ဃ။ ကယ်တင်ခြင်း ရရှိသောသူများနှင့် စုံလင်အောင်ပြုခြင်းခံရသောသူများအဖို့ ဘုရားသခင်ကတိပြုသည့် အရာ

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားများထဲက လူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူထုထံ ကြေညာလိုက်သည့်အခါတွင်၊ လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အခြေအနေကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် သင်တို့ တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည်ဟူသော မျှော်လင့်ချက်များကို သင်သည် ဧကန်မုချ သိုထားဆဲ မဟုတ်လော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် အနှံ့အပြား လျှောက်လှမ်းနေပြီး၊ ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပုန်ကန်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်များ ဧကန်မုချ ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)

ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော် နိုင်ကြသည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ သူသည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်၊ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည်ကား မဟုတ်ပေ၊ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံနိုင်ပြီး ဘုရားသခင်၏ အလုပ်အတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့်၊ သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို သူတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ၊ သွားလာနိုင်၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မတူကွဲပြားသော ဘာသာစကား အမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်၊ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူကြ၏။ သူတို့အားလုံးထံတွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ရှိကြပြီး တူညီသောသက်သေကိုခံကြကာ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသောဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်း သွားလာနိုင်ကြသည်၊ ဘုရားသခင်ကို သက်သေခံသော သူများသည် စကြဝဠာတစ်ခွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားကြမည် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

၎င်းတို့၏ မတူညီသည့် လုပ်ငန်းဆောင်တာများနှင့် သက်သေခံချက်များကို အခြေခံ၍၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများသည် ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည် ဖြစ်ပြီး၊ ဒုက္ခဆင်းရဲအလယ်တွင် အောင်နိုင်သောသူများသည် နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာတစ်လျှောက် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့်အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်ပေါ်လိမ့်မည်။ ထိုအချိန်ရောက်သည့်အခါတွင်၊ လူ့အနေဖြင့် လုပ်သင့်သည့်အရာမှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် နိုင်ငံတော်အတွင်းတွင် ဘုရားသခင်နှင့်အတူတကွ သူ၏ အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ်မင်းများနှင့် ယဇ်ပရောဟိတ်များ ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲအတောအတွင်း၊ ဘုရားသခင်အတွက် ၎င်းတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေခိုင်သည်နှင့် တစ်ပြိုင်နက်၊ အသီးသီးသည် ၎င်းတို့၏ ကိုယ်ပိုင် အမျိုးအစားအလိုက် ခွဲခြားခံရပြီး ၎င်းတို့၏မူလ အနေအထားသို့ ပြန်သွားကြကာ ယင်းသည် ဘုရားသခင်၏ အမှု အောင်မြင်ခြင်း၏ အမှတ်အသား ဖြစ်သည့်အတွက် ဘုရားသခင်၏ အမှုသည် ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုနှင့် လူ၏ လက်တွေ့လုပ်ဆောင်ခြင်းတို့၏ နောက်ဆုံးရလဒ်ဖြစ်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများနှင့် လူသား၏ပူးပေါင်းလုပ်ဆောင်မှုတို့၏ အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ အဆုံးတွင် လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် ငြိမ်းချမ်းမှုကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားအကြား အနှစ် ၆၀၀၀ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ်ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

သိမ်းပိုက်ခြင်းအမှု ပြီးပြည့်စုံသည်နှင့်တစ်ပြိုင်နက်၊ လူသည် လှပသော ကမ္ဘာလောကတစ်ခုထဲသို့ ခေါ်ဆောင်ခံရလိမ့်မည်။ ဟုတ်ပေ၏၊ ဤအသက်တာသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်လိမ့်မည် ဖြစ်သော်လည်း၊ ယနေ့ လူသား၏အသက်တာနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံး သိမ်းပိုက်ခံရပြီးနောက်၊ လူသားမျိုးနွယ် ရှိမည့် အသက်တာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ လူသားအတွက် အသစ်စတင်ခြင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် ထိုသို့သော အသက်တာတစ်ခု ရှိရန်မှာ လူသားမျိုးနွယ်သည် သစ်လွင်ပြီး လှပသော နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်ပြီးဖြစ်သည့် သက်သေ ဖြစ်လိမ့်မည်။ ယင်းသည် ကမ္ဘာမြေပေါ်တွင် လူနှင့် ဘုရားသခင်၏ ဘဝ စတင်ခြင်း ဖြစ်လိမ့်မည်။ ထိုသို့သော လှပသည့် အသက်တာ၏ အကြောင်းပြချက်မှာ လူသည် သန့်စင်ခံရကာ သိမ်းပိုက်ခံရပြီးနောက်တွင်၊ ဖန်ဆင်းရှင်ရှေ့မှောက်တွင် သူ ကျိုးနွံနာခံခြင်းကြောင့် ဖြစ်ရပေမည်။ ထို့ကြောင့်၊ သိမ်းပိုက်ခြင်း အမှုသည် လူသားမျိုးနွယ်က နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မဝင်ရောက်မီ ဘုရားသခင်၏ အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထိုသို့သော အသက်တာတစ်ခုသည် ကမ္ဘာမြေပေါ်က လူ၏အနာဂတ် အသက်တာဖြစ်၏၊ ကမ္ဘာပေါ်က အလှပဆုံးသော အသက်တာဖြစ်၏၊ လူသား တောင့်တသော အသက်တာမျိုးဖြစ်၏၊ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ကြိမ်တစ်ခါမျှ မရရှိဖူးသော အသက်တာမျိုး ဖြစ်၏။ ယင်းသည် အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် အတမ်းတဆုံးသောအရာဖြစ်ပြီး လူသားထံ ဘုရားသခင်၏ ကတိလည်း ဖြစ်သည်။ သို့ရာတွင် ဤကတိသည် ချက်ချင်းဖြစ်မလာနိုင်ပေ။ နောက်ဆုံးသော ကာလ၏ အမှု ပြီးဆုံးပြီး လူသည် လုံးဝသိမ်းပိုက်ခံရပြီးမှသာ၊ ဆိုလိုသည်မှာ စာတန် လုံးဝ ရှုံးနိမ့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် လူသည် အနာဂတ် ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်လိမ့်မည်။ လူသည် စစ်ဆေးခံရပြီးနောက်တွင်၊ အပြစ်ရှိသော သဘာဝမရှိဘဲ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ရန်လိုသည့် အင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်း ရှိမည်မဟုတ်သကဲ့သို့၊ လူ၏ ဇာတိပကတိကို တိုက်ခိုက်နိုင်သည့် ရန်လိုသည့် အင်အားစုများ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူသည် လွတ်လပ်ကာ သန့်ရှင်းလိမ့်မည်- သူသည် ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

လူသည် ကမ္ဘာမြေပေါ်တွင် စစ်မှန်သည့် လူ့အသက်တာကို ရရှိပြီး စာတန်၏အင်အားစု တစ်ခုလုံး ကျေးကျွန်ဘဝတွင် ထားရှိခြင်းခံရသည့်အခါ၊ လူသည် ကမ္ဘာမြေပေါ်တွင် လွယ်ကူစွာ အသက်ရှင်လိမ့်မည်ဖြစ်သည်။ အမှုအရာများသည် ယနေ့လောက် ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ- လူသားဆက်ဆံရေးများ၊ လူမှု ဆက်ဆံရေးများ၊ ရှုပ်ထွေးသည့် မိသားစုဆိုင်ရာ ဆက်ဆံရေးများ- ၎င်းတို့သည် များလှစွာသော ဒုက္ခ၊ များလှစွာသော ဝေဒနာကို ဆောင်ကြဉ်းလေသည်။ ဤနေရာရှိ လူ၏ဘဝသည် အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ သူ၏နှလုံးသားနှင့် စိတ်တို့ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသည့် စကြဝဠာအတွင်းရှိသည့် သူအားလုံး သိမ်းပိုက်ခြင်းခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ စာတန်ရှုံးနိမ့်ပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ အမှောင် အင်အားစုအားလုံးဖြစ်သည့် စာတန်ကို ကျေးကျွန်ဘဝတွင် ထားရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေပေါ်ရှိ လူသား၏ဘဝသည် အနှောင့်အယှက်ကင်းလိမ့်မည် ဖြစ်ကာ သူသည် ကမ္ဘာမြေပေါ်တွင် လွတ်လပ်စွာ အသက်ရှင်နိုင်လိမ့်မည် ဖြစ်သည်။ လူ၏ဘဝသည် ဇာတိပကတိ ဆက်ဆံရေးများနှင့် ဇာတိပကတိ၏ အရှုပ်အထွေးများ မရှိပါက၊ လွန်စွာ သာ၍လွယ်ကူလိမ့်မည် ဖြစ်သည်။ လူ၏ ဇာတိပကတိ ဆက်ဆံရေးများသည် ရှုပ်ထွေးလွန်းသကဲ့သို့၊ လူသားအနေဖြင့် ထိုသို့သောအရာများရှိခြင်းသည် သူသည် စာတန်၏လွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ လိုသေးသည့် သက်သေဖြစ်သည်။ သင်သည် သင်၏ညီအစ်ကို မောင်နှမများတစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်၏မိသားစုဝင်တစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်သည် ပူပန်စရာများ ရှိမည်မဟုတ်သကဲ့သို့၊ မည်သူမျှနှင့်ပတ်သက်၍ စိုးရိမ်ဖို့ လိုအပ်မည်မဟုတ်ပေ။ သာ၍ ကောင်းသည့်အရာ မရှိနိုင်သကဲ့သို့၊ ဤနည်းဖြင့် လူသည် ၎င်း၏ဒုက္ခတစ်ဝက် သက်သာရာရမည် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် သာမန်လူသားဘဝတစ်ခုကို အသက်ရှင်ရင်း၊ လူသည် ကောင်းကင်တမန်များနှင့် အလားတူ ပေလိမ့်မည်။ ဇာတိပကတိ၏ ဖြစ်တည်မှုရှိဆဲဖြစ်သော်လည်း၊ သူသည် ကောင်းကင်တမန်တစ်ပါးနှင့် များစွာတူလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးကတိ၊ လူသားအပေါ် အပ်နှင်းသည့် နောက်ဆုံးကတိဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

စုံလင်စေဖို့ ဘုရားသခင် ရည်ရွယ်သော သူအားလုံးသည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကို ရရှိကြလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ၎င်းတို့အတွင်း ရှိသည့်အရာဖြစ်လာဖို့အလို့ငှာ ၎င်းတို့ ခံယူကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို သူတို့၏အထဲတွင် ဖြစ်ပေါ်စေခဲ့ကြသည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် မည်သည့်အရာဖြစ်ပါစေ၊ သင်တို့သည် အဖြစ်အတိုင်း အတိအကျ အားလုံးကို ခံယူနိုင်ပြီး၊ ထိုသို့ဖြင့် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရပြီး ဘုရားသခင်၏ ရယူခြင်းခံရသည့် လူစားမျိုးဖြစ်သည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသာ ဘုရားသခင် အပ်နှင်းသည့် ကောင်းချီးမင်္ဂလာများကို ရရှိရန် အရည်အချင်း ပြည့်မီပေသည်-

၁။ ဘုရားသခင်၏ မေတ္တာတစ်ခုလုံးကို ရရှိခြင်း။

၂။ အရာခပ်သိမ်းတွင် ဘုရားသခင်အလိုနှင့်အညီ ပြုမူခြင်း။

၃။ ဘုရားသခင်၏လမ်းပြမှု ရရှိခြင်း၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း။

၄။ ဘုရားသခင် ချစ်သော ပုံသဏ္ဌာန်ကို မြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခြင်း။ ဘုရားသခင်အတွက် ကားစင်တင်ခံရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ဆုလာဘ်အနေဖြင့် အသေခံထိုက်သော ပေတရုကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း။ ပေတရုကဲ့သို့ ထပ်တူ ဘုန်းအသရေ ရှိခြင်း။

၅။ ကမ္ဘာပေါ်က အယောက်တိုင်း၏ ချစ်ခင်နှစ်သက်ခံရခြင်း၊ ရိုသေခံရခြင်းနှင့် အားကျလေးစားခံရခြင်း။

၆။ သေခြင်းနှင့် မရဏာနိုင်ငံ၏ ကျေးကျွန်ဘဝနှင့်ဆိုင်သည့် ရှုထောင့်တိုင်းကို အောင်မြင်ခြင်း၊ စာတန်ကို သူ၏ အလုပ် လုပ်ဆောင်ရန် အခွင့်အရေးမပေးခြင်း၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုခံရခြင်း၊ လန်းဆန်းပြီး တက်ကြွသော စိတ်ဝိညာဉ်အတွင်း အသက်ရှင်ခြင်းနှင့် တိုးကာ ပန်းလျနွမ်းနယ်မသွားခြင်း။

၇။ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သော နေ့ရက် ရောက်ရှိခြင်းကို ရှုမြင်ပြီးသည့်သဖွယ်၊ ဘဝတစ်လျှောက် အချိန်တိုင်း ပြောမပြတတ်လောက်အောင်ဖြစ်သည့် ပီတိစိတ်နှင့် စိတ်လှုပ်ရှားပျော်ရွင်မှုတို့ ရှိခြင်း။

၈။ ဘုရားသခင်နှင့်အတူ ဘုန်းအသရေ ရရှိခြင်းနှင့် ဘုရားသခင်ချစ်သော သန့်ရှင်းသူတို့နှင့် ဆင်သော မျက်နှာတစ်ခု ရှိခြင်း။

၉။ မြေကြီးပေါ်တွင် ဘုရားသခင်ချစ်သောအရာ၊ ဆိုလိုသည်မှာ ဘုရားသခင် ချစ်သောသား၊ ဖြစ်လာခြင်း။

၁၀။ အသွင်ပြောင်းကာ တတိယကောင်းကင်သို့ ဘုရားသခင်နှင့် အတူ တက်ကြွခြင်းနှင့် ဇာတိပကတိကို ကျော်လွန်ခြင်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

အောင်နိုင်သူတို့၏သီချင်း

နောက်ဆုံးသောကာလရှိ လူတို့အပေါ် ဘုရား၏ကတိတော်

စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ဘုရားသခင်၏ကတိတော်များ

အရှေ့သို့- ဂ။ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံခြင်းအားဖြင့်သာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သည့် အကြောင်းအရင်း

နောက်တစ်ခုသို့- င။ လူသားမျိုးနွယ်၏ နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်သည် မည်သည့်အရာနှင့် တူလိမ့်မည်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။