ခေတ်သစ်၏ ပညတ်တော်များ

ဘုရားသခင်၏ အမှုကို တွေ့ကြုံရာတွင်၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ ဖတ်ရှုရမည်ဖြစ်ပြီး သမ္မာတရားဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ရမည်။ သို့သော် သင် လုပ်ဆောင်လိုသောအရာ သို့မဟုတ် သင် လုပ်ဆောင်လိုသည့်ပုံနှင့်စပ်လျဉ်း၍၊ သင်တို့၏ စိတ်ထက်သန်သော ဆုတောင်းခြင်း သို့မဟုတ် အသနားခံ တောင်းလျှောက်ခြင်းတို့ မလိုအပ်သကဲ့သို့၊ ဤအရာများသည် ဧကန်အမှန် အချည်းနှီး ဖြစ်ကြလေသည်။ သို့သော် လက်ရှိအချိန်တွင် သင်တို့ လတ်တလော ရင်ဆိုင်နေရသည့် ပြဿနာများမှာ သင်တို့သည် ဘုရားသခင်၏ အမှုကို မည်သို့ တွေ့ကြုံရမည်ကို မသိကြသကဲ့သို့၊ သင်တို့အထဲတွင် မလှုပ်မယှက် ဖြစ်ခြင်းများစွာ ရှိနေပေသည်။ သင်တို့သည် အယူဝါဒများစွာ သိသော်လည်း၊ လက်တွေ့အရှိတရား သိပ်မရှိကြပေ။ ဤသည်မှာ မှားယွင်းခြင်း၏ လက္ခဏာ တစ်ရပ် မဟုတ်လော။ ဤအုပ်စု သင်တို့၏ အထဲ၌ မှားယွင်းခြင်းများစွာကို မြင်၍ရနိုင်သည်။ ယနေ့တွင် သင်တို့သည် “အစေခံများ” အဖြစ် ထိုသို့သော စမ်းသပ်မှုတို့ကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် အခြားသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို စိတ်ကူးနိုင်စွမ်း စွမ်းဆောင်ရရှိနိုင်စွမ်း မရှိကြချေ။ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သော အမှုအရာများစွာကို သင်တို့ လိုက်နာရမည်။ ဤသည်မှာ လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာရမည်ဟု ဆိုရပေမည်။ ဤသည်မှာ လူတို့ လိုက်နာသင့်သည့် အရာဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ ဆောင်ရွက်ရမည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရမည့်အရာကို သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ပါလေ့စေ။ လူသားသည် ယင်းတွင် မည်သည့် အစိတ်အပိုင်းကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူက လုပ်ဆောင်သင့်သည့်အရာကို လူသားက လုပ်ဆောင်သင့်သည်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ယင်းသည် လူသားက လုပ်ဆောင်သင့်ပြီး ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားကို လိုက်နာစောင့်ထိန်းသကဲ့သို့ပင် ပညတ်တော်များအဖြစ် စောင့်ထိန်းလိုက်နာသင့်သည့်အရာသာ ဖြစ်သည်။ ယခုအချိန်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း၊ ပညတ်တော်ခေတ်တွင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကဲ့သို့ အလားတူညီသည့် လိုက်နာစောင့်ထိန်းသင့်သော နှုတ်ကပတ်တော်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအပေါ် အမှီပြုရုံမျှဖြင့် ဆောင်ရွက်ထားခြင်းမဟုတ်ဘဲ၊ လူသားအနေဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့်-

လက်တွေ့ကျသော ဘုရားသခင်၏ အမှုအပေါ် သင့်အနေဖြင့် ဝေဖန်အကဲဖြတ်မှု မပြုသင့်ပေ။

ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်သည် မဆန့်ကျင်သင့်ပေ။

ဘုရားသခင်၏ ရှေ့မှောက်တွင်၊ သင်၏ နေရာကို ထိန်းသိမ်း ရမည်ဖြစ်ပြီး၊ သောက်စားပျော်ပါးတွင် မမွေ့လျော်ရ။

စကားပြောရာတွင် သင်သည် သင့်တင့်မျှတရမည်ဖြစ်ပြီး၊ သင်၏ စကားများနှင့် လုပ်ရပ်များက ဘုရားသခင်၏ သက်သေပြုခြင်း ခံရသည့် လူနှင့်ဆိုင်သော အစီအစဉ်များကို လိုက်နာရမည်။

ဘုရားသခင်၏ သက်သေခံချက်ကို သင် ရိုသေလေးမြတ် သင့်သည်။ သင်သည် ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်ပေ။

သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သဘောသွားနှင့် ရည်မှန်းချက်များကို မတုပရ။

အပြင်ပန်းတွင်၊ သင်သည် ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား သိသာထင်ရှားစွာ ဆန့်ကျင်သည့် မည်သည့်အရာကိုမဆို မလုပ်ဆောင်ရ။

ဤအရာများသည် လူအသီးသီး လိုက်နာစောင့်ထိန်းသင့်သော အရာများ ဖြစ်ပေသည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် ပညတ်တရားများနှင့် ဆင်တူပြီး လူသားက လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများစွာကို ပြဠာန်းသည်။ ဤအရာမှတစ်ဆင့်၊ သူသည် လူ၏ စိတ်သဘောထားကို ဘောင်ခတ်ကာ လူ၏ စစ်မှန်ရိုးသားမှုကို စစ်ဆေးလေသည်။ ဥပမာအားဖြင့် ဓမ္မဟောင်းခေတ်၏ “သင်၏ မိဘကို ရိုသေစွာပြုလော့” ဟူသည့် နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ကြည့်လော့။ ဤနှုတ်ကပတ်တော်များသည် ယနေ့နှင့် မသက်ဆိုင်တော့ပေ။ ထိုအချိန်က ယင်းတို့သည် လူသား၏ အပေါ်ယံ စိတ်သဘောထား အချို့ကိုမျှ ဘောင်ခတ်ခဲ့သည်၊ ယင်းတို့ကို ဘုရားသခင်၌ လူ၏ ယုံကြည်မှုနှင့်ဆိုင်သည့် စစ်မှန်ရိုးသားမှုကို ဖော်ပြရန် အသုံးပြုခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည်သော သူများ၏ အမှတ်အသား တစ်ခု ဖြစ်ခဲ့သည်။ ယခုသည် နိုင်ငံတော်ခေတ် ဖြစ်သော်လည်း၊ လူသားက လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများစွာ ရှိသေး၏။ အတိတ်ကာလ၏ စည်းမျဉ်းများသည် မသက်ဆိုင်သကဲ့သို့၊ ယနေ့တွင် လူသားအတွက် ဆောင်ရွက်ဖို့ သင့်တော်ပြီး လိုအပ်သည့် သာ၍များသော အလေ့အထများစွာ ရှိလေသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မပါဝင်သကဲ့သို့၊ လူသားက လုပ်ဆောင်ရမည် ဖြစ်သည်။

ကျေးဇူးတော်ခေတ်တွင်၊ ဤပညတ်တရားများသည် ထိုအချိန်ကာလရှိ အမှုအတွက် အထူးသဖြင့် မထိရောက်ခဲ့သောကြောင့်၊ ပညတ်တော်ခေတ်၏ အလေ့အထ များစွာတို့ကို စွန့်ပယ်ထားခဲ့ကြသည်။ ယင်းတို့ကို စွန့်ပယ်ထားသည့်နောက်တွင်၊ ထိုခေတ်အတွက် သင့်တော်ပြီး ယနေ့၏ စည်းမျဉ်းများစွာ ဖြစ်လာကြပြီးဖြစ်သည့် အလေ့အထများစွာကို ချမှတ်ခဲ့သည်။ ယနေ့၏ ဘုရားသခင် ကြွလာသောအခါတွင်၊ ဤစည်းမျဉ်းများသည် ဖယ်ထားခံခဲ့ရပြီး၊ ယင်းတို့ကို လိုက်နာစောင့်ထိန်းဖို့ မလိုအပ်တော့သကဲ့သို့၊ ယနေ့၏ အမှုအတွက် သင့်တော်သော အလေ့အထများစွာကို ပြဠာန်းထားခဲ့သည်။ ယနေ့တွင်၊ ဤအလေ့အထများသည် စည်းမျဉ်းများမဟုတ်ဘဲ၊ ယင်းအစား အကျိုးတရားများ ရရှိဖို့ ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယင်းတို့သည် ယနေ့အတွက် သင့်တော်သည်— မနက်ဖြန်တွင်၊ ယင်းတို့သည် စည်းမျဉ်းများ ဖြစ်ကောင်းဖြစ်လာကြလိမ့်မည်။ အချုပ်အားဖြင့် ယနေ့၏ အမှုအတွက် အကျိုးဖြစ်ထွန်းသည့် အရာကို သင် လိုက်နာစောင့်ထိန်းသင့်ပေသည်။ မနက်ဖြန်ကို အလေးဂရုမပြုနှင့်- ယနေ့ လုပ်ဆောင်သည့်အရာသည် ယနေ့အတွက် ဖြစ်သည်။ မနက်ဖြန် ရောက်လာသည့်အခါ၊ သင် ဆောင်ရွက်ရန် လိုအပ်မည့် ပိုကောင်းသော အလေ့အထများ ရှိကောင်း ရှိနိုင်ပါသည်- သို့ရာတွင် ယင်းကို အာရုံမစိုက်လွန်းနှင့်။ ယင်းထက် ဘုရားသခင်အား ဆန့်ကျင်မိခြင်းကို ရှောင်ရှားဖို့အလို့ငှာ၊ ယနေ့ လိုက်နာစောင့်ထိန်းသင့်သည့်အရာကို လိုက်နာစောင့်ထိန်းလော့။ ယနေ့တွင်၊ အောက်ဖော်ပြပါ အရာများထက် မည်သည့်အရာမျှ လူသားအတွက် လိုက်နာစောင့်ထိန်းရန် သာ၍ အရေးမကြီးပေ-

သင်သည် သင့်မျက်စိရှေ့တွင် ရပ်နေသော ဘုရားသခင်အား နားပူနားဆာ လုပ်ဖို့ သို့မဟုတ် သူ့ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ဖို့ မကြိုးစားရ။

သင်၏ ရှေ့တွင် ရှိနေသော ဘုရားသခင်၏ ရှေ့မှောက်တွင် ညစ်ညူးမှု သို့မဟုတ် မာနထောင်လွှားသော စကားကို မမြွက်ရ။

သူ၏ ယုံကြည်ကိုးစားမှုကို ရရှိဖို့ ပျားသကာလောင်းသောစကားများနှင့် မျှတသော စကားများဖြင့် သင့်မျက်စိရှေ့ရှိ ဘုရားသခင်ကို မလှည့်စားရ။

ဘုရားသခင်၏ ရှေ့မှောက်တွင် မလေးမခန့် မပြုမူရ။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသောအရာအားလုံးကို သင် နာခံရမည် ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို အတိုက်အခံ မလုပ်ရ၊ မဆန့်ကျင်ရ သို့မဟုတ် ငြင်းခုံခြင်း မပြုရ။

ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို သင့်တော်သည်ဟု သင်မှတ်ယူသည့်အတိုင်း အနက်အဓိပ္ပာယ် ပြန်ဆိုခြင်း မပြုရ။ ဆိုးယုတ်သောသူတို့၏ လှည့်ဖြားတတ်သော အကြံအစည်များထဲသို့ သားကောင်ဖြစ်စေခြင်းကို ရှောင်ရှားရန် သင်၏ နှုတ်ကို စောင့်ထိန်းသင့်သည်။

ဘုရားသခင်က သင့်အတွက် ချမှတ်ထားသော နယ်နိမိတ်များကို ကျူးကျော်ခြင်းအား ရှောင်ရှားဖို့ သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ သင်သည် ကျုးကျော်မိပါက၊ ဤအရာက သင့်ကို ဘုရားသခင်၏ နေရာတွင် ရပ်တည်စေလိမ့်မည် ဖြစ်ပြီး၊ စိတ်ကြီးဝင်ပြီး ဟိတ်ဟန်များသော စကားများကို ဆိုစေလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို သင် ခံရလိမ့်မည်။

ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို လက်လွတ်စပယ် သင် မဖြန့်ဝေဘဲ၊ သူတစ်ပါးတို့အား သင့်ကို မလှောင်ပြောင်စေသင့်သကဲ့သို့ နတ်ဆိုးတို့အား သင့်ကို မလှည့်စားစေသင့်ပေ။

ယနေ့၏ ဘုရားသခင်၏ အမှုအားလုံးကို သင်နာခံရမည်။ ယင်းကို သင်နားမလည်လျှင်ပင် အကဲဖြတ်ဝေဖန်ခြင်း မပြုရ။ သင် လုပ်နိုင်သမျှအားလုံးမှာ ရှာဖွေပြီး မိတ်သဟာယပြုရန် ဖြစ်သည်။

ဘုရားသခင်၏ နဂိုမူလ နေရာကို မည်သူမျှ မကျူးကျော်ရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ အစေခံခြင်းမှလွဲ၍ အခြား မည်သည့် အရာကိုမျှ သင် လုပ်ဆောင်၍မရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ သင်သည် သွန်သင်၍ မရ- ထိုသို့လုပ်ဆောင်ဖို့ဆိုသည်မှာ ဆုံးဖြတ်ချက်လွဲမှားပေသည်။

ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူမျှ ရပ်တည်၍မရစကောင်း။ သင်၏စကားများ၊ လုပ်ရပ်များနှင့် အတွင်းကျကျ အတွေးများတွင် သင်သည် လူ၏ နေရာတွင် ရပ်တည်ပေသည်။ ဤအရာကို လိုက်နာရမည် ဖြစ်သည်၊ ယင်းသည် လူ၏ တာဝန်ဝတ္တရား ဖြစ်ပြီး၊ မည်သူမျှ ပြောင်းလဲ၍ မရနိုင်။ ပြောင်းလဲဖို့ ကြိုးပမ်းခြင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရာ ရောက်ပေမည်။ ဤအရာကို အားလုံး သတိရသင့်သည်။

ဘုရားသခင်က စကားပြောခြင်းနှင့် မိန့်မြွက်ခြင်းတို့ဖြင့် အချိန် ကြာမြင့်စွာ ကုန်လွန်ခြင်းသည် လူအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် အလွတ်ကျက်မှတ်ခြင်းကို ၎င်း၏အဓိက အလုပ်အဖြစ် စဉ်းစားစေသည်။ လက်တွေ့လုပ်ဆောင်ခြင်းကို မည်သူမျှ အာရုံမစိုက်ကြသကဲ့သို့၊ သင် လိုက်နာသင့်သည့်အရာကို သင် မလိုက်နာပေ။ ဤအရာက သင်တို့၏ အစေခံခြင်းသို့ အခက်အခဲများစွာနှင့် ပြဿနာများစွာ ယူဆောင်လာပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်မီတွင်၊ သင် လိုက်နာစောင့်ထိန်းသင့်သည့်အရာကို လိုက်နာမစောင့်ထိန်းပါက၊ သင်သည် ဘုရားသခင်၏ ရွံရှာမုန်းတီးကာ ငြင်းပယ်ခံရသောသူများထဲမှ တစ်ဦး ဖြစ်သည်။ ဤအလေ့အထများကို လိုက်နာစောင့်ထိန်းရာတွင်၊ သင်သည် စိတ်အားထက်သန်ကာ ရိုးသားစစ်မှန်သင့်သည်။ ယင်းတို့ကို အချုပ်အနှောင်များကဲ့သို့ သင် သဘောမထားသင့်ဘဲ၊ ပညတ်တော်များအဖြစ် ယင်းတို့ကို စောင့်ထိန်းလိုက်နာသင့်ပေသည်။ ယနေ့တွင် မည်သည့် အကျိုးတရားများ ရရှိရမည်ဆိုသည်နှင့်ပတ်သက်၍ စိတ်မဝင်စားနှင့်။ တိုတိုပြောရလျှင် ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပုံ ဖြစ်ပြီး၊ ပုန်ကန်ပြစ်မှားမူ တစ်ခု ကျုးလွန်သူ မည်သူမဆို အပြစ်ပေးခံရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့၏ လက်ရှိ သိနားလည်မှုနှင့် သက်ဆိုင်သည့် ခံစားချက် မရှိသကဲ့သို့ အလေးဂရုပြုခြင်းလည်း မရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ယနေ့တွင် ပုန်ကန်ပြစ်မှားပါက၊ သူသည် သင့်ကို အပြစ်ပေးလိမ့်မည်။ သူ၏ စီရင်ပိုင်ခွင့် နယ်ပယ်အတွင်း သူ့ကို သင် ပုန်ကန်ပြစ်မှားမိပါက၊ သူသည် သင့်ကို ချမ်းသာပေးလိမ့်မည် မဟုတ်။ ယေရှု၏ နှုတ်ကပတ်တော်များကို သင်၏ လိုက်နာ စောင့်ထိန်းမှုတွင် သင် မည်မျှ လေးနက်သည်ကို သူ ဂရုမစိုက်ပေ။ သင့်အနေဖြင့် ဘုရားသခင်၏ ယနေ့ ပညတ်တော်များကို ချိုးဖောက်မိပါက၊ သူသည် သင့်ကို အပြစ်ပေးလိမ့်မည် ဖြစ်ပြီး၊ သင့်ကို သေသည်အထိ စီရင်လိမ့်မည်။ ယင်းတို့ကို သင် မလိုက်နာဖို့သည် အဘယ်သို့ လက်ခံနိုင်စရာ ဖြစ်မည်နည်း။ အနည်းငယ် နာကျင်ခံစားရဖို့ ဖြစ်လျှင်ပင်၊ သင် လိုက်နာစောင့်ထိန်းရမည်။ မည်သည့်ဘာသာတရား၊ မည်သည့်နယ်ပယ်ကဏ္ဍ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်ဂိုဏ်းဂဏ ဖြစ်ပါစေ၊ အနာဂတ်တွင် ၎င်းတို့အားလုံးသည် ဤအလေ့အထများကို လိုက်နာစောင့်ထိန်းရမည်။ မည်သူမျှ ကင်းလွတ်ခွင့် မရသကဲ့သို့၊ မည်သူကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ ယင်းတို့သည် ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မည့်အရာများ ဖြစ်ပြီး၊ ယင်းတို့ကို မည်သူမျှ မချိုးဖောက်နိုင်ပေ။ ယင်းတို့သည် ကြီးမြတ်သောအရာများ မဟုတ်သော်လည်း၊ ယင်းတို့သည် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သော ယေရှုက လူသားအတွက် ချမှတ်ထားသော ပညတ်တော်များ ဖြစ်ပြီး ယင်းတို့ကို လူအယောက်တိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ “လမ်းကြောင်း... (၇)” က သင်သည် ဖြောင့်မတ်သောသူ သို့မဟုတ် အပြစ်နှင့်ပြည့်သောသူ ဖြစ် မဖြစ်ဆိုသည့် ယေရှု၏ အနက်ဖွင့်ဆိုချက်သည် ယနေ့ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားအပေါ် မူတည်သည်ဟု ပြောသည် မဟုတ်လော။ မည်သူမျှ ဤအချက်ကို လျစ်လျူရှု၍ မရစကောင်းပေ။ ပညတ်တော်ခေတ်တွင်၊ ဖာရိရှဲများ၏ မျိုးဆက် တစ်ဆက်ပြီး နောက်တစ်ဆက်သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်၊ သို့ရာတွင် ကျေးဇူးတော်ခေတ် ရောက်ရှိခြင်းနှင့်အတူ ၎င်းတို့သည် ယေရှုအား မသိခဲ့ကြဘဲ သူ့ကို ဆန့်ကျင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် အရာမရောက်သကဲ့သို့ အချည်းနှီး ဖြစ်ကာ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဘုရားသခင် လက်မခံခဲ့ပေ။ သင်သည် ဤအရာကို ရိပ်စားနိုင်ပါက၊ အလွယ်တကူ အပြစ်ပြုမိမည် မဟုတ်ပေ။ လူများစွာတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် နှိုင်းယှဉ်ကောင်း နှိုင်းယှဉ်ကြပေမည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် အရသာမှာ အဘယ်သို့နည်း။ ခါးသလော၊ ချိုသလော။ ဤအရာကို သင် နားလည်သဘောပေါက်သင့်သည်။ သင် မသိသကဲ့သို့ ဟန်မဆောင်နှင့်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူအချို့သည် ယုံကြည်လက်မခံဘဲ ရှိကောင်း ရှိပေမည်။ သို့သော် ယင်းကို စမ်းကြည့်ကာ သိဖို့- မည်ကဲ့သို့ အရသာ ရှိကြောင်း သိဖို့- သင့်ကို ငါ အကြံပေးသည်။ ဤအရာက လူများစွာကို ယင်းနှင့်ပတ်သက်၍ အမြဲ သံသယဖြစ်ခြင်းမှ ကာကွယ်တားဆီးလိမ့်မည် ဖြစ်သည်။ လူများစွာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့ကို တိတ်တဆိတ် ဆန့်ကျင်ကြသည်။ သူ့ကို ဤသို့ဆန့်ကျင်ပြီးနောက်၊ ဓားတစ်စင်းက သင်၏ နှလုံးသားကို မွှေနှောက်သကဲ့သို့ သင် မခံစားရသလော။ အကယ်၍ ယင်းသည် မိသားစုအဆင်မပြေမှု မဟုတ်ပါက၊ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်ခြင်း သို့မဟုတ် သားများ၊ သမီးများနှင့်ဆိုင်သည့် ဖိစီးမှုဝေဒနာ ဖြစ်သည်။ သင့်အသွေးအသားသည် သေခြင်းမှ လွတ်မြောက်သော်လည်း၊ ဘုရားသခင်၏ လက်သည် သင့်ကို မည်သည့်အခါတွင်မျှ စွန့်ခွာမည်မဟုတ်ပေ။ ယင်းသည် ထိုမျှရိုးရှင်းနိုင်မည်ဟု သင်ထင်သလော။ အထူးသဖြင့် ဘုရားသခင်နှင့် နီးစပ်သော သူများစွာအတွက် ဤအရာကို အာရုံစိုက်ဖို့ သာ၍ပင် လိုအပ်ပေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ၊ ယင်းကို သင် မေ့လျော့လိမ့်မည် ဖြစ်ပြီး၊ နားမလည်လိုက်ဘဲနှင့်၊ စုံစမ်းသွေးဆောင်ခြင်းထဲသို့ သင် ထိုးဆင်းသွားလိမ့်မည် ဖြစ်ပြီး၊ အရာရာတိုင်းကို အလေးဂရုမပြုဘဲ ဖြစ်လာမည်ဖြစ်သကဲ့သို့၊ ဤသည်မှာ သင်၏ အပြစ်ပြုခြင်း အစ ဖြစ်လိမ့်မည်။ ဤအရာသည် သင့်အဖို့ အသေးအမွှား ဖြစ်ပုံရပါသလော။ သင်သည် ဤအရာကို ကောင်းစွာ လုပ်ဆောင်နိုင်ပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့- ဆိုလိုသည်မှာ ဘုရားသခင်၏ ရှေ့သို့လာကာ သူကိုယ်တိုင်၏ နှုတ်မှ သူ၏ လမ်းပြမှုကို ရရှိဖို့- အခွင့်အရေး ရှိပေသည်။ အကယ်၍ သင်သည် ဂရုမစိုက်ပါက၊ သင့်အတွက် ဒုက္ခပြဿနာ ရှိလိမ့်မည်- သင်သည် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်လိမ့်မည်၊ သင်၏စကားများနှင့် လုပ်ရပ်များသည် သောက်စားပျော်ပါးခြင်း၌ မွေ့လျော်လိမ့်မည် ဖြစ်ပြီး၊ အနှေးနှင့်အမြန် သင်သည် ဧရာမ မုန်တိုင်းနှင့် ကြီးမားသော လှိုင်းတံပိုးများ၏ သယ်ဆောင်သွားခြင်း ခံရလိမ့်မည်။ သင်တို့ အယောက်တိုင်းသည် ဤပညတ်တော်များကို မှတ်သားထားသင့်သည်။ ယင်းတို့ကို သင်ချိုးဖောက်ပါက၊ ဘုရားသခင်၏ သက်သေပြုခြင်းကို ခံရသောလူသည် သင့်ကို မရှုတ်ချကောင်း မရှုတ်ချနိုင်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်နှင့်ပတ်သက်၍ မပြီးပြတ်သေးသည့် အလုပ်ရှိလိမ့်မည် ဖြစ်ပြီး သူသည် သင့်ကို ချမ်းသာပေးလိမ့်မည် မဟုတ်။ သင်၏ ပုန်ကန်ပြစ်မှားမှု၏ အကျိုးဆက်များကို သင်ခံနိုင်သလော။ ထို့ကြောင့် ဘုရားသခင် မည်သည့် အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ သင်တတ်နိုင်သည့် မည်သည့်နည်းဖြင့်မဆို ယင်းတို့ကို လိုက်နာစောင့်ထိန်းရမည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စရပ် မဟုတ်ပေ။

အရှေ့သို့- လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍

နောက်တစ်ခုသို့- နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။