၃။ တရားစီရင်ခြင်း၏ နက်နဲမှုကို ဖော်ထုတ်ခြင်း

အန်းဟွေ၊ မလေးရှား

ကျွန်မ နာမည် အန်းဟွေဖြစ်ပါသည်။ ကျွန်မ အသက် ၄၆ နှစ်ဖြစ်ပါသည်။ မလေးရှားတွင် ကျွန်မ နေထိုင်ပြီး သခင့်ကို ယုံကြည်သူတစ်ဦးဖြစ်ပြီးသည်မှာ ၂၇ နှစ် ကြာပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင်၊ အလုပ်သစ်ဝင်ဖို့ အခြားမြို့ကြီးဆီကို ကျွန်မ ရွှေ့ပြောင်းရလေသည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက် အသစ်များအားလုံးက ဖေ့စ်ဘုတ်ကို တကယ် စိတ်ပါဝင်စားကြသည်၊ ယင်းကို သူတို့က အလာပသလ္လာပပြောဖို့၊ မိတ်ဆွေသစ်ရှာဖို့နှင့် ပို့စ်တွေတင်ဖို့အတွက် သုံးကြလေသည်။ ကျွန်မတွင် ဖေ့စ်ဘုတ် အကောင့်မရှိသည်ကို သူတို့ မြင်သည့် အခါ၊ ကျွန်မအတွက် တစ်ခု လုပ်ပေးကြပြီး အွန်လိုင်း မည်သို့ထိုင်ရသည်နှင့် ယင်းကို မည်သို့အသုံးပြုရသည်တို့ကို ကျွန်မ တဖြည်းဖြည်း သင်ယူခဲ့သည်။ ကျွန်မ အချိန်ရသည့်အခါ၊ သခင့်၌ ညီအစ်ကို မောင်နှမအချို့၏ တင်ထားသည့် စာများကို တစ်ချက်ကြည့်ပြီး ယင်းတို့ကို ကျွန်မ မျှဝေကာ Like ပေးလေသည်။ တစ်ခါတစ်ရံတွင် သခင့်ကို ချီးမွမ်းခြင်း စာအချို့ကို ကျွန်မ ရေးသည် သို့မဟုတ် ကျွန်မ၏ သူငယ်ချင်း အဖွဲ့ထဲက လူများနှင့်အတူ သခင့်၏ ကျေးဇူးတော်ကို မျှဝေလေသည်။ နေ့တိုင်းက ကျွန်မအတွက် ဝမ်းမြောက်ကျေနပ်စရာ ဖြစ်ခဲ့သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ နေ့တစ်နေ့ ကျွန်မ၏ ဖေ့စ်ဘုတ် မိတ်ဆွေများထဲမှ တစ်ဦး၏ ပရိုဖိုင်ကို ကျွန်မ ဖွင့်ကြည့်နေချိန်တွင်၊ ဤစာကို ကျွန်မ တွေ့လိုက်ရသည်- “ကျွန်မတို့ရဲ့ အုပ်စုထဲမှာ တရားစီရင်ခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စကို ကျွန်မတို့ ဆွေးနွေးခဲ့ကြတယ်။ ကျွန်မတို့အားလုံး ပြောတာ မတူကြ ပေမယ့် အဓိကအချက်တွေကို ကျွန်မတို့ သဘောတူကြပါတယ်။ တစ်ယောက်က၊ ‘တစ်ခုခုကို ငါ နားမလည်ရင်၊ ပေါက်ကရစကားဟောင်းတစ်ချို့ကို လေမရှည်ရဲ ပါဘူး။ အဲဒါက အနာဂတ်မှာ ဘုရားသခင် လုပ်ဆောင်မယ့် အရာတစ်ခုခုဖြစ်ပြီး ပရမ်းပတာ ထင်ကြေးတွေပေးဖို့ ငါတို့မကြိုးစားသင့်ဘူး’ လို့ ပြောတယ်။ တစ်ခြားတစ်ယောက်က၊ ‘ဆာလံ ၇၅:၂ မှာ “ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံ သောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။” လို့ ပြောတယ်လေ။ လူတစ်ဦးစီတိုင်း လုပ်သမျှကို ဘုရားသခင်က မှတ်ထားတယ်၊ ဒါကြောင့် လူသားအားလုံးကို တရားစီရင်ဖို့ သခင်ယေရှု ပြန်ကြွလာတဲ့အခါ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြနေသလိုပဲ ငါတို့ရဲ့ လုပ်ရပ်တွေကို သူက အားလုံးဆီကို ထုတ်ဖော်ပြမှာ။ ဒါကြောင့် ငါတို့ရဲ့ အပြုအမူမှာ အမြဲ ငါတို့ တည်ကြည်ဖြောင့်မတ်သင့်သလို၊ ဘုရားသခင်က ငါတို့ကို တရားမစီရင်ဖို့နဲ့ ငရဲထဲကို မပစ်ချဖို့ မကောင်းမှုကို ငါတို့ လုံးဝ မလုပ်သင့်ဘူး’ လို့ ပြောပါတယ်။ တစ်ခြားတစ်ယောက်က၊ ‘ကျမ်းစာထဲမှာ ပြောတယ်လေ- “တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။(ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂) တဲ့။ နောက်ဆုံးသော ကာလမှာ သခင်ယေရှု ပြန်ကြွလာတဲ့အခါ ကောင်းကင်မှာ ဧရာမ စားပွဲတစ်ခုကို သူ တည်ခင်းမယ်၊ အဲဒီစားပွဲနောက်မှာ သူထိုင်မယ်၊ ပြီးတော့ စာအုပ်တွေကို ဖွင့်မယ်ဆိုတာကို ကျမ်းစာကနေ ငါတို့ မြင်နိုင်တယ်။ အဲဒီနောက်၊ လူသားမျိုးနွယ်အားလုံး မြေကြီးပေါ်မှာ ဒူးထောက်လျက်သားနဲ့၊ အယောက်တိုင်း ရဲ့ နာမည်ကို သူ ခေါ်ပြီး သူတို့ရဲ့ လုပ်ရပ်တွေအတိုင်း သူတို့ အသီးသီးကို တစ်ယောက်ပြီးတစ်ယောက် တရားစီရင်မှာပဲ။ လူကောင်းတွေက သခင့်အားဖြင့် ကောင်းကင်နိုင်ငံတော်ဆီကို ခေါ်ဆောင်ခံရတဲ့အချိန်မှာ၊ ဆိုးယုတ်တဲ့လူတွေ ကတော့ ငရဲထဲ ပစ်ချခံရမှာပဲ။”

ဤစာကို ကျွန်မ ဖတ်ပြီးသည့်နောက်တွင် ကျွန်မ၏ ထိုင်ခုံ၌ ကျွန်မ ဆက်ထိုင်နေခဲ့ပြီး လူသားမျိုးနွယ်ကို သခင်ယေရှု တရားစီရင်နေသည့် စိတ်ပုံရိပ် တစ်ခုကို အကြမ်းဖျင်း ပုံဖော်နေမိခဲ့သည်။ သခင်က ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေ သည်၊ လူအားလုံးက သူ၏ စားပွဲရှေ့တွင် ဒူးထောက်နေကြပြီး ဘုရားသခင်က တရားစီရင်ဖို့အတွက် သူတို့ရဲ့ အပြစ်တွေအားလုံးကို ဝန်ခံနေကြပြီး၊ သူတို့ထဲက တစ်ဦးစီကို သူတို့ရဲ့ လုပ်ရပ်တွေနဲ့အညီ ကောင်းကင် သို့မဟုတ် ငရဲသို့ သခင်က ပို့ဆောင်နေသည်။ အနှစ် ၂၀ ကျော်ကြာ သခင့်၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ကျွန်မ ဖြစ်ခဲ့ပြီး သူ၏ သွန်သင်ချက်များကို လက်တွေ့ လုပ်ဆောင်ဖို့ ကျွန်မ မည်သို့ အကောင်းဆုံး ကြိုးစားခဲ့သည့်အကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ၏ ဘာသာတရား ကိုင်းရှိုင်းမှုကို သခင်က မြင်ပြီး ကောင်းကင်နိုင်ငံတော်သို့ ကျွန်မကို ခေါ်သွားလိမ့်မည်ဟု ကျွန်မ ယုံကြည်မိသည်။ သို့သော် ယင်းကို ကျွန်မ အစအဆုံး ပိုပိုပြီး စဉ်းစားစဉ်၊ ကျွန်မ ရုတ်တရက် အကြံတစ်ခု ရလိုက်သည်- ယခု အင်တာနက် အသုံးပြုပုံကို ကျွန်မ သိသည့်အတွက် “တရားစီရင်ခြင်း” ကို ရှာပြီး ဘာထွက်လာသည်ကို ကြည့်လျှင် မကောင်းဘူးလား။ Browser ကို ကျွန်မ ဖွင့်လိုက်ပြီး ထိုစကားလုံးကို ကျွန်မ ရိုက်လိုက်သည်။ မည်သည့် လင့်ခ်ကို ကျွန်မ နှိပ်မိလိုက်သည်ကို မမှတ်မိနိုင်သော်လည်း၊ အံ့အားသင့်ဖွယ်ရာပင်၊ ဤစာကြောင်း ထွက်ပေါ်လာလေသည်- “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး။” ဤအရာက ကျွန်မ၏ စိတ်ပါဝင်စားမှုကို နိုးဆွပေးခဲ့သည်၊ ထို့ကြောင့် နောက်ထပ် ဖတ်ရှုရန် ဝဘ်ဆိုက်ဆီ ကျွန်မ သွားလိုက်သည်။ ဝဘ်ဆိုက် စာမျက်နှာ ထွက်ပေါ်လာစဉ်၊ နှစ်လိုဖွယ်ဖြစ်ပြီး အတွေးပွားစေသည့် “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး” ဟူသည့် ဤဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ကြားလိုက်ရသည်။ သီချင်းစာသားတွင် အောက်ပါအတိုင်း ပါရှိလေသည်- “...သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ သတ္တဝါ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ)

ဓမ္မသီချင်း ပြီးဆုံးသွားပြီးနောက် စာသားများကို ကျွန်မ တွေးဆခဲ့သည်။ ယင်းက အတော်လေး တို့ထိသည်ကို ကျွန်မ တွေ့ရသည်။ ကျွန်မ စတင် တွေးမိခဲ့သည်- “ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းတွေက ငါတို့ ကယ်တင်ခြင်းရဲ့ အလင်းလား။ အဲဒါက လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံး ကွယ်ကာမှုနဲ့ ကျေးဇူးတော်လား။ ဒါကို ငါတို့ ဘယ်လို နားလည်ရမလဲ။ လူတွေက သန့်စင်ခံရပြီး အဓိပ္ပါယ်ရှိတဲ့ အသက်တာတွေကို အသက်ရှင်တယ် ဆိုရင်၊ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းတွေကို လက်ခံရ မယ်လို့ ဆိုလိုတာလား။” ဤသီချင်းစာသားများကို ကျွန်မ အချိန်ယူ စဉ်းစားသည်နှင့်အမျှ၊ ကျွန်မ၏ ဦးနှောက်ထဲ မေးခွန်းများစွာ ပေါ်လာခဲ့သည်။ “ဘုရားသခင်က လူကို တရားစီရင်မယ်ဆိုရင်၊ လူက ရှုတ်ချခံရမှာ မဟုတ်လား။ ပြီးတော့ တရားစီရင်ခြင်းက ကယ်တင်ခြင်းရဲ့ အလင်းတစ်ခု ဘယ်လိုဖြစ် လာတာလဲ” ဟူ၍လည်း ကျွန်မတွေးမိသည်။ ဤကဲ့သို့သော မည်သည့်အရာကိုမျှ ယခင်က ကျွန်မ မကြားဖူးသောကြောင့် ကျွန်မ သိချင်စိတ်ရှိသလို စိတ်လည်း လှုပ်ရှားမိသည်။ ဓမ္မသီချင်းထဲတွင် ပြောထားသည့် တရားစီရင်ခြင်းက ကျွန်မ နားလည်ခဲ့သည့် တရားစီရင်ခြင်းပုံစံ မဟုတ်သော်လည်း၊ တရားစီရင်ခြင်းက နက်ရှိုင်းသော အဓိပ္ပါယ် ပိုင်ဆိုင်ပြီး လူတစ်ယောက်၏ အနာဂတ်၊ ကံကြမ္မာတို့နှင့် သက်ဆိုင်နေသည်ဟူသည ဤဇဝေဇဝါဖြစ်သော ခံစားချက် ကျွန်မ ရှိနေဆဲ ဖြစ်သည်။ ဓမ္မသီချင်း၏ အရင်းအမြစ်ကို ကျွန်မ စစ်ဆေးသည့်အခါ၊ ယင်းက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထံမှဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရသည်၊ ထို့ကြောင့် သူတို့၏ ဝဘ်ဆိုက်ဆီ ကျွန်မ သွားလိုက်သည်။ ပင်မစာမျက်နှာက ဆန်းသစ်ပြီး ရသပြည့်စွာ နှစ်လိုဖွယ်ကောင်းသည်သာမက၊ အကြောင်းအရာ ကလည်း ထူးကဲစုံလင်ကာ အမျိုးမျိုးအဖုံဖုံနှင့် ဖြစ်လေသည်။ နားထောင်ရမည့် အရာများ၊ ဖတ်ရှုရမည့်အရာများ၊ သီချင်းများ၊ ဆွေးနွေးချက်များနှင့် အခြားအရာများစွာ ရှိလေသည်။ ကျွန်မ မိမိဘာသာ စဉ်းစားမိခဲ့သည်- “ဒီဝဘ်ဆိုက်အကြောင်းကို ဘယ်လိုဖြစ်ပြီး တစ်ယောက်မှ ငါ့ကို မပြောဖူးတာလဲ။ ဒါက အရမ်းကောင်းပေမယ့် ဘယ်သူမှ ဒါကို မတွေ့သေးလို့ မဝေမျှတာ ဖြစ်နိုင်မလား။” “စာအုပ်များ” လင့်ခ်ကို ကျွန်မ နှိပ်လိုက်ပြီး စာအုပ်စာရင်းကို ကျွန်မ အောက်ရွေ့သည့်အခါတွင် ဤခေါင်းစဉ်ကို ကျွန်မ တွေ့ခဲ့သည်။ အသက်တာအတွင်း ဝင်ရောက်ရာ၌ ကြုံတွေ့ရသည့် အတွေ့အကြုံများအကြောင်း သက်သေခံချက်များ။ ယင်းကို ကျွန်မ နှိပ်လိုက်သည့်အခါ၊ ထိုအရာ အများစုက ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်း သက်သေခံချက်များ ဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရသည်၊ ဥပမာ- “ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင် ဆုံးမခြင်းတို့က ကျွန်မကို ကယ်တင်ခဲ့သည်”၊ “ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မအတွက် ကြီးမားသော ကယ်တင်ခြင်းတစ်ခု ဖြစ်သည်”၊ “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းထဲတွင် ကျွန်မ တွေ့ရသည်”၊ “ဘုရားသခင်၏ တရား စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မ၏ အပြစ်နှင့်ပြည့်သော နှလုံးသားကို နိုးထစေခဲ့သည်”၊ “ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့က ကျွန်တော်ကို မှန်ကန်တဲ့ လမ်းကြောင်းကို ပို့ပေးပါတယ်။” စသဖြင့် ဖြစ်သည်။ ကျွန်မ အလုပ်သွားဖို့ အချိန် ရောက်လုနီးပြီဖြစ်သောကြောင့်၊ ဤသက်သေခံ ချက်များ အနည်းငယ်ကို ကျွန်မ မြန်မြန် အကြမ်းဖျင်းဖတ်ဖို့ အချိန်သာ ရှိခဲ့သည်။ ထိုအရာများအားလုံးမှာ ယုံကြည်သူများက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရကြပုံတို့ကို ဖော်ပြရင်းနှင့် သူတို့၏ ချို့တဲ့မှုများ၊ ဖောက်ပြန်ပျက်စီးခြင်း၊ ယုံကြည်ချက်တွင် မှားယွင်းသော အမြင်များ၊ စသည်တို့အကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များမှတဆင့် ဤအရာများ အတော်အတန် ပြောင်းလဲခဲ့ပုံ တို့ကိုလည်း ပြောဆိုရေးသားထားခြင်း ဖြစ်သည်။ ဤအရာက “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏” အကြောင်းကို သာ၍ပင် ကျွန်မကို သိစေချင်ခဲ့သည်။ တရားစီရင်ခြင်းဟူသည်မှာ ရှုတ်ချခံရခြင်းအကြောင်း မဟုတ်သည်မှာ ဖြစ်နိုင်ပါသလား။ ယင်းက လူအသီးသီး၏ အဆုံးသတ်ကို ဆုံးဖြတ်ခြင်း အကြောင်း မဟုတ်သလော။ ကျွန်မ တကယ်ကို နေမထိ ထိုင်မသာ စတင်ခံစားလာရပြီး၊ “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏” က ပြောနေသည့်အရာ၏ အကြောင်းရင်းကို ကျွန်မ စူးစမ်းဖော်ထုတ်ရမည်ကို ကျွန်မ သိခဲ့သည်။ “အသက်တာအတွင်း ဝင်ရောက်ရာ၌ ကြုံတွေ့ရသည့် အတွေ့အကြုံများ အကြောင်း သက်သေခံချက်များ” က လူတို့ကို သူတို့၏ ယုံကြည်မှုအတွက် အလွန့်အလွန် အသုံးကျသည့် စာအုပ်တစ်အုပ် ဖြစ်နိုင်သလို၊ ယင်းကို ကျွန်မ ကောင်းကောင်းကြည့်ရမည်ဟု ကောက်ချက်ချခဲ့သည်။ သို့သော် အချိန်ကုန်မြန်နေ ခဲ့သောကြောင့်၊ ကွန်ပြူတာကို ပိတ်ပြီး ကျွန်မ အလုပ်သွားခဲ့သည်။

ထိုညတွင် ကျွန်မသည် အိပ်ရာပေါ်၌ လူးလှိမ့်လျက်ဖြင့် အိပ်မရနိုင်ခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဝဘ်ဆိုက် ပုံရိပ်များက ကျွန်မ ခေါင်းထဲတွင် ဆက်တိုက်ပေါ်နေခဲ့သည်။ အထူးသဖြင့် “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏” ဟူသည့် စာကြောင်းကို ကျွန်မ နားမလည်နိုင်ခဲ့သလို၊ “တရားစီရင်ခြင်း” သည် မည်သည့်အရာ ဆိုလိုသည်ကို ကျွန်မ တကယ်သိချင်ခဲ့သည်။

နောက်နေ့တွင် ကျွန်မ မနက်စောစော ထပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဝဘ်ဆိုက်ကို ဖွင့်လိုက်ကာ “တရားစီရင်ခြင်း” ဟူသည့် စကားလုံးကို ကျွန်မ စတင်ရှာဖွေခဲ့သည်။ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” ဆိုသည့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးတစ်ပုဒ်ကို ကျွန်မ တွေ့ရပြီး ယင်းကို ဖွင့်လိုက်ကာ ဤစကားလုံးများကို ဖတ်ရှုခဲ့ရသည်- “ယခင်အချိန်များကပြောခဲ့သည့် ဘုရားသခင်၏အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းတွင်၊ ဤနှုတ်ကပတ်တော်များထဲမှ ‘တရားစီရင်ခြင်း’ သည် နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများအပေါ် ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ခြင်းကို ရည်ညွှန်းပေသည်။ နောက်ဆုံးသောကာလ ရောက်လာပြီးချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် လူအားလုံး မြေပေါ် ဒူးထောက်လျက်နှင့် ကြီးမြတ်သော ပလ္လင်ပေါ်တွင် ထိုင်ရင်း၊ သူသည် လူအသီးသီး၏ အပြစ်များကို ထုတ်ဖော်ပြကာ၊ ထိုသို့ဖြင့် ၎င်းတို့သည် ကောင်းကင်ဘုံသို့ တက်ရမည်၊ သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ဆိုသည်ကို ဆုံးဖြတ်မည် ဟူသကဲ့သို့သော သဘာဝလွန် စိတ်ကူးများကို ယုံကြည်သော သူများ ရှိကောင်းရှိပေမည်။ လူသားက မည်သည့်အရာကို စိတ်ကူးသည်ဖြစ်စေ၊ ဘုရားသခင် အမှု၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ လူသား၏ စိတ်ကူးစိတ်သန်းများသည် လူသား၏ အတွေးများမှ ဖန်တီးမှုများသာ ဖြစ်သည်။ ယင်းတို့သည် လူသား၏ဦးနှောက်မှ လာသည်၊ လူသား မြင်ပြီးကြားပြီးသော အရာများမှ ပေါင်းရုံးကာ ဆက်စပ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ငါပြောမည်၊ စိတ်ကူးပေါက်သည့် ပုံရိပ်များက မည်မျှတောက်ပသည်ဖြစ်စေ၊ ယင်းတို့သည် သရုပ်ဖော်ချက်များသာ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှု၏ အစီအစဉ်ကို အစားထိုးနိုင်စွမ်း မရှိချေ။ အဆုံးတွင်၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အတွေးများကို အဘယ်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ဆန်းပြားသော အရာတစ်ခုအဖြစ် ယူဆ၏။ သူက တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည်မှာ ဘုရားသခင်ကိုယ်တိုင်ဖြစ်သည့်အတွက် ဤအမှုသည် အကြီးမားဆုံးသော အတိုင်းအတာ ဖြစ်ရမည်ဖြစ်ပြီး၊ သေမျိုးများအဖို့ နားမလည်နိုင်သောအရာ ဖြစ်ရမည်ဖြစ်ကာ၊ ကောင်းကင် တစ်လျှောက်လုံး ပဲ့တင်ထပ်ပြီး မြေကြီးကို လှုပ်ခါစေရမည်၊ သို့မဟုတ်ပါက၊ ယင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု အဘယ်သို့ ဖြစ်နိုင်မည်နည်းဟု ယုံကြည်လေသည်။ သူသည် ဤသည်မှာ တရားစီရင်ခြင်းအမှု ဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ခံ့ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားရမည်ဖြစ်ကာ၊ တရားစီရင်ခံရလျက်ရှိသော သူတို့သည် မျက်ရည်များဖြင့် ငိုကြွေးမြည်တမ်းနေပြီး၊ သနားညှာတာမှုအတွက် ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်လေသည်။ ထိုသို့သော မြင်ကွင်းများသည် ဧကန်မုချ ကြီးကျယ်ခမ်းနားမည်ဖြစ်ကာ၊ နက်နက်ရှိုင်းရှိုင်း နိုးကြားတက်ကြွစေပေမည်။... ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို အံ့သြဖွယ်ဖြစ်ဖို့ အယောက်တိုင်း စိတ်ကူးကြ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားအလယ် အချိန်ကြာမြင့်စွာကတည်းက စတင်ပြီးသည့်အချိန်တွင်၊ သင်သည် ထိုင်းမှိုင်းလေးကန်သော အိပ်စက်ခြင်းဖြင့် ဝင်ကွေးနေသည်ကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်ပြီးဖြစ်သည်ဟု သင်ထင်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို အသစ်တဖန် ပြုလုပ်နှင့်ပြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ သင်သည် ဘဝ၏အဓိပ္ပာယ်ကို နားလည်လာပြီးဖြစ်ရုံမျှသာ ဖြစ်ကောင်း ဖြစ်ပေမည်၊ သို့သော် ဘုရားသခင်၏ မငဲ့ညှာသော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲတွင် ငရဲထဲသို့ ခေါ်ဆောင်သွား လိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်နှင့်ပြီးဖြစ်သည်ကို သင် ရုတ်တရက် နားလည်လိမ့်မည်။” ဤစကားလုံးများအားဖြင့် ကျွန်မ တကယ်ကို အံ့အားသင့်သွားခဲ့ရသည်။ ၎င်းတို့က ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အပေါ် လူတို့၏ အတွင်းကျကျ အတွေးများနှင့် အမြင်များကို မှန်ကန်တိကျစွာ ထုတ်ဖော်ပြလေသည်။ယင်းတို့သည် အလွန် စစ်မှန်ပြီးလက်တွေ့လည်းကျ လေသည်။ “ငါ စွဲကိုင်နေခဲ့တဲ့ ကောင်းကင်က တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ စိတ်ကူး က ငါ့ရဲ့ စိတ်ကူးသက်သက် ဖြစ်နေနိုင်မလား။ လူတွေအားလုံးက ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ဟာ ဆန်းကြယ်ပြီး သဘာဝလွန်ဖြစ်တယ်ဆိုပြီး စိတ်ကူးကြတယ်လို့ ဒီစာပိုဒ်က ပြတယ်။ တရားစီရင်ခြင်း အမှုတော်က ရှေးကတည်းက စတင်ခဲ့သလို မကြာခင် ပြီးဆုံးတော့မယ်လို့လည်း အဲဒါက ညွှန်ပြတယ်၊ ပြီးတော့ အချိန်မဖြုန်းဘဲ ဘုရားသခင် ကိုယ်ထင်ပြခြင်းကို ရှာဖွေဖို့ လူတွေကို တိုက်တွန်းတယ်။ ဒါက ဘုရားသခင်ရဲ့ အသံတော် ဖြစ်နိုင်မလား” ဟု ကျွန်မ တွေးခဲ့သည်။ ယင်းအတွေးက ကျွန်မကို နေမထိ ထိုင်မသာ ဖြစ်စေခဲ့ပြီး ဘုရားသခင်၏ တရားစီရင်ခြင်း၏ အဓိပ္ပါယ်က အမှန်တကယ် မည်သည့်အရာဖြစ်သည်ဆိုသည့်အပေါ် ကျွန်မ ချက်ချင်း ရှင်းလင်းပြတ်သားမှုကို တကယ်လိုချင်မိခဲ့သည်။ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဝဘ်ဆိုက်ပေါ်တွင် အကြောင်းအရာ အလွန်များခဲ့ပြီး မည်သည့်နေရာက စတင်ကြည့်ရှုရမည်ကို ထိုအချိန်က ကျွန်မ မသိခဲ့ပါ၊ ထို့ကြောင့် အသင်းသားများကိုယ်တိုင်ကို ထွက်ရှာပြီး ကိစ္စရပ်များကို နားလည်ရန် သူတို့ ကျွန်မကို ကူညီနိုင်ခြင်းရှိမရှိကို ကြည့်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဝဘ်ဆိုက်ပေါ်က အွန်လိုင်း ချက်တင်း လုပ်ငန်းစဉ်ကို အသုံးပြုပြီး တရားစီရင်ခြင်းအကြောင်း ကျွန်မ ပို၍ သင်ယူဖို့ စိတ်ဝင်စားကြောင်း သူတို့ကို ပြောသည့် စာတိုတစ်ခုကို ကျွန်မ ပို့ခဲ့သည်။ တစ်စုံတစ်ဦးက အလွန်လျင်မြန်စွာ ကျွန်မကို ဖြေကြားခဲ့ပြီး၊ ကျွန်မနှင့် ဆက်သွယ်ခဲ့သည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်မနှစ်ဦး ဖြစ်သူ လျူဟွေး နှင့် လီမေ တို့ကို မိတ်ဆက်ပေးခဲ့သည်။ ကျွန်မတို့၏ စကားအချီအချပြောဆိုသည့် တစ်လျှောက်လုံးတွင်၊ ဤညီအစ်မ နှစ်ဦးက ပွင့်လင်းပြီး ရိုးသားသည့် ချဉ်းကပ်မှုတစ်ခု ရှိပြီး အလွန်ရိုးသား ပွင့်လင်းကြသည်ကို ကျွန်မ တွေ့ရသည်။ သူတို့နှင့် ကျွန်မ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားစမြည်ပြောဆိုချင်ခဲ့သည်။ ကျွန်မ သူတို့ကို ပြောလိုက် သည်- “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဝဘ်ဆိုက်ကို ကျွန်မ တကယ်နှစ်သက်တယ်။ အဲဒီမှာ ဝိညာဉ်ရေးရာ စာအုပ်တွေ၊ ချီးမွမ်းခြင်း ဓမ္မသီချင်းတွေ၊ တေးဂီတ ဗီဒီယိုတွေ၊ ဧဝံဂေလိ ရုပ်ရှင်တွေ၊ ဘုရား နှုတ်ကပတ်တော်တွေကို ဖတ်ရွတ်ခြင်းတွေနဲ့ နောက်ထပ် မျိုးစုံရှိတယ်။ အဲဒီမှာ တကယ်ကို အကြောင်းအရာတွေ အများကြီးပဲ၊ ဒါပေမယ့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းက ဘာကို ဆိုလိုသလဲဆိုတာကိုပဲ ကျွန်မ နားမလည်တာ။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းက အစပြုနှင့်ပြီးပြီဖြစ်ပြီး၊ ကောင်းကင်က တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ စိတ်ကူးဟာ လူသား အယူအဆတွေနဲ့ စိတ်ကူးတွေရဲ့ ရလဒ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုထားပုံရတဲ့ ‘ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏’ ဆိုတာကို ကျွန်မ ခုလေးတင် ဖတ်လိုက်ရတယ်။ ဒါက တရားစီရင်ခြင်းနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ခါတိုင်း နားလည်မှုနဲ့ အတော်ကွာခြားနေတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်တို့ရဲ့ သိနားလည်မှုကို ကျွန်မနဲ့ ဝေမျှပေးလို့ ရမလား။”

ညီအစ်မ လျူဟွေးက ပြန်ဖြေခဲ့သည်- “ဘုရားသခင်ကို ချီးမွမ်းပါတယ်။ အတူတူ ကြိုးစားပြီး မိတ်သဟာယ ပြုလိုက်ရအောင်။ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို ကောင်းကင်မှာ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ရင်းနဲ့ ကျွန်မလည်း အဲဒီလို တွေးလေ့ရှိခဲ့တယ်။ ဒါပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ ဒါက တကယ်တော့ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆ၊ ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ကူးပဲဖြစ်တယ်ဆိုတာ ကျွန်မ နားလည်လာခဲ့တယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က ကောင်းကင်မှာ လုပ်ဆောင်မလား မြေကြီးမှာ လုပ်ဆောင်မလားဆိုတာကို ကျမ်းစာထဲက ပရောဖက်ပြုချက်အချို့မှာ အရမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဥပမာအနေနဲ့၊ ဗျာဒိတ်ကျမ်း ၁၄:၆-၇ မှာ ပြောတယ်- ‘မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။’ ဆာလံ ၉၆:၁၃ မှာ ပြောထားတယ်- ‘အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော် မူလတံ့။’ ရှင်ယောဟန်ခရစ်ဝင် ၉:၃၉ မှာ ပြောတယ်။ ‘မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။’ တဲ့။ ဒီသမ္မာကျမ်းဆိုင်ရာ ကျမ်းချက်တွေမှာ ‘မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော’ ‘မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။’ ပြီးတော့ ‘ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ’ ဆိုတာတွေကို ဖော်ပြထားတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ကမ္ဘာလောကထဲကို လာရမယ်၊ ပြီးတော့ တရားစီရင်ခြင်း အမှုကို ပြုဖို့၊ လူမျိုးအားလုံးနဲ့ တိုင်းနိုင်ငံအားလုံးကို တရားစီရင်ဖို့ ကမ္ဘာမြေကို သူ ကြွလာလိမ့်မယ်ဆိုတာ ဒီကနေ ကျွန်မတို့ မြင်နိုင်တယ်။ ဒါ့အပြင်၊ လူသားမျိုးနွယ်ကို ဘုရားသခင် မဖန်ဆင်းခင်မှာ ကျွန်မတို့အတွက် သင့်တော်တဲ့ ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးဖို့ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့တယ်ဆိုတာ သမ္မာကျမ်းစာကို ဖတ်ရာကနေ ကျွန်မတို့ သိရတယ်။ အဲဒီနောက် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ကောင်းကင်မှာ မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်မှာ အသက်ရှင်ဖို့ ကျွန်မတို့အတွက် စီစဉ်ခဲ့တယ်။ ဒီတော့ ဘယ်လိုဖြစ်ပြီး ကျွန်မတို့က ကောင်းကင်ကို တက်သွားဖို့ ဖြစ်နိုင်မှာလဲ။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ် အနေနဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ဒီနေရာ ကမ္ဘာမြေ ပေါ်မှာ လက်ခံရုံကလွဲလို့ ရွေးချယ်စရာမရှိဘူး။ ဒါ့အပြင်၊ ဗျာဒိတ်ကျမ်းထဲမှာ၊ ယောဟန်က ပတ်မု ကျွန်းပေါ်ကနေ ကောင်းကင်မှာ ပလ္လင်ဖြူကြီးတစ်ခုကို မြင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတယ်။ အမှန်တော့၊ ဒါက ယောဟန်ရဲ့ ရူပါရုံတွေထဲက တစ်ခုပဲဖြစ်တယ်၊ ဒါပေမယ့် တစ်ချို့လူတွေက ဒါကို နောက်ဆုံးသော ကာလမှာ ဘုရားသခင် ပြန်ကြွလာတဲ့အခါ လူတွေကို ကောင်းကင်မှာ တရားစီရင်လိမ့်မယ်ဆိုပြီး တိုက်ရိုက် အဓိပ္ပါယ်အတိုင်း အနက်ပြန်ခဲ့ကြတယ်။ ဒါက ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပါပဲ၊ ပြီးတော့ ပရောဖက်ပြုချက်တွေအပေါ် အနက်ပြန်လွဲခြင်းတစ်ခု ဖြစ်တယ်- ဒါက ဘုရားအမှုတော်ရဲ့ လက်တွေ့အရှိတရား လုံးဝ မဟုတ်ပါဘူး။”

ကျွန်မ ကြားလိုက်ရသည့်အရာအားဖြင့် ကြက်သေသေသွားမိခဲ့သည်- ထိုညီအစ်မက ကျွန်မကို ဝေမျှသည့် ကျမ်းချက်များအားလုံးကို ကျွန်မ ဖတ်ရှုခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်၍ ထိုစကားလုံးများ၏ တကယ့် အဓိပ္ပါယ်ကို ကျွန်မ မည်သို့ဖြစ်ပြီး လုံးဝ သတိမထားမိခဲ့ပါသနည်း။ ဟုတ်ပါသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ်တွင် နေထိုင်ဖို့ ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် ကျွန်မတို့အနေဖြင့် ကောင်းကင်သို့ တက်သွားဖို့မှာ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။ ကျွန်မ၏ ယုံကြည်ခြင်းက မရေရာမှုနှင့် မသိနားမလည်မှုတို့ဖြင့် တကယ်ကို ပြည့်နေခဲ့သည်။

ထို့နောက် ညီအစ်မ လီမေက ဤအရာကို ကျွန်မနှင့်အတူ မိတ်သဟာယပြု ခဲ့သည်- “နောက်ဆုံးသော ကာလမှာ ဘုရားသခင်က ကမ္ဘာမြေကြီးပေါ် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူခဲ့ရုံသာမက၊ သူ့ရဲ့ အမှုတော်က အချိန်အကြာကြီးကတည်းက စတင်ခဲ့ပြီး မကြာခင် ပြီးဆုံးတော့မှာ ဖြစ်တယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က လူတွေ စိတ်ကူးသလို ကောင်းကင်မှာ လုပ်ဆောင်တာ မဟုတ်သလို၊ လူတွေယုံကြည်သလို သူတို့ကို တိုက်ရိုက် ပြစ်ဒဏ်ချမှတ်တာ မဟုတ်ပါဘူး။ အမှန်တော့၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော် မပြီးဆုံးခင်မှာ၊ ဘုရားသခင်ရဲ့ ပလ္လင်တော် ရှေ့မှောက်ကို လာတဲ့သူတွေအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အားဖြင့် တရားစီရင်ခံရနိုင်တဲ့သူ၊ စမ်းသပ်ခံရပြီး သန့်စင်ခံရနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး သန့်စင်ခံရသူတွေ အားလုံးကို ဘုရားသခင်က သူ့ရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်သွားမှာပါ။ ဒါပေမယ့် ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း အမှုတော်ကို လက်ခံဖို့ ငြင်းဆန်တဲ့သူတွေကတော့၊ သူတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေက ဘုရားသခင်အားဖြင့် တရားစီရင်မခံရသလို၊ သန့်စင်မခံရတဲ့အတွက်၊ အပြစ်ကို မကြာခဏ ဆက်လုပ်ရင်း အပြစ်တရားထဲမှာ သူတို့ ဆက်အသက်ရှင် ကြမှာဖြစ်တယ်။ သူတို့ဟာ လိမ်ညာကြမယ်၊ လိမ်လည်လှည့်စားကြမယ်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ကြမှာဖြစ်တယ်။ သူတို့ရဲ့ အပြစ်တွေအတွက် ငရဲမှာ သူတို့ အမြစ်ဖြတ်ချေမှုန်းခံရမှာဖြစ်တယ်- ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ စစ်မှန်တဲ့ အသွင်သဏ္ဍန် ဖြစ်တယ်။ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကြောင့် ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကနေ ကျွန်မတို့ အရွေးနုတ်ခံခဲ့ရပေမယ့်၊ ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝ ပြဿနာက မပြေလည်သေးဘူးဆိုတာကို သခင့်နောက်ကို နှစ်တွေအများကြီး လိုက်ခဲ့ကြတဲ့ ကျွန်မတို့တွေက နက်နက်ရှိုင်းရှိုင်း ကြုံတွေ့ခံစားရတယ်။ သခင့်နောက် ကျွန်မတို့ လိုက်ကြပေမယ့်၊ တစ်ချိန်တည်းမှာပဲ သခင့်ရဲ့ သွန်သင်မှုတွေကို မကြာခဏ ဆန့်ကျင်လုပ်ဆောင်ကြပြီး၊ အဲဒီအစား လိမ်ညာမှု၊ လိမ်လည်လှည့်စားမှု၊ လှို့ဝှက်ကြံစည်မှုတွေမှာ ပါဝင်ပတ်သက်ခြင်းနဲ့ ကျော်ကြားမှုနဲ့ အခွင့်အလမ်းတွေ အတွက် ရုန်းကန်လှုပ်ရှားမှုတွေလို အပြစ်တွေကို ကျူးလွန်ဖို့ ကျွန်မတို့ရဲ့ အသွေးအသားဆိုင်ရာ စိတ်ဆန္ဒတွေကို စိတ်ကြိုက်အသက်ရှင်စေကြတယ်။ အချည်းနှီး ဝင့်ဝါမှုတွေကို ကျွန်မတို့ ဆာငတ်ကြပြီး ရုတ်ဝတ္ထုလောကကြီးရဲ့ ဆိုးယုတ်တဲ့ ရေပန်းစားမှုတွေနောက်ကို လိုက်ကြတယ်။ စသဖြင့်ပေါ့။ အထူးသဖြင့် စမ်းသပ်မှုတွေ၊ မတော်တဆမှုတွေနဲ့ ကပ်ဘေးတွေကို ကျွန်မတို့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားသခင်ကို ကျွန်မတို့ နားလည်မှုလွဲကြတယ်၊ အပြစ်တင်ပြီး သူ့ကို သစ္စာတောင်ဖောက်ကြတယ်။ ကျွန်မတို့က စဉ်ဆက်မပြတ် အပြစ်ပြုနေပြီး၊ အဲဒီနောက် ကျွန်မတို့ရဲ့ အပြစ်တွေကို ဝန်ချကြပေမယ့် ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝရဲ့ အချုပ်အနှောင်တွေကို လုံးဝ မပယ်ရှားတဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်နေကြတယ်လို့ ပြောလို့ရတယ်။ သမ္မာကျမ်းစာထဲမှာ ပြောပါတယ်- “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) တဲ့။ ကျွန်မတို့လောက် ဖောက်ပြန်ပျက်စီးတဲ့ လူတွေက ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဘယ်လိုဖြစ်ပြီး ဝင်နိုင်မှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောပြီးပါပြီ- ‘ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) ဒါကြောင့်၊ နောက်ဆုံးသော ကာလအတွင်းမှာ၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ လူတွေကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ သန့်စင်ခြင်း အမှုတော် အဆင့်ကို ဆောင်ရွက်ရင်း၊ ဘုရားသခင်က သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ကို အကောင်အထည်ဖော်နေတယ်။ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ သန့်စင်ခံရပြီး ကယ်တင်ခံရဖို့ စာတန်ရဲ့ အုပ်စိုးမှုကနေ ကျွန်မတို့ကို လုံးလုံးလျားလျား ကယ်တင်ဖို့နဲ့ ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝရဲ့ အချုပ်အနှောင်တွေကို ဖယ်ရှားဖို့ ဖြစ်တယ်။ ဒီအရာကနေ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်း သက်သက်ဖြစ်တယ်ဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ လူတွေ စိတ်ကူးသလို အဲဒါက ကျွန်မတို့ကို ပြစ်ဒဏ်ချမှတ်ဖို့ မဟုတ်ပါဘူး။”

ညီအစ်မ လျူက ကျွန်မနှင့်ဆက်ပြီး မိတ်သဟာယပြုသည်- “အဲဒါ မှန်တယ်၊ ညီမ အန်းဟွေ။ စဉ်းစားကြည့်ကြရအောင်၊ တကယ်လို့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က ကျွန်မတို့ကို ရှုတ်ချဖို့နဲ့ အပြစ်ပေးဖို့ဆိုရင်၊ စာတန်အားဖြင့် အားလုံး နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့ကြတဲ့ ကျွန်မတို့ ထဲက ဘယ်တစ်ယောက်ကမှ ဘယ်တော့မှ ကယ်တင်ခံရမှာမဟုတ်သလို၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါသာ မှန်ရင်၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ရဲ့ အဓိပ္ပါယ်က ဘာဖြစ်မလဲ။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က ဘာကြောင့် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရတဲ့အကြောင်းရင်းနဲ့ အဲဒါရဲ့ အဓိပ္ပါယ်ကဘာလဲဆိုတာကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်လိုက်ရအောင်- ‘လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကာ မိမိဘာသာ စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင်၊ ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တပ်မက်ခြင်းအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း၊ စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင်၊ အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။...လူသည် သန့်ရှင်းစေခြင်းမခံရပါက၊ သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် မနာခံသော အပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်ရှင်းစေခြင်းခံရသေးသကဲ့သို့၊ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက၊ သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံရဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရပြီး၊ သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်များဖြင့် ထိန်းချုပ်ခံရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) ဒီတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ ဘာကို တွေ့ကြုံနိုင်လဲ။ ရှုထောင့်တစ်ခုကနေ အဲဒါတွေကို ကြည့်တဲ့အခါ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အလွန့်အလွန်ကို လက်တွေ့ကျပြီး ကျွန်မတို့ရဲ့ တကယ့်ဘဝ အခြေအနေကို အရမ်းကို ကောင်းကောင်း ထင်ဟပ်စေတယ်ဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ နောက်ထပ် ရှုထောင့်ကနေ၊ ညစ်ညူးခြင်းနဲ့ ဖောက်ပြန်ပျက်စီးခြင်းကနေ ကျွန်မတို့ မိမိကိုယ်ကိုယ် ဖယ်ရှားဖို့ နဲ့ စာတန်ရဲ့ အမှောင်လွှမ်းမိုးမှုကနေ လွတ်မြောက်ဖို့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းတွေကို ပထမဆုံး ကျွန်မတို့တွေ့ကြုံခံစားရမှာ ဖြစ်တယ်ဆိုတာကို ကျွန်မတို့ မြင်နိုင်တယ်။ အဲဒီနောက်မှပဲ သူ့ရဲ့ နိုင်ငံတော်ထဲကို ဘုရားသခင် ခေါ်ဆောင်တာခံရဖို့ ကျွန်မတို့ အရည်အချင်း ပြည့်မီမှာဖြစ်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်မရှိဘဲနဲ့၊ ဘုရားသခင်ရဲ့ စိတ်နှလုံးတော်နဲ့ ကိုက်ညီတဲ့လူတွေ ဖြစ်လာရလောက်အောင် ကျွန်မတို့ သန့်စင်ခံရနိုင်မှာမဟုတ်သလို၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ကျွန်မတို့ သေချာပေါက် ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ အပြစ်ပြုတာ နဲ့ ဘုရားသခင်ကို ဆန့်ကျင်တာတွေကိုပဲ ကျွန်မတို့ ရပ်တန်းက ရပ်နိုင်မှာ မဟုတ်သလို၊ နောက်ဆုံး ငရဲထဲမှာ ဘုရားသခင်ရဲ့ အမြစ်ဖြတ်ချေမှုန်းတာ ခံရကြမှာပါ။ အမှန်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ညီအစ်ကို မောင်နှမတွေရဲ့ တကယ့်ဘဝ သက်သေခံချက်တွေကနေ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်း အလင်းဖြစ်တယ် ဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ ကျွန်မတို့ အယောက်တိုင်းက စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့ကြပြီးပြီဖြစ်ပေမယ့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ရှေ့မှောက်ကို ကျွန်မတို့ လာနိုင်ပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမမှုတွေကို လက်ခံရရှိနိုင်တာကြောင့်၊ ကျွန်မတို့ရဲ့ အသက်တာ စိတ်သဘောထားတွေက တဖြည်းဖြည်း ပြောင်းလဲပါတယ်။ ပုန်ကန်ခြင်းနဲ့ အာခံခြင်းကနေ လက်ခံခြင်းနဲ့ ကျိုးနွံနာခံခြင်းဆီ ကျွန်မတို့ သွားကြတယ်။ မာနထောင်လွှားမှု၊ မိမိကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်မှုနဲ့ ဘယ်သူ့ကိုမျှ အလျော့မပေးမှုကနေ၊ ကျွန်မတို့ရဲ့ အတ္တတွေကို ဘေးဖယ်ဖို့ လိုလားလာခြင်းနဲ့ မှန်ကန်တဲ့အရာကို ကျိုးနွံနာခံခြင်း၊ သမ္မာတရားကို ကျိုးနွံနာခံခြင်းဆီ ကျွန်မတို့ သွားကြတယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း တွေမှာ ဖော်ပြထားတဲ့ အရာတွေအားလုံးက သမ္မာတရားဖြစ်ပြီး၊ အဲဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်၊ သန့်ရှင်းတဲ့ စိတ်သဘောထား ဖော်ပြချက်တစ်ခုလည်း ဖြစ်တယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကျွန်မတို့ တွေ့ကြုံလေလေ၊ ဘုရားသခင်ကို ကျွန်မတို့ သိလေလေပဲဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ကို ကျွန်မတို့ သိလေလေ၊ ကမ္ဘာလောကထဲက လူတွေ၊ အမှုအရာတွေနဲ့ အဖြစ်အပျက်တွေကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်လေပဲဖြစ်တယ်။ အဲဒီလိုပဲ၊ ကျွန်မတို့ရဲ့ ရှုထောင့်အမြင်တွေနဲ့ တန်ဖိုးတွေက အတိုင်းအတာ အမျိုးမျိုးနဲ့ ပြောင်းလဲသွားတယ်။ ဘုရားသခင်ကို ကြောက်ရွံ့မှုနဲ့ ကျိုးနွံနာခံမှု ကျွန်မတို့ ပိုရှိကြတယ်။ ဒါက ကျွန်မတို့အထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့က ရရှိတဲ့အရာပဲ။ ဘုရားနှုတ်ကပတ်တော်တွေထဲက သမ္မာတရား အလင်းရဲ့ တရားစီရင်ခြင်း မရှိဘဲ၊ နေ့တိုင်း အပြစ်တွေ ကျုးလွန်ပြီးနောက် ဝန်ချရင်း၊ အပြစ်တွေ ဝန်ချပြီးတဲ့နောက် ကျုးလွန်ရင်းနဲ့၊ အပြစ်တရားရဲ့ အချုပ်အနှောင်တွေကို ဘယ်တော့မှ မပယ်ရှားဘဲ အမှောင်ထဲမှာ ကျွန်မတို့အားလုံး အသက်ရှင်ကြရမှာဖြစ်တယ်။ အဲဒီတော့ ကျွန်မတို့ကို ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ထဲကို ဘယ်လိုဖြစ်ပြီး ခေါ်ဆောင်သွားနိုင်မှာလဲ။”

ညီအစ်မ လီနှင့် လျူတို့နှင့်အတူ မိတ်သဟာယပြုပြီးသည့်နောက် တောက်ပသော အလင်းက ကျွန်မ၏ စိတ်နှလုံးထဲ လင်းလာသကဲ့သို့ ခံစားခဲ့ရ သည်။ သူတို့ ပြောခဲ့သည့်အရာက မှန်ပါသည်။ ကျွန်မ၏ အသင်းတော်ထဲက သင်းအုပ်ဆရာ၊ အကြီးအကဲများနှင့် ညီအစ်ကို မောင်နှမများအားလုံးသည် အပြစ်တရား၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်စေနိုင်ခဲ့ကြပါ။ ကျွန်မကိုယ်တိုင်လည်း မရည်ရွယ်ဘဲနှင့် မကြာခဏ အပြစ်ပြုမိပြီး သခင့်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ ကျွန်မတို့အားလုံးက အပြစ်ကျုးလွန်ပြီးနောက် ဝန်ချခြင်း အခြေအနေတစ်ခုထဲတွင် အသက်ရှင်နေ ကြသည်- ကျွန်မတို့အနေဖြင့် ဘုရားသခင် ပြန်ကြွလာပြီး တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် အဆင့်ကို လုပ်ဆောင်ဖို့ တကယ်လိုအပ်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ မဆန်းစစ်ခဲ့လျှင် ဤသမ္မာတရားများကို ကျွန်မ ဘယ်သောအခါမျှ နားလည်လာလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ လမ်းပြမှုအတွက် ကျွန်မ အလွန် ကျေးဇူးတင်ရှိမိပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ညီအစ်မများ၏ မိတ်သဟာယကို နားထောင်ခြင်းအပြင်၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှတဆင့် မိမိတို့၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရပုံကို ဖော်ပြသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများ၏ ရေးသားထားသော သက်သေခံချက်များကို ဖတ်ရှုခြင်းတို့အားဖြင့်၊ ကျွန်မသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို နားလည်သဘောပေါက်မှု အနည်းငယ်ရရှိခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် အယူအဆများ ပပျောက်သွားခဲ့ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မတို့အတွက် အပြစ်တရားမှ လွတ်မြောက်ပြီး သန့်စင်ခြင်း ရရှိဖို့ရန် မုချလိုအပ်သည်ကို ကျွန်မ ယခု သိရှိခဲ့ရသည်။

ထို့နောက် လျူဟွေးက ပြောလေသည်- “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မတို့ ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောပါတယ်- ‘သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေကနေ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို သန့်စင်ဖို့နဲ့ ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြဖို့အတွက် ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ လူ့ဇာတိခံယူခဲ့တယ်ဆိုတာ တွေ့နိုင်တယ်။ ပြစ်မှားပုန်ကန်မှုကို သည်းခံမှာမဟုတ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သူ ဖော်ပြတယ်။ သူ့ရဲ့ နှုတ်ကပတ်တော်တွေကနေတဆင့်၊ လူတွေရဲ့ သဘာဝ၊ အနှစ်သာရနဲ့ သူတို့ရဲ့ စစ်မှန်တဲ့ ဖောက်ပြန်ပျက်စီးမှု အခြေအနေကို ဘုရားသခင် ထုတ်ဖော်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြပြီးပြီဖြစ်တဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေကို လက်ခံခြင်းကနေ တဆင့်ပဲ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် မာနထောင်လွှားမှု၊ ကောက်ကျစ်မှု၊ တကိုယ်ကောင်းဆန်မှု၊ ဆိုးယုတ်မှု စသဖြင့်တွေကို ကျွန်မတို့ သိမြင်နိုင်ပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လက်ခံခြင်းကနေတဆင့်ပဲ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မတို့ သိမြင်နိုင်ပြီး ဘုရားသခင်အတွက် ကြောက်ရွံ့တဲ့ စိတ်နှလုံးသားနဲ့ စစ်မှန်တဲ့ နောင်တတွေ ဖြစ်ပေါ်နိုင်မှာဖြစ်တယ်။ ဒီလိုနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြောင်းလဲခြင်းနဲ့ သန့်ရှင်းခြင်းတွေကို ကျွန်မတို့ ရရှိနိုင်ပါတယ်။ ဒါက ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အဓိပ္ပါယ်ဖြစ်ပြီး၊ ကယ်တင်ခြင်းဆီ ကျွန်မတို့ရဲ့ တစ်ခုတည်းသော လမ်းလည်း ဖြစ်ပါတယ်။ ညီမ အန်းဟွေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ စိတ်အားထက်သန်စွာ ဖတ်နိုင်သမျှ ဖတ်ကြတဲ့ကာလပတ်လုံး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ရဲ့ အဓိပ္ပါယ်က ကျွန်မတို့အဖို့ ရှင်းလာပါလိမ့်မယ်၊ ပြီးတော့ အဲဒီထက်ပိုပြီး နောက်ဆုံးသော ကာလ ခရစ်တော်ကပဲ လူတွေအပေါ် ထာဝရအသက်လမ်း အပ်နှင်းနိုင်တယ်ဆိုတာ ကျွန်မတို့ မြင်ကြပါလိမ့်မယ်။”

သခင့်ကို ချီးမွမ်းပါသည်။ ညီအစ်မများနှင့် ဆွေးနွေးပြောဆိုရာမှ အလွန်ကြီးမားသော ပမာဏတစ်ခု ကျွန်မ ရရှိခဲ့ပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်မ မတွေ့ကြုံရသေးသော်လည်း သူတို့နှင့် မိတ်သဟာယပြုခြင်းနှင့် “အသက်တာအတွင်း ဝင်ရောက်ရာ၌ ကြုံတွေ့ရသည့် အတွေ့အကြုံများအကြောင်း သက်သေခံချက်များ” ကို ဖတ်ရှုခြင်းမှတဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က အမှန်တကယ် လူတို့ကို ပြောင်းလဲစေနိုင်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မအနေဖြင့် ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်ခံရဖို့ အရည်အချင်းပြည့်မီဖို့ရန်အလို့ငှာ ကျွန်မကို ပြောင်းလဲပြီး သန့်စင်စေဖို့ရန် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်ကို အမှန်တကယ် ကျွန်မ လိုအပ်သည်ကိုလည်း ကျွန်မ ခံစားရသည်။ နောက်ထပ် ရက်အနည်းငယ် မိတ်သဟာယပြုပြီးနောက်၊ နောက်ပိုင်း ရက်တစ်ရက်တွင်၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် အဓိပ္ပါယ်နှင့် ဘုရားသခင်၏ အမည်နာမများနှင့်ဆိုင်သော သမ္မာတရားကို ကျွန်မ ပို၍နားလည် လာခဲ့သည်။ စစ်မှန်သော ခရစ်တော်ကို အတုအယောင်များမှ၊ စစ်မှန်သော အသင်းတော်များကို အတုအယောင်အသင်းတော်များမှ ခွဲခြားသိမြင် ဖို့ သမ္မာတရားများကိုလည်း ကျွန်မ သင်ယူခဲ့သည်။ ဘုရားသခင်၏ လူ့ဇာတိခံ ယူခြင်း၊ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ အလုပ်ကြား ခြားနားချက်၊ လူသားမျိုးနွယ်ကို စာတန်က ဖောက်ပြန်ပျက်စီးစေပုံ၊ ကျွန်မတို့ကို ဘုရားသခင် က ကယ်တင်ပုံနှင့် နောက်ထပ်အကြောင်းအရာများတို့နှင့်ပတ်သက်သည့် သမ္မာတရားများကို ကျွန်မ သင်ယူခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က အမှန်တကယ် ပြန်ကြွလာသည့် ခရစ်တော်ဖြစ်သည်ကို ကျွန်မ ခိုင်ခိုင်မာမာ ကောက်ချက်ချခဲ့ပြီး၊ ပျော်ရွှင်သော စိတ်နှလုံးဖြင့် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ ဘုရားသခင်ကို ချီးမွမ်းပါသည်။ ထိုအချိန်ကတည်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအတွက် မပြေနိုင်သော ဆာငတ်မှုတစ်ခု ကျွန်မ ရှိခဲ့သည်။ အသင်းတော် အသက်တာ အသက်ရှင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယပြုခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ကျွေးမွေးခြင်းတို့ကို လက်ခံခြင်းအားဖြင့်၊ ကျွန်မ၏ စိတ်ဝိညာဉ်က အာဟာရများစွာ ရရှိနေသည်ဟု ကျွန်မ ခံစားရသည်။ ဤအရာက ကျွန်မကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းရှိ ဤပရောဖက်ပြုချက် လုံးဝပြည့်စုံခြင်းအား မျက်မြင် မြင်တွေ့ခွင့်ပေးခဲ့သည်- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ယင်းက ကျွန်မအထဲတွင် ပြည့်စုံသည်ကိုလည်း ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မ၏ နှလုံးသား တံခါးကိုဖွင့်ရန် ခေါက်ပြီးပြီဖြစ်ပြီး ဘုရားသခင်၏ အသံတော်ကို ကြားဖို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို သိဖို့နှင့် သူ၏ ရှေ့မှောက် ပြန်လာဖို့ ကျွန်မကို အခွင့်ပေးပြီးဖြစ်သည်။ ဘုရားသခင်ကို ချီးမွမ်းပါသည်။

အရှေ့သို့- ၂။ သန့်စင်ခြင်းဆီသို့ လမ်း

နောက်တစ်ခုသို့- ၄။ လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံ ဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။