၁။စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ကျူးလွန်ဖို့ အလွယ်ကူဆုံးအမှား

စာတန်သည် အဘယ့်ကြောင့် ဧဝကို လှည့်စားပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူမ ဆုံးရှုံးအောင် လုပ်နိုင်ခဲ့သည်ကို သင်သိပါသလား။ သာမန်ဂျူးများသည် သခင့်ကို အာခံခြင်းတွင် ဖာရိရှဲများနှင့် အတူ ပူးပေါင်းခဲ့ပြီး ဤသို့ဖြင့် သခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးရသည်မှာ အဘယ့်ကြောင့်ဆိုသည်ကို သင်သိပါသလား။ ယင်းမှာ ၎င်းတို့သည် အဓိကအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမထောင်ခဲ့ဘဲ၊ ထိုအစား စာတန်၏ ကောလာဟလများနှင့် မုသားများကို နားထောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သခင်သည် ကြာမြင့်သော အချိန်ကတည်းက ပြန်ကြွလာပြီးဖြစ်သည်။ ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်နေသည်။ ပြီးလျှင် လူများစွာတို့သည် ဧဝနှင့် သာမန်ဂျူးလူမျိုးများကျူးလွန်ခဲ့သည့် တစ်ထေရာတည်းသော အမှားမျိုးကို ကျူးလွန်နေကြသည်။ ၎င်းတို့က “သခင်က လူ့ဇာတိနဲ့ ပြန်ကြွလာပြီးပြီလို့ ပြောတဲ့ ဟောကြားချက် မှန်သမျှက အမှားချည်းပဲ။” ဆိုသော သခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်သည့် ဘာသာရေး အသိုင်းအဝိုင်းမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ယုတ္တိအမှားများနှင့် မုသားများကို မျက်စိစုံမှိတ် ယုံကြည် နေကြသည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်မှ ဖော်ပြသကဲ့သို့ အသင်းတော်တို့အား ဝိညာဉ်တော်က မြွက်ဆိုသည့်အရာကို ကြားဖို့ မရှာဖွေကြပေ။ ထိုကဲ့သို့ နားဝေတိမ်တောင်ဖြစ်သော မချင့်ချိန်နိုင်သော လူများသည် သခင် ပြန်ကြွလာရာတွင် သူ့အား ကြိုဆိုနိုင်မည်လော။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ယခုတွင်၊ မြွေသည် ယေဟောဝါ ဘုရားသခင် ဖန်ဆင်းတော်မူသော မြေပေါ်ရှိ မည်သည့်တိရစ္ဆာန်မဆိုထက် ပိုမို လိမ္မာပါးနပ်လေသည်။ သူက လူမိန်းမထံ၊ ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့ မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလောဟု မေးလေသည်။ လူမိန်းမကလည်း၊ ကျွန်မတို့သည် ဥယျာဉ်ထဲရှိ အပင်များ၏ အသီးများကို စားသုံးနိုင်ကြပါ၏၊ သို့သော်၊ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုမူ၊ ဘုရားသခင်က၊ သင်တို့ သေမည်စိုးရသဖြင့် ယင်းကို သင်သည် မစားရသကဲ့သို့ ထိလည်း မထိရဟု မိန့်တော်မူကြောင်း မြွေကို ပြောကြားလေသည်။ မြွေကလည်း၊ သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်ဟု လူမိန်းမအား ဆိုလေသည်။” (ကမ္ဘာဦးကျမ်း ၃:၁-၅)

“သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၄)

“ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၇)

၂။စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် စာတန်၏ ကောလာဟလများနှင့် မုသားများကို ယုံကြည်ခြင်း၏ အကျိုးဆက်

စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းတွင် အရေးကြီးသည့်အရာမှာ ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ခြင်းဖြစ်ပြီး၊ စာတန်၏ ကောလာဟလများနှင့် မုသားများကို လုံးဝ အရေးမထားဖို့ ဖြစ်လေသည်။ ဤသည်မှာ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းအတွက် အရေးအကြီးဆုံး အခြေခံသဘောတရားဖြစ်ပြီး ယင်းက ကျွန်ုပ်တို့၏ အဆုံးသတ်နှင့် နောက်ဆုံးခရီးပန်းတိုင်တို့နှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ လူများသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် သင်းအုပ်ဆရာများ၊ အကြီးအကဲများတို့၏ ကောလာဟလများနှင့် မုသားများကိုသာ နားထောင်ပြီး၊ အသင်းတော်တို့အား ဝိညာဉ်တော် ပြောသည့်အရာကို နားမထောင်ပါက၊ ၎င်းတို့သည် မည်သို့ ဖြစ်လာမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။” (ဟော ၄:၆)

“မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)

၃။စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ပါ

ဗျာဒိတ်ကျမ်းက ကြိုတင်ဟောကိန်းထုတ်ထားသည်၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော နောက်ဆုံးသောကာလ ခရစ်တော်သည် သူ၏ မိန့်မြွက်ချက်များမှတစ်ဆင့် လူတို့ထံ ပေါ်ထွန်းသည်။ ပညာရှိ သတို့သမီးများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး ထိုနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်း သိကြသည်။ ၎င်းတို့သည် မည်သည့် ကောလာဟလများ သို့မဟုတ် မုသားများဖြင့် အနည်းငယ်မျှ လှည့်စားခံရခြင်းမရှိဘဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို ပြတ်ပြတ်သားသား လိုက်လျှောက်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့သည် သခင့်ကို ကြိုဆိုနိုင်ကာ၊ သိုးသငယ်၏ စားတော်ပွဲကြီးသို့ တက်ရောက်နိုင်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံရရှိကြလေသည်။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းနှင့် သခင့်ကို ကြိုဆိုခြင်းအတွက် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းသည်သာလျှင် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်မှာ ရှင်းလင်းပေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ပါ— စာတန်၏ ကောလာဟလများနှင့် မုသားများကို သင်နားထောင်၍ မဖြစ်ပေ

တရားဝင် ဝက်ဘ်ဆိုက်