မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့်- အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ လှည့်စားခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားနဲ့၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏ထုံထိုင်းသော အသိတရားမှ လာခြင်းသာ ဖြစ်သည်၊ သူ၏ မလိုမုန်းထားသော သဘာဝနှင့် သူ၏ စိတ်မချရသော အသိစိတ်တို့ကလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် ပုံမှန်သို့ ပြန်ဖြစ်လာနိုင်ပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ တစ်ဦး ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာသည်မှာ ယေရှုကိုပင် ကားတိုင်တွင် သံမှိုရိုက်ပြီး သူ့အိမ်သို့ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံ ဝင်ရောက်ခြင်းအား ငြင်းခဲ့သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အရေးမပါဟု မြင်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ်သည် တစ်ခါမျှ အကောင်းပကတိ မဟုတ်သည့်အပြင် တိုး၍ ထိုင်းမှိုင်းခြင်းကြောင့်သက်သက် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို သူ၏ ဆက်ဆံမှုတွင် အလွန် ကြမ်းကြုတ်ရက်စက်မည် မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် သူ၏ ဆက်ဆံမှုတွင် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ့၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်၊ လူ့ဇာတိခံ ဘုရားသခင်ကို ဤနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ခေတ်တွင် အသက်ရှင်နေထိုင်သော်လည်း၊ ဤမျှကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်နိုင်စွမ်းမရှိဘဲ၊ ယင်းအစား ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆဲ၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားကို လုံးဝ လျစ်လျူရှုသည့်အပြင်၊ အမြင်အားဖြင့် ယင်းကို ဆန့်ကျင်ပြီး ငြီးငွေ့ပေသည်။ ဘုရားသခင် ကြွလာခြင်းကို လူသားသည် မည်သို့သဘောထားသည် ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်သော်ငြားလည်း၊ တိုတိုပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲ မိမိအမှုတော်ကို အစဉ် စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်သွားပြီးဖြစ်ကာ၊ သူ့အသိစိတ်သည် အလွန့်အလွန် ထိုင်းမှိုင်းသွားပြီး၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေမှုကို ခံရပြီးဖြစ်ကာ ကြာမြင့်စွာကတည်းကပင် လူသား၏နဂိုအသိတရား မဟုတ်တော့ပေ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များစွာ ပေးအပ်နှင်းသည်ကို ကျေးဇူးမတင်သည်သာမက၊ သူ့ကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မကျေမချမ်းပင် ဖြစ်သွားခဲ့ပေပြီ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့်၊ ဘုရားသခင်ကို တိုး၍ မကျေမချမ်း ဖြစ်ရခြင်း ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်အတွက် မိမိအသက်ကို စတေးနိုင်စွမ်း မရှိသည်သာမက၊ သူ့ထံမှ မျက်နှာသာပေးမှုများကို နှိုက်ယူဖို့ကိုလည်း ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို လူသားကပေးသည့်အရာထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ ထိုကဲ့သို့သော အသိတရားနှင့် အသိစိတ်ရှိသည့် လူတို့သည် ဤအရာကို ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ထင်မှတ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို များစွာ အသုံးခံပြီး ဖြစ်ကြောင်းနှင့် ဘုရားသခင်မှ သူတို့ကို ပေးခဲ့သည်မှာ နည်းလွန်းကြောင်း ယုံကြည်ဆဲ ဖြစ်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးပြီးနောက် ၎င်းတို့၏ လက်များဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ၎င်းတို့အား ငါ အခပေးရန် တောင်းဆိုသောသူများ ရှိသည်၊ သို့မဟုတ် ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ ညအချို့အတွက် တည်းခိုခ ပေးရန် တောင်းဆိုသော သူများရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘာဝနှင့် အသိစိတ်တစ်ခု ရှိလျက် အသက်ကို ရလိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ကြသေးသနည်း။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များ ဖြစ်ကြသည်တကား။ လူသားရှိ ဤလူ့သဘာဝမျိုးနှင့် ဤအသိစိတ်မျိုးတို့က လူ့ဇာတိခံ ဘုရားသခင်ကို ကုန်းမြေအနှံ့ လှည့်ပတ်သွားလာစေသည့် အရာများဖြစ်သည်။ အသိစိတ်နှင့် လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သူများသည် ဘုရားသခင် လုပ်ဆောင်ပြီးစီးခဲ့သော အမှုတော် မည်မျှများပြားသည့်အတွက်ကြောင့် မဟုတ်ဘဲ၊ ကိုယ်တော်သည် အမှုတော် လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်တိုင်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်ကာ သူ့ကို အသည်းလှိုက်အူလှိုက် အစေခံသင့်သည်။ ဤသည်မှာ အကောင်းပကတိ အသိစိတ်ရှိသူတို့ ဆောင်ရွက်သင့်သည့်အရာဖြစ်ပြီး၊ ယင်းမှာ လူသား၏တာဝန် ဖြစ်သည်။ လူအများစုသည် ဘုရားသခင်ကို ၎င်းတို့အစေခံမှုတွင် သတ်မှတ်ချက်များနှင့် ပတ်သက်၍ပင် ပြောဆိုကြသည်- သူသည် လူသားဖြစ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ဖြစ်သည်ဖြစ်စေ သူတို့ အလေးမထားကြပေ၊ ပြီးလျှင် သူတို့ကိုယ်တိုင်၏ အခြေအနေများ အကြောင်းကိုသာ ပြောကြပြီး၊ ၎င်းတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းဖို့ကိုသာ ကြိုးစားကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ၊ ဝန်ဆောင်ခ တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ၊ ပြေးလွှားခ တောင်းကြသည်၊ ငါ့အတွက် အလုပ်လုပ်သောအခါ၊ လုပ်အားခ တောင်းကြသည်၊ ငါ့အဝတ်အစားများကို လျှော်ဖွပ်သောအခါ၊ လျှော်ဖွပ်ခ တောင်းကြသည်၊ အသင်းတော်ကို သင် ထောက်ပံ့သောအခါ ပြန်ထေမိရန် ကုန်ကျစရိတ်များ တောင်းခံကြသည်၊ စကားပြောရသောအခါ၊ ဟောပြောခ တောင်းကြသည်၊ စာအုပ်ဖြန့်ဝေသောအခါ၊ ဖြန့်ဖြူးခ တောင်းကြသည်၊ ပြီးလျှင် စာရေးသောအခါ၊ စာရေးခ တောင်းကြသည်။ ငါ ကိုင်တွယ်ဖြေရှင်းခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေပင် တောင်းခံနေစဉ်တွင်၊ အိမ်ပြန်ခိုင်းခြင်း ခံရသောသူများသည် ၎င်းတို့၏ အမည် ထိခိုက်ခြင်းအတွက် လျော်ကြေးငွေ တောင်းကြသည်။ အိမ်ထောင်မကျသေးသော သူများသည် သတို့သား၊ သတို့သမီး တင်တောင်းခ သို့မဟုတ် ငယ်ရွယ်နုပျိုမှု ဆုံးရှုံးခ တောင်းကြသည်၊ ကြက်သတ်သူများသည် သားသတ်ခ တောင်းကြသည်၊ အစားအစာ ကြော်သူများသည် ကြော်ခ တောင်းကြသည်၊ ပြီးလျှင် ဟင်းချိုချက်သူများသည်လည်း ယင်းအတွက် အခကြေးငွေ တောင်းကြသည်...ဤသည်မှာ သင်တို့၏ မြင့်မြတ် ကြီးမားသော လူ့သဘာဝနှင့် သင်တို့၏ နွေးထွေးသောအသိစိတ်က သတ်မှတ်ပေးသည့် လုပ်ရပ်များပေတည်း။ သင်တို့၏ အသိစိတ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝ ဘယ်မှာနည်း။ သင်တို့ကို ငါပြောမည်။ သင်တို့ ဤသို့ ဆက်လက် လုပ်ဆောင်ပါက၊ သင်တို့အကြားတွင် ဆောင်ရွက်နေခြင်းကို ငါရပ်ဆိုင်းမည်။ လူ့အဝတ်ဝတ်ဆင်ထားသော သားရဲအုပ်အကြား ငါ အမှုပြုမည်မဟုတ်၊ ထို့ကြောင့် ရိုင်းစိုင်းသောစိတ်နှလုံးများကို လှပသောမျက်နှာများဖြင့် ဖုံးထားသည့် ဤလိုလူစုအတွက် ငါ ဒုက္ခခံမည်မဟုတ်၊ ကယ်တင်ခြင်းအလားအလာ စိုးစဉ်းမျှမရှိသော ထိုကဲ့သို့သော တိရစ္ဆာန်တစ်အုပ် အတွက် ငါ သည်းခံမည်မဟုတ်။ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်၊ ယင်းမှာ သင်တို့အပေါ် အမှောင်ထု ကျရောက်သည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာသည့်နေ့ ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ငါသည် သင်တို့ကဲ့သို့သော တိရစ္ဆာန်ထက်ပင် နိမ့်ကျသည့် လူစုအပေါ် စေတနာ ထားရှိမည် မဟုတ်ပေ။ ငါ့နှုတ်ကပတ်တော်များနှင့် ငါ့လုပ်ဆောင်မှုများအတွက် အကန့်အသတ်ရှိသည်၊ ပြီးလျှင် သင်တို့၏ လူ့သဘာဝနှင့် အသိစိတ်၏ လက်ရှိအခြေအနေ ဤသို့ဖြစ်နေသောကြောင့်၊ သင်တို့သည် အသိစိတ် အလွန်ကင်းမဲ့ကာ၊ ငါ့ကို များစွာ နာကျင်စေပြီးဖြစ်သည့်အပြင်၊ သင်တို့၏ စက်ဆုပ်ဖွယ်အပြုအမူသည် ငါ့ကို များစွာ ရွံရှာစေသောကြောင့် ငါ ဆက်အမှုပြုတော့မည် မဟုတ်ပေ။ လူ့သဘာဝနှင့် အသိစိတ် လွန်စွာချို့ယွင်းနေသူတို့သည် ကယ်တင်ခြင်းရရှိနိုင်သည့် အခွင့်အရေး လုံးဝရှိလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ အသနားအကြင်နာကင်းမဲ့ပြီး ကျေးဇူးကန်းသူတို့ကို ငါ မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ပေ။ ငါ၏နေ့ရက်ကာလ ကျရောက်လာသောအခါ၊ ကြောက်မက်ဖွယ်ကောင်းသော ငါ၏အမျက်ဒေါသကို တစ်ချိန်က ဆွခဲ့သည့် ငြင်းဆန်သောသူတို့အပေါ် ငါ၏ ပူပြင်းလှသော မီးလျှံကို ထာဝရ ငါရွာသွန်းမည်၊ တစ်ချိန်က ငါ့ကို ဆဲရေးပြီး ငါ့ကို ပစ်ပယ်သွားသော ထိုတိရစ္ဆာန်များကို ငါ၏ထာဝရ ပြစ်ဒဏ်ချမှတ်မည်၊ တစ်ချိန်က ငါနှင့်အတူ နေထိုင်စားသောက်ခဲ့သော်လည်း၊ ငါ့ကိုမယုံကြည်သည့်အပြင် ငါ့ကို စော်ကားပြီး သစ္စာဖောက်သွားသော ငြင်းဆန်သော သူတို့ကို ငါ၏ ဒေါသမီးဖြင့် အချိန်ပြည့် လောင်ကျွမ်းစေမည်။ ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ငါ၏အပြစ်ဒဏ် ခံစားစေမည်၊ တစ်ချိန်က ငါ၏ တန်းတူရည်တူများအဖြစ် ငါ့အပေါ်တွင် ရပ်တည်လိုသော ဆန္ဒရှိသော်လည်း၊ ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် ငါ၏အမျက်ဒေါသ အကုန်အစင် သွန်းမည်၊ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှု၊ ငါပြောကြားခဲ့သည့် နက်နဲမှုများကို မွေ့လျော်ခဲ့သူများနှင့် ငါ့ထံမှ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကို ရိုက်နှက်သော ငါ၏လှံတံသည် ကျရောက်လိမ့်မည်။ ငါ့နေရာကို ယူရန် ကြိုးပမ်းသည့် မည်သူကိုမျှ ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်များကို ဆွဲလုရန် အားထုတ်ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။ ယခုတွင် သင်တို့သည် ဘေးအန္တရာယ်မှ လွတ်မြောက်လျက်ရှိနေပြီး သင်တို့ ငါ့အား တောင်းဆိုမှုများကို ရှိထားသည့်အခွင့်ထက်ပိုပြီး ဆက်လက်ပြုလုပ်နေသည်။ ဒေါသနေ့ရက် ကျရောက်လာသောအခါ၊ သင်တို့သည် ငါ့ကို နောက်ထပ် တောင်းဆိုမှုတစ်ခုတစ်လေ ပြုတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်တို့၏ စိတ်နှလုံးကျေနပ်သည့်အထိ သင်တို့ကိုယ်သင်တို့ “ပျော်ရွှင်ကြည်နူး” ခွင့်ကို ငါ ပေးမည်၊ သင်တို့ မည်သည့်အခါမျှ ပြန်မထလာနိုင်အောင် သင်တို့မျက်နှာကို မြေကြီးထဲသို့ အတင်းဖိသွင်းမည်။ ဤအကြွေးကို သင်တို့အား အနှေးနှင့်အမြန် ငါ “ပြန်ဆပ်” မည်ဖြစ်ပြီး၊ ထိုနေ့ရက် ရောက်လာသည်ကို သင်တို့စိတ်ရှည်လက်ရှည် စောင့်နေမည်ဟု ငါမျှော်လင့်သည်။

စက်ဆုပ်ဖွယ်ကောင်းသော ဤလူများသည် ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ပြီး ဘုရားသခင်ထံသို့ လှည့်ပြန်လာနိုင်ပါက၊ ၎င်းတို့၌ ကယ်တင်ခြင်းရရန် အခွင့်အလမ်း ရှိနေဆဲဖြစ်သည်။ လူသားသည် ဘုရားသခင်ကို အမှန်တမ်းတသောစိတ် ရှိသော်၊ ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရမည် မဟုတ်ပေ။ ဘုရားသခင်တွင် စိတ်ခံစားချက်ရှိသောကြောင့် လူသားက ဘုရားသခင်ကို မရရှိနိုင်ခြင်း မဟုတ်၊ သို့မဟုတ် ဘုရားသခင်က လူသား၏ ရရှိခြင်းကို လိုလားခြင်း မရှိသောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်ကို မရရှိလိုသောကြောင့်ဖြစ်ကာ လူသားသည် ဘုရားသခင်ကို အပူတပြင်း မရှာဖွေသောကြောင့် ဖြစ်ပေသည်။ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသော လူသားတစ်ဦးအား ဘုရားသခင်က မည်သို့ ကျိန်ဆဲနိုင်မည်နည်း။ အကောင်းပကတိ အသိစိတ်နှင့် စာနာတတ်သော အသိတရား ရှိသူတစ်ယောက်ကို ဘုရားသခင်က မည်သို့ ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ပြီး အစေခံသူတစ်ဦးကို သူ၏ဒေါသမီးဖြင့် မည်သို့ လောင်ကျွမ်းစေနိုင်မည်နည်း။ ဘုရားသခင်ကို နာခံဖို့ ဆန္ဒရှိသူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်မှ ကန်ထုတ်ခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၍မဝသူ တစ်ဦးသည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးမှု၌ မည်သို့ နေနိုင်မည်နည်း။ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်ဖို့ ဆန္ဒရှိသူတစ်ဦးသည် မည်သည့်အရာမျှ မရှိသူတစ်ဦးအဖြစ် မည်သို့ ချန်ရစ် ခံရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နောက်သို့ လိုက်ရန် လိုလိုလားလား မရှိ၊ မိမိ၏ ပစ္စည်းဥစ္စာများကို ဘုရားသခင်အတွက် အသုံးခံရန် လိုလိုလားလား မရှိ၊ ထို့အပြင် မိမိတစ်သက်တာ လုံ့လစိုက်မှုများကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလိုလားလား မရှိ၊ ယင်းအစား ဘုရားသခင်သည် လက်ခံနိုင်သည့် အတိုင်းအတာ ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ဘုရားသခင်နှင့် ပတ်သက်သည့် အရာများစွာသည် လူ့စိတ်ကူးများနှင့် ဆန့်ကျင်ကြောင်း ပြောသည်။ သင်တို့သည် ဘုရားသခင်ကို ရှာဖွေခြင်းမရှိသည့် အဖြစ်မှန်ကို မဆိုထားနဲ့၊ သင်တို့၏ ကြိုးစားအားထုတ်မှုများတွင် မဆုတ်မနစ်ရှိသော်လည်း၊ ဤလူ့သဘာဝမျိုးဖြင့် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်ဦးမည် မဟုတ်သေးပေ။ သင်တို့သည် လူသားမျိုးနွယ်၏ အပြစ်အနာအဆာရှိသော ကုန်ပစ္စည်းများဖြစ်သည်ကို မသိကြသလော။ သင်တို့၏ လူ့သဘာဝထက် ပို၍ အောက်တန်းကျသည့် လူ့သဘာဝ မရှိသည်ကို သင်တို့ မသိကြသလော။ သင်တို့ကို ဂုဏ်ပြုဖို့ အခြားသူများက သင်တို့အား မည်သို့ခေါ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်အပေါ် အမှန်တကယ် ချစ်သူများက သင်တို့ကို ဝံပုလွေ၏ဖခင်၊ ဝံပုလွေ၏မိခင်၊ ဝံပုလွေ၏သား၊ ဝံပုလွေ၏မြေးဟု ခေါ်ကြသည်။ သင်တို့သည် ဝံပုလွေ၏ သားစဉ်မြေးဆက်၊ ဝံပုလွေ၏လူမျိုး ဖြစ်ကြပြီး၊ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ပင်ကိုလက္ခဏာကို သိထားသင့်ပြီး မည်သည့်အခါမျှ မမေ့လျော့သင့်ပေ။ သင်တို့သည် အများတကာထက် သာလွန်သည့် ပုဂ္ဂိုလ်တစ်ယောက်ဟု မိမိကိုယ်ကိုယ် မတွေးထင်နှင့်- သင်တို့သည် လူသားမျိုးနွယ်အလယ်တွင် လူသားမဟုတ်သောသူများတွင် အဆိုးယုတ်ဆုံး အုပ်စုဖြစ်သည်။ သင်တို့အကြား အမှုပြုခြင်းအားဖြင့် ငါမည်မျှ အရဲစွန့်ခဲ့သည်ကို သင်တို့ သိကြသလော။ သင်တို့သည် ဤအရာတစ်ခုကိုမျှ မသိကြသလော။ သင်တို့အလယ်တွင် အမှုပြုခြင်းအားဖြင့် ငါမည်မျှ အရဲစွန့်ခဲ့သည်ကို သင်တို့ သိကြသလော။ အကယ်၍ သင်တို့၏ အသိစိတ်သည် ပုံမှန် ပြန်မရောက်နိုင်ပါက၊ ပြီးလျှင် သင်တို့၏ အသိတရားသည် ပုံမှန်အလုပ် မလုပ်နိုင်ပါက၊ “ဝံပုလွေ” ဆိုသည့် အမည်နာမကို သင်တို့ မည်သည့်အခါမျှ ဖယ်ရှားမည်မဟုတ်၊ ကျိန်ဆဲရာနေ့ရက်မှ မည်သည့်အခါမျှ လွတ်မြောက်မည် မဟုတ်၊ ပြီးလျှင် သင်၏ အပြစ်ဒဏ် ခံရမည့်နေ့မှလည်း မည်သည့်အခါမျှ လွတ်မြောက်မည် မဟုတ်ပေ။ သင်တို့သည် နိမ့်ကျစွာ မွေးဖွားလာသည့် တန်ဖိုးမရှိသောအရာဖြစ်သည်။ သင်တို့သည် သဘာဝဗီဇအားဖြင့် ဆာလောင်သော ဝံပုလွေ အုပ်စုတစ်စုဖြစ်ပြီး၊ အပျက်အစီးအစအနနှင့် အမှိုက် အပုံတစ်ပုံသာ ဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကဲ့သို့မဟုတ်၊ မျက်နှာသာရရန် သင်တို့အပေါ် ငါအမှုပြုခြင်း မဟုတ်ဘဲ၊ အမှု၏ လိုအပ်ချက်ကြောင့်သာ ဖြစ်သည်။ သင်တို့သည် ငါ့ကို ဤနည်းဖြင့် ဆက်လက်ပုန်ကန်နေမည် ဆိုပါက၊ ငါသည် ငါ့အမှုကို ရပ်တန့်ကာ မည်သည့်အခါမျှ သင်တို့အပေါ် အမှုပြန်ပြုတော့မည် မဟုတ်။ ဆန့်ကျင်ဖက်အားဖြင့် ငါ့ကိုရန်လိုသော သူများအား ကြည့်ရှုရန် ငါလိုလိုလားလား မရှိသောကြောင့်၊ ငါ့ကို စိတ်ချမ်းသာစေသည့် နောက်ထပ် လူတစ်စုထံသို့ ငါ၏ အမှုကို လွှဲပြောင်းပေးပြီး ဤနည်းဖြင့် သင်တို့အား ငါ ထာဝရ စွန့်ပစ်မည် ဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် ငါနှင့် သဟဇာတ ဖြစ်လိုသလော၊ သို့မဟုတ် ငါ့ကိုရန်ဘက်ပြုလိုသလော။

အရှေ့သို့- သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော

နောက်တစ်ခုသို့- ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။