၁၈။ လှည့်စားတတ်သော စိတ်သဘောထားပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လူ့ဇာတိဆိုင်ရာ ခံစားချက်များအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ဆိုးယုတ်သောသူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ
အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ ပုန်ကန်မှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်
စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင်၊ လူသားမျိုးနွယ်အားလုံးသည် စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်။ လူတို့သည် စာတန်ကဲ့သို့ပင် ကဏ္ဍတိုင်း၌ အယောင်ဆောင်ကြပြီး ဟန်လုပ်ကြသည်။ အမှုကိစ္စအားလုံးတွင် ကျီစားခြင်း၊ လှည့်ကွက်သုံးခြင်းတို့ကို ကျင့်သုံးကြသည်။ ၎င်းတို့က ကျီစားခြင်း၊ လှည့်ကွက်သုံးခြင်းတို့ကို ကျင့်သုံးခြင်းမရှိသည့်အရာတစ်ခုမျှ မရှိပေ။ လူအချို့သည် ဈေးဝယ်ထွက်ခြင်းကဲ့သို့သော အလွန်အတွေ့ရများသည့် ပြုဖွယ်ဆောင်တာများတွင်ပင် လှည့်ဖြားသော အရာများကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ခေတ်အဆန်ဆုံး ဝတ်စုံကို ဝယ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့က ထိုအရာကို အလွန်နှစ်သက်သော်လည်း ဘုရားကျောင်းထဲတွင် မဝတ်ဆင်ရဲပေ။ အကြောင်းမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့အကြောင်းကို ပြောပြီး ၎င်းတို့ကို လေးနက်မှုမရှိဟု ပြောမည်စိုးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က အခြားလူများ၏ မမြင်ကွယ်ရာတွင်သာ ဝတ်ကြသည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုးဖြစ်သနည်း။ လှည့်စားသော လိမ်လည်သော စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ လူတစ်ယောက်က အဘယ်ကြောင့် ခေတ်ဆန်သော ဝတ်စုံတစ်ခုကို ဝယ်သော်လည်း ညီအစ်ကိုမောင်နှမများရှေ့တွင် မဝတ်ရဲသနည်း။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများကို နှစ်သက်သည်။ ဘာသာမဲ့များကဲ့သို့ ကမ္ဘာလောက၏ ရေပန်းစားသော အရာများနောက်သို့ လိုက်သည်။ ညီအစ်ကိုမောင်နှမများက သူ့အကြောင်း ထွင်းဖောက်မြင်မည်ကိုလည်းကောင်း၊ သူမည်မျှ လေးနက်မှုမရှိကြောင်း မြင်မည်ကိုလည်းကောင်း၊ သူသည် လေးစားထိုက်သော၊ ဖြောင့်မတ်သောသူမဟုတ်ကြောင်း မြင်မည်ကိုလည်းကောင်း ကြောက်ရွံ့သည်။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများနောက်ကို လိုက်ပြီး ထိုအရာများကို စွန့်လွှတ်ဖို့အတွက် အခက်အခဲဖြစ်သည်။ ထို့ကြောင့် အိမ်တွင်သာ ဝတ်ဆင်နိုင်ပြီး ညီအစ်ကိုမောင်နှမများအား မြင်ခွင့်ပေးဖို့ စိုးရွံ့သည်။ သူနှစ်သက်သောအရာများကို လူမြင်မခံနိုင်လျှင် အဘယ်ကြောင့် ထိုအရာများကို သူ မစွန့်လွှတ်နိုင်သနည်း။ သူ့အား ထိန်းချုပ်နေသော စာတန်ဆန်သောစိတ်သဘောထားတစ်ခုမရှိသလော။ သူသည် စကားများနှင့် အယူဝါဒများကို စဉ်ဆက်မပြတ် ပြောဆိုပြီး သမ္မာတရားကို နားလည်သည့်ပုံစံရှိသည့်တိုင်အောင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်နေသော သူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် အစဉ်သဖြင့် အပြောနှင့် အလုပ်တွင် အခြားသူများကို လှည့်စားရန် အယောင်ဆောင်နေလျှင်၊ အခြားလူများအား သူ၏ အရှိအတိုင်း မြင်ခွင့်မပြုလျှင်၊ အခြားလူများရှေ့တွင် ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်၏ ပုံရိပ်ဖြင့် အစဉ်ဟန်ဆောင်လျှင် ထိုသူနှင့် ဖာရိရှဲတို့ကြား၌ မည်သည့်ကွာခြားချက်ရှိသနည်း။ သူသည် မကောင်းသော မိန်းမတစ်ယောက်၏ ဘဝကို နေထိုင်လိုသည်။ သို့သော် သူ၏ ဗြဟ္မစရိယအကျင့်အတွက် တည်ဆောက်ထားသော အထိမ်းအမှတ်တစ်ခုလည်း ရှိလိုသည်။ သူသည် လူအများရှေ့တွင် သူ၏ ထူးခြားဆန်းပြားသော ဝတ်စုံအား ဝတ်၍မရသည်ကို ကောင်းစွာသိကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဝယ်သနည်း။ ငွေကို ဖြုန်းတီးခြင်းမဟုတ်လော။ ယင်းမှာ သူသည် ဤသို့သောအရာမျိုးကို နှစ်သက်ပြီး ထိုဝတ်စုံကို တမ်းတမ်းစွဲဖြစ်နေသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုဝတ်စုံကို ဝယ်မှဖြစ်မည်ဟု ခံစားမိသည်။ သို့သော် ဝယ်ပြီးသည်နှင့် အပြင်တွင် ဝတ်လို့မရပေ။ သုံးလေးနှစ်ကုန်သွားပြီးနောက်တွင် သူသည် ထိုဝတ်စုံကို ဝယ်မိသည်ကို နောင်တရပြီး “ငါသည် ထိုသို့ ပြုလုပ်ရသည်အထိ အဘယ်သို့ဖြစ်ပြီး အလွန်မိုက်မဲကာ အလွန်စက်ဆုပ်ဖွယ်ဖြစ်ခဲ့ရသနည်း” ဟူ၍ ရုတ်တရက် အသိတရားရသွားသည်။ သူပင်လျှင် မိမိလုပ်သည့်အရာကို စက်ဆုပ်မိသည်။ သို့သော် သူ၏ လုပ်ရပ်များကို မထိန်းချုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိနှစ်သက်ပြီး လိုက်စားသည့်အရာကို လက်မလွှတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် မိမိကိုယ်ကို ကျေနပ်စေရန်အတွက် မရိုးသားသည့် နည်းဗျူဟာများနှင့် လှည့်ကွက်ကို ခံယူကျင့်သုံးသည်။ သူသည် ဤသို့သော အသေးအဖွဲကိစ္စတွင် လှည့်စားသော စိတ်သဘောထားကို ထုတ်ဖော်လျှင် ပို၍ကြီးမားသော အရာတစ်ခုနှင့်ပတ်သက်လာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ ဖြစ်နိုင်မည်မဟုတ်ပေ။ သိသာထင်ရှားစွာပင် လှည့်စားခြင်းသည် သူ၏ သဘာဝဖြစ်သည်။ လှည့်စားမှုသည် သူ၏ ပျော့ကွက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
သင်သည် သင်၏ ကိုယ်ပိုင်ဇာတိပကတိနှင့် သင်၏ ကိုယ်ပိုင်ရှေ့ရေးကို အစဉ် စဉ်းစားသည်။ သင်သည် အစဉ်သဖြင့် သင်၏ ဇာတိပကတိ ဒုက္ခကို လျော့ပါးစေလိုသည်။ သင့်ကိုယ်သင် လျော့၍ အသုံးခံလိုသည်၊ လျော့၍ အနစ်နာခံလိုသည်၊ အဖိုးအခ လျော့၍ ပေးဆပ်လိုသည်။ သင်သည် အစဉ်သဖြင့် ထိမ်ချန်ထားသည်။ ဤသည်မှာ လှည့်စားတတ်သော သဘောထားဖြစ်သည်။ လူအချို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့်ပတ်သက်လျှင်ပင် တွက်ချက်နေကြသည်။ ၎င်းတို့က “ငါသည် နောင်အချိန်တွင် သက်သောင့်သက်သာ နေရမည်။ ဘုရားသခင်၏ အမှုက မည်သည့်အခါမျှ မပြီးဆုံးလျှင် ဘယ်လိုလုပ်မည်နည်း။ ငါသည် ငါ၏ ရာနှုန်းပြည့်ကို သူ့အား မပေးဆပ်နိုင်။ ဘုရားသခင်၏ နေ့ရက်က မည်သည့်အချိန်တွင်လာမည်ကိုပင် ငါမသိ။ ငါ တွက်ချက်ထားဖို့လိုသည်။ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးမခံခင်တွင် ငါ၏ မိသားစုဘဝနှင့် ငါ့အနာဂတ်အတွက် အစီအစဉ်များပြုလုပ်ဖို့လိုသည်” ဟု ပြောကြသည်။ ဤသို့စဉ်းစားသည့်လူ များစွာရှိသလော။ လူတစ်ယောက်သည် တွက်ချက်ပြီး ကိုယ့်ကိုယ်ကိုယ်အတွက် အရေးပေါ်အစီအစဉ်များ ပြုလုပ်နေလျှင် ယင်းသည် မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤလူတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိကြသလော။ ရိုးသားသောသူများဖြစ်ကြသလော။ တွက်ချက်ခြင်းနှင့် အရေးပေါ်အစီအစဉ်များပြုလုပ်ခြင်းသည် ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိခြင်းမဟုတ်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ဤသို့လုပ်ဆောင်သောလူတို့သည် လှည့်စားမှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်အား ၎င်းတို့ ဆက်ဆံသည့် သဘောထားသည် ရိုးသားသော သဘောထား သေချာပေါက်မဟုတ်ပေ။ လူအချို့က ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံစဉ်တွင်၊ သို့မဟုတ် ပတ်သက်စဉ်တွင် ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ပြဿနာများကို ရိပ်စားမိပြီး ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်ဟု ပြောမည်ကို၊ သို့မဟုတ် ၎င်းတို့အား အထင်သေးမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် စကားပြောသောအခါ အလွန် စိတ်အားထက်သန်သည်၊ ဘုရားသခင်ကို တောင့်တသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဝင်စားသည်ဟူသည့် ပုံစံဖြစ်အောင် အစဉ် ကြိုးစားကြသည်။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် အမှန်တကယ် အလွန်ပင် အားနည်းပြီး အပျက်သဘောဆောင်ကြသည်။ မည်သူကမျှ ၎င်းတို့ကို မရိပ်စားမိစေရန်အတွက် ၎င်းတို့သည် စိတ်ဓာတ်ခိုင်မာချင်ဟန်ဆောင်ကြသည်။ ဤသည်မှာလည်း လှည့်စားမှုဖြစ်သည်။ တိုတိုပြောရလျှင်၊ အသက်တာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ရာတွင် ဖြစ်စေ သင်လုပ်သမျှတွင် အခြားလူများကို အထင်အမြင်မှားစေရန် သို့မဟုတ် လှည့်စားရန်၊ သင့်အား အထင်ကြီးပြီး ကိုးကွယ်အောင်ပြုလုပ်ရန်၊ သို့မဟုတ် သင့်အား အထင်မသေးစေရန်အတွက် မုသားနှင့် အယောင်ဆောင်မှုကို ကျင့်သုံးလျှင်၊ သို့မဟုတ် အယောင်ဆောင် အသွင်အပြင်များကို အသုံးပြုလျှင် ဤသည်တို့အားလုံးမှာ လှည့်စားမှုဖြစ်သည်။ အမျိုးသမီးအချို့မှာ ၎င်းတို့၏ ခင်ပွန်းကို ချစ်မြတ်နိုးကြချိန်၊ အမှန်တကယ်တွင်မူ ၎င်းတို့၏ ခင်ပွန်းများသည် မကောင်းဆိုးဝါးများ၊ မယုံကြည်သူများဖြစ်သည်။ ဤသို့သော အမျိုးသမီးသည် သူမ၏ ချစ်ခင်မှုက အားကောင်းလွန်းသည်ဟု ညီအစ်ကိုမောင်နှမများက သူမကို ပြောမည်စိုးသဖြင့်၊ “ငါ၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်” ဟု ဦးစွာ ပြောလိမ့်မည်။ သို့သော် သူမ၏ စိတ်နှလုံးတွင် “ငါ၏ ခင်ပွန်းသည် လူကောင်းတစ်ယောက်ဖြစ်သည်” ဟု ဆိုသည်။ ပထမပြောသောအရာမှာ သူ၏ နှုတ်ဖြင့်ပြောသည့်အရာဖြစ်သည်။ သို့သော် ဤသည်မှာ အခြားလူများ ကြားရန်အတွက်သာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က သူမသည် သူမ၏ အမျိုးသားအကြောင်းကို ခွဲခြားသိမြင်မှုရှိသည်ဟု ထင်ကြသည်။ သူမ အမှန်တကယ် ဆိုလိုသည်မှာ “ဤကိစ္စကို ချမပြနှင့်။ ဤအမြင်ကို ငါ ဦးစွာ ဖော်ပြမည်ဖြစ်သောကြောင့် သင်တို့ ထုတ်ပြောစရာမလိုပေ။ ငါ၏ ခင်ပွန်းသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ဟု ငါ ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ ငါသည် ငါ၏ ချစ်ခင်မှုများကို စွန့်လွှတ်ပြီးဖြစ်ကာ ဤအရာနှင့်ပတ်သက်ပြီး သင်တို့တွင် ပြောစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ဆိုသည့် သဘောဖြစ်သည်။” ဤသည်မှာ လှည့်ဖြားခြင်းမဟုတ်သလော။ အတုအယောင် ဖြစ်သည်မဟုတ်လော။ ဤသို့ လုပ်ဆောင်လျှင် သင်သည် ဟန်လုပ်ခြင်းအားဖြင့် လူတို့ကို လှည့်စားနေခြင်းဖြစ်ပြီး အထင်အမြင်မှားစေခြင်းဖြစ်သည်။ သင်သည် ပေါ့ပျက်ပျက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ နေရာတိုင်းတွင် လှည့်စားမှုများကို လုပ်ဆောင်နေသည်။ ထို့ကြောင့် အခြားလူများမြင်သည့်အရာမှာ သင်၏ အယောင်ဆောင်ပုံရိပ်ဖြစ်ပြီး သင်၏ သရုပ်မှန်မဟုတ်ပေ။ ဤသည်မှာ မသိမသာ ဒုက္ခပေးသည်။ ဤသည်မှာ လူ၏ လှည့်စားခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
အချို့လူတို့သည် မည်သူ့ကိုမျှ အမှန်အတိုင်း လုံးဝ မပြောပေ။ ၎င်းတို့သည် လူတို့ကို မပြောမီတွင် အရာရာတိုင်းကို ၎င်းတို့စိတ်ထဲ၌ ချင့်ချိန်ပြီး ချောမွေ့အောင်ပြုလုပ်ထား၏။ ၎င်းတို့ပြောသည့် မည်သည့်အရာများက မှန်ကန်ပြီး မည်သည့်အရာများက မှားယွင်းသည်ကို သင်မသိနိုင်ပေ။ ၎င်းတို့သည် ယနေ့တွင် တစ်မျိုးပြောပြီး မနက်ဖြန်တွင် နောက်တစ်မျိုးပြောသည်။ လူတစ်ယောက်ကို တစ်မျိုးပြောပြီး အခြားတစ်ယောက်ကို နောက်တစ်မျိုးပြောသည်။ ၎င်းတို့ပြောသမျှတိုင်းသည် သူ့ဘာသာ ဆန့်ကျင်ကွဲလွဲနေ၏။ ဤသို့သောလူတို့ကို အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ အချက်အလက်များကို တိတိကျကျ နားလည်သဘောပေါက်ရန်အတွက် အလွန်ခက်ခဲပြီး ၎င်းတို့ထံမှ ရိုးသားသော စကားတစ်ခွန်းကို မရရှိနိုင်ပေ။ ဤသည်မှာ မည်သို့သော စိတ်သဘောထားဖြစ်သနည်း။ လှည့်စားခြင်းဖြစ်၏။ လှည့်စားသော စိတ်သဘောထားသည် ပြောင်းလဲရန် လွယ်ကူသလော။ ပြောင်းလဲရန် အခက်ခဲဆုံးဖြစ်သည်။ စိတ်သဘောထားများပါဝင်သည့် မည်သည့်အရာမဆို လူတစ်ယောက်၏ သဘာဝနှင့် ဆက်နွှယ်သည်။ လူတစ်ယောက်၏ သဘာဝနှင့်သက်ဆိုင်သည့် အရာများကို ပြောင်းလဲရန်ထက် ပို၍ ခက်ခဲသောအရာ မရှိပေ။ “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်”ဆိုသည့် စကားသည် လုံးဝ မှန်ကန်သည်။ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ လှည့်စားသောသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို အစဉ်သဖြင့် ထားရှိကြသည်။ ၎င်းတို့၌ ထိုအရာတစ်ခုမျှမရှိလျှင် မည်သည့်အရာကိုမျှ ပြောဆိုကြမည်မဟုတ်ပေ။ ၎င်းတို့၏ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို နားလည်ရန် သင်ကြိုးစားလျှင် ၎င်းတို့ နှုတ်ဆိတ်နေလိမ့်မည်။ အမှန်ဖြစ်သည့် အရာတစ်ခုခုကို ၎င်းတို့ မတော်တဆ ပြောဆိုမိလိုက်လျှင် ယင်းကို ပြောင်းလဲပြောဆိုရန်အတွက်၊ သင့်ကို စိတ်ရှုပ်ထွေးသွားအောင် ပြုလုပ်ပြီး အမှန်အတိုင်း သိမသွားစေရန်အတွက် နည်းလမ်းတစ်ခုကို မရရအောင် စဉ်းစားလိမ့်မည်။ လှည့်စားသော လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ အလုံးစုံသော အမှန်တရားကို မည်သူ့ကိုမျှ သိခွင့်ပြုမည်မဟုတ်ပေ။ လူတို့သည် ၎င်းတို့နှင့်အတူ အချိန်မည်မျှကုန်ဆုံးသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ် မည်သည့်အရာဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။ ယင်းမှာ လှည့်စားသောသူတို့၏ သဘာဝဖြစ်သည်။ လှည့်စားသောသူတို့သည် မည်မျှပြောဆိုသည်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည်၊ သို့မဟုတ် မည်သည့်ဦးတည်ချက် အတိအကျကို ၎င်းတို့ရယူဖို့ ကြိုးစားနေသည်ကို အခြားသူများက မည်သို့မျှ သိမည် မဟုတ်ပေ။ ၎င်းတို့၏ မိဘများပင် ဤအရာကို သိရန် ခက်ခဲသည်။ လှည့်စားသောသူကို နားလည်ရန် ကြိုးစားခြင်းသည် အလွန့်အလွန် ခက်ခဲ၏။ သူ၏ စိတ်တွင် မည်သည့်အရာရှိသည်ကို မည်သူမျှ အဖြေမရှာနိုင်ပေ။ ဤသည်မှာ လှည့်စားသောသူတို့ ပြောဆိုပြုမူသည့် ပုံစံပင်ဖြစ်သည်။ ၎င်းတို့သည် စိတ်ထဲတွင်ရှိသည့်အရာကို လုံးဝ မပြောဆိုပေ၊ သို့မဟုတ် အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို အသိမပေးပေ။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ သင်၌ လှည့်စားသော စိတ်သဘောထားရှိလျှင် မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ အရေးမကြီးပေ။ ဤစိတ်သဘောထားသည် အစဉ်သဖြင့် သင့်အတွင်း၌ ရှိ၏၊ သင့်ကိုထိန်းချုပ်နေ၏၊ သင့်ကို မရိုးမသား လုပ်ဆောင်စေပြီး လှည့်စားမှုကို လုပ်ဆောင်စေ၏၊ လူတို့ကို ကစားစေ၏၊ အမှန်တရားကို ဖုံးကွယ်ပြီး ဟန်လုပ်စေ၏။ ဤသည်မှာ လှည့်ဖြားခြင်းဖြစ်သည်။ လှည့်စားသောသူများက အခြားမည်သို့သော တိကျသည့် အပြုအမူများကို ပါဝင်လုပ်ဆောင်သနည်း။ ငါ ဥပမာတစ်ခုပေးမည်။ လူနှစ်ယောက် စကားပြောနေသည်။ ၎င်းတို့ထဲမှ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သိမြင်မှုအကြောင်းကို ပြောသည်။ ဤလူက သူသည် မည်သို့တိုးတက်ပြီးဖြစ်သည်ကို ပြောလျက်ရှိပြီး အခြားလူကို ယုံကြည်အောင် ပြုလုပ်ဖို့ ကြိုးစားသည်။ သို့သော် သူသည် အခြားလူအား အကြောင်းအရာ၏ အမှန်တကယ်ဖြစ်သော အချက်အလက်များကို မပြောပေ။ ဤတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားပြီး ဤသည်မှာ စိတ်သဘောထားတစ်ခုခုကို ညွှန်ပြသည်။ လှည့်စားခြင်း စိတ်သဘောထားဖြစ်သည်။ ထိုအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလောဆိုသည်ကို ကြည့်ကြစို့။ ဤလူက “ကျွန်ုပ်သည် လတ်တလောတွင် အချို့သောအရာများကို ကြုံတွေ့ခဲ့ရသည်။ ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်အပေါ် ကျွန်ုပ်၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်သည်ဟု ခံစားရသည်။ မည်သည့်အရာကိုမျှ ကျွန်ုပ်မရရှိခဲ့ပါ။ ကျွန်ုပ်သည် အလွန်ညံ့ဖျင်းပြီး သနားစဖွယ်ဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် လတ်တလောတွင် အလွန်ကောင်းမွန်ခြင်းမရှိပါ။ သို့သော် ကျွန်ုပ်သည် နောင်တရရန် အသင့်ရှိနေသည်” ဟု ဆိုသည်။ သို့တိုင်အောင် ထိုသူက ဤသို့ပြောပြီး အချိန်အတန်ကြာသောအခါတွင် ထိုသူ၌ နောင်တရသည့် အမူအရာကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ပြဿနာမှာ သူသည် အခြားလူများကို လိမ်ညာလှည့်စားခြင်းဖြစ်သည်။ ဤလူက ဤအရာများကို ပြောသည်ကို အခြားလူများက ကြားသောအခါ ၎င်းတို့က “ဤလူသည် ယခင်က သမ္မာတရားကို မလိုက်စားခဲ့သော်လည်း၊ ဤသို့သောအရာများကို ပြောနိုင်သည်ဆိုသည့်အချက်က သူသည် အမှန်တကယ်နောင်တရပြီးဖြစ်သည်ကို ပြသည်။ ထိုအရာနှင့်ပတ်သက်၍ သံသယရှိစရာမလိုပါ။ ငါတို့သည် ထိုသူအား ငါတို့ မြင်လေ့ရှိသည့်ပုံစံအတိုင်း မမြင်ရဘဲ အသစ်သော၊ ပို၍ကောင်းသော နားလည်မှုဖြင့် မြင်ရမည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ ထိုစကားများကို ကြားပြီးနောက်တွင် လူတို့ ချင့်ချိန်စဉ်းစားပုံဖြစ်သည်။ သို့သော် ထိုသူ၏ လက်ရှိအခြေအနေသည် သူပြောသည့်အရာနှင့် တူညီသလော။ လက်တွေ့တွင် မတူညီပေ။ သူသည် အမှန်တကယ် နောင်တရပြီးခြင်းမရှိပေ။ သို့သော် သူ၏ စကားများကြောင့် သူသည် နောင်တရပြီးပြီဟူ၍ လည်းကောင်း၊ သူသည် ပိုကောင်းသည့် အခြေအနေသို့ ပြောင်းလဲသွားပြီဟူ၍ လည်းကောင်း၊ သူသည် ယခင်ကနှင့် မတူတော့ဟူ၍လည်းကောင်း ထင်ယောင်ထင်မှားဖြစ်စေသည်။ ဤသည်မှာ သူတို့၏ စကားများဖြင့် စွမ်းဆောင်ရရှိလိုသည့် အရာဖြစ်သည်။ လူတို့ကို လှည့်စားရန် စကားပြောခြင်းအားဖြင့် သူသည် မည်သည့်စိတ်သဘောထားကို ဖွင့်ပြသနည်း။ လှည့်စားခြင်းဖြစ်သည်။ ထိုအရာသည် မသိမသာဖြင့် အလွန်ဒုက္ခပေးသည်။ အမှန်မှာ သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် ကျရှုံးပြီးဖြစ်သည်၊ သူသည် ညံ့ဖျင်းပြီး သနားဖွယ်ဖြစ်သည်ဆိုသည်ကို လုံးဝ သတိမမူမိပေ။ ထိုသူသည် လူတို့ကို လှည့်စားရန်၊ အခြားလူများက သူ့အပေါ် အကောင်းမြင်ပြီး အထင်အမြင်ကောင်းအောင် ပြုလုပ်ရန်ဖြစ်သော သူ၏ ရည်ရွယ်ချက်ကို ရရှိရန်အတွက် ဝိညာဉ်ရေးရာ စကားများနှင့် အသုံးအနှုန်းကို ငှားယူအသုံးပြုနေခြင်းဖြစ်သည်။ ဤသည်မှာ လှည့်စားခြင်းမဟုတ်သလော။ ဟုတ်ပေ၏။ ပြီးလျှင် လူတစ်ယောက်က အလွန်လှည့်စားတတ်လျှင် ပြောင်းလဲရန် မလွယ်ကူပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
စကားပြောသည့်အခါတွင် မည်သည့်အခါမျှ ရိုးရှင်းခြင်း၊ သို့မဟုတ် ပွင့်လင်းခြင်းမရှိသည့် အခြားလူအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့သည် အစဉ်သဖြင့် အကြောင်းအရာများကို ဖုံးကွယ်ပြီး ကွယ်ဝှက်ထားသည်။ အချိန်တိုင်းလူတို့ထံမှ သတင်းများ စုဆောင်းရယူပြီး ၎င်းတို့၏ အမြင်ကို ရရှိရန် မေးမြန်းသည်။ ၎င်းတို့သည် အစဉ်သဖြင့် အခြားလူများနှင့်ပတ်သက်ပြီး အမှန်တရားတစ်ခုလုံးကို သိလိုသော်လည်း ၎င်းတို့ကိုယ်တိုင်၏ စိတ်နှလုံးတွင်ရှိသောအရာကို မပြောကြပေ။ ၎င်းတို့နှင့် ဆက်ဆံသူမည်သူမဆိုသည် ၎င်းတို့နှင့်ပတ်သက်ပြီး အမှန်တရားတစ်ခုလုံးကို သိရှိရန် လုံးဝ မျှော်လင့်၍မရပေ။ ဤသို့သောသူများသည် မိမိတို့၏ အစီအစဉ်များကို အခြားလူများအား မသိစေလိုသကဲ့သို့ မည်သူ့ကိုမျှ ပြောမပြပေ။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ဤသို့သောလူများသည် အလွန့်အလွန် လိမ္မာပါးနပ်သည်။ လူတိုင်းက ၎င်းတို့ကို နားမလည်နိုင်ပေ။ လူတစ်ယောက်သည် လှည့်စားသော စိတ်သဘောထားကို ပိုင်ဆိုင်လျှင် သူသည် လှည့်စားသူဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သူသည် သဘာဝ အနှစ်သာရအားဖြင့် လှည့်စားတတ်သည်။ ဤသို့သော လူစားမျိုးသည် ဘုရားသခင်ကို သူ၏ ယုံကြည်မှုတွင် သမ္မာတရား လိုက်စားသလော။ သူသည် အခြားလူများရှေ့တွင် အမှန်အတိုင်းမပြောလျှင် ဘုရားသခင်ရှေ့တွင် အမှန်အတိုင်း ပြောနိုင်စွမ်းရှိသလော။ ပြောနိုင်စွမ်းမရှိသည်မှာ သေချာသည်။ လှည့်စားတတ်သောသူသည် မည်သည့်အခါမျှ အမှန်အတိုင်းမပြောပေ။ ထိုသူသည် ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ သို့သော် သူ၏ ယုံကြည်မှုသည် မှန်ကန်သော ယုံကြည်မှုဖြစ်သလော။ ထိုသူသည် ဘုရားသခင်အပေါ် မည်သို့သော သဘောထားရှိသနည်း။ သူ၏ စိတ်နှလုံးတွင် အသေအချာပင် သံသယများစွာ ရှိလိမ့်မည်။ “ဘုရားသခင်က အဘယ်မှာနည်း။ သူ့ကိုငါမမြင်ရပါ။ ဘုရားသခင်က စစ်မှန်သည်ဟူသည့် မည်သည့်သက်သေရှိသနည်း။” “ဘုရားသခင်က အရာရာအပေါ်တွင် အချုပ်အခြာအာဏာရှိသည်လော။ အမှန်တကယ်ဖြစ်သလော။ စာတန်၏ အစိုးရသည် ဘုရားသခင်အား ယုံကြည်သူများကို ထိတ်ထိတ်ပျာပျာဖြင့် ဖိနှိပ်ပြီး ဖမ်းဆီးနေသည်။ ဘုရားသခင်က ၎င်းကို အဘယ်ကြောင့် မဖျက်ဆီးသနည်း။” “ဘုရားသခင်က လူတို့ကို မည်သို့ အတိအကျ ကယ်တင်သနည်း။ သူ၏ ကယ်တင်ခြင်းက အမှန်တကယ်ဖြစ်သလော။ အလွန်ရှင်းလင်းခြင်းမရှိပါ။” “ဘုရားသခင်ကို ယုံကြည်သူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သလော၊ မဝင်ရောက်နိုင်သလော။ အတည်ပြုခြင်း တစ်ခုမျှမရှိဘဲ ပြောရန်ခက်သည်” ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့်ပတ်သက်ပြီး သံသယများစွာရှိလျက်ဖြင့် သူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံနိုင်သလော။ မဖြစ်နိုင်ပေ။ သူသည် ဘုရားသခင်နောက်သို့လိုက်ရန် အရာအားလုံးကို စွန့်လွှတ်ခဲ့သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး တာဝန်များကို ထမ်းဆောင်သော ဤလူများအားလုံးကို တွေ့မြင်ပြီး “ငါသည် တစ်ခုခုကို ထိမ်ချန်ထားဖို့လိုသည်။ ၎င်းတို့ကဲ့သို့ မိုက်မဲ၍ မဖြစ်ပါ။ ငါသည် ဘုရားသခင်အား အရာရာကို ပေးအပ်လျှင် အနာဂတ်တွင် ငါသည် မည်သို့ အသက်ရှင်ရမည်နည်း။ မည်သူက ငါ့ကို စောင့်ရှောက်မည်နည်း။ ငါ့တွင် အရေးပေါ် အစီအစဉ်တစ်ခု လိုအပ်သည်” ဟူ၍ စဉ်းစားကြသည်။ လှည့်စားသောသူများက မည်မျှ “လာဘ်မြင်” သည်၊ မည်မျှ ကြို၍ စဉ်းစားသည်ကို သင်မြင်တွေ့နိုင်သည်။ အခြားလူများက စုဝေးပွဲများတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ၎င်းတို့သိမြင်ခြင်းအကြောင်းအား ဖွင့်ပြောခြင်း၊ မိတ်သဟာယတွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ကွယ်ဝှက်ထားသော အရာများကို ထုတ်ပြောခြင်း၊ မှောက်မှားမှုကို ၎င်းတို့ မည်မျှကျူးလွန်ခဲ့သည်ကို မှန်မှန်ကန်ကန်ပြောခြင်းတို့ကို မြင်သောအခါတွင် “သင်သည် လူနုံလူအဖြစ်သည်။ ဤအရာတို့သည် အတွင်းရေးကိစ္စများဖြစ်သည်။ အဘယ်ကြောင့် အခြားလူများကို ပြောမည်နည်း။ ဤအရာများကို ငါ့အား ရိုက်နှက်၍ ပြောခိုင်းလျှင်ပင် ငါပြောမည်မဟုတ်ပါ” ဟု စဉ်းစားသောသူအချို့ရှိကြသည်။ ဤသည်မှာ လှည့်စားသောသူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် ရိုးသားဖို့ထက် အသေသာခံမည်ဖြစ်ပြီး အမှန်တရား အလုံးစုံကို မည်သူ့ကိုမျှ မပြောပေ။ လူအချို့က “ကျွန်ုပ်သည် ပြစ်မှားခဲ့ပြီး မကောင်းသောအရာအချို့ကို လုပ်ဆောင်ခဲ့သည်။ ထိုအရာများကို လူတို့အား မျက်နှာချင်းဆိုင်၍ ပြောပြရန် ကျွန်ုပ်အနည်းငယ် ရှက်ရွံ့သည်။ အမှန်တွင် ထိုအရာများသည် အတွင်းရေးများဖြစ်ပြီး ရှက်ဖွယ်ကောင်းသည်။ သို့သော် ထိုအရာများကို ဘုရားသခင်ထံမှ ဖုံးကွယ်၍၊ ကွယ်ဝှက်၍မရပါ။ ဤအရာများကို ဘုရားသခင်အား အရှိအတိုင်းနှင့် ပွင့်လင်းစွာ ကျွန်ုပ် ပြောပြသင့်သည်။ ကျွန်ုပ်၏ အတွေးများ၊ သို့မဟုတ် အတွင်းရေးကိစ္စများကို အခြားလူများအား မပြောရဲသော်လည်း ဘုရားသခင်ကို ပြောရမည်။ အခြားမည်သူ့ကို ကျွန်ုပ် လျှို့ဝှက်ထားရသည်ဖြစ်စေ ဘုရားသခင်ထံမှ လျှို့ဝှက်ထား၍မရပါ” ဟူ၍ ဆိုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်က ဘုရားသခင်အပေါ် ထားရှိသော သဘောထားဖြစ်သည်။ သို့တိုင် လှည့်စားသူများသည် လူတိုင်းအား သတိထားကာကွယ်ကြသည်။ မည်သူ့ကိုမျှ မယုံကြည်ကြသကဲ့သို့ မည်သူနှင့်မျှ ရိုးသားစွာ မပြောဆိုပေ။ မည်သူ့ကိုမျှ အလုံးစုံသော အမှန်တရားကို မပြောပေ။ မည်သူကမျှ ၎င်းတို့ကို နားမလည်နိုင်ပေ။ ၎င်းတို့သည် အားလုံးထဲတွင် အလှည့်စားဆုံးသောသူများဖြစ်ကြသည်။ လူတိုင်းတွင် လှည့်စားသော စိတ်သဘောထားရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ မည်မျှဆိုးဝါးသနည်းဆိုသည့်အချက်ပင်ဖြစ်သည်။ သင်သည် စုဝေးပွဲများတွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သော်လည်း သင့်တွင် လှည့်စားသော စိတ်သဘောထားမရှိဟု ဆိုလိုသလော။ မဆိုလိုပေ။ သင့်တွင်လည်း လှည့်စားသော စိတ်သဘောထားရှိသည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောသနည်း။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်သည်။ သင်သည် သင်၏ မာန၊ သို့မဟုတ် ဘဝင်မြင့်မှုနှင့်မသက်ဆိုင်သောအရာများ၊ ရှက်ဖွယ်မဟုတ်သောအရာများ၊ ပြုပြင်ခြင်းကိုသင်မခံရမည့်အရာများအား မိတ်သဟာယတွင် ဖွင့်ပြောကောင်း ဖွင့်ပြောနိုင်သည်။ သို့သော် သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့်အရာ၊ လူတိုင်းက စက်ဆုပ်ရွံရှာမည့်အရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် စုဝေးပွဲများတွင် ဤအကြောင်းကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်မည်လော။ ပြီးလျှင် သင်သည် ပြောရက်စရာမရှိအောင် ဆိုးရွားသောအရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် ထိုအရာနှင့်ပတ်သက်ပြီး ဖွင့်ပြောကာ အမှန်တရားကို ဖွင့်ပြရန် သင့်အတွက် ပို၍ပင် ခက်ခဲလိမ့်မည်။ တစ်စုံတစ်ယောက်က ထိုအရာကို စူးစမ်းလျှင်၊ သို့မဟုတ် အပြစ်တင်ဖို့ ကြိုးစားလျှင် သင်သည် ယင်းကို ဖုံးကွယ်ရန် သင့်တွင်ရှိသမျှ နည်းလမ်းအားလုံးကို အသုံးပြုလိမ့်မည်။ ဤအကြောင်းအရာ ပေါ်ကောင်းပေါ်သွားမည်ကို သင်သည် ကြောက်လန့်နေလိမ့်မည်။ သင်သည် အစဉ်သဖြင့် ဖုံးဖိပြီး လွတ်မြောက်သွားရန် ကြိုးစားနေလိမ့်မည်။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားတစ်ခုမဟုတ်သလော။ လူကြားအောင် မပြောလျှင် မည်သူကမျှ သင် သိမည်မဟုတ်၊ ဘုရားသခင်ပင်လျှင် ယင်းကို သိရန် မဖြစ်နိုင်ချေဟု သင် ယုံကြည်ကောင်းယုံကြည်နိုင်သည်။ ဤသည်မှာ မှားယွင်းသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို စိစစ်သည်။ သင်သည် ဤအရာကို သတိမမူမိနိုင်လျှင် ဘုရားသခင်ကို သင် လုံးဝ မသိပေ။ လှည့်စားသောသူများသည် အခြားလူများကို လှည့်စားခြင်းသာမဟုတ်ဘဲ ဘုရားသခင်ကို လှည့်စားရန်ပင် ကြိုးစားပြီး ဘုရားသခင်အား အာခံရန် လှည့်စားသောနည်းလမ်းများကို အသုံးပြုရဲကြသည်။ ဤသို့သောလူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ လှည့်စားသောသူများသည် ဘုရားသခင် အရွံ့မုန်းဆုံးသောသူများဖြစ်သည်။ ထို့ကြောင့် လှည့်စားသူများသည် ကယ်တင်ခြင်းကိုရယူရန် အခက်ခဲဆုံးသောသူများဖြစ်သည်။ လှည့်စားတတ်သည့် သဘာဝရှိသောသူများသည် အလိမ်ညာဆုံးသောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် လိမ်ညာပြီး လှည့်စားဖို့ ကြိုးစားလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ခေါင်းမာစွာဖြင့် နောင်တမရကြပေ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရယူနိုင်သည့် သဘောဖြစ်သည်။ လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မကြာခဏ ဖွင့်ပြလျှင်၊ သူသည် လူတို့ကို လိမ်ညာလှည့်စားသော်လည်း ဘုရားသခင်အပေါ်တွင် ရိုးရှင်းပြီး ပွင့်လင်းကာ ဘုရားသခင်ထံ နောင်တရလျှင် ဤသို့သောသူမျိုးသည် ကယ်တင်ခြင်းရယူရန် မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ သင်သည် အမှန်တကယ်ပင် အသိစိတ်ရှိသောသူတစ်ယောက်ဖြစ်လျှင် သင့်ကိုယ်သင် ဘုရားသခင်ထံ ဖွင့်ဟသင့်သည်။ ဘုရားသခင်အား စိတ်နှလုံးထဲမှ စကားပြောသင့်သည်။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ ဘုရားသခင်အား မလိမ်ညာသင့်တော့ပေ။ ဘုရားသခင်အား အချိန်မရွေး လှည့်စားဖို့ မကြိုးစားသင့်ပေ။ ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ ပို၍ပင် မကြိုးစားသင့်ပေ။ အမှန်မှာ လူတို့အနေဖြင့် သိဖို့ မလိုအပ်သည့်အရာအချို့ရှိသည်။ သင်သည် ထိုအရာများနှင့်ပတ်သက်ပြီး ဘုရားသခင်အပေါ် ပွင့်လင်းသရွေ့ ပြဿနာမရှိပေ။ သင်သည် အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်အပေါ်တွင် လျှို့ဝှက်ချက်များမထားရှိရန် သေချာစေလော့။ အခြားလူများကို ပြောဖို့ မသင့်သည့်အရာများအားလုံးကို ဘုရားသခင်အား ပြောနိုင်သည်။ ဤသို့လုပ်ဆောင်သောသူသည် လိမ္မာပါးနပ်သည်။ အခြားလူများကို ဖွင့်ပြောရန် မလိုအပ်ဟု ၎င်းတို့ခံစားရသည့် အရာအချို့ရှိနိုင်သော်လည်း ဤအရာကို လှည့်စားခြင်းဟု မခေါ်သင့်ပေ။ လှည့်စားသောသူများသည် ဤသို့မဟုတ်ပေ။ ၎င်းတို့က အရာရာတိုင်းကို ဖုံးကွယ်သင့်သည်၊ အထူးသဖြင့် အတွင်းရေးကိစ္စများနှင့်ပတ်သက်သောအခါတွင် အခြားလူများကို မည်သည့်အရာကိုမျှ ပြော၍မရဟု ယုံကြည်ကြသည်။ တစ်စုံတစ်ခုကို ပြောခြင်းက ၎င်းတို့အတွက် အကျိုးမရှိလျှင် ၎င်းတို့က ပြောမည်မဟုတ်။ ဘုရားသခင်ကိုပင် ပြောမည်မဟုတ်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားမဟုတ်သလော။ ထိုသို့သောလူတစ်ဦးသည် အမှန်ပင် လှည့်စားတတ်သည်။ လူတစ်ယောက်သည် အလွန်လှည့်စားတတ်ပြီး ဘုရားသခင်အား အမှန်အတိုင်းမပြောဘဲ၊ ဘုရားသခင်ထံမှ အရာရာတိုင်းအား လျှို့ဝှက်ထားလျှင် သူသည် ဘုရားသခင်ကို ယုံကြည်သောသူပင် ဖြစ်သလော။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ သူသည် ဘုရားသခင်ကို သံသယရှိသောသူဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် သူ၏ ယုံကြည်ခြင်းသည် မမှားယွင်းသလော။ သူသည် မယုံကြည်သူတစ်ယောက်၊ အယောင်ဆောင် ယုံကြည်သူတစ်ယောက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
အပြင်ပန်းတွင် အကြီးစား မကောင်းမှုတစ်ခုခု ကျူးလွန်ထားခြင်း မရှိသည့်ပုံစံရှိသော်လည်း စင်စစ်အားဖြင့် အထူးပင် လှည့်စားတတ်ပြီး မယုံကြည်ရသော၊ ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်းနှင့်ဆိုင်သော စကားများကို ပြောဆိုသော “လူကောင်းများ” ဟုခေါ်ဆိုသောသူများ ကမ္ဘာလောကတွင် များစွာရှိသည်။ ၎င်းတို့သည် အခြေအနေကို ကြည့်ပြီး အလိုက်အထိုက်နေခြင်းတွင်၊ ချောမွေ့စွာ၊ ပါးနပ်စွာ စကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်သည်။ ၎င်းတို့သည် အယောင်ဆောင် လူကောင်းများ၊ ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် ကောင်းမွန်ယောင် ဟန်ဆောင်နေခြင်းသာဖြစ်သည်။ အလယ်အလတ်လမ်းကို လျှောက်သောသူတို့သည် အန္တရာယ်အများဆုံးလူများဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုလုပ်။ လည်ပြီး ပါးနပ်သည်။ အခြေအနေမျိုးစုံ၌ အလိုက်သင့်နေခြင်းတွင် ကျွမ်းကျင်ကြသည်။ မည်သူကမျှ ၎င်းတို့၏ အမှားများကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များကဲ့သို့ဖြစ်သည်။ သင်တို့အထဲတွင် ဤသို့သောလူများရှိသလော။ (ရှိပါသည်။) ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းသည်ဟု သင်တို့ မထင်သလော။ (ဟုတ်သည်။ ပင်ပန်းပါသည်။) ဤသို့ဆိုလျှင် ပြောင်းလဲရန် နည်းလမ်းကို သင်တို့ စဉ်းစားပြီးသလော။ မည်သို့ ပြောင်းလဲသနည်း။ ထိရောက်သော ပြောင်းလဲမှုသည် မည်သည့်နေရာမှ စတင်သင့်သနည်း။ (သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဖြစ်သည်။) “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်”၊ သို့မဟုတ် “သမ္မာတရားအား နားလည်ခြင်းအားဖြင့်”၊ သို့မဟုတ် “သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းအားဖြင့်” ဟူ၍ မပြောနှင့်။ ဤသည်မှာ စကားကြီးစကားကျယ် ပြောဆိုခြင်းဖြစ်ပြီး လူတို့ လက်လှမ်းမမီနိုင်ပေ။ ထို့ကြောင့် ဤစကားများက အနှစ်မရှိသည့် ပုံစံရှိသည်။ ဤအစား အသေးစိတ်အချက်အလက်များဖြင့် စတင်ရမည်။ (ရိုးသားသူတစ်ယောက် ဖြစ်ခြင်းအားဖြင့် ဖြစ်သည်။) ဤသည်မှာ ခိုင်မာသော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ ရိုးသားသူတစ်ယောက်ဖြစ်လော့။ သို့မဟုတ် အနည်းငယ်ပို၍ အသေးစိတ်ပြောရလျှင် မည်သည့်အရာကိုမျှ မဖုံးကွယ်သော၊ မလိမ်ညာသော၊ ဝေ့ဝိုက်၍ ကြည့်ကောင်းအောင် မပြောသော ရိုးရှင်းပြီး ပွင့်လင်းသောသူတစ်ယောက်ဖြစ်လော့။ တရားမျှတမှုရှိသော၊ မှန်မှန်ကန်ကန်နှင့် တဲ့တိုး ပြောဆိုနိုင်သော သူတစ်ယောက်ဖြစ်လော့။ လူတို့သည် ဤအရာကို ဦးစွာ စွမ်းဆောင်ရရှိရမည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်သည့်အရာတစ်ခုခုကို လုပ်ဆောင်သော ဆိုးယုတ်သူတစ်ယောက်ရှိပြီး ခေါင်းဆောင်တစ်ယောက်က အခြေအနေကို ပို၍ နားလည်ရန်အတွက် သင့်ထံသို့ လာသည် ဆိုကြပါစို့။ မည်သူက ပြုလုပ်သည်ကို သင်သိသော်လည်း သင်က ထိုသူနှင့် ကောင်းသောဆက်ဆံရေးရှိပြီး ထိုသူကို စိတ်မဆိုးစေချင်သောကြောင့် လိမ်ညာပြီး မသိပါဟု သင်ပြောသည်။ ခေါင်းဆောင်က ပို၍ အသေးစိတ်ပြောရန် တောင်းဆိုသည်။ သင်က ဝေ့ဝိုက်ပြောနေပြီး ထိုဆိုးယုတ်သူအတွက် ကာပေးရန် ဆင်ခြေများ ကြံဖန်ပေးသည်။ ဤသည်မှာ လှည့်စားခြင်းမဟုတ်သလော။ သင်က အခြေအနေနှင့်ပတ်သက်ပြီး ခေါင်းဆောင်ကို အမှန်အတိုင်းပြောရမည့်အစား ကွယ်ဝှက်ထားခဲ့သည်။ အဘယ်ကြောင့် ဤသို့ ပြုလုပ်သနည်း။ သင်သည် မည်သူ့ကိုမျှ စိတ်မဆိုးစေချင်သောကြောင့်ဖြစ်သည်။ သင်သည် အပြန်အလှန် ဆက်ဆံရေးများကို ကာကွယ်ခြင်း၊ မည်သူ့ကိုမျှ စိတ်မဆိုးစေခြင်းကို ရှေ့တန်းတင်သည်။ မှန်မှန်ကန်ကန် ပြောဆိုခြင်းနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို နောက်ဆုံးတွင် ထားသည်။ သင်သည် မည်သည့်အရာ၏ ထိန်းချုပ်ခြင်းကို ခံရသနည်း။ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံနေရခြင်းဖြစ်သည်။ ယင်းက သင်၏ နှုတ်ကို ပိတ်ထားပြီး မှန်မှန်ကန်ကန် မပြောဆိုရန် တားဆီးသည်။ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားဖြင့်သာ အသက်ရှင်နိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဆိုသည်မှာ အဘယ်နည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်သောသူသည် အသက်ရှင်နေသော စာတန်ဖြစ်သည်။ သူ၏ စကားအတွင်းတွင် အစဉ်သဖြင့် စမ်းသပ်မှုများ ပါဝင်ပြီး အစဉ် ဝေ့ဝိုက်နေပြီး မည်သည့်အခါမျှ တဲ့တိုးမပြောပေ။ အသေရိုက်သတ်ခံရလျှင်ပင် မှန်မှန်ကန်ကန် ပြောဆိုမည်မဟုတ်ပေ။ ဤသည်မှာ လူတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အလွန်ဆိုးရွားလာသောအခါတွင် ဖြစ်ပျက်သည့်အရာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝ လုံးဝ ဆုံးရှုံးသွားပြီး နတ်ဆိုးတစ်ကောင်ဖြစ်လာသည်။ သင်တို့ထဲမှ လူများစွာတို့သည် အခြားလူများနှင့် သင်တို့ ဆက်ဆံရေးကို ကာကွယ်ရန်၊ အခြားလူများကြားတွင် သင်တို့ ကိုင်စွဲသော အဆင့်အတန်းနှင့် ဂုဏ်တို့ကို ကာကွယ်ရန်အတွက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး လိမ်ညာဖို့ကို ပိုမိုနှစ်သက်လိမ့်မည်။ ဤသို့ လုပ်ဆောင်သောသူသည် သမ္မာတရားကို ချစ်သလော။ သမ္မာတရားကို လိုက်စားသောသူဖြစ်သလော။ ထိုသူသည် သိလျက် ဘုရားသခင်ကို လိမ်ညာသော၊ မိမိ၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှပင် မရှိသောသူတစ်ယောက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို လိမ်ညာရဲသည်။ သူ၏ ရည်မှန်းချက်နှင့် ပုန်ကန်မှုသည် အလွန်ပင် ကြီးမားလိမ့်မည်။ ဤသို့သောလူများသည် အများအားဖြင့် ဘုရားသခင်ကို ချစ်ပြီး ကြောက်ရွံ့သည်ဟု တွေးထင်လေ့ရှိဆဲဖြစ်ပြီး “ဘုရားသခင်အကြောင်း ငါ စဉ်းစားမိသည့် အချိန်တိုင်းတွင် သူသည် မည်မျှပင် ကြီးမားသည်၊ မည်မျှပင် ကြီးမြတ်သည်၊ မည်မျှပင် ဉာဏ်မမီနိုင်အောင် ဖြစ်သည်ဆိုသည်ကို ငါ စဉ်းစားမိသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်သည်။ သူ၏ ချစ်ခြင်းသည် အလွန်စစ်မှန်သည်” ဟူ၍ မကြာခဏပြောဆိုကြသည်။ သင်သည် ကြား၍ကောင်းသောစကားများကို ပြောဆိုနိုင်သော်လည်း ဆိုးယုတ်သောသူတစ်ယောက်က အသင်းတော်အလုပ်အား နှောင့်ယှက်နေသည်ကို သင်မြင်လျှင် ဖော်ထုတ်မည်မဟုတ်ပေ။ သင်တို့သည် လူ့အကြိုက်လိုက်သူများဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည့်အစား သင်တို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကိုသာ ကာကွယ်သည်။ အရေးကိစ္စများ၏ တကယ့်အခြေအနေကို သင်သိသောအခါတွင် သင်သည် မှန်ကန်စွာ မပြောဆိုပေ။ ဝေ့ဝိုက်ပြောဆိုပြီး ဆိုးယုတ်သောသူများကို ကာကွယ်သည်။ သင့်အား မှန်ကန်စွာ ပြောဆိုခိုင်းလျှင် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အမှန်အတိုင်းပြောခြင်းကို ရှောင်ရန်အတွက်နှင့် အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောဆိုသည်။ သင်စကားပြောသောအခါ များစွာ လှည့်ပတ်ပြောဆိုသည်။ များစွာတွေးတောသည်။ အလွန်ပင်ပန်းသောပုံစံဖြင့် အသက်ရှင်သည်။ ဤအရာအားလုံးက သင်၏ ကိုယ်ပိုင်ဂုဏ်နှင့် မာနကို ကာကွယ်ရန်ဖြစ်သည်။ ဤသို့ လုပ်ဆောင်သောလူများကို ဘုရားသခင်က ကျေနပ်သလော။ ဘုရားသခင်က လှည့်စားသောသူများကို အရာအားလုံးထက်ပို၍ မုန်းတီးသည်။ သင်သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်ပြီး ကယ်တင်ခြင်းရှိလိုလျှင် သမ္မာတရားကို လက်ခံရမည်။ ရှေးဦးစွာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် စတင်ရမည်။ ပွင့်လင်းလော့။ အမှန်အတိုင်းပြောလော့။ သင်၏ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို မခံနှင့်။ သင်၏ ဟန်လုပ်ခြင်းနှင့် လှည့်စားခြင်းကို ဖယ်ရှားလော့။ စည်းမျဉ်းနှင့်အညီ ပြောဆိုပြီး အမှုအရာများကို ကိုင်တွယ်လော့။ ဤသည်မှာ အသက်ရှင်ရန် လွယ်ကူပြီး ပျော်ရွှင်သောနည်းလမ်းဖြစ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်ရှေ့တွင် နေထိုင်နိုင်လိမ့်မည်။ သင်သည် စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ အစဉ်သဖြင့် အသက်ရှင်လျှင်၊ သင်၏ နေ့ရက်များကို ဖြတ်သန်းရန်အတွက် လိမ်ညာမှု၊ လှည့်စားမှုများကို အစဉ် အမှီပြုလျှင် သင်သည် စာတန်၏ အာဏာအောက်တွင် ရှင်သန်နေခြင်း ဖြစ်ရမည်။ မှောင်မိုက်ထဲတွင် အသက်ရှင်နေလိမ့်မည်ဖြစ်သည်။ သင်သည် စာတန်၏ ကမ္ဘာတွင် အသက်ရှင်လျှင် ပို၍ ပို၍သာ လှည့်စားလာလိမ့်မည်။ သင်သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သည်။ တရားဒေသနာများစွာကို နားထောင်ခဲ့သည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်း မခံရသေးပေ။ ယခုတွင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်နေဆဲဖြစ်သည်။ ဤအရာကို သင်စက်ဆုပ်ရွံရှာခြင်းမဖြစ်သလော။ ရှက်ရွံ့ခြင်းမဖြစ်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ရှိနေဆဲဖြစ်လျှင် ဘုရားသခင်အား သင်ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာအဘယ်နည်း။ ဘုရားသခင်အား ဤသို့ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို အမှန်တကယ် ရယူနိုင်သလော။ သင်၏ ဘဝပန်းတိုင်များက မပြောင်းလဲသကဲ့သို့ သင်၏ စည်းမျဉ်းများ၊ နည်းလမ်းများကလည်း မပြောင်းလဲပေ။ ဘာသာတရားမရှိသူတစ်ယောက်တွင်မရှိဘဲ သင့်တွင်ရှိသော တစ်ခုတည်းသောအရာမှာ “ယုံကြည်သူ” ဆိုသည့် ဂုဏ်ပုဒ်သာဖြစ်သည်။ သင်သည် အပြင်ပန်းတွင် ဘုရားသခင်နောက်သို့ လိုက်သော်လည်း သင်၏ အသက်စိတ်သဘောထားက လုံးဝ မပြောင်းလဲပေ။ အဆုံးတွင် ကယ်တင်ခြင်းကို သင်ရရှိမည်မဟုတ်ပေ။ သင်သည် အချည်းနှီး မျှော်လင့်နေခြင်းဖြစ်သည်မဟုတ်လော။ ဘုရားသခင်အပေါ် ဤသို့သော ယုံကြည်ခြင်းမျိုးသည် သင့်အား သမ္မာတရား နှင့် အသက်ကိုရရှိစေရန် ကူညီပေးနိုင်သလော။ လုံးဝ ကူညီမပေးနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်
ဤလူ့အဖွဲ့အစည်းတွင် ခြေကုပ်ရပြီး ရှင်သန်ရပ်တည်ရန်အတွက် လူတို့သည် တစ်ခုသောအရာကို သင်ယူရမည်။ ယင်းမှာ မြွေမသေ တုတ်မကျိုး ပြုမူရန် ဖြစ်သည်။ အရပ်သုံးစကားနှင့်ပြောလျှင် သင်သည် စိတ်မချရသောသူနှင့်၊ ဉာဏ်များသောသူဖြစ်ရမည်။ သင့်စိတ်ထဲတွင်ရှိသည့်အရာကို ပြောလိုက်၍ မရပေ။ သင်သည် သင့်စိတ်တွင်ရှိသည့်အရာကို သွားပြောလျှင် မိုက်မဲသည်ဟု ခေါ်သည်။ ပါးနပ်ခြင်းဟု မခေါ်ပေ။ လူအချို့သည် ၎င်းတို့ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောသော စကားပြော မဆင်ခြင်သူများဖြစ်သည် ဟူ၍ဖြစ်သည်။ ဤသို့လုပ်ဆောင်ပြီး သူ၏ အကြီးအကဲကို စိတ်ဆိုးအောင် လုပ်မိသွားသောသူကို မြင်ယောင်ကြည့်လော့။ ထို့နောက်တွင် အကြီးအကဲက သူ့ဘဝကို ခက်ခဲအောင်လုပ်ဆောင်သည်။ သူ့အတွက်၏ အပိုဆုကြေးငွေများကို ဖျက်သိမ်းသည်။ ပြီးလျှင် သူနှင့် စကားများဖို့ အစဉ်သဖြင့် အားထုတ်နေသည်။ အဆုံးတွင် သူသည် အလုပ်တွင် ဆက်၍မနေနိုင်တော့ပေ။ သူသည် အလုပ်မှ ထွက်လျှင် ပိုက်ဆံရှာရန်အတွက် အခြားနည်းလမ်းမရှိ။ သို့သော် သူအလုပ်မထွက်လျှင် သူမလုပ်နိုင်တော့သည့်အလုပ်ကို သည်းခံလုပ်နေဖို့သာရှိသည်။ သင်သည် အကျပ်အတည်းအခြေအနေ၌ ရောက်နေသောအခါတွင် အဘယ်သို့ ပြောသနည်း။ ခက်ခဲသောအခြေအနေတစ်ခုတွင် “ပိတ်မိ”နေခြင်းဖြစ်သည်။ ထို့နောက်တွင် သူ့မိသားစု သူ့ကို ဆူငေါက်ပြီး “မင်းက ရင့်ရင့်သီးသီး ဆက်ဆံခံရထိုက်သည်။ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခု ဖြစ်သည်’ ဟူသည်ကို မင်း သတိရခဲ့သင့်သည်။ စကားပြော မဆင်ခြင်ဘဲ စွတ်စွတ်ပြောသည့်အတွက် ခံရသည်မှာပင် နည်းသေး၏။ ကိုယ်ပြောမည့်စကားနှင့်ပတ်သက်၍ ပါးနပ်ပြီး သေချာစဉ်းစားဖို့ ငါတို့ မင်းကို ပြောခဲ့သည်။ သို့သော်လည်း မင်းကမလုပ်ချင်။ မင်းက တဲ့တိုးသွားပြောသည်။ မင်း၏ အထက်လူကြီးက ဤကဲ့သို့ လွယ်လွယ်ဖြင့် အထိခံမည်ဟု ထင်လိုက်သလော။ လူ့အဖွဲ့အစည်းတွင် ရှင်သန်ရပ်တည်ဖို့အတွက် ထိုမျှလွယ်သည်ဟု ထင်သလော။ မင်းက ရိုးရိုးတန်းတန်းပြောခြင်းသာ ဖြစ်သည်ဟု အစဉ်သဖြင့် ထင်မြင်သည်။ ကဲ ယခုအခါတွင် စိတ်ဆင်းရဲစရာ အကျိုးဆက်များကို မင်း ခံစားရမည်။ ဤအရာကို သင်ခန်းစာဖြစ်စေတော့။ နောင်တွင် ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’ ဟူသည်ကို မင်းကောင်းစွာ သတိရလိမ့်မည်” ဟူ၍ ဆိုသည်။ သူသည် ဤသင်ခန်းစာကို ရပြီးသည်နှင့် ယင်းကို အမှတ်ရပြီး “ငါ့မိဘများသည် ငါ့ကို သွန်သင်ပေးသည်မှာ တကယ် မှန်ပေသည်။ ဤသည်မှာ ထိုးထွင်အမြင်ရှိသော ဘဝအတွေ့အကြုံ အစိတ်အပိုင်း၊ တကယ့် အသိပညာရပ်တစ်ခုပင် ဖြစ်၏။ ငါဆက်ပြီး လျစ်လျူရှုနေ၍မဖြစ်။ ငါ၏ လူကြီးသူမများ ပြောသည်ကို လျစ်လျူရှုသဖြင့် ဘေးတွေ့နိုင်သည်၊ သို့ဖြစ်၍ နောင်တွင် ဤအရာကို ငါအမှတ်ရမည်ဖြစ်သည်” ဟူ၍ စဉ်းစားသည်။ သူသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်သို့ ပါဝင်ပြီးနောက်တွင် “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဟူသည့် ဆိုရိုးစကားကို သူ သတိရနေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ညီအစ်ကိုမောင်နှမများနှင့် တွေ့သည့်အခါတိုင်းတွင် ၎င်းတို့ကို နှုတ်ဆက်သည်။ ၎င်းတို့အား ကောင်းစွာပြောဆိုရန် အစွမ်းကုန် ကြိုးစားသည်။ ခေါင်းဆောင်က “ကျွန်တော်က ခေါင်းဆောင်ဖြစ်သည်မှာ အနည်းငယ်ကြာပြီ ဖြစ်သော်လည်း အလုပ်အတွေ့အကြုံ ကောင်းကောင်းမရှိသေးပါ” ဟူ၍ ဆိုသည်။ ထို့ကြောင့် သူက “အစ်ကိုက အလုပ်လုပ်သည်မှာ အလွန်ကောင်းပေသည်။ အစ်ကို ကျွန်တော်တို့ကို ဦးမဆောင်ခဲ့လျှင် ကျွန်တော်တို့ မည်သူ့ထံမှ ထောက်ကူလမ်းပြမှု ယူရမည်ကို သိခဲ့မည်မဟုတ်ဟု ခံစားမိသည်” ဟူ၍ ချီးမွမ်းလျက် ရုတ်တရက် ဝင်ပြောသည်။ အခြားတစ်ယောက်က “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နားလည်သွားပြီဖြစ်သည်။ ကျွန်တော်က တော်တော် လှည့်စားတတ်သည်ဟု ထင်သည်” ဟုဆိုသည်။ ထို့ကြောင့် သူက “အစ်ကိုက မလှည့်စားတတ်ပါ၊ တကယ်ရိုးသားပါသည်။ လှည့်စားတတ်သည်မှာ ကျွန်တော်သာ ဖြစ်ပါသည်” ဟူ၍ ပြန်ပြောသည်။ အခြားတစ်ယောက်က သူ့အား မနှစ်မြို့ဖွယ်မှတ်ချက်ပေးပြီး သူက “ဤကဲ့သို့ မနှစ်မြို့ဖွယ် မှတ်ချက်များကို ကြောက်ဖို့မလိုပါ။ ဤအရာထက် ငါ များစွာပို၍ သည်းခံနိုင်သည်။ မင်းမှတ်ချက်များက မည်မျှပင် မနှစ်မြို့ဖွယ်ကောင်းပါစေ ဤမှတ်ချက်များကို မကြားချင်ယောင်သာ ဟန်ဆောင်လိုက်မည်။ ငါ မင်းကို ဆက်ပြီး ချီးမွမ်းမည်။ မင်းကို မျက်နှာလိုမျက်နှာရလုပ်ဖို့ ငါ အကောင်းဆုံး ကြိုးစားမည်။ အဘယ်ကြောင့်ဆိုသော် မင်းကို ချီးမွမ်းရသည်မှာ လုံးဝ မထိခိုက်၍ဖြစ်သည်” ဟူ၍ သူ့ဘာသာ တွေးသည်။ မိတ်သဟာယအတွင်းတွင် တစ်စုံတစ်ယောက်က သူ့အား သူ့ထင်မြင်ချက်ကို ပေးရန်၊ သို့မဟုတ် ဖွင့်ဟရန် တောင်းဆိုသောအခါတိုင်းတွင် သူသည် ပွင့်လင်းစွာ မပြောဘဲ လူတိုင်း၏ ရှေ့တွင် ဤပျော်ရွှင်သော၊ ရွှင်မြူးသော ဟန်ပန်ကို ထိန်းသိမ်းထားသည်။ တစ်စုံတစ်ယောက်က သူ့အား “ခင်ဗျားက မည်သို့များ အမြဲပျော်ပြီး ရွှင်မြူးနေရသနည်း။ ခင်ဗျားက တကယ်ကို ပြုံးပြနေသည့် ကျားတစ်ကောင်လော” ဟူ၍ မေးသည်။ ပြီးလျှင် သူက “ငါက ပြုံးပြနေသည့် ကျားတစ်ကောင်ဖြစ်သည်မှာ နှစ်ချီနေပြီ။ ထိုအချိန်တစ်လျှောက်လုံးတွင် ငါ အခွင့်ကောင်းယူခြင်းကို မခံခဲ့ရသောကြောင့် ဤသည်မှာ ကမ္ဘာလောကကို ကိုင်တွယ်ဖို့အတွက် ငါ၏ အဓိကကျသည့် စည်းမျဉ်းဖြစ်လာခဲ့ပြီ” ဟူ၍ မိမိဘာသာ တွေးသည်။ သူသည် နင်းမရအောင်ချောသော ကျောက်တုံးကဲ့သို့ မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် လူ့အဖွဲ့အစည်းတွင် နှစ်များစွာကြာ ဤသို့ မျောပါနေခဲ့ပြီး ဘုရားအိမ်တော်သို့ ၎င်းတို့ ရောက်လာသောအခါ ဤသို့ ဆက်လက်လုပ်ဆောင်သည်။ ၎င်းတို့သည် ရိုးသားသောစကားတစ်ခွန်းကိုမျှ မပြော။ စိတ်နှလုံးထဲမှ လုံးဝ စကားမပြော။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို နားလည်မှုအကြောင်းကို လုံးဝ မပြောပေ။ ညီအစ်ကိုမောင်နှမတစ်ယောက်က သူ၏ စိတ်နှလုံးကို ၎င်းတို့ထံ ချပြလျှင်ပင် ၎င်းတို့က ပွင့်လင်းစွာ မပြောပေ။ ပြီးလျှင် ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ်၌ မည်သို့ရှိနေသည်ကို မည်သူကမျှ အဖြေမရှာနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ထင်မြင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့အမြင်များက မည်သို့ရှိသည်ကို လုံးဝ ဖွင့်မပြပေ။ ပြီးလျှင် ၎င်းတို့သည် လူတိုင်းနှင့် အလွန်ကောင်းသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ၎င်းတို့က အမှန်တကယ်တွင် မည်သည့်လူမျိုးကို၊ သို့မဟုတ် မည်သည့်ပင်ကိုစရိုက်မျိုးကို နှစ်သက်သည်၊ သို့မဟုတ် ၎င်းတို့က သူတစ်ပါးတို့အပေါ် အဘယ်သို့ အမှန်တကယ် ထင်မြင်သည်ကို သင်မသိပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဤသူသည် အဘယ်သို့သောသူမျိုးဖြစ်သနည်းဟု မေးသောအခါတွင် ၎င်းတို့က “သူက ယုံကြည်သူဖြစ်သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ သူက ကောင်းပါသည်”ဟု ဖြေသည်။ ၎င်းတို့အား မည်သူ့အကြောင်းကို မေးသည်ဖြစ်စေ ၎င်းတို့က ထိုသူသည် ကောင်းသည်၊ သို့မဟုတ် အတော်ပင် ကောင်းသည်ဟု ပြန်ဖြေလိမ့်မည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား “သူ့ထံတွင် အမှား၊ သို့မဟုတ် အားနည်းချက်တစ်ခုခုကို ရှာတွေ့သလော”ဟု မေးလျှင် ၎င်းတို့က “ယခုထိမူ မည်သည့်အမှားမျှ မတွေ့သေးပါ။ နောင်တွင် ပိုပြီးသေချာကြည့်ကြည့်ပါမည်” ဟူ၍ ပြန်ဖြေသည်။ သို့သော် ၎င်းတို့သည် စိတ်အတွင်းထဲတွင် “ခင်ဗျားက ထိုလူကို စိတ်ဆိုးအောင်လုပ်ဖို့ ငါ့ကို ပြောနေခြင်းဖြစ်သည်။ ဤသည်ကို ကျွန်တော် လုံးဝ သေချာပေါက် လုပ်မည်မဟုတ်။ ငါက မင်းကို အမှန်အတိုင်းပြောလိုက်ပြီး သူက သိသွားလျှင် သူက ငါ့ရန်သူဖြစ်သွားမည် မဟုတ်လော။ ငါ့မိသားစုက ငါ့ကို ရန်သူရအောင် မလုပ်မိဖို့ ပြောနေသည်မှာ ကြာပြီဖြစ်သည်။ သူတို့စကားများကို ငါမမေ့သေး။ ငါက တုံးအနေသည်ဟုများ မင်းထင်သလော။ မင်းက သမ္မာတရားစာကြောင်းနှစ်ကြောင်းကို မိတ်သဟာယ ပြုပြီးရုံဖြင့် ငါ့မိသားစုထံမှ ငါရခဲ့သည့် ပညာရေးနှင့် ပုံစံသွင်းခြင်းများကို ငါမေ့မည်ဟုများ ထင်လေသလော။ ဤသို့ ဖြစ်မည်မဟုတ်ပါ။ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’၊ ‘အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ၏’ ဟူသည့် ဤဆိုရိုးစကားများက ငါ့ကို ယခုတိုင် လုံးဝ စိတ်မပျက်စေသေးပါ။ ဤအရာများက ငါ၏ အဆောင်များသာဖြစ်သည်။ ငါက မည်သူ့အားနည်းချက်များကိုမျှ မပြောပါ။ တစ်ယောက်ယောက်က ငါ့ကို လာဆွလျှင် ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ့နဖူးမှာ တံဆိပ်ခတ်ထားသည့် စာကို မင်း မမြင်သလော။ ဤအရာက ‘သည်းခံခြင်း’ဟူသည့် တရုတ်စာလုံးဖြစ်၏။ ဤစာတွင် နှလုံး၏အထက်က ဓါးတစ်ချောင်းပုံစံ စာလုံးပါသည်။ မနှစ်မြို့ဖွယ် မှတ်ချက်များကို မည်သူကပင် ပြောပါစေ ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ့ကို မည်သူက ပြုပြင်ပါစေ ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ၏ ရည်ရွယ်ချက်က လူတိုင်းနှင့် ကောင်းစွာသင့်မြတ်ဖို့သာဖြစ်သည်။ ဤအဆင့်တွင် ဆက်ဆံရေးကို ထိန်းထားဖို့သာဖြစ်သည်။ စည်းမျဉ်းများကို စွဲကိုင်မထားနှင့်။ အလွန်မတုံးအနှင့်။ မတင်းကျပ်နှင့်။ အခြေအနေအရ အလျှော့ပေးတတ်ဖို့ သင်ယူရမည်။ လိပ်များက အချိန်အကြာကြီး အသက်ရှင်သည်မှာ အဘယ်ကြောင့်ဟု ထင်သနည်း။ အခြေအနေမကောင်းသည့်အချိန်တိုင်းတွင် သူတို့၏ အခွံထဲမှာ ပုန်းနေသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤသို့ဖြင့် သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီး နှစ်ထောင်ချီပြီး အသက်ရှင်နိုင်ကြသည်။ ဤအရာက အသက်ရှည်ရှည်နေဖို့ နည်းလမ်းဖြစ်ပြီး ကမ္ဘာကြီးကို ကိုင်တွယ်သည့်နည်းလမ်းလည်းဖြစ်သည်” ဟု တွေးသည်။ ဤသို့သောသူများက မှန်ကန်သော၊ သို့မဟုတ် စစ်မှန်သော အရာတစ်ခုခုအား ပြောဆိုသည်ကို သင်မကြားရပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ တကယ့်အမြင်ရှုထောင့်နှင့် အခြေခံစည်းမျဉ်းကို မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင်သာ ချင့်ချိန်၍ စဉ်းစားပြီး အခြားမည်သူကမျှ ၎င်းတို့အကြောင်းကို မသိပေ။ ဤသို့သောသူမျိုးသည် အပြင်ပန်းတွင် လူတိုင်းအပေါ် ကြင်နာသည်။ သဘောကောင်းသည့် ပုံစံရှိသည်။ မည်သူ့ကိုမျှ မထိခိုက်ပေ၊ သို့မဟုတ် နာကျင်အောင် မလုပ်ပေ။ စင်စစ်အားဖြင့် သူသည် အမှန်တကယ်ကို မြွေမသေ တုတ်မကျိုး ပြုမူသူဖြစ်ပြီး နင်းမရအောင်ချောသော ကျောက်တုံးဖြစ်သည်။ ဤသို့သောသူမျိုးသည် အသင်းတော်၌ လူအချို့က နှစ်သက်ခြင်းကို အစဉ်ခံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့်အခါမျှ ကြီးမားသောအမှားများကို မပြုလုပ်။ မိမိအကြောင်းကို မည်သည့်အခါမျှ မထုတ်ဖော်ပေ။ ပြီးလျှင် အသင်းတော်ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများ၏ အကဲဖြတ်ချက်မှာ သူသည် လူတိုင်းနှင့် သင့်မြတ်သည်သာဖြစ်သည်။ သူသည် သူ၏ တာဝန်နှင့်ပတ်သက်ပြီး စိတ်ထက်သန်မှုမရှိ။ စေခိုင်းသည့်အရာကိုသာ လုပ်ဆောင်သည်။ သူသည် အထူးပင် နာခံပြီး ကောင်းစွာ ပြုမူသည်။ အပြန်အလှန်စကားပြောဆိုရာ၌၊ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ သူတစ်ပါးတို့ကို မည်သည့်အခါမျှ မထိခိုက်ပေ။ သူသည် မည်သူအပေါ်မျှ မျှတမှုမရှိသော အခွင့်ကောင်းယူမှုကို လုံးဝ မပြုလုပ်ပေ။ အခြားလူများ၏ မကောင်းကြောင်းကို လုံးဝ မပြောပေ။ လူတို့အား ၎င်းတို့၏ နောက်ကွယ်တွင် ဝေဖန်ခြင်းကို လုံးဝ မပြုလုပ်ပေ။ သို့ရာတွင် သူသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ ရိုးသားစစ်မှန်ခြင်း ရှိမရှိဆိုသည်ကို မည်သူမျှမသိ။ သူသည် အခြားလူများအပေါ် အဘယ်သို့ ထင်မြင်သည်၊ သို့မဟုတ် မည်သည့်ထင်မြင်ချက် ရှိသည်ဆိုသည်ကို မည်သူကမျှ မသိ။ အသေအချာ တွေးကြည့်ပြီးနောက်တွင် ဤသို့သောသူမျိုးသည် အမှန်ပင် အနည်းငယ်ထူးဆန်းပြီး နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ထိုသူကို ဆက်လက်ထားရှိခြင်းသည် ပြဿနာကို ဖြစ်စေနိုင်သည်ဟုပင် သင်ခံစားရသည်။ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဆုံးဖြတ်ရန် ခက်သောအရာတစ်ခု မဟုတ်လော။ ထိုသူသည် သူ၏တာဝန်ကို ထမ်းဆောင်နေသောအခါ၌ သူ၏ ပုံမှန်လုပ်ဆောင်နေကျ အလုပ်ကို လုပ်ဆောင်သည်ကို သင်မြင်နိုင်သည်။ သို့သော် ဘုရားအိမ်တော်က သူ့အား အသိပေးခဲ့သော စည်းမျဉ်းများကို လုံးဝ ဂရုမစိုက်ပေ။ အမှုအရာများကို သူနှစ်သက်သလိုလုပ်ဆောင်သည်။ ဝတ်ကျေတမ်းကျေလုပ်ဆောင်ပြီး ဤအတိုင်းသာ ထားလိုက်သည်။ ကြီးမားသော အမှားများ မလုပ်မိရန်သာ ရှောင်ကြဉ်ဖို့ ကြိုးစားသည်။ ထို့ကြောင့် သင်သည် ထိုသူအား မည်သည့်အမှားမျှ ရှာမရပေ၊ သို့မဟုတ် မည်သည့်အားနည်းချက်မျှ မဖော်ထုတ်နိုင်ပေ။ သူသည် အမှုအရာများကို အမှားကင်းစွာ လုပ်ဆောင်သည်။ သို့သော် သူသည် စိတ်အတွင်းတွင် မည်သည့်အရာကို တွေးနေသနည်း။ သူ၏ တာဝန်ကို ထမ်းဆောင်လိုသလော။ အသင်းတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ သို့မဟုတ် အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် ၎င်းတို့ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်မှုတို့ မရှိလျှင် ဤသူသည် ဆိုးယုတ်သောသူများနှင့် ပေါင်းသင်းကောင်း ပေါင်းသင်းနိုင်သလော။ သူသည် ဆိုးယုတ်သောသူများနှင့် အတူတကွ မကောင်းသောအရာများကို လုပ်ဆောင်ပြီး မကောင်းမှုကို ကျူးလွန်နိုင်သလော။ ဤသည်မှာ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ သူသည် ဤသို့ လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း မလုပ်ရသေးပေ။ ဤကဲ့သို့သောသူမျိုးသည် ဒုက္ခအပေးတတ်ဆုံး အမျိုးအစားဖြစ်သည်။ သူသည် နင်းမရအောင်ချောသော ကျောက်တုံးစစ်စစ်၊ သို့မဟုတ် မရိုးသော မြေခွေးအိုစစ်စစ်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)
အသင်းတော်တိုင်းတွင် လူ့အကြိုက်လိုက်သူအချို့ ရှိသည်။ ဤလူ့အကြိုက်လိုက်သူများသည် ဆိုးယုတ်သောလူများက ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ရှိလျှင်ပင် ၎င်းတို့က လျစ်လျူရှုကြသည်။ အသင်းတော်ရွေးကောက်ပွဲများတွင် ဖြစ်ပေါ်သည့် မည်သည့်ပြဿနာများမဆိုအပေါ် ၎င်းတို့၏ သဘောထားမှာ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ”ဟူ၍ ဖြစ်သည်။ မည်သူခေါင်းဆောင်ဖြစ်လာသည်မှာ အရေးမကြီးကြောင်း၊ ယင်းမှာ ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိကြောင်း ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် နေ့စဉ်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်သရွေ့ အဆင်ပြေနေပေသည်။ ဤကဲ့သို့သော လူများနှင့်ပတ်သက်၍ သင်အဘယ်အရာကို စဉ်းစားမိသနည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤသူတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ကြပြီး ၎င်းတို့ကို မယုံကြည်သူများဟုလည်း ခေါ်ဆိုနိုင်သည်။ ဤလူတို့သည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို တပ်မက်လျက် လွယ်ကူသောဘဝကို အသက်ရှင်ရန်သာ ကြိုးစားကြသည်။ ၎င်းတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး အလွန်ပါးနပ်လွန်းကြသည်။ လူ့အဖွဲ့အစည်းတွင် ထိုသို့သောလူများ များစွာရှိသလော။ မည်သည့်နိုင်ငံရေးပါတီက အာဏာရှိသည်ဖြစ်စေ၊ မည်သူက ရာထူးလက်ကိုင်ရှိသည်ဖြစ်စေ ၎င်းတို့သည် လူချစ်လူခင်ပေါများကြသည်၊ မိမိတို့၏ လူမှုရေးဆက်ဆံမှုများကို အလွန်အောင်မြင်စွာ ၎င်းတို့ ကိုင်တွယ်နိုင်ကြပြီး သက်သောင့်သက်သာ အသက်ရှင်နေထိုင်ကြသည်။ မည်သည့်နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်သည်ဖြစ်စေ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ ဤသူတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် “ကိုင်တွယ်ရခက်သော ငါးရှဉ့်များ” နှင့် “မြွေအိုများ”အဖြစ် သိကြသည့် အလှည့်စားတတ်ဆုံးသော၊ အပါးနပ်ဆုံးသော လူများဖြစ်ကြသည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်း တစ်စက်မျှမရှိဘဲ စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ မည်သူပင် အာဏာရှိပါစေ ၎င်းတို့က ထိုသူတို့ကို ဖြည့်ဆည်းပေးသည်၊ မြှောက်ပင့်ကြသည်၊ ၎င်းတို့၏ ကောင်းကွက်များကို ချီးမွမ်းသီဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ အထက်လူကြီးများကို ကာကွယ်ပေးခြင်းမှလွဲ၍ ဘာမျှမလုပ်သည့်အပြင် ၎င်းတို့ကို မည်သည့်အခါမျှ စိတ်အနှောင့်အယှက်မပေးကြပေ။ ၎င်းတို့၏ အထက်လူကြီးများက မည်မျှပင် ဆိုးယုတ်မှုကို ပြုသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာကို ဆန့်ကျင်ခြင်း သို့မဟုတ် ထောက်ခံခြင်း မပြုဘဲ မိမိတို့၏ အတွေးများကို စိတ်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားကြသည်။ မည်သူပင် အာဏာရှိသည်ဖြစ်စေ ၎င်းတို့သည် လူချစ်လူခင်ပေါများကြသည်။ စာတန်နှင့် နတ်ဆိုးဘုရင်များသည် ဤလူစားမျိုးကို နှစ်သက်ကြသည်။ နတ်ဆိုးဘုရင်များသည် ဤလူစားမျိုးကို အဘယ်ကြောင့် နှစ်သက်ကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် နတ်ဆိုးဘုရင်များ၏ အမှုကိစ္စများကို မဖျက်ဆီးကြသည့်အပြင် သူ့အပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မပြုသောကြောင့် ဖြစ်သည်။ ဤ လူစားမျိုးသည် စည်းကမ်းမဲ့ပြီး ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံစည်းမျဉ်းမရှိသည့်အပြင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့ကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုများနောက်သို့သာ လိုက်ကာ နတ်ဆိုးဘုရင်များ၏ ရှေ့မှောက်တွင် ဦးညွှတ်လျက် သူတို့၏ အကြိုက်များနှင့် လိုက်လျောညီထွေဖြစ်အောင် နေကြသည်။ အသင်းတော်၌လည်း ထိုသို့သောလူများ ရှိသည်မဟုတ်လော။ ထိုသို့သောလူများသည် အောင်မြင်သောသူများ ဖြစ်နိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်၏ စစ်သူရဲကောင်းများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံများ ဖြစ်ကြသလော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် ထကြွပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်သည့်အခါ ထိုသို့သောလူများသည် ၎င်းတို့ကို ဆန့်ကျင်၍ စစ်ဖြစ်ရန်၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ရန်နှင့် စွန့်ပယ်ရန်၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို အဆုံးသတ်စေကာ ဘုရားသခင်အတွက် သက်သေခံရန် ထရပ်နိုင်ကြသလော။ လုံးဝ မပြုလုပ်နိုင်ကြပေ။ ဤကိုင်တွယ်ရခက်သော ငါးရှဉ့်များသည် ဘုရားသခင် စုံလင်အောင်ပြုမည့်သူများလည်းမဟုတ်၊ သူကယ်တင်မည့်သူများလည်း မဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့်အခါမျှ သက်သေမခံကြသကဲ့သို့ သူ့အိမ်တော်၏ အကျိုးစီးပွားများကိုလည်း မထိန်းသိမ်းကြပေ။ ၎င်းတို့ကို ဘုရားသခင် ရှုမြင်သည့်အတိုင်းဆိုရလျှင်၊ ဤလူတို့သည် သူ့နောက်သို့လိုက်သောသူများ သို့မဟုတ် သူ့ကို ကျိုးနွံနာခံသောသူများမဟုတ်ဘဲ ကြောင်းကျိုးမမြင်ဘဲ ပြဿနာကို လှုံ့ဆော်သောသူများ၊ စာတန်၏ ဂိုဏ်းဝင်များ ဖြစ်ကြသည်။ သူ၏အမှုတော် ပြီးဆုံးသည့်အခါ သူဖယ်ရှားရှင်းလင်းမည့်သူများမှာ ၎င်းတို့ပင် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အသုံးမကျသူများကို တန်ဖိုးမထားပေ။ ၎င်းတို့၌ သမ္မာတရား သို့မဟုတ် အသက် မရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်များနှင့် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မထိုက်တန်သည့်အပြင် သူ၏ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန်လည်း မထိုက်တန်ပေ။ သို့ဖြစ်၍ ဘုရားသခင်သည် ထိုသို့သောလူများကို လွယ်ကူစွာ စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းကာ အသင်းတော်သည်လည်း ၎င်းတို့ကို မယုံကြည်သူများအဖြစ် ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့၌ ဘုရားသခင်အတွက် စစ်မှန်သော စိတ်နှလုံးမရှိသောကြောင့် ဘုရားသခင်သည် ၎င်းတို့အား စစ်မှန်သော ထောက်ပံ့မှုကို ပေးလိမ့်မည်လော။ သူသည် ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး ကူညီလိမ့်မည်လော။ ကူညီလိမ့်မည်မဟုတ်ပေ။ အသင်းတော်ရွေးကောက်ပွဲများအတွင်းတွင် ကြားဝင်နှောင့်ယှက်မှုများနှင့် နှောင့်ယှက်မှုများ ဖြစ်ပေါ်ပြီး ရွေးကောက်ပွဲရလဒ်များကို ဆိုးယုတ်သောလူများက ထိန်းချုပ်ကာလွှမ်းမိုးသည့်အခါတွင် ဤလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဘုရားသခင်၏ ဘက်တွင် လုံးဝ ရပ်တည်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ကို တိုက်ခိုက်ရန်လည်းကောင်း၊ စာတန်၏ အင်အားစုများကို အဆုံးတိုင် တိုက်ခိုက်ရန်လည်းကောင်း သမ္မာတရား စည်းမျဉ်းများကို လုံးဝ လိုက်နာကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤအရာကို လုံးဝ လုပ်ဆောင်ကြလိမ့်မည်မဟုတ်။ ၎င်းတို့ သတ္တိ ကင်းမဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူတို့သည် ဤလူတို့ကို ပိုင်းခြားသိမြင်သင့်ပြီး ၎င်းတို့ နားလည်သော သမ္မာတရားများကိုဖြစ်စေ၊ စာတန်အပေါ် ၎င်းတို့၏ ပိုင်းခြားသိမြင်မှုကိုဖြစ်စေ ဤလူတို့နှင့် မိတ်သဟာယမဖွဲ့သင့်ပေ။ သင်သည် ဤအရာများကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင်ပင် အသုံးဝင်လိမ့်မည်မဟုတ်။ ၎င်းတို့သည် သမ္မာတရား၏ ဘက်တွင် ရပ်တည်ကြလိမ့်မည်မဟုတ်ပေ။ လုပ်ဖော်ဆောင်ဖက်များနှင့် တွဲဖက်များကို ရွေးချယ်သည့်အခါ သင်သည် ထိုသို့သောလူများကို ချန်လှပ်ထားသင့်ပြီး မရွေးချယ်သင့်ပေ။ ၎င်းတို့ကို အဘယ်ကြောင့် မရွေးချယ်သင့်သနည်း။ အကြောင်းမှာ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ဘက်တွင် ရပ်တည်လိမ့်မည်မဟုတ်၊ သမ္မာတရား၏ ဘက်တွင် ရပ်တည်လိမ့်မည်မဟုတ်သည့်အပြင် စာတန်ကို တိုက်ခိုက်ရန် သင်နှင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးကြလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ စိတ်ရင်းမှန်သော စကားများကို ၎င်းတို့အား ဖွင့်ဟပြောဆိုလျှင် သင်သည် မိုက်မဲပြီး စာတန်အတွက် ဟားတိုက်စရာ ဖြစ်လာလိမ့်မည်။ ထိုသို့သောလူတို့အား သမ္မာတရားကို မိတ်သဟာယမဖွဲ့နှင့် သို့မဟုတ် တိုက်တွန်းအားပေးခြင်းများ မပြုနှင့်။ ပြီးလျှင် ၎င်းတို့အပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားနှင့်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤလူတို့ကို လုံးဝ မကယ်တင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော လူများမဟုတ်ကြပေ။ ၎င်းတို့သည် အဝေးမှနေ၍ တိုက်ပွဲပြင်းထန်နေသည်ကို ကြည့်ရှုနေသော ပွဲကြည့်ပရိသတ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ ဖြစ်ကြသည်။ ဤလူစားမျိုးများသည် စိတ်လှုပ်ရှားဖွယ်ရာကို ကြည့်ရှုရန်နှင့် ကြောင်းကျိုးမမြင်ဘဲ ပြဿနာကို လှုံ့ဆော်ရန်သာ ဘုရားအိမ်တော်ထဲသို့ စိမ့်ဝင်ကြသည်။ ၎င်းတို့၌ တရားမျှတစိတ်နှင့် တာဝန်သိစိတ် မရှိကြပေ။ ဆိုးယုတ်သောလူများ၏ ထိခိုက်နစ်နာစေခြင်းကို ခံရသော လူကောင်းများအပေါ်၌ပင် ၎င်းတို့ စာနာမှု မရှိကြပေ။ ထိုသို့သောလူများကို နတ်ဆိုးများနှင့် စာတန်များဟု ခေါ်ဆိုခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။ တရားမျှတစိတ်ရှိသူတစ်ဦးက ဆိုးယုတ်သောလူများကို ဖော်ထုတ်လျှင် ၎င်းတို့သည် ထိုသူကို အားပေးခြင်း သို့မဟုတ် ထောက်ခံခြင်းပင် ပြုကြလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤလူတို့ကို မည်သည့်အခါမျှ မယုံကြည်နှင့်။ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ၊ ပုတ်သင်ညိုများ၊ မြွေအိုများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများမဟုတ်ဘဲ စာတန်၏ အစေခံများ ဖြစ်ကြသည်။ ဤလူတို့သည် မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်သည့်အပြင်၊ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ ရှင်းလင်းသော အလိုဆန္ဒ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၉)
ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင်တို့သည် တာဝန်များ ထမ်းဆောင်ရာတွင် ပေါ်ပေါက်သည့် ပြဿနာများကို လျစ်လျူရှုကာ တာဝန်ကို ခေါင်းရှောင်ရန် အမျိုးစုံသော မူမမှန်သည့် အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေပြီး သင်တို့ဖြေရှင်နိုင်စွမ်းရှိသည့် ပြဿနာအချို့ကို မဖြေရှင်းသည့်အပြင်၊ သင်တို့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများကို သင်တို့နှင့်မည်သို့မျှ မသက်ဆိုင်သည့်အလား အထက်သို့ အစီရင်မခံပါက ဤသည်မှာ တာဝန်ကို တမင်ပျက်ကွက်ခြင်း မဟုတ်လော။ အသင်းတော်၏ အလုပ်ကို ဤသို့ သဘောထားခြင်းသည် လုပ်ဆောင်ရန် လိမ္မာပါးနပ်သော အရာတစ်ခုဖြစ်သလော သို့မဟုတ် လုပ်ဆောင်ရန် မိုက်မဲသော အရာတစ်ခု ဖြစ်သလော။ (လုပ်ဆောင်ရန်မိုက်မဲသော အရာတစ်ခု ဖြစ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စိတ်မချရဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တာဝန်သိစိတ်တစ်ခုတလေ ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့က ပြဿနာများကို ကြုံတွေ့သည့်အခါတွင် လျစ်လျူရှုကြသည်။ ၎င်းတို့သည် ထောက်ထားစာနာမှုမရှိသော လူများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဉာဏ်များသောလူများ ဖြစ်သည် မဟုတ်လော။ ဉာဏ်များသောလူများသည် အမိုက်မဲဆုံးသော လူများဖြစ်ကြသည်။ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်ရသောအခါတွင် သင်သည် တာဝန်သိစိတ် ရှိရမည်ဖြစ်ပြီး ယင်းတို့ကို ဖြေရှင်းရန် တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကြိုးစားရမည် ဖြစ်သည့်အပြင် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ဉာဏ်များသောသူတစ်ဦး လုံးဝ မဖြစ်ရ။ သင်သည် တာဝန်ကို ခေါင်းရှောင်ဖို့သာ စိတ်ဝင်စားပြီး ပြဿနာများ ပေါ်ပေါက်လာသောအခါတွင် တာဝန်မယူပါက သင်သည် ဘုရားအိမ်တော်တွင် မဆိုထားနှင့်၊ ဘာသာတရားမရှိသူများအကြားတွင်ပင် ဤအပြုအမူအတွက် ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်သည်။ ဤအပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံရရန် သေချာပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရွံရှာစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်ဖြားတတ်ပြီး စိတ်မချရသည့်လူများကို ရွံရှာစက်ဆုပ်သည်။ သင်သည် ဉာဏ်များသောသူတစ်ဦးဖြစ်ပြီး စိတ်မချရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ပါက ဘုရားသခင်သည် သင့်အား ရွံရှာစက်ဆုပ်လိမ့်မည် မဟုတ်လော။ ဘုရားအိမ်တော်သည် သင့်ကို တကယ်ပင် သက်ညှာလိမ့်မည်လော။ အနှေးနှင့်အမြန်၊ သင်သည် တာဝန်ခံရလိမ့်မည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး ဉာဏ်များသောလူများကို မနှစ်သက်ချေ။ ဤသည်ကို လူတိုင်းက ရှင်းလင်းစွာ နားလည်သင့်ပြီး နားဝေတိမ်တောင်ဖြစ်ကာ မိုက်မဲသောအရာများ လုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက ခွင့်လွှတ်၍ရနိုင်သော်လည်း လူတစ်ဦးသည် သမ္မာတရားကို လုံးဝ လက်ခံခြင်း မရှိပါက ၎င်းသည် အလွန်ပင် ခေါင်းမာပေသည်။ ရိုးသားသောလူများက တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကို မြင်နိုင်သည့် ကြည်လင်သောရေတစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များကလည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် အစဉ်သဖြင့် မယုံရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ကာ အမြဲ ဟန်ဆောင်ပြီး အမှုအရာများကို ဖုံးဖိကာ ကွယ်ဝှက်သည့်အပြင် မိမိကိုယ်ကို အလွန်ပင် တင်းတင်းကျပ်ကျပ် သိုသိုသိပ်သိပ်နေသည်။ မည်သူမျှ ဤလူစားမျိုးကို ထိုးထွင်းမမြင်နိုင်ကြပေ။ လူများသည် သင်၏ အတွင်းကျကျ အတွေးများကို ထိုးထွင်းမမြင်ကြသော်လည်း ဘုရားသခင်က သင်၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်။ သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်ကြောင်း၊ သင်သည် စိတ်မချရသောအရာတစ်ခုဖြစ်ကြောင်း၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ သူ့ကို ဆန့်ကျင်လှည့်စားရာတွင် အစဉ်သဖြင့် ပါဝင်ဆောင်ရွက်ကြောင်းနှင့် သင်၏ စိတ်နှလုံးကို သူ့အား မည်သည့်အခါမျှ လွှဲအပ်ခြင်းမရှိကြောင်းတို့ကို ဘုရားသခင် မြင်သည့်အခါတွင် သူသည် သင့်ကို မနှစ်သက်ဘဲ သင့်ကို ရွံရှာစက်ဆုပ်ကာ စွန့်ပစ်လေသည်။ ဘာသာတရားမရှိသူများအကြားတွင် ကြီးပွားအောင်မြင်သောသူများနှင့် စကားပြောကောင်းပြီး ပါးနပ်သောသူများအားလုံးသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤအရာသည် သင်တို့အဖို့ ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့အားလုံးသည် အလွန်ပင် အတွင်းသဘောကို သိရန်ခက်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် အလွန့်အလွန် လှည့်ဖြားတတ်ပြီး ဉာဏ်များကြသည်၊ ၎င်းတို့သည် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူများကို ကယ်တင်နိုင်မည်လော။ ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသောအရာမှာ နတ်ဆိုးများဖြစ်သည့် လှည့်ဖြားတတ်ပြီး ဉာဏ်သောလူများဖြစ်ပြီး ထိုသို့သော လူများကို သူ လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် ဤလူစားမျိုး လုံးဝ မဖြစ်ရပေ။ စကားပြောသည့်အခါ အစဉ်သဖြင့် စောင့်စည်းတတ်ပြီး သတိရှိသောသူများ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အချိန်အခါနှင့်လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ပြီး ဟန်ဆောင်သောသူများ၊ သင့်အား ငါ ပြောမည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို အရွံရှာအစက်ဆုပ်ဆုံး ဖြစ်သည်၊ ဤကဲ့သို့သော လူများသည် ကယ်တင်၍မရနိုင်တော့ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများ၏ အမျိုးအစားနှင့် သက်ဆိုင်သူအားလုံးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စကားများသည် မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းနေပါစေ၊ ယင်းတို့အားလုံးသည် လှည့်ဖြားတတ်သော၊ ဆိုးယုတ်သော စကားများသာ ဖြစ်ကြသည်။ ၎င်းတို့၏ စကားများက ပို၍ သာယာနာပျော်ဖွယ်ကောင်းလေ၊ ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ ပို၍ဖြစ်လေ ဖြစ်သည်။ ဤသူတို့သည် ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသော လူစားမျိုး အတိအကျပင် ဖြစ်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ သင်တို့ အဘယ်အရာကို ဆိုမည်နည်း။ လှည့်ဖြားတတ်သောလူများ၊ မကြာခဏ လိမ်ညာတတ်သောလူများနှင့် စကားပြောကောင်းသောလူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သလော။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ဘေးဖယ်ထားပြီး ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင်၊ တိရစ္ဆာန်များနှင့် တစ်တန်းတစ်စားတည်းအဖြစ် မှတ်ယူသည်။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် လူ့အရေခွံကို ဝတ်ဆင်ထားရုံမျှသာဖြစ်ပြီး အနှစ်သာရအားဖြင့် ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်၊ ၎င်းတို့သည် လမ်းလျှောက်နေသည့် အလောင်းကောင်များဖြစ်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)
လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ရည်ရွယ်ချက်များ လာသနည်း။ ပြီးလျှင် မည်သည့်ရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိရန် ကြိုးစားနေသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရဖို့အတွက် ဖြစ်သည်မှာ ခြွင်းချက်မရှိပေ။ လိုရင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဖြစ်သည်။ ပြီးလျှင် ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုးရှိရန်အလို့ငှာ လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားက ထုတ်ဖော်ခံကြရသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ရှေးဦးစွာ အကျိုးစီးပွားများသည် မည်သည့်အရာဖြစ်သည်၊ လူတို့အတွက် မည်သည့်အရာများ အတိအကျ ရရှိစေသည်၊ ထိုအရာများကို လိုက်စားခြင်းအတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်တို့ကို သင် ပိုင်းခြားသိမြင်ပြီး သိရမည်။ ဤအရာကို သင် အဖြေမရှာနိုင်လျှင် ထိုအရာများကို စွန့်ပစ်ခြင်းသည် ပြောဖို့လွယ်ပြီး လုပ်ဖို့ခက်သည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဘဝ အတွေးအခေါ်များသည် “ဘယ်သူသေသေ ငတေမာရင်ပြီးရော၊” နှင့် “လူဆိုသည်မှာ ကြံရင်းသေကြသလို ငှက်ဆိုသည်မှာ ပျံရင်းသေကြသည်” ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးခဲ့ရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ယင်းမှာ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် ထိုအကျိုးစီးပွားများကို စွန့်လွှတ်ရန်နှင့် ပုန်ကန်ရန် စတင်နိုင်မည်ဖြစ်ပြီး ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်မည်ဖြစ်သည်။ ဤအရာကို ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်သည့်အခါတွင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ သင်၏ အကျိုးစီးပွားများကို ဖက်တွယ်ပြီး ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်လျှင်၊ ပြီးလျှင် သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် သင်၏ စိတ်နှလုံးတွင် သင်က “မိမိအတွက် အကျိုးရှိရန် ကြိုးစားခြင်းနှင့် ဆုံးရှုံးမှုကို မခံစားရန် ငြင်းပယ်ခြင်းတို့တွင် မည်သည့်အရာမှားနေသနည်း။ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်မခတ်သေးပေ။ ပြီးလျှင် လူတို့ကရော ငါ့ကို ဘာလုပ်နိုင်မည်နည်း” ဟု ပြောကောင်းပြောနိုင်သည်။ မည်သူကမျှ သင့်အား မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ သို့ရာတွင် ဘုရားသခင်အပေါ် ဤယုံကြည်ခြင်းဖြင့် သင်သည် နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို ရရှိရန် ပျက်ကွက်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။ သင် ကယ်တင်ခြင်းကို ရရှိမည်မဟုတ်ချေ။ ပို၍ ကြီးမားသော နောင်တတစ်ခုတလေ ရှိသလော။ ဤသည်မှာ အဆုံးတွင် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို လိုက်စားခြင်းမှ လာသောအရာ ဖြစ်သည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ ပြီးလျှင် အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်လက်မခံလျှင် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် သိမြင်နိုင်စွမ်းတို့ မရှိလျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်၊ ပြီးလျှင်အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာရှိ ကြီးထွားတိုးတက်မှုနှင့် ကယ်တင်ခြင်း ရရှိခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ သူ၏စိစစ်မှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့ကို လိုက်စားခြင်းအတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်နေခြင်းဖြစ်သည်။ သို့သော် သင် စွန့်လွှတ်နေသည့်အရာမှာ သမ္မာတရားဖြစ်သည်။ ပြီးလျှင် သင်ဆုံးရှုံးနေသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် ဤသည်မှာ မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းကို ခံစားရခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာသာ ဖြစ်သည်၊ ယင်းတို့သည် မီးခို့ငွေ့လေးတစ်ခုအလား ပျောက်ပြယ်သွားသည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုလိုက်စားဖို့ ဖြစ်လာစေသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားများမှာ ထာဝရဖြစ်သည်။ စာတန်က ဤသမ္မာတရားများကို လူတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက ဤရလဒ်များသည် သင်၏ ရလဒ်များဖြစ်ပြီး သင့်ဘာသာသင် ရရှိသည့်အရာဖြစ်သည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် မိမိတို့၏ အကျိုးစီးပွားများအတွက် သမ္မာတရားကို စွန့်လွှတ်လျှင် ၎င်းတို့သည် အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ဆုံးရှုံးရလေသည်။ ထိုသူတို့မှာ အမိုက်မဲဆုံးသောသူများ ဖြစ်သည်။ မိမိတို့၏ အကျိုးစီးပွားများကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ လူတစ်ဦး ရွေးချယ်သည့်အရာသည် အလွန့်အလွန် ထုတ်ဖော်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့က သမ္မာတရားကို ရွေးချယ်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရွေးချယ်ပြီး သူ့နောက်ကို လိုက်ကြလိမ့်မည်ဖြစ်သည်။ သူတို့က သမ္မာတရားကို လိုက်စားရန်အတွက် မိမိတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်ကြရန် သာ၍လိုလားသည်။ သူတို့ မည်မျှပင် ဒုက္ခခံရမည်ဖြစ်စေ ဘုရားသခင်ကျေနပ်စေဖို့ သက်သေရပ်တည်ရန် သန္နိဋ္ဌာန်ချထားကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံ လမ်းကြောင်းပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏
သင်တို့ အဘယ်သို့ ထင်သနည်း။ ဘဝသည် လှည့်စားသောသူများအတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် မုသားများပြောလျက်၊ ထိုမုသားများကို ဖုံးဖိရန် မုသားများကို ထပ်၍ပြောလျက်၊ လှည့်စားမှုများကို လုပ်ဆောင်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤပင်ပန်းမှုကို ၎င်းတို့အပေါ်သို့ ၎င်းတို့ကိုယ်တိုင် ယူဆောင်လာကြခြင်းဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်သည်ကို ၎င်းတို့သိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် လှည့်စားလိုဆဲဖြစ်ပြီး ရိုးသားရန် ဆန္ဒမရှိသနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားကြည့်ဖူးသလော။ ဤသည်မှာ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏ လှည့်စားခြင်းကို ခံရခြင်း၏ အကျိုးဆက်ဖြစ်သည်။ ထိုအရာက ၎င်းတို့ကို ဤအသက်တာမျိုး၊ ဤစိတ်သဘောထားမျိုးကို ဖယ်ရှားခြင်းအား ပိတ်ပင်တားဆီးထားသည်။ လူတို့သည် ဤသို့ လှည့်စားခံရခြင်းကို လက်ခံရန်၊ ဤသို့ အသက်ရှင်ရန် လိုလားကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အလင်းလမ်းကြောင်းကို မလျှောက်လိုကြပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်ပြီး ဤသို့ ပြုမူခြင်းသည် မလိုအပ်ဟု သင်ထင်သည်။ သို့သော် လှည့်စားသောသူများက လုံးဝ လိုအပ်သည်ဟု ထင်ကြသည်။ ထိုသို့မလုပ်ဆောင်ခြင်းက ၎င်းတို့ကို အရှက်ရစေမည်၊ ၎င်းတို့၏ ပုံရိပ်၊ ၎င်းတို့၏ ဂုဏ်၊ ၎င်းတို့၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေမည်၊ များစွာ ဆုံးရှုံးရစေမည်ဟု ၎င်းတို့ ထင်ကြသည်။ ဤအရာများကို ၎င်းတို့ တန်ဖိုးထားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ပုံရိပ်၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူများ၏ သရုပ်မှန်ဖြစ်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လူတို့သည် ရိုးသားလိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိသည့်အခါ၊ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဂုဏ်နှင့် အဆင့်အတန်းကဲ့သို့သော အရာများကို မြတ်နိုးတန်ဖိုးထားသည်။ လောကီရေပန်းစားသောအရာများနောက်သို့ လိုက်လိုပြီး စာတန်၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်လိုကြသည်။ ဤသည်မှာ ၎င်းတို့ သဘာဝ၏ ပြဿနာဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သောလူများ၊ တရားဒေသနာများစွာကို ကြားနာခဲ့သောလူများ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့်အရာကိုဆိုလိုသည်ကို သိသောလူများရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သေးသကဲ့သို့ အနည်းငယ်မျှပင် မပြောင်းလဲကြသေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားအနည်းငယ်ကို နားလည်လျှင်ပင် ၎င်းတို့သည် ထိုသမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သေးပေ။ ထိုသို့သော လူများအတွက် ဘုရားသခင်အား နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ အချည်းနှီးဖြစ်လိမ့်မည်။ သမ္မာတရားအား မချစ်သောသူများသည် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ သမ္မာတရားအား မချစ်ခြင်းသည် မိမိ၏ စိတ်နှလုံးတွင်ရှိသော၊ မိမိ၏ သဘာဝတွင်ရှိသော ပြဿနာတစ်ခုဖြစ်သည်။ ယင်းကို ဖြေရှင်း၍ မရနိုင်ပေ။ လူတစ်ယောက်သည် သူ၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းခံရနိုင်ခြင်းရှိမရှိဟူသည်မှာ အဓိကအားဖြင့် သူသည် သမ္မာတရားအား ချစ်မချစ်ဟူသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ သမ္မာတရားကို လက်ခံနိုင်သည်။ ၎င်းတို့သာ သမ္မာတရားအတွက် ဆင်းရဲဒုက္ခကို ဖြတ်သန်းနိုင်ပြီး အဖိုးအခပေး ပေးဆပ်နိုင်သည်။ ၎င်းတို့သာ ဘုရားသခင်ကို ဆုတောင်းပြီး သူ့ကို အမှီပြုနိုင်သည်။ ၎င်းတို့သည်သာ ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် သမ္မာတရားကို ရှာနိုင်ပြီး မိမိကိုယ်ကို ပြန်သုံးသပ်ကာ သိမြင်နိုင်သည်။ ဇာတိပကတိကို ပုန်ကန်ရန်အတွက် သတ္တိရှိနိုင်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိနိုင်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ ဤနည်းလမ်းဖြင့် သမ္မာတရားကို လိုက်စားနိုင်သည်။ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်နိုင်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သည်။ ဤအရာမှလွဲ၍ အခြားလမ်းကြောင်းမရှိပေ။ သမ္မာတရားကို မချစ်သောသူတို့အတွက် သမ္မာတရားကို လက်ခံရန် အလွန်ခက်ခဲသည်။ ဤသည်မှာ ၎င်းတို့၏ သဘောသဘာဝအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသကဲ့သို့ မုန်းတီးသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား အာခံခြင်း၊ မကောင်းမှုလုပ်ဆောင်ခြင်းကို ရပ်တန့်လိုလျှင် ထိုသို့လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပြီး နတ်ဆိုးများ၊ ဘုရားသခင်၏ ရန်သူများ ဖြစ်နေပြီဖြစ်သောကြောင့်ပင်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်သည်။ နတ်ဆိုးများ၊ သို့မဟုတ် စာတန်ကို မကယ်တင်ပေ။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားကို အမှန်ပင် နားလည်သည်။ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ အဘယ်သို့ ကျွန်ုပ် လုပ်ဆောင်သင့်သနည်း” ဟူသကဲ့သို့သော မေးခွန်းများကို မေးသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် သမ္မာတရားကို နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးတွင် ထိုသို့လုပ်ဆောင်လိုစိတ်မရှိဘဲ သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ဤသို့သောသူသည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ လူအချို့က “ကျွန်ုပ်အတွက် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် များစွာ ဆုံးရှုံးသည်ဟု ထင်ရသည်။ ထို့ကြောင့် ရိုးသားသူတစ်ယောက် ကျွန်ုပ် မဖြစ်ချင်ပါ။ လှည့်စားသောသူများသည် မည်သည့်အခါမျှ ဆုံးရှုံးခြင်းမရှိ။ အခြားလူများထံမှ အခွင့်အကောင်းယူခြင်းအားဖြင့် အကျိုးအမြတ်ပင် ရရှိသည်။ ထို့ကြောင့် ကျွန်ုပ်သည် လှည့်စားသူသာ ဖြစ်လိုသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အတွင်းရေးကိစ္စကို အခြားလူများအား သိစေဖို့၊ အခြားလူများအား ကျွန်ုပ်ကို သဘောပေါက်စေဖို့၊ နားလည်စေဖို့ မလိုလားပေ။ ကျွန်ုပ်၏ ကံကြမ္မာသည် ကျွန်ုပ်၏ ကိုယ်ပိုင်လက်ထဲတွင် ရှိသင့်သည်” ဟူ၍ ပြောကြသည်။ ရသည်။ ဤသို့ဆိုလျှင် စမ်းကြည့်လော့။ အဆုံးတွင် မည်သို့သော အဆုံးသတ်မျိုးကို သင်ရောက်ရှိသည်ကို ကြည့်လော့။ အဆုံးတွင် မည်သူက ငရဲကျပြီး မည်သူက အပြစ်ဒဏ်ခံရသည်ကို ကြည့်လော့။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားတတ်သော စိတ်သဘောထားများကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားကလည်း ထိုသို့ဖြစ်သည့်အတွက် ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်ုပ်တို့၏ ပြုမူနေထိုင်မှုစည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ ကျွန်ုပ်တို့၏ မုသားအားလုံးကို စွန့်ပစ်ပြီး ရိုးသားသူများဖြစ်လာရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာမဲ့များကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသရေဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး စွန့်ပစ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ ဒုက္ခပေးသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ကျဆင်းသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမှုအရာများသည် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားတတ်သောအရာများ လုပ်ဆောင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး စွန့်ပစ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ အယောင်ဆောင်ပြီး ဟန်လုပ်ရန်အတွက်ပရိယာယ်သုံးပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရဖို့ အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်ဖြားသောသူတို့သည် နောက်ဆုံးတွင် ပစ်ပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင့်ကိုယ်သင် ချပြခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
လူတို့အား ရိုးသားရန် တောင်းဆိုသည့် ဘုရားသခင်၏ တောင်းဆိုချက်ထက် မည်သည့်အရာမျှ ပို၍ အရေးမပါပေ။ ဘုရားသခင်သည် လူတို့အား သူ၏ ရှေ့တွင် အသက်ရှင်ရန်၊ သူ၏ စိစစ်မှုကို လက်ခံရန်၊ အလင်းထဲတွင် အသက်ရှင်ရန် တောင်းဆိုနေသည်။ ရိုးသားသူများသာ စစ်မှန်သော လူသားမျိုးနွယ်ဝင်များ ဖြစ်သည်။ မရိုးသားသောသူများသည် သားရဲတိရစ္ဆာန်များဖြစ်သည်။ လူသား၏ အဝတ်အစားဖြင့် သွားလာနေကြသော တိရစ္ဆာန်များဖြစ်သည်။ လူသားများမဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လိုက်စားရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူရမည်။ သင်သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်သွားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်သောအခါ ထိုအခါမှသာ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်လိမ့်မည်။ မသိနားမလည်သော၊ မိုက်မဲသော၊ မာယာကင်းသောသူများသည် လုံးဝ ရိုးသားသူများမဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆိုခြင်းအားဖြင့်၊ သူသည် လူတို့အား သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရန်၊ ၎င်းတို့၏ လှည့်စားခြင်းနှင့် အယောင်ဆောင်ခြင်းကို ဖယ်ရှားရန်၊ အခြားလူများကို လိမ်ညာခြင်း၊ လှည့်စားခြင်းမပြုရန်၊ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာဖြင့် ထမ်းဆောင်ရန်နှင့် သူ့အား အမှန်တကယ် ချစ်ပြီး ကျိုးနွံနာခံနိုင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များသည်သာ ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်သည်။ လူတို့အား ခရစ်တော်၏ စစ်သားကောင်းများဖြစ်ရန် ဘုရားသခင်က တောင်းဆိုသည်။ ခရစ်တော်၏ စစ်သားကောင်းများဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုဖြင့် ပြင်ဆင်ထားပြီး ခရစ်တော်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိရမည်။ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ရမည်။ စာတန်နှင့် စစ်ပွဲဆင်နွှဲရန် သမ္မာတရားကို အသုံးပြုနိုင်ရမည်။ အရာခပ်သိမ်းတွင် ဘုရားသခင်ဘက်မှ ရပ်တည်ရမည်။ သက်သေခံရမည်။ သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ရမည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် အံ့ဖွယ်ကောင်းသော အောင်မြင်မှုများကို ရယူနိုင်ရမည်။ ဤသည်မှာ ခရစ်တော်၏ စစ်သားကောင်းများဖြစ်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ခရစ်တော်၏ စစ်သားကောင်းများမှာ အောင်မြင်သူများဖြစ်သည်။ စာတန်ကို အောင်မြင်သူများဖြစ်သည်။ ဘုရားသခင်က လူတို့အား ရိုးသားရန်၊ လှည့်စားခြင်းမပြုရန် တောင်းဆိုရာတွင် သူသည် လူတို့အား ငတုံးငအများဖြစ်ရန် တောင်းဆိုခြင်းမဟုတ်ဘဲ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိပြီး ဘုရားသခင်အပေါ် ဘုန်းအသရေကို ယူဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိနိုင်သည့်အရာဖြစ်သည်။ ဤသည်မှာ မိမိ၏ အပြုအမူ ပြောင်းလဲခြင်းမဟုတ်။ ပို၍စကားပြောဆိုခြင်း၊ သို့မဟုတ် လျော့၍ စကားပြောဆိုခြင်းနှင့် မသက်ဆိုင်သကဲ့သို့ ပြုမူဆောင်ရွက်သည့်ပုံစံနှင့်လည်း မသက်ဆိုင်ပေ။ ထိုထက် မိမိ၏ ပြောဆိုပြုမူမှုများနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ မိမိ၏ အတွေးများ၊ အယူအဆများ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြမှုနှင့် လည်းကောင်း၊ မှားယွင်းခြင်းနှင့်လည်းကောင်း သက်ဆိုင်သောအရာမှန်သမျှသည် အရင်းအမြစ်မှနေ၍ ပြောင်းလဲရမည်။ ဤသို့အားဖြင့် သမ္မာတရားနှင့် ကိုက်ညီမည်ဖြစ်သည်။ စိတ်သဘောထားပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိဖို့ဆိုလျှင် စာတန်၏ စိတ်သဘောထား အနှစ်သာရကို ရိပ်စားနိုင်ရမည်။ သင်သည် လှည့်စားသော စိတ်သဘောထား၏ အနှစ်သာရကို ရိပ်စားနိုင်လျှင်၊ ယင်းသည် စာတန်၏ စိတ်သဘောထားဖြစ်ပြီး နတ်ဆိုး၏ စရိုက်ဖြစ်သည်ကို မြင်နိုင်လျှင်၊ စာတန်ကို မုန်းတီးပြီး နတ်ဆိုးကို စွန့်ပစ်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင့်အတွင်းတွင် လှည့်စားသော အခြေအနေရှိသည်ကို သင်မသိလျှင်၊ လှည့်စားသော စိတ်သဘောထား ထုတ်ဖော်ပြမှုများကို သင် သတိပြုမိလျှင်၊ ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို သင် သိလိမ့်မည်မဟုတ်ပေ။ သင်၏ လှည့်စားသောစိတ်သဘောထားကို ပြောင်းလဲရန် ခက်ခဲလိမ့်မည်။ သင်သည် သင့်ထဲတွင် မည်သည့်အရာများ ထုတ်ဖော်ပြသည်၊ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာဖြစ်သည်တို့ကို ဦးစွာ သိမြင်ရမည်။ သင် ထုတ်ဖော်ပြသောအရာများသည် လှည့်စားသော စိတ်သဘောထားနှင့်သက်ဆိုင်လျှင် သင်၏ စိတ်နှလုံးမှ ယင်းကို မုန်းလိမ့်မည်လော။ သင် မုန်းလျှင်၊ မည်သို့ပြောင်းလဲသင့်သနည်း။ သင်၏ ရည်ရွယ်ချက်များကို သင် ပြုပြင်ပြီး သင်၏ အမြင်များကို အမှန်ပြင်ရမည်။ သင်၏ ပြဿနာများကို ဖြေရှင်းရန်အတွက် ဤကိစ္စနှင့်ပတ်သက်ပြီး သမ္မာတရားကို သင် ဦးစွာ ရှာဖွေရမည်။ ဘုရားသခင်တောင်းဆိုသည့်အရာကို ရရှိပြီး သူ့ကို ကျေနပ်စေရန် ကြိုးပမ်းရမည်။ ဘုရားသခင်၊ သို့မဟုတ် အခြားလူများနှင့် အနည်းငယ်မိုက်မဲသော၊ မသိနားမလည်သောသူများကိုပင် လှည့်စားဖို့ မကြိုးစားသောသူတစ်ယောက် ဖြစ်လာရမည်။ မိုက်မဲပြီး မသိနားမလည်သော သူတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားခြင်းသည် အလွန်ပင် အကျင့်ပျက်ပေသည်။ ဤသို့လုပ်ဆောင်ခြင်းသည် သင့်အား နတ်ဆိုးဖြစ်စေသည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ရန်အတွက် မည်သူ့ကိုမဆို လှည့်စားခြင်း၊ လိမ်ညာခြင်းမပြုရပေ။ သို့ရာတွင် နတ်ဆိုးများနှင့် စာတန်ကိုမူ သင်၏ စကားများကို ဉာဏ်ရှိရှိဖြင့် ရွေးချယ်ရမည်။ မရွေးချယ်လျှင်၊ သင်သည် ၎င်းတို့၏ အရူးလုပ်ခြင်းကို ခံရပြီး ဘုရားသခင်အား အရှက်ရစေဖို့ ဖြစ်နိုင်ခြေရှိသည်။ သင်၏ စကားများကို ဉာဏ်ရှိစွာ ရွေးချယ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စာတန်ကို အောင်မြင်ပြီး အရှက်ရစေနိုင်လိမ့်မည်။ မသိနားမလည်သောလူများ၊ မိုက်မဲပြီး၊ ခေါင်းမာသောသူများသည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်က အထင်အမြင်မှားစေခြင်း၊ ဆော့ကစားခြင်း၊ နင်းခြေခြင်းကိုသာ ခံရနိုင်ပြီး အဆုံးတွင် ဝါးမျိုခြင်းကို ခံရနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
လူတို့သည် လှည့်စားတတ်သော စိတ်သဘောထားများရှိကြ၏။ ၎င်းတို့သည် အမြဲ လိမ်ညာကာ လှည့်စားနေကြသည်။ ယင်းကို သင် သဘောပေါက်ပါက သင်၏ လှည့်စားတတ်ခြင်းကို ဖြေရှင်းရန် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမှာ ရိုးသားသော လူတစ်ဦးဖြစ်ရန်၊ အမှန်တရားကို ပြောပြီး ရိုးသားသော အရာများကို လုပ်ဆောင်ရန် ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဟူ၍ဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန် အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများကို လိုက်လျှောက်သင့်သည်။ ဤရိုးရှင်းသော လက်တွေ့လုပ်ဆောင်မှုသည် အထိရောက်ဆုံးဖြစ်သည်။ နားလည်ရန်နှင့် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူ၏။ သို့ရာတွင် လူတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြသောကြောင့်၊ ၎င်းတို့အားလုံး ဆိုးယုတ်သော သဘာဝများရှိကြပြီး ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေကြသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် အတော်လေး ခက်ခဲသည်။ ၎င်းတို့သည် ရိုးသားချင်ကြသော်လည်း မရိုးသားနိုင်ကြချေ။ အလိမ်အညာများပြောပြီး လှည့်စားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲမနေနိုင်ကြသကဲ့သို့ ဤအရာကို သတိပြုပြီးနောက်တွင် နောင်တရကောင်း ရနိုင်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်မှုများကို ၎င်းတို့ မစွန့်ပစ်နိုင်ကြသေးသကဲ့သို့ ယခင်ကဲ့သို့ ဆက်လက် လိမ်ညာကာ လှည့်စားနေကြလိမ့်မည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ယင်း၏ တစ်စိတ်တစ်ပိုင်းမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရမှာ အကျည်းတန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကြောင်း သိရှိခြင်းနှင့် ယင်းကို မိမိစိတ်နှလုံးမှ မုန်းတီးနိုင်ခြင်း ဖြစ်သည်။ နောက်တစ်ပိုင်းမှာ သမ္မာတရား စည်းမျဉ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် လေ့ကျင့်ခြင်း ဖြစ်သည်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဤစည်းမျဉ်းကို သင် လက်တွေ့လုပ်ဆောင်နေသည့်အချိန်တွင် သင်သည် သင်၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းခြင်း ဖြစ်စဉ်တွင် ရှိနေသည်။ သင်၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းနေစဉ်တွင် သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပင်ကိုအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက ယင်းသည် မိမိကိုယ်ကိုယ် ပြောင်းလဲခြင်း၏ သရုပ်သကန်တစ်ခုနှင့် သင်၏ စစ်မှန်သော နောင်တတရား အစပြုခြင်း ဖြစ်ကာ ဘုရားသခင်က ထိုအရာကို လက်ခံပေသည်။ ဤသည်မှာ သင်သည် မိမိကိုယ်ကိုယ် ပြောင်းလဲစေသည့်အခါ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူ၏ စိတ်ကို ပြောင်းလဲလိမ့်မည်ဟု ဆိုလိုသည်။ အမှန်တွင် ဤအရာကို ဘုရားသခင် လုပ်ဆောင်ခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်မှုအတွက် ခွင့်လွှတ်ခြင်း အမျိုးအစားတစ်ခု ဖြစ်သည်။ သူသည် လူတို့ကို ခွင့်လွှတ်ပြီး ၎င်းတို့၏ အပြစ်များ၊ သို့မဟုတ် ပြစ်မှားမှုများကို မအောက်မေ့ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)
မိမိ၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းလိုပါက ရိုးသားသူဖြစ်ရန် လက်တွေ့ကျင့်သုံးခြင်းဖြင့် စတင်ရပါမည်။ အဆုံးစွန်အားဖြင့် ရိုးသားသူဖြစ်လာရန် လေ့ကျင့်ဖို့ အရိုးရှင်းဆုံးနည်းလမ်းမှာ အရှိအတိုင်း ပြောဆိုခြင်း၊ ရိုးသားသော စကားများကိုပြောခြင်းနှင့် အဖြစ်မှန်အတိုင်းပြောခြင်းပင် ဖြစ်သည်။ သခင်ယေရှု မိန့်တော်မူသည်အတိုင်း၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) ရိုးသားသူတစ်ယောက်ဖြစ်ရန် ဤစည်းမျဉ်းအတိုင်း လေ့ကျင့်ရန် လိုအပ်သည်။ ဤသို့ နှစ်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သင်တို့သည် ရလဒ်များကို သေချာပေါက် မြင်တွေ့ရမည် ဖြစ်သည်။ ရိုးသားသောလူဖြစ်အောင် ယခု သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်မည်နည်း။ (ကျွန်ုပ်ပြောသည့်အရာကို မကောင်းသောအရာများဖြင့် ရောနှောခြင်းမရှိပါ။ အခြားသူများကို မလှည့်စားပါ။) “မကောင်းသောအရာများဖြင့် ရောနှောခြင်းမရှိ” ဟူသည် ဘာကိုဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်ပြောသော စကားများတွင် အလိမ်အညာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများ ဘာတစ်ခုမျှ မပါဝင်သည်ကို ဆိုလိုသည်။ လှည့်ဖြားမှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သင့်စိတ်နှလုံးအတွင်း သိုလှောင်ထားလျှင် မုသားစကားများသည် သင့်ထံမှ သဘာဝအတိုင်း ပေါက်ဖွားလာမည်ဖြစ်သည်။ သင့်တွင် လှည့်ဖြားမှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ သို့မဟုတ် သင့်စိတ်နှလုံးအတွင်း စေ့ဆော်မှုများ မရှိပါက သင်ပြောသောစကားသည် အညစ်အကြေးကင်းပြီး မုသားများ ပါမည်မဟုတ်။ ဤနည်းဖြင့် သင်၏ ဆက်ဆံရေးတွင် “ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်” ဖြစ်မည်။ အရေးကြီးဆုံးမှာ မိမိ၏စိတ်နှလုံးကို ဦးစွာ သန့်စင်စေဖို့ဖြစ်သည်။ စိတ်နှလုံးကို သန့်စင်ပြီးသည်နှင့် မိမိ၏ မာနထောင်လွှားမှုနှင့် လှည့်ဖြားတတ်ခြင်းက ပြေလည်သွားလိမ့်မည်။ လူတစ်ဦးသည် ရိုးသားသူတစ်ဦးဖြစ်ရန် ဤကဲ့သို့သော မကောင်းသောအရာများ ရောနှောခြင်းများကို ဖြေရှင်းရမည်။ ထိုသို့ပြုပြီးသောအခါ ရိုးသားသောလူဖြစ်လာဖို့ လွယ်ကူလိမ့်မည်။ ရိုးသားသူတစ်ဦးဖြစ်ရန် ရှုပ်ထွေးသလော။ မရှုပ်ထွေးပေ။ သင်၏ အတွင်းစိတ်အခြေအနေသည် မည်သို့ပင် ရှိစေကာမူ သို့မဟုတ် သင့်တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိနိုင်ပါစေ သင်သည် ရိုးသားသူဖြစ်ခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးသင့်သည်။ သင်သည် လိမ်ညာပြောဆိုခြင်းပြဿနာကို ဦးစွာဖြေရှင်းရမည်။ ဤအရာက အရေးကြီးဆုံးပင်။ ရှေးဦးစွာ စကားပြောရာတွင် စိတ်ထဲ၌ရှိသောအရာကို ပြောဆိုခြင်း၊ မှန်သောစကားများကို ပြောဆိုခြင်း၊ အရှိအရှိအတိုင်း ပြောဆိုခြင်းကို လက်တွေ့ကျင့်သုံးသင့်ပြီး မုသားပြောခြင်းကို လုံးဝ ရှောင်ကြဉ်သင့်သည်။ မကောင်းသောအရာများရောနှောသည့်စကားများကို ပြောပင် မပြောသင့်ဘဲ တစ်နေ့တာလုံး သင်ပြောသမျှသည် မှန်ကန်ပြီး ရိုးသားကြောင်း သေချာစေသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနေပြီး ရိုးသားသူဖြစ်ရန် လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ မုသားများ သို့မဟုတ် မကောင်းသောအရာများရောနှောသည့်စကားများ သင့်ထံမှ ထွက်လာသည်ကို သင်တွေ့ရှိပါက သင့်ကိုယ်သင် ချက်ချင်းဆင်ခြင်သုံးသပ်ပြီး သင်လိမ်ညာရသည့် အကြောင်းရင်းနှင့် သင့်အားလိမ်ညာရန် စေခိုင်းသည့်အကြောင်းများကို ခွဲခြမ်းစိတ်ဖြာပြီး အသိရှိခြင်းကို ရယူလော့။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ဤဖုံးကွယ်နေသော၊ ပဓာနကျသော ပြဿနာကို စိစစ်လော့။ သင့်လိမ်ညာမှုများ၏ မူလဇာစ်မြစ်ကို ရှင်းလင်းစွာ သိပြီးသည်နှင့် သင်၏အပြောအဆိုနှင့် လုပ်ရပ်များတွင် ဤစာတန်ဆန်သောစိတ်သဘောထားကို ဆန့်ကျင်ပုန်ကန်နိုင်မည် ဖြစ်သည်။ အလားတူအခြေအနေများနှင့် ရင်ဆိုင်ရသောအခါတွင် သင်သည် လိမ်ညာခြင်းကို မကျင့်သုံးတော့ဘဲ အဖြစ်မှန်အတိုင်း ပြောဆိုနိုင်မည်ဖြစ်ပြီး လှည့်စားပြောဆိုမှုများတွင် ပါဝင်တော့မည်မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏စိတ်ဝိညာဉ်သည် အချုပ်အချယ်ကင်းပြီး လွတ်မြောက်မည်ဖြစ်ကာ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်နိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်လျှင် သင်သည် အလင်းထဲ၌ အသက်ရှင်နေခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း
ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျှင် သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ ကိုယ်ကျင့်စရိုက်မြင့်မားခြင်း ရှိကြောင်း အမြဲအယောင်ဆောင်လျှင်၊ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံလျှင်၊ လူတို့က သင်သည် တည်ကြည်မှုရှိသည်၊ ကြီးမြတ်သည်၊ မိမိကိုယ်ကို ငြင်းပယ်သည်၊ တရားမျှတသည်၊ အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြလျှင် ဤသည်မှာ လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်း မဟုတ်လော။ အချိန်ကြာလျှင် လူတို့သည် သင့်ကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် အယောင်ဆောင်ခြင်း မပြုနှင့်၊ သို့မဟုတ် သင့်ကိုယ်သင် မဖုံးကွယ်နှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်လျှင်၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာနှစ်မျိုးလုံးပါဝင်သော သင်၏အတွေးများနှင့် အစီအစဉ်များအားလုံးကို ဖွင့်ချပြနိုင်လျှင် ဤသည်မှာ ရိုးသားမှုမဟုတ်သလော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟလျှင် ငါ့ရှေ့တွင် သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ သို့သော် အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မြင့်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် သင့်အား မည်သို့ ထင်မည်နည်း။ မည်သည့်အရာကို ပြောဆိုလိမ့်မည်နည်း။ သူက၊ “သင်သည်လုံးလုံးလျားလျားပင်လှည့်စားသူတစ်ယောက်ဖြစ်သည်။ သင်သည် လုံးလုံးလျားလျားပင် သူတော်ကောင်း ဟန်ဆောင်ပြီး ယုတ်မာ၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်” ဟု ဆိုလိမ့်မည်။ ထို့ကြောင့် ဘုရားက သင့်အား စီရင်လိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက သင်သည် ဘုရားသခင်ရှေ့၌ဖြစ်စေ၊ အခြားသူတို့၏ရှေ့၌ဖြစ်စေ သင့်စိတ်အတွင်းရှိသော အခြေအနေနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းက လေ့ကျင့်ခြင်း အချိန်ကာလတစ်ခုအပြင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့လည်း လိုအပ်ပေသည်။ သင်သည် အရာခပ်သိမ်းတွင် စိတ်နှလုံးထဲမှနေ၍ ရိုးရှင်းစွာ၊ ပွင့်လင်းစွာပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးဖြင့် သင် တိုးတက်နိုင်ပေသည်။ သင်သည် အကြီးစား အခက်အခဲကို ကြုံတွေ့လျှင် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏စိတ်နှလုံးထဲတွင်တွန်းလှန်တိုက်ခိုက်ပြီး ဇာတိပကတိကို အောင်မြင်ဖို့ လိုအပ်သည်။ ထိုသို့သင့်ကိုယ်သင် လေ့ကျင့်ရာတွင် နည်းနည်းချင်းဆိုသလို သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ဖွင့်ဟလာမည်။ သင်သည် ပို၍ပို၍သန့်စင်လာမည်ဖြစ်ကာသင်၏ အပြောနှင့် အလုပ်၏ သက်ရောက်မှုများသည် ယခင်ကထက် ကွာခြားလိမ့်မည်။ သင်၏အလိမ်အညာများနှင့် လှည့်စားမှုများသည် ပို၍ နည်းပါးလာမည်ဖြစ်ကာ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် အသက်ရှင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
ဆက်စပ်မှုရှိသော ဇာတ်ကားတစ်ခု
ကျွန်ုပ် လူကောင်းတစ်ယောက်ပါ
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကျွန်ုပ်၏ ကောက်ကျစ်မှုနှင့် လိမ်လည်လှည့်ဖြားမှုကို ဖြေရှင်းပုံ
သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား
အမှားများကို ဝန်ခံရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း
နောက်ဆုံးတွင် ကျွန်ုပ်၏ ဉာဏ်နီဉာဏ်နက်ကို မြင်ရခြင်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားအပေါ် သံသယဝင်ပြီး ရမ်းဆပါက သူတို့သည် အလှည့်ဖြားတတ်ဆုံးသူများဖြစ်၏
ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ၀မ်းမြောက်ခြင်း