၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံ

ကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏ ဧဝံဂေလိတရားကို ကျွန်မဆီ ဟောပြောခဲ့သည်။ ကျွန်မ၏ စိတ်အားထက်သန်သော လိုက်စားမှုကြောင့်၊ မကြာမီ ကျွန်မသည် သင်းအုပ်ဆရာ၏ လေ့ကျင့်သင်ကြားမှုတွင် အာရုံစိုက်ရာဖြစ်လာခဲ့ပြီး သူ၏ အဓိက လက်ထောက်ဖြစ်လာခဲ့သည်။ ၂၀၀၀ ခုနှစ်၏ နွေရာသီတွင်၊ သင်းအုပ်ဆရာသည် ကိုရီးယား သတင်းကောင်း အသင်းတော်မှ ကောလိပ်ကျောင်းသား ဒါဇင်ကျော်နှင့်အတူ နွေရာသီ သာသနာပြု ခရီးတိုတစ်ခုအဖြစ် ယူနန်သို့ လာခဲ့လေသည်။ မမျှော်လင့်ဘဲ၊ ဤအရာက တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို သတိပေးလိုက်သလို ဖြစ်ခဲ့သည်။ သင်းအုပ်ဆရာ၏ နေအိမ်တွင် ကျွန်မတို့ အစည်းအဝေးတစ်ခု လုပ်နေစဉ်တွင် ကျွန်မတို့ အဖမ်းခံခဲ့ရပြီးနောက် ယူနန် ပြည်နယ် ပြည်သူ့ လုံခြုံရေး ဌာနသို့ စစ်မေးရန်အတွက် ခေါ်ဆောင်သွားခံခဲ့ရသည်။ ထိုညတွင်ပင် ကိုရီးယား တက္ကသိုလ်ကျောင်းသားများသည် ပြည်နှင်ဒဏ်ပေးခံကြရပြီး ကိုရီးယား သင်းအုပ်ဆရာသည်လည်း နိုင်ငံမှ နှင်ထုတ်ခံခဲ့ရသည်။ အသင်းတော်က တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရပြီး ယုံကြည်သူများစွာမှာ စိုးရွံ့လာခဲ့ကြကာ ယုံကြည်ရန် မဝံ့မရဲဖြစ်ခဲ့ကြသည်။ ယုံကြည်သူ တချို့တလေသည်လည်း ကိုယ်ပိုင် မူသုံးရပ်သုံး အသင်းတော်ဆီသို့ သွားရန် အတင်းအကျပ်ပြုခံခဲ့ရပြီး ဤသည်မှာ တရုတ်ကွန်မြူနစ်ပါတီအားဖြင့် အသင်းတော် ပြိုကွဲခဲ့ပုံဖြစ်သည်။ ကျွန်မသည် အသင်းတော်ထဲတွင် အဓိက လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ဤတစ်ကြိမ် တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ညှဉ်းပန်းမှုက ကျွန်မကိုလည်း အလုပ် ပြုတ်စေခဲ့သည်။

၂၀၀၅ ခုနှစ် မတ်လတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်မ ကြားခဲ့ရသည်။ သခင်ယေရှု ပြန်ကြွလာပြီဖြစ်သည်ကို ကျွန်မ ကြားခဲ့ရချိန်တွင်၊ ကျွန်မ အလွန်စိတ်လှုပ်ရှားခဲ့သည်မှာ ကျွန်မ၏ မျက်လုံးများက ဝမ်းမြောက်ခြင်း မျက်ရည်များဖြင့် ပြည့်ခဲ့ပြီး ကျွန်မ အလွန့်အလွန် ကျေးဇူးတင်ရှိမှု လွန်စွာခံစားခဲ့ရသည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများကို ဘုရားသခင်၏ ရှေ့မှောက်သို့သာ ကျွန်မ တတ်နိုင်သမျှ မြန်မြန် ခေါ်သွားချင်ခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုအောက်တွင်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ညီအစ်ကို မောင်နှမများက တစ်ယောက်ပြီး တစ်ယောက် လက်ခံခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲနှင့်၊ အသင်းတော်၏ အရည်အချင်းအရှိဆုံး လုပ်ဖော်ဆောင်ဖက် တစ်ဦးဖြစ်သူက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကြားပြီးနောက်၊ “ဒီအယူဝါဒက မှန်တယ်လို့ထင်ရတယ်၊ ဒါပေမယ့် သင်းအုပ်ဆရာကို ငါတို့ အရင်မေးပြီး သူ ဘာပြောလဲဆိုတာ ကြည့်ဖို့လိုတယ်” ဟု အလေးအနက်ပြောလေသည်။ နောက်မကြာမီတွင်၊ သင်းအုပ်ဆရာက ကျွန်မကို ဖုန်းတစ်ချက်ဆက်ပြီး၊ “အခု အပြင်မှာ တော်တော်ကို ပရမ်းပတာ ဖြစ်နေတယ်။ မင်းက ဘုရားသခင်ကို ယုံကြည်တာ မကြာသေးသလို မင်းရဲ့ ဝိညာဉ်အသက်တာက နုနယ်တယ်။ မင်း ဘာပဲလုပ်လုပ်၊ အသင်းတော်အပြင်ဖက်က တရားဒေသနာတွေကို အမှုမဲ့အမှတ်မဲ့ နားမထောင်လိုက်နဲ့၊ အဲဒါဆိုရင် မင်း လမ်းလွဲမှာ မဟုတ်ဘူး။ ငါတို့အနေနဲ့ ဒီအသင်းတော်ရဲ့ ထိန်းကျောင်းမှုကိုပဲ လက်ခံနိုင်တယ်။ တခြားအသင်းတော်တွေ ဟောတဲ့ နည်းလမ်းတွေကို နားမထောင်လိုက်နဲ့” ဟု ပြောလေသည်။ နားထောက်ပြီးသည့်နောက်၊ ကျွန်မက တည်ငြိမ်စွာဖြင့်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာနေတဲ့ ဒီအချိန်ကာလတစ်လျှောက်မှာ၊ သူတို့ ပြောသမျှက သမ္မာကျမ်းစာနဲ့ ကိုက်ညီတယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ အလင်းပြခြင်းတွေ ရှိပြီး အဲဒါက မှန်တဲ့ လမ်းခရီးဖြစ်တယ်ဆိုတာ ကျွန်မ မြင်ရပြီးပြီ” ဟု ပြောလိုက်သည်။ ကျွန်မ၏ သင်းအုပ်ဆရာက၊ “သူတို့ ဘယ်လိုပဲ တရားဟောကောင်းပါစေ၊ သခင်ယေရှုကပဲ စစ်မှန်တဲ့ ဘုရားသခင်ဖြစ်တယ်ဆို ငါတို့ နားလည်ထားရမယ်။ သခင့်ကို ငါတို့ မစွန့်ပစ်ရဘူး” ဟု ပြောလေသည်။ ကျွန်မက၊ “သခင့်ကို ကျွန်မ မစွန့်ပါဘူး၊ ဒါပေမယ့် သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်ကို ကျွန်မ လိုက်နေတာပါ။ သခင်ယေရှုက ပြန်ကြွလာနှင့်ပြီးပါပြီ။ ကျွန်မတို့အနေနဲ့ ပညာသတိရှိတဲ့ သတို့သမီးတွေလိုပဲ သခင့်ကို ကြိုဆိုမှသာ မှန်တာပါ” ဟု ခိုင်ခိုင်မာမာ ဆိုလိုက်သည်။ သင်းအုပ်ဆရာက ကြမ်းတမ်းစွာဖြင့် “ကိုရီးယား သတင်းကောင်း အသင်းတော်က သခင် ပြန်လာပြီးပြီဆိုတာကို ဘာလို့ မသိရတာလဲ” ဟု ပြောလေသည်။ ကျွန်မက၊ “ဒါက စကားနည်းနည်းလောက်နဲ့ ရှင်းပြလို့ရတဲ့ဟာ မဟုတ်ဘူး” ဟု ပြောခဲ့သည်။ သင်းအုပ်ဆရာက အပြောကောင်းကောင်းဖြင့်၊ “သူတို့ ယုံကြည်တာက တရုတ်ကွန်မြူနစ်အစိုးရက နှိမ်နှင်းဖို့ ပစ်မှတ်ထားခံရတဲ့ အရှေ့ရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်ဖြစ်တယ်။ အဲဒါကို အင်တာနက်မှာ အရမ်းကို ရှင်းရှင်းလင်းလင်း ရှင်းပြထားပါတယ်။ အွန်လိုင်း ဖွင့်လိုက်ပါ၊ ပြီးရင် မင်းတွေ့ပါလိမ့်မယ်။ အဲဒါကို စစ်ဆေးဖို့ မင်း အွန်လိုင်းဖွင့်ကြည့်မှရမယ်” ဟု အခိုင်အမာဆိုလေသည်။ ဖုန်းကို ချလိုက်ပြီးနောက်တွင်၊ ကျွန်မ၏ စိတ်နှလုံးက အချိန်အတော်ကြာ မတည်ငြိမ်နိုင်ခဲ့ပါ။ သင်းအုပ်ဆရာ၏ စကားများက ကျွန်မ၏ နားထဲ ဆက်မြည်နေခဲ့သည်။ အထူးသဖြင့် အွန်လိုင်းပေါ်တွင် မည်သည့်အရာပြောထားသည်ကို ကျွန်မ အတိအကျ သိချင်ခဲ့သည်။

သိရဖို့ရန်အလို့ငှာ၊ အင်တာနက်ဆိုင်တစ်ခုသို့ ကျွန်မ အမြန်ပြေးသွားလိုက်သည်။ ဝဘ်ဆိုက်များကို ကျွန်မ ဖွင့်လိုက်သည့်တစ်ခဏတွင်၊ ကျွန်မ အလွန်အံ့အားသင့်သွားခဲ့သည်။ ဝဘ်ဆိုက်များပေါ်တွင် ဘုရားသခင်နှင့်ဆိုင်သော တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ပြစ်မှားစော်ကားခြင်းနှင့် ရှုတ်ချမှုများစွာအပြင်၊ ဘာသာရေး သြဇာအာဏာရှိသည့် ပုဂ္ဂိုလ်များထံမှ အသရေဖျက်မှုနှင့် ပြစ်မှားစော်ကားမှုများ ရှိနေခဲ့လေသည်။ ကျွန်မ သံသယတစ်ချို့ ရှိခဲ့သည်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်း မပြောဆိုနိုင်ပါ။ ၎င်းတို့သည် သမ္မာတရား ဝိညာဉ်တော်၏ ဖော်ပြချက်ဖြစ်သည်။ ဤအရာသည် သခင့်ကို စိတ်ရင်းအတိုင်း ယုံကြည်ပြီး သမ္မာတရားကို တမ်းတသည့် မတူညီသော ဂိုဏ်ဂဏများစွာမှ လူများစွာတို့က အသိအမှတ်ပြုထားသည့် အချက်တစ်ခု ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဝဘ်ဆိုက်များက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လူတို့ ငြင်းပယ်စေဖို့ ကောလာဟလများကို စတင်ရပါသနည်း။ တရုတ်ကွန်မြူနစ်ပါတီနှင့်အတူ ဘုရားသခင်ကို ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည့် နာမည်ကြီး သင်းအုပ်များစွာလည်း ရှိလေသည်။ ဘာဖြစ်နေပါသနည်း။ ဤအပျက်သဘောဆောင်သော ဝါဒဖြန့်မှုအားလုံးကို မြင်ရသည့်အခါ၊ ကျွန်မ ချီတုံချတုံ ပျာယာခတ်နေမိခဲ့သည်။ ထို့နောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသော လူအပေါ် တိုက်ခိုက်မှုတစ်ခုကို အွန်လိုင်းပေါ်တွင် ကျွန်မ မြင်ရသည်။ ကျွန်မ၏ စိတ်နှလုံးက တစ်ဖန်ကျဆင်းသွားသည်။ ကျွန်မ တကယ်ပင် လူတစ်ဦးကို ယုံကြည်မိခဲ့ပါသလော။ အင်တာနက်ပေါ်က သတင်းအချက်အလက်တစ်လျှောက် ကျွန်မ ဆက်လေ့လာကြည့်သည်နှင့်အမျှ၊ ကျွန်မ ပို၍ ပျာယာခတ်လာခဲ့ပြီး အလွန်စိတ်ရှုပ်ထွေးကာ ဇဝေဇဝါဖြစ်ခဲ့သည်၊ ဤသို့ဖြင့် နောက်ဆုံးတွင် အင်တာနက်ဆိုင်မှ ကျွန်မ မည်သို့ ထွက်လာခဲ့မှန်း မသိတော့ပါ။

အိမ်အပြန်လမ်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းတို့ဖြင့် ကျွန်မ ကုန်ဆုံးခဲ့သည့် အချိန်အားလုံးကို ပြန်သတိရမိခဲ့သည်။ ကျွန်မ မေးခွန်းများ ထုတ်သည့်အခါတိုင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများက ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ပြပေးခဲ့ကြသည်။ ပြဿနာတိုင်းက တစ်ခုပြီးတစ်ခု ပြေလည်သွားခဲ့ပြီး ကျွန်မ လုံးဝ ယုံကြည်လက်ခံလာခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ ခိုင်ခိုင်မာမာ မယုံကြည်မီတွင် ဆွေးနွေးခြင်းနှင့် လေ့လောဆန်းစစ်ခြင်း ဆယ့်တစ်ရက် အချိန်ယူခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကိုလည်း ကျွန်မ ဖတ်ခဲ့သည်။ ဘုရားသခင်က အမှုတော် အဆင့်သုံးဆင့်နှင့် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများအားလုံးကို ဖွင့်ပြခဲ့ပြီး သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် အနှစ်သာရ၊ သမ္မာကျမ်းစာထဲတွင် မည်သည့်အရာများက ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး မည်သည့်အရာများက လူတို့၏ စကားများဖြစ်သည်ဆိုသည်နှင့် သမ္မာကျမ်းစာကို လူတို့ မည်သို့ချဉ်းကပ်သင့်သည်ဆိုသည့်အရာ ကဲ့သို့သော သမ္မာတရားများကိုလည်း သူက ရှင်းသွားစေခဲ့သည်။ ဤအရာများကို ကျွန်မ ဖတ်သည့်အခါ၊ အရာရာက ရှင်းလင်းလာခဲ့ပြီး ကြီးမားသည့် အကျိုးကျေးဇူးကို ကျွန်မ ခံစားခဲ့ရသည်။ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သင့်သည်ကို ကျွန်မ မြင်ခဲ့သည်။ သို့သော် အင်တာနက်ပေါ်က ဝါဒဖြန့်မှုသည် အဘယ်ကြောင့် အပျက်သဘောချည်းသာ ဖြစ်ခဲ့ပါသနည်း။ ထိုကောလာဟလများကို ကျွန်မ စဉ်းစားလေ၊ ကျွန်မ ပိုစိတ်မချမ်းသာလေဖြစ်ပြီး ကျွန်မ၏ စိတ်နှလုံးက ပိုလေးလံလာလေဖြစ်ကာ၊ လမ်းကို ကျွန်မ ဖြတ်ကူးစဉ် ကားတိုက်ခံရလုမတတ် ဖြစ်ခဲ့ရသည်။

အိမ်ပြန်သွားပြီးနောက်၊ ကျွန်မ၏ စိတ်နှလုံးက တကယ်ကို မတည်ငြိမ်နိုင်ခဲ့သလို၊ ထိုအင်တာနက် ကောလာဟလများက ကျွန်မ စိတ်၏ ရှေ့တန်းသို့ အကြိမ်ကြိမ် ရောက်လာပြီး ထိုနေရာတွင် တစ်ရစ်ဝဲဝဲရှိနေခဲ့သည်။ တစ်ခုပြီးနောက်တစ်ခု ကျွန်မ တွေးသည်နှင့်အမျှ ကျွန်မ၏ စိတ်နှလုံး ထိခိုက်ခဲ့ရသည်။ ထိုညတွင် ကျွန်မ အိမ်မရနိုင်ခဲ့ဘဲ ကျွန်မ တွေးမိခဲ့သည်- “မှားတဲ့လမ်းကို ငါလျှောက်ရင်၊ ငါ့ ယုံကြည်ခြင်းက လုံးဝ အချည်းနှီးဖြစ်သွားမှာပဲ မဟုတ်လား။ မဖြစ်ဘူး၊ ချက်ချင်း ငါ ပြန်လည့်မှဖြစ်မယ်။ ဒါပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နေရင်ရော။ အဲဒီလိုဆိုရင် သခင့်ကို ကြိုဆိုဖို့ ငါ့ရဲ့ အခွင့်အရေးကို ငါ လွဲချော်ပြီး ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်လား။” ကျွန်မ ရှေ့နောက် ယိမ်းနေခဲ့စဉ်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် လာခဲ့သည်- “အို ဘုရားသခင်။ ဒီအမှုတော် အဆင့်ကို ကျွန်မ လက်ခံကတည်းက၊ ကျွန်မရဲ့ စိတ်နှလုံးဟာ အေးအေးသက်သာဖြစ်ခဲ့ပါတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရတာ အရမ်းနှစ်သက်စရာကောင်းတာကို ကျွန်မ တွေ့ရသလို ကျွန်မရဲ့ ဝိညာဉ်ကို အရမ်းပဲ အားဖြစ်စေပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်က အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်မှုတစ်ချို့ကို တွေ့ပြီးတဲ့နောက်မှာ၊ ကျွန်မ စိတ်မငြိမ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့ စိတ်နှလုံးကို စောင့်ရှောက်တော်မူပါ။ အို ဘုရားသခင်။ ကျွန်မရဲ့ ဝိညာဉ်ရေးအသက်တာက နုနယ်ပြီး ဒီအရာတွေကို ဘယ်လို သိမြင်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ ကိုယ်တော် အစစ်အမှန်ဆိုရင်၊ ဘယ်သူမှ ဒါမှမဟုတ် ဘယ်အရာမှရဲ့ နှောင့်ယှက်ခံရခြင်းမရှိဘဲ ကိုယ်တော့်ရဲ့ အမှုတော်ကို သေချာစေဖို့ ကျွန်မကို လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်။ ဒါမှမဟုတ်ရင် သိမြင်မှုတိုးတက်စေဖို့ ကျွန်မကို လမ်းပြဖို့ရန် ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါတယ်...။” ဆုတောင်းပြီးနောက်တွင်၊ စိတ်ကူးတစ်ခုက ကျွန်မ၏ စိတ်ထဲ ရောက်လာခဲ့သည်- ဘုရားသခင်၏ အသံတော် ဟုတ် မဟုတ် ပိုင်းဖြတ်ဖို့ရန်အလို့ငှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား အလျင်အမြန် ပြီးစီးဖို့ ဖြစ်သည်။ ထိုညတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တစ်ညလုံး ဖတ်ခဲ့ပြီး စားပွဲတွင် မည်သည့်အချိန်က အိပ်ပျော်သွားခဲ့သည်ကို ကျွန်မ မသိခဲ့ပါ။

နောက်နေ့ နံနက်စောစောတွင်၊ တံခါးမှ ခေါက်သံတစ်ခုကြောင့် ကျွန်မ နိုးသွားခဲ့ပြီး တံခါးဖွင့်ဖို့ အိပ်ချင်မူးတူးဖြင့် ကျွန်မသွားလိုက်သည်။ ယင်းမှာ ကျွန်မကို ရေလောင်းပေးခဲ့သည့် အစ်မ ဝူ ဖြစ်နေခဲ့သည်။ ကျွန်မ အိပ်ချင်နေပုံရသည်ကို သူ မြင်ခဲ့ပြီး ဘာဖြစ်ခဲ့သည်ကို ပူပန်သည့်ပုံဖြင့် သူ မေးခဲ့သည်။ ကျွန်မက၊ “မနေ့က ကျွန်မ အွန်လိုင်းထိုင်ခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်အာခံပြီး ပြစ်မှားစော်ကားတဲ့ အရာတွေအများကြီး တွေ့ခဲ့ရတယ်၊ ပြီးတော့ အခု ကျွန်မ အရမ်းကို ဒွိဟဖြစ်နေတယ်...” ဟု ပြောလိုက်သည်။ ဤအရာကို ကြားပြီးနောက်၊ အစ်မ ဝူက ကျွန်မနှင့်အတူ မိတ်သဟာယပြုပေးခဲ့သည်- “ညီမလေး၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ခရစ်ယာန်တွေအပေါ် သဘောထားကို နင် အရမ်းကို ကောင်းကောင်း သိပါတယ်။ မရေတွက်နိုင်တဲ့ ခရစ်ယာန်တွေကို သူတို့ ဖမ်းပြီး နှိပ်စက်ကြပြီးပြီ။ ဒါက ခက်ခဲတဲ့ အမှန်တရားတစ်ခုပဲ။ အွန်လိုင်းက ကောလာဟလတွေအားလုံးဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းဖို့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ လုပ်ကြံပြောဆိုထားတာတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က ဘုရားသခင်ရဲ့ အမှုတော်ကို ဖိနှိပ်ဖို့နဲ့ တရုတ်နိုင်ငံကို ဘုရားမဲ့ နေရာတစ်ခုဖြစ်စေဖို့ ဖြစ်သလို လူတွေကို ဘုရားသခင်နောက်လိုက်ခွင့် ဒါမှမဟုတ် ဘုရားသခင်ကို ကိုးကွယ်ခွင့် မပြုဖို့ပဲဖြစ်တယ်။ ညီမ၊ တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့အစိုးရတစ်ခုပါ။ သူတို့ပြောတာကို အစ်မတို့ ယုံလို့ရရဲ့လား။” အစ်မ၏ မှတ်ချက်များက ချိန်ကိုက် သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။ မှန်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားမဲ့ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမုန်းဆုံးနှင့် အာအခံဆုံးဖြစ်လေသည်။ သူတို့ပြောသည့်အရာကို အဘယ်သို့ တစ်ဦးတစ်ယောက်က ယုံနိုင်မည်နည်း။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက “ဘာသာတရား လွတ်လပ်မှု” ဟူသည့် ခေါင်းစီးစာတန်း၏ ဟန်ဆောင်မှုအောက်တွင် ရှိသော်လည်း၊ နောက်ကွယ်တွင်၊ သူတို့က ဘုရားသခင်ကို ယုံကြည်သော လူတို့ကို အကြောင်းမဲ့သက်သက် အကျပ်ကိုင်ပြီး ဖမ်းဆီးကြလေသည်။ ယခင်က ကျွန်မတို့ အသင်းတော်မှ လူတို့ကို တရုတ်ကွန်ုမြူနစ်ပါတီက မည်သို့ အကျပ်ကိုင်ပြီး ဖိနှိပ်ခဲ့ပုံနှင့် ညီအစ်ကို မောင်နှမ မည်မျှက ယုံကြည်ခြင်း ပျောက်ဆုံးကာ မယုံကြည်ဝံ့ဖြစ်ခဲ့ကြသည်ဆိုသည်တို့ကို ကျွန်မ တွေးမိခဲ့သလို၊ ဤအရာကြောင့် ကျွန်မသည်လည်း ကျွန်မ၏အလုပ် ဆုံးရှုံးခဲ့ရပုံကို ကျွန်မ တွေးမိခဲ့သည်- ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူတို့အပေါ် တရုတ်ကွန်ုမြူနစ်ပါတီ အစိုးရ၏ သဘောထား ဖြစ်ခဲ့သည် မဟုတ်ပါလား။ ဘာသာရေး ယုံကြည်မှုကို ကန့်သတ်ဖို့ရန် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ကို တည်ထောင်ခဲ့ပြီး “ပထမဆုံး နိုင်ငံတော် အစိုးရကို ချစ်ပါ” ထို့နောက် “ဘာသာတရားကို ချစ်ပါ” ဟု လူတို့ကို တောင်းဆိုခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏ လက်ထဲတွင် ဆက်လက်ထိန်းချုပ်ထားဖို့နှင့် လူတို့၏ ယုံကြည်ခြင်း လွတ်လပ်မှုကို ကန့်သတ်ရန် ဖြစ်သည်။ ဤအရာကို ကျွန်မ တွေးမိသည့်အခါ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ စက်ဆုပ်ဖွယ်ဖြစ်သော ရည်ရွယ်ချက်ကို ကျွန်မ သိမြင်မှုအချို့ ရှိလာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာသာရေး ယုံကြည်မှုများကို အမြဲနှိပ်ကွပ်ခဲ့ပြီး မှန်သော လမ်းခရီးကို အမြဲရှုတ်ချခဲ့သည်။ ထို့ကြောင့် သူတို့၏ လုပ်ကြံပြောဆိုထားသော ကောလာဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ရှုတ်ချခြင်းတို့က သူတို့၏ ဘုရားသခင်ကို မုန်းတီးပြး ဘုရားသခင်ကို ဆန့်ကျင်တတ်သည့် ဆိုးယုတ်သော သဘောသဘာဝကို ကြီးမားသည့် ဖွင့်ဟမှုတစ်ခု ဖြစ်သည် မဟုတ်ပါလား။

အစ်မ ဝူက ကျွန်မနှင့်အတူ မိတ်သဟာယ ဆက်ပြုခဲ့သည်- “တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ ဆိုးယုတ်တဲ့ အုပ်စိုးမှုစနစ်ဖြစ်ပြီး ဘုရားသခင်ရဲ့ ရန်သူဖြစ်တယ်။လူတွေကို အမြဲတမ်း ထိန်းချုပ်ဖို့ဆိုတဲ့ သူတို့ရဲ့ လွန်ကဲတဲ့ ရည်မှန်းချက်ကို ရရှိဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချဖို့နဲ့ သိက္ခာချဖို့ အမဲကို အဖြူအဖြစ် မတော်မလျော် လှည့်လိုက်ကြတယ်။ ဒါကို အစ်မတို့ ကောင်းကောင်း ခွဲခြားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ကို ဆန့်ကျင်ရာမှာ၊ ရှုတ်ချပြီး ပြစ်မှားစော်ကားရာမှာ ဘုရားမဲ့ အစိုးရနောက်ကို လိုက်နိုင်ကြတာလဲ။ ဒီပြဿနာကို လူအများစုကသဘောမပေါက်နိုင်ကြဘူး။ အမှန်တော့၊ ဒါက ဘာသာရေးခေါင်းဆောင်တွေရဲ့ ဘုရားသခင်ကို အာခံခြင်းနဲ့ သမ္မာတရားကို မုန်းတီးခြင်း သဘာဝ၊ အနှစ်သာရတွေနဲ့ ဆက်နွယ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကို ပြန်တွေးကြည့်တဲ့အခါ၊ သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ အမှုပြုခဲ့တဲ့အချိန်မှာ၊ ယဇ်ပရောဟိတ် အကြီးအကဲတွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေဆီက အဆုံးစွန် ဆန့်ကျင်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ကြုံဆုံခဲ့ရတယ်။ ဒါဟာ အဲဒီအချိန်က သခင်ယေရှု ဟောကြားခဲ့တဲ့ လမ်းခရီးနဲ့ သူ ဆောင်ရွက်ခဲ့တဲ့ နိမိတ်လက္ခဏာတွေက ယုဒပြည်တစ်လျှောက်လုံးကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့လို့ပဲ။ သာမန်လူတွေအများကြီးက သခင့်ရဲ့ နှုတ်ကပတ်တော်တွေအားဖြင့် ဆွဲဆောင်ခံရပြီး တစ်ယောက်ပြီးနောက်တစ်ယောက် သခင်ယေရှုဆီ သူတို့ ပြန်သွားခဲ့ကြတယ်။ ယဇ်ပရောဟိတ် အကြီးအကဲတွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေက ဒါကို သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကြောင်းအပေါ် ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မြင်ခဲ့ကြပြီး သခင်ယေရှုကို ဆန့်ကျင်ပြီး ရှုတ်ချဖို့ ရောမ အစိုးရနဲ့ သူတို့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ကြတယ်။ သူတို့က ကောလာဟလတွေ ဖြန့်ခဲ့ကြတယ်၊ သခင့်ရဲ့ အမှုတော်ကို အသရေဖျက်ခဲ့ကြပြီး ကားတိုင်ပေါ်မှာ သခင်ယေရှုကို ကားစင်တင်ခဲ့ကြတယ်။ အခု လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်က သမိုင်းက သူ့ဘာသာ ထပ်ဖြစ်နေတယ်။ ဘာသာရေး ခေါင်းဆောင်တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံနေကြတဲ့လူဦးရေ ကြီးထွားနေတဲ့အဖြစ်ကို မြင်ပြီး သူတို့ ချက်ချင်း မနာလိုဖြစ်လာကြသလို ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်ခြင်းနဲ့ ရှုတ်ချရာမှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနဲ့ ပူးပေါင်းကြတယ်လေ။ ဒါက ဘာသာရေး ခေါင်းဆောင်အများစုက သမ္မာတရားကို မချစ်ဘဲ အဆင့်အတန်းကိုပဲ ချစ်တဲ့ အန္တိခရစ်တွေဖြစ်တယ်ဆိုတာကို လုံးဝ ပြသလိုက်တာပါ။ ‘ရှေးခေတ်ကာလကတည်းက၊ မှန်ကန်တဲ့ လမ်းခရီးဟာ အမြဲဖိနှိပ်ခံခဲ့ရတယ်။’ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ဟာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ နဲ့ ဘာသာရေး အဖွဲ့အစည်းတို့ရဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေအားဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခံရပြီး ရှုတ်ချခံရတာဟာ အံ့အားသင့်စရာ မဟုတ်ပါဘူး။” ဟုတ်ပါသည်၊ ဖာရိရှဲများ၊ ယဇ်ပရောဟိတ် အကြီးအကဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ် အားလုံးတို့မှာ ဘာသာရေး အဖွဲ့အစည်းထဲက သြဇာအာဏာရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း၊ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်သူများ မဟုတ်ကြသလို၊ သမ္မာတရားကို မချစ်ခဲ့ကြပါ။သခင်ယေရှု၏ အမှုတော်က သြဇာအာဏာနှင့် တန်ခိုးတို့ ရှိသည်ကို သူတို့ သိခဲ့ကြသော်လည်း ဘာဆိုဘာမှ သူတို့ မရှာဖွေ၊ မလေ့လာမဆန်းစစ်ခဲ့ကြပါ။ ယင်းထက်၊ သူတို့၏ အဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းများကို ထိန်းသိမ်းဖို့အလို့ငှာ၊ သခင့်ကို သူတို့ ရှုတ်ချပြီး ပြစ်မှားစော်ကား ခဲ့ကြသည်။ သူတို့၏ သဘာဝမှာ အမှန်ပင် ဘုရားသခင်ကို အာခံဖို့နှင့် ဘုရားသခင်၏ ရန်သူများ ဖြစ်ဖို့ ဖြစ်လေသည်။ ယခုခေတ်တွင်၊ သခင့်၏ ဒုတိယအကြိမ် ကြွလာခြင်းနှင့် စပ်လျဉ်း၍ ဘာသာရေး အဖွဲ့အစည်း၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ ပြုမူပုံမှာ ဖာရိရှဲတို့ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထေရာတည်း ဖြစ်လေသည်။ အမှန်တော့ သူတို့သည် ဘုရားသခင်ကို မုန်းတီးသော၊ သမ္မာတရားကို မုန်းတီးသော အန္တိခရစ်များ ဖြစ်ကြလေသည်။ ကျမ်းစာထဲတွင် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ပရောဖက်ပြုသည့်အခါ၊ ယင်းက၊ “ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၅) ဟု ဆိုလေသည်။ ယခုတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် ကြွလာပြီးဖြစ်သည်၊ သို့တိုင် သူသည် ဘာသာရေး အဖွဲ့အစည်းနှင့် ဘုရားမဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရအားဖြင့် ဆန့်ကျင်ရှုတ်ချခံရလေသည်။ ဤအရာက သခင့်၏ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည် မဟုတ်ပါလား။ ထိုအခိုက်အတန့်တွင်၊ ကျွန်မ၏ စိတ်နှလုံးက အလင်းပြခြင်းခံခဲ့ရသည်။ အစ်မဝူက သူ၏ မိတ်သဟာယကို ဆက်ခဲ့သည်- “အင်တာနက်ပေါ်က တရုတ်ကွန်မြူနစ်ပါတီအစိုးရနဲ့ ဘာသာရေး အဖွဲ့အစည်းတွေအားဖြင့် ဖြန့်ဖြူးတဲ့ အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်မှုဟာ အခြေခံအားဖြင့် ဘုရားသခင်ရဲ့ အမှုတော်ကို ဖျက်ဆီးဖို့နဲ့ နှောင့်ယှက်ဖို့ ရည်ရွယ်တာပါ။ စာတန်က လူတွေကို လှည့်ဖြားဖို့နဲ့ စိတ်ရှုတ်ထွေးစေဖို့၊ ပြီးတော့ လူတွေ ဘုရားသခင်ကို သံသယထားဖို့၊ ငြင်းပယ်ဖို့နဲ့ သစ္စာဖောက်စေဖို့ အလိမ်အညာတွေကို အမြဲအသုံးပြုခဲ့တယ်။ နောက်ဆုံးမှာ၊ သူတို့ဟာ ဘုရားသခင်ရဲ့ အပြစ်ပေးတာခံရပြီး ငရဲအပို့ခံရမှာဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ထာဝရ ကယ်တင်ခံရဖို့ အခွင့်အရေးကို သူတို့ ဆုံးရှုံးသွားလိမ့်မယ်။ သူတို့ရဲ့ ကောလာဟလတွေကို အစ်မတို့ သိမြင်နိုင်ရမှာဖြစ်ပြီး ကောလာဟလတွေကို ဖြန့်ရာမှာ သူတို့ရဲ့ အန္တရာယ်ပေးတတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်ကို နားလည်နိုင်ရမယ်။ ဒါမှမဟုတ်ရင်၊ အစ်မတို့ လှည့်စားခံလာရမှာဖြစ်ပြီး ဘုရားသခင်ရဲ့ ကယ်တင်တာခံရမယ့် အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မယ်။”လက်ခံသဘောတူခြင်းဖြင့် ကျွန်မ ခေါင်းညိတ်လိုက်ပြီး၊ အစ်မ၏ မိတ်သဟာယနှင့် အကူအညီက အချိန်မီရုံကလေး ရောက်လာခဲ့သည်ကို ကျွန်မ ခံစားခဲ့ရသည်။ ဆက်လက်နားထောင်ရန် ကျွန်မ မစောင့်နိုင်အောင် ဖြစ်ခဲ့ရသည်.....။

အစ်မ ဝူက ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ထုတ်ယူကာ ကျွန်မကို ပြောလိုက်သည်- “ညီမ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းတစ်ပိုဒ်ကို ဖတ်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောပါတယ်- ‘ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။’” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈))

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်၊ အစ်မ ဝူက မိတ်သဟာယတွင် ပြောခဲ့သည်- “ဘုရားသခင်ရဲ့ အမှုတော် အဆင့်တိုင်းမှာ ဘုရားသခင်ရဲ့ အလိုတော်၊ ဉာဏ်ပညာနဲ့ အံ့ဖွယ်ဖြစ်ခြင်းတွေ ဖွဲ့စည်းပါဝင်တယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ အစ်မတို့ မြင်ရတယ်။ အစကနေ အဆုံးထိ၊ ဘုရားသခင်ရဲ့ အမှုတော်က စာတန်ရဲ့ လိမ်လည်လှည့်စားမှုကို မရှောင်ဘဲ ဘုရားသခင်ရဲ့ အမှုတော် အကျိုးကျေးဇူးအတွက်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတွေကို စုံလင်စေဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြည့်စုံစေဖို့ စာတန်ရဲ့ လိမ်လည်လှည့်စားမှုကို အသုံးပြုပါတယ်။ အပေါ်ယံမှာတော့၊ စာတန်ဟာ ဘုရားသခင်ကို အာခံရာမှာ မာနထောင်လွှားမှုနဲ့ ပြည့်လျှံနေပုံပေါ်ပေမယ့် ဘုရားသခင်ရဲ့ ဉာဏ်ပညာက စာတန်ရဲ့ လိမ်လည်လှည့်စားမှုအပေါ် အခြေခံပြီး ကျင့်သုံးတာဖြစ်တယ်။ အစအဦးမှာ၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပေမယ့် ဘုရားသခင်က စာတန်ကို တိုက်ရိုက် မဖျက်ဆီးခဲ့ဘူး။ အဲဒီအစား၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က သူ့ရဲ့ အမှုတော်အဆင့်သုံးဆင့်ကို အသုံးပြုပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်နေစဉ်မှာ ဘုရားသခင်က စာတန်ကို အတားအဆီးတွေနဲ့ နှောင့်ယှက်မှုတွေကို ဖန်တီးခွင့်ပေးတယ်၊ လူသားမျိုးနွယ်က စာတန်ရဲ့ အကျည်းတန်တဲ့ မျက်နှာနဲ့ ဆိုးယုတ်တဲ့ အနှစ်သာရတို့ကို အမှန်တကယ် မြင်ဖို့ ဘုရားသခင်ကို သဲသဲမဲမဲ ဆန့်ကျင်ပြီး ဘုရားသခင်ရဲ့ ရန်သူဖြစ်တဲ့၊ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး စိတ်ရှုပ်ထွေးစေတဲ့ စာတန်ရဲ့ စစ်မှန်တဲ့ နတ်ဆိုးမျက်နှာကို ပြသဖို့ဖြစ်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဖန်တီးစေခဲ့တယ်။ အဲဒီလို လုပ်ရာမှာ၊ လူတွေအနေနဲ့ ဦးစွာ စာတန်ကို ငြင်းပယ်၊ စွန့်ပစ်ပြီး ဘုရားသခင်ဆီ ပြန်လာနိုင်သလို၊ စာတန်ဟာ လုံးဝ အရှက်ရပြီး ရှုံးနှိမ့်သွားမှာ ဖြစ်တယ်။ ဒါက စာတန်ကို ဆန့်ကျင်တဲ့ တန်ခိုးအကြီးဆုံး သက်သေခံချက်ဖြစ်ပြီး အဲဒါက ဘုရားသခင်ရဲ့ ဉာဏ်ပညာ နဲ့ အနန္တတန်ခိုးရှိခြင်းကို ထုတ်ဖော်ပြပါတယ်။ ယောဘက မကောင်းမှုကို ရှောင်ကြဉ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့လူတစ်ဦး ဖြစ်ခဲ့ပေမယ့်၊ ဘုရားသခင်က ယောဘအပေါ် ဆင်းရဲဒုက္ခဖြစ်စေဖို့ စာတန်ကို အခွင့်ပေးပြီး နောက်ဆုံးမှာ သူက စာတန်ကို အရှက်ရစေဖို့နဲ့ ယောဘက လုံးဝ မှန်ကန်တယ်ဆိုတဲ့ ဘုရားသခင်ရဲ့ ချင့်တွက်မှုကို သက်သေပြဖို့ ယောဘရဲ့ စမ်းသပ်မှုတွေထဲက သက်သေခံချက်ကို သူ အသုံးပြုခဲ့တဲ့အတိုင်းပါပဲ။ ဒါက ဘုရားသခင်ရဲ့ ဉာဏ်ပညာဖြစ်တယ်။ ဒါ့အပြင်၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင် လုပ်ဆောင်တဲ့အရာက လူတွေကို ကယ်တင်ခြင်းနဲ့ စုံလင်စေခြင်း အမှုတော် ဖြစ်တယ်။ အဲဒါက လူတွေကို သူတို့ အမျိုးအစားအလိုက် ခွဲခြားထားခြင်း နဲ့ ခေတ်ကို အဆုံးသတ်ခြင်း အမှုတော်လည်း ဖြစ်ပါတယ်။ ဘုရားသခင်က စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို လူတွေ တွေ့ကြုံခံစားရအောင် လုပ်ဖို့ တရုတ်ကွန်မြူနစ် ပါတီအစိုးရနဲ့ ဘာသာရေး အဖွဲ့အစည်းရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို အသုံးပြုတယ်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတွေက သမ္မာတရားကို နားလည်နိုင်ပြီး ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခြင်းအားဖြင့် သိမြင်မှုတိုးတက်စေနိုင်ကြတယ်၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှိခြင်းနဲ့ ဉာဏ်ပညာကို သူတို့ သိနိုင်ပြီး၊ စာတန်ရဲ့ ဆိုးယုတ်မှုကို သေချာမြင်နိုင်သလို နောက်ဆုံးမှာ စာတန်ကို လုံးဝ ငြင်းပယ်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ကြတယ်။ ဒါပေမယ့် ကြောက်တတ်သူတွေ၊ စစ်မှန်တဲ့ ယုံကြည်မှု မရှိတဲ့သူတွေ၊ သမ္မာတရားကို ငြီးငွေ့သူတွေနဲ့ သမ္မာတရားကို မုန်းတီးတဲ့ ဆိုးယုတ်တဲ့သူတွေအားလုံးက စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေကနေတဆင့် ဖော်ထုတ်ခံရပြီး သုတ်သင်ဖယ်ရှားခံရဖို့ ပစ်မှတ်တွေ ဖြစ်လာကြတယ်။ ဒီလိုနဲ့ အားလုံးက သူတို့ အမျိုးအစားအလိုက် ခွဲခြားခံရသလိုပဲ ဆိတ်တွေက သိုးတွေဆီကနေ၊ တောရိုင်းပင်တွေက ပေါင်းပင်ကနေ၊ ဆိုးယုတ်တဲ့ အစေခံတွေက ကောင်းမြတ်တဲ့ အစေခံတွေကနေ၊ ပြီးတော့ မိုက်မဲတဲ့ အပျိုကညာတွေက ပညာသတိရှိတဲ့ အပျိုကညာတွေကနေ ခွဲခြားခံရကြတယ်။ ဒါက ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးရှိခြင်း ဖြစ်တယ်။” အစ်မဝူ၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင်၊ သခင်ယေရှုက ဂျုးလူမျိုး ဖာရိရှဲများနှင့် ရောမအစိုးရတို့အားဖြင့် ကားစင်တင်ခံခဲ့ရသည့်အချိန် လွန်ခဲ့သည့် အနှစ် နှစ်ထောင်ကို ကျွန်မ ပြန်မစဉ်းစားဘဲ မနေနိုင်ခဲ့ပါ။ လူ့အမြင်ရှုထောင့်မှ၊ သခင်ယေရှု၏ အမှုတော် ကျရှုံးခဲ့သော်လည်း၊ သခင်ယေရှုက၊ “အမှုပြီးပြီ” ဟု ဆိုခဲ့သည်။ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှုတော်ကို ဘုရားသခင် ပြီးစီးခဲ့သည်မှာ အတိအကျ စာတန်၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ကားစင်တင်ခြင်းတို့မှ တဆင့် ဖြစ်ခဲ့လေသည်။ ယနေ့ နောက်ဆုံးသော ကာလတွင်၊ တရုတ်ကွန်မြူနစ်ပါတီ နှင့် ဘာသာရေး အဖွဲ့အစည်း၏ ရှုတ်ချခြင်းနှင့် အသရေဖျက်ခြင်းတို့သည် ဘုရားသခင်က သူ့ကို အမှန်တကယ် ယုံကြည်သူတို့အား စုံလင်စေခြင်းတွင် အတိအကျ အစေခံမှု ပေးနေပြီး ယင်းတို့သည်သူတို့ကို ပြစ်ဒဏ်ချမှတ်ဖို့ ဘုရားသခင်၏ သက်သေအထောက်အထားလည်း ဖြစ်လာပြီဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောပါသည်- “ငါသည် ငါ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များပေါ် အခြေခံ၍ ကျင့်သုံးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)) ကျမ်းစာထဲတွင် မှတ်သားထားပါသည်- “ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။” (ရောမဩဝါဒစာ ၁၁:၃၃) ဤအရာကို စဉ်းစားရင်းဖြင့်၊ ဘုရားသခင်၏ အမှုတော်က အလွန် အမြော်အမြင်ရှိပြီး အလွန် အံ့သြဖွယ်ဖြစ်သည်ကို ကျွန်မ မြင်ရပြီး ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းမိပါသည်။

အစ်မဝူ၏ မိတ်သဟာယမှတဆင့်၊ ဘုရားသခင်၏ အမှုတော်ကို အနည်းငယ် သိနားလည်မှုတစ်ခု ကျွန်မ ရှိလာခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေး အဖွဲ့အစည်းတို့၏ ဘုရားသခငအပေါ် အာခံခြင်း အနှစ်သာရကိုလည်း အတော်အတန် ခွဲခြားနိုင်ခဲ့သည်၊ သို့သော် ကျွန်မတို့ လူကို ယုံကြည်နေသည့်အကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရသည့် လူကို ယုံကြည်နေသည့်အကြောင်း အင်တာနက်ပေါ်တွင် ပြောဆိုထားသည့်အရာကို ကျွန်မ နားလည်သေးပါ။ အစ်မဝူကို ကျွန်မက မေးလိုက်သည်- “အင်တာနက်ပေါ်မှာ လူကို ကျွန်မတို့ ယုံကြည်တယ်လို့ ပြောတယ်။ အဲဒါ အမှန်ပဲလား။” အစ်မဝူက ဤမေးခွန်းနှင့် စပ်လျဉ်း၍ မိတ်သဟာယပြုရာတွင် ပြောခဲ့သည်- “ညီမရဲ့ ပြဿနာက ဘုရားသခင်ရဲ့ အမှုတော်နဲ့ လူ့ရဲ့ အလုပ်ကြားက ခြားနားချက်နဲ့ ဆက်နွယ်တဲ့ သမ္မာတရားအကြောင်း ညီမ မရှင်းမလင်းဖြစ်နေတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို အရင်ဆုံး ဖတ်လိုက်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတယ်- ‘ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်) ဘုရားသခင်ရဲ့ အမှုတော်က အသစ်သော ခေတ်တစ်ခုကို ဖွင့်ပေးတဲ့ အမှုတော်ဖြစ်တယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ကို နားလည်ခွင့်ပေးတယ်။ အဲဒါက လူသားမျိုးနွယ်အားလုံးကို ကယ်တင်တဲ့ အမှုတော် ဖြစ်ပါတယ်။ လူက ဘယ်ခေတ်ကိုမှ မဖွင့်နိုင်သလို၊ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ အမှုတော်ကိုလည်း မဆောင်ရွက်နိုင်ပါဘူး။ လူ့ရဲ့ အလုပ်က ဘုရားသခင်ရဲ့ အမှုတော်အပေါ် အခြေခံပြီး လူ့တာဝန်ကို ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်။ အဲဒါက ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ လူတွေကို ရေလောင်းပေးတာ၊ ထောက်ပံ့ပေးတာနဲ့ လမ်းပြပေးတဲ့ အလုပ်တစ်ချို့ကို လုပ်ဆောင်ခြင်း ဖြစ်ပြီး၊ ဘုရားသခင်နဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်၊ ဒါပေမယ့် လူ့အလုပ်က ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ အမှုတော်ကို လုံးဝ အစားမထိုးနိုင်သလို၊ ဘုရားသခင်ရဲ့ အမှုတော်နဲ့ အတန်းအစားတူ သတ်မှတ်လို့ မရပါဘူး။ ဥပမာအနေနဲ့၊ သခင်ယေရှုက လူသားမျိုးနွယ်ကို ခေတ်သစ်ထဲ ဦးဆောင်ရင်း ကျေးဇူးတေ်ခေတ်ကို စတင်ခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့တဲ့အချိန်ဖြစ်တဲ့ ကျေးဇူးတော်ခေတ်ကို ကြည့်လိုက်။ သခင်ယေရှုက သူ့အမှုတော်ကို ပြီးစီးပြီးတဲ့နောက်မှာ၊ တမန်တော် ပေတရုနဲ့ တခြားလူတွေက အသင်းတော်ကို ဦးဆောင်ရင်း၊ထိန်းကျောင်းရင်း၊ သခင့် လမ်းခရီးကို လိုက်လျှောက်ဖို့ ညီအစ်ကို မောင်နှမတွေကို ဦးဆောင်ရင်း၊ သခင်ယေရှုရဲ့ အမှုတော်ကို ဆက်လက်စတင်ခဲ့ကြတယ်။ ဒါက လုံးဝ သခင်ယေရှုရဲ့ အမှုတော်နဲ့ ပူပေါင်းလုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက၊ အသင်းတော်ရဲ့ လူတွေက ပေတရုရဲ့ ထိန်းကျောင်းပေးခြင်းနဲ့ ဦးဆောင်ခြင်းကို လက်ခံခဲ့ကြပေမယ့် ဘယ်သူကမှ ပေတရု ဒါမှမဟုတ် တခြား တမန်တော်အချို့ကို သူတို့ ယုံကြည်နေခဲ့ကြတယ်လို့ မပြောခဲ့ပါဘူး။ ဒါက အမှန်တရားတစ်ခု ဖြစ်တယ်။ အလားတူပဲ၊ နောက်ဆုံးသော ကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကြွလာပြီဖြစ်ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီဖြစ်သလို နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းအမှုကို သူ ဆောင်ရွက်ပြီး လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြပါတယ်။ ဒီသမ္မာတရားတွေကို အစ်မတို့အနေနဲ့ နားလည်နိုင်တယ်၊ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဝင်ရောက်နိုင်တယ်ဆိုရင်၊ အစ်မတို့က စစ်မှန်တဲ့ ကယ်တင်ခြင်းကို ရရှိပြီး စုံလင်ခံရမယ့် သူတွေ ဖြစ်ကြတယ်။ ဒါပေမယ့်၊ အစ်မတို့ရဲ့ ညံ့ဖျင်းရဲ့ အရည်အချင်းကြောင့်၊ ဘုရားနှုတ်ကပတ်တော်တွေကို အစ်မတို့ဘာသာ ဖတ်ပြီး တွေ့ကြုံရာကနေတဆင့်၊ စစ်မှန်တဲ့ ကယ်တင်ခြင်းကိုရရှိတာက အရမ်းခက်ခဲသလို နှေးကွေးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်။ ဒါကြောင့်၊ အစ်မတို့ကို ဦးဆောင်ဖို့ ဘုရားသခင်က သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုတဲ့ လူကို ပါဝင်စေခဲ့တာဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရတဲ့ လူက ဘုရားသခင်အားဖြင့် ကြိုတင် ပြင်ဆင်ခံရပြီး စုံလင်ခံရပြီးဖြစ်ပါတယ်။ သူ့မှာ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံခြင်းကနေတဆင့် ကယ်တင်ခြင်းနဲ့ စုံလင်ခြင်းကို ရရှိတဲ့ အတွေ့အကြုံ ရှိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သိရှိဖို့နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲ ဝင်ရောက်ဖို့ ကျွန်မတို့ကို လမ်းပြဖို့အတွက် သူက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ဆိုင်တဲ့ သူ့ရဲ့ အတွေ့အကြုံကို အသုံးပြုတယ်။ ဒါက အစ်မတို့ကို လမ်းကြောင်းကနေ သွေဖည်ဖို့ နည်းစေတယ်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရတဲ့ လူရဲ့ ဦးဆောင်မှုနဲ့ ရေလောင်းမှုတွေကို ကျွန်မတို့ လက်ခံပြီး နာခံသရွေ့၊ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို ကျွန်မတို့ လျှောက်နိုင်မှာဖြစ်ပြီး စစ်မှန်တဲ့ ကယ်တင်ခြင်းကို ရရှိနိုင်မှာဖြစ်တယ်။ ဒါက အစ်မတို့အပေါ် ဘုရားသခင်ရဲ့ လုံးလုံးလျားလျား ကြင်နာမှုနဲ့ ကောင်းချီးမင်္ဂလာ ဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရတဲ့ လူ လုပ်ဆောင်တဲ့ အလုပ်က ဘုရားသခင်ကို ချီးမြှောက်ခြင်းနဲ့ သက်သေခံခြင်းဖြစ်ပြီး ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ဖို့ အစ်မတို့ကို လမ်းပြခြင်းဖြစ်တယ်။ သူ့ကို ဘုရားလို သူက လုံးဝ သဘောမထားခိုင်းခဲ့သလို၊ သူ့ကို ယုံကြည်ဖို့ကိုလည်း မတောင်းဆိုခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘုရားသခင် ရွေးချယ်ထားသူအားလုံးက ရှင်းကြပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရတဲ့လူက အစ်မတို့ရဲ့ ညီအစ်ကိုနဲ့ ခေါင်းဆောင်သာ ဖြစ်ပြီး၊ အစ်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ကို ယုံကြည်ကြတာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုတဲ့ လူကို မဟုတ်ပါဘူး။ အစ်မတို့က သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုတဲ့ လူကို ယုံကြည်တယ်လို့ အင်တာနက်ပေါ်မှာ ကောလာဟလဖြစ်တယ်။ ဒါက အချက်အလက်တွေကို လိုရာဆွဲ မမှန်မကန်ပြောတာ သက်သက်ဖြစ်ပြီး အမှား အမှန်ကို ရှုတ်ထွေးစေတာ ဖြစ်ပါတယ်။ ဒါက စာတန်ရဲ့ အတွေးမှားဖြစ်ပြီး လူတွေကို လှည့်စားဖို့ အလိမ်အညာတစ်ခု ဖြစ်တယ်။ ညီမ ကိုယ့်ဖာသာ ကြည့်ကြည့်ဖို့၊ ညီအစ်ကို မောင်နှမတွေကြားကို သွားပြီး သူတို့ပြောတာ နားထောင်ပြီး အမှန်တကယ်နားလည်ဖို့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကိုသာ သွားလိုက်ပါ။ အဲဒီနောက် အစ်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမည်နာမနဲ့ အစ်မတို့ ဆုတောင်းကြပြီး၊ နောက်ဆုံးသော ကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ လူ့ဇာတိခံ ဘုရားသခင် ကိုယ်တိုင်ကို အစ်မတို့ ယုံကြည်တာဖြစ်တယ်ဆိုတာကို ညီမလေး မြင်လိမ့်မယ်။ ခရစ်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ်မှာ အခွင့်အာဏာ လုံးဝ ကိုင်စွဲထားပါတယ်။ အာဏာကိုင်စွဲထားတာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖြစ်တယ်။ ဒီတော့ အစ်မကို ပြောပါဦး၊ အစ်မတို့က လူကို ယုံကြည်တာလား၊ ဘုရားသခင်ကို ယုံကြည်ကြတာလား။ ဒါက သိသာမနေဘူးလား။” အစ်မ၏ မိတ်သဟာယကို နားထောင်ပြီးသည့်နောက်၊ ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်အကြောင်း အနည်းငယ် ကျွန်မ သိလာခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရသည့်လူကို ဘုရားသခင်က ပါဝင်စေရာတွင ဘုရားသခင်၏ ရည်ရွယ်ချက်အကြောင်းကိုလည်း အနည်းငယ် နားလည်လာခဲ့သည်။ ကျွန်မတို့က လူကို မဟုတ်ဘဲ၊ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြသည်ကိုလည်း ကျွန်မ သိခဲ့သည်။ ကျွန်မ ဤသို့ မိမိဘာသာ မတွေးဘဲ မနေနိုင်ခဲ့ပါ- ကျွန်မတို့ ရရှိပြီးသည့်အရာမှာ ဘုရားသခင်၏ အမှုတော်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်အထောက်အပံ့ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်ကြသည်။ လူတစ်ဦးနောက် ကျွန်မတို့လိုက်ပြီး မယုံကြည်ကြပါ။ အွန်လိုင်းပေါ်က ထိုကောလာဟလများက လူတွေကို လှည့်စားဖို့ ရည်ရွယ်သည့် စာတန်၏ အလိမ်အညာများ၊ မုသားများ ဖြစ်ပုံရလေသည်။ အစအဦးတွင်၊ ကျွန်မတို့၏ ပထမဆုံး ဘိုးဘေးများဖြစ်ကြသည့် အာဒံနှင့် ဧဝတို့သည် စာတန်၏ လှည့်ကွက်များဖြင့် လှည့်စားခံခဲ့ကြရသည်။ သူတို့က စာတန်၏ အလိမ်အညာများကို နားထောင်မိခဲ့ကြသောကြောင့်၊ အပြစ်ကျူးလွန်မိခဲ့ကြပြီး ဧဒင်ဥယျာဉ်ထဲမှ နှင်ထုတ်ခံခဲ့ကြရသည်။ သခင်ယေရှုကို ကားစင်တင်ရာတွင် ဖာရိရှဲတို့ကို ပူးပေါင်းခဲ့ကြသည့် ဂျူးလူမျိုးများသည်လည်း ကောလာဟလများကို နားထောင်ခဲ့ကြပြီး စာတန်၏ လိမ်လည်လှည့်စားမှုဖြင့် လှည့်စားခံခဲ့ကြရကာ ဘုရားသခင်ကို ဆန့်ကျင်သည့် ထာဝရအပြစ်သားများ ဖြစ်လာခဲ့ကြသည်။ ယခင်က ကျရှုံးမှုများနှင့်ဆိုင်သော သင်ခန်းစာများမှ ကျွန်မ သင်ယူရမည်။ စာတန်အားဖြင့် ကျွန်မ နောက်ထပ် အလှည့်စားမခံသင့်ပါ။

အစ်မဝူ ပြန်သည့်အချိန်တွင်၊ ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခိုင်းခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသော လူ၏ မိတ်သဟာယစာကိုလည်း ကျွန်မအတွက် ဖတ်ဖို့ ချန်ထားခဲ့သည်။ တစ်နေ့တွင် မိတ်သဟာယစာတစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့သည်- “ဤအရေးကြီးသည့် အခိုက်အတန့်တွင်၊ လူတို့သည် မိမိတို့ လက်တွေ့လုပ်ဆောင်ရာတွင် အောက်ပါတို့ကို ထိပ်တန်းဦးစားပေးမှုများအဖြစ် ထားသင့်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သူတို့ကို ဘုရားသခင် အပ်နှံသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်း၊ သူတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းတို့ဖြစ်သည်- ဤနည်းလမ်းများကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ ဘုရားသခင်ကို လူတို့ သစ္စာရှိနိုင်သည်။ အတိတ်ကာလတုန်းက သန့်ရှင်းသူများက၊ ‘ကျွန်ုပ်တို့ မည်သည့်အရာ ရသည်၊ သို့မဟုတ် ဆုံးရှုံးရသည်က အရေးမကြီးပါ။ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို့ အလေးထားသင့်သည်’ ဟု မကြာခဏ ပြောခဲ့ကြသည်။ ဤသည်မှာ လူအားလုံး၏ ဆောင်ပုဒ်ဖြစ်သင့်ပေသည်။ တိကျသော လက်တွေ့လုပ်ဆောင်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်- အကယ်၍ တစ်ဦးတစ်ယောက်သည် စာတန်၏ အနှောင့်အယှက်ပေးခြင်း ခံရလျှင်၊ ဦးစားပေး အလုပ်မှာ ဘုရားသခင်၏ သက်သေခံချက်နှင့် အမှုတော်ကို ထိန်းသိမ်းရန်နှင့် စာတန်ကို နှိမ်နင်းဖို့ သမ္မာတရားကို အသုံးပြုရန် ဖြစ်သည်။ တစ်ဦးတစ်ယောက်က အပြစ် သို့မဟုတ် စုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရလျှင်၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းက ပထမဦးစားပေးဖြစ်ပြီး အပြစ်ပြုရမည်မဟုတ်သလို ဘုရားသခင်ကို အရှက်ရစေရမည်မဟုတ်ပါ။ ်မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်းအား လူများ၊ ကိစ္စရပ်များ သို့မဟုတ် အမှုအရာတို့က ဝန်ထုပ်ဝန်ပိုးဖြစ်စေလျှင်၊ ဘုရားသခင် အပ်နှံသည့်အရာက ပထမဦးစားပေးဖြစ်ပြီး အချုပ်အနှောင်အားလုံးကို ချိုးဖြတ်လွတ်မြောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာရှိရမည်။ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ပါဝင်သည့် ကိစ္စရပ်များ ပေါ်ပေါက်လျှင်၊ ပေါ်ပေါက်သည့်အခါတွင် ဘုရားသခင်၏ မိသားစု အကျိုးအမြတ်က ပထမဦးစားပေးဖြစ်သည်။ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များကို စွန့်လွတ်ခြင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးသားကို ထောက်ထားခြင်းက ပဓာနဖြစ်သည်။ လောကီရေးရာ အရေးကိစ္စများက ်မိမိကို ရစ်ပတ်ပြီး ဘောင်ခတ်လျှင်၊ တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းက ပထမဦးစားပေးဖြစ်ရမည်ဖြစ်ပြီး အခြားအရာအားလုံးကို ဘေးဖယ်ကာ မိမိကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးတော်ခံရမည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေဖို့အလို့ငှာ တကယ့် အသက်တာတွင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့် ဘုရားသခင်ကို သစ္စာရှိဖို့ရန် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူ၏ မိတ်သဟာယမှ အလွန် ရှင်းလင်းစွာ ကျွန်မ သိလာခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူက ကျွန်မတို့ကို ဘုရားသခင်ကို နာခံဖို့၊ သမ္မာတရားထဲ ဝင်ရောက်ဖို့နှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ အမှန်တကယ် လမ်းပြနေခဲ့သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဘုရားသခင်က ကျွန်မတို့အတွက် စီစဉ်သည့် “ဘာသာပြန်သူ” မှာ အမှန်တကယ် တော်သည်ဟု ကျွန်မ အသိအမှတ်ပြုလာခဲ့သည်။ သမ္မာတရားများကို ပိုမို မြန်မြန်ဆန်ဆန် နားလည်ဖို့နှင့် ဘုရားသခင်ကို သိလာဖို့ ကျွန်မတို့ကို လမ်းပြရန် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် သူတစ်စုံတစ်ယောက်ကို ဘုရားသခင်က ကျွန်မတို့အတွက် ကြိုတင်ပြင်ဆင်ထားသည်ဟု ကျွန်မ ပို၍ပင် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ဤသည်မှာ ကျွန်မတို့အတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သည်။ ဤအချိန်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ရှုတ်ချပြီး သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူကို တိုက်ခိုက်သည့် အွန်လိုင်းပေါ်က ပြန့်နှံ့နေသည့် ထိုကောလာဟလများကို လုံးဝ သေချာမြင်ပြီး ဖယ်ထားခဲ့လိုက်သည်။ ရင်တမမ ဖြစ်နေသည့် ခံစားချက်မှ၊ နောက်ဆုံးတွင် ကျွန်မ စိတ်အေးလက်အေး ဖြစ်သွားနိုင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် ခရစ်တော်ဖြစ်သည်ကို ကျွန်မ တကယ် ယုံကြည်လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခြင်းဖြင့်၊ သိုးသူငယ်၏ ခြေလှမ်းများကို ကျွန်မ အမှီလိုက်ပြီး၊ သိုးသငယ်၏ မင်္ဂလာဆောင်စားပွဲတော်ကို ကျွန်မ တက်ရောက်ကာ ဘုရားသခင်၏ပလ္လင်တော်ရှေ့မှောက်သို့ ကျွန်မ ချီမခံရလေသည်။

စာတန်၏ ဤနှောင့်ယှက်ဟန့်တားခြင်းကို ကြုံရပြီးနောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်နှင့်ပတ်သက်၍ ကျွန်မ ပို၍ပင် ယုံကြည်လက်ခံလာခဲ့သည်။ ယခုတွင် အနန္တတန်ခိုးရှင် ဘုရားသခင်နောက်သို့ ကျွန်မ ဆယ်စုနှစ်တစ်ခုကျော် လိုက်ပြီးဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခါစက ကျွန်မ ရှိခဲ့သည့် အယူအဆများအားလုံး၊ သမ္မာတရားအချို့ကို နားလည်ခြင်းနှင့် တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့် ဘာသာရေး အဖွဲ့အစည်းတို့၏ ကောလာဟလများကို ထွင်းဖောက်မြင်ခြင်း၊ ကျွန်မ၏ အယူအဆများကို စွန့်ပယ်ခြင်းနှင့် နောက်ထပ် အလှည့်စားမခံတော့ခြင်း၊ သမ္မာတရားကို လိုက်စားဖို့ ကြိုးပမ်းခြင်းနှင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် ကျွန်မ၏ တာဝန်ကို လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်နောက် ပြတ်သားစွာ လိုက်ခြင်းတို့ကို ကျွန်မ ပြန်တွေးမိသည်။ ဤအရာအားလုံးက ကျွန်မကို ဤဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို အမှန်တကယ် အသိအမှတ်ပြုစေပြီးဖြစ်သည်- “လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်) ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

အရှေ့သို့- ၂၀။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ မုသားများကို ကျွန်တော် ရိပ်စားမိပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို သူ့ထံသို့ ပြန်လည်တိုးဝင်ချဉ်းကပ်စေသည်

နောက်တစ်ခုသို့- ၂၂။ “ကျား၏ သားရဲတွင်း” မှ ထွက်ပြေးခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။