Chinese Gospel Music Video | လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်၏အမျက်တော်ကို နှိုးဆွ၏ | Myanmar Lyrics

10.06.2020

ကိုယ်တော်၏ အမျက်ဒေါသ တောင်များနှင့် မြစ်များကို လှုပ်ခါသောအခါ၊

ဘုရားသခင်သည် သူရဲဘောကြောင်သောလူသားကို ဆက်လက် ကူညီတော့မည် မဟုတ်ပေ။

အမျက်ဒေါသဖြင့် ကိုယ်တော်သည် ၎င်းတို့ နောင်တရရန် အခွင့်အရေးကို ငြင်းပယ်လေမည်၊

၎င်းတို့၌ သူ၏မျှော်လင့်ချက်ကို လက်လျှော့ကာ၊ ၎င်းတို့ ထိုက်တန်သည့်အလျောက် အပြစ်ဒဏ်ပေးတော်မူမည်။

ထိုအခါ ဒေါသဖြင့် တိုက်ခတ်သော လှိုင်းတံပိုးကဲ့သို့

တောင်အလုံးပေါင်း တစ်သောင်း ပြိုကျသကဲ့သို့ မိုးကြိုးသံ မြည်ဟိန်းလေမည်။

လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းကြောင့် ၎င်းတို့သည် ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းကို ခံရ၏။

ဖန်ဆင်းခံအပေါင်း မိုးကြိုးနှင့် လျှပ်စီးကြောင့် သုတ်သင်ခြင်းကို ခံရ၏။

စကြဝဠာသည် ရုန်းရင်းဆန်ခတ်ဖြင့် ပရမ်းပတာဖြစ်ခြင်းထဲသို့ ကျဆင်းလေ၏၊

ဖန်ဆင်းခြင်းသည် ပထမဆုံး အသက်လေကို တဖန်ပြန်မရနိုင်ပေ။

လူသားသည် မိုးကြိုးဟိန်းသံမှ မလွတ်မြောက်နိုင်ရာ၊

လျှပ်စီးလက်သည့်အလယ်၊ လူစုလူဝေးများသည်

စမ်းချောင်းများအတွင်း ပြိုလဲကျပြီး တောင်များပေါ်မှ ရေတံခွန်ကဲ့သို့ ကျဆင်းလျက်နေသော

ပြင်းထန်သောရေစီးကြောင်းများ၏ သယ်ဆောင်သွားခြင်းကို ခံကြရ၏။

ထို့နောက် တစ်ပြိုင်တည်း၊ လူသားမျိုးနွယ်၏ “ပန်းတိုင်” ၌

“လူသားများ”၏ ကမ္ဘာတစ်ခု ရှိ၍ အသေကောင်များ ပင်လယ်ပေါ်၌ မျောပါနေလေ၏။

ဘုရားသခင်၏ အမျက်တော်ကြောင့် လူအပေါင်းသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွားကြ၏။

အကြောင်းမှာ လူသားသည် ကိုယ်တော့်ဝိညာဉ်တော်၏ အနှစ်သာရကို ပြစ်မှားမိခြင်းကြောင့်၊

လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်ကို ဒေါသထွက်စေခြင်းကြောင့် ဖြစ်၏။

အလောင်းကောင်များသည် သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဟိုဟိုသည်သည် လွင့်မျော၏။

ဘုရားသခင်၏ အမျက်တော်ကြောင့် လူအပေါင်းသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွားကြ၏။

အကြောင်းမှာ လူသားသည် ကိုယ်တော့်ဝိညာဉ်တော်၏ အနှစ်သာရကို ပြစ်မှားမိခြင်းကြောင့်၊

လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်ကို ဒေါသထွက်စေခြင်းကြောင့် ဖြစ်၏။

သို့သော်လည်း ကုန်းမြေပေါ်တွင် ရယ်မောခြင်း နှင့် သီချင်းများအကြား

အခြားလူများ သီချင်းဆိုလျက်နေမည်၊

၎င်းတို့အတွက်သာ ဘုရားသခင် စောင့်ထိန်းခဲ့သော ကတိတော်များကို မွေ့လျော်ခံစားလျက်နေ၏။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။