ခ။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်ဟု ဆိုထားသည့် အကြောင်းအရင်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကို မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဖျက်ဆီးခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။ ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်တင်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးလာခဲ့ပြီး ကျေးဇူးတော်ခေတ်ဖြင့် အစပြုခြင်းနောက်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည်၊ ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ၎င်းတို့၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်စေမည့် အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက် လုပ်ဆောင်လေသည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အမှုကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အမှု၏ အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင် ဆောင်ရွက်ရန် နှစ်ကြိမ်သာ လူ့ဇာတိခံယူခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အမှု၏ အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို ၎င်းတို့၏အသက်တာများအား အသက်ရှင်နေထိုင်ရာတွင် လမ်းပြရန်ဖြစ်စဉ်တွင်၊ အခြားနှစ်ဆင့်မှာ ကယ်တင်ခြင်းအမှု ပါရှိသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံခြင်းအားဖြင့်သာ ဘုရားသခင်သည် လူသားနှင့်အတူ အသက်ရှင်နိုင်သည်၊ ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ပြီး၊ ပုံမှန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းဖြင့်သာ သူသည် လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ၎င်းတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းဖြင့် ထောက်ပံ့ပေးနိုင်သည်။ လူသားက ဘုရားသခင်၏ ပြည့်ဝသည့် ကယ်တင်ခြင်းကို ရရှိသည်မှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမှတစ်ဆင့်ဖြစ်ပြီး၊ သူ၏ဆုတောင်းခြင်းများ အဖြေပေးခြင်းဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက် ရရှိခြင်း မဟုတ်ပေ။ လူသားသည် အသွေးနှင့်ကိုယ် အသားနှင့်ကိုယ်ဖြစ်သည်၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့် သူ့အနေဖြင့် ထိတွေ့ဆက်ဆံလာနိုင်သည့်အရာ အားလုံးမှာ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကိုယ်သာဖြစ်သည်။ ဤနည်းဖြင့်သာလျှင် လူသားသည် လမ်းခရီးများအားလုံးနှင့် သမ္မာတရားအားလုံးကို သဘောပေါက်နိုင်ကာ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည်မှာ သူ့အမှု၏ အပြုခံသည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည် မရှိသော အရာတစ်ခုတစ်လေမျှ မဟုတ်ဘဲ၊ ဇာတိခန္ဓာ ရှိပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော လူသား ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အသွေးအသားနှင့် လူသားကို သူ့အမှု၏ အပြုခံ ဖြစ်စေလေသည်မှာ လူသား၏ ဇာတိခန္ဓာသည် ဖောက်ပြန်ပျက်စီးပြီး ဖြစ်သောကြောင့် အတိအကျ ဖြစ်သည်။ ထို့အပြင် လူသားသည် ဖောက်ပြန်ပျက်စီးခြင်းခံရသည့်အရာ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူသားကို သူ၏ ကယ်တင်ခြင်းအမှု၏ အဆင့် အားလုံးတစ်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံ ဖြစ်စေပြီးဖြစ်သည်။ လူသားသည် သေမျိုးဖြစ်သည်၊ အသွေးနှင့်အသား ရှိပြီး၊ ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုက သာ၍ ကောင်းမွန်သော အကျိုးတရားများ ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏အမှုကို လုပ်ဆောင်ရန် လူကဲ့သို့ တူညီသော ပင်ကိုအရည်အသွေးများ ပိုင်ဆိုင်သည့် လူ့ဇာတိတစ်ခုကို ခံယူရပေမည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည့် အကြောင်းမှာ လူသားသည် ဇာတိခန္ဓာ ရှိပြီး၊ အပြစ်ကို အောင်မြင်နိုင်စွမ်း မရှိ သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်စွမ်း မရှိသောကြောင့် အတိအကျ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် လူသား၏အနှစ်သာရ၊ ပင်ကိုလက္ခဏာတို့နှင့် ကြီးမားစွာ မတူကွဲပြားသော်လည်း၊ သူ၏အသွင်သဏ္ဌာန်သည် လူနှင့် တထေရာတည်းတူလေသည်။ သူသည် သာမန်လူတစ်ဦး၏ အဆင်းသဏ္ဌာန် ရှိကာ၊ သာမန်လူတစ်ဦး၏ ဘဝကို နေထိုင်ကာ သူ့ကို မြင်သောသူများသည် သာမန်လူတစ်ဦးနှင့် ကွဲပြားမှုကို ပိုင်းခြားမသိမြင်နိုင်ပေ။ ဤပုံမှန်အဆင်းသဏ္ဌာန်နှင့် ပုံမှန်လူ့သဘာဝတို့သည် ပုံမှန်လူ့သဘာဝ၌ သူ၏ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပေသည်။ သူ၏ဇာတိခန္ဓာသည် ပုံမှန်လူ့သဘာဝ၌ သူ၏အမှုကို သူ့အား လုပ်ဆောင်ခွင့်ပေးပြီး၊ လူသားအလယ် သူ၏ အမှုကို လုပ်ဆောင်ရန် ကူညီပေးကာ၊ ထို့အပြင် သူ၏ ပုံမှန်လူ့သဘာဝက လူသားအလယ် ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် သူ့ကို ကူညီလေသည်။ သူ၏ပုံမှန်လူ့သဘာဝသည် လူသားအလယ် များစွာသော အုတ်အော်သောင်းတင်းဖြစ်ခြင်းကို ဖြစ်စေပြီးဖြစ်သော်လည်း၊ ထိုသို့သော အုတ်အော်သောင်းတင်း ဖြစ်ခြင်းသည် သူ့အမှု၏ ပုံမှန်အကျိုးတရားများအပေါ် ထိခိုက်ခြင်း မရှိလေပြီ။ တိုတိုပြောရလျှင်၊ သူ၏ ပုံမှန်လူ့ဇာတိ၏ အမှုသည် လူသားအဖို့ အထွတ်အထိပ် အကျိုးရှိလေသည်။ လူအများစုသည် သူ၏ပုံမှန်လူ့သဘာဝကို လက်မခံကြသော်လည်း၊ သူ၏အမှုသည် ရလဒ်များ ရရှိနိုင်ဆဲဖြစ်ပြီး၊ ဤရလဒ်များကို သူ၏ ပုံမှန်လူ့သဘာဝကြောင့် ရရှိခြင်း ဖြစ်သည်။ ဤအရာနှင့်သက်ဆိုင်၍ ယုံမှားဖွယ်ရာမရှိပေ။ လူ့ဇာတိထဲက သူ၏အမှုမှ၊ ဘုရားသခင်၏ ပုံမှန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့အလယ် တည်ရှိသော အယူအဆများထက် လူသားသည် ဆယ်ဆ၊ သို့မဟုတ် များစွာပိုသော အရာတို့ကို ရရှိပြီး၊ ထိုသို့သော အယူအဆများ အားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှု၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။ ပြီးလျှင် သူ့အမှုက ရရှိပြီးဖြစ်သော အကျိုးတရား၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် လူသားရှိသည့် အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အယူအဆများထက် သာလွန်များပြားသည်။ သူ၏ဇာတိခန္ဓာသည် မည်သည့် အသွေးအသားရှိသည့်‌ လူသားနှင့်မျှ မတူညီသည့်အတွက်၊ လူ့ဇာတိ၌ သူပြုသော အမှုကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အပြင်ဘက် အကာသည် ဆင်တူသော်လည်း၊ အနှစ်သာရသည် မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူအလယ် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများစွာ ပေါက်ဖွားစေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာပင် ရရှိရန်လည်း ခွင့်ပြုနိုင်ပြီး၊ တူညီသော အပြင်ပန်းအကာ ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် လူသားမျှ မဟုတ်ဘဲ၊ လူသား၏ အပြင်ပန်း အကာရှိသော ဘုရားသခင် ဖြစ်ပြီး၊ မည်သူမျှ သူ့ကို လုံးဝ ဉာဏ်မမီနိုင် သို့မဟုတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍ မရနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်ရသည့် ဝိညာဉ်တော်တစ်ပါးသာ ဖြစ်ပါက လူသားအတွက် ဘုရားသခင်ကို ယုံကြည်ရန် အလွန် လွယ်ကူသည်။ လူတို့သည် မိမိတို့၏စိတ်ကူးစိတ်သန်းများကို ဇက်ကုန်လွှတ်နိုင်သည်၊ မိမိတို့ကိုယ်ကိုယ် စိတ်ကျေနပ်စေရန်နှင့် မိမိတို့ကိုယ်ကိုယ် ပျော်ရွှင်စေရန် ၎င်းတို့နှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းဖြင့်၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် ၎င်းတို့ကို လုပ်ဆောင်ရန် ဆန္ဒအရှိဆုံးသော မည်သည့်အရာကိုမဆို မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဘုရားသခင်အပေါ် ၎င်းတို့ထက် မည်သူမျှ သစ္စာမစောင့်သိသကဲ့သို့ ဆက်ကပ်အပ်နှံခြင်းမရှိ၊ ပြီးလျှင် အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း မရှိကြဟု လူတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်မှုသည် မရေမရာဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့ရှာဖွေသောအရာအားလုံးသည် အပြောင်းအလဲ အနည်းငယ်ဖြင့် များစွာတူညီကြပေသည်။ ယင်းမှာ ၎င်းတို့၏ စိတ်ကူးများထဲရှိ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြသော်လည်း၊ ယင်းတို့၏ အနှစ်သာရမှာ အမှန်တကယ် အတူတူမျှသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လူ့ဇာတိခံ ဘုရားသခင်က လူ့ဇာတိအဖြစ်သို့ ကြွလာပြီးဖြစ်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့် မဟုတ်ပေ၊ ပြီးလျှင် ဘုရားသခင်၏ စွန့်လွှတ်မှုများနှင့် ဆင်းရဲဒုက္ခအားလုံးသည် လူသားမျိုးနွယ်အတွက် ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းနှင့် အဆိုးများ၊ သို့မဟုတ် ဆုလာဘ်များ မရှိပေ။ သူသည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းလိမ့်မည် မဟုတ်ဘဲ၊ မူလက သူ့ကို အကြွေးတင်ထားခဲ့သည့် အရာတို့ကို ရိတ်သိမ်းလိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ လုပ်ဆောင်ပြီး စွန့်လွှတ်သည့်အရာ အားလုံးသည် ကြီးစွာသော ဆုလာဘ်များကို သူ ရရှိရန်အလို့ငှာ မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက် ဖြစ်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတွင် မစဉ်းစားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း၊ နောက်ဆုံးတွင် ယင်းက စွမ်းဆောင်ရရှိသည့် အကျိုးတရားများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အကျိုးတရားများထက် သာလွန် များပြားသည်။ လူ့ဇာတိ၏ အမှုသည် များစွာသော အခက်အခဲများ ဖြစ်ပေါ်စေပြီး၊ လူ့ဇာတိသည် ဝိညာဉ်တော်ကဲ့သို့ အလားတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော ပင်ကိုလက္ခဏာ မပိုင်ဆိုင်နိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှု မရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အနှစ်သာရ ထက်သာ၍ များစွာသာလွန်ပြီး၊ ဤလူ့ဇာတိ ကိုယ်တိုင်သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ လိုအပ်ချက်များအဖို့ အဖြေ ဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် လူ့ဇာတိကို အသုံးပြုနိုင်သည့် တန်ဖိုးထက် များစွာ နိမ့်ကျသည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာများ အားလုံးအနှံ့ ခြုံငုံနိုင်သော်လည်း၊ လူ့ဇာတိ၏ အမှုသည် သူနှင့် ထိတွေ့သော လူတိုင်းနှင့် သာ၍ ထိရောက်စွာ နှီးနွှယ်လေသည်။ ထို့အပြင် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် ဘုရားသခင်၏ လူ့ဇာတိကို လူသားက ပို၍နားလည်နိုင်ပြီး ပို၍ယုံကြည်နိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို သာ၍နက်သည်ထက် နက်လာနိုင်စေပြီး၊ ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များ နှင့်ဆိုင်သော သာ၍နက်နဲသည့် ထင်မြင်ချက်များကို လူသားအပေါ် ချန်ထားနိုင်ပေသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ပိတ်ဖုံးနေပြီး၊ သေမျိုးတို့အတွက် ကြိုတင်ခန့်မှန်းရန် ခက်ခဲကာ၊ တွေ့မြင်နိုင်ရန် သာ၍ပင်ခက်ခဲလေသည်၊ ထို့ကြောင့် ၎င်းတို့သည် အနှစ်မဲ့သော စိတ်ကူးစိတ်သန်းများ အပေါ်တွင်သာ မှီခိုနိုင်ကြလေသည်။ သို့ရာတွင် လူ့ဇာတိ၏ အမှုသည် ပုံမှန်ဖြစ်ပြီး၊ လက်တွေ့ကျမှုအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာကို ပိုင်ဆိုင်သကဲ့သို့၊ လူသား၏ ရုပ်ခန္ဓာမျက်လုံးဖြင့် ရှုမြင်၍ရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ကာ သူ၏ ပေါများလှသော စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်ပေ။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် လက်တွေ့ကျသောတန်ဖိုး ဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့ မမြင်နိုင်သကဲ့သို့ လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာအားဖြင့် ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဝိညာဉ်တော်၏ လမ်းပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်သည်၊ သို့ရာတွင် ဉာဏ်ရှိသော လူသားအတွက် ဤအရာတို့သည် မည်သည့် ရှင်းလင်းသော အဓိပ္ပာယ်ကိုမျှ မပေးချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးပြီး၊ နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက် တစ်ခုကို မပေးနိုင်ပေ။ သို့သော် လူ့ဇာတိ၌ ဘုရားသခင်၏အမှုမှာမူ အလွန် ကွာခြား၏။ ယင်းသည် နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းပြမှုနှင့် ရှင်းလင်းသော ရည်ရွယ်ချက်များအပြင် ရှင်းလင်းသော လိုအပ်သည့် ရည်မှန်းချက်ပန်းတိုင်များ ပါရှိသည်။ သို့ဖြစ်၍ လူသည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် အမှု၏ ရှင်းလင်းပြတ်သားမှု ဖြစ်ပြီး ဝိညာဉ်တော်၏ အမှုမှ ယင်း၏ ကြီးမားသော ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ လူ့ဇာတိ၏အမှုကို အစားမထိုးနိုင်ပေ။ လူ့ဇာတိ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို အလွန်တရာ ပို၍ တိကျပြီး လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များနှင့် များစွာ ပို၍ လက်တွေ့ကျသော၊ တန်ဖိုးရှိသော အသိပညာကို ပေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ လက်တွေ့ကျသော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း၊ ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။ လူအများစုသည် ဤလူ့ဇာတိကြောင့် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ၊ သူ၏အလိုကို ဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်လိမ့်မည် ဖြစ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်မြင်သက်သေများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်သည့် သက်သေများ၊ သူနှင့်သဟဇာတ ဖြစ်ပြီး သူနှင့်ခွဲ၍မရသော သက်သေများ ဖြစ်လာကြလိမ့်မည်။ သူသည် လူသားအဖို့ လူ့ဇာတိ၌ သူ့အမှု၏ အရေးကြီးခြင်းကို လူသားအား သိရှိစေမည် ဖြစ်ပြီး၊ လူသားသည် လူ၏တည်ရှိမှု အဓိပ္ပာယ်အဖို့ ဤလူ့ဇာတိ၏ အရေးပါမှုကို သိရှိလိမ့်မည်၊ လူ့အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လက်တွေ့ကျသောတန်ဖိုးကို သိရှိလိမ့်မည် ဖြစ်ပြီး ထို့အပြင် ဤလူ့ဇာတိသည် လူသားက ခွဲခွာ၍မရသည့် အသက်စမ်းရေ ဖြစ်လာလိမ့်မည်ကို သိရှိပေမည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနေအထားတို့နှင့်ကိုက်ညီခြင်းမှ အလှမ်းဝေးပြီး၊ လူသားအဖို့ ဘုရားသခင်၏ တကယ့် အဆင့်အတန်းနှင့် သဟဇာတဖြစ်ပုံ မရသော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော ပုံသဏ္ဌာန် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို မပိုင်ဆိုင်သော ဤလူ့ဇာတိသည် ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်လေသည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သောအရေးပါမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူသားအနေဖြင့် နားမလည်နိုင်သကဲ့သို့၊ အသိအမှတ်မပြုနိုင်သည်မှာ ဤအရေးပါမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ လူ့ဇာတိကို အထင်သေးကြသော်လည်း၊ ၎င်းတို့ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် တွေးထင်စေကာမူ၊ လူ့ဇာတိ၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ လက်တွေ့ကျသော အရေးပါမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ မှန်ပေ၏၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်ပေသည်။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသောသူ အားလုံးအတွက်၊ ဝိညာဉ်တော်၏ အမှုသည် တို့ထိမှု သို့မဟုတ် လှုံ့ဆော်မှု၊ ပြီးလျှင် ဤအမှုသည် ရှင်းပြ၍မရနိုင်သကဲ့သို့ မတွေးတတ်သော အံ့သြဖွယ်ခံစားချက်တစ်ခုနှင့် ကြီးမြတ်သော၊ ထူးကဲသာလွန်သကဲ့သို့ နှစ်လိုဖွယ်ကောင်းသော်လည်း အားလုံးအဖို့ ရယူရန်မဖြစ်နိုင်သကဲ့သို့ မရရှိနိုင်သောအရာလည်း ဖြစ်သည့် ခံစားချက်တစ်ခုကိုသာ ပေးနိုင်သည်။ လူသားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့ကြားတွင် ကြီးမားသည့် အကွာအဝေးတစ်ခု ရှိသည့်အလား၊ အဝေးမှသာ အချင်းချင်း ကြည့်ရှုနိုင်ကြပြီး၊ လူသားနှင့် ဘုရားသခင်တို့သည် မမြင်ရသော အပိုင်းအခြားတစ်ခုဖြင့် ခွဲခြားခံထားရသည့်နှယ် ၎င်းတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင် ဤသည်မှာ ဝိညာဉ်တော်က လူသားကိုပေးထားသော အတွေးမှားတစ်ခု ဖြစ်သည်၊ ယင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် လူသားတို့သည် လောကတစ်ခုတည်းတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်မည် မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်သည် လူနှင့်ဆိုင်သောအရာ မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသားက အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက် မလုပ်ဆောင်နိုင်သည့်အတွက်၊ လူသားသည် ဝိညာဉ်တော်၏ လိုအပ်ချက် မရှိပေ။ လူ့ဇာတိ၏အမှုသည် လိုက်စားရမည့် လက်တွေ့ကျသော ရည်မှန်းချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် လက်တွေ့ကျကာ ပုံမှန်ဖြစ်သည်ဟူသော ခံစားမှုတစ်ခု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသော ခံစားမှုတို့ကို လူသားကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း၊ လူအများစုအတွက် သူသည် နားလည်သဘောပေါက်ဖို့ လွယ်ကူသည်။ လူသားသည် သူ၏ မျက်နှာကို ရှုမြင်နိုင်ပြီး၊ သူ၏အသံကိုကြားနိုင်ကာ သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤလူ့ဇာတိသည် လူသားကဲ့သို့ တူညီသော ကမ္ဘာလောကထဲတွင် ရှိသည့်အတွက်၊ ဤလူ့ဇာတိသည် လူသားအဖို့ ချဉ်းကပ်၍ရနိုင်သည်၊ မဝေးကွာဘဲ သို့မဟုတ် နားမလည်နိုင်စရာ မဟုတ်ဘဲ၊ မြင်၍ရနိုင်သကဲ့သို့ ထိတွေ့၍ရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဘုရားသခင်သည် လူ့ဇာတိခံမယူခဲ့သေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များသည် ပြီးပြည့်စုံသည့် ဘုရားသဘာဝမှ လာသောကြောင့် သူပြောသော အရာများစွာကို လူတို့ နားမလည်ခဲ့ကြပေ။ သူ ပြောဆိုသော အရာ၏ ရှုထောင့်နှင့် ဆက်စပ်အကြောင်းအရာတို့သည် လူသားမျိုးနွယ်အဖို့ မြင်၍မရနိုင်သကဲ့သို့ လက်လှမ်းမမီနိုင်ချေ။ ယင်းကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကတစ်ခုမှ ဖော်ပြထားပေသည်။ ဇာတိပကတိ၌ အသက်ရှင်ခဲ့သော လူတို့အတွက်၊ ၎င်းတို့သည် ဝိညာဉ်လောကကို ဖြတ်သန်း မသွားနိုင်ခဲ့ချေ။ သို့သော် ဘုရားသခင် လူ့ဇာတိ ခံယူပြီးသည့်နောက်တွင်၊ သူသည် လူသားမျိုးနွယ်ကို လူ့သဘာဝ၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာကာ ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်အား ဘုရားသခင်ကို နားလည်ကာ သိရှိခွင့်ပေးဖို့၊ ၎င်းတို့၏ လုပ်နိုင်စွမ်း နယ်ပယ်အတွင်းနှင့် ၎င်းတို့တတ်နိုင်သည့် အတိုင်းအတာထိ သူ၏လိုအင်ဆန္ဒများနှင့် သူ သတ်မှတ်ထားသော စံနှုန်းများကို သဘောပေါက်ခွင့်ပေးဖို့ လူတို့ စိတ်ကူးနိုင်သော အရာများ၊ ၎င်းတို့၏ အသက်တာများ၌ ၎င်းတို့မြင်ခဲ့ပြီး ကြုံခဲ့ရသောအရာများမှတစ်ဆင့်၊ ပြီးလျှင် လူသားတို့ လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း၊ ၎င်းတို့ နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့် ၎င်းတို့ သဘောပေါက်နိုင်သော အသိပညာဖြင့် သူ၏ ဘုရားသဘောသဘာဝ စိတ်သဘောထား၊ ရည်ရွယ်ချက်များနှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ဤသည်မှာ လူ့သဘာဝထဲက ဘုရားသခင်၏ အမှု၏ နည်းလမ်းနှင့် အခြေခံသဘောတရားများ ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းများနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုခြင်း အခြေခံသဘောတရားတို့သည် လူ့သဘာဝအားဖြင့်၊ သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစု စွမ်းဆောင် ရရှိခဲ့သော်လည်း၊ ယင်းသည် ဘုရား၏သဘောသဘာဝဖြင့် တိုက်ရိုက် အမှုပြုခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်ရရှိခဲ့လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယခုတွင် လူသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုက ဧကန်အမှန် ထူးခြားသကဲ့သို့၊ ထိုအထဲတွင် လူသားက ကြိုးပမ်းမရရှိနိုင်သောအရာ အများအပြား ရှိကာ၊ နက်နဲမှုများနှင့် အံ့သြဖွယ်ရာများ ရှိသည်ကို မြင်ရလေသည်။ သို့ဖြစ်ရာ များစွာတို့သည် ကျိုးနွံနာခံကြပြီးဖြစ်သည်။ အချို့သောသူများသည် ၎င်းတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ ကျိုးနွံနာခံဖူးခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့မြင်သည့်အခါ၊ ၎င်းတို့ ထိုသို့ပြုမူသည်ကို သတိမထားမိဘဲ အပြည့်အဝ ကျိုးနွံနာခံကြပြီး၊ အခြားမည်သည့်အရာကိုမျှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် သို့မဟုတ် ပြောဆိုရန် အရဲမစွန့်ကြချေ။ လူသားမျိုးနွယ်သည် နှုတ်ကပတ်တော် အောက်သို့ ကျရောက်ကြပြီးဖြစ်ကာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း အောက်တွင် ပျပ်ဝပ်လျက် ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားထံ တိုက်ရိုက်စကားပြောဆိုခဲ့ပါက၊ လူသားမျိုးနွယ်သည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ပင်၊ ထုတ်ဖော်ပြခြင်း နှုတ်ကပတ်တော်များမရှိဘဲ လဲကျလျက်၊ အားလုံးက အသံတော်ကို ကျိုးနွံနာခံကြပေမည်။ ဘုရားသခင်သည် ဤနည်းဖြင့် ဆက်လက်အမှုပြုခဲ့ပါက၊ လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း မှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိလာနိုင်မည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ကယ်တင်ခြင်းကို ရရှိမည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင်၊ နားရှိသော သူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းအမှုကို ရရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားအယောက်စီတိုင်း၏ နားများထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပေးပို့နိုင်သည်။ ဤနည်းအားဖြင့်သာ လူသားကို ကျိုးနွံနာခံစေခြင်း အဖြစ်သို့ ခြောက်လှန့်ရန် ဝိညာဉ်တော်က ထင်ရှားခြင်းထက်၊ သူ၏နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသောရလဒ် ဖြစ်သည်။ လူသည် အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန် အလို့ငှာ၊ နှစ်ပေါင်းများစွာ အတွင်းတွင် နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့် လူ၏ စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ် ပေးနိုင်သည်မှာ၊ ဤလက်တွေ့ကျသော်လည်း ထူးခြားသည့် အမှုမှတစ်ဆင့်သာ ဖြစ်ပေသည်။ ဤအရာများသည် လက်တွေ့ကျသည့် နည်းဟန်ဖြင့် စကားပြောဆိုခြင်းနှင့် တရားစီရင်ခြင်းကို စီမံဆောင်ရွက်သည့် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျသော အမှုအားလုံးဖြစ်သည်၊ သူသည် လူအပေါ် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။ ယင်းကို လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာကို သိရှိစေဖို့၊ နှုတ်ကပတ်တော်၏ အမှုအားဖြင့် စွမ်းဆောင်ရရှိသော ရလဒ်များကို သိရှိစေဖို့နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ဩဇာအာဏာအား ပြသပြီးဖြစ်သည်ကို သိရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် သာမန်နှင့် ပုံမှန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန် ဖြစ်သော်လည်း၊ ယင်းသည် သူသည် ဩဇာအာဏာနှင့် ပြည့်ဝကြောင်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက် ဖြစ်ကြောင်းတို့ကို လူသားအားပြသသည့် သူ၏နှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိသော ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်း၊ သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားဖို့ မဟုတ်ကြောင်းနှင့် နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်သကဲ့သို့၊ မည်သည့် အမှောင် အင်အားစုကမျှ သူ၏ဩဇာအာဏာအပေါ် မလွှမ်းမိုးနိုင် ကြောင်းကို လူသားမျိုးနွယ် အားလုံးထံ ပြသပေသည်။ သူသည် လူ့ဇာတိကိုခံသည့် နှုတ်ကပတ်တော် ဖြစ်သောကြောင့်၊ သူ၏ဩဇာအာဏာကြောင့်၊ ပြီးလျှင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝ ကျိုးနွံနာခံသည်။ သူ၏ လူ့ဇာတိခံ ခန္ဓာအားဖြင့် ဆောင်ကြဉ်းခဲ့သည့် အမှုသည် သူပိုင်ဆိုင်သော ဩဇာအာဏာ ဖြစ်သည်။ သူ လူ့ဇာတိခံယူသည့်အကြောင်းရင်းမှာ လူ့ဇာတိသည်လည်း ဩဇာအာဏာကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်ပြီး၊ သူသည် လူသားတို့အလယ်တွင် လက်တွေ့ကျသော နည်းတစ်ခု၊ လူသားအဖို့ မြင်၍ရနိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် နည်းလမ်းတစ်ခုဖြင့် အမှုကို ဆောင်ရွက်နိုင်စွမ်းရှိသောကြောင့်၊ ဖြစ်လေသည်။ ဤအမှုသည် ဩဇာအာဏာအားလုံးကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှုထက် များစွာ ပိုမို လက်တွေ့ကျပြီး ယင်း၏ ရလဒ်များသည်လည်း သိသာထင်ရှားလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် စကားပြောဆိုနိုင်ပြီး အမှုပြုနိုင်သောကြောင့် ဖြစ်သည်။ သူ၏ လူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် ဩဇာအာဏာကိုမျှ စွဲကိုင်ထားခြင်း မရှိသကဲ့သို့၊ လူသားအနေဖြင့် ချဉ်းကပ်၍ရနိုင်သည်၊ သူ၏ အနှစ်သာရမှာမူ ဩဇာအာဏာကို သယ်ဆောင်ထားသော်လည်း၊ သူ၏ ဩဇာအာဏာသည် မည်သူအဖို့မျှ မြင်၍မရနိုင်ပေ။ သူသည် စကားပြောဆိုပြီး အမှုပြုသောအခါတွင်၊ လူသည် သူ၏ အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ဤအရာက လက်တွေ့ကျသော သဘာဝနှင့်ဆိုင်သည့် အမှုကို လုပ်ဆောင်ရာ၌ သူကို လွယ်ကူချောမောစေသည်။ ဤလက်တွေ့ကျသော အမှုအားလုံးသည် ရလဒ်များ စွမ်းဆောင် ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ကိုင်စွဲထားသည်ကို မည်သည့်လူကမျှ မသိသော်လည်း၊ သို့မဟုတ် သူသည် ပုန်ကန်ပြစ်မှားခံရဖို့ မဟုတ်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူသည် သူ၏ ဖုံးကွယ်ထားသော ဩဇာအာဏာ၊ သူ၏ ကွယ်ဝှက်ထားသော အမျက်ဒေါသနှင့် သူ ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ၏နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသော ရလဒ်များကို စွမ်းဆောင်ရရှိလေသည်။ တစ်နည်းအားဖြင့်၊ သူ၏အသံနေအသံထား၊ သူ့ဟောပြောချက် ပြင်းထန်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာ အားလုံးမှတစ်ဆင့် လူသည် လုံးဝ ယုံကြည်လက်ခံရပေသည်။ ဤနည်းဖြင့် လူသည် အမြင်အားဖြင့် ဩဇာအာဏာ ရှိပုံမရသော လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံ၏၊ ထိုသို့ဖြင့် လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းလေသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်။ ယင်းမှာ လူသားသည် ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးကို မျက်မြင်တွေ့ကြုံနိုင်ဖို့လို့ငှာ၊ သာ၍ လက်တွေ့ကျသောနည်းလမ်းဖြင့် ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို လူသားအပေါ်သို့ အကျိုးသက်ရောက်မှု ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအမှုကို လူ့ဇာတိခံယူခြင်းအားဖြင့် မလုပ်ဆောင်ခဲ့ပါက၊ ရလဒ်များ စိုးစဉ်မျှ စွမ်းဆောင်ရရှိမည် မဟုတ်သကဲ့သို့၊ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက၊ သူသည် လူသားအဖို့ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍လည်း မရနိုင်သည့် ဝိညာဉ်တော်အဖြစ် ကျန်ရှိနေမည် ဖြစ်သည်။ လူသားသည် ဇာတိပကတိရှိသည့် ဖန်ဆင်းခံ ဖြစ်လျက်၊ သူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး မတူကွဲပြားသော သဘာဝများကို ပိုင်ဆိုင်ကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိရှိသည့် လူသားနှင့် သဟဇာတ မဖြစ်သကဲ့သို့၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိသည်ကို ပြောစရာပင် မလိုဘဲ၊ ၎င်းတို့အကြားတွင် ဆက်ဆံရေးများ တည်ဆောက်ရန် တကယ့်ကို မဖြစ်နိုင်ပေ။ ဤသို့ဖြစ်ရာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအမှုကို လုပ်ဆောင်ရန်အလို့ငှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်လာရမည် ဖြစ်သည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွ သွားနိုင်သကဲ့သို့၊ လူသားမျိုးနွယ်အလယ်တွင် အလုပ်လုပ်ရင်းနှင့် ၎င်းတို့အလယ်၌ အသက်ရှင်ရင်း၊ ဖန်ဆင်းခံ လူသားတစ်ဦးဖြစ်လာရန် မိမိကိုယ်ကို နှိမ့်ချနိုင်သည်၊ သို့သော် လူသားသည် အနိမ့်ဆုံးသော နေရာသို့ ဆင်းသက်နိုင်ဖို့ မဆိုထားနှင့်၊ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်သကဲ့သို့ ဝိညာဉ်တစ်ပါးလည်း မဖြစ်လာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူရမည့် အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ ပထမအကြိမ် လူ့ဇာတိ ခံယူစဉ်အတောအတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာသည်သာ သူ၏ကားစင်တင် ခံရခြင်းမှတစ်ဆင့် လူသားကို ရွေးနုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံရဖို့ ဆိုသည်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာ ယဇ်အနေနှင့် အစေခံရန် တိုက်ရိုက် လူ့ဇာတိ ခံယူနိုင်ခဲ့သော်လည်း၊ လူသားသည် ဘုရားသခင်က သူ့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူဆောင်ရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်မသွားနိုင်ပေ။ ဤသို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရရှိနိုင်ရန် မဆိုထားနှင့်၊ သူသည် ကျဆုံးခဲ့ပြီးဖြစ်သည့်အပြင် လူသားသည် ကောင်းကင်ဘုံသို့ တကယ်ကို တက်မသွားနိုင်သည့်အတွက်၊ ဖြစ်နိုင်သမျှမှာ ဤကယ်တင်ခြင်းကို ရယူရန် လူသားအား ကောင်းကင်ဘုံသို့ မတက်စေဘဲ၊ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုရန်သာ ဖြစ်ပေမည်။ ထို့ကြောင့် ယေရှုအတွက် လူသားမျိုးနွယ်အလယ် ကြွလာပြီး လူသားက တကယ်ကို မပြီးမြောက်မအောင်မြင်နိုင်သည့် အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင်၊ ယင်းသည် အကြွင်းမဲ့ လိုအပ်မှုကြောင့် ဖြစ်သည်။ အကယ်၍ မည်သည့် အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါက၊ သူသည် လူ့ဇာတိခံယူရခြင်း၏ သိက္ခာကျခြင်း အဖြစ်သို့ ကျိုးနွံနာခံပြီးဖြစ်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ဇာတိခန္ဓာဖြင့် နေထိုင်သူအားလုံးအတွက် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်စားရမည့် ပန်းတိုင်များ လိုအပ်ကာ၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များနှင့် စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ခြင်း လိုအပ်ပေသည်။ နှစ်ခုလုံးကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်ပြီး၊ နှစ်ခုလုံးကို ပုံမှန်ဖြစ်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သော လူ့ဇာတိဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း လိုအပ်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ရပ်လုံးက ယင်းကို လိုအပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိရှိရန်လိုအပ်သည့်အတွက်၊ မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သော ဘုရားများ၏ ပုံရိပ်များကို ၎င်းတို့၏နှလုံးသားများမှ ပပျောက်စေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန် လိုအပ်သည့်အတွက်၊ ၎င်းတို့သည် ပထမဦးစွာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကြရမည် ဖြစ်သည်။ အကယ်၍ လူသည် လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ပပျောက်စေသည့် အလုပ်ကိုသာ လုပ်ဆောင်ပါက၊ သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည် မဟုတ်ပေ။ လူတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများတစ်ခုတည်းဖြင့်သာ ဖော်ထုတ်၍ မရနိုင်၊ ဖယ်ရှား၍ မရနိုင်ပေ သို့မဟုတ် လုံးဝ ပပျောက်သွားစေ၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူတို့ထံမှ နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးတွင် ဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဤမရေမရာဖြစ်ပြီး သဘာဝလွန် အမှုအရာများကို လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အစစ်တို့ဖြင့် အစားထိုးခြင်းနှင့် လူတို့အား ယင်းတို့ကို တဖြည်းဖြည်း သိစေခြင်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။ လူသည် အတိတ်အချိန် ကာလများက ၎င်းရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှု မရှိသကဲ့သို့ သဘာဝလွန် ဖြစ်သည်ကို သတိပြုမိလေသည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်မှာ လူတစ်ဦးဦး၏ သွန်သင်မှုများဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက် ဦးဆောင်မှုပင် မဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့သည် လူသား၏စိတ်ကူးထဲက မရေရာသကဲ့သို့ သဘာဝလွန်သော ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို တရားဝင် လုပ်ဆောင်သောအခါ လူသား၏ အယူအဆများသည် ဖွင့်ချခံရလေသည်။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံ ဘုရားသခင်နှင့် ဆန့်ကျင်ကွဲလွဲသည့်အခါတွင်သာ ထုတ်ဖော်ပြနိုင်သည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ၊ လူသား၏ အယူအဆများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ တစ်နည်းအားဖြင့်၊ အဖြည့်ခံအဖြစ် လက်တွေ့ကျခြင်း မရှိဘဲ၊ မရေရာသော အရာများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ မည်သူမျှ ဤအမှုကို လုပ်ဆောင်ရန် စကားလုံးများ သုံးနိုင်စွမ်း မရှိပေသကဲ့သို့၊ စကားလုံးများကို အသုံးပြုလျက် မည်သူမျှ ဤအမှုကို ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်း မရှိပေ။ ဘုရားသခင်ကိုယ်တိုင်သာ သူ၏ကိုယ်ပိုင် အမှုကို လုပ်ဆောင်နိုင်ပြီး သူ၏ကိုယ်စား အခြားမည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ၊ လူသားသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့် သာမန်ဖြစ်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုကာ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ဖြစ်ခြင်းတို့ကို လုံးဝ ထုတ်ပြသမှသာလျှင်၊ လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်ပေ။ ဟုတ်ပေ၏၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မပြီးမြောက်နိုင်ပေ။ ထို့ထက် ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤလူ့ဇာတိသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့် လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့် ပိုင်ဆိုင်သော ဘုရားသခင်လည်း ဖြစ်သည်။ ထို့ကြောင့် ဤလူ့ဇာတိသည် ဘုရားသခင်၏ ဝိညာဉ်တော် မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် အလွန် ကွာခြားလှသော်လည်း၊ ယင်းသည် ဝိညာဉ်တော် ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်သော၊ လူသားကို ကယ်တင်သည့် လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေဆဲဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိနှင့် ခွဲခြား၍မရသကဲ့သို့၊ လူ့ဇာတိ၏ အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုကို ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်း မဟုတ်ဘဲ၊ လူ့ဇာတိ၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်းမျှသာ ဖြစ်သည်။ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်ရန် လိုအပ်သည့် အမှုသည် လူ့ဇာတိခံယူခြင်းကို မလိုအပ်ပေ၊ ပြီးလျှင် လူ့ဇာတိက လုပ်ဆောင်ရန် လိုအပ်သည့် အမှုကိုလည်း ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်၍ မရနိုင်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ကသာ လုပ်ဆောင်နိုင်ပေသည်။ ဤသည်မှာ ဤအမှုအတွက် လိုအပ်သည့်အရာ ဖြစ်ပြီး၊ ဖောက်ပြန် ပျက်စီးနေသော လူသားမျိုးနွယ်က လိုအပ်သည့်အရာ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်တွင် အဆင့်တစ်ဆင့်ကိုသာ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့်နှစ်ဆင့်ကို လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့သော ပညတ်တော်ခေတ်၏ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်း မပါဝင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာနှင့်လည်း မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သို့သော် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏ လူ့ဇာတိ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီးကာ အရေးပါလှသော အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ တိုက်ရိုက်အမှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် ၎င်းကို ထိန်းကျောင်းပေးရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူ့ဇာတိခံ ဘုရားသခင်ကို လိုအပ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ထံမှ ပို၍များသော ကျေးဇူးတော်နှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်လေသည်။ လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်သာ လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသား၏ အမြဲရှိနေသော အထောက်အမ ဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့ရော အတိတ်ကာလများတွင်ပါ လူ့ဇာတိခံယူခြင်း၏ လိုအပ်မှုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ အားလုံးထဲမှ အမြင့်ဆုံး ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက်သည် စာတန် မဟုတ်ဘဲ လူသားဖြစ်ပြီး၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ကာ နတ်ဆိုးများမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်း ခံရမည့်အရာ ဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက် ဖြစ်ကာ၊ လူသား၏ ဇာတိခန္ဓာကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်၊ ထို့ကြောင့် ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာ ဖြစ်ရပေမည်။ လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ပြုပြင်ရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထို့ကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍ကောင်းစွာ သိမ်းပိုက်နိုင်ရန်အလို့ငှာ၊ သူသည် လူ့ဇာတိဖြင့် အလုပ်လုပ်သည်၊ လူ့ဇာတိဖြင့် စကားပြောပြီး၊ လူ့ဇာတိဖြင့် အမှုအားလုံးကို ပြုလေသည်။ ဘုရားသခင်အနေဖြင့် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်တွင်၊ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် သူ၏အမှုသည် လူ့ဇာတိဖြင့် အဆုံးသတ်လိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက် ခွဲခြားလိမ့်မည် ဖြစ်သည်၊ သူ၏စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး၊ လူ့ဇာတိ၌ရှိသည့် သူ၏အမှုအားလုံးကိုလည်း အဆုံးသတ်လိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအားလုံး အဆုံးသို့ ရောက်သည့်နောက်တွင်၊ သူသည် လုံးဝ အောင်နိုင်လိမ့်မည်။ လူ့ဇာတိ၌ အမှုပြုခြင်းဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်ကို အပြည့်အဝ ရယူပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး အဆုံးသို့ ရောက်လာပြီးဖြစ်မည်ကို ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏အမှုကို အဆုံးသတ်သောအခါ၊ စာတန်ကို သူ အပြည့်အဝ အနိုင်ယူကာ အောင်နိုင်ပြီးဖြစ်သည်နှင့်အမျှ၊ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေဖို့ နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်း အမှုသည် လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်း ဖြစ်သည်။ ယခုတွင် ယင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်းနှင့်ဆိုင်သည့် အမှုဖြစ်ပေသည်၊ သို့မှသာ စာတန်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် မည်သည့် နည်းလမ်းမျှ ရှိတော့မည် မဟုတ်သကဲ့သို့ လုံးဝရှုံးနိမ့်ကာ ဘုရားသခင်သည် အပြည့်အဝ အောင်နိုင်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူ့ဇာတိ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သောအမှု ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ကနဦးအမှုကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ပြီး လူ့ဇာတိက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော် ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ဆုံးအမှုကို လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ပြီး ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ အလယ်အဆင့်၏ ရွေးနုတ်ခြင်း အမှုကိုလည်း လူ့ဇာတိ၌ရှိသည့် ဘုရားသခင်က လုပ်ဆောင်ခဲ့သည်။ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝ သိမ်းပိုက်ခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် သိမ်းပိုက်ခြင်းခံရသောသူတို့ထံတွင် လူတို့ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ ပုံမှန်အသက်တာကို ရရှိခွင့်ပေးခြင်း ဖြစ်သည်။ ဤအမှုသည် အရေးပါလှပြီး၊ စီမံခန့်ခွဲခြင်း အမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်တွင် ပညတ်တော်ခေတ်၏ အမှုနှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ဗဟိုချက်နှင့် အလှမ်းကွာဝေး၏။ ယင်းသည် ကယ်တင်ခြင်းအမှု၏ အသွင်သဏ္ဌာန် အနည်းငယ်သာ ရှိပြီး စာတန်၏တန်ခိုးမှ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှု အစမဟုတ်ပေ။ ပညတ်တော်အောက်တွင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ သိရှိကြပြီး သာ၍ များသော သမ္မာတရား မရှိခဲ့ကြသောကြောင့်၊ ပြီးလျှင် ပညတ်တော်ခေတ်ထဲက အမှုသည် စာတန်၏တန်ခိုးမှ လူသားကို ကယ်တင်ပုံနှင့် သက်ဆိုင်သည့် အမှုနှင့်ပတ်သက်ရန် မဆိုထားနှင့်၊ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများ ပါဝင်မှု မရှိသလောက် ဖြစ်သောကြောင့်၊ အမှု၏ ပထမအဆင့်ကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန့်အလွန် ရိုးရှင်းသည့် ဤအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲခြင်း ဗဟိုချက်နှင့် ပတ်သက်မှု နည်းပါးပြီး၊ လူသား၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် တရားဝင်အမှုနှင့် ကြီးမားသော ဆက်စပ်မှု မရှိပေ၊ ထို့ကြောင့် ဘုရားသခင်အနေဖြင့် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်က လုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ပြီး၊ နားလည်၍ မရနိုင်သကဲ့သို့၊ ယင်းသည် လူသားအဖို့ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပြီး ချဉ်းကပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ခြင်းနှင့် မသင့်တော်သကဲ့သို့၊ လူသားထံ အသက်ကို တိုက်ရိုက် ထောက်ပံ့ပေးရန် မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် ချဉ်းကပ်နည်း တစ်ခုအဖြစ်သို့ အသွင်ပြောင်းရန် ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် ရိုးရိုး ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ပေတည်း။ ဤအရာက သူ၏ အမှုတွင် ဝိညာဉ်တော်၏နေရာကို ယူရန် ဘုရားသခင်သည် လူ့ဇာတိခံဖို့ လိုအပ်ပြီး၊ လူသားအတွက် ဘုရားသခင်အနေဖြင့် အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်း မရှိတော့ပေ။ အမှု၏ ဤအဆင့်သုံးဆင့်ထဲတွင် အဆင့်နှစ်ဆင့်ကို လူ့ဇာတိက လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူခြင်း နှစ်ခုသည် နှစ်ဦးနှစ်ဖက် လိုက်ဖက်ညီကာ နှစ်ဦးနှစ်ဖက် လုံးဝ ပြည့်စုံစေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ပထမအဆင့်သည် ဒုတိယ အဆင့်အတွက် အခြေခံအုတ်မြစ်ကို ခင်းပေးပြီး၊ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုသည် တစ်လုံးတစ်ဝတည်း ဖြစ်ကာ၊ အချင်းချင်း သဟဇာတမဖြစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဘုရားသခင့် အမှု၏ ဤအဆင့် နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန် အရေးကြီးသောကြောင့်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုနှင့်ဆိုင်သည့် အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးသည် ရပ်တန့်သွားမည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် အနှစ်မဲ့သည့် စကားသာ ဖြစ်သွားမည်ဟု ပြော၍ရလုနီးနီး ဖြစ်သည်။ ဤအမှု အရေးကြီးသည် မကြီးသည်ဆိုသည်မှာ လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ်၊ လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားနှင့် စာတန်၏ ပုန်ကန်ခြင်းနှင့် အမှုကို ၎င်း၏ နှောင့်ယှက်မှု ပြင်းထန်ခြင်းတို့အပေါ် အခြေခံသည်။ ဤအမှုကို လုပ်ဆောင်ဖို့လိုလားသည့် သင့်တော်သောသူကို အလုပ်လုပ်သူအားဖြင့် ထမ်းဆောင်သည့် အမှု၏သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် ကြိုတင်ခန့်မှန်းရပေသည်။ ဤအမှု၏ အရေးကြီးမှုနှင့် ပတ်သက်လာသည့်အခါ- ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု- အမှုနှင့်ဆိုင်သည့် ခံယူရမည့် နည်းစနစ်အရ၊ ပထမဆုံး ဖယ်ရှားရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်ပြီး၊ အမှု၏သဘာဝ၊ ဝိညာဉ်တော်အမှုနှင့် လူ့ဇာတိ၏ အမှု၏ သဘာဝတို့အပေါ် အခြေခံ၍၊ လူသားအတွက် လူ့ဇာတိဖြင့် လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သော အမှုထက် ပို၍ အကျိုးရှိပြီး၊ သာ၍ အကျိုးကျေးဇူးများ ပေးသည်ကို နောက်ဆုံးတွင် ဆုံးဖြတ်လေသည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် လူ့ဇာတိဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန် ထိုအချိန်က ဘုရားသခင်၏အကြံအစည် ဖြစ်သည်။ အမှု၏အဆင့် အသီးသီးအဖို့ အရေးပါမှုနှင့် အခြေခံတို့ရှိသည်။ ယင်းတို့သည် အခြေအမြစ် မရှိသော စိတ်ကူးစိတ်သန်းများ မဟုတ်သကဲ့သို့၊ ထင်ရာမြင်ရာ ဆောင်ရွက်ခြင်း မဟုတ်ပေ။ ယင်းတို့အဖို့ တိကျသေချာသော ဉာဏ်ပညာတစ်ခု ရှိပေသည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံး နောက်ကွယ်မှ အမှန်တရား ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံ ဘုရားသခင်က လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ အမှုပြုခြင်းကဲ့သို့သော ကြီးမားသည့် အမှုတစ်ခုတွင် ဘုရားသခင်၏ အစီအစဉ် သာ၍ပင် ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် သူ၏ အမှုထဲက လုပ်ရပ်တိုင်း၊ အကြံအစည်တိုင်းနှင့် စိတ်ကူးတိုင်းတို့တွင် ထင်ဟပ်သည်။ ဤသည်မှာ သာ၍ ခိုင်လုံပြီး စနစ်ကျသော ဘုရားသခင်၏ ဖြစ်တည်ခြင်း ဖြစ်သည်။ ဤသိမ်မွေ့သော အကြံအစည်များနှင့် စိတ်ကူးများသည် လူသားအတွက် စိတ်ကူးရန် ခက်ခဲပြီး၊ ယုံကြည်ရန် ခက်ခဲကာ၊ ထို့အပြင် လူသားအတွက် သိရှိရန် ခက်ခဲပေသည်။ လူသားက လုပ်ဆောင်သောအမှုသည် လူသားအတွက် အလွန် စိတ်ကျေနပ်ဖွယ် ဖြစ်သော ယေဘုယျ အခြေခံသဘောတရားအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်ပါက၊ အလွန် ကြီးမားသော ကွာဟချက်တစ်ခု တကယ်ကို ရှိပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်ပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာတစ်ခု ရှိသော်လည်း၊ ယင်းတို့နောက်ကွယ်တွင် လူသားအဖို့ မတွေးတတ်သည့် သေးငယ်ပြီး တိကျသော စီမံချက်များနှင့် အစီအစဉ်များစွာ ရှိလေသည်။ သူ၏အမှု အဆင့်တိုင်းကို အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်သာမက၊ အဆင့်အသီးသီးသည် လူ့ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်း ပြောဆို၍ မရနိုင်သည့်အရာများစွာ ပါဝင်ကာ၊ ဤသည်တို့မှာ လူသားဖို့ မြင်၍မရနိုင်သည့် အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှု ဖြစ်စေ၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏အမှု ဖြစ်စေ အသီးသီးသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အစီအစဉ်များ ပါရှိသည်။ ဘုရားသခင်သည် အခြေအမြစ် မရှိဘဲ အမှုမပြုသကဲ့သို့၊ အရေးမပါသော အမှုကို မလုပ်ဆောင်ပေ။ ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်သောအခါတွင်၊ ယင်းသည် သူ၏ပန်းတိုင်များဖြင့် ဖြစ်ပြီး၊ အမှုပြုရန် သူလူ့ဇာတိခံယူချိန်တွင် (ဆိုလိုသည်မှာ သူ၏ပြင်ပအကာကို အသွင်ပြောင်းချိန်တွင်)၊ ယင်းသည် သာ၍ပင် သူ၏ ရည်ရွယ်ချက်များဖြင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် သူ၏ ပင်ကိုလက္ခဏာကို အဘယ်ကြောင့်များ လိုလိုလားလား ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက အဘယ်ကြောင့်များ သူသည် နိမ့်ကျသကဲ့သို့ မှတ်ယူခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသည့် လူတစ်ယောက် ဖြစ်လာမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

တရားစီရင်ခြင်းကို ခံရသူမှာ လူသား၊ ဇာတိခန္ဓာရှိပြီး၊ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော လူသားဖြစ်ကာ၊ တိုက်ရိုက် တရားစီရင်ခြင်းခံရသည့်သူမှာ စာတန်၏ ဝိညာဉ် မဟုတ်သောကြောင့်၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာနယ်ပယ်၌ ဆောင်ရွက်သည် မဟုတ်ဘဲ၊ လူသားအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ ပုန်ကန်ခြင်းအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ ကျိုးနွံနာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှုနှင့် အနက်နဲဆုံးသော အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ထဲမှ အရေးပါလှသော အပိုင်းများမှာ လူ့ဇာတိခံယူခြင်း အမှု၏ အဆင့်နှစ်ဆင့် ဖြစ်သည်။ လူသား၏ နက်နဲသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုအဖို့ ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလ၏ လူတို့အပေါ် ဆောင်ရွက်သည့် အမှုသည် အလွန်တရာ ခက်ခဲပြီး၊ ပတ်ဝန်းကျင်သည် ရန်လိုကာ လူတစ်မျိုးစီတိုင်း၏ အရည်အချင်းသည်လည်း အတော်အတန် ညံ့ဖျင်းလေသည်။ သို့ရာတွင် ဤအမှု၏အဆုံးတွင်၊ အပြစ်အနာအဆာများ မရှိဘဲ မှန်ကန်သည့် အကျိုးတရားကို ရရှိလိမ့်ဦးမည် ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိ အမှု၏ အကျိုးတရား ဖြစ်ပြီး၊ ဤအကျိုးတရားသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားထက် သာ၍ ဆွဲဆောင်နိုင်‌ပေသည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်တို့ကို လူ့ဇာတိ၌ အဆုံးသတ်မည် ဖြစ်ပြီး၊ ယင်းတို့ကို လူ့ဇာတိခံ ဘုရားသခင်က နိဂုံးချုပ်ရမည် ဖြစ်သည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို လူ့ဇာတိဖြင့် လုပ်ဆောင်ပြီး၊ လူသား၏ ကယ်တင်ခြင်းကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည် ဖြစ်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားနှင့် ဆက်နွှယ်မှု မရှိပုံပေါ်သည်ဟု လူသားမျိုးနွယ် တစ်ရပ်လုံးက ခံစားကြရသော်လည်း၊ အမှန်တွင် ဤလူ့ဇာတိသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များသည် လူ့ဇာတိ၌ သူ၏ အမှုအားလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သူ၏ ရည်ရွယ်ချက်များကို ဤလမ်းခရီးအား လက်ခံသောသူတို့ထံ သာ၍ တိကျမှန်ကန်စွာနှင့် သာ၍ ခိုင်မာစွာ လက်ဆင့်ကမ်းနိုင်ဖို့အလို့ငှာ၊ သူသည် တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် သူ၏ သတ်သတ်မှတ်မှတ် ရည်ရွယ်ချက်များကို သူ၏နောက်လိုက်သူများထံ ချန်ထားနိုင်ခြင်း ဖြစ်သည်။ လူ၏အလယ် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုသည်သာ ဘုရားသခင် လူသားတို့နှင့် အတူတကွ ရှိနေခြင်းနှင့်လည်းကောင်း၊ နေထိုင်ခြင်းနှင့်လည်းကောင်းဆိုင်သည့် အမှန်တရားကို အမှန်တကယ် ပြီးမြောက်လေသည်။ ဤအမှုသည်သာ ဘုရားသခင်၏ မျက်နှာကို ရှုမြင်ရန်၊ ဘုရားသခင်၏ အမှုကို မျက်မြင်တွေ့ကြုံရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ယေဟောဝါ၏ ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းပြီး၊ မရေရာသော ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သာ၍စစ်မှန်၊ သာ၍လက်တွေ့ကျသကဲ့သို့၊ သာ၍ နှစ်သက်ဖွယ်ကောင်းသော ခေတ်တစ်ခေတ်ထဲသို့ ဆောင်ကြဉ်းလေသည်။ သူသည် ပညတ်တော်နှင့် စည်းမျဉ်းစည်းကမ်းခေတ်ကို အဆုံးသတ်သည်သာမက၊ သာ၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ထံ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သည့်၊ ဖြောင့်မတ်ပြီး သန့်ရှင်းသည့်၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သည့် အမှုကို ဖော်ထုတ်ပြီး လူသားမျိုးနွယ်၏ နက်နဲမှုများနှင့် ခရီးပန်းတိုင်တို့ကို ပြသသည့်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းသကဲ့သို့၊ နှစ်ထောင်ပေါင်းများစွာ ကွယ်ဝှက်လျက် ရှိလေပြီးသည့် ဘုရားသခင် တစ်ပါးကို ထုတ်ဖော်ပြလေသည်။ မရေရာခြင်း၏ ခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ မျက်နှာကို ရှာဖွေလိုသော်လည်း၊ မရှာဖွေနိုင်ခဲ့သည့်ခေတ်ကို နိဂုံးချုပ်သည်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးက စာတန်ကို အစေခံသည့်ခေတ်ကို အဆုံးသတ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ တစ်လျှောက်လုံး ဦးဆောင်လေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်စား လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်၏အမှု ရလဒ် ဖြစ်သည်။ ဘုရားသခင်သည် သူ၏လူ့ဇာတိ၌ အမှုပြုချိန်တွင်၊ သူ၏နောက်လိုက်များသည် ရှိပုံပေါ်သလို မရှိပုံလည်း ပေါ်သည့် ထိုအရာများနောက်သို့ မရှာဖွေတော့သကဲ့သို့ စမ်းတဝါးဝါး မသွားလာကြတော့ပေ၊ ပြီးလျှင် ၎င်းတို့သည် မရေရာသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို ခန့်မှန်းခြင်းအား ရပ်တန့်လိုက်ကြသည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် သူ၏အမှုကို ဖြန့်ဝေသောအခါတွင်၊ သူ့နောက်သို့ လိုက်သူများသည် လူ့ဇာတိဖြင့် သူလုပ်ဆောင်ပြီးသော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများ အားလုံးထံသို့ လက်ဆင့်ကမ်းကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ နားများဆီသို့ သူ၏ နှုတ်ကပတ်တော် အားလုံးကို ဆက်သွယ်ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို ရရှိသောသူတို့ ကြားနာခဲ့သည့် အရာအားလုံးသည် သူ့အမှု၏ အမှန်တရားများ ဖြစ်လိမ့်မည်၊ လူသားက ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကာ ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အမှန်တရားများ ဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ ယင်းတို့သည် သူ၏အမှုကို ဖြန့်ဝေရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များ မတည်ရှိဘဲနှင့်၊ သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးအနှံ့ ပျံ့နှံ့မည် မဟုတ်ပေ။ အမှန်တရားများ မရှိဘဲ လူသား၏ စိတ်ကူးစိတ်သန်းများသာ ရှိပါက၊ သူသည် စကြဝဠာတစ်ခွင်လုံးကို သိမ်းပိုက်ခြင်းအမှုအား မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားအဖို့ ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်၍ မရနိုင်သကဲ့သို့၊ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သက်သေအထောက်အထား သို့မဟုတ် အချက်အလက်များကို ချန်ထားနိုင်စွမ်း မရှိပေ။ လူသားသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်ပေ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲ ယုံကြည်ရပေမည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ အဆုံးတွင်တော့ လူသား၏ စိတ်ကူးစိတ်သန်းများသည် အနှစ်မဲ့ကာ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တိုင်၏ အမှုကို လူသားက တူအောင်တု၍ မရနိုင်ပေ။ ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်နှင့် သူ၏ အမှုကို လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သည့် လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ ကမ္ဘာမြေပေါ်သို့ ဆောင်ကြဉ်းနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က လူသားတို့ထံ ပေါ်ထွန်းရန်အတွက်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ကာ၊ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပြီး၊ ယင်းကို လူ့ဇာတိခံ မဟုတ်သည့် ဘုရားသခင်တစ်ပါးက စွမ်းဆောင် မရရှိနိုင်ပေ။ ဤအဆင့်အထိ သူ၏အမှုကို ဆောင်ရွက်ခြင်းဖြင့်၊ ဘုရားသခင်၏အမှုသည် အသင့်ဆုံးဖြစ်သော အကျိုးတရားကို ရရှိနှင့်ပြီးဖြစ်ကာ၊ လုံးဝ အောင်မြင်မှုတစ်ခု ဖြစ်ပြီးဖြစ်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ ကိုယ်တိုင် အမှုသည် သူ၏အလုံးစုံသော စီမံခန့်ခွဲခြင်း အမှု၏ ကိုးဆယ်ရာခိုင်နှုန်းကို ပြည့်စုံစေနှင့်ပြီးဖြစ်သည်။ ဤလူ့ဇာတိသည် သူ၏အမှုအားလုံးအဖို့ သာ၍ကောင်းသော အစပြုခြင်းတစ်ခုနှင့် သူ၏အမှုအားလုံးအတွက် အနှစ်ချုပ်တစ်ခုကို ပေးပြီးဖြစ်ကာ၊ သူ၏အမှုအားလုံးကို ထုတ်ပြန် ကြေညာပြီးဖြစ်သကဲ့သို့၊ ဤအမှုအားလုံးအဖို့ နောက်ဆုံး မခြွင်းမချန် အားဖြည့်မှုကို ပြုလုပ်ပြီးဖြစ်သည်။ ဤချိန်မှစ၍နောင်တွင်၊ ဘုရားသခင့် အမှု၏ စတုတ္ထအဆင့်ကို လုပ်ဆောင်ရန် နောက်ထပ် လူ့ဇာတိခံ ဘုရားသခင်ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ တတိယ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် မည်သည့် အံ့ဖွယ်ရာအမှုမျှလည်း လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လူ့ဇာတိ၌ ဘုရားသခင်၏အမှုကို လူ့ဇာတိ၌ လုပ်ဆောင်ရမည်။ အကယ်၍ ယင်းကို ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ခဲ့ပါက၊ မည်သည့် အကျိုးတရားများမျှ ဖြစ်ထွန်းမည်မဟုတ်။ အကယ်၍ ယင်းကို ဝိညာဉ်တော်မှ လုပ်ဆောင်ခဲ့မည်ဆိုလျှင်ပင်၊ အမှုသည် ကြီးမားသည့် အရေးပါမှု ရှိမည်မဟုတ်သကဲ့သို့၊ နောက်ဆုံးတွင် ဆွဲဆောင်မှုရှိမည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အမှုသည် အရေးပါမှု ရှိမရှိဆိုသည်နှင့် ယင်းက မည်သည့်အရာ ကိုယ်စားပြုသည်၊ မည်သည့်အရာအတွက် ယင်းကို လုပ်ဆောင်သည်၊ ဘုရားသခင်၏ အမှုသည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝခြင်း ရှိမရှိဆိုသည်နှင့်၊ ယင်းသည် အဆုံးစွန် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိ ဆိုသည်တို့ကို ဖန်ဆင်းခံအားလုံးက သိရှိဖို့ ဆန္ဒရှိကြသည်။ သူပြုသော အမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကယ်တင်ခြင်းအတွက်၊ စာတန်ကို အနိုင်ယူခြင်းအတွက်နှင့် အရာခပ်သိမ်းအလယ်တွင် သူကိုယ်တိုင်အဖို့ သက်သေခံခြင်းအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့်၊ သူပြုသောအမှုသည် ကြီးစွာသော အရေးပါမှု ရှိရပေမည်။ လူသား၏ ဇာတိပကတိကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သကဲ့သို့၊ ယင်းသည် အဆုံးစွန် အလွန်အမင်း မျက်စိကန်းစေပြီးဖြစ်ကာ အကြီးအကျယ် ထိခိုက်နစ်နာစေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ အမှုပြုရသည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်း၏ ရည်မှန်းချက်သည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်ဖြစ်ပြီး၊ စာတန်သည်လည်း ဘုရားသခင်၏ အမှုကို နှောင့်ယှက်ဖို့ လူသား၏ ဇာတိခန္ဓာကို အသုံးပြုသောကြောင့် ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားကို သိမ်းပိုက်ခြင်း အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း၏ ရည်မှန်းချက်လည်း ဖြစ်ပေသည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် မုချ လိုအပ်ပေသည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီး၊ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာကာ၊ ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့်၊ စာတန်နှင့် တိုက်ပွဲဝင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားကာ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဝင်ရန် လူသား ဖြစ်လာရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျခြင်း အမှု ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုနေချိန်တွင်၊ သူသည် လူ့ဇာတိ၌ စာတန်နှင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ လူ့ဇာတိ၌ သူ အမှုပြုချိန်တွင်၊ သူသည် ဝိညာဉ်လောက၌ သူ၏အမှုကို လုပ်ဆောင်နေပြီး၊ ဝိညာဉ်လောကရှိ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာမြေပေါ်တွင် အမှန်ဖြစ်စေသည်။ သိမ်းပိုက်ခြင်းခံရသောသူသည် လူသား၊ သူ့ကို ပုန်ကန်သော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရသူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဟုတ်ပေ၏၊ ဤသည်မှာလည်း လူသားဖြစ်၏) ဖြစ်ကာ၊ နောက်ဆုံးတွင် ကယ်တင်ခံရသည့်သူမှာလည်း လူသားဖြစ်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် စာတန်နှင့် တကယ့်တိုက်ပွဲကို တိုက်နိုင်ဖို့၊ သူ့ကို ပုန်ကန်သကဲ့သို့ သူကဲ့သို့ အပြင်ပန်းအကာကို ပိုင်ဆိုင်ထားသော လူသားအား သိမ်းပိုက်ဖို့နှင့် သူ့ကဲ့သို့ အပြင်ပန်းအကာရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံရပြီးဖြစ်သည့် လူသားကို ကယ်တင်နိုင်ရန်အလို့ငှာ၊ ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းအကာရှိသည့် လူသားတစ်ဦး ဖြစ်လာရန် ဘုရားသခင်အတွက် သာ၍ပင် လိုအပ်လေသည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူ၏ သိမ်းပိုက်ခြင်းခံရမည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းဖြင့် သူ၏အမှုသည် များစွာသာ၍ လွယ်ကူလာသည်။ သူသည် စာတန်ကို အနိုင်ယူနိုင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကို ကယ်တင်လည်း ကယ်တင်နိုင်သည်။ ဤလူ့ဇာတိသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော်လည်း၊ သူသည် အများနှင့်တူသော လူ့ဇာတိမဟုတ်ပေ။ သူသည် လူသားသာ ဖြစ်သည့် လူ့ဇာတိ မဟုတ်ဘဲ၊ လူသားနှင့် ဘုရား နှစ်ခုလုံးဖြစ်သည့် လူ့ဇာတိဖြစ်သည်။ ဤသည်မှာ သူနှင့် လူသားကြားက ကွာခြားချက်ဖြစ်ပြီး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဆိုင်သည့် အမှတ်အသား ဖြစ်သည်။ ဤသို့သော လူ့ဇာတိသာ သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို လုပ်ဆောင်နိုင်ပြီး၊ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်ကို ဖြည့်ဆည်းနိုင်ကာ၊ လူသားအလယ် သူ၏အမှုကို အပြည့်အဝ ပြီးစီးစေနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ လူသားအလယ် သူ၏အမှုသည် အမြဲ အနှစ်မဲ့ပြီး အပြစ်အနာအဆာရှိမည် ဖြစ်သည်။ ဘုရားသခင်သည် စာတန်၏ဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲနိုင်ပြီး အောင်နိုင်မှုလျက် ပေါ်ထွက်နိုင်သော်လည်း၊ ဖောက်ပြန်ပျက်စီးသော လူသား၏ ဇာတိဟောင်းကို မည်သည့်အခါမျှ ဖြေရှင်း၍ မရနိုင်ပေ၊ ပြီးလျှင် ဘုရားသခင်ကို ပုန်ကန်သကဲ့သို့ သူ့ကို ဆန့်ကျင်သောသူများသည် ဘယ်သောအခါမျှ သူ၏ အုပ်စိုးခြင်းခံရသည့်သူများ အမှန်တကယ် ဖြစ်မလာနိုင်ပေ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ မသိမ်းပိုက်နိုင်သကဲ့သို့ လူသားမျိုးနွယ်တစ်ရပ်လုံးကို မည်သည့်အခါမျှ မရယူနိုင်ပေ။ အကယ်၍ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုကို ဖြေရှင်း၍မရနိုင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါမျှ အဆုံးသတ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံအားလုံးနှင့်အတူ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်ပါက၊ ထိုသို့သော စီမံခန့်ခွဲခြင်း အမှုအဖို့ ရလဒ်တစ်ခု မည်သည့်အခါတွင်မျှ ရှိမည်မဟုတ်သကဲ့သို့၊ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းအသရေသည် ပျောက်ကွယ်သွားပေလိမ့်မည်။ သူ၏လူ့ဇာတိသည် သြဇာအာဏာ မရှိသော်လည်း၊ သူလုပ်ဆောင်သောအမှုသည် ယင်း၏ အကျိုးတရားများ ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ရှောင်လွှဲမရနိုင်သော သူ့အမှု၏ ဦးတည်ရာ ဖြစ်သည်။ သူ၏ လူ့ဇာတိက သြဇာအာဏာ ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို သူလုပ်ဆောင်နိုင်စွမ်း ရှိသရွေ့၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ဤလူ့ဇာတိသည် မည်မျှ ပုံမှန်ဖြစ်ပြီး သာမန်ဖြစ်ပါစေ၊ ဤလူ့ဇာတိသည် ဘုရားသခင် ဖြစ်ပြီး လူသားတစ်ဦးသာ မဟုတ်သည့်အတွက်၊ သူသည် သူ လုပ်ဆောင်သင့်သောအမှုကို လုပ်ဆောင်နိုင်လေသည်။ ဤလူ့ဇာတိက လူမလုပ်နိုင်သည့် အမှုကို လုပ်ဆောင်နိုင်သည့်အကြောင်းရင်းမှာ သူ၏အတွင်းပိုင်း အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူသောကြောင့် ဖြစ်ပြီး၊ လူသားကို သူကယ်တင်နိုင်သည့် အကြောင်းရင်းမှာ သူ၏ ပင်ကိုလက္ခဏာသည် မည်သည့် လူသားမဆို၏ ပင်ကိုလက္ခဏာနှင့် မတူကွဲပြားသောကြောင့် ဖြစ်သည်။ သူသည် လူသားဖြစ်ပြီး၊ ထို့ထက်ပို၍ သူသည် ဘုရားသခင် ဖြစ်သောကြောင့်၊ ပြီးလျှင် သူသည် မည်သည့် ဇာတိပကတိရှိသည့် မည်သည့်သာမန်လူကမျှ မလုပ်ဆောင်နိုင်သည့် အမှုကို သူ လုပ်ဆောင်နိုင်သောကြောင့်၊ ပြီးလျှင် ကမ္ဘာမြေပေါ်တွင် သူနှင့်အတူ အသက်ရှင်သည့်‌ ဖောက်ပြန်ပျက်စီးသော လူသားကို သူ ကယ်တင်နိုင်သောကြောင့်၊ ဤလူ့ဇာတိသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးလေသည်။ သူသည် လူသားနှင့် တထေရာတည်း ဖြစ်သော်လည်း၊ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သည့်အတွက်၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်သည့်အတွက်၊ လူ့ဇာတိခံ ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့် လူသားထက်မဆို လူသားမျိုးနွယ်အဖို့ သာ၍အရေးကြီးသည်။ အကျိုးဆက်အနေဖြင့် ဤလူ့ဇာတိသည် ပုံမှန်ဖြစ်ပြီး သာမန် ဖြစ်သော်လည်း၊ လူသားမျိုးနွယ်အဖို့ သူ၏ပံ့ပိုးမှုနှင့် လူသားမျိုးနွယ်၏ တည်ရှိခြင်းအဖို့ သူ၏အရေးပါမှုသည် သူ့ကို အလွန် တန်ဖိုးရှိစေပြီး၊ ဤလူ့ဇာတိ၏ လက်တွေ့ကျသောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့် လူသားကမျှ တိုင်းတာ၍မရနိုင်ပေ။ ဤလူ့ဇာတိသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း၊ သူသည် လူသားကို သိမ်းပိုက်ရန်နှင့် စာတန်ကို ချေမှုန်းရန်၊ ပြီးလျှင် သူ့အုပ်စိုးမှုကို စာတန်အား အပြည့်အဝ ကျိုးနွံနာခံစေရန် သူ၏အမှုကို အသုံးပြုနိုင်လေသည်။ ဘုရားသခင်က စာတန်ကို အနိုင်ယူကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်မှာ လူ့ဇာတိခံယူသောကြောင့် ဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးဘဲ၊ ယင်းအစား စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ အမှုပြုရန် လူ့ဇာတိခံယူလေသည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအလယ်တွင် မိမိကိုယ်ကိုယ် သာ၍ကောင်းစွာ သက်သေခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူသားကို သာ၍ ကယ်တင်နိုင်လေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ စာတန်ကို အနိုင်ယူခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက် ဖျက်ဆီးသည်ထက် သာ၍ ကြီးမားသော သက်သေကိုခံပြီး၊ သာ၍ ဆွဲဆောင်မှုရှိသည်။ လူ့ဇာတိ၌ ဘုရားသခင်သည် လူသားအား ဖန်ဆင်းရှင်ကို သိရှိစေဖို့ သာ၍ကောင်းစွာ ကူညီနိုင်သကဲ့သို့၊ သူ၏ဖန်ဆင်းခံများအလယ်တွင် မိမိကိုယ်ကိုယ်အဖို့ သာ၍ကောင်းစွာ သက်သေခံနိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

ဘုရားသခင်ဟာ အမှုတော်အတွက် လူ့ဇာတိခံယူဖို့ မဖြစ်မနေလိုအပ်ခြင်း

သခင် ပြန်လာတဲ့အခါ၊ လူတွေဆီ ဘယ်လိုပေါ်ထွန်းမှာလဲ

ဆက်စပ်မှုရှိသော တရားဒေသနာများ

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဝိညာဉ်တော်အသွင်ကို မယူဘဲ၊ ဘာကြောင့် လူ့ဇာတိခံယူသလဲ

ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း လိုအပ်ချက်

ကိုယ်ကျင့်တရားပျက်စီးသော လူသားများ လူ့ဇာတိခံဘုရားသခင်ရဲ့ ကယ်တင်ခြင်း လိုအပ်

အရှေ့သို့- က။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းနှင့် ဘုရားသခင် ပေါ်ထွန်းပြီး အမှုပြုသည်ဆိုသည့် သမ္မာတရားကို ဖော်ပြသောသူသည် သူသာဖြစ်ရသည့် အကြောင်းအရင်း

နောက်တစ်ခုသို့- ဂ။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် လူသားကို အသုံးမပြုဘဲ လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရသည့်အကြောင်းအရင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။