၁၇။ ဟန်ဆောင်ခြင်းနှင့် အယောင်ဆောင်ခြင်း ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဖောက်ပြန်ပျက်စီးသော လူသားများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် ကျွမ်းကျင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သည်ဖြစ်စေ မိမိတို့ကိုယ်ကို အစဉ် ဟန်ဆောင်ကြသည်။ တစ်စုံတစ်ခုမှားယွင်းလျှင်၊ သို့မဟုတ် ၎င်းတို့သည် တစ်ခုခုကို မှားယွင်းစွာ လုပ်ဆောင်လျှင် အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချချင်သည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် အသိအမှတ်ပြုခံရခြင်းကို ၎င်းတို့ကိုယ်တိုင်အတွက် ရချင်သည်။ မကောင်းသောအရာများအတွက် အပြစ်ကို သူတစ်ပါးတို့ထံသို့ ရောက်စေချင်သည်။ လက်တွေ့ဘဝတွင် ဤသို့ဖြစ်သော ဟန်ဆောင်မှုများစွာမရှိသလော။ အလွန်ပင်များလွန်းသည်။ အမှားပြုလုပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်စားမှုတို့ ပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း စက်ဆုပ်ရွံရှာသည်။ အမှန်တကယ်တွင် သင်က သင့်ကိုယ်သင် အယောင်ဆောင်သောအခါ လူတိုင်းက မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားလည်သည်။ သို့သော် သူတစ်ပါးတို့က မမြင်ဟု သင်က ထင်သည်။ သင်သည် သိက္ခာဆည်ပြီး သင်သည် လုံးဝ အမှားမလုပ်ခဲ့ဟု လူတိုင်းကို ထင်စေရန် အားထုတ်သည့်အနေဖြင့် ငြင်းခုံပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားသည်။ ဤသည်မှာ မမိုက်မဲသလော။ ဤအရာကို သူတစ်ပါးတို့က မည်သို့ ထင်သနည်း။ မည်သို့ ခံစားရသနည်း။ စိတ်ကုန်ပြီး စက်ဆုပ်ရွံရှာကြသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး စိစစ်နိုင်လျှင် သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှတစ်ဆင့် သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည် မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ တွေ့ကြုံရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့် အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် သရုပ်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ ကပြက်ကချော် ဖျော်ဖြေတင်ဆက်ခြင်း၏ အသွင်မျိုး ဖြစ်သည်။ ဤသည်မှာ မရူးနှမ်းသလော။ ယင်းမှာ အမှန်တကယ် ရူးနှမ်းပေသည်။ ရူးနှမ်းသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေသနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားပြီး ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြကာ၊ ၎င်းတို့သည် အမြဲပင် ဘဝင်မြင့်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။ အရူးများသည် ဝိညာဉ်ရေးရာနားလည်မှု မရှိသည်မဟုတ်လော။ သင်ရူးနှမ်းပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင် အလွယ်တကူနားမလည်နိုင်သော အရေးကိစ္စများ ဖြစ်လေသည်။ ဤသည်မှာ ထိုကိစ္စ၏ လက်တွေ့အရှိတရားပင် ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ

လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ စာတန်ဆန်သော အစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အနှစ်သာရနှင့် စရိုက်မှန်တို့ကို မမြင်အောင် ထိုသူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သတိပြုမိရန် အခက်ခဲဆုံးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို သတိပြုမိခြင်းသည် လွယ်ကူသော်လည်း သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိခြင်းက မလွယ်ကူချေ။ မိမိတို့ကိုယ်ကို မသိကြသောလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများအကြောင်း မည်သည့်အခါမျှ မပြောကြပေ။ ၎င်းတို့သည် အဆင်ပြေနေသည်ဟု အစဉ် တွေးထင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ကိုယ်တိုင်သတိမပြုမိဘဲ စတင် ကြွားလုံးထုတ်ကြသည်။ “ကျွန်ုပ်၏ယုံကြည်ခြင်း နှစ်များတစ်လျှောက်လုံး များပြားလှသော ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး များပြားလှသော ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသည်။ ယင်းတို့အားလုံးကို ကျွန်ုပ် မည်သို့အောင်မြင်ကျော်လွှားခဲ့သည်ကို သင်တို့သိကြသလော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုလော။ မိမိတို့ကိုယ်ကို ပြသခြင်း၏ နောက်ကွယ်မှ အရင်းခံအကြောင်းသည် အဘယ်နည်း။ (လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့ ဖြစ်သည်။) လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ထိုသို့သောလူများ၏ စိတ်များထဲတွင် ဂုဏ်အဆင့်အတန်း ပေးအပ်ခံရဖို့ဖြစ်သည်။) အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍ ဩဇာကြီးမားပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိခြင်း ခံစားချက်ဖြစ်သည်။ လူများက ဤအရာတွင် မွေ့လျော်ခံစားလိုကြသည်။ ဤသည်မှာ လူများက အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည့် အကြောင်းအရင်းဖြစ်ပြီး အားလုံးသည် အခြားလူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်း ပေးအပ်ခံလိုကြသည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံလိုကြသည်။ ၎င်းတို့သည် ယင်းမှ ထိုမျှပျော်ရွှင်မှုကို မရရှိနိုင်လျှင် အဆင့်အတန်းကို လိုက်စားကြမည် မဟုတ်ချေ။ ဥပမာအားဖြင့် သင်သည် လူတစ်ဦး၏ စိတ်ထဲတွင် အဆင့်အတန်း မရှိလျှင် ၎င်းတို့သည် သင့်ကို အဆင့်အတန်းတစ်ပြေးညီ ထိတွေ့ရင်ဆိုင်ကာ သင့်ကို တန်းတူကဲ့သို့ ဆက်ဆံကြမည်။ သူတို့သည် လိုအပ်သည့်အခါတွင် သင့်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးမှုရှိမည်မဟုတ်၊ သို့မဟုတ် လေးစားမည်မဟုတ်။ သင်သည် စကားပြော၍ မပြီးဆုံးသေးခင်၌ပင် ထွက်ခွာသွားကောင်း သွားနိုင်သည်။ သင် စိတ်အနှောင့်အယှက်ဖြစ်မည်လော။ လူတို့က သင့်ကို ဤသို့ဆက်ဆံသောအခါ သင်မကြိုက်ပေ။ သူတို့ သင့်ကို မြှောက်ပင့်သောအခါ၊ သင့်ကို လေးစားပြီး သင့်ကို အချိန်တိုင်း ကိုးကွယ်သောအခါ သင်သဘောကျသည်။ သင်သည် အရာအားလုံး၏ အချက်အချာဖြစ်သောအခါ၊ အရာအားလုံးက သင့်ကို ဝန်းရံပြုသောအခါ၊ ထို့ပြင် လူတိုင်းက သင့်ကို နားထောင်သောအခါ၊ သင့်ကို လေးစားပြီး သင်၏ လမ်းညွှန်မှုကို ကျိုးနွံနာခံသောအခါ ယင်းကို သင်နှစ်သက်သည်။ ဤသည်မှာ ရှင်ဘုရင်အဖြစ် စိုးစံ၍ အာဏာရလိုသော ဆန္ဒမဟုတ်လော။ သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးခြင်းခံရပြီး ယင်းအတွက် အခြားသူများနှင့် ယှဉ်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားလူများက ၎င်းတို့ကို ပြည့်စုံသည်ဟု ထင်စေရန်အတွက် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အယောင်ဆောင်နေကြသည်။ အခြားလူများရှေ့တွင် ကြွားဝါကြသည်။ ပုံပန်းသဏ္ဌာန်ဖမ်းပြီး ဟန်လုပ်ကြသည်။ မိမိတို့ကိုယ်ကို တန်ဆာဆင်ကြသည်။ ဤတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ဂုဏ်အဆင့်အတန်းရရှိရန်ဖြစ်သည်။ ဤသို့ဖြင့် ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ခံစားရနိုင်ရန်ဖြစ်သည်။ သင်သည် ဤအရာကို မယုံကြည်ပါက ယင်းကို သေချာစွာ တွေးတောဆင်ခြင်လော့။ သင်သည် အဘယ့်ကြောင့် လူများအား သင့်ကို အစဉ် အထင်ကြီးစေချင်ရသနည်း။ သင်သည် လူတို့ကို သင့်အား ကိုးကွယ်ပြီး အထင်ကြီးလေးစားစေရန် ပြုလုပ်လိုသည်။ ထို့ကြောင့် သင်သည် နောက်ဆုံးတွင် အာဏာရယူပြီး ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနိုင်သည်။ သင်အရူးအမူးရှာဖွေသည့် ဂုဏ်အဆင့်အတန်းက သင့်အား အကျိုးအမြတ်များစွာကို ယူဆောင်လာပေးမည်ဖြစ်ပြီး ဤအကျိုးအမြတ်များမှာ အခြားလူများက အားကျပြီး စိတ်ဆန္ဒရှိသည့်အရာ အတိအကျပင်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းက ပေးသည့် အကျိုးကျေးဇူးများစွာကို လူတို့က မြည်းစမ်းရသောအခါ ၎င်းတို့ကို အဆိပ်သင့်စေပြီး ထိုစည်းစိမ်ကြွယ်ဝသော ဘဝတွင် မွေ့လျော်ကြသည်။ ဤအရာသာလျှင် အချည်းနှီးမဟုတ်သော ဘဝဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားများသည် ဤအရာများအား ခံစားမွေ့လျော်ခြင်း၌ ပျော်ရွှင်ကြသည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်စုံတစ်ခုသော ရာထူးတစ်ခုကို ရရှိ၍ ယင်းက ယူဆောင်လာသည့် အမျိုးမျိုးသော အကျိုးကျေးဇူးများကို စတင်ခံစားသည်နှင့် တစ်ပြိုင်နက် သူသည် ဤအပြစ်ရှိသော သာယာမှုများကို မဆုတ်မနစ်ဖြင့် မစွန့်လွှတ်နိုင်သည်အထိပင် လိုချင်တပ်မက်ကြ၏။ အနှစ်သာရအားဖြင့် ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် ရှင်ဘုရင်အဖြစ် အုပ်စိုးရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ချုပ်ကိုင်ရန်၊ အရာခပ်သိမ်းကို အုပ်စိုးရန်နှင့် မိမိတို့၏ ရာထူးအခွင့်ထူးများဖြင့် ဇိမ်ခံကာ အပြစ်ရှိသော သာယာမှုများ၌ သူတို့ပျော်မွေ့နိုင်သည့် လွတ်လပ်သောနိုင်ငံတော်ကို တည်ထောင်ရန်အတွက် အဆင့်အတန်းတစ်ခုခုနှင့်အတူ ပါလာသည့် အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားလိုသော စိတ်ဆန္ဒက တွန်းအားပေးခြင်း ဖြစ်သည်။ စာတန်သည် လူတို့ကို လှည့်စားရန်၊ လိမ်လည်လှည့်ဖြားရန်၊ အတုအယောင် ပုံဖမ်းသရုပ်ဆောင်ခြင်းများကို ပြလျက် ၎င်းတို့ကို အရူးလုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ ၎င်းကို နာခံပြီး ကိုးကွယ်အောင်ပြုလုပ်ရန် အဆုံးစွန်ပန်းတိုင်ဖြင့် လူတို့ကို လေးစားပြီး ကြောက်ရွံ့စေရန် ခြောက်လှန့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုပင် စာတန် အသုံးပြုသည်။ ဤသည်မှာ စာတန်ကို ကျေနပ်စေသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရာတွင် စာတန်၏ ပန်းတိုင်လည်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် အခြားလူများကြားတွင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်ကြသောအခါ သင်တို့သည် မည်သည့်အရာအတွက် ယှဉ်ပြိုင်နေကြသနည်း။ အမှန်တကယ်ပင် ကျော်ကြားမှုအတွက် ဖြစ်သလော။ မဟုတ်ပေ။ စင်စစ်အားဖြင့် သင်သည် သင့်အား ကျော်ကြားမှုက ဆောင်ကြဉ်းပေးသည့် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ထိုအကျိုးကျေးဇူးများကို အမြဲခံစားချင်ပါက ၎င်းတို့အတွက် သင် ကြိုးပမ်းရမည် ဖြစ်သည်။ သို့သော် သင်သည် ထိုအကျိုးကျေးဇူးများကို တန်ဖိုးမထားဘဲ “လူတို့က ကျွန်ုပ်ကို မည်သို့ဆက်ဆံသည်မှာ အရေးမကြီးပေ။ ကျွန်ုပ်သည် သာမန်လူတစ်ယောက်ပင်။ ကျွန်ုပ်သည် ထိုသို့သော ကောင်းမွန်စွာ ဆက်ဆံခြင်းကို မခံထိုက်သကဲ့သို့ ကျွန်ုပ်သည် လူတစ်ဦးကို ကိုးကွယ်လိုစိတ်လည်း မရှိပေ။ ဘုရားသခင်သည် ကျွန်ုပ် အမှန်တကယ် ကိုးကွယ်ကြောက်ရွံ့သင့်သည့် တစ်ပါးတည်းသော ဘုရားဖြစ်သည်။ ကိုယ်တော်သာလျှင် ကျွန်ုပ်၏ဘုရားသခင်နှင့် ကျွန်ုပ်၏သခင် ဖြစ်တော်မူ၏။ တစ်စုံတစ်ယောက်သည် မည်မျှကောင်းသည်ဖြစ်စေ၊ သူ၏ အစွမ်းအစများ မည်မျှကြီးမားသည်ဖြစ်စေ၊ သူ၏ ပါရမီ မည်မျှကြီးမားသည်ဖြစ်စေ၊ သူ၏ပုံရိပ် မည်မျှ ကြီးကျယ်ခမ်းနားသည်ဖြစ်စေ၊ ပြီးပြည့်စုံသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရား မဟုတ်သောကြောင့် ကျွန်ုပ်၏ ကြည်ညိုလေးစားရာ မဟုတ်ပါ။ သူသည် ဖန်ဆင်းရှင်မဟုတ်၊ ၎င်းသည် ကယ်တင်ရှင်မဟုတ်၊ ထို့ပြင် လူသား၏ကံကြမ္မာအပေါ် စီစဉ်ညွှန်ကြားခြင်း သို့မဟုတ် အချုပ်အခြာအာဏာဖြင့် အုပ်စိုးခြင်းမပြုနိုင်ပေ။ ၎င်းသည် ကျွန်ုပ်၏ ကိုးကွယ်ရာမဟုတ်ပေ။ မည်သည့်လူသားကမျှ ကျွန်ုပ်၏ ကိုးကွယ်ခြင်းနှင့် မထိုက်တန်” ဟုဆိုလျှင် ဤသည်မှာ သမ္မာတရားအတိုင်း မဟုတ်သလော။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အခြားသူများကို မကိုးကွယ်ပါက ၎င်းတို့သည် သင့်ကို စတင်ကိုးကွယ်လာလျှင် ၎င်းတို့ကို မည်ကဲ့သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့အား ထိုသို့ပြုလုပ်ခြင်းမှ တားဆီးရန် နည်းလမ်းရှာရမည်ဖြစ်ပြီး ထိုကဲ့သို့သော စိတ်နေစိတ်ထားမှ လွတ်မြောက်အောင် ကူညီပေးရမည်။ သင်သည် သင်၏သရုပ်အမှန်ကို ပြသရန် နည်းလမ်းရှာရမည် ဖြစ်ပြီး သင်၏အကျည်းတန်မှုနှင့် စစ်မှန်သော သဘာဝဗီဇကို ၎င်းတို့ကို မြင်ခွင့်ပေးရမည်။ သော့ချက်မှာ သင်၏အစွမ်းအစများ မည်မျှကောင်းသည်ဖြစ်စေ၊ မည်မျှပညာများစွာ တတ်မြောက်သည်ဖြစ်စေ၊ သင်မည်မျှနှံ့စပ်သည်ဖြစ်စေ၊ ဉာဏ်ရည်ထက်မြက်သည်ဖြစ်စေ သင်သည် သာမန်လူတစ်ဦးမျှသာ ဖြစ်နေသေးကြောင်း လူတို့ကို နားလည်စေရန်ဖြစ်သည်။ သင်သည် မည်သူ့အတွက်မျှ ကြည်ညိုစရာ သို့မဟုတ် ကိုးကွယ်စရာ မဟုတ်ပေ။ ပထမဆုံးအနေဖြင့် သင်သည် သင့်ရာထူးနေရာတွင် ခိုင်မာစွာရပ်တည်ရမည်၊ ထို့ပြင် အမှားလုပ်မိပြီးနောက် သို့မဟုတ် သင့်ကိုယ်သင် အရှက်ရစေပြီးနောက် နောက်ဆုတ်မသွားရပေ။ အမှားလုပ်မိပြီးနောက် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေပြီးနောက် သင်သည် ယင်းကို အသိအမှတ်ပြုဖို့ ပျက်ကွက်သည်သာမက ဖုံးကွယ်ရန် သို့မဟုတ် အပေါ်ယံရွှေမှုန်ကြဲရန်အတွက်လည်း လှည့်စားမှုကို အသုံးပြုပါက သင်သည် သင့်အမှားကို ပိုဆိုးစေပြီး ကိုယ့်ကိုယ်ကိုယ် ပို၍ အကျည်းတန်ပုံပေါက်စေခြင်း ဖြစ်သည်။ သင်၏ရည်မှန်းချက်က ပို၍ပင် ပေါ်လွင်လာပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ

လူတို့ကိုယ်တိုင်သည် ဖန်ဆင်းခံများ ဖြစ်၏။ ဖန်ဆင်းခံများသည် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းအား စွမ်းဆောင်ရရှိနိုင်သလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော် လူသားများထဲတွင် ဖောက်ပြန်ပျက်စီး စိတ်သဘောထားများနှင့် ဆိုးရွားသော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက် သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားကြရသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ပြီးလျှင် ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ အာဏာကြီးသည့် သို့မဟုတ် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က “မကြာမီ ပြီးမည်၊ မကြာမီပြီးမည်” ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ “မရသေးဘူး။ ငါ ဘာမျှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ လျှို့ဝှက်ချက်ကို ငါ ပြောလိုက်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များနှင့် မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်” ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် အသိစိတ်အားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် ပုံမှန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။ မည်သည့်အရာမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်တိုင် မိမိတို့ စိတ်နှလုံးတွင် နားလည်ကြသည်ဟု အခိုင်အမာဆိုကြသေးသည့် သူအချို့ရှိ၏။ သင်သည် ထိုအရာကို ရှင်းပြရန် ၎င်းတို့အား စေခိုင်းသည့်အခါ ၎င်းတို့ မရှင်းပြနိုင်ကြချေ။ အခြားတစ်စုံတစ်ဦးက ရှင်းပြပြီးသည့်နောက်တွင် အလားတူသောအရာကို ၎င်းတို့ ပြောတော့မည့်ဆဲဆဲ ဖြစ်သော်လည်း အချိန်မီ မဖွင့်ဟနိုင်ခဲ့ဟု အခိုင်အမာ ဆိုကြလေသည်။ မိမိတို့ကိုယ်ကို ဟန်ဆောင်ရန် ၎င်းတို့ တတ်နိုင်သမျှလုပ်ဆောင်ပြီး အကောင်းမြင်ခံရရန် ကြိုးစားကြသည်။ သင်တို့ အဘယ်သို့ သဘောရကြသနည်း၊ ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကို အဘယ်သူများ ဖြစ်ကြသည်ကို မသိကြသလို ပုံမှန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ သင်၏နေ့ရက်များကို စိတ်ကူးယဉ်ခြင်းဖြင့် အချိန်ဖြုန်းကာ အိုးနင်းခွက်နင်းဖြင့် ပြီးသွားလျက်၊ မည်သည့်အရာကိုမျှ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်ဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် အစဉ်သဖြင့် အသက်ရှင်နေထိုင်လျှင် ဤသည်မှာ ပြဿနာဖြစ်လေသည်။ အသက်တာတွင် သင် ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပေ။ ဤအရာကို သင်ပြုလုပ်လျှင် ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်။ သင့်ကို ရိုးသားစွာပြောရလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်၊ အဘယ်ကြောင့်ဆိုသော်၊ သင် အစပြုသောနေရာသည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် မည်သို့လက်တွေ့ကျကျ ကျင့်ကြံရမည်ကိုလည်းကောင်း၊ တစ်လှမ်းချင်း မည်သို့ဖြေးဖြေးမှန်မှန် လျှောက်လှမ်းရမည်ကိုလည်းကောင်း သင်ယူရမည်။ သင်လမ်းလျှောက်နိုင်လျှင် လျှောက်လော့။ မည်သို့ ပြေးရမည်ကို သင်ယူဖို့ မကြိုးစားနှင့်။ တစ်ကြိမ်တွင် ခြေတစ်လှမ်းချင်း သင်လျှောက်နိုင်လျှင် တစ်ကြိမ်တွင် ခြေနှစ်လှမ်းလှမ်းဖို့ မကြိုးစားနှင့်။ သင်သည် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် ကျင့်ကြံပြုမူရမည်။ မဟာလူသား၊ ကြီးမြတ်သူ သို့မဟုတ် မြင့်မြတ်သူဖြစ်ဖို့ရန် မကြိုးစားနှင့်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်

ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်ကာ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွယ်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိလျှင် သမ္မာတရားကို အမှန်တကယ် နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားလုံးများသည် မည်မျှနားဝင်ချိုပါစေ ဤစကားလုံးများသည် သမ္မာတရား စစ်မှန်မှုမဟုတ်ဘဲ စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ လူအချို့သည် စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့၏ စကားများနှင့် အယူဝါဒများကို ရွတ်ဆိုခြင်းသည် အစဉ်ပို၍ တိုးတက်လာပြီး ၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကြသည်၊ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကို အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက် ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ဤသည်မှာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ပြောဆိုသောအရာများသာဖြစ်သည်။ လူတို့၏ အယူအဆများနှင့် ကိုက်ညီသော မှန်သယောင်ထင်ရသော်လည်း မှားယွင်းနေသော အရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုတစ်ခုမျှ မရှိပေ။ ပြီးလျှင် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ညီသော ဤအရာများကို ဟောပြောခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများစွာကို အထင်အမြင်မှားစေကြသည်။ အခြားလူများအဖို့ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင် ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့် ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်း ဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများ ဖြစ်ကြသည်။ ဤဖာရိရှဲများသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့သည် ဘာသာတရားမရှိသူများကြားမှ ပေါ်ထွက်လာသလော။ မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ယုံကြည်သူများကြားမှ ပေါ်ထွက်လာကြသည်။ ဤလူများသည် အဘယ်ကြောင့် ဖာရိရှဲများဖြစ်လာကြသနည်း။ တစ်ယောက်ယောက်က ၎င်းတို့ကို ဤသို့ဖြစ်အောင် ပြုလုပ်သလော။ သိသိသာသာပင် ထိုသို့မဟုတ်ပေ။ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ ဤသို့ပင်ဖြစ်သောကြောင့်ဖြစ်ပြီး ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် တရားဟောပြီး အသင်းတော်မှ အမြတ်ထုတ်ရန်အတွက် တန်ဆာပလာတစ်ခုအနေဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှင့် နှုတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ပြင်ဆင်သည်။ ဝိညာဉ်ရေးဆိုင်ရာ သဘောတရား အတုအယောင်များကို ဟောကြားသည်။ မိမိတို့ကိုယ်ကို သန့်ရှင်းသူအဖြစ် ပြရုပ်တင်သည်။ ထို့နောက် အသင်းတော်မှ အမြတ်ထုတ်ရန် ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ဤအရာကို အရင်းအနှီးအဖြစ် အသုံးပြုသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ ဟောကြားသည်။ သို့တိုင်အောင် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆက်လက်ဟောပြောသောသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ ဤသူတို့သည် သူတော်ကောင်း ယောင်ဆောင်သော ဖာရိရှဲများ ဖြစ်ကြပေသည်။ ၎င်တို့၏ နုံချာသည့်၊ ကောင်းသောအပြုအမူနှင့် ကောင်းသောလုပ်ဆောင်မှုဟု ခေါ်ဆိုသောအရာနှင့် ကောင်းသောနည်းလမ်းအနည်းငယ်၊ ၎င်းတို့စွန့်လွှတ်ပြီး အသုံးခံခဲ့သည့် အနည်းငယ်သောအရာတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ၏ ဘောင်ခတ်ခြင်းနှင့် ပြရုပ်တင်ခြင်းမှတစ်ဆင့် ပြီးမြောက်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်များသည် လုံးဝ အတုအယောင်ဖြစ်ပြီး အားလုံးက ဟန်ဆောင်မှု ဖြစ်သည်။ ဤလုပ်ရပ်များအားလုံးသည် အယောင်ဆောင်ဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းအနည်းငယ်မျှပင် မရှိသကဲ့သို့ ဘုရားသခင်ပေါ် စစ်မှန်သည့်ယုံကြည်ခြင်း တစ်ခုတလေမျှ မရှိပေ။ ထို့အပြင် ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဤလမ်းမျိုးကို လျှောက်ကြလိမ့်မည်။ ဖာရိရှဲများဖြစ်လာလိမ့်မည်။ ဤသည်မှာ ကြောက်စရာမကောင်းသလော။ ဖာရိရှဲများစုဝေးသော ဘာသာရေး နေရာသည် ဈေးတစ်ခုဖြစ်လာသည်။ ဘုရားသခင်၏ အမြင်တွင် ယင်းက ဘာသာတရားဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အသင်းတော် မဟုတ်သကဲ့သို့ သူဝတ်ပြုကိုးကွယ်ခြင်း ခံရသည့် နေရာလည်း မဟုတ်ပေ။ ထို့ကြောင့် လူများက သမ္မာတရားကို မလိုက်စားသည့်အခါ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်ပတ်သက်သည့် စကားလုံးများသက်သက်နှင့် အပယိကမျှသာဖြစ်သော အယူဝါဒများမည်မျှကို ၎င်းတို့ တပ်ဆင်ထားပါစေ ယင်းမှာ အသုံးတည့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု

အန္တိခရစ်များသည် အခြားလူများ အနီးဝန်းကျင်တွင် ရှိသည့်အခါ ဟန်ဆောင်ရာ၌ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ ဖာရိရှဲများကဲ့သို့ပင် ၎င်းတို့သည် အပြင်ပန်းအားဖြင့် လူတို့အပေါ် အလွန် သည်းခံပြီး စိတ်ရှည်၊ နှိမ့်ချကာ စိတ်ထားကောင်းသည့် ပုံပေါ်ကြသည်။ ၎င်းတို့သည် လူတိုင်းကို အလွန် သက်ညှာပြီး သည်းခံသည်ဟု ထင်ရသည်။ ပြဿနာများကို ကိုင်တွယ်သည့်အခါ ၎င်းတို့၏ အဆင့်အတန်းမှနေ၍ လူတို့အပေါ် မည်မျှ အလွန့်အလွန် သည်းခံသည်ကို အမြဲ ပြကြပြီး သွင်ပြင်လက္ခဏာတိုင်းတွင် ၎င်းတို့က အခြားသူတို့ကို ချစ်တီးခေါင်းသန်းရှာမလုပ်ဘဲ ၎င်းတို့ မည်မျှကြီးမြတ်ကာ ကြင်နာတတ်သည်ကို လူတို့အား ပြသလျက် စိတ်ထားမြင့်မြတ်ပြီး သဘောထားကြီးသည့်ပုံပေါ်ကြသည်။ လက်တွေ့တွင် အန္တိခရစ်များသည် ဤအနှစ်သာရများကို အမှန်တကယ် ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် အခြားသူတို့၏ ကောင်းကျိုးအတွက် ပြုမူဆောင်ရွက်ကြသည်၊ လူတို့ကို သည်းခံကြပြီး အခြေအနေအားလုံးတွင် လူတို့ကို ကူညီနိုင်ကြသော်လည်း ဤအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် လူတို့ကို စည်းရုံးသိမ်းသွင်းကာ လူတို့၏ ထောက်ခံမှုကို ဝယ်ယူရန် မကြိုးစားလျှင် ဤအရာများကို လုပ်ဆောင်နေကြဦးမည်လော။ ဤသည်မှာ နောက်ကွယ်တွင် အန္တိခရစ်များ၏ ပကတိအခြေအနေ ဖြစ်သလော။ ၎င်းတို့သည် အခြားလူတို့အနီးဝန်းကျင်တွင် ရှိသည့်အခါ ဖြစ်ပုံရသည့်အတိုင်း အမှန်တကယ် ဖြစ်ကြသလော။ အခြားလူတို့အပေါ် နှိမ့်ချ၊ စိတ်ရှည်ပြီး သည်းခံကာ အခြားသူတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီကြသလော။ ထိုသို့သော အနှစ်သာရနှင့် ထိုသို့သော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ ဤသည်မှာ ၎င်းတို့၏ စရိုက်လက္ခဏာ ဖြစ်သည့်အရာလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် ဟန်ဆောင်မှုဖြစ်ပြီး သာ၍ပင်များသော လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အပေါ် အကောင်းမြင်လာကြစေရန်အတွက်လည်းကောင်း၊ လူတို့အနေဖြင့် မိမိတို့တွင် ပြဿနာရှိသည့်အခါ ၎င်းတို့ကို ပထမဆုံး သတိရပြီး ၎င်းတို့၏ အကူအညီကို ရှာကြရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေပြီး လူတို့၏ ထောက်ခံမှုကို ဝယ်ယူရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤရည်မှန်းချက် ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ အန္တိခရစ်များသည် အခြားသူတို့အနီးဝန်းကျင်တွင် ကြွားဝါရန်၊ မှန်ကန်သည့်အရာများကို ပြောဆို၊ လုပ်ဆောင်ရန် တမင် ကြံစည်ကြလေသည်။ ၎င်းတို့ စကားမပြောမီတွင် ၎င်းတို့စိတ်များထဲ၌ မိမိတို့၏ စကားများကို အကြိမ်မည်မျှ စစ်ထုတ်ကာ ပြုပြင်လိမ့်မည်ဟူသည်ကို မည်သူသိမည်နည်း။ ၎င်းတို့သည် မိမိတို့၏ ထားသိုပုံ၊ အသုံးအနှုန်းများ၊ အသံအနိမ့်အမြင့်၊ အသံတို့အပြင် လူတို့ကို ၎င်းတို့ပေးသည့် အသွင်အပြင်နှင့် ၎င်းတို့ စကားပြောသည့် လေသံတို့ကိုပင်လျှင် တွေးဆရင်း တမင် လျှို့ဝှက်ကြံစည်ကာ ဦးနှောက်ခြောက်ခံ စဉ်းစားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က မည်သူ့ကို စကားပြောနေသည်၊ ထိုလူက အသက်ကြီးသလော၊ အသက်ငယ်သလော၊ ထိုလူ၏ အဆင့်အတန်းက ၎င်းတို့ကိုယ်ပိုင် အဆင့်အတန်းထက် မြင့်သလော၊ နိမ့်သလော၊ ထိုလူက ၎င်းတို့ကို လေးစားအထင်ကြီးခြင်း ရှိမရှိ၊ ထိုလူက ၎င်းတို့ကို တိတ်တခိုး မကျေမချမ်းဖြစ်ခြင်း ရှိမရှိ၊ ထိုလူ၏ ပင်ကိုစရိုက်က ၎င်းတို့ကိုယ်ပိုင် ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်မဖြစ်၊ ထိုလူက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဆိုသည်နှင့် အသင်းတော်တွင်လည်းကောင်း၊ ညီအစ်ကို မောင်နှမများ၏ စိတ်နှလုံးများတွင်လည်းကောင်း ထိုသူ၏ ရာထူးက မည်သည့်ပုံစံရှိသည် ဟူသည်တို့ကို ၎င်းတို့က တွေးဆကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သေချာစွာ လေ့လာကာ အာရုံစူးစိုက်စွာဖြင့် တွေးဆကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို တွေးဆပြီးသည်နှင့် တစ်ပြိုင်နက် လူမျိုးစုံကို ချဉ်းကပ်ရမည့် နည်းလမ်းများ အကြံရလာကြလေသည်။ မတူညီကွဲပြားသော လူအမျိုးအစားများကို အန္တိခရစ်များက မည်သည့်နည်းလမ်းများဖြင့် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်မှာ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားစေဖို့၊ လူတို့အား ၎င်းတို့ကို တန်းတူအဖြစ် မမြင်စေတော့ဘဲ ထို့ထက် ၎င်းတို့ကို ကြည်ညိုစေဖို့၊ ၎င်းတို့ စကားပြောသည့်အခါ ပို၍ပင်များသည့် လူတို့အား ၎င်းတို့ကို လေးစားကာ ကြည်ညိုစေဖို့၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ ၎င်းတို့ကို ထောက်ခံချက်ပေးစေပြီး ၎င်းတို့နောက်လိုက်စေဖို့၊ ပြီးလျှင် အမှားတစ်ခုကို ၎င်းတို့ ပြုလုပ်မိသည့်အခါ ၎င်းတို့ကို လွတ်ငြိမ်းခွင့်ပေးပြီး ကာကွယ်ပေးစေဖို့နှင့် ၎င်းတို့ဘက်တွင် ပို၍ပင်များသည့် လူတို့ကို တိုက်ခိုက်စေကာ ၎င်းတို့ ထုတ်ဖော်ပြခံရပြီး ငြင်းပယ်ခံရသည့်အခါ ၎င်းတို့ကိုယ်စား ခါးသီးစွာ စောဒကတက်စေဖို့နှင့် ဘုရားသခင်ကို ငြင်းခုံကာ ဆန့်ကျင်ရန် ရပ်တည်စေဖို့ရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အာဏာမရှိတော့သည့်အခါ ကူညီမည့်လူ၊ အားပေးမှုပြပြီး ၎င်းတို့အတွက် ရပ်တည်ပေးမည့်လူ များပြားစွာ ရှိအောင် လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။ ယင်းက အန္တိခရစ်များအနေဖြင့် အသင်းတော်တွင် တမင်သက်သက် လျှို့ဝှက်ကြံစည်၍ ပျိုးထောင်ထားသည့် အဆင့်အတန်းနှင့် အာဏာတို့သည် လူတို့၏ စိတ်နှလုံးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်သွားပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ “ဒုက္ခခံ၍ အားထုတ်မှု”သည် အချည်းနှီး မဖြစ်ကြောင်းတို့ကို ပြသပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)

အခြေအနေမှာ မည်သို့ဖြစ်ပါစေ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ အန္တိခရစ်တစ်ဦးသည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ မည်သည့်အခါမျှ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ လူတို့က မည်သည့်အခါမျှ မမြင်စေရန် ဖြစ်၏။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့ မလုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး အလွန်ကောင်းမွန်သည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ ၎င်းတို့၏ ဝင့်ဝါမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင် ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းသည့်အချိန်၊ ပုန်ကန်သည့်အချိန်နှင့် အပျက်သဘောဆောင်သည့်အချိန်များ ရှိခြင်းကို ဝန်ခံဖို့ထက် သေသာသေလိုက်ချင်ကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင် ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ အရေးမပါသောသူတစ်ဦး ဖြစ်ခြင်းကို ဝန်ခံလျှင် လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ ကိုးကွယ်မှုနှင့် မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ လူများကို ၎င်းတို့ ဖွင့်ပြောမည် မဟုတ်ဘဲ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ ပေးမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါတိုင်းတွင် အာရုံစိုက်ခံရဖို့ အလျင်ဦးအောင် လုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ပြသကာ ကိုယ့်ဂုဏ်ကိုယ်ဖော်တတ်ကြလေသည်။ ပြဿနာတစ်ခု ဖြစ်ပွားပြီး အကျိုးဆက်များ ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အပြေးအလွှားသွားကာ ပုန်းကွယ်ကြသည် သို့မဟုတ် အခြားသူတစ်ယောက်ကို တာဝန်ယူခိုင်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ နားလည်သည့် ပြဿနာတစ်ခုကို ကြုံရလျှင် ၎င်းတို့ တတ်နိုင်သည့်အရာကို ချက်ချင်း ကြွားဝါကာ ၎င်းတို့တွင် ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများရှိသည်ကို လူတို့ မြင်နိုင်ရန်အလို့ငှာနှင့် ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်နိုင်ကြစေရန်အလို့ငှာ အခြားသူတို့အား ၎င်းတို့ကို သိစေဖို့အတွက် အခွင့်အရေးကို ဖမ်းဆုပ်ကြလေသည်။ ကြီးမားသော အရာတစ်ခုခုဖြစ်ပေါ်ကာ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ နားလည်မှုကို တစ်ယောက်ယောက်က မေးလျှင် ၎င်းတို့သည် ၎င်းတို့အမြင်ကို ဖွင့်ပြရန် တွန့်ဆုတ်ကြသည်။ ထိုအစား အခြားလူများကို အရင်ပြောစေသည်။ ၎င်းတို့ တွန့်ဆုတ်သည်မှာ အကြောင်းပြချက်များရှိသည်။ ၎င်းတို့က အမြင်မရှိခြင်းမဟုတ်ဘဲ ၎င်းတို့အမြင်က မှားနေပြီး သူများကြားအောင်ပြောလျှင် အခြားလူများက ပြန်လည်ချေပမည်ဖြစ်ပြီး ၎င်းတို့ကို အရှက်ရစေမည်ကို ၎င်းတို့ စိုးရွံ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် မပြောခြင်းဖြစ်သည်၊ သို့မဟုတ်လျှင် ၎င်းတို့တွင် အမြင်မရှိဘဲ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိနိုင်၊ ၎င်းတို့အမှားကို လူတို့က လှောင်ရယ်ကြမည်ကို ကြောက်သောကြောင့် ထင်ရာမြင်ရာ မပြောရဲပေ၊ ထို့ကြောင့် တိတ်တဆိတ်နေခြင်းက ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ အချုပ်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ အရှိအတိုင်းကို ဖွင့်ပြမိမည်ကိုကြောက်သောကြောင့် ၎င်းတို့သည် ချွတ်ခြုံကျပြီး သနားစရာဖြစ်သည်ကို လူတို့မြင်သွားကာ ဤသို့ဖြင့် ၎င်းတို့အပေါ် အခြားလူတို့၏အမြင်ကို သက်ရောက်မည် စိုးသောကြောင့် ၎င်းတို့အမြင်ကို ဖော်ပြရန် မဆိုင်းမတွ ထုတ်မပြောခြင်းဖြစ်သည်။ ထို့ကြောင့် အခြားလူတိုင်းက ၎င်းတို့၏ အမြင်များ၊ အတွေးများ၊ အသိပညာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် အဆင့်မြင့်သော၊ ယုတ္တိတန်သော အဆိုများကို ဖမ်းဆုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အမြင်များနှင့် နားလည်မှုတို့အဖြစ် ထုတ်ပြသည်။ ထိုအရာများကို ၎င်းတို့က အနှစ်ချုပ်ပြီး လူတိုင်းကို မိတ်သဟာယဖွဲ့ပေးသည်။ ဤနည်းအားဖြင့် အခြားလူတို့၏ စိတ်နှလုံးထဲတွင် မြင့်မားသော အဆင့်အတန်းကိုရရှိသည်။ အန္တိခရစ်တို့သည် အလွန်အမင်း ပါးနပ်ကြသည်။ ရှုထောင့်အမြင်တစ်ခုကို ဖော်ပြဖို့ အချိန်ရောက်လာသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော အခြေအနေအကြောင်းကို မည်သည့်အခါတွင်မျှ မဖွင့်ဟကြသကဲ့သို့ မပြကြချေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် တွေးထင်သည်၊ ၎င်းတို့၏ အရည်အချင်းက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ လူ့သဘာဝက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ နားလည်နိုင်စွမ်းများက မည်သည့်ပုံစံရှိပြီး ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ရှိမရှိဆိုသည်တို့ကို လူတို့အား မည်သည့်အခါတွင်မျှ သိခွင့်မပေးကြချေ။ ထို့ကြောင့် ဝိညာဉ်ရေးရာ ပြည့်ဝပြီး စုံလင်သောသူဖြစ်သကဲ့သို့ ကြွာရင်းနှင့် ဟန်ဆောင်လျက်ရှိသည့် တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော မျက်နှာနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား ၎င်းတို့၏ အားနည်းချက်များကို မည်သည့်အခါတွင်မျှ မထုတ်ဖော်ပြသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏ ချို့တဲ့ခြင်းများနှင့် အားနည်းချက်များကို သိမြင်ရန် မည်သည့်အခါမျှ မကြိုးစားကြချေ။ ထိုအစား ၎င်းတို့သည် ယင်းတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ လူတို့က “သင်သည် ဘုရားသခင်ကို နှစ်ပေါင်းအလွန်များလှစွာကြာ ယုံကြည်ပြီးလေပြီ၊ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ တစ်ခုတစ်လေ သင်၌ ရှိဖူးပါသလော”ဟု ၎င်းတို့ကို မေးကြသည်။ ၎င်းတို့က “မရှိဖူးပါ” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် “ဘုရားသခင်အတွက် သုံးစွဲမှုတိုင်းကို စွန့်လွှတ်ရခြင်းကို နောင်တရဖူးသလား” ဟု အမေးခံရသည်။ ၎င်းတို့က “မရဖူးပါ” ဟု ဖြေသည်။ “နေမကောင်းဖြစ်သောအခါ သင် စိတ်ညစ်ပါသလား၊ ပြီးလျှင် အိမ်ကိုလွမ်းပါသလား” ၎င်းတို့က “လုံးဝ မလွမ်းပါ” ဟု ဖြေသည်။ ထို့ကြောင့် အန္တိခရစ်များသည် မိမိတို့ကိုယ်ကို စွဲမြဲစွာ အားကိုးထိုက်သော၊ စိတ်ခိုင်မာသောသူအဖြစ်၊ စွန့်လွှတ်ပြီး ဒုက္ခခံနိုင်သူ၊ အပြစ်အနာအဆာကင်းပြီး အမှားများ၊ ပြဿနာများမရှိသူအဖြစ် ဖော်ပြကြသည်။ လူတစ်ယောက်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို ထောက်ပြလျှင်၊ ၎င်းတို့ကို တန်းတူ ဆက်ဆံလျှင်၊ သာမန်ညီအစ်ကိုမောင်နှမအဖြစ် ဆက်ဆံလျှင်၊ ပွင့်ပွင့်လင်းလင်းပြောပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင် ၎င်းတို့က ဤအရာကို မည်သို့ သဘောထားသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေထူပြီး မှန်ကန်ကြောင်းပြဖို့၊ ၎င်းတို့က မှန်ကန်သည်ဟု သက်သေပြရန်၊ နောက်ဆုံးတွင် ၎င်းတို့တွင် ပြဿနာမရှိ၊ ၎င်းတို့သည် ပြည့်စုံသော၊ ဝိညာဉ်ရေးရာ ပြည့်ဝသောသူဖြစ်သည်ဟု လူတို့အားမြင်စေရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤအရာအားလုံးမှာ အယောင်ဆောင်၍ လိမ်လည်ခြင်းမဟုတ်လော။ မိမိတို့ကိုယ်ကို အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ထင်သူအားလုံးသည် အယောင်ဆောင်၍ လိမ်လည်သူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)

အန္တိခရစ်များက ကျွမ်းကျင်မှုတစ်မျိုးမျိုးရှိသောအခါတွင် မိမိတို့ကိုယ်ကို ထူးခြားပြောင်မြောက်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပဟေဠိဆန်အောင် ပြုလုပ်ကြသည်။ ပြီးလျှင် မိမိတို့ကိုယ်ကို ကြွားဝါပြီး သက်သေခံကြကာ အခြားလူများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင် ပြုလုပ်ကြသည်။ ဤသို့သောလူအမျိုးအစားများက အားသာချက်အနည်းငယ်၊ သို့မဟုတ် ဆုကျေးဇူးတစ်ခုရှိသောအခါ ၎င်းတို့သည် အခြားလူများထက်သာသည်ဟု ထင်ပြီး အခြားလူတို့ကို ဦးဆောင်ရန် ဆန္ဒပြင်းပြကြသည်။ အခြားလူများက အဖြေရှာရန်အတွက် အန္တိခရစ်များဆီသို့ လာကြသောအခါ အန္တိခရစ်များက အထက်စီးမှနေ၍ ၎င်းတို့ကို ဩဝါဒခြွေသည်။ ထို့နောက်တွင် ထိုလူများက နားမလည်သေးလျှင် ၎င်းတို့က ထိုသူတို့သည် အစွမ်းအစနည်းခြင်းဖြစ်သည်ဟုသာ မှတ်ယူလိုက်သည်။ အမှန်တကယ်တွင်မူ ရှင်းလင်းသော ရှင်းပြချက် မပေးသည်မှာ အန္တိခရစ်များကိုယ်တိုင်ဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်က ချို့ယွင်းနေသည့် စက်တစ်ခုကို မပြုပြင်နိုင်သည်ကို အန္တိခရစ်က မြင်ပြီး “ဤအရာအား မည်သို့လုပ်ရမည်ကို အဘယ်သို့ မသိနိုင်ရသေးသနည်း။ မည်သို့လုပ်ရမည်ကို သင့်အား ကျွန်ုပ်ပြောပြီးမဟုတ်လော။ အလွန်ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သည်။ သို့တိုင်အောင် သင်က နားမလည်သေးပေ။ သင်သည် အမှန်ပင် အစွမ်းအစနည်းသည်။ ဤအရာအား မည်သို့လုပ်ဆောင်ရမည်ကို သင့်အား ငါသင်ကြားပေးသည့် အချိန်တိုင်းတွင် သင်သည် သင်ယူတတ်မြောက်ရန် အရေးနိမ့်လေသည်” ဟု ဆိုလိမ့်မည်။ သို့တိုင်အောင် ထိုလူက ၎င်းတို့အား စက်ကို ပြုပြင်ရန်တောင်းဆိုသောအခါ ၎င်းတို့သည် စက်ကို အလွန်ကြာရှည်စွာကြည့်ပြီး မည်သို့ပြင်ရမည်ကိုလည်း သိမည်မဟုတ်။ ပြီးလျှင် မည်သို့ပြင်ရမည်ကို ၎င်းတို့မသိသည့်အချက်ကိုပင် ထိုသူအား ဖုံးကွယ်ထားလိမ့်မည်။ ထိုလူကို ထွက်သွားခိုင်းပြီးနောက်တွင် အန္တိခရစ်သည် လျှို့ဝှက်စွာဖြင့် သုတေသနပြုလုပ်ပြီး စက်အား မည်သို့ပြင်ရမည်ကို အဖြေရှာရန် ကြိုးစားလိမ့်မည်။ သို့သော် ပြင်နိုင်ဦးမည်မဟုတ်ပေ။ နောက်ဆုံးတွင် စက်ကို တစ်စစီဖြုတ်ပြီး လုံးဝ ရှုပ်ပွအောင်ပြုလုပ်ကာ ပြန်၍ တပ်နိုင်မည်မဟုတ်ပေ။ ထို့နောက် အခြားလူများက မြင်မည်စိုးပြီး အပိုင်းအစများကို ဖွက်ထားလိမ့်မည်။ အချို့သောအရာများအား မည်သို့လုပ်ဆောင်ရမည်ကို မသိခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ အရာရာတိုင်းအား လုပ်ဆောင်နိုင်သူ တစ်ဦးတလေရှိသလော။ အချို့သောအရာများအား မည်သို့ပြုလုပ်ရမည်ကို မသိခြင်းတွင် ရှက်စရာလုံးဝ မရှိ။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်ကို မမေ့နှင့်။ မည်သူကမျှ သင့်ကို အထင်မကြီးပေ၊ သို့မဟုတ် မကိုးကွယ်ပေ။ သာမန်လူတစ်ဦးဟူသည် သာမန်လူတစ်ဦးသာလျှင် ဖြစ်ပေသည်။ တစ်စုံတစ်ခုအား မည်သို့ပြုလုပ်ရမည်ကို မသိလျှင် သင် မလုပ်တတ်ကြောင်းကိုသာ ပြောလော့။ အဘယ်ကြောင့် သင် ဟန်ဆောင်ဖို့ ကြိုးစားမည်နည်း။ သင်က အစဉ်သဖြင့် ဟန်ဆောင်နေလျှင် လူတို့က သင့်ကို ရွံရှာလိမ့်မည်။ အနှေးနှင့်အမြန်ဆိုသလို သင့်ကိုယ်သင် ထုတ်ဖော်မိလိမ့်မည်။ ထိုအချိန်၌ သင်၏ ဂုဏ်နှင့် သင်၏တည်ကြည်မှုကို ဆုံးရှုံးလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို စွယ်စုံရသူအဖြစ်၊ အရာရာတိုင်းကို လုပ်ဆောင်နိုင်သောသူ၊ အရာရာ၌ စွမ်းဆောင်နိုင်ပြီး အရည်အချင်းရှိသူတစ်ဦးအဖြစ် အစဉ်ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ကို ဒုက္ခရောက်စေမည်မဟုတ်လော။ ၎င်းတို့တွင် ရိုးသားသောသဘောထားရှိလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ၎င်းတို့က “ကျွန်ုပ်သည် ဤနည်းပညာပိုင်း တတ်ကျွမ်းမှုတွင် မကျွမ်းကျင်ပါ။ အတွေ့အကြုံအနည်းငယ်သာ ရှိသည်။ ကျွန်ုပ်သိသမျှကို အသုံးချပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ကြုံရသည့် ဤပြဿနာအသစ်များကို နားမလည်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုလျှင် အတတ်ပညာပိုင်းဆိုင်ရာ အသိတစ်ခုခုကို သင်ယူရမည်။ အတတ်ပညာပိုင်းဆိုင်ရာ အသိကို ကျွမ်းကျင်တတ်မြောက်ခြင်းသည် ကျွန်ုပ်တို့တာဝန်ကို ထိရောက်စွာ လုပ်ဆောင်စေလိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ဤတာဝန်ကို အပ်နှံခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့တွင် ကောင်းစွာလုပ်ဆောင်ရန် တာဝန်ရှိသည်။ ကျွန်ုပ်တို့တာဝန်အပေါ် တာဝန်ယူသည့် သဘောထားကို အခြေခံ၍ ဤအတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတကို သွားရောက် သင်ယူသင့်သည်” ဟု ဆိုလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ အန္တိခရစ်စိတ်သဘောထားရှိသူတစ်ဦးသည် ဤသို့လုပ်ဆောင်မည်မဟုတ်။ လူတစ်ဦးတွင် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင် သူက”ကျွန်ုပ်သည် ဤမျှသာ သိသည်။ ကျွန်ုပ်ကို သင်အထင်ကြီးရန် မလိုပါ။ ကျွန်ုပ်သည် မာန်တက်ဖို့မလိုပါ။ ဤသို့ဆိုလျှင် အမှုကိစ္စများက ပို၍ လွယ်ကူမည်မဟုတ်လော။ အစဉ်ဟန်ဆောင်နေခြင်းသည် စိတ်ဆင်းရဲဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့ မသိသည့်အရာတစ်ခုရှိလျှင် အတူတကွ သင်ယူနိုင်ပြီး ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သဟဇာတကျကျ အလုပ်လုပ်နိုင်သည်။ ကျွန်ုပ်တို့တွင် တာဝန်သိသော သဘောထားရှိရမည်” ဟု ဆိုလိမ့်မည်။ လူတို့သည် ဤအရာကို မြင်ပြီး “ဤသူသည် ကျွန်ုပ်တို့ထက်ပို၍ သာသည်။ သူ့အပေါ်သို့ ပြဿနာတစ်ခု ကျရောက်သောအခါ သူ၏ အကန့်အသတ်ကို ကျော်၍ မစဉ်းမစားဖြင့် အတင်းမလုပ်ဆောင်သကဲ့သို့ အခြားလူများထံသို့လည်း လက်ဆင့်ကမ်းမပေးပေ၊ သို့မဟုတ် တာဝန်ကို မရှောင်ပေ။ ထိုထက် သူ့ဘာသာ တာဝန်ယူလုပ်ဆောင်ပြီး လေးနက်ကာ တာဝန်သိသော သဘောထားဖြင့် ယင်းကို ချဉ်းကပ်သည်။ ဤသည်မှာ မိမိအလုပ်နှင့် တာဝန်အပေါ် လေးနက်ပြီး တာဝန်သိသော လူကောင်းတစ်ဦးဖြစ်သည်။ သူသည် ယုံကြည်ထိုက်သည်။ ဘုရားအိမ်တော်က သူ့ကို ဤအရေးကြီးသော တာဝန်အပ်နှံသည်မှာ မှန်သည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းထဲကို အမှန်ပင် စိစစ်သည်” ဟု တွေးလိမ့်မည်။ ၎င်းတို့၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှု တိုးတက်ပြီး လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရလိမ့်မည်။ ဤ အသိအမှတ်ပြုခြင်းက မည်သို့ ဖြစ်လာသနည်း။ ရှေးဦးစွာ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လေးနက်ပြီး တာဝန်သိသော သဘောထားဖြင့် ချဉ်းကပ်နေခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ရိုးသားသူဖြစ်နိုင်သည်။ ပြီးလျှင် လက်တွေ့ကျပြီး စေ့စေ့စပ်စပ် ကြိုးစားပမ်းစား လုပ်ကိုင်သော သဘောထားရှိသည်။ တတိယအနေဖြင့် ၎င်းတို့တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုရှိဖို့ ဖြစ်နိုင်ချေရှိသည်။ ဤသို့သောသူတွင် ဘုရားသခင်၏ ကောင်းချီးရှိသည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူက ရရှိနိုင်သောအရာဖြစ်သည်။ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ချို့ယွင်းချက်များ၊ အားနည်းချက်များရှိသော်လည်း၊ အမှုအရာများစွာအား မည်သို့လုပ်ဆောင်ရမည်ကို မသိသော်လည်း ၎င်းတို့သည် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်းမရှိ၊ သို့မဟုတ် လှည့်ဖြားခြင်းမရှိ။ ၎င်းတို့၏တာဝန်အပေါ် လေးနက်ပြီး တာဝန်သိသော သဘောထားတစ်ခုရှိသည်။ သမ္မာတရားအပေါ် တောင့်တပြီး ရိုသေကိုင်းရှိုင်းသော သဘောထားတစ်ခုရှိသည်။ အန္တိခရစ်များ၏ စဉ်းစားပုံသည် သမ္မာတရားကို ချစ်ပြီး လိုက်စားသူများနှင့် အစဉ်သဖြင့် ကွာခြားလိမ့်မည်ဖြစ်သောကြောင့် ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည်မဟုတ်။ ၎င်းတို့သည် အဘယ်ကြောင့် မတူညီစွာ တွေးခေါ်သနည်း။ စာတန်၏ သဘာဝက ၎င်းတို့၏ အတွင်းတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အာဏာယူရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို ရရန်အတွက် စာတန်၏ စိတ်သဘောထားအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် အကြံအစည်များနှင့် လှည့်ကွက်များကို ပါဝင်လုပ်ဆောင်ရန်အတွက် နည်းအမျိုးမျိုးကို အသုံးပြုရန် အစဉ်ရှာဖွေနေပြီး လူတို့အား ၎င်းတို့ကို ကိုးကွယ်ပြီး ၎င်းတို့နောက်လိုက်ရန် လိုအပ်သည့်မည်သည့်နည်းဖြင့်မဆို လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သည်။ ထို့ကြောင့် လူတို့ကို လှည့်ဖြားရန်အတွက် ၎င်းတို့သည် ဟန်ဆောင်ရန်၊ လိမ်ရန်၊ ညာရန်၊ လှည့်ဖြားရန်၊ ၎င်းတို့သည် အရာရာတိုင်းတွင် မှန်သည်ဟုလည်းကောင်း၊ အရာရာတိုင်းတွင် စွမ်းဆောင်နိုင်သည်ဟုလည်းကောင်း၊ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ အခြားလူများထက် ပါးနပ်သည်ဟုလည်းကောင်း၊ အခြားလူများထက် အမြော်အမြင် ရှိသည်ဟုလည်းကောင်း၊ အခြားလူများထက်ပို၍ နားလည်သည်ဟုလည်းကောင်း၊ အရာရာတွင် အခြားလူများထက် သာသည်ဟုလည်းကောင်း၊ ကဏ္ဍတိုင်းတွင် အခြားလူများ၏ အထက်တွင်ရှိသည်ဟုလည်းကောင်း၊ မည်သည့်အုပ်စုတွင်မဆို ၎င်းတို့သည် အကောင်းတကာ့အကောင်းဆုံးပင် ဖြစ်သည်ဟုလည်းကောင်း အခြားလူများ ယုံကြည်စေရန်အတွက် နည်းလမ်းမျိုးစုံကို ရှာကြသည်။ ၎င်းတို့တွင် ဤသို့သော လိုအပ်ချက်ရှိသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အရှိအတိုင်း မဟုတ်သည့်အရာတစ်ခုအဖြစ် ဟန်ဆောင်ပြီး ဤအမျိုးမျိုးသော လက်တွေ့လုပ်ဆောင်မှုများနှင့် သရုပ်သကန်တစ်ခုစီကို ဖြစ်ပေါ်စေကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)

ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် တူညီသော ပြဿနာတစ်ခုကို ခံစားနေကြသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသောအခါ၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိလာသည်နှင့် မာနကြီးလာကြလေသည်၊ သာမန်လူတို့ကို လျစ်လျူရှုကြသည်၊ သူတို့ကို မည်သူမျှ မချဉ်းကပ်နိုင်ကြပေ။ ၎င်းတို့၌ မြင့်မြတ်ခြင်း ရှိသည်ဟု ၎င်းတို့က ထင်မြင်ကြပြီး ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်။ ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး စကားပြောသောအခါ ဆိုက်ဂိုက်ထုတ်ကာ အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယ မဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး တာဝန်ပို၍ကောင်းစွာ ယူနိုင်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ စာတန်ထံမှ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ မိဘများ သို့မဟုတ် အခြားမိသားစုဝင်များ သေဆုံးလျှင်ပင် ၎င်းတို့သည် မငိုဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ရှိရမည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အခြားသူများကွယ်ရာ၌ တိတ်တဆိတ် ငိုရမည်၊ သို့မှသာ ၎င်းတို့၏ ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်မည် ဖြစ်သည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုံးကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအတိုင်းအတာအထိ ချုပ်တည်းသည့်အခါ ဂုဏ်အဆင့်အတန်းသည် ၎င်းတို့၏ ဘုရား၊ ၎င်းတို့၏ အရှင်သခင် ဖြစ်လာပြီ မဟုတ်သလော။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့သည် ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သေးသလော။ ၎င်းတို့၌ ဤစိတ်ကူးများရှိသည့်အခါ၊ ၎င်းတို့သည် ဤကဲ့သို့ မိမိတို့ကိုယ်ကို ကန့်သတ်ချုပ်ချယ်ပြီး ဤအပြုအမူမျိုးဖြင့် ပြုမူသည့်အခါဂုဏ်အဆင့်အတန်းကို မစွဲမက်လာလေသလော။ အခြားလူက သူတို့ထက် ပိုအားသာပြီး ပိုကောင်းသောအခါတိုင်း ဤအရာက သူတို့၏ ပဓာနကျသော အားနည်းချက်ကို ထိခိုက်သည်။ ထိုသူတို့သည် ဇာတိပကတိကို အောင်နိုင်သလော။ အခြားသူကို သင့်လျော်သလို ဆက်ဆံနိုင်သလော။ မုချ မဆက်ဆံနိုင်ပေ။ သင့်အပေါ် ဂုဏ်အဆင့်အတန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် အားထုတ်ဖို့ သင် ဦးစွာ ဘာလုပ်ရမည်နည်း။ ယင်းကို သင်၏ရည်ရွယ်ချက်များ၊ သင်၏အတွေးများနှင့် သင်၏စိတ်နှလုံးတို့မှ ဦးစွာ ဖယ်ထုတ်ပစ်ရမည်။ ဤအရာကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယခင် သင် ဂုဏ်အဆင့်အတန်း မရှိသည့်အချိန်က၊ သင့်အဖို့ နှစ်သက်ဖွယ်မရှိသည့်သူများကို သင် လျစ်လျူရှုပေသည်။ ယခုအခါ သင်၌ ဂုဏ်အဆင့်အတန်း ရှိသည့်အတွက်၊ ကြည့်မရသောလူတစ်ဦး၊ သို့မဟုတ် ပြဿနာရှိသော လူတစ်ဦးကို သင်တွေ့သည့်အခါ ၎င်းတို့အား ကူညီဖို့အတွက် သင်တာဝန်ရှိသည်ဟု ခံစားရသောကြောင့် သူတို့၌ ရှိသည့် လက်တွေ့ကျသည့် ပြဿနာအချို့ကို ဖြေရှင်းဖို့ ကြိုးစားရင်း ၎င်းတို့နှင့် မိတ်သဟာယပြုဖို့ သင် အချိန်ပိုယူသည်။ ထိုအရာများကို လုပ်ဆောင်သည့်အခါ သင်၏စိတ်နှလုံးထဲ၌ ခံစားချက်မှာ အဘယ်နည်း။ ယင်းမှာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ခံစားချက် ဖြစ်သည်။ ထို့ကြောင့် သင်သည်လည်း အခက်အခဲကြုံရသည်၊ သို့မဟုတ် ကျရှုံးမှုကို တွေ့ကြုံရသည်ဟု တွေ့ရသည့်အခါ သင်၏ ပြဿနာများနှင့် အားနည်းချက်များ၊ ဘုရားသခင်ကို သင်မည်သို့ ပုန်ကန်ခဲ့ကြောင်းနှင့် ထို့နောက်တွင် သင်သည် ဤအဖြစ်မှ မည်သို့ လွတ်လာကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ အထမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းတို့ကို မိတ်သဟာယပြုရင်း လူများကို အတွင်းရေးပြောပြပြီး သူတို့အား မကြာခဏ ပို၍ ဖွင့်ဟသင့်သည်။ ဤနည်းဖြင့် ၎င်းတို့ကို အတွင်းရေးပြောပြခြင်း၏ အကျိုးမှာ အဘယ်နည်း။ ယင်းမှာ အပြုသဘောဆောင်ခြင်း ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ မည်သူမျှ သင့်အား အထင်သေးမည် မဟုတ်ပေ။ ပြီးလျှင် သူတို့သည် ဤအတွေ့အကြုံများကို ဖြတ်ကျော်နိုင်သော သင်၏အစွမ်းအစကိုပင် အားကျကောင်းအားကျလိမ့်မည်။ လူတို့၌ ဂုဏ်အဆင့်အတန်းရှိသည့်အခါ အရာရှိများကဲ့သို့ ၎င်းတို့ ပို၍ ပြုမူသင့်သည်ဟုလည်းကောင်း၊ အခြားသူများက ၎င်းတို့အား အလေးအနက်ထားပြီး လေးစားရန်အလို့ငှာ ပုံစံတစ်ခုခုဖြင့် စကားပြောသင့်သည်ဟုလည်းကောင်း လူအချို့က အစဉ်သဖြင့် တွေးထင်ကြသည်။ ဤသို့ စဉ်းစားနည်းမှာ မှန်ကန်သလော။ ဤသည်မှာ မှားယွင်းသော တွေးခေါ်ပုံ တွေးခေါ်နည်း ဖြစ်သည်ကို သင်သဘောပေါက်နိုင်လျှင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဇာတိပကတိဆိုင်ရာ အမှုကိစ္စများကို ပုန်ကန်သင့်သည်။ ဆိုက်ဂိုက်မထုတ်နှင့်၊ ထို့အပြင် ကြောင်သူတော်ဆန်သည့် လမ်းကြောင်းကို မလျှောက်နှင့်။ သင်၌ ထိုအတွေးမျိုး ရှိလိုက်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို ရှာဖွေခြင်းဖြင့် ယင်းကို ဖြေရှင်းသင့်သည်။ သမ္မာတရားကို မရှာဖွေပါက ဤအတွေး၊ ဤရှုထောင့်အမြင် ဖြစ်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲ၌ အမြစ်တွယ်လာလိမ့်မည်။ ရလဒ်အနေဖြင့် ယင်းက သင့်ကို လွှမ်းမိုးလာမည်ဖြစ်ပြီး သင်သည် သင့်ကိုယ်သင် ဖုံးကွယ်ကာ မည်သူမျှ သင့်ကို မရိပ်စားမိနိုင်သည်အထိ သို့မဟုတ် သင့်အတွေးများကို နားမလည်နိုင်သည်အထိ သင့်ပုံရိပ်ကို ကျွမ်းကျင်စွာ ပုံဖော်ဖန်တီးလိမ့်မည်။ သင်၏ စိတ်နှလုံးအမှန်ကို ၎င်းတို့ထံမှ ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခုမှတစ်ဆင့် စကားပြောသည့်အလား သင်သည် အခြားသူများအား စကားပြောလိမ့်မည်။ သင်သည် သင့်နှလုံးသားကို အခြားသူများအား မြင်တွေ့ခွင့်ပေးရန် သင်ယူရမည်ဖြစ်ပြီး အခြားသူများအား သင့်နှလုံးသားကို ဖွင့်ဟကာ ၎င်းတို့နှင့် ရင်းနှီးစေရန် သင်ယူရမည်ဖြစ်သည်။ သင်သည် မိမိ၏ဇာတိပကတိ၏ နှစ်သက်မှုများကို ပုန်ကန်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ မိမိကိုယ်ကို ကျင့်ကြံရမည်။ ဤနည်းအားဖြင့် သင့်စိတ်နှလုံးသည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို သိနားလည်မည်ဖြစ်သည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဦးစွာပထမ သင်၏ ကိုယ်ပိုင်အတွေးအမြင်စနစ်ထဲ၌ မည်သည့်ပြဿနာများ ရှိနေသည်ကို ဆင်ခြင်သုံးသပ်လော့။ သင်ကိုယ်တိုင် ပုံရိပ်တစ်ခုကို တည်ဆောက်ပြီး သင့်ကိုယ်သင် ဖုံးကွယ်လိုသေးပါက သင်သည် ဘုရားသခင်ထံ ချက်ချင်း “အို ဘုရားသခင်။ ကျွန်ုပ် ဖုံးကွယ်ထားချင်ပြန်သည်။ လိမ်ညာလှည့်ဖြားခြင်းဖြင့် နောက်တစ်ကြိမ် လျှို့ဝှက်ကြံစည်နေပြန်သည်။ ကျွန်ုပ်သည် နတ်ဆိုးအစစ်အမှန်ပါတကား။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် အမှန်ပင် စက်ဆုပ်စရာ ဖြစ်ပါလိမ့်မည်။ ယခု မိမိကိုယ်မိမိ လုံးဝ ရွံရှာနေပါပြီ။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်မောင်းမဲရန်၊ ဆုံးမပဲ့ပြင်ရန်နှင့် အပြစ်ဒဏ်ပေးပါရန် တောင်းခံပါသည်” ဟု ဆုတောင်းသင့်သည်။ သင်သည် ဆုတောင်းရမည်၊ သင်၏သဘောထားကို အပြင်သို့ဖွင့်ထုတ်ရမည်၊ ထို့ပြင် ယင်းကို ဖော်ထုတ်ရန်၊ ၎င်းကို စိတ်ဖြာလေ့လာဆွေးနွေးရန်၊ ကန့်သတ်ရန် ဘုရားသခင်ကို အားကိုးရမည်။ အကယ်၍ သင်သည် ထိုသို့ ယင်းကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ကန့်သတ်ထားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖိနှိပ်ခြင်းခံရပြီး ယင်းဘာသာ မထုတ်ဖော်သောကြောင့် သင်၏ လုပ်ဆောင်ချက်များသည် ပြဿနာများကို ဖန်တီးမည်မဟုတ်ပေ။ ဤအချိန်တွင် သင့်စိတ်နှလုံးထဲ၌ မည်သည့်ခံစားချက်များ ရှိနေသနည်း။ အနည်းဆုံးအနေဖြင့် လွတ်မြောက်မှုအနည်းငယ်ကို ခံစားရပေမည်။ သင့်စိတ်နှလုံးသည် ဝမ်းမြောက်ပြီး ငြိမ်သက်လိမ့်မည်။ သင့်နာကျင်မှုကို လျော့ပါးစေမည်ဖြစ်ပြီး စစ်ဆေးခြင်းကိုလည်း သင်ခံစားရမည်မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် သင်သည် ခဏတာ လမ်းပျောက်သွားသကဲ့သို့ အနည်းငယ်ခံစားရပြီး မိမိကိုယ်ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်၊ အဆင့်အတန်းနှင့် ရပ်တည်မှုရှိသူတစ်ဦးဖြစ်သည်၊ သာမန်လူတို့ကဲ့သို့ ကျွန်ုပ် မည်သို့နေနိုင်မည်နည်း။ သာမန်လူတို့ကို အူလှိုက်သည်းလှိုက်ဖြင့်၊ စစ်မှန်သော၊ ပွင့်လင်းသော နည်းလမ်းဖြင့် ကျွန်ုပ် မည်သို့ပြောဆိုနိုင်မည်နည်း။ ဤအရာက မိမိကိုယ်ကို သိက္ခာချခြင်းမျိုးပင် ဖြစ်ပေမည်” ဟု စဉ်းစားသည့် အချိန်များရှိမည်။ သင်မြင်သည့်အတိုင်း ဤအရာသည် အနည်းငယ် ဒုက္ခပေး၏။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တစ်ကြိမ်တည်းဖြင့် လုံးလုံးလျားလျား ဖယ်ရှား၍မရသကဲ့သို့ အချိန်တိုအတွင်း အလျှင်း ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းမှာ အလွန် ရိုးရှင်းသဖြင့် လူတို့သည် ယင်းကို စိတ်ကူးထားသကဲ့သို့ ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပြီး သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုလိုက်သည်နှင့် ယင်းကို မဆိုင်းမတွ ဖယ်ရှားနိုင်လိမ့်မည်ဟုလည်းကောင်း သင်တွေးထင်လေသည်။ ယင်းက ထိုမျှရိုးရှင်းသောအရာ မဟုတ်ပေ။ လူက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လုပ်ငန်းစဉ်သည် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆန့်ကျင်တိုက်ဖျက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ လူသားတစ်ဦးချင်းစီ၏ စိတ်ဆန္ဒ၊ စိတ်ကူးစိတ်သန်းနှင့် လွန်ကဲသော လိုအင်ဆန္ဒများသည် ဆုတောင်းခြင်းမှတစ်ဆင့် ယင်းတို့အား အပြီးအပြတ် ပုန်ကန်ခြင်းနှင့် ကျော်လွှားခြင်းဖြင့် လုံးလုံးလျားလျား မဖြေရှင်းနိုင်ချေ။ ထို့ထက် တိုက်ပွဲများစွာ အကြိမ်ကြိမ်တိုက်ပြီးသည့်နောက်တွင်သာ ယင်းတို့ကို နောက်ဆုံးတွင် စွန့်လွှတ်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မှသာလျှင် ဤလုပ်ငန်းစဉ်သည် အမှန်တကယ် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း

ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။ သင်မိတ်သဟာယပြုသည့်အချိန်တွင် မည်သို့ဖွင့်ဟပြောဆိုရမည်ကို သင်ယူခြင်းသည် အသက်ဝင်ရောက်မှုတွင် ပထမ အဆင့်ဖြစ်သည်။ ဆက်လက်၍ မည်သည့်အရာက မှားသည်၊ ဘုရားသခင်က မည်သည့်အရာကို မနှစ်သက်သည်ကို မြင်ရန် သင်၏ အတွေးများနှင့် လုပ်ရပ်များကို စိစစ်ဖို့ သင်ယူရန်လိုပြီး ၎င်းတို့ကို ချက်ချင်း ပြောင်းပြန်လှန်ကာ၊ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ဖယ်ရှားပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ယခင်က သင်သည် အရာရာကို သင်၏ လှည့်ဖြားတတ်သော စိတ်သဘောထားအတိုင်း လုပ်ဆောင်ခဲ့သည်၊ ယင်းက လိမ်ညာခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်။ မလိမ်ညာဘဲ မည်သည့်အရာမျှ သင်လုပ်ဆောင်၍ မရနိုင်ဟု သင်ခံစားရသည်။ ယခုအခါ သမ္မာတရားကို သင်နားလည်ပြီး အမှုကိစ္စများကို စာတန် လုပ်ဆောင်သည့် နည်းလမ်းများအား ရွံရှာသောကြောင့် ထိုနည်းအတိုင်း သင် မပြုမူတော့ချေ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ ကျိုးနွံနာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။ သင်သည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ သို့မဟုတ် အမှုကိစ္စများကို ဖုံးဖိခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူအချို့သည် အသင်းတော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေးခြင်း ခံရကာ လေ့ကျင့်ဖို့ ကောင်းမွန်သည့် အခွင့်အရေးကို လက်ခံရရှိကြသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ခံခဲ့ရသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သနည်း။ ၎င်းတို့ လိုက်နာသင့်သည့် ပထမဆုံး အခြေခံသဘောတရားသည် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်၊ ၎င်းတို့က သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိတို့ဘာသာ ရှာဖွေပြီးသည့်နောက်တွင် ၎င်းတို့ နားမလည်သေးပါက အတူတကွ မိတ်သဟာယပြုကာ ရှာဖွေဖို့ သမ္မာတရား နားလည်သူတစ်ဦးကို ၎င်းတို့ ရှာဖွေနိုင်သည်။ ယင်းက ပြဿနာဖြေရှင်းခြင်းကို ပို၍ မြန်ဆန်စေပြီး ပို၍ အချိန်ကိုက်ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားကို သိနားလည်မှု ရရှိရန်နှင့် ပြဿနာကို ဖြေရှင်းရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်ရှုခြင်း၌ အချိန်ပိုသုံးဖို့ကိုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များကို စဉ်းစားချင့်ချိန်ခြင်းဖြင့် အချိန်ပိုသုံးဖို့ကိုလည်းကောင်း အာရုံစိုက်ပါက၊ ဤသည်မှာ အလွန် နှေးကွေးသည်။ “ဖြည်းဖြည်းချင်း ကုစားမှုသည် အရေးပေါ်လိုအပ်ချက်များကို မဖြေရှင်းနိုင်” ဟူသည့် ဆိုရိုးရှိသည့်အတိုင်းပင် ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မြန်မြန်ဆန်ဆန် တိုးတက်လိုပါက၊ အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ဖို့ နည်းလမ်း၊ ပို၍များသော မေးခွန်းများမေးဖို့ နည်းလမ်းနှင့် ပို၍ ရှာဖွေဖို့နည်းလမ်းတို့ကို သင်ယူလေ့လာရမည်။ သို့မှသာလျှင် မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ၊ သင်၏အသက်တာက လျင်မြန်စွာ ကြီးထွားမည် ဖြစ်ပြီး သင်သည် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ရာထူးတိုးခံရစဖြစ်ပြီး အစမ်းခန့်ကာလတွင်သာ ရှိသေးကာ၊ သမ္မာတရားကို အမှန်တကယ် နားမလည်သောကြောင့်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သောကြောင့်၊ သင်သည် ဤဝိညာဉ်ရင့်ကျက်မှု မရှိသေးသောကြောင့်၊ သင်၏ ရာထူးတိုးခြင်းက သင်သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည့်သဘောဖြစ်သည်ဟု မတွေးလေနှင့်။ ဤသည်မှာ မမှန်ကန်ပေ။ သင်သည် အလုပ်အပေါ် ဝန်တာစိတ်ရှိပြီး ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ရုံသက်သက်ကြောင့်၊ သင်သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့အတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သင်၌ ဤဆင်ခြင်တုံတရား ရှိသင့်သည်။ ရာထူးတိုးခံရပြီး ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် သင်သည် သင်၏ ရာထူးကို အခိုင်အမာစွဲကိုင်ကာ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦးဖြစ်ကြောင်းနှင့် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြောင်း ယုံကြည်လာလျှင်၊ ညီအစ်ကိုမောင်နှမများ၌ မည်သည့်ပြဿနာများ ရှိပါစေ၊ သင်က နားလည်သယောင်၊ ဝိညာဉ်ရေးဆန်သယောင် ဟန်ဆောင်လျှင် ဤသည်မှာ မိုက်မဲသည့် နည်းလမ်းဖြစ်ပြီး ယင်းက သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများကဲ့သို့ တူညီသောနည်းလမ်းပင် ဖြစ်သည်။ သင်သည် မှန်မှန်ကန်ကန် စကားပြောဆိုပြီး ပြုမူလုပ်ဆောင်ရမည်။ သင် နားမလည်သည့်အခါတွင် အခြားသူများကို မေးနိုင်သည်၊ သို့မဟုတ် အထက်မှ အဖြေများကို ရှာနိုင်သည်၊ အထက်မှ မိတ်သဟာယကို ရှာဖွေနိုင်သည်။ ဤအရာတစ်ခုမျှ ရှက်စရာအကြောင်း မရှိပေ။ သင် မမေးလျှင်ပင်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို အထက်က သိဦးမည် ဖြစ်ပြီး၊ သင်၌ သမ္မာတရား လက်တွေ့ကျမှု မရှိသည်ကို သိလိမ့်မည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းတို့သည် သင်လုပ်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝတွင် တွေ့ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်သည်။ ယင်းသည် အရှက်ရစရာတစ်ခု မဟုတ်ပေ။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင့် စည်းမျဉ်းများကို နားမလည်ခြင်းဖြစ်စေ၊ အခြားလူများကို သို့မဟုတ် အထက်ကို အစဉ်မပြတ် မေးခွန်းများမေးခြင်းဖြစ်စေ ရှက်စရာကောင်းသည်ဟု ထင်မြင်ပြီး အခြားသူများက သင့်အား အထင်သေးမည်ကို စိုးရွံ့နေလျှင် သင်သည် ရလဒ်အနေဖြင့် အရာရာကို နားလည်သည်၊ အရာရာကို သိမြင်သည်၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်၊ မည်သည့်အသင်းတော်အလုပ်ကိုမဆို လုပ်ဆောင်နိုင်သည်၊ သင့်အား သတိပေးရန်ဖြစ်စေ၊ မိတ်သဟာယဖွဲ့ရန်ဖြစ်စေ၊ သင့်အတွက် ထောက်ကူရန်ဖြစ်စေ၊ သင့်ကို ပံ့ပိုးရန်ဖြစ်စေ မည်သူ့ကိုမျှမလိုအပ်ဟု ဟန်ဆောင်လျက် အယောင်ဆောင်လျှင် ဤသည်မှာ အန္တရာယ်ရှိကာ သင်သည် မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်လွန်းခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းခြင်းဖြစ်သည်။ သင်သည် ကိုယ့်အတိုင်းအဆပင် ကိုယ်မသိပေ။ ဤသည်မှာ သင့်ကို နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး မဖြစ်စေသလော။ ဤသို့သောလူများသည် ဘုရားအိမ်တော်အားဖြင့် ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ပေးခြင်းအတွက် စံသတ်မှတ်ချက်နှင့် အမှန်တကယ် မကိုက်ညီပေ။ ၎င်းတို့သည် အနှေးနှင့် အမြန်ဆိုသလို ဖြုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ သို့ဖြစ်၍ ရာထူးတိုးမြှင့်ခံရသည်မှာ မကြာသေးသော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တိုင်းသည် ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု မရှိကြောင်း ရှင်းလင်းစွာ သိသင့်သည်၊ ၎င်းတို့၌ ဤမိမိကိုယ်ကို သတိပြုမိခြင်း ရှိသင့်သည်။ သင်သည် ယခုအခါ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နေခြင်းမှာ ဘုရားသခင်က သင့်ကို ခန့်အပ်သောကြောင့် မဟုတ်ဘဲ၊ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်ကို ရာထူးတိုးမြှင့်သောကြောင့်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများက ရွေးကောက်တင်မြှောက်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင်၌ သမ္မာတရား လက်တွေ့ကျမှုနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု မဆိုလိုပေ။ ဤအရာကို သင်နားလည်သောအခါ၊ သင်၌ အနည်းငယ်သော ဆင်ခြင်တုံတရား ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပိုင်ဆိုင်ရမည့် ဆင်ခြင်တုံတရား ဖြစ်သည်။...သင်သည် လေ့ကျင့်ခြင်းနှင့် ပျိုးထောင်ခြင်းကာလ၌ ရှိနေပြီး၊ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကာ၊ သင်သည် သမ္မာတရားကို လုံးဝ နားမလည်ပေ။ ငါ့ကို ပြောကြလော့၊ ဘုရားသခင်သည် ဤအရာများအကြောင်းကို သိတော်မူသလော။ (သိတော်မူပါသည်။) သို့ဆိုလျှင် သင် ဟန်ဆောင်လျှင် မိုက်မဲပုံပေါက်မည် မဟုတ်လော။ သင်တို့သည် မိုက်မဲသောလူများ ဖြစ်လိုကြသလော။ (မဖြစ်လိုကြပါ။) သင်တို့သည် မိုက်မဲသောလူများ မဖြစ်လိုပါက၊ မည်သို့သောလူစားမျိုး ဖြစ်သင့်သနည်း။ ဆင်ခြင်တုံတရားရှိသောလူများ၊ သမ္မာတရားကို နှိမ့်ချစွာ ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောလူများ ဖြစ်ကြလော့။ ဟန်မဆောင်နှင့်၊ သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများ မဖြစ်ကြနှင့်။ သင်သိသောအရာမှာ အတတ်ပညာဆိုင်ရာ အသိပညာအချို့သာဖြစ်သည်၊ ယင်းမှာ သမ္မာတရား စည်းမျဉ်းများ မဟုတ်ပေ။ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းအပေါ် အခြေခံ၍ သင်၏ အတတ်ပညာဆိုင်ရာ အားသာချက်များကို သင့်လျော်စွာ အသုံးချရန်နှင့် သင်ဆည်းပူးထားသော အသိပညာနှင့် သင်ယူမှုကို အသုံးချရန် နည်းလမ်းတစ်ခု ရှာဖွေရမည်။ ဤသည်မှာ စည်းမျဉ်းတစ်ခု မဟုတ်လော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးတစ်ခု မဟုတ်လော။ သင်သည် ဤသို့လုပ်ဆောင်ရန် သင်ယူပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၌ လိုက်လျှောက်ရန် လမ်းခရီးတစ်ခု ရှိလာမည်ဖြစ်ပြီး သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ခေါင်းမမာနှင့်၊ ဟန်မဆောင်နှင့်။ ခေါင်းမာခြင်းနှင့် ဟန်ဆောင်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ ဆင်ခြင်တုံတရားရှိသော နည်းလမ်းမဟုတ်ပေ။ ထိုအစား၊ ယင်းမှာ အမိုက်မဲဆုံးသော နည်းလမ်းဖြစ်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သောလူများသည် အမိုက်မဲဆုံးသောလူများ ဖြစ်ကြသည်။ သမ္မာတရားကို ရှာဖွေပြီး အမှုကိစ္စများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သောသူများသာလျှင် အထက်မြက်ဆုံးသောလူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)

အဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သော နေရာတွင် ရပ်တည်ခြင်းနှင့် သာမန်လူတစ်ဦး ဖြစ်ခြင်းဟူသည်မှာ လုပ်ဆောင်ရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) အခက်အခဲသည် မည်သည့်နေရာတွင် ရှိပါသနည်း။ ဤသို့ ဖြစ်သည်။ လူတို့က မိမိတို့၏ ဦးခေါင်းများသည် ဘုန်းရောင်ဝါနှင့် ဘွဲ့နာမများစွာဖြင့် ဆင်မြန်းခြင်းခံရသည်ဟု အမြဲ ခံစားကြသည်။ သူတို့သည် ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကိုလည်း မိမိတို့ကိုယ်ကို ပေးကြပြီး ဟန်ဆောင်ကာ အယောင်ဆောင် အလေ့အကျင့်များနှင့် အပြင်ပန်း ပြစားမှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ကြသည်။ ဤအရာများကို သင် လက်မလွှတ်ပါက၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဤအရာများ၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အမြဲခံရပါက ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သင် အခက်တွေ့လိမ့်မည်။ သင် နားမလည်သည့် အရာများနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရန်နှင့် စိုးရိမ်သောကရောက်ခြင်းကို ရပ်တန့်ရန်နှင့် ထိုသို့သော ကိစ္စရပ်များကို ဘုရားသခင်ရှေ့သို့ သာ၍ မကြာခဏ ယူဆောင်ပြီး စစ်မှန်ရိုးသားသည့် စိတ်နှလုံးကို သူ့အား ပူဇော်ဆက်ကပ်ရန် ခက်ခဲလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်မည် မဟုတ်။ ယင်းမှာ သင်၏ အဆင့်အတန်း၊ သင်၏ ဂုဏ်ပုဒ်များ၊ သင်၏ ပင်ကိုလက္ခဏာနှင့် ထိုသို့သော အရာများအားလုံးသည် အယောင်ဆောင်ဖြစ်ပြီး မမှန်ကန်သောကြောင့်၊ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်နှင့် ဆန့်ကျင်၊ ကွဲလွဲသောကြောင့် သင့်အနေဖြင့် ဘုရားသခင်ရှေ့သို့ မလာနိုင်ရန်အလို့ငှာ ဤအရာများက သင့်ကို ချည်နှောင်ထားခြင်း ဖြစ်သည်။ ဤအရာများက သင့်ကို မည်သည့်အရာ ဖြစ်စေသနည်း။ မိမိကိုယ်ကို ဟန်ဆောင်ရာတွင်၊ နားလည်သည့်ဟန်ဆောင်ခြင်း၊ တော်တတ်သည့်ဟန်ဆောင်ခြင်း၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ ကျော်ကြားသူတစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ အရည်အချင်းရှိဟန်ဆောင်ခြင်း၊ အမြော်အမြင်ရှိဟန်ဆောင်ခြင်းနှင့် အရာရာကို သိဟန်၊ အရာရာကို တတ်စွမ်းနိုင်ပြီး အရာရာကို လုပ်ဆောင်နိုင်ဟန်ဆောင်ခြင်းတွင်ပင် သင့်ကို တော်စေသည်။ အခြားသူများက သင့်ကို ကိုးကွယ်ပြီး လေးစားကြရန်အလို့ငှာ ဤအရာက ထိုသို့ဖြစ်စေခြင်းဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မှီခိုရင်းနှင့် သင့်ကို အထင်ကြီးလျက် မိမိတို့၏ ပြဿနာအားလုံးဖြင့် သင့်ထံ လာကြလိမ့်မည်။ ထိုသို့ဖြင့် ယင်းမှာ သင်သည် မိမိကိုယ်ကို မီးကင်ရန် မီးပေါ်တွင် ထားသည့်အလား ဖြစ်သည်။ ငါ့ကို ပြောလော့၊ မီးပေါ်တွင် အကင်ခံရခြင်းသည် ခံစားရကောင်းသလော။ (မကောင်းပါ။) သင် နားမလည်သော်လည်း သင် နားမလည်ကြောင်း မပြောဝံ့ချေ။ သင် မရိပ်စားမိနိုင်သော်လည်း မရိပ်စားမိနိုင်ကြောင်း မပြောဝံ့ချေ။ သင်သည် သိသာထင်ရှားစွာ အမှား လုပ်မိသော်လည်း ဝန်မခံဝံ့ချေ။ သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာ ခံစားရသော်လည်း “ဤတစ်ကြိမ် အမှန်တကယ် ကျွန်ုပ်၏ အပြစ်ဖြစ်ပါသည်၊ ဘုရားသခင်နှင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများကို ကျွန်ုပ် အကြွေးတင်ပါသည်။ ဘုရားအိမ်တော်ကို ထိုမျှ ကြီးမားသည့် ဆုံးရှုံးမှုကို ကျွန်ုပ် ဖြစ်စေပြီဖြစ်သော်လည်း လူတိုင်းရှေ့တွင် ရပ်ပြီး ဝန်ခံဖို့ သတ္တိမရှိပါ”ဟု မပြောဝံ့ပေ။ အဘယ်ကြောင့် သင် မပြောဝံ့သနည်း။ သင်က “ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ပေးထားသည့် နာမည်ဂုဏ်သတင်း၊ ဂုဏ်ရှိန်ဂုဏ်ဝါနှင့်အညီ ကျွန်ုပ် အသက်ရှင်ဖို့ လိုအပ်သည်။ ကျွန်ုပ်အတွက် နှစ်များစွာကြာ သူတို့ စွဲကိုင်ထားသည့် စိတ်ထက်သန်သော မျှော်လင့်ချက်များကို မဆိုထားနှင့်၊ ကျွန်ုပ်အတွက် သူတို့၌ရှိကြသည့် အထင်ကြီးလေးစားမှုနှင့် ယုံကြည်ကိုးစားမှုတို့ကို ကျွန်ုပ် သစ္စာဖောက်၍ မရပါ။ ထို့ကြောင့် ကျွန်ုပ် ဆက်လက် ဟန်ဆောင်ရမည်”ဟု ယုံကြည်သည်။ ထိုသို့သော ဟန်ဆောင်မှုတစ်ခုသည် မည်သည့်အရာနှင့် တူသနည်း။ သင်သည် မိမိကိုယ်ကို ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦးအဖြစ် အောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်သည်။ ညီအစ်ကို မောင်နှမများက မေးမြန်းရန်၊ တိုင်ပင်ရန်နှင့် မိမိတို့ ရင်ဆိုင်ရသည့် မည်သည့်ပြဿနာမဆိုနှင့် ပတ်သက်၍ သင်၏ အကြံပြုတိုက်တွန်းမှုကို အရေးတကြီး တောင်းခံရန် သင့်ထံ လာချင်ကြသည်။ ၎င်းတို့အနေဖြင့် သင်မရှိဘဲနှင့် အသက်ပင် မရှင်နိုင်ကြသည့်ပုံရသည်။ သို့ရာတွင် သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားရသည် မဟုတ်လော။ လူအချို့သည် ဤမချိတင်ကဲဝေဒနာ မခံစားရသည်မှာ အမှန်ဖြစ်၏။ အန္တိခရစ်တစ်ဦးသည် ဤမချိတင်ကဲဝေဒနာကို မခံစားပေ။ ထိုအစား မိမိတို့၏ အဆင့်အတန်းသည် အခြားအရာအားလုံးအထက်တွင် ရှိသည်ဟု တွေးထင်လျက် ထိုအရာ၌ ၎င်းတို့ ဝမ်းမြောက်ပျော်ရွှင်ကြသည်။ သာမန်ဖြစ်သည့်၊ ပုံမှန်လူတစ်ဦးသည် မီးပေါ် အကင်ခံရသည့်အခါ မချိတင်ကဲဝေဒနာ ခံစားသည်။ ၎င်းတို့သည် သာမန်လူတစ်ဦးကဲ့သို့သာ လုံးဝ ဘာမျှမဟုတ်ဟု ခံစားရသည်။ အခြားသူများထက် ၎င်းတို့ ပိုသန်မာသည်ဟု မယုံကြည်ကြ။ လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မပြီးမြောက်နိုင်ရုံမက အသင်းတော် အလုပ်နှင့် ဘုရားရွေးချယ်ထားသူတို့ကို နှောင့်နှေးစေလိမ့်မည်ဟုလည်း ၎င်းတို့ တွေးထင်ကြသောကြောင့် အပြစ်တင်မှုကို ခံယူပြီး နုတ်ထွက်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသူတစ်ဦး ဖြစ်သည်။ ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူသလော။ ဆင်ခြင်တုံတရားရှိသူတို့အတွက် ဤပြဿနာကို ဖြေရှင်းရန် လွယ်ကူသော်လည်း ဆင်ခြင်တုံတရားမဲ့သူတို့အတွက် ခက်ခဲ၏။ အဆင့်အတန်းကို သင် ရရှိသည်နှင့် သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အရှက်မဲ့စွာ မွေ့လျော်သည့်ရလဒ်အနေဖြင့် တကယ့် အလုပ်ကို လုပ်ရန် သင်၏ ပျက်ကွက်မှုအတွက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလျှင် ဘယ်သူမပြုမိမိမှုသာဖြစ်ပြီး သင် ရရှိသည့်အရာနှင့် သင် ထိုက်တန်ပေသည်။ သနားခြင်း သို့မဟုတ် ကရုဏာ တစ်စက်မျှဖြင့်ပင် သင် မတန်ပေ။ ဤအရာကို ငါ အဘယ်ကြောင့် ပြောဆိုရသနည်း။ သင်သည် မြင့်သောနေရာတွင် မရမက ရပ်တည်သောကြောင့် ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ကင်ရန် မီးပေါ်ထားလိုက်ခြင်း ဖြစ်သည်။ သင့်ဒဏ်ရာသည် မိမိကိုယ်ကို ထိခိုက်စေသည့် ဒဏ်ရာဖြစ်သည်။ သင့်အနေဖြင့် မီးပေါ်ထိုင်ပြီး အကင်မခံလိုပါက ဤဘွဲ့နာမများနှင့် ဂုဏ်ရှိန်ဂုဏ်ဝါများကို စွန့်လွှတ်ပြီး သင်၏ ညီအစ်ကို မောင်နှမများကို စစ်မှန်သော အခြေအနေနှင့် သင့်စိတ်နှလုံးရှိ အတွေးများကို ပြောပြသင့်သည်။ ဤနည်းအားဖြင့် ညီအစ်ကို မောင်နှမများသည် သင့်ကို မှန်ကန်စွာ ဆက်ဆံနိုင်ပြီး သင်သည် ဟန်ဆောင်နေစရာ မလိုအပ်ပေ။ ယခုတွင် သင်သည် ဖွင့်ပြောပြီး မိမိ၏ စစ်မှန်သော အခြေအနေကို ဖော်ထုတ်သဖြင့် သင်၏ စိတ်နှလုံးသည် သာ၍ အေးချမ်းသည်၊ သာ၍ စိုးရိမ်သောကကင်းသည် မဟုတ်လော။ သင့်ပခုံးပေါ်တွင် ထိုသို့သော လေးလံသည့် ဝန်ထုပ်တစ်ခုဖြင့် အဘယ်ကြောင့် လျှောက်လှမ်းသနည်း။ သင်၏ စစ်မှန်သည့် အခြေအနေကို သင် ထုတ်ပြောပါက ညီအစ်ကို မောင်နှမများက သင့်ကို အထင်သေးကြမည်လော။ ၎င်းတို့သည် သင့်ကို အမှန်တကယ် စွန့်ပစ်ကြလိမ့်မည်လော။ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ညီအစ်ကို မောင်နှမများသည် သင့်ကို အသိအမှတ်ပြုကြလိမ့်မည်ဖြစ်ပြီး သင့်စိတ်နှလုံးထဲ ရှိသည့်အတိုင်း စကားပြောဝံ့သည့်အတွက် သင့်ကို လေးစားကြလိမ့်မည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်။ ဤအရာက အသင်းတော်ထဲတွင် သင်၏ အလုပ်ကို ဟန့်တားလိမ့်မည် မဟုတ်သကဲ့သို့ ထိုအလုပ်အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု စိုးစဉ်းမျှ ရှိလိမ့်မည် မဟုတ်ပေ။ သင့်ထံတွင် အခက်အခဲများရှိကြောင်း ညီအစ်ကို မောင်နှမများက အမှန်တကယ် မြင်ပါက ၎င်းတို့သည် သင့်ကို ဆန္ဒအလျောက် ကူညီကာ သင်နှင့်အတူ အလုပ်လုပ်ကြလိမ့်မည်။ သင် အဘယ်သို့ ထင်ပါသနည်း။ ဤသည်မှာ ဖြစ်မည့်ပုံ မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများ သင့်ကို အထင်ကြီးဖို့ အမြဲ ဟန်ဆောင်ခြင်းသည် အနုံအဆုံးသောအရာ ဖြစ်သည်။ အကောင်းဆုံးသော ချဉ်းကပ်နည်းမှာ ပုံမှန်ဖြစ်သော စိတ်နှလုံးဖြင့် သာမန်လူတစ်ဦး ဖြစ်ရန်၊ ဖြူစင်ပြီး ရိုးရှင်းသော ပုံစံဖြင့် ဘုရားရွေးချယ်ထားသူများထံ ဖွင့်ဟနိုင်ဖို့နှင့် စိတ်ရင်းအတိုင်း စကားပြောဆိုမှုများတွင် မကြာခဏ ပါဝင်ဖို့ဖြစ်သည်။ လူတို့က သင့်ကို အထင်ကြီး၊ လေးစားသည့်အခါ၊ သင့်ကို အလွန်အကျွံ ချီးမွမ်းသည့်အခါ သို့မဟုတ် မြှောက်ပင့်သော စကားများ ပြောသည့်အခါ လုံးဝ လက်မခံနှင့်။ ဤအရာအားလုံးကို ငြင်းပယ်သင့်သည်။ ဥပမာအားဖြင့် လူအချို့က “သင်သည် တက္ကသိုလ် ပါမောက္ခတစ်ဦး မဟုတ်ပါလား။ သင်သည် အလွန် နှံ့စပ်သည့်အတွက် သမ္မာတရားနှင့်ပတ်သက်၍ ကြီးမားသော သိနားလည်မှု ရှိရပေမည်”ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့ကို “ကျွန်ုပ်သည် မည်သည့် တက္ကသိုလ်မျိုး၏ ပါမောက္ခဖြစ်ပါသနည်း။ မည်သည့် အသိပညာပမာဏကမျှ သမ္မာတရားကို အစားမထိုးနိုင်ပါ။ ဤအသိပညာက ကျွန်ုပ်ကို ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေပြီးဖြစ်သည်။ ထိုအရာမှာ လုံးဝ အချည်းနှီးဖြစ်သည်။ ကျွန်ုပ်ကို အထင်မကြီးပါနှင့်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးသာ ဖြစ်ပါသည်”ဟု ပြောလော့။ လူအချို့သည် မိမိတို့၏ အဆင့်အတန်းကို လက်လွှတ်ရန် အခက်ကြုံကြသည်မှာ အမှန်ပင်ဖြစ်၏။ ၎င်းတို့သည် သာမန်လူ၊ သာမညောင်ည လူများဖြစ်လိုပြီး ဖန်ဆင်းခံတစ်ဦး၏ မှန်သည့် နေရာတွင် ဧကန်အမှန် ရပ်တည်ချင်ကြသည်။ ၎င်းတို့အနေဖြင့် ထိုသို့ ဆင်းရဲဒုက္ခ မခံစားလိုကြသော်လည်း မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ မိမိတို့ကိုယ်ကို သာလွန်သော လူများအဖြစ် အမြဲ မြင်မိကြပြီး မိမိတို့၏ အဆင့်မြင့်သော နေရာမှ မဆင်းနိုင်ကြပေ။ ဤသည်မှာ ခက်ခဲပေသည်။ လူတို့က ၎င်းတို့ကို လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်လျက် ၎င်းတို့ကို ဝန်းရံကြသည့်အခါ ၎င်းတို့ နှစ်သက်သဘောကျကြသည်။ လူတို့က မိမိတို့ ပြဿနာအားလုံးနှင့်အတူ ၎င်းတို့ထံ သွားသည်ကိုလည်းကောင်း၊ ၎င်းတို့အပေါ် မှီခိုသည်ကိုလည်းကောင်း၊ ၎င်းတို့ ပြောသည်ကို နားထောင်ပြီး အထင်ကြီးသည်ကိုလည်းကောင်း နှစ်သက်သဘောကျကြသည်။ ၎င်းတို့အနေဖြင့် အရာရာတွင် ကျွမ်းကျင်သည့် သာလွန်သောလူများဖြစ်ကြောင်း၊ ၎င်းတို့သည် အရာခပ်သိမ်းကို သိရှိသောကြောင့် ၎င်းတို့ နားမလည်သည့်အရာ တစ်ခုမျှ မရှိကြောင်း လူတို့က ယုံကြည်ကြသည်ကို နှစ်သက်ကြပြီး လူတို့က ၎င်းတို့ကို အောင်မြင်သူများအဖြစ် မှတ်ယူကြလျှင် အလွန် ကောင်းကာ အံ့ဖွယ်ဖြစ်မည်ဟုပင် တွေးထင်ကြလေသည်။ ဤသည်မှာ ကုရာနတ္တိ ဆေးမရှိတော့ချေ။ လူအချို့သည် အခြားသူများ ပေးသည့် ချီးကျူးခြင်းများနှင့် သရဖူများကို လက်ခံကြပြီး အချိန်တစ်ခုကြာ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်အဖြစ် ပါဝင်ဆောင်ရွက်ကြသည်။ သို့ရာတွင် ၎င်းတို့သည် စိတ်မသက်မသာ ဖြစ်ပြီး မချိတင်ကဲဝေဒနာ ခံစားကြရသည်။ ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင့်ကို မြှောက်ပင့်လိုသူ မည်သူမဆိုသည် သင့်ကို မီးကင်ရန် မီးပေါ် အမှန်တကယ် ထားရှိနေခြင်းဖြစ်ပြီး ထိုသူတို့ထံမှ သင် ဝေးဝေးနေသင့်သည်။ သို့မဟုတ်လျှင် သင်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ၎င်းတို့ထံ ထုတ်ဖော်ဖို့ အခွင့်အရေးတစ်ခုကို ရှာလော့၊ သင်၏ စစ်မှန်သော အခြေအနေကို ၎င်းတို့အား ပြောပြီး သင်၏ အပြစ်အနာအဆာများနှင့် ကျရှုံးမှုများကို ဖော်ထုတ်လော့။ ဤနည်းဖြင့် ၎င်းတို့သည် သင့်ကို ကိုးကွယ်ကြလိမ့်မည်မဟုတ်၊ သို့မဟုတ် အထင်ကြီးကြလိမ့်မည် မဟုတ်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ အမှန်တွင် လုပ်ဆောင်ရန် လွယ်ကူသည်။ သင် အမှန်တကယ် မလုပ်ဆောင်နိုင်ပါက သင်သည် အလွန် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြောင်း သက်သေပြပေသည်။ သင်သည် မိမိကိုယ်ကို မဟာလူသား၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်အဖြစ် တကယ့်ကို မှတ်ယူပြီး သင့်စိတ်နှလုံးတွင် ဤစိတ်သဘောထားမျိုးကို လုံးဝ မမုန်းသကဲ့သို့ စက်ဆုပ်ခြင်း မရှိပေ။ ထိုသို့ဖြစ်လျက် သင်သည် အခြားသူများ၏ အမြင်တွင် သင့်ကို ဂုဏ်အသရေပျက်စေသည့် မှောက်မှားမှုကို စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။ သင်သည် ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦး အမှန်တကယ် ဖြစ်လျှင် မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်အဖြစ် အမြဲ ဆောင်ရွက်ချင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရွံမုန်းကာ စက်ဆုပ်လိမ့်မည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ဤခံစားချက်ရှိရမည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ကို မုန်းတီးပြီး ဇာတိပကတိကို ပုန်ကန်နိုင်ပေသည်။ သင်သည် သာမညောင်ည လူတစ်ဦး၊ သာမန်လူတစ်ဦး၊ ပုံမှန် လူတစ်ဦးဖြစ်ရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ အလွန် ကောင်းမြတ်ပြီး တန်ဖိုးရှိသည်ဟု သင် တွေးထင်သည့် သင် ဖက်တွယ်ထားသော အရာများအပြင် သင့်ကို အခြားသူများ လေးစားပြီး ချီးမွမ်းကြသည့် ထိုအပေါ်ယံဆန်သော၊ လှပသော စကားလုံးများကို သင် ငြင်းပယ်ပြီး လက်လွှတ်သင့်သည်။ သင်၏စိတ်နှလုံးတွင် သင်သည် မည်သို့သောလူမျိုးဖြစ်သည်၊ သင်၏ အနှစ်သာရ အဘယ်သို့ရှိသည်၊ သင်၏ အားနည်းချက်များက မည်သည့်အရာဖြစ်ပြီး မည်သည့် ဖောက်ပြန်ပျက်စီးမှုကို သင် ထုတ်ဖော်ပြသည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ သိရှိလျှင် ဤအရာကို အခြားလူများနှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ဤသို့ဖြင့် သင်၏ အခြေအနေမှန်က မည်သို့ရှိသည်၊ သင်၏ အတွေးများနှင့် ထင်မြင်ချက်များက မည်သို့ရှိသည်တို့ကို ၎င်းတို့ မြင်တွေ့နိုင်ဖို့ဖြစ်သည်။ ဤသို့အားဖြင့် ဤကဲ့သို့သော အရာများနှင့်ပတ်သက်ပြီး သင့်တွင် မည်သည့်အသိပညာရှိသည်ကို ၎င်းတို့ သိရှိဖို့ရန်ဖြစ်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မည်သူမျှ မသိရန်အလို့ငှာ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များကို သူတစ်ပါးတို့အား မဖုံးကွယ်နှင့်။ ဤအယောင်ဆောင် အပြုအမူမျိုးသည် သင်၏ စိတ်နှလုံးတွင် အတားအဆီးတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးခြင်းတစ်ခုလည်းဖြစ်ပြီး လူတို့ကို နောင်တရခြင်း၊ ပြောင်းလဲခြင်းမှ တားဆီးနိုင်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်။ အခြားလူတို့က သင့်ကို ပေးသည့် ချီးမွမ်းခြင်း၊ သင့်အား ၎င်းတို့ ပုံပေးသည့် ဂုဏ်ကျက်သရေနှင့် ၎င်းတို့ပေးအပ်သော သရဖူများကဲ့သို့သော အယောင်ဆောင်ဖြစ်သောအရာများအား သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့ကို ထိန်းသိမ်းရမည်။ ဤအရာများက သင့်အပေါ်တွင် ဖြစ်စေသော ထိခိုက်နစ်နာမှုကို သင်မြင်ရမည်။ ထိုသို့ပြုလုပ်ရာတွင် သင်သည် သင်ကိုယ်တိုင်၏ ဆောင်ရွက်မှုကို သိလိမ့်မည်။ မိမိကိုယ်ကို သိမြင်မှုကို ရရှိလိမ့်မည်။ သင့်ကိုယ်သင် မဟာလူသားတစ်ဦးအဖြစ်၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် မြင်တော့မည်မဟုတ်ပေ။ ဤသို့သော မိမိကိုယ်ကို သိမြင်မှုကို သင် ရရှိသည်နှင့် သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်များနှင့် သင်၏ စိတ်နှလုံးတွင်းသို့ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာကို လက်ခံရန်၊ သင့်အပေါ် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ တည်ကြည်ခိုင်မာစွာဖြင့် သာမန်လူတစ်ယောက်ဖြစ်ရန်၊ ရိုးသားပြီး အားကိုးရနိုင်သည့် တစ်စုံတစ်ဦးဖြစ်ရန်နှင့် ဖန်ဆင်းခံဖြစ်သော သင်ကိုယ်တိုင်နှင့် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်ကြား သာမန်ဆက်ဆံရေးကို တည်ဆောက်ရန် သင့်အတွက် လွယ်ကူလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသောအရာ အတိအကျဖြစ်ပြီး ၎င်းတို့အဖို့ လုံးဝ ရယူနိုင်သောအရာတစ်ခုလည်းဖြစ်သည်။ ဘုရားသခင်သည် သာမန်၊ ပုံမှန်ဖြစ်သော လူတို့ကိုသာ သူ့ရှေ့လာခွင့်ပေး၏။ ထိုဟန်ဆောင်သူများနှင့် အယောင်ဆောင် ကျော်ကြားသူများ၊ ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများထံမှ ကိုးကွယ်မှုကို သူ လက်မခံပေ။ သင်သည် ဤအတုအယောင် ကိုယ်ရောင်ကိုယ်ဝါများကို လက်လွှတ်သည့်အခါ၊ သာမန်၊ ပုံမှန်လူတစ်ဦးဖြစ်ကြောင်း ဝန်ခံပြီး သမ္မာတရားကို ရှာကာ သူ့ထံ ဆုတောင်းရန် ဘုရားသခင်ဆီသို့ လာသည့်အခါ သူ့အတွက် သင်ရှိသည့် စိတ်နှလုံးသည် များစွာ သာ၍ စစ်မှန်လိမ့်မည်ဖြစ်ပြီး သင်သည် များစွာ သာ၍ စိတ်အေးချမ်းလိမ့်မည်။ ထိုသို့သော အချိန်တွင် သင့်ကို အားပေးပြီး ကူညီရန် ဘုရားသခင် လိုအပ်သည်ဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး သူ့ထံ ရှာဖွေကာ ဆုတောင်းဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ သာ၍ မကြာခဏ လာနိုင်လိမ့်မည်။ ငါ့ကိုပြောလော့၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်၊ မဟာလူသားတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူသလော သို့မဟုတ် သာမန်လူတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူသလော။ (သာမန်လူတစ်ဦးဖြစ်ရန် သာ၍ လွယ်ကူပါသည်။) သဘောတရားအရ သာမန်လူတစ်ဦးဖြစ်ရန် လွယ်ကူသော်လည်း အမြဲ ပူပင်သောကဝေဒနာဖြစ်စေသည့် ကြီးမြတ်သော ပုဂ္ဂိုလ် သို့မဟုတ် မဟာလူသားတစ်ဦး ဖြစ်ဖို့ ခက်ခဲ၏။ သို့ရာတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ပြီး ဤအရာကို လက်တွေ့လုပ်ဆောင်ကြသည့်အခါ ၎င်းတို့သည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး မဖြစ်ချင်ဘဲ မနေနိုင်ကြချေ။ ၎င်းတို့ မိမိတို့ကိုယ်ကို မထိန်းနိုင်ကြ။ ဤအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရတို့က ဖြစ်စေခြင်း ဖြစ်သည်။ ထိုသို့ဖြင့် လူသည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်သည်။ အနာဂတ်တွင် တစ်စုံတစ်ဦးက “လူတစ်ဦးသည် မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန် ကြိုးစားခြင်းကို မည်သို့ ရပ်တန့်နိုင်သနည်း”ဟု သင့်ကို မေးသည့်အခါ ဤမေးခွန်းကို သင် ဖြေနိုင်လိမ့်မည်လော။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ငါ ချခင်းပေးသည့် နည်းစနစ်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သာမန်လူတစ်ဦး ဖြစ်လော့၊ မိမိကိုယ်ကို ဟန်မဆောင်နှင့်၊ ဘုရားသခင်ထံ ဆုတောင်းပြီး ရိုးရှင်းသည့် နည်းလမ်းဖြင့် မိမိကိုယ်ကို ဖွင့်ဟကာ အခြားသူများနှင့် လှိုက်လှိုက်လှဲလှဲ စကားပြောရန် သင်ယူလော့။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် အလိုအလျောက် အကျိုးဖြစ်ထွန်းလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်ယူလိမ့်မည်။ ဘဝကို ငြီးငွေ့တော့မည် မဟုတ်၊ ပူပင်သောကရောက်တော့မည် မဟုတ်သကဲ့သို့ စိတ်ဆင်းရဲတော့မည် မဟုတ်ပေ။ လူအားလုံးသည် သာမန်လူများ ဖြစ်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ ကွာခြားပြီး အစွမ်းအစတွင် အတော်အတန် ခြားနားသည်မှလွဲ၍ ၎င်းတို့ကြားတွင် ကွဲပြားမှု မရှိပေ။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကွယ်ကာမှုကြောင့် မဟုတ်လျှင် ၎င်းတို့အားလုံး မကောင်းမှု ပြုမည်ဖြစ်ကာ အပြစ်ဒဏ်ပေးခြင်းကို ခံစားရမည် ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်း ဝန်ခံနိုင်လျှင်၊ လူ၏ စိတ်ကူးများနှင့် အနှစ်မဲ့သည့် အတွေးမှားများမှ သင် ထွက်နိုင်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ရန် ကြိုးစားကာ ရိုးသားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်လျှင်၊ ဘုရားသခင်ကို တာဝန်သိစွာ ကျိုးနွံနာခံနိုင်လျှင် သင်သည် ပြဿနာများရှိလိမ့်မည် မဟုတ်သကဲ့သို့ လူသား ပုံသဏ္ဌာန်ကို အပြည့်အဝ အသက်ရှင်လိမ့်မည်။ ထိုမျှ ရိုးရှင်းသောကြောင့် အဘယ်ကြောင့် လမ်းကြောင်း မရှိရသနည်း။ ယခု ငါ ပြောပြီးသည့်အရာသည် အလွန် ရိုးရှင်း၏။ အမှန်တွင် ယင်းမှာ အတိအကျ ဖြစ်သည့်ပုံစံဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ထိုသမ္မာတရားကို လုံးဝ လက်ခံနိုင်ပြီး “အမှန်တွင် ဘုရားသခင်သည် လူသားအပေါ် အလွန်များစွာ မတောင်းဆိုပါ။ လူသား အသိတရားနှင့် ဆင်ခြင်တုံတရားတို့ဖြင့် သူ၏ သတ်မှတ်ချက်များအားလုံး ပြည့်ဝနိုင်သည်။ လူတစ်ဦးအတွက် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် မခက်ခဲပါ။ လူတစ်ဦးသည် စိတ်ပါလက်ပါ ပြုမူဆောင်ရွက်ပြီး ဤအရာကို လက်တွေ့လုပ်ဆောင်ရန် စိတ်စွမ်းအားနှင့် လိုအင်ဆန္ဒရှိလျှင် စွမ်းဆောင်ရရှိရန် လွယ်ပါသည်”ဟုလည်း ပြောလိမ့်မည်။ သို့ရာတွင် လူအချို့သည် ဤအရာကို စွမ်းဆောင်မရရှိနိုင်ပေ။ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ အမြဲ ရှိကြသူများ၊ မဟာလူသားများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များ အမြဲ ဖြစ်ချင်ကြသူများသည် ၎င်းတို့အနေဖြင့် သာမန်လူများ ဖြစ်လိုကြသော်လည်း ၎င်းတို့အတွက် မလွယ်ကူပေ။ ၎င်းတို့က မိမိတို့အနေဖြင့် အခြားသူများထက် သာလွန်ပြီး ပိုတော်သည်ဟု အမြဲ ခံစားကြသောကြောင့် ၎င်းတို့၏ စိတ်နှင့် နှလုံးသားတစ်ခုလုံးသည် မဟာလူသား သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်လိုသည့် လိုအင်ဆန္ဒဖြင့် လောင်မြိုက်နေသည်။ ၎င်းတို့သည် သာမန်လူများဖြစ်ကာ ဖန်ဆင်းခံများအဖြစ် မိမိတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် လိုလားခြင်းမရှိရုံမက မဟာလူသားများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များဖြစ်ရန် ၎င်းတို့၏ လိုက်စားမှုအပေါ် မည်သည့်အခါတွင်မျှ စွန့်လွှတ်လိမ့်မည် မဟုတ်ဟူ၍လည်း သန္နိဋ္ဌာန်ပြုကြလေသည်။ ဤသည်မှာ ကုစား၍ မရတော့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

နားလည်သယောင် ဟန်ဆောင်ခြင်းက ကျွန်မကို ထိခိုက်ခဲ့သည်

ရိုးသားသော အပြင်ပန်းသဏ္ဌာန်ဆီသို့ လမ်းကြောင်း

အရှေ့သို့- ၁၆။ မုသားများပြောဆိုခြင်းနှင့် လှည့်စားမှု လုပ်ဆောင်ခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၁၈။ လှည့်စားတတ်သော စိတ်သဘောထားပြဿနာကို ဖြေရှင်းနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။