ်မှန်သော ဖန်ဆင်းခံဖြစ်ခြင်းအတွက် အသက်ရှင်ရေး၊ ဘုရားသခင်အား ကျေနပ်စေခြင်းနှင့် ကယ်တင်ခံရခြင်းအတွက် အသက်ရှင်ရေးတို့ ဖြစ်သည်။ သို့သော် ဤသမ္မာတရားကို သင်နားမလည်သောအခါ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောအခါ သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သော အရာများသည် ကြီးစိုးလာတတ်သည်။ ဤသို့ဖြင့် သင်သည် အမှားတစ်ခုခု ပြုလုပ်သောအခါ ယင်းကို ဖုံးကွယ်ပြီး ဟန်လုပ်ကာ “ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ငါပြော၍မဖြစ်၊ ဤအကြောင်းကို သိသော မည်သူကိုမဆိုလည်း မည်သည့်အရာကိုမျှ ငါပြောခွင့်ပြုမည်မဟုတ်။ သင်တို့ထဲမှ တစ်ယောက်ယောက်က တစ်ခုခုကို ပြောလျှင် ငါသည် သင့်ကို ပေါ့ပေါ့တန်တန် လွှတ်ပေးမည်မဟုတ်။ ငါ၏ ဂုဏ်သတင်းက အရေးကြီးသည်၊ ဂုဏ်သတင်းအတွက် မဟုတ်လျှင် အသက်ရှင်ခြင်းက အလကားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အခြားမည်သည့်အရာမဆိုထက် အရေးကြီးသောကြောင့် ဖြစ်သည်။ လူတစ်ယောက်က သူ၏ ဂုဏ်သတင်းကို ဆုံရှုံးရလျှင် သူ၏ ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးရသည်။ ထို့ကြောင့် အရှိအတိုင်း ပြော၍မရပေ။ ဟန်ဆောင်ရမည်၊ ဖုံးကွယ်ရမည်။ ဤသို့မဟုတ်လျှင် မိမိ၏ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရမည်၊ မိမိ၏ ဘဝက တန်ဖိုးမဲ့လိမ့်မည်။ မည်သူကမျှ မိမိအား မလေးစားလျှင် မိမိသည် တန်ဖိုးမဲ့ခြင်းသာဖြစ်ပြီး အပေါစား အလေဏတော ဖြစ်သည်” ဟု တွေးသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူရန် ဖြစ်နိုင်သလော။ အပြည့်အဝ ဖွင့်ဟပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဤဆိုရိုးစကားကို လက်လွှတ်လျှင် ယင်းသည် သင့်အား ထိခိုက်မှုရှိမည်မဟုတ်တော့ပေ။ ယင်းသည် သင်၏ ဆောင်ပုဒ်၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သင်၏ စည်းမျဉ်းဖြစ်တော့မည်မဟုတ်ပေ။ ထိုအစား သင်လုပ်ဆောင်သည့်အရာသည် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသည့် ဆိုရိုးစကား၏ ဆန့်ကျင်ဘက် အတိအကျပင် ဖြစ်လိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်းအတွက် အသက်ရှင်မည်မဟုတ်သကဲ့သို့ သင်၏ ဂုဏ်သိက္ခာအတွက်လည်း အသက်ရှင်မည်မဟုတ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူခြင်း၊ ဘုရားသခင်ကို ကျေနပ်စေပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရန် အားထုတ်ခြင်းတို့အတွက် အသက်ရှင်လိမ့်မည်။ သင်သည် ဤစည်းမျဉ်းကို လိုက်နာလျှင် သင့်မိသားစုကသင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ပြီးဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)
မိသားစုသည် လူတို့အား ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် နှစ်ခုဖြင့်သာ ပုံစံသွင်းခြင်းမဟုတ်ဘဲ လူသိများသော ကိုးကားချက်များနှင့် ဆောင်ပုဒ်များ အများအပြားတို့ဖြင့် ပုံစံသွင်းခြင်းဖြစ်သည်။ ဥပမာ သင်၏ မိသားစုရှိ လူကြီးသူမများနှင့် မိဘများသည် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဟူသည့် ဆိုရိုးစကားကို မကြာခဏ ပြောဆိုသလော။ (ပြောဆိုပါသည်။) ၎င်းတို့က သင့်အား “လူတို့သည် ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရမည်၊ လူတို့သည် အခြားလူများကြားတွင် ကောင်းသော ဂုဏ်သတင်းကို ရအောင်ဖန်တီးပြီး အထင်အမြင်ကောင်းစေရန်အတွက်မှလွဲ၍ ၎င်းတို့၏ ဘဝသက်တမ်းတွင် အခြားမည်သည့်အရာကိုမျှ မရှာဖွေပေ။ သင်မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နှုတ်ဆက်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ ချီးမွမ်းခြင်းတို့၌ ပို၍ ရွှန်းရွှန်းဝေအောင် ပြောပြီး ပို၍ ကြင်နာသော စကားများကို ပြောလော့။ လူတို့အား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘဲ ထိုအစား ကောင်းမှုများနှင့် ကြင်နာသော လုပ်ဆောင်မှုများကို ပို၍ လုပ်ဆောင်လော့” ဟု ပြောနေခြင်းဖြစ်သည်။ မိသားစုက အသုံးပြုသော ဤသီးသန့် ပုံစံသွင်းသည့် သက်ရောက်မှုသည် လူတို့အား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားစေသည့် မလွဲဧကန်ဖြစ်သော အကျိုးဆက်ရှိပြီး လူတို့၏ အပြုအမူ၊ သို့မဟုတ် ပြုမူနေထိုင်မှုစည်းမျဉ်းများအပေါ် သက်ရောက်မှုတစ်ခုခုရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ သိက္ခာ၊ လူတို့၏ စိတ်တွင် ၎င်းတို့ ဖန်တီးသော အမြင်၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ၎င်းတို့ ဖော်ပြသည့် ထင်မြင်ချက်တိုင်းအပေါ် အခြားလူများ၏ ထင်မြင်ယူဆချက်တို့ကို အလွန်အလေးထားသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားခြင်းအားဖြင့် သင်သည် သင်ထမ်းဆောင်သည့် တာဝန်က သမ္မာတရားနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း ကိုက်ညီခြင်းရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကျေနပ်အောင် လုပ်နေခြင်း ရှိမရှိ၊ သင့်တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နေခြင်း ရှိမရှိတို့အပေါ် အလေးထားမှုသည် အမှတ်တမဲ့ နည်းသွားသည်။ သင်သည် ဤအရာများကို သိပ်အရေးမကြီးသော၊ ဦးစားမပေးသောအရာများအဖြစ် မြင်ပြီး သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဟူသည့် ဆိုရိုးစကားကမူ သင့်အတွက် အလွန့်အလွန်အရေးကြီးလာသည်။ ယင်းသည် သင့်အား လူတို့၏ စိတ်ထဲတွင် သင်၏ အသေးစိတ်အချက်အလက်တိုင်းက မည်သို့ဖြစ်ပေါ်သည်ဆိုသည်ကို အလွန်အရေးစိုက်စေသည်။ အထူးသဖြင့် လူအချို့သည် ၎င်းတို့၏ နောက်ကွယ်တွင် အခြားလူများက ၎င်းတို့အပေါ် အမှန်တကယ်မည်သို့ ထင်မြင်သည်ကို အထူးပင် အရေးစိုက်ကြသည်မှာ နံရံများမှတစ်ဆင့် ချောင်း၍ နားထောင်ခြင်း၊ တစ်ဝက်တစ်ပျက်သာ ဖွင့်ထားသည့် တံခါးမှတစ်ဆင့် နားထောင်ခြင်း၊ ပြီးလျှင် အခြားသောလူများက ၎င်းတို့အကြောင်းကို ရေးသည့်အရာတို့ကို ခိုးကြည့်ခြင်းကိုပင် လုပ်ဆောင်သည်အထိပင် ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ အမည်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က “ငါ့အကြောင်းကို သူတို့ပြောနေသည့်အရာကို၊ ပြီးလျှင် သူတို့တွင် ငါ့အပေါ် ကောင်းသောထင်မြင်ချက်ရှိမရှိကို ငါ အလျင်အမြန်နားထောင်ရမည်။ အလို ငါသည် ပျင်းရိပြီး အစားကောင်းများကို စားလိုသည်ဟု သူတို့က ပြောသည်။ ဤသို့ဆိုလျှင် ငါ ပြောင်းလဲရမည်၊ နောင်တွင် ငါပျင်းရိ၍ မဖြစ်၊ ဇွဲလုံ့လရှိရမည်” ဟု တွေးကြသည်။ အချိန်အတန်ကြာ ဇွဲလုံ့လရှိပြီးနောက်တွင် ၎င်းတို့က “ငါသည် ပျင်းရိသည်ဟု လူတိုင်းက ပြောခြင်းရှိမရှိကို ငါနားထောင်နေခဲ့ပြီး ယခုနောက်ပိုင်းတွင် မည်သူကမျှ ပြောသည့်ပုံစံမရှိ” ဟု မိမိတို့ဘာသာ တွေးသည်။ သို့သော် ၎င်းတို့သည် စိတ်မသက်မသာဖြစ်ဆဲဖြစ်သောကြောင့် ၎င်းတို့အနီးတွင်ရှိသောသူများနှင့် စကားပြောဆိုရာတွင် “ငါသည် အနည်းငယ်ပျင်းရိသည်” ဆိုကာ သာမန်ကာလျှံကာ ဝင်ပြောလေသည်။ အခြားလူများက “သင်က မပျင်းရိပါ၊ သင်သည် ယခင်ကထက် ယခုအလွန်ပင်ပို၍ လုံ့လရှိသည်” ဟု ပြန်ပြောသည်။ ဤတွင် ၎င်းတို့သည် ချက်ချင်းပင် စိတ်ချလက်ချရှိပြီး အပျော်လွန်ကာ စိတ်သက်သာရာရကြသည်။ “ကြည့်စမ်းပါဦး၊ ငါ့အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် ပြောင်းလဲသွားပြီ။ လူတိုင်းက ငါ၏ အပြုအမူတိုးတက်မှုကို သတိပြုမိသည့် ပုံစံရှိသည်” ဟူ၍ ဖြစ်သည်။ သင်လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေရန်လည်းမဟုတ်ဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ဤသို့ဖြင့် သင်လုပ်ဆောင်သည့် အရာရာတိုင်းသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်လာသနည်း။ စင်စစ်အားဖြင့် ဘာသာရေးလုပ်ဆောင်မှုတစ်ခု ဖြစ်လာသည်။ သင်၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်လာသနည်း။ သင်သည် ဖာရိရှဲစင်စစ် ဖြစ်လာသည်။ သင်၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်လာသနည်း။ အန္တိခရစ်များ၏ လမ်းကြောင်း ဖြစ်လာသည်။ ဤသည်မှာ ဘုရားသခင်က သတ်မှတ်သည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရသည် အရောင်စွန်းထင်းလာသည်။ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပေ၊ သို့မဟုတ် မလိုက်စားပေ။ ထိုအစား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေသည်။ အခြေခံအားဖြင့် ဘုရားသခင်၏ ထင်မြင်ချက်တွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် တစ်နည်းဆိုရလျှင် မလုံလောက်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်က သင့်အား အပ်နှံခဲ့သောအရာအပေါ်၊ သို့မဟုတ် ဖန်ဆင်းခံအနေဖြင့် သင်၏ တာဝန်အပေါ်ကို ဆက်ကပ်အပ်နှံခြင်းထက် သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအပေါ်သာ ပေးအပ်မြုပ်နှံထားခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤသို့သော အဓိပ္ပာယ်ကို ပြသောအခါတွင် သင့်စိတ်နှလုံး၌ မည်သည့်အရာကို ခံစားရသနည်း။ ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်သည်ဟု ခံစားရသလော။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားကို လုံးဝ လိုက်စားခြင်းမရှိဟု အဓိပ္ပာယ်ရသလော။ သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းကို အထူးအရေးစိုက်နေခြင်းဖြစ်သည်။ ဤအရာ၏ အရင်းအမြစ်မှာ သင့်မိသားစုထံမှလာသော ပုံစံသွင်းသည့်သက်ရောက်မှုများဖြစ်သည်။ သင်ပုံစံသွင်းခြင်းခံရသည့် လွှမ်းမိုးမှုအရှိဆုံးသော ဆိုရိုးစကားမှာ အဘယ်နည်း။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဟူသည့် ဆိုရိုးစကားသည် သင့်စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်နေပြီး သင်၏ ဆောင်ပုဒ်ဖြစ်လာသည်။ သင်သည် ငယ်ရွယ်စဉ်ကတည်းက ဤဆိုရိုးစကား၏ လွှမ်းမိုးခြင်း၊ ပုံစံသွင်းခြင်းကို ခံခဲ့ရသည်။ ကြီးပြင်းလာပြီးနောက်တွင်ပင် သင်သည် သင့်မိသားစု၏ နောက်မျိုးဆက်နှင့် သင့်အနီးရှိလူတို့ကို လွှမ်းမိုးရန်အတွက် ဤဆိုရိုးစကားကို မကြာခဏ ထပ်ခါထပ်ခါ ဆက်လက်၍ ပြောဆိုသည်။ ပို၍ပင် ဆိုးသည်မှာ သင်သည် ယင်းကို ပြုမူနေထိုင်ခြင်း၊ အမှုအရာများအား ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သင်၏ နည်းလမ်းနှင့် စည်းမျဉ်းအဖြစ် ခံယူပြီး ဘဝတွင် သင်လိုက်စားသည့် ပန်းတိုင်နှင့် ဦးတည်ချက်အဖြစ်ဖြင့်ပင် ခံယူခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်၏ ပန်းတိုင်နှင့် ဦးတည်ချက်သည် မှားယွင်းသည်။ ထို့ကြောင့် နောက်ဆုံးရလဒ်မှာ အပျက်သဘောဆောင်ဖို့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရမှာ သင်၏ ဂုဏ်သတင်းအတွက်သက်သက်ဖြစ်သောကြောင့်လည်းကောင်း၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် ဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သက်သက်ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိပေ။ သို့တိုင်အောင် ယင်းကို သင်ကိုယ်တိုင်မသိပေ။ ဤဆိုရိုးစကားသည် လုံးဝ မှားယွင်းခြင်းမရှိဟု သင်ထင်သည်။ လူတို့သည် အဘယ်ကြောင့်များ ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်မရှင်သင့်သနည်း။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် လူသိများသည့် ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်အပြုသဘောဆောင်ပြီး သဘာဝကျသည့်ပုံစံရှိသည်။ ထို့ကြောင့် သင်သည် သတိမမူမိဘဲ ယင်း၏ ပုံစံသွင်းသည့် သက်ရောက်မှုကို လက်ခံပြီး အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူလိုက်သည်။ ဤဆိုရိုးစကားကို အပြုသဘောဆောင်သောအရာအဖြစ် သင် မှတ်ယူလိုက်သည်နှင့် သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ယင်းကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် ယင်းကို သမ္မာတရားအဖြစ်၊ သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် အမှုမဲ့အမှတ်မဲ့ဖြင့်၊ စိတ်ရှုပ်ထွေးစွာဖြင့် အဓိပ္ပာယ်ကောက်လွဲသည်။ သင်သည် ယင်းကို သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူသောအခါ ဘုရားသခင်ပြောသည့်အရာကို သင် နားမထောင်တော့သကဲ့သို့ နားလည်နိုင်ခြင်းလည်းမရှိပေ။ သင်သည် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် ဤဆောင်ပုဒ်ကို မစဉ်းမစားဖြင့် လက်တွေ့လုပ်ဆောင်ကာ ယင်းနှင့်အညီ ပြုမူဆောင်ရွက်သည်။ အဆုံး၌ ယင်းမှ သင်ရရှိသည့်အရာမှာ ကောင်းသော ဂုဏ်သတင်းဖြစ်သည်။ သင် ရရှိလိုသောအရာကို သင်ရရှိပြီးဖြစ်သော်လည်း ဤသို့ လုပ်ဆောင်ရာတွင် သင်သည် သမ္မာတရားကို ချိုးဖောက်ပြီး စွန့်ပစ်ခဲ့သည်။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။ ဤသည်မှာ နောက်ဆုံးရလဒ်ဖြစ်သည်ကို ကြည့်လျှင် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် အယူအဆကို လက်လွှတ်ပြီး စွန့်ပစ်သင့်သည်။ ယင်းသည် သင် ကိုင်စွဲထားသင့်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်ရန်အတွက် အားထုတ်မှုနှင့် စွမ်းအင်ကို တစ်သက်လုံး အသုံးချသင့်သည့် ဆိုရိုးစကား၊ သို့မဟုတ် အယူအဆမဟုတ်ပေ။ သင် စွဲမှတ်အောင် သွန်သင်ခြင်းခံရပြီး ပုံစံသွင်းခြင်းခံရသည့် ဤအယူအဆနှင့် အမြင်သည် မှားယွင်းသည်။ ထို့ကြောင့် သင်သည် ယင်းကို လက်လွှတ်သင့်သည်။ ယင်းကို သင် လက်လွှတ်သင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားမဟုတ်ခြင်းကြောင့်သာမဟုတ်ဘဲ ယင်းသည် သင့်အား လမ်းလွဲစေပြီး အဆုံး၌ ပျက်စီးခြင်းသို့ ပို့ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်များသည် အလွန်ဆိုးရွားသည်။ သင့်အတွက် ယင်းမှာ ရိုးရှင်းသော ဆိုရိုးစကားတစ်ခု သက်သက်မဟုတ်ဘဲ ကင်ဆာတစ်ခုဖြစ်သည်။ လူတို့ကို ဖျက်ဆီးသည့် နည်းစနစ်၊ နည်းလမ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်တွင်၊ လူတို့အတွက် သူ၏ သတ်မှတ်ချက်များအားလုံးထဲတွင် ဘုရားသခင်သည် လူတို့အား ကောင်းသောဂုဏ်သတင်းကို လိုက်စားရန်၊ သို့မဟုတ် သိက္ခာကို ရှာဖွေရန်၊ သို့မဟုတ် လူတို့ကို ထင်မြင်ချက်အကောင်းဖြစ်အောင် လုပ်ရန်၊ သို့မဟုတ် လူတို့၏ လက်ခံမှုကို ရယူရန်၊ သို့မဟုတ် လူတို့ထံမှ နှစ်လိုဖွယ် အသိအမှတ်ပြုခြင်းကို ရယူရန် မည်သည့်အခါမျှ မစေခိုင်းသကဲ့သို့ လူတို့အား ကျော်ကြားမှုအတွက် အသက်ရှင်ရန်၊ သို့မဟုတ် ဂုဏ်သတင်းကောင်းကို ချန်ထားရစ်ခဲ့ရန် လုံးဝ မလုပ်ဆောင်ခဲ့ဖူးပေ။ ဘုရားသခင်သည် လူတို့အား မိမိတို့တာဝန်ကိုသာ ကောင်းစွာ ထမ်းဆောင်စေလိုသည်။ ပြီးလျှင် သူ့ကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ကျိုးနွံနာခံစေသည်။ ထို့ကြောင့် သင်နှင့်ပတ်သက်လျှင် ဤဆိုရိုးစကားသည် သင် လက်လွှတ်သင့်သည့် သင့်မိသားစုထံမှ ပုံစံသွင်းသည့် အမျိုးအစားတစ်ခုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)
မိသားစုက သင့်အပေါ်တွင် ဖြစ်ပေါ်စေသည့် အခြားသော ပုံစံသွင်းသည့် သက်ရောက်မှုတစ်ခုရှိသည်။ ဥပမာ မိဘများ၊ သို့မဟုတ် လူကြီးသူမများက သင့်အား တိုက်တွန်းအားပေးသောအခါတွင် ၎င်းတို့က “အသာစံဖို့အတွက် အနာခံရမည်”ဟု မကြာခဏပြောကြသည်။ ဤသို့ဆိုရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် သင့်အား ဒုက္ခကို ခါးစည်းခံရန်၊ ဇွဲလုံ့လရှိရန်၊ သင်လုပ်ဆောင်သမျှတိုင်းတွင် ဒုက္ခကို မကြောက်ရွံ့ရန် သွန်သင်ဖို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒုက္ခကို ခါးစည်းခံသော၊ အခက်အခဲကို ခုခံသော၊ အလုပ်ကြိုးစားသော၊ ယှဉ်ပြိုင်ကြိုးစားသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်သောသူတို့သာ အသာစံရသောကြောင့်ဖြစ်သည်။ “အသာစံခြင်း”မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အနိုင်ကျင့်မခံရခြင်း၊ သို့မဟုတ် အထင်သေးမခံရခြင်း၊ သို့မဟုတ် ခွဲခြားဆက်ဆံမှုမခံရခြင်းကို ဆိုလိုသည်။ လူတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းရှိခြင်း၊ ပြောရေးဆိုခွင့်၊ အသိအမှတ်ပြုခံရခွင့် ရှိခြင်း၊ ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိခြင်းတို့ကို ဆိုလိုသည်။ သူတစ်ပါးတို့ကြားတွင် ပို၍ကောင်းသော၊ ပို၍ မြင့်သော အရည်အသွေးရှိသည့်ဘဝကို နေထိုင်နိုင်ခြင်း၊ လူတို့အား သင့်ကို အထင်ကြီးလေးစားစေခြင်း၊ သဘောကျစေခြင်း၊ အားကျစေခြင်းကို ဆိုလိုသည်။ သင်သည် လူသားမျိုးနွယ်တစ်ခုလုံး၏ အထက်အဆင့်တွင်ရှိခြင်းကို အခြေခံအားဖြင့် ဆိုလိုသည်။ “အထက်အဆင့်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူများစွာတို့သည် သင်၏ အောက်ခြေတွင်ရှိပြီး ၎င်းတို့ထံမှ မည်သည့်ရင့်သီးသော ဆက်ဆံမှုကိုမျှ သင်သည်းခံစရာမလိုဟု ဆိုလိုသည်။ ဤသည်မှာ “အသာစံခြင်း” ဆိုသည့်အရာဖြစ်သည်။ အသာစံဖို့အတွက် သင်သည် “အနာခံ”ရမည်။ ဤသည်မှာ အခြားလူများက မခံနိုင်သည့် ဒုက္ခကို သင်ခါးစည်းခံနိုင်ရမည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်သည် အသာမစံရမီတွင် လူတို့၏ အထင်သေးသော အကြည့်၊ လှောင်ပြောင်မှု၊ သရော်မှု၊ အသရေဖျက်မှုတို့အပြင် အခြားလူများ၏ နားလည်မှု မရှိခြင်းနှင့် ၎င်းတို့၏ အရေးမစိုက်ခြင်း စသည်တို့ကိုပင် ခံနိုင်ရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအပြင် လူထု၏ ထင်မြင်ချက်နှင့်ပတ်သက်သော သရော်ခြင်း၊ လှောင်ပြောင်ခြင်းတို့ကို သည်းခံနိုင်ရမည်။ ဤသို့သောသူမျိုးဖြစ်ရန် သင်ယူခြင်းအားဖြင့်သာ သင်သည် လူတို့ကြားတွင် ထင်ပေါ်နိုင်သည်။ လူ့အဖွဲ့အစည်းတွင် သင့်အတွက် နေရာကောင်းရနိုင်မည်။ ဤဆိုရိုးစကား၏ ရည်ရွယ်ချက်သည် သင့်အား လက်အောက်ငယ်သားတစ်ဦးဖြစ်ခြင်းထက် ဆရာကြီးဖြစ်စေရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်အောက်ငယ်သား ဖြစ်ခြင်းသည် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။ သင်သည် ရင့်သီးစွာ ဆက်ဆံခံရခြင်းကို သည်းခံရမည်။ သင်သည် အသုံးမကျဟု ခံစားရသည်။ ပြီးလျှင် သင့်၌ ဂုဏ်၊ သို့မဟုတ် သိက္ခာမရှိပေ။ ဤသည်မှာလည်း သင့်မိသားစုက သင့်အတွက် များစွာအကျိုးဖြစ်စေရန် ရည်ရွယ်ပြီး သင့်အပေါ်တွင် အသုံးပြုသည့် ပုံစံသွင်းသော သက်ရောက်မှုဖြစ်သည်။ သင်သည် သူတစ်ပါးတို့၏ ရင့်သီးသော ဆက်ဆံမှုကို သည်းမခံရဖို့အတွက်၊ ကျော်ကြားမှုနှင့် အခွင့်အာဏာရှိဖို့အတွက်၊ ကောင်းစွာ စားသောက်ပြီး အပျော်အပါး လိုက်စားဖို့အတွက်၊ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မည်သူကမျှ သင့်ကို အနိုင်ကျင့်ရဲမည်မဟုတ်ဘဲ ထိုအစား အာဏာရှင်အဖြစ် ပြုမူကာ အဆုံးအဖြတ်ပေးနိုင်ရန်အတွက်၊ ပြီးလျှင် လူတိုင်းက သင့်အား ဦးညွှတ်ခယရန်အတွက် သင့်မိသားစုက ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်ဖက်မှကြည့်လျှင် သင်သည် လူအများထက်သာရန် အားထုတ်ခြင်းအားဖြင့် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှ ကြည့်လျှင် သင်သည် မိသားစု၏ လူမှုအဆင့်အတန်းကို မြှင့်တင်ပြီး သင်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးရန်အတွက်လည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသို့အားဖြင့် သင်၏ မိဘများနှင့် မိသားစုဝင်များသည်လည်း သင်နှင့် တော်စပ်နေခြင်းအားဖြင့် အကျိုးအမြတ်ရရှိနိုင်ပြီး ရင့်သီးသော ဆက်ဆံခြင်းကို မခံရနိုင်ပေ။ သင်သည် ကြီးစွာသော ဒုက္ခကို ခါးစည်းခံပြီး ကားကောင်းရှိသော၊ အိမ်ကြီးအိမ်ကောင်းရှိသော၊ သင့်အနီးတွင် အလျင်အမြန် လှုပ်ရှားနေသော နောက်လိုက်အဖွဲ့ရှိသည့် ရာထူးကြီးသော အရာရှိတစ်ဦးဖြစ်လာခြင်းအားဖြင့် အသာစံရပြီး သင့်မိသားစုသည်လည်း အလားတူပင် သင်နှင့် တော်စပ်ခြင်းမှတစ်ဆင့် အကျိုးအမြတ်ရရှိမည်။ ပြီးလျှင် သင့်မိသားစုဝင်များသည်လည်း ကားကောင်းများကို စီးနိုင်ပြီး ကောင်းစွာ စားသောက်နိုင်မည်။ အဆင့်မြင့်သော ဘဝကို အသက်ရှင်နိုင်မည်။ သင်သည် သင်အလိုရှိလျှင် ဈေးအကြီးဆုံးသော စားကောင်းသောက်ဖွယ်များကို စားသောက်နိုင်မည်။ ပြီးလျှင် သင်နှစ်သက်သည့် မည်သည့်နေရာမဆို သွားနိုင်လိမ့်မည်။ လူတိုင်းကို သင် အချိန်မရွေး အမိန့်ပေးခိုင်းစေနိုင်မည်ဖြစ်သဖြင့် သင်နှစ်သက်သလို လုပ်ဆောင်နိုင်မည်။ ပြီးလျှင် သိုသိုသိပ်သိပ်နေစရာမလိုဘဲ၊ သို့မဟုတ် အမြီးကုပ်၍ နေစရာမလိုဘဲ ဇွတ်တရွတ်နိုင်စွာ၊ မာနထောင်လွှားစွာ အသက်ရှင်နိုင်လိမ့်မည်။ ဥပဒေနှင့် မညီလျှင်ပင် သင်အလိုရှိသည့်အရာမှန်သမျှကို လုပ်ဆောင်နိုင်မည်။ ရဲတင်းစွာ၊ မဆင်မခြင်ဖြစ်စွာ အသက်ရှင်နိုင်မည်။ သင့်အား ဤသို့ ပုံစံသွင်းရာတွင် ဤသည်မှာ သင့်မိသားစု၏ ရည်ရွယ်ချက်ဖြစ်သည်။ သင့်အား မတရားခံရခြင်း မဖြစ်စေရန်၊ အသာစံရစေရန် ဖြစ်သည်။ တဲ့တိုးပြောရလျှင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင့်အား သူတစ်ပါးတို့ကို ဦးဆောင်သော၊ ညွှန်ကြားသော၊ အမိန့်ပေးသောသူတစ်ယောက် ဖြစ်စေရန်၊ သူတစ်ပါးတို့အား အနိုင်ကျင့်ခြင်းကိုသာ လုပ်ဆောင်နိုင်သောသူ၊ မည်သည့်အခါမျှ ခံရသည့်ဘက်မှ မရှိသော သူတစ်ယောက်အဖြစ် ပြောင်းလဲပေးရန်၊ ဦးဆောင်ခံရသောသူတစ်ဦးထက် အသာစံရသောသူတစ်ယောက်ဖြစ်စေရန် ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။)...ဤသို့ဆိုလျှင် ဤအချက်တွင် ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်က လူတို့အား အသာစံရရန်၊ သာမန်မျှသာ မဖြစ်ရန်၊ မထူးခြားခြင်း မဖြစ်ရန်၊ သို့မဟုတ် သာမညောင်ညမဖြစ်ရန်၊ သို့မဟုတ် ပုံမှန်မဖြစ်ရန်၊ ဤအစား ကြီးမြတ်ရန်၊ နာမည်ကြီးရန်၊ အဆင့်မြင့်ရန် တောင်းဆိုသလော။ ဤသည်မှာ လူတို့အပေါ် ဘုရားသခင်က တောင်းဆိုသောအရာ ဟုတ်သလော။ (မဟုတ်ပါ။) “အသာစံဖို့အတွက် အနာခံရမည်” ဆိုသည့် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ဆိုရိုးစကားသည် သင့်အား အပြုသဘောဆောင်သော ဦးတည်ချက်သို့ မညွှန်ပြသည်မှာ အလွန်ရှင်းလင်းသည်။ ယင်းသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသည်မှာလည်း ရှင်းသည်မှာ အမှန်ပင်။ သင့်အား ဒုက္ခကို ခါးစည်းခံအောင်လုပ်ရာတွင် သင့်မိသားစု၏ ရည်ရွယ်ချက်သည် လုံးဝ အပြစ်ကင်းခြင်းမရှိ။ လျှို့ဝှက်ကြံစည်မှုကို အခြေခံသည်။ အလွန်စက်ဆုပ်ဖွယ်ဖြစ်ပြီး ရိုးသားမှုမရှိပေ။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဘုရားသခင်က လူတို့အား ဒုက္ခကို ခါးစည်းခံစေသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်လိုလျှင် ဒုက္ခကို ခါးစည်းခံရမည်။ ဤသည်မှာ အရှိအတိုင်းဖြစ်သော အမှန်တရားဖြစ်သည်။ ထို့အပြင် ဘုရားသခင်က လူတို့အား ဒုက္ခကို ခါးစည်းခံရန် တောင်းဆိုသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာတစ်ခုဖြစ်သည်။ သာမန်လူတစ်ယောက်က ခံယူသင့်သည့်အရာတစ်ခုလည်း ဖြစ်ပြီး သာမန်လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က သင့်အား အသာစံရရန် မတောင်းဆိုပေ။ သူသည် သင့်အား သမ္မာတရားကို နားလည်သော၊ သူ၏ စကားများကို နားထောင်သော၊ သူ့အား ကျိုးနွံနာခံသော သာမန်၊ ပုံမှန်လူတစ်ယောက်ဖြစ်ဖို့ရန်သာ တောင်းဆိုပြီး ဤမျှသာဖြစ်သည်။ ဘုရားသခင်က သင့်အား သူ့ကို အံ့ဩသွားအောင် လုပ်ဆောင်ရန်၊ သို့မဟုတ် လက်ဖျားခါလောက်သော အရာတစ်ခုခုကို လုပ်ဆောင်ရန် မည်သည့်အခါမျှ မတောင်းဆိုသကဲ့သို့ သူသည် သင့်အား နာမည်ကျော်ကြားသူဖြစ်ရန်၊ သို့မဟုတ် ကြီးမြတ်သူဖြစ်ရန် မတောင်းဆိုပေ။ သူသည် သင့်အား သာမန်၊ ပုံမှန်ဖြစ်သော၊ စစ်မှန်သောသူတစ်ယောက်သာ ဖြစ်ရန်သာ လိုအပ်သည်။ သင်သည် ဒုက္ခမည်မျှကို ခါးစည်းခံနိုင်သည်ဖြစ်စေ၊ သင်သည် ဒုက္ခကို လုံးဝ ခံနိုင်သည်ဖြစ်စေ၊ မခံနိုင်သည်ဖြစ်စေ အဆုံး၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လျှင် ဤသည်မှာ သင်ဖြစ်လာနိုင်သည့် အကောင်းဆုံးသောလူ ဖြစ်သည်။ သင့်အတွက် ဘုရားသခင် အလိုရှိသောအရာမှာ အသာစံရရန်မဟုတ်ဘဲ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နိုင်သောသူတစ်ယောက်ဖြစ်ရန် ဖြစ်သည်။ ဤလူသည် ထူးခြားမှု မရှိသော၊ ပုံမှန်ဖြစ်သောသူဖြစ်သည်။ သာမန်လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူတစ်ယောက်ဖြစ်သည်။ ဘာသာတရားမရှိသူများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသောလူသားများ၏ အမြင်တွင် အဆင့်မြင့်သော၊ သို့မဟုတ် ကြီးမြတ်သောသူတစ်ယောက် မဟုတ်ပေ။ ယခင်က ဤသွင်ပြင်လက္ခဏာကို ငါတို့ များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် ဤအရာကို ဆက်လက်၍ ဆွေးနွေးမည်မဟုတ်ပေ။ “အသာစံဖို့အတွက် အနာခံရမည်” ဆိုသည့် ဤဆိုရိုးစကားသည် သင်လက်လွှတ်သင့်သည့် အရာတစ်ခုဖြစ်သည်မှာ ရှင်းသည်။ သင်လက်လွှတ်သင့်သည်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင့်အား လိုက်စားရန် သင့်မိသားစုက ပုံစံသွင်းပေးခဲ့သော ဦးတည်ချက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်လိုက်စားမှု၏ ဦးတည်ချက်ကို ပြောင်းလဲသင့်သည်။ အသာစံရဖို့အတွက်၊ လူကြားထဲတွင် ထင်ပေါ်ပြီး မှတ်သားဖွယ်ဖြစ်ရန်အတွက်၊ သို့မဟုတ် သူတစ်ပါးတို့၏ လေးစားခြင်းကို ခံရဖို့အတွက်သက်သက်ဖြင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်လေနှင့်။ ထိုအစား သင်သည် စစ်မှန်သော ဖန်ဆင်းခံဖြစ်ဖို့ရန်အတွက် ဤရည်ရွယ်ချက်များ၊ ဦးတည်ချက်များ၊ အရင်းခံအကြောင်းများကို လက်လွှတ်သင့်ပြီး လက်တွေ့ကျသည့်ပုံစံဖြင့် အရာရာတိုင်းကို လုပ်ဆောင်သင့်သည်။ “လက်တွေ့ကျသည့်ပုံစံဖြင့်” ဆိုသည်မှာ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ အခြေခံအကျဆုံးသော စည်းမျဉ်းမှာ ဘုရားသခင်က လူတို့အား သင်ကြားပေးခဲ့သော နည်းလမ်းများ၊ စည်းမျဉ်းများနှင့်အညီ အရာရာတိုင်းကို လုပ်ဆောင်ရန်ဖြစ်သည်။ သင်လုပ်ဆောင်သည့်အရာသည် လူတိုင်းအား အံ့ဩသွားစေခြင်းမဖြစ်၊ သို့မဟုတ် ၎င်းတို့အား အထင်ကြီးစေခြင်း မဖြစ်၊ သို့မဟုတ် တစ်ဦးတလေက ချီးမွမ်းခြင်း၊ တန်ဖိုးထားခြင်းပင် မရှိဟုဆိုပါစို့။ သို့ရာတွင် ဤသည်မှာ သင့်လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်လျှင် သင်သည် ဆက်လက်၍ မလျှော့တမ်း လုပ်ဆောင်သင့်သည်။ ဖန်ဆင်းခံတစ်ဦးက ထမ်းဆောင်သင့်သည့် တာဝန်အဖြစ် သဘောထားသင့်သည်။ ဤသို့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်၏ အမြင်တွင် လက်ခံဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ဦးဖြစ်လိမ့်မည်။ ဤမျှ ရိုးရှင်းသည်။ သင်ပြောင်းလဲဖို့ လိုအပ်သည့်အရာမှာ သင်၏ ကျင့်ကြံပြုမူမှုနှင့် ဘဝအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်နှင့်ပတ်သက်သော သင်၏ လိုက်စားမှုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)
မိသားစုသည် သင့်အား အခြားသောနည်းလမ်းများဖြင့် ပုံစံသွင်းပြီး လွှမ်းမိုးသည်။ ဥပမာအားဖြင့် “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဟူသည့် ဆိုရိုးစကားဖြင့် ဖြစ်သည်။ မိသားစုဝင်များက သင့်အား မကြာခဏ သွန်သင်ဆုံးမသည်။ “ကြင်နာမှုရှိပါ။ အခြားသူများနှင့် မငြင်းခုံနှင့်၊ သို့မဟုတ် ရန်သူဖြစ်အောင်မလုပ်နှင့်။ အဘယ့်ကြောင့်ဆိုသော် ရန်သူများစွာ ဖြစ်အောင်လုပ်လျှင် လူ့အဖွဲ့အစည်းတွင် ခြေကုပ်ရနိုင်မည်မဟုတ်ပေ။ ပြီးလျှင် မင်းကို မုန်းတီးပြီး ဒုက္ခပေးဖို့ လုပ်နေသည့်သူများစွာရှိလျှင် လူ့အဖွဲ့အစည်းတွင် မင်း လုံခြုံမှုရှိမည်မဟုတ်။ အမြဲတမ်း ခြိမ်းခြောက်ခံနေရမည်ဖြစ်ပြီး မင်း၏ ရှင်သန်ရပ်တည်မှု၊ အဆင့်အတန်း၊ မိသားစု၊ တစ်ကိုယ်ရေ လုံခြုံမှုနှင့် မင်း၏ အလုပ်ရာထူးတိုးဖို့ အလားအလာများပင်လျှင် မလိုမုန်းထားသောလူများက ထိခိုက်ခြင်းနှင့် ဟန့်တားခြင်းတို့ကို ခံရလိမ့်မည်။ သို့ဖြစ်၍ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’ ဟူသည်ကို သင်ယူရမည်။ လူတိုင်းအပေါ် ကြင်နာပါ၊ ကောင်းသော ဆက်ဆံရေးများကို မထိခိုက်နှင့်၊ နောင်တွင် ကိုယ်က ပြန်ပြီး အပြောမခံနိုင်သည့်အရာတစ်ခုကိုမျှ မပြောနှင့်၊ လူများ၏ မာနကို ထိခိုက်ခြင်းအား ရှောင်ပါ။ ပြီးလျှင် သူတို့၏ အားနည်းချက်များကို မဖော်နှင့်။ လူများ နားမထောင်ချင်သောအရာများကို ပြောခြင်းအား ရှောင်ပါ၊ သို့မဟုတ် ရပ်ပါ။ ချီးမွမ်းစကားများသာ ပြောပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ယောက်ယောက်ကို ချီးမွမ်းခြင်းက လုံးဝ မထိခိုက်သောကြောင့်ဖြစ်၏။ ကြီးသောအမှုကိစ္စတွင်ရော၊ ငယ်သောအမှုကိစ္စတွင်ပါ သည်းခံခြင်း၊ အလျှော့ပေးခြင်းကို ပြတတ်ဖို့ သင်ယူရမည်။ အဘယ်ကြောင့်ဆိုသော် ‘အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ’သောကြောင့်ဖြစ်၏” ဟူ၍ ဖြစ်သည်။ စဉ်းစားကြည့်လော့။ သင့်မိသားစုသည် သင့်အား အယူအဆနှင့် အမြင်နှစ်ခုကို တစ်ပြိုင်နက်တည်း သွတ်သွင်းသည်။ တစ်ဖက်မှကြည့်လျှင် သင်သည် သူတစ်ပါးတို့အပေါ် ကြင်နာဖို့ လိုအပ်သည်ဟု ၎င်းတို့က ဆိုသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် ၎င်းတို့သည် သင့်အား သည်းခံဖို့၊ စကားပြောဆင်ခြင်ဖို့ လိုအပ်သည်။ သင့်တွင် ပြောစရာ တစ်စုံတစ်ခုရှိလျှင် အိမ်သို့ ပြန်ရောက်သည်အထိ သင်၏ နှုတ်ကို ပိတ်ပြီး ထို့နောက်မှ သင့်မိသားစုကို ပြောသင့်သည်။ သို့မဟုတ် ပို၍ ကောင်းသည်မှာ သင့်မိသားစုပင် လုံးဝ မပြောနှင့်။ အခြားသူများ ကြားသွားနိုင်သောကြောင့် ဖြစ်သည်။ လျှို့ဝှက်ချက်က ပေါက်ကြားသွားခဲ့လျှင် သင့်အတွက် ကောင်းမည်မဟုတ်။ ဤလူ့အဖွဲ့အစည်းတွင် ခြေကုပ်ရပြီး ရှင်သန်ရပ်တည်ရန်အတွက် လူတို့သည် တစ်ခုသောအရာကို သင်ယူရမည်။ ယင်းမှာ မြွေမသေ တုတ်မကျိုး ပြုမူရန် ဖြစ်သည်။ အရပ်သုံးစကားနှင့်ပြောလျှင် သင်သည် စိတ်မချရသောသူနှင့်၊ ဉာဏ်များသောသူဖြစ်ရမည်။ သင့်စိတ်ထဲတွင်ရှိသည့်အရာကို ပြောလိုက်၍ မရပေ။ သင်သည် သင့်စိတ်တွင်ရှိသည့်အရာကို သွားပြောလျှင် မိုက်မဲသည်ဟု ခေါ်သည်။ ပါးနပ်ခြင်းဟု မခေါ်ပေ။ လူအချို့သည် ၎င်းတို့ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောသော စကားပြော မဆင်ခြင်သူများဖြစ်သည် ဟူ၍ဖြစ်သည်။ ဤသို့လုပ်ဆောင်ပြီး သူ၏ အကြီးအကဲကို စိတ်ဆိုးအောင် လုပ်မိသွားသောသူကို မြင်ယောင်ကြည့်လော့။ ထို့နောက်တွင် အကြီးအကဲက သူ့ဘဝကို ခက်ခဲအောင်လုပ်ဆောင်သည်။ သူ့အတွက်၏ အပိုဆုကြေးငွေများကို ဖျက်သိမ်းသည်။ ပြီးလျှင် သူနှင့် စကားများဖို့ အစဉ်သဖြင့် အားထုတ်နေသည်။ အဆုံးတွင် သူသည် အလုပ်တွင် ဆက်၍မနေနိုင်တော့ပေ။ သူသည် အလုပ်မှ ထွက်လျှင် ပိုက်ဆံရှာရန်အတွက် အခြားနည်းလမ်းမရှိ။ သို့သော် သူအလုပ်မထွက်လျှင် သူမလုပ်နိုင်တော့သည့်အလုပ်ကို သည်းခံလုပ်နေဖို့သာရှိသည်။ သင်သည် အကျပ်အတည်းအခြေအနေ၌ ရောက်နေသောအခါတွင် အဘယ်သို့ ပြောသနည်း။ ခက်ခဲသောအခြေအနေတစ်ခုတွင် “ပိတ်မိ”နေခြင်းဖြစ်သည်။ ထို့နောက်တွင် သူ့မိသားစု သူ့ကို ဆူငေါက်ပြီး “မင်းက ရင့်ရင့်သီးသီး ဆက်ဆံခံရထိုက်သည်။ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခု ဖြစ်သည်’ ဟူသည်ကို မင်း သတိရခဲ့သင့်သည်။ စကားပြော မဆင်ခြင်ဘဲ စွတ်စွတ်ပြောသည့်အတွက် ခံရသည်မှာပင် နည်းသေး၏။ ကိုယ်ပြောမည့်စကားနှင့်ပတ်သက်၍ ပါးနပ်ပြီး သေချာစဉ်းစားဖို့ ငါတို့ မင်းကို ပြောခဲ့သည်။ သို့သော်လည်း မင်းကမလုပ်ချင်။ မင်းက တဲ့တိုးသွားပြောသည်။ မင်း၏ အထက်လူကြီးက ဤကဲ့သို့ လွယ်လွယ်ဖြင့် အထိခံမည်ဟု ထင်လိုက်သလော။ လူ့အဖွဲ့အစည်းတွင် ရှင်သန်ရပ်တည်ဖို့အတွက် ထိုမျှလွယ်သည်ဟု ထင်သလော။ မင်းက ရိုးရိုးတန်းတန်းပြောခြင်းသာ ဖြစ်သည်ဟု အစဉ်သဖြင့် ထင်မြင်သည်။ ကဲ ယခုအခါတွင် စိတ်ဆင်းရဲစရာ အကျိုးဆက်များကို မင်း ခံစားရမည်။ ဤအရာကို သင်ခန်းစာဖြစ်စေတော့။ နောင်တွင် ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’ ဟူသည်ကို မင်းကောင်းစွာ သတိရလိမ့်မည်” ဟူ၍ ဆိုသည်။ သူသည် ဤသင်ခန်းစာကို ရပြီးသည်နှင့် ယင်းကို အမှတ်ရပြီး “ငါ့မိဘများသည် ငါ့ကို သွန်သင်ပေးသည်မှာ တကယ် မှန်ပေသည်။ ဤသည်မှာ ထိုးထွင်အမြင်ရှိသော ဘဝအတွေ့အကြုံ အစိတ်အပိုင်း၊ တကယ့် အသိပညာရပ်တစ်ခုပင် ဖြစ်၏။ ငါဆက်ပြီး လျစ်လျူရှုနေ၍မဖြစ်။ ငါ၏ လူကြီးသူမများ ပြောသည်ကို လျစ်လျူရှုသဖြင့် ဘေးတွေ့နိုင်သည်၊ သို့ဖြစ်၍ နောင်တွင် ဤအရာကို ငါအမှတ်ရမည်ဖြစ်သည်” ဟူ၍ စဉ်းစားသည်။ သူသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်သို့ ပါဝင်ပြီးနောက်တွင် “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဟူသည့် ဆိုရိုးစကားကို သူ သတိရနေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ညီအစ်ကိုမောင်နှမများနှင့် တွေ့သည့်အခါတိုင်းတွင် ၎င်းတို့ကို နှုတ်ဆက်သည်။ ၎င်းတို့အား ကောင်းစွာပြောဆိုရန် အစွမ်းကုန် ကြိုးစားသည်။ ခေါင်းဆောင်က “ကျွန်တော်က ခေါင်းဆောင်ဖြစ်သည်မှာ အနည်းငယ်ကြာပြီ ဖြစ်သော်လည်း အလုပ်အတွေ့အကြုံ ကောင်းကောင်းမရှိသေးပါ” ဟူ၍ ဆိုသည်။ ထို့ကြောင့် သူက “အစ်ကိုက အလုပ်လုပ်သည်မှာ အလွန်ကောင်းပေသည်။ အစ်ကို ကျွန်တော်တို့ကို ဦးမဆောင်ခဲ့လျှင် ကျွန်တော်တို့ မည်သူ့ထံမှ ထောက်ကူလမ်းပြမှု ယူရမည်ကို သိခဲ့မည်မဟုတ်ဟု ခံစားမိသည်” ဟူ၍ ချီးမွမ်းလျက် ရုတ်တရက် ဝင်ပြောသည်။ အခြားတစ်ယောက်က “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နားလည်သွားပြီဖြစ်သည်။ ကျွန်တော်က တော်တော် လှည့်စားတတ်သည်ဟု ထင်သည်” ဟုဆိုသည်။ ထို့ကြောင့် သူက “အစ်ကိုက မလှည့်စားတတ်ပါ၊ တကယ်ရိုးသားပါသည်။ လှည့်စားတတ်သည်မှာ ကျွန်တော်သာ ဖြစ်ပါသည်” ဟူ၍ ပြန်ပြောသည်။ အခြားတစ်ယောက်က သူ့အား မနှစ်မြို့ဖွယ်မှတ်ချက်ပေးပြီး သူက “ဤကဲ့သို့ မနှစ်မြို့ဖွယ် မှတ်ချက်များကို ကြောက်ဖို့မလိုပါ။ ဤအရာထက် ငါ များစွာပို၍ သည်းခံနိုင်သည်။ မင်းမှတ်ချက်များက မည်မျှပင် မနှစ်မြို့ဖွယ်ကောင်းပါစေ ဤမှတ်ချက်များကို မကြားချင်ယောင်သာ ဟန်ဆောင်လိုက်မည်။ ငါ မင်းကို ဆက်ပြီး ချီးမွမ်းမည်။ မင်းကို မျက်နှာလိုမျက်နှာရလုပ်ဖို့ ငါ အကောင်းဆုံး ကြိုးစားမည်။ အဘယ်ကြောင့်ဆိုသော် မင်းကို ချီးမွမ်းရသည်မှာ လုံးဝ မထိခိုက်၍ဖြစ်သည်” ဟူ၍ သူ့ဘာသာ တွေးသည်။ မိတ်သဟာယအတွင်းတွင် တစ်စုံတစ်ယောက်က သူ့အား သူ့ထင်မြင်ချက်ကို ပေးရန်၊ သို့မဟုတ် ဖွင့်ဟရန် တောင်းဆိုသောအခါတိုင်းတွင် သူသည် ပွင့်လင်းစွာ မပြောဘဲ လူတိုင်း၏ ရှေ့တွင် ဤပျော်ရွှင်သော၊ ရွှင်မြူးသော ဟန်ပန်ကို ထိန်းသိမ်းထားသည်။ တစ်စုံတစ်ယောက်က သူ့အား “ခင်ဗျားက မည်သို့များ အမြဲပျော်ပြီး ရွှင်မြူးနေရသနည်း။ ခင်ဗျားက တကယ်ကို ပြုံးပြနေသည့် ကျားတစ်ကောင်လော” ဟူ၍ မေးသည်။ ပြီးလျှင် သူက “ငါက ပြုံးပြနေသည့် ကျားတစ်ကောင်ဖြစ်သည်မှာ နှစ်ချီနေပြီ။ ထိုအချိန်တစ်လျှောက်လုံးတွင် ငါ အခွင့်ကောင်းယူခြင်းကို မခံခဲ့ရသောကြောင့် ဤသည်မှာ ကမ္ဘာလောကကို ကိုင်တွယ်ဖို့အတွက် ငါ၏ အဓိကကျသည့် စည်းမျဉ်းဖြစ်လာခဲ့ပြီ” ဟူ၍ မိမိဘာသာ တွေးသည်။ သူသည် နင်းမရအောင်ချောသော ကျောက်တုံးကဲ့သို့ မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် လူ့အဖွဲ့အစည်းတွင် နှစ်များစွာကြာ ဤသို့ မျောပါနေခဲ့ပြီး ဘုရားအိမ်တော်သို့ ၎င်းတို့ ရောက်လာသောအခါ ဤသို့ ဆက်လက်လုပ်ဆောင်သည်။ ၎င်းတို့သည် ရိုးသားသောစကားတစ်ခွန်းကိုမျှ မပြော။ စိတ်နှလုံးထဲမှ လုံးဝ စကားမပြော။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို နားလည်မှုအကြောင်းကို လုံးဝ မပြောပေ။ ညီအစ်ကိုမောင်နှမတစ်ယောက်က သူ၏ စိတ်နှလုံးကို ၎င်းတို့ထံ ချပြလျှင်ပင် ၎င်းတို့က ပွင့်လင်းစွာ မပြောပေ။ ပြီးလျှင် ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ်၌ မည်သို့ရှိနေသည်ကို မည်သူကမျှ အဖြေမရှာနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ထင်မြင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့အမြင်များက မည်သို့ရှိသည်ကို လုံးဝ ဖွင့်မပြပေ။ ပြီးလျှင် ၎င်းတို့သည် လူတိုင်းနှင့် အလွန်ကောင်းသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ၎င်းတို့က အမှန်တကယ်တွင် မည်သည့်လူမျိုးကို၊ သို့မဟုတ် မည်သည့်ပင်ကိုစရိုက်မျိုးကို နှစ်သက်သည်၊ သို့မဟုတ် ၎င်းတို့က သူတစ်ပါးတို့အပေါ် အဘယ်သို့ အမှန်တကယ် ထင်မြင်သည်ကို သင်မသိပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဤသူသည် အဘယ်သို့သောသူမျိုးဖြစ်သနည်းဟု မေးသောအခါတွင် ၎င်းတို့က “သူက ယုံကြည်သူဖြစ်သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ သူက ကောင်းပါသည်”ဟု ဖြေသည်။ ၎င်းတို့အား မည်သူ့အကြောင်းကို မေးသည်ဖြစ်စေ ၎င်းတို့က ထိုသူသည် ကောင်းသည်၊ သို့မဟုတ် အတော်ပင် ကောင်းသည်ဟု ပြန်ဖြေလိမ့်မည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား “သူ့ထံတွင် အမှား၊ သို့မဟုတ် အားနည်းချက်တစ်ခုခုကို ရှာတွေ့သလော”ဟု မေးလျှင် ၎င်းတို့က “ယခုထိမူ မည်သည့်အမှားမျှ မတွေ့သေးပါ။ နောင်တွင် ပိုပြီးသေချာကြည့်ကြည့်ပါမည်” ဟူ၍ ပြန်ဖြေသည်။ သို့သော် ၎င်းတို့သည် စိတ်အတွင်းထဲတွင် “ခင်ဗျားက ထိုလူကို စိတ်ဆိုးအောင်လုပ်ဖို့ ငါ့ကို ပြောနေခြင်းဖြစ်သည်။ ဤသည်ကို ကျွန်တော် လုံးဝ သေချာပေါက် လုပ်မည်မဟုတ်။ ငါက မင်းကို အမှန်အတိုင်းပြောလိုက်ပြီး သူက သိသွားလျှင် သူက ငါ့ရန်သူဖြစ်သွားမည် မဟုတ်လော။ ငါ့မိသားစုက ငါ့ကို ရန်သူရအောင် မလုပ်မိဖို့ ပြောနေသည်မှာ ကြာပြီဖြစ်သည်။ သူတို့စကားများကို ငါမမေ့သေး။ ငါက တုံးအနေသည်ဟုများ မင်းထင်သလော။ မင်းက သမ္မာတရားစာကြောင်းနှစ်ကြောင်းကို မိတ်သဟာယ ပြုပြီးရုံဖြင့် ငါ့မိသားစုထံမှ ငါရခဲ့သည့် ပညာရေးနှင့် ပုံစံသွင်းခြင်းများကို ငါမေ့မည်ဟုများ ထင်လေသလော။ ဤသို့ ဖြစ်မည်မဟုတ်ပါ။ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’၊ ‘အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ၏’ ဟူသည့် ဤဆိုရိုးစကားများက ငါ့ကို ယခုတိုင် လုံးဝ စိတ်မပျက်စေသေးပါ။ ဤအရာများက ငါ၏ အဆောင်များသာဖြစ်သည်။ ငါက မည်သူ့အားနည်းချက်များကိုမျှ မပြောပါ။ တစ်ယောက်ယောက်က ငါ့ကို လာဆွလျှင် ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ့နဖူးမှာ တံဆိပ်ခတ်ထားသည့် စာကို မင်း မမြင်သလော။ ဤအရာက ‘သည်းခံခြင်း’ဟူသည့် တရုတ်စာလုံးဖြစ်၏။ ဤစာတွင် နှလုံး၏အထက်က ဓါးတစ်ချောင်းပုံစံ စာလုံးပါသည်။ မနှစ်မြို့ဖွယ် မှတ်ချက်များကို မည်သူကပင် ပြောပါစေ ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ့ကို မည်သူက ပြုပြင်ပါစေ ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ၏ ရည်ရွယ်ချက်က လူတိုင်းနှင့် ကောင်းစွာသင့်မြတ်ဖို့သာဖြစ်သည်။ ဤအဆင့်တွင် ဆက်ဆံရေးကို ထိန်းထားဖို့သာဖြစ်သည်။ စည်းမျဉ်းများကို စွဲကိုင်မထားနှင့်။ အလွန်မတုံးအနှင့်။ မတင်းကျပ်နှင့်။ အခြေအနေအရ အလျှော့ပေးတတ်ဖို့ သင်ယူရမည်။ လိပ်များက အချိန်အကြာကြီး အသက်ရှင်သည်မှာ အဘယ်ကြောင့်ဟု ထင်သနည်း။ အခြေအနေမကောင်းသည့်အချိန်တိုင်းတွင် သူတို့၏ အခွံထဲမှာ ပုန်းနေသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤသို့ဖြင့် သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီး နှစ်ထောင်ချီပြီး အသက်ရှင်နိုင်ကြသည်။ ဤအရာက အသက်ရှည်ရှည်နေဖို့ နည်းလမ်းဖြစ်ပြီး ကမ္ဘာကြီးကို ကိုင်တွယ်သည့်နည်းလမ်းလည်းဖြစ်သည်” ဟု တွေးသည်။ ဤသို့သောသူများက မှန်ကန်သော၊ သို့မဟုတ် စစ်မှန်သော အရာတစ်ခုခုအား ပြောဆိုသည်ကို သင်မကြားရပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ တကယ့်အမြင်ရှုထောင့်နှင့် အခြေခံစည်းမျဉ်းကို မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင်သာ ချင့်ချိန်၍ စဉ်းစားပြီး အခြားမည်သူကမျှ ၎င်းတို့အကြောင်းကို မသိပေ။ ဤသို့သောသူမျိုးသည် အပြင်ပန်းတွင် လူတိုင်းအပေါ် ကြင်နာသည်။ သဘောကောင်းသည့် ပုံစံရှိသည်။ မည်သူ့ကိုမျှ မထိခိုက်ပေ၊ သို့မဟုတ် နာကျင်အောင် မလုပ်ပေ။ စင်စစ်အားဖြင့် သူသည် အမှန်တကယ်ကို မြွေမသေ တုတ်မကျိုး ပြုမူသူဖြစ်ပြီး နင်းမရအောင်ချောသော ကျောက်တုံးဖြစ်သည်။ ဤသို့သောသူမျိုးသည် အသင်းတော်၌ လူအချို့က နှစ်သက်ခြင်းကို အစဉ်ခံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့်အခါမျှ ကြီးမားသောအမှားများကို မပြုလုပ်။ မိမိအကြောင်းကို မည်သည့်အခါမျှ မထုတ်ဖော်ပေ။ ပြီးလျှင် အသင်းတော်ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများ၏ အကဲဖြတ်ချက်မှာ သူသည် လူတိုင်းနှင့် သင့်မြတ်သည်သာဖြစ်သည်။ သူသည် သူ၏ တာဝန်နှင့်ပတ်သက်ပြီး စိတ်ထက်သန်မှုမရှိ။ စေခိုင်းသည့်အရာကိုသာ လုပ်ဆောင်သည်။ သူသည် အထူးပင် နာခံပြီး ကောင်းစွာ ပြုမူသည်။ အပြန်အလှန်စကားပြောဆိုရာ၌၊ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ သူတစ်ပါးတို့ကို မည်သည့်အခါမျှ မထိခိုက်ပေ။ သူသည် မည်သူအပေါ်မျှ မျှတမှုမရှိသော အခွင့်ကောင်းယူမှုကို လုံးဝ မပြုလုပ်ပေ။ အခြားလူများ၏ မကောင်းကြောင်းကို လုံးဝ မပြောပေ။ လူတို့အား ၎င်းတို့၏ နောက်ကွယ်တွင် ဝေဖန်ခြင်းကို လုံးဝ မပြုလုပ်ပေ။ သို့ရာတွင် သူသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ ရိုးသားစစ်မှန်ခြင်း ရှိမရှိဆိုသည်ကို မည်သူမျှမသိ။ သူသည် အခြားလူများအပေါ် အဘယ်သို့ ထင်မြင်သည်၊ သို့မဟုတ် မည်သည့်ထင်မြင်ချက် ရှိသည်ဆိုသည်ကို မည်သူကမျှ မသိ။ အသေအချာ တွေးကြည့်ပြီးနောက်တွင် ဤသို့သောသူမျိုးသည် အမှန်ပင် အနည်းငယ်ထူးဆန်းပြီး နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ထိုသူကို ဆက်လက်ထားရှိခြင်းသည် ပြဿနာကို ဖြစ်စေနိုင်သည်ဟုပင် သင်ခံစားရသည်။ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဆုံးဖြတ်ရန် ခက်သောအရာတစ်ခု မဟုတ်လော။ ထိုသူသည် သူ၏တာဝန်ကို ထမ်းဆောင်နေသောအခါ၌ သူ၏ ပုံမှန်လုပ်ဆောင်နေကျ အလုပ်ကို လုပ်ဆောင်သည်ကို သင်မြင်နိုင်သည်။ သို့သော် ဘုရားအိမ်တော်က သူ့အား အသိပေးခဲ့သော စည်းမျဉ်းများကို လုံးဝ ဂရုမစိုက်ပေ။ အမှုအရာများကို သူနှစ်သက်သလိုလုပ်ဆောင်သည်။ ဝတ်ကျေတမ်းကျေလုပ်ဆောင်ပြီး ဤအတိုင်းသာ ထားလိုက်သည်။ ကြီးမားသော အမှားများ မလုပ်မိရန်သာ ရှောင်ကြဉ်ဖို့ ကြိုးစားသည်။ ထို့ကြောင့် သင်သည် ထိုသူအား မည်သည့်အမှားမျှ ရှာမရပေ၊ သို့မဟုတ် မည်သည့်အားနည်းချက်မျှ မဖော်ထုတ်နိုင်ပေ။ သူသည် အမှုအရာများကို အမှားကင်းစွာ လုပ်ဆောင်သည်။ သို့သော် သူသည် စိတ်အတွင်းတွင် မည်သည့်အရာကို တွေးနေသနည်း။ သူ၏ တာဝန်ကို ထမ်းဆောင်လိုသလော။ အသင်းတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ သို့မဟုတ် အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် ၎င်းတို့ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်မှုတို့ မရှိလျှင် ဤသူသည် ဆိုးယုတ်သောသူများနှင့် ပေါင်းသင်းကောင်း ပေါင်းသင်းနိုင်သလော။ သူသည် ဆိုးယုတ်သောသူများနှင့် အတူတကွ မကောင်းသောအရာများကို လုပ်ဆောင်ပြီး မကောင်းမှုကို ကျူးလွန်နိုင်သလော။ ဤသည်မှာ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ သူသည် ဤသို့ လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း မလုပ်ရသေးပေ။ ဤကဲ့သို့သောသူမျိုးသည် ဒုက္ခအပေးတတ်ဆုံး အမျိုးအစားဖြစ်သည်။ သူသည် နင်းမရအောင်ချောသော ကျောက်တုံးစစ်စစ်၊ သို့မဟုတ် မရိုးသော မြေခွေးအိုစစ်စစ်ဖြစ်သည်။ သူသည် မည်သူ့ကိုမဆို အာဃာတမထားပေ။ တစ်စုံတစ်ယောက်က ထိုသူအား ထိခိုက်ရန်အတွက် တစ်စုံတစ်ခုကို ပြောလျှင် သို့မဟုတ် သူ၏ ဂုဏ်ကို ထိပါးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖွင့်ပြလျှင် သူသည် မည်သို့ တွေးသနည်း။ “ငါ သည်းခံခြင်းကို ပြမည်။ ငါ မင်းကို မှတ်ထားမည်မဟုတ်။ သို့သော် မင်းက ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ထိုသူက အမှန်ပင် ကိုင်တွယ်ဖြေရှင်းခံရသောအခါ၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သောအခါ သူသည် တိတ်တဆိတ် လှောင်ရယ်သည်။ သူသည် အခြားလူများ၊ ခေါင်းဆောင်များနှင့် ဘုရားအိမ်တော်ကို လိုလိုလားလားဖြင့် လှောင်ပြောင်သည်။ သို့သော် မိမိကိုယ်ကို လှောင်ပြောင်ခြင်းမရှိ။ သူသည် မိမိကိုယ်၌ကိုက မည်သည့်ပြဿနာများ၊ သို့မဟုတ် အားနည်းချက်များရှိသည်ကို မသိခြင်းသာဖြစ်သည်။ ဤသို့သောလူတို့သည် သူတစ်ပါးတို့အား ထိခိုက်နိုင်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် ၎င်းတို့အား ခွဲခြားသိမြင်နိုင်စေသည့် မည်သည့်အရာကိုမဆို မိမိတို့၏ စိတ်နှလုံးတွင် တွေးကြသော်လည်း ယင်းတို့ကို ထုတ်ဖော်မပြမိရန် ဂရုစိုက်ကြသည်။ သူတစ်ပါးတို့အား တွေဝေထိုင်းမှိုင်းစေသော၊ သို့မဟုတ် အထင်အမြင်မှားသော အရာများနှင့်ပတ်သက်လျှင်မူ ၎င်းတို့က ထိုအရာများကို လွတ်လပ်စွာ ဖော်ပြပြီး လူတို့အား မြင်စေသည်။ ဤသို့သောသူတို့သည် မသိမသာဖြင့် ဒုက္ခအပေးဆုံးဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံးဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားအိမ်တော်က ဤသို့သောလူတို့အပေါ် မည်သည့်သဘောထားရှိသနည်း။ ၎င်းတို့ကို အသုံးပြု၍ရလျှင် အသုံးပြုလော့။ အသုံးပြု၍မရလျှင် ရှင်းလင်းပစ်လော့။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤသို့သောသူတို့သည် သမ္မာတရားကို မလိုက်စားဖို့ ကံပါလာသည်။ ၎င်းတို့သည် အမှုအရာများက လွဲမှားသောအခါ၌ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများနှင့် ခေါင်းဆောင်များကို လှောင်ပြောင်သော မယုံကြည်သူများဖြစ်သည်။ မည်သည့်အခန်းကဏ္ဍတွင် ၎င်းတို့ ပါဝင်သနည်း။ စာတန်နှင့် နတ်ဆိုးများ၏ အခန်းကဏ္ဍဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့က ညီအစ်ကိုမောင်နှမများအပေါ် ၎င်းတို့၏ စိတ်ရှည်မှုကို ပြသောအခါ စစ်မှန်သော သည်းခံခြင်းမပါဝင်သကဲ့သို့ စစ်မှန်သော ချစ်ခြင်းလည်း မပါဝင်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ ရန်သူတစ်ဦးတလေကို လက်ယပ်ခေါ်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ လမ်းကို အန္တရာယ်ရှိစေခြင်းမှ ရှောင်ကြဉ်ရန် ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အတွက် သူတို့အပေါ် သည်းခံခြင်း မဟုတ်သကဲ့သို့ ချစ်ခြင်းကြောင့် လုပ်ဆောင်ခြင်းလည်းမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် ဤသို့ လုပ်ဆောင်ခြင်းမှာ သမ္မာတရားကို လိုက်စားနေခြင်းကြောင့်၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်းကြောင့် ပို၍ပင် မဟုတ်ပေ။ ၎င်းတို့၏ သဘောထားမှာ ယောင်ချာချာနေပြီး သူတစ်ပါးတို့ကို အထင်အမြင်မှားစေခြင်းအပေါ် ဗဟိုပြုသည့် သဘောထားသက်သက်ဖြစ်သည်။ ဤသို့သောလူတို့သည် မြွေမသေ တုတ်မကျိုး ပြုမူသူများနှင့် နင်းမရအောင်ချောသော ကျောက်တုံးများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မနှစ်သက်သကဲ့သို့ လိုက်စားခြင်းလည်းမရှိပေ။ ထိုအစား ၎င်းတို့က ယောင်ချာချာနေခြင်းသာ လုပ်ဆောင်သည်။ ဤသို့သောလူတို့က ၎င်းတို့မိသားစုထံမှ ရရှိသည့် ပုံစံသွင်းမှုသည် ၎င်းတို့၏ ကျင့်ကြံပြုမူပြီး အမှုအရာများအား ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကို ကြီးစွာ ထိခိုက်သည်မှာ ရှင်းသည်။ ကမ္ဘာလောကကို ကိုင်တွယ်သည့် ဤနည်းလမ်းများ၊ စည်းမျဉ်းများသည် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရနှင့် ခွဲခြား၍မရနိုင်ဟု ဆိုရမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် ၎င်းတို့မိသားစုထံမှ ပုံစံသွင်းသည့် သက်ရောက်မှုများသည် ၎င်းတို့၏ ပြုမူလုပ်ဆောင်မှုများကို ပို၍ပင် သိသာစေရန်နှင့် ခိုင်မာစေရန်၊ ပြီးလျှင် ၎င်းတို့၏ သဘာဝကို ပို၍ပင် ပြည့်စုံစွာ ထုတ်ဖော်ပြရန်သာ အသုံးကျလေသည်။ ထို့ကြောင့် အမှန်၊ အမှားနှင့်သက်ဆိုင်သော အခြေခံအကျဆုံး ပြဿနာများကို လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော အမှုကိစ္စများကိုလည်းကောင်း ရင်ဆိုင်ရသောအခါတွင် ဤသို့သောသူတို့သည် သင့်လျော်သော ရွေးချယ်မှုအချို့ကို ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းရန်၊ ၎င်းတို့၏ ပြစ်မှားမှုများကို လျှော့ချရန်၊ ဘုရားရှေ့တွင် ၎င်းတို့၏ မကောင်းမှုကို လျော့နည်းစေရန် “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဟူသကဲ့သို့သော ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ထားရှိသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို လက်လွှတ်နိုင်လျှင် ၎င်းတို့ကို အဘယ်သို့ အကျိုးဖြစ်စေမည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူတစ်ဦးချင်းစီ၏ ရလဒ်ကို အဆုံးအဖြတ်ပေးသည့် အနာဂတ်အချိန်တွင် ယင်းသည် ၎င်းတို့၏ အပြစ်ဒဏ်ကို လျော့ပါးစေပြီး ၎င်းတို့အပေါ် ဘုရားသခင်၏ ဆုံးမခြင်းကို လျော့နည်းစေလိမ့်မည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဤသို့သောလူတို့သည် ဆုံးရှုံးစရာ မည်သည့်အရာမျှမရှိဘဲ ရစရာများသာရှိသည် မဟုတ်လော။ ၎င်းတို့ကို လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ အတွေးအခေါ်များအား လုံးဝ လက်လွှတ်ခိုင်းလျှင် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့တွင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရပါဝင်သောကြောင့်ဖြစ်ပြီး ဤနင်းမရအောင်ချောသော ကျောက်တုံးများနှင့် မြွေမသေတုတ်မကျိုး ပြုမူသူများသည် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ မိသားစုများက ၎င်းတို့အပေါ် ပုံစံသွင်းပေးခဲ့သော ဆိုးယုတ်သော အတွေးအခေါ်များကို လက်လွှတ်ရန်မှာ ၎င်းတို့အတွက် အလွန်ရိုးရှင်းလွယ်ကူခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မိသားစုများထံမှ ဤပုံစံသွင်းသည့် သက်ရောက်မှုများကို ဘေးဖယ်ထားလျှင်ပင် ၎င်းတို့ကိုယ်တိုင်က ဆိုးယုတ်သော အတွေးအခေါ်များကို စွဲစွဲလမ်းလမ်း ယုံကြည်သူများ ဖြစ်သောကြောင့်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် လောကကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်သော ဤနည်းကို နှစ်သက်ကြသည်။ ဤသည်မှာ အလွန် ပုဂ္ဂိုလ်ရေးဆန်သော၊ တစ်ဖက်သတ်ဖြစ်သော နည်းဖြစ်သည်။ သို့သော် ဤသို့သောသူများက ပါးနပ်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ ခြိမ်းခြောက်ခံရခြင်း၊ သို့မဟုတ် ထိခိုက်ခြင်းမရှိသရွေ့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင့်လျော်စွာ ခုခံကာကွယ်ရန်အတွက် ဤကျင့်သုံးမှုအချို့ကို လက်လွှတ်လျှင် ဤသည်မှာ အမှန်တကယ်ပင် ၎င်းတို့အတွက် ကောင်းသောအရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးအနေဖြင့် ယင်းက ၎င်းတို့၏ အပြစ်ကို လျော့ပါးစေနိုင်သည်။ ၎င်းတို့အပေါ် ဘုရားသခင်၏ ဆုံးမခြင်းကို လျော့နည်းစေနိုင်သည်။ ဘုရားသခင်က ၎င်းတို့ကို ဆုံးမခြင်းအစား ဆုချီးမြှင့်ပြီး အောက်မေ့အမှတ်ရစေရန်အတွက်ပင် အခြေအနေကို ပြောင်းလဲနိုင်သည်။ မည်မျှကောင်းလိုက်လေခြင်း။ ယင်းသည် ကောင်းသောအရာတစ်ခု ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။)
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)
သင့်မိသားစုက သင့်အား အခြားမည်သို့ ပုံစံသွင်းသေးသနည်း။ ဥပမာ သင့်မိဘများက သင့်အား မကြာခဏပြောသည်။ “မင်းက နှုတ်ဖွာပြီး မစဉ်းမစား ပြောလျှင် အနှေးနှင့်အမြန် မင်း ဒုက္ခရောက်မည်ဖြစ်သည်။ ‘စကားများပါက အမှားများတတ်သည်’ ဆိုသည်ကို သတိရရမည်။ ဤအရာက ဘာကိုဆိုလိုသနည်း။ မင်း စကားများများပြောလျှင် အဆုံးတွင် သေချာပေါက် အမှားပါသွားလိမ့်မည်ဟု ဆိုလိုသည်။ မည်သည့်အချိန်အခါပင် ဖြစ်ပါစေ မစဉ်းမစား မပြောနှင့်။ တစ်ခုခုကို မပြောမီတွင် အခြားလူတိုင်းက မည်သည့်အရာပြောသည်ကို ဦးစွာကြည့်ပါ။ လူအများစု လုပ်သည့်အတိုင်း လိုက်လုပ်လျှင် မည်သည့်အရာမျှ ဖြစ်မည်မဟုတ်ပါ။ သို့သော် မင်းက အမြဲတမ်း ထင်ပေါ်ဖို့ ကြိုးစားလျှင်၊ မင်းခေါင်းဆောင်၊ အကြီးအကဲ၊ သို့မဟုတ် မင်းနားမှ လူတိုင်းက စဉ်းစားနေသည့်အရာကို မသိဘဲ ဆက်တိုက် မစဉ်းမစားပြောပြီး မင်းအမြင်ကို ဖော်ထုတ်နေကာ ဖြစ်ချင်တော့ မင်း၏ ခေါင်းဆောင်၊ သို့မဟုတ် အကြီးအကဲက စဉ်းစားပုံမတူလျှင် သူတို့က မင်းကို အခက်အခဲဖြစ်အောင် လုပ်လိမ့်မည်။ ဤသည်မှ အဘယ်ကောင်းကျိုးရှိနိုင်သနည်း။ ဦးနှောက် မရှိသည့်ကလေး၊ နောင်တွင် ဂရုစိုက်ရမည်။ စကားများပါက အမှားများတတ်သည် ဟူ၍ဖြစ်သည်။ ဤအရာကိုသာ သတိရပါ၊ မစဉ်းမစားမပြောနှင့်။ ပါးစပ်ဟူသည် စားဖို့၊ လေရှူဖို့၊ ကိုယ့်အထက်လူကြီးများကို လေချိုသွေးဖို့၊ ပြီးလျှင် အခြားသူများ စိတ်ကျေနပ်အောင် ကြိုးစားဖို့ဖြစ်သည်။ အမှန်အတိုင်း ပြောဖို့မဟုတ်ပါ။ မင်းစကားများကို ဉာဏ်ရှိရှိနှင့် ရွေးချယ်ရမည်။ နည်းလမ်းများ၊ လှည့်ကွက်များကို အသုံးချရမည်။ ကိုယ့်ဦးနှောက်ကို အသုံးပြုရမည်။ ပါးစပ်မှ စကားများ မထွက်မီ မြိုချလိုက်ပါ။ ပြီးလျှင် ယင်းတို့ကို ပြောရန် အချိန်ကျသည်အထိ စောင့်ဆိုင်းရင်း ကိုယ့်စိတ်ထဲတွင် အထပ်ထပ်အခါခါ အပြန်အလှန်စဉ်းစားပါ။ ကိုယ်တကယ်ပြောသည့်အရာက အခြေအနေအပေါ်လည်း မူတည်သင့်သည်။ ကိုယ့်ထင်မြင်ချက်ကို စပြောပြပြီး လူများက ကောင်းကောင်း သဘောမထားလျှင်၊ သို့မဟုတ် သူတို့၏တုံ့ပြန်ချက်က သိပ်မကောင်းလျှင် ချက်ချင်းရပ်လိုက်ပြီး ဆက်မပြောမီ လူတိုင်းပျော်အောင် ထားနိုင်သည့်နည်းဖြင့် မည်သို့ပြောရမည်ကို စဉ်းစားပါ။ တော်သည့်ကလေးက ဤကဲ့သို့သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤကဲ့သို့သာ လုပ်ဆောင်လျှင် မင်းက ပြဿနာတက်မည်မဟုတ်ဘဲ လူတိုင်းက မင်းကို ခင်လိမ့်မည်။ လူတိုင်းက ခင်လျှင် မင်းအတွက် ကောင်းမည် မဟုတ်သလော။ နောင်တွင် မင်းအတွက် ပိုပြီး အခွင့်အရေးများ ရှိမည်မဟုတ်လော” ဟူ၍ ဖြစ်သည်။ သင့်မိသားစုက သင့်အား သင့်စိတ်တွင်ရှိသော အရာရာတိုင်းကို ဖွင့်ချဖို့အတွက် ပုံစံသွင်းရန်ဝေးစွ၊ ကောင်းသော ဂုဏ်သတင်းကို ရယူရန် နည်းလမ်း၊ အသာစံရရန် နည်းလမ်း၊ သူတစ်ပါးတို့ကြားတွင် တည်ငြိမ်သော ခြေကုပ်ကို တည်ထောင်ရန် နည်းလမ်းတို့ကိုသာမကဘဲ အပြင်ပန်း အသွင်အပြင်ဖြင့် သူတစ်ပါးတို့ကို လှည့်စားပြီး အမှန်အတိုင်းမပြောရန် နည်းလမ်းတို့ကိုပါ ပြောပြခြင်းအားဖြင့် ပုံစံသွင်းသည်။ အမှန်အတိုင်းပြောပြီးနောက် ဝမ်းနည်းပူဆွေးရသောသူအချို့သည် ၎င်းတို့မိသားစုက “စကားများပါက အမှားများတတ်သည်” ဆိုသည့် ဆိုရိုးစကားအား ၎င်းတို့ကို ပြောပြသည်ကို အမှတ်ရပြီး သင်ခန်းစာယူသည်။ ထို့နောက်တွင် ၎င်းတို့သည် ဤဆိုရိုးစကားကို ပိုပို၍ လက်တွေ့လုပ်ဆောင်လိုစိတ်ရှိလာပြီး ၎င်းတို့၏ ဆောင်ပုဒ်ဖြစ် ပြောင်းလဲကြသည်။ အခြားသောလူများက ဝမ်းနည်းပူဆွေးခြင်း မရှိသော်လည်း ဤအချက်တွင် ၎င်းတို့မိသားစု၏ ပုံစံသွင်းခြင်းကို အလေးအနက် လက်ခံကြပြီး အချိန်အခါက မည်သို့ရှိသည်ဖြစ်စေ ဤဆိုရိုးစကားကို အဆက်မပြတ် လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့က လက်တွေ့လုပ်ဆောင်လေလေ “ငါ့မိဘများနှင့် အဘိုး၊ အဘွားများက ငါ့အပေါ် အရမ်းကောင်းသည်။ သူတို့အားလုံးက ငါ့အပေါ် ရိုးသားကြပြီး ငါ့ကို အကောင်းဆုံး ဖြစ်စေချင်ကြသည်။ ‘စကားများပါက အမှားများတတ်သည်’ဆိုသည့် ဤဆိုရိုးစကားကို သူတို့ ငါ့ကိုပြောပြသည်မှာ ငါတော်တော်ကံကောင်းသည်။ မဟုတ်လျှင် ငါက နှုတ်ဖွာသဖြင့် ခဏခဏ သောကရောက်ရမည်သာဖြစ်သည်။ လူတော်တော်များများက ငါ့ကို အခက်အခဲဖြစ်အောင် လုပ်ကြမည်၊ သို့မဟုတ် အထင်သေးသည့် အကြည့်နှင့် ကြည့်ကြမည်။ သို့မဟုတ် ငါ့ကို လှောင်ပြောင်ကြမည်။ ဤဆိုရိုးစကားက တော်တော်အသုံးဝင်ပြီး အကျိုးရှိသည်” ဟု ခံစားရလေလေဖြစ်သည်။ ၎င်းတို့သည် ဤဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ခြင်းမှ အမှန်တကယ်ဖြစ်သော အကျိုးအမြတ်များစွာကို ရရှိသည်။ ၎င်းတို့သည် ဘုရားရှေ့သို့ လာသောအခါတွင် ဤဆိုရိုးစကားသည် အသုံးအဝင်ဆုံး၊ အကျိုးအရှိဆုံးအရာဖြစ်သည်ဟု ထင်ဆဲဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ညီအစ်ကိုမောင်နှမတစ်ယောက်က သူ၏၊ သို့မဟုတ် သူမ၏ တစ်ကိုယ်ရေ အခြေအနေ၊ ဖောက်ပြန်ပျက်စီးမှု၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ အသိပညာတို့ကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သည့်အခါတိုင်းတွင် ၎င်းတို့သည်လည်း မိတ်သဟာယဖွဲ့လိုပြီး ရိုးရိုးစင်းစင်းစကားပြောကာ ပွင့်လင်းသောသူဖြစ်လိုကြသည်။ နှစ်ပေါင်းများစွာကြာ ချုပ်တည်းထားရသည့် ၎င်းတို့၏ စိတ်အခြေအနေကို ခဏတာ သက်သာရာရစေရန်အတွက်၊ သို့မဟုတ် လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်းတို့ကို အတိုင်းအတာအချို့ ရရှိရန်အတွက် ၎င်းတို့သည်လည်း ၎င်းတို့စိတ်နှလုံးတွင် ထင်မြင်သော၊ သို့မဟုတ် သိသောအရာကို ရိုးသားစွာ ပြောလိုကြသည်။ သို့သော် ၎င်းတို့မိဘများက ၎င်းတို့၏ ခေါင်းထဲကို ရိုက်သွင်းနေသည့် အရာကို၊ အတိအကျဆိုသော် “‘စကားများပါက အမှားများတတ်သည်’၊ မစဉ်းမစားမပြောနှင့်၊ ပြောသူထက် နားထောင်သူတစ်ယောက် ဖြစ်ပါ၊ အခြားသူများပြောသည့်အရာကို နားထောင်တတ်အောင်လုပ်ပါ” ဆိုသည်ကို အမှတ်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ပြောလိုသည့်မည်သည့်အရာကိုဖြစ်စေ မျိုသိပ်ထားလိုက်သည်။ လူတိုင်းက ပြော၍ ပြီးသောအခါ၌ ၎င်းတို့က မည်သည့်အရာမျှ မပြောဘဲ ထိုအစား မိမိတို့ ဘာသာတွေးသည်။ “ဤအရာ တော်တော်ကောင်းသည်။ ဤတစ်ကြိမ်တွင် ငါ မည်သည့်အရာမျှမပြောလိုက်သည်မှာလည်း ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် ငါပြောချင်သည့်အရာကို ပြောလိုက်သည်နှင့် လူတိုင်းက ငါ့အပေါ် ထင်မြင်ချက်များ ဖြစ်နိုင်သည်။ ငါက တစ်ခုခု ဆုံးရှုံးရနိုင်သည်။ မည်သည့်အရာမျှမပြောခြင်းက အလွန် ကောင်းသည်။ သို့ဆိုလျှင် ငါက ရိုးသားပြီး သိပ်မလှည့်စားတတ်ဘဲ ပင်ကိုအလျောက် စကားနည်းသည့်သူသာ ဖြစ်သောကြောင့် လျှို့ဝှက်ကြံစည်နေသည့်သူ၊ အရမ်း ဖောက်ပြန်ပျက်စီးသည့်သူ မဟုတ်ပါ။ အထူးသဖြင့် ဘုရားသခင်နှင့် ပတ်သက်ပြီး အယူအဆများ ရှိသူမဟုတ်ဘဲ ထိုအစား ရိုးရှင်းပြီး ပွင့်လင်းသည့်သူတစ်ယောက် ဖြစ်သည်ဟု လူတိုင်းက ဆက်ထင်နေမည်ဖြစ်သည်။ လူများက ငါ့ကို ဤကဲ့သို့ထင်သည်မှာ မကောင်းသည့်အရာ မဟုတ်ပါ။ သို့ဖြစ်၍ အဘယ်ကြောင့် ငါက တစ်ခုခုပြောရမည်နည်း။ ‘စကားများပါက အမှားများတတ်သည်’ ဆိုသည့် ဤဆိုရိုးစကားကို လိုက်နာသောကြောင့် ရလဒ်အချို့ကို ငါ တကယ်တွေ့နေရသည်။ သို့ဖြစ်၍ ငါ ဤကဲ့သို့ဆက်ပြီး နေနေမည်” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားကို လိုက်နာခြင်းအားဖြင့် ကောင်းသော၊ စိတ်ကျေနပ်ဖွယ်ကောင်းသော ခံစားချက်ကို ၎င်းတို့ ရရှိသည်။ ထို့ကြောင့် ၎င်းတို့က တစ်ကြိမ်၊ နှစ်ကြိမ် တိတ်ဆိတ်စွာနေပြီး ဆက်လက်၍ ဤသို့နေသည်မှာ တစ်နေ့တွင် ၎င်းတို့အတွင်း၌ စကားလုံးများစွာကို စိတ်ထဲတွင် မျိုသိပ်ထားရပြီး ညီအစ်ကိုမောင်နှမများထံ ဖွင့်ဟချင်သော်လည်း ၎င်းတို့၏ နှုတ်များက ပတ်တီးဖြင့် စီး၍ပိတ်ထားသကဲ့သို့ ခံစားရသဖြင့် စကားတစ်ခွန်းကိုမျှ မပြောနိုင်သည့်အချိန်အထိပင် ဖြစ်၏။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မပြောပြနိုင်သည့်အတွက် ညီအစ်ကိုမောင်နှမများအစား ဘုရားသခင်ကို ပြောဖို့ ကြိုးစားရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် ဘုရားရှေ့၌ ဒူးထောက်ပြီး “ဘုရားသခင် ကျွန်တော့်မှာ ကိုယ်တော်ကို ပြောစရာတစ်ခုရှိပါသည်။ ကျွန်တော်က...” ဟူ၍ ပြောသည်။ သို့သော် ၎င်းတို့စိတ်နှလုံးတွင် အသေအချာ တွေးပြီးဖြစ်သော်လည်း မည်သို့ပြောရမည်ကို မသိပေ။ မဖော်ပြနိုင်ပေ။ ဤသည်မှာ ၎င်းတို့သည် လုံးလုံးလျားလျား ဆွံ့အသွားသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် သင့်လျော်သော စကားအား မည်သို့ရွေးချယ်ရမည်ကို၊ သို့မဟုတ် စာကြောင်းတစ်ကြောင်းအား မည်သို့စီရမည်ကိုပင် မသိပေ။ နှစ်ပေါင်းများစွာ မျိုသိပ်ထားရသည့် ခံစားချက်ကြောင့် ၎င်းတို့သည် လုံးဝ ချုပ်တည်းနေသည်ဟုလည်းကောင်း၊ မှောင်မိုက်ပြီး ယုတ်ညံ့သောဘဝ၌ နေထိုင်နေသည်ဟုလည်းကောင်း ခံစားရသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာကို ဘုရားသခင်အားပြောပြီး ၎င်းတို့၏ ခံစားချက်များကို ဖွင့်ချရန် စိတ်ဆုံးဖြတ်သောအခါ၌ ၎င်းတို့သည် စကားစရှာမရဖြစ်ပြီး မည်သည့်နေရာ၌ အစပြုရမည်ကို၊ သို့မဟုတ် မည်သို့ပြောရမည်ကို မသိပေ။ ၎င်းတို့သည် စိတ်မဆင်းရဲသလော။ (ဆင်းရဲပါသည်။) ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်အား ပြောစရာမရှိသနည်း။ ၎င်းတို့သည် စကားပလ္လင်ခံခြင်းသာ ရှိသည်။ ၎င်းတို့ စိတ်နှလုံးတွင် ရှိသည့်အရာကို ဘုရားသခင်အား ပြောလိုသော်လည်း စကားမရှိပေ။ အဆုံးတွင် ထွက်လာသည့်အရာမှာ “ဘုရားသခင် ကျွန်တော် ပြောသင့်သည့်စကားကို ပေးတော်မူပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က “သင်ပြောသင့်သည့်အရာများစွာ ရှိသည်။ သို့သော် သင် မပြောလိုပေ။ သင့်အား အခွင့်အရေးပေးသောအခါ၌ သင်မပြောပေ။ ထို့ကြောင့် သင့်အား ငါပေးခဲ့သည့်အရာရာတိုင်းအား ငါပြန်ယူနေပြီဖြစ်သည်။ သင့်အား ငါပေးမည်မဟုတ်။ သင်နှင့် မထိုက်တန်ပေ” ဟူ၍ ပြန်ပြောသည်။ ထိုအခါမှသာ ပြီးခဲ့သော ဤနှစ်များတွင် ၎င်းတို့သည် များစွာဆုံးရှုံးခဲ့ရသည်ဆိုသည်ကို ခံစားကြရသည်။ ၎င်းတို့သည် အလွန်ပင် ဂုဏ်ရှိသောဘဝကို နေထိုင်ခဲ့သည်၊ မိမိတို့ကိုယ်ကို အပြင်ပန်းတွင် ယဉ်ကျေးရည်မွန်စွာ ပြုမူနေထိုင်ပြီး ခြောက်ပြစ်ကင်း သဲလဲစင်သည့်ဟန်ဖြင့် ပြရုပ်တင်ခဲ့သည်ဟု ခံစားရသော်လည်း ဤတစ်ချိန်လုံးတွင် ညီအစ်ကိုမောင်နှမများက အကျိုးအမြတ်များ ရရှိနေသည်ကို ၎င်းတို့ မြင်သောအခါ၊ ညီအစ်ကိုမောင်နှမများသည် စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ ၎င်းတို့၏ အတွေ့အကြုံများကို ပြောကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုအား ဖွင့်ပြနေသည်ကို ၎င်းတို့ မြင်သောအခါ ဤလူတို့သည် ၎င်းတို့ကိုယ်၌က စကားတစ်ကြောင်းကိုပင် မပြောနိုင်ဘဲ မည်သို့ပြောရမည်ကို မသိကြောင်း သဘောပေါက်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး မိမိတို့၏ ကိုယ်ပိုင် သိမြင်မှုကို ပြောလိုကြသည်။ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်သော ၎င်းတို့၏ အတွေ့အကြုံ အကြောင်းကို ဆွေးနွေးလိုကြသည်။ ဘုရားသခင်ထံမှ ဉာဏ်အလင်းဖွင့်ပြမှုအချို့နှင့် အလင်းအနည်းငယ်ကို ရရှိလိုကြသည်။ တစ်စုံတစ်ခုကို ရရှိလိုကြသည်။ သို့သော် ကံအကြောင်းမလှစွာဖြင့် ၎င်းတို့အားလုံးသည် “စကားများပါက အမှားများတတ်သည်”ဆိုသည့် ထင်မြင်ချက်ကို အလွန်ပင် ကြိမ်ဖန်များစွာ ဖက်တွယ်နေပြီး ဤအယူအဆ၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို မကြာခဏခံရသောကြောင့် ၎င်းတို့သည် ဤဆိုရိုးစကားအတွက် နှစ်ပေါင်းများစွာကြာ အသက်ရှင်ခဲ့ကြသည်။ ဘုရားသခင်ထံမှ ဉာဏ်အလင်းဖွင့်ပြမှု၊ သို့မဟုတ် အလင်းပေးမှုတစ်ခုခုကို မရရှိခဲ့ပေ။ ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့် ပတ်သက်လျှင် ညံ့ဖျင်းဆဲ၊ သနားစဖွယ်ဖြစ်ဆဲ၊ လက်ဗလာဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ဤဆိုရိုးစကားနှင့် အယူအဆကို ပြီးပြည့်စုံသည်အထိ လက်တွေ့လုပ်ဆောင်ခဲ့ပြီး အသေးစိတ် တိကျစွာ နာခံခဲ့သည်။ သို့သော် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့လင့်ကစား သမ္မာတရားနှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ မရရှိခဲ့ဘဲ ညံ့ဖျင်းပြီး မမြင်မကန်းဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား နှုတ်ကို ပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်ပြောဆိုရန် အရည်အချင်းရှိဖို့မဆိုထားနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် လုံးဝပင် အရည်အချင်းမရှိသကဲ့သို့ ၎င်းတို့၏ ခံစားချက်နှင့် အသိပညာကို ပြောရန် အရည်အချင်းလည်း လုံးဝမရှိပေ။ ပို၍ သနားစဖွယ်ဖြစ်သည်မှာ ၎င်းတို့တွင် ဘုရားသခင်အား စကားပြောဆိုနိုင်စွမ်းပင် မရှိဘဲ ဤသို့သော အစွမ်းကို ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့သည် စိတ်မဆင်းရဲသလော။ (ဆင်းရဲပါသည်။) စိတ်ဆင်းရဲပြီး ကြေကွဲဝမ်းနည်းရသည်။ သင်သည် စကားပြောခြင်းကို မနှစ်သက်ခြင်း မဖြစ်သလော။ စကားများပါက အမှားများတတ်သည် ဆိုသည်ကို သင်အစဉ်မကြောက်ရွံ့သလော။ ဤသို့ဆိုလျှင် မည်သည့်အရာကိုမျှ သင် လုံးဝ မပြောသင့်ပေ။ သင်သည် သင်၏ အတွင်းအကျဆုံးသော အတွေးများနှင့် ဘုရားသခင်က သင့်အားပေးသည့်အရာများကို ထုတ်ပိုးပြီး ဖုံးဖိသည်။ အလုံပိတ်ပြီး မလွတ်မြောက်အောင် တားဆီးထားသည်။ သင်သည် သိက္ခာကျမည်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့နေသည်။ ခြိမ်းခြောက်ခြင်း ခံစားရမည်ကို ကြောက်သည်။ အခြားလူများက သင့်အား ရိပ်စားမိမည်ကို ကြောက်သည်။ သင်သည် သူတစ်ပါးတို့၏ အမြင်တွင် ပြည့်စုံသော၊ ရိုးသားသော၊ ကောင်းသောသူတစ်ယောက် မဖြစ်တော့မည်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့သည်။ ထို့ကြောင့် သင့်ကိုယ်သင် ဖုံးကွယ်ပြီး သင်၏ တကယ့်အတွေးများအကြောင်းကို လုံးဝ မပြောပေ။ အဆုံးတွင် မည်သို့ ဖြစ်သနည်း။ သင်သည် ဘက်ပေါင်းစုံတွင် ဆွံ့အသူတစ်ယောက်ဖြစ်သွားသည်။ မည်သူက သင့်အား ဤသို့ထိခိုက်စေသနည်း။ အရင်းအမြစ်က သင့်အား ထိခိုက်ခဲ့သည်မှာ သင့်မိသားစု၏ ပုံစံသွင်းခံရခြင်းကြောင့် ဖြစ်သည်။ သို့သော် သင်၏ ကိုယ်ပိုင်တစ်ကိုယ်ရေ အမြင်ရှုထောင့်မှကြည့်လျှင် ဆိုးယုတ်သော အတွေးအခေါ်များကို သင်နှစ်သက်သောကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် သင့်မိသားစု၏ ပုံစံသွင်းခြင်းက မှန်ကန်သည်ဟု သင် ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။ သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက အပြုသဘောဆောင်သည်ဟု မယုံကြည်ပေ။ သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုကို အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူဖို့ သင်ရွေးချယ်သည်။ ဘုရားနှုတ်ကပတ်တော်များ၊ သူ၏ သတ်မှတ်ချက်များ၊ သူ၏ ပံ့ပိုးမှု၊ အကူအညီနှင့် သွန်သင်မှုတို့ကို သတိထားကာကွယ်ရမည့် အရာများအဖြစ်၊ အပျက်သဘောဆောင်သောအရာများအဖြစ် မှတ်ယူဖို့ ရွေးချယ်သည်။ ထို့ကြောင့် အစပိုင်းတွင် ဘုရားသခင်က သင့်အား မည်မျှပေးအပ်ပါစေ ဤနှစ်များတစ်လျှောက်တွင် သင်၏ သတိထားကာကွယ်မှုနှင့် ငြင်းဆန်မှုတို့ကြောင့် နောက်ဆုံးရလဒ်မှာ ဘုရားသခင်က အရာရာတိုင်းကို ပြန်လည်ယူဆောင်ပြီး သင့်အား မည်သည့်အရာမျှ မပေးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်နှင့် မထိုက်တန်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤသို့ မဖြစ်မီတွင် ဤအမှုအရာ၌ သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုကို လက်လွှတ်သင့်သည်။ “စကားများပါက အမှားများတတ်သည်” ဆိုသည့် မှားယွင်းသော အယူအဆကို လက်မခံသင့်ပေ။ ဤဆိုရိုးစကားသည် သင့်အား ပို၍ သိုသိပ်စေသည်။ ပို၍ မသိမသာဖြင့် အန္တရာယ်ရှိစေသည်။ ပို၍ ကြောင်သူတော်ဆန်စေသည်။ ယင်းသည် လူတို့အား ရိုးသားရန်ဖြစ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်ဖြင့်၊ လူတို့အား တဲ့တိုးဆန်ပြီး ပွင့်လင်းရန်ဖြစ်သည့် သူ၏ တောင်းဆိုချက်ဖြင့် လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ ကွဲလွဲနေသည်။ ဘုရားသခင်အား ယုံကြည်သူတစ်ယောက်နှင့် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရားအား လိုက်စားရန် လုံးဝ စိတ်ပိုင်းဖြတ်ထားသင့်သည်။ သင်သည် သမ္မာတရားအား လိုက်စားရန် လုံးဝ စိတ်ပိုင်းဖြတ်ထားသောအခါ သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ကောင်းမွန်သည့် ပုံစံသွင်းသည့် သက်ရောက်မှုများဟု သင်ထင်မှတ်သည့်အရာကို လက်လွှတ်ရန် အပြည့်အဝ စိတ်ပိုင်းဖြတ်သင့်သည်။ ရွေးချယ်ခြင်း မရှိသင့်ပေ။ သင့်မိသားစုက သင့်အပေါ် မည်သည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေပါစေ၊ ယင်းတို့သည် သင့်အတွက် မည်မျှ ကောင်းမွန်ပါစေ၊ သို့မဟုတ် အကျိုးရှိပါစေ၊ သင့်အား မည်မျှ ကာကွယ်ပေးပါစေ ယင်းတို့သည် လူတို့နှင့် စာတန်ထံမှလာပြီး ယင်းတို့ကို သင် လက်လွှတ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် လူတို့အတွက် သူ၏ သတ်မှတ်ချက်များသည် သင့်မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုနှင့် ကွဲလွဲနိုင်သော်လည်း၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကိုပင် ထိခိုက်ပြီး သင်၏ လုပ်ပိုင်ခွင့်များကို ဖယ်ရှားနိုင်သော်လည်း၊ ပြီးလျှင် ယင်းတို့သည် သင့်ကို မကာကွယ်ဘဲ ထိုအစား သင့်အား အရှက်ရစေပြီး အရူးလုပ်ရန် ရည်ရွယ်သည်ဟု သင် ထင်လျှင်ပင် ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူသင့်ဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ဘုရားသခင်ထံမှလာသောကြောင့်၊ သမ္မာတရားဖြစ်သောကြောင့်၊ ယင်းတို့ကို သင်လက်ခံသင့်သောကြောင့်ဖြစ်သည်။ သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် အရာများသည် သင်၏ အတွေးအခေါ်နှင့် ကျင့်ကြံပြုမူမှု၊ ရှင်သန်ရပ်တည်မှုအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်၊ သင်လျှောက်သည့်လမ်းကြောင်းတို့အပေါ် သက်ရောက်မှုရှိလျှင် ယင်းတို့ကို သင်လက်လွှတ်သင့်ပြီး မြဲမြံစွာ ဆုပ်ကိုင်မထားသင့်ပေ။ ထိုအစား သင်သည် ယင်းတို့ကို ဘုရားသခင်ထံမှ လိုက်လျောညီထွေရှိသော သမ္မာတရားများဖြင့် အစားထိုးသင့်သည်။ ဤသို့လုပ်ဆောင်ရာတွင် သင့်မိသားစု သင့်အား ပုံစံသွင်းပေးခဲ့သည့် ဤအရာများ၏ ပင်ကိုပြဿနာများနှင့် အနှစ်သာရကို စဉ်ဆက်မပြတ် ပိုင်းခြားသိမြင်ပြီး သတိပြုမိသင့်သည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်ကိုပို၍ တိကျစွာ၊ လက်တွေ့ကျစွာ၊ မှန်ကန်စွာ လိုက်နာခြင်းအားဖြင့် ပြုမူလုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်လော့။ ဘုရားသခင်ထံမှလာသည့် လူများ၊ အမှုအရာများနှင့်ပတ်သက်သော အယူအဆများ၊ အမြင်များ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို လက်ခံခြင်းသည် ဖန်ဆင်းခံတစ်ဦး၏ ဝတ္တရားရှိသော တာဝန်ဖြစ်ပြီး ဖန်ဆင်းခံတစ်ဦးက လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးက ပိုင်ဆိုင်သင့်သည့် အယူအဆနှင့် အမြင်လည်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)
မိသားစုသည် အခြားသော ပုံစံသွင်းသည့် သက်ရောက်မှု အမျိုးအစားတစ်ခုကိုလည်း ဖြစ်ပေါ်စေသည်။ ဥပမာအနေဖြင့် သင့်မိသားစုဝင်များက သင့်အား အစဉ်သဖြင့် ပြောသည်မှာ “လူများကြားထဲတွင် အလွန်ထင်ပေါ်လွန်းသူ မဖြစ်စေနှင့်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး မိမိ၏ စကားနှင့် လုပ်ရပ်များအပြင် မိမိ၏ ကိုယ်ပိုင်ပါရမီများ၊ အရည်အချင်းများ၊ ဉာဏ်ရည်များ စသည်တို့တွင် အနည်းငယ်သော ချုပ်တည်းမှုကို ကျင့်သုံးရမည်။ ထင်ပေါ်သည့်သူ မဖြစ်စေနှင့်။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ နှင့် ‘ထွက်နေသည့် ထုတ်တန်းက ဦးဆုံးဆွေးသည်’ ဟူသည့် ဆိုရိုးစကားကဲ့သို့ပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုလျှင်၊ ကိုယ်နေသည့်အုပ်စုတွင် ရေရှည်ဖြစ်ပြီး တည်ငြိမ်သည့်နေရာကို ရလိုလျှင် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် မဖြစ်နှင့်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး လူတိုင်းထက်သာဖို့ ရည်မှန်းချက်မထားနှင့်။ မိုးကြိုးလွှဲကို စဉ်းစားကြည့်။ ယင်းမှာ မုန်တိုင်းကျနေသည့်အချိန်တွင် ပထမဆုံး မိုးကြိုးပစ်ခံရသည့်အရာ ဖြစ်သည်။ အကြောင်းမှာ မိုးကြိုးသည် အမြင့်ဆုံးနေရာကို ပစ်သောကြောင့် ဖြစ်သည်။ လေပြင်းတိုက်နေသည့်အချိန်တွင် အရှည်ဆုံးသစ်ပင်က ပထမဆုံး အပြင်းဆုံးဒဏ်ဖြင့် အတိုက်ခံရသည်။ ပြီးလျှင် ရာသီဥတုအေးသည့်အချိန်တွင် အမြင့်ဆုံးတောင်က ဦးဆုံး အေးခဲသည်။ လူများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကိုယ်က အမြဲတမ်း အခြားသူများကြားတွင် ထင်ပေါ်ပြီး အာရုံစိုက်ခံရလျှင်၊ လူစုက ကိုယ့်ကို သတိထားမိလျှင် ကိုယ့်ကို ဒဏ်ပေးဖို့ အသေအချာ စဉ်းစားလိမ့်မည်။ ထီးထီးကြီးထင်ပေါ်နေသည့်ငှက် မဖြစ်နှင့်။ တစ်ယောက်တည်း မပျံနှင့်။ အုပ်စုထဲတွင် နေသင့်သည်။ သို့မဟုတ်ပါက သင့်အနားတွင် လူမှုဆန္ဒပြပွဲတစ်ခုခုဖြစ်လျှင် ဦးဆုံး အပြစ်ပေးခံရသည်မှာ သင်သာ ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် ဖြစ်သောကြောင့်တည်း။ အသင်းတော်တွင် ခေါင်းဆောင်၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင် မဖြစ်စေနှင့်။ သို့မဟုတ်ပါက ဘုရားအိမ်တော်တွင် အလုပ်နှင့် သက်ဆိုင်သည့် ဆုံးရှုံးမှုဖြစ်စေ၊ ပြဿနာများဖြစ်စေ ရှိသည့်ဖြစ်စဉ်တွင် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက်အနေနှင့် သင်သည် ပထမဆုံး ခွဲထုတ်ခံရမည်။ ထို့ကြောင့် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် မဖြစ်စေနှင့်။ အဘယ်ကြောင့်ဆိုသော် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်နှင့် အပစ်ခံရသည့်ငှက်ဖြစ်သောကြောင့် ဖြစ်သည်။ လိပ်တစ်ကောင်ကဲ့သို့ ခေါင်းကို အထဲသွင်းပြီး ကျုံ့ထားတတ်ဖို့ သင်ယူရမည်” ဟူ၍ ဖြစ်သည်။ သင့်မိဘများထံမှ ဤစကားများကို သင်အမှတ်ရပြီး ခေါင်းဆောင်ရွေးချယ်ရန် အချိန်ကျသောအခါ သင်သည် ရာထူးကို ပယ်ချကာ “ဪ ကျွန်တော် မလုပ်နိုင်ဘူး။ ကျွန်တော့်တွင် မိသားစုနှင့် ကလေးများရှိသည်။ သူတို့နှင့် အရမ်းအလုပ်ရှုပ်နေသည်။ ကျွန်တော် ခေါင်းဆောင်လုပ်လို့မရပါ။ ခင်ဗျားတို့ လုပ်သင့်သည်။ ကျွန်တော့်ကို မရွေးပါနှင့်” ဟူ၍ ဆိုသည်။ သင်သည် မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်ဆိုပါစို့။ ခေါင်းဆောင်လုပ်ရန် သင်တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သင်က “အားနာပါသည်၊ ကျွန်တော် နုတ်ထွက်မှဖြစ်မည်။ ခင်ဗျားတို့ ခေါင်းဆောင်လုပ်ပါ။ ကျွန်တော်က ခင်ဗျားတို့ကို အခွင့်အရေးအားလုံးကို ပေးနေခြင်း ဖြစ်ပါသည်။ ဤရာထူးကို ခင်ဗျားတို့ကို ယူခွင့်ပေးခြင်းဖြစ်သည်။ ကျွန်တော် ဖယ်ပေးပါသည်” ဟု ဆိုသည်။ သင့်စိတ်နှလုံး၌ သင်တွေးတောသည်မှာ “ဟင် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်က သေနတ်နှင့် အပစ်ခံရတတ်သည်။ အမြင့်ကို တက်လေလေ၊ အကျနာလေလေဖြစ်ပြီး ထိပ်ဆုံးတွင် အထီးကျန်သည်။ မင်းကို ခေါင်းဆောင် ဖြစ်ခွင့်ပေးလိုက်မည်။ မင်း အရွေးခံရပြီးသည့်နောက်တွင် အခြားသူများ၏ လက်ညှိုးထိုးခံရသည့်နေ့ကို ရောက်လာမည်ဖြစ်သည်။ ငါသည် မည်သည့်အခါကမျှ ခေါင်းဆောင်မဖြစ်ချင်ပါ။ ငါသည် လှေကားကို မတက်ချင်သဖြင့် ယင်းမှာ အမြင့်ကနေ ငါ ကျမည်မဟုတ်သည့် သဘောဖြစ်သည်။ စဉ်းစားကြည့်လော့၊ ထိုလူသည် ခေါင်းဆောင်ရာထူးမှ နှင်ထုတ်မခံခဲ့ရသလော။ နှင်ထုတ်ခံရပြီးသည့်နောက်တွင် သူသည် သာမန်ယုံကြည်သူတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးပင် မရခဲ့ပါ။ ယင်းမှာ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက် ဖြစ်သည်’ ဟူသည်နှင့် ‘ထွက်နေသည့် ထုတ်တန်းက ဦးဆုံးဆွေးသည်’ ဟူသည့် ထိုဆိုရိုးစကားများ၏ အကောင်းဆုံးနမူနာပင် ဖြစ်သည်။ ငါ မမှန်သလော။ သူက ဒဏ်အပေးမခံရသလော။ လူများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သင်ယူရမည်။ သို့မဟုတ်ပါက လူများသည် ဦးနှောက် မည်သည့်အတွက် ရှိသနည်း။ ကိုယ့်ခေါင်းထဲတွင် ဦးနှောက်ရှိလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသုံးပြုရမည်။ အချို့လူများက ဤပြဿနာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ။ သို့သော် လူ့အဖွဲ့အစည်းတွင်၊ မည်သည့်လူအုပ်စုတွင်မဆို ဤကဲ့သို့သာ ဖြစ်သည်။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ သေနတ်နှင့် အပစ်ခံရသည့်အချိန် မရောက်သေးမချင်း ထီးထီးကြီး ထင်ပေါ်နေသမျှ ကောင်းစွာ လေးစားခံရမည်။ ထို့နောက်တွင် ကျည်လမ်းကြောင်းတွင် နေသည့်သူများက အနှေးနှင့်အမြန် ထိုက်သင့်သည့် ကြမ္မာကိုကြုံရသည်ကို မင်းသဘောပေါက်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်တို့တွင် သင့်မိဘနှင့် မိသားစု၏ အလွန်လေးနက်သော သွန်သင်မှုများဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဘဝသက်တမ်းတစ်လျှောက်၏ အတွေ့အကြုံကို ထုတ်ဖော်ပြောဆိုမှု၊ အနှစ်ချုပ် ဉာဏ်ပညာတို့လည်း ဖြစ်သည်။ ၎င်းတို့က ယင်းတို့ကို ထိန်ချန်ထားခြင်း တစ်ခုမျှ မရှိဘဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသည်။ “ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသည်” ဟူသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ငါဆိုလိုသည်မှာ တစ်နေ့တွင် သင့်မိခင်က သင့်အား တိတ်တဆိတ် ပြောသည်မှာ “အမေ မင်းကိုပြောမည်။ ဤဘဝတွင် အမေသင်ယူခဲ့သည့်အရာ တစ်ခုရှိလျှင် ယင်းမှာ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်က ထင်ပေါ်လွန်းလျှင် သို့မဟုတ် အာရုံအစိုက်ခံရလွန်းလျှင် ဒဏ်ပေးခံရဖို့များသည်ဟူသည့် သဘောဖြစ်သည်။ ယခု မင်းအဖေက မည်မျှငြိမ်ချက်သားကောင်းပြီး ဟန်ဆောင်မှု ကင်းသည်ကို ကြည့်လော့။ ယင်းမှာ သူသည် ဖိနှိပ်ရေး စည်းရုံးလှုံ့ဆော်ပွဲတစ်ခုတွင် ဒဏ်ပေးခံရသောကြောင့် ဖြစ်သည်။ မင်းအဖေက စာပေပါရမီရှိသည်။ စာရေးနိုင်ပြီး မိန့်ခွန်းများ ပြောနိုင်သည်။ ခေါင်းဆောင် အရည်အချင်းများ ရှိသည်။ သို့သော် သူသည် လူများကြားထဲတွင် ထင်ပေါ်လွန်းပြီး နောက်ဆုံး၌ စည်းရုံးလှုံ့ဆော်ပွဲတွင် ဒဏ်ပေးခံရသည်။ ထိုအချိန်မှစပြီး မင်းအဖေသည် အစိုးရအရာရှိဖြစ်ခြင်းအကြောင်းနှင့် လူသိများသည့် ပုဂ္ဂိုလ်ဖြစ်ခြင်းအကြောင်း လုံးဝ မပြောသည်မှာ အဘယ်ကြောင့်နည်း။ ယင်းကြောင့်သာဖြစ်လေသည်။ အမေက မင်းကို ရင်ထဲမှနေ၍ စကားပြောပြီး အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ မင်း ကောင်းစွာ နားထောင်ပြီး သတိရရမည်။ မမေ့နှင့်။ မည်သည့်နေရာကို သွားပါစေ ဤအရာကို စိတ်ထဲတွင် ထားရမည်။ ဤသည်မှာ မင်းအမေအနေနှင့် ငါပေးနိုင်သည့် အကောင်းဆုံးအရာဖြစ်၏” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သင်သည် သူမ၏ စကားများကို အမှတ်ရပြီး “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဟူသည့် ဆိုရိုးစကားကို သင် အမှတ်ရသည့်အခါတိုင်း ထိုဆိုရိုးစကားက သင့်အဖေကို သတိရစေသည်။ သင့်အဖေကို သင်စဉ်းစားမိတိုင်း ဤဆိုရိုးစကားကို သင်စဉ်းစားမိသည်။ သင့်အဖေသည် တစ်ခါက ထီးထီးကြီးထင်ပေါ်နေပြီး အပစ်ခံရသည့်ငှက်ဖြစ်သည်။ ယခုတွင် သူ၏ တက်ကြွမှုမရှိသော၊ စိတ်ဓာတ်ကျသောအကြည့်က သင့်စိတ်တွင် နက်နဲသောအရာတစ်ခု ထင်ကျန်ခဲ့စေသည်။ ထို့ကြောင့် သင်သည် ထီးထီးကြီးထင်ပေါ်ချင်သည့် အချိန်တိုင်းတွင်၊ စိတ်ထဲရှိသည့်အတိုင်း ပြောလိုသည့်အချိန်တိုင်းတွင်၊ ဘုရားအိမ်တော်၌ သင့်တာဝန်ကို ရိုးသားစစ်မှန်စွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းလိုသည့် အချိန်တိုင်းတွင် သင့်နားထဲရှိ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဆိုသည့် သင့်မိခင်၏ ရင်ထဲမှလာသော အကြံပြုချက်က စိတ်ထဲတွင် တစ်ဖန်ပေါ်လာသည်။ ထို့ကြောင့် သင်သည် နောက်တစ်ဖန် တွန့်ဆုတ်ပြီး “ပါရမီများကိုဖြစ်စေ၊ ထူးခြားသည့် အရည်အချင်းတစ်ခုခုကိုဖြစ်စေ ငါ ပြလို့မဖြစ်ပါ။ ငါ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး အောင့်အည်းထားရမည်။ တာဝန်ထမ်းဆောင်သည့် အပေါ်တွင် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှသုံးဖို့ လူများကို ဘုရားသခင်၏ တိုက်တွန်းချက်နှင့် ပတ်သက်လျှင်မူ ဤစကားများကို ငါ အလယ်အလတ် လမ်းစဉ်ဖြင့် လက်တွေ့လုပ်ဆောင်ရမည်။ အလွန်ကြိုးစားခြင်းအားဖြင့် ထင်ပေါ်၍မဖြစ်ပေ။ အလွန်ကြိုးစားခြင်းအားဖြင့် ထင်ပေါ်ပြီး အသင်းတော်အလုပ်ကို ဦးဆောင်ခြင်းအားဖြင့် ငါ ထီးထီးကြီးထင်ပေါ်နေလျှင် ဘုရားအိမ်တော်၏ အလုပ်တွင် တစ်ခုခုလွဲချော်မှားယွင်း၍ ငါတာဝန်ခံရပါက မည်သို့လုပ်ကြမည်နည်း။ ဤတာဝန်ကို ငါ မည်သို့ခံယူသင့်သနည်း။ ငါက ရှင်းလင်းပစ်ခြင်း ခံရမည်လော။ ငါက ဓားစာခံတစ်ဦး၊ ထီးထီးကြီးထင်ပေါ်နေသည့် ငှက်ဖြစ်လာမည်လော။ ဘုရားအိမ်တော်တွင် ဤကိစ္စများက မည်သို့ဖြစ်လာမည်ကို ပြောဖို့ခက်သည်။ ထို့ကြောင့် ငါက မည်သည့်အရာကို လုပ်ပါစေ ကိုယ့်အတွက် ထွက်ပေါက်တစ်ခုကို လုံးဝ ရှာထားရမည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံးဝ သင်ယူရမည်။ ပြီးလျှင် ငါစကားမပြောမီ၊ မလုပ်မီတွင် ဖြစ်လာနိုင်သည့်အရာများအတွက် လိုအပ်သည့် ကြိုတင်ကာကွယ်မှုအားလုံးကို အသေအချာ ပြုလုပ်ဆောင်ရွက်ထားရမည်။ ဤသည်မှာ ဉာဏ်အရှိဆုံး ဆောင်ရွက်ပုံနည်းလမ်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ဟု ငါ့အမေပြောသကဲ့သို့ပင်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားသည် သင်၏ စိတ်နှလုံးတွင် နက်နဲစွာ စွဲထင်နေပြီးဖြစ်ကာ သင်၏ နေ့စဉ်အသက်တာအပေါ်တွင်လည်း လေးနက်သော လွှမ်းမိုးမှုရှိသည်။ ပို၍ ဆိုးသည်မှာ ယင်းသည် သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားကို ထိခိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤတွင် ဆိုးရွားသော ပြဿနာများမရှိသလော။ ထို့ကြောင့် သင်သည် ရိုးသားစစ်မှန်စွာဖြင့် သင့်တာဝန်ကို ထမ်းဆောင်ပြီး သင့်ကိုယ်သင် အသုံးခံလိုသည့် အချိန်တိုင်းတွင်၊ သင်၏ ခွန်အားအလုံးစုံကို စိတ်ပါလက်ပါ အသုံးချလိုသည့် အချိန်တိုင်းတွင် “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက် ဖြစ်သည်”ဟူသည့် ဤဆိုရိုးစကားသည် သင်သွားနေသည့် လမ်းကြောင်းပေါ်၌ သင့်အား အစဉ်သဖြင့် တားဆီးနေပြီး အဆုံးတွင် သင်သည် အနည်းငယ် လူးသာလွန့်သာရှိဖို့နှင့် လှည့်ကွက်များအတွက် နေရာချန်ထားရန် အစဉ်ရွေးချယ်ပြီး သင့်အတွက် ထွက်ပေါက်တစ်ခု ချန်ထားပြီးသည့် နောက်တွင်မှ သင့်တာဝန်ကို ချင့်ချင့်ချိန်ချိန် ထမ်းဆောင်သည်။ ငါပြောသည်မှာ မမှန်သလော။ ဤအမှုအရာတွင် သင့်မိသားစု၏ ပုံစံသွင်းခြင်းသည် သင့်အား ဖော်ထုတ်ခံရပြီး ကိုင်တွယ်ဖြေရှင်း ခံရခြင်းမှနေ၍ အကြီးမားဆုံး အတိုင်းအတာအထိ ကာကွယ်ပေးသလော။ သင့်အတွက် ဤသည်မှာ နောက်ထပ် အဆောင်တစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။)
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)
မိသားစု၏ ပုံစံသွင်းခြင်းတွင် ပြုမူနေထိုင်ခြင်းနှင့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နောက်ထပ်သော ဥပါယ်တံမျဉ်စည်းကမ်းများ များစွာပါဝင်ရန် ဖြစ်နိုင်ချေအများဆုံး ဖြစ်သည်။ ဥပမာ မိဘများက “အခြားသူများအား ထိခိုက်စေရန် မည်သည့်အခါမျှ မရည်ရွယ်လေနှင့်၊ သို့သော် သင့်အား ၎င်းတို့ လုပ်ဆောင်နိုင်သည့် ထိခိုက်မှုများကိုမူ အစဉ်သဖြင့် သတိထားရှောင်ကြဉ်လော့။ သင်က လွန်စွာ ရူးမိုက်ကာ ယုံလွယ်သည်” ဟု မကြာခဏဆိုကြသည်။ မိဘများက ဤကဲ့သို့ စကားမျိုးကို မကြာခဏ ထပ်ခါထပ်ခါဆိုကြကာ လူကြီးသူမများကပင် သင့်ကို “လူကောင်းတစ်ယောက် ဖြစ်အောင်နေပါ။ အခြားသူများကို ဒုက္ခမပေးနှင့်။ သို့သော် သင်သည် အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထား ရမည်။ လူတို့အားလုံးသည် ဆိုးရွားသည်။ တစ်စုံတစ်ယောက်က သင့်ကို အပြင်ပန်းတွင် အကောင်းပြောနေသည်ကို မြင်ရနိုင်သော်လည်း သူတို့ မည်သည့်အရာ တွေးနေသည်ကို သင်မသိ။ လူတို့၏ စိတ်နှလုံးသည် အရေပြားအောက်တွင် ပုန်းနေသည်။ ထို့ပြင် ကျားတစ်ကောင်ပုံဆွဲရာတွင် သူ၏အရေပြားကို ပြသော်လည်း အရိုးကိုမပြ။ ထို့အတူ လူတစ်ယောက်ကို သိရာတွင် သူ၏မျက်နှာကိုသိကောင်း သိနိုင်သော်လည်း သူ၏စိတ်နှလုံးကိုကား မသိနိုင်။” ဟု ပြောရင်း မကြာခဏ တကျည်ကျည် လုပ်ကြသည်။ ဤစကားစုများတွင် မှန်ကန်သောဘက် ရှိပါသလော။ ၎င်းတို့ တစ်ခုချင်းစီကို တိုက်ရိုက်အဓိပ္ပာယ်ကောက်ရလျှင် ထိုသို့သော စကားစုများနှင့်ပတ်သက်၍ မှားယွင်းနေခြင်းမရှိပေ။ လူတစ်ယောက်သည် အတွင်းစိတ်တွင် မည်သည့်အရာကို အမှန်တကယ် တွေးနေကြောင်းနှင့် သူ၏ စိတ်နှလုံးသည် ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ မသိနိုင်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်အတွင်းသို့ မြင်ရန် မဖြစ်နိုင်။ ဤစကားစုများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်သည် အပြင်ပန်းအားဖြင့် မှန်ကန်နေသော်လည်း ယင်းတို့သည် အယူဝါဒတစ်မျိုးသာဖြစ်ကြသည်။ လူတို့သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဤစကားစုနှစ်စုမှနေ၍ နောက်ဆုံးတွင် ထုတ်နုတ်ယူလိုက်သည်မှာ မည်သည့်စည်းမျဉ်း ဖြစ်သနည်း။ ယင်းမှာ “လူတစ်ယောက်သည် အခြားသူများကို ထိခိုက်စေရန် မည်သောအခါမျှ မကြံရွယ်သင့်သော်လည်း အခြားသူများက လာရောက် ထိခိုက်နိုင်သည်ကို အမြဲကာကွယ်ထားသင့်သည်။”ဟူ၍ ဖြစ်သည်။ ယင်းမှာ ရှေးမျိုးဆက်တို့ ဆိုကြသည့်အရာပင် ဖြစ်သည်။ မိဘများနှင့် လူကြီးသူမများသည် ယင်းကို မကြာခဏပြောကြကာ သင့်ကို “သတိထားပါ။ ရူးမိုက်ပြီး ကိုယ့်စိတ်နှလုံးတွင် ရှိသမျှကို ထုတ်ဖော်မပြလေနှင့်။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရန် သင်ယူပြီး နိုးနိုးကြားကြားရှိပါ။ မိတ်ဆွေကောင်းများနှင့်ပင် မင်းပင်ကိုပုံစံစစ်စစ်ကို မပြသနှင့်။ သို့မဟုတ် စိတ်နှလုံးကို ချမပြနှင့်။ သူတို့အတွက်နှင့် မင်းဘဝကို မစွန့်စားနှင့်” ဟုပြောကာ အမြဲမပြတ် အကြံပေးနေသည်။ သင်၏ လူကြီးသူမများထံမှ ဤသတိပေးချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။ ယင်းသည် လူတို့ကို ကောက်ကျစ်သည့် နည်းလမ်းများ သင်ကြားပေးသည်။) သဘောတရားအရမူ ယင်းတွင် ကောင်းမွန်သော အခြေခံရည်ရွယ်ချက်ရှိသည်။ သင့်ကိုကာကွယ်ရန်၊ အန္တရာယ်များသော အခြေအနေများသို့ ကျရောက်ခြင်းမှ သင့်ကို တားဆီးရန်၊ အခြားသူများက သင့်ကို ဒုက္ခပေးခြင်းဖြစ်စေ၊ လှည့်ဖြားခြင်းဖြစ်စေ ကာကွယ်ရန်၊ သင်၏ ရုပ်ပိုင်းဆိုင်ရာအကျိုးစီးပွားများ၊ ပုဂ္ဂလိက လုံခြုံမှုနှင့် သင်၏ ဘဝတို့ကို စောင့်ရှောက်ရန်တို့ ဖြစ်သည်။ သင့်ကို ပြဿနာများ၊ အမှုအခင်းများနှင့် စုံစမ်းသွေးဆောင်ခြင်းများမှ ဝေးစေကာ နေ့တိုင်း ငြိမ်းချမ်းစွာ၊ ချောမွေ့စွာနှင့် ပျော်ရွှင်စွာ နေထိုင်အသက်ရှင်ရစေရန်အတွက်ဖြစ်သည်။ မိဘများနှင့် လူကြီးသူမများတို့၏ အခြေခံရည်ရွယ်ချက်မှာ ရိုးရိုးရှင်းရှင်းပင် သင့်ကို ကာကွယ်ရန်ဖြစ်သည်။ သို့သော် သူတို့ သင့်ကို ကာကွယ်ပုံ၊ သင်လိုက်နာရန် သူတို့ အကြံပေးသော စည်းမျဉ်းများနှင့် သင့်ကို သွတ်သွင်းပေးသော အတွေးများအားလုံးတို့သည် မမှန်ကန်ပေ။ သူတို့၏ အခြေခံရည်ရွယ်ချက်သည် မှန်ကန်သော်လည်း သူတို့ သွတ်သွင်းပေးသော အတွေးများသည် သင့်ကို အမှုမဲ့အမှတ်မဲ့ဆိုသလို အစွန်းရောက်စေသည်။ သူတို့ သင့်ထံတွင် သွတ်သွင်းပေးသော အတွေးများသည် သင်လောကကြီးကို ကိုင်တွယ်ဖြေရှင်းပုံအတွက် စည်းမျဉ်းများနှင့် အခြေခံများဖြစ်လာသည်။ အတန်းဖော်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အလုပ်လက်တွဲဖော်များ၊ အထက်အရာရှိများ၊ လူအဖွဲ့စည်းအတွင်းမှ လူအမျိုးအစားတိုင်း၊ လူ့အလွှာတိုင်းမှ လူများနှင့် သင် ဆက်ဆံသည့်အခါတွင် သင့်မိဘများက သွတ်သွင်းပေးသော ဤကာကွယ်ရေးအတွေးများသည် လူအချင်းချင်းဆက်ဆံရေးများ ပါဝင်သည့် ကိစ္စများကို သင် ကိုင်တွယ်သည့်အခါတိုင်း သင်၏ အခြေခံအကျဆုံး အဆောင်နှင့် စည်းမျဉ်းများ အမှုမဲ့အမှတ်မဲ့ ဖြစ်လာသည်။ ဤကား မည်သည့်စည်းမျဉ်းနည်း။ ဤကား ကျွန်ုပ်သည် သင့်ကို ဒုက္ခမပေးပါ။ သို့သော် သင် ကျွန်ုပ်အား လှည့်ဖြားခြင်းမှ သို့မဟုတ် လိမ်လည်ခြင်းမှ တားဆီးရန်၊ ပြဿနာတက်ခြင်းနှင့် အမှုအခင်းများကို ရှောင်ကြဉ်ရန်၊ မိသားစု ကြွယ်ဝမှု ဆုံးရှုံးခြင်းနှင့် မိသားစု အတွင်းမှလူများ အသက်ဆုံးရှုံးရခြင်းတို့မှ ဟန့်တားရန်နှင့် ကျွန်ုပ် ထောင်ကျခြင်းဖြင့် အဆုံးသတ်ခြင်းမှ တားဆီးရန် သင့်အပေါ်တွင် ကျွန်ုပ်သည် အချိန်တိုင်း သတိထားနေရမည်။ ထိုအတွေးနှင့် အမြင်ရှုထောင့်များ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရင်း၊ လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုကဲ့သို့ သဘောထားရှိသည့် လူမှုအစုအဖွဲ့တွင် နေထိုင်ရင်း သင်သည် ပို၍ စိတ်ဓာတ်ကျလာကာ ပို၍ပင်ပန်းနွမ်းနယ်ကာ သင်၏ စိတ်ရော ခန္ဓာတွင်ပါ ပို၍နွမ်းနယ်လာရုံသာ ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် သင်သည် ဤလောကနှင့် လူသားမျိုးနွယ်ကို ပိုမို အတိုက်အခံပြုပြီး ငြင်းပယ်လာကာ သူတို့ကို ပိုမို စက်ဆုပ်လာသည်။ အခြားသူများကို စက်ဆုပ်ရာတွင် သင့်ကိုယ်သင် အထင်သေးလာပြီး သင်သည် လူတစ်ယောက်နှင့် တူညီသည့် နည်းလမ်းဖြင့်နေထိုင်နေခြင်းမဟုတ်ဘဲ၊ ထိုအစား ပင်ပန်းကာ စိတ်ဓာတ်ကျသည့် ဘဝတွင်နေထိုင်နေသကဲ့သို့ သင်ခံစားရသည်။ အခြားသူများမှ ဒုက္ခပေးလာခြင်းကို ရှောင်ရှားရန် သင်သည် အစဉ်အမြဲသတိရှိနေရပြီး သင့်အလိုမဟုတ်သည့်အရာများကို လုပ်ကိုင် ပြောဆို နေရသည်။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ပုဂ္ဂလိက လုံခြုံမှုတို့ကို ကာကွယ်ရန် လိုက်စားရာတွင် သင်သည် သင့်ဘဝ၏ကဏ္ဍတိုင်းတွင် မှန်သော စကားတစ်ခွန်းမှ မပြောရဲဘဲ မျက်နှာဖုံးအတု တစ်ခုကိုတပ်ကာ သင့်ကိုယ်သင် ရုပ်ဖျက်ထားသည်။ ဤအခြေအနေတွင် ဤအသက်ရှင်ရေး အနေအထားတွင် သင်၏ အတွင်းစိတ်သည် လွတ်ငြိမ်းခြင်း သို့မဟုတ် လွတ်လပ်ခြင်းကို မရှာဖွေနိုင်။ သင့်ကို ဒုက္ခမပေးဘဲ သင်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ မခြိမ်းခြောက်မည့်လူတစ်ဦး၊ သင့်စကားများအတွက် တာဝန်ယူစရာမလိုဘဲ၊ ဟာသ အလုပ်မခံရဘဲ၊ အငေါ့မခံရဘဲ၊ အလှောင်ပြောင်မခံရဘဲ သို့မဟုတ် အကျိုးဆက်တစ်ခုမျှ မခံစားရဘဲ သင်၏ အတွင်းအကျဆုံး အတွေးများကို မျှဝေကာ သင်၏ အလိုမကျခြင်းတို့ကို ရင်ဖွင့်၍ရမည့်လူတစ်ဦးကို မကြာခဏ သင်လိုအပ်သည်။ “အခြားသူများအား ထိခိုက်စေရန် မည်သည့်အခါမျှ မရည်ရွယ်လေနှင့်၊ သို့သော် သင့်အား ၎င်းတို့ လုပ်ဆောင်နိုင်သည့် ထိခိုက်မှုများကိုမူ အစဉ်သဖြင့် သတိထားရှောင်ကြဉ်လော့။”ဟူသည့် အတွေးနှင့် အမြင်ရှုထောင့်တို့သည့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သင်၏ စည်းမျဉ်း ဖြစ်နေသည့်အခြေအနေတွင် သင်၏ အတွင်းကျကျစိတ်သည် ကြောက်ရွံ့မှုနှင့် စိတ်အားငယ်မှုများနှင့် ပြည့်နေသည်။ သဘာဝအလျောက်ပင် သင်သည် စိတ်ဓာတ်ကျကာ လွတ်ငြိမ်းမှုကို ရှာမတွေ့နိုင်ဘဲ သင့်ကို နှစ်သိမ့်စေရန်နှင့် အတွင်းစကားပြောရန် လူတစ်ယောက်လိုအပ်သည်။ သို့ဆိုလျှင် ဤရှုထောင့်များမှ အကဲဖြတ်လျှင် “အခြားသူများအား ထိခိုက်စေရန် မည်သည့်အခါမျှ မရည်ရွယ်လေနှင့်၊ သို့သော် သင့်အား ၎င်းတို့ လုပ်ဆောင်နိုင်သည့် ထိခိုက်မှုများကိုမူ အစဉ်သဖြင့် သတိထားရှောင်ကြဉ်လော့။”ဟူသည့် သင့်မိဘများက သွန်သင်ပေးသည့် လောကကြီးကို ကိုင်တွယ်ဖြေရှင်းရန် စည်းမျဉ်းသည် သင့်ကို ကာကွယ်ရာတွင် အောင်မြင်နိုင်သော်လည်း ယင်းသည် ကောင်းဆိုးဒွန်တွဲနေသည်။ သင်၏ ရုပ်ပိုင်း အကျိုးစီးပွားနှင့် ပုဂ္ဂလိက လုံခြုံရေးတို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သော်လည်း သင့်ကို စိတ်ဓာတ်ကျကာ စိတ်မချမ်းမြေ့ရအောင်လည်း လုပ်သည်။ လွတ်ငြိမ်းမှုကို ရှာမတွေ့နိုင်စေဘဲ သင့်ကို ဤလောကနှင့် လူသားမျိုးနွယ်အား ပို၍မနှစ်မြို့စေအောင်ပင် လုပ်သေးသည်။ တစ်ချိန်တည်းတွင်ပင် သင်သည် ဤကဲ့သို့ ဆိုးယုတ်သော ခေတ်ကြီးတွင် ဤကဲ့သို့ ဆိုးယုတ်သော လူစုအကြား၌ မွေးဖွားလာရခြင်းကိုလည်း စိတ်ထဲတွင် တရေးရေး စတင်ကာ စိတ်ကုန်လာသည်။ သင်သည် လူတို့အနေဖြင့် အဘယ်ကြောင့် အသက်ရှင်နေထိုင်ကြရကြောင်း၊ ဘဝသည် အဘယ်ကြောင့် ခြေကုန်လက်ပန်းကျဖွယ် ရှိနေကြောင်း၊ သူတို့သည် အဘယ်ကြောင့် မည်သည့်နေရာသို့သွားသွား မျက်နှာဖုံးစွပ်ကာ ရုပ်ဖျက်နေရကြောင်း၊ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားအတွက် အဘယ်ကြောင့် အခြားသူများကို အစဉ်အမြဲ သတိမူနေရမည်ဖြစ်ကြောင်းတို့ကို သင်နားမလည်နိုင်။ သင်သည် အမှန်ကို ပြောနိုင်ဖို့ ဆန္ဒရှိသော်လည်း အကျိုးဆက်များကြောင့် သင် မပြောနိုင်။ သင်သည် စစ်မှန်သောသူတစ်ယောက် ဖြစ်လိုကာ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ကျင့်ကြံပြုမူလိုသည်။ ထို့ပြင် ယုတ်ညံ့သောသူတစ်ဦးဖြစ်ခြင်း သို့မဟုတ် ယုတ်မာပြီး ရှက်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို တိတ်တဆိတ် လုပ်ဆောင်ခြင်း၊ အမှောင်ထဲတွင်သာ သီးသန့်နေထိုင်ခြင်းတို့မှ ရှောင်ရှားလိုသည်။ သို့သော် ယင်းကို တစ်ခုမျှ သင် မလုပ်ဆောင်နိုင်ချေ။ အဘယ်ကြောင့် သင် တည်ကြည်စွာ မနေနိုင်သနည်း။ သင်၏ အတိတ်က လုပ်ဆောင်ချက်များကို ဆင်ခြင်သုံးသပ်ကြည့်လျှင် သင်သည် အထင်သေးမှု ရေးရေးခံစားရလာသည်။ ဤဆိုးယုတ်သော ရေပန်းစားမှုနှင့် ဆိုးယုတ်သော လောကကြီးကို သင်မုန်းတီးကာ စက်ဆုပ်သည်။ တစ်ချိန်တည်းတွင်ပင် သင်သည် သင့်ကိုယ်သင် နက်နက်ရှိုင်းရှိုင်း ရွံရှာလာကာ သင်ဖြစ်လာသည့် လူမျိုးကို သင်စက်ဆုပ်လာသည်။ သို့တိုင်အောင် သင်လုပ်နိုင်သည်ကား မရှိ။ သင်၏ မိဘများသည် သူတို့၏ စကားများနှင့် အပြုအမူတို့မှ တစ်ဆင့် သင့်ကို ဤအဆောင် လက်ဆင့်ကမ်းပေးလာကြသော်လည်း ယင်းသည် သင့်ကို သင့်ဘဝတွင် ပျော်ရွှင်မှု သို့မဟုတ် လုံခြုံသော အသိစိတ်ကင်းမဲ့သည်ဟု ခံစားရအောင် လုပ်သေးသည်။ သင်သည် ဤ ပျော်ရွှင်မှု ကင်းမဲ့မှု၊ လုံခြုံရေး ကင်းမဲ့မှု၊ ရိုးသားခြင်း ကင်းမဲ့မှုနှင့် ဂုဏ်သိက္ခာကင်းမဲ့မှု တို့ကို ခံစားရသည့် အခါတွင် သင့်မိဘများက သင့်ကို ဤအဆောင် ပေးခဲ့သဖြင့် ကျေးဇူးတင်ခြင်းနှင့်အတူ သင့်အပေါ်တွင် သူတို့ထားခဲ့သည့် နှောင်ကြိုးများနှင့်ပတ်သက်၍ မကျေမချမ်းဖြစ်ရသည်ကို သင့်ကိုယ်သင် မြင်လာသည်။ သင့်မိဘများသည် သင့်အား ဤနည်းဖြင့် ကျင့်ကြံပြုမူရမည်ဟု အဘယ်ကြောင့် ပြောခဲ့ကြောင်းနှင့် လူအဖွဲ့အစည်းတွင် ခြေကုပ်ရရန်၊ ဤလူမှုအစုအဖွဲ့တွင် အံဝင်ခွင်ကျဖြစ်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန်အလို့ငှာ အဘယ်ကြောင့် ဤကဲ့သို့ သင် ကျင့်ကြံပြုမူရကြောင်းတို့ကို သင်နားမလည်။ ဤသည်မှာ အဆောင်တစ်ခုဖြစ်သော်လည်း သင့်နှလုံးသားတွင် ချစ်ခြင်းရော မုန်းခြင်းပါ ခံစားရစေသည့် ကျော့ကွင်းတစ်မျိုးကဲ့သို့လည်း ဖြစ်သည်။ သို့သော် သင်မည်သည့်အရာကို လုပ်နိုင်သနည်း။ သင့်ဘဝတွင် မှန်ကန်သော လမ်းကြောင်း မရှိ။ မည်သူကမျှ သင့်ကို မည်သို့ နေထိုင်ရမည်၊ သို့မဟုတ် ကြုံကြိုက်လာသည့်အရာများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မပြော။ ထို့ပြင် မည်သူကမျှ သင်လုပ်ဆောင်နေသည့်အရာက မှန်သည်ဟုဖြစ်စေ၊ မှားသည်ဟုဖြစ်စေ သို့မဟုတ် သင့်ရှေ့ရှိ လမ်းများကို သင်မည်သို့ လျှောက်လှမ်းရမည်ကို မပြောပေ။ သင်သည် စိတ်ရှုပ်ထွေးခြင်း၊ ချီတုံချတုံဖြစ်ခြင်း၊ နာကျင်မှုနှင့် စိတ်မသက်မသာဖြစ်ခြင်းတို့ဖြင့်သာ ဖြတ်သန်းသွားနိုင်သည်။ ဤသည်တို့မှာ ရိုးရှင်းသောလူတစ်ယောက်ဖြစ်လိုသည့် သင်၏ အရိုးရှင်းဆုံးသော ဆန္ဒ၊ အတိအကျဆိုရလေလျှင် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဤနည်းလမ်းများကို မသုံးစွဲဘဲ တည်ကြည်စွာ ကျင့်ကြံပြုမူနိုင်ဖို့ သင်၏ဆန္ဒသည် အကောင်အထည်မဖော်နိုင်အောင်အထိ ဖြစ်စေလျက် သင်၏ မိဘများနှင့် မိသားစုတို့က သင့်အား သွတ်သွင်းပေးသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၏ အကျိုးဆက်များပင်ဖြစ်သည်။ သင်သည် အပေးအယူများလုပ်ကာ သင်၏ ဂုဏ်သတင်းအတွက် အသက်ရှင်နေထိုင်ရင်း၊ အခြားသူများထံမှ ကာကွယ်နိုင်ရန် မိမိကိုယ်မိမိ အထူးပင် ခက်ထန်အောင် လုပ်လျက်၊ အနိုင်ကျင့်ခံရခြင်းရှောင်ကြဉ်ရန် ခက်ထန်ဟန်၊ မြင့်မားကာ ခွန်အားရှိဟန်နှင့် အစွမ်းရှိကာ ထူးခြားဟန်တို့ ယောင်ဆောင်လျက် ယုတ်ညံ့သည့်ဟန်ပန်ဖြင့်သာ သင်နေထိုင်နိုင်သည်။ သင်သည် သင်၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ဤကဲ့သို့သာ နေနိုင်သည်။ ယင်းသည် သင့်ကိုယ်သင် စက်ဆုပ်စေသော်လည်း သင့်တွင် ရွေးချယ်စရာမရှိ။ သင့်တွင် လောကကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဤနည်းလမ်းများနှင့် ဗျူဟာများမှ ရုန်းထွက်ရန် အစွမ်း သို့မဟုတ် လမ်းကြောင်းမရှိသဖြင့် သင်၏ မိသားစုနှင့် မိဘများက ပုံစံသွင်းထားသည့် အတွေးများက သင့်ကို ခြယ်လှယ်သည်ကို ခွင့်ပြုရန်သာ တတ်နိုင်သည်။ လူတို့သည် ဤသတိမမူမိသည့် ဖြစ်စဉ်အတွင်း သူတို့၏ မိသားစုနှင့် မိဘများက သွတ်သွင်းထားသည့် အတွေးများက အရူးလုပ်ကာ ထိန်းချုပ်ခြင်းကို ခံနေရသည်မှာ သူတို့သည် သမ္မာတရားကို သို့မဟုတ် မည်သို့နေထိုင် သင့်သည်ကို နားမလည်သဖြင့် ကံစီမံရာအတိုင်းသာ နေနိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့၏ အသိစိတ်သည် ခံစားချက် အနည်းငယ်မျှ ရှိသေးလျှင်ပင် သို့မဟုတ် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်လိုကာ အခြားသူများနှင့် သင့်မြတ်ပြီး မျှတစွာ ယှဉ်ပြိုင်လိုသည့်ဆန္ဒ အနည်းငယ်မျှပင် ရှိသည်ဆိုလျှင်ပင် သူတို့ မည်သည်ကို ဆန္ဒရှိနိုင်သည်ဖြစ်စေ သူတို့၏ မိသားစုထံမှလာသည့် အတွေးနှင့် အမြင်ရှုထောင့်မျိုးစုံ၏ ပုံစံသွင်းခြင်းနှင့် ထိန်းချုပ်ခြင်းတို့မှ ရုန်းမထွက်နိုင်ဘဲ အဆုံးတွင် သူတို့တွင် အခြားလမ်းကြောင်း မရှိသဖြင့်၊ အခြာရွေးစရာ မရှိသဖြင့် “အခြားသူများအား ထိခိုက်စေရန် မည်သည့်အခါမျှ မရည်ရွယ်လေနှင့်၊ သို့သော် သင့်အား ၎င်းတို့ လုပ်ဆောင်နိုင်သည့် ထိခိုက်မှုများကိုမူ အစဉ်သဖြင့် သတိထားရှောင်ကြဉ်လော့။”ဟူသည့် သူတို့၏ မိသားစုက ပုံစံသွင်းထားသည့် အတွေးနှင့် အမြင်ရှုထောင့်ဆီသို့သာ ပြန်လာနိုင်သည်။ ဤအရာအားလုံးသည် လူတို့၏ သမ္မာတရားနားလည်မှု ကင်းမဲ့ခြင်းနှင့် သမ္မာတရား ရရှိရန် အရေးနိမ့်ခြင်းကြောင့် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)
ဤရိုးရာယဉ်ကျေးမှုများသည် အဘယ်ကြောင့် သမ္မာတရား မဟုတ်သနည်း။ အကျဉ်းချုံးလိုက်သည့်အခါ ဤအရာများသည် လူသားမျိုးနွယ်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးနောက် ဖြစ်လာသည့် စိတ်ကူးများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်ထံမှ လာခြင်း မဟုတ်ပေ။ ယင်းတို့သည် လူတို့၏ အချို့သော စိတ်ကူးများနှင့် အယူအဆများဖြင့် ရောနှောနေသည့်အပြင် လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် ရရှိသည့် အကျိုးဆက်များဖြစ်သည်။ စာတန်သည် လူတို့၏ အတွေးအခေါ်ကို ချည်နှောင်ဖို့နှင့် လူတို့၏ အတွေးအခေါ်ကို ဖောက်ပြန်ပျက်စီးစေဖို့အလို့ငှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စိတ်ကူးများ၊ အမြင်များနှင့် အမျိုးစုံသော ဆိုရိုးများအပြင် အကြောင်းပြချက်မျိုးစုံတို့ကို အသုံးချလေသည်။ လူတို့ကို အထင်အမြင်မှားစေရန် စာတန်က အဓိပ္ပာယ်မဲ့သည့်၊ ယုတ္တိမရှိသကဲ့သို့ မှားယွင်းသည့် အရာအချို့ကို သိသာထင်ရှားစွာ အသုံးပြုလျှင် လူတို့က ထိုးထွင်းသိမြင်မှု ရှိကြမည်ဖြစ်သည်။ အမှန်နှင့် အမှားကြား ခွဲခြားနိုင်ကြမည်ဖြစ်ပြီး ထိုအရာများကို ငြင်းပယ်ကာ ပြစ်တင်ရှုတ်ချရန် ဤထိုးထွင်းသိမြင်မှုကို အသုံးပြုကြမည် ဖြစ်သည်။ ထို့သို့ဖြင့် ဤသွန်သင်မှုများသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံနိုင်မည် မဟုတ်ပေ။ သို့သော် လူတို့ကို ပုံသွင်းရန်၊ လွှမ်းမိုးရန်နှင့် စွဲမှတ်အောင် သွန်သင်ရန်အလို့ငှာ စာတန်သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီပြီး ထုတ်ဖော်ပြောသည့်အခါ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံနိုင်လိမ့်မည်ဟု ၎င်းက ထင်မှတ်သည့် အချို့သော အတွေးအခေါ်များနှင့် သဘောတရားများကို အသုံးပြုသည့်အခါ လူသားမျိုးနွယ်သည် အလွယ်တကူ အထင်အမြင်မှားစေခြင်းခံရကာ ဤဆိုရိုးများကိုလည်း လူတို့က အလွယ်တကူ လက်ခံပြီး ဖြန့်ဝေကြလေသည်။ ထို့ကြောင့် ဤဆိုရိုးများသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ မျက်မှောက်ခေတ်ထိ တိုင်အောင်ပင် အဓွန့်ရှည်စွာ တည်တံ့လေသည်။ ဥပမာအနေဖြင့် ရွေးဖေး၊ ယန်မိသားစုဝင် ဗိုလ်ချုပ်ကြီးများနှင့် ဝန်ကျန်းရှန်းတို့အကြောင်း မျိုးချစ်ဇာတ်လမ်းများကဲ့သို့သော တရုတ်သူရဲကောင်းများ၏ ဇာတ်လမ်းအချို့ကို ကြည့်လော့။ ဤစိတ်ကူးများကို မျက်မှောက်ခေတ်ထိတိုင်အောင် လက်ဆင့်ကမ်းလာကြပြီး ဖြစ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ လူတို့၏ ရှုထောင့်မှ ထိုအရာကို ကြည့်လျှင် ခေတ်တိုင်း၌ လူထု၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်က ၎င်းတို့၏ အုပ်စိုးမှုကို အလျှော့ပေးစွာနှင့် အောက်ကျို့စွာ လက်ခံစေရန်လည်းကောင်း၊ လူထု မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်အား ၎င်းတို့ လွယ်ကူစွာ အုပ်ချုပ်ကာ ၎င်းတို့၏ စိုးစံမှုကို ပိုမိုတည်ငြိမ်စေရန်လည်းကောင်း လူထု၏ မျိုးဆက်တစ်ပြီးတစ်ဆက်ကို သွန်သင်ဖို့ ဤပုံဥပမာများကို အသုံးပြုပြီး ဤအကျော်အမော်ပုဂ္ဂိုလ်များ၏ အတွေးအခေါ်များနှင့် စိတ်ဓာတ်များအား စဉ်ဆက်မပြတ် အသုံးပြုသည့် လူတစ်မျိုး သို့မဟုတ် အုပ်စိုးသူတစ်မျိုး ရှိလေသည်။ ရွေးဖေးနှင့် ယန်မိသားစုဝင် ဗိုလ်ချုပ်များ၏ ရိုကျိုးလွန်းသော ဆက်ကပ်မှုအပြင် ဝန်ကျန်းရှန်းနှင့် ကျူယွမ်တို့၏ မျိုးချစ်စိတ်ဓာတ်တို့အကြောင်းကို ပြောပြခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ တိုင်းသူပြည်သားများကို လေ့ကျင့်သင်ကြားပေးကြပြီး မွန်မြတ်သော ကိုယ်ကျင့်စရိုက်လက္ခဏာ ရှိသည့် လူတစ်ဦး ပိုင်ဆိုင်သင့်သည့်အရာဖြစ်သော သစ္စာစောင့်သိမှုဖြင့် ပြုမူကျင့်ကြံရမည်ဟူသည့် စည်းမျဉ်းတစ်ခုကို သိစေကြသည်။ မည်သည့်အတိုင်းအတာထိ သစ္စာစောင့်သိခြင်းဖြစ်သနည်း။ “ဧကရာဇ်က သူ၏ အမှုထမ်းများကို သေရန် အမိန့်ပေးသောအခါ ထိုအမှုထမ်းတို့သည် သေဖို့မှလွဲ၍ ရွေးစရာမရှိပေ”ဟူသည်နှင့် “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ”ဟူသည့် အတိုင်းအတာထိ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ရိုသေလေးမြတ်သည့် နောက်ထပ် ဆိုရိုးတစ်ခု ဖြစ်သည်။ မိမိတို့၏ နိုင်ငံကို ချစ်သောသူတို့ကိုလည်း ၎င်းတို့က ရိုသေလေးမြတ်ကြသည်။ မိမိနိုင်ငံကို ချစ်ခြင်းသည် မည်သည့်အရာ သို့မဟုတ် မည်သူ့ကို ချစ်ခြင်းအဖြစ် ဆိုလိုသနည်း။ တိုင်းပြည်ကို ချစ်ခြင်းကရော။ ထိုတိုင်းပြည်တွင်ရှိသည့် ပြည်သူတို့ကို ချစ်ခြင်းကရော။ ပြီးလျှင် နိုင်ငံတစ်ခုဟူသည်မှာ အဘယ်အရာနည်း။ (အုပ်စိုးသူများ ဖြစ်သည်။) အုပ်စိုးသူများသည် တိုင်းပြည်၏ ကိုယ်စားလှယ်များ ဖြစ်သည်။ သင်က “ကျွန်ုပ်၏ နိုင်ငံအတွက် ကျွန်ုပ်၏ ချစ်ခြင်းမှာ အမှန်တကယ်တွင် ကျွန်ုပ်၏ ဇာတိမြို့နှင့် ကျွန်ုပ်၏ မိဘများကို ချစ်ခြင်းဖြစ်သည်။ အုပ်စိုးသူများဖြစ်သော သင်တို့ကို ကျွန်ုပ် မချစ်ပါ”ဟု ပြောလျှင် ၎င်းတို့ ဒေါသထွက်လိမ့်မည်။ သင်က “ကျွန်ုပ်၏ နိုင်ငံအတွက် ကျွန်ုပ်၏ ချစ်ခြင်းသည် အုပ်စိုးသူများကို ကျွန်ုပ်၏ စိတ်နှလုံး အတွင်းနက်နက်မှ ချစ်ခြင်းဖြစ်သည်”ဟု ဆိုလျှင် ၎င်းတို့က လက်ခံကြလိမ့်မည်ဖြစ်ပြီး ထိုသို့သော ချစ်ခြင်းကို အသိအမှတ်ပြုကြလိမ့်မည်။ သင် ချစ်သည်မှာ ၎င်းတို့ မဟုတ်ကြောင်း သင်က ၎င်းတို့ကို နားလည်စေကာ ရှင်းရှင်းလင်းလင်း သိစေလျှင် ၎င်းတို့က အသိအမှတ်ပြုကြလိမ့်မည် မဟုတ်။ ခေတ်ကာလများတစ်လျှောက် အုပ်စိုးသူများက ကိုယ်စားပြုသည်မှာ မည်သူနည်း။ (စာတန်ဖြစ်သည်။) ၎င်းတို့က စာတန်ကို ကိုယ်စားပြုကြသည်၊ ၎င်းတို့သည် စာတန်၏ ဂိုဏ်းဝင်များဖြစ်ကြပြီး နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် လူတို့ကို လေ့ကျင့်သင်ကြားပေးဖို့ ဖြစ်နိုင်ချေ မရှိပေ။ ဤအရာကို လုပ်ဆောင်ဖို့ ၎င်းတို့ ဖြစ်နိုင်ချေမရှိပေ။ ထိုအစား အုပ်စိုးသူသည် ကောင်းကင်ဘုံ၏ သားဖြစ်သည်ဟု ၎င်းတို့က လူတို့ကို ပြောပြကြလိမ့်မည်။ “ကောင်းကင်ဘုံ၏ သား”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကောင်းကင်ဘုံက တစ်စုံတစ်ဦးအား တန်ခိုးအာဏာ ပေးပြီး ထို့နောက်တွင် ဤလူကို “ကောင်းကင်ဘုံ၏ သား”ဟု ခေါ်ကာ ဤလူသည် ကောင်းကင်အောက်ရှိ လူအားလုံးအပေါ် အုပ်စိုးရန် တန်ခိုးအာဏာရှိသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အုပ်စိုးသူများက လူတို့ထဲသို့ သွတ်သွင်းသည့် အတွေးအခေါ်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် ကောင်းကင်ဘုံ၏ သား ဖြစ်လာသည့်အခါ ထိုအရာကို ကောင်းကင်ဘုံက ဆုံးဖြတ်ခြင်းဖြစ်ပြီး ကောင်းကင်ဘုံ၏ အလိုတော်သည် ထိုသူနှင့်အတူရှိသောကြောင့် လူတို့က မည်သည့် အုပ်စိုးမှုမျိုးဖြစ်စေ ထိုလူ၏ အုပ်စိုးမှုကို အကြွင်းမဲ့ လက်ခံသင့်သည် ဟူ၍ဖြစ်သည်။ လူတို့ထဲသို့ ၎င်းတို့ သွတ်သွင်းသည်မှာ ဤအတွေးအခေါ်ဖြစ်သည်။ ယင်းက သင့်အား ကောင်းကင်ဘုံ၏ တည်ရှိခြင်းအပေါ် သင်၏ အသိအမှတ်ပြုခြင်းကို အခြေခံ၍ ထိုလူကို ကောင်းကင်၏ သားအဖြစ် လက်ခံစေလေသည်။ ထိုလူကို ကောင်းကင်ဘုံ၏ သားအဖြစ် သင့်ကို လက်ခံစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုအရာသည် ကောင်းကင်ဘုံ ရှိသည်ကိုဖြစ်စေ၊ ဘုရားသခင်ရှိသည်ကိုဖြစ်စေ၊ ဖန်ဆင်းရှင် ရှိသည်ကိုဖြစ်စေ သင့်ကို အသိအမှတ်ပြုအောင် လုပ်ရန် မဟုတ်ဘဲ ဤလူသည် ကောင်းကင်ဘုံ၏ သားဖြစ်ပြီး ကောင်းကင်ဘုံ၏ သားဖြစ်သောကြောင့်၊ ကောင်းကင်ဘုံ၏ အလိုတော် တည်ရှိခြင်းအားဖြင့် ဖြစ်တည်လာသောကြောင့် လူတို့က ထိုသူ၏ အုပ်စိုးမှုကို လက်ခံသင့်သည်ဟူသည့် အချက်စင်စစ်ကို သင့်အား လက်ခံအောင် လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့ သွတ်သွင်းသည့် အတွေးအခေါ်မျိုး ဖြစ်သည်။ ငါတို့ စိစစ်သည့်အရာများသည် လှည့်စားမှုများ၊ သို့မဟုတ် လှည့်စားမှုများ လုံးဝ ကင်းမဲ့သည့် ရိုးရာစကားပုံများနှင့် ကြားနေကျ ဆိုရိုးများ ပါဝင်သော စကားရပ်များနှင့် ဥပစာများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူသားမျိုးနွယ်၏ ကနဦးအစမှ ယနေ့ခေတ်အထိ ဖြစ်ပေါ်ပြီးဖြစ်သည့် ဤအတွေးအခေါ်များအားလုံး၏ နောက်ကွယ်တွင် လူသားမျိုးနွယ်အပေါ် စာတန်၏ ချည်နှောင်မှုများနှင့် အထင်အမြင်မှားစေခြင်းတို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဤအတွေးအခေါ်များကိုယ်၌နှင့် သက်ဆိုင်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်များ တည်ရှိလေသည်။ နောင်ကာလများတွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်က လူသားမျိုးနွယ်အပေါ် မည်သည့် လွှမ်းမိုးမှု ရှိသနည်း။ ထိုအရာသည် ကောင်းမြတ်သလော၊ အပြူသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ပါသည်။) ထိုအရာသည် အခြေခံအားဖြင့် အပျက်သဘောဆောင်သည်။ ဥပမာအားဖြင့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”၊ “မိမိအလင်းကို ဝှက်ထားပြီး အမှောင်ထဲတွင် ခွန်အားစုစည်းပါ” ဟူသည်နှင့် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း”၊ “လှေခွက်ချည်းကျန် အလံမလှဲ”အပြင် “အခြားအရာတစ်ခုကို လုပ်ဆောင်စဉ် တစ်ခုကို ဟန်ပြလုပ်ပါ”ဟူသည့် ဆိုရိုးများကို ကြည့်လော့။ နောင်ကာလများတွင် ဤဆိုရိုးများက လူသားမျိုးနွယ်အပေါ် မည်သည့် လွှမ်းမိုးမှု ရှိကြသနည်း။ တိတိကျကျဆိုရလျှင် ရိုးရာယဉ်ကျေးမှုမှ ဤအတွေးအခေါ်များကို လူတို့ လက်ခံကြသည်နှင့်တစ်ပြိုင်နက် လူတို့၏ မျိုးဆက် အစဉ်အဆက် အသီးအသီးသည် ဘုရားသခင်ထံမှ ဝေးသည်ထက်ဝေးအောင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် လူတို့၏ ကယ်တင်ခြင်းမှလည်းကောင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အလုပ်မှလည်းကောင်း ဝေးသည်ထက်ဝေးအောင် လမ်းလွဲသွားကြခြင်း ဖြစ်သည်။ လူတို့သည် ရိုးရာယဉ်ကျေးမှုမှ ဤမှားယွင်းသော အမြင်များကို လက်ခံသည်နှင့်တစ်ပြိုင်နက် လူသားကံကြမ္မာက ၎င်းတို့ကိုယ်တိုင်၏ လက်တွင် ရှိသင့်ကြောင်းနှင့် ပျော်ရွှင်ခြင်းကို ကိုယ့်လက်ဖြင့်ကိုယ် ဖန်တီးရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြင်ဆင်ထားသောသူတို့အတွက် အခွင့်အရေးများ အရန်သင့်ရှိကြောင်း တိုး၍ ခံစားမိကြလေသည်။ ယင်းက လူသားမျိုးနွယ်အား ဘုရားသခင်ကို တိုး၍ ငြင်းပယ်စေသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို တိုး၍ ငြင်းပယ်စေပြီး စာတန်၏ အာဏာအောက်တွင် အသက်ရှင်စေလေသည်။ ခေတ်သစ်ကာလ လူတို့ ပြောဆိုရန် နှစ်သက်ကြသည့် အရာနှင့် လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကာလ လူတို့ ပြောဆိုရန် နှစ်သက်ကြသည့် အရာများကို သင် ယှဉ်ကြည့်လျှင် ဤအရာများနောက်ကွယ်ရှိ အတွေးအခေါ်၏ အဓိပ္ပာယ်မှာ အမှန်တွင် အတူတူပင် ဖြစ်သည်။ ယင်းမှာ ယနေ့ခေတ် လူတို့က ထိုအရာများကို ပို၍ တိကျစွာ ပြောဆိုကြပြီး ယင်းတို့အကြောင်းကို ပို၍ မကွယ်မဝှက် ပြောဆိုကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းပယ်ရုံမက ဘုရားသခင်ကိုလည်း တိုး၍ ဆိုးရွားသော အတိုင်းအတာတစ်ခုထိ အတိုက်အခံလုပ်ကာ ရှုတ်ချကြလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)
အနှစ်သာရအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် လူသား၏စကားအကြား၊ သမ္မာတရားနှင့် အယူဝါဒအကြားခြားနားချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် လူတို့အား အသိစိတ်နှင့် အသိတရားကြီးထွားလာစေသည်။ အခြေခံသဘောတရားဖြင့် ပြုမူဆောင်ရွက်စေပြီး၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် အပြုသဘောဆောင်သည့်အရာများ၏ စစ်မှန်မှုကို တိုး၍ပိုင်ဆိုင်လာစေသည်။ တစ်ဖက်တွင် လူ၏စကားများသည် လူတို့၏ အကြိုက်များ၊ အမြင်ရှုထောင့်များနှင့် လုံးဝကိုက်ညီသည့်ပုံပေါ်သော်လည်း ၎င်းတို့သည် သမ္မာတရားမဟုတ်သောကြောင့် မထင်မှတ်ထားသော အန္တရာယ်များ၊ သွေးဆောင်ဖြားယောင်းခြင်း၊ ဒိဌိအယူများ၊ မှားယွင်းသော အတွေးများနှင့် ပြည့်နေသည်။ ထို့ကြောင့် လူတို့သည် ဤစကားများနှင့်အညီ ပြုမူဆောင်ရွက်လျှင် ၎င်းတို့အသက်ရှင်နေထိုင်သည့် အရာသည် ဘုရားသခင်ထံနှင့် ဘုရားသခင်၏ စံနှုန်းများထံမှ ပို၍ပင် အစဉ်လမ်းလွဲသွားလိမ့်မည်။ ပို၍ဆိုးရွားသည်မှာ လူတို့အသက်ရှင်သည့်ပုံစံသည် အစဉ်ပို၍ ဆိုးယုတ်လာလိမ့်မည်ဖြစ်ပြီး စာတန်နှင့်ဆင်တူလာလိမ့်မည်။ လူတို့သည် လူသား၏ ဒိဌိအယူများနှင့် မှားယွင်းသောအတွေးများဖြင့် လုံးဝ အသက်ရှင်နေထိုင်ကာ ပြုမူသည့်အခါ၊ ဤအာဘော်များကို အလုံးစုံ လက်ခံယုံကြည်သောအခါ ၎င်းတို့သည် စာတန်ကဲ့သို့ နေထိုင်ကြသည်။ စာတန်ကဲ့သို့ နေထိုင်ခြင်းသည် ၎င်းတို့ စာတန်ဖြစ်သည်ဟု မညွှန်ပြသလော။ (ညွှန်ပြပါသည်။) ထို့ကြောင့် သင်သည် “အောင်မြင်စွာဖြင့်” အသက်ရှင်လျက်ရှိသော စာတန်ဖြစ်လပြီဖြစ်သည်။ လူအချို့က၊ “ထိုအရာကို ငါမယုံကြည်။ ငါသည် သူတစ်ပါးတို့က နှစ်သက်သည့် ပရိယာယ်မာယာမရှိသည့်သူသာ ဖြစ်ချင်သည်။ လူအများစုက ကောင်းမြတ်သည်ဟု မှတ်ယူသည့် သူတစ်ယောက် ဖြစ်ချင်သည်။ ထို့နောက်တွင် ဘုရားသခင်သည် ငါ့အပေါ် ကျေနပ်နှစ်သက်ခြင်းရှိမရှိ ငါကြည့်မည်”ဟု ဆိုကြသည်။ ဘုရားသခင်ပြောသည့်အရာကို သင်မယုံကြည်လျှင် သွား၍ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်သည်၊ မဖြစ်သည်၊ သို့မဟုတ် လူသား၏အယူအဆများသည် သမ္မာတရားဖြစ်သည်၊ မဖြစ်သည်ောဆိုသည်ကို ကြည့်ရှုလော့။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် လူသား၏စကားတို့အကြား အနှစ်သာရအရ ခြားနားမှုဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် ဒိဌိအယူ၊ မှားယွင်းသောအတွေးများကြားရှိ အခြေခံ ခြားနားချက်ဖြစ်သည်။ လူသား၏ ဒိဌိအယူများ၊ မှားယွင်းသောအတွေးများသည် လူတို့၏ အကြိုက်များနှင့် မည်သို့ကိုက်ညီပုံရပါစေ၊ ယင်းတို့သည် မည်သည့်အခါမျှ လူတို့၏အသက်ဖြစ်မလာနိုင်ပေ။ ဤတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှ ရိုးစင်းသည်ဟုထင်ရပါစေ၊ မည်မျှ ပင်ကိုဘာသာစကားဖြစ်ပါစေ၊ လူတို့၏အယူအဆများနှင့် မည်မျှကွဲလွဲပါစေ ၎င်းတို့၏အနှစ်သာရသည် သမ္မာတရားဖြစ်သည်။ လူတို့လုပ်ဆောင်သည့်၊ အသက်ရှင်နေထိုင်သည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အခြေခံသဘောတရားများနှင့် ညီလျှင် နောက်ဆုံးတစ်နေ့တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော၊ အရည်အသွေးပြည့်မီသော ဖန်ဆင်းခံဖြစ်လာမည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ ဤအတောအတွင်းတွင် ဤအရာကို မရရှိသောသူတို့အတွက် ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ အဆုံးစွန်လမ်းကြောင်းသည် ဘုရားသခင်၏ မုန်းတီးမှုနှင့် ငြင်းပယ်မှုခံရခြင်းဆီကိုသာ ဦးတည်သွားစေနိုင်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၅)
လူများစွာတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ယုံကြည်ကြပြီး သူ့ကို ချီးမွမ်းကြသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနှစ်သက်ကြပေ။ ထိုသူတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ။ စာတန်၏ဒဿနများ သို့မဟုတ် လောကီသီအိုရီအမျိုးမျိုးအတိုင်း အသက်ရှင်ခြင်းသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ မိမိကိုယ်ကို ကာကွယ်နိုင်ပုံဖြစ်ကြောင်းနှင့် ဤလောကတွင် တန်ဖိုးရှိရှိ နေထိုင်နည်းဖြစ်ကြောင်း အမြဲယုံကြည်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူများလော။ မဟုတ်ကြချေ။ မြင့်မြတ်ပြီး ကျောဇောသူများ၏ စကားများသည် အထူးသဖြင့် အမြော်အမြင်ကြီးဟန်တူပြီး သူတစ်ပါးတို့ကို အလွယ်တကူ အထင်အမြင်မှားစေနိုင်သည်။ သင်သည် ၎င်းတို့၏စကားများကို သမ္မာတရားများ သို့မဟုတ် လိုက်နာရမည့် ဆောင်ပုဒ်များအဖြစ် စွဲကိုင်ကောင်း စွဲကိုင်ထားမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ မိမိ၏နေရာကို လိုလိုလားလားနှင့် လုံးလုံးလျားလျား ထိန်းသိမ်းခြင်း၊ ဖန်ဆင်းခံ အဖြစ် မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် တည်ငြိမ်ရိုးသားသော ပြုမူကျင့်ကြံမှုရှိခြင်းတို့ကဲ့သို့ လူတို့အပေါ် သူထားရှိသော သာမန်တောင်းဆိုချက်တို့နှင့် ပတ်သက်၍ သင်သည် ဤနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိ၊ ယင်းတို့ကို သမ္မာတရားများအဖြစ် မမှတ်ယူပါက သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်ပေ။ သင်သည် သမ္မာတရားကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း ဘုရားသခင်က သင့်အား “သင်ကျင့်သုံးနေသည့် ‘သမ္မာတရားများ’ သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟုတ်ပါသလော။ သင်လိုက်နာကျင့်သုံးနေသည့် အခြေခံစည်းမျဉ်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံပါသလော” ဟု မေးလျှင် မိမိကိုယ်ကို မည်သို့ဖြေရှင်းမည်နည်း။ သင်၏ အခြေပြုချက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ပါက ယင်းသည် စာတန်၏ စကားများဖြစ်သည်။ သင်သည် စာတန်၏ စကားများအတိုင်း အသက်ရှင်နေလင့်ကစား သင်သည် သမ္မာတရားကို ကျင့်သုံးပြီး ဘုရားသခင်ကို ကျေနပ်စေသည်ဟု ဆိုသည်။ ယင်းက ဘုရားသခင်ကို စော်ကားနေသည် မဟုတ်လော။ ဥပမာအားဖြင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ညွှန်ကြားထားသော်လည်း အချို့သောလူများသည် ရိုးသားသူဖြစ်ခြင်းတွင် အမှန်တကယ် ပါဝင်သည့်အရာ၊ ရိုးသားသူဖြစ်လာရန် လေ့ကျင့်နည်း၊ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက မရိုးသားဘဲ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက ရိုးသားသည်ကို မစဉ်းစားကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား၏ အနှစ်သာရကို ဆင်ခြင်ရမည့်အစား ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ စာအုပ်များကို အားထားကြသည်။ “ဘာသာတရားမရှိသူများ၏ ဆိုရိုးစကားများလည်း အတော်ကောင်းသည်။ ယင်းတို့ကလည်း လူတို့ကို လူကောင်းဖြစ်ရန် သွန်သင်ပေးသည် ဟု သူတို့က ထင်ကြ၏။ သာဓကအားဖြင့်၊ ‘ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်’ ‘မာယာကင်းသော လူများ အမြဲ အောင်မြင်သည်’ ‘သူတစ်ပါးကို ခွင့်လွှတ်ခြင်းသည် မိုက်မဲခြင်းမဟုတ်၊ နောင်တွင် အကျိုးကို ဆောင်တတ်၏’ တို့ ဖြစ်ကြသည်။ ဤဖော်ပြချက်များလည်း မှန်ကန်သည်၊ ထို့ပြင် သမ္မာတရားနှင့် ကိုက်ညီ၏။” ဟု သူတို့က ထင်ကြသည်။ ထို့ကြောင့် ဤစကားများကို သူတို့က လိုက်နာကြသည်။ ဘာသာတရားမရှိသူများ၏ ဤဆိုရိုးစကားများကို လိုက်နာခြင်းဖြင့် မည်သို့သော လူစားမျိုးအဖြစ် သူတို့အသက်ရှင်နိုင်မည်နည်း။ သူတို့သည် သမ္မာတရားစစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ (မနေထိုင်နိုင်ပါ။) ဤကဲ့သို့သောလူ များစွာရှိသည် မဟုတ်လော။ သူတို့သည် အသိပညာတစ်ချို့ကို ဆည်းပူးကြသည်။ စာအုပ်အနည်းငယ်နှင့် ကျော်ကြားသော စာပေလက်ရာအချို့ကို ဖတ်ဖူးသည်။ ရှုထောင့်တစ်စုံတစ်ရာကို ရရှိကြပြီး ကျော်ကြားသော ဆိုရိုးစကားနှင့် ရိုးရာစကားပုံအနည်းငယ်ကို ကြားသိပြီးနောက် ယင်းတို့ကို သမ္မာတရားအဖြစ်ခံယူကာ ဤစကားများနှင့်အညီ ပြုမူဆောင်ရွက်ပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိတို့၏အသက်တာတွင် အသုံးချပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ သမ္မာတရားကို အမှားဖြင့် အစားထိုးခြင်း မဟုတ်လော။ လိမ်လည်လှည့်ဖြားမှုနှင့် ပတ်သက်သည်မဟုတ်လော။ ဘုရားသခင်အတွက် ဤအရာသည် စော်ကားခြင်းပင်။ ဤအရာများသည် လူတစ်ဦးစီတိုင်းတွင် အနည်းအကျဉ်းမျှမက ပေါ်လွင်သည်။ လူတို့ကြားမှလာသည့် နှစ်သက်ဖွယ်ကောင်းသော စကားများနှင့် မှန်ကန်သော အယူဝါဒများကို လက်ကိုင်ထားရမည့် သမ္မာတရားများအဖြစ် မှတ်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ထားကာ ယင်းတို့ကို လျစ်လျူရှုသောသူ၊ ယင်းတို့ကို အကြိမ်မည်မျှဖတ်သည်ဖြစ်စေ နှလုံးသွင်းရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်သောသူ တစ်ဦးအနေဖြင့် ထိုသူသည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သလော။ သူသည် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်လော။ (မဟုတ်ပါ။) ထိုသို့သောလူတို့သည် ဘာသာတရားကို ယုံကြည်ကြခြင်းဖြစ်သည်။ စာတန်နောက်သို့ လိုက်နေကြဆဲပင်။ စာတန်ပြောသော စကားများသည် အတွေးအခေါ်မြင့်မားပြီး လွန်စွာ လေးနက်ကာ ဂန္တဝင်ဆန်သည်ဟု သူတို့ယုံကြည်ကြသည်။ ၎င်းတို့ကို အဆုံးစွန်သော အမှန်တရားဆိုင်ရာ ကျော်ကြားသော ဆိုရိုးစကားများဟု မှတ်ယူကြသည်။ သူတို့သည် အခြားမည်သည့်အရာကို စွန့်လွှတ်ရသည်ဖြစ်စေ ထိုစကားများကို လက်လွှတ်မခံနိုင်ကြပေ။ ထိုစကားများကို စွန့်ပစ်လိုက်ခြင်းက သူတို့၏နှလုံးသားကို ညှစ်ထုတ်ပစ်သကဲ့သို့ သူတို့၏ အသက်တာ၏ အခြေခံအုတ်မြစ်ကို ဆုံးရှုံးရသည်နှင့်တူပေမည်။ ဤသူတို့မှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏နောက်လိုက်များဖြစ်ကြပြီး၊ ယင်းကြောင့် ၎င်းတို့သည် စာတန်၏ ကျော်ကြားသောဆိုရိုးစကားများကို သမ္မာတရားအဖြစ် လက်ခံခြင်းဖြစ်သည်။ သင်တို့သည် မတူညီသော နောက်ခံအကြောင်းများ အတွင်း၌ မိမိကိုယ်ကို တွေ့မြင်ရသော အခြေအနေအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြီး သတိပြုမိနိုင်သလော။ သာဓကအနေဖြင့်၊ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုသော်လည်း သူတို့အပေါ် အမှုအရာများ ကျရောက်လာသောအခါတွင် “ကျွန်ုပ်အမေ ပြောခဲ့သည်”၊ “ကျွန်ုပ်အဘိုး ပြောခဲ့သည်”၊ “နာမည်ကျော်ကြားသော ဤသူထိုသူ ပြောခဲ့သည်”၊ သို့မဟုတ် “ဤစာအုပ် ထိုစာအုပ်က ဆိုခဲ့သည်” ဟု အမြဲပြောကြသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်က ဤသို့ဆိုသည်”၊ “ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များက ထိုကဲ့သို့ဖြစ်သည်”၊ “ဘုရားသခင်က ဤသို့ဆိုသည်” ဟု တစ်ခါမျှ မပြောဖူးကြပေ။ ဤစကားများကို သူတို့ မည်သည့်အခါမျှ မပြောကြပေ။ သူတို့သည် ဘုရားသခင်နောက် လိုက်နေကြသလော။ (မလိုက်ကြပါ။) ဤအခြေအနေများကို လူတို့ရှာဖွေတွေ့ရှိရန် လွယ်ကူသလော။ မလွယ်ကူပေ။ သို့သော် လူတို့၌ ယင်းတို့၏ တည်ရှိမှုသည် ထိုသူတို့အတွက် ကြီးစွာသော ထိခိုက်မှုပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို သုံးနှစ်၊ ငါးနှစ်၊ ရှစ်နှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ပြီးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံရမည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိသေးပေ။ သင့်အပေါ် မည်သည့်အရာဖြစ်ပါစေ စာတန်ဆန်သောစကားများကို သင့်အခြေခံအဖြစ် သင် သဘောထားနေသေးသည်။ အခြေခံအကြောင်းရင်းကို ရိုးရာယဉ်ကျေးမှု၌ သင်ရှာနေသေးသည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းလော။ သင်သည် စာတန်နောက်သို့ လိုက်နေခြင်း မဟုတ်လော။ သင်သည် စာတန်ဆန်သော စကားများဖြင့် နေထိုင်ပြီး စာတန်ဆန်သောစိတ်သဘောထားများဖြင့် အသက်ရှင်သောကြောင့် ဘုရားသခင်ကို ခုခံနေခြင်း မဟုတ်လော။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်း မရှိသည့်အတွက်၊ ဘုရားသခင်၏ ခြေလှမ်းများနောက် မလိုက်ဘဲ ဘုရားသခင် ပြောသည့်အရာတိုင်းကို အရေးမစိုက်နိုင်ကာ ဘုရားသခင် မည်သည့်အရာ စီစဉ်ညွှန်ကြားပါစေ၊ သို့မဟုတ် သင့်အား တောင်းဆိုပါစေ မကျိုးနွံမနာခံနိုင်သည့်အတွက် သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း မဟုတ်ချေ။ သင်သည် စာတန်နောက်သို့ လိုက်နေဆဲဖြစ်သည်။ စာတန်သည် အဘယ်မှာနည်း။ စာတန်သည် လူတို့၏စိတ်နှလုံးထဲတွင် ရှိသည်။ စာတန်၏ အတွေးအမြင်များ၊ ယုတ္တိနှင့် စည်းမျဉ်းများ၊ ပြီးလျှင် ဆိုးယုတ်သော စကားပေါင်းစုံတို့သည် ကြာမြင့်သော အချိန်ကတည်းက လူတို့၏စိတ်နှလုံးထဲတွင် အမြစ်တွယ်ခဲ့ပြီးဖြစ်သည်။ ဤသည်မှာ အဆိုးရွားဆုံးပြဿနာဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း၌ ဤပြဿနာကို သင်မဖြေရှင်းနိုင်ပါက သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း မခံရနိုင်ချေ။ ထို့ကြောင့် သင်တို့သည် သင်တို့ လုပ်ဆောင်နေသည့်အရာအားလုံး၊ သင်တို့၏အတွေးများနှင့် အမြင်များ၊ ပြီးလျှင် နှိုင်းယှဥ်သည့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်၍ အမှုကိစ္စများကို လုပ်ဆောင်ခြင်းအတွက် သင်တို့၏ အခြေခံအကြောင်းရင်းကို မကြာခဏ နမူနာပြရမည်ဖြစ်ပြီး သင်တို့၏ အတွေးထဲရှိ အရာများကို စိစစ်ရမည်။ သင်တို့အထဲမှ မည်သည့်အရာများက လောကီဆိုင်ရာဆက်ဆံမှုများအတွက် အတွေးအခေါ်များ ဖြစ်သည်၊ အများကြိုက် ဆိုရိုးစကားများဖြစ်သည်၊ ရိုးရာထုံးတမ်းဓလေ့ဖြစ်သည်သာမက မည်သည်တို့က ဦးနှောက်အသိပညာမှ လာသည်ကို သိရမည်။ သင်တို့သည် ဤအရာများမှ မည်သည့်အရာကို မှန်ကန်ပြီး သမ္မာတရားနှင့်အညီ ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်သည်၊ မည်သည့်အရာကို သမ္မာတရားသဖွယ် သင်လိုက်နာပြီးလျှင် မည်သည့်အရာကို သမ္မာတရားအား အစားထိုးခွင့်ပေးသည်ကို သိရပေမည်။ ဤအရာတို့ကို သင်ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်သည်။ အထူးသဖြင့် အကယ်၍ မှန်ကန်ပြီး တန်ဖိုးရှိသည်ဟု သင်ယုံကြည်သော အရာများကို သမ္မာတရားကဲ့သို့ သင်သဘောထားလျှင် ယင်းတို့ကို ရိပ်စားမိရန် မလွယ်ကူ။ သို့သော် ယင်းတို့ကို ရိပ်စားမိပါက သင်သည် ကြီးမားသော အတားအဆီးတစ်ခုကို ထိုးဖောက်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လူတို့၏ နားလည်သဘောပေါက်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ၊ ပြီးလျှင်ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအတွက် အဟန့်အတားများ ဖြစ်လေသည်။ အကယ်၍ သင်သည် စိတ်ရှုပ်ထွေးကာ လုပ်စရာမရှိဘဲ တစ်နေ့လုံး အချိန်ကုန်နေပြီး ဤအရာများကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဤပြဿနာများအား ဖြေရှင်းခြင်းအပေါ် အာရုံစိုက်ခြင်း မရှိပါက ယင်းတို့သည် သင်၏စိတ်နှလုံးထဲ၌ စိတ်ဓာတ်ကျဆင်းမှု၏ ဇာစ်မြစ်နှင့် အဆိပ်အတောက်ဖြစ်လေသည်။ ယင်းတို့ကို မဖယ်ရှားလျှင်၊ သင်သည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းမရှိဘဲ ကယ်တင်ခြင်း ရရှိဖို့နည်းလမ်းလည်း ရှိလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ
မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို ဖြေရှင်းရန် စာတန်ဆန်သော အတွေးအခေါ်များကို သင် မှီခိုပြီး လူသား နည်းစနစ်များကို သင် အသုံးပြုသလော သို့မဟုတ် သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုအရာကို သင် ဖြေရှင်းသလော၊ သို့မဟုတ် အပေးအယူလုပ်သည့် အလယ်အလတ် ချဉ်းကပ်နည်းကို သင် ခံယူသလော။ သင်၏ ရွေးချယ်မှုများက သင့်အနေဖြင့် သမ္မာတရားကို ချစ်ပြီး လိုက်စားသည့် တစ်စုံတစ်ဦး ဟုတ်သလောဆိုသည်ကို အကောင်းဆုံး ထုတ်ဖော်ပြပေသည်။ သင်သည် စာတန်ဆန်သည့် အတွေးအခေါ်များနှင့် လူသားနည်းစနစ်များကို မှီခိုခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းရန် အမြဲ ရွေးချယ်လျှင် အကျိုးဆက်မှာ သမ္မာတရားသာမက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် လမ်းပြခြင်းတို့ကို သင် မရရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများက သင့်အထဲတွင် ထွက်ပေါ်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သူက သင့်ကို ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။ သို့ရာတွင် အရာခပ်သိမ်း၌ သမ္မာတရားကို သင် ရှာဖွေနိုင်ပြီး ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များအတိုင်း ဖြေရှင်းနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု၊ အလင်းပြမှုနှင့် လမ်းပြမှုတို့ကို ရရှိနိုင်လိမ့်မည်။ သမ္မာတရားအပေါ် သင်၏ သိနားလည်မှုသည် ယခင်ထက် တိုး၍ ရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ပိုပိုပြီး သင် သိရှိလာလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်ကို သင် အမှန်တကယ် ကျိုးနွံနာခံကာ ချစ်နိုင်လိမ့်မည်။ အချိန်ကာလတစ်ခုကြာ ဤသို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံပြီးသည့်နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ယခင်ထက် ပိုမို သန့်စင်သွားလိမ့်မည်ဖြစ်ပြီး သင့်အနေဖြင့် နောက်ဆုံးတွင် ဘုရားသခင်နှင့် ပြီးပြည့်စုံသည့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိသည်အထိ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်။ အပေးအယူလုပ်သည့် အလယ်အလတ် လမ်းစဉ်ကို သင် အမြဲ ရွေးချယ်လျှင် ပြဿနာများကို ကိုင်တွယ်ရန် စာတန်ဆန်သော အတွေးအခေါ်များကို သင် အမှန်တကယ် မှီခိုနေမိဦးမည်ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်၊ သင်သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ရန် မှားယွင်းသည့် နည်းလမ်း၊ ဘာသာရေး နည်းလမ်းကို သင် ရွေးချယ်မိပြီးဖြစ်လျှင် သင်၏ လမ်းကြောင်းကို အမြန် ပြောင်းလဲရန်၊ ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ပြီး မှန်ကန်သည့် နည်းလမ်းကို ခံယူရန် လိုအပ်သည်။ ထို့နောက်တွင် ကယ်တင်ခြင်း ရရှိရန် သင့်အတွက် မျှော်လင့်ချက် ရှိကောင်းရှိနေဆဲဖြစ်နိုင်သည်။ သင့်အနေဖြင့် ဘုရားသခင်ကို မှန်ကန်သည့် ယုံကြည်ခြင်း နည်းလမ်းကို ရရှိလိုလျှင် ထိုအတွက် သင့်ဘာသာ ရှာဖွေပြီး ဟိုစမ်းစမ်း သည်စမ်းစမ်း လုပ်ရမည်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် တစ်စုံတစ်ဦးက ကာလတစ်ခုကြာ တွေ့ကြုံပြီးနောက်တွင် မှန်ကန်သည့် လမ်းကြောင်းကို ရှာတွေ့လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ရိုးရာအကျင့်သီလများကို လက်ခံလိုက်နာသင့်ပါသလား
သင်အသုံးပြုသည့်သူများကို သံသယမဝင်နှင့်- ဤသည်မှာ မှန်ပါသလား
မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ