မေးခွန်း (၃) ခုပဲ ခင်ဗျားတို့က လူဟာ ဘုရားရဲ့ပုံသဏ္ဍာန် အနည်းငယ်ကို အသက်ရှင်နေထိုင်တယ်ဆိုရင်တောင် ဘုရား လုံး၀ဖြစ်မလာနိုင်ဘူးလို့ မိတ်သဟာယ ပြုသွားတယ် ကျွန်တော် အဲဒါကို လုံး၀ လက်ခံပေးနိုင်ပါတယ် ဒါပေမဲ့ လူတစ်ယောက်က ဘုရားရဲ့ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်နိုင်သရွေ့ ဘုရားဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ပြောတဲ့အခါမှာ သူ့ရဲ့ဇာတိအဖြစ်တော်နဲ့တွဲလျက်ရှိတဲ့ ဘုရားကို ရည်ညွှန်းနေတာ မဟုတ်ပါဘူး သူ့ရဲ့ဇာတိအဖြစ်တော် မပါဘဲ သူ့ရဲ့ အသက်တာ စိတ်သဘောထားနဲ့ တွဲလျက်ရှိတဲ့ဘုရားကို ရည်ညွှန်းနေတာပါ တကယ်လို့ ကျွန်တော်တို့က ဘုရားရဲ့ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ရင် ဘုရားရဲ့အသက်တာရှိတဲ့ ဘုရားသခင် ဖြစ်လာမှာပါ ကျွန်တော်တို့အနေနဲ့ ဘုရားရဲ့ဇာတိအဖြစ်တော်ကို မရရှိတာလောက်ပါပဲ ဒါကြောင့်၊ “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတဲ့ စကားတွေက ခိုင်လုံနေတုန်းပဲလို့ ထင်ပါတယ်

အဖြေ- ဘုရားသခင်က ဖန်ဆင်းရှင်ပါ ဘုရားတွေ အများကြီးမရှိပါဘူး ဘုရားတစ်ဆူတည်းပဲရှိတယ် ဘုရားရဲ့စိတ်သဘောထားနဲ့ သူ့အသက်တာရဲ့အနှစ်သာရဟာ တစ်မူထူးခြားပြီး အတုမဲ့ဖြစ်ပါတယ် ဘုရားသခင်အတွက် တခြားဘုရားတွေကို ဖန်တီးဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ဘုရား ဖန်ဆင်းခဲ့တာက လူဖြစ်ပြီး နောက်ဆုံးမှာ သူက ကယ်တင်ပြီး ရယူမှာလည်း လူကိုပဲဖြစ်ပါတယ် လူကို ဘုရားဖြစ်စေတဲ့အကြောင်းကို ဘုရားသခင်က ဘာတစ်ခုမှ မပြောခဲ့ပါဘူး အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်က အတုမရှိဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ် သူဟာ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားဖြစ်ပြီး သူ့ကို ကွဲပြားတဲ့ ပုဂ္ဂိုလ်တွေအဖြစ် လုံးဝခွဲလို့မရနိုင်ပါဘူး ဘုရားရဲ့ လူ့ဇာတိခံယူခြင်းဆိုတာ ဘုရားရဲ့ဝိညာဉ်တော်က သူ့အမှုတော်ကို လုပ်ဆောင်ဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိ ယူတင်ဝတ်ဆင်တာကို ဆိုလိုပါတယ် ဘုရားရဲ့ဇာတိအဖြစ်တော် ဆိုတဲ့ ဒီလိုအပြောမျိုးက ရှိကို မရှိတာပါ သခင်ယေရှုက၊ “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်” လို့ ပြောခဲ့တဲ့အတိုင်းပါပဲ။ ဒီတော့ ဘုရားမှာ မတူကွဲပြားတဲ့ ဇာတိအဖြစ်တော်တွေရှိတယ်ဆိုတဲ့ စိတ်ကူးက စာတန်ရဲ့ လှည့်ဖြားတတ်တဲ့ အတွေးမှားတွေထဲက တစ်ခုဆိုတာ သေချာပါတယ် အဲဒါက ဘုရားရဲ့အမှုတော်ကို နှောင့်ယှက်ပြီး ကြားဖြတ်ဖို့ ရည်ရွယ်နေတဲ့ စာတန်ပါပဲ ခင်ဗျားရဲ့စကားတွေအရဆိုရင် ဘုရားကို ဘုရားရဲ့ဇာတိတော်နဲ့အတူရှိတဲ့ ဘုရားနဲ့ ဘုရားရဲ့ အသက်တာစိတ်သဘောထား ရှိပေမဲ့ ဘုရားရဲ့ဇာတိတော် မပါတဲ့ ဘုရားဆိုပြီး ခွဲခြားနိုင်တယ်ပေါ့ ဒါ မှန်ခဲ့ရင် ဘုရားတွေ အများကြီးရှိကုန်မှာပေါ့ ဘုရားက တစ်မူထူးခြားမှာ မဟုတ်တော့သလို အတုမဲ့လည်း ဖြစ်တော့မှာမဟုတ်ဘူး ဒါကြောင့် ခင်ဗျားပြောနေတာက ဘုရားအများကြီးရှိတယ်ဆိုတဲ့အယူဝါဒပဲ ဒါက ကျမ်းစာထဲမှာ အခြေပြုတာမရှိဘူး ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ မကိုက်ညီဘူး လုံး၀ မှားတယ် တကယ်တော့ သူ့ရဲ့ အသက်တာ စိတ်သဘောထားပါပေမယ့် ဇာတိအဖြစ်တော် မပါတဲ့ ဘုရားဆိုတာ လုံးဝ မရှိပါဘူး ဘုရားကို အစစ်အမှန် ယုံကြည်သူတွေက သူတို့အနေနဲ့ စာတန်ရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်နိုင်ဖို့ သမ္မာတရားနဲ့ လူ့သဘာ၀ရှိတဲ့လူတွေ ဖြစ်လာနိုင်ဖို့အတွက် ဘုရားရဲ့ကယ်တင်ခြင်းကလွဲရင် ဘာမှမမျှော်လင့်ဘူး ဘုရားကို ကျေနပ်စေခြင်းဆိုတာ သူတို့ရဲ့ အပြင်းပြဆုံးဆန္ဒပဲ ဒါပေမဲ့ ဘုရားဖြစ်လာချင်သူတွေကတော့ စာတန်ပဲ ကောင်းကင်တမန်မင်းပဲ ဒါကြောင့် လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်ဆိုတဲ့ ဒီအဓိပ္ပါယ်မဲ့ အတွေးမှားကို လုပ်ကြံပြောဆိုတဲ့သူတွေဟာ ဘုရားရဲ့ အမှုတော်ကို နှောင့်ယှက်ဖို့ စာတန်ဆီက သေချာပေါက် လာတာပဲ သူတို့က လူကို လှည့်ဖြားတဲ့ အန္တိခရစ်တွေပဲ၊ အဲဒါ သေချာတယ်

ကျွန်တော်တို့က ဘုရားရဲ့အမှုတော်ကို အဆုံးထိ တောက်လျှောက် တွေ့ကြုံရတဲ့အပြင် ဘုရားသခင်က ကျွန်တော်တို့ကို စုံလင်စေပြီးနောက်မှာ ဘုရားရဲ့ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်နိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့ ဘုရားဖြစ်မလာနိုင်သေးပါဘူး အစအဦးမှာ ဘုရားက လူကို သူ့သဏ္ဍာန်တော်နဲ့ ဖန်ဆင်းခဲ့တာကြောင့် အာဒံနဲ့ ဧဝတို့က ဘုရားရဲ့ဂုဏ်အသရေကို ရခဲ့ကြတယ် ဒါက အာဒံနဲ့ ဧဝကို ဘုရားဖြစ်စေလား သူတို့ကို ဘုရားဖြစ်တယ်လို့ ဘုရားသခင်က လုံးဝမပြောခဲ့ဘူး လူသားတွေဖြစ်တယ်လို့ပဲ ပြောခဲ့တာ သမ္မာတရား ချို့တဲ့ပြီး စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့ကြတဲ့ လူသားတွေပေါ့ ဘုရားရဲ့ နှစ်ကြိမ်တိတိ လူ့ဇာတိခံယူခြင်း အမှုတော်ဟာ လူကို ကယ်တင်ပြီး စုံလင်စေဖို့နဲ့ သမ္မာတရားနဲ့ လူ့သဘာ၀ရှိတဲ့လူတွေ ဖြစ်လာစေဖို့အတွက်ပါပဲ ဒါမှ သူတို့အားလုံးက ဘုရားကို နာခံ၊ ကိုးကွယ်ပြီး သန့်ရှင်းတဲ့ လူတွေ ဖြစ်လာမှာပါ လူကို ဘုရားဖြစ်စေဖို့ မဟုတ်ပါဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြည့်ရအောင် “ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးလာခဲ့ပြီး ကျေးဇူးတော်ခေတ်ဖြင့် အစပြုခြင်းနောက်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည်၊ ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ၎င်းတို့၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်စေမည့် အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက် လုပ်ဆောင်လေသည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အမှုကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) သူ့ရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှုတော်ထဲမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရည်ရွယ်ချက်ဟာ လူသားပဲဖြစ်တယ်ဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ပြောနေပါတယ် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေပြီးနောက်မှာ လူသားက ဘုရားကို အာခံလာပြီး သစ္စာဖောက်ခဲ့သလို အပြစ်တရားထဲ ကျဆင်းခဲ့တာကြောင့် ကယ်တင်ခြင်းအမှုတော်ကို ဘုရားက စတင်ခဲ့တာဖြစ်ပါတယ် လူသားမျိုးနွယ်ကို ကယ်တင်ရာမှာ ဘုရားရဲ့ရည်ရွယ်ချက်က လူကို စာတန်ရဲ့လွှမ်းမိုးမှုကနေ ကယ်တင်ဖို့နဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို စွန့်ပစ်စေပြီး သန့်စင်စေဖို့ပါပဲ ဒါမှသာ လူအားလုံးဟာ ဘုရားကို နာခံကိုးကွယ်နိုင်ပြီး ဘုရားအလိုတော်နဲ့အညီ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ် ဒါက လူကို ဘုရားဖြစ်စေတာနဲ့ ဘာမှကို မဆိုင်ပါဘူး လူကို ဘုရားဖြစ်စေမယ်လို့ ဘယ်တုန်းကမှ ဘုရားသခင် မပြောခဲ့ဖူးဘူး ကျွန်တော်တို့လူသားတွေက စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေတာပါ ကျွန်တော်တို့က ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိပြီး သမ္မာတရားကို ရရှိနိုင်မယ် သမ္မာတရားနဲ့ လူ့သဘာဝကို ပိုင်ဆိုင်တဲ့လူတွေ ဖြစ်လာနိုင်မယ် သန့်ရှင်းလာနိုင်မယ်ဆိုရင်ပဲ ကျွန်တော်တို့တွေ ကံကောင်းလှပါပြီ ဒီတော့ ဘာကြောင့် တချို့လူတွေက အလိုကြီးတဲ့ ရည်မှန်းချက်တွေ ရှိကြသေးတာလဲ သူတို့က ဘာကြောင့် ကယ်တင်ခံရတာနဲ့တင် မကျေနပ်နိုင်ရတာလဲ ဘာလို့ ဘုရားဖြစ်လာချင်ကြသေးတာလဲ ဒါက သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကြောင့် မဟုတ်လား၊ ဒါက ကောင်းကင်တမန်မင်းရဲ့ အလိုကြီးတဲ့ ရည်မှန်းချက် မဟုတ်လား ကောင်းကင်တမန်မင်းက ဘုရားဖြစ်ချင်ပြီး ဘုရားနဲ့ တန်းတူ ရပ်တည်ချင်တာကြောင့် ကောင်းကင်ကနေ နှင်ချတာကို ခံခဲ့ရတယ် ဒီအရာကနေ ကျွန်တော်တို့မြင်နိုင်တာက ဘုရားဖြစ်လာဖို့ ဆန္ဒရှိပြီး ဘုရားဖြစ်လာခြင်းနဲ့ပတ်သက်တဲ့ အယူအဆမှားတွေကို ဖြန့်ဝေတဲ့ ဘယ်သူမဆိုဟာ ဘုရားရဲ့ စိတ်သဘောထားကို ဆိုးဆိုးရွားရွား ပုန်ကန်ပြစ်မှားမိပြီး စက်ဆုပ်စရာပြစ်မှုကို ကျူးလွန်မိကြပြီဆိုတာပါပဲ ဒါက ဘုရားအမှုတော်ကို စာတန်က နှောင့်ယှက်နေတာသက်သက်ပဲ ဒါက စာတန်ဟာ လူသားကို ဖောက်ပြန်ပျက်စီးစေဖို့နဲ့ လှည့်ဖြားဖို့ ဆက်လုပ်နေတာဖြစ်ပြီး ဘုရားကို ဆန့်ကျင်ဖို့ လှုံ့ဆော်ပေးနေတာပါပဲ ဒီလူတွေကို ဘုရားက တကယ် ကျိန်ဆဲမှာပါ

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) ကမ္ဘာဦးကျမ်းထဲက ဘုရားရဲ့နှုတ်ကပတ်တော်တွေဖြစ်တဲ့ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။(ကမ္ဘာဦးကျမ်း ၁:၂၆) ဒါကို အပြည့်အဝ ကျွန်တော် နားမလည်ဘူးဗျာ ဘုရားသခင်က သူ့ရဲ့ သဏ္ဍာန်တော်နဲ့အညီ လူကို ဖန်ဆင်းခဲ့ရင် အဲဒါက ကျွန်တော်တို့မှာ ဘုရားရဲ့ပုံသဏ္ဍာန်ရှိတယ်လို့ မဆိုလိုဘူးလား ကျွန်တော်တို့က ဘုရားရဲ့သဏ္ဍာန်တော်နဲ့ ဖန်ဆင်းခံရတယ်ဆိုရင် ကျွန်တော်တို့က လူလား ဒါမှမဟုတ် ဘုရားလား

နောက်တစ်ခုသို့- မေးခွန်း (၄) လူ့ဇာတိခံ သခင်ယေရှုက သူ့ရဲ့ကားစင်တင်ခြင်း ခံရပြီးတဲ့နောက် ရှင်ပြန်ထမြောက်ခဲ့တဲ့အချိန်မှာ အသက်ပေးတဲ့ ဝိညာဉ်တော် ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ အသက်ပေးတဲ့ ဝိညာဉ်တော်က ကျွန်တော်တို့အတွင်းမှာ နေထိုင်တယ် ကျွန်တော်တို့ဝိညာဉ်နဲ့ ရောနှောပြီး ဝိညာဉ်နှစ်ခုက တစ်ခုတည်း ဖြစ်လာလိမ့်မယ် ဒီတော့ နောက်ဆုံးမှာ ကျွန်တော်တို့က ဘာလို့ ဘုရား ဖြစ်မလာနိုင်ရမှာလဲ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပြောတာ မှားနိုင်ပါ့မလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။