ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်ပြီး သင်တို့၏နားလည်ချက်မှာ အဘယ်နည်း

ဤခေတ်ထဲ၌ မွေးဖွားလာသော လူတို့သည် စာတန်နှင့် ညစ်ညမ်းသော နတ်ဆိုးများ၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သော်လည်း၊ ထိုကဲ့သို့သော ဖောက်ပြန်ပျက်စီးခြင်းက သူတို့အား အဆုံးစွန်သော ကယ်တင်ခြင်းကိုလည်း ဆောင်ကြဉ်းပေးခဲ့ပြီဖြစ်ကာ၊ ၎င်းမှာ ယောဘ၏ ခြံမွေးတိရစ္ဆာန်တို့ ပြည့်နှက်သော တောင်ကုန်းလွင်ပြင်များနှင့် ကြီးမားသော ချမ်းသာကြွယ်ဝမှုထက် ပို၍ပင် ကြီးမားသည်သာမက၊ စမ်းသပ်မှုများ ပြီးသည့်နောက်တွင် ယောဘရရှိခဲ့သည့် ယေဟောဝါအား မြင်တွေ့ရခြင်း ကောင်းချီးမင်္ဂလာထက်လည်း ပို၍ကြီးမားသော ကယ်တင်ခြင်းပင်ဖြစ်သည်။ ယောဘအနေဖြင့် ယေဟောဝါ စကားပြောသည်ကို ကြားရပြီး မိုးသက်မုန်တိုင်းထဲမှ ယေဟောဝါ၏ အသံကို ကြားခဲ့ရသည်မှာ သေခြင်းတရား၏ စမ်းသပ်မှုကို သူ ကြုံတွေ့ခဲ့ရပြီးမှသာ ဖြစ်သည်။ သို့တိုင် သူသည် ယေဟောဝါ၏ မျက်နှာကို မတွေ့မြင်ခဲ့ရသည့်အပြင်၊ သူ၏စိတ်သဘောထားကို သိနားလည်ခြင်း မရှိခဲ့ပါ။ ယောဘရရှိလိုက်သည့် အရာမှာမူ ကာမဂုဏ် ခံစားခြင်းများကို ပေးသည့် ရုပ်ဝတ္ထု ချမ်းသာကြွယ်ဝမှုနှင့် ပတ်ဝန်းကျင်တစ်ခွင်ရှိ မြို့များတွင် အလှပဆုံးဖြစ်သော သားသမီးများအပြင် ကောင်းကင်တမန်များ၏ ကာကွယ်စောင့်ရှောက် ပေးမှုမျှသာ ဖြစ်သည်။ သူသည် ယေဟောဝါကို တစ်ခါမျှ မမြင်ခဲ့ရသည့်အပြင်၊ သူ့ကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုခဲ့သော်လည်း၊ ယေဟောဝါ၏ စိတ်သဘောထားကို သိနားလည်ခြင်း လုံးဝမရှိခဲ့ပါ။ ထို့ပြင် ယနေ့ခေတ်လူတို့၏ ရုပ်ဝတ္ထုဆိုင်ရာ သာယာပျော်ရွှင်မှုများသည် ယာယီသဘောဖြင့် နုံချာအားနည်းသည် သို့တည်းမဟုတ် ပြင်ပလောက၏ ပတ်ဝန်းကျင်သည် ခက်ခဲကြမ်းတမ်းသည်ဟု ဆိုနိုင်သော်လည်း၊ ငါသည် ရှေးပဝေသဏီကတည်းက လူကို မည်သည့်အခါမျှ မထုတ်ဖော်ခဲ့ဖူးဘဲ၊ အစဉ်အမြဲ လျှို့ဝှက်ထားခဲ့သော ငါ၏ စိတ်သဘောထားကို ပြသသည့်အပြင်၊ အားလုံးအနက် အနိမ့်ကျဆုံးဖြစ်သော်လည်း၊ ငါ၏ အကြီးမားဆုံးသော ကယ်တင်ခြင်းကို ပေးအပ်ခဲ့ပြီးသည့် လူတို့အား ကျော်လွန်ခဲ့ပြီးသော ကပ်ကမ္ဘာများရှိ နက်နဲရာများကိုလည်း ပြသလေသည်။ ထိုမျှမက ဤသည်မှာ ဤအရာများကို ငါထုတ်ဖော်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ငါသည် ထိုကဲ့သို့သော အမှုကို ယခင်က မည်သည့်အခါမျှ မပြုခဲ့ဖူးပါပေ။ သင်တို့သည် ယောဘနှင့်စာလျှင် အလွန်မှပင် နိမ့်ကျသော်လည်း၊ သင်တို့ရရှိသောအရာနှင့် သင်တို့မြင်တွေ့ခဲ့ရသော အရာတို့က သူ့ကို များစွာ သာလွန်ခဲ့ပြီဖြစ်သည်။ သင်တို့သည် ဒုက္ခဆင်းရဲမျိုးစုံကို ခံခဲ့ရပြီး ညှဉ်းဆဲမှုအမျိုးမျိုးကို ကြုံခဲ့ရသော်လည်း၊ ထိုဒုက္ခဆင်းရဲက ယောဘ၏ စမ်းသပ်မှုများနှင့် လုံးဝမတူပါချေ။ ယင်းအစား ယင်းသည် လူတို့၏ ပုန်ကန်မှုကြောင့်၊ လူတို့၏ ခုခံမှုကြောင့်၊ ထို့ပြင် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် သူတို့ရရှိသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းပင် ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းပင် ဖြစ်လေသည်။ သို့သော်ငြားလည်း ယောဘသည် ဣသရေလလူတို့ထဲက ယေဟောဝါ၏ ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာမှုကို ရရှိခဲ့သည့် ဖြောင့်မတ်သောလူ တစ်ဦး ဖြစ်ခဲ့သည်။ သူသည် မကောင်းသော မည်သည့်အပြုအမူကိုမျှ မကျူးလွန်ခဲ့သည့်အပြင်၊ ယောဟောဝါကိုလည်း မခုခံမတော်လှန်ခဲ့ပါ။ ထိုအစား သူသည် ယေဟောဝါကို သစ္စာရှိစွာ ကိုးကွယ်ဆည်းကပ်ခဲ့သည်။ သူသည် သူ၏ဖြောင့်မတ်မှုကြောင့် စမ်းသပ်မှုများကို ခံခဲ့ရပြီး၊ သူသည် ယေဟောဝါ၏ သစ္စာရှိသော အစေခံဖြစ်သောကြောင့်၊ အလွန်ပြင်းထန်သော စမ်းသပ်မှုများကို ကြုံခဲ့ရသည်။ ယနေ့ခေတ် လူတို့မှာမူ သူတို့၏ ညစ်ညမ်းမှုနှင့် မဖြောင့်မတ်ခြင်းတို့ကြောင့်၊ ငါ၏ တရားစီရင်မှုနှင့် ကျိန်ခြင်းကို ခံရခြင်းဖြစ်သည်။ သူတို့၏ ဆင်းရဲဒုက္ခသည် ယောဘက သူ၏ခြံမွေးတိရစ္ဆာန်များ၊ သူ၏ပစ္စည်းဥစ္စာ၊ သူ၏အစေခံများ၊ သူ၏သားသမီးများနှင့် သူချစ်ခင်မြတ်နိုးရသောအရာများ အားလုံးကို ဆုံးရှုံးခဲ့ရသောအချိန်က ယောဘကျော်ဖြတ်ခဲ့သည့် ဒုက္ခဆင်းရဲနှင့် လုံးဝမတူညီသော်လည်း၊ သူတို့ခံစားရသည့်အရာမှာ အလွန်ပြင်းထန်သော စစ်ဆေးခြင်းနှင့် လောင်ကျွမ်းခြင်းတို့ ဖြစ်သည်။ ယောဘ ကြုံတွေ့ခဲ့ရသည်ထက် ပိုပြင်းထန်စေသည်မှာ ထိုကဲ့သို့သော စမ်းသပ်မှုများသည် လူတို့ အားနည်းသောကြောင့် လျော့ပါးစေခြင်း သို့မဟုတ် ဖယ်ရှားပစ်ခြင်းတို့ ရှိမည်မဟုတ်ပေ၊ ထိုအစား ယင်းတို့မှာ ရေရှည်ဖြစ်ပြီး လူတို့ဘဝ၏ နောက်ဆုံးနေ့ရက်တိုင်အောင် ဆက်လက်ရှိနေမည် ဖြစ်သည်။ ဤအရာသည် အပြစ်ဒဏ်ပေးခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ခြင်းဖြစ်သည်။ ယင်းသည် အကြင်နာကင်းမဲ့သော လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ထိုမျှမက ယင်းမှာ လူသားမျိုးနွယ်၏ ရသင့်ရထိုက်သော “အမွေ” ဖြစ်သည်။ ယင်းသည် လူတို့နှင့် ထိုက်တန်သော အရာဖြစ်ပြီး ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို ဖော်ပြသည့် နေရာလည်း ဖြစ်သည်။ ဤသည်မှာ သိပြီးသားအချက် ဖြစ်သည်။ သို့တစေ လူတို့ ရရှိသည့်အရာသည် သူတို့ ယနေ့ခံစားရသည့် ဒုက္ခဆင်းရဲထက် များစွာ သာလွန်ပါသည်။ သင်တို့ခံစားရသည့် ဒုက္ခဆင်းရဲမှာ သင်တို့၏ မိုက်မဲမှု၏ အကျိုးဆက်ဖြစ်သော အနှောင့်အယှက်မျှသာဖြစ်သော်လည်း၊ သင်တို့ ရရှိထားသော အရာသည် သင်တို့၏ ဒုက္ခဆင်းရဲထက် အဆတစ်ရာ ပို၍ကြီးမားသည်။ ဓမ္မဟောင်းကျမ်း၌ရှိသော ဣသရေလများ၏ ပညတ်ချက်များအရ ငါ့ကို ခုခံတော်လှန်သူများ၊ ငါ့ကို လူပုံအလယ်၌ ဝေဖန်သူများနှင့် ငါ၏လမ်းခရီးအတိုင်း မလိုက်ဘဲ၊ ထိုအစား မထီမဲ့မြင်ပြုသော ယဇ်များကို ငါ့အား ရဲရဲတင်းတင်း ပူဇော်သောသူများ အားလုံးသည် ဗိမာန်တော်ထဲ၌ မီးနှင့် ဖျက်ဆီးခြင်းခံရမည် သို့မဟုတ် ရွေးကောက်ထားသောသူ တချို့၏ ကျောက်တုံးဖြင့် ပေါက်သတ်ခြင်းကို ခံရမည်မှာ အသေအချာပင်ဖြစ်ပြီး သူတို့၏ မျိုးနွယ်စုမှ ဆင်းသက်လာသူများနှင့် အခြား ဆွေမျိုးသားချင်း အရင်းအခြာများပင်လျှင် ငါ၏ ကျိန်ခြင်း အမင်္ဂလာကို ခံရမည်ဖြစ်သည်။ နောင်လာမည့် ဘဝအဆက်ဆက်တွင်လည်း သူတို့သည် လွတ်မြောက်မည် မဟုတ်ဘဲ၊ ငါ့အစေခံများ၏ အစေခံများ ဖြစ်ရလိမ့်မည်၊ ထို့ပြင် ငါသည် သူတို့ကို တစ်ပါးအမျိုးသားများကြားသို့ ပြည်နှင်ဒဏ်ပေးမည်ဖြစ်သဖြင့် သူတို့သည် မိမိတို့မွေးရပ်မြေသို့ ပြန်နိုင်ကြမည် မဟုတ်ပေ။ သူတို့၏ လုပ်ရပ်များနှင့် အပြုအမူအပေါ် မူတည်၍၊ ယနေ့ခေတ်လူတို့ ခံစားနေရသော ဒုက္ခဆင်းရဲသည် ဣသရေလလူမျိုးများ ခံစားရသော အပြစ်ဒဏ်ပေးခြင်းမျှ ပြင်းထန်ဖို့ ဝေးသေးသည်။ သင်တို့ လတ်တလောတွင် ဒုက္ခခံနေရသော အရာက အပြစ်ဒဏ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုခြင်းမှာ ကျိုးကြောင်းပြချက်မဲ့သည် မဟုတ်ပါ၊ သင်တို့က အမှန်တကယ် စည်းကျော်ခဲ့သောကြောင့် ဖြစ်သည်။ သင်တို့သာ ဣသရေလပြည်၌ ရှိခဲ့ပါက၊ သင်တို့သည် ထာဝရအပြစ်သားများ ဖြစ်ခဲ့ကြမည်ဖြစ်ပြီး၊ ယခင်ကတည်းက ဣသရေလလူမျိုးများ၏ အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်ခြင်း ခံခဲ့ရမည်ဖြစ်ကာ၊ ယေဟောဝါ၏ ဗိမာန်တော်ထဲ၌ ကောင်းကင်မှမီးဖြင့် လောင်ကျွမ်းခြင်းခံရပြီး ဖြစ်မည်။ ယခု သင်တို့ ရရှိလိုက်သည့်အရာမှာ မည်သည့်အရာနည်း။ သင်တို့ မည်သည့်အရာကို လက်ခံရရှိပြီး မည်သည့်အရာကို ခံစားမွေ့လျော်ပြီးပြီနည်း။ ငါသည် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့အထဲ၌ ထုတ်ဖော်ပြီး ဖြစ်သော်လည်း၊ အရေးအကြီးဆုံးမှာ ငါသည် လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအတွက် ငါ၏စိတ်ရှည်ခြင်းကို ထုတ်ဖော်ခဲ့ပြီဖြစ်သည်။ သင်တို့အထဲ၌ ငါပြုခဲ့ပြီးသော အမှုမှာ စိတ်ရှည်ခြင်းအမှုသာလျှင် ဖြစ်သည်ဟု ပြောနိုင်ပါသည်။ ၎င်းကို ငါ၏ စီမံခန့်ခွဲမှုအလို့ငှာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ထို့ထက်မက လူသားမျိုးနွယ်၏ ပျော်ရွှင်မွေ့လျော်ခြင်းအလို့ငှာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယောဘသည် ယေဟောဝါ၏ စမ်းသပ်မှုများကို ကြုံခဲ့ရသော်လည်း၊ သူသည် ယေဟောဝါကို ကိုးကွယ်သည့် ဖြောင့်မတ်သောသူသာလျှင် ဖြစ်သည်။ ထိုစမ်းသပ်မှုများကို ကြုံရလင့်ကစား သူသည် ယေဟောဝါအကြောင်း မညည်းညူခဲ့သည့်အပြင်၊ ယေဟောဝါနှင့် တွေ့ဆုံခြင်းကို တန်ဖိုးထားခဲ့သည်။ ယနေ့ခေတ် လူတို့သည် ယေဟောဝါ၏ မျက်မှောက်တော်ကို မြတ်နိုးတန်ဖိုး မထားရုံသာမက၊ ၎င်းတို့သည် သူ၏ပေါ်ထွန်းခြင်းကို ငြင်းပယ်ခြင်း၊ မုန်းတီးခြင်း၊ ညည်းညူခြင်းနှင့် သရော်လှောင်ပြောင်ခြင်းကို ပြုကြသည်။ သင်တို့သည် များစွာရရှိပြီးပြီ မဟုတ်လော။ သင်တို့၏ ဒုက္ခဆင်းရဲသည် အမှန်ပင် အလွန်ကြီးမားပြီလော။ သင်တို့သည် မာရိတို့ ယာကုပ်တို့ထက် ပို၍ ကံကောင်းထောက်မပြီ မဟုတ်လော။ သင်တို့၏ ခုခံတွန်းလှန်ခြင်းမှာ အလွန်ပေါ့တန်နေသလော။ သင်တို့ကို ငါပြဋ္ဌာန်းသည့်အရာနှင့် သင်တို့ထံမှ ငါတောင်းဆိုသည့်အရာမှာ ကြီးမားလွန်း များပြားလွန်း၍ ဖြစ်နိုင်သလော။ ငါ၏အမျက်ဒေါသကို ငါ့အားခုခံသော ဣသရေလလူမျိုးများအပေါ်တွင်သာ ထုတ်လွှတ်ခဲ့လျက်၊ သင်တို့အပေါ် တိုက်ရိုက်ထုတ်လွှတ်ခဲ့သည် မဟုတ်ပေ။ သင်တို့ရရှိထားသောအရာမှာ ငါ၏ အကြင်နာကင်းမဲ့သော တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းများသာမက၊ မသက်ညှာသော မီးနှင့်တူသည့် စစ်ဆေးခြင်းမျှသာ ဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား လူတို့သည် ငါ့အား ခုခံတော်လှန်ခြင်းနှင့် ငြင်းဆိုခြင်းကို ဆက်လက်ပြုကြပြီး ကျိုးနွံနာခံမှု တစ်စက်မျှမရှိဘဲ ထိုသို့ပြုကြသည်။ မိမိတို့ကိုယ်ကိုယ် ငါ့ထံမှ ကင်းကွာစေပြီး ငါ့အား ငြင်းပယ်ကြသောသူ အချို့ပင် ရှိသည်။ ထိုကဲ့သို့သော လူတို့မှာ မောရှေကို ဆန့်ကျင်ခဲ့သော ကောရနှင့် ဒါသန်တို့အုပ်စုထက် ဘာမျှမသာပေ။ လူတို့၏ စိတ်နှလုံးသည် အလွန်မာကျောကြပြီး သူတို့၏ သဘာဝသည် အလွန်ခေါင်းမာကြသည်။ သူတို့သည် မိမိတို့၏ လမ်းဟောင်းများကို မည်သည့်အခါမျှ မပြောင်းလဲကြချေ။ သူတို့သည် ပြည့်တန်ဆာများကဲ့သို့၊ နေ့ခင်းကြောင်တောင် ဖော်ထုတ်ပြလျက် ရှိကြသည်ဟု ငါပြောသကဲ့သို့၊ ငါ၏ နှုတ်ကပတ်တော်များသည် အလွန်ပြင်းထန်သောကြောင့်၊ ယင်းတို့သည် လူတို့၏ သဘာဝများကို နေ့အလင်းရောင်အောက်၌ ထုတ်ပြလျက် “မကြားဝံ့ မနာသာ” ပင် ဖြစ်ကောင်းဖြစ်မည်၊ သို့တိုင် သူတို့က ခေါင်းကလေးညိတ်၊ မျက်ရည်လေးကျရုံလောက်သာရှိပြီး မိမိတို့ကိုယ်ကိုယ် အတင်းအကျပ် အနည်းငယ်ဝမ်းနည်းစေကြသည်။ ဤအရာကျော်လွန်ပြီးသည်နှင့် သူတို့သည် တောင်ပေါ်က သားရဲတိရစ္ဆာန်များ၏ ရှင်ဘုရင်ကဲ့သို့ တဖန်ပြန်၍ ကြမ်းကြုတ်ရက်စက်ကြပြီး သူတို့၌ သတိမူသိမြင်ခြင်း စိုးစဉ်းမျှ မရှိကြချေ။ ထိုကဲ့သို့သော စိတ်သဘောထား ရှိသောလူတို့သည် ယောဘထက် သူတို့က အဆတစ်ရာ ပို၍ ကံကောင်းထောက်မကြောင်း အဘယ်သို့ နားလည်နိုင်မည်နည်း။ သူတို့ပျော်မွေ့ခံစားကြသော အရာများက ခေတ်အဆက်ဆက် မြင်တွေ့ရန် ခက်ခဲလှသော၊ ယခင်က မည်သူမျှ မခံစားခဲ့ဖူးသော ကောင်းချီးများဖြစ်ကြောင်း သူတို့ အဘယ်သို့ သိနားလည်နိုင်မည်နည်း။ လူတို့၏ သြတ္တပ္ပစိတ်က ထိုကဲ့သို့သော ကောင်းချီးများ၊ အပြစ်ဒဏ်ပေးခြင်းပါရှိသော ကောင်းချီးများကို အဘယ်သို့ သတိပြုမိနိုင်မည်နည်း။ ပွင့်ပွင့်လင်းလင်း ပြောရပါက၊ သင်တို့အား ငါတောင်းဆိုသမျှမှာ သင်တို့အနေဖြင့် ငါ့အလုပ်အတွက် စံပုံစံများ၊ ငါ၏ စိတ်သဘောထား တစ်ခုလုံးနှင့် ငါ၏ လုပ်ဆောင်ချက်များ အားလုံးအတွက် သက်သေများ ဖြစ်နိုင်ကြရန်နှင့်၊ သင်တို့အနေဖြင့် စာတန်၏ ဖိစီးနှိပ်စက်မှုများမှ ကင်းလွတ်နိုင်ကြရန်အတွက် ဖြစ်သည်။ သို့တိုင် လူတို့သည် ငါ၏အလုပ်ကို အမြဲတမ်း တွန်းလှန်ကြပြီး ယင်းကို တမင်သက်သက် ရန်လိုဆန့်ကျင်ကြသည်။ ထိုကဲ့သို့သော လူတို့သည် ငါ့အား ဣသရေလ၏ ပညတ်ချက်များကို ပြန်ယူဆောင်လာပြီး ဣသရေလအပေါ် ငါကျရောက်စေခဲ့သော အမျက်ဒေါသကို ၎င်းတို့အပေါ် ကျရောက်ဖို့အတွက် မလှုံ့ဆော်ဘဲ အဘယ်သို့ နေနိုင်ကြမည်နည်း။ သင်တို့အထဲတွင် ငါ့အား “နာခံကျိုးနွံသော” သူများ များစွာရှိသော်လည်း၊ ကောရအုပ်စု အစားမျိုးထဲက ပို၍ပင် များနေသည်။ ငါသည် ငါ၏ဘုန်းအသရေကို အပြည့်အဝ ရယူပြီးသောအခါ၊ သူတို့အား မီးလောင်၍ ပြာကျသွားစေရန် ကောင်းကင်မှမီးကို အသုံးပြုမည်။ ငါသည် လူတို့အား ငါ၏ နှုတ်ကပတ်တော်များဖြင့် နောက်ထပ် ပြစ်တင်ဆုံးမမည် မဟုတ်တော့သည်ကို သင်တို့ သိသင့်ပေသည်။ ထိုအစား ဣသရေလအတွက် အမှုပြုခြင်းမတိုင်မီ၊ ငါသည် ငါ့ကို ခုခံဆန့်ကျင်ပြီး၊ ယခင်ကတည်းက ငါ ပယ်ထုတ်ခဲ့သော “ကောရအုပ်စု” ကို လုံးလုံးလျားလျား မီးရှို့ဖျက်ဆီးမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့အား မွေ့လျော်ခံစားမည့် အခွင့်အရေးကို နောက်ထပ်ရတော့မည် မဟုတ်ချေ။ ထိုအစား သူတို့တွေ့မြင်သမျှမှာ ငါ၏ အမျက်ဒေါသနှင့် ကောင်းကင်မှ မီးတောက်များသာ ဖြစ်လိမ့်မည်။ ငါသည် လူမျိုးစုံ၏ အဆုံးသတ်အမျိုးမျိုးကို ထုတ်ဖော်ပြီး သူတို့အားလုံးကို အမျိုးအစားအလိုက် ခွဲခြားမည်ဖြစ်သည်။ လူတို့၏ အဆုံးသတ်များကို မြေကြီးပေါ်ရှိစဉ်က ငါ၏ အဆုံးအဖြတ်အပေါ် အခြေခံ၍လည်းကောင်း၊ ငါ့အပေါ် သူတို့၏ သဘောထားအရလည်းကောင်း သတ်မှတ်ဆုံးဖြတ်ဖို့အလို့ငှာ၊ သူတို့၏ ဆန့်ကျင်ပုန်ကန်သည့် လုပ်ရပ်တိုင်းကို ငါ မှတ်သားထားပြီး ငါ၏အလုပ်ကို အဆုံးသတ်မည်။ ထိုအချိန် ရောက်လာသောအခါ၊ သူတို့၏ အဆုံးသတ်များကို ပြောင်းလဲပေးနိုင်မည့်အရာ ဘာမျှရှိလိမ့်မည် မဟုတ်တော့ပါ။ လူတို့အား သူတို့ကိုယ်တိုင်၏ အဆုံးသတ်ကို ထုတ်ဖော်ပြစေလော့။ ထိုအခါ ငါသည် လူတို့၏ အဆုံးသတ်များကို ကောင်းကင်ဘုံ၌ရှိသော အဖခမည်းတော်ထံသို့ လွှဲအပ်မည်ဖြစ်သည်။

အရှေ့သို့- သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

နောက်တစ်ခုသို့- ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။