

ယေဘုယျအားဖြင့်၊ ဝိညာဉ်ခန္ဓာများကို မြင်၍မရ သို့မဟုတ် ထိတွေ့၍မရနိုင်ပေ၊ ပြီးလျှင် ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သခင်ယေရှု ဆောင်ရွက်ခဲ့ပြီးသောအမှုတော်သည် ပြည့်စုံနှင့်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သဘောတရားအရ၊ သူသည် လူတို့နှင့် ဆုံတွေ့ရန် သူ၏ နဂိုမူလ ပုံသဏ္ဌာန်ဖြင့် လူတို့ကြားထဲ ပြန်လာရန် လုံးဝ မလိုအပ်ခဲ့ပေ၊ သို့သော် သူ၏ ပေါ်ထွန်းခြင်းသည် လူတို့၏ နှလုံးသားထဲကို ပို၍ပင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ဖို့ရန်အလို့ငှာ၊ သောမကဲ့သို့သော လူတို့ထံ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်းက သူ၏ ပေါ်ထွန်းခြင်း၏ အရေးပါမှုကို ပို၍ ခိုင်မာစေလေသည်။ သောမထံ သူလာခဲ့ချိန်တွင်၊ သူသည် သံသယဝင်သူ သောမကို သူ့လက်အား ထိစေပြီး သူ့ကိုပြောခဲ့သည်- “သင်၏လက်ကို ဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့။” ဤစကားလုံးများနှင့် လုပ်ရပ်များသည် သူရှင်ပြန်ထမြောက် ပြီးသည့်နောက်တွင်သာ သခင်ယေရှု ပြောဆိုလိုခဲ့ပြီး လုပ်ဆောင်လိုခဲ့သော အရာများမဟုတ်ပေ။ အမှန်တွင် ထိုအရာများသည် လက်ဝါးကပ်တိုင်၌ သံမှိုမရိုက်ခံရမီ သူလုပ်ဆောင်လိုခဲ့သော အရာများဖြစ်သည်။ သူ ကားတိုင်၌ သံမှိုရိုက်ခြင်း မခံခဲ့ရသေးမီတွင်၊ သခင်ယေရှုသည် သောမကဲ့သို့သော လူတို့ကို သိနားလည်မှုရှိခဲ့နှင့်ပြီးဖြစ်သည်မှာ ထင်ရှားမြင်သာပေသည်။ သို့ဆိုလျှင် ဤအရာမှ ငါတို့ မည်သည့်အရာကို မြင်နိုင်သနည်း။ သူသည် ရှင်ပြန်ထမြောက်ခြင်းနောက်တွင် တူညီသော သခင်ယေရှု ဖြစ်ခဲ့ဆဲဖြစ်သည်။ သူ၏ အနှစ်သာရသည် ပြောင်းလဲမသွားခဲ့ပေ။ သောမ၏ သံသယသည် ထိုအခါမှသာ စတင်ခဲ့သည်မဟုတ်ဘဲ၊ သခင်ယေရှုနောက်ကို သူလိုက်နေခဲ့သည့် တစ်ချိန်လုံးတွင် သူနှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနေရာတွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ နဂိုမူလ ပုံသဏ္ဌာန်ဖြင့်၊ သူ၏ နဂိုမူလ စိတ်သဘောထားဖြင့်၊ ပြီးလျှင် လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏ အချိန်ကာလမှ လူသားမျိုးနွယ်အပေါ် သူ၏ နားလည်ခြင်းဖြင့် ဝိညာဉ်ကမ္ဘာမှ ပြန်လာခဲ့သူ သခင်ယေရှု ရှိနေခဲ့သည်၊ ထို့ကြောင့် သူသည် သောမထံ ပထမဦးဆုံး သွားခဲ့ပြီး၊ သောမကို သူ၏နံရိုးအား ထိခွင့်ပေးခဲ့သည်၊ ရှင်ပြန်ထမြောက်ခြင်းနောက် သူ၏ ဝိညာဉ်ခန္ဓာကို သောမအား မြင်စေရုံတင်မက၊ သူ၏ ဝိညာဉ်ခန္ဓာ တည်ရှိမှုကိုလည်း ထိတွေ့ကာ ခံစားခွင့်ပေးခဲ့ပြီး သူ၏ သံသယများကို လုံးဝ လက်လွတ်ခွင့်ပေးခဲ့သည်။ သခင်ယေရှု လက်ဝါးကပ်တိုင်၌ သံမှိုရိုက်နှက်မခံရမီတွင်၊ သောမက သူသည် ခရစ်တော် ဖြစ်ခဲ့သည်ဆိုသည်ကို အမြဲသံသယထားခဲ့ပြီး သူ့ကို ယုံကြည်နိုင်စွမ်း မရှိခဲ့ပေ။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းသည် သူ့မျက်လုံးနှင့် သူမြင်နိုင်သည့်အရာအပေါ်၊ သူ၏ကိုယ်ပိုင်လက်နှင့် ထိတွေ့နိုင်သည့်အရာအပေါ်မှာသာ အခြေခံ၍ တည်ဆောက်ခဲ့သည်။ သခင်ယေရှုသည် ဤလူစားမျိုး၏ ယုံကြည်မှုအပေါ် ကောင်းကောင်း သိနားလည်မှုရှိခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ဘုရားသခင် စေလွှတ် လိုက်သောသူ၊ သို့မဟုတ် လူ့ဇာတိခံယူသော ခရစ်တော်ကို လုံးဝမယုံကြည်ခဲ့ကြသကဲ့သို့ သူ့ကို လက်မခံခဲ့ကြပေ။ သောမအတွက် သခင်ယေရှု၏ တည်ရှိမှုနှင့် သူသည် အမှန်တကယ် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည် ဆိုသည်ကို သူအသိအမှတ်ပြုကာ ယုံကြည်ဖို့ရန်အလို့ငှာ၊ သူသည် သောမကို သူ၏လက်အား လှမ်းကာ သူ၏နံရိုးကို ထိခွင့်ပြုခဲ့သည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနှင့် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သောမ၏ သံသယဝင်ခြင်းသည် တစ်ခုတစ်လေ ကွဲပြားမှုရှိသလော။ သူသည် အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက သူ့ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်လာခြင်းနှင့် သူ၏ကိုယ်ခန္ဓာပေါ်ရှိ သံရိုက်ရာတို့ကို သူ့အား ထိစေခြင်းကလွဲ၍၊ မည်သူကမျှ သူ၏သံသယများကို ဖြေရှင်းပေးကာ ၎င်းတို့ကို သူ့အား လက်လွှတ်စေနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြချေ။ ထို့ကြောင့် သခင်ယေရှုက သူ၏နံရိုးကို သောမအား ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတို့၏ တည်ရှိခြင်းက အမှန်တကယ် ခံစားစေခဲ့သောအချိန်ကစ၍ သောမ၏ သံသယတို့သည် ပျောက်ကွယ်သွားခဲ့ပြီး သခင်ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီး ဖြစ်သည်ကို သူ အမှန်တကယ် သိခဲ့ကာ၊ သခင်ယေရှုသည် စစ်မှန်သော ခရစ်တော်နှင့် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုကာ ယုံကြည်ခဲ့သည်။ ဤအချိန်တွင် သောမသည် သံသယမရှိတော့သော်လည်း၊ သူသည် ခရစ်တော်နှင့်တွေ့ဆုံရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သူနှင့် အတူရှိရန်၊ သူ့နောက်ကိုလိုက်ရန်၊ သူ့ကိုသိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ခရစ်တော်က သူ့ကို စုံလင်စေမည့် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီးဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် သံသယများနှင့် ပြည့်နေသော သူတို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် အဆုံးသတ်တစ်ခုကို ထောက်ပံ့ပေးခဲ့သည်။ သံသယရှိသူတို့ကို ပြောပြရန်၊ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကို မယုံကြည်သောသူတို့ကို ပြောပြရန် သူသည် သူ၏ တကယ့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်တို့ကို အသုံးပြုခဲ့သည်- ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်မှုကို မချီးကျူးခဲ့သကဲ့သို့၊ သူ့ကို သံသယ ထားနေရင်း သူ့နောက် လိုက်ခြင်းအတွက်လည်း ၎င်းတို့ကို မချီးကျူးခဲ့ပေ။ ဘုရားသခင်နှင့် ခရစ်တော်ကို ၎င်းတို့ အပြည့်အဝ ယုံကြည်နိုင်သော နေ့သည် ဘုရားသခင်က သူ၏ ကြီးမြတ်သောအမှုတော်ကို ပြည့်စုံစေသောနေ့သာ ဖြစ်နိုင်ပေသည်။ ဟုတ်ပေ၏၊ ထိုနေ့သည် ၎င်းတို့၏ သံသယအပေါ် အဆုံးအဖြတ် ပြုလုပ်သော နေ့လည်း ဖြစ်ခဲ့ပေသည်။ ခရစ်တော်အပေါ်မှာထားသော ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ကံကြမ္မာကို သတ်မှတ်ပြီး ၎င်းတို့၏ ခေါင်းမာသော သံသယများက ၎င်းတို့ယုံကြည်ခြင်းသည် အကျိုးမဖြစ်ထွန်းသည်ကို ဆိုလိုခဲ့ကာ၊ ၎င်းတို့၏ မာကျောခြင်းက ၎င်းတို့မျှော်လင့်ချက်များ အချည်းနှီး ဖြစ်သည်ကို ဆိုလိုခဲ့ပေသည်။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်ခြင်းက အတွေးမှားတို့ကို မှီကာ ရှင်သန်ကြီးထွားသကဲ့သို့၊ ခရစ်တော်အပေါ် ၎င်းတို့၏ သံသယသည် အမှန်တကယ် ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထား ဖြစ်သောကြောင့်၊ ၎င်းတို့သည် သခင်ယေရှု၏ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတို့ကို ထိတွေ့ခဲ့ရသော်လည်း၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်ဆဲဖြစ်ကာ ၎င်းတို့၏ ရလဒ်တို့ကို ခြင်းကြားဖြင့် ရေသယ်ခြင်းအဖြစ်သာ ဖော်ပြနိုင်ပေသည်- အားလုံးအချည်းနှီး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် သခင်ယေရှုက သောမထံ ပေါ်လာသောအချိန်၌ ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များသည် ကျေးဇူးတော်ခေတ်၌ရှိသော လူအားလုံးအတွက် ကြီးမားသော အထောက်အကူဖြစ်သည်။ သောမထံ သူ၏ ပေါ်လာခြင်းနှင့် သောမကို ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် နောင်လာသည့် မျိုးဆက်တို့အပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိခဲ့သည်။ ၎င်းတို့သည် ထာဝရတည်တံ့သည့် အဓိပ္ပာယ် ကိုင်စွဲထားလေသည်။ သောမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဘုရားသခင်ကို သံသယဝင်သော လူအမျိုးအစားကို ကိုယ်စားပြုသည်။ ၎င်းတို့သည် သံသယဝင်တတ်သော သဘာဝရှိကြသည်၊ အန္တရာယ်ပေးတတ်သော နှလုံးသားများ ရှိသည်၊ ဖောက်ပြန်တတ်ပြီး၊ ဘုရားသခင် ပြီးမြောက်စေနိုင်သော အရာတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သူ၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ကိုလည်း မယုံကြည်ကြပေ။ သို့သော်လည်း သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ၎င်းတို့ရှိသည့် ဤလက္ခဏာများကို လုံးလုံး ဆန့်ကျင်ပြီး ယင်းက ၎င်းတို့အား မိမိတို့ကိုယ်တိုင်၏ သံသယတို့ကို ရှာဖွေတွေ့ရှိရန်၊ ၎င်းတို့ကိုယ်တိုင်၏ သံသယတို့ကို သတိပြုမိရန်နှင့် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်မှုကို အသိအမှတ်ပြုရန်ကိုလည်း ထောက်ပံ့ပေးသည်၊ ထိုသို့ဖြင့် သခင်ယေရှု၏ တည်ရှိခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းတို့ကို အမှန်တကယ် ယုံကြည် လာစေလေသည်။ သာ၍များသော လူတို့သည် သောမကဲ့သို့ သံသယရှိသူများ မဖြစ်ဖို့ရန်နှင့် ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် သံသယဖြင့် ပြည့်စေပါက၊ အမှောင်ထဲသို့ နှစ်မြှုပ်သွားကြမည်ဖြစ်သည်ကို မိမိတို့ကိုယ်ကိုယ် သတိပေးနိုင်ကြဖို့အလို့ငှာ၊ သောမထံ ဖြစ်ပျက်ခဲ့သည့်အရာသည် နောင်မျိုးဆက်တို့အတွက် သတိပေးချက်နှင့် သတိထားစရာ တစ်ခုဖြစ်ခဲ့သည်။ သင်သည် ဘုရားသခင်နောက်ကို လိုက်သော်လည်း၊ သောမကဲ့သို့ သခင်၏ နံရိုးကို အမြဲ ထိတွေ့လိုပြီး ဘုရားသခင် ရှိမရှိ အတည်ပြုရန်၊ စစ်ဆေးရန်၊ သုံးသပ်ရန် သူ၏ သံရိုက်ရာတို့ကို အမြဲ စမ်းကြည့်ချင်နေပါက၊ ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူတို့ကို သောမကဲ့သို့မဖြစ်ရန် တောင်းဆိုပေသည်၊ သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နိုင်သောအရာကိုသာ ယုံကြည်ခြင်း မဟုတ်ဘဲ၊ ဖြူစင် ရိုးသားသော လူများ ဖြစ်ရန်၊ ဘုရားသခင်အပေါ် သံသယများ မသိုထားဘဲ သူ့ကို ယုံကြည်ပြီး သူ့နောက်ကိုသာ လိုက်စေလိုသည်။ ဤကဲ့သို့သော လူများသည် ကောင်းကြီး ခံစားရပေ၏။ ဤသည်မှာ လူတို့အပေါ် သခင်ယေရှု ပြုသည့် အလွန်သေးငယ်သော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ၏ နောက်လိုက်များအတွက် သတိပေးချက်တစ်ခုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
သခင်ယေရှုက ပြောခဲ့သည်။ “သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉) သူသည် သခင်ယေရှု၏ ရှုတ်ချခြင်းကို ခံရပြီးဖြစ်သည်ကို ဤနှုတ်ကပတ်တော်များက ညွှန်ပြနေသည်။ အလွန်ကြာရှာစွာ နောက်လိုက်တစ်ယောက်ဖြစ်ပြီးနောက်တွင် သင်သည် ယုံကြည်ခြင်းမရှိဆဲဖြစ်လျှင် သင့်ကိုယ်သင် သခင့်ကိုယုံကြည်သောသူအဖြစ် မည်သို့ သတ်မှတ်နိုင်သနည်း။ ဤသည်မှာ ကောင်းချီးခံစားရခြင်း၊ မခံစားရခြင်းနှင့် မသက်ဆိုင်ပေ။ သင် မယုံကြည်လျှင် မည်သည့်အရာကိုမျှ လက်ခံရရှိမည်မဟုတ်ဟူသောအချက်နှင့် သက်ဆိုင်သည်။ ယုံကြည်ခြင်းအားဖြင့်သာ သင် လက်ခံရရှိလိမ့်မည်။ ဘုရားသခင်က သင့်ထံပေါ်ထွန်းမှသာ၊ ဘုရားသခင်က သူ့အား မြင်ခွင့်ပေးပြီး၊ သူကိုယ်တိုင် သင့်ကို တွေ့ဆုံကာ လက်ခံယုံကြည်စေမှသာ သင်သည် မည်သည့်အရာကိုမဆို ယုံနိုင်စွမ်းရှိခြင်းလော။ လူသားတစ်ယောက်အနေနှင့် ဘုရားသခင်အား သင့်ထံ ကိုယ်တိုင်ပေါ်ထွန်းရန် တောင်းဆိုဖို့အတွက် သင်မည်သို့ အရည်အချင်းပြည့်မီသနည်း။ သင်ကိုယ်တိုင်ကဲ့သို့ ဖောက်ပြန်ပျက်စီးသော လူသားတစ်ယောက်ကို သူကိုယ်တိုင်စကားပြောစေရန် လုပ်ဆောင်ဖို့ သင် မည်သို့ အရည်အချင်းပြည့်မီသနည်း။ ထို့အပြင် သင်မယုံကြည်ခင်တွင် အရာရာကို သင့်ထံ ရှင်းရှင်းလင်းလင်း သူရှင်းပြရန် လိုအပ်ဖို့အတွက် သင့်အား မည်သည့်အရာက အရည်အချင်းပြည့်မီစေသနည်း။ သင်သည် အသိစိတ်ရှိလျှင် ဘုရားသခင် မိန့်မြွက်သော ဤနှုတ်ကပတ်တော်များကိုသာ ဖတ်ပြီးနောက်တွင် သင် ယုံကြည်လိမ့်မည်။ သင်သည် အမှန်တကယ် ယုံကြည်လျှင် မည်သည့်အရာကို သူလုပ်ဆောင်သည်၊ မည်သည့်အရာကို ပြောသည်မှာ အရေးမကြီးပေ။ ထို့ထက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို မြင်ပြီး ဤအရာများကို ဘုရားသခင်ကပြောခဲ့သည်၊ ဤအရာများကို ဘုရားသခင်က လုပ်ဆောင်ခဲ့သည်ဆိုသည်ကို ရာနှုန်းပြည့် လက်ခံယုံကြည်လိမ့်မည်ဖြစ်ပြီး သူ၏ နောက်တော်သို့ အဆုံးထိလိုက်ရန် ပြင်ဆင်ပြီးဖြစ်လိမ့်မည်။ ဤအရာကို သံသယရှိရန် မလိုပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်
နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်