၁။ဘေးဒုက္ခများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေပြီး၊ သခင်၏ ပြန်ကြွလာခြင်းနှင့် သက်ဆိုင်သည့် အတိတ်နိမိတ်များကို မြင်ကြရပြီ- ကိုယ်တော် ပြန်ကြွလာနှင့်ပြီဖြစ်သည်

ပလိပ်ရောဂါများ၊ အစာငတ်မွတ်ခေါင်းပါးမှုများ၊ ငလျင်များ၊ ရေလွှမ်းမိုးမှုများနှင့် အခြားသော ဘေးဒုက္ခများသည် ကမ္ဘာအနှံ့တွင် ပေါ်ပေါက်လေ့ရှိသော ဖြစ်စဉ်များ ဖြစ်လာပြီး၊ တိုး၍တိုး၍ ပြင်းထန်လာနေသည်။ ထူးခြားသည့် အာကာသဆိုင်ရာ ဖြစ်စဉ်များလည်း ထွက်ပေါ်ပြီးဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများသည် အဓိကအားဖြင့် ပြည့်စုံလေပြီ။ ဤနှစ်များတစ်လျှောက်လုံး ကျွန်ုပ်တို့ တောင့်တနေခဲ့ကြသည့် သခင်ယေရှုသည် ကြာမြင့်သော အချိန်ကတည်းက ကျွန်ုပ်တို့ ကြားသို့ တိတ်ဆိတ်စွာ ဆင်းကြွလာခဲ့သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၆-၃၀)

“သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအsမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၆-၈)

“ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။” (ယောလအနာဂတ္တိကျမ်း ၂:၃၀-၃၁)

“ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။” (ဗျာဒိတ်ကျမ်း ၆:၁၂-၁၃)

“ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၉)

၂။သခင်သည် ဘေးဒုက္မများ မတိုင်မီ တိတ်တဆိတ် ပြန်ကြွလာပြီး၊ ဘေးဒုက္ခများပြီးသည့်နောက် သူ့ကိုယ်သူ လူပုံအလယ်တွင် ထင်ရှားပြလေသည်။

သခင့်ကို ကြိုဆိုခြင်း အရေးကိစ္စနှင့် စပ်လျဉ်း၍၊ လူများစွာတို့က သခင် မိုးတိမ်စီးကာ ကြွလာခြင်းနှင့် သက်ဆိုင်သည့် ပရောဖက်ပြုခြင်းကိုသာ အာရုံစိုက်နေကြသော်လည်း သခင် လူ့ဇာတိခံယူပြီး တိတ်တဆိတ် ကြွလာခြင်းနှင့် သက်ဆိုင်သည့် ပရောဖက်ပြုခြင်းများကို လျစ်လျူရှုထားကြလေသည်။ “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၂:၄၀) “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) အမှန်မှာမူ၊ ဘေးဒုက္မများမတိုင်မီ သခင် တိတ်တဆိတ် ကြွလာပြီး၊ အောင်မြင်သူတစ်စုကို ပြုလုပ်လေသည်၊ ထို့နောက်တွင် သူသည် ဘေးဒုက္ခများပြီးနောက် ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး၊ ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးဖို့ လူပုံအလယ်တွင် ပေါ်ထွန်းလိမ့်မည်။ ဤအရာက သခင်၏ ပြန်ကြွလာခြင်းနှင့် သက်ဆိုင်သည့် ပရောဖက်ပြုခြင်းများကို လုံးလုံး ပြည့်စုံစေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၂:၄၀)

“ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆)

“ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)

“ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။” (ဗျာဒိတ်ကျမ်း ၁:၇)

“သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉)

၃။သခင်က ဤနေရာတွင် တိတ်တဆိတ် ရှိစဉ်တွင် သူ့ကို ကျွန်ုပ်တို့ ကြိုဆိုဖို့နည်းလမ်း

ဘေးဒုက္မများမတိုင်မီ သခင် တိတ်တဆိတ် ကြွလာသော်လည်း ဘေးဒုက္ခများပြီးသည့်နောက် လူပုံအလယ်တွင် သူ့ကိုယ်သူ ထုတ်ဖော်ပြလိမ့်မည်။ ထို့ကြောင့် သခင် ဤနေရာတွင် တိတ်တဆိတ် ရှိနေစဉ် သူ့ကို ကျွန်ုပ်တို့ မည်သို့ ကြိိုဆိုနိုင်သနည်း။ ဗျာဒိတ်ကျမ်း ၃:၂၀ တွင် ပရောဖက်ပြုခြင်းတစ်ခုရှိသည်။ “ကြည့်ရှုလော့၊ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။” နောက်ဆုံးသောကာလတွင် ကမ္ဘာမြေသို့ သခင် ပြန်ကြွလာသည့်အချိန်တွင်၊ သူ၏ သိုးကို ရှာဖွေဖို့ နှုတ်ကပတ်တော်များ သူ မိန့်မြွက်တော်မူသည်။ ပညာရှိ သတို့သမီးများသည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ လက်ခံကာ၊ ထိုအသံတော်နောက်ကို လိုက်ကြသည်။ ဤလူတို့မှာ သခင့်ကို ကြိုဆိုပြီး၊ ကြီးစွာသော ဘေးဒုက္ခများမတိုင်မီ သူ၏ စားတော်ပွဲကြီးသို့ တက်ရောက်သူများ ဖြစ်လေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

နောက်ဆုံးသောအချိန် ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ- သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုနည်း

နောက်ဆုံးသောအချိန် ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ- သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုနည်း

ခရစ်ယာန်တရားဟောချက်များ - သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

ခရစ်ယာန်တရားဟောချက်များ - သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

ပို၍များသော အံ့သြဖွယ်ကောင်းသော အကြောင်းအရာ

နောက်ထပ်အကြောင်းအရာများ

သူ၏ ပြန်ကြွလာခြင်းတွင် သခင် ပေါ်ထွန်းသည့် နည်းလမ်း
ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့နည်းလမ်း
စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ပါ- စာတန်၏ ကောလာဟလများနှင့် မုသားများကို သင်နားထောင်၍ မဖြစ်ပေ။
ပညာသတိရှိသော သတို့သမီးတစ်ဦးဖြစ်ပြီး မင်္ဂလာဆောင် လုလင်ကို ကြိုဆိုသည့်နည်းလမ်း