အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည်

လူသားအားလုံး ယေရှု၏စစ်မှန်သောမျက်နှာကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကိုမတွေ့လိုကြောင်း သို့မဟုတ် ယေရှုနှင့်အတူမရှိလိုပါဟုပြောမည့် ညီအစ်ကို မောင်နှမများ တစ်ဦးတစ်ယောက်မျှရှိမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့ မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသောဘုရားသခင်ကို သင်တို့မမြင်ဖူးမီ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ရုပ်သွင်၊ သူ၏ စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် အတွေးများစွာ ရှိလိမ့်မည်။ သို့ရာတွင် သင်သည် သူ့ကို အမှန်တကယ် မြင်သည့်အခါ သင်၏အတွေးတို့သည် လျင်မြန်စွာပြောင်းလဲလိမ့်မည်။ အဘယ်ကြောင့် ဤသို့ ဖြစ်သနည်း။ သင်သိလိုပါသလား။ လူသား၏အတွေးအခေါ်ကို ဂရုမပြု၍ မရသော်လည်း လူသားသည် ခရစ်တော်၏ အနှစ်သာရကို ပြောင်းလဲသည်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရအသက်ရှင်သောသူ၊ ဘုရားနှင့် ဆိုင်သောအနှစ်သာရရှိသူဟု မှတ်ယူသော်လည်း မည်သူမျှ ခရစ်တော်ကို ဘုရားသခင်၏ အနှစ်သာရရှိသော သေမျိုးဟု မှတ်ယူခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်အား နေ့ရောညပါ မြင်လိုကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး ဘုရားသခင်နှင့် သဟဇာတ မဖြစ်ကြပါ။ ဤသည်မှာ လူသားဘက်က အမှား မဟုတ်ပါလား။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာရှိမှုတို့ကြောင့် ခရစ်တော်၏ မျက်နှာကို မြင်ထိုက်သည်ဟု ထင်နေဆဲဖြစ်သည်။ သို့သော် ပို၍ကိုင်တွယ် ထိတွေ့နိုင်သော အရာများဖြင့် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ထားရန် ငါတိုက်တွန်း၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ပတ်သက်ခဲ့သူ အများအပြား ကျရှုံးခဲ့ကြသည်- ထိုသူတို့အားလုံး ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့သည် မည်သည့် အကြောင်းရင်းကြောင့် ကျရှုံးရသနည်း။ ဤသည်မှာ သင်တို့၏အတွေးများထဲတွင် မြင့်မြတ်၍ လေးစားဖွယ်ကောင်းသော ဘုရားသခင်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် အမှန်တရားသည် လူသား၏အလိုအတိုင်း မဟုတ်။ ခရစ်တော်သည် မြင့်မြတ်ခြင်း မရှိရုံသာမက သူသည် အလွန်သေးသိမ်၏။ သူသည် လူသားဖြစ်ရုံမက သာမန်လူသား တစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံမက မြေကြီးပေါ်တွင်လည်း လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထို့ကြောင့် လူများက တစ်ချိန်လုံး “စစ်မှန်သောခရစ်တော်” ကြွလာရန် စောင့်စားနေဆဲအချိန်တွင် သူ့အား သာမန် လူတစ်ဦးအဖြစ် ဆက်ဆံကြ၏၊ သူနှင့် အတူရှိစဉ် သူတို့၏သဘောအတိုင်း ပြုလုပ်ကြပြီး သူ့အား ဂရုမမူသောစကားများကို ပြောကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏ စကားကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ထို့ကြောင့် ယေရှုခရစ်တော်ထံမှ မည်သည့်အရာမျှ သင်တို့မရရှိဘဲ သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့၏။

ခရစ်တော်နှင့်မဆက်စပ်မီ သင်၏စိတ်နေသဘောထားသည် လုံးဝပြောင်းလဲခဲ့ပြီဟု သင်ယူဆနိုင်၏။ သင်သည် ခရစ်တော်နောက်ကို သစ္စာရှိစွာ လိုက်သူဟု ယူဆနိုင်ပြီး ခရစ်တော်၏ ကောင်းကြီးမင်္ဂလာများကို ခံစားထိုက်ဆုံးသူဟု ယူဆနိုင်သည်။ သင်သည် လမ်းများစွာတွင် ခရီးသွားခဲ့သည်၊ အလုပ်များစွာလုပ်ခဲ့ပြီး များစွာသောအသီးကို သီးခဲ့သဖြင့် အဆုံးတွင် သင်သည် သရဖူကိုရမည့်သူ ဖြစ်ရမည်ဟု ယူဆနိုင်သည်။ သို့ရာတွင် သင်မသိသော သမ္မာတရားတစ်ရပ် ရှိ၏ - လူသားသည် ခရစ်တော်ကို မြင်သောအခါ သူ၏ ပျက်စီးသော စိတ်သဘောထားနှင့် ပုန်ကန်စိတ်နှင့် တွန်းလှန်ခြင်းတို့ ပေါ်လွင်လာပြီး ထိုသို့သောအချိန်တွင် မြင်သာလှသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ အခြားအချိန်ထက်ပို၍ လုံးဝပြည့်စုံပေါ်လွင်နေ၏။ ဤသည်မှာ ခရစ်တော်သည် လူသားဖြစ်ပြီး သာမန်လူ့သဘာဝ ရှိသဖြင့် လူသားသည် သူ့ကို ရိုသေခြင်းမရှိ၊ လေးစားခြင်းလည်းမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ၌ အသက်ရှင်သဖြင့် လူသား၏ပုန်ကန်မှုကို လုံးဝထင်ရှားစွာ ပေါ်လွင်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းသည် လူသား၏ပုန်ကန်စိတ်အားလုံးကို ထွက်ပေါ်စေခဲ့ပြီး လူ့သဘာ၀ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ငါဆိုသည်။ ဤသည်ကို “ကျားတစ်ကောင်ကို တောင် အောက်သို့ ဖျားယောင်းခြင်း” နှင့် “မြေခွေးတစ်ကောင်ကို ဂူအပြင်သို့ သွေးဆောင်ခြင်း” ဟု ခေါ်သည်။ သင်သည် ဘုရားသခင်အပေါ် သစ္စာရှိသည်ဟု ဆိုရဲပါသလား။ သင်သည် ဘုရားသခင်အပေါ် အပြည့်အဝ နာခံကြောင်း ပြသသည်ဟုဆိုရဲပါသလား။ သင်သည် ပုန်ကန်လိုစိတ် မရှိဟု ဆိုရဲပါသလား။ ဘုရားသခင်သည် ကျွန်ုပ်၏ပတ်ဝန်းကျင်ကို ဖန်ဆင်းတိုင်း ကျွန်ုပ်သည်အမြဲနာခံ၍ မည်သည့်အခါမျှ ညည်းတွားခြင်း မရှိဟု အချို့သူများက ဆိုမည်။ ထို့အပြင် ကျွန်ုပ်သည် ဘုရားသခင် အပေါ် မည်သို့မျှလည်း သဘောမထားဟု ဆိုမည်။ အချို့သူများက ဘုရားသခင် ကျွန်ုပ်ကိုစေခိုင်းသည့် အရာခပ်သိမ်းကို ကျွန်ုပ်အကောင်းဆုံး လုပ်ဆောင်ပြီး မည်သည့်အခါမျှ တာဝန်ကိုဂရုမစိုက်ဘဲ မနေဟု ဆိုမည်။ ထိုအခါ သင်တို့ကို ယခုကဲ့သို့ငါမေး၏ - ခရစ်တော်နှင့်အတူ အသက်ရှင်နေထိုင်သည့်အခါ သင်တို့ သူနှင့် သဟဇာတ ဖြစ်မည်လား။ သူနှင့် မည်မျှကြာ သဟဇာတ ဖြစ်မည်နည်း။ တစ်ရက်လား။ နှစ်ရက်လား။ တစ်နာရီလား။ နှစ်နာရီလား။ သင်တို့၏ ယုံကြည်ခြင်း သည် ချီးမွမ်းထိုက်ပေ၏။ သို့သော် သင်တို့တွင် ဇွဲလုံ့လ သိပ်မရှိ။ သင်သည် ခရစ်တော်နှင့် အမှန် တကယ် အသက်ရှင်နေထိုင်ပါက သင်၏စကားများ၊ လုပ်ဆောင်ချက်များဖြင့် မိမိကိုယ်ကိုယ် အများထက်သာ၍ ဖြောင့်မတ်မှန်ကန်သည်၊ သာ၍အရေးကြီးသည်ဟု ထင်စိတ်ကို တဖြည်းဖြည်း ပေါ်လွင်လာစေပြီး သင်၏လွန်ကဲသောဆန္ဒများနှင့် နာခံမှု မရှိခြင်းနှင့် ရောင့်ရဲတင်းတိမ်မှု ကင်းမဲ့ခြင်း တို့ကိုလည်း တစ်ပြိုင်နက်တည်း ထုတ်ဖော်ပြခံရလိမ့်မည်။ နောက်ဆုံးတွင် သင်၏ဝင့်ဝါမှု သာ၍ ကြီးမားလာပြီး ရေသည် မီးနှင့်သဟဇာတ မဖြစ်နိုင်သကဲ့သို့ သင်သည် ခရစ်တော်နှင့် သဟဇာတ မဖြစ်နိုင်သောအခါ သင်၏သဘောသဘာဝသည် လုံးဝမြင်သာနေလိမ့်မည်။ ထိုအချိန်တွင် သင်၏ အတွေးအခေါ်များကို ဖုံးကွယ်ထား၍ မရတော့ပါ။ သင်၏မကျေနပ်ချက်များကိုလည်း တစ်ပြိုင်နက် ထုတ်ဖော်ပြီး သင်၏ညစ်ညမ်းသော လူ့သဘာဝကိုလည်း လုံးဝ ထုတ်ဖော်ပြသလိမ့်မည်။ သို့သော် သင်သည် သင်ကိုယ်တိုင်၏ ပုန်ကန်မှုကို ဆက်လက်၍ ငြင်းဆို၏။ ထို့အပြင် ခရစ်တော်သည် ဤသို့ ဖြစ်နေသဖြင့် လက်ခံရန်မလွယ်ကူ၊ သူသည် လူသားအပေါ် လွန်ကဲစွာ တင်းကြပ်သည်ဟု သင်ယူဆပြီး၊ အကယ်၍သူသည် ဤသို့မဟုတ်လျှင်၊ ပို၍ကြင်နာတတ်သော ခရစ်တော်ဖြစ်လျှင်၊ သင်သည် လုံးဝ နာခံလိမ့်မည်ဟုယူဆသည်။ အကြောင်းရင်းတစ်ရပ်ကြောင့် သင်တို့ ပုန်ကန်ရခြင်းဖြစ်ပြီး ခရစ်တော်သည် သင်တို့ကို အတိုင်းအတာတစ်ခုရောက်အောင် တွန်းသည့်အခါမှသာ သူ့ကို ပုန်ကန်သည်ဟု သင်တို့ယူဆသည်။ ခရစ်တော်ကို ဘုရားသခင်ဟု သင်တို့မမှတ်ယူ ကြောင်းကိုလည်းကောင်း၊ သူ့ကို နာခံရန်ရည်ရွယ်ချက် မရှိကြောင်းကိုလည်းကောင်း မည်သည့်အခါကမျှ သင်တို့သိနားလည်ခြင်း မရှိခဲ့။ ထိုသို့ဖြစ်ရမည့်အစား ခရစ်တော်သည် သင့်သဘောအတိုင်း အမှုလုပ်ဆောင်ရမည်ဟု သင်ခေါင်းမာစွာ တောင်းဆိုပြီး ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အမှုတိုင်းအတွက် သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦး ဖြစ်သည်ဟု သင်ယုံကြည်သည်။ ဤနည်းဖြင့် သင်တို့ထဲတွင် သူနှင့် ဖက်ပြိုင်ခဲ့သူ အများအပြား မရှိပေဘူးလား။ သင်တို့ ယုံကြည်သူမှာ မည်သူနည်း။ ထို့အပြင် သင်တို့မည်သို့ ရှာဖွေနေသနည်း။

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုသော်လည်း မိမိကိုယ်ကိုယ် ဤသို့ ချီးမြှောက်ခြင်း မပြုရန် ငါတိုက်တွန်း၏။ လူတိုင်း ခရစ်တော်ကို မြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကို မမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘာဝသည် ဆိုးယုတ်စိတ်၊ ဝင့်ဝါစိတ်၊ ပုန်ကန်စိတ်တို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခါ သင်၏သဘာဝသည် သင့်ကို ပျက်စီးစေပြီး သေခြင်းသို့ အပြစ်စီရင်ချက် ချမှတ်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မတစ်ဦး) နှင့် သင်ပေါင်းသင်းဆက်ဆံရာတွင် သင့်အကြောင်းကို သိပ်ပေါ်လွင်စေမည် မဟုတ်သော်လည်း ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်မဆို သင်၏အတွေးအမြင်များ အမြစ်စွဲလာပြီး သင်၏ဝင့်ဝါမှု ပေါ်ထွက်လာကာ သင်၏ပုန်ကန်စိတ်မှလည်း မကောင်းမှုများ ပေါ်ပေါက်နိုင်သည်။ ဤသို့သောလူ့သဘာဝများ ရှိနေသောသင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့စဉ် အချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်ကဲ့သို့ ဆက်ဆံနိုင်မည်လား။ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်မည်လား။ သင်တို့သည် မြင့်မြတ်သောဘုရားကို ယေဟောဝါ အဖြစ် သင်တို့၏စိတ်နှလုံးများတွင် ကိုးကွယ်သော်လည်း မြင်နိုင်သည့် ခရစ်တော်ကို လူသားဟု မှတ်ယူကြ၏။ သင်တို့၏ဉာဏ်သည် တိမ်လွန်း၍ သင်တို့၏ လူ့သဘာဝသည်လည်း နိမ့်ကျလွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် ထာဝရပင် မှတ်ယူနိုင်ခြင်းမရှိ။ ဤသို့ မှတ်ယူမည့်အစား သင်တို့သည် စိတ်လိုသည့်အခါမှသာ သူ့ကို ဆွဲခေါ်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများ မဟုတ်၊ ခရစ်တော်ကို တိုက်ခိုက်သူများ၏ ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူအား ကြင်နာသောသူများပင်လျှင် ကျေးဇူးဆပ်ခံရသည်၊ သင်တို့အကြား ထိုသို့သောအမှုတော် ဆောင်ရွက်သည့် ခရစ်တော်ကိုမူ လူသားသည် ချစ်လည်းမချစ်၊ ကျေးဇူးလည်းမဆပ်။ သူသည် လူသား၏နာခံမှုလည်း မရပေ။ ဤသည်မှာ ဝမ်းနည်းစရာ အကောင်းဆုံး မဟုတ်ပါသလား။

သင်သည် ဘုရားသခင်ကိုယုံကြည်သည့်နှစ်ကာလအားလုံးအတွင်းတွင်မည်သူ့ကိုမျှ ကျိန်ဆဲခြင်း မရှိ၊ မကောင်းမှု ပြုခဲ့ခြင်းမရှိ ဖြစ်နိုင်သည်။ သို့သော် ခရစ်တော်နှင့် သင်ပေါင်းသင်းဆက်ဆံရာတွင် သင်သည် အမှန်ကိုမပြောနိုင်၊ သမ္မာတရားအတိုင်း မပြုနိုင်၊ ခရစ်တော်၏ စကားကို မနာခံနိုင်ပါ။ ထို့ကြောင့် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးမိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးနှင့် မိဘများအပေါ် အထူးခင်မင် ရင်းနှီး၍ သစ္စာရှိပြီး သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်ကောင်းမယူသော်လည်း ခရစ်တော်နှင့် သဟဇာတမရှိ၊ သင့်မြတ်ခြင်းမရှိလျှင်၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာမှုရစေရန် အတတ်နိုင်ဆုံး ပို့ဆောင်ပေးခြင်း၊ သင့်အဖ၊ အမိနှင့် အိမ်ထောင်စုအား ကောင်းစွာကြည့်ရှုခြင်းများ ပြုလုပ်သော်လည်း သင်သည် ဆိုးယုတ်၍ ဉာဏ်နီဉာဏ်နက် များသောသူဟုလည်း ငါဆို၏။ သင်သည် လူသားနှင့်သဟဇာတ ရှိသည်ဖြစ်စေ၊ ကောင်းမှုအချို့ ပြုသည်ဖြစ်စေ ခရစ်တော်နှင့် သင် သဟဇာတရှိသည်ဟု မထင်နှင့်။ သင်၏ကြင်နာမှုသည် ကောင်းကင်မှ ကောင်းကြီးမင်္ဂလာတစ်ခုကို လှည့်စားရယူနိုင်သည်ဟု သင်ယူဆပါသလား။ ကောင်းမှုများသည် သင်၏နာခံမှုအတွက် အစားထိုးသည့် အရာဟု သင်ထင်သလား။ သင်တို့တစ်ဦးမျှ ကိုင်တွယ်ခြင်း၊ ပြုပြင်ခြင်းတို့ကို လက်မခံနိုင်ကြ။ ထို့အပြင် ခပ်သိမ်းသောသူတို့သည် ခရစ်တော်၏ သာမန် လူသားသဘာဝကို လက်ခံရန် အခက်အခဲ ရှိကြသော်လည်း ဘုရားသခင်ကို နာခံသည်ဟု သင်တို့ အမြဲဆိုကြသည်။ သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းကြောင့် ထိုက်တန်သည့် အပြစ်ဒဏ်ခတ်ခြင်းခံရမည်။ ထင်ယောင် ထင်မှားသည့် စိတ်ကူးများထဲတွင် မွေ့လျော်၍ ခရစ်တော်ကို မြင်တွေ့လိုနေခြင်းကို ရပ်လော့။ အကြောင်းမူကား သင်တို့၏ဝိညာဉ်အသက်တာသည် သူ့ကို မမြင်ထိုက်လောက်အောင်ပင် နည်းပါးလွန်း၍ ဖြစ်သည်။ သင်သည် သင်၏ပုန်ကန်စိတ်ကို လုံးဝစွန့်ပစ်၍ ခရစ်တော်နှင့် သင့်မြတ်နိုင်သောအခါ ဘုရားသခင်သည်အလိုအလျောက် သင့်ရှေ့တွင် ပေါ်လာပါလိမ့်မည်။ ပြုပြင်ခြင်း၊ စီရင်ခြင်းမခံခဲ့ရဘဲ ဘုရားသခင်အား သင်သွား၍ ကြည့်ပါက သင်သည်ဘုရားသခင်၏ အတိုက်အခံဖြစ်ပြီး ပျက်စီးခြင်းအဖို့ သတ်မှတ်ခံရမည်မှာ သေချာ၏။ လူသား၏သဘာဝသည် ပင်ကိုယ်အားဖြင့် ဘုရားသခင်အား ရန်လို၏။ အဘယ်ကြောင့်ဆိုသော် လူသားအားလုံး စာတန်၏ လုံးဝဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံနေသည့် ပျက်စီးနေသော လူသားတစ်ဦးထံမှ မည်သည့်ကောင်းမွန်သောအရာမျှ မပေါ်ထွက်လာနိုင်။ လူသား၏ ပြုမူပြောဆိုချက် အားလုံးသည် သူ၏ပျက်စီးမှုကို မြင်သာအောင်ပြနေမည်မှာ သေချာပြီး၊ သူသည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံ သည့်အခါ သူ၏ပုန်ကန်လိုစိတ်ကို အရာခပ်သိမ်းတွင် ဖော်ထုတ်ပြသနေမည်။ ထိုအခါ လူသားသည် ခရစ်တော်ကို ဆန့်ကျင်မှန်းမသိဆန့်ကျင်မည်၊ လှည့်ဖြားမှန်းမသိ လှည့်ဖြား၍ ခရစ်တော်ကို ငြင်းပယ်မည်။ ထိုအခါ လူသားသည် ပို၍ပင် အန္တရာယ် ကြီးသော အနေအထားသို့ ရောက်မည်။ ဤသို့ဆက်ဖြစ်ပါက သူသည် အပြစ်ပေးခံရမည်။

ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းမှာ ဤမျှအန္တရာယ်ရှိပါက ဘုရားသခင်ထံမှ ဝေးရာတွင် နေလျှင် ကောင်းမည်ဟု အချို့က ယူဆနိုင်၏။ ဤသို့ဆိုလျှင် ထိုသို့သောသူများသည် မည်သည့် အရာ ရနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်အပေါ် သစ္စာရှိနိုင်ပါမည်လား။ အကယ်စင်စစ် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံမှုမှာ အလွန်ခက်၏။ သို့သော် ဤသည်မှာ လူသားသည် ပျက်စီးနေသောကြောင့်သာ လုံးဝဖြစ်ပြီး ဘုရားသခင်သည် လူသားနှင့် ဆက်ဆံနိုင်ခြင်း မရှိသောကြောင့် မဟုတ်ပါ။ သင်တို့သည် မိမိကိုယ်ကိုယ် အမှန်တကယ်သိရန် ပို၍ ကြိုးစား အားထုတ်လျှင် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သူ့အတွက် သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် စက်ဆုပ်ဖွယ် ကောင်းနေသနည်း။ သင်တို့၏စကားများသည် သူ့အတွက် အဘယ်ကြောင့် မုန်းဖွယ်ကောင်းနေသနည်း။ သင်တို့သည် အနည်းငယ်သော သစ္စာရှိမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းကြပြီး၊ အနည်းငယ် အနစ်နာခံရခြင်းအတွက် ဆုလာဒ် လိုချင်ကြသည်၊ သင်တို့သည် အနည်းငယ် လိုက်နာနိုင်လျှင် သူတစ်ပါးအပေါ် အထင်သေး၍၊ သေးငယ်သော အမှု အချို့ကိုလုပ်လျှင် ဘုရားသခင်အား အထင်အမြင် သေးလာကြ၏။ သင်တို့သည် ဘုရားသခင်ကို လက်ခံသည့်အတွက် ကြွယ်ဝချမ်းသာမှု၊ တံစိုးလက်ဆောင်များနှင့် ချီးမွမ်းခြင်းတို့ကို အလိုရှိကြ၏။ အကြွေတစ်ပြားနှစ်ပြား ပေးသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းကြီးမင်္ဂလာများ ရလို၍ သူတစ်ပါးတို့ထက် ဂုဏ်သရေရှိလိုကြ၏။ သင်တို့ကဲ့သို့ လူ့သဘာဝအကြောင်း ပြောရ၊ ကြားရသည်မှာ အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် မည်သည့်အရာသည် ချီးမွမ်းထိုက်သနည်း။ မိမိတို့၏အလုပ် လုပ်သူများနှင့် မလုပ်သူများ၊ ခေါင်းဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို လက်ခံသူများနှင့် လက်မခံသူများ၊ ပေးကမ်းသူများနှင့် ပေးကမ်းခြင်းမပြုသူများ၊ တရားဟော သူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုသို့သောသူ အားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေဘူးလား။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း သင်တို့သိသည်မှာ သေချာသော်လည်း ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့သည် မထိုက်တန်ကြောင်းကို သင်တို့သိသည်မှာ သေချာသော်လည်း ဝါကြွားလျက်ရှိကြ၏။ သင်တို့၏အသိဉာဏ်ကြောင့် သင်တို့သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ဟု မထင်ပေဘူးလား။ ဤသို့သော အသိဉာဏ်ရှိသူ သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ထို့ကြောင့် သင်တို့သည် ကိုယ့်ကိုယ်ကို မကြောက်ကြပေဘူးလား။ သင်တို့၏ စိတ်နေသဘောထားသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ ဖြစ်နေပြီ။ သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ် မကောင်းပေဘူးလား။ ယုတ္တိကင်းမဲ့မနေဘူးလား။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သင်သွားရာ ခရီးလမ်းကို သင်မည်သို့ ရွေးချယ်မည်နည်း။

ယခင်က:ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်

နောက်တစ်ခုသို့:ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏

သင်နှစ်သက်နိုင်သည့် အရာများ