၁၂။ အန္တိခရစ်များအား ချဉ်းကပ်ပြီး ကိုင်တွယ်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ပိုင်းခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်၊ ပြီးလျှင် ပစ်ပယ်ရမည်။ ထိုမှသာ အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်၍ မှန်ကန်သော လမ်းကြောင်းအပေါ် ဝင်ရောက်ခြင်းက သေချာနိုင်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လာအောင် အခြားသူများကို မည်သို့ အထင်အမြင်မှားစေခဲ့သည်ဖြစ်စေ ထိုသူတို့သည် သင်၏ ခေါင်းဆောင်များမဟုတ်ပေ။ ထိုသူတို့ကို အသိအမှတ်မပြုနှင့်၊ ထို့ပြင် သူတို့၏ ခေါင်းဆောင်မှုကို လက်သင့်မခံနှင့်။ သူတို့ကို ပိုင်းခြားသိမြင်ပြီး ပစ်ပယ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သင့်ကို သမ္မာတရား နားလည်အောင် မကူညီနိုင်သကဲ့သို့ သင့်ကို အထောက်အမလည်း မပေးနိုင် သို့မဟုတ် သင့်အတွက်လည်း မထောက်ပံ့ပေးနိုင်ချေ။ ဤသည်တို့မှာ အဖြစ်မှန်များပင်။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရားစစ်မှန်မှုထဲသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ဖို့ မသင့်တော်ပေ။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရား နားလည်ခြင်းနှင့် ဘုရားသခင်၏ အလုပ်အား တွေ့ကြုံခြင်းသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတို့ ဖြစ်ကြပြီး သူတို့ကို သင် ပိုင်းခြားသိမြင်သင့်သည်၊ ဖော်ထုတ်သင့်သည်၊ ပြီးလျှင် ပစ်ပယ်သင့်သည်။ သူတို့ပြုလုပ်သမျှမှာ သူတို့၏နောက် လိုက်အောင် သင့်အား အထင်အမြင်မှားစေရန်နှင့် အသင်းတော်၏ အလုပ်အား ပျက်စီးစေပြီး အနှောင့်အယှက်လုပ်ဖို့အတွက် သူတို့၏အုပ်စုတွင် ပါဝင်အောင်လုပ်ရန်၊ သူတို့လျှောက်သကဲ့သို့ပင် အန္တိခရစ်များ၏ လမ်းကြောင်းအား လျှောက်ရာတွင် လိုက်ပါလာအောင် သင့်ကို ဆွဲသွင်းရန် ဖြစ်သည်။ ထိုသူတို့သည် သင့်ကို ငရဲပြည်သို့ ဆွဲချသွားချင်ကြသည်။ အကယ်၍ သင်သည် သူတို့၏ သရုပ်မှန်ကို မခွဲခြားနိုင်ဘဲ သူတို့သည် သင်၏ ခေါင်းဆောင်များဖြစ်သဖြင့် သူတို့ကို နာခံသင့်ပြီး လိုက်လျောသင့်သည်ဟု ယုံကြည်နေပါက သင်သည် သမ္မာတရားကိုရော ဘုရားသခင်ကိုပါ သစ္စာဖောက်သောသူ ဖြစ်သွားကာ ထိုသို့သော လူတို့သည် ကယ်တင်ခြင်းကို မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းခံရလိုပါက အဆင်းနီသော နဂါးကြီးနှင့်ဆိုင်သော အကျပ်အတည်းကို ကျော်လွန်ရမည်သာမက ပြီးလျှင် အဆင်းနီသော နဂါးကြီးကို သိမြင်ဖို့၊ ယင်း၏ အကျည်းတန်သော မျက်နှာကို ရိပ်စားမိဖို့နှင့် ယင်းကို လုံးလုံး ပုန်ကန်ဖို့ လုပ်နိုင်စွမ်းရှိရမည်သာမက သင်ကျော်ဖြတ်ဖို့ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကျပ်အတည်းကလည်း ရှိနေသည်။ အသင်းတော်၌ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ရုံသာမက ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ရန်သူလည်း ဖြစ်ပေသည်။ သင်သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အထင်အမြင်မှားစေခြင်းခံရပြီး သိမ်းသွင်းစည်းရုံးခံရနိုင်ကာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရဖို့ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်ပါက ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် လုံးလုံး ကျရှုံးပြီးဖြစ်သည်။ ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ပိုင်းခြားသိမြင်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ အချို့က “ကျွန်ုပ်တွင် လောလောဆယ်တွင် ထိုအရာအတွက် သမ္မာတရား မရှိပါက မည်သို့ပြုရမည်နည်း” ဟု ဆိုကြမည်ဖြစ်သည်။ သင်သည် အလျင်အမြန်ပင် မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်။ လူတို့နှင့် အမှုအရာများထဲသို့ မြင်တွေ့တတ်အောင် သင်ယူရမည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်သကဲ့သို့ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်းရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်ကာ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် ထိုအန္တိခရစ်များနှင့် ပတ်သက်သော အခက်အခဲကို မကျော်လွန်နိုင်ပါက သင်သည် ကြီးမားသော အန္တရာယ်ရှိနေပြီး အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းခံရကာ ဖမ်းဆီးခံရသည့်အပြင် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်ပေသည်။ သင်တို့ကြားတွင် သမ္မာတရား လိုက်စားသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ ရှိနိုင်ချေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်တို့လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သူ အချို့ရှိ၏။ သို့သော် အန္တိခရစ်များ၏ လူတို့အား အထင်အမြင်မှားစေခြင်းသည် အသင်းတော်များ၌ အမှန်တကယ် ဖြစ်ပျက်ပြီး မကြာခဏ ဖြစ်ပျက်လေသည်။ လူတို့က ယင်းကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခြင်းသာဖြစ်သည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုဖြစ်သည့် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင် သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့ “ဘုရားသည် ဖြောင့်ပင်မဖြောင့်မတ်ပါ။ အဘယ်မှာ ဘုရားရှိသနည်း။ ဤလောကတွင် တရားမျှတမှုလည်းမရှိ၊ သို့မဟုတ် အလင်းလည်း မရှိသကဲ့သို့ ဘုရား၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းကဲ့သို့သော အရာမျိုးမရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု သင်ပြောလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်မှ လမ်းလွဲကာ သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်း ရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက သင်အောင်မြင်ရမည့် ပထမဆုံး စမ်းသပ်မှုမှာ စာတန်ကို သတိမူမိခြင်းနှင့် ရိပ်စားမိနိုင်ခြင်းဟူသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး သင်သည် ရင်ဆိုင်ပြီး စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်များနှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်းကို အချိန်မရွေး ခံရနိုင်ပေသည်။ ထို့ကြောင့် သင်သည် ကြီးမားသော အန္တရာယ် ရှိ၏။ ဤအန္တရာယ်မှ ရုန်းထွက်လွတ်မြောက်အောင် အားမထုတ်နိုင်ပါက သင်သည် စာတန်၏ ယဇ်ကောင်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်

အန္တိခရစ်များအပေါ် မည်သည့်သဘောထား သင်၌ ရှိသင့်သနည်း။ သင်သည် ၎င်းတို့ကို ဖော်ထုတ်သင့်ပြီး ၎င်းတို့နှင့် စစ်ခင်းသင့်သည်။ အကယ်၍ သင်တို့ တစ်ဦးနှစ်ဦးသာ ရှိပြီး အန္တိခရစ်များကို သင်တစ်ဦးတည်း ရင်ဆိုင်ဖို့အတွက် အားနည်းလွန်းပါက သင်သည် ဤအန္တိခရစ်များအား တိုင်ကြားရန်နှင့် ဖော်ထုတ်ရန်အတွက် သမ္မာတရားနားလည်သည့် လူအချို့နှင့် အင်အားပေါင်းစည်းသင့်ကာ ၎င်းတို့ ရှင်းလင်းခံရသည်အထိ ဆက်လက်လုပ်ဆောင်သင့်သည်။ လွန်ခဲ့သော နှစ်နှစ်အကြာတွင် တရုတ်ပြည်မကြီးရှိ သင်းအုပ်နယ်ပယ်အချို့တွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ရာထူးမှ ဖယ်ရှားရန် စည်းလုံးခဲ့ကြကြောင်း ငါကြားသိခဲ့ဖူးသည်။ အယောင်ဆောင် အချို့သော ခေါင်းဆောင်များနှင့် အန္တိခရစ်များမှာ ဆုံးဖြတ်ချက်ချသော အဖွဲ့များ၌ ဦးဆောင်သူပင် ဖြစ်ကြသော်လည်း ၎င်းတို့သည်လည်း ထို့အတူ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖယ်ရှားခြင်းခံခဲ့ကြရသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အထက်မှနေ၍ ခွင့်ပြုချက် စောင့်ဆိုင်းစရာ မလိုပေ။ တကယ့်အလုပ်ကို မလုပ်ဆောင်ခဲ့သည့်အပြင် ညီအစ်ကို မောင်နှမများကို အမြဲတမ်း ညှဉ်းဆဲနေခဲ့သည့်၊ သွေးရူးသွေးတန်း ပြုမူလုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့် လုပ်နေခဲ့သည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဘုရားသခင် ရွေးချယ်ထားသော လူတို့က သမ္မာတရားစည်းမျဉ်းများအရ ခွဲခြားဖော်ထုတ်နိုင်ခဲ့ကြကာ ၎င်းတို့ကို မဆိုင်းမတွ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ အချို့ကို ဆုံးဖြတ်ချက်ချသော အဖွဲ့များထဲမှ ထုတ်ပစ်ခဲ့ကြပြီး အချို့ကို အသင်းတော်ထဲမှ ရှင်းလင်းပစ်ခဲ့ကြသည်။ ယင်းမှာ ကောင်းမွန်လှပေ၏။ ဤအရာက ဘုရားသခင်ရွေးချယ်ထားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သော လမ်းကြောင်းအပေါ် ရပ်တည်ပြီးသား ဖြစ်ကြောင်းပြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားလည်ပြီးသား ဖြစ်ပြီး ယခုတွင် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းနှင့် အရူးလုပ်ခြင်းကို နောက်ထပ်မခံရတော့။ ၎င်းတို့သည် ထ၍ စာတန်၏ ဆိုးယုတ်သော အင်အားစုများနှင့် စစ်ခင်းဝံ့ကြသည်။ ဤအရာက အသင်းတော်အတွင်းရှိ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အင်အားစုများသည် နောက်ထပ် အသာစီး မရတော့ကြောင်းကိုလည်း ပြလေသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ စကားများနှင့် လုပ်ဆောင်မှုများ၌ နောက်ထပ် ပြောင်ပြောင်တင်းတင်း မလုပ်ဝံ့ကြတော့ပေ။ ၎င်းတို့သည် မိမိတို့၏ လျှို့ဝှက်ချက်ကို အမှတ်တမဲ့ ဖော်မိလျှင်မိချင်း ၎င်းတို့ကို ကြီးကြပ်ဖို့၊ ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့နှင့် ၎င်းတို့ကို ပစ်ပယ်ဖို့အတွက် တစ်စုံတစ်ဦး ရှိနေမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သမ္မာတရားကို အမှန်တကယ် နားလည်သောသူများ၏ စိတ်နှလုံးထဲ၌ လူသား၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် တန်ခိုးအာဏာကို ကြီးစိုးသော အဆင့်အတန်း မရှိပေ။ ထိုကဲ့သို့သော လူတို့သည် ထိုအရာများကို အလေးမထားပေ။ လူတစ်ဦးသည် သမ္မာတရားကို လိုလားတက်ကြွစွာ ရှာဖွေပြီး ယင်းအပေါ် မိတ်သဟာယ ပြုနိုင်သောအခါတွင်လည်းကောင်း၊ သူသည် ဘုရားသခင်အား ယုံကြည်သောသူတို့ လျှောက်သင့်သည့် လမ်းကြောင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ဆက်ဆံသင့်ပုံတို့ကို စတင်၍ ပြန်လည်ချင့်ချိန်ပြီး ပြန်၍သုံးသပ်သောအခါတွင်လည်းကောင်း၊ လူတို့ လိုက်လျှောက်သင့်သောသူမှာ မည်သူဖြစ်ကြောင်း၊ မည်သည့်အပြုအမူများသည် လူသားနောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ပြီး မည်သည်တို့သည် ဘုရားသခင်နောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ကြောင်း စတင်၍ တွေးဆသောအခါတွင်လည်းကောင်း၊ ထို့ပြင် ဤသမ္မာတရားများကို စမ်းတဝါးဝါးရှာပြီး ယင်းတို့ကို နှစ်ကာလအတန်ကြာ တွေ့ကြုံထားပြီးနောက် မသိလိုက်မီတွင်ပင် သမ္မာတရားအချို့ကို နားလည်လာပြီး ပိုင်းခြားသိမြင်တတ်လာသောအခါတွင်လည်းကောင်း ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ရရှိထားပြီးဖြစ်လိမ့်မည်။ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေနိုင်ခြင်းဟူသည် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သောလမ်းကြောင်းကို ဝင်ရောက်ထားပြီးဖြစ်ခြင်းပင်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်

အန္တိခရစ်များတွင် အလွန့်အလွန် ရက်စက်သော စိတ်သဘောထားများ ရှိကြသည်။ သင်သည် ၎င်းတို့ကို ပြုပြင်ရန် သို့မဟုတ် ဖော်ထုတ်ရန် ကြိုးစားလျှင် ၎င်းတို့က သင့်ကို မုန်းကြလိမ့်မည်ဖြစ်ပြီး အဆိပ်ပြင်းသော မြွေများဖြစ်သည့်အလား သင့်ကို မညှာမတာ တိုက်ခိုက်လိမ့်မည်။ သင်သည် မည်မျှ ကြိုးစားသည်ဖြစ်စေ ၎င်းတို့ကို လှုပ်ခါနိုင်မည်မဟုတ်၊ သို့မဟုတ် ခါချနိုင်မည် မဟုတ်ပေ။ ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံရသည့်အခါ ကြောက်ရွံ့မိကြသလော။ လူအချို့သည် အမှန်တကယ် ကြောက်လန့်ကာ “သူတို့ကို ကျွန်ုပ် မပြုပြင်ဝံ့ပါ။ သူတို့သည် အဆိပ်ပြင်းသော မြွေများကဲ့သို့ အလွန် ကြမ်းကြုတ်ပြီး ကျွန်ုပ်၏ တစ်ကိုယ်လုံးအနှံ့ သူတို့ ရစ်ပတ်လိုက်လျှင် ကျွန်ုပ် ဇာတ်သိမ်းပြီဖြစ်သည်”ဟု ပြောကြသည်။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန် သေးငယ်ကြသည်၊ မည်သည့်အရာအတွက်မျှ မကောင်းကြ၊ ခရစ်တော်၏ စစ်သားကောင်းများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း သက်သေမခံနိုင်ကြပေ။ ထို့ကြောင့် ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ၎င်းတို့က သင့်ကို ခြိမ်းခြောက်လျှင်၊ သို့မဟုတ် သင့်အသက်ကို နုတ်ယူဖို့ ကြိုးစားလျှင် သင် ကြောက်ရွံ့မည်လော။ ထိုသို့သော အခြေအနေများတွင် သင်၏ ညီအစ်ကို မောင်နှမများနှင့် သင် အမြန် ပူးပေါင်းကာ ရပ်တည်ရမည်၊ စုံစမ်းစစ်ဆေးရမည်၊ အထောက်အထား စုဆောင်းရမည်ဖြစ်ပြီး အသင်းတော်မှ အန္တိခရစ်များ ရှင်းလင်းသွားသည်ထိ ၎င်းကို ဖော်ထုတ်ရမည်ဖြစ်သည်။ ဤသည်မှာ ပြဿနာကို အကုန်အစင် ဖြေရှင်းခြင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦးကို သင် ရှာဖွေတွေ့ရှိကာ ၎င်းတွင် ဆိုးယုတ်သော လူတစ်ဦး၏ အင်္ဂါရပ်များရှိပြီး အခြားသူများကို အပြစ်ပေးကာ လက်တုံ့ပြန်နိုင်သည်ကို သင် ရှင်းလင်းစွာ ပိုင်းခြားသိမြင်လျှင် ၎င်းတို့ မကောင်းမှုကျူးလွန်သည်ထိ မစောင့်နှင့်၊ ပြီးလျှင် ထိုအရာကို သင် မကိုင်တွယ်မီ သက်သေအထောက်အထားကို စုလော့။ ဤသည်မှာ ဘာသိဘာသာ နေခြင်းဖြစ်ပြီး ဆုံးရှုံးမှုအနည်းငယ်ပင် ဖြစ်စေနှင့်ပြီးဖြစ်လိမ့်မည်။ အန္တိခရစ်များက ၎င်းတို့တွင် ဆိုးယုတ်သော လူတစ်ဦး၏ အင်္ဂါရပ်များ ရှိသည်ကို ပြကာ ၎င်းတို့၏ မသိမသာဒုက္ခပေးပြီး မလိုမုန်းထားသော စိတ်သဘောထားကို ထုတ်ဖော်ပြ၍ ၎င်းတို့ လုပ်ဆောင်တော့မည့်အချိန်သည် ၎င်းတို့ကို ကိုင်တွယ်ရန်၊ ဖြေရှင်းရန်၊ ရှင်းလင်းပစ်ပြီး နှင်ထုတ်ရန် အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်မှု အရှိဆုံးသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ လူအချို့သည် အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့ပြီး ၎င်းတို့ကို မဖော်ထုတ်ဝံ့ကြချေ။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်နိုင်ပေ။ ယင်းက သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိမှုမရှိကြောင်း ပင်ကိုအားဖြင့် ပြသလေသည်။ အန္တိခရစ်က သင့်အပေါ် လက်တုံ့ပြန်ရန် နိုင်ကွက်တစ်ခု ရှာတွေ့မည်ကို သင် စိုးရွံ့သည်။ ပြဿနာမှာ မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သင် ယုံကြည်ကိုးစားမှု မရှိခြင်း ဖြစ်နိုင်မည်လော။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို သင် မသိသလော။ သင့်တွင်ရှိသည့် ဖောက်ပြန်ပျက်စီးခြင်နှင့်ဆိုင်သော ကိစ္စအချို့ကို အန္တိခရစ်က ထိန်းချုပ်နိုင်ပြီး ထိုအရာနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်လျှင်ပင် သင် မစိုးရွံ့သင့်ပေ။ ဘုရားအိမ်တော်တွင် ပြဿနာများကို သမ္မာတရား စည်းမျဉ်းများပေါ်အခြေခံ၍ ကိုင်တွယ်ပေသည်။ ပြစ်မှားခြင်းများကို ပြုလုပ်ခြင်းက တစ်စုံတစ်ဦးသည် ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားအိမ်တော်က ခဏတာ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခြင်း သို့မဟုတ် ရံဖန်ရံခါ ပြစ်မှားခြင်းကြောင့် တစ်စုံတစ်ဦးကို လုံးဝ ကိုင်တွယ်ခြင်းမရှိပေ။ အဖျက်အမှောင့်များကို တစ်စိုက်မတ်မတ် ဖန်တီးပြီး မကောင်းမှုလုပ်ဆောင်ကာ သမ္မာတရား စိုးစဉ်းမျှကိုပင် လက်မခံသည့် ထိုအန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့ကို ဘုရားအိမ်တော်က ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားအိမ်တော်က လူကောင်းတစ်ဦးကို မည်သည့်အခါတွင်မျှ မတရားလုပ်လိမ့်မည် မဟုတ်ပေ။ လူတိုင်းကို မျှတစွာ ဆက်ဆံသည်။ အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များက လူကောင်းတစ်ဦးကို မမှန်မကန် စွပ်စွဲလျှင်ပင် ဘုရားအိမ်တော်က ထိုသူတို့ကို သင်္ကာရှင်းပေးလိမ့်မည်ဖြစ်သည်။ အသင်းတော်က အန္တိခရစ်များကို ဖော်ထုတ်နိုင်ကာ တရားမျှတစိတ်ရှိသည့် လူကောင်းတစ်ဦးကို မည်သည့်အခါတွင်မျှ ရှင်းလင်းပစ်လိမ့်မည် မဟုတ်၊ သို့မဟုတ် ကိုင်တွယ်လိမ့်မည် မဟုတ်ပေ။ မိမိတို့ကို လက်တုံ့ပြန်ရန် အန္တိခရစ်များက နိုင်ကွက် ရှာတွေ့မည်ကို လူတို့ အမြဲ ကြောက်ကြသည်။ သို့သော် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိကာ သူ၏ ပစ်ပယ်ခြင်းခံရမည်ကို သင် မကြောက်သလော။ သင့်အပေါ် လက်တုံ့ပြန်ရန် အန္တိခရစ်တစ်ဦးက နိုင်ကွက် ရှာတွေ့သွားမည်ကို သင် ကြောက်ရွံ့လျှင် ၎င်းကို တိုင်ကြားပြီး ဖော်ထုတ်ရန် အန္တိခရစ်၏ ဒုစရိုက်အမှုများနှင့်ဆိုင်သည့် အထောက်အထားကို အဘယ်ကြောင့် လက်မလွှတ်တမ်း အသုံးမပြုသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံအားပေးခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်က သင်၏ ကောင်းမှုများနှင့် တရားမျှတသော လုပ်ရပ်များကို အောက်မေ့သတိရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤအရာကို အဘယ်ကြောင့် မလုပ်ဆောင်သနည်း။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် စိတ်ထဲတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို အမြဲ ထားရှိသင့်သည်။ ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်များကို ဖယ်ရှားခြင်းသည် စာတန်နှင့် စစ်ပွဲတွင် အရေးအကြီးဆုံးသော တိုက်ပွဲဖြစ်သည်။ ဤတိုက်ပွဲကို အောင်မြင်လျှင် အောင်မြင်သောသူ၏ သက်သေခံချက်တစ်ခု ဖြစ်လာလိမ့်မည်။ စာတန်များနှင့် နတ်ဆိုးများကို အသေအလဲရင်ဆိုင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၌ ရှိသင့်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခု ဖြစ်သည်။ ထိုအရာသည် အောင်မြင်သောသူများ ပိုင်ဆိုင်သင့်သည့် သမ္မာတရား စစ်မှန်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် အလွန်များသော သမ္မာတရားကို ပေးသနားပြီးဖြစ်သည်၊ သင့်အနေဖြင့် သက်သေခံကာ အသင်းတော်၏ အလုပ်ကို ကာကွယ်ပေးခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် ထိုမျှအချိန်ကြာမြင့်စွာ သင့်ကို ဦးဆောင်လမ်းပြပြီးဖြစ်ကာ သင့်အတွက် အလွန်များစွာ ထောက်ပံ့ပေးပြီးဖြစ်သည်။ ဖြစ်ချင်တော့ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့က ဒုစရိုက်အမှုများကို လုပ်ဆောင်ကာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သည့်အခါတွင် သင်သည် ကြောက်တတ်လာကာ ဆုတ်ခွာလျက် သင်၏ ခေါင်းပေါ် လက်မြှောက်၍ ထွက်ပြေးသွားလေသည်။ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်ကို အောင်မြင်နိုင်ခြင်းမရှိ၊ သင်သည် သက်သေခံခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးသည်။ ဤအလွန်အရေးပါသော အခိုက်အတန့်တွင် သင်သည် ထရပ်ကာ စာတန်နှင့် စစ်ဆင်နွှဲရမည်၊ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရမည်၊ ၎င်းတို့ကို ပုန်းကွယ်ရမည့်နေရာ မပေးဘဲ အသင်းတော်မှ ဖယ်ရှားလျက် ပြစ်တင်ရှုတ်ချကာ ကျိန်ဆဲရမည်ဖြစ်သည်။ ဤအရာကိုသာ စာတန်အပေါ် အောင်နိုင်မှု ရရှိခြင်းနှင့် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်ခြင်းအဖြစ် သတ်မှတ်၍ရနိုင်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသော လူများထဲမှ တစ်ဦး၊ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ စိန်ခေါ်မှုများကို သင်ကြောက်ရွံ့၍မရပေ။ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်ခြင်း ဟူသည့်အရာ ဖြစ်သည်။ သင်သည် စိန်ခေါ်မှုများကို ကြောက်ရွံ့ပြီး ဆိုးယုတ်သော လူများ သို့မဟုတ် အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့သောကြောင့် အပေးအယူလုပ်လျှင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးလည်း မဟုတ်ချေ။ သင်သည် အသုံးမကျသူ၊ အစေခံသူများထက်ပင် နိမ့်ကျသူတစ်ဦး ဖြစ်သည်။ အချို့သော သူရဲဘောကြောင်သူတို့က “အန္တိခရစ်များသည် အလွန် ရှိန်လောက်စရာ ဖြစ်သည်။ သူတို့သည် မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်ကြသည်။ ကျွန်ုပ်ကို သူတို့ လက်တုံ့ပြန်လျှင် အဘယ်သို့ဖြစ်မည်နည်း”ဟု ပြောကောင်းပြောကြမည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သော စကားဖြစ်သည်။ အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို သင် ကြောက်လျှင် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းမှာ အဘယ်မှာနည်း။ ဘုရားသခင်သည် သင့်ဘဝ၏ အလွန်များလှစွာသော နှစ်ကာလများတစ်လျှောက် သင့်ကို ကွယ်ကာပေးထားပြီ မဟုတ်လော။ အန္တိခရစ်များသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ဘုရားသခင်က အခွင့်မပေးလျှင် ၎င်းတို့က သင့်ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့အပြင် ဆိုးယုတ်သော အန္တိခရစ်များက မည်သို့မည်ပုံရှိနိုင်သည်ဖြစ်စေ ၎င်းတို့ အမှန်တကယ် တတ်စွမ်းနိုင်သည်မှာ မည်သည့်အရာဖြစ်သနည်း။ ပေါင်းစည်းကာ ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် ကိုင်တွယ်ရန်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် လွယ်ကူလွန်းသည်သာ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် အန္တိခရစ်များကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ထိုသို့သော လူများသည် အသုံးမကျသကဲ့သို့ ဘုရားသခင်နောက်လိုက်ဖို့ မထိုက်တန်ကြပေ။ အိမ်သို့ ပြန်သွားလော့၊ သင်၏ သားသမီးများကို ပြုစုပျိုးထောင်ကာ သင့်ဘဝကို အသက်ရှင်လော့။ အန္တိခရစ်များက အသင်းတော် အလုပ်ကို အဖျက်အမှောင့်လုပ်ကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိခိုက်နစ်နာစေခြင်းအား ရင်ဆိုင်ရာတွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့က ၎င်းတို့၏ ဒုစရိုက်အမှုများကို မည်သို့ တုံ့ပြန်သင့်သနည်း။ ဘုရားသခင်နောက် လိုက်သူများက ၎င်းတို့၏ သက်သေခံချက်တွင် မည်သို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်သနည်း။ စာတန်နှင့် အန္တိခရစ် အင်အားစုများကို ၎င်းတို့မည်သို့ ဆန့်ကျင်တိုက်ခိုက်သင့်သနည်း။ အန္တိခရစ်များက အဖျက်အမှောင့်လုပ်ချိန်၊ မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ချိန်တွင် ဘုရားသခင်ကို သင်ကျိုးနွံနာခံပြီး သစ္စာစောင့်သိခြင်း ရှိမရှိ၊ ဘေးထွက်ထိုင်ကာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း ရှိမရှိဟူသည်တို့က အပြည့်အဝ ထုတ်ဖော်ခံရလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ့ကို သစ္စာစောင့်သိသူတစ်ဦး မဟုတ်လျှင် သူ့ကို သစ္စာဖောက်သောသူတစ်ဦး ဖြစ်သည်။ အခြားရွေးချယ်စရာ မရှိပေ။ နားဝေတိမ်တောင်ဖြစ်သောသူအချို့နှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူအချို့သည် အလယ်အလတ်လမ်းစဉ်ကို လိုက်ရန် ရွေးချယ်ကြပြီး ကြားနေသောသူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမြင်တွင် ဤလူများသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု ကင်းမဲ့ပြီး သူ့ကို သစ္စာဖောက်သောသူများ ဖြစ်ကြသည်။ အချို့သော နားဝေတိမ်တောင်ဖြစ်သည့် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ သူရဲဘောကြောင်မှုကြောင့် အန္တိခရစ်များ၏ အပြစ်ဒဏ်ပေးခြင်းကို ကြောက်ရွံ့ကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း”ဟု မရပ်မနား မေးကြသည်။ ဤသည်မှာ သင် မေးနေသင့်သည့် မေးခွန်းမဟုတ်ပေ။ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့ကိုယ်ပိုင် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပါ။ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို အပြည့်အဝ ဖော်ထုတ်ပါ၊ ညီအစ်ကို မောင်နှမများအား ထိုးထွင်းသိမြင်နိုင်စွမ်းကို လက်တွေ့လုပ်ဆောင်ကာ အန္တိခရစ်များကို ငြင်းပယ်ပုံအား သင်ယူနိုင်စေပါ။ ကျွန်ုပ်တို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကို ကျွန်ုပ်တို့ စိတ်မဝင်စားသင့်ပါ။ ကျွန်ုပ်တို့အတွက် စဉ်းစားဖို့ အရေးအကြီးဆုံးသော အရာမှာ ဆိုးယုတ်သောလူတို့က အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်နေချိန်တွင် ကျွန်ုပ်တို့၏ တာဝန်ကို မည်သို့ ဖြည့်ဆည်းရမည်ဟူ၍ ဖြစ်သည်။) ထိုအရာက သင်၏ မိသားစုကို ထိခိုက်မည်ဆိုလျှင်ကော အဘယ်သို့နည်း။ (ကျွန်ုပ်တို့၏ တာဝန်ကို မဆိုင်းမတွ ကျွန်ုပ်တို့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်သည်။ ကျွန်ုပ်တို့ မိသားစု၏ လုံခြုံဘေးကင်းရေးအတွက် ချစ်ခင်တွယ်တာသော ပူပန်မှုများကြောင့် ကျွန်ုပ်တို့သည် မိမိတာဝန်ကို စွန့်လွှတ်ပစ်ပယ်ခြင်း သို့မဟုတ် မိမိ၏သက်သေခံချက်တွင် ခိုင်မြဲစွာရပ်တည်ရန် ပျက်ကွက်ခြင်း မပြုသင့်ပါ။) မှန်ပေ၏။ ဦးစွာပထမ သင်၏ သက်သေတွင် သင် ခိုင်မာစွာ ရပ်တည်ရမည်ဖြစ်ပြီး အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့က ဘုရားအိမ်တော်တွင် နေရာမရှိကြဖို့အလို့ငှာ ပြုလုပ်ရင်း ၎င်းတို့ကို အဆုံးထိတိုင် ဆန့်ကျင်တိုက်ခိုက်ရမည်။ ၎င်းတို့အနေဖြင့် အလုပ်လုပ်ပေးဖို့ လိုလားကြလျှင် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခွင့်ပေးပြီး ၎င်းတို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခွင့်ပေးလော့။ အလုပ်လုပ်ပေးဖို့ ၎င်းတို့ မလိုမလားဖြစ်နေလျှင် ဘုရားအိမ်တော်၌ အသင်းတော်၏ အလုပ်ကို ၎င်းတို့ မနှောင့်ယှက်နိုင်ရန်၊ အဖျက်အမှောင့်မလုပ်နိုင်ရန် သို့မဟုတ် မဖျက်ဆီးနိုင်ရန်အလို့ငှာ လူတိုင်း အတူတကွ ပေါင်းစည်းပြီး ၎င်းတို့ကို နှင်ထုတ်ရမည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာဖြစ်ပြီး သင် ခိုင်မာစွာ ရပ်တည်သင့်သည့် သက်သေ ဖြစ်သည်။ ထို့အပြင် သင်၏ မိသားစုနှင့် သင်၏ဘဝသည် ဘုရားသခင်၏ လက်တွင် အားလုံးရှိပြီး စာတန်က မဆင်မခြင် မပြုမူဝံ့ကြောင်းကို သင် နားလည်ရန် လိုအပ်သည်။ ဘုရားသခင် ပြောခဲ့သည်မှာ “ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို မဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။” ဤစကားများကို သင်သည် မည်သည့်အတိုင်းအတာအထိ ယုံကြည်နိုင်သနည်း။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို တိုက်ခိုက်ခြင်းသည် သင့်ယုံကြည်ခြင်း၏အရွယ်အစားကို ထုတ်ဖော်ပြသည်။ အကယ်၍ သင့်တွင် ဘုရားသခင်ထံ အမှန်တကယ် ယုံကြည်ခြင်းရှိပါက သင့်တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပြီဖြစ်သည်။ အကယ်၍ သင့်တွင် ဘုရားသခင်ထံ ယုံကြည်ခြင်း အနည်းငယ်မျှသာ ရှိပါက၊ ပြီးလျှင် ထိုယုံကြည်ခြင်းသည် မရေရာသကဲ့သို့ ပေါ့တန်ပါက သင့်တွင် စစ်မှန်သောယုံကြည်ခြင်း မရှိပေ။ အကယ်၍ သင်သည် ဤအရာများအားလုံးအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာရှင် ဖြစ်နိုင်ကြောင်းနှင့် စာတန်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိကြောင်းကို မယုံကြည်ပါက၊ သင်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ကြောက်ရွံ့နေသေးပါက၊ အသင်းတော်တွင် ၎င်းတို့က မကောင်းမှုများ ကျူးလွန်ခြင်း၊ အသင်းတော်၏ အမှုတော်ကို ၎င်းတို့ နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းတို့ကို သည်းခံနိုင်သည့်အပြင် ၎င်းကို ရပ်တည်ပြီး တိုက်ခိုက်ရဲခြင်း မရှိဘဲ စာတန်နှင့် အပေးအယူလုပ်နိုင်ပြီး သို့မဟုတ် သင့်ကိုယ်သင် ကာကွယ်ဖို့ ၎င်း၏သနားညှာတာမှုကို တောင်းခံနိုင်ပြီး၊ သင်သည် စွန့်ခွာထွက်ပြေးသူတစ်ဦး၊ လူ့အကြိုက်လိုက်သူတစ်ဦးနှင့် ဘေးမှနေ၍ ရပ်ကြည့်နေသူတစ်ဦး ဖြစ်လာပါက သင့်တွင် ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ခြင်း ကင်းမဲ့လေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် မေးခွန်းတစ်ခု ဖြစ်လာသည်မှာ သင်၏ယုံကြည်ခြင်းကို အလွန်အမင်း နုံချာစေလေသည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့က ဘုရားအိမ်တော်၌ အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များ ဖြစ်စေသည်ကို သင် မြင်သော်လည်း ဂရုမစိုက်ဘဲရှိနေချိန်တွင်၊ သင်၏ ကိုယ်ပိုင် ဘဝ၊ သင်၏ မိသားစုနှင့် သင်၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ဖို့အလို့ငှာ ဘုရားအိမ်တော်နှင့် သူ၏ ရွေးချယ်ထားသော လူတို့၏ အကျိုးစီးပွားများကို သင် သစ္စာဖောက်သည့်အခါ သင်သည် သစ္စာဖောက်တစ်ဦး၊ ယုဒတစ်ဦး ဖြစ်လာပေသည်။ ဤသည်မှာ ရှင်းလင်းသိသာနေပေသည်။ ငါတို့သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့အား မည်သို့ ထိုးထွင်းသိမြင်ကာ သတိပြုရမည်ကို ဆွေးနွေးရင်း ၎င်းတို့အကြောင်းကို မကြာခဏ မိတ်သဟာယပြုကာ စိစစ်ကြသည်။ အားလုံးမှာ သမ္မတရားနှင့်ပတ်သက်၍ ရှင်းလင်းစွာ မိတ်သဟာယပြုဖို့နှင့် လူတို့အနေဖြင့် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ဖော်ထုတ်နိုင်ကြဖို့အလို့ငှာ ၎င်းတို့အပေါ် ထိုးထွင်းသိမြင်မှုအား လူတို့ကို ပေးဖို့တည်းဟူသော ရည်ရွယ်ချက်အတွက် ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ခံရတော့မည်မဟုတ်သကဲ့သို့ ၎င်းတို့အနေဖြင့် စာတန်၏ စွမ်းအားနှင့် ကျေးကျွန်ဘဝမှ ရုန်းထွက်လွတ်မြောက်နိုင်ကြလေသည်။ သို့သော် လူအချို့သည် မိမိတို့၏ စိတ်နှလုံးများ၌ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်များကို ထိုးထွင်းသိမြင်ဖို့ မကြိုးစားကြပေ။ ထိုအစား လူ့အကြိုက်လိုက်သူများ အခန်းကဏ္ဍကို ဆောင်ရွက်ကြသည်။ ၎င်းတို့က အန္တိခရစ်များကို ဆန့်ကျင်တိုက်ခိုက်ခြင်း မရှိကြ၊ ထိုသူတို့နှင့် ရှင်းလင်းသည့် စည်းများ ချမှတ်ခြင်း မရှိကြသည့်အပြင် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို ်ကာကွယ်ဖို့အတွက် ဖော့ထားသည့် အလွန်အကျွံမဟုတ်သော လုပ်နည်းကိုင်နည်းတစ်ခုကို ရွေးချယ်ကြသည်။ ၎င်းတို့သည် နတ်ဆိုးများကို ပြုစုပျိုးထောင်ခြင်းအားဖြင့် ကြီးမားသောအန္တရာယ်ကို ဖိတ်ခေါ်ရင်း ဤဆိုးယုတ်သည့် လူများနှင့် အန္တိခရစ်များဖြစ်သည့် ဤနတ်ဆိုးများကို ဘုရားအိမ်တော်တွင် ဆက်နေခွင့်ပေးကြသည်။ ၎င်းတို့က ဤနတ်ဆိုးများအား အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကို မောင်နှမများကို ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းကိုလည်းကောင်း အထိန်းအကွပ်မဲ့စွာဖြင့် တားဆီးခွင့်ပေးကြသည်။ ထိုသို့သော လူများသည် မည်သည့် အခန်းကဏ္ဍကို ဆောင်ရွက်ကြသနည်း။ ထိုသူတို့သည် အန္တိခရစ်များအတွက် အကာအကွယ်တစ်ခုနှင့် ၎င်းတို့အတွက် ကြံရာပါများ ဖြစ်လာကြသည်။ သင်သည် အန္တိခရစ်များကဲ့သို့ အလားတူ အမှုအရာများကို လုပ်ကောင်းမလုပ်နိုင်သော်လည်း သို့မဟုတ် အလားတူ ဒုစရိုက်အမှုများကို ကျူးလွန်ကောင်းမကျူးလွန်နိုင်သော်လည်း ၎င်းတို့၏ ဒုစရိုက်အမှုများတွင် သင် ပါဝင်ပေသည်။ သင် ရှုတ်ချခံရပေမည်။ သင်သည် အန္တိခရစ်များကို မည်သည့် အရေးယူဆောင်ရွက်မှုမျှ မလုပ်ဘဲ သို့မဟုတ် မည်သည့်အရာကိုမျှ မလုပ်ဘဲ သင့်အနီးဝန်းကျင်တွင် အကြီးအကျယ် ကသောင်းကနင်း ဖြစ်ခွင့်ပေးလျက် သည်းခံပြီး ကာကွယ်ပေးနေသည်။ သင်သည် အန္တိခရစ်များ၏ မကောင်းမှုတွင် ပါဝင်သည် မဟုတ်လော။ ဤအရာကြောင့် အချို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် လူ့အကြိုက်လိုက်သူများက အန္တိခရစ်များအတွက် ကြံရာပါများ ဖြစ်လာကြပေသည်။ အန္တိခရစ်များက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်နေသည်ကို မျက်မြင်ကြုံတွေ့သော်လည်း ဖော်ထုတ်ခြင်းမရှိ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ ရှင်းလင်းသည့် စည်းများ သတ်မှတ်ခြင်းမရှိသည့် မည်သူမဆိုသည် ၎င်းတို့အတွက် လက်ပါးစေများနှင့် ကြံရာပါများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်း မရှိကြပေ။ ဘုရားသခင်နှင့် စာတန်ကြားမှ အလွန်အရေးပါသော စစ်ပွဲအခိုက်အတန့်များတွင် ၎င်းတို့သည် အန္တိခရစ်များကို ကာကွယ်ကာ ဘုရားသခင်ကို သစ္စာဖောက်ရင်း စာတန်ဘက်တွင် ရပ်တည်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်အတွက် စက်ဆုပ်မုန်းတီးဖွယ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

တစ်စုံတစ်ဦးသည် အန္တိခရစ်ဖြစ်ကြောင်း သင် တွေ့ရှိသည့်အခါ ငါ သင့်ကို ပြောမည်၊ အကယ်၍ သူတို့၏ သြဇာလွှမ်းမိုးမှုမှာ ကြီးမားပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့က သူတို့စကားကို နားထောင်ကာ သင်၏စကားကို နားမထောင်လျှင်၊ သူတို့ကို သင် ဖော်ထုတ်လိုက်ပါက သင်သည်လည်း မထူးတော့သည့်အတူတူ အကြဉ်ခံရကောင်းခံရနိုင်လျှင် သို့မဟုတ် ဖယ်ထုတ်ပစ်ခြင်း ခံရကောင်း ခံရနိုင်လျှင် သင်၏ နည်းဗျူဟာကို သေချာစဉ်းစားရမည်။ သူတို့ကို တစ်ဦးတည်း မရင်ဆိုင်နှင့်။ အနိုင်ရနိုင်ချေသည် သင့်ဘက်တွင် မရှိချေ။ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော လူအနည်းငယ်ကို ဦးစွာ ဆက်သွယ်ပြီး သူတို့နှင့် မိတ်သဟာယဖွဲ့ရန် ရှာဖွေလော့။ သင်တို့ သဘောတူညီချက်တစ်ခု ရရှိလျှင် သမ္မာတရားကို လက်ခံနိုင်ပြီး သဘောတူညီမှုတစ်ခု ရယူနိုင်မည့် နောက်ထပ် ခေါင်းဆောင်နှစ်ဦး သို့မဟုတ် အမှုဆောင်နှစ်ဦးထံ ချဉ်းကပ်လော့။ လူအများ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အန္တိခရစ်ကို ပူးတွဲ ဖော်ထုတ်ပြီး ကိုင်တွယ်လော့။ ဤနည်းအားဖြင့် သင်တို့ အောင်မြင်နိုင်ချေ ရှိသည်။ အကယ်၍ အန္တိခရစ်၏ သြဇာလွှမ်းမိုးမှု အလွန်ကြီးမားလျှင် သင်တို့ အထက်သို့ တိုင်ကြားစာတစ်စောင် ရေးသား၍လည်း ပေးပို့နိုင်သည်။ ဤသည်မှာ အကောင်းဆုံး ချဉ်းကပ်နည်း ဖြစ်သည်။ ခေါင်းဆောင်အချို့နှင့် အမှုဆောင်အချို့က သင်တို့ကို ဖိနှိပ်ရန် အမှန်တကယ် ကြိုးစားလျှင် သင်တို့က သူတို့ကို “အကယ်၍ သင်တို့ ကျွန်ုပ်တို့၏ ဖော်ထုတ်မှုနှင့် တိုင်ကြားမှုကို လက်မခံလျှင် ကျွန်ုပ်တို့ ဤကိစ္စကို အထက်သို့ တင်ပြပြီး သူတို့အား သင်တို့ကို ကိုင်တွယ်စေမည်” ဟု ပြောနိုင်သည်။ ဤသည်က သင်တို့၏ အောင်မြင်နိုင်ချေကို တိုးစေသည်၊ အကြောင်းမှာ သူတို့ သင်တို့ကို ဆန့်ကျင်လှုပ်ရှားရန် မဝံ့ရဲတော့သောကြောင့် ဖြစ်သည်။ အန္တိခရစ်များနှင့် ဆက်ဆံရာတွင် သင်တို့သည် ဤယုံကြည်စိတ်ချရသော ချဉ်းကပ်နည်းကို ကျင့်သုံးရမည်။ တစ်ဦးတည်း ဘယ်တော့မှ မလုပ်ဆောင်နှင့်။ အကယ်၍ သင်တို့၌ ခေါင်းဆောင်အချို့နှင့် အမှုဆောင်အချို့၏ ထောက်ခံမှု မရှိလျှင် သင်တို့ အထက်သို့ တိုင်ကြားစာတစ်စောင် ရေးသား၍ ပေးပို့နိုင်သည်မှတစ်ပါး သင်တို့၏ ကြိုးပမ်းအားထုတ်မှုများသည် ကျရှုံးရန် ကံကြမ္မာပါလာသည်။ အန္တိခရစ်တို့သည် အလွန်ပင် မသိမသာဒုက္ခပေးပြီး စဉ်းလဲကြသည်။ အကယ်၍ သင်တို့၌ လုံလောက်သော သက်သေအထောက်အထား မရှိလျှင် သူတို့ကို ဆန့်ကျင်ရန် ရှောင်ကြဉ်လော့။ သူတို့ကို ကျိုးကြောင်းပြပြောဆိုခြင်းဖြစ်စေ၊ သူတို့နှင့် ငြင်းခုံခြင်းဖြစ်စေ အသုံးမဝင်၊ သူတို့ကို ပြောင်းလဲရန် ကြိုးစားဖို့ မေတ္တာပြခြင်းသည် အကျိုးမရှိဘဲ သူတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် အလုပ်ဖြစ်မည်မဟုတ်။ သူတို့ကို သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ကို သင် မပြောင်းလဲနိုင်သည့် အခြေအနေတွင် သင်၏ အကောင်းဆုံး လုပ်ဆောင်သင့်သည့် နည်းလမ်းမှာ သူတို့နှင့် ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခြင်း၊ သူတို့နှင့် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် သူတို့ နောင်တရသည်အထိ စောင့်ဆိုင်းခြင်းတို့ မဟုတ်ချေ။ ထိုအစား သူတို့ မသိစေဘဲ သူတို့ကို ဖော်ထုတ်ပြီး တိုင်ကြားလော့၊ အထက်က သူတို့ကို ကိုင်တွယ်စေလော့၊ လူအများကို သူတို့အား ပိုမို၍ ဖော်ထုတ်ရန်၊ တိုင်ကြားရန်၊ ငြင်းပယ်ရန် တိုက်တွန်းအားပေးလော့၊ နောက်ဆုံးတွင် သူတို့ကို အသင်းတော်မှ အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းသည်အထိ ဖြစ်စေလော့။ ဤသည်မှာ ကောင်းသော လုပ်နည်းကိုင်နည်း တစ်ခုမဟုတ်လော။ အကယ်၍ သူတို့က သင်တို့၏ အတွင်းစိတ်သဘောထားများကို အစ်အောက်မေးမြန်းရန်၊ သင်တို့ကို စုံစမ်းစစ်ဆေးရန်၊ သင်တို့ သူတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စုံတစ်ရာ ရှိမရှိ ကြည့်ရန် ရည်ရွယ်လျှင်၊ သူတို့ကို သင် အန္တိခရစ်အဖြစ် ခွဲခြားသိမြင်ပြီးဖြစ်ပါက သင် မည်သို့လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ် သူတို့နှင့် အမှန်အတိုင်း မပြောဆိုသင့်ဘဲ လောလောဆယ် သူတို့စကားအတိုင်း လိုက်ပြောသင့်ပြီး ကျွန်ုပ်၏ ပိုင်းခြားသိမြင်နိုင်စွမ်းကို သူတို့ မသိရှိစေဘဲ ထို့နောက် ကျွန်ုပ် သူတို့ကို တိတ်တဆိတ် ဖော်ထုတ်ပြီး တိုင်ကြားသင့်ပါသည်။) ဤလုပ်နည်းကိုင်နည်းသည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) သင်တို့သည် နတ်ဆိုးများနှင့် စာတန်များ၏ အကြံအစည်များကို ထိုးထွင်းသိမြင်ရမည်ဖြစ်ပြီး သူတို့၏ ထောင်ချောက်များကို မတော်တဆ မလှုံ့ဆော်မိစေရန် သို့မဟုတ် သူတို့၏ ချောက်များထဲသို့ မကျရောက်စေရန် ရှောင်ကြဉ်ရမည်။ စာတန်များနှင့် နတ်ဆိုးများနှင့် ဆက်ဆံသည့်အခါ သင်တို့ ဉာဏ်ပညာကို အသုံးပြုရမည်ဖြစ်ပြီး သူတို့နှင့် အမှန်အတိုင်း ပြောဆိုခြင်းမှ ရှောင်ကြဉ်ရမည်။ အကြောင်းမှာ သင်တို့ အမှန်အတိုင်း ပြောဆိုနိုင်သည့်သူများမှာ ဘုရားသခင်နှင့် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် စာတန်များ၊ နတ်ဆိုးများ၊ သို့မဟုတ် အန္တိခရစ်များနှင့် ဘယ်တော့မှ အမှန်အတိုင်း မပြောဆိုသင့်ချေ။ ဘုရားသခင်သာလျှင် သင်တို့၏ စိတ်နှလုံးထဲ၌ ရှိသည့်အရာကို နားလည်ရန်နှင့် သင်တို့၏ စိတ်နှလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ထိုက်တန်သည်။ မည်သူမျှ၊ အထူးသဖြင့် နတ်ဆိုးများနှင့် စာတန်များသည် သင်တို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် အရည်အချင်း မပြည့်မီပေ။ ထို့ကြောင့် အကယ်၍ နတ်ဆိုးများနှင့် စာတန်များက သင်တို့ထံမှ အမှန်တရားကို အစ်အောက်မေးမြန်းရန် ကြိုးစားလျှင် သင်၌ “မဟုတ်ဘူး” ဟု ပြောပိုင်ခွင့်၊ ယင်းကို ဖြေကြားရန် ငြင်းပိုင်ခွင့်နှင့် သတင်းအချက်အလက်ကို ထိမ်ချန်ထားပိုင်ခွင့် ရှိသည်။ ဤသည်မှာ သင်၏ အခွင့်အရေး ဖြစ်သည်။ အကယ်၍ သင်က “သင် နတ်ဆိုး၊ သင် ကျွန်ုပ်၏စကားများကို အစ်အောက်မေးမြန်းလိုသည်၊ သို့သော် ကျွန်ုပ် သင်နှင့် အမှန်အတိုင်း မပြောဆို၊ ကျွန်ုပ် သင့်ကို ပြောမည်မဟုတ်။ ကျွန်ုပ် သင့်ကို တိုင်ကြားမည်။ သင် ကျွန်ုပ်ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ အကယ်၍ သင် ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်ဝံ့လျှင် ကျွန်ုပ် သင့်ကို တိုင်ကြားမည်၊ အကယ်၍ သင် ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်လျှင် ဘုရားသခင်က သင့်ကို ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးလိမ့်မည်” ဟု ပြောလျှင် ထိုသို့ အလုပ်ဖြစ်မည်လော။ (ထိုသို့ အလုပ်မဖြစ်ပါ။) သမ္မာကျမ်းစာက ဤသို့ဆိုသည်၊ “ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၁၆)။ ထိုသို့သော အခြေအနေများတွင် သင်တို့ မြွေကဲ့သို့ လိမ္မာရမည်၊ သင်တို့ ဉာဏ်ပညာရှိသင့်သည်။ ငါတို့၏ စိတ်နှလုံးများသည် ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်နှင့် ပိုင်ဆိုင်ရန်သာ သင့်လျော်သည်၊ ကိုယ်တော့်ကိုသာ ပေးအပ်သင့်သည်။ ဘုရားသခင်သာလျှင် ငါတို့၏ စိတ်နှလုံးကို ပိုင်ဆိုင်ရန် ထိုက်တန်သည်၊ စာတန်များနှင့် နတ်ဆိုးများသည် ထိုက်တန်ခြင်းမရှိပေ။ ထို့ကြောင့် အန္တိခရစ်တို့သည် ငါတို့၏ စိတ်နှလုံးထဲ၌ ရှိသည့်အရာ သို့မဟုတ် ငါတို့ တွေးတောနေသည့်အရာကို သိခွင့်ရှိသလော။ သူတို့၌ ထိုအခွင့်အရေး မရှိချေ။ သင်တို့ထံမှ အမှန်တရားကို အစ်အောက်မေးမြန်းရန်နှင့် သင်တို့ကို စုံစမ်းစစ်ဆေးရန် သူတို့ ကြိုးစားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူတို့သည် သင်တို့ကို ထိန်းချုပ်ရန် ရည်ရွယ်သည်၊ သင်တို့ ဤအရာကို ရှင်းလင်းစွာ သတိပြုမိရမည်။ သို့ဖြစ်၍ သူတို့နှင့် အမှန်အတိုင်း မပြောဆိုနှင့်။ သင်သည် ၎င်းတို့အား ဖော်ထုတ်ပြီး ငြင်းပယ်ရန်၊ ၎င်းတို့၏ ရာထူးမှ ဖြုတ်ချပြီး ၎င်းတို့အား မည်သည့်အခါမျှ အောင်မြင်ခွင့်မပေးရန် ပို၍များသော ညီအစ်ကိုမောင်နှမတို့ကို စည်းလုံးစေရန် နည်းလမ်းများ ရှာဖွေရမည်။ ဘုရားအိမ်တော်၌ နောက်တစ်ကြိမ် အဖျက်အမှောင့်လုပ်ရန်နှင့် အာဏာအသုံးပြုရန် သူတို့ကို မည်သည့်အခွင့်အရေးမျှ မပေးဘဲ အသင်းတော်မှ သူတို့ကို အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းပစ်လော့။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၄- ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏

အချို့လူများက ဤသို့ ဆိုကြသည်၊ “အန္တိခရစ်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများမျှသာ ဖြစ်သည်။ လူတို့တွင် လူ့စိတ်ခံစားချက်များ ရှိသည်။ အကယ်၍ သင်က သူတို့ကို စိတ်ခံစားမှုဖြင့် ဆွဲဆောင်ပြီး အမှုအရာများကို ယုတ္တိရှိရှိ ရှင်းပြကာ အကျိုးအပြစ်တို့ကို ရှင်းလင်းပြတ်သားစေလျှင် သူတို့ အကြောင်းပြချက်ကို နားလည်သည့်အခါ သူတို့ ထိုသို့သောနည်းလမ်းဖြင့် မပြုမူကောင်း မပြုမူနိုင်ပေ။ သူတို့သည် မိမိတို့၏အမှားများကို ဝန်ခံပြီး နောင်တရကာ အန္တိခရစ်တို့၏လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းကို ရပ်တန့်ကောင်း ရပ်တန့်လိမ့်မည်။ သူတို့သည် ဘုရားအိမ်တော်အတွင်း၌ မိမိတို့၏ကိုယ်ပိုင် ပိုင်နက်ကို တည်ထောင်ခြင်း၊ ဘုရားအိမ်တော်တွင် အာဏာကို လက်ဝါးကြီးအုပ်ရန် မိမိတို့၏ကိုယ်ပိုင် အမာခံနောက်လိုက်များကို ဆွဲဆောင်ခြင်းနှင့် လူ့သဘာဝနှင့်လည်းကောင်း၊ ကိုယ်ကျင့်တရားတို့နှင့်လည်းကောင်း မကိုက်ညီသော ဤလုပ်ဆောင်ချက်များကို လုပ်ကောင်းလုပ်မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့ကို ဤနည်းလမ်းဖြင့် လွှမ်းမိုးနိုင်မည်လော။ (မဟုတ်ပါ။) မည်သူက အန္တိခရစ်တစ်ဦးကို ပြောင်းလဲခဲ့ဖူးသနည်း။ အချို့က ဤသို့ ဆိုကြသည်၊ “ဖြစ်နိုင်သည်မှာ သူတို့ ငယ်စဉ်က မိခင်၏ သင့်လျော်သော လေ့ကျင့်သင်ကြားပေးခြင်းကို မရရှိခဲ့ဘဲ သူတို့ အလိုလိုက်ခံခဲ့ရခြင်း ဖြစ်မည်။ ယခု အကယ်၍ သူတို့၏မိခင်က သူတို့နှင့် စကားပြောလျှင်ဖြစ်စေ၊ သူတို့မိသားစုထဲတွင် ဂုဏ်သိက္ခာအမြင့်ဆုံးသောသူ သို့မဟုတ် အချိန်အကြာဆုံး ယုံကြည်သူဖြစ်ခဲ့သောသူက သူတို့နှင့် ကျိုးကြောင်းပြပြောဆိုလျှင်ဖြစ်စေ သူတို့သည် အန္တိခရစ်တို့ လုပ်ဆောင်သော အမှုအရာများကို လုပ်ဆောင်ခြင်းမှ ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်ပေမည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ (သူတို့နှင့် ကျိုးကြောင်းပြပြောဆိုခြင်းသည် အလုပ်မဖြစ်ပေ၊ သင် ပို၍ပြောလေ သူတို့ ပို၍နာကြည်းလေ ဖြစ်သည်။ အကယ်၍ သင်က ထို့နောက် သူတို့ကို ဖော်ထုတ်ပြီး ပြုပြင်လျှင် သူတို့သည် သင့်ကို မုန်းတီးကြလိမ့်မည်။) မှန်သည်။ သူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အနည်းငယ် မကြားဖူးကြပြီလော။ အချို့သော အန္တိခရစ်တို့သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် ယုံကြည်ခဲ့ပြီးနောက် မည်သည့်ပြောင်းလဲမှုမျှ မရှိပေ။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတော်များများ ဖတ်ရှုခဲ့ကြသော်လည်း အဘယ်ကြောင့် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့သနည်း။ အကြောင်းမှာ သူတို့၏စိတ်နှလုံးများသည် ဆိုးညစ်မှုဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်၊ ဘုရားသခင်ပင် သူတို့ကို မကယ်တင်ပေ၊ လူသားတို့သည် မိမိတို့တွင်ရှိသော အသိပညာနှင့် အယူဝါဒ အနည်းငယ်ဖြင့် သူတို့ကို ပြောင်းလဲနိုင်မည်လော။ လူ့အဖွဲ့အစည်းတွင် နိုင်ငံများတွင် ပညာရေးရှိသည်၊ ပြီးလျှင် လူ့အဖွဲ့အစည်းတွင် ဥပဒေများ ရှိသည်၊ ယင်းတို့အားလုံးသည် လူတို့ကို ကောင်းသောသူများဖြစ်ဖို့ သင်ယူရန်နှင့် ပြစ်မှုများကျူးလွန်ခြင်းမှ ရှောင်ရှားရန် အားပေးတိုက်တွန်းသည်။ သို့သော် အဘယ်ကြောင့် ယင်းက လူတို့ကို မပြောင်းလဲနိုင်သနည်း။ နိုင်ငံတော်ပညာရေးနှင့် စနစ်များသည် လူ့အဖွဲ့အစည်းအပေါ် အပြုသဘောဆောင်သော သက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ နိုင်ငံတော်က မြှင့်တင်သော ထိုအရာများတွင် လူသားမျိုးနွယ်အတွက် ပညာရေးဆိုင်ရာ အရေးပါမှု သို့မဟုတ် တန်ဖိုး တစ်စုံတစ်ရာ ရှိပါသလော။ ယင်းတို့ ထိရောက်မှုရှိခဲ့သလော။ (မဟုတ်ပါ။) လူတို့ကို ဆုံးမပဲ့ပြင်ခြင်းအတွက် အမြင့်ဆုံးနှင့် အတင်းကျပ်ဆုံးသော နေရာများဖြစ်သည့် အရွယ်မရောက်သေးသူ ပြုပြင်ထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်များကဲ့သို့သော နိုင်ငံတစ်နိုင်ငံစီ၏ တရားဥပဒေဌာနများပင်လျှင် ဤအရာများက လူတို့၏အနှစ်သာရကို ပြောင်းလဲစေခဲ့ပါသလော။ အချို့သော မုဒိမ်းကျင့်သူများ၊ သူခိုးများနှင့် လူမိုက်များအား ကြည့်လော့၊ သူတို့ အကြိမ်များစွာ ထောင်ထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေသည်မှာ အကျင့်ပါနေသော ပြစ်မှုကျူးလွန်သူများ ဖြစ်လာကြသည်၊ သူတို့ နောက်ဆုံးတွင် ပြောင်းလဲသွားကြသလော။ မပြောင်းလဲပေ၊ မည်သူမျှ သူတို့ကို မပြောင်းလဲနိုင်ပေ။ လူတစ်ဦး၏အနှစ်သာရကို ပြောင်းလဲ၍ မရနိုင်ပေ။ ထိုနည်းတူစွာ အန္တိခရစ်တို့၏အနှစ်သာရကိုလည်း ပြောင်းလဲ၍ မရနိုင်ပေ။ အာဏာကို လက်ဝါးကြီးအုပ်သည့် လုပ်နည်းလုပ်ဟန်သည် အန္တိခရစ်တို့၏အနှစ်သာရကို ကိုယ်စားပြုပြီး ဤအနှစ်သာရကို ပြောင်းလဲ၍မရနိုင်ပေ။ ဤပြောင်းလဲ၍မရသော လူစားမျိုးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ သူတို့ကို ပြောင်းလဲရန်နှင့် ကယ်တင်ရန် မိမိ၏အစွမ်းကုန် လုပ်ဆောင်ပြီးနောက် သူတို့၏သဘာဝတွင် အသွင်ပြောင်းလဲမှုတစ်ခုကို ရရှိအောင်မြင်စေခြင်းလော။ ဘုရားသခင်သည် ဤအလုပ်ကို လုပ်ဆောင်တော်မူသလော။ (မလုပ်ပါ။) ဘုရားသခင်သည် ဤသို့သောအလုပ်မျိုးကို လုပ်ဆောင်တော်မမူကြောင်း သင်တို့ နားလည်ပြီးဖြစ်သောကြောင့် သင်တို့သည် အန္တိခရစ်တို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (သူတို့ကို ငြင်းပယ်သင့်ပါသည်။) ဦးစွာ ပိုင်းခြားသိမြင်၍ စိစစ်လော့၊ သူတို့ကို ထိုးထွင်းသိမြင်ပြီးသည်နှင့် သူတို့ကို ငြင်းပယ်လော့။ တစ်စုံတစ်ယောက်သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ အန္တိခရစ်တစ်ဦးနှင့် တူသည်ဟု ထင်မြင်ခြင်းဖြင့် သင်တို့၏အယူအဆများနှင့် စိတ်ကူးစိတ်သန်းများပေါ်တွင်သာ အခြေခံ၍ ထိုသူကို မပယ်ချနှင့်။ ဤသည်မှာ အလုပ်မဖြစ်ပေ၊ သင်သည် ကြောင်းကျိုးမမြင်၍ မရပေ။ ထိတွေ့ဆက်ဆံခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့မှတစ်ဆင့် တစ်စုံတစ်ယောက်သည် အန္တိခရစ်ဖြစ်ကြောင်း တဖြည်းဖြည်း အတည်ပြုပြီး အသိအမှတ်ပြုလော့။ ဦးစွာ လူတိုင်းထံ သူတို့ကို မိတ်သဟာယဖွဲ့၍ စိတ်ဖြာလေ့လာပြီး သူတို့ကို ပိုင်းခြားသိမြင်လော့၊ ထို့နောက် အသင်းတော်တွင် သမ္မာတရားကို လိုက်စားပြီး တရားမျှတစိတ်ရှိသောသူများနှင့် ပေါင်းစည်းကာ သူတို့ကို ငြင်းပယ်လော့။ ဦးစွာ သူတို့ကို ပိုင်းခြားသိမြင်၍ စိတ်ဖြာလေ့လာပြီးနောက် သူတို့ကို ငြင်းပယ်ခြင်းသည် အန္တိခရစ်တို့ကို ကိုင်တွယ်ရန် အကောင်းဆုံးသော ချဉ်းကပ်နည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၄- ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏

ဘုရားအိမ်တော်က အန္တိခရစ်များကို အဘယ်ကြောင့် နှင်ထုတ်ချင်သနည်း။ ၎င်းတို့ကို ဆက်နေခိုင်းပြီး အစေခံမှုပေးခွင့်ပြုခြင်းက အဆင်ပြေမည်လော။ ၎င်းတို့ကို နောင်တရဖို့ အခွင့်အရေးပေးခြင်းက အဆင်ပြေမည်လော။ (အဆင်ပြေမည် မဟုတ်ပါ။) ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်မည့် အခွင့်အရေးတစ်ခုတလေ ရှိသလော။ (အန္တိခရစ်များက သမ္မာတရားကို မလိုက်စားနိုင်ကြပါ။) ယခုတွင် အန္တိခရစ်များသည် စာတန်နှင့် သက်ဆိုင်သည့် ဆိုးယုတ်သော လူများဖြစ်ပြီး နောင်တမရနိုင်ကြောင်းကို သင် သိရှိပြီးဖြစ်သည်။ ယင်းကြောင့် ၎င်းတို့ နှင်ထုတ်ခံရခြင်းဖြစ်သည်။ မည်သူမျှ ပေါ့ပေါ့တန်တန် နှင်ထုတ်ခြင်းမခံကြရပေ။ လူတို့အနေဖြင့် အမှားမှားအယွင်းယွင်း စွပ်စွဲမခံရဖို့အလို့ငှာလည်းကောင်း၊ မည်သူမျှ ပေါ့ပေါ့တန်တန် နှင်ထုတ်မခံရဖို့ သို့မဟုတ် ဖျက်ဆီးခြင်း မခံရဖို့အလို့ငှာလည်းကောင်း ဘုရားအိမ်တော်သည် ၎င်းတို့ကို နောင်တရဖို့ အခွင့်အရေးများ ထပ်တလဲလဲ ပေးကာ လူးသာလွန့်သာ အခြေအနေ ပေးလျက် စိတ်ရှည်ခြင်းကို အကြိမ်ကြိမ် ကျင့်သုံးလေသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ဖို့မှာ ၎င်းတို့အတွက် လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။ ဘုရားအိမ်တော်သည် ၎င်းတို့ အပြည့်အဝ ပိုင်းခြားသိမြင်ခြင်းကို မခံရမချင်း၊ ၎င်းတို့ လုံးဝ ထုတ်ဖော်မခံရမချင်း လူတိုင်းအပေါ် သည်းခံသည်။ သို့သော် အန္တိခရစ်များသည် နောင်တရနိုင်ကြသလော။ ၎င်းတို့ နောင်တမရနိုင်ကြပေ။ ဘုရားအိမ်တော်၌ ၎င်းတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍသည် ဘုရားအိမ်တော်၏ အလုပ်ကို ဖျက်ဆီး၊ နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်နေသည့် စာတန်၏ လက်ပါးစေများ၏ အခန်းကဏ္ဍဖြစ်သည်။ ၎င်းတို့တွင် ဆုကျေးဇူးနှင့် ပါရမီအချို့ရှိလျှင်ပင် ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ သို့မဟုတ် မှန်ကန်သည့် လမ်းကြောင်းပေါ် တက်ရောက်ဖို့ တကယ်ကို မကြိုးစားနိုင်ပေ။ အန္တိခရစ်များတွင် အသုံးဝင်သော သွင်ပြင်လက္ခဏာအချို့ ရှိလျှင်ပင် ၎င်းတို့သည် ဘုရားအိမ်တော်၌ ဘုရားသခင်၏ အမှုတော်အတွက် အပြုသဘောဆောင်သည့် ပံ့ပိုးမှုတစ်ခုကို လုံးဝ ပြုလုပ်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ပြီး ယုတ်လျော့စေခြင်းတို့သာ ပြုလုပ်ကြပြီး ကောင်းမွန်သည့်အရာများကို မလုပ်ဆောင်ကြပေ။ သင်က ၎င်းတို့ကို စောင့်ကြည့်လေ့လာဖို့ ဆက်နေခိုင်းပြီး နောင်တရဖို့ အခွင့်အရေးပေးသော်လည်း ၎င်းတို့က နောင်တရနိုင်စွမ်း မရှိခဲ့ကြပေ။ နောက်ဆုံးတွင် ခံယူကျင့်သုံးခဲ့သည့် ဖြေရှင်းချက်မှာ ၎င်းတို့ကို နှင်ထုတ်ခြင်း ဖြစ်သည်။ ၎င်းတို့ကို မနှင်ထုတ်မီတွင် ဤလူစားမျိုးသည် နောင်တရဖို့ထက် သေဆုံးလိုမည့်အန္တိခရစ်တစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ဆန့်ကျင်လိုကြကြောင်း အမှန်တရားကို သင် ထိုးထွင်းသိမြင်နှင့်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ နှင်ထုတ်ခံခဲ့ကြရခြင်း ဖြစ်သည်။ ၎င်းတို့သည် လူကောင်းတစ်ဦးဖြစ်လျှင် နှင်ထုတ်ခြင်းခံခဲ့ကြပြီး ဖြစ်မည်လော။ ၎င်းတို့က သမ္မာတရားကို လက်ခံပြီး နောက်တရနိုင်ခဲ့မည်ဆိုလျှင် နှင်ထုတ်ခြင်းခံခဲ့ကြပြီးဖြစ်မည်လော။ အလွန်ဆုံးအနေဖြင့် ၎င်းတို့၏ တာဝန်မှ ၎င်းတို့ ထုတ်ပယ်ခံရပြီး ဖြစ်မည်ဖြစ်ကာ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများနှင့် ပြန်လည်သုံးသပ်ခြင်းကို ပါဝင်ဆောင်ရွက်ဖို့ စေလွှတ်ခြင်းခံရပြီး ဖြစ်မည်ဖြစ်သည်။ ၎င်းတို့ နှင်ထုတ်ခံရပြီးဖြစ်မည် မဟုတ်ပေ။ ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို နှင်ထုတ်ဖို့ ဆုံးဖြတ်သည်နှင့်တစ်ပြိုင်နက် ဤလူကို ဘုရားအိမ်တော်တွင် နေခွင့်ပေးလျှင် ဘေးဆိုးတစ်ခု ဖြစ်မည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ကောင်းမွန်သည့်အရာများ လုပ်ဆောင်မည် မဟုတ်၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကိုသာ ဖြစ်စေမည်ဖြစ်ပြီး မကောင်းသည့် အရာမျိုးစုံကို လုပ်ဆောင်မည် ဖြစ်သည်။ ၎င်းတို့ ရှိသည့် မည်သည့်အသင်းတော်မဆို သဲများကဲ့သို့ လူစုကွဲသွားသည့်အဆင့်ထိ၊ အလုပ်တန့်သွားသည့်အဆင့်ထိ၊ လူအများစုက အလွန် မျှော်လင့်ချက်ကုန်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်း ဆုံးရှုံးကာ လူအချို့သည် မိမိတို့၏ ယုံကြည်ခြင်းကိုပင် ရပ်တန့်ချင်သကဲ့သို့ မိမိတို့၏ တာဝန်များကို ဆက်မလုပ်ဆောင်နိုင်တော့သည့်အဆင့်ထိ ၎င်းတို့၏ အဖျက်အမှောင့်လုပ်ခြင်းခံရမည် ဖြစ်သည်။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာကို အန္တိခရစ်များ၏ အဖျက်အမှောင့်လုပ်ခြင်းများက ဖြစ်စေခြင်း ဖြစ်သည်။ ဤအသင်းတော်က မျှော်လင့်ချက်တစ်ခုတလေ ရှိဖို့အတွက်၊ အသင်းတော် အသက်တာက ပုံမှန်ဖြစ်လာဖို့အတွက်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်နိုင်ဖို့အတွက် ဤအန္တိခရစ်ကို ကိုင်တွယ်ရမည်၊ ရှင်းလင်းပစ်ပြီး နှင်ထုတ်ရမည်ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် ကျွန်ုပ်တို့လည်း အန္တိခရစ်များကို နောင်တရဖို့ အခွင့်အရေး ပေးသင့်သည်”ဟု ပြောကြသည်။ ဤစကားများက အလွန်ကောင်းပုံရသော်လည်း ယင်းမှာ အမှုအရာများ အမှန်တကယ် ဖြစ်သည့်ပုံစံဖြစ်သလော။ သေချာ လေ့လာဆန်းစစ်လော့။ နှင်ထုတ်ခံခဲ့ရသည့် မည်သည့် အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့သည် နောက်ပိုင်းတွင် မိမိတို့ကိုယ်ကို သိရှိလာကြပြီး သမ္မာတရားကို လိုက်စားကာ ချစ်နိုင်ကြသနည်း။ မည်သူတို့သည် နောင်တရခဲ့ကြသနည်း။ ၎င်းတို့ထဲမှ မည်သူမျှ နောင်တမရခဲ့သကဲ့သို့ ၎င်းတို့အားလုံးက မိမိတို့ အပြစ်များကို ဝန်ချဖို့ ခေါင်းမာစွာ ငြင်းဆန်ခဲ့ကြပြီး နှစ်ပေါင်းမည်မျှကြာပြီးနောက်တွင်ဖြစ်စေ ၎င်းတို့ကို သင် တစ်ဖန် မြင်တွေ့ရသည့်အခါ ၎င်းတို့က ဤပုံစံ ဖြစ်နေဆဲဖြစ်သည်၊ ထိုစဉ်အချိန်က ဖြစ်ပျက်ခဲ့သည့် ထိုအရာများကို ဖက်တွယ်နေကြဆဲဖြစ်ပြီး လက်မလွှတ်ဘဲ ရှိနေဆဲ၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ရှင်းပြဖို့ ကြိုးစားနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားက လုံးဝ မပြောင်းလဲသေးပေ။ ၎င်းတို့ကို သင်က ပြန်လက်ခံပြီး အသင်းတော် အသက်တာကို ပြန်စခွင့်ပေးကာ တာဝန်တစ်ခုကို ထမ်းဆောင်ခွင့်ပေးလျှင် အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ကြလိမ့်ဦးမည် ဖြစ်သည်။ ပေါလုကဲ့သို့ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးကာ သက်သေခံရင်း တစ်ပုံစံတည်းသော အမှားဟောင်းများကိုပင် ပြုမိကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လုံးဝ မလျှောက်နိုင်ကြသကဲ့သို့ ၎င်းတို့၏ လမ်းကြောင်းဟောင်း၊ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်း၊ ပေါလု၏ လမ်းကြောင်းကို လျှောက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များကို နှင်ထုတ်ခြင်းအတွက် အခြေခံအကြောင်းရင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

အန္တိခရစ်တစ်ဦးကို ကျွန်ုပ်တိုင်ကြားခဲ့ပုံ

အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေကို ကျွန်မ ပြန်တိုက်ထုတ်ရဲတယ်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

သမ္မာတရားအတွက် ကောင်းသည့်တိုက်ပွဲကို ဝင်လော့ကျူး

အရှေ့သို့- ၁၁။ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အန္တိခရစ်များ၏ အနှစ်သာရကြား ကွာခြားချက်

နောက်တစ်ခုသို့- ၁။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ၊ ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းဆိုသည်မှာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။