၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှား

ကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က တိုးလာခဲ့သည်။ ဆင်းရဲဒုက္ခက ကျွန်မဘဝအပေါ် ရုတ်တရက် ကျရောက်ခဲ့သော်လည်း သခင့်၏ ချစ်ခြင်းမေတ္တာက ကျွန်မနှင့်အတူ တစ်လျှောက်လုံး ရှိခဲ့ပြီး၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများ၏ အကူအညီဖြင့် ဤခက်ခဲသော အချိန်ကာလကို ကျော်ဖြတ်ခဲ့သည်။ သခင့်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်၊ အလှူအတန်းများကို ကျွန်မ ဆက်လုပ်ခဲ့ပြီး အသင်းတော်ကို အစေခံခဲ့ကာ ထိုသို့ အနှစ်သုံးဆယ်ကျော် ကျွန်မ လုပ်ဆောင်နေခဲ့သည်။ ဤအချိန်တွင်၊ အသင်းတော်၏ ရှင်သန်ခြင်းကို ကျွန်မ တွေ့ကြုံပြီးပြီဖြစ်ကာ၊ သခင်ယေရှု၏ ဧဝံဂေလိတရား ပျံ့နှံ့ခြင်း၏ မွန်မြတ်သော အဖြစ်အပျက်ကို မြင်ပြီးဖြစ်သည်။ အသင်းတော်ထဲက ပျက်စီးယိုယွင်းခြင်းနှင့် အကူအညီမဲ့ခြင်းတို့ကိုလည်း ကျွန်မ မျက်မြင်တွေ့ကြုံပြီးဖြစ်သည်။ အသင်းတော်ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်က ကြီးမားသော အမှု ပြုဖို့စတင်ခဲ့သည့် အချိန်၊ သင်းအုပ်ဆရာ၏ တရားဟောချက်များကို နားထောင်ခြင်းမှ ပျော်မွေ့မှုတွေ့ကြုံခံစားရပြီး များစွာအကျိုးရရှိခဲ့သည့်အချိန်ကို ကျွန်မ ပြန်တွေးမိခဲ့သည်။ ကျွန်မတို့အားလုံး မိသားစုတစ်စုဖြစ်ကြသည့်အလား ညီအစ်ကို မောင်နှမများကြားတွင် အပြန်အလှန်ချစ်ခြင်းမေတ္တာ ရှိခဲ့ပြီး ဧဝံဂေလိဖြန့်ဝေပြီး သခင့်အတွက် သက်သေခံရာတွင် အယောက်တိုင်းက စည်းလုံးခဲ့ကြသည်။ နောက်ပိုင်းတွင် မည်သည့်အရာ ဖြစ်ခဲ့သည်ကို မသိရဘဲနှင့်၊ သင်းအုပ်ဆရာ ဟောပြောသည့်အရာထဲတွင် မည်သည့် သိမြင်မှုမှ မရှိတော့ပါ။ အရာရာတိုင်းက ဇာတ်လမ်းဟောင်းကို အကြိမ်ကြိမ် ထပ်တလဲလဲ ပြောဆိုသကဲ့သို့သာ ဖြစ်ခဲ့ပြီး ယုံကြည်သူများအနေဖြင့် မည်သည့် အာဟာရ သို့မဟုတ် အထောက်အပံ့မှ တကယ်ကို မရရှိခဲ့ကြပါ။ သူတို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့က တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး ဝတ်ပြုအစည်းအဝေးကိုလာသည့် လူများ နည်းသထက် နည်းလာခဲ့သည်။ ဝတ်ပြုအစီအစဉ်တွင် ပါဝင်ကြသည့် ကျွန်မတို့သည်လည်း ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြကြလေသည်။ ကျွန်မတို့အားလုံးက အမှုတော်လုပ်ငန်းထဲက လူတို့၏ ဆန္ဒများအတိုင်း ပြုမူကြပြီး ဘုရားသခင်ကို အစေခံခြင်းတွင် လုံးဝ မရှိခဲ့ကြဘဲ၊ ယင်းထက် အခြားလူတို့ရှေ့တွင် မိမိတို့ကိုယ်ကိုယ် အသုံးခံပြီး သူတို့ကို ကျေနပ်စေဖို့ ကြိုးစားကြလေသည်။ ဤသို့ အစေခံခြင်းမျိုးက ဘုရားသခင်၏ အလိုတော်နှင့် မညီမှန်း ကျွန်မ သိခဲ့သည်၊ ထို့ကြောင့် ကျွန်မအတွက် ထိုအရာက အလွန်နာကျင်စရာဖြစ်ခဲ့သည်။ ကျွန်မရှေ့ရှိ လမ်းကြောင်းကို မည်သို့ လျှောက်လှမ်းရမည်ကို မသိဘဲနှင့်၊ ကူကယ်ရာမဲ့ခြင်းကိုလည်း ကျွန်မ ခံစားခဲ့ရသည်။ ထို့ကြောင့် ဤပြဿနာအားလုံး ပြေလည်သွားနိုင်ဖို့အလို့ငှာ ဖြစ်နိုင်သမျှ မြန်မြန် သခင်ပြန်ကြွလာဖို့အတွက် ကျွန်မ လုံးဝ ပို၍ မျှော်လင့်ခဲ့သည်။

ကျွန်မ ဘာလုပ်ရမှန်းမသိ ခံစားနေရသည့်အချိန်တွင်ပင်၊ ၂၀၁၆ ခုနှစ်၌ နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ကျွန်မ လေ့လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ကျွန်မ ဖတ်ရှုခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများ မိတ်သဟာယပြုခဲ့သည့်အရာနှင့် သူတို့ သက်သေခံခဲ့သည့်အရာတို့ကို နားထောင်ခဲ့ကာ၊ နောက်ဆုံးတွင် သခင်ယေရှုက သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြဖို့နှင့် ဘုရားသခင်၏ အိမ်တော်မှ အစပြုသော နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ဖို့ ဟိုးအရင်ကတည်းက လူ့ဇာတိခံခဲ့ပြီး ကမ္ဘာလောကထဲသို့ ကြွလာပြီးဖြစ်ကာ၊ သူက လူသားမျိုးနွယ်ကို လုံးဝ သန့်စင်စေပြီး ကယ်တင်ဖို့နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ဖို့ရန် ဤအရာအားလုံး လုပ်ဆောင်နေခဲ့သည်ကို ကျွန်မ နားလည်ခဲ့သည်။ အနန္တ တန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်က နှစ်များစွာကြာ ကျွန်မ တွေးတောခဲ့သည့် သခင့်၏ ပြန်ကြွလာခြင်း နက်နဲမှုကို ကျွန်မအဖို့ ရှင်းလင်းသွားစေခဲ့သည်။ သခင့်၏ ပြန်ကြွ လာခြင်းက ကွယ်ဝှက်သည့် ဆင်းသက်မှုနှင့် ပွင့်ပွင့်လင်းလင်း ကြွလာမှုဟူ၍ ပုံစံနှစ်မျိုးအဖြစ် ခွဲခြားထားသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ သခင်သည် ပထမဦးစွာ သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြဖို့နှင့် လူကို တရားစီရင်ပြီး သန့်ရှင်းစေဖို့၊ ပြီးလျှင် ကပ်ဘေးများမတိုင်မီ အောင်မြင်သော သူများ အုပ်စုတစ်စုကို လုပ်ဆောင်ဖို့ ကွယ်ဝှက်သည့် ဆင်းသက်မှုတွင် လူသားအဖြစ် လူ့ဇာတိခံလာခဲ့သည်။ ကြီးမား သည့် ကပ်ဘေးများ ကျရောက်သည့်အခါ၊ ကောင်းမြတ်သော သူများကို သူက ဆုပေးပြီး ဆိုးယုတ်သော သူတို့ကို အပြစ်ပေး မည်ဖြစ်ကာ၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးဆီ ပေါ်ထွန်း လျက် သူသည် ပွင့်ပွင့်လင်းလင်း ကြွလာမည်ဖြစ်သည်။ ထိုအချိန်တွင်၊ ကွယ်ဝှက်သော ဆင်းသက်မှု၌ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်သည် အဆုံးသတ်နှင့်ပြီး ဖြစ်လိမ့်မည် ဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ပြီး ရှုတ်ချသူအားလုံးသည် များစွာ ငိုကြွေးကာ အံသွားခဲကြိတ်လျက်နှင့် ကပ်ဘေးများကို ကြုံရလိမ့်မည်။ ညီအစ်ကို မောင်နှမများက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အဓိပ္ပါယ်နှင့် နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို မည်သို့ဆောင်ရွက် သည် ဆိုသည့် သမ္မာတရားများ ကိုလည်း ကျွန်မကို မိတ်သဟာယပြုပေးခဲ့ကြသည်။ ထို့နောက် ယခင်က အသင်းတော်ကို အစေခံရာတွင် အဘယ်ကြောင့် ကျွန်မတို့ ဘုရားသခင်၏ လမ်းပြမှု မရှိခဲ့သည်ဆိုသည်နှင့်၊ သမ္မာကျမ်းစာ ဖတ်ရှုရာတွင်၊ ဆုတောင်းရာတွင်နှင့် သမ္မာကျမ်းစာ လေ့လာရာတွင် အဘယ်ကြောင့် ကျွန်မတို့အတွက် ရှေ့ဆက်ရန် လမ်းကြောင်း မရှိခဲ့ရသည်တို့ကို ကျွန်မ နားလည်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ကို အဘယ်ကြောင့် ကျွန်မတို့ မခံစားခဲ့ရသည်ကို ကျွန်မ နားလည် ခဲ့သည်။ ဘုရားသခင်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဆောင်ကြဉ်းလျက်၊ အမှုသစ်ကို ဆောင်ရွက် နှင့်ပြီးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ကျေးဇူးတော် ခေတ်၏ အသင်းတော်အတွင်းတွင် အမှုမပြုတော့ပါ၊ ထို့ကြောင့် လူတို့၏ စိတ်ဝိညာဉ်များသည် ခြောက်သွေ့ညိုးနွမ်းခဲ့ပြီး အမှောင်ကြီးထွားခဲ့သည်၊ မည်သည့် ဝမ်းမြောက်မှု သို့မဟုတ် ရောင့်ရဲမှုမှ မရှိသလို၊ သူတို့၏ ဝိညာဉ်ရေးရာ အသက်တာ များတွင် မည်သည့်အာဟာရကိုမျှ မရရှိနိုင်ကြပါ။ ဘုရားသခင် ၏ လမ်းပြမှုနှင့် လမ်းညွှန်မှုတို့ကြောင့် ဘုရားသခင်၏ အသံတော်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ထဲတွင် ကျွန်မ သတိပြုနိုင်ခဲ့ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်မ ပျော်ရွှင်စွာ လက်ခံခဲ့သည်။ ထို့နောက်တွင်၊ ညီအစ်ကို မောင်နှမများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အွန်လိုင်းတွင် ကျွန်မနှင့် အတူ မကြာခဏ ဝေမျှကြလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် ရုပ်ရှင်များ၊ သံစုံအက ဗီဒီယိုများနှင့် တေးဂီတ ဗီဒီယိုများကို မြင်ရခြင်းက ကျွန်မကို ကြီးမားသည့် အာဟာရပေးခဲ့ပြီး ကျွန်မကို သူ၏ ပလ္လင်တော်ရှေ့သို့ ဦးဆောင်ခြင်းအတွက် ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ထိန်းကျောင်းခံရခြင်းနှင့် အားဖြစ်စေခြင်း တို့ကို ကျွန်မ မွေ့လျော်ခဲ့ပြီး၊ ဘုရားသခင်နှင့်အတူ မျက်နှာချင်းဆိုင် အသက်ရှင်ခြင်း၏ အလွန့်အလွန် ပျော်ရွှင်သော အသက်တာတစ်ခုထဲ ကျွန်မ ဝင်ရောက်ခဲ့သည်။

တစ်နေ့တွင်၊ အသင်းတော်ထဲက သင်းအုပ်ဆရာများထဲမှ သင်းအုပ်ဆရာတစ်ပါး၏ ဇနီးက ကျွန်မကို၊ “အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ ပို့စ်တစ်ခုကို ရှင် ဘာလို့ Like ပေးတာလဲ။ အဲဒါကို ရှင့်ရဲ့ Timeline မှာ တင်ဖို့လည်း ရှင်ခွင့်ပြုတယ်၊ ပြီးတော့ အဲဒီလိုလုပ်ဖို့ သခင့်အလိုတော်နဲ့ ဆန့်ကျင်တယ်ရှင့်။ ကျွန်မတို့ရဲ့ အသင်းသားတွေက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းအကြောင်း ပို့စ်ကို တွေ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စိတ်ဝင်စားလာခဲ့ရင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းဆီ သူတို့ သွားပြီး ဖတ်ကြလိမ့်မယ်၊ အဲဒီလိုဆိုရင် ကျွန်မတို့ ဘာလုပ်မှာလဲ။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက လူတွေနဲ့ ရှင် နောက်ထပ်အဆက်အသွယ် လုပ်လို့မဖြစ်ဘူး။ သူတို့ရဲ့ ဆက်သွယ်ရမယ့် သတင်းအချက်အလက်တွေကို ရှင် ချက်ချင်း ဖျက်သင့်တယ်...” ဟု ပြောသည့် စာတိုတစ်ခု မမျှော်လင့်ဘဲ ကျွန်မဆီကို ပေးပို့ခဲ့သည်။ ကျွန်မက ပြန်ဖြေခဲ့သည်- “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဧဝံဂေလိ ရုပ်ရှင်တွေ၊ ဓမ္မသီချင်းတွေနဲ့ တေးဂီတဗီဒီယိုတွေက အားလုံး အတော်ကောင်းတယ်၊ ပြီးတော့ အဲဒါတွေဆီကနေ ကျွန်မ အကျိုးအများကြီးရပြီးပြီ။ Like တစ်ခု ကျွန်မ ပေးသင့်ပါတယ်။” နောက်ထပ် စာများကို သင်းအုပ်ဆရာ၏ ဇနီးထံ ကျွန်မ ပေးပို့ချင်ခဲ့သော်လည်း၊ ကျွန်မ၏ စာမပြီးခင်မှာပင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို တိုက်ခိုက်ပြီး ရှုတ်ချသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်သည့် အရာများစွာ ပြောခဲ့လေသည်။ သခင့်၏ ပြန်ကြွလာခြင်းတည်းဟူသော ဤကြီးမြတ်သည့် ကိစ္စကို လေ့လာဆန်းစစ်ရန် မည်သို့မျှ ဆန္ဒမရှိဘဲ သူ သင့်တော်သည်ဟု မြင်သည့် မည်သည့် ဝေဖန်မှုများနှင့် ရှုတ်ချသည့် မှတ်ချက်များကိုမဆို လုပ်ဆောင်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ဤအရာကို သူနှင့်အတူ ကျွန်မ နောက်ထပ် မဆွေးနွေးချင်တော့သောကြောင့် အကြောင်းအရာကိုသာ ကျွန်မ ပြောင်းလိုက်သည်။

ဤအရာ ဖြစ်ပျက်ပြီးနောက် ရက်အနည်းငယ်အကြာတွင်၊ သင်းအုပ်ဆရာ ယန်က ဆွေးနွေးမှုတစ်ခု လုပ်ဖို့ ကျွန်မကို လာရှာခဲ့သည်။ အာလာပသလ္လာပအချို့ကို ပြောဆိုပြီးနောက်၊ သင်းအုပ်ဆရာယန်က၊ “အွန်လိုင်းမှာ တခြား ဘာသာရေး အုပ်စုတစ်ခုခုကို လေ့လာကြည့်သေးလား” ဟု မေးလေသည်။ ထိုသို့သော မေးခွန်းတစ်ခုကို သင်းအုပ်ဆရာယန်က အဘယ်ကြောင့် ကျွန်မကို မေးသည်ကို ကျွန်မ မသိခဲ့ပါ၊ ကျွန်မက “ဖေ့စ်ဘုတ်ပေါ်က ကျွန်မရဲ့ သူငယ်ချင်းတွေက မတူညီတဲ့ ဂိုဏ်းဂဏတွေအများကြီးမှာ ရှိကြတယ်၊ ပြီးတော့ သူတို့ တင်တဲ့ ဆောင်းပါးတွေက မှန်ကန်ပြီး ကောင်းတယ်လို့ ကျွန်မ ထင်ရင်၊ အဲဒါတွေကို နားလည်ဖို့ ကျွန်မ အမြဲကြိုးစားပြီး အဲဒါတွေထဲမှာ သိမြင်မှုအသစ်တစ်ခုတစ်လေ ရှိမရှိ ကျွန်မ ကြည့်တယ်။ ဒါကို လုပ်တာ မှားတယ်လို့ ရှင်ပြောနေတာလား” ဟု ပြောလိုက်သည်။ သင်းအုပ်ဆရာက ကျွန်မကို၊ “အစ်မက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းဆီကို ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက ပြောင်းလဲသွားခဲ့တာလား။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ဘာလို့ လေ့လာဆန်းစစ်ချင်တာလဲ။ ပြီးတော့၊ဒီလူကို (နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့သူ၊ သူ၏ ဓါတ်ပုံများ အတင်ခံခဲ့ရပြီး သူ၏ မူလအသင်းတော် သင်းအုပ်ဆရာ၏ ရှုတ်ချမှုနှင့် စွန့်ပစ်မှုကို ခံခဲ့ရသူ ညီအစ်မတစ်ဦး) အစ်မ မကြာခဏ သွားရှာကြည့်သလား” ဟု ကျွန်မကို တစ်ဖန် မေးလေသည်။ သင်းအုပ်ဆရာ ယန်ထံမှ တရစပ် မေးခွန်းများကို ကြားရသည့်အခါ၊ ကျွန်မ စတင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး၊ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ကောင်းပါတယ်၊ ပြီးတော့ အဲဒီအသင်းတော်ထဲမှာ သမ္မာတရားနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော် ရှိတယ်။ သမ္မာတရားနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော် ရှိတဲ့ ဘယ်နေရာမဆို ကျွန်မ တောက်လျှောက် လိုက်နေမယ်၊ ပြီးတော့ ဒါက မှန်ကန်တဲ့အရာပါ။ ကျွန်မတို့အသင်းတော်ထဲမှာ သိမြင်မှုအသစ် မရှိသလို ကျွန်မရဲ့ စိတ်ဝိညာဉ်က မှောင်လာပြီး အဲဒီမှာ ဘာအာဟာရမှ မတွေ့နိုင်ဘူး။ ကျွန်မရဲ့ အသက်တာက သမ္မာတရားရဲ့ အာဟာရကို ရရှိနိုင်တဲ့နေရာ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ရှိတဲ့ အသင်းတော်တစ်ခုကို ကျွန်မ ရှာချင်တယ်။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ သွန်သင်မှုတွေက ကျွန်မကို စွဲဆောင်နိုင်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရားပဲ။ အဲဒါတွေက ကျွန်မကို အာဟာရ ရခွင့်ပေးတယ်။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို လေ့လာဆန်းစစ်တာ ကျွန်မ မမှားဘူး၊ ပြီးတော့ ကျွန်မက အဲဒီလို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိပါတယ်” ဟု ပြောလိုက်သည်။ သင်းအုပ်ဆရာ ယန်က၊ “အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက လူတွေ ဟောတာက ကျမ်းစာကို ကျော်လွန်ပြီးတော့၊ သမ္မာကျမ်းစာထဲမှာ ရှိတဲ့အရာတွေကလွဲပြီး ဘုရားသခင်ရဲ့ တခြား နှုတ်ကပတ်တော်တွေ မရှိပါဘူး။ သူတို့ ဟောတဲ့အရာက ကျမ်းစာကနေ သွေဖည်ရင် အဲဒါ မှားတာပဲ” ဟု ပြောလေသည်။ ကျွန်မက၊ “အဲဒါကိုပဲ တရားဟောဆရာတစ်ယောက် ပြောတာကို တစ်ခါတုန်းက ကျွန်မ ကြားခဲ့တယ်၊ ပြီးတော့ ကျွန်မ ကိုယ်၌က အဲဒီ ရှုထောင့်အမြင် ရှိခဲ့တယ်။ ဒါပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမတွေ မိတ်သဟာယပြုတဲ့အရာကို ကြားပြီးတဲ့နောက်မှာ၊ ဒီအမြင်က ကျွန်မတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေပဲဖြစ်တယ်ဆိုတာ ကျွန်မ သိလာရတယ်။ ဒါက သမ္မာတရားနဲ့ လုံးဝ မကိုက်သလို အချက်အလက်တွေနဲ့ မကိုက်ဘူး။ ဘုရားသခင်က အရာအားလုံးကို လွှမ်းခြုံပြီး ဉာဏ်ပညာမှာ ကြွယ်ဝတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို ကျွန်မတို့က ကျမ်းစာနဲ့ပဲ ဘယ်လိုဖြစ်ပြီး ဘောင်ခတ်နိုင်ရတာလဲ။ သမ္မာကျမ်းစာက ပြောတယ်- ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) သမ္မာကျမ်းစာထဲမှာ မှတ်သားထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က အတိုင်းအတာအရ အရမ်းကန့်သတ်လွန်းတယ်ဆိုတာ ဒီမှာ ကျွန်မတို့ မြင်နိုင်တယ်။ ပြန်ကြွလာတဲ့ သခင် ပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေကို မဆိုထားနဲ့၊ အဲဒီအချိန်က သခင်ယေရှု ပြောခဲ့တာတွေအားလုံးကိုတောင် ကျမ်းစာထဲမှာ ရေးမချထားခဲ့ဘူး။ အဲဒါအပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က သခင်ယေရှု ချခင်းထားခဲ့တဲ့ အခြေခံအုတ်မြစ်အပေါ်မှာ တည်ဆောက်ထားတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ သခင်ယေရှုရဲ့ အမှုတော်တွေက ဘုရားသခင် တစ်ပါးတည်းရဲ့ အမှုတော်ဖြစ်တယ်...” ဟု ပြောလိုက်သည်။ သင်းအုပ်ဆရာယန်က ကျွန်မ ပြောသည့် စကားတစ်ခွန်းမျှ နားမထောင်ခဲ့သလို ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းကို မည်သို့မျှ စိတ်မဝင်စားခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြီး ရှုတ်ချသည့် အရာများကိုသာ ဆက်ပြောခဲ့ပြီး၊ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဝဘ်ဆိုက်အကြောင်းကို အစ်မက ဘယ်လို သိသွားတာလဲ။ အစ်မဆီမှာ သူတို့ရဲ့ စာအုပ်တွေ ရှိလား။ တခြားတစ်ယောက်ယောက်ဆီ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို အစ်မ ဟောပြီးပြီလား။ အစ်မရဲ့ ကလေးတွေဆီမှာ ဟောပြီးပြီလား။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက လူတွေရဲ့ နာမည်တွေကို ကျွန်တော့်ကို ပေး...” ဟု သူက ကျွန်မကို ပြောလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ လူများနှင့်အတူ ဝတ်ပြုအစည်းအဝေးကို တစ်ဖန် ဘယ်တော့မှ မတက်တော့ရန်လည်း ကျွန်မကို တောင်းဆိုခဲ့သည်။ သူ့ကို ကျွန်မ နားမထောင်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ဆက်လက် ဆက်သွယ်ခဲ့လျှင်၊ အသင်းတော်မှ ကျွန်မကို သူ နှင်ထုတ်မည်၊ ကျွန်မကို မည်သည့်အသင်းတော်ကိုမျှ တစ်ဖန် သွားခွင့် လုံးဝပြုတော့မည်မဟုတ်သလို ကျွန်မ၏ နာမည်ဂုဏ်သတင်းကို လုံးလုံးလျားလျား အပုပ်ချမည်ဖြစ်သည်။ ကျွန်မ ရှေ့တည့်တည့်တွင် မြင်ရသည့် သင်းအုပ်ဆရာ ယန်အားဖြင့် ကျွန်မ အံ့အားသင့်သွားခဲ့ရသည်။ အမြဲ အလွန်သဘောကောင်းပြီး နှိမ့်ချသလို အမြဲ အင်မတန် နူးညံ့သည့် စကားများကို ပြောသည့် သင်းအုပ်ဆရာ ယန်က မည်သို့ဖြစ်ပြီး ထိုသို့ ရိုင်းစိုင်းကာ ယုတ္တိမတန်သည့် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားရပါသနည်း။ ကျွန်မက သူ့ကို၊ “သမ္မာတရားကို လေ့လာဆန်းစစ်ဖို့က ကျွန်မရဲ့ လုပ်ပိုင်ခွင့်ပဲ၊ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်သူမှ ကျွန်မကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်တစ်ခုမှ မရှိဘူး။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ သွန်သင်မှုတွေက မှန်တဲ့ လမ်းဟုတ်မဟုတ် ဆိုတာကတော့၊ ရှင့်အနေနဲ့ အရင်ဆုံး ကျိုးကြောင်းမမြင်ဘဲ မဝေဖန်၊ မရှုတ်ချသင့်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝဘ်ဆိုက်ပေါ်မှာ ရှင်ကိုယ်တိုင် သွားပြီး လေ့လာဆန်းစစ်နိုင်တယ်၊ အဲဒီမှာ အကြောင်းအရာတွေ အများကြီး ရှိတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ဆိုင်တဲ့ စာအုပ်မျိုးစုံ အဲဒီမှာ ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြန်ကြွလာတဲ့ သခင်ယေရှုရဲ့ အသံတော် ဟုတ်၊ မဟုတ်ဆိုတာကို ရှင်ကိုယ်တိုင် သွားပြီး ကြည့်လိုက်...” ဟု ပြောခဲ့သည်။ သင်းအုပ်ဆရာ ယန်က ကျွန်မ ပြောနေခဲ့သည့်အရာကို လုံးဝ နားမထောင်ခဲ့ဘဲ ဆက်လက် ဆန့်ကျင်ပြီး ရှုတ်ချ၍သာ နေခဲ့သည်။ သူက ကျွန်မအနေနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စွန့်ခွာရမည်ဟု ပြောရင်း ကျွန်မကို ခြိမ်းခြောက်ခဲ့သည်။ သင်းအုပ်ဆရာယန်သည် ပိုစကားပြောလေလေ၊ ပိုစည်းကျော်လာလေ ဖြစ်သည်။ ကျွန်မ အလွန်အမင်း မခံမရပ်နိုင်ဖြစ်လာခဲ့ပြီး သူ့ကို၊ “သခင်ယေရှုက ပြောခဲ့တယ်- သခင်ယေရှု ပြောခဲ့သည်မှာ- ‘သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။’ (ရှင်မဿဲခရစ်ဝင် ၇:၁-၂) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို ရှင် လုံးဝ မလေ့လာမဆန်းစစ်ဖူးရင်၊ ရှင်ကြိုက်သလို ဝေဖန်ချက်တွေနဲ့ ရှုတ်ချတဲ့ မှတ်ချက်တွေကိုမဆို ဘယ်လို ရှင်လုပ်ပဲလုပ်နိုင်ရတာလဲ။ ရှင်ဒီလို ပြုမူတဲ့အခါ၊ အဲဒါကသခင့်ကို ကြောက်ရွံ့တဲ့ နည်းလမ်းအရ ဟုတ်သလား” ဟု ပြောခဲ့သည်။ သူ့ကို ကျွန်မ နားမထောင်သလို၊ သူ့ကို ပြန်ချေပသည်ကို သင်းအုပ်ဆရာ ယန်က တွေ့သောကြောင့် အခြားဘာတစ်ခုမျှ သူ မပြောတော့ပါ။

နောက်နေ့များတွင်၊ သင်းအုပ်ဆရာ ယန်က ကျွန်မကို စတင် စောင့်ကြည့်ခဲ့သည်။ ဤအရာက ကျွန်မကို စိုးရိမ်ပူပန်မှုဖြင့် ပြည့်စေခဲ့ပြီး ကျွန်မ၏ ယုံကြည်ခြင်း လွတ်လပ်မှုကိုလည်း ကျွန်မ ဆုံးရှုံးခဲ့ရသည်။ အသင်းတော်ထဲတွင်၊ သင်းအုပ်ဆရာ ယန်၏ ရုံးခန်းက ကျွန်မ၏ ရုံးခန်းမှ ဟောလမ်းတစ်ခုသာ ခြားထားလေသည်။ ကျွန်မ ဘာလုပ်သည်ကို တွေ့ရဖို့ ကျွန်မ၏ ရုံးခန်းထဲ သူ ပေါ်ပေါ်လာခဲ့ပြီး၊ တစ်ခါတစ်ရံ သန့်စင်ခန်းသို့ သွားမည်ဟု ပြောပြီးနောက် စင်္ကြံလမ်းမှ ကျွန်မကို သူ စောင့်ကြည့်လေသည်။ တစ်နေ့တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်မနှစ်ဦးက စကားစမြည်ပြောဆိုဖို့ ကျွန်မ၏ ရုံးခန်းကို လာကြလေသည်။ ညီအစ်မများ ပြန်သွားသည်နှင့် တစ်ပြိုင်နက်၊ သင်းအုပ်ဆရာ ယန်က ကျွန်မ၏ လက်ထောက်ကို သွားရှာလေသည်။ ကျွန်မ၏ လက်ထောက်က ဤလူနှစ်ဦး မည်သူများ ဖြစ်ကြပြီး အဘယ်ကြောင့် လာခဲ့ကြသည်ကို သင်းအုပ်ဆရာ ယန်က သူမကို မေးခဲ့ကြောင်း ကျွန်မကို နောက်တွင် ပြောပြခဲ့သည်။ ရာဇဝတ်သားတစ်ဦးကို စောင့်ကြည့်နေသည့်အလား သင်းအုပ်ဆရာယန်က ကျွန်မကို တစ်နေ့လုံး စောင့်ကြည့်ခဲ့သည်။ ထိုအရာက ကျွန်မကို အလွန် ဖိနှိပ်မှုခံစားစေခဲ့ပြီး လွတ်လပ်မှု လုံးဝမရှိဖြစ်စေခဲ့သည်။ တစ်နေ့တွင်၊ ဘုရားကျောင်းသို့ ကျွန်မ မသွားဘဲ အွန်လိုင်းတွင် ညီအစ်ကို မောင်နှမအချို့နှင့် ဝတ်ပြုအစည်းအဝေးတစ်ခုတွင် ပါဝင်နေခဲ့သည်။ ထို့နောက်တွင်ပင်၊ ကျွန်မ၏ ဧည့်ခန်းတွင် အစည်းအဝေး မှတ်စုများကို ကျွန်မ စိတ်အားထက်သန်စွာ ယူနေစဉ်၊ သင်းအုပ်ဆရာ ယန်က ကျွန်မနောက်တွင် ( တံခါးက ဟလျက်ရှိပြီး လာသည့်သူ မည်သူမဆို ဝင်နိုင်သည်) ရုတ်တရက် ပေါ်လာခဲ့ပြီး၊ “အစ်မ ဘာလုပ်နေတာလဲ။ ဘာကို ရေးနေတာလဲ” ဟု မေးလေသည်။ ရုတ်တရက် မျှော်လင့်မထားသော အသံကြောင့် ကြောက်လန့်မှုဖြင့် ကျွန်မ ထခုန်မိသွားသည်။ ထိုပုံစံဖြင့် သူ၏ နှောင့်ယှက်မှုကို ခံရရာတွင် ကျွန်မ အတွင်းကျိတ် နေမထိထိုင်မသာ ဖြစ်သွားခဲ့ပြီး၊ ကျွန်မ ဘာကိုပဲလုပ်လုပ် တည်ငြိမ်အေးဆေးသည့် အခြေအနေတစ်ခုကို ပြန်မရောက်နိုင်ခဲ့ပါ။ ကျွန်မ သူ့ကို ပြင်းပြင်းထန်ထန် မကျေမချမ်းဖြစ်မိပြီး တွေးမိခဲ့သည်- “ဘုရားသခင်ကို ယုံကြည်မှုမှာ စစ်မှန်တဲ့ လမ်းခရီးကို လေ့လာဆန်းစစ်တာက မှန်ကန်ပြီး သင့်တော်သလို၊ ခရစ်ယာန်တစ်ဦးရှိသင့်တဲ့ လုပ်ပိုင်ခွင့်တစ်ခုပဲ။” အသင်းတော်အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်တော့သလို၊ ဘုရားကျောင်းတက်သည့် သူအားလုံး အပျက်သဘောဆောင်ကြသည်၊ အားနည်းပြီး စိတ်ဝိညာဉ်ထဲမှာ ခြောက်သွေ့ညိုးနွမ်းကြသည်။ အမှောင်ထဲတွင် နှစ်မြုပ်နေသော ပတ်ဝန်းကျင်တစ်ခုတွင် သူတို့ အသက်ရှင်နေကြပြီး သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အသင်းတော်တစ်ပါးကို ကျွန်မ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ခြေလှမ်းများကို ရှာဖွေသည်မှာ အဘယ်သို့ မှားယွင်းပါသနည်း။ အဘယ်ကြောင့် သူက ကျွန်မအပေါ် စောင့်ကြည့်ချင်ရပါသနည်း။ အဘယ်ကြောင့် ကျွန်မကို သူ အလွတ်မပေးပါသနည်း။

သင်းအုပ်ဆရာက ကျွန်မကို စောင့်ကြည့်ပြီး နှောင့်ယှက်ရုံသာမက၊ အကြီးအကဲတစ်ဦးက ကျွန်မကို နှောင့်ယှက်ဖို့ ဖုန်းပင်ခေါ်ခဲ့သည်။ သူက ကျွန်မကို ပြောခဲ့သည်- “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေ ဟောတဲ့အရာက ကျမ်းစာကို ကျော်လွန်တယ်။ သခင့်ကို ခင်ဗျား ယုံတယ်ဆိုရင်၊ သနားကြင်နာမှု အများကြီး ခင်ဗျားကို ပေးခဲ့တဲ့ သခင့်ကို ခင်ဗျား သစ္စာဖောက်လို့မရဘူး။ ခင်ဗျား အသိတရား မရှိလို့မဖြစ်ဘူး...။” ကျွန်မက ခွန်းတုန့်ပြန်လျက်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက တစ်ဦးတည်းဖြစ်ပြီး မကွဲပြားတဲ့ ဘုရားသခင်ပါ၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သခင့်ကို ကျွန်မ သေချာပေါက် သစ္စာဖောက်တာ မဟုတ်ပါဘူး။ သိုးသူငယ်ရဲ့ ခြေလှမ်းတွေကိုပဲ ကျွန်မ အမှီလိုက်ရုံလိုက်နေတာပါ...” ဟု ပြောခဲ့သည်။ သို့သော်၊ ကျွန်မ မည်သို့ ရှင်းပြဖို့ ကြိုးစားခဲ့ပါစေ၊ အကြီးအကဲက သင်းအုပ်ဆရာနှင့် အတူတူပင်ဖြစ်ခဲ့သည်။ ရှုတ်ချပြီး ပြစ်မှားစော်ကားသည့် အရာများကို ပြောခြင်းနှင့် နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းမှ ကျွန်မကို တားဆီးခြင်းတို့မှလွဲ၍၊ ကျွန်မ မိတ်သဟာယပြုခဲ့သည့်အရာ သို့မဟုတ် အကြံပေးခဲ့သည့်အရာကို တစ်ခွန်းမျှ သူ နားမထောင်ခဲ့ပါ။ ကျွန်မ သူနှင့် နောက်ထပ် မဆွေးနွေးချင်တော့ပါ၊ ထို့ကြောင့် ဖုန်းချလိုက်ဖို့ ဆင်ခြေတစ်ချို့ကိုသာ ကျွန်မ တွေးလိုက်သည်။ သို့သော် အကြီးအကဲက ကျွန်မကို အလွတ်မပေးခဲ့ပါ။ ကျွန်မကို နှောင့်ယှက်ဖို့ သူက ဆက်လက် ဖုန်းခေါ်နေခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းဖြင့်၊ သခင့်၏ ကျေးဇူးတော်ကို ကျွန်မ မေ့လျော့ခဲ့ပြီဖြစ်ကာ သူ့ကို သစ္စာဖောက်ခဲ့ပြီဟု ပြောလေသည်။ ဗျာဒိတ်ကျမ်းထဲတွင် ပြောထားသည့်အရာကို ကျွန်မ သတိရမိခဲ့သည်- “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်အပေါ်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော်များမှတဆင့် လူတို့ကို တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုတော် အဆင့်ကို ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်၊ ပြီးလျှင် နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ကျွန်မ လက်ခံခြင်းက ကျွန်မသည် သိုးသူငယ်၏ ခြေရာများကို အမှီလိုက်နေခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ပြသလေသည်။ ကျွန်မက သခင်ယေရှုကို သစ္စာဖောက်နေခြင်းဖြစ်သည်ဟု တစ်ဦးတစ်ယောက်က အဘယ်သို့ ပြောနိုင်ရပါသနည်း။ ပထမဦးစွာ၊ သခင်ယေရှုက အမှုပြုဖို့ ကြွလာခဲ့သည့်အချိန်တွင်၊ ယေဟောဝါကို ယုံကြည်ခဲ့ကြသည့် လူတို့က ပညတ်တရားကို နောက်ချန်ထားခဲ့ပြီး သခင်ယေရှု ဟောကြားခဲ့သည့် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို လက်ခံခဲ့ကြသည်။ သခင်ယေရှုနောက် သူတို့ လိုက်ခဲ့ကြသော်လည်း ယေဟောဝါ၏ ကယ်တင်ခြင်းကို သူတို့ မေ့လျော့သွားခဲ့ကြပါသလား။ ဤအရာက ယေဟောဝါကို သစ္စာဖောက်ခြင်း ဖြစ်ခဲ့ပါသလား။ ဤအရာက အတွေးမှားတစ်ခု ဖြစ်သည် မဟုတ်ပါလား။ ဤအရာဖြစ်ပျက်ပြီးနောက်၊ သင်းအုပ်ဆရာက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး ဆန့်ကျင်ကာ ရှုတ်ချသည့် အွန်လိုင်း စာတိုအချို့ကို တစ်ဖန် ကျွန်မဆီ ပေးပို့ခဲ့သည်။ ထိုသို့အကျည်းတန်သော စကားများကို ဖတ်ရှုရခြင်းက ကျွန်မကို စက်ဆုပ်စေကာ တစ်ဖန် ဒေါသထွက်စေခဲ့သည်။ ထိုသို့သော ပြစ်မှားစော်ကားမှုများကို စာတန်ကသာ ထွက်ဆိုနိုင်စွမ်းရှိပြီး အသင်းတော်ထဲက ခေါင်းဆောင်များအနေဖြင့် သူတို့၏ လုပ်နိုင်စွမ်းအရ၊ သူတို့သည် ဘုရားသခင်ကို မည်သို့မျှ ကြောက်ရွံ့မှုမရှိဘဲ ပြစ်မှားစော်ကားမှုမျိုးစုံကို အဘယ်သို့ ပြောဝံ့ခဲ့ကြပါသနည်း။ ထိုအရာက ကျွန်မကို သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အမှတ်ရစေခဲ့သည်- “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။(ရှင်မဿဲခရစ်ဝင် ၁၂:၃၂) ဘုရားသခင်ကို ဆန့်ကျင် ပြစ်မှားစော်ကားခြင်းသည် ကြီးမားပြီး ဆိုးရွားသော အပြစ်တစ်ခု ဖြစ်သည်။ သူတို့ကိုယ်စား စွဲကျန်နေသော ထိတ်လန့်မှု ခံစားချက်တစ်ခု ကျွန်မ ခံစားခဲ့ရသည်၊ သို့သော် ကျွန်မ မည်သည့်အရာကို ပြောပါစေ၊ သူတို့၏ နားများကိုသာ သူတို့ ပိတ်ထားကြပြီး မည်သည့်အရာကိုမျှ နားထောင်ဖို့ လက်မခံခဲ့ကြပေ။ သူတို့က ဆက်လက်၍ ရှုတ်ချနေခဲ့ကြသည်၊ ဆန့်ကျင်ပြီး ပြစ်မှားစော်ကားနေခဲ့ကြသည်။ ကျွန်မ နားကိုမလည်နိုင်ခဲ့ပါ- အကြီးအကဲနှင့် သင်းအုပ်ဆရာတို့နှစ်ဦးလုံးက သမ္မာကျမ်းစာ အသိပညာရှိကြပြီး ဓမ္မပညာ လေ့လာသင်ယူခဲ့ကြသည်၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အင်မတန် ရှင်းလင်းမှုဖြင့် ပြောဆိုထားလေသည်၊ ဤသို့ဆိုလျှင် သူတို့က ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ကြပါသနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ကို သူတို့က အဘယ်ကြောင့် လုံးဝ မရမကလုပ်ဆောင်ခဲ့ကြပါသနည်း။

စိတ်ထဲတွင် ဤမေးခွန်းကို သယ်ဆောင်ရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများကို ရှာဖို့ ကျွန်မ သွားခဲ့သည်။ အစ်မ လင်းက ကျွန်မကို၊ “အကြီးအကဲနဲ့ သင်းအုပ်ဆရာတွေက နာက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို မရှာဖွေ၊ လေ့လာမဆန်းစစ်ကြဘဲ အဲဒီအစား ဘာလို့ သူ့ကို အရူးအမူး ရှုတ်ချပြီး အာခံရလဲဆိုတာနဲ့ပတ်သက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က အချိန်အကြာကြီးကတည်းက ဒီပြဿနာရဲ့ အနှစ်သာရနဲ့ ဇာစ်မြစ်ကို ရှင်းလင်းစေခဲ့ပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတယ်- ‘ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မရှာခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမကို အချည်းနှီး ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအမြင်များသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) သခင်ယေရှုက သူ့ရဲ့ အမှုတော်ကို လုပ်ဆောင်ဖို့ ပထမ ကြွလာခဲ့တုန်းက၊ သူဟာ ယဇ်ပရောဟိတ် အကြီးအကဲ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေလို ဂျူးလူမျိုးခေါင်းဆောင်တွေရဲ့ ဗျာများနေတဲ့ ရှုတ်ချမှုနဲ့ ဆန်ကျင်မှုတွေရဲ့ဝိုင်းဝန်းတိုက်ခိုက် တာ ခံခဲ့ရတယ်။ နောက်ဆုံးမှာ၊ သူတို့က သခင်ယေရှုကို ကားစင်တင်ခဲ့ကြတယ်။ ဖာရိရှဲတွေရဲ့ ဘိုးဘေးတွေက ဘုရားသခင်ကို ယုံကြည်ခဲ့ကြပြီး ပညတ်တရားမှာ ကျွမ်းကျင်ခဲ့ကြတယ်။ ဒီတော့ ဘာလို့ သူတို့က သခင်ယေရှုကို ဆန့်ကျင်ပြီး ရှုတ်ချခဲ့ကြတာလဲ။ဘာလို့ သူ့ကို ကားတိုင်ထက်မှာ သံမှိုရိုက်ခဲ့ကြတာလဲ။ မာနထောင်လွားခြင်း၊ စိတ်ကြီးဝင်ခြင်းနဲ့ သမ္မာတရားကို မနာခံခြင်းနဲ့ဆိုင်တဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝအားဖြင့် ဒီအရာ ဖြစ်ပွားတယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ ကျွန်မတို့ မြင်နိုင်တယ်။ သခင်ယေရှုက သမ္မာတရားအများကြီးကို ဖော်ပြခဲ့ပြီး အဲဒါကို သူတို့က မရှာဖွေ၊ မလေ့လာမဆန်းစစ်ခဲ့ကြဘဲ၊ အဲဒါထက် သူတို့ရဲ့ ကိုယ်ပိုင် ရှုထောင့်အမြင်တွေကို စောင့်ထိန်းခဲ့ကြတယ်။ ဘုရားသခင်အပေါ် သူတို့ရဲ့ ယုံကြည်မှုက သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ်ကိုပဲ တည်မှီခဲ့ပြီး ကျမ်းစာကို အဆက်အစပ်မရှိ ယူပြီး အနက်ပြန်ခဲ့ကြတယ်။ ဒါက သူတို့ကို အမြင်ကန်းစေခဲ့ပြီး ဘုရားသခင်ဆီကနေ ဘာဉာဏ်အလင်းပေးမှုမှ မရစေခဲ့ဘူး။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို သူတို့ မသိကြဘူး၊ ပြီးတော့ သမ္မာတရားကို နားမလည်ခဲ့ကြသလို၊ ဘုရားသခင်ရဲ့ အသံတော်ကိုလည်း နားမလည်နိုင်ခဲ့ကြဘူး။ ဒါက သမ္မာကျမ်းစာရဲ့ နှုတ်ကပတ်တော်တွေကို တကယ်ပဲ အမှန်ဖြစ်လာစေခဲ့တယ်- ‘သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးသည်မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ် မျက်စိကိုပိတ်လျက်ရှိကြ၏ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။(ရှင်မဿဲ ၁၃:၁၄-၁၅) နောက်ဆုံးသော ကာလမှာ ဘာသာရေး အသိုင်းအဝိုင်းထဲက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ သူတို့ အရေးပေးမှုထားတာက သမ္မာကျမ်းစာ အသိပညာနဲ့ ဓမ္မပညာ သဘောတရားတွေအပေါ်မှာဖြစ်တာကြောင့် အဲဒီအချိန်တုန်းက ဖာရိရှဲတွေနဲ့ အတူတူပဲဖြစ်တယ်။ သူတို့က သခင့်ရဲ့ နှုတ်ကပတ်တော်ကို အနက်ပြန်ဖို့နဲ့ သခင် ပြန်ကြွလာမယ့် နည်းလမ်းကို ဘောင်ခတ်ဖို့ သူတို့ကိုယ်ပိုင် တွေးခေါ်မှုနဲ့ စိတ်ကူးတွေအပေါ် မှီခိုကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကို သူတို့ ခေါင်းမာမာနဲ့ ဖက်တွယ်ကြပြီး သမ္မာတရားကို ဘယ်လိုမှ မရှာဖွေကြဘူး။ နောက်ဆုံးသော ကာလထဲက ဘုရားသခင်ရဲ့ အမှုတော်ကို သူတို့ မလေ့လာ မဆန်းစစ်ကြရုံသာမက၊ သူ့ကို ကျိုးကြောင်းမမြင်ဘဲ ဆန့်ကျင်၊ ရှုတ်ချခဲ့ကြတယ်၊ ဒီလိုနဲ့ သူတို့ရဲ့ ခေါင်းမာမှု၊ မာနထောင်လွှားမှုနဲ့ သမ္မာတရားကို ရန်လိုခြင်းတို့ဖြစ်တဲ့ ဆိုးယုတ်တဲ့ သဘာဝကို ဖော်ထုတ်နေကြတယ်။ သူတို့ကိုယ်သူတို့ ကျမ်းစာ အသိပညာတွေဖြည့်ဆည်းထားကြရင်းနဲ့ ဓမ္မပညာကို သူတို့ သင်ယူခဲ့ကြပေမယ့် အဲဒါက သူတို့မှာ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာတစ်ခုတစ်လေ ရှိတယ်လို့ မဆိုလိုသလို၊ သမ္မာတရားကို သူတို့ လက်ခံပြီး နာခံနိုင်တယ်လို့ မဆိုလိုပါဘူး။ သမ္မာကျမ်းစာ အသိပညာနဲ့ ဓမ္မပညာဆိုင်ရာ သဘောတရားတွေကို သူတို့ အသေးစိတ်ရှင်းပြကြတယ်၊ သူတို့ရဲ့ ကိုယ်ပိုင် ကျော်ကြားမှုနဲ့ နာမည်ဂုဏ်သတင်း တိုးစေဖို့ဆိုတာ သူတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်တယ်။ သူတို့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့ အဲဒီလို သူတို့ လုပ်ကြပြီး ယုံကြည်သူတွေ သူတို့ကို ကြောက်ရွံ့ရိုသေစွာ ကြည်ညိုအောင်လုပ်တယ်၊ လေးစားစေပြီး သူတို့နောက် လိုက်စေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာနဲ့ အဲဒီနှုတ်ကပတ်တော်တွေက လူတွေကို သိမ်းပိုက်ပြီး ကယ်တင်နိုင်တယ်၊ ပြီးတော့ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာရှိပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တမ်းတကြတဲ့ လူတွေအများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ လှည့်သွားကြပြီဆိုတာကို သူတို့ မြင်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ သူတို့ ယုံကြည်ကြတယ်၊ ဒါကြောင့် သူတို့ဟာ ထိတ်ထိတ်ပျာပျာနဲ့ ပြန်တိုက်ခိုက်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချပြီး ဆန့်ကျင်ဖို့ အစွမ်းကုန် လုပ်ကြတယ်။ ဘုရားသခင် ရွေးချယ်ထားသူတွေကို အမြဲစိုးမိုးဖို့ ကြိုးပမ်းရာမှာ ယုံကြည်သူတွေ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ လှည့်သွားကြတာကို တားဆီးပြီး နှောင့်ယှက်ဖို့ လိုအပ်သမျှ ဘယ်နည်းလမ်းကိုမဆို သူတို့ သုံးကြတယ်။ ဒါဟာ အကြီးအကဲတွေနဲ့ တရားဟောဆရာတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို မရှာဖွေ၊ မလေ့လာမဆန်းစစ်ကြတဲ့ အကြောင်းရင်းနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဘာကြောင့် သူတို့ ထိတ်ထိတ်ပျာပျာ ဆန့်ကျင်ပြီး ရှုတ်ချရတဲ့ အကြောင်းရင်း ဖြစ်တယ်။ ဘုရားသခင်ကို ဆန့်ကျင်တဲ့ တရားဟောဆရာတွေနဲ့ အကြီးအကဲတွေရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေကနေ သူတို့ဟာ ကျွန်မတို့ အချိန်ကာလရဲ့ ဖာရိရှဲတွေဖြစ်တယ်ဆိုတာနဲ့ သူတို့ဟာ သမ္မာတရားကို လက်ခံခြင်းနဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ချီမခံရခြင်းကနေ ယုံကြည်သူတွေကို တားဆီးတဲ့ အဟန့်အတားတွေနဲ့ ခလုတ်တံသင်းတွေဖြစ်တယ်ဆိုတာကို မြင်နိုင်ပါတယ်။ သူတို့ဟာ ဘုရားသခင်ကို အာခံပြီး ဘုရားသခင်ကို သူတို့ရဲ့ ရန်သူဖြစ်စေတဲ့သူတွေ၊ ပြီးတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်အားဖြင့် ထုတ်ဖော်ပြခံရတဲ့ အန္တိခရစ်တွေဖြစ်တယ်” ဟု ပြောရင်း မိတ်သဟာယပြုခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အစ်မ မိတ်သဟာယပြုခဲ့သည့်အရာကို ကြားရပြီးသည့်နောက်၊ ထိုအရာကို သင်းအုပ်ဆရာနှင့် အကြီးအကဲတို့ ပြောဆိုပြီး လုပ်ဆောင်ခဲ့သည့်အရာနှင့် ကျွန်မ နှိုင်းဆခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်က အလွန်လက်တွေ့ကျသည့် နည်းလမ်းဖြင့် ပြောဆိုထားပြီး သင်းအုပ်ဆရာနှင့် အကြီးအကဲတို့က ကျမ်းစာကို ကောင်းကောင်း နှောကျေပြီး သမ္မာကျမ်းစာနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြနိုင်ကြသော်လည်း၊ ယင်းက ဘုရားသခင်ကို သိကျွမ်းခြင်းတစ်ခုတစ်လေ သူတို့ရှိသည်ဟု မဆိုလိုသေးကြောင်း ကျွန်မ သိခဲ့ရသည်။ အခြားသူများက သူတို့ကို ကိုးကွယ်ပြီး သူတို့နောက် လိုက်ကြစေဖို့အလို့ငှာ သူတို့ကိုယ်သူတို့ မြှင့်တင်ဖို့ရန်အတွက် သူတို့၏ အလုပ်တွင် သဘာဝ ပါရမီနှင့် အသိပညာတို့အပေါ် သူတို့ မှီခိုခဲ့ကြလေသည်။ အပေါ်ယံတွင်၊ သူတို့က ဘုရားသခင်ကို အစေခံနေကြပုံရသော်လည်း၊ အမှန်တွင်၊ သူတို့ အစေခံနေကြသည့်အရာမှာ သူတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများ၊ သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းများနှင့် အသက်မွေးမှုတို့ ဖြစ်ကြသည်။ သင်းအုပ်ဆရာနှင့် အကြီးအကဲတို့က ကျွန်မကို ထပ်သလဲလဲ နှောင့်ယှက်ပြီး တားဆီးနေကြခြင်းမှ တစ်ဆင့် သူတို့ အမှန်တကယ် မည်သူများ ဖြစ်ကြသည်ကို ကျွန်မ သေသေချာချာ မြင်နိုင်ခဲ့သည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မရှာဖွေကြသလို၊ ဘုရားသခင်ကို အစေခံကြသော်လည်း သူ့ကို အာခံကြသည့် အန္တိခရစ်များ ဖြစ်ကြလေသည်။ သင်းအုပ်ဆရာနှင့် အကြီးအကဲတို့က ယနေ့ထိ ကျွန်မကို အနှောင့်အယှက်ပေးခြင်းအား လက်မလျှော့ကြသေးသော်လည်း၊ သမ္မာတရားကို ရန်လိုခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ဖြစ်သည် သူတို့၏ စစ်မှန်သော အန္တိခရစ် အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်နှင့်ပြီးဖြစ်သည်။ သူတို့၏ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ကျွန်မ မိမိကိုယ်ကိုယ် နောက်ထပ် ခံခွင့်မပေးတော့သလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်က စစ်မှန်သည်ဟု ကျွန်မ လုံးဝ သေချာသွားသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်သို့ တကယ့်အဆုံးထိလိုက်ဖို့နှင့် ဘယ်သောအခါမျှ အရှုံးမပေးဖို့ ကျွန်မ ဆန္ဒရှိပါသည်။ အာမင်။

အရှေ့သို့- ၂၃။ တိုက်ပွဲတစ်ခု

နောက်တစ်ခုသို့- ၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။