သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ)

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည်နှင့်အမျှ၊ တစ်ဖက်၌ အခက်အခဲနှင့် စစ်ဆေးမှုများကို ကြံ့ကြံ့ခံရမည်ဖြစ်ပြီး နောက်တစ်ဖက်၌ အဖိုးအခတစ်ခု ပေးရမည်ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် သာ၍နက်နဲသည့် သင်ခန်းစာ မရှိသည့်အပြင်၊ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်သာဖြစ်သည်ဟု ပြောနိုင်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်ရုံသာ ယုံကြည်ပြီး မချစ်ဘူး၊ ဘုရားသခင်နှင့်ဆိုင်သော အသိအညာ မရရှိသည့်အပြင် သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ဖူးပါက၊ ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုသည် အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို မချစ်ပါက၊ သင်သည် အချည်းနှီး အသက်ရှင်နေခြင်းဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် အသက်အားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝတစ်လျှောက်လုံး၌ သင်သည် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဖူးပါက၊ သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ယင်းမှာ အချည်းနှီး အားထုတ်ခြင်း မဟုတ်လော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးဖို့ဆိုပါက၊ အဖိုးအခတစ်ခုကို သူတို့ ပေးရမည်။ အပြင်ပန်းအားဖြင့် အချို့သော ပုံစံဖြင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် ၎င်းတို့သည် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်သည် သီချင်းဆိုခြင်းနှင့် ကုခုန်ခြင်းတို့ကို စိတ်အားထက်သန်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သင် ဘုရားသခင်ကို ချစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံး၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်စုံတစ်ခုဖြစ်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားရင်းနှင့် ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်၊ သင့်ကို မည်သည့်အရာ ရရှိဖို့ သူတောင်းဆိုကြောင်းနှင့် သူ၏ အလိုတော်ကို သင် မည်သို့ အရေးထားသင့်သည် ဆိုသည်ကို သိဖို့ကြိုးစားရင်း နက်နက်နဲနဲ စူးစမ်းရန် လိုအပ်ပေသည်။ ဥပမာ သင့်အနေဖြင့် အခက်အခဲကြံ့ကြံ့ခံရန် လိုအပ်သည့် အရာတစ်ခု ဖြစ်ပေါ်၏၊ ထိုအချိန်တွင် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာဖြစ်သည်နှင့် သူ၏ အလိုတော်ကို သင် မည်သို့ အရေးထားသင့်သည်ကို သင်နားလည်သင့်သည်။ သင်သည် မိမိကိုယ်ကိုယ် ကျေနပ်စေရမည်မဟုတ်- ပထမဦးစွာ သင့်ကိုယ်သင် ဘေးဖယ်လိုက်လော့။ ဇာတိပကတိထက် သာ၍ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်ဆည်းရမည်။ ထိုသို့သော အတွေးများဖြင့်၊ ဘုရားသခင်သည် ဤကိစ္စတွင် အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည် ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ သင်၌ တစ်စုံတစ်ခုဖြစ်သည့်အခါ ဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံး အရာအနေဖြင့် သတ်မှတ်ရမည် ဖြစ်သည်။ ဇာတိပကတိကို သင် ဖြည့်ဆည်းလေ၊ ၎င်းက သင်၏ခွင့်ပြုချက် မပါဘဲ သာ၍ လုပ်ချင်ရာ လုပ်မည် ဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ဖြည့်ဆည်းပါက၊ နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်ဖြစ်ကာ ဤသို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ သင်က ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် လွန်ကဲသော အလိုရမ္မက်များရှိသည်။ သင်စားသည့်အရာ၌ဖြစ်စေ၊ ဝတ်သည့်အရာ၌ဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးရာတွင်ဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့ရာတွင်ဖြစ်စေ...၎င်းကို ကျေနပ်စေရန်၊ အတွင်း၌ အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်...။ ဇာတိပကတိကို သင်က ဖြည့်ဆည်းလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသကဲ့သို့၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ဇာတိပကတိ၏ဆန္ဒက ကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် အကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ဖြည့်ဆည်းပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ကြီးလာလေလေ ဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို မလိုက်လျောသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အလွန်အမင်း ဖြည့်ဆည်းပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ မိမိတို့ကိုယ်ကိုယ် ဖျက်ဆီးမိကြလေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မဖြည့်ဆည်းပါက၊ ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်လိမ့်မည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုနှင့်ဆိုင်သော ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုနှင့်ဆိုင်သော တရားစီရင်ခြင်းတို့သည် တရားမျှတသည်ကို သင်မြင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမကာ ပဲ့ပြင်သည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို ဖိအားပေးလျက် သင့်ကို ဖေးမဖို့ရန် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့် အချိန်များ ရှိမည်ဖြစ်သည်- ပြီးလျှင်ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသကဲ့သို့ သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သည်ဟုပြောပါက သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်ဖြစ်ကာ အမြဲတမ်း စိတ်မချမ်းသာဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်၍ မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ပြီးလျှင်ဘုရားသခင်က လူသား၏ အားနည်းချက်ကို လုံးဝ မစာနာသကဲ့သို့ လူသား၏ အခက်အခဲများကို သတိမပြုမိသည့်အလား ထင်ရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား အမြဲစိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ ဤအချိန်၌ သင်သည် စတင်မကျေမနပ် ပြောဆိုလာလိမ့်မည်။ သင်သည် ဤနည်းလမ်းဖြင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းပယ်လာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာကာ လုံးဝ နာခံမှုမရှိလာတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေးများ၊ အိမ်ထောင်၊ မိသားစု- ၎င်းတို့ထဲမှ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိပြီး၊ ဇာတိပကတိကို မဖြည့်ဆည်းဘဲ၊ ဘုရားသခင်ကို ကျေနပ်စေဖို့၊ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိရမည်။ ထိုသို့သော ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ တစ်ခါက လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏ဟု ဆိုကြ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်တွင် ထွေးပွေ့ထားလိုက်သည်။ မြွေသည် ပြန်လည်သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်ဟု ဆိုထား၏။ လူသား၏ ဇာတိပကတိသည် မြွေကဲ့သို့ပင်ဖြစ်သည်။ သူ၏ အနှစ်သာရက ၎င်းတို့၏အသက်ကို အန္တရာယ်ပြုဖို့ဖြစ်ကာ ၎င်းလုပ်လိုတိုင်း လုပ်နိုင်သည့်အခါ သင်၏ဘဝကို လက်လွှတ်ဆုံးရှုံးရသည်။ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်သည်။ ၎င်းအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒများရှိသည်။ သူ့အတွက်ပဲ သူတွေးသည်။ သက်သက်သာသာ နေချင်ပြီး ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့တွင် နစ်မြုပ်လျက် အလဟဿနေခြင်းကို အကြိုက်တွေ့သည်၊ ပြီးလျှင်အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ဖြည့်ဆည်းပြီးသည့်အခါ၊ အဆုံးတွင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ထိုအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ၎င်းသည် ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်များ အမြဲတမ်းရှိပြီး သင့်အား သူ၏ သာယာမှုများထဲ၌ နေစေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူသည်။ သင်သည် ထိုအရာကို မကျော်လွှားနိုင်ပါက နောက်ဆုံးတွင် သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင် မရနိုင်ဆိုသည်နှင့် သင်၏နောက်ဆုံး နိဂုံးက အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိကို သင်၏တွန်းလှန်မှုအား သင်မည်ကဲ့သို့ ဆောင်ရွက်သည်ဆိုသည့်အပေါ် မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ကာ ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်သည်၊ သို့တိုင် အကယ်၍ ယနေ့ သင်သည် သူ့ကို စိတ်ကျေနပ်စေဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားခြင်းမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်ကိုယ်တိုင်၏ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင် လိုလားခြင်းမရှိပါက၊ သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင် ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ကြံ့ကြံ့ခံရလိမ့်မည်။ သင်သည် ဇာတိပကတိကို အမြဲဖြည့်ဆည်းပေးပါက၊ စာတန်သည် သင့်ကို အတွင်းသို့ တဖြည်းဖြည်း ဝါးမျိုလိုက်လိမ့်မည် ဖြစ်ကာ အတွင်း၌ သင် လုံးဝအမှောင်ကျသွားသည့် နေ့ရက်အချိန် ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ ကျန်ရစ်စေလိမ့်မည် ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်သောအခါ စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးဖြစ်လိမ့်မည်၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိမည်မဟုတ်တော့သကဲ့သို့ ထိုအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိပါက၊ နာကျင်မှု အဖိုးအခကို ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား သင့်အနေဖြင့် သင့်အထဲ၌ရှိသည့်အရာများ- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ သင်၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များကို ဘေးဖယ်ထားသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

လူတို့၏ အပြင်ပန်း စိတ်သဘောထားကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းခြင်းကလည်း သူ့အလုပ်၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။ ဥပမာ လူတို့၏ ပုံမှန်မဟုတ်သည့် ပြင်ပလူ့သဘာဝ၊ သို့မဟုတ် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံနှင့် အမူအကျင့်များ၊ သူတို့၏ နည်းလမ်းများနှင့်

ဓလေ့များအပြင် ၎င်းတို့၏ အပေါ်ယံ အလေ့အထများနှင့် သူတို့၏ စိတ်အားထက်သန်မှုတို့ ဖြစ်သည်။ သို့သော်လည်း လူတို့ကို သမ္မာတရားကို လက်တွေ့ကျင့်လုပ်ဆောင်ပြီး မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲဖို့ သူတောင်းဆိုသည့်အခါ အဓိက ကိုင်တွယ်ဖြေရှင်းသည့်အရာမှာ သူတို့အတွင်း၌ရှိသည့် ရည်ရွယ်ချက်များနှင့် အယူအဆများ ဖြစ်သည်။ သင်၏ အပြင်ပန်း စိတ်သဘောထားကိုသာ ကိုင်တွယ်ဖြေရှင်းခြင်းသည် မခက်ပေ။ ယင်းမှာ သင်ကြိုက်သည့်အရာကို မစားဖို့ တောင်းဆိုသကဲ့သို့ပင် ဖြစ်သည်။ ဤသည်ကား လွယ်ပေသည်။ သို့သော် သင့်အထဲ၌ရှိသည့် အယူအဆများအပေါ် သက်ရောက်သည့်အရာကို လက် လွှတ်ဖို့ကား မလွယ်ပေ။ ယင်းသည်သင့်ကို ဇာတိပကတိအား တွန်းလှန်ဖို့၊ အဖိုးအခပေးဖို့နှင့် ဘုရားသခင်ရှေ့တွင် ဒုက္ခခံဖို့တို့ လိုအပ်သည်။ ဤသည်မှာ လူများ၏ ရည်ရွယ်ချက်များနှင့် အထူးသဖြင့် ထိုသို့ဖြစ်လေသည်။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်ကတည်းက၊ မမှန်ကန်သော ရည်ရွယ်ချက်များစွာ သိုထားကြပြီးဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိသည့်အခါ၊ သင်၏ ရည်ရွယ်ချက်များအားလုံး မှန်ကန်သည်ဟု သင်ခံစားရသော်လည်း သင့်အား တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူတို့ကို စုံလင်စေသည့်အခါ၊ ဘုရားသခင်နှင့်ဆိုင်သော ၎င်းတို့၏ အသိပညာကို တားဆီးနေသည့် အယူအဆများစွာ ၎င်းတို့အတွင်း၌ ရှိသည်ကို နားလည်စေသည်။ သင်၏ ရည်ရွယ်ချက်များ မှားနေသည်ကို သင်သတိပြုမိသည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်များအတိုင်း လက်တွေ့ လုပ်ဆောင်နေခြင်းကို သင်ရပ်တန့်နိုင်ပြီး ဘုရားသခင်ကို သက်သေခံနိုင်ကာ သင့်ထံ ဖြစ်ပျက်နေသည့် အရာအားလုံး၌ သင်၏ရပ်တည်ချက်၌ ခိုင်မြဲစွာနေနိုင်ပါက၊ သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု ဤအရာက သက်သေပြပေသည်။ ဇာတိပကတိကို သင်တွန်းလှန်သည့်အခါ၊ သင့်အတွင်း၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ရှိလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားလိမ့်မည်၊ ဇာတိပကတိ၏ အယူအဆများနောက် လိုက်စေဖို့နှင့် ဇာတိပကတိအပေါ် စိတ်ဝင်စားမှုများကို ထိန်းသိမ်းစေဖို့ ကြိုးစားလုပ်ဆောင်လိမ့်မည်- သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အတွင်း၌ ဉာဏ်အလင်းပေးကာ အလင်းပြလိမ့်မည်ဖြစ်ပြီး ဤအချိန်၌ သင် ဘုရားနောက်လိုက်မည် သို့မဟုတ် စာတန်နောက် လိုက်မည် ဆိုသည်မှာ သင့်အပေါ်မှာ မူတည်ပေသည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်သည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ စေခိုင်းလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တို့ထိပြီး သူတို့ကို အသိဉာဏ် ပွင့်လင်းစေကာ အလင်းပေးသည်။ ထို့ကြောင့် ဖြစ်ပျက်သည့် အရာအားလုံး၏ နောက်ကွယ်တွင် တိုက်ပွဲတစ်ခုရှိ၏။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့လုပ်ဆောင်သည့် အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိပြီး၊ သူတို့၏ဇာတိပကတိနှင့်ပတ်သက်၍ အားလုံးက အဆင်ပြေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏ နှလုံးသား၏ နက်ရှိုင်းသောနေရာများ၌မူ သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဆက်ဖြစ်ပေါ်နေလိမ့်မည် ဖြစ်ကာ ဤပြင်းထန်သောတိုက်ပွဲ နောက်တွင်သာ ကြီးမားစွာ ဆင်ခြင်သုံးသပ်ခြင်း ပမာဏတစ်ခုနောက်တွင်၊ အနိုင် အရှုံးကို ဆုံးဖြတ်နိုင်ပေသည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ အဘယ့်ကြောင့်ဆိုသော် လူတို့၏အတွင်း၌ရှိသော ရည်ရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုများစွာတို့သည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေပေသည်။ ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင် ပြီးသည့်နောက်၊ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်း ဖြစ်သည်။ သင့်အပေါ်ကို တိုက်ပွဲ ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်၌ အမှန်တကယ် ရပ်တည်နိုင်ပါက၊ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်စဉ်၌ ဒုက္ခခံစားရခြင်းသည် ရှောင်လွှဲ၍မရနိုင်ချေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သူတို့အတွင်းထဲက အရာအားလုံးမှန်ကန်နေပါက၊ သူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို လိုအပ်လိမ့်မည် မဟုတ်သကဲ့သို့ တိုက်ပွဲ ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေပြီး ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့်၊ လူတို့အနေဖြင့် ဇာတိပကတိကို တွန်းလှန်ခြင်း သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်သည် အခက်အခဲများကို ကြုံရသည့်အခါ အလျင်အမြန်၊ ဘုရားသခင်ကို ဆုတောင်းလော့- “အိုး ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါ၏။ ကိုယ်တော်၏ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါ၏။ ကျွန်တော် တွေ့ကြုံရသည့် ဆုတ်ဆိုင်းမှုများ မည်မျှကြီးမားပါစေ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေရပါမည်။ ကျွန်ုပ်၏ဘဝတစ်ခုလုံးကို စွန့်လွှတ်ရမည်ဆိုလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေပါဦးမည်။” ဤစိတ်ဆုံးဖြတ်ချက်နှင့်အတူ၊ ထိုသို့ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်သည့် အချိန်တိုင်း၊ စစ်ဆေးခြင်းကို သူတို့ ကြုံရသည့်အခါတိုင်း၊ စမ်းသပ်ခြင်း ခံရသည့်အခါတိုင်း၊ သူတို့အပေါ် ဘုရားသခင်၏ အမှုကျရောက်လာသည့်အချိန်တိုင်းတွင် လူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံကြရမည်ဖြစ်သည်။ ဤအရာအားလုံးသည် လူတို့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအထဲ၌ တိုက်ပွဲတစ်ခု ရှိသည်။ ဤသည်မှာ ၎င်းတို့ ပေးရသည့် တကယ့် အဖိုးအခ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ပိုမို အလုပ်ရှုပ်နေခြင်းက ထိုအဖိုးအခ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတို့ လုပ်သင့်သည့်အရာ ဖြစ်သည်၊ သူတို့ ဖြည့်ဆည်းသင့်သည့် သူတို့၏ တာဝန်နှင့် ဝတ္တရားပင်ဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူတို့ အတွင်းထဲက ဘေးဖယ်ထားဖို့ လိုအပ်သည့် အရာကို ဘေးဖယ်ထားရမည်။ သင် ဘေးဖယ်မထားပါက၊ သင်၏ ပြင်ပဒုက္ခခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ မည်မျှပင် ဟိုဟိုသည်သည် သင် ပြေးလွှားနေရပါစေ၊ အားလုံးသည် အလဟဿ ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ သင့်အတွင်းက ပြောင်းလဲမှုများကသာ သင်၏ ပြင်ပအခက်အခဲများက တန်ဖိုးရှိ မရှိဆိုသည်ကို ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။ သင်၏ အတွင်းစိတ်သဘောထားက ပြောင်းလဲသွားပြီး၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ၊ သင်၏ ပြင်ပ ဒုက္ခခံစားရခြင်း အားလုံးသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိပေလိမ့်မည်။ သင်၏ အတွင်း စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပါက၊ ဒုက္ခဆင်းရဲကိုသင်မည်မျှပင် ခံရပါစေ သို့မဟုတ် အပြင်တွင် သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ ဘုရားသခင်ထံမှ ထောက်ခံမှုရှိလိမ့်မည် မဟုတ်ပေ- ဘုရားသခင် အတည်မပြုသည့် အခက်အခဲသည် အချည်းနှီးဖြစ်၏။ ထို့ကြောင့် သင်ပေးပြီးသည့် အဖိုးအခကို ဘုရားသခင် ထောက်ခံခြင်း ရှိမရှိဆိုသည်မှာ သင့်စိတ်တွင်း၌ ပြောင်းလဲမှု ရှိမရှိဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ခံရပြီး သင်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းမှု၊ ဘုရားသခင်နှင့် ဆိုင်သော အသိပညာနှင့် ဘုရားသခင်ကို သစ္စာရှိမှုတို့ကို ရရှိဖို့ရန် သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အယူအဆများကို တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိ၊ မရှိဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ သင်သည် မည်မျှပင် အလုပ်ရှုပ်ပါစေ သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို တွန်းလှန်ရန် ဘယ်သောအခါမျှ မသိဘဲ၊ ပြင်ပ လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုတို့ကိုသာ ရှာဖွေပြီး သင့်အသက်ကို လုံးဝအာရုံမစိုက်ပါက၊ သင်၏ ဆင်းရဲဒုက္ခသည် အချည်းနှီး ဖြစ်ခဲ့ပေလိမ့်မည်။ အခြေအနေတစ်ခုတွင် သင့်မှာ သင်ပြောချင်သည့် အရာတစ်ခု ရှိသော်လည်း အတွင်းထဲ၌ကား ထိုအရာကို ပြောသည်မှာ မသင့်တော်၊ ထိုအရာကို ပြောခြင်းက သင့်ညီအစ်ကို မောင်နှမများကို အကျိုးမပြုသကဲ့သို့ သူတို့ကို ထိခိုက်နာကျင် စေမည်ဟု သင်ခံစားရပါက၊ ဤစကားလုံးတွေသည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းနိုင်စွမ်း မရှိသည့်အတွက် စိတ်ထဲ၌သာ နာကျင်ခံစားဖို့ ပိုနှစ်သက်ကာ ထိုအရာကို သင်ပြောလိမ့်မည် မဟုတ်။ ဤအချိန်တွင် သင့်အတွင်း၌ တိုက်ပွဲတစ်ခု ရှိနေလိမ့်မည်၊ သို့သော်လည်း သင်သည် နာကျင်မှုကို ခံပြီး သင်ချစ်သည့်အရာကို စွန့်လွှတ်ဖို့ လိုလားနေလိမ့်မည်။ ဘုရားသခင်ကို ကျေနပ်စေဖို့ ဤဒုက္ခကို ခံစားဖို့ သင် လိုလားလိမ့်မည်ဖြစ်ပြီး၊ သင်သည် အတွင်းတွင် နာကျင်မှုကို ခံရသော်လည်း ဇာတိပကတိကို အလိုဖြည့်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်စေခခဲ့မည် ဖြစ်ပြီး၊ ထို့ကြောင့် သင်သည်လည်း အတွင်း၌ စိတ်သက်သာခြင်းကို ရရှိလိမ့်မည်။ ဤသည်မှာ အဖိုးအခတစ်ခုကို အမှန်တကယ် ပေးဆပ်ခြင်းဖြစ်ပြီး၊ ဘုရားသခင် နှစ်သက်သည့် အဖိုးအခ ဖြစ်သည်။ ဤနည်းဖြင့် သင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချကောင်းချီးပေးလိမ့်မည်။ သင်သည် ဤအရာကို မရရှိနိုင်ပါက၊ သင်မည်မျှပင် နားလည်ပါစေ သို့မဟုတ် သင်မည်မျှပင် ကောင်းကောင်း ပြောဆိုနိုင်ပါစေ၊ အားလုံး ချည်းနှီးအတွက်သာ ဖြစ်လိမ့်မည်။ ဘုရားသခင်ကို ချစ်ခြင်း လမ်းပေါ်တွင် ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့် အချိန်တွင်သင်သည် ဘုရားသခင်၏ဘက်၌ ရပ်တည်နေနိုင်ပြီး စာတန်ဘက်သို့ ပြန်မလှည့်ပါက၊ သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

လူတို့အတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအဆင့်တိုင်းတွင် လူများ၏ စီစဉ်မှုမှ သို့မဟုတ် လူသား၏ ဝင်ရောက်စွက်ဖက်ခြင်းမှ ပေါက်ဖွားသည့်အလား အပြင်ပန်းအားဖြင့် လူတို့ကြားက အပြန်အလှန် အကျိုးပြုမှုဟု ထင်ရသည်။ သို့သော်လည်း ဖြစ်ရပ်များ နောက်ကွယ်တွင်၊ အမှု၏အဆင့်တိုင်း၊ ဖြစ်ပျက်သည့်အရာတိုင်းသည် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး လူတို့အနေဖြင့်ဘုရားသခင် အတွက် မိမိတို့၏သက်သေခံချက်တွင် ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်လော့။ ဥပမာ- ဖြစ်ရပ်များ နောက်ကွယ်တွင် စာတန်သည် ဘုရားသခင်နှင့် အလောင်းအစား လုပ်နေပြီး ယောဘအပေါ် ဖြစ်ပျက်ခဲ့သည့်အရာသည် လူသားတို့၏ လုပ်ဆောင်မှုများနှင့် ဝင်ရောက်စွက်ဖက်မှုများ ဖြစ်သည်။ သင်တို့အတွင်း၌ ဘုရားသခင် ပြုသည့် အမှုအဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ထိုအရာအားလုံး၏နောက်ကွယ်တွင် တိုက်ပွဲရှိလေသည်။ ဥပမာ- သင်သည် သင့်ညီအစ်ကို မောင်နှမများအပေါ် မလိုမုန်းထားစိတ်ရှိပါက၊ သင်ပြောချင်နေသည့် စကားများ၊ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရသည့် စကားများ ရှိလိမ့်မည်ဖြစ်သော်လည်း ၎င်းတို့ကို သင်မပြောပါက အတွင်းပိုင်း စိတ်မသက်မသာဖြစ်ခြင်းကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး ဤအခိုက်တွင် သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်- “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှတိုင်းတွင် တိုက်ပွဲတစ်ခုရှိပြီး သင့်အတွင်း၌ တိုက်ပွဲတစ်ခုရှိသည့်အချိန်တွင် သင်၏ တကယ့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် တကယ့်ကို ဆင်းရဲဒုက္ခခံစားခြင်းတို့ကြောင့် ဘုရားသခင်သည် သင့်အတွင်း၌ အမှုပြုလေသည်။ အဆုံး၌၊ သင့်အတွင်းက ပြဿနာကို သင်ဘေးဖယ်ထားနိုင်လိုက်ပြီး ဒေါသသည် အလိုအလျောက် ပျက်ပြယ်သွားသည်။ ယင်းသည် ဘုရားသခင်နှင့်အတူ သင်၏ ပူးပေါင်းလုပ်ဆောင်ခြင်း အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှတိုင်းသည် ၎င်းတို့၏အားထုတ်မှုများဖြင့် အဖိုးအခတစ်ခုခု ပေးဖို့ လိုအပ်လေသည်။ တကယ် ဆင်းရဲဒုက္ခမရှိဘဲနှင့်၊ ဘုရားသခင်ကို ၎င်းတို့ စိတ်မကျေနပ်စေနိုင်ပေ။ ဘုရားသခင်ကို ၎င်းတို့ စိတ်ကျေနပ်စေရန်မှာ နီးပင် မနီးစပ်သကဲ့သို့ ၎င်းတို့သည် အနှစ်မဲ့သော ဆောင်ပုဒ်များကို လေရှည်နေခြင်းသာ ဖြစ်သည်။ ဤအနှစ်မဲ့သည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလော။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲတွင် တိုက်ပွဲ ဆင်နွှဲနေချိန်တွင် သင်သည် ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း၊ ပြီးလျှင် သူ့အဖို့ သင်၏ သက်သေခံချက်တွင် မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်အား ဖြစ်ပျက်သည့် အရာတိုင်းသည် ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းအားဖြင့် အရေးမကြီးဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သည် မချစ်သည်ကို ဤအရာများက ပြပေသည်။ သင် ချစ်ပါက၊ သူ့အဖို့ သင်၏သက်သေခံချက်တွင် ခိုင်မြဲစွာ သင် ရပ်တည်နိုင်လိမ့်မည်ဖြစ်ပြီး၊ သင်သည် သူ့အပေါ်ချစ်ခြင်းကို လက်တွေ့မလုပ်ဆောင်ရသေးပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်ကြောင်း၊ သမ္မာတရားမရှိကြောင်းနှင့် အသက် မရှိကြောင်း၊ တန်ဖိုးမရှိသူ တစ်ယောက်ဖြစ်ကြောင်းကို ပြပေသည်။ လူတို့အပေါ် ဖြစ်ပျက်သည့် အရာတိုင်းသည် သူတို့၏ သက်သေခံချက်တွင် ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင်က ၎င်းတို့ကို အလိုရှိသည့်အချိန်တွင် ဖြစ်ပျက်ပေသည်။ အခိုက်အတန့်တွင် သင့်အပေါ် ကြီးမားသည့် မည်သည့်အရာမျှ ဖြစ်မနေသကဲ့သို့ ကြီးမားသည့် သက်သေကို သင်မခံသော်လည်း၊ သင်၏ နေ့စဉ်အသက်တာ အသေးစိတ်တိုင်းသည် ဘုရားသခင်အဖို့ သက်သေခံချက် ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုဝင်များနှင့် သင့်အနီးဝန်းကျင်ရှိ လူတိုင်း၏ လေးစားမှုကို ရယူနိုင်ပါက၊ တစ်နေ့တွင် မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ်ဖြစ်သည်ကို မြင်ပါက၊ သင်သည် သက်သေခံပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုးထွင်းဉာဏ်မရှိသကဲ့သို့ အရည်အချင်းက ညံ့ဖျင်းသော်လည်း၊ ဘုရားသခင်၏ သင့်ကို စုံလင်စေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ၏အလိုကို သတိပြုမိမည် ဖြစ်ကာ အညံ့ဖျင်းဆုံး အရည်အချင်းရှိသူတို့၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည်ကို သင်တွေ့မြင်လာပေသည်။ သူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်ရှေ့တွင် အောင်နိုင်သူများဖြစ်လာကာ၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာ တစ်ခုအထိ သစ္စာရှိလာကြသည်။ ဤလူအုပ်စုထက် မည်သူမျှ သာ၍ အားမာန်မရှိပေ။ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်လိမ့်မည်။ သင်သည် ကြီးမားသည့် အလုပ်များကို လုပ်နိုင်စွမ်း မရှိသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ အခြားသူတို့သည် မိမိတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်ဘေးဖယ်ထားနိုင်သည်။ အခြားသူတို့သည် မိမိတို့၏တကယ့် အတွေ့အကြုံများတွင် ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ် ထူးကဲသည့်သက်သေခံချက်ကို သက်သေခံဖို့ရန် သင်၏ တကယ့် ဝိညာဉ်အသက်တာနှင့် လုပ်ဆောင်ချက်များကို အသုံးပြုနိုင်သည်။ ဤအရာကိုသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအဖြစ် မှတ်ယူနိုင်ပေသည်။ သင်သည် ဤအရာကို လုပ်နိုင်စွမ်းမရှိပါက၊ သင်၏မိသားစုဝင်များ၊ သင်၏ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက လူတို့ရှေ့တွင် သက်သေခံခြင်း မရှိပေ။ စာတန်ရှေ့တွင် သင် သက်သေမခံနိုင်ပါက၊ စာတန်သည် သင့်ကို ရယ်လိမ့်မည်၊ သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံလိမ့်မည်၊ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်လိမ့်မည်။ အနာဂတ်တွင် သင့်ထံ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာလိမ့်မည်- သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်ပါက၊ ရှေ့တွင် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်အား မည်သည့်အရာ ဖြစ်ပျက်သည်မဆို၊ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်ပါက၊ သင့်နှလုံးသားသည် စိတ်သက်သာရာ ရလိမ့်မည်ဖြစ်ပြီး အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်တွင် အဘယ်အရာဖြစ်မည် ဆိုသည်ကို သင်တို့ မမြင်နိုင်။ ယနေ့ အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ သင်တို့သည့် ကြီးမားသည့် လုပ်ဆောင်မှု တစ်ခုတစ်လေကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့ တကယ့်ဘဝတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအပေါ် အာရုံစိုက်သင့်ပြီး စာတန်အပေါ် အရှက်ရစေသည့် အားကောင်းပြီး ထူးကဲသော သက်သေခံချက်ကို သက်သေခံသင့်ပေသည်။ သင်၏ ဇာတိပကတိသည် မကျေမနပ်ဖြစ်နေပြီး ဒုက္ခခံစားခဲ့ရမည် ဖြစ်သော်လည်း သင်သည် ဘုရားသခင်ကို ကျေနပ်စေခဲ့မည်ဖြစ်ပြီး စာတန်အပေါ် အရှက်ရစေခဲ့လိမ့်မည်။ သင်သည် ဤနည်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်သည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါတွင် အခြားသူများ လဲကျသော်လည်း သင်သည် ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင် ပေးပြီးသည့် အဖိုးအခကြောင့်၊ သင် ခိုင်မာစွာ ရပ်တည်ပြီး မလဲကျဖို့ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ကာကွယ်လိမ့်မည်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားနှင့် သူ့ကို ကျေနပ်စေနိုင်ပါက၊ ဘုရားသခင်သည် အနာဂတ်စမ်းသပ်မှုများ၌ သင့်ကို ဧကန်မုချကာကွယ်ပေးလိမ့်မည်ဖြစ်သည်။ သင်သည် မိုက်မဲကာ ဝိညာဉ်ရေး အသက်တာ နည်းပါးပြီး အရည်အချင်း ညံ့ဖျင်းသော်လည်း၊ ဘုရားသခင်သည် သင့်ကို ခွဲခြားဆက်ဆံမည် မဟုတ်။ ယင်းသည် သင်၏ ရည်ရွယ်ချက်များ မှန်ကန်ခြင်း ရှိမရှိဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့ သင်သည် အသေးဆုံး အချက်အလက်များကို အာရုံစိုက်လျက် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်၊ အရာခပ်သိမ်း၌ ဘုရားသခင်ကို သင် စိတ်ကျေနပ်စေသည်၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားတစ်ခု သင်၌ ရှိသည်၊ သင်၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား သင်ပေးပြီး သင်နားမလည်နိုင်သည့် အရာတစ်ချို့ ရှိသော်လည်း သင်၏ ရည်ရွယ်ချက်များကို ပြုပြင်ဖို့ ဘုရားသခင်ရှေ့သို့ သင်လာနိုင်ပြီး ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်သကဲ့သို့၊ ဘုရားသခင်ကို ကျေနပ်စေရန် လိုအပ်သည့် အရာအားလုံးကို သင်လုပ်ဆောင်သည်။ သင်၏ညီအစ်ကို မောင်နှမများက သင့်ကို စွန့်ပစ်ကောင်း စွန့်ပစ်လိမ့်မည်ဖြစ်သော်လည်း သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေနပ်နေစေလိမ့်မည်ဖြစ်ပြီး၊ ဇာတိပကတိ၏သာယာမှုကို သင်စွဲလမ်းတပ်မက်မည် မဟုတ်။ သင်သည် ဤနည်းလမ်းဖြင့့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်တွင် သင်သည် ကာကွယ်ပေးခြင်း ခံရလိမ့်မည်။

စမ်းသပ်မှုများသည် လူတို့ထဲက မည်သည့်အတွင်းပိုင်းအခြေအနေကို ရည်ရွယ်သနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မတတ်စွမ်းနိုင်သည့် လူတို့အထဲရှိ ပုန်ကန်တတ်သော စိတ်သဘောထားကို ရည်ရွယ်ပေသည်။ လူတို့၏အတွင်း၌ မစင်ကြယ်သည့်အရာ များစွာရှိသကဲ့သို့၊ သူတော်ကောင်း ယောင်ဆောင်သည့်အရာ များစွာရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို သန့်စင်ရန်အတွက် ၎င်းတို့အား စမ်းသပ်မှုများကို ခံစားစေသည်။ သို့သော်လည်း ယနေ့ သင်သည် သူ့ကို ကျေနပ်စေနိုင်ပါက၊ အနာဂတ်စမ်းသပ်မှုများသည် သင့်အတွက် စုံလင်ခြင်းတစ်ခု ဖြစ်လိမ့်မည်။ ယနေ့ သင်သည် သူ့ကို စိတ်မကျေနပ်စေနိုင်ပါက၊ အနာဂတ် စမ်းသပ်မှုများသည် သင့်ကို စုံစမ်းနှောင့်ယှက်လိမ့်မည်ဖြစ်ပြီး သင်သည် မသိလိုက်ဘဲ ကျရှုံးလိမ့်မည်ဖြစ်ကာ၊ ထိုအချိန်တွင် သင်သည် ဘုရားသခင်၏ အမှုကို အမီမလိုက်နိုင်သကဲ့သို့ စစ်မှန်သည့် ဝိညာဉ်အသက်တာကို မပိုင်ဆိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် အနာဂတ်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်ရန်၊ ဘုရားသခင်ကို သာ၍ကောင်းစွာ စိတ်ကျေနပ်စေရန်နှင့် အဆုံးအထိ သူ့နောက်လိုက်ရန် ဆန္ဒရှိပါက၊ ယနေ့ သင်သည် ခိုင်မာသည့် အုတ်မြစ်ကို တည်ဆောက်ရမည်။ အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို သတိပြုရမည်။ သင်သည် ဤနည်းဖြင့် အမြဲလက်တွေ့လုပ်ဆောင်ပါက၊ သင့်အတွင်းတွင် အခြခံအုတ်မြစ်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ သင့်အထဲ၌ သူ့ကိုချစ်သော နှလုံးသားတစ်ခုကို ဘုရားသခင်သည် လှုံ့ဆော်ကာ သင့်ကို ယုံကြည်ခြင်း ပေးလိမ့်မည်။ တစ်နေ့တွင်၊ စမ်းသပ်မှုတစ်ခု သင့်အပေါ် အမှန်တကယ် ကျရောက်သည့်အခါ သင်သည် နာကျင်မှုတစ်ချို့ကို ခံစားရနိုင်ပြီး၊ အတိုင်းအတာတစ်ခုအထိ စိတ်ထိခိုက်မှုကို ခံစားကောင်း ခံစားရနိုင်ကာ သင်သေသွားသကဲ့သို့ ပြင်းထန်သော ကြေကွဲဝမ်းနည်းမှုကို ခံစားရနိုင်သည်၊ သို့သော် ဘုရားသခင်ပေါ် သင်၏ချစ်ခြင်းမေတ္တာသည် ပြောင်းလဲမည် မဟုတ်သကဲ့သို့ သာ၍ပင် နက်ရှိုင်းလာလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ဖြစ်၏။ သင်သည် ယနေ့ နာခံခြင်း နှလုံးသားနှင့် ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သည့် အရာအားလုံးကို လက်ခံနိုင်ပါက၊ သင့်ကို ဘုရားသခင်က ဧကန်မုချ ကောင်းချီးပေးမည် ဖြစ်ပြီး၊ ထို့ကြောင့် သင်သည် ဘုရားသခင် ကောင်းချီးပေးခံရသည့် သူတစ်ယောက်ဖြစ်ကာသူ၏ကတိတော်ကို ရရှိမည် ဖြစ်သည်။ ယနေ့ သင်သည် လက်တွေ့မလုပ်ဆောင်ပါက၊ စမ်းသပ်မှုများသည် တစ်နေ့ သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ယုံကြည်ခြင်း သို့မဟုတ် ချစ်တတ်သော နှလုံးသား မရှိသည့် သူတစ်ယောက် ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် စမ်းသပ်မှုသည် စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သွားလိမ့်မည်။ သင်သည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း အလယ်သို့ ထိုးဆင်းသွားမည်ဖြစ်ပြီး လွတ်မြောက်ရာနည်းလမ်း ရှိမည်မဟုတ်ပေ။ ယနေ့ သင်သည် သေးငယ်သည့် စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မည်ဖြစ်သော်လည်း တစ်နေ့၌ ကြီးမားသော စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ သေချာပေါက် ခိုင်မြဲစွာ သင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ လူအချို့သည် စိတ်ကြီးဝင်ကြပြီး မိမိတို့ စုံလင်လုနီးပါးရှိပြီဟု ထင်တတ်ကြသည်။ ထိုသို့သော အချိန်များတွင်၊ သင်သည် ပိုမို နက်နက်ရှိုင်းရှိုင်း မလုပ်ဆောင်သကဲ့သို့ မိမိဘာသာ အားရကျေနပ်မြဲကျေနပ်နေပါက၊ သင်သည် အန္တရာယ်ရှိပေလိမ့်မည်။ ယနေ့ ဘုရားသခင်သည် သာ၍ကြီးမားသည့် စမ်းသပ်မှုများနှင့်ဆိုင်သည့် အမှုကို မပြုသကဲ့သို့ အရာရာတိုင်းသည် အဆင်ပြေပုံပေါ်သော်လည်း၊ သင့်ကို ဘုရားသခင် စမ်းသပ်သည့်အခါ သင်၏ဝိညာဉ်အသက်တာသည် အလွန်သေးငယ်ပြီး ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်စွမ်းမရှိသည့်အတွက် သင်သည် အလွန် ချို့တဲ့နေသည်ကို တွေ့ရှိရလိမ့်မည်။ ယနေ့ သင် ရှေ့ဆက်မတိုးပါက၊ တစ်နေရာတည်း၌သာ သင်နေပါက၊ လေပြင်းတိုက်လာသည့်အခါ သင် လဲကျလိမ့်မည်။ သင်တို့၏ ဝိညာဉ်အသက်တာ အဘယ်မျှ သေးငယ်သည်ကို သင်တို့ မကြာခဏ ကြည့်သင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် တိုးတက်နိုင်ပေသည်။ သင်၏ ဝိညာဉ်အသက်တာ အလွန်နုနယ်သည်၊ သင်၏ စိတ်ဓာတ်ခွန်အားက အလွန်အားနည်းသည်၊ သင့်အတွင်း၌ စစ်မှန်မှုက အလွန်နည်းပါးသည်ဆိုသည်နှင့် ဘုရားသခင်၏ အလိုအတွက် သင်သည် လုံလောက်မှုမရှိသည်ကို မြင်သည်မှာ စမ်းသပ်မှုများအတွင်းတွင်သာ ဖြစ်ပါက- ထိုအခါမှ သင်သည် ဤအရာများကို နားလည်ပါက၊ နောက်ကျလွန်းပေလိမ့်မည်။

အကယ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သင်မသိပါက၊ ဘုရားသခင်က လူတို့ကို စုံလင်စေသည်နှင့် ၎င်းတို့ကို မည်သည့်နည်းလမ်းဖြင့် စုံလင်စေသည်တို့ကို သင်မသိသည့်အတွက်ကြောင့် စမ်းသပ်မှုများ ကာလအတွင်း၌ မလွဲဧကန် သင် လဲကျလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ်ကို ကျရောက်ပြီး သင်၏အယူအဆများနှင့် ကိုက်ညီမှုမရှိသည့်အခါ သင်သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် သူ၏စိတ်သဘောထားတစ်ခုလုံး ဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်သဘောထားတစ်ခုလုံးကို သင့်အား ပြသသည့်အခါ၊ ဤအရာက သင်၏ဇာတိပကတိကို အဘယ်အရာ ယူဆောင်လာသနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သင့်အား ပြသသည့်အခါ သင်၏ဇာတိပကတိသည် နာကျင်မှုများစွာကို မလွဲဧကန် ခံစားရလိမ့်မည်။ သင်သည် ဤနာကျင်မှုကို မခံစားရပါက၊ ဘုရားသခင်၏ စုံလင်စေခြင်းကို သင် မခံရနိုင်သကဲ့သို့၊ စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ သင် ဆက်ကပ်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သင့်ကို စုံလင်စေပါက၊ သူ၏စိတ်သဘောထား တစ်ခုလုံးကို သင့်အား သေချာပေါက် သူပြသမည်ဖြစ်သည်။ ဖန်ဆင်းခြင်းကာလမှ ယနေ့အထိ ဘုရားသခင်သည် လူသားအား မိမိ၏စိတ်သဘောထား တစ်ခုလုံးကို တစ်ခါမျှ မပြဖူးပေ- သို့သော် နောက်ဆုံးသောကာလအတွင်းတွင် သူသည် ထိုအရာကို သူရှေးမဆွက ခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသည့် ဤလူအုပ်စုကို ဖွင့်ပြပြီး၊ လူတို့ကို စုံလင်စေခြင်းအားဖြင့် သူ၏စိတ်သဘောထားများကို ဖော်ထုတ်ပြသပြီး၊ ယင်းမှတစ်ဆင့် လူတစ်စုကို သူစုံလင်စေလေသည်။ ယင်းမှာ လူတို့အတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို ခံစားရခြင်းက လူတို့အနေဖြင့် ပြင်းထန်လှသည့် နာကျင်မှုကို ကြံ့ကြံ့ခံရန်နှင့် မြင့်မားသည့် အဖိုးအခတစ်ခုကို ပေးဆပ်ရန် လိုအပ်ပေသည်။ ဤအရာပြီးနောက်မှသာ ဘုရားသခင်၏ရယူခြင်းကို ၎င်းတို့ခံရမည်ဖြစ်ပြီး ၎င်းတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်အား ပြန်လည်ပေးအပ်နိုင်မည် ဖြစ်ကာ၊ ထိုအခါမှသာ ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်လိမ့်မည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရန်ဆန္ဒရှိပါက၊ ပြီးလျှင် သူ၏အလိုတော်ကို လုပ်ဆောင်ပြီး မိမိတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်အား အပြည့်အ၀ ပေးအပ်ရန်ဆန္ဒရှိပါက၊ သေခြင်းထက် ပိုဆိုးသည့် နာကျင်မှုကို ခံစားဖို့ရန်၊ ၎င်းတို့၏ အခြေအနေများမှလာသည့် များပြားလှသော ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းမှုများစွာတို့ကို ကြုံတွေ့ခံစားရမည် ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ဖို့ တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်က ဘုရားသခင်ကို အမှန်တကယ် ချစ်သည်၊ မချစ်သည်ကို အခက်အခဲနှင့် စစ်ဆေးခြင်းအတွင်းတွင် ထုတ်ဖော်လေသည်။ ဘုရားသခင်သည် လူတို့၏ ချစ်ခြင်းမေတ္တာကို သန့်စင်ပေးပြီး၊ ဤအရာကိုလည်း အခက်အခဲနှင့် စစ်ဆေးခြင်းအထဲ၌သာ ရရှိပေသည်။

ယခင်က:အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

နောက်တစ်ခုသို့:“နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ