၂၀။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ မုသားများကို ကျွန်တော် ရိပ်စားမိပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို သူ့ထံသို့ ပြန်လည်တိုးဝင်ချဉ်းကပ်စေသည်

ခဲမူး၊ တောင်ကိုးရီးယားနိုင်ငံ

“မင်းကို နောက်တစ်ကြိမ်ထပ်ပြောမယ်- အဲဒီဘုရားကိစ္စတွေ ငါ့ကို ဆက်မပြောနဲ့၊ ပြီးတော့ မင်းက အဲဒီ ဘုရားသခင်ကို ယုံကြည်သူတွေနဲ့ နောက်ထပ် ဘာမှပတ်သက်ခွင့်မရှိတော့ဘူး။ မင်းသူတို့နဲ့ ထပ်ဆက်သွယ် တာကို ငါမြင်တာနဲ့၊ မင်းဖုန်းကို တစ်စစီဖြစ်အောင် ရိုက် ခွဲပစ်မယ်။”

“ဘာဖြစ်လို့လဲ။ ရှင်က ကျွန်မရဲ့ ယုံကြည်မှုကို ဘာဖြစ်လို့ ပိတ်ပင် တားဆီးနေတာလဲ” ဟု ကျွန်တော့် ဇနီးက သူမ၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှု အပြည့်ဖြင့် မေးသည်။

“ဘာဖြစ်လို့လဲဟုတ်လား။ အဲဒါ မင်းနဲ့ ငါတို့ မိသားစုအတွက် ကောင်းဖို့လေ။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပြင်းအထန် နှိမ်နှင်းနေပြီး၊ ဖိနှိပ်နေတာကို မင်းမသိဘူး လား။ ၂၀၁၄ ခုနှစ်မေ ၂၈ရက်နေ့က ကျောက်ယွမ် အမှုအကြောင်း မင်းမသိဘူး လား။ အဲဒီအမှုရဲ့ အဓိက ပြစ်မှုကျူးလွန်သူ ကျန်းလီဒေါင်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အသင်းသားဖြစ်တယ်လို့ အွန်လိုင်းမှာ ပြောထားတယ်။ မင်းက အဲဒီလူတွေနဲ့ အတူပေါင်းနေရင်၊ မင်းကိုယ်မင်း အရမ်းကို အန္တရာယ်ဖြစ်အောင်သာ လုပ်နေတာပဲ။”

သူက “ကျန်းလီဒေါင်နဲ့ အဲဒီ တခြားလူတွေက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ အတူတူ မဟုတ်ဘူး။ ရှင်က အွန်လိုင်းမှာ သူတို့ ပြောတဲ့ အရာတွေကိုပဲ ယုံလို့မရဘူး။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်ရှိတာ နှစ်လ သုံးလလောက် ရှိပြီ၊ ပြီးတော့ ကျွန်မမြင်ရတာက သူတို့အားလုံးက တခြားလူတွေအပေါ် ကြင်နာ၊ ရိုးသားတဲ့ တော်ဖြောင့်တဲ့ လူတွေပဲဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။ သူတို့က တစ်ယောက်မှာ ပြဿနာတစ်ခုရှိတဲ့အခါတိုင်း အချင်းချင်း ကူညီကြပြီး၊ အွန်လိုင်းပေါ်မှာ သူတို့ပြောသလို လုံးဝ မဟုတ်ဘူး” ဟု ပြတ်ပြတ်သားသား ပြန်ဖြေခဲ့သည်။

ကျွန်တော်က အလွန်စိတ်ဆိုးဒေါသထွက်ပြီး၊ မယုံကြည်လက် မခံဆဲသာ ဖြစ်သည်။ “အွန်လိုင်းသွားပြီး၊ ကိုယ့်ဘာသာ ကြည့်လိုက်၊ ဒါဆိုရင် ကျွန်မ မှန်လား မှားလားဆိုတာ ရှင်သိလာလိမ့်မယ်။”

ကျွန်တော့်ဇနီးက ကျွန်တော့်ကို ထိုင်ခုံတစ်ခုဆီသို့ ခေါ်သွားပြီး “ရှင်က အရေးကိစ္စတွေကို သေချာစဉ်းစားတတ်တဲ့လူမျိုးပါ။ ဒါကို အကျိုးသင့် အကြောင်းသင့် ကိုင်တွယ်ဖြေရှင်းပြီး၊ အချက်အလက်တွေအတိုင်း ပြောရမယ်- တစ်ဖက်စောင်းနင်း နားထောင်လို့မရဘူးလေ။ တရုတ်ပြည်က အဓိက မီဒီယာဌာနတိုင်းဟာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရအတွက် ပြောရေးဆိုခွင့်ရှိ သူတွေလေ၊ အစိုးရအတွက် သူတို့က လူတွေကို လှည့်စားဖို့ လက်နက် ကိရိယာတွေပဲ။ သူတို့ သတင်းတွေမှာ ဘယ်လို အများယုံကြည်လက်ခံ နိုင်စွမ်းမျိုး ရှိထားလို့လဲ။ ၁၉၈၉ ခုနှစ် ထျန်းအန်းမင် ရင်ပြင် အရေးအခင်းကို ရှင်မမှတ်မိဘူးလား။ ထျန်းအန်းမင် ရင်ပြင်မှာ ကျောင်းသားတွေက အကျင့် ပျက်လာဘ်စားခြင်းကို ဆန့်ကျင် ကန့်ကွက်နေကြပြီး၊ ဒီမိုကရက်တစ် လွတ်လပ်ခွင့်တွေအတွက် ထောက်ခံနေကြပေမဲ့လည်း၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အမည်မသိလူတစ်ချို့ကို ရှာပြီး၊ ကျောင်းသားအတွေအနေနဲ့ အယောင်ဆောင်ခိုင်းပြီး၊ ကျောင်းသားတွေရဲ့ စီတန်းမှုတွေမှာ ထိုးဖောက် ဝင်ရောက်ခိုင်းတယ်၊ အဲဒီနောက် စစ်တပ်ယာဉ်တွေကို စပြီး ရိုက်နှက်၊ ရိုက်ခွဲ၊ လုယက်၊ မီးရှို့ပြီး၊ မှောက်ခိုင်းခဲ့တယ်။ အဲဒီလူတွေက ပရမ်းပတာတွေ အများကြီး ဖန်တီးခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရက ကျောင်းသားတွေကို အဲဒီလူတွေရဲ့ ပြစ်မှုတွေနဲ့ မတရားအမှုဆင်ခဲ့တယ်။ အဲဒီနောက်မှာတော့ တရုတ်ကွန်မြူနစ်အစိုးရက ကျောင်းသားလှုပ်ရှားမှုကို တန်ပြန်တော်လှန်ရေး အဓိကရုဏ်းတစ်ခုအနေနဲ့ အသရေဖျက်ရင်း လေလှိုင်းတွေကို သူတို့ သတင်းတွေနဲ့ ဖုံးလွှမ်းစေဖို့ ရုပ်မြင်သံကြားနဲ့ ရေဒီယို တို့လိုမျိုး သတင်းဌာနတွေကို အသုံးပြုခဲ့တယ်၊ အဲဒီနောက်မှာ ကျောင်းသားတွေကို သွေးသံရဲရဲ နှိမ်နှင်းမှုတစ်ခု စတင်ခဲ့ရာမှာ အနည်းဆုံး ကျောင်းသား ထောင်နဲ့ချီပြီး သေနတ်နဲ့ပစ်သတ်ခံရ ဒါမှမဟုတ် တင့်ကားတွေနဲ့ ကြိတ်သတ်ခံရတဲ့ ရလဒ်ဖြစ်စေခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ သမိုင်းကြောင်းအကြောင်း သိတဲ့လူမှန်သမျှက၊ အဲဒီပါတီဟာ ဖြောင့်မတ်သူ တွေကို အမြဲတမ်း ဆန့်ကျင် ထိုးနှက်ခဲ့တယ်ဆိုတာနဲ့ ကွဲပြားတဲ့ နိုင်ငံရေး အမြင် ဒါမှမဟုတ် ထင်မြင်ယူဆချက်ရှိတဲ့ ဘယ်အုပ်စုမဆို ဒါမှမဟုတ် လူတစ်ဦးစီရဲ့ တည်ရှိမှုကိုမှ တကယ့်ကို သည်းမခံဘူး ဆိုတာကို သိကြတယ်။ အာဏာရှင်စနစ်ကို ရရှိဖို့၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဖိနှိပ်ဖို့ ဒါမှမဟုတ် လုံးလုံး တားမြစ်ပိတ်ပင်ဖို့ လုပ်တဲ့အထိတောင် အဲဒီအုပ်စုတွေ ဒါမှမဟုတ် လူတွေကို အမြဲတမ်း တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချတယ်။ တရုတ်ကွန်မြူနစ် ပါတီ အစိုးရက ဘာသာရေးယုံကြည်မှုတစ်ခု၊ ဒီမိုကရက်တစ် အခွင့်အရေးတွေ အတွက် လှုပ်ရှားမှုတစ်ခု ဒါမှမဟုတ် တိုင်းရင်းသားလူနည်းစု ဆန္ဒပြမှုတွေကို ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်တဲ့အခါတိုင်း၊ အဲဒီပါတီက ပထမဆုံး အမှုအတု တွေကို လုပ်ဇတ်ခင်းတာနဲ့ စပြီးတော့၊ ပြည်သူတွေကို သွေးထိုးလှုံ့ဆော်ဖို့ ကြီးမားတဲ့ လူထု ဆူပူအော်ဟစ် ကန့်ကွက်ခြင်း တစ်ခုကို ဖန်တီးတယ်၊ အဲဒီနောက်မှာ သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်တယ်။ ဒါက အမှန်တရားပဲ။ မေလ ၂၈ ရက်နေ့ ကျောက်ယွမ်အမှုဆိုတာ တရုတ်ကွန်မြူနစ် ပါတီ အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမှုဆင်တာပဲ- အဲဒီပါတီက နောက်ထပ် အမှုအတုတစ်ခုကို သေသေချာချာ လုပ်ဇတ်ခင်းခဲ့ တာလေ” ဟု ပြောခဲ့သည်။

သူမ ပြောသည့်အရာကို ကျွန်တော် လုံးဝ ပြန်လှန်မချေပနိုင်ခဲ့ဘဲ၊ “သူက ထျန်းအန်းမင် ရင်ပြင် အရေးအခင်းက ဒုက္ခသည်တွေရဲ့ မိသားစုဝင်တစ်ချို့ကို သိထားပြီး၊ အတွင်းကျကျ ဇတ်လမ်းကို သိထားတာကိုး။ သူပြောသမျှ အားလုံးက မှန်ပါတယ်။ ဒါပေမဲ့လည်း၊ ကျောက်ယွမ်ဖြစ်ရပ်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ ဘာမှမပတ်သက်ဘူးဆိုရင်တောင်၊ သူတို့ အသင်းသားတွေနဲ့ ငါ တစ်ခါမှ မဆက်သွယ်ဖူးဘူး၊ ပြီးတော့ အဲဒါက ဘာအသင်းတော် အမျိုးလဲ ဆိုတာကို ငါမသိဘူး။ ငါတို့ဟာ အခု အရမ်း ပြဿနာကြီးတဲ့ ကမ္ဘာတစ်ခုမှာ အသက်ရှင်နေကြတယ်- သူက နှစ်ပေါက် တစ်ပေါက် အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ” ဟု မိမိဘာသာတွေးမိသည်။ ထို့ကြောင့် သူမက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ တစ်ယောက်နှင့်မျှ အဆက်အသွယ် လုပ်ခွင့်မရှိသည်ကို ကျွန်တော် သူမကို ထပ်ပြောခဲ့သည်။ သူမကို ထိုနေရာတွင် မျက်ရည်များဖြင့် ထားခဲ့လျက် ကျွန်တော် ထွက်လာရင်း၊ တံခါးကို ဆောင့်ပိတ်လိုက်သည်။

လရောင် နှင့် ကြယ်များမရှိသည့် အထူးသဖြင့် မှောင်မိုက်သည့် ညတစ်ညဖြစ်သည်။ လမ်းတစ်လျှောက် ကျွန်တော် လျှောက်ရင်း တကယ့်ကို စိတ်မသက်မသာခံစားနေရသည်။ ကျွန်တော်တို့၏ ဆယ်နှစ်ကြာ အိမ်ထောင်ရေးကို တွေးမိသည်- ကျွန်တော်တို့ ပထမဆုံးတွေ့ဆုံခြင်းမှနေ၊ မေတ္တာသက်ဝင်ကြခြင်းအထိ၊ အိမ်ထောင်ပြုခြင်းအထိ၊ ကျွန်တော်တို့ များစွာ ကျော်ဖြတ်ခဲ့ကြပြီးသော်လည်း၊ ကျွန်တော်တို့ မည်သည့်အရာကို ရင်ဆိုင် ရသည် ဖြစ်စေ၊ အရေးကိစ္စများကို အမြဲတမ်း အသေးစိတ်ဆွေးနွေးကြပြီး၊ အချင်းချင်း အားပေးခဲ့ကြသည်။ ကျွန်တော်တို့မှာ ကြီးကြီးမားမား ခိုက်ရန် ဖြစ်ပွားမှု တစ်ခုတစ်လေမျှ လုံးဝ မဖြစ်ဖူးကြပါ။ သို့သော်လည်း သူမ၏ ယုံကြည်မှုအတွက် သူမကို ကျွန်တော် တကယ့်ကို တိုက်ခိုက်လိုက်မိသည်။- ကျွန်တော် သူ့ကို ထိုနည်းဖြင့် မဆက်ဆံသင့်ဟု အမှန်တကယ် ခံစားခဲ့ရ ပါသည်။ တစ်ဖက်မှာလည်း အနန္တတန်ခိုးရှင် ဘုရားသခင်သည် မကောင်း ကြောင်း အွန်လိုင်းတွင် ပြောထားသောကြောင့် သူမ၏ ယုံကြည်မှုကို လက်တွေ့လုပ်ဆောင်ခွင့် မပြုခြင်းအားဖြင့် သူမကို ကျွန်တော်က အခွင့်အရေး တစ်ခု ပေးနေခြင်း ဖြစ်သည်။ သူမက ကျွန်တော့်ကို အဘယ့်ကြောင့် နားမလည်နိုင်ရသနည်း။ ထိုအခိုက်အတန့်တွင် ကျွန်တော် အလွန့်အလွန် ပင်ပန်းပြီး စိတ်ညစ်လာသည်။ ကျွန်တော့် ဖုန်းကို ထုတ်လိုက်ပြီး ကျွန်တော်တို့ ပျော်ရွှင်သော မိသားစု၏ နှစ်သက်ပျော်ရွှင်ဖွယ် ဓာတ်ပုံများက ကျွန်တော့် မျက်လုံးရှေ့တွင် လျှပ်တပြက်ပေါ်လာခဲ့သည်- ကျွန်တော်တို့ သမီးလေး၏ ချိုမြသောအပြုံးက ကျွန်တော့် ပင်ပန်းနွမ်းလျမှုကို ခဏတာ ပပျောက်စေ ခဲ့သည်။ ကျွန်တော်က မိသားစု၏ မည်သို့မဏ္ဍိုင်ဖြစ်သည်ဆိုသည်နှင့် ကျွန်တော့် ဇနီးကို သူမ၏ ယုံကြည်မှုအား လက်တွေ့လုပ်ဆောင်ခြင်းမှ ပိတ်ပင်တားဆီးခြင်းက သူမ၏ လုံခြုံမှုနှင့် ကျွန်တော်တို့ မိသားစု ကောင်းကျိုးအတွက် ဖြစ်သည်ကို ကျွန်တော် တွေးမိသောကြောင့်၊ ကျွန်တော် ယုံကြည်သည့်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။

နောက်ပိုင်း အချိန်ကာလတစ်လျှောက်၊ ကျွန်တော့်အတွက် ကျွန်တော့် ဇနီး၏ ခံစားချက်များကို ထိခိုက်မည်ကို စိုးသောကြောင့်၊ မည်သည့် အကြီးစား ပဋိပက္ခကိုမျှ မစရဲခဲ့၍ ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အရာမျှ ကျွန်တော့်အား မပြောဖို့သာ သူမကို မှာထားခဲ့သည်။ ကျွန်တော်တို့က အပြင်ပန်းတွင် သင့်မြတ်နေပုံ ပေါက်သော်လည်း၊ ကျွန်တော်တို့အကြားတွင် ရင်ကြားမစေ့နိုင်သည့် ကွာဟမှု ပွင့်လာနှင့်ပြီးဖြစ်နေလေသည်။

တစ်နေ့တွင် ကျွန်တော့် မနက်ပိုင်း အလုပ်ဆိုင်းမှဆင်းပြီး တံခါးမှ ဝင်လာသည့်အခိုက်တွင်၊ အိပ်ခန်းထဲမှ စိတ်ကြည်နူးဖွယ် တေးဂီတသံနှင့်အတူ ဝေါခနဲထွက်လာသည့် ကျွန်တော့် ဇနီးနှင့် သမီးတို့၏ ပျော်ရွှင်စွာရယ်မောသံကို ကြားလိုက်ရသည်။ စူးစမ်းချင် စိတ်ပြင်းပြစွာဖြင့် ကျွန်တော်က “ဟင်။ အိမ်မှာ ဒီလိုပျော်စရာ အသံတစ်ခု မကြားရတာ ကြာလှပြီ။ ငါ့မိန်းမ တောင်ကိုးရီးယား နိုင်ငံကို လာပြီးကတည်းက၊ ကွဲပြားတဲ့ လူနေမှုပုံစံ၊ ဘာသာစကားနဲ့ ရိုးရာ ယဉ်ကျေးမှုတွေကြောင့် ဒီက ပတ်ဝန်းကျင်နဲ့ သူ တကယ်ကို လုံးဝ ကျင့်သား မရသေးဘူး။ အထူးသဖြင့်၊ သူက သူချစ်တဲ့ အမေနဲ့ အလုပ်တို့ကို ချန်ထားရစ် ခဲ့ရပြီး၊ သူ့ဖက်မှာ ဆွေမျိုးတစ်ယောက်မှ၊ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး- သူက ခဏခဏ တစ်ယောက်တည်းထိုင်ပြီး ငိုတယ်။ သူ နာကျင်နေပြီး စိတ်ညစ်နေပုံရတာကို ငါ မြင်ခဲ့ရပေမဲ့လည်း၊ သူ့ကို ဘယ်လိုနှစ်သိမ့်ရ မယ်ဆိုတာ ငါဘယ်တော့မှ မသိခဲ့ဘူး၊ ဒါ့ကြောင့် အခု သူ့ကို ပျော်ရွှင်မှု အများကြီး ဆောင်ကြဉ်းပေးနိုင်တာ ဘာသီချင်းပါလိမ့်” ဟု တွေးမိသည်။ ကျွန်တော်က လွန်စွာ တိတ်တိတ်လေး တံခါးကို ဖွင့်လိုက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် “ဘုရားသခင်ရဲ့စစ်မှန်တဲ့မေတ္တာ” သီချင်းဗီဒီယိုနှင့် ကခုန်ခြင်းတစ်ခု ကွန်ပြူတာ ဖန်သားပြင်ပေါ်တွင် ပြသနေသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးငယ် ခြောက်ယောက်တို့က ကြီးစွာသော ခံစားချက်ဖြင့် ဝမ်းမြောက်စွာ ကခုန်ပြီး သီဆိုနေကြသော်လည်း၊ ကျွန်တော့် စိတ်နှလုံးကို ရုတ်ချည်း အထူးသဖြင့် ဆွဲဆောင်လိုက်သည်မှာ ကြီးစွာသော ဝမ်းမြောက်သည့် အပြုံးများဖြင့် ပြည့်လျှံနေသည့် သူတို့၏ မျက်နှာများ ဖြစ်သည်။ ကျွန်တော်က “ဒါက ဘာအသင်းတော်မျိုးလဲ၊ ပြီးတော့ ဒါက ဘယ်လိုမျိုး အဖွဲ့များလဲ။ သူတို့သီချင်းတွေနဲ့ ကခုန်တာတွေက ဘာလို့ အရမ်း ကူးစက်ပျံ့နှံ့လွယ်ပြီး၊ အရမ်း စိတ်ချမ်းမြေ့စရာ ဖြစ်နိုင်တာလဲ။ သူတို့ တကယ်ပဲ လူဆိုးတွေဆိုရင်၊ ဘာလို့ သူတို့မှာ အဲဒီလောက် ကြင်နာပြီး စစ်မှန်တဲ့ အပြုံးတွေ ရှိနိုင်တာလဲ” ဟု တွေးလျက်၊ သိချင်စိတ်ပြင်းပြခြင်းဖြင့် ပြည့်ခဲ့သည်။

ကျွန်တော့်ကို မြင်လျက်၊ ကျွန်တော့် သမီးက “ဖေဖေ၊ ဒီသီချင်း မကောင်း ဘူးလား။ မေမေနဲ့ သမီးက ဒီသီချင်းကို တကယ့်ကို ကြိုက်ကြတာ။ သမီးတို့နဲ့ သီချင်းဆိုပြီး ကပါဦး” ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။ ကျွန်တော်က သူမကို ပွေ့ချီလိုက်ပြီး၊ သူမ၏ မျက်နှာလေးကို နမ်းရှုတ်ပြီးနောက် “မီးလေးရေ၊ ဖေဖေက လှုပ်ရှားတက်ကြွပြီး၊ အားကောင်းတဲ့ သီချင်းတွေနဲ့ ကတာတွေကို ကြိုက်ပါတယ်” ဟု အလိုလိုက် ပြောခဲ့သည်။ သူမက ခေါင်းကို ယိမ်းထိုးပြီး၊ တခဏ တွေးတောလိုက်သည်။ “ဖေဖေ၊ ဖေဖေက တက်ပ် အက ကတာ ကြိုက်တယ်နော်၊ ဟုတ်တယ်ဟုတ်။ မေမေ၊ ဖေဖေအတွက် အရမ်းကောင်းတဲ့ အကပါတဲ့ ဟိုဗီဒီယို ဖွင့်ပြလိုက်။” သူမကို ကြားဖြတ်မပြောလိုဘဲ၊ ၎င်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှဖြစ်လျှင်ပင်၊ အနည်းငယ်မျှ ကျွန်တော် ကြည့်လိုက်မည်ဟု တွေးလိုက်သည်။- ခုအချိန်တွင် ဤကဲ့သို့ သဟဇာတဖြစ်သည့် အငွေ့အသက်က ကျွန်တော်တို့ အိမ်တွင် ရခဲ့လှလေ သည်။ ကျွန်တော့် သမီးလေးကို ချီထားလျက်၊ ကျွန်တော့် ဇနီးဘေးတွင် ထိုင်ကာ၊ စကြည့်ခဲ့သည်။ အကနှင့် သီချင်းဗီဒီယို “ဘုရားသခင် မိမိဘုန်းတော်ကို အရှေ့အရပ်သို့ ယူဆောင်” သည် သြဇာရှိပြီး၊ သာယာသော စည်းချက်တစ်ခုဖြင့် လှုပ်ရှားတက်ကြွလေသည်။ တက်ပ်အက ပုံစံဖြင့်၊ သူတို့က အလွန်ရဲရင့်သော အားမာန်ဖြင့် ကခုန်ကြသည်၊ ကျွန်တော်က သီဆိုခြင်းနှင့် ကခုန်ခြင်းတို့ကို အမြဲတမ်း နှစ်သက်ခဲ့သောကြောင့် တကယ့်ကို ဆွဲဆောင်ခံရလေသည်။ ကျွန်တော် မည်မျှ စိတ်ဝင်စားသည်ကို မြင်လျက်၊ ကျွန်တော့် ဇနီးက စိတ်လှုပ်ရှားစွာဖြင့် “ဒီသီချင်းတွေနဲ့ အကတွေ အားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမ တွေ စီစဉ်ပြီး အသံဖမ်းရိုက်ကူးထားတာလေ။ သူတို့ထဲက တစ်ယောက်မှ ကျွမ်းကျင်ပညာရှင်တွေ မဟုတ်ဘူး” ဟု ပြောခဲ့သည်။ ကျွန်တော်က ဤအရာ ကို လေးနက်စွာ ပြန်လည်မသုံးသပ်ဘဲ မနေနိုင်ခဲ့ပါ။ “အတတ်ပညာနဲ့ဆိုင်တဲ့ လေ့ကျင်မှု မရှိဘဲနဲ့ ဒီလူတွေ ဘယ်လိုလုပ်ပြီး မကြုံစဖူး အရမ်းကောင်းအောင် ကနိုင်တာလဲ” ဟု ကျွန်တော်တွေးမိသည်။ ပြုံးလျက် သူမက “အဲဒါ အံ့သြစရာပဲ၊ မဟုတ်လား။ ဘုရားသခင်ရဲ့ ကိုယ်ပိုင် အမှုတော်နဲ့ လမ်းပြမှုတို့ မပါဘဲနဲ့၊ ကျွမ်းကျင်ပညာရှင်တွေ မဟုတ်တဲ့ လူတွေက အဲဒီလို ကနိုင်စွမ်း ရှိပါ့မလား။ သူတို့ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေမြင်ရင် ရှင်ပိုပြီးတောင် အံ့အားသင့်ဦးမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ရှိတယ်- အဲဒီအသင်းတော်မှာ ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာရှိတယ်။ အဲဒါ့ကြောင့် သူတို့သီချင်းတွေ၊ အကတွေနဲ့ ရုပ်ရှင်တွေက ဖန်တီးရိုက်ကူးတာ အရမ်းကောင်းတာပေါ့၊ ပြီးတော့ အဲဒါတွေအပြင်၊ သူတို့ရုပ်ရှင်တွေထဲမှာ ပြောပြထားတဲ့ သမ္မာတရား အားလုံးက လူတွေကို အများကြီး အကျိုးကျေးဇူးရှိစေတယ်။ အွန်လိုင်းပေါ်က အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်မှုတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရား သခင် အသင်းတော်အကြောင်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဖြန့်ဝေထား တဲ့ မုသားတွေသက်သက်သာ ဖြစ်တယ်။ သူတို့က လုံးဝ မမှန်ဘူး။ ဒီမုသားတွေကို တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဖြန့်ဝေရတဲ့ အကြောင်း အရင်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို လူတိုင်းက ရန်လို လာအောင်၊ ပြီးတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို မစုံစမ်း မစစ်ဆေးရဲအောင်၊ အဲဒီနည်းနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရအောင်ပဲ” ဟု ပြောခဲ့သည်။

သူမပြောသည့်အရာကို ကြားပြီး၊ သူမ၏ မျက်နှာပေါ်မှ ပီတိဖြာနေသည့် အသွင်ကို မြင်သောကြောင့်၊ ကျွန်တော်က ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာ ခဲ့သည်။ သူမက အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် ယုံကြည်ပြီး ကတည်းက အိမ်ကိုလွမ်းဆွတ်ခြင်းနှင့် သူမ၏အမေကို လွမ်းခြင်း ခံစားချက်မှ နေ၍ သူမ၏ အားငယ်ခြင်းမှ မည်သို့ ပြန်လည် ကောင်းမွန်လာသည်ကို ကျွန်တော် တွေးမိသည်။ ကျွန်တော်တို့၏ သမီးနှင့်ပတ်သက်ပြီး သူမ ပို၍ စိတ်ရှည်လာပြီး၊ နောက်ထပ် ဒေါသမထွက်တော့သည်ကိုလည်း ကျွန်တော် တွေ့ရသည်။ ကျွန်တော့်ကိုလည်း အလွန်အမင်း ကောင်းမွန်စွာ စတင် စောင့်ရှောက်ခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ဇနီးကို ပြောင်းလဲခဲ့သည်မှာ တကယ်ဖြစ်နိုင်ပါသလား။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် သူမပြောသကဲ့သို့ တကယ်ကြီးမြတ်ပါသလား။ ဤအရာ များအားလုံးကို ကျွန်တော် သေချာတွေးသည်နှင့်အညီ၊ ကျွန်တော့်မှာ ဦးနှောက်ခြောက်လာခဲ့သည်။- သူမ၏ ယုံကြည်မှုကို ဆက်လက် လက်တွေ့ လုပ်ဆောင်ခွင့် ပြုသင့်မသင့် ကျွန်တော် မသိပါ။ စိတ်ထဲမှ အချိန်တစ်ခုကြာ ရုန်းကန်လှုပ်ရှားမှုအပြီးတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် သို့သွားပြီး၊ မိမိဘာသာ စုံစမ်းလေ့လာဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ၎င်းက အွန်လိုင်းပေါ်တွင် ပြောထားသကဲ့သို့ မဟုတ်ပါက၊ ကျွန်တော် သူမကို နောက်ထပ် ပိတ်ပင်တော့မည် မဟုတ်ပါ။

ကျွန်တော် အလုပ်မှ အားသည့်အချိန် စနေတနင်္ဂနွေတွင်၊ ကျွန်တော့် ဇနီးကို ချဉ်းကပ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကျွန်တော် သွားကြည့်လိုကြောင်း ပြောခဲ့သည်။- သူမက အံ့သြသွားပြီး သဘောကျနေ လေသည်။ ကျွန်တော်တို့ ထိုနေရာ ရောက်သည်နှင့်တပြိုင်နက်၊ ညီအစ်ကို မောင်နှမများက ကျွန်တော်တို့ကို နွေးထွေးစွာ လက်ခံကြိုဆိုပြီး၊ သူတို့၏ မျက်နှာအမူအရာများ၊ အပြုအမူများနှင့် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံပုံများမှ သူတို့သည် ကြင်နာပြီး ရိုးသားသည်ဟု ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော့်၏ စိတ်လှုပ်ရှားမှုနှင့် သတိထားခြင်းတို့က တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့သည်။ ထို့နောက် အစ်မ တစ်ယောက်က “အစ်ကိုတို့ အစ်မတို့ရေ၊ တေးဂီတရုပ်ရှင် ရှောင်ကျန်းရဲ့ ပုံပြင် က နိုင်ငံတကာ ဆုတစ်ခု ရခဲ့တယ်” ဟု လူတိုင်းကို စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ ကျွန်တော်က သိချင်စိတ်ပြင်းပြခြင်းဖြင့် “ကျွန်တော်ကြည့်လို့ရမလား” ဟု မေးလိုက်သည်။ သူတို့အားလုံးက တစ်ပြိုင်နက်တည်း သဘောတူကြောင်း ထုတ်ပြောကြပြီး၊ တေးဂီတ ရုပ်ရှင်ကို စဖွင့်လိုက်သည်။ ဇတ်လမ်းထဲမှ ရှောင်ကျန်း၏ ဘဝ အခြေအနေ အတက်အကျများက ကျွန်တော့် စိတ်နှလုံးကို တကယ် တို့ထိပြီး၊ ကျွန်တော် ကိုယ်တိုင်က အခြားသော ရှောင်ကျန်းတစ်ယောက်ဖြစ်ခဲ့ပုံကို တွေးမိခဲ့သည်။ ကျွန်တော် ငယ်စဉ်က မိသားစု၏ ကံမကောင်း အကြောင်း မလှခြင်းကြောင့် အဆင်ပြေဖို့သက်သက်အတွက် အနိုင်ကျင့်ခြင်းနှင့် အရှက်ခွဲ ခြင်းမျိုးစုံကို ဒုက္ခခံခဲ့ရပြီး၊ တမင်တကာ မသိကျိုးကျွန်ပြုခံရလျက် လူ့အဖွဲ့အစည်းတွင် လေလွင့်နေခဲ့သည်။ ပြီးလျှင် ယခုကျွန်တော်က ဝမ်းစာရှာ ရန် ကြိုးပမ်းပြီး၊ အလုပ်ကြိုးစားကာ၊ ချိုမြိန်ခြင်းနှင့် ခါးသီးခြင်း အရေးကိစ္စ မျိုးစုံကို ကျော်ဖြတ်ခဲ့သည်။ နှစ်များစွာအတွင်း ဘဝအခြေအနေ အတက်အကျ များစွာ ဖြတ်၍ ဒုက္ခခံခဲ့ရပြီး၊ ကျွန်တော် ပင်ပန်းကာ ဝမ်းနည်းခဲ့သော်လည်း၊ ကျွန်တော့် ဇနီးနှင့် သူငယ်ချင်းများရှေ့တွင် ကျွန်တော် သန်မာသယောင် အမြဲပြုမူခဲ့သည်။ ကျွန်တော့် စိတ်နှလုံးထဲမှ နာကျင်မှုကို မည်သူက သိနိုင်ခဲ့ မည်နည်း။ တေးဂီတရုပ်ရှင်၏ အဆုံးတွင် ဤသီချင်းကို သီဆိုခဲ့သည်။ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကို ရှာဖွေနေ”) သီချင်း၏ စာကြောင်းတိုင်းက ကျွန်တော့်၏ လမ်းပျောက်ပြီး၊ ဒုက္ခခံရသည့် စိတ်ဝိညာဉ်ကို နွေးထွေးစေသည်၊ ပြီးလျှင် ဂီတသင်္ကေတတိုင်း က မိခင်တစ်ယောက်က သူမ၏ ကြာမြင့်စွာ ပျောက်ဆုံးနေသည့် ကလေးထံ လက်များ ဆန့်တမ်းနေသကဲ့သို့ ခံစားရသည်။ ကျွန်တော်ခံစားရသည့်အရာမှာ ချစ်ခြင်းမေတ္တာ၏ ခေါ်ဆိုမှု ဖြစ်သည်- ကျွန်တော် အလွန်အမင်း တို့ထိခံခဲ့ ရသည်။ တေးဂီတရုပ်ရှင် ပြီးဆုံးသည်နှင့်အညီ မျက်ရည်များ ကျွန်တော့် မျက်နှာဆီ စီးကျလာသည်ကို ကျွန်တော် မရပ်နိုင်ခဲ့ပါ။ လူများစွာရှေ့တွင် ကျွန်တော် ပထမဆုံး ငိုကြွေးဖူးခြင်းဖြစ်ပြီး၊ ကျွန်တော် အနည်းငယ် စိတ်ကသိ ကအောက် ဖြစ်ခဲ့သောကြောင့် မျက်ရည်များသုတ်ရန် ကျွန်တော့်ခေါင်းကို မြန်မြန်နှင့် တိတ်ဆိတ်စွာ လှည့်လိုက်သည်။ ကျွန်တော်က “အဲဒါက အရမ်း ကောင်းတဲ့ တေးဂီတရုပ်ရှင်ပဲ” ဟု ရိုးသားစွာ အာမေဍိတ်သံ ပြုမိခဲ့သည်။ ထို့နောက် ကျွန်တော်က ရှောင်ကျန်းရဲ့ ပုံပြင်ကို လက်ခုပ်သြဘာသံ ပေးခဲ့သည်။

ကျွန်တော့် ဇနီးက ကျွန်တော့်ကို ကြည့်လိုက်ပြီး၊ ပျော်ရွှင်စွာနှင့် ကြီးစွာသော စိတ်ခံစားချက်တို့ဖြင့် “ရှောင်ကျန်းရဲ့ ပုံပြင် နဲ့ ရှင့်စိတ်နှလုံး နိုးကြားလာတာ ဘုရားသခင်က ရှင့်ကို တို့ထိလိုက် လို့ပေါ့။ မေ၂၈ ရက်နေ့က ကျောက်ယွမ်အမှုက ရှင့်ကို သက်ရောက်မှုတစ်ခုရှိခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နဲ့ ပတ်သက်ပြီး ရှင့်မှာ အထင်လွဲမှုတွေ အများကြီးရှိမှန်း ကျွန်မ သိပါတယ်။ ကျွန်မနဲ့ ကျွန်မတို့ သမီးလေးရဲ့ လုံခြုံမှုအတွက် ရှင်စိုးရိမ်တယ်ဆိုတာလည်း ကျွန်မသိပါတယ်၊ ဒါ့ကြောင့် အဲဒီအမှုနဲ့ပတ်သက်ပြီး တကယ် ဘာဖြစ်ခဲ့တယ်ဆိုတာကို ကြည့်ကြ ရအောင်” ဟု ကျွန်တော့်ကို ပြောခဲ့သည်။

ထို့နောက် ညီအစ်ကိုမောင်နှမများက မေလ၂၈ ရက်က ဖြစ်ပွားခဲ့သော ကျောက်ယွမ်အမှု၏ နောက်ကွယ်မှ ထွက်ပေါ်လာသော အမှန်တရား ဆိုသည့် ရုပ်ရှင်တစ်ကားကို ကျွန်တော့်ကို ဖွင့်ပြခဲ့သည်။ ၎င်းက အမှု၏ အဓိက သံသယဖြစ်စရာ ရှုထောင့်တစ်ချို့ကို ထုတ်ဖော်ခဲ့ပြီးနောက်၊ တစ်ဆင့်ချင်း ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ကျွန်တော်က ထိုရုပ်ရှင်ထဲတွင် တကယ့်ကို စိတ်ဝင် စားခဲ့ပြီး၊ အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ ဗီဒီယိုနဲ့အတူ ထိုအမှုကို ကျွန်တော်ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ခဲ့သည်။ ဗီဒီယို ဆက်ပြနေပြီး၊ မုသားများ တစ်ဆင့်ချင်း ဖော်ထုတ်ခံနေရသည်ကို ကျွန်တော် မြင်ရသည်နှင့် အညီ ကျွန်တော့် မျက်မှောင်ကြုတ်ခြင်းက တဖြည်းဖြည်းချင်း လျော့လာခဲ့ပြီး၊ ကျွန်တော် သက်ပြင်းရှည်ကြီးတစ်ခု ချမိသည်။ မေလ ၂၈ ရက်နေ့က ကျောက်ယွမ်အမှုသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာသာရေး ယုံကြည်မှုကို နှိမ်နင်းရန်နှင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ချေမှုန်းသုတ်သင်ရန် တစ်ဉီးတည်း လုပ်ဇတ်ခင်းထားခြင်းဖြစ်သည်ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ ထိုအမှုတွင် ပြစ်မှုကျူးလွန် သူများဖြစ်သည့် ကျန်းလီဒေါင်၊ ကျန်းဖန် နှင့် တခြားတို့ကလည်း သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အသင်းသားများ မဟုတ်သည်ကို သူတို့နှုတ်များမှ ငြင်းဆန်ခဲ့ကြပြီး၊ သူတို့က အသင်းတော်နှင့် လုံးလုံး ပေါင်းစည်းခြင်း မရှိဟု ဆိုခဲ့ကြသည်။ သို့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ လူများက ထိုပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု မရမကပြောဆိုလျက် သံသယရှိသူများ၏ သက်သေထွက်ဆိုချက်များကို လုံးလုံး လျစ်လျူရှုပြီး အမှန်တရားများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့သည်။ ပို၍ပင် မလျော်ကန်သည်မှာ တရားရုံးတွင်အမှုစီရင်ခြင်း သို့မဟုတ် ဂျူရီအဖွဲ့၏ အဆုံးအဖြတ် တစ်ခုပင် မရှိဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အသင်းတော်ကို ဖိနှိပ်ပြီး၊ သုတ်သင်ပစ်ရန်သက်သက်အလို့ငှာ ပြည်သူလူထု ရုတ်ရုတ်သဲသဲ ဖြစ်ခြင်းတစ်ခု ကို ဖန်တီးရန် ရုပ်မြင်သံကြားနှင့် အင်တာနက် မီဒီယာတို့မှတစ်ဆင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အပေါ် လူသိရှင်ကြားနှင့် သေသေ ချာချာ အမှုဆင်ရာတွင် ဆင်ကန်းတောတိုး လုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ် ပါတီ အစိုးရသည် အသင်းတော်ထဲမှ ခရစ်ယာန်များကို အဟန့်အတားတစ်ခုမျှ မရှိဘဲ အရူးအမူး စတင်ဖိနှိပ်ပြီး ဖမ်းဆီးနိုင်ရန်အလို့ငှာ အသင်းတော်ကို အမှုဆင်ပြီး၊ ထိုကဲ့သို့ အမှု အတုအယောင်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၁၉၈၉ခုနှစ် ဇွန်လ ၄ရက်နေ့က ကျောင်းသားများ လှုပ်ရှားမှုကို သူတို့ ဖိနှိပ်သည့် နည်းလမ်းအတိုင်းပင် ဖြစ်သည်- သူတို့က ကျောင်းသားများ၏ မျိုးချစ်စိတ်ဖော်ကျူးသော လှုပ်ရှားမှုကို တန်ပြန်တော်လှန်ရေး လှုပ်ရှားမှု အဓိကရုဏ်းအနေဖြင့် ဖော်ပြဖို့ ကောလာဟလများကို ပထမဦးစွာ လုပ်ဇတ်ခင်းခဲ့ပြီးနောက်၊ လူတို့ကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။ အမှန်တရားနှင့် ရင်ဆိုင်ရလျက်၊ အမြင်မတူ သူများကို ချေမှုန်းသုတ်သင်ခြင်းအတွက် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ နည်းဗျူဟာမှာ ပထမဦးစွာ ကောလာဟလများကို လုပ်ဇတ်ခင်းပြီး၊ အမှန်တရားကို လိုရာဆွဲ၍ မမှန်မကန်ပြောသည်၊ ပြီးနောက် ၎င်းတို့ကို အမှုဆင်သည်၊ ပြီးနောက် ကြမ်းတမ်းစွာ ဖိနှိပ်သည်ဆိုသည်ကို နောက်ဆုံးတွင် လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် ကျွန်တော် သိလိုက်ရသည်။ အမှန်တရားကို ပြောင်းပြန်လှန်ခြင်းအားဖြင့် လက်တွေ့ အရှိတရားကို လိုရာဆွဲ၍ မမှန်မကန် ပြောလျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အမှုဆင်ရင်း၊ အမှန်တရားကို မသိသည့်လူများက သူ၏မုသားများအားဖြင့်လှည့်စားခံရပြီး၊ အသင်းတော်ကို အထင်လွဲအောင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကပြုလုပ်လေသည်။- တရုတ် ကွန်မြူနစ်ပါတီ အစိုးရသည် အလွန် မုန်းတီးစက်ဆုပ်ဖွယ်ကောင်းသည်။ သို့သော် ကျွန်တော် နားမလည်သေးသည့် အရာတစ်ခုမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမများသည် အွန်လိုင်းတွင် ပြောထားသကဲ့သို့ လုံးဝမဟုတ်သည့် တည်ကြည်သူများဖြစ်သောကြောင့် တရုတ်ကွန်မြူနစ် ပါတီ အစိုးရက အသင်းတော်ကို အဘယ့်ကြောင့် အလွန် အရူးအမူး နှိပ်ကွပ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ပေါ်တွင် ထိုလူသတ်မှုကို ထောင်ဖမ်းဖို့ အပတ်တကုတ် ကြိုးပမ်းသည်အထိ ပြုရပါ သနည်း။ မည်သည့်အရာ အမှန်တကယ် ဖြစ်နေခဲ့သနည်း။

ကျွန်တော့် စိတ်ရှုပ်ထွေးမှုအကြောင်း ပြောပြီး၊ အစ်မ တစ်ယောက်က “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကို ပထမဆုံး ဖတ်ကြရ အောင်- ‘စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))စာတန်အနေဖြင့် စိတ်တိုပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်သည့် အကြောင်းရင်းက ဤသို့ဖြစ်သည်- ပြောပြ၍မရနိုင်သည့် သူ၏လျှို့ဝှက်အကြံအစည်များက ပေါ်လွင်သွားသည်၊ သူ၏အကွက်ချစီစဉ်မှုများသည် လွယ်လွယ်နှင့် မလွတ်နိုင်၊ ဘုရားသခင်ကို အစားထိုးရန်နှင့် ဘုရားသခင်ကဲ့သို့ ပြုမူရန်ဟူသည့် သူ၏အထိန်းအကွပ်မဲ့ ရည်မှန်းချက်နှင့် အလိုရမ္မက်တို့သည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်၊ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမျှအရာမထင်ဘဲ ဘယ်တော့မျှ စွမ်းဆောင်ရရှိနိုင်မည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))” ဟု ပြောလျက် တုံ့ပြန်ခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင်၊ သူမက “စာတန်က ဘုရားသခင်ကို ဆန့်ကျင်ပြီး လူသားမျိုးနွယ်ကို အန္တရာယ်ပြု ရခြင်း အကြောင်းအရင်းရဲ့ အကြောင်းခံကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေက ဖော်ထုတ်တယ်။ ဒါဆိုရင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနဲ့ အဲဒီပါတီရဲ့ ခရစ်ယာန်တွေကို ညှဉ်းပန်း နှိပ်စက်ခြင်း လုပ်ရပ်တွေကို လေ့လာဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မတို့က အသုံးပြုရင်၊ အဲဒါဟာ စာတန်နတ်ဆိုးရဲ့ ပြယုဂ်ဖြစ်ပြီး၊ သမ္မာတရားကို အမုန်းတီးဆုံးနဲ့ ဘုရားသခင်ကို အာအခံဆုံးက ဆိုးယုတ်တဲ့ အစိုးရစနစ် ဖြစ်တယ်ဆိုတာကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ အဲဒီပါတီက တရုတ်ပြည်ကို ဘုရားမဲ့နယ်မြေတစ်ခု တည်ထောင်ဖို့အတွက် လူတွေကို ဘုရားသခင်ကို ယုံကြည်ဖို့ ဒါမှမဟုတ် မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်ဖို့ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။ ဘာသာရေး ယုံကြည်မှုအားလုံးကို သူက အမြစ်ဖြတ်သုတ်သင်ချင်တာလေ။ ဒါက နောက်ဆုံးသော ကာလမှာ အထူးသဖြင့် မှန်တယ်- လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို အလင်းဆောင်ကြဉ်ပေးဖို့ သမ္မာတရားကို ဖော်ပြရင်း တရုတ်ပြည်မှာ ပေါ်ထွန်းပြီး အမှုပြုပြီးပြီ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်မြတ်နိုးတဲ့ ဘာသာရေးအားလုံးနဲ့ ဂိုဏ်းဂဏ အားလုံးက လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး နောက်မှာ၊ အဲဒီနှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ် ဆိုတာ သေချာလာပြီး၊ တစ်ယောက်ပြီးတစ်ယောက်၊ သူတို့က နောက်ဆုံးသောကာလက သူ့အမှုတော်ကို လက်ခံနေကြတယ်။ လူတော်တော် များများက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့် သမ္မာတရားကို နားလည်သဘောပေါက်လာပြီး၊ ကောင်းမြတ်ခြင်းနဲ့ ဆိုးယုတ်ခြင်းကြားမှာ ထိုးထွင်းသိမြင်နည်းကို သင်ယူခဲ့တယ်။ ဒါ့ကြောင့် သူတို့က တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ရှင်းရှင်း လင်းလင်း မြင်လာပြီး၊ အဲဒါကို ငြင်းပယ်ဖို့ ဆန္ဒရှိလာတယ်၊ ပြီးတော့ သူတို့က သမ္မာတရားကို စတင်လိုက်စားပြီး၊ အသက်တာမှာ မှန်ကန်တဲ့ လမ်းကြောင်း ကို လျှောက်တယ်။ ဘုရားသခင်ကို လူတွေ ပိုပိုပြီး ယုံကြည်မှုတိုးလာပြီး၊ ဘုရားသခင်နောက်ကို လိုက်နေတာကို မြင်ရင်း၊ သူ့မျက်လုံးတွေက ဒေါသနဲ့ လောင်မြိုက်နေတယ်။ လူတွေက သူ့ကျေးကျွန်တွေ ဆက်ဖြစ်ပြီး၊ ဖိနှိပ်ခံအဖြစ် ကျန်ရစ်ဖို့ သူ့စခန်းထဲကိုပဲ လူတွေကို ပြန်တရွတ်တိုက်ဆွဲခေါ်သို့ သူအချည်းနှီး မျှော်လင့်တယ်။ ဒီရည်ရွယ်ချက်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အမှုဆင်ပြီး အသရေဖျက်ဖို့ မုသားမျိုးစုံကို လုပ်ဇတ်ခင်းရုံသာမကဘူး၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ နည်းဗျူဟာ မျိုးစုံကိုလည်း အသုံးပြုခြင်းအားဖြင့် အရူးအမူး ညှဉ်းပန်း နှိပ်စက်ပြီး ဖိနှိပ်တယ်။ သူတို့က ဘုရားသခင်ရဲ့ ဧဝံဂေလိအမှုတော် ဖြန့်ဝေတာကို တားဆီးဖို့နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လုံးလုံး ဖယ်ရှင်းသုတ်သင်ဖို့ ထင်ယောင်ထင်မှား အားထုတ်ကြိုးပမ်းရာမှာ တစ်နိုင်လုံးအတိုင်းအတာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တွေကို အရူးအမူး ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ဖို့ အရေအတွက် အရမ်းများတဲ့ လက်နက်ကိုင်ရဲတွေနဲ့ စစ်တပ်စုတွေ စည်းရုံးဖို့ အကြိမ်များစွာ လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ပြန်ခဲ့တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် ထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ထုတ်လုပ်ထားတဲ့ ဧဝံဂေလိ ရုပ်ရှင်တွေနဲ့ ဗီဒီယိုတွေဟာ အင်တာနက်ပေါ်မှာ တစ်ခုပြီးတစ်ခု တင်ထားသလို၊ ဘုရားသခင်ရဲ့နိုင်ငံတော် ဧဝံဂေလိတို့က ကမ္ဘာတစ်ဝှမ်းမှာ တောမီးလို ပျံ့နှံ့သွားတယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အာဏာရ ကတည်းက မရေမတွက်နိုင်တဲ့ လူသတ်မှုတွေ ကျူးလွန်ပြီး၊ မကောင်းမှုမျိုးစုံ ပြုခဲ့တာကို သိနေရင်း သူ့အပြစ်ကို သူသတိပြုမိတယ်။ ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်ခြင်းကနေ သူ့သွေးကြွေးကတော့ ကြီးမားလေးလံတဲ့ အကြွေးတစ်ခုပဲ။ ကမ္ဘာအနှံ့ကလူတွေက ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံလိုက်မှာ၊ သမ္မာတရားကို နားလည်သဘောပေါက်မှာ၊ သူ့ရဲ့ဆိုးယုတ်တဲ့ မျက်နှာထားကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ငြင်းပယ်မှာ သူကြောက်နေတယ်၊ အဲဒါက သူ့ကို ကမ္ဘာပေါ်မှာ ခြေကုပ်စရာတစ်ခုမှ ကျန်စေမှာ မဟုတ်ဘူးလေ။ အဲဒါဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးကို ချုပ်ကိုင်ဖို့နဲ့ နတ်ဘုရားတစ်ဆူဖြစ်ဖို့ သူ့ရဲ့ ရူးသွပ်တဲ့ ရည်မှန်းချက်က ပြိုကွဲသွားမှာ ဖြစ်တယ်။ ဒီအကြောင်း အရင်းကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တရုတ် ကွန်မြူနစ်ပါတီ အစိုးရရဲ့ ညဉ်းပန်းနှိပ်စက် ခြင်းက အရှိန်မြှင့်လာတာ ဖြစ်တယ်။ အသင်းတော်ကို အမှုဆင်ဖို့၊ အမှန်တရားကို မသိတဲ့လူတွေက ဘုရားသခင်နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို မုန်းတီးအောင်၊ သူနဲ့အတူ မကောင်းမှုတွေ လုပ်အောင် လူတွေကို ဒေါသထွက်စေပြီး၊ စိတ်ရှုပ်ထွေးစေဖို့ ကြိုးစားအားထုတ်ရာမှာ မေလ ၂၈ ရက်နေ့ ကျောက်ယွမ် အမှုကိုစေ့စေ့စပ်စပ် ကလိမ်ဉာဏ်ဆင်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဖောက်ပြန်ပြီး၊ ကောင်းကင်ဘုံကို ဆန့်ကျင်တယ်ဆိုတာရယ်၊ ပြီးတော့ ဘုရားသခင်ကို စက်ဆုပ်ပြီး၊ သမ္မာတရားကို မုန်းတီးတယ်ဆို တာရယ်တို့ကို ကျွန်မတို့ ဒါကနေပြီး မြင်နိုင်တယ်။ အဲဒီပါတီဟာ ဘုရားသခင် ရဲ့ ရန်သူဖြစ်တယ်- ဘုရားသခင်ကို အာခံတဲ့ မကောင်းဆိုးဝါး ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်က အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ သူ့ဉာဏ်ပညာက စာတန်ရဲ့ လှည့်ကွက်ပေါ်မှာ ကျင့်သုံးတယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ အကျည်းတန်တဲ့ မျက်နှာထားက သူ့ကိုယ်ပိုင် ရူးသွပ်တဲ့ ဆန့်ကျင်မှုတွေနဲ့ ဖိနှိပ်မှုတွေနဲ့ အလင်းထဲမှာ ထုတ်ဖော်ခံရတယ်၊ ပြီးတော့ ဘုရားသခင် ရွေးချယ်တဲ့လူတွေက သူ့ရဲ့ဆိုးယုတ်တဲ့ ဖောက်ပြန်ရေးဝါဒီ သဘာဝကို ပိုလို့တောင် ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ သူတို့က အဲဒီပါတီရဲ့ စက်ဆုပ်ဖို့ ကောင်းပြီး ဆိုးယုတ်တဲ့ သဘာဝကို ထိုးထွင်းသိမြင်မှု ဖြစ်ပေါ်လာကြတယ်၊ ဘုရားသခင်နောက်ကို လိုက်ဖို့ သူတို့ ဆန္ဒက ပိုလို့တောင် ခိုင်မြဲလာတယ်၊ ပြီးတော့ ဘုရားသခင်နောက်ကို လိုက်တာ ရပ်ဖို့ထက် သူတို့ရဲ့ အသက်တွေကို စွန့်လွှတ်လိုက်ချင်ကြတယ်။ တရုတ် ကွန်မြူနစ်ပါတီ အစိုးရက ဘယ်လောက် ရိုင်းစိုင်းကြမ်းကြုတ်ပါစေ၊ ဘုရားသခင်ရဲ့ အမှုတော်ကို တားဆီးနိုင်စွမ်း ရှိဖို့နေနေသာသာ စစ်မှန်တဲ့ ယုံကြည်သူတွေ ဘုရားသခင်နောက်ကို လိုက်ခြင်းက မတားဆီးနိုင်ဘူးဆိုတာကို ဒါက ပြနေတယ်” ဟု ပြောလျက် မိတ်သဟာယပြုပေးခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှင့် ဤအစ်မ၏ မိတ်သဟာယတို့ကို ကြားပြီးနောက်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အနှစ်သာရက သမ္မာတရားကို မုန်းတီးသည့် အနှစ်သာရဖြစ်ပြီး၊ ဘုရားသခင် ၏ ရန်သူတော်တစ်ပါး ဖြစ်သောကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကွပ်မျက်နေကြောင်းကို ကျွန်တော် နားလည် သဘောပေါက် လေသည်။ ၎င်းက သူ့လက်ထဲတွင် လူများကို မြဲမြံစွာရှိဖို့ လူများကို ထိန်းချုပ်လိုသော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများက လူများ၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် လေသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက လူများအားလုံးကို ဧကန်မုချ ဘုရားသခင်နှင့် အတူမလျှောက်စေလိုသောကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ဖို့ လူထု ယမ်းပုံမီးကျ ဖြစ်ခြင်းကို အားပေးလျက် ပြည်သူကို လှည့်စားဖို့နှင့် အမှုအတုအယောင် များကို လုပ်ဇတ်ခင်းဖို့ ကောလာဟလများ လုပ်ကြံပြောဆိုရန် သူလုပ်နိုင်သမျှကို လုပ်ဆောင်ခဲ့သည်။ ၎င်းမှာ မေလ ၂၈ ရက်နေ့ ကျောက်ယွမ်အမှု ဖြစ်ပေါ်လာပုံ ဖြစ်သည်။ အမှန်တရားကို ကျွန်တော် နားလည်သဘောပေါက်သည်နှင့် တပြိုင်နက် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့်ပတ်သက်သည့် ကျွန်တော့် သံသယများက ပပျောက်သွား ခဲ့သည်။ သို့သော်လည်း ကျွန်တော့်မှာ စိုးရိမ်မှုတစ်ခု ရှိနေသေးသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အသင်းတော်ကို အလွန်ဖိနှိပ်သည့် အတွက်၊ ကျွန်တော့် ဇနီးက ဘုရားသခင်ကို ယုံကြည်ရာမှာ လုံခြုံစိတ်ချရ ပါ့မလား။

ထို့နောက် ညီအစ်ကိုမောင်နှမများက ကွန်မြူနစ်ဝါဒ၏ မုသားများ ဆိုသည့် ရုပ်ရှင်တစ်ကားကို ကျွန်တော့်အတွက် ဖွင့်ပြသည်။ ထိုရုပ်ရှင်ထဲတွင် ကျွန်တော့် စိတ်နှလုံးကို အမှန်တကယ် တို့ထိခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခု ပါဝင်လေသည်။ “ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော် များမှ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုန်းအာနုဘော်တို့ကို ကျွန်တော် ခံစားရသည်။ စာတန်၏ မည်သည့် ဆိုးယုတ်သော အင်အားဖြစ်စေ၊ မည်သည့်လူသားတစ်ယောက်မျှ ဖြစ်စေ ဘုရားသခင်၏ အမှုတော်ကို ဟန့်တားဖို့ မဖြစ်နိုင်ပါ။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရှိ လူများသည် အသင်းတော်၏ ညီအစ်ကိုမောင်နှမများကို အလွန်ဆိုးယုတ်စွာ ဖမ်းဆီးပြီး နှိပ်ပင်နှိပ်ကွပ်လျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချပြီး ပြစ်တင်ရှုတ်ချဖို့၊ ဦးနှောက်ခြောက်ခံနေကြသော်လည်း၊ ညီအစ်ကို မောင်နှမများက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက်သို့ လိုကရာတွင် မလျှော့တမ်းလုပ်ခဲ့ပြီး၊ သူတို့ထုတ်လုပ်သည့် ဧဝံဂေလိ ရုပ်ရှင်များ၊ ဓမ္မတေးသံစုံကျူး လက်ရာများ နှင့် အကနှင့် သီချင်း ဗီဒီယိုများ သည် တရုတ် ကွန်မြူနစ်ပါတီ အစိုးရ၏ အဆီးအတားလုံးဝမဲ့စွာ အဆက်မပြတ်ထုတ်လွှင့်နေသည်။ ဘုရားသခင်သည် မည်မျှ အနန္တတန်ခိုး ရှိကြောင်းနှင့် မည်သည့် အင်အားမျှ သူ့အမှုတော်ကို တားဆီးဖို့ မဖြစ်နိုင် ကြောင်းကို ကျွန်တော် နောက်ဆုံးတွင် တွေ့မြင်ခဲ့သည်။ ဘုရားသခင်ကို သူမ၏ ယုံကြည်မှုတွင် ကျွန်တော့် ဇနီးက သူမ၏ အထောက်အပံ့ အင်အားအဖြစ် ဘုရားသခင်ရှိသောကြောင့် ကျွန်တော့်အတွက် စိတ်ပူစရာ မရှိပါ။ ၎င်းတို့အားလုံးကို နားလည်သဘောပေါက်ပြီးနောက်တွင် ကျွန်တော့် စိတ်နှလုံးထဲကစိုးရိမ်ပူပန်မှုများနှင့် ဒွိဟဖြစ်ခြင်းများအားလုံး ပျောက်ကွယ် သွားသည်။ ပြုံးလျက် ကျွန်တော်က “မင်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ မှန်တယ်။ ငါက အရင်က အရမ်းကြောင်းကျိုးမမြင်ခဲ့တာပဲ- ငါကြားခဲ့တဲ့ဟာကို တလွဲ ယုံကြည်ခဲ့ပြီး၊ မင်းကို အများကြီး ဒုက္ခခံစေခဲ့တယ်။ အဲဒါဟာ ငါအရမ်းမှားတာပဲ။ အခုအချိန်ကစပြီး၊ မင်းယုံကြည်မှုမှာ ငါမင်းကို အပြည့်အဝ အားပေးပါ့မယ်” ဟု ကျွန်တော့် ဇနီးကို ပြောခဲ့သည်။ သူမ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး သူမက “ရှင်က တရုတ် ကွန်မြူနစ်ပါတီ အစိုးရရဲ့ မုသားတွေ ကို ထိုးဖောက်မြင်နိုင်ပြီး၊ စိတ်ရှုပ်ထွေးမှု မြူထဲက ထွက်ပေါ်လာနိုင်စွမ်းရှိတာ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့်ပဲ။ ဒါက ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ခေါင်းဆောင်မှုပဲ” ဟု စိတ်ခံစားချက်ဖြင့် ပြောခဲ့သည်။

ထိုအချိန်မှစပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ပြုလုပ် ရိုက်ကူးသည့် ဗီဒီယိုများကို ကျွန်တော့် ဇနီးနှင့် ရံဖန်ရံခါ စတင်ကြည့်ရှုပြီး၊ သူမ၏ ယုံကြည်မှုအကြောင်း သူမပြောပြသည်ကို ကျွန်တော် နားထောင်ခဲ့ သည်။ သို့သော်လည်း ဘုရားသခင်ကို ယုံကြည်မှုသည် လွယ်သယောင်ပြု ထားသည့် ယုံကြည်မှုမျိုးတစ်ခုဖြစ်သည်ဟု ကျွန်တော် ခံစားနေရဆဲဖြစ်သည်။ အသေအချာပင်၊ ဘုရားသခင်ကို ကျွန်တော့် စိတ်နှလုံးထဲမှ ယုံကြည်နိုင်သည်။ သို့သော်လည်း ကျွန်တော်က ဝမ်းစာရှာပြီး၊ မိသားစုကို ကျွေးမွေးပြုစုဖို့ ရှိသေးပြီး၊ ကောင်းမွန်သည့် ဘဝတစ်ခုတွင် ကျွန်တော်တို့ အသက်ရှင်နိုင်ရန် လုံလောက်စွာ ထောက်ပံ့ဖို့ရှိသေးသည်။ နောက်ပိုင်းမှာ ကျွန်တော် ကျန်းမာရေးညံ့ဖျင်းမှု ပြင်းပြင်းထန်ထန် ခံရသည့်အချိန်ကို ကြုံတွေ့ပြီးနောက် မှသာလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း လုံးလုံးလျားလျား နားလည်သဘောပေါက်မှု အသစ်တစ်ခု ကျွန်တော် ရရှိခဲ့သည်။

တစ်ညနေ နေဝင်ရီတရော အချိန်ခန့်တွင် ကျွန်တော့် မိသားစု ညစာစားနေသည့်အခိုက်၊ ဆိုးရွားသည့် အစာအိမ်နာကျင်မှုကို စတင်တွေ့ကြုံ ခံစားရပြီး၊ ချွေးစေးများ ကျွန်တော့် မျက်နှာပေါ် စတင် စီးကျလာသည်။ ကျွန်တော့် ဇနီးက ကျွန်တော့်ကို ဆေးရုံသို့ ချက်ချင်း ခေါ်သွားပြီး၊ အူအတက်ပေါက်သည်ဟု ဆေးစစ်ချက်ရလေသည်။ ၎င်းက ချက်ချင်း ခွဲစိတ်မှုလိုအပ်သည့် အရေးကြီးသည့် အခြေအနေတစ်ခုဖြစ်သည်။ ကျွန်တော် တစ်ခါမျှ မခံစားဖူးသည့် ခိုကိုးရာမဲ့ခြင်းနှင့် အကြောက်တရား အသိစိတ် တစ်ခုကို ခံစားခဲ့ရသည်- ကျွန်တော် မကျော်ဖြတ်နိုင်ပါက၊ ကျွန်တော့် ဇနီးနှင့် သမီးငယ်လေးတို့သည် နိုင်ငံရပ်ခြားနိုင်ငံတစ်ခုတွင် မည်သို့ အဆင်ပြေနိုင် မည်နည်း။ သူတို့အတွက် မည်သူက အားပေးထောက်ပံ့မည်နည်း။ ကျွန်တော် တွေးနေသည်ကို မြင်သည့်အတွက် ကျွန်တော့် ဇနီးက ကျွန်တော့်လက်ကို ကိုင်ပြီး “ရှင်ဘာကို စိတ်ပူနေလဲဆိုတာ ကျွန်မသိတယ်။ ဘုရားသခင်က အနန္တတန်ခိုးရှင် ဖြစ်တယ်၊ ပြီးတော့ အရာအားလုံးက ကိုယ်တော့်လက်ထဲမှာ ရှိတယ်။ ခွဲစိတ်မှုအောင်မြင်တယ် မအောင်မြင်ဘူးဆိုတဲ့အရာအပေါ်မှာလည်း သူ့မှာ ဆုံးဖြတ်ခွင့်ရှိတယ်။ ကျွန်မတို့က ဘုရားသခင်ပေါ်မှာ မှီခိုရမယ်၊ ခွဲစိတ်မှုက ဘယ်လိုဖြစ်လာပါစေ၊ ကျွန်မတို့ ဘုရားသခင်ကို အပြစ်တင်လို့ မရဘူး၊ ဒါပေမဲ့ သူ့အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံရမယ်” ဟု ပြောလိုက် သည်။ သူမပြောစရာရှိသည်ကို ကြားပြီးနောက် ကျွန်တော် ခေါင်းညိတ်ခဲ့သည်။ ခွဲစိတ်ခန်း တံခါး ပိတ်သွားသည်နှင့်တပြိုင်တည်း ကျွန်တော် မျက်စိမှိတ်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်တော် ကြောက်နေပါတယ်။ ကျွန်တော် မကြောက်တော့အောင် ကျေးဇူးပြု ပြီးတော့ ကျွန်တော့်ကို ယုံကြည်မှု ပေးတော်မူပါ။ ကိုယ်တော့်ကို မှီခိုချင်ပါ တယ်။” ဆုတောင်းပြီးနောက် ကျွန်တော် သိပ်မကြောက်တော့ပါ၊ ပြီးလျှင် ဗီဒီယိုတစ်ခုမှ ဘုရားနှုတ်ကပတ်တော်များ ကောက်နုတ်ချက်တစ်ခုက ကျွန်တော့်ဆီ ပြန်လည်ရောက်ရှိလာခဲ့သည်။ “ဤသည်မှာ လူသားတွင် ရှိသောအရာ အားလုံးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးမင်္ဂလာများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည် အမှန်တွင် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အားလုံး ရှိကြသည်ဟု ငါက ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြကာ ဆုံးဖြတ်ပေး၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “မှန်တယ်” ဟု ကျွန်တော်တွေး မိသည်။ “ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ ငါ့အသက်က သူ့လက်တော် ထဲမှာရှိတယ်။ ဒီနေ့ ငါ့ခွဲစိတ်မှုရဲ့ အောင်မြင်မှုက ဘုရားသခင်ရဲ့ အုပ်စိုးမှုနဲ့ စီစဉ်မှုအပေါ်မှာ မူတည်တာကြောင့် ဘုရားသခင်ကို အရာအားလုံး လွှဲပြောင်းပေးတာနဲ့ ငါ့အတွက် ဘာမှစိုးရိမ်စရာ မရှိတော့ဘူး။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့သည်။ ကျွန်တော့်၏ ရတက်မအေးသော နှလုံးသားက တည်ငြိမ်သွားခဲ့သည်၊ ပြီးလျှင် ခွဲစိတ်မှု မအောင်မြင်နိုင်စရာအကြောင်းကို ကျွန်တော် သိပ်စိတ်မပူတော့ပါ။ မေ့ဆေး အရှိန်ကြောင့် ကျွန်တော် တဖြည်းဖြည်းချင်း သတိမေ့သွားခဲ့သည်။ ကျွန်တော် သတိရလာသည့်အချိန်တွင် ခွဲစိတ်မှု အောင်မြင််ကြောင်း ဆရာဝန်က ကျွန်တော့်ကို ပြောပြခဲ့သည်၊ ပြီးလျှင် ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်ခဲ့ပြီဖြစ်ကြောင်း ကျွန်တော် သိခဲ့သည်။ ဘုရားသခင်ကို ကျွန်တော့် ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်ရှိခြင်းတို့အား အကြိမ်ကြိမ် ဆက်ကပ်ခဲ့ပါသည်။

နောက်ပိုင်းမှာ ကျွန်တော် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရသည်။ “တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ အမှန်တကယ် ရောက်လာသည့်အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ ခြေချသည်နှင့်တစ်ပြိုင်နက် ၎င်းနားလည်ရမည့် ပထမဆုံးအရာက လူသား မည်သည့်အရပ်ကလာသည်၊ အဘယ်ကြောင့် လူများ အသက်ရှင်နေကြသည်၊ လူသားကံကြမ္မာကို မည်သူ ချမှတ်သည်ဆိုသည်နှင့် လူသားတို့ တည်ရှိခြင်းအတွက် အဘယ်သူ ပံ့ပိုးပြီး အချုပ်အခြာအာဏာ ရှိသည်ဆိုသည်တို့ ဖြစ်သည်ကိုသိမြင်လာသည်။ ဤအသိပညာသည် လူအသက်ရှင်သည့် စစ်မှန်သည့် နည်းလမ်း၊ လူသား ရှင်သန် ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံဖြစ်လေသည်။ မိသားစုကို မည်သို့ထောက်ပံ့ရမည် သို့မဟုတ် ကျော်ကြားမှုနှင့် ချမ်းသာမှုကို မည်သို့ ရယူရမည် စသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ တစ်ခြားလူတွေထက် မည်သို့ထူးချွန်အောင်နှင့် အောင်မြင်စွာပြီးမြောက်အောင် မည်သို့လုပ်ရမည်ကို သင်ယူခြင်း ဖြစ်ဖို့နေနေသာသာ၊ လူအုပ်ထဲမှ မည်သို့ထင်ပေါ်အောင် လုပ်ရမည် သို့မဟုတ် ပိုပြီး ချမ်းသာသည့် ဘဝကို မည်သို့နေထိုင်ရမည် ဆိုသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ ဇိမ်ခံစရာများကို အလျှံပယ် ပေးနိုင်သော်လည်း နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို နှလုံးသားဆီသို့ ဘယ်သောအခါမှ မဆောင်ကြဉ်းပေ၊ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေလေသည်။ ဤရှင်သန်ရေး ကျွမ်းကျင်မှုများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ အုံ့ပုန်း ပူဆွေးသောကတစ်ခုကို ဖန်တီးလေသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့ လူတိုင်းကို တစ်ဘဝလုံးစာ ထိုက်တန်သည့် အခွင့်အလမ်းများပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံသည်။ သို့တိုင် တစ်ဦးတစ်ယောက်သည် အလင်းကို စမြင်လာသည်မှာ သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက ဘွားခနဲ ပေါ်လာသည့်အခါမှသာ ဖြစ်သည်- ထိုအခါ အလွန်နောက်ကျသွားပြီဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))

ကျွန်တော့် စိတ်နှလုံးက ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှု ပြီးနောက်တွင် အားတက်လာခဲ့ပြီး၊ ကျွန်တော်တို့က မိမိတို့၏ မိသားစုများကို ကျွေးမွေးဖို့နှင့် ကြီးပွားချမ်းသာဖို့အတွက် သို့မဟုတ် အခြားသူများ၏ မနာလို ဖြစ်ခံရရန် နှင့် အထင်ကြီးခံရရန်တို့အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ် တို့ကို ရှာဖွေလျက် သာမညောင်ည ဘဝများကို အသက်ရှင်နေထိုင်နိုင်ရန် ဤကမ္ဘာမြေပေါ်တွင် နေထိုင်ခြင်းသာ မဟုတ်သည်ကို ကျွန်တော် နားလည် ခဲ့သည်။ လူသားများဖြစ်သည့် ကျွန်တော်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း များဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းတို့ ဖြင့်သာလျှင်၊ သမ္မာတရားကို ရှာဖွေ လိုက်စားပြီး နားလည်သဘောပေါက်ခြင်း ဖြင့်သာလျှင်၊ ဘုရားသခင်ကို သိကျွမ်းခြင်းရရှိပြီး၊ ကျွန်တော်တို့ ဘဝများတွင် အရာအားလုံးကို ဘုရားသခင်က အုပ်စိုးကြောင်းနှင့် ကျွန်တော်တို့၏ ကံကြမ္မာ များသည် သူ့လက်တော်ထဲတွင်ရှိကြောင်းတို့ကို ရှင်းလင်းစွာ နားလည် သဘောပေါက်မှသာလျှင် ကျွန်တော်တို့က သူ့အုပ်စိုးမှုနှင့် စီစဉ်မှုများကို အမှန်တကယ် နာခံနိုင်ပြီး၊ မိမိကိုယ်ကိုယ် သူ့နှုတ်ကပတ်တော်များအတိုင်း ပြုမူကျင့်ကြံနိုင်မည်ဖြစ်သည်။ ၎င်းမှာ အဓိပ္ပါယ်နှင့် တန်ဖိုးတို့ဖြင့် အသက်ရှင် နေထိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ၎င်းမှာ ဤအသက်တာကို အချည်းနှီး အသက်မရှင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက လွယ်သယောင်ပြုထားသော ယုံကြည်မှုမျိုး တစ်ခု ဖြစ်ကြောင်းနှင့် ကျွန်တော့် မိသားစုအတွက် ငွေရှာခြင်းသည် ကျွန်တော့် ဘဝတွင် လုပ်သင့်သည့် အရာဖြစ်ကြောင်း ယခင်က ကျွန်တော် ခံစားခဲ့ရ သည့်ပုံကို ပြန်ပြောင်း တွေးကြည့်မိသည်။ အသက်အန္တရာယ်ရှိသည့် နာမကျန်း ဖြစ်ခြင်းရှိလာသည့် အချိန်မှသာလျှင်၊ နောက်ဆုံး ကျွန်တော် နိုးထခဲ့သည်။ ကျွန်တော်တို့ ငွေမည်မျှရှာသည် ဖြစ်စေ၊ ကျွန်တော်တို့ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ ကျွန်တော်တို့ နာမကျန်းဖြစ်သည့် အချိန်တွင် ထိုအရာများက ကျွန်တော်တို့၏ ဆင်းရဲဒုက္ခ သို့မဟုတ် ကျွန်တော်တို့ စိတ်နှလုံးထဲမှ အကြောက်တရားနှင့် ခိုကိုးရာမဲ့ခြင်းတို့ကို မသက်သာစေနိုင်ပါ။ သေမင်းတံခါးဝတွင် ငွေကြေး၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းတို့သည် ကျွန်တော်တို့၏ အသက်များကို ကျွန်တော်တို့ကို ပြန်မပေးနိုင်သကဲ့သို့၊ ကျွန်တော်တို့၏ အသက်ရှည်ခြင်းကို မတိုးပေးနိုင်ပါ။ ကျွန်တော် ဘုရား သခင်၏ ကျေးဇူးတော်ချီးမွမ်းမိပါသည်- ကျွန်တော်က နာမကျန်ဖြစ်ခြင်းကို ရင်ဆိုင်ရပြီး၊ အလွန်ကြောက်ကာ၊ ခိုကိုးရာမဲ့နေချိန်တွင် သူ၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် ကျွန်တော့်ကို ယုံကြည်မှုနှင့် ခွန်အားတို့ ပေးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ လာမည့်အရာအားလုံးကို ကျွန်တော် တည်ငြိမ်စွာ ရင်ဆိုင်ရနိုင်ရန် မှီခိုဖို့ အရာတစ်ခုကို ကိုယ်တော်က ကျွန်တော့်ကို ပေးခဲ့သည်။ အထူးသဖြင့် ကျွန်တော့် ခွဲစိတ်မှုကို အဟန့်အတား တစ်ခုမျှမရှိဘဲ ကျော်ဖြတ်ခွင့်ပြုခဲ့သည်မှာ ဘုရားသခင်၏ စောင့်ရှောက်မှု နှင့် ကွယ်ကာမှုတို့ သာလျှင် ဖြစ်သည်။ ထိုအတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်သည် စစ်မှန်ပြီး အသက်ရှင်နေကြောင်း၊ ကိုယ်တော်သည် အချိန်မရွေး ကျွန်တော်တို့၏ အကူအညီနှင့် အားပေးမှုဖြစ်နိုင်ကြောင်းနှင့်၊ ကိုယ်တော်သည် ကျွန်တော်တို့၏ ခိုင်မာသော အထောက်အပံ့လည်း ဖြစ်ကြောင်းတို့ကို ကျွန်တော် အမှန် တကယ် ခံစားလာရသည်။ လူသားများအနေဖြင့် ကျွန်တော်တို့၏ ဘဝ တစ်လျှောက် အလိုက်စား သင့်ဆုံးအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းတို့ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုကို ကျွန်တော်တို့ နားလည်ပြီး ကျိုးနွံနာခံသင့်သည်။ ၎င်းမှာ ကျွန်တော်တို့ စိတ်ဝိညာဉ်များ အလိုအပ်ဆုံးအရာဖြစ်ပြီး၊ ကျွန်တော်တို့ ရှာဖွေလိုက်စားသင့်သည့် အဓိပ္ပါယ် အရှိဆုံး ဘဝဖြစ်သည်။ ထိုအတွေ့အကြုံက ဘုရားသခင်ကို ယုံကြည်ခြင်းသည် လွယ်သယောင်ပြုထားသော ယုံကြည်မှုမျိုးတစ်ခု ဖြစ်သည်ဆိုသည့် ကျွန်တော် ၏ မှားယွင်းသော ထင်မြင်ချက်ကိုလည်း ပြောင်းလဲစေခဲ့ပြီး၊ ကျွန်တော့် ဇနီးနှင့်အတူ ကျွန်တော့် ယုံကြည်မှုကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖတ်ရှုဖို့ နှင့် သမ္မာတရားကို ရှာဖွေလိုက်စားခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို လျှောက်ဖို့ ကျွန်တော် သန္နိဌာန်ချခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများက ကျွန်တော် နာမကျန်းဖြစ်သည်ကို ကြားသောကြောင့် ဆေးရုံတွင် ကျွန်တော်ထံ လူနာသတင်းလာမေးကြသည်။ ကျွန်တော် အချိန်အတော်ကြာ အလုပ်မလုပ်နိုင်ဘဲ၊ ကျွန်တော့် မိသားစုက မည်သည့်ဝင်ငွေ ရပေါက်မျှမရှိ သည်ကို သူတို့ သိရသည့်အချိန်တွင်၊ အခက်အခဲထောက်ပံ့ကြေးအတွက် ကျွန်တော့်ကို ကူညီ လျှောက်ထားပေးပြီး၊ ကျွန်တော့် ဆေးကုသမှု ကုန်ကျစရိတ် အများစု ရင်းစားရငွေအတွက် ကူညီလျှောက် ထားပေးခဲ့သည်။ အေးစက်ပြီး ဂရုစိုက်မှုမရှိသော လူ့အဖွဲ့အစည်းတစ်ခုတွင် ကျွန်တော်တို့က မိသားစုဝင်ဖြစ်သကဲ့သို့ ညီအစ်ကို မောင်နှမများထံမှ ရိုးသားသော အကူအညီ ရခြင်းက ကျွန်တော့်ကို နွေးထွေးသည့် ခံစားချက်တစ်ခု အမှန်တကယ် ပေးခဲ့သည်။ သူတို့နှင့် အချိန်အတော်ကြာ အဆက်အသွယ်ရှိပြီးနောက်၊ သူတို့အားလုံးသည် အခြားသူများကို အပြန်အလှန် ဆက်ဆံရာတွင် ဘုရားနှုတ်ကပတ်တော်များကို မှီခိုသည့် အလွန်အမင်း ကြင်နာသောသူများ ဖြစ်ကြောင်း၊ အခြားလူများကို ရိုးသားစွာ ဆက်ဆံကြောင်း၊ သူတို့ စကားများ နှင့် လုပ်ရပ်များတွင် တည်ကြည်ပြီး သိက္ခာရှိကြောင်း နှင့် သူတို့၏ လူ့သဘာဝနှင့် သူတို့ဘဝကို အသက်ရှင်သည့် နည်းလမ်းတို့က ခရစ်ယာန်များ အတွက် ဖြစ်သင့်သည့်အတိုင်း အတိအကျပင် ဖြစ်ကြောင်းတို့ကို ကျွန်တော် တွေ့ခဲ့ရသည်။ သူတို့က ကျွန်တော် အလုပ်အတူလုပ်ခဲ့သည့် သူများနှင့် လုံးလုံးကွဲပြားသည်- ကမ္ဘာပေါ်တွင် သူတို့ကဲ့သို့သော လူများရှိခဲလှသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် လူများကို အမှန် တကယ် ပြောင်းလဲစေနိုင်ပြီး၊ ကျွန်တော်တို့ကို မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ လမ်းပြနိုင်သည်ဟု ကျွန်တော်ခံစားရပြီး၊ ဤအသင်းတော်သည် ချစ်ခြင်းမေတ္တာအပြည့်ရှိကြောင်းနှင့် ထိုအသင်းတော်က လူများကို ကြီးစွာသော နွေးထွေးမှု အသိစိတ်တစ်ခုပေးကြောင်း ကျွန်တော် ခံစားရသည်။

ကျွန်တော်က ယခင်က တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ မုသားများ အားဖြင့် ကျွန်တော် ကြောင်းကျိုးမမြင်တော့ဘဲ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေဖို့ သို့မဟုတ် စုံစမ်းစစ်ဆေးဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီး၊ ကျွန်တော့် ဇနီး၏ ယုံကြည်မှုကိုပင် ပိတ်ပင်ခဲ့သည့် အချိန်ကို ပြန်စဉ်းစားမိခဲ့သည်၊ သို့သော်လည်း ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်ဖို့ ကြိုးစားရာတွင် အရှုံးမပေးခဲ့ပါ။ ကျွန်တော့်ကို ညီအစ်ကို မောင်နှမများဖတ်ပြသည့် သူ့နှုတ်ကပတ်တော်များနှင့် ကျွန်တော့်အတွက် ဖွင့်ပြသည့် ဗီဒီယိုများကို အသုံးပြုကာ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ မုသားများကို ကျွန်တော့်အား ဘုရားသခင်က ရိပ်စားမိစေပြီး၊ ၎င်းတို့ နောက်ကွယ်က အန္တရာယ်ပြုနိုင်သည့် အမှန်တရားကို သိသာထင်ရှားစွာ မြင်ခွင့်ပြုခဲ့သည်။ ကျွန်တော်က ကျွန်တော့်ခွဲစိတ်မှု၏ရလဒ်နှင့်ပတ်သက်ပြီး စိတ်ပူပြီး၊ အကြောက်တရားတွင် အသက်ရှင်နေသည့်အချိန်တွင်၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့ သည်၊ ထိုနှုတ်ကပတ်တော်များက ကျွန်တော့်ကို ယုံကြည်မှုနှင့် ခွန်အားတို့ ပေးခဲ့သည်၊ ပြီးလျှင် ကျွန်တော့်၏ မှားယွင်းသော အမြင်ရှုထောင့်များကို ပြင်ပေးခဲ့သည်။ ခွဲစိတ်မှုနောက်ပိုင်း ကျွန်တော် အလုပ်မလုပ်နိုင်သည့် အချိန်တွင် ညီအစ်ကိုမောင်နှမများမှတစ်ဆင့် ဘုရားသခင်က ကျွန်တော့်ကို ကူညီပြီး အားပေးခဲ့သည်။ ကျွန်တော်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့အပြင်၊ သူ့နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် အဖိုးတန်မှုတို့ကိုလည်း တွေ့ကြုံခံစားခဲ့ရပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော် အလွန်ဝမ်းမြောက်စွာ လက်ခံခဲ့သည်။ ယခုအခါတွင် ကျွန်တော့် ဇနီးနှင့်အတူ မကြာခဏ ဝတ်ပြုစုဝေးပွဲများ တက်ရောက်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ကာ၊ ကျွန်တော့် စိတ်နှလုံးက ကျေနပ်ကာ၊ ဝမ်းမြောက်ခြင်း အပြည့်ရှိသည်။ ကျွန်တော့်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကိုကျွန်တော် ချီးမွမ်းပါ သည်။

အရှေ့သို့- ၁၉။ “ခိုတမန်လေး” တစ်ကောင်က အရေးကြီးသော သတင်း ဆောင်ကြဉ်းလာသည်

နောက်တစ်ခုသို့- ၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။