ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်

သင်သည် အတိအကျပင် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သနည်း။ လူအများစုသည် ဤမေးခွန်းနှင့်ပတ်သက်လာလျှင် နားဝေတိမ်တောင် ဖြစ်နေကြဆဲဖြစ်ပြီး ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်နှင့် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အကြောင်း လုံးဝ မတူညီသည့် ရှုထောင့်အမြင်နှစ်ခု အစဉ်သဖြင့် ရှိကြသည်။ ယင်းက လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်မှာ ကျိုးနွံနာခံဖို့အလို့ငှာ မဟုတ်ဘဲ အကျိုးအမြတ်တစ်ခုခု ရရှိရန် သို့မဟုတ် ဘေးအန္တရာယ်က ယူဆောင်လာသည့် ဆင်းရဲဒုက္ခကို ရှောင်တိမ်းရန် ဖြစ်သည်ကို ပြသပေသည်။ ထိုအခါမှသာ ၎င်းတို့သည် အနည်းငယ် ကျိုးနွံနာခံမှုရှိကြလေသည်။ ဤကျိုးနွံနာခံမှုမျိုးသည် အခြေအနေ အပေါ် မူတည်၏။ ၎င်းတို့၏ ကျိုးနွံနာခံခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ရှေ့ရေးအပေါ်တွင် မူတည်နေသည်။ ၎င်းတို့တွင် ရွေးချယ်စရာမရှိသဖြင့် ကျိုးနွံနာခံကြ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို တကယ် အဘယ့်ကြောင့် ယုံကြည်သနည်း။ ယင်းသည် သင်၏ ရှေ့ရေးနှင့် သင်၏ ကံကြမ္မာအတွက် လုံးဝဥဿုံ ဖြစ်ပါက သင် သူ့ကို မယုံကြည်လျှင် သာ၍ ကောင်းပေမည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမျိုးသည် သင့်ကိုယ်သင် အရူးလုပ်ခြင်း၊ သင့်ကိုယ်သင် နှစ်သိမ့်ခြင်းနှင့် သင့်ကိုယ်သင် အထင်ကြီးလေးစားခြင်းဖြစ်၏။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း အုတ်မြစ်အပေါ် တည်ဆောက်ထားခြင်း မရှိပါက သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် ပြစ်ဒဏ်ပေးခံရလိမ့်မည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား ကျိုးနွံနာခံရန် မရှာဖွေသူများ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည့် လူများဖြစ်၏။ သမ္မာတရားကို ရှာဖွေဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ဆာငတ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင် တောင်းဆိုလေသည်။ ဤအရာများအားလုံးသည် လူတို့အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံမှု ရရှိစေရန်အလို့ငှာဖြစ်၏။ ယင်းက သင်၏ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်ပါက ဘုရားသခင်သည် သင့်ကို ဧကန်မုချ ချီးမြှောက်မည်ဖြစ်ပြီး သင့်အပေါ် ဧကန်မုချ ကျေးဇူးပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်သကဲ့သို့ မပြောင်းလဲနိုင်သော အရာ ဖြစ်သည်။ သင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် မဟုတ်ဘဲ သင်၌ အခြားသော ရည်မှန်းချက်များ ရှိနေပါက သင် ပြောဆိုပြုမူသမျှ အရာအားလုံး၊ သင်၏ ဘုရားသခင် ရှေ့မှောက်၌ ဆုတောင်းခြင်းများပင်လျှင်၊ ထို့ထက်ပင်လွန်၍ သင်၏ လုပ်ရပ်တိုင်းသည် ကိုယ်တော့်ကို ဆန့်ကျင်ခြင်း ဖြစ်လိမ့်မည်။ သင်၏ စကားများသည် နူးညံ့သိမ်မွေ့ပြီး အမူအကျင့် သိမ်မွေ့လျှင်ပင် သင်၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းသည် ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်သည့်အလား အခြားသူများအမြင်၌ သင့်တော်လျောက်ပတ် ပုံရစေလျှင်ပင် သင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သော သင်၏ အမြင်များနှင့် ပတ်သက်လာသည့်အခါ၌မူ သင်၏ လုပ်ရပ်တိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၍ ယင်းမှာ မကောင်းမှုပြုခြင်း ဖြစ်၏။ သိုးကဲ့သို့ နာခံတတ်ပုံရသော်လည်း ၎င်းတို့စိတ်နှလုံးများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားသောလူတို့သည် သိုးရေ ခြုံထားသော ဝံပုလွေများ ဖြစ်ကြပြီး ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားမှု ကျူးလွန်ကြသောသူများ ဖြစ်၏။ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်သည့်အပြင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့တစ်ဦးတစ်ယောက်စီတိုင်းကို ထုတ်ဖော်လိမ့်မည်။ ကြောင်သူတော်များ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ သေချာပေါက် ပစ်ပစ်ခါခါငြင်းခြင်းခံရမည်ကို လူတိုင်းက မြင်ရလိမ့်မည်။ စိတ်မလောနှင့်။ ဘုရားသခင်သည် ၎င်းတို့ ရှိသမျှအကုန်ကို ကိုင်တွယ်မည်ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ရှင်းထုတ်ပစ်မည် ဖြစ်သည်။

သင်သည် ဘုရားသခင်ထံမှ ဉာဏ်အလင်းသစ်ကို မခံယူနိုင်ပါက၊ ပြီးလျှင် ယနေ့ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင် ရှင်းလင်းစွာ မမြင်ရသည့်အခါ သင်သည် ရှာဖွေခြင်းမရှိဘဲ ယင်းကို သံသယရှိပါက၊ ယင်းကို ဝေဖန်ကဲ့ရဲ့ပါက၊ သို့မဟုတ် ယင်းကို စိစစ်ပြီး ဆန်းစစ်ပါက၊ ဤသို့သော လူတစ်ဦးတွင် ဘုရားသခင်ကို ကျိုးနွံနာခံမည့်သဘော မရှိပေ။ လက်ရှိဉာဏ်အလင်း ပေါ်လာသည့်အခါ သင်သည် မနေ့က ဉာဏ်အလင်းကို တန်ဖိုးထားဆဲဖြစ်ပြီး ဘုရားသခင်၏ အလုပ်သစ်ကို ဆန့်ကျင်ပါက သင်သည် ယုတ္တိမတန်သောသူ တစ်ဦးမျှသာ ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်သော သူများထဲမှ တစ်ဦး ဖြစ်လေသည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သော့ချက်မှာ အသစ်ဆုံးသော ဉာဏ်အလင်းကို ခံယူခြင်းဖြစ်ပြီး ယင်းကို ခံယူကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤအရာသာလျှင် စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်ပေသည်။ ဘုရားသခင်ကို တောင့်တရန် စိတ်ပိုင်းဖြတ်မှု မရှိသောသူများသည် ကိုယ်တော်ကို ရည်ရွယ်ချက်ရှိရှိ ကျိုးနွံနာခံနိုင်စွမ်း မရှိကြဘဲ ၎င်းတို့၏ ရှိရင်းစွဲကို ကျေနပ်ရောင့်ရဲခြင်း၏ ရလဒ်အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်ရုံသာ တတ်နိုင်ကြသည်။ လူသည် ယခင်က ရှိခဲ့သောအရာများ၏ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံရသောကြောင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မပြုနိုင်ပေ။ ယခင်က ရှိခဲ့သောအရာများသည် လူ၌ ဘုရားသခင်နှင့်ပတ်သက်သော အမျိုးမျိုးသော အယူအဆများနှင့် အမျိုးမျိုးသော စိတ်ကူးများကို ဖြစ်ပေါ်စေခဲ့ပြီး ဤအရာများသည် သူ၏ စိတ်ထဲတွင် ဘုရား၏ ပုံသဏ္ဌာန် ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ သူ ယုံကြည်သည့်အရာမှာ သူ၏ ကိုယ်ပိုင် အယူအဆများနှင့် သူ၏ ကိုယ်ပိုင် စိတ်ကူး၏ စံနှုန်းများသာ ဖြစ်သည်။ သင်သည် ယနေ့ လက်တွေ့ကျသောအမှုကို လုပ်ဆောင်သော ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် စိတ်ကူးထဲမှ ဘုရားနှင့် နှိုင်းယှဉ်တိုင်းတာပါက သင်၏ ယုံကြည်ခြင်းသည် စာတန်ထံမှ လာပြီး သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအပေါ် အခြေခံလေသည်၊ ဘုရားသခင်သည် ဤယုံကြည်ခြင်းမျိုးကို အလိုမရှိပေ။ ၎င်းတို့၏ ဂုဏ်ပုဒ်များသည် မည်မျှပင် မြင့်မားနေပါစေ၊ ပြီးလျှင် ၎င်းတို့၏ အသုံးခံမှုများသည် မည်သို့ပင် ရှိနေပါစေ၊ ၎င်းတို့သည် ကိုယ်တော့်အတွက် အလုပ်လုပ်ရာတွင် တစ်သက်တာ ကြိုးပမ်းအားထုတ်မှုကို အသုံးခံခဲ့ပြီး မိမိတို့ကိုယ်ကို မာတုရဖြစ်သည့်တိုင်အောင် လုပ်ဆောင်ခဲ့လျှင်ပင် ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းရှိသည့် မည်သူ့ကိုမျှ အသိအမှတ်မပြုပေ။ ကိုယ်တော်သည် ၎င်းတို့အပေါ် ကျေးဇူးတော် အနည်းငယ်ကိုသာ ပေးသနားပြီး ယင်းကို အချိန်အတိုင်းအတာတစ်ခုအထိ ပျော်မွေ့ခံစားခွင့်ပေးရုံသာ ဖြစ်သည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲတွင် အလုပ်မလုပ်ဘဲ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးချင်းစီကို အလှည့်ကျ ဖယ်ရှားရှင်းလင်းလိမ့်မည် ဖြစ်သည်။ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ မိမိတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိဘဲ မှားယွင်းသော ရည်ရွယ်ချက်များ ရှိသူများသည် ဆန့်ကျင်ပြီး အဖျက်အမှောင့်လုပ်သော သူများဖြစ်ကြကာ ထိုသို့သော လူများကို ဘုရားသခင်က သေချာပေါက် ဖယ်ရှားရှင်းလင်းလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စိုးစဉ်းမျှ မရှိဘဲ ကိုယ်တော်၏ နာမတော်ကို အသိအမှတ်ပြုရုံသာ ပြုပြီး ဘုရားသခင်၏ ချဉ်းကပ်ရလွယ်ကူခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို အနည်းငယ် ခံစားသိရှသည့်တိုင် သန့်ရှင်းသော ဝိညာဉ်တော်၏ ခြေလှမ်းများနှင့်အညီ အမီမလိုက်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း မရှိသော သူများသည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်တွင် အသက်ရှင်ကြပြီး ကိုယ်တော်၏ ရယူခြင်း သို့မဟုတ် စုံလင်အောင် ပြုခြင်းကို မခံရနိုင်ပေ။ ဘုရားသခင်သည် လူတို့၏ ကျိုးနွံနာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ပြီး ပျော်မွေ့ခံစားခြင်းမှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ ဘဝများတွင် ဆင်းရဲဒုက္ခခံစားရခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးလေသည်။ ဤသို့သော ယုံကြည်ခြင်းမှတစ်ဆင့်သာလျှင် လူတို့၏ စိတ်သဘောထားများ ပြောင်းလဲနိုင်ပြီး ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သော စစ်မှန်သည့် သိကျွမ်းမှုကို ပိုင်ဆိုင်နိုင်လေသည်။ ဘုရားသခင်၏ ကျေးဇူးတော်အလယ်တွင် အသက်ရှင်ရခြင်းဖြင့် ကျေနပ်ရောင့်ရဲမနေဘဲ သမ္မာတရားကို တက်ကြွစွာ တောင့်တပြီး ရှာဖွေခြင်း၊ ပြီးလျှင် ဘုရားသခင်၏ ရယူခြင်းခံရရန် လိုက်စားခြင်း ဤသည်မှာ ဘုရားသခင်ကို သတိရှိရှိ ကျိုးနွံနာခံသည်ဟု ဆိုလိုခြင်းဖြစ်ပြီး ဤသည်မှာ ကိုယ်တော် အလိုရှိသော ယုံကြည်ခြင်းမျိုး အတိအကျပင် ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ခံစားရုံမှတစ်ပါး အခြား မည်သည့်အရာကိုမျှ မလုပ်ဆောင်သော လူများသည် စုံလင်အောင် ပြုခြင်း သို့မဟုတ် ပြောင်းလဲခြင်း မခံရနိုင်ပေ၊ ၎င်းတို့သည် အပေါ်ယံ ကျိုးနွံနာခံခြင်း၊ ရိုသေကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းတို့ကိုသာ ပိုင်ဆိုင်နိုင်ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ခံစားသော သူများသည် ဘုရားသခင်ကို စစ်မှန်စွာ မသိကျွမ်းနိုင်ကြဘဲ ၎င်းတို့ ဘုရားသခင်ကို သိကျွမ်းသည့်အခါတွင်ပင် ၎င်းတို့၏ သိကျွမ်းမှုမှာ အပေါ်ယံသာဖြစ်ပြီး ၎င်းတို့က “ဘုရားသခင်သည် လူကို ချစ်သည်” သို့မဟုတ် “ဘုရားသခင်သည် လူအပေါ် သနားကရုဏာထားသည်” ဟူသည့် အရာများကို ပြောဆိုကြသည်။ ဤသည်မှာ လူ၏ အသက်ကို ကိုယ်စားမပြုသည့်အပြင် လူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ သိကျွမ်းသည်ဟု မဆိုလိုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို စစ်ဆေးသည့်အခါ သို့မဟုတ် ကိုယ်တော်၏ စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်လာသည့်အခါ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိပါက၊ ထိုအစား ၎င်းတို့သည် သံသယဝင်လာပြီး ပြိုလဲ၍ပင် သွားပါက ၎င်းတို့သည် ကျိုးနွံနာခံမှု စိုးစဉ်းမျှ မရှိကြပေ။ ၎င်းတို့အထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သော စည်းကမ်းများနှင့် ကန့်သတ်ချက်များစွာ ရှိပြီး နှစ်ပေါင်းများစွာ ယုံကြည်ခြင်းမှ ၎င်းတို့ ရရှိထားသော ကာလကြာရှည်သည့် အတွေ့အကြုံ သို့မဟုတ် သမ္မာကျမ်းစာကို ၎င်းတို့၏ စည်းမျဉ်းအဖြစ် မှတ်ယူသော အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများပင် ရှိလေသည်။ ဤသို့သော လူများသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ ဤလူများသည် လူနှင့်ဆိုင်သော အရာများဖြင့် ပြည့်နှက်နေသည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ၎င်းတို့၏ “ကျိုးနွံနာခံခြင်း” သည် ၎င်းတို့၏ ကိုယ်ပိုင် နှစ်သက်မှုများအပေါ် အခြေခံသည်၊ ဘုရားသခင်သည် ဤကဲ့သို့သော ကျိုးနွံနာခံခြင်းကို အလိုရှိမည်လော။ ဤသည်မှာ စည်းမျဉ်းစည်းကမ်း ပုံသေစောင့်ထိန်းခြင်းဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မဟုတ်ပေ၊ ယင်းမှာ မိမိတို့ကိုယ်ကို ကျေနပ်စေခြင်းနှင့် နှစ်သိမ့်ပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်ဟု သင် ပြောပါက သင်သည် ကိုယ်တော်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် အဲဂုတ္တုပြည် ဖါရောမင်းတစ်ပါး ဖြစ်သည်။ သင်သည် မကောင်းမှုကို ပြုပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် အလုပ်ကို တမင်တကာ ဆောင်ရွက်သည်၊ ဤသည်မှာ သင့်အား ဘုရားသခင် အစေခံစေလိုသည့် ပုံစံ ဖြစ်သလော။ သင်သည် အမြန်ဆုံး နောင်တရ၍ပြောင်းလဲပြီး မိမိကိုယ်ကို သတိပြုမိခြင်း တစ်စုံတစ်ရာ ရရှိရန် ကြိုးစားသည်က အကောင်းဆုံး ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ပါက သင် အိမ်ပြန်သွားသည်က ပိုကောင်းလိမ့်မည်၊ ထိုအရာက သင်၏ “ဘုရားသခင်ကို အစေခံခြင်း” ထက် သင့်အတွက် ပို၍ အကျိုးရှိစေလိမ့်မည်။ သင်သည် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မည် မဟုတ်ပေ၊ သင်သည် ကိုယ့်နေရာကိုယ် သိရှိပြီး ကောင်းမွန်စွာ နေထိုင်လိမ့်မည်၊ ထိုအရာက ပိုကောင်းမည် မဟုတ်လော။ ပြီးလျှင် သင်သည် ဘုရားသခင်ကို ဆန့်ကျင်မည် မဟုတ်သည့်အပြင် အပြစ်ဒဏ်ပေးခြင်းလည်း ခံရမည် မဟုတ်ပေ။

အရှေ့သို့- ဘာသာရေး အစေခံခြင်းကို ဖယ်ရှားပစ်ရမည်

နောက်တစ်ခုသို့- စုံလင်အောင်ပြုခြင်း ခံရပြီးသောသူတို့အဖို့ ကတိတော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။