“နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” နှင့်ပတ်သက်၍ အကျဉ်းချုပ်ဆွေးနွေးချက်

နှစ်တစ်ထောင်နိုင်ငံတော်၏ ရူပါရုံနှင့်ပတ်သက်၍ သင်မည်သည့်အရာကို တွေးထင်သနည်း။ အချို့လူများသည် ယင်းနှင့်ပတ်သက်၍ များစွာ စဉ်းစားကြပြီး၊ “နှစ်တစ်ထောင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် နှစ်တစ်ထောင်တည်မည် ဖြစ်သည်၊ ထို့ကြောင့် ပိုမိုအသက်ကြီးသော အသင်းသားများအနေဖြင့် အိမ်ထောင်မပြုရသေးလျှင် ၎င်းတို့ အိမ်ထောင်ပြုရမည်လော။ ကျွန်ုပ် မိသားစုသည် ငွေမရှိပါ၊ ကျွန်ုပ် ငွေ စရှာသင့်သလော...” ဟု ဆိုကြသည်။ နှစ်တစ်ထောင်နိုင်ငံတော် ဟူသည်မှာ အဘယ်နည်း။ သင်တို့ သိကြသလော။ လူတို့သည် မျက်စိမှုန်ကြသောကြောင့်၊ များစွာ ဆင်းရဲဒုက္ခခံရကြသည်။ အမှန်တွင် နှစ်တစ်ထောင်နိုင်ငံတော်သည် တရားဝင် မရောက်ရှိသေးပေ။ လူတို့ကို စုံလင်စေခြင်း အဆင့်အတောအတွင်းတွင်၊ နှစ်တစ်ထောင်နိုင်ငံတော်သည် အပျံသင်စ ငှက်ငယ်တစ်ကောင်ကဲ့သို့သာ ဖြစ်သည်။ ဘုရားသခင် ပြောကြားထားသော နှစ်တစ်ထောင်နိုင်ငံတော်၏ အချိန်ကာလတွင်၊ လူသားသည် စုံလင်စေခြင်းခံရပြီး ဖြစ်လိမ့်မည်။ ယခင်က လူတို့သည် သန့်ရှင်းသူများကဲ့သို့ဖြစ်ကာ သိနိမ်ပြည်တွင် မြဲမြံစွာ ရပ်တည်ကြမည်ဟု ပြောကြားထားခဲ့သည်။ လူတို့သည် စုံလင်စေခြင်းခံရသည့်အခါမှသာ- ၎င်းတို့သည် ဘုရားသခင် ပြောထားသော သန့်ရှင်းသူများ ဖြစ်လာသည့်အခါတွင်သာ- နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်က လူများကို စုံလင်စေသည့်အခါ၊ သူသည် ၎င်းတို့ကို သန့်စင်စေပြီး၊ ၎င်းတို့ သာ၍ စင်ကြယ်လေလေ ဘုရားသခင်က ၎င်းတို့ကို သာ၍ စုံလင်စေလေလေ ဖြစ်သည်။ မစင်ကြယ်မှု၊ ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် သင့်အတွင်းရှိ ဇာတိပကတိ၏ အမှုအရာများကို ထုတ်ပစ်လိုက်သောအခါ၊ သင် သန့်စင်ခံရပြီးချိန်တွင်၊ သင်သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရလိမ့်မည် (တစ်နည်းအားဖြင့်၊ သင်သည် သန့်ရှင်းသူဖြစ်လိမ့်မည်)။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီး၊ သန့်ရှင်းသူဖြစ်လာသောအခါ၊ နှစ်တစ်ထောင် နိုင်ငံတော်ထဲတွင် သင် ရှိလိမ့်မည်။ ယခုသည် နိုင်ငံတော်ခေတ် ဖြစ်၏။ နှစ်တစ်ထောင် နိုင်ငံတော်ခေတ်တွင်၊ လူတို့သည် အသက်ရှင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အားကိုးကြလိမ့်မည် ဖြစ်ပြီး၊ တိုင်းနိုင်ငံအားလုံးသည် ဘုရားသခင်၏ အမည်နာမအောက်သို့ လာကြလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် အားလုံးလာကြလိမ့်မည်။ ထိုအချိန်တွင်၊ အချို့က တယ်လီဖုန်းဖြင့် ခေါ်ဆိုကြမည်၊ အချို့က ဖက်စ်ပို့ကြလိမ့်မည်...၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝင်ကြည့်ရန် နည်းလမ်းတိုင်းကို အသုံးပြုကြလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ အောက်သို့ လာကြလိမ့်မည်။ ဤအရာအားလုံးသည် လူအားလုံး စုံလင်စေခြင်းခံရသည့်နောက်တွင် ဖြစ်ပျက်သည့်အရာ ဖြစ်သည်။ ယနေ့တွင် လူတို့သည် နှုတ်ကပတ်တော်များမှတဆင့် စုံလင်စေခြင်း၊ စစ်ဆေးခြင်း၊ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြခြင်းများ ခံရသည်။ ဤသည်မှာ နိုင်ငံတော်ခေတ် ဖြစ်သည်၊ လူတို့ စုံလင်စေခြင်းခံရသည့် အဆင့်ဖြစ်ပြီး၊ နှစ်တစ်ထောင်နိုင်ငံတော်ခေတ်နှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ နှစ်တစ်ထောင်နိုင်ငံတော်ခေတ် အတွင်းတွင် လူများသည် စုံလင်စေခြင်းခံရနှင့်ပြီး ဖြစ်လိမ့်မည် ဖြစ်ကာ၊ ၎င်းတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သန့်စင်ခံရပြီး ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များသည် လူများကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြ လိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းခြင်းအချိန်မှသည် ယနေ့ထိ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော နက်နဲမှုများအားလုံးကို ထုတ်ဖော်ပြသလိမ့်မည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များက ခေတ်တိုင်းနှင့် နေ့ရက်တိုင်းရှိ ဘုရားသခင်၏ လုပ်ရပ်များ၊ ယင်းတို့အတွင်း၌ ဘုရားသခင်က လူတို့ကို လမ်းပြပုံ၊ ဝိညာဉ်လောက၌ သူပြုသည့် အမှုတို့ကို လူတို့အား ပြောပြလိမ့်မည် ဖြစ်ပြီး၊ ဝိညာဉ်လောက၏ အင်အားများအကြောင်းကို ၎င်းတို့အား ပြောပြလိမ့်မည်။ ထိုအခါမှသာ ယင်းသည် နှုတ်ကပတ်တော်ခေတ် အမှန်တကယ် ဖြစ်ပေလိမ့်မည်။ ယခုတွင် ယင်းသည် ပွင့်သစ်စ အခြေအနေတစ်ခု၌သာ ရှိသည်။ လူတို့သည် စုံလင်စေခြင်း မခံရသကဲ့သို့ သန့်စင်စေခြင်း မခံရပါက၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် နှစ်တစ်ထောင်ကြာ အသက်ရှင်နိုင်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ ခန္ဓာသည် မလွဲမသွေ ပျက်စီးယိုယွင်းပေလိမ့်မည်။ လူတို့သည် အတွင်း၌ သန့်စင်ခံရကာ၊ ၎င်းတို့သည် စာတန်နှင့် ဇာတိပကတိတို့နှင့် မသက်ဆိုင်တော့ပါက၊ ကမ္ဘာမြေပေါ်တွင် ရှင်ကျန်ကြလိမ့်မည်။ ဤအဆင့်တွင် သင်သည် မျက်စိမှုန်ဆဲ ဖြစ်ပြီး၊ သင်တို့ တွေ့ကြုံရသမျှအားလုံးမှာ ဘုရားသခင်ကို ချစ်ခြင်းနှင့် ကမ္ဘာပေါ်တွင် သင်နေထိုင်သမျှနေ့ရက်တိုင်းအတွက် သူ့ကို သက်သေခံခြင်းသာ ဖြစ်သည်။

“နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိပြီ” ဆိုသည်မှာ ပရောဖက်ပြုချက် တစ်ခု ဖြစ်သည်။ ယင်းသည် အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို ဘုရားသခင်က ပရောဖက်ပြုပေးထားသည့်၊ ပရောဖက်တစ်ဦး၏ ကြိုတင်ပြောကြားချက်နှင့် အလားတူသည်။ အနာဂတ်တွင် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များနှင့် ယနေ့ သူပြောသော နှုတ်ကပတ်တော်များသည် မတူညီပေ။ အနာဂတ် နှုတ်ကပတ်တော်များသည် ခေတ်ကို လမ်းပြလိမ့်မည်ဖြစ်ပြီး၊ ယနေ့ပြောသော နှုတ်ကပတ်တော်များမှာမူ လူတို့ကို စုံလင်စေသည်၊ ၎င်းတို့ကို စစ်ဆေးပြီး၊ ကိုင်တွယ်ဖြေရှင်းလေသည်။ အနာဂတ်ရှိ နှုတ်ကပတ်တော်ခေတ်သည်၊ ယနေ့ နှုတ်ကပတ်တော်ခေတ်နှင့် ကွာခြားသည်။ ယနေ့တွင်၊ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များ အားလုံးသည်- သူ ပြောကြားသည့် နည်းလမ်းကို ပဓာနမထားဘဲ- လူတို့ကို စုံလင်စေရန်၊ ၎င်းတို့အတွင်းရှိ ညစ်ပေသည်များကို သန့်စင်စေရန်၊ ၎င်းတို့ကို သန့်ရှင်းစေရန်နှင့်၊ ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့ကို ဖြောင့်မတ်စေရန်အလို့ငှာ ဖြစ်သည်။ ယနေ့ ပြောကြားသော နှုတ်ကပတ်တော်များနှင့် အနာဂတ်တွင် ပြောကြားသည့် နှုတ်ကပတ်တော်များသည် သီးခြားအရာနှစ်ခု ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ပြောကြားသော နှုတ်ကပတ်တော်များသည် လူတို့ကို လေ့ကျင့်မှု အားလုံးထဲသို့ ဝင်ရောက်စေရန်၊ လူတို့ကို အရာရာ၌ လမ်းမှန်ပေါ်သို့ ခေါ်ဆောင်ရန်နှင့်၊ ၎င်းတို့အတွင်းရှိ မစင်ကြယ်သည့်အရာအားလုံးကို ဖယ်ထုတ်ရန်ဖြစ်သည်။ ယင်းမှာ ဤခေတ်တွင် ဘုရားသခင်ပြုသောအရာ ဖြစ်သည်။ သူသည် လူအယောက်တိုင်း၌ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အခြေခံအုတ်မြစ် တစ်ခုကို ဖန်တီးသည်၊ သူသည် သူ့နှုတ်ကပတ်တော်များကို လူတိုင်း၏အသက်ဖြစ်စေပြီး၊ ၎င်းတို့ကို အတွင်း၌ စဉ်ဆက်မပြတ် အသိဉာဏ်ပွင့်လင်းစေရန်နှင့် လမ်းပြရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ အလိုကို သတိမထားမိသောအခါ၊ ၎င်းတို့ကို အပြစ်ဆိုကာ ပဲ့ပြင်ဆုံးမရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အထဲတွင် ရှိလိမ့်မည်။ ယနေ့၏ နှုတ်ကပတ်တော်များသည် လူသား၏ အသက် ဖြစ်ဖို့ရန် ဖြစ်သည်။ ၎င်းတို့သည် လူသား လိုအပ်သည့် အရာအားလုံးကို တိုက်ရိုက် ထောက်ပံ့ ပေးသည်၊ အတွင်း၌ သင် ချို့တဲ့သည့်အရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထောက်ပံ့ပေးထားပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသူအားလုံးသည် သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် အသိဉာဏ်ပွင့်လင်းခြင်းခံရကြသည်။ အနာဂတ်တွင် ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များသည် စကြဝဠာ တစ်ခွင်လုံး၏ လူတို့ကို လမ်းပြသည်။ ယနေ့တွင် ဤနှုတ်ကပတ်တော်များကို တရုတ်နိုင်ငံတွင်သာ ပြောကြားထားပြီး၊ ၎င်းတို့သည် စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ပြောကြားထားသည့်အရာများကို ကိုယ်စားမပြုပေ။ နှစ်တစ်ထောင်နိုင်ငံတော် ရောက်လာသောအခါတွင်သာ ဘုရားသခင်သည် စကြဝဠာ တစ်ခွင်လုံးကို စကားပြောကြားလိမ့်မည် ဖြစ်သည်။ ယနေ့ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များ အားလုံးသည် လူတို့ကို စုံလင်စေရန် ဖြစ်သည်ကို သိကြလော့။ ဤအဆင့်အတွင်း ဘုရားသခင်ပြောကြားသော နှုတ်ကပတ်တော်များသည် လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန်အလို့ငှာ ဖြစ်ပြီး၊ ဘုရားသခင်၏ နက်နဲမှုများကို သင့်အား သိရှိခွင့်ပေးဖို့ သို့မဟုတ် ဘုရားသခင်၏ နိမိတ်လက္ခဏာများကို သင့်အား သိမြင်ခွင့်ပေးရန် မဟုတ်ပေ။ နည်းလမ်းများစွာဖြင့် သူပြောကြားသည်မှာ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန် ဖြစ်သည်။ နှစ်တစ်ထောင်နိုင်ငံတော်ခေတ်သည် မရောက်ရှိသေးပေ- ပြောကြားထားသော နှစ်တစ်ထောင် နိုင်ငံတော်ခေတ်သည် ဘုရားသခင်၏ဘုန်းအသရေ ထင်ရှားသောနေ့ ဖြစ်သည်။ ယုဒပြည်တွင် ယေရှု၏အမှု ပြီးစီးပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏အမှုကို တရုတ်ပြည်မကြီးသို့ ပြောင်းရွှေ့ခဲ့ပြီး၊ အခြား အစီအစဉ်တစ်ခုကို ဖန်တီးခဲ့သည်။ သူသည် သူ့အမှု၏ အခြားသောအပိုင်းကို သင်တို့ထဲ၌ ပြုသည်၊ နှုတ်ကပတ်တော်များဖြင့် လူတို့ကို စုံလင်စေခြင်း အမှုကို သူ ပြုပြီး၊ လူတို့ကို နာကျင်မှုများစွာ ခံစားရစေဖို့အပြင်၊ ဘုရားသခင်၏ကျေးဇူးတော်များစွာ ရရှိစေဖို့ နှုတ်ကပတ်တော်များကို သူ အသုံးပြုလေသည်။ အမှု၏ ဤအဆင့်သည် အောင်မြင်သောသူတစ်စုကို ဖန်တီးလိမ့်မည်ဖြစ်ပြီး၊ ဤအောင်မြင်သောသူတစ်စုကို သူ ပြုလုပ်ပြီးနောက်တွင်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်လိမ့်မည်၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ သေသည်အထိ သူ့ကို အမှန်တကယ် စိတ်ကျေနပ်စေကာ သစ္စာစောင့်သိကြလိမ့်မည် ဖြစ်၍၊ ဤနည်းဖြင့် ဘုရားသခင်သည် ဘုန်းအသရေ ရလိမ့်မည်။ ဘုရားသခင် ဘုန်းအသရေရသည့် အချိန်တွင်- ဆိုလိုသည်မှာ သူသည် ဤလူစုကို စုံလင်စေပြီးချိန်တွင်- ယင်းသည် နှစ်တစ်ထောင်နိုင်ငံတော်ခေတ် ဖြစ်လိမ့်မည်။

ယေရှုသည် ကမ္ဘာမြေပေါ်တွင် သုံးဆယ်သုံးနှစ်ခွဲကြာ ရှိခဲ့သည်၊ သူသည် ကားစင်တင်ခံရခြင်း အမှုကိုပြုရန် ကြွလာခဲ့ပြီး၊ ကားစင်တင်ခံရခြင်းမှတဆင့် ဘုရားသခင်သည် သူ၏ ဘုန်းအသရေ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံသောအခါတွင်၊ သူသည် နှိမ့်ချပြီး ကွယ်ဝှက်နေနိုင်ခဲ့ကာ ကြီးမားသော ဆင်းရဲဒုက္ခကို သည်းခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ခဲ့သော်လည်း၊ အရှက်ရမှုတိုင်းနှင့် ပုတ်ခတ်ဝေဖန်မှုတိုင်းကို ကြံ့ကြံ့ခံခဲ့ရဆဲဖြစ်ပြီး၊ ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန်အလို့ငှာ လက်ဝါးကားတိုင်တွင် သံမှိုနှက်ခံရခြင်းဖြင့် ပြင်းစွာသော နာကျင်မှုကို သူ သည်းခံခဲ့သည်။ အမှု၏ ဤအဆင့်ရှိ အဆုံးသတ်သွားသောအခါ၊ ဘုရားသခင်သည် ကြီးစွားသော ဘုန်းအသရေကို ရရှိခဲ့ပြီးဖြစ်သည်ကို လူတို့က မြင်ခဲ့ကြသော်လည်း၊ ဤသည်မှာ သူ၏ ဘုန်းအသရေအလုံးစုံ မဟုတ်ခဲ့ပေ။ ယင်းသည် ယေရှုထံမှ သူရရှိခဲ့သော သူ၏ ဘုန်းအသရေ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ယေရှုသည် ဆင်းရဲဒုက္ခတိုင်းကို သည်းခံနိုင်ခဲ့သော်လည်း၊ နှိမ့်ချကာ ကွယ်ဝှက်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်အတွက် ကားစင်တင် ခံနိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ၏ ဘုန်းအသရေ အစိတ်အပိုင်း တစ်ခုကိုသာ ရရှိခဲ့ပြီး၊ သူ၏ ဘုန်းအသရေကို ဣသရေလတွင် ရရှိခဲ့သည်။ ဘုရားသခင်သည် ဘုန်းအသရေ၏ အခြား အစိတ်အပိုင်းတစ်ခု ရှိနေဆဲဖြစ်သည်- လက်တွေ့ကျကျ အမှုပြုရန်နှင့် လူတစ်စုကို စုံလင်စေရန် ကမ္ဘာမြေသို့ ကြွလာခြင်း ဖြစ်သည်။ ယေရှု၏ အမှုအဆင့်အတွင်းတွင်၊ သူသည် သဘာဝလွန်အရာအချို့ကို လုပ်ဆောင်ခဲ့သော်လည်း၊ ယင်းအမှုအဆင့်သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြသရန်အတွက်သာ လုံးဝမဟုတ်ခဲ့ပေ။ ယင်းသည် အဓိကအားဖြင့် ဘုရားသခင်အတွက် ယေရှုသည် ဆင်းရဲဒုက္ခခံနိုင်ပြီး ကားစင်တင်ခံနိုင်ကြောင်း၊ ယေရှုသည် ဘုရားသခင်ကို ချစ်သောကြောင့် ကြီးစွာသောဆင်းရဲဒုက္ခကို ခံစားနိုင်ခဲ့ကြောင်းနှင့် ဘုရားသခင်က သူ့ကို စွန့်ပစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်၏ အလိုအတွက် သူ၏အသက်ကို စတေးရန် လိုလားနေဆဲဖြစ်ခဲ့သည်ကို ပြသရန် ဖြစ်သည်။ ဣသရေလ၌ ဘုရားသခင်သည် သူ၏ အမှုကို ပြီးစီးခဲ့ပြီး၊ ယေရှုသည် လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရပြီးနောက်တွင်၊ ဘုရားသခင်သည် ဘုန်းအသရေ ရခဲ့ပြီး၊ စာတန်ရှေ့တွင် သူ သက်သေခံခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် တရုတ်နိုင်ငံတွင် မည်သို့လူ့ဇာတိခံပြီးဖြစ်သည်ကို သင်တို့ မသိသကဲ့သို့၊ မြင်လည်းမမြင်ဖူးပေ၊ သို့ဆိုလျှင် ဘုရားသခင်သည် ဘုန်းအသရေရပြီး ဖြစ်သည်ကို သင်တို့ မည်သို့ မြင်နိုင်သနည်း။ ဘုရားသခင်က သင်တို့ အထဲတွင် သိမ်းပိုက်ခြင်းအမှုကို များစွာပြုပြီး၊ သင်တို့သည် မြဲမြံစွာရပ်တည်ချိန်တွင်၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်သည် အောင်မြင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဤအရာကိုသာ သင်တို့ မြင်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရသေး၊ သင်တို့သည် သင်တို့၏နှလုံးသားကို ဘုရားသခင်ထံသို့ လုံးဝ မပေးအပ်ရသေးပေ။ သင်တို့သည် ဤဘုန်းအသရေကို လုံးဝ မမြင်ရသေးပေ။ ဘုရားသခင်က သင်တို့၏နှလုံးသားကို သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ သင်တို့သည် သူ့ကို မည်သည့်အခါမျှ မခွဲခွာနိုင်ကြောင်းနှင့် ဘုရားသခင်နောက် အဆုံးထိလိုက်လိမ့်မည် ဖြစ်ကာ၊ သင်တို့၏နှလုံးသား ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း၊ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော် ဖြစ်ကြောင်းတို့ကိုသာ သင်တို့မြင်ရသည်။ မည်သည့်အရာ၌ ဘုရားသခင်၏ ဘုန်းအသရေကို သင်မြင်ရသနည်း။ လူတို့အထဲရှိ သူ၏ အမှုနှင့်ဆိုင်သော အကျိုးတရားများ၌ ဖြစ်သည်။ ဘုရားသခင်သည် လွန်စွာချစ်ခင်ဖွယ် ဖြစ်သည်ကို လူတို့ မြင်ကြသည်၊ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်ရှိပြီး သူ့ကို ခွဲခွာရန် လိုလားနေခြင်း မရှိကြပေ၊ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေဖြစ်သည်။ အသင်းတော်များမှ ညီအစ်ကို မောင်နှမများ၏ ခွန်အားထွက်ပေါ်လာပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ နှလုံးသားများမှ ချစ်နိုင်ကြသည့်အခါ၊ ဘုရားသခင် ပြုသောအမှု၏ အထွတ်အထိပ် အင်အား၊ သူ၏နှုတ်ကပတ်တော်များ၏ တုနှိုင်းမရသော အင်အားကို မြင်ကြသောအခါ၊ သူ၏ နှုတ်ကပတ်တော်များသည် သြဇာအာဏာ ရှိပြီး၊ သူသည် တရုတ်ပြည်မ၏ လူမနေသော မြို့ပျက်တစ်ခု၌ သူ၏အမှုကို အစပြုနိုင်သည်ကို ၎င်းတို့ မြင်သောအခါ၊ လူတို့သည် အားနည်းကြသော်လည်း၊ ၎င်းတို့၏ နှလုံးသားများသည် ဘုရားသခင်ရှေ့မှောက်တွင် ဦးညွှတ်ကြကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် လိုလားနေကြသောအခါ၊ ၎င်းတို့သည် အားနည်းပြီး မထိုက်တန်ကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်ချစ်ခင်ဖွယ်ဖြစ်ကာ ၎င်းတို့၏ ချစ်မြတ်နိုးမှုနှင့် အလွန် ထိုက်တန်သည်ကို ၎င်းတို့ မြင်နိုင်ကြသောအခါ၊ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ လူများသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရပြီး သူ၏ ရှေ့မှောက်တွင် စွန့်လွှတ်အပ်နှံနိုင်ကြကာ၊ ဘုရားသခင်ကို လုံးဝ နာခံနိုင်ပြီး၊ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဘုရားသခင်လက်ထဲသို့ ချန်ထားနိုင် သည့်နေ့ရက် ရောက်သောအခါတွင်၊ ဘုရားသခင်၏ ဘုန်းအသရေ ဒုတိယပိုင်းကို လုံးဝ ရရှိပြီးဖြစ်လိမ့်မည်။ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်၏ အမှု လုံးဝ ပြီးစီးပြီးချိန်တွင်၊ တရုတ်ပြည်မကြီးရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်လာလိမ့်မည်ဟု ဆိုရပေမည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခံထားရပြီး၊ ရွေးချယ်ခံထားရသူများသည် စုံလင်စေခြင်းခံရပြီးချိန်တွင်၊ ဘုရားသခင် ဘုန်းအသရေ ရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်က သူသည် သူ၏ ဘုန်းအသရေ ဒုတိယပိုင်းကို အရှေ့အရပ်သို့ ဆောင်ကြဉ်းပြီး ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း၊ ဤအရာကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ဘုရားသခင်သည် သူ၏ အမှုကို အရှေ့ရပ်သို့ ဆောင်ကြဉ်းပြီးဖြစ်သည်- သူသည် အရှေ့အရပ်သို့ ကြွလာနှင့်ပြီးဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့တွင်၊ သူ၏ အမှုသည် ပြီးစီးခြင်း မရှိသေးသော်လည်း၊ ဘုရားသခင်သည် အမှုပြုရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ယင်းသည် ဧကန်မုချ ပြီးမြောက်ရပေမည်။ ဘုရားသခင်သည် ဤအမှုကို တရုတ်ပြည်တွင် ပြီးမြောက်ရန် ဆုံးဖြတ်ပြီးဖြစ်ကာ၊ သင်တို့ကို စုံလင်စေရန် စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။ ထို့ကြောင့်၊ သူသည် သင်တို့ကို လွတ်လမ်း မပေးပေ- သူသည် သင်တို့၏ နှလုံးသားများကို သိမ်းပိုက်နှင့်ပြီးဖြစ်ကာ၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သင်ဆက်သွားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို သင်တို့ခံရသည့်အခါတွင်၊ ဘုရားသခင် ဘုန်းအသရေ ရရှိပေသည်။ ယနေ့တွင်၊ သင်တို့သည် စုံလင်စေခြင်း မခံကြရသေးသောကြောင့်၊ ဘုရားသခင်သည် ဘုန်းအသရေ အပြည့်အဝ မရှိသေးပေ။ သင်တို့၏ နှလုံးသားများသည် ဘုရားသခင်ထံ လှည့်ပြန်ပြီး ဖြစ်သော်လည်း၊ သင်တို့၏ဇာတိပကတိတွင် အားနည်းချက်များစွာ ရှိသေး၏၊ သင်တို့သည် ဘုရားသခင်ကို ကျေနပ်စေနိုင်စွမ်း မရှိကြ၊ သင်တို့သည် ဘုရားသခင်၏ အလိုကို သတိမပြုနိုင်ကြသကဲ့သို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ဖယ်ရှားရမည့် အပျက်သဘောဆောင်သော အရာများစွာ ပိုင်ဆိုင်ကြသေးသကဲ့သို့၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများစွာကို သင်တို့ ကြုံရဦးမည်ဖြစ်သည်။ ထိုနည်းဖြင့်သာ သင်တို့၏ အသက်စိတ်သဘောထားများ ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ပေသည်။

အရှေ့သို့- ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

နောက်တစ်ခုသို့- ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။