၁။သင်သိလိုက်လား။ ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းသည် ကြာမြင့်သော အချိန်ကတည်းက စတင်ခဲ့သည်

ဗျာဒိတ်ကျမ်းတွင် ပရောဖက် ပြုထားသကဲ့သို့ ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းဆိုသည်မှာ နောက်ဆုံးသောကာလ၌ သခင် ပြန်ကြွလာသည့် အချိန်တွင်၊ မိုးကောင်းကင်တွင် သူထိုင်မည့်နေရာ စားပွဲတစ်ခုကို ချပြီး၊ စာစောင်ကို ဖြန့်ကာ၊ လူတို့အား ကောင်းကင်ဘုံသို့သွားသည်ဖြစ်စေ၊ ငရဲသို့သွားသည် ဖြစ်စေ ဆုံးဖြတ်ဖို့ လူတစ်ယောက်ချင်းစီတိုင်းကို ၎င်းတို့၏ အမူအကျင့်အရ တရားစီရင်လိမ့်မည်ကို ဆိုလိုသည်ဟု လူများစွာတို့က ယုံကြည်ကြသည်။ ဤအရာအားလုံးကို စိတ်ကူးပုံဖော်ခြင်းသည် အတော်အတန် အကျိုးသင့်အကြောင်းသင့် ရှိသော်လည်း၊ ဘုရားသခင် ဆောင်ရွက်လိမ့်မည်ဟု ကျွန်ုပ်တို့ စိတ်ကူးထားသကဲ့သို့ အရာအားလုံးကို သူ အမှန်တကယ် ဆောင်ရွက်မည်လော။ အမှန်မှာမူ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသကဲ့သို့ ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းသည် ယောဟန် မြင်ခဲ့သည့် ရူပါရုံတစ်ခုသာ ဖြစ်လေသည်- ယင်းမှာ အမှန်မဟုတ်ပေ။ ထို့ကြောင့် သခင်ပြန်ကြွလာသည့် အချိန်တွင်၊ သူသည် ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းကို မည်သို့ အတိအကျ ဆောင်ရွက်လိမ့်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။” (ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

“ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)

၂။ဘုရားသခင်သည် နောက်ထပ် အမှုတော် အဆင့်ဖြစ်သည့်- တရားစီရင်ခြင်း အမှုတော်- ကို နောက်ဆုံးသောကာလတွင် အဘယ့်ကြောင့် ဆောင်ရွက်ရသနည်း

ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်သည် လူသားမျိုးနွယ်၏ အပြစ်များကိုသာ ဖြေလွှတ်ပေးခဲ့သည်။ ယင်းက လူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းများမှ လွတ်ငြိမ်းခွင့်မပေးခဲ့ပါ။ ၎င်းတို့၏ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားခြင်းနှင့် အခြား ဆိုးယုတ်သော စိတ်သဘောထားများ ဆက်လက် တည်ရှိနေခဲ့သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပါက၊ လူများသည် ၎င်းတို့၏ အပြစ်ရှိသော သဘာဝ၏ ချည်နှောင်မှုများကို မဖယ်ရှားနိုင်ဘဲ၊ ဘုရားသခင်၏ အပြည့်အဝ ကယ်တင်ခံခြင်းကို ခံရနိုင်လိမ့်မည်မဟုတ်သကဲ့သို့၊ အပြစ်ကျူးလွန်ပြီးနောက် ဝန်ခံခြင်း သံသရာတွင် ပိတ်မိလျက်၊ အပြစ်ကို အမြဲမပြတ်ကျူးလွန် မိလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြည့်အဝ ကယ်တင်ဖို့ နောက်ဆုံးသောကာလတွင် လူ့ဇာတိဖြင့် ပြန်ကြွ လာပြီဖြစ်သည်။ လူသားမျိုးနွယ်ကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ သမ္မာတရားများအားလုံးကို သူဖော်ပြပြီး ဖြစ်ကာ၊ ကျွန်ုပ်တို့သည် အပြစ်ကို ဖယ်ရှားနိုင်ပြီး၊ သန့်စင်ခံရနိုင်ကာ၊ ဘုရားသခင်အားဖြင့် ကယ်တင် ခံရနိုင်ဖို့အလို့ငှာ လူများ၏ အပြစ်ရှိသော သဘာဝနှင့် ဆိုးယုတ်သော စိတ်သဘောထားများကို ဖြေရှင်းဖို့ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို သူဆောင်ရွက်နေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၄-၃၅)

“ငါသည် သင်တို့၏ဘုရားသခင် ယေဟောဝါဖြစ်သည့်အတွက်၊ သင်တို့သည် မိမိကိုယ်ကို စင်ကြယ်စေရမည်၊ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းကြရမည်။” (ဝတ်ပြုရာကျမ်း ၁၁:၄၄)

“နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၅)

“ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲသြဝါဒစာ ၉:၂၈)

“အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၄)

၃။ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်ဖို့ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းအမှုတော်ကို မည်သို့ဆောင်ရွက်သနည်း

နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် အပြစ်ကျူးလွန်ခြင်းနှင့် ဘုရားသခင်ကို အာခံခြင်းတို့နှင့် သက်ဆိုင်သည့် လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝကို တရားစီရင်ပြီး ဖော်ထုတ်ဖို့ သမ္မာတရားကို ဖော်ပြပြီး၊ မည်သည့်စော်ကားမှုကိုမျှ သည်းမခံသည့် သူ၏ဖြောင့်မတ်ပြီး သန့်ရှင်းသည့် စိတ်သဘောထားကို ထုတ်ဖော်ပြလေသည်။ ဘုရား နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ မှတစ်ဆင့်၊ လူများသည် ၎င်းတို့၏ ကိုယ်ပိုင် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သည့် သမ္မာတရားနှင့် အနှစ်သာရတို့ကို ရှင်းရှင်းလင်းလင်း တွေ့မြင် ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ရွံမုန်းပြီး စွန့်လွှတ်နိုင်ကြကာ၊ ဘုရားသခင်ထံ အမှန်တကယ် နောင်တရနိုင်ကြ လေသည်။ ၎င်းတို့သည် သမ္မာတရားကို စတင်ရှာဖွေပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်လျက်၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝ၏ ချည်နှောင်မှုများကို ဖြည်းဖြည်းချင်း ဖယ်ရှားကြပြီး၊ သန့်စင်ခြင်းခံရကာ၊ ဘုရားသခင်ကို စစ်မှန်စွာ နာခံပြီး ကိုးကွယ်သည့်သူများ ဖြစ်လာကြ လေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)

“ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။ တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၈-၉)

“ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။” (ဒံယေလ အနာဂတ္တိကျမ်း ၁၂:၉-၁၀)

၄။ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံဖို့ ငြင်းဆန်ခြင်း၏ အကျိုးဆက်များ

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဖြူသောပလ္လင်တော်ကြီးနှင့် သက်ဆိုင်သည့် သူ၏ တရားစီရင်ခြင်းကို ဆောင်ရွက်သည်နှင့်အမျှ၊ သူသည် ပထမဦးစွာ လူ့ဇာတိခံယူကာ၊ ဘေးဒုက္ခများ မကျရောက်မီ အောင်မြင်သူတစ်စုကို ပြုလုပ်လျက်၊ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက် လေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် အဆုံးသတ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် ဘေးဒုက္ခများကို ကျရောက်စေကာ၊ ကောင်းမြတ်သူများကို စတင် ဆုလာဘ်ချီးမြှင့်ပြီး၊ ဆိုးယုတ်သူများကို အပြစ်ပေးလေသည်။ သခင် မိုးတိမ်စီးကာ ကြွလာဖို့ကို မိုက်မဲစွာ စောင့်မျှော် နေသူများ၊ သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်ခံဖို့ ငြင်းဆန်သူများ၊ ပြီးလျှင် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း မခံရသေးသူများသည် ငိုကြွေးပြီး ၎င်းတို့၏ အံသွားခဲကြိတ်လျက်၊ ဘေးဒုက္ခများထဲတွင် ဖယ်ရှားခံ ရလိမ့်မည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃)

“ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။” (ဗျာဒိတ်ကျမ်း ၁:၇)

“ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၂၁:၈)

“မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၁-၁၂)

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းသည် ကြာမြင့်သော အချိန်ကတည်းက စတင်ခဲ့သည်

တရားဝင် ဝက်ဘ်ဆိုက်