သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက် နားလည်ပါလျက်နှင့် လက်တွေ့ကျင့်သုံးရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ဘက်တွင် ၎င်းတို့သည် အဖိုးအခပေးရန် ဆန္ဒမရှိ၍ အခြားတစ်ဘက်မှာ ၎င်းတို့၏ ထိုးထွင်းသိမြင်နိုင်စွမ်းသည် အလွန်ပင် မလုံမလောက်သောကြောင့် ဖြစ်၏၊ ၎င်းတို့သည် လက်တွေ့ဘဝတွင် ရှိနေသည့် အခက်အခဲများစွာကို အရှိကိုအရှိအတိုင်း မမြင်နိုင်သည့်အပြင် သင့်လျော်စွာ အဘယ်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိချေ။ လူတို့၏ အတွေ့အကြုံများသည် ပေါ့တန်လွန်းခြင်း၊ အရည်အချင်းညံ့ဖျင်းလွန်းခြင်းနှင့် သမ္မာတရားကို နားလည်သည့်အတိုင်းအတာ နည်းပါးခြင်းတို့ကြောင့်၊ ၎င်းတို့သည် ဘဝ၌ နေ့စဉ်ရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအရာမှာ အပြောမျှသာဖြစ်ပြီး မိမိတို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိချေ။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်က ဘုရားသခင်ဖြစ်ပြီး၊ ဘဝက ဘဝဖြစ်ကာ၊ ၎င်းတို့၏အသက်တာတွင် ဘုရားသခင်နှင့် ဆက်ဆံရေး လုံး၀မရှိသည့်အလား ဖြစ်သည်။ ယင်းသည် လူတိုင်း ယူဆသည့်အရာ ဖြစ်၏။ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းမျိုးသည် လူတို့ကို လက်တွေ့ဘဝတွင် ကိုယ်တော်၏ ရယူခြင်းနှင့် စုံလင်စေခြင်း ခံရစေမည် မဟုတ်ပေ။ အမှန်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြည့်စုံသောထုတ်ဖော်မှု မတွေ့သေးသောကြောင့် မဟုတ်ဘဲ၊ သူ၏နှုတ်ကပတ်တော်ကို ခံယူရန် လူတို့၏ စွမ်းဆောင်နိုင်မှုသည် မလုံလောက်လွန်းသောကြောင့်သာ ဖြစ်ပေသည်။ ဘုရားသခင်၏ မူလရည်ရွယ်ချက်များအတိုင်း အဘယ်သူမျှနီးပါး မလုပ်ဆောင်ဟု ဆိုနိုင်၏။ တိတိကျကျဆိုရလျှင်၊ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ အတိတ်က ၎င်းတို့ စွဲကိုင်ထားသည့် ဘာသာရေး အယူအဆများနှင့် ၎င်းတို့ကိုယ်တိုင်၏ အမှုအရာများကို လုပ်နည်းများ အရဖြစ်သည်။ လူအနည်းငယ်ကသာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံပြီးနောက် ပြောင်းလဲမှုဖြစ်ပြီး ကိုယ်တော်၏ အလိုတော်နှင့်အညီ စတင်လုပ်ဆောင်ကြသည်။ ယင်းသို့ပြုမည့်အစား၊ ထိုသူတို့သည် မိမိတို့ မှားယွင်းသောယုံကြည်ခြင်းများကို မရမနေစွဲကိုင်ကြ၏။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့် အချိန်တွင် ဘာသာရေးဓလေ့ ထုံးတမ်းစဉ်လာ စည်းမျဉ်း စည်းကမ်းများကို အခြေခံ၍ယုံကြည်ပြီး၊ သူတို့၏ ကိုယ်ပိုင် ဘဝဒဿနများအပေါ် လုံးလုံးလျားလျား အခြေခံကာ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံနေထိုင်သည်။ ဤသည်မှာ လူဆယ်ဦးတွင် ကိုးဦး၌ဖြစ်သော အရာဟုဆိုနိုင်သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီး နောက်ပိုင်းတွင် အခြားသော အစီအစဉ်ကို ဖန်တီးပြီး အသစ်တစ်ရပ် စတင်သူများ အလွန်နည်းပါးသည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် ထင်မှတ်ရန်၊ သို့မဟုတ် သမ္မာတရားအဖြစ် လက်ခံပြီး လက်တွေ့ ကျင့်သုံးရန် ပျက်ကွက်ခဲ့ပေပြီ။

ယေရှု၌ယုံကြည်ခြင်းကို ဥပမာအနေနှင့် ယူကြလော့။ လူတစ်ဦးသည် စတင်ယုံကြည်သည်ဖြစ်စေ၊ ယုံကြည်သည့်ကာလ ကြာမြင့်ပြီးဖြစ်စေ အားလုံးသည် သူတို့မှာရှိသည့် ပါရမီများကို အသုံးချလိုက်သည့်အပြင် သူတို့ပိုင်ဆိုင်သည့် မည်သည့်ကျွမ်းကျင်မှုကိုမဆို ထင်ရှားစေသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည့် စကားလုံးသုံးလုံးကို ၎င်းတို့၏ ပုံမှန်အသက်တာထဲတွင် ထည့်ထားရုံသက်သက်ဖြစ်ပြီး မိမိတို့၏ စိတ်သဘောထားကိုမူ ပြောင်းလဲခြင်းမရှိ၊ ထို့အပြင် ဘုရားသခင်၌ ယုံကြည်ခြင်းသည်လည်း အနည်းငယ်မျှပင် မကြီးထွားခဲ့ပေ။ ၎င်းတို့၏လိုက်စားမှုသည် မပူ၊ မအေး။ ထိုသူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်မည်ဟု မပြောသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အားလုံးဆက်ကပ်ခြင်းလည်း မပြုပေ။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ်မချစ်၊ သို့မဟုတ် နာခံမှုလည်း လုံးဝမရှိပေ။ ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်းမှာ အစစ်အမှန်နှင့် အတုအယောင် ရောနေကာ၊ မျက်စိတစ်ဘက်ဖွင့်ပြီး တစ်ဘက်ပိတ်ကာ ချဉ်းကပ်လျက်၊ ၎င်းတို့၏ယုံကြည်မှုကို လက်တွေ့ ကျင့်သုံးရာ၌ စိတ်အားထက်သန်မှု မရှိချေ။ ထိုသို့သော စိတ်ရောထွေးသည့် အခြေအနေနှင့်သာ ဆက်သွားလျက် အဆုံးတွင် မရေရာသော သေဆုံးခြင်းဖြင့် သေဆုံးကြ၏။ ဤအရာအားလုံးတွင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ ယနေ့၊ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် လမ်းကြောင်းမှန်ပေါ်သို့ သင် ခြေချရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ကောင်းချီးမင်္ဂလာများကို သာမကဘဲ ဘုရားသခင်ကို ချစ်ခြင်းနှင့် သိကျွမ်းခြင်းကိုလည်း ရှာသင့်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှု လိုက်လျှောက်မှုအားဖြင့်၊ သင်ကိုယ်တိုင်၏ လိုက်လျှောက်မှုအားဖြင့် သင်သည် သူ၏နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ဘုရားသခင်ကို စစ်မှန်စွာ နားလည်နိုင်မည်ဖြစ်၍ သင့်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှလာသော ဘုရားသခင်ကိုချစ်ခြင်း အစစ်အမှန်သည်လည်း ရှိလာနိုင်မည်။ တစ်နည်းဆိုလျှင်၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး၊ အဘယ်သူမျှ မဖျက်ဆီးနိုင် သို့မဟုတ် မတားဆီးနိုင်သည့် ချစ်ခြင်းမျိုးဖြစ်လျှင်၊ ယခုအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းမှန်ပေါ်တွင် ရှိနေသည်။ ထိုအရာက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သက်သေပြသည်၊ အဘယ်ကြောင့်ဆိုသော် သင့်နှလုံးသားသည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကိုခံရပြီး အခြားမည်သည်အရာကမျှ သင့်ကို မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။ သင်၏ အတွေ့အကြုံကြောင့်၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခကြောင့်နှင့် ဘုရားသခင်၏ လုပ်ဆောင်ပေးမှုကြောင့် သင်သည် ဘုရားသခင်အပေါ် အလိုအလျောက် ချစ်ခြင်း ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သောအခါ သင်သည် စာတန်၏ လွမ်းမိုးမှုမှ ကင်းလွတ်လျက် ဘုရားသခင် နှုတ်ကပတ်တော် အလင်းထဲ၌ အသက်ရှင်လိမ့်မည်။ အမှောင်လွမ်းမိုးမှုမှ ချိုးဖောက် လွတ်မြောက်ပြီးမှသာလျှင် ဘုရားသခင်ကို သင်ရရှိပြီးဟု ဆိုနိုင်ပေသည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ သင်သည် ဤပန်းတိုင်ကို ရှာဖွေရမည်။ ဤအရာသည် သင်တို့အသီးသီး၏ တာဝန်ဝတ္တရား ဖြစ်၏။ သင်တို့ မည်သူတစ်ဦးမျှ အမှုအရာများကို ရှိနေသည့်အတိုင်း အားရကျေနပ်မနေသင့်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်အပေါ်တွင် စိတ်နှစ်ခွ မရှိနိုင်သကဲ့သို့ ပေါ့ပေါ့တန်တန် ခံယူခြင်းလည်း မပြုနိုင်ပေ။ သင်သည် အရာရာတိုင်း၊ အချိန်တိုင်း၌ ဘုရားသခင်ကို စဉ်းစားသင့်ပြီး သူ့အတွက် အရာရာကို လုပ်ဆောင်သင့်သည်။ ထို့အပြင် သင်စကားပြောသောအခါ သို့မဟုတ် အမှုအရာများပြုသည့်အခါတိုင်း သင်သည် ဘုရားသခင်၏ အိမ်တော်အကျိုးကို ဦးစားပေးသင့်သည်။ ဤနည်းဖြင့်သာလျှင် သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ညီနိုင်သည်။

ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူတို့၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ နေ့စဉ်ဘ၀များတွင် ဘုရားသခင် လုံးဝမပါရှိပေ။ အကယ်စင်စစ်၊ ဘုရားသခင် တည်ရှိကြောင်းကို လူအားလုံးက ယုံကြည်သော်လည်း ဘုရားသခင်သည် သူတို့၏ နေ့စဉ် အသက်တာများတွင် လုံးဝမရှိ။ လူ့နှုတ်ဖျားက ဘုရားသခင်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အမြောက်အမြား ပြောဆိုသော်လည်း၊ သူတို့စိတ်နှလုံးအထဲတွင် ဘုရားသခင်အတွက် နေရာအနည်းငယ်သာ ရှိသဖြင့် ဘုရားသခင်သည်လည်း လူကို ထပ်ခါထပ်ခါ စစ်ကြောသည်။ ဤသည်မှာ လူတို့သည် မစင်ကြယ်သောကြောင့်၊ ဘုရားသခင်၏ ဤစမ်းသပ်မှုများအတွင်း ၎င်းတို့သည် အရှက်ရပြီး ကိုယ့်အကြောင်းကိုယ် သိလာစေရန် ဘုရားသခင်၌ ၎င်းတို့ကိုစစ်ကြောခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ သို့မဟုတ်လျှင်၊ လူသားသည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများ ဖြစ်သွားလျက် ပို၍ပို၍ ဖောက်ပြန်ပျက်စီး လာလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း ဖြစ်စဉ်၌ လူတစ်ယောက်စီသည် ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များစွာနှင့် ရည်မှန်းချက်များစွာကို ဘုရားသခင်၏ ဆေးကြောခြင်း ခံယူလျက် စွန့်ပစ်ကြသည်။ သို့မဟုတ်လျှင် ဘုရားသခင် အဘယ်သူကိုမျှ အသုံးမပြုနိုင်ဘဲ၊ လူတို့၌ သူပြုသင့်သည့်အရာကို မပြုနိုင်ဘဲ ဖြစ်လိမ့်မည်။ ဘုရားသခင်က လူတို့ကို ရှေ့ဦးစွာ သန့်စင်ပေးသည်။ ဤဆေးကြောခြင်း လုပ်ငန်းစဉ်အားဖြင့် လူတို့သည်မိမိကိုယ်ကို အသိတရား ရရှိလာပြီး ဘုရားသခင်က ပြောင်းလဲကောင်း ပြောင်းလဲပေးလိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ အသက်ကို ၎င်းတို့အထဲတွင် လုပ်ဆောင်ခြင်း ပြုလာပြီး ထိုနည်းလမ်းအားဖြင့်သာလျှင် ၎င်းတို့၏နှလုံးသားသည်လည်း ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ လူများ ပြောကြသလောက် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်ပေ။ ဘုရားသခင်၏ အမြင်အတိုင်းဆိုလျှင် သင်၌ ပညာအသိသာရှိပြီး အသက်အဖြစ် သူ၏ နှုတ်ကပတ်တော်ကို မရှိပေ၊ ထို့အပြင် သင်သည် မိမိအသိပညာ အကန့်အသတ် ဘောင်ထဲ၌သာရှိပြီး သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ပါက၊ ၎င်းသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ နှလုံးသား သင်၌ မရှိသေးကြောင်းကို သက်သေပြနေပြီး သင့်နှလုံးသားသည် ဘုရားသခင်နှင့် မသက်ဆိုင်ကြောင်းကိုလည်း ပြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းလာနိုင်သည်- ယင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး လူသား လိုက်စားရမည့် ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။ ဤလမ်းပေါ်တွင် လူများစွာက အသိပညာအကြောင်း များစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊ အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။ သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊ ယင်းအစား သူတို့သည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။ အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ အကယ်စင်စစ်၊ လူများသည် အနည်းငယ်သာ အားစိုက်၍ ဆက်ကပ်မှုရှိလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ များစွာရှိပေ၏။ လူတို့၏ စိတ်နှလုံးများသည် အစဉ်မပြတ် နတ်ဆိုးများ ပိုင်ဆိုင်နေသောကြောင့်သာ ဘုရားသခင်အတွက် သူတို့သည် မလုပ်မဆောင်နိုင်ကြဘဲ၊ နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော ဇာတိပကတိအတွက် အပြေးအလွှား လုပ်ကိုင်ကြသည်။ ဤအကြောင်းကြောင့် လူတို့သည် စဉ်ဆက်မပြတ် ဒုက္ခများ၊ အခက်အခဲများ၏ဒဏ် အမြဲခံစားနေရခြင်း ဖြစ်၏။ ၎င်းတို့သည် စာတန်၏ ညှဉ်းပန်းခြင်းများပင် မဟုတ်ပေလော။ ယင်းသည် ဇာတိပကတိ၏ ပျက်စီးခြင်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် မလှည့်စားသင့်ပေ။ ယင်းအစား သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားလေနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။

အရှေ့သို့- ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

နောက်တစ်ခုသို့- ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။