ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှု မပါဝင်ဘဲ၊ ယင်းထက် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ ဖြစ်ကြ၏။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖြစ်ပေါ်စေခြင်းအမှု ဖြစ်၏။ ယင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့ချိန်၌ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံခဲ့ရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အချိန်တွင်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အခါတွင်သာ စတင်ခဲ့ပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားကို ရရှိခဲ့သည့်နောက်မှသာ စီမံခန့်ခွဲခြင်းအမှု ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်ထက် အပိုင်းသုံးပိုင်း ပါရှိပေသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုကို ရည်ညွှန်းသည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ နောက်ဆုံးသော ခေတ်ပြီးဆုံးချိန်တွင်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုသည် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုသို့ ရောက်လာပြီးဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ခြင်းအမှု လုံးဝ ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ထိုအချိန်မှစ၍ လူသားမျိုးနွယ်အတွက် ဤအဆင့်သည် အဆုံးသတ်ပြီးဖြစ်လိမ့်မည်ဟု ဆိုလို၏။ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်သည့်အမှု မရှိဘဲနှင့်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု ရှိမည် မဟုတ်သကဲ့သို့၊ အမှု၏ အဆင့် သုံးဆင့်လည်း ရှိမည် မဟုတ်ပေ။ ယေဟောဝါက ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့သည်မှာ အတိအကျအားဖြင့် လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အင်မတန် အရေးတကြီး လိုအပ်သောကြောင့် ဖြစ်သည်။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏၊ ယင်းမှာ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်ဟု ဆိုလိုပေသည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီး မခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပေ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏၊ ယင်းမှာ ဖောက်ပြန်ပျက်ဆီးသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန် ဖြစ်သည်ဟု ဆိုရပေမည်။ ဤသည်မှာ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်း အမှု မပါဝင်ပေ၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတွင်လည်း ကမ္ဘာလောကကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ၊ ယင်းထက် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန်၊ အမှု၏အဆင့် သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်- ဤသည်မှာ ကယ်တင်ခံရရန်အလို့ငှာ အယောက်တိုင်း သိရမည့်အရာ ဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားသည်ကို သင်တို့ အသိအမှတ်ပြုသင့်ပြီး၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို သင်တို့ အသိအမှတ်ပြုသင့်ကာ၊ ထို့အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သတိပြုသင့်သည်။ ဘုရားသခင်၏ မျက်နှာသာ ရရှိရန် ကြိုးစားအားထုတ်ရာတွင် အယူဝါဒအတိုင်း မည်သို့ပြုမူရမည်ကိုသာ သင်တို့ သိရှိသော်လည်း၊ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ ကယ်တင်သည်ကို သို့မဟုတ် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို အရိပ်အမြွက်မျှ မသိပါက၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါအနေဖြင့် သင်တို့ ချို့တဲ့သည့်အရာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိနားမလည်ဘဲနေလျက်၊ လက်တွေ့လုပ်ဆောင်၍ ရနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့်သာ မကျေနပ်သင့်ပေ- ဤသို့ဖြစ်ပါက သင်သည် တစ်ယူသန်ဆန်လွန်း၏။ အမှု၏ အဆင့် သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော အတွင်းဇာတ်လမ်း၊ တစ်ကမ္ဘာလုံး၏ ဧဝံဂေလိတရား ပေါ်ထွန်းခြင်း၊ လူသားမျိုးနွယ် အားလုံးအလယ် အကြီးမားဆုံးသော နက်နဲမှု ဖြစ်ပြီး၊ ယင်းတို့သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် ဆက်နွှယ်သည့် ရိုးရှင်းသော သမ္မာတရားများကို သိနားလည်ခြင်းအပေါ်သာ အာရုံစိုက်ပြီး နက်နဲမှုများနှင့် ရူပါရုံများ အနက် အကြီးမြတ်ဆုံးဖြစ်သည့် ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ မသိရှိပါက၊ သင်၏ အသက်သည် ကြည့်ဖို့မှလွဲ၍ မည်သည့်အရာအတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ပစ္စည်းတစ်ခုနှင့် တူသည် မဟုတ်ပါလော။

အကယ်၍ လူသားသည် လက်တွေ့လုပ်ဆောင်မှုကိုသာ အာရုံစိုက်ပြီး၊ ဘုရားသခင်၏အမှုနှင့် လူသားတို့ သိသင့်သည့်အရာတို့ကို သာမညအဖြစ် မြင်ပါက၊ ဤသည်မှာ သာ၍အရေးကြီးသည့် အရာများကို အလေးမထားဘဲလျက်၊ အရေးမပါသော အသေးအဖွဲလေးများကို စွဲလမ်းနေခြင်းဖြစ်သည် မဟုတ်လော။ သင်သိရမည့်အရာကို သင်သိရမည်။ သင်လက်တွေ့လုပ်ဆောင်ရမည့်အရာကို သင်လက်တွေ့ လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် သမ္မာတရားအား မည်ကဲ့သို့ လေ့လာလိုက်စားရမည်ကို သိသောသူတစ်ဦး ဖြစ်လိမ့်မည်။ ဧဝံဂေလိ တရားကို သင်ဖြန့်ဝေရမည့်နေ့ ရောက်လာသည့်အခါတွင်၊ ဘုရားသခင်သည် ကြီးမြတ်ကာ ဖြောင့်မတ်သည့် ဘုရားသခင် ဖြစ်ကြောင်း၊ သူသည် အမြင့်ဆုံးသော ဘုရားသခင်၊ ကြီးမြတ်သော မည်သည့်လူသားမျှ နှိုင်းယှဉ်၍ မရသော ဘုရားသခင် ဖြစ်ကြောင်းနှင့် မည်သူမျှ သာ၍ မြင့်မားခြင်း မရှိသော ဘုရားသခင် ဟုသာ သင်ပြောနိုင်ပါက...၊ မဆီလျော်သကဲ့သို့ အပေါ်ယံ ဖြစ်သော ဤစကားများကိုသာ သင် ပြောနိုင်သော်လည်း၊ အရေးပါလှသော စကားများနှင့် အနှစ်သာရရှိသော စကားများကို သင် လုံးဝ ပြောနိုင်စွမ်း မရှိပါက၊ သင်သည် ဘုရားသခင်ကို သိကြောင်း သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်း မည်သည့်အရာမျှ ပြောစရာ မရှိသကဲ့သို့၊ ထို့အပြင် သမ္မာတရားကို ရှင်းပြနိုင်ခြင်းမရှိပါက၊ သို့မဟုတ် လူသား၌ ချို့တဲ့နေသည့်အရာကို မထောက်ပံ့ပေးနိုင်ပါက၊ သင်ကဲ့သို့သော သူတစ်ဦးသည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်အဖို့ သက်သေခံခြင်းနှင့် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် ရိုးရှင်းသည့် ကိစ္စရပ် မဟုတ်ပေ။ ပထမဦးစွာ သင်သည် သမ္မာတရားနှင့် နားလည်ရမည့် ရူပါရုံများဖြင့် ပြင်ဆင်ထားရမည်။ သင်သည် ဘုရားသခင်၏ အမှု၏ ကွဲပြားသော ရှုထောင့်များနှင့်ဆိုင်သော ရူပါရုံများနှင့် သမ္မာတရား အကြောင်းကို ရှင်းလင်းစွာသိသည့်အခါတွင်၊ သင်၏ စိတ်နှလုံး၌ သင်သည် ဘုရားသခင်၏အမှုကို သိရှိလာပြီး၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ- ယင်းသည် ဖြောင့်မတ်သည့် တရားစီရင်ခြင်းဖြစ်စေ၊ လူသားကို စစ်ဆေးခြင်းဖြစ်စေ- သင်သည် သင်၏အခြေခံအုတ်မြစ်အဖြစ် အကြီးမားဆုံးသော ရူပါရုံကို ပိုင်ဆိုင်ပြီး လက်တွေ့လုပ်ဆောင်ရမည့် မှန်ကန်သော သမ္မာတရားကို ပိုင်ဆိုင်ပါက၊ သင်သည် အဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်နိုင်လိမ့်မည် ဖြစ်သည်။ သူမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားသခင့်အမှု၏ ရည်မှန်းချက် ပြောင်းလဲခြင်း မရှိ၊ သူ၏ အမှု၏ အချက်အချာသည် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ လူသားအပေါ် သူ၏အလို ပြောင်းလဲခြင်း မရှိသည်ကို သင်သိရမည်။ သူ၏နှုတ်ကပတ်တော်များ မည်မျှ ပြင်းထန်သည်ဖြစ်စေ၊ ပတ်ဝန်းကျင်က မည်မျှဆိုးရွားသည်ဖြစ်စေ၊ သူ့အမှု၏ အခြေခံသဘောတရားများ ပြောင်းလဲမည်မဟုတ်သကဲ့သို့၊ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏ရည်ရွယ်ချက် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ယင်းသည် လူသား၏ အဆုံးသတ် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ထုတ်ဖော်ပြသည့် အမှုမဟုတ်လျှင်၊ ပြီးလျှင် နောက်ဆုံးအဆင့်၏ အမှုလည်း မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်း အမှု မဟုတ်လျှင်၊ ပြီးလျှင် ယင်းသည် လူသားကို သူ အမှုပြုသည့် အချိန်အတောအတွင်း မဟုတ်လျှင်၊ သူ့အမှု၏ အချက်အချာသည် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ယင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အစဉ်အမြဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၌ သင်တို့၏ ယုံကြည်ခြင်း အခြေခံ အုတ်မြစ် ဖြစ်သင့်သည်။ အမှု၏ အဆင့်သုံးဆင့်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်း ဖြစ်သည်- ဤသည်မှာ စာတန်၏အုပ်စိုးမှုအောက်မှ လူသားကို လုံးဝ ကယ်တင်ခြင်းဟု ဆိုလိုပေသည်။ အမှု၏ အဆင့်သုံးဆင့် အသီးသီးသည် မတူကွဲပြားသည့် ရည်မှန်းချက်နှင့် အရေးပါမှု တစ်ခု ရှိသော်လည်း၊ အသီးသီးသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ အစိတ်အပိုင်း ဖြစ်ပြီး၊ အသီးသီးသည် လူသားမျိုးနွယ်နှင့်ဆိုင်သော သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သည့် မတူကွဲပြားသော ကယ်တင်ခြင်းအမှု ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်ကို သင်သိသည်နှင့် တစ်ပြိုင်နက်၊ သင်သည် အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သော အရေးပါမှုကို မည်သို့ နားလည်ရမည်ကို သိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ မည်သို့လုပ်ဆောင်ရမည်ကို သင် သတိပြုမိလိမ့်မည်။ ဤအဆင့်ကို သင်ရောက်ရှိနိုင်ပါက၊ ရူပါရုံ အားလုံးအနက် အကြီးမားဆုံး ဖြစ်သော ဤအရာသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှု၏ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားများနှင့် ရူပါရုံများအပေါ် အခြေခံထားသည့် အသိပညာ နှစ်ခုလုံး ရှိဖို့အလို့ငှာ၊ သင်သည် လွယ်ကူသော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများ သို့မဟုတ် နက်ရှိုင်းသော သမ္မာတရားများကိုသာ မရှာဖွေသင့်ဘဲ၊ ရူပါရုံများကို လက်တွေ့လုပ်ဆောင်မှုဖြင့် ပေါင်းစပ်သင့်ပေသည်။ ထိုအခါမှသာ သင်သည် သမ္မာတရားကို လုံးလုံးလျားလျား လိုက်စားသူတစ်ဦး ဖြစ်လိမ့်မည်။

အမှု၏ အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ အချက်အချာတွင် ရှိပြီး၊ ယင်းတို့ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းတို့ကို ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်က သူ၏ စိတ်သဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပေ။ ၎င်းတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းလမ်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ အလိုကိုလည်း မသိနားမလည်မြဲ ရှိနေကြ၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်း အမှုနှင့်ဆိုင်သည့် အပြည့်အဝ ဖော်ပြချက် ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းစနစ်များနှင့် အခြေခံသဘောတရား မျိုးစုံတို့ကို မသိနားမလည်ဘဲ ရှိလိမ့်မည် ဖြစ်ပြီး၊ အမှု၏ အဆင့်တစ်ခုခုမှ ကျန်ရှိသော အယူဝါဒကိုသာ တင်းကျပ်စွာ စွဲမြဲထားသူများသည် ဘုရားသခင်ကို အယူဝါဒဖြင့် ကန့်သတ်ထားသူများ ဖြစ်ကြပြီး၊ ၎င်း၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေမရာနှင့် မသေမချာ ဖြစ်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သာ ဘုရားသခင်၏ စိတ်နေသဘောထား အလုံးစုံကို အပြည့်အဝ ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်၏ကယ်တင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို လုံးဝ ဖော်ပြနိုင်ပေသည်။ ဤသည်မှာ သူသည် စာတန်ကို အောင်နိုင်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ရယူပြီးဖြစ်သည့် သက်သေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း သက်သေဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ခုလုံးနှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အယူအဆများတွင်၊ ဤအဆင့်တစ်ဆင့်တည်းက အယူဝါဒဖြစ်လာရန် လွယ်ကူပြီး၊ လူသားအနေနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် သတ်မှတ်ထားသော စည်းမျဉ်းများ ထူထောင်ဖို့နှင့် ဘုရားသခင်၏ စိတ်သဘောထား၏ ဤအစိတ်အပိုင်းတစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး၏ ကိုယ်စားပြုမှု တစ်ခုအဖြစ် အသုံးပြုရန် အလားအလာ ရှိလာလေသည်။ ထို့အပြင် လူသား၏ စိတ်ကူးစိတ်သန်းအများစုသည် အတွင်းတွင် ရောယှက်နေသည်မှာ လူသားက ဘုရားသခင်မှာ တစ်ချိန်တစ်ခါက ဤသို့ဖြစ်ခဲ့ပါလျှင်၊ သူသည် တစ်ချိန်လုံး အလားတူ ဖြစ်မြဲဖြစ်နေမည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျက်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် ဉာဏ်ပညာတို့အပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို ကန့်သတ်ထားသည့် သတ်မှတ်ချက်ဘောင်အတွင်းတွင် တင်းကျပ်စွာ ဘောင်ခတ်လေသည်။ အမှု၏ အဆင့်သုံးဆင့်ကို သိပြီး၊ နားလည်သူများသာ ဘုရားသခင်ကို အပြည့်အဝနှင့် တိကျမှန်ကန်စွာ သိနိုင်ပေသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်အဖြစ် သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်အဖြစ် သတ်မှတ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုရိုက်နှက် ခံထားရမည့် ဘုရားအဖြစ် မြင်လိမ့်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သူ၏အမှု၏ အဆင့်တစ်ဆင့်မှသာ သိလာပါက၊ ၎င်းတို့၏ အသိပညာသည် အလွန့် အလွန်သေးနုပ်ပြီး၊ သမုဒ္ဒရာထဲက ရေတစ်စက်နှင့်သာ ညီမျှပေသည်။ ထိုသို့မဟုတ်ပါက ရှေးဘာသာရေး အစောင့်များစွာက အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကားတိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်ခဲ့မည်နည်း။ ယင်းမှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက် ဘောင်အချို့အတွင်း ကန့်သတ်ထားသောကြောင့် မဟုတ်လော။ များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ပယ်ထုတ်လိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူဆိုးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို သောင်းကျန်းမွှေ့ယမ်းရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ ထင်ရာစိုင်းသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌ သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။ ယနေ့ သင်တို့သည် ဘုရားသခင်၏ အမှု အဆင့်သုံးဆင့်၏ အရေးပါမှုအား သိရမည့် အကြောင်းရင်းကို နားလည်သင့်ပေသည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်တို့အဖို့ အကျိုးရှိပြီး၊ အနှစ်မဲ့ ပြောဆိုမှုသာ မဟုတ်ပေ။ အကယ်၍ သင်တို့သည် မြင်းကျောပေါ် ဒုန်းစိုင်းစီးနေစဉ် ပန်းများကို အားကျရှုစားသကဲ့သို့ ထိုအရာများကို ဖတ်ရှုမည်ဆိုပါက၊ ငါ၏ကြိုးစားအားထုတ်မှုသည် အချည်းနှီး ဖြစ်မည် မဟုတ်ပါလော။ သင်တို့အသီးသီးသည် သင်တို့ကိုယ်တိုင်၏ သဘာဝကို သိသင့်သည်။ သင်တို့ အများစုသည် ငြင်းခုံရာတွင် ကျွမ်းကျင်ကြ၏။ အယူအဆဆိုင်ရာ မေးခွန်းများ၏ အဖြေများကို သင်တို့နှုတ်မှ အလွယ်တကူ ပြောကြသော်လည်း၊ အနှစ်သာရ ပါဝင်သည့် မေးခွန်းများအပေါ် သင်တို့ ပြောစရာ ဘာမျှ မရှိကြပေ။ ယနေ့ခေတ်တွင်ပင် သင်တို့သည် သင်တို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲနိုင်စွမ်း မရှိကြဘဲ၊ ပေါ့ပြက်သည့် စကားစမြည် ပြောဆိုခြင်း၌ မွေ့လျော်ကြဆဲ ဖြစ်ပြီး၊ သင်တို့ အများစုတွင် ပို၍ မြင့်မားသော သမ္မာတရားကို ရရှိရေးအတွက် သင်တို့ လိုက်စားသည့် နည်းလမ်းကို ပြောင်းလဲရန် ရည်ရွယ်ချက် လုံးဝမရှိကြဘဲ၊ ယင်းအစား သင်တို့၏အသက်တာများကို စိတ်မပါ့တပါဖြင့်သာ အသက်ရှင်ကြ၏။ ထိုသို့သော လူများသည် ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်နိုင်စွမ်း အဘယ်သို့ ရှိကြသနည်း။ သင်တို့သည် လမ်းကြောင်း အဆုံးထိ စိတ်မပါ့တပါဖြင့် ရောက်ခဲ့လျှင်ပင်၊ သင်တို့အဖို့ ယင်းသည် မည်သည့် အကျိုးရှိမည်နည်း။ စစ်မှန်စွာ လိုက်စားခြင်း ဖြစ်စေ၊ သို့မဟုတ်ပါက စောစီးစွာ နောက်ဆုတ်လိုက်ခြင်းဖြင့်ဖြစ်စေ၊ နောက်မကျ လွန်းမီ သင်တို့၏ စိတ်ကူးများကို ပြောင်းလဲဖို့ သာ၍ကောင်းသည်။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် ကပ်စားနေသော ကပ်ပါးပိုး တစ်ကောင် ဖြစ်လာလိမ့်မည်- ထိုသို့နိမ့်ကျပြီး ယုတ်ညံ့သော အခန်းကဏ္ဍ တစ်ခုကို သင်တို့ပါဝင်ရန် လိုလားနေပါသလော။

အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံး၏ မှတ်တမ်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း မှတ်တမ်းဖြစ်ပြီး၊ ၎င်းတို့သည် စိတ်ကူးသက်သက်မဟုတ်ပေ။ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးနှင့်ဆိုင်သည့် အသိပညာတစ်ခုကို ရှာဖွေရန် အမှန်တကယ် သင် ဆန္ဒရှိပါက၊ ဘုရားသခင် လုပ်ဆောင်သည့် အမှုအဆင့်သုံးဆင့်ကို သင်တို့သိရမည် ဖြစ်သည့်အပြင် သင်တို့သည် မည်သည့်အဆင့်ကိုမျှ မချန်ထားရ။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသူတို့ စွမ်းဆောင်ရရှိရမည့် အနည်းဆုံးအရာ ဖြစ်သည်။ လူသားကိုယ်တိုင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို လုပ်ကြံဖန်တီး၍ မရနိုင်ပေ။ ဤသည်မှာ လူသားကိုယ်တိုင် စိတ်ကူး၍ ရသောအရာ မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လူတစ်ဦးကို အထူး မျက်နှာပေးခြင်း၏ အကျိုးဆက်လည်း မဟုတ်ပေ။ ထို့ထက် ယင်းမှာ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးနောက် ဖြစ်လာသည့် အသိပညာတစ်ခု ဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အမှန်တရားများကို ကြုံတွေ့ခြင်းနောက်မှသာ ဖြစ်လာသည့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာတစ်ခု ဖြစ်သည်။ ထိုသို့သော အသိပညာတစ်ခုကို လွယ်လင့်တကူ မရရှိနိုင်သကဲ့သို့၊ ယင်းသည် သင်ကြားပေး၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ထိုအရာမှာ ကိုယ်ပိုင်အတွေ့အကြုံနှင့် လုံးလုံးလျားလျား သက်ဆိုင်ပေသည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ဤအမှုအဆင့်သုံးဆင့်၏ ဗဟိုအချက်အချာတွင် ရှိသော်လည်း၊ ကယ်တင်ခြင်း အမှုအတွင်းတွင် အမှုပြုသည့်နည်းစနစ် အချို့နှင့် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသော နည်းလမ်းအချို့ ပါဝင်လေသည်။ ဤသည်မှာ လူသားအတွက် ပိုင်းခြားသိမြင်ရန် အခက်ခဲဆုံးသောအရာ ဖြစ်ပြီး လူသားအတွက် နားလည်ရန်လည်း ခက်ခဲသောအရာ ဖြစ်သည်။ ခေတ်ကာလများ ပိုင်းခြားခြင်း၊ ဘုရားသခင်၏အမှုထဲက ပြောင်းလဲခြင်းများ၊ အမှု၏ တည်နေရာ ပြောင်းလဲခြင်းများ၊ ဤအမှုကို လက်ခံရရှိသူတို့၌ ပြောင်းလဲခြင်းများ စသည်ဖြင့်- ဤအရာအားလုံးသည် အမှု၏ အဆင့်သုံးဆင့်တွင် ပါဝင်သည်။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း နည်းလမ်းရှိ ကွဲပြားခြားနားချက်အပြင်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပုံရိပ်၊ အမည်နာမ၊ ပင်ကိုလက္ခဏာထဲက ပြောင်းလဲခြင်းများ၊ သို့မဟုတ် အခြားပြောင်းလဲခြင်းများ အားလုံးတို့သည် အမှုအဆင့်သုံးဆင့်၏ တစ်စိတ်တစ်ဒေသ ဖြစ်၏။ အမှု၏ အဆင့်တစ်ဆင့်သည် အစိတ်အပိုင်း တစ်ရပ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ နယ်ပယ်တစ်ခုခုအတွင်း ကန့်သတ်ထား၏။ ယင်းသည် အခြားကဏ္ဍများကို မဆိုထားနှင့်၊ ကာလများ ပိုင်းခြားထားခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှု၌ အပြောင်းအလဲများပင် မပါဝင်ပေ။ ဤသည်မှာ သိသာထင်ရှားစွာ မြင်သာသည့် အချက်တစ်ချက်ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှု တစ်ရပ်လုံး ဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုထဲက ဘုရားသခင်၏ စိတ်သဘောထားကို သိရမည် ဖြစ်သည်။ ဤအချက်မရှိဘဲနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အသိပညာသည် အနှစ်သာရကင်းမဲ့သော စကားများသာ ပါရှိပြီး၊ ထိုင်ရာမှမထဘဲ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။ ထိုသို့သော အသိပညာသည် လူသားကို သိမ်းသွင်းနိုင်ခြင်း မရှိသကဲ့သို့ သိမ်းပိုက်နိုင်ခြင်းလည်း မရှိပေ။ ယင်းသည် အမှန်တရားနှင့် ဆန့်ကျင်ကွဲလွဲပြီး၊ သမ္မာတရား မဟုတ်ပေ။ ယင်းသည် အလွန်ပေါများပြီး နားဝင်ချိုနိုင်သော်လည်း၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားနှင့် သဘောကွဲလွဲပါက၊ ဘုရားသခင်သည် သင့်ကို ချမ်းသာပေးမည် မဟုတ်ပေ။ သူသည် သင်၏အသိပညာကို ချီးကျူးလိမ့်မည် မဟုတ်သည်သာမက၊ သူ့ကို ပြစ်မှားစော်ကားသည့် အပြစ်သားတစ်ဦး ဖြစ်ခြင်းအတွက် သင့်အပေါ် ဒဏ်ခတ်ခြင်းလည်း ပြုလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းနှင့်ဆိုင်သည့် စကားများကို ပေါ့ပေါ့တန်တန် ပြောဆိုထားခြင်း မဟုတ်ပေ။ သင်သည် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်ပြီး စကားကြွယ်ကာ၊ သင်၏စကားလုံးများသည် အမည်းကို အဖြူအဖြစ် နှင့် အဖြူကို အမည်းအဖြစ်သို့ ငြင်းခုံနိုင်လောက်အောင် အလွန် လိမ္မာပါးနပ်သော်လည်း၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအကြောင်း ပြောခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် ဉာဏ်မမီဆဲ ဖြစ်ပေသည်။ ဘုရားသခင်သည် သင် မဆင်မခြင် ဝေဖန်၍ရသူတစ်ဦး သို့မဟုတ် သာမန်ကာလျှံကာ ချီးမွမ်း၍ရသူတစ်ဦး သို့မဟုတ် ခပ်တည်တည်နှင့် သိက္ခာချ၍ရသူတစ်ဦး မဟုတ်ပေ။ သင်သည် မည်သူ့ကိုမဆိုနှင့် အယောက်တိုင်းကို ချီးမွမ်းသော်လည်း၊ ဘုရားသခင်၏ အထွတ်အထိပ် ကျေးဇူးတော်ကို ဖော်ပြရန် သင့်တော်သည့် စကားလုံးများကို ရှာတွေ့ဖို့ သင် အပြင်းအထန် ကြိုးပမ်းရ၏- ဤသည်မှာ အရှုံးသမားတိုင်း သဘောပေါက် လာရသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြနိုင်စွမ်း ရှိသည့် ဘာသာစကား ကျွမ်းကျင်သူများစွာ ရှိသော်လည်း၊ ၎င်းတို့ ဖော်ပြသည့်အရာ၏ တိကျမှန်ကန်မှုမှာ ဘုရားသခင်နှင့်သက်ဆိုင်၍ ဝေါဟာရ အနည်းအကျဉ်းသာ ပိုင်ဆိုင်သော်လည်း၊ ဆွဲထုတ်ဖို့ ကြွယ်ဝသော အတွေ့အကြုံရှိသူတို့ ပြောဆိုသော သမ္မာတရား၏ တစ်ရာပုံတစ်ပုံသာရှိ၏။ ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် တိကျမှန်ကန်မှုနှင့် အဖြစ်မှန်တို့တွင် ရှိကြောင်း၊ စကားလုံးများကို ပါးနပ်စွာ အသုံးပြုခြင်း၊ သို့မဟုတ် ကြွယ်ဝသည့် ဝေါဟာရများတွင် မရှိကြောင်းနှင့်၊ လူသား၏ အသိပညာနှင့် ဘုရားသခင်၏ အသိပညာတို့သည် လုံးဝ တခြားစီ ဖြစ်ကြောင်းကို တွေ့နိုင်သည်။ ဘုရားသခင်ကို သိခြင်းသင်ခန်းစာသည် လူသားမျိုးနွယ်၏ မည်သည့် သဘာဝသိပ္ပံပညာရပ်မဆိုထက် ပို၍ မြင့်မား၏။ ယင်းမှာ ဘုရားသခင်ကို သိရန်ကြိုးစားသည့် အလွန့်အလွန် နည်းပါးသော လူဦးရေသာ စွမ်းဆောင်ရရှိနိုင်သည့် သင်ခန်းစာ တစ်ရပ်ဖြစ်ပြီး ပါရမီရှိသည့် မည်သူမဆိုကမျှ စွမ်းဆောင်ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို သိခြင်းနှင့် သမ္မာတရားအား အားထုတ်ခြင်းတို့ကို သာမန်ကလေး တစ်ဦးက ရယူနိုင်သော အရာများကဲ့သို့ မမြင်ရ။ သင်သည် သင်၏မိသားစုဘဝ၊ သို့မဟုတ် သင်၏အသက်မွေးအလုပ်၊ သို့မဟုတ် သင်၏အိမ်ထောင်ရေးတို့တွင် လုံးဝ အောင်မြင်ပြီးသူတစ်ဦး ဖြစ်ချင်ဖြစ်မည်၊ သို့ရာတွင် သမ္မာတရားနှင့် ဘုရားသခင်ကို သိခြင်း သင်ခန်းစာနှင့်ပတ်သက်လာသည့်အခါ သင်သည် မိမိကိုယ်ကိုယ်အတွက် ပြစရာဘာမျှမရှိသကဲ့သို့၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိလေပြီ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့အတွက် ကြီးမားသော အခက်အခဲရှိသည်ဟု ဆိုနိုင်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် သာ၍ ကြီးမားသော ပြဿနာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သင်တို့၏အခက်အခဲဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအမှုတွင် အောင်မြင်မှုအချို့ ရရှိပြီးသူ အချို့အလယ်တွင် အဆင့်အတန်းမီသူ လုံးဝ မရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည်ကို ဆိုလိုကြောင်း သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် မည်သည့် အတိုင်းအတာထိ ကြိုးပမ်းရရှိရမည်ကို လူသားသည် မသိပေ။ ဤသည်မှာ လူသားမျိုးနွယ်အဖို့ အလွန် ဝေခွဲမရဖြစ်ရသည့်အရာ ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ် ရင်ဆိုင်ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်သည်မှာ အတော်အတန် ရိုးရှင်းလှ၏- မည်သူမျှ ဤမေးခွန်းကို ဖြေနိုင်စွမ်း မရှိသကဲ့သို့၊ မည်သူမျှလည်း ဤမေးခွန်းကို ဖြေရန် လိုလားခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ ဤအမှုကို လေ့လာရာတွင် လူသားမျိုးနွယ်အလယ် မည်သူမျှ အောင်မြင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ပဟေဠိကို လူသားမျိုးနွယ်ထံ အသိပေးသည့်အခါ၊ ဘုရားသခင်ကို သိရှိသည့် ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်း ပေါ်လာပေမည်။ ဟုတ်ပေ၏၊ ထိုသို့ဖြစ်သည်ကို ငါမျှော်လင့်မိပြီး၊ ထို့အပြင် ငါသည် ဤအမှုအား ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် ရှိပြီး၊ မကြာတော့သည့် အနာဂတ်တွင် ပိုမိုများပြားသည့် ထိုသို့သော ပါရမီရှင်များ ပေါ်ထွက်ခြင်းကိုတွေ့ရန် ငါမျှော်လင့်သည်။ ၎င်းတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များကို သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ ဤအမှု၏ အဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့်နေ့တွင် ထိုသို့သော ပါရမီရှင်များ မပေါ်ထွက်ပါက၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံပြီးသူ ထိုသို့သောလူ တစ်ဦး နှစ်ဦးသာ ရှိပါက၊ သာ၍ စိတ်သောကရောက်စရာနှင့် သာ၍နောင်တရစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ အမှန်တကယ် လိုက်စားသူများသည် ဤကောင်းချီးမင်္ဂလာကို ရရှိနိုင်မည်ဟု ငါမျှော်လင့်ဆဲဖြစ်၏။ အချိန်၏ အစကတည်းက၊ ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိဖူးပေ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ထိုသို့သော တာဝန်တစ်ခုသည် မည်သည့်အခါမျှ မဖြစ်ပေါ်ဖူးပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက၊ ဤသည်မှာ သတ္တဝါများအားလုံးအလယ်တွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာတစ်ရပ် ဖြစ်မည်မဟုတ်လော။ လူသားမျိုးနွယ်ထဲမှ အဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်လေသည် ဘုရားသခင်၏ ချီးကျူးခြင်းကို သာ၍ ခံရမည်လော။ ထိုသို့သောအမှုကို စွမ်းဆောင်ရရှိရန် မလွယ်သော်လည်း၊ နောက်ဆုံးတွင် ဆုလာဘ်များ ရိတ်သိမ်းရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားဖြစ်ခြင်းတို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သည့် အသိပညာ ရရှိနိုင်စွမ်း ရှိသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူများသာ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်ပြီး အနာဂတ်၏အမှုလည်း ဖြစ်၏။ ဤသည်မှာ အနှစ်ခြောက်ထောင် အမှုတွင် ပြီးမြောက်မည့် နောက်ဆုံးနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အတန်းအစားအသီးသီးကို ထုတ်ဖော်ပြသည့် အမှုပြုခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားအား ဘုရားသခင်ကို သိစေခြင်း အမှုမှတစ်ဆင့် လူသား၏ မတူကွဲပြားသည့် အဆင့်များကို ဖော်ထုတ်ပြသည်- ဘုရားသခင်ကို သိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမီကြသော်လည်း၊ ဘုရားသခင်ကို မသိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်း မမီကြပေ။ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်နှင့် ရင်းနှီးသူများ ဖြစ်ပြီး၊ ဘုရားသခင်ကို မသိသူများအား ဘုရားသခင်နှင့် ရင်းနှီးသူများဟု ခေါ်၍မရပေ။ ဘုရားသခင်၏ ရင်းနှီးသူများသည် ဘုရားသခင်၏ မည်သည့် ကောင်းချီးမင်္ဂလာကိုမဆို လက်ခံရရှိနိုင်သော်လည်း၊ သူနှင့် မရင်းနှီးသူများသည် သူ၏မည်သည့် အမှုနှင့်မျှ မထိုက်တန်ပေ။ ဆင်းရဲဒုက္ခများဖြစ်စေ၊ စစ်ဆေးခြင်း ဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ ဤအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအား လူသားကို ရရှိခွင့်ပေးခြင်းအတွက်နှင့် ဘုရားသခင်ကို လူသားက ကျိုးနွံနာခံနိုင်ရန်အလို့ငှာ ဖြစ်၏။ ဤသည်မှာ အဆုံးတွင်ရရှိမည့် တစ်ခုတည်းသော အကျိုးတရား ဖြစ်လိမ့်မည်။ အမှု၏ အဆင့်သုံးဆင့်ထဲမှ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ အသိပညာအတွက် အကျိုးရှိပြီး၊ ဘုရားသခင်နှင့်ဆိုင်သည့် ပိုမိုပြည့်စုံပြီး စေ့စပ်သေချာသော အသိပညာကို ရရှိရန် လူသားအား အထောက်အကူပြုပေသည်။ ဤအမှုအားလုံးသည် လူသားအဖို့ အကျိုးရှိ၏။

ဘုရားသခင်၏အမှုကို လူသားက မစွမ်းဆောင်မရရှိနိုင်သကဲ့သို့၊ လူသားက ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုသည် လူသားသိရမည့် ရူပါရုံ ဖြစ်၏။ အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း တစ်ရပ်လုံး ဖြစ်ပြီး၊ လူသားမှ သိသင့်သည့် သာ၍ ကြီးမြတ်သော ရူပါရုံ မရှိပေ။ လူသားသည် ဤတန်ခိုးကြီးမားသော ရူပါရုံကို မသိပါက၊ ဘုရားသခင်ကို သိရန်မလွယ်ပေ၊ ဘုရားသခင်၏ အလိုကို နားလည်ရန် မလွယ်ကူသကဲ့သို့၊ ထို့အပြင် လူသား လျှောက်လှမ်းသည့် လမ်းကြောင်းသည် တိုး၍တိုး၍ ခက်ခဲကြမ်းတမ်း လာလိမ့်မည်။ ရူပါရုံများ မရှိဘဲ၊ လူသားသည် ဤမျှအထိ ရောက်လာနိုင်ခဲ့မည် မဟုတ်ပေ။ လူသားကို ယနေ့တိုင် ကာကွယ်ထားခဲ့ပြီး အကြီးမားဆုံးသော အကာအကွယ်ကို ပေးခဲ့သည်မှာ ဤရူပါရုံများ ဖြစ်၏။ အနာဂတ်တွင်၊ သင်တို့၏ အသိပညာသည် ပိုမိုနက်နဲလာရမည် ဖြစ်ကာ သင်တို့သည် သူ၏အလို အလုံးစုံနှင့် အမှု၏အဆင့်သုံးဆင့် အတွင်းရှိ သူ၏ဉာဏ်ပညာရှိသော အမှု၏ အနှစ်သာရကို သိလာရမည် ဖြစ်သည်။ ဤသည်သာလျှင် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ဖြစ်၏။ အမှု၏ နောက်ဆုံးအဆင့်သည် သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ၊ ယခင်အဆင့်နှစ်ဆင့်နှင့်အတူတကွ ဖွဲ့စည်းထားသည့် တစ်ရပ်လုံး၏ အစိတ်အပိုင်း ဖြစ်သည်၊ ယင်းမှာ အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ လုပ်ဆောင်ခြင်းဖြင့် ကယ်တင်ခြင်း အမှုတစ်ခုလုံးကို ပြီးစီးစေရန် မဖြစ်နိုင်ဟု ဆိုရပေမည်။ အမှု၏ နောက်ဆုံးအဆင့်သည် လူသားကို အပြည့်အဝ ကယ်တင်နိုင်သော်လည်း ဤအဆင့် တစ်ရပ်တည်းကိုသာ ဆောင်ရွက်ရန်သာ လိုအပ်ပြီး၊ စာတန်၏ စွမ်းအားမှ လူသားကို ကယ်တင်ရန် ယခင်အမှုအဆင့် နှစ်ဆင့်ကို မလိုအပ်ဟု မဆိုလိုပေ။ ကယ်တင်ခြင်း အမှု အလုံးစုံသည် အမှု၏ အဆင့်သုံးဆင့် ဖြစ်ပြီး၊ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်သည့်အတွက်၊ ဤအဆင့်သုံးဆင့်မှ မည်သည့် အဆင့်တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ် အားလုံးသိရမည့် တစ်ခုတည်းသော ရူပါရုံဟု စွဲကိုင်ထား၍မရပေ။ ကယ်တင်ခြင်းအမှု မပြီးမြောက်သေးသရွေ့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ပြီးပြည့်စုံသည့် အဆုံးသတ်တစ်ခုသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ဖြစ်ခြင်း၊ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ကို ကယ်တင်ခြင်းအမှု အလုံးစုံတွင် ဖော်ပြထား၏။ ယင်းတို့ကို တကယ့်အစတွင် လူသားထံ ဖော်ပြမထားဘဲ၊ ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားပြီးဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှု၏ မည်သည့်အဆင့်မျှ ဘုရားသခင်၏ဖြစ်ခြင်း အလုံးစုံကို တိုက်ရိုက်နှင့် ပြီးပြည့်စုံစွာ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထိုသို့ဖြင့် ကယ်တင်ခြင်းအမှုကို အမှု၏ အဆင့်သုံးဆင့် ပြီးစီးသည်နှင့်တစ်ပြိုင်နက်တွင်သာ အပြည့်အဝ အဆုံးသတ်နိုင်ပေသည်၊ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံနှင့်ဆိုင်သည့် လူသား၏အသိပညာကို ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှု၏ အဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်းတစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်သဘောထားမျှသာ ဖြစ်၏။ ယင်းသည် ယခင် သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြထားသော စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားမပြုနိုင်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ခုအတွင်း၊ သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ၊ မတူညီသော အချိန်ကာလများနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ယင်းမှာ အဆင့်များဖြင့် ဆောင်ရွက်သည့် အမှုဖြစ်ပြီး အဆင့်တစ်ဆင့်တည်းဖြင့် မပြီးစီးပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံသော ဉာဏ်ပညာကို အဆင့်တစ်ဆင့်ချင်းထက် အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ အလုံးစုံသော ဖြစ်ခြင်းနှင့် အလုံးစုံသော ဉာဏ်ပညာကို ဤအဆင့်သုံးဆင့်တွင် ချခင်းထားပြီး အဆင့်အသီးသီးသည် သူ၏ဖြစ်ခြင်းပါရှိကာ အဆင့်အသီးသီးသည် သူ့အမှု၏ ဉာဏ်ပညာနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်၏။ လူသားသည် ဤအဆင့်သုံးဆင့်တွင် ဖော်ပြထားသော ဘုရားသခင်၏ အလုံးစုံသော စိတ်သဘောထားကို သိသင့်သည်။ ဘုရားသခင်၏ ဖြစ်ခြင်းနှင့်ဆိုင်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အားလုံးအဖို့ အရေးကြီးဆုံး ဖြစ်ပြီး၊ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့်အခါတွင် ဤအသိပညာမရှိပါက၊ ၎င်းတို့သည် ဗုဒ္ဓကို ကိုးကွယ်သူများနှင့် မခြားဖြစ်သည်။ လူသားအလယ် ဘုရားသခင်၏ အမှုကို လူသားထံမှ ကွယ်ဝှက်မထားသကဲ့သို့၊ ဘုရားသခင်ကို ကိုးကွယ်သူ အားလုံးက သိသင့်ပေသည်။ ဘုရားသခင်သည် လူသားအလယ်တွင် ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို ဆောင်ရွက်ပြီး ဖြစ်သည့်အတွက်၊ လူသားသည် ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ဖော်ပြချက်ကို သိသင့်သည်။ ဤသည်မှာ လူသားလုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားက စွမ်းဆောင်ရရှိနိုင်စွမ်း မရှိသော အရာဖြစ်ပြီး၊ လူသား မသိသင့်သော အရာဖြစ်ကာ၊ ဘုရားသခင်က လူသားကို ပြသည့်အရာမှာမူ လူသားက သိသင့်သည့် အရာဖြစ်ပြီး လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ အမှု၏ ဤအဆင့်သုံးဆင့် အသီးသီးကို ယခင်အဆင့်၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆောင်ရွက်ထားလေသည်။ ယင်းကို ကယ်တင်ခြင်းအမှုမှ သီးခြားခွဲလျက် အမှီအခိုကင်းစွာ လုပ်ဆောင်ထားခြင်း မဟုတ်ပေ။ ဆောင်ရွက်သည့်ခေတ်နှင့် အမှုတို့တွင် ကြီးမားသော ကွာခြားမှုများ ရှိသော်လည်း၊ ယင်း၏ ဗဟိုအချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းဖြစ်ဆဲ ဖြစ်ပြီး၊ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်းလေသည်။ အမှု၏အဆင့်အသီးသီးသည် ဖျက်သိမ်းခြင်း မခံရသည့် ပြီးခဲ့သည့်အဆင့်၏ အခြေခံအုတ်မြစ်မှ ဆက်လက် လုပ်ဆောင်ခြင်းဖြစ်၏။ ဤနည်းဖြင့် အစဉ်သစ်လွင်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသော သူ၏အမှုတွင် ဘုရားသခင်သည် လူသားထံ ယခင်က လုံးဝ မဖော်ပြဖူးသည့် သူ့စိတ်သဘောထားနှင့် ပတ်သက်သည့် ရှုထောင့်များကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြနေကာ လူသားထံ သူ၏အမှုသစ်နှင့် သူ၏ဖြစ်ခြင်းအသစ်တို့ကို အမြဲ ထုတ်ဖော်ပြသနေပြီး၊ ရှေးဘာသာရေး အစောင့်က ဤအရာကို ခုခံရန် အစွမ်းကုန်ကြိုးစားကာ ထင်ထင်ပေါ်ပေါ် ဆန့်ကျင်သော်လည်း၊ ဘုရားသခင်သည် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုအသစ်ကို အမြဲ လုပ်ဆောင်လေသည်။ သူ၏အမှုသည် အစဉ်ပြောင်းလဲနေပြီး၊ ဤအရာကြောင့် လူသား၏ ဆန့်ကျင်မှုကို အမြဲ ကြုံရလေသည်။ သူ၏ စိတ်သဘောထားသည်လည်း အမြဲ ပြောင်းလဲနေကာ၊ သူ့အမှု၏ခေတ်နှင့် လက်ခံရရှိသူတို့သည်လည်း အမြဲ ပြောင်းလဲနေ၏။ ထို့အပြင် သူသည် ယင်းနှင့်ဆန့်ကျင်ရန် လူသား၏အမြင်တွင် ယခင်က လုပ်ထားသည့်အမှုနှင့် ဆန့်ကျင်ပုံပေါက်သည့် အမှုကိုပင် လုပ်ဆောင်လျက်၊ ယခင်က ပြုလုပ်ဖူးခြင်း မရှိသောအမှုကို အမြဲ ဆောင်ရွက်လျက်ရှိလေသည်။ လူသားသည် အမှုတစ်မျိုးကိုသာ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းတစ်ခုကိုသာ လက်ခံနိုင်ပြီး၊ ၎င်းတို့နှင့် သဘောကွဲလွဲသည့်၊ ၎င်းတို့ထက် မြင့်သော အမှု သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကို လက်ခံရန် လူသားအတွက် ခက်ခဲသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုအသစ်ကို အမြဲ လုပ်ဆောင်နေသောကြောင့် ဘုရားသခင်၏ အမှုအသစ်ကို ဆန့်ကျင်သည့် ဘာသာရေး ကျွမ်းကျင်သူများအုပ်စု တစ်စုပြီးတစ်စု ပေါ်ပေါက်၏။ ဤလူတို့ ကျွမ်းကျင်သူများ ဖြစ်လာရပြီးဖြစ်သည်မှာ အတိအကျအားဖြင့် ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိပုံနှင့်ဆိုင်သည့် အသိပညာကို လူသားက မရှိသကဲ့သို့၊ ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများ နှင့်ဆိုင်သည့် အသိပညာ မရှိသည့်အပြင်၊ ဘုရားသခင်က လူသားကို ကယ်တင်သည့် နည်းလမ်းများစွာနှင့်ဆိုင်သည့် အသိပညာလည်း မရှိသောကြောင့် အတိအကျ ဖြစ်ပေသည်။ ထိုသို့ဖြင့်၊ လူသားသည် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်မှလာသည့် အမှုဖြစ်သည် မဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်သည် မဖြစ်သည်ကို လုံးဝ မပြောနိုင်ပေ။ တစ်စုံတစ်ရာသည် ယခင်က နှုတ်ကပတ်တော်များနှင့် ကိုက်ညီပါက ၎င်းတို့ လက်ခံပြီး၊ ယခင်က အမှုနှင့် ကွဲပြားချက်များရှိပါက ဆန့်ကျင်ကာ ငြင်းပယ်ကြသည့် သဘောထားကို လူများစွာက ဖက်တွယ်ကြ၏။ ယနေ့ခေတ်တွင် သင်တို့အားလုံးသည် ထိုသို့သော အခြေခံသဘောတရားများကို စောင့်ထိန်းလိုက်နာကြသည် မဟုတ်လော။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်သည် သင်တို့ အပေါ်တွင် မည်သည့် ကြီးမားသည့် အကျိုးတရားမျှ မရှိသေးသကဲ့သို့၊ ယခင်အမှု အဆင့်နှစ်ဆင့်သည် ၎င်းတို့ တကယ်ကို သိရန်မလိုသော ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်သည်ဟု ယုံကြည်သူများရှိ၏။ ၎င်းတို့က အမှု၏ အဆင့်သုံးဆင့်ထဲက ယခင်အဆင့်နှစ်ဆင့်အားဖြင့် လူတို့ စိတ်မထိခိုက်ဖို့အလို့ငှာ ဤအဆင့်များကို လူစုလူဝေးများထံ မကြေညာသင့်သကဲ့သို့၊ ဖြစ်နိုင်သမျှ မြန်မြန် ပြန်ရုပ်သိမ်းသင့်သည်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို အသိပေးခြင်းသည် အလွန် ကွာလှမ်းလှသည့် အဆင့်တစ်ခု ဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် အထောက်အကူ မဖြစ်ဟု အများစုက ယုံကြည်ကြ၏- ယင်းသည် သင်တို့ တွေးထင်သည့်အရာ ဖြစ်သည်။ ယနေ့ခေတ်တွင် ဤသို့ပြုမူခြင်းသည် မှန်သည်ဟု သင်တို့အားလုံး ယုံကြည်ကြသော်လည်း၊ ငါ့အမှု၏ အရေးပါမှုကို သင်တို့ သဘောပေါက်သည့် နေ့ရက် ရောက်လာလိမ့်မည်။ ငါသည် အရေးပါမှု မရှိသည့် မည်သည့်အမှုကိုမျှ မလုပ်သည်ကို သိလော့။ ငါသည် အမှု၏အဆင့်သုံးဆင့်ကို သင်တို့ထံ ကြေညာနေသည့်အတွက်၊ ယင်းတို့သည် သင်တို့အဖို့ အကျိုးရှိရပေမည်။ အမှု၏ ဤအဆင့်သုံးဆင့်သည် ဘုရားသခင်၏ အလုံးစုံသော စီမံခန့်ခွဲမှု၏ ဗဟိုအချက်အချာတွင် ရှိသည့်အတွက်၊ ယင်းတို့သည် စကြဝဠာအနှံ့ရှိ အယောက်တိုင်း၏ အာရုံစိုက်ရာ ဖြစ်လာရမည်။ တစ်နေ့တွင် သင်တို့အားလုံးသည် ဤအမှု၏ အရေးပါမှုကို သဘောပေါက်ကြလိမ့်မည်။ သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။

သင်၏ အယူအဆအဟောင်းတို့ကို ဘေးဖယ်ထားခြင်းအားဖြင့်သာ အသိပညာသစ်ကို သင် ရရှိနိုင်သည်၊ သို့သော် အသိပညာဟောင်းသည် အယူအဆအဟောင်းများနှင့် သေချာပေါက် မညီမျှပေ။ “အယူအဆများ” ဆိုသည်မှာ လူသားက စိတ်ကူးသည့် လက်တွေ့အရှိတရားနှင့် သဘောကွဲလွဲသော အရာများကို ရည်ညွှန်းသည်။ အသိပညာဟောင်းသည် ခေတ်ဟောင်းတွင် ခေတ်နောက်ကျပြီးသားဖြစ်ပြီး လူသားကို အမှုသစ်ထဲသို့ ဝင်ရောက်ခြင်းမှ တားဆီးခဲ့ပါက၊ ထိုသို့သော အသိပညာသည်လည်း အယူအဆတစ်ခု ဖြစ်၏။ လူသားသည် ထိုသို့သော အသိပညာကို မှန်ကန်သည့် ချဉ်းကပ်မှု လုပ်ဆောင်နိုင်ပြီး၊ အဟောင်းနှင့် အသစ် ပေါင်းစပ်လျက် ဘုရားသခင်ကို မတူကွဲပြားသော ရှုထောင့်အချို့မှ သိလာနိုင်ပါက၊ အသိပညာဟောင်းသည် လူသားအဖို့ အထောက်အကူ တစ်ရပ်ဖြစ်လာပြီး ခေတ်သစ်ထဲသို့ လူသားဝင်ရောက်သည့် အခြေခံအကြောင်းရင်း ဖြစ်လာ၏။ ဘုရားသခင်ကို သိခြင်းနှင့်ဆိုင်သည့် သင်ခန်းစာက သင့်ကို အခြေခံသဘောတရားများစွာ ကျွမ်းကျင်ပိုင်နိုင်ဖို့ တောင်းဆိုသည်- ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းပေါ်သို့ မည်သို့ ဝင်ရောက်ရမည်၊ ဘုရားသခင်ကို သိရန်အလို့ငှာ မည်သည့် သမ္မာတရားများကို သင် နားလည်ရမည်နှင့် ဘုရားသခင်၏ အမှုသစ်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုများ အားလုံးကို သင် ကျိုးနွံနာခံနိုင်ရန်အလို့ငှာ သင်၏အယူအဆများနှင့် စိတ်သဘောထားဟောင်းတို့ကို မည်သို့ဖယ်ရှားရမည်ဟူ၍ ဖြစ်သည်။ သင်သည် ဤအခြေခံ သဘောတရားများကို ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သည့် သင်ခန်းစာထဲသို့ ဝင်ရောက်ရန် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပါက၊ သင်၏အသိပညာသည် သာ၍သာ၍ နက်ရှိုင်းလာလိမ့်မည် ဖြစ်သည်။ သင်သည် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့်- ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံးနှင့်ဆိုင်သည့်- ရှင်းလင်းသော အသိပညာတစ်ခု ရှိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင့်အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို လက်ရှိအဆင့်နှင့် အပြည့်အဝ အပြန်အလှန် ဆက်စပ်နိုင်ပြီး ယင်းမှာ ဘုရားသခင် တစ်ဆူတည်းက လုပ်ဆောင်သည့် အမှုဖြစ်သည်ကို မြင်နိုင်ပါက၊ သင့်ထံတွင် မယှဉ်သာသည့် ခိုင်မာသော အခြေခံအုတ်မြစ် ရှိလိမ့်မည်ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းဆီသို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်နိုင်ပြီးဖြစ်ကာ မည်သည့်လူသားမျှ သူ၏ ကိုယ်စား ထိုသို့သော အမှုကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ၏ ကိုယ်ပိုင်အမှုကို အစမှ ယနေ့ထိတိုင် ဆောင်ရွက်နိုင်ပြီးဖြစ်သည်ဟု ဆိုရပေမည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို မတူကွဲပြားသည့် ခေတ်များနှင့် တည်နေရာများတွင် ဆောင်ရွက်ပြီးဖြစ်သော်လည်း၊ အသီးသီး၏ အမှုသည် မတူကွဲပြားသော်လည်း၊ ယင်းမှာ တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုသာ ဖြစ်သည်။ ရူပါရုံများ အားလုံးထဲတွင်၊ ဤသည်မှာ လူသား သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံ ဖြစ်ပြီး၊ ယင်းကို လူသားက လုံးဝ နားလည်နိုင်ပါက၊ သူသည် ခိုင်မြဲစွာ ရပ်တည်နိုင်လိမ့်မည် ဖြစ်၏။ ယနေ့ခေတ်တွင် အမျိုးမျိုးသော ဘာသာတရားများနှင့် အမျိုးမျိုးသောဂိုဏ်းဂဏတို့ ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာမှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိကြသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တို့အကြား မခွဲခြားနိုင်ကြခြင်းဖြစ်၏- ဤအရာကြောင့်၊ ၎င်းတို့သည် ပြီးခဲ့သည့် အမှု၏ အဆင့်နှစ်ဆင့်ကဲ့သို့ အမှု၏ ဤအဆင့်ကိုလည်း ယေဟောဝါ ဘုရားသခင်က လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်ကို မပြောနိုင်ကြပေ။ လူတို့သည် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ယင်းက လမ်းခရီး အမှန်ဟုတ် မဟုတ်ဆိုသည်ကို အများစုက မပြောနိုင်ဘဲ ရှိကြသေးသည်။ ဤလမ်းခရီးသည် ဘုရားသခင်ကိုယ်တော်တိုင် ဦးဆောင်သည့်လမ်းခရီး ဟုတ်၊ မဟုတ်ဆိုသည်နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်ဆိုသည်ကို လူသားက စိုးရိမ်ပြီး၊ လူအများစုသည် ထိုသို့သော အရာများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ ဘာမျှ မသိကြသေးပေ။ ဘုရားသခင်၏ နောက်လိုက်ကြသူတို့သည် လမ်းခရီးကို မဆုံးဖြတ်နိုင်ကြသောကြောင့်၊ ပြောဆိုထားသည့် သတင်းစကားများသည် ဤလူတို့အလယ်တွင် တစ်ပိုင်းတစ်စ သက်ရောက်မှု တစ်ခုသာရှိကာ၊ အပြည့်အဝ သက်ရောက်နိုင်စွမ်း မရှိပေ၊ ထို့ကြောင့် ဤသည်မှာ ထိုသို့သောလူတို့၏ အသက်ဝင်ရောက်ခြင်းကို သက်ရောက်လေသည်။ အမှု၏ အဆင့်သုံးဆင့်တွင် ယင်းတို့ကို ဘုရားသခင်ကိုယ်တော်တိုင်က မတူကွဲပြားသော အချိန်ကာလများ၊ ကွဲပြားသော နေရာများနှင့် ကွဲပြားသော လူများတွင် ဆောင်ရွက်ခဲ့သည်ကို လူသားက မြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း ယင်းအားလုံးကို တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ပြီး၊ ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည် ဖြစ်ပြီး အမှားရှိရမည် မဟုတ်သကဲ့သို့၊ ယင်းသည် လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသော်လည်း၊ တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်း ငြင်းပယ်စရာ မရှိသည်ကို လူသားအနေဖြင့် မြင်နိုင်ပါက- ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လူသားက အသေအချာ ပြောနိုင်ပါက၊ လူသား၏ အယူအဆများသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်း မရှိသော အရာများမျှအဖြစ်သို့သာ လျော့သွားလိမ့်မည် ဖြစ်သည်။ လူသား၏ ရူပါရုံများ မရှင်းသောကြောင့်နှင့် လူသားသည် ယေဟောဝါကို ဘုရားအဖြစ်၊ ယေရှုကို သခင်အဖြစ်သာသိပြီး၊ ယနေ့၏ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှစ်ခွတွင်ရှိသောကြောင့်၊ များစွာသော လူတို့သည် ယေဟောဝါနှင့် ယေရှုတို့၏အမှုကို ဆက်လက် ဆက်ကပ်လျက် ရှိကြပြီး၊ ယနေ့ခေတ်၏ အမှု နှင့်ပတ်သက်သည့် အယူအဆများ၏ ဝန်းရံဖိစီးခံရကာ၊ လူအများစုသည် အမြဲသံသယ ရှိပြီး၊ ယနေ့၏အမှုကို အလေးအနက် သဘောမထားကြချေ။ လူသားသည် မြင်၍မရနိုင်သည့် ပြီးခဲ့သော အဆင့်နှစ်ဆင့်အပေါ် အယူအဆများ မရှိပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် အမှု၏ ပြီးခဲ့သည့် အဆင့် နှစ်ဆင့်နှင့်ဆိုင်သော လက်တွေ့အရှိတရားကို နားမလည်သကဲ့သို့၊ ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ကြုံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ လူသားသည် သူ နှစ်သက်သည်အတိုင်း စိတ်ကူးသည်မှာ အမှု၏ ဤအဆင့်များကို မြင်၍မရနိုင်သောကြောင့် ဖြစ်သည်။ သူသည် မည်သည့်အရာကို စိတ်ကူးပေါက်သည်ဖြစ်စေ၊ ထိုသို့သော စိတ်ကူးစိတ်သန်းများကို သက်သေပြရန် အချက်အလက်များ မရှိသကဲ့သို့၊ ယင်းတို့ကို အမှန်ပြင်ရန် မည်သူမျှ မရှိပေ။ သူ၏ စိတ်ကူးစိတ်သန်းများကို မှန်ကြောင်းစစ်ဆေးအတည်ပြုရန် အချက်အလက်များမရှိသောကြောင့်၊ လူသား၏ စိတ်ကူးစိတ်သန်းများသည် “အမှန်တရား” ဖြစ်လာကြသည့်အတွက်၊ ယင်းတို့အဖို့ သက်သေတစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူသားသည် မည်သည့်အရာကိုမျှ သတိမထားတော့ဘဲနှင့် စိတ်ကူးချင်တိုင်း စိတ်ကူးလျက်၊ သူ၏နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားလိုက်လေသည်။ ထို့ကြောင့် လူသားသည် သူ၏စိတ်ထဲတွင် သူကိုယ်တိုင်စိတ်ကူးထားသော ဘုရားသခင်ကို ယုံကြည်ပြီး လက်တွေ့အရှိတရား၏ ဘုရားသခင်ကို မရှာဖွေပေ။ လူတစ်ဦးသည် ယုံကြည်ခြင်း တစ်မျိုး ရှိပါက၊ လူတစ်ရာအလယ်တွင် ယုံကြည်ခြင်း အမျိုးတစ်ရာ ရှိ၏။ လူသားသည် ဘုရားသခင်၏ အမှု၏ လက်တွေ့အရှိတရားကို မမြင်ရသေးသောကြောင့်၊ သူသည် ယင်းကို သူ၏ နားများဖြင့်သာ ကြားဖူးပြီး သူ၏ မျက်လုံးများဖြင့် မရှုမြင်ရသေးကြောင့်၊ ထိုသို့သော ယုံကြည်မှုများ ရှိခြင်း ဖြစ်သည်။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကို ကြားရပြီးဖြစ်သည်- သို့သော် သူသည် ဘုရားသခင့်အမှု၏ အချက်အလက်များနှင့်ဆိုင်သည့် အသိပညာကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများ ဖြစ်လာသည်မှာ တစ်နှစ်သာ ရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများမှ တစ်ဆင့် ဘုရားသခင်ကို ယုံကြည်လာကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘဝတစ်ခုလုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများအတွက်လည်း အလားတူ မှန်ကန်ပေသည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လူသားသည် သူ၏ အယူအဆအဟောင်းများ၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်ကာ နယ်မြေသစ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိပညာသည် အယူအဆများနှင့် ကောလာဟလများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားက သူ၏အယူအဆများမှာ မှန်ကန်ပြီး အမှားမရှိဟု ထင်ကာ ဤအယူအဆများသည် ဘုရားသခင်ထံမှ လာသည်ဟု တွေးထင်၏။ ယနေ့ခေတ်တွင် လူသားသည် ဘုရားသခင်၏အမှုကို မျက်မြင်တွေ့သည့်အခါတွင်၊ နှစ်ပေါင်းများစွာ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပြီးဖြစ်သည့် အယူအဆများကို လွှတ်ပေးလိုက်လေသည်။ အတိတ်မှ စိတ်ကူးများနှင့် အကြံများသည် ဤအဆင့်၏အမှုအဖို့ အတားအဆီးတစ်ခု ဖြစ်လာပြီးဖြစ်ကာ လူသားအတွက် ထိုသို့သော အယူအဆများကို လက်လွှတ်ရန်နှင့် ထိုသို့သော စိတ်ကူးများကို ချေပရန် ခက်ခဲလာပြီးဖြစ်သည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့ကြသူများစွာ၏ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် အမှုအပေါ် အယူအဆများသည် ယခင်ထက် ပို၍ ဆိုးရွားလာပြီးဖြစ်ကာ ဤလူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါင်းမာသော ရန်လိုမှုတစ်ခုကို တစ်ဖြည်းဖြည်း ဖြစ်ပေါ်စေကြပြီ ဖြစ်သည်။ ဤမုန်းတီးမှု၏ အရင်းအမြစ်သည် လူသား၏ အယူအဆများနှင့် စိတ်ကူးများတွင် တည်လေသည်။ လူသား၏ အယူအဆများနှင့် စိတ်ကူးများသည် ယနေ့ခေတ်အမှု၊ လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသည့် အမှု၏ ရန်သူ ဖြစ်လာပြီး ဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို သူ၏ စိတ်ကူးများအား ဇက်ပုံပေးခွင့်မပြုသကဲ့သို့၊ ထို့အပြင် လူသားအနေနှင့် ယင်းကို အလွယ်တကူ ချေပနိုင်ခြင်း မရှိဘဲ၊ လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် အမှန်တရား၏ တည်ရှိခြင်းကို ခွင့်မပြုသည်သာမက၊ လူသားသည် အချက်အလက်များ၏ အမှားထောက်ပြခြင်းနှင့် မှန်ကန်မှုအပေါ် စဉ်းစားခြင်း မရှိဘဲ၊ သူ၏ အယူအဆများကို စွဲစွဲမြဲမြဲ လွှတ်ပေးရုံမျှ လွှတ်ပေးပြီး သူ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကို အသုံးပြုသောကြောင့် ဖြစ်ပေသည်။ ဤအရာကို လူသား အယူအဆများ၏ အပြစ်ဟုသာပြောနိုင်ပြီး ဘုရားသခင့်အမှု၏ အပြစ်ဟု ပြော၍ မရပေ။ လူသားသည် သူဆန္ဒရှိသည့် မည်သည့်အရာကိုမဆို စိတ်ကူးကောင်း စိတ်ကူးနိုင်သော်လည်း၊ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကိုမျှ၊ သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင့်အမှု၏ အမှန်တရားကို လူသားက ချိုးဖောက်၍ မရပေ။ သင်သည် သင်၏စိတ်ကူးစိတ်သန်းကို ဇက်ပုံပေး၍ရနိုင်ပြီး၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုနှင့်ပတ်သက်သည့် ကောင်းမွန်သော အဖြစ်အပျက်များကို စုဆောင်းချင် စုဆောင်းနိုင်သော်လည်း၊ ယေဟောဝါနှင့် ယေရှုတို့၏အမှု အဆင့်အသီးသီး၏ အမှန်တရားကိုမူ သင် ချေပ၍ မရနိုင်ပေ။ ဤသည်မှာ အခြေခံသဘောတရား တစ်ရပ်ဖြစ်ပြီး၊ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ရပ်လည်း ဖြစ်ကာ သင်တို့သည် ဤကိစ္စရပ်များ၏ အရေးပါမှုကို နားလည်သင့်သည်။ အမှု၏ ဤအဆင့်သည် လူသား၏အယူအဆများနှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဤသည်မှာ အမှု၏ယခင်အဆင့် နှစ်ဆင့်အတွက် မဟုတ်ဟု ယုံကြည်သည်။ သူ၏စိတ်ကူးစိတ်သန်းတွင်၊ လူသားက ယခင်အဆင့်နှစ်ဆင့်၏ အမှုသည် ယနေ့ခေတ်အမှုနှင့် ဧကန်မုချ တူညီခြင်း မရှိဟု ယုံကြည်သည်- သို့သော် ဘုရားသခင်၏ အမှု၏ အခြေခံ သဘောတရားများသည် အားလုံး အတူတူပင် ဖြစ်သည်၊ သူ၏အမှုသည် အမြဲလက်တွေ့ကျပြီး၊ ခေတ်ကို ပဓာနမထားဘဲ သူ့အမှု၏ အမှန်တရားကို ခုခံကာ ဆန့်ကျင်သူ မြောက်မြားစွာ အမြဲရှိမည်ကို သင် စဉ်းစားဖူးသလော။ အမှု၏ ဤအဆင့်ကို ယနေ့ ခုခံကာ ဆန့်ကျင်သူ အားလုံးတို့သည် အတိတ်ကာလများကလည်း ဘုရားသခင်ကို ဆန့်ကျင်ခဲ့မည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သောသူများသည် ဘုရားသခင်၏ ရန်သူများ အစဉ်ဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင့်အမှု၏ အမှန်တရားကို သိသောလူများသည် အမှု၏အဆင့် သုံးဆင့်ကို တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဟု မြင်လိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏ အယူအဆများကို လက်လွှတ်ကြလိမ့်မည်။ ဤလူတို့သည် ဘုရားသခင်ကို သိကြသူများဖြစ်ပြီး ထိုသို့သော လူများသည် ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးခါနီးအချိန်တွင်၊ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလိမ့်မည်။ လူသားကို ဖန်ဆင်းရှင်၏ လက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆုံးတွင် သူသည် လူသားကို သူ၏ အုပ်စိုးမှုအောက် လုံးဝ ပြန်ပို့ရမည် ဖြစ်သည်။ ဤသည်မှာ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ် ဖြစ်သည်။ နောက်ဆုံးသောကာလ အမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒပြည်တို့ရှိ ယခင်အမှု၏ အဆင့် နှစ်ဆင့်တို့သည် စကြဝဠာ တစ်ခုလုံးရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ဖြစ်သည်။ ဤအရာကို မည်သူမျှ မငြင်းနိုင်သကဲ့သို့ ယင်းသည် ဘုရားသခင့် အမှု၏ အမှန်တရား ဖြစ်သည်။ လူတို့သည် ဤအမှုကို များစွာ တွေ့ကြုံခြင်း၊ သို့မဟုတ် မျက်မြင်တွေ့ခြင်း မရှိသော်လည်း၊ အမှန်တရားများသည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ပြီး၊ ဤသည်ကို မည်သည့်လူသားကမျှ ငြင်းဆို၍မရနိုင်ပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်း၌ ရှိကြကုန်သော ဘုရားသခင်ကို ယုံကြည်သူ အားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြလိမ့်မည်။ သင်သည် အမှု၏ သီးသန့်အဆင့် တစ်ဆင့်ကိုသာသိပြီး အမှု၏အခြားအဆင့် နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်ကာလများရှိ ဘုရားသခင်၏အမှုကို နားမလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သည် သူ့ကို မသိ သို့မဟုတ် နားမလည်သောကြောင့်၊ သင်သည် ဘုရားသခင်ကို သက်သေခံဖို့ မသင့်တော်သည့်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ အသိပညာသည် တစ်ဖက်သတ် ဖြစ်လေသည်။ ဤအရာများနှင့်ဆိုင်သည့် သင်၏ လတ်တလော အသိပညာသည် နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဖြစ်စေ၊ အဆုံးတွင် သင်တို့သည် အသိပညာရှိရမည် ဖြစ်ပြီး၊ သင်တို့အနေဖြင့် လုံးလုံးလျားလျား လက်ခံယုံကြည်ရမည် ဖြစ်ကာ၊ လူအားလုံးသည် ဘုရားသခင်၏ အမှု အလုံးစုံကို မြင်တွေ့ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဤအမှု၏ အဆုံးတွင် ဘာသာတရား အားလုံးသည် တစ်ခုတည်းဖြစ်လာလိမ့်မည် ဖြစ်ပြီး၊ သတ္တဝါ အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး၊ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် မည်သည့်အခါမျှ တစ်ဖန် ပေါ်မလာဘဲ အချည်းနှီး ဖြစ်လာလိမ့်မည် ဖြစ်သည်။

အမှု၏ အဆင့်သုံးဆင့်ကို အဘယ်ကြောင့် အဆက်မပြတ် ဤသို့ ရည်ညွှန်းရသနည်း။ ခေတ်များကုန်လွန်ခြင်း၊ လူမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏ သွင်ပြင်အပြောင်းအလဲ အားလုံးတို့သည် အမှု၏ အဆင့်သုံးဆင့်ရှိ အပြောင်းအလဲများနောက် လိုက်ကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏အမှုနှင့် အချိန်ကိုက် ပြောင်းလဲပြီး မိမိဘာသာ ဖွံ့ဖြိုးတိုးတက်သည် မဟုတ်ပေ။ သတ္တဝါအားလုံး၊ ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်းမှ လူအားလုံးတို့ကို တစ်ဆူတည်းသော ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာရန် အလို့ငှာ ဘုရားသခင်၏ အမှု အဆင့်သုံးဆင့်ကို ရည်ညွှန်းထားပေသည်။ သင်သည် မည်သည့်ဘာသာတရားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ နောက်ဆုံးတွင် သင်တို့ အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် ဤအမှုကို ဆောင်ရွက်နိုင်သည်။ ယင်းကို မည်သည့်ဘာသာရေး ဦးသျှောင်ကမျှ မလုပ်ဆောင်နိုင်ပေ။ ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းနီးပါးသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာတရားများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏- ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကသည် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်း၏ အစားဝင်နေရာယူခြင်း၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု- အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်တစ်ဦးသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်များမျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ- ဤသည်မှာ စကြဝဠာတစ်ခုလုံးက လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ၏စိတ်အား ပျိုးထောင်ဖို့ အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အတွက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ ယင်းမှာ ဣသရေလနိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ တရုတ်နိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်- ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးတာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏အလိုကို နားလည်လိုပါက၊ ဘုရားသခင်၏အမှုကို သင်နားလည်ရမည်၊ အဖန်ဆင်းခံ သတ္တဝါများအတွက် ဘုရားသခင်၏အလိုကို နားလည်ရမည်၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို နားလည်ရမည်ဖြစ်ပြီး၊ သူ လုပ်ဆောင်သည့်အမှု၏ အရေးပါမှုအားလုံးကို နားလည်ရမည်။ ဤအရာကို နားမလည်သူများသည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေဖြင့် သင်သည် မည်သည့်နေရာမှ လာသည်ကို နားမလည်ပါက၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို နားမလည်ပါက၊ ထို့အပြင် လူသားမျိုးနွယ်သည် ယနေ့ထိတိုင် မည်သို့ တိုးတက်ဖွံ့ဖြိုးလာပြီး ဖြစ်သည်ကို နားမလည်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို မည်သူက ကွပ်ကဲသည်ကို နားမလည်ပါက၊ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယနေ့အထိ ဦးဆောင်လမ်းပြပြီးဖြစ်ကာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားကို ဖန်ဆင်းချိန်ကတည်းက လူသားကို ချန်ရစ်ဖူးခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြုခြင်းကို မည်သည့်အခါမျှ မရပ်တန့်ပေ၊ လူသားမျိုးနွယ်အား ဦးဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်တန့်ဖူးသကဲ့သို့၊ လူသားမျိုးနွယ်ကို မည်သည့်အခါမျှ ချန်ရစ်ထားဖူးခြင်း မရှိပေ။ သို့သော် လူသားမျိုးနွယ်သည် ဘုရားသခင်ကို သိရှိရန် မဆိုထားနှင့်၊ ဘုရားသခင် တစ်ပါးရှိကြောင်းကိုပင် မသိပေ။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါအားလုံးအတွက် ဤအရာထက်သာ၍ အရှက်ရစရာ တစ်ခုတစ်လေ ရှိသလော။ ဘုရားသခင်သည် လူသားကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြသော်လည်း၊ လူသားသည် ဘုရားသခင်၏အမှုကို နားမလည်ပေ။ သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သော်လည်း၊ သင်၏ ကိုယ်ပိုင်သမိုင်းကို သင် နားမလည်သကဲ့သို့၊ သင်၏လမ်းခရီးတွင် မည်သူက သင့်ကို ဦးဆောင်လမ်းပြခဲ့သည်ကို သင်မသိပေ၊ သင်သည် ဘုရားသခင် လုပ်ဆောင်သည့်အမှုကို မသိသောကြောင့်၊ ဘုရားသခင်ကို မသိနိုင်ပေ။ သင် ယခုမသိပါက၊ သင့်အနေဖြင့် ဘုရားသခင်အဖို့ သက်သေခံရန် မည်သည့်အခါမျှ အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ယနေ့ခေတ်တွင်၊ ဖန်ဆင်းရှင်သည် လူအားလုံးကို နောက်တစ်ဖန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး၊ လူအားလုံးကို သူ၏ဉာဏ်ပညာ၊ အနန္တတန်ခိုး၊ ကယ်တင်ခြင်းနှင့် အံ့သြဖွယ်ကောင်းခြင်းတို့ကို ရှုမြင်စေ၏။ သို့ရာတွင် သင်သည် သဘောမပေါက်သေး သို့မဟုတ် နားလည်းမလည်သေးပေ- ထို့ကြောင့် သင်သည် ကယ်တင်ခြင်း မရရှိမည့် လူတစ်ဦး မဟုတ်လော။ စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံကို ကြားနိုင်ကြ၏။ ငါပြောဆိုသည့် နှုတ်ကပတ်တော်ကို သဘောပေါက်သူ အားလုံးသည် ကယ်တင်ခံရမည့်သူများနှင့် ဘုရားသခင်အဖို့ သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ကြသကဲ့သို့ ပယ်ထုတ်ခံရမည့် သူများဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားမလည်သကဲ့သို့၊ ဘုရားသခင်၏အမှုကို သဘောမပေါက်သူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ရရှိနိုင်စွမ်း မရှိသူများ ဖြစ်ပြီး ထိုသို့သောသူများသည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ပေ။ သင်သည် ဘုရားသခင်အဖို့ သက်သေခံလိုပါက၊ ဘုရားသခင်ကို သိရမည်- ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် ဘုရားသခင်၏အမှုမှတစ်ဆင့် ပြီးမြောက်ပေသည်။ အားလုံးကို ခြုံငုံကြည့်ပါက၊ သင်သည် ဘုရားသခင်ကို သိလိုပါက၊ ဘုရားသခင်၏အမှုကို သိရမည်- ဘုရားသခင်၏ အမှုကိုသိခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝနှင့် အသိစိတ်တို့ ပိုင်ဆိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။ ဘုရားသခင်အဖို့ သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိတော်နှင့် ကောင်းချီးမင်္ဂလာ တို့ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ တကယ့် အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ ဩဇာအာဏာကို ပိုင်ဆိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံသည့် အုပ်စု ဖြစ်လိမ့်မည်။ သင်တို့အလယ် ရှိသူတို့အားလုံး သို့မဟုတ် တစ်ဝက်သည်သာ သို့မဟုတ် အနည်းငယ်သာလျှင် ဤအုပ်စု၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်ပေမည်- ယင်းမှာ သင်တို့၏အလိုနှင့် သင်တို့၏ လိုက်စားခြင်းအပေါ် မူတည်ပေသည်။

အရှေ့သို့- ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

နောက်တစ်ခုသို့- ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။