၁။နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ နာမတော်အသစ်- အနန္တတန်ခိုးရှင် ဘုရားသခင်

ပညတ်တော်ခေတ်တွင် ဘုရားသခင်၏ နာမတော်မှာ ယေဟောဝါဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခတ်တွင် သခင်ယေရှု ဖြစ်ခဲ့သည်။ ယင်းကို ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားခဲ့သည်။ “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့် အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂) ဤအရာက ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် နာမတော် အသစ်တစ်ခုဖြင့် ကြွလာသည်ကို ကျွန်ုပ်တို့အား ပြပေသည်။ ဤသည်မှာ လူများစွာအတွက် တွေးရခက်စေသည့်အရာ ဖြစ်သည်- အဘယ်ကြောင့် ဘုရားသခင်၏ နာမတော် ပြောင်းလဲရမည်နည်း။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ နာမတော်အသစ်မှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။” (ဗျာဒိတ်ကျမ်း ၃:၁၂)

“ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၁:၈)

“တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ သည် စိုးစံတော်မူ၏ ဟုစည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ်ကျမ်း ၁၉:၆-၇)

၂။ဘုရားသခင်၏ နာမတော်နှင့် သူ၏ အမှုကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ ခေတ်အသီးသီးတွင် ဘုရားသခင် ခံယူသည့် နာမတော်များ၏ အဓိပ္ပာယ်မှာ အဘယ်နည်း

မူလက ဘုရားသခင်သည် နာမတော် မရှိခဲ့ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ၏ အမှုအတွက်သာ မတူညီသော ခေတ်များတွင် မတူညီသော နာမတော်များကို စတင်ခံယူခဲ့ခြင်း ဖြစ်သည်။ သူ၏ အမှု ပြောင်းလဲသည်နှင့်အမျှ ဘုရားသခင်၏ နာမတော် ပြောင်းလဲလေသည်။ ဘုရားသခင်သည် ဟောင်းသော အရာကို မဖက်တွယ်ပေ- သူ၏ အမှု ပြောင်းလဲချိန်တွင်၊ သူ၏ နာမတော်သည် ယင်းနှင့်အတူ ပြောင်းလဲ၏။ သူ၏ နာမတော် အသီးသီးက ခေတ်တစ်ခေတ်ကို ကိုယ်စားပြုပြီး၊ ထိုသီးခြားခေတ်ထဲတွင် သူ ဖော်ပြသည့် သူ၏ အမှုနှင့် စိတ်သဘောထားတို့ကိုလည်း ကိုယ်စားပြုပေသည်။ နာမတော်အသီးသီးသည် ယင်း၏ ကိုယ်ပိုင် အဓိပ္ပာယ်လည်း ရှိလေသည်။ သို့ဆိုလျှင် ခေတ်အသီးသီးအတွက် ဘုရားသခင် အသုံးပြုသည့် နာမတော် အသီးသီး နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ထို့အပြင် ဘုရားသခင်က မောရှေအား မိန့်တော်မူသည်မှာ၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ ဣဇက်နှင့် ယာကုပ်တို့၏ ဘုရားသခင် ယေဟောဝါသည် သင်တို့ထံသို့ ငါ့ကို စေလွှတ်တော်မူသည်ဟု ပြောရမည်၊ ဤသည်မှာ အစဉ်အမြဲ ငါ၏ အမည်နာမဖြစ်ပြီး လူမျိုးဆက်အားလုံးအဖို့ ငါ၏ အထိမ်းအမှတ်ဖြစ်၏၊” (ထွက်မြောက်ရာကျမ်း ၃:၁၅)

“ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ၊” (ဟေရှာယအနာဂတ္တိကျမ်း ၄၃:၁၁)

“ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့်၊” (ရှင်မဿဲခရစ်ဝင်။ ၁:၂၀-၂၁)

“ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂)

“ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၁:၈)

“ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။” (ဗျာဒိတ်ကျမ်း ၁၁:၁၆-၁၇)

၃။အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ကို လက်မခံခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ အကျိုးဆက်များသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း

သခင်ယေရှုသည် ကျေးဇူးတော်ခေတ်တွင် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဖို့ ကြွလာချိန်တွင်၊ ဖာရိရှဲများသည် သခင်ယေရှု၏ နာမတော်ကို လက်ခံဖို့ ငြင်းပယ်ပြီး သူ့ကို ခုခံကာ ရှုတ်ချရင်း ယေဟောဝါ၏ နာမတော်ကို ဖက်တွယ်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် ယေရှုကို ကားတိုင်တွင် သံမှိုရိုက်နှက်စေဖို့ ရောမအစိုးရနှင့် ပေါင်းကြံခဲ့ကြသည်၊ ထိုသို့ဖြင့် အလွန် ယုတ်မာသော ပြစ်မှုတစ်ခုကို ကျုးလွန်ခဲ့ကြပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းနှင့် စီရင်ခြင်းကို ခံစားခဲ့ကြရသည်။ ယခု နောက်ဆုံးသော ကာလတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် သမ္မာတရားများကို ဖော်ပြနေသည်၊ လူသားမျိုးနွယ်ကို အပြီးအပိုင် သန့်စင်စေပြီး ကယ်တင်ဖို့ တရားစီရင်ခြင်း အမှု၏ အဆင့်ကို လုပ်ဆောင်နေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဖြစ်ကြောင်းတို့ကို သတိပြုမိသော သူတို့နှင့် ဘုရားသခင်၏ နာမတော်သစ်ကို လက်ခံပြီး ဘုရားသခင်၏ အမှုသစ်ကို အမီလိုက်သောသူတို့သည် ဘုရားသခင်အားဖြင့် သန့်စင်ခံရကာ စုံလင်စေခြင်း ခံရလိမ့်မည်ဖြစ်သည်။ သို့သော် သခင်ယေရှု၏ နာမတော်ကိုသာ ဖက်တွယ်သူ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်အသစ်ကို လက်ခံဖို့ ငြင်းသူနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခုခံကာ ရှုတ်ချသော သူတို့သည် ငိုကြွေးပြီး အံသွားခဲကြိတ်နေစဉ်တွင် အမှောင်ထဲသို့ ဧကန်မုချ လဲကျကြလိမ့်မည်ဖြစ်သည်။

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

ဘုရားသခင်၏ နာမတော်များ၏ နက်နဲမှုကို ထုတ်ဖော်ပြခဲ့သည်

တရားဝင် ဝက်ဘ်ဆိုက်