ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

လူသားအနေဖြင့် ဘုရားသခင်ကို ပထမဦးစွာ ယုံကြည်သည့်အခါမှစ၍ သူရရှိထားသည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်း သင် မည်သည့်အရာ သိရှိလာပြီးဖြစ်သနည်း။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကြောင့် သင်မည်မျှ ပြောင်းလဲပြီးဖြစ်သနည်း။ ယခုဆိုလျှင် သင်တို့အားလုံး ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းနှင့် ဇာတိခန္ဓာ၏ သုခချမ်းသာ အတွက်သာလျှင် မဟုတ်သလို၊ ဘုရားသခင်အား ချစ်ခြင်းမှတစ်ဆင့် သူ၏အသက်တာအား ကြွယ်ဝ ချမ်းသာစေရန် မဟုတ်မှန်း အစရှိသည်ဖြင့် သိနားလည်ကြသည်။ ဤသို့ဖြစ်သည့်အတိုင်း သင်သည် ဇာတိခန္ဓာ၏ သုခချမ်းသာ သို့မဟုတ် တစ်ခဏတာ သာယာမှုအတွက် ဘုရားသခင်ကို ချစ်ပါက၊ ထို့နောက် အဆုံး၌ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး နောက်ထပ် သင်ဘာမျှပင် မတောင်းဆိုလင့်ကစား သင်ရှာဖွေသော ဤချစ်ခြင်းမေတ္တာသည် ညစ်ညမ်းသော ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ဘုရားသခင်အဖို့ နှစ်လိုဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်အားချစ်ခြင်းကို မိမိတို့၏ ငြီးငွေ့ဖွယ် တည်ရှိမှုကို ကြွယ်ဝချမ်းသာစေရန်နှင့် မိမိတို့နှလုံးသားများရှိ လစ်ဟာမှုကို ဖြည့်ဆည်းရန် အသုံးပြုသူများမှာ ငြိမ်းအေးသက်သာသော အသက်တာကို အလိုကြီးသော လူမျိုးများသာ ဖြစ်ပြီး ဘုရားသခင်ကိုချစ်ရန် အမှန်တကယ် ရှာဖွေနေသောသူများ မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အတင်းအကျပ်ချစ်ခြင်း ဖြစ်သည်၊ စိတ်ကျေနပ်မှုကို လိုက်စားခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤကဲ့သို့သော အရာကို မလိုအပ်ပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုးနည်း။ ဘုရားသခင်ကို သင်မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ယခုတွင် သင့်အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း မည်မျှရှိ သနည်း။ သင်တို့အများစု၌ရှိသော ချစ်ခြင်းသည် ယခင် အထက်တွင် ဖော်ပြခဲ့ပြီးသည့် အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့သော ချစ်ခြင်းမျိုးသည် ရှိရင်းစွဲကိုသာလျှင် ထိန်းသိမ်းနိုင်၏၊ ထာဝရတည်မြဲမှုကို မရရှိနိုင်သကဲ့သို့ လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အသီးမသီးဘဲ ပွင့်လန်းပြီး ညှိုးနွမ်းသောပန်းနှင့်သာ တူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့သောနည်းဖြင့် တစ်ကြိမ်ချစ်ပြီးနောက်တွင် ရှေ့၌ရှိသောလမ်းကြောင်း၌ သင့်ကိုဦးဆောင်မည့်သူ မရှိပါက၊ သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား ချစ်နေသည့်အချိန်၌သာ ချစ်နိုင်သော်လည်း နောက်ပိုင်းတွင် သင်၏အသက် စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေပါက၊ သင်သည် အမှောင်ထုလွှမ်းမိုးမှု၏ ပိတ်ဖုံးမှုမှ မလွတ်မြောက်နိုင်ဘဲနေပြီး စာတန်မာရ်နတ်၏ အနှောင်အဖွဲ့များနှင့် ယင်း၏ လိမ်လည်လှည့်စားမှုမှလည်း သင်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သောလူ မည်သူမျှ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်ပေ။ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်နှင့် သက်ဆိုင်နေဦးမည်။ ဤအကြောင်းနှင့် ပတ်သက်၍ သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်သောသူများသည် သူတို့၏ မူလနေရာ၊ ဆိုလိုသည်မှာ စာတန်မာရ်နတ်ထံသို့ ပြန်သွားမည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သော နောက်တစ်ဆင့်ကို ခံယူရန် ကန့်နှင့်ရောနှောသော မီးအိုင်သို့ ဆင်းသက်ကြလိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် စာတန်မာရ်နတ်အား ကျောခိုင်းပြီး သူ၏အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်သော သူများ ဖြစ်သည်။ ထိုသူတို့ကို နိုင်ငံတော်၏လူများထဲတွင် တရားဝင် ထည့်တွက်ထားသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ဖြစ်ပေါ်လာပုံဖြစ်သည်။ သင်သည် ဤကဲ့သို့သောလူမျိုး ဖြစ်လာရန် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရရန် ဆန္ဒရှိသလော။ စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်၍ ဘုရားသခင်ထံ ပြန်လာရန် ဆန္ဒရှိသလော။ ယခု သင်သည် စာတန်နှင့် သက်ဆိုင်သလော သို့မဟုတ် နိုင်ငံတော်၏လူများထဲတွင် ထည့်တွက်ခံရသလော။ ဤအရာများသည် ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပြီး နောက်ထပ်ရှင်းပြချက် မလိုအပ်ပေ။

အတိတ်ကာလတွင် လူအများသည် အားကြီးသော ရည်မှန်းချက်နှင့် အယူအဆများဖြင့် ရှာဖွေခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်မျှော်လင့်ချက်များ၏ အကျိုးဆက်အဖြစ် ရှာဖွေကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော အကြောင်းကိစ္စများအား ခဏတာမျှ ဘေးဖယ်ထားကြပါစို့၊ ယခု အဓိကအရေးကြီးသော အရာမှာ သင်တို့တစ်ဦးစီကို ဘုရားသခင်၏ ရှေ့မှောက်တွင် ပုံမှန်အခြေအနေတစ်ခုကို ထိန်းသိမ်းစေ၍ စာတန်၏ လွမ်းမိုးခြင်း အချုပ်အနှောင်များမှ တဖြည်းဖြည်း လွတ်မြောက်စေမည့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းတစ်ခုအား ရှာဖွေရန်ဖြစ်သည်၊ ဤသို့အားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်းခံရနိုင်ရန်နှင့် သင့်အား ဘုရားသခင်စေခိုင်းသည့် အရာကို လောကတွင် အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့် သာလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ လူအများသည် ဘုရားသခင်အား ယုံကြည်ကြသည်၊ သို့သော် ဘုရားသခင်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စာတန်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် ကိုလည်း မသိကြပေ။ သူတို့သည် ယောင်ချာချာ နည်းလမ်းနှင့် ယုံကြည်ကြပြီး ရေလိုက်ငါးလိုက်ဖြင့်သာ လိုက်လျှောက်ကြသဖြင့် ပုံမှန်ခရစ်ယာန်အသက်တာကို မည်သည့်အခါမျှ ရရှိခဲ့ခြင်းမရှိပေ။ ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဖြစ်သောဆက်ဆံရေး မဆိုထားနှင့်၊ ပုံမှန်ဖြစ်သောပုဂ္ဂိုလ်ရေး ဆက်ဆံရေးများလည်း မည်သည့်အခါမျှ မရှိခဲ့ကြပေ။ ဤအရာမှနေ၍ လူသား၏ အခက်အခဲများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ အလိုတော်ကို ကဖျက်ယဖျက်လုပ်နိုင်သည့် အခြားသောအရာများမှာ များပြားကြောင်း တွေ့ရှိနိုင်သည်။ လူသားတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရောက်ရှိနေခြင်း မရှိသေးသကဲ့သို့ လူ့ဘဝ၏ စစ်မှန်သော အတွေ့အကြုံအတွင်း ဝင်ရောက်ပြီးခြင်း မရှိသေးကြောင်း ဤအခြင်းအရာက အလုံအလောက် သက်သေပြနေသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်း ဆိုသည်မှာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် မိမိ၏ နှလုံးသားအား အချိန်တိုင်းတွင် ငြိမ်သက်စေနိုင်ခြင်းနှင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံပြောဆိုနိုင်ခြင်း၊ လူသားတို့၌ ကင်းမဲ့လျက်ရှိနေသောအရာကို တဖြည်းဖြည်း သိလာပြီး ဘုရားသခင်အပေါ် သာ၍နက်နဲစွာ သိနားလည်လာမှုအား တဖြည်းဖြည်းရရှိခြင်းကို ဆိုလိုသည်။ ဤအရာမှတစ်ဆင့် သင်၏ဝိညာဉ်သည် နေ့စဉ်တိုင်းတွင် အသစ်သော ထိုးထွင်းသိမြင်ခြင်းနှင့် အသစ်သော ဉာဏ်အလင်းပွင့်ခြင်းတို့ကို ရရှိသည်၊ သင်၏ တောင့်တခြင်းသည် ကြီးထွားလာ၏၊ သင်သည် သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းပြီး၊ နေ့ရက်တိုင်းတွင် အသစ်သောအလင်းနှင့် အသစ်သောနားလည်ခြင်းတို့ ရှိလာမည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်သည် စာတန်၏ လွှမ်းမိုးခြင်းကို တဖြည်းဖြည်းချိုးဖျက်ပြီး သင်၏အသက်တာ၌ ပိုမိုကြီးထွားလာမည် ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် လမ်းကြောင်းမှန်ပေါ်တွင် ဝင်ရောက်ပြီးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှန်တကယ် အတွေ့အကြုံများအား စစ်ဆေးကာ သင်၏ ယုံကြည်ခြင်း၌ လျှောက်လှမ်းခဲ့သောလမ်းအား ဆန်းစစ်လော့။ သင်သည် ထိုအရာများကို အထက်တွင် ဖော်ပြခဲ့သည့် အရာများဖြင့် တိုက်ဆိုင်စစ်ဆေးသည့်အခါ၊ လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသည်ကို သင်သိရသလော။ မည်သည့် ကိစ္စရပ်များတွင် သင်သည် စာတန်မာရ်နတ်၏ ချုပ်နှောင်မှုများနှင့် စာတန်မာရ်နတ်၏ စွမ်းအားမှ လွတ်မြောက်ခဲ့ပြီးဖြစ်သနည်း။ သင်သည် လမ်းကြောင်းအမှန်ပေါ်မရောက်သေးလျှင် စာတန်နှင့်သင်၏ ဆက်နွှယ်မှုသည် မဖြတ်တောက်ရသေးပေ။ ဤသည်မှာ မှန်ကန်ပါက၊ ဘုရားသခင်ကို ချစ်ရန် သင်၏ ကြိုးစားခြင်းသည် သင့်အား စစ်မှန်သော၊ မြဲမြံ၍ သန့်ရှင်းသော ချစ်ခြင်းမေတ္တာတစ်ခုသို့ ဦးဆောင်လမ်းပြမည်လော။ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် မဆုတ်မနစ်၊ နှလုံးသားဖြင့် အူလှိုက်သည်းလှိုက် ခံစားသောချစ်ခြင်းဟု သင်ပြောသော်လည်း စာတန်မာရ်နတ်၏ ချုပ်နှောင်ခြင်းမှ သင်လွတ်မြောက်ခြင်း မရှိသေးပေ။ သင်သည် ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် မသန့်ရှင်းခြင်း ကင်းသည့် အခြေအနေတစ်ရပ်ကို သင်ရရှိလိုပြီး၊ ဘုရားသခင်၏ ရယူခြင်းကို အပြည့်အဝခံရလိုကာ နိုင်ငံတော်၏ လူများထဲတွင် ထည့်တွက်ခံရလိုပါက သင့်ကိုယ်သင် ဘုရားသခင်ကို ယုံကြည်မှု၌ လမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် အရင်ဆုံး လုပ်ဆောင်ရမည် ဖြစ်သည်။

အရှေ့သို့- စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၂၉)

နောက်တစ်ခုသို့- ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။