တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၂၁ : အကျဉ်းထောင်အတွင်းမှ ညှဉ်းပန်းနှိပ်စက်မှု- အကျဉ်းသားများ၏ “ရန်သူ” အဖြစ် သတ်မှတ်ခံရခြင်း
31.07.2026
ခရစ်ယာန်တွေကို အရူးအမူး နှိပ်ကွပ်ပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ရာမှာ စီစီပီဟာ လုံးဝ လူမဆန်ဘဲ ဘာလုပ်ရလုပ်ရ ဝန်မလေးပါဘူး။ သူတို့ဟာ အစက်ဆုပ်ဆုံး၊ အရှက်အကင်းမဲ့ဆုံးနဲ့ အယုတ်မာဆုံး လုပ်ရပ်တွေကို လုပ်နိုင်စွမ်းရှိပါတယ်။ ဒီအချက်အလက်က လူတိုင်း မျက်မြင်ကိုယ်တွေ့ပါပဲ။ မကြာသေးခင်က ထောင်ဒဏ်ကျခံပြီးနောက် ပြန်လွတ်လာတဲ့ ဟဲနန်ပြည်နယ်၊ ကျန်ကျိုးမြို့က ခရစ်ယာန် ဝမ်ရှောင်ယွီကို ကျွန်မတို့ အင်တာဗျူးခဲ့ပါတယ်။ ထောင်ထဲမှာ သူ ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြခဲ့ပါတယ်။ သူဟာ “ကတိခံဝန်ချက်သုံးမျိုး” (အာမခံကြောင်း၊ နောင်တရကြောင်းနဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း) လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပြီး ရဲတွေက ဘုရားသခင်ကို ပြစ်မှားစော်ကားဖို့ သူ့ကို အတင်းအကျပ် ဖိအားပေးတဲ့အခါမှာ သူက အလျှော့ပေးမယ့်အစား ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ခံစားဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် အကျဉ်းထောင်အစောင့်တွေက သူ့ကို ထောင်ထဲက လူတိုင်းရဲ့ ရန်သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အစုလိုက်အပြုံလိုက် အပြစ်ပေးတဲ့နည်းနဲ့ အစောင့်တွေက တခြားအကျဉ်းသားတွေ သူ့ကို မုန်းတီးလာအောင် သွေးထိုးလှုံ့ဆော်ခဲ့ကြတယ်။ သူတို့က ပဋိပက္ခတွေကို တမင်ဖန်တီးပြီး အချိန်အကြာကြီး သူ့ကို နှိပ်စက်ဖို့ ယုတ်မာတဲ့ နည်းလမ်းအမျိုးမျိုးကို သုံးဖို့ အကျဉ်းသားတွေကို တွန်းအားပေးခဲ့ကြတယ်။ အကျဉ်းသားတွေက သူ့ပါးစပ်ထဲကို ကြမ်းတိုက်ဝတ်တစ်ခု ဆို့ထားတယ်၊ ဖိနပ်အောက်ခံတွေနဲ့ သူ့မျက်နှာကို ရိုက်တယ်၊ ညစ်ပတ်တဲ့ရေနဲ့ ဆီးတွေကို သူ့လည်ချောင်းထဲ အတင်း လောင်းထည့်တယ်၊ နို့သီးခေါင်းတွေကို ဆွဲဆိတ်တယ်၊ အိမ်သာဆေးတဲ့ဘရပ်ရှ်နဲ့ သူ့ရဲ့ လိင်အင်္ဂါကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တယ်၊ ပြီးတော့ သုံးပြီးသား သွေးစွန်းနေတဲ့ အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပြီး အတင်း မျိုချခိုင်းခဲ့ကြတယ်။ ဝမ်ရှောင်ယွီဟာ ပြောမပြနိုင်လောက်အောင် ဆင်းရဲဒုက္ခရောက်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး သေချင်စိတ်ပေါက်လောက်အောင်ကို အရမ်း ကိုယ်စိတ်ဆင်းရဲခဲ့ရပါတယ်။ ၅ နှစ်ကြာ ထောင်ဒဏ်ကို ခံစားပြီးနောက်မှာ ဝမ်ရှောင်ယွီဟာ နောက်ဆုံးမှာ လွတ်မြောက်လာခဲ့ပေမဲ့ ရဲတွေက သူ့ကို ဆက်ပြီး လိုက်နှောင့်ယှက်နေတုန်းပါပဲ။ သူတို့က ဖုန်းခေါ်ဆိုမှုတွေ၊ စာတိုတွေနဲ့ သူ့ကို အဆက်မပြတ် နှောင့်ယှက်ခဲ့ကြတယ်။ သူက ဆေးရုံတက်နေတဲ့ အမေဖြစ်သူနားမှာ နေပေးဖို့ ဆေးရုံကို သွားတဲ့အခါ လူနာဆောင်ထဲအထိတောင် သူတို့က ထပ်ချပ်မကွာ လိုက်လာပြီး “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးဖို့ အတင်းအကျပ် ဖိအားပေးခဲ့ကြတယ်။ သူ့ကို ခြိမ်းလည်း ခြိမ်းခြောက်ခဲ့သေးတယ်၊ တကယ်လို့ သူ လက်မှတ်မထိုးရင် နောက်တစ်ကြိမ် ထပ်အဖမ်းခံရပြီး ပိုကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ပြောခဲ့တယ်...ဒီနေ့ ဝမ်ရှောင်ယွီရဲ့ ပြောပြချက်ကတစ်ဆင့် မကောင်းဆိုးဝါးဖြစ်တဲ့ စီစီပီရဲ့ အကျဉ်းထောင်ထဲမှာ သူခံစားခဲ့ရတဲ့ လူမဆန်တဲ့ အနိုင်ကျင့်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်းကို နားထောင်ကြည့်ကြရအောင်။
00:22 အသားပေးပြသချက်များ
04:53 အကျဉ်းထောင်ထဲတွင် ဝမ်ရှောင်ယွီသည် ပြင်းထန်သော အလုပ်ကြမ်းများ၊ အတင်းအကျပ် ဦးနှောက်ဆေးခံရမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားရခြင်း
16:27 ဝမ်ရှောင်ယွီသည် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သဖြင့် အစောင့်များက အခြားအကျဉ်းသားများ၏ ရန်သူအဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းတို့၏ နှိပ်စက်ညှဉ်းပန်းမှုနှင့် ရိုက်နှက်မှုများကို ခံစားရခြင်း
31:45 ဝမ်ရှောင်ယွီ လွတ်မြောက်လာသော်လည်း ရေရှည် ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ ကျန်ရစ်ခဲ့ခြင်း
34:59 နိဂုံးချုပ်မှတ်ချက်များ
43:11 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ