၁။ဘုရားသခင်၏ အသံတော်ကို ကြားပြီး သူ၏ ရှေ့မှောက်သို့ ချီဆောင်ခြင်းခံလော့- သခင်နှင့်အတူ စားတော်ပွဲသို့ တက်ရောက်လော့

သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များအရ၊ သခင်သည် ကပ်ဘေးများမတိုင်မီ ကြွလာလိမ့်မည် ဖြစ်သည်။ ယခုတွင် ကပ်ဘေးများ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေသည်၊ သခင့်ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုနိုင်သနည်း၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ မည်သို့ ချီဆောင်ခံရနိုင်ပြီး သခင်နှင့်အတူ စားတော်ပွဲ မည်သို့ တက်ရောက်နိုင်သနည်း။ သခင်ယေရှု ပြောခဲ့သည်မှာ- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆) အမှန်တကယ် ချီဆောင်ခံရဖို့အလို့ငှာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး မင်္ဂလာဆောင်လုလင်ကို ကြိုဆိုဖို့ သင်ယူသည့် ပညာသတိရှိသော သတို့သမီးများ ဖြစ်ရမည် ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

၂။ချီဆောင်ခံရပြီး သခင်နှင့်အတူ စားတော်ပွဲ တက်ရောက်ဖို့၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို သင် လက်ခံရမည်

သခင်သည် ကြာမြင့်သော အချိန်ကတည်းက ပြန်ကြွလာပြီးဖြစ်ကာ သူသည် သမ္မာတရားများကို ဖော်ပြနေပြီးဖြစ်သကဲ့သို့၊ လူတို့သည် သန့်စင်ခံရနိုင်ပြီး အပြည့်အဝ ကယ်တင်ခံရနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်၏ အပြစ်နှင့်ပြည့်သော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို အပြီးအပြတ် ဖြေရှင်းဖို့ နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်နေသည်။ များစွာသောသူတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းအမှုတော်ကို လက်ခံနှင့်ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ချီဆောင်ခံရပြီးဖြစ်ကာ ယခု သခင်နှင့်အတူ စားတော်ပွဲကို တက်ရောက်ကြပေသည်။ သို့သော် လူအချို့သည် မရှင်းမလင်း ဖြစ်ကြသည်- ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်းအားဖြင့်သာ လူတို့သည် ချီဆောင်ခံရနိုင်ပြီး သခင်နှင့်အတူ စားတော်ပွဲ တက်ရောက်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)

“လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄)

“ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)

၃။ဘုရားသခင်၏ တရားစီရင်ခံရခြင်း၊ သန့်စင်ခံရခြင်းနှင့် သင်၏ အသက်အဖြစ် သမ္မာတရား ရရှိခြင်းသည်သာ သခင်နှင့်အတူ စားတော်ပွဲ တက်ရောက်နေခြင်း ဖြစ်သည်

ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို ကျွန်ုပ်တို့ လက်ခံကြသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို ကျွန်ုပ်တို့ တွေ့ကြုံရမည် ဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရနိုင်ပြီး ပြောင်းလဲနိုင်ကာ နောက်ဆုံးတွင် သမ္မာတရားကို ကျွန်ုပ်တို့၏ တကယ့် အသက်အဖြစ် ကျွန်ုပ်တို့ ရရှိကြလိမ့်မည် ဖြစ်သည်။ ဤအရာသည်သာ သခင်နှင့်အတူ စားတော်ပွဲ အမှန်တကယ် တက်ရောက်ခြင်း ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း။” (ဗျာဒိတ်ကျမ်း ၁၉:၉)

“ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။ တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၈-၉)

“အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၄)

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ပို၍များသော အံ့သြဖွယ်ကောင်းသော အကြောင်းအရာ

နောက်ထပ်အကြောင်းအရာများ

ပညာသတိရှိသော သတို့သမီးတစ်ဦးဖြစ်ပြီး မင်္ဂလာဆောင် လုလင်ကို ကြိုဆိုသည့်နည်းလမ်း
သူ၏ ပြန်ကြွလာခြင်းတွင် သခင် ပေါ်ထွန်းသည့် နည်းလမ်း
ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းသည် ကြာမြင့်သော အချိန်ကတည်းက စတင်ခဲ့သည်
ကယ်တင်ခံရခြင်းနှင့် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိခြင်း
ကယ်တင်ခံရခြင်းနှင့် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိခြင်း