ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

သင်တို့ လုပ်ဆောင်သည့်အရာများတွင် ဖြောင့်မတ်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဟူသည်နှင့် သင်တို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ စိစစ်ခြင်းကို ခံနိုင်ရည်ရှိမရှိဟူသည်ကို သိရန် သင်တို့ကိုယ်သင်တို့ ဆန်းစစ်ကြလော့။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများက ၎င်းတို့၏ ကိစ္စရပ်များကို ဆောင်ရွက်သည့် စည်းမျဉ်းဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်ခြင်းကို သင်တို့ လက်ခံသောကြောင့်လည်းကောင်း သင်တို့ကို ဖြောင့်မတ်သောသူများဟု ခေါ်ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်ခြင်းနှင့် စုံလင်အောင်ပြုခြင်းတို့ကို ခံယူသူအားလုံးနှင့် ကိုယ်တော်၏ ရယူခြင်းကို ခံရသူအားလုံးသည် ဖြောင့်မတ်သော လူများဖြစ်ကြပြီး ကိုယ်တော်သည် ၎င်းတို့အားလုံးကို အဖိုးတန်အဖြစ် သတ်မှတ်တော်မူသည်။ သင်တို့သည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို ပို၍ လက်ခံလေလေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပို၍ သဘောပေါက်နားလည်နိုင်လေလေ ဖြစ်မည်ဖြစ်သောကြောင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ အသက်ရှင်နေထိုင်နိုင်ကာ ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်တို့အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းမှာ သင်တို့အားလုံး ဖြစ်မြောက်အောင်မြင်သင့်သည့်အရာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် သင်တို့၏ အယူအဆများကို အသုံးပြုပါက ဘုရားသခင်သည် မပြောင်းလဲသော ရွှံ့ရုပ်တုတစ်ခုဖြစ်သည့်အလား ဘုရားသခင်ကို သမ္မာကျမ်းစာထဲတွင် လုံးလုံးလျားလျား ဘောင်ခတ်လျက် ကိုယ်တော့်ကို ကန့်သတ်ထားသော အလုပ်နယ်ပယ်တစ်ခုအတွင်း ပုံသေဖြစ်စေပါက ဤသည်မှာ သင်တို့သည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီးဖြစ်ကြောင်း သက်သေပြနေသည်။ ဓမ္မဟောင်းကျမ်းခေတ်ရှိ ယုဒလူမျိုးတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် စွဲကိုင်ထားသည့် ပုံသေဖြစ်သော ရုပ်တုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသောကြောင့် ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ဆိုခြင်းခံရသူသာလျှင် ဘုရားသခင် ဖြစ်နိုင်သည့်အလား သတ်မှတ်ခဲ့ကြသောကြောင့်လည်းကောင်း၊ လူတို့သည် ဘုရားသခင်ကို အသက်မဲ့သော ရွှံ့ရုပ်တုတစ်ခုဖြစ်သည့်အလား အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်လည်းကောင်း ၎င်းတို့သည် ထိုခေတ်ကာလက ယေရှုကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲပြီး သေဒဏ်ပေးခဲ့ကြသည်။ ထိုသို့ဖြင့် အပြစ်ကင်းသော ယေရှုသည် သေဒဏ်စီရင်ခြင်း ခံခဲ့ရသည်။ ဘုရားသခင်သည် အပြစ်ကင်းသည့်တိုင် လူက ကိုယ်တော့်ကို ချမ်းသာပေးရန် ငြင်းပယ်ခဲ့ပြီး ကိုယ်တော့််ကို မရမက သေဒဏ်ပေးခဲ့ကြသဖြင့် ယေရှုသည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ရသည်။ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အပြည့်အဝ သဘောပေါက်ထားသည့်အလား၊ ဘုရားသခင် လုပ်ဆောင်သမျှအားလုံးကို လူက သူ၏ လက်ဝါးထဲတွင် ဆုပ်ကိုင်ထားသည့်အလား လူသည် ဘုရားသခင်ကို မပြောင်းလဲဟု အစဉ်သဖြင့် ယုံကြည်ပြီး သမ္မာကျမ်းစာဟူသော စာအုပ်တစ်အုပ်တည်းကို အခြေခံ၍ ကိုယ်တော့််ကို ဘောင်ခတ်လေသည်။ လူတို့သည် အလွန်အမင်း ယုတ္တိမဲ့ကြသည်၊ အလွန်အမင်း မာနထောင်လွှားကြပြီး ၎င်းတို့အားလုံးသည် ကြီးကျယ်သော စကားများကို ပြောဆိုရာတွင် ပါရမီပါကြသည်။ ဘုရားသခင်နှင့်ပတ်သက်သော သင်၏ သိကျွမ်းမှုသည် မည်မျှပင် မြင့်မားနေပါစေ၊ သင်သည် ဘုရားသခင်ကို မသိသူဖြစ်ကြောင်း၊ သင်သည် ဘုရားသခင်ကို အများဆုံး ဆန့်ကျင်သူဖြစ်ကြောင်းနှင့် သင်သည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီးဖြစ်ကြောင်း ငါ ပြောနေဆဲဖြစ်သည်။ အကြောင်းမှာ သင်သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရသည့် လမ်းကြောင်းကို လျှောက်လှမ်းရန် လုံးဝ မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူ၏ လုပ်ရပ်များကို အဘယ်ကြောင့် မည်သည့်အခါမျှ မကျေနပ်သနည်း။ အကြောင်းမှာ လူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မသိသောကြောင့် ဖြစ်သည်။ သူ၌ အယူအဆများ အလွန်များပြားပြီး ဘုရားသခင်နှင့်ပတ်သက်သော သူ၏ သိကျွမ်းမှုသည် လက်တွေ့အရှိတရားနှင့် လုံးဝ ကိုက်ညီမှုမရှိဘဲ ပုံသေကားကျဖြစ်ကာ ထပ်တလဲလဲဖြစ်နေပြီး စက်ရုပ်ဆန်ဆန် ကူးယူထားသည့်အပြင် တစ်သဝေမတိမ်း အသုံးချထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယနေ့ မြေကြီးပေါ်သို့ ကြွလာပြီးသည့်နောက် ဘုရားသခင်သည် လူ၏ လက်ဝါးကပ်တိုင်တွင် သံမှိုစွဲခြင်းကို တစ်ဖန် ခံရပြန်သည်။ ရက်စက်ကြမ်းကြုတ်သော လူသားမျိုးနွယ်ပါတကား။ ခြေပုန်းခုတ်ခြင်းနှင့် အကောက်ကြံခြင်း၊ တစ်ဦးထံမှ တစ်ဦး လုယူခြင်းနှင့် ဆွဲလုခြင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလုအယက် တိုးဝှေ့ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်ခြင်းတို့သည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော် ရာပေါင်းထောင်ပေါင်းများစွာကို ပြောဆိုပြီးဖြစ်သော်လည်း မည်သူမျှ သတိမဝင်လာကြပေ။ လူတို့သည် မိမိတို့၏ မိသားစုများ၊ သားသမီးများအတွက်လည်းကောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်းများ၊ အနာဂတ် အလားအလာများ၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်အသရေနှင့် ငွေကြေးအတွက်လည်းကောင်း၊ အစားအစာ၊ အဝတ်အစားနှင့် ဇာတိပကတိအတွက်လည်းကောင်း ပြုမူဆောင်ရွက်ကြသည်။ သို့သော် ၎င်းတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏အကျိုးအတွက် အမှန်တကယ် ဖြစ်သည့်သူ တစ်ဦးတစ်ယောက်မျှ ရှိသလော။ ဘုရားသခင်အတွက် ပြုမူဆောင်ရွက်သူများထဲတွင်ပင် ဘုရားသခင်ကို သိသောသူ အနည်းငယ်သာ ရှိသည်။ မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ပြုမူဆောင်ရွက်ခြင်း မရှိသူ မည်မျှရှိသနည်း။ မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ အခြားသူများကို ဖိနှိပ်ခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်း မပြုသူ မည်မျှရှိသနည်း။ ထို့ကြောင့် ဘုရားသခင်သည် မရေမတွက်နိုင်သော အကြိမ်များစွာ အတင်းအဓမ္မ သေဒဏ်ပေးခြင်းကို ခံခဲ့ရပြီး မရေမတွက်နိုင်သော ရက်စက်သည့် တရားသူကြီးများက ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ကိုယ်တော့််ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန် သံမှိုစွဲခဲ့ကြသည်။ ဘုရားသခင်၏ အကျိုးအတွက် အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သော လူများဟု ခေါ်ဆိုခြင်းခံရနိုင်သူ မည်မျှရှိသနည်း။

ဘုရားသခင်၏ ရှေ့မှောက်တွင် သန့်ရှင်းသောသူ သို့မဟုတ် ဖြောင့်မတ်သောသူတစ်ဦးအဖြစ် စုံလင်အောင် ပြုခြင်းခံရရန်မှာ ထိုမျှ လွယ်ကူသလော။ “ဤမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူများ မရှိ၊ ဤလောကတွင် ဖြောင့်မတ်သောသူများ မရှိ” ဟူသည်မှာ မှန်ကန်သော ပြောဆိုချက်တစ်ခု ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ သင်တို့ ဝတ်ဆင်ထားသည့်အရာကို စဉ်းစားကြလော့၊ သင်တို့၏ စကား၊ လုပ်ရပ်နှင့် လှုပ်ရှားမှုတိုင်းကို စဉ်းစားကြလော့၊ သင်တို့၏ အတွေးနှင့် စိတ်ကူးတိုင်းကို စဉ်းစားကြလော့၊ နေ့စဉ်နေ့တိုင်း သင်တို့ မက်သော အိပ်မက်များကိုပင် စဉ်းစားကြလော့။ ယင်းတို့အားလုံးသည် သင်တို့ကိုယ်ကျိုးအတွက် ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်များ၏ စစ်မှန်သော အခြေအနေ မဟုတ်လော။ “ဖြောင့်မတ်ခြင်း” ဟူသည်မှာ အခြားသူများကို ပေးကမ်းစွန့်ကြဲခြင်းကို မဆိုလိုပေ၊ ယင်းမှာ သင်၏ အိမ်နီးချင်းကို ကိုယ်နှင့်အမျှ ချစ်ခြင်းကို မဆိုလိုသည့်အပြင် ရန်ဖြစ်ခြင်းများနှင့် အငြင်းပွားမှုများ သို့မဟုတ် လုယက်ခြင်းနှင့် ခိုးယူခြင်းတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း မဆိုလိုပေ။ ဖြောင့်မတ်ခြင်းဟူသည်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့သမျှ အားလုံးကဲ့သို့ပင် အချိန် သို့မဟုတ် နေရာကို မရွေးဘဲ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင်၏ တာဝန်အဖြစ် ခံယူခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကောင်းကင်ဘုံက ပေးအပ်သော သင်၏ အလုပ်အကိုင်အဖြစ် ကျိုးနွံနာခံခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင် ပြောဆိုထားသည့် ဖြောင့်မတ်ခြင်း ဖြစ်သည်။ လောတကို ဖြောင့်မတ်သောသူဟု ခေါ်ဆိုနိုင်ခြင်းမှာ သူသည် မိမိ၏ ကိုယ်ပိုင် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင် စေလွှတ်သော ကောင်းကင်တမန် နှစ်ပါးကို ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က သူလုပ်ဆောင်ခဲ့သည့်အရာကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်ကြောင်းသာ ပြောနိုင်သော်လည်း သူ့ကို ဖြောင့်မတ်သောသူဟု မခေါ်ဆိုနိုင်ပေ။ လောတသည် ဘုရားသခင်ကို မြင်တွေ့ခဲ့သောကြောင့်သာ ကောင်းကင်တမန်များနှင့် အလဲအထပ်အနေဖြင့် သူ၏ သမီးနှစ်ဦးကို ပေးခဲ့ခြင်းဖြစ်သော်လည်း အတိတ်က သူ၏ အပြုအမူအားလုံးသည် ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် “ဤမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူများ မရှိ” ဟု ငါ ပြောခြင်းဖြစ်သည်။ ပြန်လည်နာလန်ထူခြင်း ရေစီးကြောင်းထဲတွင် ရှိသူများထဲ၌ မည်သူ့ကိုမျှ ဖြောင့်မတ်သောသူဟု မခေါ်ဆိုနိုင်ပေ။ သင်၏ လုပ်ရပ်များ မည်မျှပင် ကောင်းမွန်ပါစေ၊ ဘုရားသခင်၏ နာမတော်ကို ဘုန်းထင်ရှားစေရန် သင် မည်သို့ပင် ပုံပေါ်နေပါစေ အခြားသူများကို ရိုက်နှက်ခြင်းနှင့် ကျိန်ဆဲခြင်း မပြုသည့်အပြင် အခြားသူများထံမှ လုယက်ခြင်းနှင့် ဓားပြတိုက်ခြင်း မပြုသော်လည်း သင့်ကို ဖြောင့်မတ်သည်ဟု မခေါ်ဆိုနိုင်သေးပေ။ အကြောင်းမှာ ဤသည်မှာ ပုံမှန်လူတစ်ဦး ပိုင်ဆိုင်နိုင်စွမ်းရှိသည့်အရာ ဖြစ်သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် အဓိကကျသောအရာမှာ သင်သည် ဘုရားသခင်ကို မသိကျွမ်းခြင်း ဖြစ်သည်။ လက်ရှိတွင် သင်၌ ပုံမှန် လူ့သဘာဝ အနည်းငယ် ရှိသော်လည်း ဘုရားသခင် ပြောဆိုထားသည့် ဖြောင့်မတ်ခြင်း၏ အစိတ်အပိုင်းများ မရှိကြောင်းကိုသာ ပြောနိုင်သည်။ ထို့ကြောင့် သင် လုပ်ဆောင်သည့် မည်သည့်အရာကမျှ သင်သည် ဘုရားသခင်ကို သိကျွမ်းကြောင်း သက်သေပြနိုင်စွမ်း မရှိပေ။

ယခင်က ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူစဉ်တွင် လူတို့သည် ၎င်းတို့၏ လုပ်ရပ်များ၌ ဘုရားသခင်ကို ဝတ်ကျေတမ်းကျေ ဆက်ဆံခဲ့ကြသည်။ ယနေ့တွင် ဘုရားသခင်သည် လူတို့အကြား၌ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးဖြစ်သော်လည်း မည်သူမျှ ဤအရာကို မသိကြပေ။ သို့တိုင် လူတို့သည် ၎င်းတို့၏ လုပ်ရပ်များ၌ ကိုယ်တော့််ကို ဝတ်ကျေတမ်းကျေ ဆက်ဆံကြဆဲဖြစ်သည်။ လူတို့သည် ၎င်းတို့၏ တွေးခေါ်မှုတွင် အလွန် နောက်ပြန်ဆွဲနေသည် မဟုတ်လော။ ၎င်းတို့သည် ယုဒနှင့် တထေရာတည်း တူကြသည်။ ယေရှု မကြွလာမီက ယုဒသည် သူ၏ ညီအစ်ကိုမောင်နှမများကို လှည့်ဖြားရန် မုသားများ ပြောဆိုခဲ့ပြီး ယေရှု ကြွလာပြီးနောက်တွင်ပင် သူသည် မပြောင်းလဲခဲ့ပေ။ သူသည် ယေရှုကို စိုးစဉ်းမျှ မသိကျွမ်းခဲ့ဘဲ အဆုံးတွင် ယေရှုကို သစ္စာဖောက်ခဲ့သည်။ ဤသည်မှာ သူသည် ဘုရားသခင်ကို မသိသောကြောင့် မဟုတ်လော။ ယနေ့တွင် သင်တို့သည် ဘုရားသခင်ကို မသိကျွမ်းသေးပါက သင်တို့သည် နောက်ထပ် ယုဒတစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိပြီး ယင်းနောက်တွင် လွန်ခဲ့သော နှစ်နှစ်ထောင်က ကျေးဇူးတော်ခေတ်၌ ယေရှု လက်ဝါးကပ်တိုင်တွင် အသေခံရသည့် အဖြစ်ဆိုးသည် တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာလိမ့်မည်။ သင်တို့ ဤအရာကို မယုံကြည်ကြသလော။ ယင်းမှာ အမှန်တရားတစ်ခု ဖြစ်သည်။ လက်ရှိတွင် လူအများစုသည် အလားတူ အခြေအနေတစ်ခု၌ ရှိနေကြသည်။ ဤသို့ပြောရန် အနည်းငယ် စောလွန်းကောင်း စောလွန်းနိုင်သော်လည်း ထိုသို့သော လူအားလုံးသည် ယုဒ၏ အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ငါသည် အဓိပ္ပာယ်မရှိသောအရာကို ပြောနေခြင်းမဟုတ်ဘဲ အမှန်တရားကို အခြေခံ၍ ပြောနေခြင်းဖြစ်ပြီး သင်သည် ယုံကြည်လက်ခံရုံမှတစ်ပါး အခြားမရှိပေ။ လူများစွာတို့သည် နှိမ့်ချဟန်ဆောင်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် သေနေသော ရေအိုင်တစ်ခု၊ နံစော်နေသော ရေမြောင်းတစ်ခုမှလွဲ၍ မည်သည့်အရာမျှ မရှိပေ။ ယခုအချိန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သော သူများ အလွန်များပြားနေပြီး ငါသည် ဤအရာကို လုံးဝ မသိရှိဟု သင်တို့ ထင်ကြသည်။ ယနေ့တွင် ငါ၏ ဝိညာဉ်တော်သည် ငါ့အတွက် ရပ်တည်ပေးပြီး ငါ့အတွက် သက်သေခံတော်မူသည်။ ငါ မည်သည့်အရာကိုမျှ မသိဟု သင် ထင်သလော။ သင်တို့၏ စိတ်နှလုံးထဲရှိ ကောက်ကျစ်သော အတွေးများကိုလည်းကောင်း၊ သင်တို့၏ စိတ်နှလုံးထဲတွင် သင်တို့ သိမ်းဆည်းထားသည့် အရာများကိုလည်းကောင်း ငါ လုံးဝ နားမလည်ဟု သင်တို့ ထင်ကြသလော။ ဘုရားသခင်ကို ဗိုလ်ကျရန်မှာ ထိုမျှ လွယ်ကူသလော။ ကိုယ်တော့််ကို သင်တို့ သဘောကျသည့် မည်သည့်နည်းလမ်းဖြင့်မဆို ဆက်ဆံနိုင်သည်ဟု သင်တို့ ထင်ကြသလော။ ယခင်က သင်တို့ ဘောင်ခတ်ခံရမည်ကို ငါ စိုးရိမ်ခဲ့သဖြင့် သင်တို့ကို လွတ်လပ်ခွင့် မပြတ်ပေးခဲ့သော်လည်း လူသားမျိုးနွယ်သည် ၎င်းတို့အား ထားခဲ့သည့် ကျေးဇူးကို တန်ဖိုးမထားခဲ့ဘဲ အခွင့်အရေးပေးလျှင် ပေးသလောက် အမြတ်ထုတ်ခဲ့ကြသည်။ သင်တို့အချင်းချင်းကြားတွင် စုံစမ်းမေးမြန်းကြည့်ကြလော့၊ ငါသည် မည်သူ့ကိုမျှ ပြုပြင်ခြင်း မရှိသလောက်ပင် ဖြစ်ပြီး မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် ပြစ်တင်မောင်းမဲခြင်း မရှိသလောက်ပင် ဖြစ်သည့်တိုင် လူ၏ စေ့ဆော်ချက်များနှင့် အယူအဆများနှင့်ပတ်သက်၍ ငါ အလွန် ရှင်းလင်းစွာ သိသည်။ ဘုရားသခင် သက်သေခံတော်မူသော ဘုရားသခင် ကိုယ်တော်တိုင်သည် စဉ်းစားဉာဏ်မဲ့သူတစ်ဦး ဖြစ်သည်ဟု သင် ထင်သလော။ ထိုသို့ဆိုလျှင် သင်သည် အလွန် မျက်ကန်းဖြစ်သည်ဟု ငါ ပြောမည်။ ငါသည် သင့်ကို ဖော်ထုတ်မည် မဟုတ်သော်လည်း သင် မည်မျှအထိ ဖောက်ပြန်ပျက်စီးလာနိုင်သည်ကို ငါတို့ ကြည့်ကြစို့။ သင်၏ လိမ္မာပါးနပ်သော လှည့်ကွက်ငယ်များက သင့်ကို ကယ်တင်နိုင်ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ၊ ဘုရားသခင်ကို ချစ်ရန် သင်၏ အကောင်းဆုံး ကြိုးစားခြင်းက သင့်ကို ကယ်တင်နိုင်ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ ငါတို့ ကြည့်ကြစို့။ ယနေ့တွင် ငါသည် သင့်ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ၊ ကိုယ်တော်သည် သင့်အပေါ် မည်သို့ အပြစ်ပေးမည်ကို ကြည့်ရန် ဘုရားသခင်၏ အချိန်ရောက်သည်အထိ ငါတို့ စောင့်ကြစို့။ ယခုအချိန်တွင် သင်နှင့် အရည်မရ အဖတ်မရ စကားစမြည်ပြောဆိုရန် ငါ့တွင် အချိန်မရှိသကဲ့သို့ သင်၏ အကြောင်းကြောင့်သာ ငါ၏ ပို၍ ကြီးမားသော အလုပ်ကို နှောင့်နှေးစေရန် ငါ မလိုလားပေ။ သင်ကဲ့သို့သော လောက်ကောင်တစ်ကောင်ကို ပြုပြင်ရန် ဘုရားသခင် အချိန်ယူရလောက်အောင် မတန်ပေ၊ သို့ဖြစ်၍ သင် မည်မျှအထိ အကျင့်ပျက်လာနိုင်သည်ကို ငါတို့ ကြည့်ကြစို့။ ဤကဲ့သို့သော လူများသည် ဘုရားသခင်အပေါ် သိကျွမ်းမှုကို စိုးစဉ်းမျှ လိုက်စားခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး စိုးစဉ်းမျှလည်း မရှိကြဘဲလျက် ၎င်းတို့ကို ဖြောင့်မတ်သော လူများဟု ဘုရားသခင် ခေါ်ဆိုရန် ၎င်းတို့ ဆန္ဒရှိနေကြသေးသည်။ ဤသည်မှာ ရယ်စရာတစ်ခု မဟုတ်လော။ လူအနည်းငယ်သည် အမှန်တကယ် ရိုးသားကြသောကြောင့် လူတို့ကို အသက် အဆက်မပြတ် ထောက်ပံ့ပေးခြင်းအပေါ်တွင်သာ ငါ အာရုံစိုက်မည်။ ယနေ့ ငါ လုပ်ဆောင်သင့်သည့်အရာကိုသာ ငါ ပြီးမြောက်အောင် လုပ်ဆောင်မည်ဖြစ်သော်လည်း အနာဂတ်တွင် လူတစ်ဦးစီ လုပ်ဆောင်ခဲ့သည့်အရာနှင့်အညီ ၎င်းတို့အပေါ် ငါ အပြစ်ပေးမည်။ ပြောစရာရှိသမျှ အားလုံးကို ငါ ပြောပြီးပြီ၊ အကြောင်းမှာ ဤသည်မှာ ငါ လုပ်ဆောင်သည့် အလုပ် အတိအကျဖြစ်သောကြောင့် ဖြစ်သည်။ ငါသည် ငါ လုပ်ဆောင်သင့်သည့်အရာကိုသာ လုပ်ဆောင်ပြီး ငါ မလုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ။ သို့သော်ငြားလည်း သင်တို့ကိုယ်သင်တို့ ပို၍ ဆန်းစစ်ကြရန် ငါ မျှော်လင့်သည်။ ဘုရားသခင်အပေါ် သင်၏ သိကျွမ်းမှု မည်မျှက အမှန်တကယ် စစ်မှန်သနည်း။ သင်သည် ဘုရားသခင်ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန် ရိုက်နှက်ပြီးဖြစ်သူ တစ်ဦးလော။ ငါ၏ နောက်ဆုံးစကားများမှာ ဘုရားသခင်ကို ကားစင်တင်သောသူတို့သည် အမင်္ဂလာရှိကြ၏ ဟူ၍ ဖြစ်ပေတော့သည်။

အရှေ့သို့- စုံလင်အောင်ပြုခြင်း ခံရပြီးသောသူတို့အဖို့ ကတိတော်များ

နောက်တစ်ခုသို့- ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။