၁။ကျွန်ုပ်သည် သခင့်၌ ယုံကြည်ခြင်းရှိသော်လည်း၊ စဉ်ဆက်မပြတ် အပြစ်ကျူးလွန်နေပါက၊ အပြည့်အဝ ကယ်တင်ခံရဆဲ ဖြစ်ပါသလား

သခင်ယေရှုသည် လူသားမျိုးနွယ်အနေဖြင့် ပညတ်တရား အောက်တွင် စီရင်ခြင်းမခံရတော့ဖို့နှင့် ကျိန်ခြင်းမခံရတော့ဖို့ အလို့ငှာ၊ ၎င်းတို့၏ အပြစ်များမှ လူသားမျိုးနွယ်ကို ရွေးနုတ်ရင်း၊ ကျေးဇူးတော်ခေတ်တွင် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် သခင့်ကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရခြင်းအားဖြင့် ကယ်တင်ခြင်းဖြင့် ကျေးဇူးပြုခံကြရပြီးဖြစ်ကာ သခင် ကြွလာသည့်အခါ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခံရလိမ့်မည်ဟု လူများစွာက ယုံကြည်ကြလေသည်။ သို့သော် ယင်းမှာ တကယ် မှန်ပါသလား။ ကျွန်ုပ်တို့သည် သခင့်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခံရစဉ်တွင်၊ ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝနှင့် ဆိုးယုတ်သော စိတ်သဘောထားတို့သည် ကျွန်ုပ်တို့အတွင်းတွင် ကျန်ရှိနေပြီး၊ ကျွန်ုပ်တို့သည် အပြစ်ပြုကာ ဘုရားသခင်ကို မခုခံဘဲ မနေနိုင်ကြချေ။ ယင်းမှာ စဉ်ဆက်မပြတ် အပြစ်ပြုနေသည့် ကျွန်ုပ်တို့ကဲ့သို့ လူများသည် သန့်စင်ခံရပြီးဖြစ်ကာ အပြည့်အဝ ကယ်တင်ခံရပြီးဖြစ်သည်ဟု အမှန်တကယ် ဆိုလိုပါသလား။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ အမှန်တကယ် ရောက်ရှိနိုင်ကြပါလိမ့်မည်လား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁)

“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)

“လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄)

၂။ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိခြင်းသည် အဘယ်နည်း

ပြည့်ဝသော ကယ်တင်ခြင်းမှာ အဘယ်နည်း။ ဤအရာက အပြစ်ကို ဖယ်ရှားခြင်းနှင့် သန့်စင်ခံရခြင်းကို အမှန်တကယ် ရည်ညွှန်း၏။ ဆိုလိုသည်မှာ၊ အပြည့်အဝ ကယ်တင်ခံရသော သူတို့သည် အပြင်ပန်းတွင် ကောင်းကောင်းမွန်မွန် ပြုမူကြရုံ သာမက၊ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်ခြင်း၊ ကောက်ကျစ်မှု၊ လှည့်ဖြားမှု၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့မှု၊ ဆိုးညစ်မှုနှင့် လောဘကြီးမှု တို့ကဲ့သို့သော ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားလုံးတို့သည်လည်း အသွင်ပြောင်းလဲပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း လုံးဝ အသက်ရှင်နိုင်ကြပြီး၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကာ ချစ်ကြောက်ရိုသေနိုင်ကြလေသည်။ မည်သည့် စမ်းသပ်မှုများ သို့မဟုတ် မည်သည့် အခက်အခဲများ ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေ ရပ်တည်နိုင်ကြပြီး ဘုရားသခင်ကို ချစ်နိုင်ကြကာ စိတ်ကျေနပ်စေနိုင်ကြလေသည်။ ၎င်းတို့သည် စာတန်အားဖြင့် ဖျက်ဆီး၍မရနိုင် ဖြစ်လာကြလေသည်။ ဤအရာသည်သာ ပြည့်ဝသော ကယ်တင်ခြင်း ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၄-၅)

“အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၄)

“သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။” (ဗျာဒိတ်ကျမ်း ၁၂:၁၁)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။” (ဗျာဒိတ်ကျမ်း ၂:၁၁)

၃။ပြည့်ဝသော ကယ်တင်ခြင်းကို မည်သို့ ရရှိနိုင်သနည်း

နောက်ဆုံးသော ကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်သည့် သမ္မာတရားများအားလုံးကို ဖော်ပြ၏။ သူသည် လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့ကို ဖော်ထုတ်ရင်း၊ ကျွန်ုပ်တို့အနေဖြင့် သန့်စင်ခံရကာ လုံးဝ ကယ်တင်ခံရဖို့အလို့ငှာ ကျွန်ုပ်တို့ထံ သူ၏ ပင်ကိုအားဖြင့် ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အပြစ်ကို စွန့်ပစ်ဖို့ လမ်းကြောင်းအား ကျွန်ုပ်တို့ကို ပြသရင်း၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်။ ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့ အမီလိုက်သရွေ့၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို လက်ခံကာ ကျိုးနွံနာခံကြသရွေ့၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တဖြည်းဖြည်း သန့်စင်ခံရနိုင်ပြီး၊ ပြောင်းလဲနိုင်ကာ၊ နောက်ဆုံးတွင် ကျွန်ုပ်တို့ အပြည့်အဝ ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြပေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)

“ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။” (ဒံယေလ အနာဂတ္တိကျမ်း ၁၂:၉-၁၀)

“ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။ တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၈-၉)

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

တစ်ခါ ကယ်တင်ခြင်းခံရခြင်းသည် ကျွန်ုပ်တို့ အမြဲတမ်း ကယ်တင်ခြင်း ခံရသည်ဟု မဆိုလိုပါ။

တစ်ခါ ကယ်တင်ခြင်းခံရခြင်းသည် ကျွန်ုပ်တို့ အမြဲတမ်း ကယ်တင်ခြင်း ခံရသည်ဟု မဆိုလိုပါ။

သန့်စင်ခြင်းသို့ ဦးတည်ရာလမ်း

သန့်စင်ခြင်းသို့ ဦးတည်ရာလမ်း

ပို၍များသော အံ့သြဖွယ်ကောင်းသော အကြောင်းအရာ

နောက်ထပ်အကြောင်းအရာများ

လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်ခြင်းခံရနိုင်မည့် နည်းလမ်း
ကယ်တင်ရှင် ပြန်ကြွလာပြီ
ကယ်တင်ရှင် ပြန်ကြွလာပြီ
သူ၏ ပြန်ကြွလာခြင်းတွင် သခင် ပေါ်ထွန်းသည့် နည်းလမ်း
ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့နည်းလမ်း
သန့်စင်ခံရခြင်းနှင့် အပြည့်အဝ ကယ်တင်ခံရခြင်းဆီသို့ လမ်းကြောင်း