၁။ကယ်တင်ခံရသည်ဆိုသည်မှာ အဘယ်နည်း။ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။

လူများစွာက သခင့်ကို ယုံကြည်ခြင်းဖြင့် ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခံရသည်၊ တစ်ကြိမ် ကယ်တင်ခံရဖို့ဆိုသည်မှာ အစဉ်အမြဲ ကယ်တင်ခံရဖို့ဖြစ်သည်၊ သခင် ပြန်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ၎င်းတို့ ချက်ချင်း ချီဆောင်ခံရနိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော် လူသား၏ အပြစ်များ ဖြေလွှတ်ခံရသော်လည်း၊ ၎င်းတို့၏ အပြစ်နှင့်ပြည့်သော သဘာဝဖြင့် ချည်နှောင်ခံရဆဲဖြစ်ပြီး၊ ၎င်းတို့သည် အပြစ်ပြုခြင်း၊ ဝန်ချခြင်းစက်ဝန်းတွင် နေထိုင်ကြကာ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်နိုင်စွမ်းမရှိကြချေ။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝက မသန့်စင်ခံရသေးပေ။ သမ္မာကျမ်းစာက၊ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဟု ပြောပါသည်။ ထို့ကြောင့် ၎င်းတို့၏ အပြစ်နှင့် ပြည့်သော သဘာဝများ မသန့်စင်ခံရသေးသူများသည် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ပါသလား။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ဆီသို့ အမှန်ပင် ချီဆောင်ခံရနိုင်စွမ်း ရှိကြပါသလား။ ကယ်တင်ခံရဖို့ဆိုသည်မှာ မည်သည့်အရာကို အတိအကျ ဆိုလိုပါသနည်း။ ပြီးလျှင် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွှတ် တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၇)

“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။” (မာကု ၁၆:၁၆)

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၂၆:၂၈)

“သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁)

“သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၄-၅)

၂။ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကသာ လူတို့ကို မိမိတို့၏ အပြစ်နှင့်ပြည့်သော သဘာဝများကို စွန့်ပစ်နိုင်စေသည်၊ သန့်စင်ခံရနိုင်စေပြီး ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိစေနိုင်သည်

လူများစွာက သခင့်၌ ယုံကြည်ခြင်းတွင် ပြောင်းလဲဖို့ဆိုသည်မှာ နှိမ့်ချမှုနှင့် သည်းခံခြင်းကဲ့သို့သော သခင့်နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်၊ မိမိ၏ ကားတိုင်ကို ထမ်းရန်၊ မိမိ၏ ရန်သူများကို ချစ်ရန်နှင့် မိမိ၏ ကိုယ်ခန္ဓာကို အောင်နိုင်ရန်အပြင် လောကီ အမှုအရာများကို စွန်လွှတ်ရန်နှင့် သခင့်အတွက် အလုပ်လုပ်ကာ ဟောပြောရန် ဆိုလိုခြင်းဖြစ်ကြောင်း တွေးထင်ကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့ရန် သူတို့ လုပ်ဖို့လိုအပ်သမျှမှာ ဤနည်းဖြင့် လိုက်စားဖို့ဖြစ်လျှင်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို အဘယ်ကြောင့် သူတို့ လက်ခံဖို့ လိုအပ်သနည်းဟု ၎င်းတို့က မေးကြသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၄-၃၅)

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

“ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲသြဝါဒစာ ၉:၂၈)

၃။သန့်စင်ခံရသူများနှင့် ပြည့်ဝသော ကယ်တင်ခြင်း ရရှိသူများအတွက် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းကြီးမင်္ဂလာများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ဘုရား သခင်၏ တဲတော် သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။” (ဗျာဒိတ်ကျမ်း ၂၁:၃-၄)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။” (ဗျာဒိတ်ကျမ်း ၂:၇)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။” (ဗျာဒိတ်ကျမ်း ၂:၁၁)

“အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၄)

“ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသော သူဖြစ်ကြ သတည်း။ ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။ သူတို့သည် နောက်တဖန် ရေစာကို မငတ်မွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။ အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ၏။” (ဗျာဒိတ်ကျမ်း ၇:၁၄-၁၇)

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

ကယ်တင်ခံရခြင်းနှင့် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိခြင်း

တရားဝင် ဝက်ဘ်ဆိုက်