လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို သင်တို့အပေါ် ငါအပ်နှင်းပြီး ဖြစ်သည်။ ယခုတွင်၊ သင်တို့အားလုံးသည် အတိတ်က ကြွယ်ဝခဲ့သည်ထက် သိသိသာသာ သာ၍ ကြွယ်ဝသည်ဟု ခံစားရသည်၊ လူတစ်ဦး မည်သို့ဖြစ်သင့်သည်နှင့်သက်ဆိုင်သော အခြေခံသဘောတရားများစွာ နားလည်လာကြပြီးဖြစ်ကာ သစ္စာရှိသော သူတို့ ရှိသင့်သည့် သာမန်အသိစိတ် များစွာကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာ တစ်လျှောက် သင်တို့ ရိတ်သိမ်းလာခဲ့သည့် အကျိုး ဖြစ်သည်။ ငါသည် သင်တို့၏အောင်မြင်မှုများကို မငြင်းသော်လည်း၊ သင်တို့ထဲတွင် သန့်ရှင်းသူ တစ်ဦးမျှ မရှိသည့်အတွက်၊ ဤနှစ်များစွာအတွင်း သင်တို့အနေဖြင့် ငါ့အပေါ် သင်တို့၏မြောက်မြားလှသည့် မနာခံခြင်းများနှင့် ပုန်ကန်ခြင်းများ တို့ကိုလည်း ငါ မငြင်းဟု တကယ်ကိုပွင့်လင်းစွာ ငါပြောရပေမည်။ သင်တို့သည် ခြွင်းချက်မရှိ၊ စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည့် လူများ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြ၏။ ယနေ့ထိ၊ သင်တို့၏ လွန်ကျူးခြင်းအပြစ်များနှင့် မနာခံမှုများသည် ရေတွက်ဖို့ များပြားလွန်းလှ၏၊ ထို့ကြောင့် ငါသည် သင့်အား အစဉ် ထပ်တလဲလဲတောင်းဆိုနေသည်ကို ထူးဆန်းသည်ဟု မယူဆနိုင်ပေ။ ငါသည် ဤပုံစံဖြင့် သင်တို့နှင့်အတူ အတူတည်ရှိရန် ဆန္ဒမရှိပေ- သို့သော် သင်တို့၏ အနာဂတ်များအတွက်၊ သင်တို့၏ ခရီးပန်းတိုင်များအတွက်၊ ယခု ဤနေရာတွင် နောက်တစ်ဖန် တကျည်ကျည် ငါ ပြောမည်။ သင်တို့သည် ငါ့ကို ခွင့်လွှတ်နားလည်သည့်အပြင်၊ ငါ၏ မိန့်မြွက်ချက်တိုင်းကို ယုံကြည်နိုင်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ နက်ရှိုင်းသော သွယ်ဝိုက်သည့် အနက်အဓိပ္ပာယ်များကို ကောက်ချက် ချနိုင်မည်ဟု မျှော်လင့်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ဆန္ဒရှိသည်အတိုင်း ရွေးချယ်ပြီး သဘောရှိ ဘေးသို့ပစ်လိုက်ဖို့ နေနေသာသာ၊ ငါပြောသည့်အရာကို သံသယမရှိနှင့်။ ဤသည်မှာ ငါ သည်းမခံနိုင်စရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို မဝေဖန်နှင့်၊ ပြီးလျှင် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ပင် ပေါ့ပေါ့တန်တန် သဘောမထားနှင့်၊ သို့မဟုတ် ငါသည်သင်တို့အား အစဉ် သွေးဆောင်နေသည်ဟု မပြောနှင့်၊ သို့မဟုတ် သာ၍ဆိုးသည်မှာ သင်တို့အား ငါပြောပြီးသော အရာသည် တိကျမှန်ကန်မှု မရှိဟု မပြောနှင့်။ ဤအရာများသည်လည်း ငါသည်းမခံနိုင်စရာ ဖြစ်၏။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်သင့်မခံသကဲ့သို့ ငါ့ကို လျစ်လျူရှုရင်း၊ ငါနှင့် ငါပြောသောအရာကို အလွန့်အလွန် သံသယဖြင့် ဆက်ဆံသောကြောင့်၊ သင်တို့အသီးသီးကို လုံးဝ လေးနက်မှုဖြင့် ငါ ပြောသည်မှာ- ငါပြောသော အရာကို အတွေးအခေါ်နှင့် မချိတ်ဆက်နှင့်၊ ငါ၏ နှုတ်ကပတ်တော်များကို ဆရာယောင်တို့၏ အလိမ်အညာများနှင့် မချိတ်ဆက်နှင့်။ ငါ၏ နှုတ်ကပတ်တော်များကို အထင်သေးခြင်းဖြင့် သာ၍ပင် မတုံ့ပြန်သင့်ပေ။ သင်တို့ကို ငါ မည်သည့်အရာပြောနေသည်ကို အနာဂတ်တွင် မည်သူမျှ သင်တို့ကို ပြောပြကောင်း ပြောပြနိုင်မည်မဟုတ်၊ သို့မဟုတ် သင်တို့ကို အလွန်ညှာတာစိတ်ရှိစွာ ပြောဆိုမည်မဟုတ် သို့မဟုတ် ထို့ထက်မက သာ၍ပင် စိတ်ရှည်စွာနှင့် သင်တို့ကို ဤအချက်များတစ်ခုပြီးတစ်ခု ရှင်းပြမည်မဟုတ်။ သင်တို့သည် လာမည့်နေ့ရက်များ၌ အချိန်အခါကောင်းများကို ပြန်လည်အမှတ်ရရင်း၊ သို့မဟုတ် ကျယ်လောင်စွာ ရှိုက်ငိုရင်း၊ သို့မဟုတ် နာကျင်မှုဖြင့် ညည်းတွားရင်း ကုန်ဆုံးရလိမ့်မည်၊ သို့မဟုတ် သင်တို့သည် သမ္မာတရား သို့မဟုတ် အသက်၏ ထောက်ပံ့မှု စိုးစဉ်းမျှ မရှိဘဲ အမှောင်ညများတစ်လျှောက် အသက်ရှင်နေရလိမ့်မည် သို့မဟုတ် သင်သည် မျှော်လင့်ချက်မဲ့စွာ စောင့်ဆိုင်းရုံ စောင့်ဆိုင်းနေရလိမ့်မည် သို့မဟုတ် သင်တို့ ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသည်ထိ အင်မတန် ခါးသီးသော နောင်တဖြင့် နေထိုင်နေရလိမ့်မည်...။ သင်တို့ထဲမှ မည်သူမျှနီးပါး ဤဖြစ်နိုင်ချေများကို မလွတ်မြောက်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲမှ မည်သူမျှ ဘုရားသခင်ကို သင်တို့ အမှန်တကယ် ကိုးကွယ်သည့် ရိပ်မြုံကို နေရာမယူကြဘဲ၊ အသက်နှင့် သမ္မာတရားတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများစွာနှင့် အမှန်တွင် ယင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အရာများကို သင်တို့၏ ယုံကြည်ချက်များထဲသို့၊ စိတ်များထဲသို့၊ ဝိညာဉ်များထဲသို့၊ ခန္ဓာကိုယ်များထဲသို့ ရောထွေးမိရင်း၊ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့မှုနှင့် မကောင်းမှု လောကထဲတွင် မိမိတို့ကိုယ်ကိုယ် မြှုပ်နှံကြလေသည်။ ထို့ကြောင့် သင်တို့အတွက် ငါမျှော်လင့်သည့် အရာမှာ သင်တို့သည် အလင်း၏ လမ်းကြောင်းသို့ ဆောင်ယူခြင်းခံရနိုင်ဖို့ ဖြစ်သည်။ ငါ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းရှိလာဖို့၊ မိမိတို့ကိုယ်ကိုယ် ဂရုစိုက်နိုင်စွမ်းရှိလာဖို့နှင့်၊ သင်တို့၏ အပြုအမူနှင့် ဒုစရိုက်အပြစ်များကို စိတ်မဝင်စားခြင်းဖြင့် ကြည့်ရှုစဉ်၊ သင်တို့၏ ခရီးပန်းတိုင်အပေါ် အလွန်တရာ အလေးအနက် ထားခြင်း မရှိရန် ဖြစ်သည်။

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏ ယုံကြည်သူအားလုံးသည် ၎င်းတို့အပေါ် ကောင်းမွန်သည့် ကံသည် ရုတ်တရက် ရောက်လာလိမ့်မည်ကို မျှော်လင့် ကြသည်။ ၎င်းတို့ မသိလိုက်ခင်တွင်၊ ကောင်းကင်ဘုံ၌ တစ်နေရာ သို့မဟုတ် နောက်တစ်နေရာတွင် ငြိမ်းချမ်းစွာ ထိုင်လျက်သား မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်ဟု ၎င်းတို့အားလုံး မျှော်လင့်ကြလေသည်။ သို့သော် မိမိတို့၏ နှစ်သက်ဖွယ် အတွေးများနှင့်အတူ ဤလူများသည် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ထိုသို့သော ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိဖို့ သို့မဟုတ် ထိုနေရာရှိ ထိုင်ခုံတစ်ခုပေါ် ထိုင်ဖို့ပင် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိကို ဘယ်သောအခါမျှ မသိကြလေပြီဟု ငါပြော၏။ လက်ရှိအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း၊ နောက်ဆုံးသောကာလ၏ ကပ်ဘေးများနှင့် ဆိုးသွမ်းသူတို့အား အနန္တတန်ခိုးရှင် ဘုရားသခင်က အပြစ်ပေးသည့် အချိန်တွင် သူ၏ လက်မှ လွတ်မြောက်ဖို့ သင်တို့ မျှော်လင့်ဆဲ ဖြစ်သည်။ ယင်းမှာ ချိုမြိန်သော အိပ်မက်များရှိခြင်းနှင့် ၎င်းတို့ နှစ်သက်သည်အတိုင်းသာ အရာရာကို လိုချင်ခြင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးဖြစ်သော လူအားလုံးတို့၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ တစ်ကိုယ်တည်းဖြစ်သည့် မည်သည့် တစ်ဦးတစ်ယောက်မျှ၏ ထူးထူးကဲကဲ လက်ဖျားခါလောက်သော စိတ်ကူးတစ်ချို့ မဟုတ်ပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ပြီးလျှင် သင်တို့၏ ဤလွန်ကဲသော စိတ်ဆန္ဒများအပြင် ကောင်းချီးမင်္ဂလာများ ရရှိရန် သင်တို့၏ စိတ်ထက်သန်မှုကို ငါသည် အဆုံးသတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ သင်တို့၏ ဒုစရိုက်အပြစ်များက အတော်များပြားပြီး၊ သင်တို့၏ မနာခံမှုက အစဉ်ကြီးထွားနေသည့်အချက်ကို ထောက်ဆလျှင်၊ ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော စီမံချက်များနှင့် မည်သို့ သင့်တော်နိုင်မည်နည်း။ သင်တို့ကို မည်သည့်အရာကမျှ ထိန်းမထားဘဲ၊ သင့်သဘောရှိ အမှားများ လုပ်ဆောင်လိုသော်လည်း၊ တစ်ချိန်တည်းတွင် သင်၏အိပ်မက်များ အမှန်တကယ်ဖြစ်လာဖို့ သင် လိုချင်နေဆဲဖြစ်ပါက၊ သင်၏ မိန်းမောခြင်းတွင် ဆက်ရှိပြီး ဘယ်သောအခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်- အကြောင်းမှာ သင်၏ အိပ်မက်သည် အနှစ်မဲ့သော အိပ်မက်တစ်ခု ဖြစ်ပြီး၊ ဖြောင့်မတ်သော ဘုရားသခင်၏ မျက်မှောက်တွင်၊ သူသည် သင့်ကို ခြွင်းချက်တစ်ခု ဖြစ်စေမည်မဟုတ်ပေ။ သင်သည် သင်၏ အိပ်မက်များကို အမှန်တကယ် ဖြစ်လာဖို့ သက်သက် လိုချင်ပါက၊ ဘယ်သောအခါမျှ အိပ်မက်မမက်နှင့်။ ယင်းထက်၊ သမ္မာတရားနှင့် အမှန်တရားများကို ထာဝစဉ် ရင်ဆိုင်လော့။ ဤသည်မှာ သင် ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခိုင်လုံသော သတ်မှတ်ချက်များအရ၊ ဤနည်းလမ်း၏ အဆင့်များသည် မည်သည့်အရာများ ဖြစ်ပါသနည်း။

ပထမဦးစွာ၊ သင်၏ ဒုစရိုက်အပြစ်များ အားလုံးကို ကြည့်ရှုပြီး၊ သမ္မာတရားနှင့် မကိုက်ညီသော သင်၌ရှိသည့် မည်သည့် အပြုအမူနှင့် အတွေးများကိုမဆို ဆန်းစစ်လော့။

ဤသည်မှာ သင်တို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိသည့် လူအားလုံးက ဤအရာကို လုပ်ဆောင်နိုင်သည်ဟု ငါယုံကြည်သည်။ သို့သော်၊ ဒုစရိုက်အပြစ်များနှင့် သမ္မာတရားဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လုံးဝ မသိရှိသည့် ထိုလူများသည် ခြွင်းချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အခြေခံကျသော အဆင့်အရ၊ ၎င်းတို့သည် ဉာဏ်စွမ်းဉာဏ်စရှိသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လက်ခံခြင်းခံရပြီးသော လူများ၊ ရိုးသားသော သူများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြင်းထန်စွာ ကျူးလွန်ခြင်း မရှိသော လူများနှင့် မိမိတို့၏ ဒုစရိုက်အပြစ်များကို အလွယ်တကူ သိမြင်နိုင်သည့် လူများကို ငါပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်၍ ငါတောင်းဆိုသည့် အရာတစ်ခုသည် အထမြောက်အောင်မြင်ဖို့ လွယ်ကူသော်လည်း၊ ယင်းသည် သင်တို့နှင့် ပတ်သက်၍ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ၊ သင်တို့သည် ဤသတ်မှတ်ချက်များအား သီးသန့် ရယ်သွမ်းသွေးကြလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် ယင်းအပေါ် အထင်သေးလိမ့်မည်မဟုတ် သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ဟု ငါမျှော်လင့်သည်။ သင်တို့အနေဖြင့်၊ ယင်းကို လေးနက်စွာ သဘောထားပြီး မလွဲချော်သင့်ပေ။

ဒုတိယအနေဖြင့်၊ သင်၏ ဒုစရိုက်အပြစ်များနှင့် မနာခံခြင်း အသီးသီးအတွက်၊ လိုက်လျောညီထွေသော သမ္မာတရားကို သင်တို့ ရှာဖွေသင့်ပြီး၊ ထို့နောက် ထိုပြဿနာများကို ဖြေရှင်းဖို့ ဤသမ္မာတရားများကို အသုံးပြုသင့်ပေသည်။ ယင်းနောက်တွင်၊ သင်၏ ဒုစရိုက်လွန်ကျူးသော လုပ်ရပ်များနှင့် မနာခံသော အတွေးများနှင့် လုပ်ရပ်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။

တတိယအနေဖြင့်၊ သင်တို့သည် အမြဲ လိမ္မာပါးနပ်ပြီး စဉ်ဆက်မပြတ် လှည့်ဖြားတတ်သောသူ မဟုတ်ဘဲ၊ ရိုးသားသောသူတစ်ယောက် ဖြစ်သင့်သည်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)

သင်သည် ဤအရာသုံးခုလုံးကို ပြီးမြောက်နိုင်ပါက၊ သင်သည် ကံကောင်းထောက်မသောသူများထဲမှ တစ်ဦး- မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီး ကောင်းမွန်သော အခွင့်အလမ်းကို ရရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်တို့သည် စိတ်မပါသော သတ်မှတ်ချက်များကို လေးလေးနက်နက် သဘောထားကောင်း သဘောထားမည် သို့မဟုတ် ယင်းတို့ကို တာဝန်မဲ့စွာ သဘောထားကောင်း သဘောထားပေမည်။ မည်သို့ပင်ဖြစ်စေ၊ ငါ၏ ရည်ရွယ်ချက်သည် သင်တို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သင်၏ စံများကို လက်တွေ့လုပ်ဆောင်စေရန်ဖြစ်ပြီး၊ သင်တို့ကို လှောင်ဖို့ သို့မဟုတ် သင်တို့ကို အရူးလုပ်ဖို့ မဟုတ်ပေ။

ငါ၏ တောင်းဆိုချက်များသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း၊ သင်တို့ကို ငါပြောနေသည့်အရာသည် တစ် အပေါင်း တစ်သည် နှစ်ဖြစ်သည်ဆိုသကဲ့သို့ သိပ်မရိုးရှင်းပေ။ သင်တို့ လုပ်ဆောင်သမျှ အားလုံးသည် ဤအရာနှင့်ပတ်သက်၍ သာမန်ကာလျှံကာ ပြောဆိုဖို့ သို့မဟုတ် အနှစ်မဲ့၊ ကြီးကျယ်သည့် ပြောဆိုချက်များနှင့်ပတ်သက်၍ စကားအူပေါက်ပြောဖို့ ဖြစ်ပါက၊ သင်တို့၏ စီမံချက်များနှင့် သင်တို့၏ဆန္ဒများသည် အစဉ်အမြဲ ဗလာစာရွက်တစ်ရွက်သာ ဖြစ်ပေလိမ့်မည်။ သင်တို့အထဲမှ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံပြီး အလွန်ကြိုးစား အလုပ်လုပ်သော်လည်း၊ ယင်းအတွက် ပြသစရာ မည်သည့်အရာမျှ မရှိသူများအတွက် ငါသည် သနားသောစိတ် ရှိမည်မဟုတ်။ ဆန့်ကျင်ဖက် အနေဖြင့်၊ ငါ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းမပေးလေသော သူများကို စာနာသနားခြင်းတစ်ခုတစ်လေဖြင့် မဆိုထားနှင့်၊ ဆုလာဘ်များမရှိဘဲ အပြစ်ပေးခြင်းဖြင့် ငါ ဆက်ဆံမည်ဖြစ်သည်။ သင်တို့အနေဖြင့် နှစ်ပေါင်းများလှစွာ နောက်လိုက်တစ်ဦးဖြစ်ရင်း၊ သင်တို့သည် မည်သို့ပင်ဖြစ်စေ အလုပ်ကြိုးစားပြီးဖြစ်ကာ၊ အစေခံသူတစ်ဦး ဖြစ်ခြင်းမျှ အတွက် ဘုရားသခင်၏ အိမ်တော်ထဲတွင် ထမင်း တစ်ပန်းကန် ရရှိသင့်သည်ဟု တွေးကောင်း တွေးကြပေမည်။ သင်တို့သည် အမှုအရာများထဲမှ မည်သို့ အခွင့်အရေးယူရမည်ဆိုသည်နှင့် မည်သို့ အခွင့်အရေးယူမခံရအောင်ပြုရမည်ဆိုသည်နှင့်သက်ဆိုင်သော အခြေခံ သဘောတရားကို အမြဲ လိုက်စားကြပြီးဖြစ်သည့်အတွက်၊ သင်တို့ထဲမှ အများစုသည် ထိုသို့ တွေးကြသည်ဟု ငါပြောမည်။ ထို့ကြောင့် ယခုတွင် ငါသည် သင်တို့ကို လေးနက်မှုအလုံးစုံဖြင့် ပြောမည်- သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏သွင်ပြင်ရှိသော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။

ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းနိုင်ဖို့၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်အတွက် ၎င်းတို့ ရှိသမျှတိုင်းနှင့် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည့် လူများဖြစ်နိုင်ကြဖို့၊ စသည်တို့ကို ငါ မျှော်လင့်သည်။ ဤမျှော်လင့်ချက် အားလုံးသည် သင်တို့၏မပြည့်စုံခြင်းများ၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မနာခံခြင်းတို့မှ အရင်းခံ၏။ ငါသည် သင်တို့နှင့် ရှိခဲ့ပြီးဖြစ်သည့် စကားပြောဆိုခြင်းတစ်ခုမျှ သင်တို့၏ အာရုံကို ဆွဲဆောင်ဖို့ မလုံလောက်ပါက၊ ယခု ငါလုပ်နိုင်သမျှအားလုံးမှာ နောက်ထပ်ဘာမျှ မပြောဖို့သာ ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော်ငြားလည်း၊ ယင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်မည်ကို သင်တို့ နားလည်ကြပေသည်။ ငါ မကြာခဏ အနားယူခြင်းမရှိ၊ ထို့ကြောင့် အကယ်၍ ငါစကားမပြောပါက၊ လူတို့ကြည့်စရာ တစ်စုံတစ်ခုကို ငါလုပ်ဆောင်မည် ဖြစ်သည်။ တစ်စုံတစ်ဦး၏ လျှာကို ငါ ပုပ်စေနိုင်သည် သို့မဟုတ် တစ်စုံတစ်ဦးကို အစိတ်စိတ်အပိုင်းပိုင်းဖြတ်ခံရလျက် သေဆုံးစေနိုင်သည်၊ သို့မဟုတ် လူများကို အာရုံကို မူမမှန်မှုများ ဖြစ်စေနိုင်ပြီး၊ ၎င်းတို့အား နည်းလမ်းများစွာဖြင့် အကျည်းတန်ပုံပေါက်စေနိုင်သည်။ ထို့နောက် တစ်ဖန်၊ ၎င်းတို့အတွက် အထူးသဖြင့် ငါစီစဉ်ထားသည့် ညှဉ်းပန်းမှုများကို လူတို့အား ငါ သည်းခံစေနိုင်သည်။ ဤနည်းဖြင့် ငါသည် ဝမ်းမြောက်ဝမ်းသာ ခံစားရမည်၊ အလွန် ပျော်ရွှင်မည်ဖြစ်ပြီး အလွန် ကျေနပ်အားရပေမည်။ “ကောင်းသောအရာကို ကောင်းသောအရာဖြင့် လည်းကောင်း၊ မကောင်းမှုကို မကောင်းမှုအားဖြင့်လည်းကောင်း ပြန်လည် ဆပ်ပေးခံရသည်” ဟူ၍ အမြဲဆိုထားပေသည်၊ ထိုသို့ဆိုလျှင် ယခု အဘယ်ကြောင့် ထိုသို့မဖြစ်သနည်း။ သင်သည် ငါ့အား ဆန့်ကျင်ရန်နှင့် ငါနှင့်ပတ်သက်၍ ဝေဖန်အကဲဖြတ်မှုအချို့ ပြုလုပ်ရန် ဆန္ဒရှိပါက၊ ငါသည် သင်၏နှုတ်ကို ပုပ်စေမည်ဖြစ်ပြီး၊ ထိုအရာက ငါ့ကို အဆုံးမရှိ ကျေနပ်နှစ်သိမ့်စေမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင်၊ သင်လုပ်ဆောင်ခဲ့သော အရာသည် အသက်နှင့် တစ်ခုတစ်လေ သက်ဆိုင်ဖို့ မပြောနှင့်၊ သမ္မာတရားပင် မဟုတ်ဘဲ၊ ငါပြုသမျှ အရာရာတိုင်းမှာမူ သမ္မာတရား ဖြစ်သောကြောင့်ဖြစ်သည်။ ငါ၏ လုပ်ရပ်အားလုံးသည် ငါ့အမှု၏ အခြေခံသဘောတရားများနှင့် ငါထုတ်ဖော်ကြေငြာသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်စပ်ပေသည်။ ထို့ကြောင့်၊ စင်ကြယ်သောအကျင့်သီလအချို့ကို စုဆောင်းဖို့၊ အလွန်များလှသော မကောင်းမှုကို ကျုးလွန်ခြင်းအား ရပ်တန့်ဖို့နှင့် သင်၏ အားလပ်ချိန်တွင် ငါ၏တောင်းဆိုချက်များကို အရေးစိုက်ဖို့ သင်တို့ အသီးသီးကို ငါတိုက်တွန်း၏။ ထိုအခါ ငါသည် ပျော်ရွှင်ခြင်း ခံစားရမည်ဖြစ်သည်။ သင်တို့သည် ဇာတိပကတိထဲသို့ သင်တို့ ထားရှိသည့် ကြိုးပမ်းအားထုတ်မှု၏ တစ်ထောင်ပုံ တစ်ပုံမျှကို သမ္မာတရားအဖို့ ဖြည့်ဆည်းမည် (သို့မဟုတ် ပေးလှူမည်) ဆိုပါက၊ သင်သည် မကြာခဏ ဒုစရိုက်အပြစ်များကို ပြုမိမည်မဟုတ်သကဲ့သို့၊ ပုပ်နေသည့် နှုတ်တို့ ရှိမည်မဟုတ်ဟု ငါပြောမည်။ ဤသည်မှာ သိသာထင်ရှားသည် မဟုတ်လော။

သာ၍များသော ဒုစရိုက်အပြစ်များ သင် ကျူးလွန်လေ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်ကို ရရှိဖို့ အခွင့်အရေးများ သင် သာ၍နည်းပါးလေလေ ဖြစ်မည်။ အပြန်အလှန်အားဖြင့်၊ သာ၍ နည်းပါးသော ဒုစရိုက်အပြစ်များ သင်ပြုလေ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလာရဖို့ အခွင့်အလမ်း သာ၍ ကောင်းလေလေပင် ဖြစ်သည်။ သင့်ကို ခွင့်လွှတ်ရန် ငါ့အတွက် မဖြစ်နိုင်သည့်အခြေအနေထိ၊ သင်၏ ဒုစရိုက်အပြစ်များ တိုးပွားပါက၊ သင်သည် ခွင့်လွှတ်ခြင်း ခံရမည့် သင်၏ အခွင့်အရေးများကို လုံးဝ ဖြုန်းတီးမိပြီး ဖြစ်လိမ့်မည်။ ထိုသို့ဖြင့်၊ သင်၏ ခရီးပန်းတိုင်သည် အထက်အရပ် မဟုတ်ဘဲ အောက်အရပ် ဖြစ်ပေလိမ့်မည်။ သင်သည် ငါ့ကို မယုံကြည်ပါက၊ ရဲရင့်ကာ အမှားကို လုပ်ဆောင်လော့၊ ပြီးလျှင် ယင်းက သင့်အား အဘယ်အရာ ပေးသည်ကို ကြည့်လော့။ သင်သည် မိမိ၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုမှာ အလွန် စိတ်ထက်သန်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဒုစရိုက်အပြစ်များအတွက် ခွင့်လွှတ်ခံရဖို့ အခွင့်အရေးတစ်ခု ဧကန်မုချ သင် ရရှိမည်ဖြစ်ပြီး၊ သင်၏ နာမခံတတ်မှုသည် မကြာမကြာ နည်းသထက် နည်းပေလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသောလူတစ်ဦးဖြစ်ပါက၊ ဘုရားသခင်၏ ရှေ့၌ သင်၏ ဒုစရိုက်အပြစ်များသည် ဧကန်မုချ အရေအတွက် တိုးပွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုံးဝဉဿုံ ပျက်စီးခြင်း အချိန်ကာလဖြစ်မည့် အကန့်အသတ်သို့ သင် ရောက်ရှိသည်အထိ၊ သင်သည် မကြာခဏ သာ၍ သာ၍ မနာခံတတ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်၏ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ကြည်နူးဖွယ်အိပ်မက် ပျက်စီးသွားမည့် အချိန်ဖြစ်သည်။ သင်၏ ဒုစရိုက်အပြစ်များကို မရင့်ကျက်သူတစ်ဦး သို့မဟုတ် မိုက်မဲသောသူတစ်ဦး၏ အမှားတစ်ခုမျှအဖြစ် မမှတ်ယူနှင့်။ သင်၏ ညံ့ဖျင်းသော အရည်အချင်းက ထိုသို့လုပ်ဆောင်ဖို့ မဖြစ်နိုင်စေ သောကြောင့်၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟူသော ဆင်ခြေကို အသုံးမပြုနှင့်။ ထို့အပြင်၊ သင် ကျူးလွန်ပြီးဖြစ်သည့် ဒုစရိုက်အပြစ်များကို မည်သည့်အရာကိုမျှ သာ၍ ကောင်းကောင်းမသိခဲ့သော တစ်စုံတစ်ဦး၏ လုပ်ရပ်များအဖြစ် အလွယ်တကူ မမှတ်ယူနှင့်။ သင်သည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ရာတွင် တော်ပြီး၊ မိမိကိုယ်ကိုယ် ရက်ရောမှုဖြင့် ဆက်ဆံရာတွင် တော်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့် သူရဲဘောကြောင်သောသူတစ်ဦး ဖြစ်သကဲ့သို့၊ သင်၏ ဒုစရိုက် အပြစ်များသည် သင့်ကို ခြောက်လှန့်ခြင်းအား မည်သည့်အခါတွင်မျှ ရပ်တန့်လိမ့်မည် မဟုတ်ဟု သင့်ကို ငါ ပြော၏။ ၎င်းတို့သည် သင့်အား သမ္မာတရား၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းမှ ထိန်းထားလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ သစ္စာရှိသော အပေါင်းအဖော်အဖြစ် သင့်အား ထာဝရဆက်ရှိစေမည် ဖြစ်သည်။ သင့်အဖို့ ငါ၏အကြံပေးချက်မှာ ဤသို့ဖြစ်နေဆဲဖြစ်သည်- သင်၏ ကွယ်ဝှက်ထားသော အပြစ်ဒုစရိုက်များကို သတိမပြုမိဘဲလျက် ရှိစဉ်တွင်၊ သင်၏ ခရီးပန်းတိုင် တစ်ခုတည်းကိုသာ အာရုံမစိုက်နှင့်။ ဒုစရိုက်အပြစ်များကို အလေးအနက် သဘောထားလော့၊ ပြီးလျှင် သင်၏ခရီးပန်းတိုင်ကို စိတ်ပူပန်မှုကြောင့် ၎င်းတို့ထဲမှ မည်သည့်အရာကိုမျှ လျစ်လျူမရှုမိစေနှင့်။

အရှေ့သို့- သတိပေးချက် သုံးချက်

နောက်တစ်ခုသို့- ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။