တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၁၈ : ခရစ်ယာန်များကို ရက်ရက်စက်စက် နှိပ်စက်ဖို့အတွက် စိတ်ကျန်းမာရေးဆေးဝါးများကို စီစီပီက မတော်မတရားသုံးခြင်း

05.07.2026

အာဏာရလာကတည်းက ဘုရားမဲ့ဝါဒီ တော်လှန်ရေးပါတီဖြစ်တဲ့ စီစီပီဟာ ဘာသာရေး ယုံကြည်မှုကို အရူးအမူး ဖိနှိပ်ညှဉ်းပန်းတာကို ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး။ ပိုပြီးတောင် ဆိုးရွားလာခဲ့ပါသေးတယ်။ စီစီပီဟာ ခရစ်ယာန်တွေကို သူ့ရဲ့ မျက်စိစူးစရာ ဆူးတစ်ချောင်းလို သဘောထားပြီး ဘုရားသခင်နောက်လိုက်တဲ့သူတွေနဲ့ ဧဝံဂေလိတရားဟောတဲ့သူတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားနေတာပါ။ တစ်ယောက်ကို အလွတ်ပေးလိုက်ရမယ့်အစား လူတစ်ထောင်ကို မှားသတ်လိုက်တာက ပိုကောင်းတယ်ဆိုတဲ့ သဘောထားနဲ့ ခရစ်ယာန်တွေကို လိုက်လံဖမ်းဆီးပြီး ချေမှုန်းဖို့ တရုတ်ပြည်တစ်ဝှမ်းလုံးမှာ ပြည်သူ့စစ်ပွဲ ဆင်နွှဲခဲ့ပါတယ်။ ခရစ်ယာန်တွေကို ဖမ်းမိတဲ့အခါတိုင်း သူတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်မှု အမျိုးမျိုးနဲ့ ညှဉ်းပန်းကြပါတယ်။ ဒီအထဲမှာ ပိုပြီးတောင် ကောက်ကျစ်၊ စက်ဆုပ်စရာကောင်းပြီး အရှက်မရှိတဲ့ နည်းလမ်းကိုတောင် သုံးပါသေးတယ်။ အဲဒါကတော့ ခရစ်ယာန်တွေကို စိတ်ကျန်းမာရေးဆေးတွေ ထိုးပေးတာ၊ အမည်မသိ ဆေးတွေ အတင်းတိုက်တာ၊ သူတို့ရဲ့ အစားအသောက်တွေထဲမှာ တိတ်တဆိတ် အဆိပ်ခတ်တာတွေ လုပ်ပြီး နှိပ်စက်တာပါပဲ။ အဲဒီအဆိပ်တွေကို သူတို့ခန္ဓာကိုယ်ထဲမှာ ဖြည်းဖြည်းချင်း အာနိသင်ပြစေပြီးတော့ ထောင်ထဲမှာ သေသွားရင် တာဝန်ယူရမှာ ကြောက်လို့ သူတို့ကို ဆေးကုသခွင့်နဲ့ ဒါမှမဟုတ် အာမခံနဲ့ အလျင်စလို လွှတ်ပေးတတ်ကြပါတယ်။ ဒီခရစ်ယာန်တွေ လွတ်လာတဲ့အခါ တချို့က စိတ်ပိုင်းဆိုင်ရာ ပြိုကွဲသွားကြတယ်၊ တချို့ကျတော့ နစ်နာမှုတွေနဲ့ သေဆုံးသွားကြပြီး တချို့ကတော့ တစ်သက်လုံး တာရှည်ဖြစ်ပြီး မပျောက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ ကျန်ရစ်ခဲ့ကြပါတယ်။ စစ်ဆေးမေးမြန်းတဲ့ အခန်းတွေ၊ ရာဇဝတ်မှုဆိုင်ရာ ထိန်းသိမ်းရေးစခန်းတွေကနေစပြီး ဦးနှောက်ဆေးတဲ့ စင်တာတွေနဲ့ အကျဉ်းထောင်တွေအထိ စီစီပီရဲတွေက ခရစ်ယာန်တွေကို ‌သောက်ဆေးရော ထိုးဆေးပါ အမည်မသိဆေးအမျိုးမျိုး ခဏခဏ တိုက်ကျွေးခဲ့တယ်။ စီစီပီဟာ စိတ်ကျန်းမာရေးဆေးဝါးတွေ၊ အာရုံကြော ထိန်းချုပ်တဲ့ဆေးတွေနဲ့ ဘယ်ကလာမှန်းမသိတဲ့ ရောနှောထားတဲ့ ထိုးဆေးတွေကိုတောင် အသုံးပြုကြပါတယ်။ ခရစ်ယာန်တွေကို နှိပ်စက်ဖို့ ဆေးဝါးတွေသုံးတဲ့ နေရာမှာ စီစီပီရဲ့ ရည်ရွယ်ချက်က တော်တော်ကို ရှင်းလင်းပါတယ်။ သူတို့ရဲ့ အာရုံကြောစနစ်တွေကို ဖျက်ဆီးပြီး စိတ်ကို ကစဉ့်ကလျား ဖြစ်စေဖို့နဲ့ သူတို့ ဝေခွဲမရ ဖြစ်နေချိန်မှာ အသင်းတော်ရဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြောခိုင်းပြီး ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးလာအောင် လုပ်ဖို့ပါပဲ။ ဒါက သူတို့ရဲ့ ရည်မှန်းချက်ပေါ့။ စီစီပီဟာ ဒါမျိုးနဲ့ သူတို့ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖျက်ဆီးပစ်ပြီး သူတို့ကို တရုတ်ပြည်မကြီးကနေ ဖယ်ရှားရှင်းလင်းဖို့ ကြိုးစားရာမှာ အသက်ရှင်သန်ဖို့ ခက်ခဲအောင် လုပ်ပါတယ်။ သူတို့ဟာ ခရစ်ယာန်တွေရဲ့ အသက်ရှင်ခွင့်ကို လုံးလုံးလျားလျား ဖယ်ရှားပစ်တာပါ။ ဒီအပိုင်းမှာတော့ စီစီပီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ ခရစ်ယာန်တချို့ရဲ့ အတွေ့အကြုံတွေကို ကျွန်မတို့ နားဆင်ရမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေအပြင် ဆေးဝါးတွေကြောင့် သူတို့ ဘယ်လို ဒုက္ခရောက်ခဲ့ရလဲ ဆိုတာကို လေ့လာသွားကြမှာပါ။

00:21 အသားပေးပြသချက်များ

07:51 ဧဝံဂေလိတရား ဟောနေစဉ် ဖမ်းဆီးခံရပြီးနောက် လီကန်းနှင့် ညီအစ်ကို နှစ်ဦး ရက်ရက်စက်စက် ရိုက်နှက်ခံရခြင်း

13:47 ထိန်းသိမ်းရေးစခန်း ရဲများ၏ ဆေးတိုက်မှုကြောင့် လီကန်း၏ ကျန်းမာရေး ဆိုးရွားလာခြင်း

00:20 ထောင်တွင်း၌ လီကန်း အရိုက်ခံရပြီး ဖျားနာမှုကြောင့် ဆေးကုသမှုခံယူရန် ခံဝန်ဖြင့် လွတ်မြောက်လာခြင်း

23:05 ထောင်တွင်း၌ ကတိခံဝန်ချက်လေးမျိုး လက်မှတ်ထိုးရန် ငြင်းဆန်သဖြင့် ရှောင်ယွိ ညှဉ်းပန်းနှိပ်စက်ခံရခြင်း

26:13 ဆေးကုသပေးမည်ဟု အကြောင်းပြကာ ထောင်စောင့်များက ရှောင်ယွိကို ဆေးတိုက်ခဲ့သဖြင့် အာရုံချောက်ချားမှုများ ဖြစ်ပေါ်ခြင်း

32:33 ထောင်စောင့်များက ရှောင်ယွိကို ကိုယ်ထိလက်ရောက် အပြစ်ပေး နှိပ်စက်ခြင်း ပြန်လွတ်လာပြီးနောက် သူမ၏ အခြေအနေကြောင့် မိသားစု ရင်ကွဲရခြင်း

36:15 ဘုရားသခင်ကို ယုံကြည်သဖြင့် တိုင်ကြားခံရပြီးနောက် လင်းဖျင် ဖမ်းဆီးခံရကာ စစ်ဆေးမေးမြန်းခံရစဉ် ရက်ရက်စက်စက် ရိုက်နှက်ခံရခြင်း

43:40 ဝန်ခံစေရန် ဒုစခန်းမှူးက လင်းဖျင်ကို အမည်မသိ ဆေးဝါးများ ထိုးသွင်းခြင်း

51:15 ခရစ်ယာန်များကို နှိပ်စက်ရန် ဆေးဝါးများ အသုံးပြုခြင်းကို စီစီပီက မည့်သည့်အခါကမျှ မရပ်တန့်ခဲ့

53:43 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ

01:02:13 နိဂုံးချုပ်မှတ်ချက်များ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။