၁။အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် စစ်မှန်သော ဘုရားသခင်သည် အကယ်စင်စစ် ဘုရားသခင် တစ်ပါးတည်း ဖြစ်ပါသလား သို့မဟုတ် သုံးပါး ဖြစ်ပါသလား

လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သုံးပါးတစ်ဆူနှင့် သက်ဆိုင်သည့် ဓမ္မပညာဆိုင်ရာ သဘောတရားကို ဘာသာရေးလောက၏ အခြေခံ သက်ဝင်ယုံကြည်မှုတစ်ခုအဖြစ် ခံယူခဲ့ကြသည်၊ သို့သော် မည်သူမျှ ယင်းကို ရှင်းလင်းစွာ ရှင်းချက်မထုတ်နိုင်ကြပေ။ လူများစွာတို့သည် မရှင်းမလင်း ဖြစ်နေကြဆဲဖြစ်သည်။ ဘုရားသခင်သည် သုံးပါးတစ်ဆူ- ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်- ဖြစ်ပါက၊ သခင်ယေရှုက၊ “ငါသည် ငါ့ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း” နှင့် “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်” ဟု အဘယ်ကြောင့် ပြောဆိုပါသနည်း။ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် စစ်မှန်သော ဘုရားသခင်သည် အကယ်စင်စစ် ဘုရားသခင် တစ်ပါးတည်း ဖြစ်ပါသလား သို့မဟုတ် သုံးပါး ဖြစ်ပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၁၀)

“ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀)

၂။သုံးပါးတစ်ဆူနှင့်သက်ဆိုင်သည့် အနက်ဖွင့်ဆိုချက်သည် စေ့စေ့စပ်စပ် အစစ်ဆေးခံပါသလား

သမ္မာကျမ်းစာက ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ကို ဖော်ပြထားသည်၊ ထို့ကြောင့် ဘာသာရေး လောကသည် ဘုရားသခင် တစ်ပါးတည်းသာ ရှိသော်လည်း၊ တစ်ဆူတည်းသော ဘုရားသခင်တွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ ပုဂ္ဂိုလ်သုံးပါး ရှိသည်ဟု ယုံကြည်လာကြပြီး ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သုံးပါးတစ်ဆူ ဖြစ်သည်ဟု ၎င်းတို့ ဆုံးဖြတ်လိုက်ကြလေသည်။ သို့သော်၊ ဤအယူအဆသည် သခင်ယေရှု ပြောခဲ့သည့် မည်သည့်အရာပေါ်မျှ အခြေမခံခဲ့သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှလည်း ယင်းနှင့် သက်ဆိုင်သည့် သက်သေခံချက် တစ်ခုတစ်လေမျှ မရှိပေ။ ထို့ကြောင့် သုံးပါးတစ်ဆူနှင့် သက်ဆိုင်သည့် အနက်ဖွင့်ဆိုချက်သည် စေ့စေ့စပ်စပ် အစစ်ဆေးခံပါသလား။

၃။တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ကို သုံးပါးတစ်ဆူအဖြစ် မြင်ခြင်း၏ ဆိုးရွားသ‌ည့် အကျိုးဆက်များကို သင် သိပါသလား

ဘုရားသခင်သည် အတုမဲ့ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အရာအားလုံးကို ခြုံငုံပြီး နေရာတိုင်းတွင် ရှိ၏။ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်သာမက၊ အရာရာတိုင်းကိုလည်း စီမံခန့်ခွဲသည်၊ အုပ်စိုးပြီး တည်တံ့စေလေသည်။ သူ၏ ဝိညာဉ်တော်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှုအား လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာရင်း၊ လူသားအဖြစ် လူ့ဇာတိခံနိုင်ပြီး၊ သူသည် လူသားမျိုးနွယ်ကို အသိဉာဏ်ပွင့်လင်းစေနိုင်သည်၊ အလင်းပေးနိုင်ပြီး လမ်းပြနိုင်လေသည်။ ဘုရားသခင်အနေဖြင့် သူ၏ ဝိညာဉ်တော် သဏ္ဌာန်ဖြင့် အမှုပြုသည်ဖြစ်စေ၊ သူ၏ လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် အမှုပြုသည်ဖြစ်စေ၊ သူသည် ဝိညာဉ်တော်တစ်ပါးတည်း ဖြစ်၏။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ ဘုရားသခင်ကို သုံးပါးတစ်ဆူ ဘုရားသခင်အဖြစ် ဖွင့်ဆိုကြပေသည်။ ဤသည်မှာ ဘုရားသခင်ကို ခွဲခြားခြင်းနှင့် ငြင်းပယ်ခြင်း အနှစ်သာရတွင် ရှိ၏။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ပို၍များသော အံ့သြဖွယ်ကောင်းသော အကြောင်းအရာ

နောက်ထပ်အကြောင်းအရာများ

စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းစဉ်တွင် ဘုရားသခင်၏ အသံတော်ကိုသာ နားထောင်ပါ- စာတန်၏ ကောလာဟလများနှင့် မုသားများကို သင်နားထောင်၍ မဖြစ်ပေ။
သုံးပါးတစ်ဆူ ဒဏ္ဍာရီကို ဖော်ထုတ်ခြင်း
ပညာသတိရှိသော သတို့သမီးတစ်ဦးဖြစ်ပြီး မင်္ဂလာဆောင် လုလင်ကို ကြိုဆိုသည့်နည်းလမ်း
ကယ်တင်ရှင် ပြန်ကြွလာပြီ
ကယ်တင်ရှင် ပြန်ကြွလာပြီ